MAT 1:1 အာဗြဟံရဲ့အမျိုးနဲ့ ဒါဝိဒ်ရဲ့ အမျိုးမှ ဆင်းသက်သော ယေရှုခရစ်ရဲ့ ဆွေစဉ်မျိုးဆက်များ စာရင်းမှာ ဟေလို့ ဖြစ်အယ်။
MAT 1:2 အာဗြဟံဟ ဣဇက်ရဲ့ အဖ၊ ဣဇက်ဟ ယာကုပ်ရဲ့ အဖ၊ ယာကုပ်ဟ ယုဒနဲ့ သူ့ညီများရဲ့ အဖ၊
MAT 1:3 ယုဒဟ ဖာရက်နဲ့ ဇာရရဲ့ အဖ သူလို့ အမေ့ဟ တာမာ ဖြစ်အယ်။ ဖာရက်ဟ ဟေဇရုံရဲ့ အဖ၊ ဟေဇရုံဟ အာရံရဲ့ အဖ၊
MAT 1:4 အာရံဟ အမိနဒပ်ရဲ့ အဖ၊ အမိနဒပ်ဟ နာရှုန်ရဲ့ အဖ၊ နာရှုန်ဟ စာလမုန်ရဲ့ အဖ၊
MAT 1:5 စာလမုန်ဟ ဗောဇရဲ့ အဖ၊ သူလို့ အမေ့ဟ ရာခပ် ဖြစ်အယ်။ ဗောဇဟ ဩဗက်ရဲ့ အဖ၊ သူ့လို့ အမေ့ဟ ရုသ ဖြစ်အယ်။ ဩဗက်ဟ ယေရှဲရဲ့ အဖ၊
MAT 1:6 ယေရှဲယ ဆှင်ဘုရင် ဒါဝိဒ်ရဲ့ အဖ ဖြစ်အယ်။ ဒါဝိဒ်ဟ ရှောလမုန်ရဲ့ အဖ ဖြစ်အယ်။ ဥရိယရဲ့ ပေါင်အိုမ ဖြစ်ဖူးသောသူ ဖြစ်အယ်။
MAT 1:7 ရှောလမုန်ဟ ရောဗောင်ရဲ့ အဖ၊ ရောဗောင်ဟ အဘိယရဲ့ အဖ၊ အဘိယဟ အာသရဲ့ အဖ၊
MAT 1:8 အာသဟ ယောရှဖတ်ရဲ့ အဖ၊ ယောရှဖတ်ဟ ယဟောရံရဲ့ အဖ၊ ယဟောရံဟ ဩဇိရဲ့ အဖ၊
MAT 1:9 ဩဇိဟ ယောသံရဲ့ အဖ၊ ယောသံဟ အာခတ်ရဲ့ အဖ၊ အာခတ်ဟ ဟေဇကိရဲ့ အဖ၊
MAT 1:10 ဟေဇကိဟ မနာရှေရဲ့ အဖ၊ မနာရှေဟ အာမုန်ရဲ့ အဖ၊ အာမုန်ဟ ယောရှိရဲ့ အဖ၊
MAT 1:11 ဗာဗုလုန်မြို့ဟို ဣသရေလအမျိုးသားလို့အား ဖမ်းဆီးခေါ်ဆောင်သွားသော အချိန်တွင် ယောရှိဟ ယေခေါနိနဲ့ သူရဲ့ ညီအကိုများဟို ရအယ်။
MAT 1:12 ဗာဗုလုန်မြို့သို့ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရပင်းနောက်၊ ယေခေါနိဟ ရှာလသေလရဲ့ အဖ ဖြစ်အယ်။ ရှာလသေလဟ ဇေရုဗဗေလရဲ့ အဖ၊
MAT 1:13 ဇေရုဗဗေလဟ အဗျုဒ်ရဲ့ အဖ၊ အဗျုဒ်ဟ ဧလျာကိမ်ရဲ့ အဖ၊ ဧလျာကိမ်ဟ အာဇော်ရဲ့ အဖ၊
MAT 1:14 အာဇော်ဟ ဇာဒုတ်ရဲ့ အဖ၊ ဇာဒုတ်ဟ အာခိမ်ရဲ့ အဖ၊ အာခိမ်ဟ ဧလုတ်ရဲ့ အဖ၊
MAT 1:15 ဧလုတ်ဟ ဧလဇာရဲ့ အဖ၊ ဧလဇာဟ မဿန်ရဲ့ အဖ၊ မဿန်ဟ ယာကုပ်ရဲ့ အဖ၊
MAT 1:16 ယာကုပ်ဟ ယောသပ်ရဲ့ အဖ၊ မာရိရဲ့ ဖိုးအို၊ ယေရှုရဲ့ အမေ့၊ ခရစ်တော်ဟူယွေ့ ခေါ်သောသူ ဖြစ်အယ်။
MAT 1:17 အဲလိုမို့ ဆွေစဉ်မျိုးဆက်အပေါင်းမှာ အာဗြဟံမှ ဒါဝိဒ်တိုင်အောန် တဆယ့်လေးဆက်၊ ဒါဝိဒ်မှ ဗာဗုလုန်မြို့ဟို နေရာပြောင်းလဲ့ တိုင်အောန် တဆယ့်လေးဆက်၊ ဗာဗုလုန်မြို့ဟို ပြောင်းခြင်းခံရလဲ့ အချိန်မှ မေဆှိယ တိုင်အောန် တဆယ့်လေးဆက် ဖြစ်အယ်။
MAT 1:18 ယေရှု ခရစ်ဟ ဖွားမျော်ခြင်းမှာ ဟေလို့ဖြစ်အယ်။ ကိုယ်တော်ရဲ့ အမေ့ မာရိနဲ့ ယောသပ်လို့ လက်မထပ်ခင် စေ့စပ်ကျောန်းလမ်းထားပေမဲ့လည်း၊ မာရိဟ သန့်ဆှင်းသော ဝိညာဉ်တော်အားဖြင့် လူပဲ့စွဲကျောန်း တွေ့ရအယ်။
MAT 1:19 သူရဲ့ ဖိုးအို ယောသပ်ဟ အမြဲတမ်း ဖြောင့်မတ်သောသူ ဖြစ်သောကျောန့် မာရိဟို လူသိဆှင်ကြား အဆှက်တကွဲ မဖြစ်စေလိုပါ။ အဲလိုမို့ သူဟ တိတ်တိတ်လေး စေ့စပ်ထားတာဟို ဖျက်မယ်လို့ စီစဉ်အယ်။
MAT 1:20 သူဟ အဲအကျောန်းဟို စဉ်းစားနေခါ ဘုရားသခင်ရဲ့ ခေါန်းခင်တမန်ဟ သူ့ရဲ့ အိမ်မက်ထဲမှာ ပေါ်လာယွေ့ “ဒါဝိဒ်အမျိုး ယောသပ် နင့်ရဲ့ ပေါင်အိုမ မာရိဟို ယူရမှာ မကြောက်နဲ့။ အကျောန်းမှာ ဟေလူပဲ့စွဲခြင်းဟာ သန့်ဆှင်းသော ဝိညာဉ်တော်ကျောန့် ဖြစ်အယ်။
MAT 1:21 သူဟ အောင်နီငယ်ဟို မွေးလိမ့်မယ်။ အဲအောင်နီငယ်ဟ မိမိလူလို့ဟို အပစ်မှ ကယ်ချွတ်မယ့်သူ ဖြစ်သောကျောန့် ယေရှုဆိုသော နာမယ် ပေးရမယ်” ဟု ပြောအယ်။
MAT 1:22 အဲအကျောန်းအရာဟ ပရောဖက်အားဖြင့် ဘုရားသခင်ဟောခဲ့လဲ့ အတိုင်း အမန်တကယ် ဖြစ်ပျက်လာခြင်း ဖြစ်အယ်။
MAT 1:23 ဗျာဒိတ်တော်မှာ “အပျိုကညာဟ လူပဲ့စွဲယူယွေ့ အောင်နီငယ်ဟို ဖွားမျော် လိမ့်မယ်။ အဲအောင်နီငယ်ဟို ဧမာနွေလ နာမယ်ပေးရမယ်” (အေးအဓိပ္ပာယ်ဟ “ဘုရားသခင်ဟ ငါလို့နဲ့အတူ ဆိအယ်”) ဟု ဖြစ်အယ်။
MAT 1:24 ယောသပ်ဟ အိပ်မွေ့ရာမှ နိုးလာသောအခါ ဘုရားသခင်ရဲ့ ခေါန်းခင်တမန် မှာထားလဲ့အတိုင်း မိမိရဲ့ပေါင်အိုမဟို လက်ထပ်လေအယ်။
MAT 1:25 အဲလိုလဲ သူဟ အောင်နီငယ်ဟို မမွေးသေးခင်အထိ မာရိနဲ့ ပေါင်းသင်းနေထိန်မှုဟို မလုပ်ဘဲ နေအယ်။ သူဟ အဲအောင်နီငယ်ဟိုလည်း ယေရှု ဟူသော နာမယ်ပေး လေအယ်။
MAT 2:1 ဟေရုဒ် မင်းကြီးလက်ထက် အချိန်ကာလအတွင်း ယေရှုဟ ယုဒပြေ ဗက်လင်မြို့တွင် ဖွားမျော်ပင်းနောက် အဆေ့တိုင်းနိုင်ငံမှ နက္ခတ်ပညာဆှင်အချို့လို့ဟ ယေရုရှလင်မြို့ဟို ရောက်လာကြယွေ့၊
MAT 2:2 “အခု ဖွားမျော်သော ယုဒ ဘုရင်ဟ၊ ဖယ်နားမှာ ဆိလုန်း။ အဆေ့ပြေနှိုက် သူရဲ့ကြယ်ဟို ငါလို့ မျော်ရတာ ဖြစ်ယွေ့ သူ့ဟို ဖူးမြော်ဖို့ရန် လာပီ” ဟု မေးမြန်းပြောဆို ကြအယ်။
MAT 2:3 အဲအကျောန်းဟို ကြားသောအခါ ဟေရုဒ်မင်းကြီးဟ၊ ယေရုရှလင်မြို့သူမြို့သားအပေါင်းလို့နဲ့တကွ ရမ်းဆာ့ တုန်လှုပ်ချောက်ချား လေအယ်။
MAT 2:4 ဟေရုဒ်မင်းကြီးဟ ယဇ်ပုရောဟိတ်ကြီးလို့နဲ့ လူလို့တွင် ကျမ်းပြုဆရာလို့ဟို စုဝေးစေယွေ့ မေဆှိယဟို ပစာအရပ်မှာ ဖွားမျော်မယ်ဟို သူလို့အား မေးမြန်းကြအယ်။
MAT 2:5 သူလို့ဟလည်း “ယုဒပြေ ဗက်လင်မြို့နှိုက် ဖြစ်အယ်” ဟု ပြန်ပြောအယ်။ “အကျောန်းမှာ ပရောဖက် တဦးရဲ့ ရေးသားချက်မှာ၊
MAT 2:6 “ ‘အို၊ ယုဒပြေ ဗက်လင်မြို့၊ နင်ဟ ယုဒပြေဟို အုပ်ချုပ်သောမြို့လို့တွင် အသေးသိမ်ဆုံး မဟုတ်၊ အကျောန်းမှာ ငါရဲ့လူစု ဣသရေလအမျိုးဟို ယိုးမယ့် ခေါင်းဆောင်တဦး နင်လို့အထဲမှာ ပေါ်ထွန်းလိမ့်မယ်’ ဟု ဆှောက်ထားအယ်။”
MAT 2:7 အဲပင်းရင် ဟေရုဒ်မင်းကြီးဟ နတ်က္ခပညာဆှင်လို့ဟို တိတ်တိတ်လေးခေါ်ပင်း မေးမြန်းရာတွင် သူလို့ဆေမှ ကြယ်ပေါ်ထွန်းသော အချိန်ကာလဟို အတိအကျ သိဆိသွားအယ်။
MAT 2:8 “သွားယွေ့ လူပဲ့ငယ်ဟို ကြိုးစား ဆာကြမန့်။ နင်လို့ သူ့ဟို တွေ့သောအခါ ပြန်လာယွေ့ ငါဟို ပြောကြားလော့။ အဲလို့မှ ငါလည်း သွားယွေ့ အေးလူပဲ့ငယ်ဟို ဖူးမြော်ရအောန်” ဟု မှာထားလျက်၊ သူလို့အား ဗက်လင်မြို့ဟို စေလွှတ်လေအယ်။
MAT 2:9 အဲသူလို့ဟ မင်းကြီးစကားဟို နားထောင်ပင်းနောက် ထွက်သွားကြယွေ့ အဆေ့ပြေနှိုက် သူလို့ မျော်ခဲ့သော ကြယ်ဟ လူပဲ့ငယ်ဆိရာ နေရာပေါ်ရောက်ယွေ့ တန့်လဲ့တိုင်အောန် သူလို့အဆေ့ဟ သွားလေအယ်။ သူလို့ဟ အဲကြယ်ဟို မျော်သောအခါ ရမ်းဆာ့ ဝမ်းမြောက်ဝမ်းသာခြင်း ဆိကြအယ်။
MAT 2:11 သူလို့ဟ နေအိုင်ဟို ဝင်ယွေ့ မယ်တော်မာရိနဲ့တကွ လူပဲ့သငယ်ဟို မျော်သောအခါ ဒူးထောက်ယွေ့ ရှိခိုးကြအယ်။ သူလို့ရဲ့ ဘဏ္ဍာကြုတ်လို့ဟို ဖွင့်ပင်းမှ ဆွေ၊ လောဗန်နဲ့ မုရန်တည်းဟူသော လက်ဆောင်များဟို ဆက်သကြအယ်။
MAT 2:12 အေးနောက်မှ ဟေရုဒ်မင်းကြီး ဆေဟို မပြန်ရမဲ့အကျောန်း အိမ်မက်တွင် ဘုရားသခင် သတိပေးယွေ့ မိမိလို့ ပြေဟို တခြားလမ်းဖြင့် ပြန်သွား ကြအယ်။
MAT 2:13 အဲသူလို့ သွားပင်းနောက်၊ ယောသပ် အိမ်မက်ထဲမှာ ထာဝရဘုရားရဲ့ ခေါန်းခင်တမန်ဟ ပေါ်လာပင်း “ဟေရုဒ်မင်းကြီးဟ လူပဲ့သငယ်ဟို သတ်ဖို့ရန် ဆှာကြံနေအယ်။ အဲလိုမို့ ထလော့၊ မယ်တော်နဲ့ လူပဲ့သငယ်ဟို ယူပင်းယင် အဲဂုတ္တုပြေဟို သွားလော့။ ငါထွက်သွားဖို့ ဟောလဲ့တိုင်အောန် အဲပြေနှိုက် နေလော့” ဟု ဆိုလေအယ်။
MAT 2:14 အဲလိုမို့ ယောသပ်ဟ ထပင်း၊ မယ်တော်နဲ့ လူပဲ့သငယ်ဟို ညအချိန်တွင်း ခေါ်ယူပင်းရင် အဲဂုတ္တုပြေဟို ထွက်သွားယွေ့၊
MAT 2:15 သူဟ ဟေရုဒ်မင်းကြီး အနိစ္စရောက်လဲ့တိုင်အောန် အေးပြေမှာ နေလေအယ်။ အဲစာဟ “ငါ့သားဟို အဲဂုတ္တုပြေမှ ငါခေါ်ခဲ့ပီ” ဟု ထာဝရဘုရားဟ ပရောဖက်အားဖြင့် ထားသော ဗျာဒိတ်တော် ပြေ့စုံမယ့်အကျောန်း ဖြစ်အယ်။
MAT 2:16 အဲအခါ ဟေရုဒ်မင်းကြီးဟ မာဂုပညာဆိလို့ လှည့်စားတာဟို သိရင်၊ သူဟ ရမ်ဆာ့အူထော့ယွေ့ မာဂုပညာဆိဆေမှ သေချာစွာလေ့လာ စီစစ်ထားလဲ့ အချိန်ကာလအရ၊ ဗက်လင်မြို့နဲ့ ၎င်းအရပ်ဒေသတဝိုက်ဆိသော အသက်နေနှစ်အရွယ်နဲ့ အေးအောင်နီငယ်အားလုံးဟို သတ်ရန် အမိန့်ပေးလေအယ်။
MAT 2:17 အေးနောက် ပရောဖက် ယေရမိအားဖြင့် မိန့်တာဟ
MAT 2:18 “ရာမ အရပ်တွင် ငိုကခြင်းနဲ့ ကြီးစွာသော မြည်တမ်းခြင်း အသံဟို ကြားရအယ်၊ ရာခေလဟ မိမိရဲ့ လူပဲ့သငယ်များအတွက် ငိုကကာ၊ သူလို့ဟ နောက်ထပ် မဆိကြသောကျောန့် သူ့အား နှစ်သိမ့်ယွေ့ မရနိန်” ဟု ဆိုတာဟ ပြေ့စုံလာခဲ့အယ်။
MAT 2:19 ဟေရုဒ်မင်းကြီး အနိစ္စရောက်ပင်းနောက်၊ ထာဝရဘုရားရဲ့ ခေါန်းခင်တမန်ဟ အဲဂုတ္တုပြေနှိုက် ယောသပ်ရဲ့ အိမ်မက်ထဲမှာ ပေါ်လာပင်း၊
MAT 2:20 “ထလော့၊ မယ်တော်နဲ့ လူပဲ့သငယ်ဟို ခေါ်ပင်းရင် ဣသရေလပြေဟို သွားလော့၊ လူပဲ့သငယ်ရဲ့ အသက်ဟို သတ်ဖို့ ဆာသော သူလို့ဟ သေကြပီ” ဟု ဆိုအယ်။
MAT 2:21 အဲအခါ ယောသပ်ဟ ထယွေ့ မယ်တော်နဲ့ လူပဲ့သငယ်ဟို ခေါ်ပင်းရင် ဣသရေလပြေဟို ပြန်သွားကြအယ်။
MAT 2:22 အဲလိုလဲ အာခေလဟ သူ့ရဲ့အဖ ဟေရုဒ်မင်းကြီးအရာဟို ဆက်ခံလျက် ယုဒပြေတွင် အုပ်ချုပ်နေကျောန်းဟို သူဟ ကြားသောအခါ၊ အဲပြေဟို သွားရန် ကြောက်ရွံ့ လေအယ်။ အိမ်မက်တွင် ညွန်ကြားချက်ကို ရပင်းမှ ဂါလိလဲပြေဟို သွားယွေ့၊
MAT 2:23 နာဇရက် နာမယ်တွင်သော မြို့တွင် နေထိန်လေအယ်။ “ကိုယ်တော်ဟို နာဇရက်မြို့သား ဟု ခေါ်ဝေါ်ကြရ လိမ့်မယ်” ဟူသော ပရောဖက်များရဲ့ ဟောပြောချက် အမန် ဖြစ်လာအယ်။
MAT 3:1 အဲအခါကာလနှိုက် နှစ်ခြင်းဆရာ ယောဟန်ဟ ယုဒ တောကန္တာရဟို လာပင်း စတင် ဟောပြောအယ်။
MAT 3:2 “နင်လို့ အပစ်များမှ နောင်တရပင်း လှည့်ပြန်ကြလော့၊ ပစာကို့ ခေါန်းခင်နိုင်ငံတော် တည်လုနီးပီ” ဟု ဟောပြောလေအယ်။
MAT 3:3 ပရောဖက် ဟေရှာယဟ၊ “ ‘ထာဝရဘုရားအတွက် လမ်းဟို ပြင်ဆင်ကြလော့၊ သူရဲ့ လမ်းခရီးတော်ဟို ဖြောင့်တန်းအောန် ပြုကြလော့’ ဟု တောကန္တာရနှိုက် လူတယောက် အော်လျက်နေအယ်” ဟူယွေ့ ဆိုထားတာဟ ယောဟန်ရဲ့အကျောန်းပင် ဖြစ်အယ်။
MAT 3:4 ယောဟန်ဟ ကုလားအုတ်မွေးနဲ့ ရက်သော အဝတ်ဟို ဝတ်ယွေ့၊ သူရဲ့ ခါးနှိုက် သားရေ ခါးကြိုးဟို စဲထားအယ်။ သူရဲ့ အစားအစာမှာ ပလံမစိမ်းနဲ့ တောပျားရည် ဖြစ်အယ်။
MAT 3:5 ယေရုရှလင်မြို့၊ ယုဒပြေတပြေလုံးနဲ့ ယော်ဒန်မြစ် ပတ်ဝန်းကျင် တဆှောက်လုံးနှိုက်ဆိသော လူလို့ဟ ယောဟန်ဆေဟို လာကြအယ်။
MAT 3:6 သူလို့ဟ မိမိလို့ရဲ့ အပစ်များဟို ဖော်ပြဝန်ခံကြပင်း၊ ယောဟန်ဟ ယော်ဒန်မြစ်တွင် သူလို့အား နှစ်ခြင်းဟို ပေးအယ်။
MAT 3:7 ဖာရိရှဲနဲ့ ဇဒ္ဒုကဲအများလို့ဟ နှစ်ခြင်းခံယူရန် လာကြတာဟို မျော်သောအခါ ယောဟန်ဟ သူလို့အား “အချင်းမြွေပွေးလို့၊ ရောက်လာမယ့် အူထော့ခြင်းဘေးမှ လွတ်မြောက်နိန်တယ် ဟု နင်လို့အား စလူဟ သတိပေးလုန်း။
MAT 3:8 နောင်တနဲ့ ထိုက်တန်သော အကျင့်ဟို ကျင့်ကြလော့။
MAT 3:9 ‘အာဗြဟံဟ ငါလို့ရဲ့ ဖိုးဖေး ဖြစ်အယ်’ ဟု နင်လို့တတ်တိုင်း ပြောဆိုရန်ပင် မစဉ်းစားကြနဲ့။ နင်လို့အား ငါပြောတာဟ ဘုရားသခင်သည် အာဗြဟံအတွက် လူပဲ့သငယ်များဟို ဟေကျောက်ခဲလို့ထဲမှ ပေါ်ထွန်းစေနိန်အယ်။
MAT 3:10 ပေါက်ဆိန်ဟို သစ်ပင်တွေရဲ့ အမြစ်နားမှာ အဆင်သင့် ချထားပင်း၊ ကောင်းသော အသီးမသီးသောအပင် ဆိသမျှဟ ခုတ်လှဲယွေ့ မီးထဲဟို လောချခြင်း ခံရလိမ့်မယ်။
MAT 3:11 နင်လို့ နောင်တရလဲ့အတွက် ငါဟ ယေနှိုက် နှစ်ခြင်းဟို ပေးအယ်။ အဲလိုလဲ ငါထက်ကြီးမြတ်သောသူဟ နောက်တွင် ကြွလာမယ်၊ ငါဟ သူရဲ့ ဖိနပ်ဟိုမျှ ကိုင်ဆောင်ရန် မထိုက်တန်ပါ။ သူဟ သန့်ဆှင်းသော ဝိညာဉ်တော်နဲ့ မီးနှိုက် နင်လို့ဟို နှစ်ခြင်း ပေးလိမ့်မယ်။
MAT 3:12 သူ့ရဲ့ လက်တော်တွင် စပါးလှေ့ရန် ဆန်ကောဟို ကိုင်လျက် မိမိရဲ့ ကောက်နယ်တလင်းဟို ဆှင်းလင်းအယ်။ သူဟ ဂျုံစပါးဟို ကျီတွင် စုသိမ်းယွေ့၊ အဖျင်းများဟိုဟ မငြိမ်းနိန်သော မီးနဲ့ ရှို့လိမ့်မယ်” ဟု ယောဟန်ဟ ပြောအယ်။
MAT 3:13 အဲအချိန်အခါနှိုက် ယေရှုဟ ဂါလိလဲပြေမှ ရောက်လာပင်း၊ ယော်ဒန်မြစ်နားဆိ ယောဟန်ဆေတွင် နှစ်ခြင်းခံယူရန် လာအယ်။
MAT 3:14 အဲလိုလဲ ယောဟန်ဟ ကိုယ်တော်ရဲ့ စိတ်ဟို ပြောင်းလဲဖို့ ကြိုးစားလျက် “ငါဟ ကိုယ်တော်ဆေတွင် နှစ်ခြင်းဟို ခံယူသင့်သူဖြစ်ပါလျက် ကိုယ်တော်ဟ ငါ့ဆေဟို ကြွလာပါသလော့” ဟု ဆိုအယ်။
MAT 3:15 အဲလိုလဲ ယေရှုဟ သူ့ဟို “အခုအတွက် အခွင့်ပေးလော့။ အကျောန်းမှာ ဟေနည်းအားဖြင့် ငါလို့ဟ ဘုရားသခင် အလိုဆိသမျှဟို ဟေသို့ ပြေ့စုံသင့်အယ်” ဟု မိန့်အယ်။ အဲလိုမို့ ယောဟန်ဟ သဘောတူလေအယ်။
MAT 3:16 ယေရှုဟ နှစ်ခြင်းဟို ခံယူပင်းချင်း ယေမှ ပေါ်ထလာအယ်။ အေးနောက် မိုးခေါန်းခင်ဟ ပွင့်သဖြင့်၊ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟ ချိုးတူးမပုံစံလို ဆင်းလာယွေ့ ကိုယ်တော်ရဲ့ အပေါ်မှာ နားတာဟို မျော်ဟယ်။
MAT 3:17 အေးနောက် “ဟေသူဟ ငါ နှစ်သက်မြတ်နိုးရာ၊ ငါရဲ့ ချစ်သား ဖြစ်အယ်” ဟု ခေါန်းခင်မှ အသံတော် ပေါ်ထွက်လာအယ်။
MAT 4:1 အေးနောက် မာရ်နတ်ရဲ့ စုံစမ်းသွေးဆောင်ခြင်းဟို ခံစေမို့ ဝိညာဉ်တော်ဟ ယေရှုဟို တောကန္တာရထဲဟို ယိုးသွားအယ်။
MAT 4:2 ယေရှုဟ နေ့ပေါင်းလေးဆယ်နဲ့ ညပေါင်းလေးဆယ် အစာဆှောင်ပင်းနောက် မွတ်ယွေ့ လာအယ်။
MAT 4:3 အဲအခါ မာရ်နတ်ဟ သူ့ဆေဟို လာပင်း “နင်ဟ ဘုရားသခင်ရဲ့ သားတော်ဟုတ်ရင်၊ ဟေကျောက်ခဲများဟို မုန့်ဖြစ်လာအောန် အမိန့်ပေးမန့်” ဟု ဟောအယ်။
MAT 4:4 ယေရှုဟလည်း “ ‘လူဟ မုန့်တခုတည်းအားဖြင့်သာ အသက်ဆှင်တာ မဟုတ်ဘဲ ဘုရားသခင်ရဲ့ နှုတ်တော်ထွက် စကားဆိသမျှအားဖြင့် အသက်ဆှင်ရမယ်လို့ ကျမ်းစာလာအယ်’ ” ဟူယွေ့ မိန့်အယ်။
MAT 4:5 အဲပင်းရင် မာရ်နတ်ဟ ကိုယ်တော်ဟို သန့်ဆှင်းသော မြို့တော်ဟို ခေါ်ဆောင်သွားပင်း ဗိမာန်တော် ထိပ်ဖျားနှိုက် ရပ်စေအယ်။
MAT 4:6 “နင်ဟ ဘုရားသခင်ရဲ့ သားတော် ဟုတ်ရင်၊ နင့်တတ်တိုင်း အောက်ဟို ခုန်ချပါ” ဟု သူဟ ပြောအယ်။ အကျောန်းမှာ “ ‘နင့်အတွက် ခေါန်းခင်တမန်များဟို မှာထားအယ်၊ အဲလိုမို့ နင့်ရဲ့ ခြေဟို ကျောက်နဲ့ မခိုက်မိစေရန်၊ သူလို့ လက်နဲ့ နင့်ဟို ချီမကြ လိမ့်မယ်’ ဟု ကျမ်းစာရေးထားအယ်” ဟု ပြောအယ်။
MAT 4:7 ယေရှုဟလည်း “ ‘နင့်ရဲ့အဆှင် ဘုရားသခင်ဟို အစုံစမ်း မပြုရ’ ဟူယွေ့လည်း ကျမ်းစာနှိုက် ရေးထားအယ်” ဟု ဖြေအယ်။
MAT 4:8 တခါ မာရ်နတ်ဟ ယေရှုဟို ရမ်းဆာ့ မြင့်သော တောင်ပေါ်ဟို ခေါ်သွားပင်း လောကနိုင်ငံဆိသမျှနဲ့ အဲနိုင်ငံလို့ရဲ့ ဘုန်းစည်းစိမ်ဟို ယိုးပြအယ်။
MAT 4:9 “နင်ဟ ငါ့ဟို ဦးချရှိခိုးမယ်ဆိုရင် ဟေအရာအားလုံးဟို ငါပေးမယ်” ဟု ပြောအယ်။
MAT 4:10 ယေရှုဟ သူ့အား “အချင်း စာတန်၊ ငါ့နားဟနေပင်း သွားလော့၊ ‘နင့်ရဲ့ အဆှင် ဘုရားသခင်ဟိုသာလျှင် ဝတ်ပြုရှိခိုးရမယ်၊ အဲအဆှင်ရဲ့ အစေဟိုသာလျှင် ခံရမယ်’ ဟု ကျမ်းစာနှိုက် ရေးထားအယ်” ဟု မိန့်အယ်။
MAT 4:11 အဲအခါ မာရ်နတ်ဟ ယေရှုဆေမှ ထွက်သွားပင်းနောက် ခေါန်းခင်တမန်လို့ဟ သူ့ဆေဟို လာယွေ့ ကူညီကြအယ်။
MAT 4:12 ယေရှုဟ ယောဟန် ထောင်ထဲမှာ အဖမ်းခံရကျောန်းဟို ကြားသောအခါ ကိုယ်တော်ဟ ဂါလိလဲပြေဟို ထွက်သွားအယ်။
MAT 4:13 ယေရှုဟ နာဇရက်မြို့တွင် မနေဘဲ ဇာဗုလုန်နဲ့ နဿလိစပ်ကြား၊ ဂါလိလဲအိန်နီးဆိ ကပေရနောင်မြို့ဟို သွားပင်း နေအယ်။
MAT 4:14 ဟေလို့ပြုရခြင်းမှာ ပရောဖက် ဟေရှာယရဲ့ ဟောကြားချက် မန်ကန်လာစေရန် ဖြစ်အယ်။ ပရောဖက်ဟေရှာယဟ၊
MAT 4:15 “ဇာဗုလုန်နယ်နဲ့ နဿလိနယ်၊ ယောဒန်မြစ်တဖက်ကမ်း၊ ပင်လယ်လမ်းတဆှောက် လူမျိုးခြားလို့ နေထိန်ရာ ဂါလိလဲပြေ၊
MAT 4:16 မိုက်ထဲမှာ နေထိန်ကြသော သူလို့ဟ တောက်ပသော အလင်းရောင်ဟို မျော်ရလေပီ။ သေမင်းအရိပ်တွင် နေထိန်ကြသူလို့ရဲ့ အပေါ် အလင်းရောင် သက်ရောက်လိမ့်မယ်” ဟု ဟောခဲ့အယ်။
MAT 4:17 အဲအခါမှစပင်း ယေရှုဟ “နင်လို့ အပစ်များမှ နောင်တရပင်း လှည့်ပြန်ကြလော့။ အကျောန်းမှာ ခေါန်းခင်နိုင်ငံတော် တည်လုနီးပီ” ဟု ဟောခဲ့အယ်။
MAT 4:18 ယေရှုဟ ဂါလိလဲအိန်အနီးတွင် ဆှောက်သွားရင်း တံငါသည် ညီအကို နေယောက်ဖြစ်သော၊ ပေတရု ခေါ် ရှိမုန်နဲ့ သူရဲ့ ညီအန္ဒြေလို့ ဖြစ်ပင်း၊ အိန်ထဲတွင် ပိုက်ကွန်ပစ်လျက်နေကြတာဟို မျော်အယ်။
MAT 4:19 ယေရှုဟ “လာကြ၊ ငါ့နောက်ဟို လိုက်ကြ။ နင်လို့ဟို လူဟိုမျှားလဲ့ တံငါသည်များ ဖြစ်စေမယ်” ဟု သူလို့ဟို ပြောအယ်။
MAT 4:20 သူလို့ဟ ခုတုံးပင် မိမိလို့ရဲ့ ပိုက်ကွန်များဟို လောပစ်ယွေ့ သူ့နောက်လိုက်ကြအယ်။
MAT 4:21 ယေရှုဟ အဲအရပ်မှ ဆက်ယွေ့ ဆှောက်သွားစဉ်၊ အခြား ညီအကို နေယောက်ဖြစ်လဲ့ ဇေဗေဒဲရဲ့သား ယာကုပ်နဲ့ သူရဲ့ညီယောဟန်လို့ဟို မျော်အယ်။ မိမိလို့ အဖ ဇေဗေဒဲနဲ့အတူ လှေထဲတွင် ပိုက်ကွန်များဟို အသင့်ပြင်လျက် ဆိအယ်။ ယေရှုဟ သူလို့ဟို ခေါ်အယ်၊
MAT 4:22 သူလို့ဟ ခုတုံးပင် လှေနဲ့ သူလို့အဖဟို ထားခဲ့ပင်း ကိုယ်တော်ရဲ့ နောက်ဟို လိုက်ကြအယ်။
MAT 4:23 ယေရှုဟ ဂါလိလဲပြေတဆှောက်လုံး ပတ်သွားပင်း၊ တရားဇရပ်များတွင် သွန်သင်ကာ၊ နိုင်ငံတော်နဲ့ယှဉ်သော သတင်းကောင်းဟို ဟောပင်း၊ လူလို့တွင် အနာရောဂါအမျိုးမျိုးနဲ့ အဖျားအနာဆိသမျှလို့ဟို ငြိမ်းစေအယ်။
MAT 4:24 ယေရှုရဲ့ သတင်းဟ ရှုရိပြေ တဆှောက်လုံးတွင် ပျံ့သွားပင်း၊ လူလို့တွင် နတ်ဆိုးဝင်သောသူ၊ ဝက်ရူးစွဲသောသူ၊ လေဖြတ်သောသူ၊ မကျန်းမာသောသူမှ စယွေ့ အမျိုးမျိုးသော အနာရောဂါစွဲကပ်သူ ဝေဒနာဆှင်များဟို အထံတော်သို့ ခေါ်ခဲ့ကြပင်း ယေရှုဟ အဲလူအပေါင်းလို့ဟို ရောဂါပျောက်ကင်း စေအယ်။
MAT 4:25 ဂါလိလဲပြေ၊ ဒေကာပေါလိပြေ၊ ယေရုရှလင်မြို့၊ ယုဒပြေနဲ့ ယော်ဒန်မြစ်တဖက်ကမ်းမှ လူအုပ်များဟ ယေရှုရဲ့ နောက်တော်ဟို လိုက်ကြအယ်။
MAT 5:1 ယေရှုဟ လူအုပ်လို့ဟို မျော်ရင် တောင်ပေါ်ဟို တက်ယွေ့ အဲမှာ ထိန်အယ်။ ကိုယ်တော်ရဲ့ တဘဲ့တော်လို့ဟ အထံတော်ဟို လာကြအယ်၊
MAT 5:2 အားပင်း ယေရှုဟ သူလို့ဟို သင်ကြားတာဟ၊
MAT 5:3 “စိတ်နေလုံး နှိမ့်ချသောသူလို့ဟ မင်္ဂလာဆိ ကြအယ်၊ အကျောန်းမှာ ခေါန်းခင်နိုင်ငံတော်ဟ အဲသူလို့ရဲ့ နိုင်ငံ ဖြစ်အယ်။
MAT 5:4 စိတ်မသာ ညည်းတွားသောသူလို့ဟ မင်္ဂလာဆိ ကြအယ်၊ အကျောန်းမှာ ဘုရားသခင်ဟ သူလို့အား နှစ်သိမ့်မှုဟို ပေးလိမ့်မယ်။
MAT 5:5 စိတ်နေလုံး နှိမ့်ချသောသူလို့ဟ မင်္ဂလာဆိ ကြအယ်၊ အကျောန်းမှာ အဲသူလို့ဟ ဘုရားသခင် ကတိထားသော အရာဟို ရဆိကြလိမ့်မယ်။
MAT 5:6 ဘုရားသခင်ရဲ့ အလိုတော်နဲ့အညီ လိုက်နာရန် လိုလားတောင်းတသောသူလို့ဟ မင်္ဂလာဆိ ကြအယ်၊ အကျောန်းမှာ ဘုရားသခင်ဟ သူလို့ဟို အပြေ့အဝ ကျေနပ်စေ လိမ့်မယ်။
MAT 5:7 သနားကြင်နာသောသူလို့ဟ မင်္ဂလာဆိ ကြအယ်၊ အကျောန်းမှာ ဘုရားသခင်ဟ အဲသူလို့အား သနားကြင်နာ လိမ့်မယ်။
MAT 5:8 စိတ်နေလုံး ဖြူစင်သောသူလို့ဟ မင်္ဂလာဆိ ကြအယ်၊ အကျောန်းမှာ အဲသူလို့ဟ ဘုရားသခင်ဟို မျော်ရကြ လိမ့်မယ်။
MAT 5:9 ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်သောသူလို့ဟ မင်္ဂလာဆိ ကြအယ်၊ အကျောန်းမှာ အဲသူလို့ဟ ဘုရားသခင်ရဲ့ လူပဲ့သငယ်များဟု အခေါ်ခံရကြလိမ့်မယ်။
MAT 5:10 ဘုရားသခင်ရဲ့ အလိုတော်နဲ့အညီ ဆောင်ရွက်သဖြင့် နှိပ်စက်ညှဉ်းဆဲခံရသော သူလို့ဟ မင်္ဂလာဆိ ကြအယ်၊ အကျောန်းမှာ ခေါန်းခင်နိုင်ငံတော်ဟ အဲသူလို့ရဲ့ နိုင်ငံ ဖြစ်အယ်။
MAT 5:11 “နင်လို့ဟ ငါ့နောက်ဟို လိုက်သောကျောန့် လူလို့ရဲ့ အမျိုးမျိုးမဟုတ်ကဟုတ်က ဝါခြင်းဟို ခံရပင်း၊ နှိပ်စက်ခံရခြင်းနဲ့ စော်ကားခံရသောအခါ နင်လို့ဟ မင်္ဂလာဆိ ကြအယ်။
MAT 5:12 ရွှင်လန်းဝမ်းသာကြလော့၊ ခေါန်းခင်ဘုံတွင် နင်လို့ရမဲ့ ဆုဟ ကြီးအယ်။ ဟိုအရင်ခါဟ ဆိခဲ့လဲ့ ပရောဖက်လို့ဟို အေးတိုင်းတိုင်း နှိပ်စက်ခံရကြပီ။
MAT 5:13 “နင်လို့ဟ လောကရဲ့ ဆားနဲ့ တူကြအယ်။ အဲလိုလဲ ဆားဟ အငန်ပျောက်သွားရင်၊ ပစာလိုပြန်ပင်း ငန်အောန် လုပ်နိန်မလဲ။ ပစာမျှ သုံးစားရဘဲ အပြင်ဟို ဝဲလိုက်ယွေ့ လူလို့ဟ ခွနင်းသွားကြအယ်။
MAT 5:14 “နင်လို့ဟ လောကရဲ့ အလင်းနဲ့ တူကြအယ်။ တောင်ပေါ်မှာ တည်သောမြို့ဟို ဖုံးကွယ်ယွေ့ မထားနိန်။
MAT 5:15 ဆီမီးဟို ထွန်းယွေ့ တောင်းနဲ့အုပ်ပင်း မထားတတ်ကြ။ အဲအစား အိုင်သူအိုင်သားအပေါင်းလို့ အလင်းရောင်ရစေရန် ဆီမီးခုံပေါ်မှာသာ တင်ထားတတ်ကြအယ်။
MAT 5:16 အေးတိုင်းတိုင်း လူလို့ဟ နင်လို့ရဲ့ ကောင်းသောအကျင့်ဟို မျော်ယွေ့ ခေါန်းခင်ဘုံနှိုက်ဆိသော နင်လို့အဖရဲ့ ဂုဏ်တော်ဟို ချီးမွန်းစေရန် နင်လို့ရဲ့ အလင်းဟို လူလို့ရဲ့ ဆေ့မှာ ထွန်းလင်းစေကြလော့။
MAT 5:17 “မောရှေရဲ့ ပညတ္တိကျမ်းနဲ့ ပရောဖက်ကျမ်းများဟို ဖျက်သိမ်းရန် ငါလာတာလို့ မထင်ကြနဲ့။ အဲကျမ်းများတွင် ဆိလဲ့အတိုင်း ပြေ့စုံစေရန်သာ ငါ လာအယ်။
MAT 5:18 ငါအမန်ဆိုတာဟ ခေါန်းခင်နဲ့ မြေကြီး မပျောက်ကွယ်မီတိုင်အောန်၊ ပညတ်ကျမ်းနှိုက် အသေးဆုံး စာလုံးတလုံး၊ ဗိန္ဒုတလုံးမျှ ပြေ့စုံခြင်းဟို မရောက်ခင် မပျက်စီးရ။ အေးကျမ်းတွင် ဖော်ပြထားလဲ့ အမှုအရာအလုံးစုံလို့ဟ ဖြစ်ပျက်ရမယ်။
MAT 5:19 ပစာကို့ အကြင်သူဟ အသေးဆုံး ပညတ်တခုဟို တတ်တိုင်းလွန်ကျူးယွေ့ သူတပါးလို့အားလည်း အေးတိုင်းတိုင်း သင်ကြားသော အဲသူဟ ခေါန်းခင်နိုင်ငံတော်နှိုက် အငယ်ဆုံးသောသူ ဖြစ်လိမ့်မယ်။ အဲလိုလဲ အကြင်သူဟ တတ်တိုင်းကျင့်ယွေ့ သူတပါးလို့အားလည်း သင်ကြားပေးသူဟ ခေါန်းခင်နိုင်ငံတော်တွင် အကြီးဆုံးသောသူ ဖြစ်လိမ့်မယ်။
MAT 5:20 အကျောန်းမှာ ငါအမန်အကန်ဆိုတာဟ နင်လို့ရဲ့ ဖြောင့်မတ်ခြင်းဟ ကျမ်းတတ်ဆရာများနဲ့ ဖာရိရှဲများထက် မသာရင် နင်လို့ဟ ခေါန်းခင်နိုင်ငံတော်ဟို စခါမှ ဝင်ရလိမ့်မယ် မဟုတ်ဟု ဆိုအယ်။
MAT 5:21 “ ‘လူအသက်ဟို မသတ်ရ။ စသူမဆို ပစ်မှုကျူးလွန်သူဟို ရုံးတင်စစ်ဆေးရမယ်’ ဟု အရင်ခါဟ လူတွေပြောခဲ့တာဟို နင်လို့ ကြားရပီ။
MAT 5:22 အဲလိုလဲ နင်လို့အား ငါပြောတာဟ တစုံတယောက်သည် မိမိရဲ့ ညီအကိုအား အူထော့သော သူဟ ရုံးတင်စစ်ဆေး ရမယ်။ နောက်တခါ တစုံတယောက်ဟ မိမိရဲ့ ညီအကိုအား ‘အလကားလူ’ ဟု ပြောသောသူဟ တရားရုံးတွင် စစ်ဆေးခြင်း ခံထိုက်အယ်။ အားပင်း တစုံတယောက်ဟ ‘လူမိုက်’ ဟု ပြောသောသူဟ ငရဲမီးအိန်ထဲဟို သွားဖို့ ထိုက်တန်အယ်။
MAT 5:23 အေးလို့မို့ နင်ဟ ယဇ်ပလ္လင်တွင် ပူဇော်သကာ ဆက်သမယ်ပြုစဉ် မိမိအပေါ်နှိုက် ညီအကိုဟ နင့်အား တစုံတခုမကျေနပ်မှုဟို သတိရခဲ့ရင်၊
MAT 5:24 ပူဇော်သကာဟို အဲယဇ်ပလ္လင် ဆေ့တွင် ထားလော့။ ဦးရင်ဆုံး သူလို့ဆေ သွားယွေ့ သူနဲ့ သင့်မြတ်အောန် ပြုလော့၊ အဲပင်းရင် ပြန်လာပင်း နင်ရဲ့ ပူဇော်သကာဟို ဆက်သလော။
MAT 5:25 “တစုံတယောက်ဟ ရုံးတွင် နင့်ဟို တရားစွဲရင် သူနဲ့အတူ လမ်းခရီးနှိုက်ဆိနေစဉ် သူနဲ့လျင်မြန်စွာ အဆင်ပြေအောန် ပြုလော့။ အေးလို့မဟုတ်ရင် သူဟ နင့်ဟို တရားသူကြီးရဲ့ လက်ဟို အပ်ယွေ့ တရားသူကြီးဟလည်း ထောင်မှုးလက်ဟို အပ်ပင်း နင့်ဟို ထောင်ချထား လိမ့်မယ်။
MAT 5:26 ငါအမန်တကယ် နင်လို့အား ပြောတာဟ၊ ပေးရန်ဆိသော ငွေအားလုံးဟို မပေးမချင်း နင်ဟ ထောင်ထဲမှ ထွက်ရလိမ့်မယ် မဟုတ်” ဟု ဆိုအယ်။
MAT 5:27 “ ‘အိုင်ထောင်ရေးဖောက်ပြန်မှုဟို မကျူးလွန်ရ’ ဟု ပြောထားတာဟို နင်လို့ ကြားရလေပီ။
MAT 5:28 အဲလိုလဲ နင်လို့အား ငါပြောတာဟ တစုံတယောက်သည် တပ်မက်သောစိတ်နဲ့ အမျိုးသမီးတဦးဟို ကျေ့သူဟ မိမိရဲ့ စိတ်တွင် အဲအမျိုးသမီးဟို ပစ်မားပီ။
MAT 5:29 နင့်ရဲ့ လက်ယာမျက်စေ့ဟ နင်ဟို မားယွင်းစေရင် အဲမျက်စေ့ဟို ဆယ်ယွေ့ လောပလိုက်လော့။ နင်ရဲ့ ခန္ဓာကိုယ်တခုလုံး ငရဲဟိုသွားရတာထက် ကိုယ်အင်္ဂါတခု ချို့တဲ့ရခြင်းဟ သာယွေ့ကောင်းအယ်။
MAT 5:30 နင့်ရဲ့ လက်ယာလက်ဟ နင့်ဟို မားယွင်းစေရန် အဲလက်ဟို ဖြတ်ယွေ့ လောပလိုက်လော့။ နင်ရဲ့ ခန္ဓာကိုယ်တခုလုံး ငရဲဟို သွားရတာထက် ခန္ဓာကိုယ်တခု ချို့တဲ့ရခြင်းဟ သာယွေ့ ကောင်းအယ်။
MAT 5:31 “ ‘မိမိရဲ့ ပေါင်အိုမနဲ့ ကွာဆှင်းလိုသူဟ ဖြတ်စာဟို ပေးအပ်ရမယ်’ လို့ ပြောထားအယ်။
MAT 5:32 အဲလိုလဲ ငါ နင့်ဟို ပြောတာဟ တစုံတယောက်သည် မတရားသော မေထုန်ပြုခြင်း အကျောန်းမှလွဲယွေ့ မိမိပေါင်အိုမဟို ကွာဆှင်းသောသူတိုင်းဟ အေးပေါင်အိုမအား အိုင်ထောင်ရေးဖောက်ပြန်မှုဟို ကျူးလွန်စေအယ်။ ကွာဆှင်းထားသော ပေါင်အိုမနဲ့ လက်ထပ်ခြင်းဟို ပြုသောသူဟလည်း အိုင်ထောင်ရေးဖောက်ပြန်မှုဟို ကျူးလွန်အယ်။
MAT 5:33 “နောက်တခါ ‘နင်ဟ ကျိန်ဆိုခြင်းဟို မဖျက်ရ၊ အဲလိုလဲ အဆှင်ရဲ့ ဆေ့တွင် နင်လို့ထားဆိလဲ့ ကျိန်ဆိုခြင်းဟို ပြုတဲ့အတိုင်း ဆောင်ရွက်ရမယ်’ ဟု ဆေ့လူလို့ ပြောထားတာဟို နင်လို့ ကြားရပီ။
MAT 5:34 အဲလိုလဲ ငါ နင့်ဟို ပြောတာဟ ကျိန်ဆိုခြင်းဟို လုံးဝမပြုရ၊ ခေါန်းခင်ဘုံဟို တည်ယွေ့ မကျိန်ဆိုကြနဲ့၊ အကျောန်းမှာ ခေါန်းခင်ဘုံဟ ဘုရားသခင်ရဲ့ ပလ္လင်တော် ဖြစ်အယ်။
MAT 5:35 အဲဟာမဟုတ်ရင် ကမ္ဘာမြေကြီးဟို တိုင်တည်ယွေ့ မကျိန်ဆိုကြနဲ့၊ အကျောန်းမှာ ကမ္ဘာမြေကြီးဟ ဘုရားသခင်ရဲ့ ခြေတင်ရာခုံ ဖြစ်အယ်။ အဲဟာမဟုတ်ရင် ယေရုရှလင်မြို့ဟို တိုင်တည်ယွေ့ မကျိန်ဆိုကြနဲ့၊ အကျောန်းမှာ ယေရုရှလင်မြို့ဟ ဘုရင်ရဲ့ မြို့တော် ဖြစ်အယ်။
MAT 5:36 အားပင်း မိမိရဲ့ဦးခေါင်းဟို တိုင်တည်ပင်း မကျိန်ဆိုကြနဲ့၊ အကျောန်းမှာ နင်လို့ဟ ဆံပင်တပင်ဟိုပင် ဖြူအောန် အဲဟာမဟုတ်ရင် မဲအောန် မတတ်နိန်။
MAT 5:37 နင်လို့ဟ ဟုတ်တာဟို ‘အဟုတ်’ မဟုတ်တာဟို ‘မဟုတ်’ — ဟူယွေ့ ရိုးဆှင်းစွာ ပြောဆိုကြလော့။ ဟေထက်ပိုသော စကားဟ မာရ်နတ်ဆေမှ လာသောစကား ဖြစ်အယ်။
MAT 5:38 “ ‘မျက်စေ့တလုံးအစား မျက်စေ့တလုံး၊ သွားတချောင်းအစား သွားတချောင်း’ ဟု ပြောထားတာဟို နင်လို့ ကြားရပီ။
MAT 5:39 အဲလိုလဲ နင်လို့ဟို ငါပြောတာဟ မကောင်းသောသူဟို အတိုက်အခံ မပြုကြနဲ့။ တစုံတယောက်ဟ နင်ရဲ့ လက်ယာပါးဟို ရိုက်ရင် အခြားပါးတဖက်လည်း လှည့်ပေးဦးလော။
MAT 5:40 အားပင်း နင့်ဟို တစုံတယောက်ဟ တရားစွဲယွေ့ နင့်ရဲ့ အင်္ကျီဟို ယူချင်ရင်၊ နင့်ရဲ့ ဝတ်လုံဟိုလည်း ယူခွင့်ပြုလော့။
MAT 5:41 နင့်အား တစုံတယောက်ဟ အနိန်အထက်ပြုယွေ့ ခရီးတမိုင် သွားစေရင်၊ သူနဲ့အတူ ခရီးနေမိုင် သွားလော့။
MAT 5:42 တောင်းသောသူအား ပေးကမ်းလော့၊ နင့်ဆေမှ ငမ်းလိုသော သူအားလည်း မငြင်းပယ်နဲ့။
MAT 5:43 “ ‘မိတ်ဆွေများဟို ချစ်လော့၊ ရန်သူဟို မုန်းလော့’ ဟု ပြောထားတာဟို နင်လို့ ကြားရလေပီ။
MAT 5:44 အဲလိုလဲ ငါ နင့်ဟို ပြောတာဟ ရန်သူဟို ချစ်ကြလော့၊ နင်လို့အား နှိပ်စက်သောသူလို့အတွက် ဆုတောင်းပေးကြလော့။
MAT 5:45 အဲလိုမို့ နင်လို့ဟ ခေါန်းခင်ဘုံနှိုက်ဆိသော နင်လို့ အဖရဲ့ လူပဲ့သူငယ်များ ဖြစ်ကြလိမ့်မယ်။ အကျောန်းမှာ ကိုယ်တော်ဟ မကောင်းသောသူများနဲ့ ကောင်းသောသူများအပေါ် သူရဲ့နေဟို ထွက်စေပင်း၊ ကောင်းသောသူများနဲ့ မကောင်းသောသူများအပေါ် မိုးဟို ရွာစေအယ်။
MAT 5:46 နင်လို့ဟ နင်လို့ဟို ချစ်သောသူလို့အား ချစ်ရင်၊ နင်လို့ ပစာအကျိုးကျေးဇူးဟို ရဆိလုန်း၊ အခွန်ခံသူများပင် အေးတိုင်းတိုင်း ပြုကြအယ် မဟုတ်လော။
MAT 5:47 အားပင်း နင်လို့ဟ နင်လို့ရဲ့ မိတ်ဆွေများဟိုသာ နှုတ်ဆက်မယ်ဆိုရင်၊ အပြုအမူဟ စလို ထူးခြားမှု ဆိနိန်မလုန်း၊ ဘုရားသခင်ဟို မသိသောသူများပင် ဟေသို့ ပြုကြအယ်။
MAT 5:48 ခေါန်းခင်ဘုံနှိုက်ဆိသော နင်လို့အဖဟ စုံလင်လဲ့နည်းတူ နင်လို့လည်း စုံလင်ခြင်း ဆိရမယ်” ဟု ယေရှုဟ မိန့်အယ်။
MAT 6:1 “နင်လို့ရဲ့ ဖြောင့်မတ်သောအမှုဟို သူလို့မျော်အောန် လူလို့ဆေ့မှာ မလုပ်မဲ့အကျောန်း သတိပြုကြလော့။ နင်လို့ အဲလိုလုပ်ရင်၊ ခေါန်းခင်ဘုံနှိုက်ဆိသော နင်လို့ အဖဆေမှ အကျိုးကျေးဇူးဟို နင်လို့ ရဆိကြလိမ့်မယ် မဟုတ်။
MAT 6:2 “အဲလိုမို့ နင်ဟ လိုအပ်နေတဲ့သူဟို ပေးသောအခါ သူတော်ကောင်းဟန်ဆောင်သူလို့ လိုမျိုး လူများရဲ့ ချီးမွန်းဟို ခံလိုယွေ့ တရားဇရပ်များနဲ့ လမ်းဆုံလမ်းခွများတွင် မိမိလို့ဆေ့မှာ တံပိုးခရာ မှုတ်စေလဲ့နည်းတူ မပြုကြနဲ့။ ငါ နင့်ဟို အမန်ဆိုတာဟ၊ အဲသူလို့ဟ မိမိလို့အကျိုးဟို ရကြပီ။
MAT 6:3 အဲလိုလဲ နင်လို့ဟ လိုအပ်နေသော သူတယောက်ဟို ပေးသောအခါ၊ နင်လို့ရဲ့ လက်ယာလက် ပြုလုပ်လဲ့အရာဟို နင်လို့ရဲ့ လက်ဝဲလက်အား မသိစေနဲ့။
MAT 6:4 အဲလိုမို့ နင်လို့ ပေးကမ်းတာဟို လျှို့ဝှက်ထားနိန်အယ်။ အေးနောက် မထင်မဆှားသောအရာဟို မျော်သော နင်ရဲ့အဖဟ နင့်ဟို ဆုလာဘ်ပေး လိမ့်မယ်။
MAT 6:5 “နင်လို့ဟ ဆုတောင်းသောအခါ၊ သူတော်ကောင်းဟန်ဆောင်သူလို့ လိုမျိုး မပြုကြနဲ့။ အဲသူလို့ဟ လူများမျော်သာအောန် တရားဇရပ်များနဲ့ လမ်းဆုံလမ်းခွများမှာ ရပ်လျက် ဆုတောင်းခြင်းဟို နှစ်သက်ကြအယ်။ ငါ နင့်လို့ဟို အမန်အကန်ပြောတာဟ၊ အဲသူလို့ဟ မိမိလို့ အကျိုးဟို ခံရကြအယ်။
MAT 6:6 အဲလိုလဲ နင်လို့ဟ ဆုတောင်းသောအခါ၊ နေအိုင်အတွင်းခန်းဟို ဝင်ယွေ့ ထင်ခါးဟို ပိတ်ပင်းရင် မျက်စေ့နဲ့ မမျော်နိန်သော နင်လို့ရဲ့ အဖဆေဟို ဆုတောင်းကြလော့။ အားပင်း မထင်မဆှားပြုသောအမှုဟို မျော်သော နင်လို့ရဲ့အဖဟ နင်လို့ဟို ဆုလာဘ်ပေးလိမ့်မယ်။
MAT 6:7 “နင်လို့ဟ ဆုတောင်းသောအခါ၊ ဘုရားသခင်ဟို မသိသောသူလိုမျိုး အလကားကားစကားဖြင့် ခုတင်ခု မမြွတ်ကြနဲ့။ အဲသူလို့ဟ ရမ်းဆာ့စကားများဟို ရွတ်ဆိုသောကျောန့် သူလို့ဟို နားထောင်ပေးလိမ့်မယ်ဟု ထင်မှတ်ကြအယ်။
MAT 6:8 အဲသူလို့လိုမျိုး မပြုကြနဲ့၊ နင်လို့ရဲ့အဖဟ နင်လို့ မတောင်းဆှောက်ခင်ကပင် နင်လို့ လိုသောအရာလို့ဟို သိနဲ့ပင်း ဖြစ်အယ်။
MAT 6:9 အေးကျောန့် နင်လို့ ဟေလို့ ဆုတောင်းကြလော့၊ “ ‘ခေါန်းခင်ဘုံနှိုက်ဆိလဲ့ ငါလို့အဖ၊ ကိုယ်တော်ရဲ့ နာမတော်အား ရိုသေလေးမြတ်ခြင်း ဆိစေမန့်။
MAT 6:10 နိုင်ငံတော် တည်ထောင်စေမန့်။ အလိုတော်ဟ ခေါန်းခင်ဘုံနှိုက် ပြေ့စုံသလိုမျိုး မြေကြီးပေါ်မှာ ပြေ့စုံစေမန့်။
MAT 6:11 အသက်မွေးဖို့ လိုအပ်လဲ့အစာဟို ငါလို့အား ခုနေ့ ပေးသနားမန့်။
MAT 6:12 သူတပါးဟ ငါလို့ဟို ပစ်မားလဲ့ အပစ်များဟို ငါလို့ဟ လွှတ်သလိုမျိုး ငါလို့ရဲ့ အပစ်များဟို လွှတ်မန့်။
MAT 6:13 အပစ်သွေးဆောင်ရာဟို မလိုက်ပါစေဘဲ၊ အကောင်းလဲ့အမှုအရာမှလည်း ကယ်နုတ်မန့်။’ ဟု ဆုတောင်းကြလော့။
MAT 6:14 “နင်လို့ဟ သူတပါးလို့ အမားဟို ခွင့်လွှတ်ရင်၊ ခေါန်းခင်ဘုံနှိုက်ဆိသော နင်လို့အဖဟ နင်လို့ရဲ့ အပစ်များဟို ဖြေလွှတ်မယ်။
MAT 6:15 အဲလိုလဲ နင်လို့ဟ သူတပါးဟို ခွင့်မလွှတ်ရင်၊ နင်လို့အဖဟလည်း နင်လို့ရဲ့ အပစ်များဟို ခွင့်လွှတ်လိမ့်မယ် မဟုတ်။
MAT 6:16 “နင်လို့ဟ အစာဆှောင်ခြင်း အကျင့်ဟို ကျင့်သောအခါ ဟန်ဆောင်တတ်သောသူလို့ လိုမျိုး မျက်နှာညှိုးငယ်ခြင်း မဆိကြနဲ့။ အဲသူလို့ဟ မိမိလို့ အစာဆှောင်တာဟို လူများလို့ဆေ့မှာ ပေါ်လွင်စေဖို့၊ မိမိလို့ရဲ့ မျက်နှာဟို ဖျက်တတ်ကြအယ်။ ငါ နင်လို့ဟို အမန်ပြောတာဟ၊ အဲသူလို့ဟ မိမိလို့ အကျိုးဟို အပြေ့အဝခံစားရကြပီ။
MAT 6:17 အဲလိုလဲ နင်လို့ဟ အစာဆှောင်ကြသောအခါ၊ မျက်နှာဟို သစ်ယွေ့ ဦးခေါင်းဟို ဆီလိမ်း ကြလော့။
MAT 6:18 အေးကျောန့် နင်ဟ အစာဆှောင်သောအခါ အစာဆှောင်တာဟို လူများလို့ ဆေ့မှာ မပေါ်လွင်စေဘဲ၊ မပေါ်လွင်သော အရပ်နှိုက် ဆိသော နင်လို့အဖ ဆေ့တော်နှိုက်သာ ပေါ်လွင်စေကြလော့။ မပေါ်လွင်သောအရာဟို မျော်သော နင်လို့အဖဟ နင့်လို့အား ဆုလာဘ်ဟို ပေးလိမ့်မယ်။
MAT 6:19 “သံချေးနဲ့ ပိုးရွ ဖျက်ဆီးယွေ့ သူခိုးထွင်းဖောက်ခိုးယူရာ မြေကြီးပေါ်မှာ ဘဏ္ဍာဟို နင်လို့အတွက် မဆည်းပူးကြနဲ့။
MAT 6:20 အဲလိုလဲ သံချေးနဲ့ ပိုးရွ မဖျက်ဆီးယွေ့ သူခိုး မထွင်းမဖောက်၊ မခိုးမယူရာ ခေါန်းခင်ဘုံနှိုက် နင်လို့အတွက် ဘဏ္ဍာဟို ဆည်းပူးကြလော့။
MAT 6:21 အကျောန်းမှာ နင်လို့ရဲ့ ဘဏ္ဍာဆိရာဟို နင်လို့ဟ စိတ်နေလုံး ရောက်တတ်သောကျောန့် ဖြစ်အယ်။
MAT 6:22 “မျက်စေ့ဟ ခန္ဓာကိုယ်ရဲ့ ဆီမီးလိုမျိုး ဖြစ်အယ်။ မျက်စေ့ကြည်လင်ရင် နင်လို့ရဲ့ ခန္ဓာကိုယ်တခုလုံး လင်းလိမ့်မယ်။
MAT 6:23 အဲလိုလဲ နင်လို့ရဲ့ မျက်စေ့မွဲရင် ခန္ဓာကိုယ်တခုလုံး မိုက်လိမ့်မယ်။ အဲလိုမို့ နင်လို့တွင် ဆိသော အလင်းဟ မိုက်ဖြစ်ရင် အဲမိုက်ဟ ရမ်းဆာ့ မိုက်လိမ့်မယ်။
MAT 6:24 “စသူမျှ သခင်နေဦး အစေဟို မခံနိန်။ သခင်တဦးဟို မုန်းယွေ့ တဦးဟို ချစ်လိမ့်မယ်။ သခင်တဦးဟို သစ္စာစောင့်ယွေ့ တဦးဟို မလေးမခန့်ပြုလိမ့်မယ်။ နင်လို့ဟ တချိန်တည်းနှိုက် ဘုရားသခင်ရဲ့ အစေနဲ့ လောကီစည်းစိမ်ရဲ့ အစေဟို မခံနိန်ကြ။
MAT 6:25 “အဲကျောန့် ငါ နင်လို့ဟို ပြောတာဟ၊ နင်လို့ ဖဝါ့အတွက် ပစာစားရမယ် အဲဟာမဟုတ်ရင် သောက်ရမယ်အကျောန်းဟို မစိုးရိမ်ကြနဲ့။ ဖယ်လိုဝတ်ရမယ်ဟို ခန္ဓာကိုယ်အတွက် မစိုးရိမ်ကြနဲ့။ အသက်ဟ အစားအသောက်ထက် လည်းကောင်း၊ ခန္ဓာကိုယ်ဟ အဝတ်ထက် လည်းကောင်း ပိုယွေ့ အရေးကြီးတာ မဟုတ်လော။
MAT 6:26 မိုးခေါန်းခင်နှိုက် ကျင်လည်သော ငက်များဟို ကျေ့ရှုဆင်ခြင်ကြလော့။ သူလို့ဟ မျိုးစေ့ဟို မကြဲ အဲဟာမဟုတ်ရင် စပါးများဟို မရိတ်မသိမ်း အဲဟာမဟုတ်ရင် ကျီများတွင် လှောင်မှုဟို မပြု၊ အားပင်း ခေါန်းခင်ဘုံဆှင် နင်လို့အဖဟ သူလို့ဟို ကျွေးမွေးအယ်။ နင်လို့ဟ ငက်များထက် ရမ်းဆာ့ ပိုယွေ့ အဖိုးတန်ကြအယ် မဟုတ်လော။
MAT 6:27 နင်လို့တွင် စသူဟ စိုးရိမ်ခြင်းအားဖြင့် မိမိရဲ့အသက်ဟို နှစ်ကတီလောက် ပိုပင်း ရှည်စေနိန်သလော။
MAT 6:28 “နင်လို့ဟ ပစာကျောန့် အဝတ်အတွက် စိုးရိမ်ကြလုန်း။ တောနှင်းပန်းများ စလိုဆှင်သန်လာတာဟို ကျေ့ရှုဆင်ခြင်ကြလော့။ အဲပန်းပင်လို့ဟ အလုပ်လည်း မလုပ် အဲဟာမဟုတ်ရင် ချေဖြစ်စေဖို့ မငင်မဝင့်။
MAT 6:29 အဲလိုလဲ နင်လို့ဟို ငါပြောတာဟ ရမ်းဆာ့ ချမ်းသာကြွယ်ဝပင်း ဘုန်းကြီးလဲ့ ရှောလမုန်မင်းကြီးပင်လျှင် အဲပန်းပင်တပင်မျှရဲ့ အလှဟို မမှီ။
MAT 6:30 ယုံကြည်ခြင်း အားနည်းသောသူလို့၊ ခုနေ့ အသက်ဆှင်လျက် မနက်ခါ မီးဖိုထဲဟို ရောက်သော တောမြက်ပင်ဟို ဘုရားသခင်ဟ ဟေမျှလောက် ဆင်ယင်ပေးရင် နင်လို့ဟို ပိုကောင်းစွာ ဆင်ယင်ပေးမယ် မဟုတ်လော။
MAT 6:31 “အဲလိုမို့ ‘ငါလို့ ပစာလိုမျိုး စားရမယ် အဲဟာမဟုတ်ရင် သောက်ရမယ် အဲဟာမဟုတ်ရင် ပစာလိုမျိုး ဝတ်ရမယ်’ ဟု မစိုးရိမ်ကြနဲ့။
MAT 6:32 ဘုရားသခင်ဟို မသိသောသူလို့ဟ အဲလိုမျိုး စိုးရိမ်တတ်ကြအယ်။ ခေါန်းခင်ဘုံဆှင် နင်လို့ရဲ့အဖဟ အဲအရာအားလုံးဟို နင်လို့လိုကျောန်း သိအယ်။
MAT 6:33 အဲလိုလဲ ဘုရားသခင်ရဲ့ နိုင်ငံတော်နဲ့ ဖြောင့်မတ်ခြင်းဟို ဦးရင် ဆှာကြလော့၊ အားပင်း ဟေအရာအားလုံးလို့ဟို နင်လို့အား ထပ်ယွေ့ ပေးလိမ့်မယ်။
MAT 6:34 အဲလိုမို့ မနက်ခါအဖို့ မစိုးရိမ်ကြနဲ့၊ မနက်ခါနေ့ဟ မိမိအဖို့ စိုးရိမ်လိမ့်မယ်။ ခုနေ့နှိုက်ဆိသော မကောင်းမသင့်သောအရာဟ အခုနေ့ဖို့ လောက်ပေအယ်။”
MAT 7:1 “သူတပါးဟို မစီရင်ကြနဲ့၊ အေးမှသာ ဘုရားသခင်ဟ နင်လို့ဟို စီရင်လိမ့်မယ် မဟုတ်၊
MAT 7:2 အကျောန်းမှာ သူတပါးဟို နင်လို့ စီရင်လဲ့နည်းအတိုင်း ဘုရားသခင်ဟ နင်လို့ဟို စီရင်လိမ့်မယ်၊ အားပင်း သူတပါးလို့ဟို စီရင်ရာတွင် နင်လို့ အသုံးပြုလဲ့နည်းအတိုင်း နင်လို့ဟို စီရင်လိမ့်မယ်။
MAT 7:3 နင်လို့ဟ ကိုယ့်မျက်စေ့ထဲဟ သစ်တုံးဟို မမျော်ဘဲ ညီအကိုရဲ့ မျက်စေ့ထဲဟ ငြောင့်သငယ်ဟို ပစာကျောန့် မျော်နေလုန်း။
MAT 7:4 နင်လို့ရဲ့ မျက်စေ့ထဲဟ သစ်တုံးဆိနေလျက် ပစာကျောန့် ညီအကိုအား ‘နင့်ရဲ့မျက်စေ့ထဲဟ ငြောင့်သငယ်ဟို ထုတ်ပေးမန့်’ ဟု စလိုပြောရဲလုန်း။
MAT 7:5 ဟန်ဆောင်တတ်သောသူ၊ ကိုယ်မျက်စေ့နှိုက်ဆိသော သစ်တုံးဟို ဦးရင် ဖယ်ပစ်လော့၊ နောက်မှ ညီအကို မျက်စေ့နှိုက်ဆိသော ငြောင့်သငယ်ဟို ထုတ်ပစ်ခြင်းငှာ နင်ဟ ဆှင်းလင်းစွာ မျော်လိမ့်မယ်။
MAT 7:6 “သန့်ဆှင်းသောအရာဟို ခွေးလို့အား မပေးကြနဲ့၊ သူလို့ဟ လှည့်ပင်း နင်လို့ဟို တိုက်ခိုက်လိမ့်မယ်။ နင်လို့ရဲ့ ပုလဲရတနာများဟို ဝက်လို့ဆေ့မှာ မချထားကြနဲ့၊ သူလို့ဟ အဲအရာလို့ဟို မိမိလို့ခြေဖြင့်နင်းချေပင်း သွားကြလိမ့်မယ်။
MAT 7:7 “တောင်းကြလော့၊ တောင်းရင် ရကြလိမ့်မယ်၊ ဆှာကြလော့၊ ဆှာရင် တွေ့ကြလိမ့်မယ်၊ ထင်ခါးဟို ခေါက်ကြလော့၊ ခေါက်ရင် နင်လို့ဟို ထင်ခါး ဖွင့်ပေးလိမ့်မယ်။
MAT 7:8 အကျောန်းမှာ တောင်းသောသူဟ ရအယ်၊ ဆှာသောသူဟ တွေ့အယ်၊ ထင်ခါးခေါက်သောသူဟို ဖွင့်ပေးလိမ့်မယ်။
MAT 7:9 နင်လို့တွင် စသူဟ မိမိရဲ့အောင်နီဟ မုန့်ဟိုတောင်းရင် ကျောက်ခဲဟို ပေးမလော၊
MAT 7:10 အဲဟာမဟုတ်ရင် ငါးဟို တောင်းရင် မြွေဟို ပေးမလော။
MAT 7:11 နင်လို့ဟ မကောင်းသောသူများဖြစ်လျက်ပင် မိမိလို့ရဲ့ လူပဲ့သူငယ်အား ကောင်းမွန်သောအရာဟို ပေးရမယ် သိကြရင်၊ ခေါန်းခင်ဘုံဆှင် နင်လို့ရဲ့အဖဟလည်း မိမိဆေ တောင်းဆှောက်သူလို့အား ကောင်းမွန်သောအရာလို့ဟို ပိုပင်းပေးမယ် မဟုတ်လော။
MAT 7:12 “နင်လို့ဟ ကိုယ်နှိုက် သူတပါး လုပ်စေလိုလဲ့အတိုင်း သူတပါးနှိုက် ပြုကြလော့၊ အေးစာဟ မောရှေရဲ့ ပညတ္တိကျမ်းနဲ့ ပရောဖက်ကျမ်းများရဲ့ အချုပ် ဖြစ်အယ်။
MAT 7:13 “ကျဉ်းမြောင်းသော ထင်ခါးဟို ဝင်ကြလော့။ အကျောန်းမှာ ပျက်စီးခြင်းဟို ရောက်သော ထင်ခါးဟ ကျယ်ဝန်းယွေ့ လမ်းဟ ပြန့်ပြူးပင်း၊ အဲလမ်းဟို ဝင်သောသူလို့လည်း များကြအယ်။
MAT 7:14 အဲလိုလဲ အသက်ဆှင်ခြင်းဟို ရောက်သော ထင်ခါးဟ ကျဉ်းမြောင်းယွေ့ လမ်းဟ ကြမ်းပင်း အဲလမ်းဟို တွေ့ဆိသူလို့ဟ နည်းကြအယ်။
MAT 7:15 “မားသောပရောဖက်လို့ဟို သတိထားကြလော့။ သူလို့ဟ သိုးရေခြုံလျက် နင်လို့ဆေဟို လာပေမဲ့လည်း အတွင်းစိတ်ဟ ရက်စက်သော ဝံပုလွေလိုမျိုး ဖြစ်ကြအယ်။
MAT 7:16 အဲသူလို့ရဲ့ အသီးများအားဖြင့် သူလို့ဟို နင်လို့ သိကြလိမ့်မယ်။ လူများဟ ဆူးပင်မှ စပျစ်သီးဟို ခူးတတ်သလော အဲဟာမဟုတ်ရင် ဆူးပင်မှ သင်္ဘောသဖန်းသီးဟို ခူးတတ်သလော။
MAT 7:17 အဲနည်းတူ ကောင်းသော အပင်တိုင်းဟ အသီးကောင်းဟို သီးတတ်ပေမဲ့ မကောင်းလဲ့အပင်ဟ မကောင်းသောအသီးဟို သီးတတ်အယ်။
MAT 7:18 ကောင်းသော အပင်တပင်ဟ မကောင်းသောအသီး မသီးနိန်။ မကောင်းသော အပင်တပင်ဟလည်း ကောင်းသောအသီးဟို မသီးနိန်။
MAT 7:19 အသီးကောင်းဟို မသီးလဲ့ အပင်ဆိသမျှဟို ခုတ်လှဲယွေ့ မီးထဲဟို လောချတတ်ကြအယ်။
MAT 7:20 အဲလိုမို့ သူလို့ရဲ့ အသီးအားဖြင့် သူလို့ဟို နင်လို့ သိကြလိမ့်မယ်။
MAT 7:21 “ ‘သခင်၊ သခင်’ ဟု ငါ့ဟို ခေါ်သောသူတိုင်း ခေါန်းခင်နိုင်ငံတော်ဟို ဝင်ရလိမ့်မယ် မဟုတ်။ အဲလိုလဲ ခေါန်းခင်ဘုံဆှင် ငါ့အဖရဲ့ အလိုတော်အတိုင်း လိုက်ဆှောက်သူသာရင် ဝင်ရလိမ့်မယ်။
MAT 7:22 တရားစီရင်ရာနေ့ ရောက်သောအခါ၊ ‘သခင်၊ သခင် ငါလို့ဟ ကိုယ်တော်ရဲ့ နာမတော်ဟို အမှီပြုယွေ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟို ဟောပြောလျက်၊ ကိုယ်တော်ရဲ့ နာမတော်ဟို အမီပြုယွေ့ နတ်ဆိုးများဟို မောင်းထုတ်ပင်း အံ့ဩဖွယ်သောအမှုများဟို ပြုခဲ့ကြအယ် မဟုတ်လော’ ဟု လူအများပင် ငါ့အား ပြောကြားလိမ့်မယ်။
MAT 7:23 အဲအခါ ‘နင်လို့ဟို ဖယ်ခါမျှ ငါမသိ။ ဆိုးသွမ်းသူလို့ ငါ့ဆေမှ ထွက်သွားကြလော’ ဟု အဲသူလို့အား ငါပြောမယ်။
MAT 7:24 “အေးလိုမို့ ငါဟောပြောသော ဟေတရားစကားဟို ကြားယွေ့ လိုက်ဆှောက်သူတိုင်းဟ ကျောက်ပေါ်တွင် နေအိုင်ဆောက်လဲ့ ပညာဆိနဲ့တူအယ်။
MAT 7:25 မိုးသည်းစွာ ရွာယွေ့၊ မြစ်ယေလျှံကာ၊ လေပြင်းထန်လျက် အဲနေအိုင်ဟို တိုက်ခတ်အယ်။ အဲလိုလဲ အဲအိုင်ဟ ကျောက်ပေါ်မှာ အုတ်မြစ်ချထားသောကျောန့် မပြိုလဲချေ။
MAT 7:26 “အဲလိုလဲ ငါဟောပြောသော ဟေတရားစကားဟို ကြားပင်း မလိုက်မဆှောက်သူတိုင်းဟ သဲပေါ်မှာ နေအိုင်ဆောက်သော လူမိုက်နဲ့တူအယ်။
MAT 7:27 မိုးသည်းထန် ရွာယွေ့၊ မြစ်ယေလျှံကာ၊ လေပြင်းထန်လျက် အဲအိုင်ဟို တိုက်ခတ်သောကျောန့် အဲနေအိုင်ဟ ပြိုလဲသွားအယ်။ အားပင်း အဲနေအိုင်ရဲ့ အပျက်အစီးမှာ ကြီးလှအယ်” ဟု မိန့်အယ်။
MAT 7:28 ယေရှု ဟေအရာများဟို ဟောပြောပင်းသောအခါ၊ လူအုပ်လို့ဟ ကိုယ်တော်ရဲ့ သွန်သင်ပုံဟို အံ့ဩကြအယ်။
MAT 7:29 ကိုယ်တော်ဟ ကျမ်းတတ်ဆရာလို့လိုမျိုး မဟုတ်ဘဲ အာဏာဆိလိုမျိုး သွန်သင်ပေးသောကျောန့် ဖြစ်အယ်။
MAT 8:1 ယေရှုဟ တောင်ပေါ်မှ ဆင်းလာသောအခါ ရမ်းဆာ့သော လူအုပ်ကြီးဟ ကိုယ်တော်နောက်ဟို လိုက်ကြအယ်။
MAT 8:2 အဲအခါ အရေပြားရောဂါစွဲကပ်သူ လူတယောက်ဟ ကိုယ်တော်ဆေဟို လာယွေ့၊ ဆေ့မှာ ဒူးထောက်လျက် “ဆရာ၊ ကိုယ်တော် အလိုတော်ဆိရင် ငါ့အား သန့်စင်စေနိန်မန့်” ဟု ဆှောက်အယ်။
MAT 8:3 ယေရှုဟ လက်တော်ဟို ဆန့်ယွေ့ အေးသူဟို တို့ထိကာ “ငါ အလိုဆိအယ်၊ သန့်စင်စေ” ဟု မိန့်အယ်။ ခုတုံး သူဟ အဲအရေပြားရောဂါ ပျောက်ကင်း သွားလေအယ်။
MAT 8:4 အဲအခါ ယေရှုဟ “နားထောင်လော့၊ စသူ့ဟိုမှ မပြောနဲ့။ အဲလိုလဲ ယဇ်ပုရောဟိတ် ဆေဟို သွားယွေ့ နင့်ရဲ့ ကိုယ်ဟို ပြပင်း လူလို့ဆေ့နှိုက် သက်သေဖြစ်စေဖို့ မောရှေ စီရင်မှာထားသော ပူဇော်သကာဟို ဆက်လော့” ဟု မိန့်အယ်။
MAT 8:5 ကပေနောင်မြို့ဟို ယေရှု ဝင်သောအခါ ရောမ တပ်မှူးတယောက်ဟ ကိုယ်တော်နဲ့ တွေ့ဆုံပင်း သူ့ဟို ကူညီဖို့ တောင်းပန်ပင်း
MAT 8:6 “ဆရာ၊ ငါ့ရဲ့ အစေခံတယောက်ဟ ရမ်းဆာ့ဝေဒနာ ခံစားပင်း မရွေ့နိန်ဘဲ နေအိုင်ရဲ့ အိပ်ယာထဲမှာ လဲယွေ့ နေအယ်” ဟု ဆှောက်အယ်။
MAT 8:7 ယေရှုဟလည်း “ငါ လာယွေ့ သူ့ဟို ကျန်းမာစေမယ်” ဟု မိန့်အယ်။
MAT 8:8 တပ်မှူးဟ “ဆရာ၊ ငါ့ရဲ့ အိုင်မိုးအောက်ဟို ကိုယ်တော် ဝင်လာဖို့ မထိုက်တန်ပါ။ အမိန့်တော်ဟိုသာ ပေးပါ၊ အားပင်း ငါ့ရဲ့ အစေခံဟ ကျန်းမာစေလိမ့်မယ်။
MAT 8:9 အကျောန်းမှာ ငါ့တတ်တိုင်းဟလည်း အထက်အာဏာအောက်နှိုက် ဆိသောသူတယောက် ဖြစ်ပင်း၊ ငါ့ရဲ့ လက်အောက်တွင် စစ်သားများ ဆိအယ်။ ဟေတယောက်ဟို ‘သွားမန့်’ ဟု ငါပြောရင် သူဟ သွားယွေ့၊ အခြားတယောက်ဟို ‘လာမန့်’ ဟု ပြောရင် သူဟ လာအယ်။ ငါ့ရဲ့ အစေခံအား ‘ဟေအရာဟို လုပ်ပါ’ ဟု ပြောရင် သူဟ လုပ်အယ်” ဟု ဆှောက်အယ်။
MAT 8:10 ဟေစကားဟို ယေရှု ကြားသောခါ၊ အံ့ဩယွေ့ နောက်ဟို လိုက်လာကြသော သူလို့အား “ငါ နင်လို့ဟို အမန်ပြောတာဟ၊ ဟေမျှလောက် ကြီးမားသော ယုံကြည်ခြင်းဆိသောသူ တစုံတယောက်ဟိုမျှ ဣသရေလအမျိုးထဲနှိုက် ငါ မတွေ့ဖူးသေး။
MAT 8:11 နင်လို့အား အမန်အကန် ငါပြောတာဟ ရမ်းဆာ့သောလူလို့ဟ အဆေ့အရပ်နဲ့ အနောက်အရပ်မှ လာယွေ့ ခေါန်းခင်နိုင်ငံတော်တွင် အာဗြဟံ၊ ဣဇက်၊ ယာကုပ်လို့နဲ့အတူ ထိန်ပင်း စားသောက်ကြလိမ့်မယ်။
MAT 8:12 အဲလိုလဲ နိုင်ငံတော်သား ဖြစ်သင့်သောသူလို့မူကား အပြင်မိုက်ထဲဟို လောထုတ်ခြင်းဟို ခံရကြလိမ့်မယ်၊ အဲအရပ်တွင် သူလို့ဟ ငိုကြွေးမြည်တမ်းယွေ့ အံသွားခဲကြိတ်လျက် နေကြလိမ့်မယ်” ဟု မိန့်အယ်။
MAT 8:13 အဲပင်းရင် ယေရှုဟ တပ်မှူးအား “နေအိုင်ဟို သွားလော့၊ နင်ယုံကြည်လဲ့အတိုင်း ဖြစ်လိမ့်မယ်” ဟု မိန့်အယ်။ အားပင်း အေးအချိန်နှိုက်ပင် တပ်မှူးရဲ့ အစေခံဟ ရောဂါပျောက်လေအယ်။
MAT 8:14 ယေရှုဟ ပေတရုရဲ့ နေအိုင်ဟို လာသောအခါ၊ ကိုယ်တော်ဟ ပေတရုရဲ့ ယောက္မမဟ ဖျားယွေ့ အိပ်ယာပေါ်တွင် လဲနေတာဟို မျော်အယ်။
MAT 8:15 ယေရှုဟ အဲမိန်းမရဲ့ လက်ဟို တို့ထိယွေ့ သူမဟ အဖျားပျောက်သွားပင်း၊ ထယွေ့ ယေရှုအား ဧည့်ခံပြုစုလေအယ်။
MAT 8:16 ညနေအချိန်ရောက်သောအခါ လူလို့ဟ နတ်ဆိုးစွဲသောသူ အများလို့ဟို အထံတော်ဟို ဆောင်ခဲ့ကြပင်း၊ ယေရှုဟ အဲနတ်ဆိုးလို့ဟို နှုတ်တော်ထွက်စကား တခွန်းအားဖြင့် မောင်းထုတ်အယ်၊ အားပင်း နေမကောင်းသောသူ အပေါင်းလို့ဟိုလည်း ကျန်းမာစေအယ်။
MAT 8:17 အေးဟာဟ “သူ့တတ်တိုင်း ငါလို့ရဲ့ အနာရောဂါများနဲ့ ဝေဒနာများဟို ဆောင်ယူသွားအယ်” ဟူယွေ့ ပရောဖက် ဟေရှာယ ဟောခဲ့လဲ့ စကားအတိုင်း ဖြစ်ပျက်ယွေ့ လာခဲ့အယ်။
MAT 8:18 ယေရှုဟ မိမိပတ်လည်ဆိ လူအုပ်ဟို မျော်သောအခါ၊ ကိုယ်တော်ဟ အိန်တဖက်ကမ်းဟို ကူးရန် အမိန့်ပေးအယ်။
MAT 8:19 အဲပင်းရင် ကျမ်းတတ်ဆရာ တယောက်ဟ ကိုယ်တော်ဆေဟို လာယွေ့ “ဆရာ၊ ကိုယ်တော် ဖယ်နားဟိုဘဲ သွားသွား ငါလိုက်မယ်” ဟု ဆှောက်ထားအယ်။
MAT 8:20 ယေရှုဟ “မြေခွေးမှာ တွင်း ဆိအယ်။ မိုးခေါန်းခင် ငက်မှာလည်း အသိုက် ဆိပေမဲ့ လူသားမှာဟ ခေါင်းချစရာ နေရာမဆိ” ဟု မိန့်အယ်။
MAT 8:21 အခြား တဘဲ့တော်တဦးဟ ကိုယ်တော်အား “ဆရာ၊ ငါ့အဖဟို ဦးရင်သွားယွေ့ သင်္ဂြိုဟ်ပါရစေ” ဟု ဆှောက်ထားအယ်။
MAT 8:22 ယေရှုဟလည်း “ငါ့နောက်သို့ လိုက်လော့၊ လူသေလို့ဟ မိမိလူသေလို့ဟို သင်္ဂြိုဟ်မန့်လေစေ” ဟု မိန့်အယ်။
MAT 8:23 ယေရှုဟ လှေပေါ်သို့ တက်ပင်း တဘဲ့တော်လို့ဟလည်း ကိုယ်တော်နဲ့အတူ လိုက်သွားကြအယ်။
MAT 8:24 အိန်ထဲတွင် ခုတုံး လေမုန်တိုင်းကျလာသဖြင့် လှေဟ လှိုင်းတံပိုးများထဲတွင် မြုပ်လုမြုပ်ခင် ဖြစ်လေအယ်။ အဲလိုလဲ ယေရှုဟ အိပ်မွေ့လျက် နေအယ်။
MAT 8:25 တဘဲ့တော်လို့ဟ ကိုယ်တော်ဆေဟို သွားပင်း နှိုးယွေ့ “သခင်ဘုရား၊ ငါလို့ဟို ကယ်မန့်၊ ငါလို့ သေဆုံးရကြတော့မယ်” ဟု ဆှောက်ကြအယ်။
MAT 8:26 ယေရှုဟ “ယုံကြည်မှု အားနည်းသူလို့၊ နင်လို့ ပစာကျောန့် ကြောက်လန့်နေလုန်း” ဟု မိန့်အယ်၊ အဲပင်းနောက် ကိုယ်တော်ဟ ထယွေ့ လေနဲ့ လှိုင်းများဟို ဆုံးမပင်း၊ လေနဲ့ လှိုင်းလို့ဟ ငြိမ်သက်သွားကြအယ်။
MAT 8:27 အေးသူလို့ဟ အံ့ဩယွေ့၊ “ဟေသူဟ မစာသို့သောသူဖြစ်သလော၊ လေနဲ့ လှိုင်းများပင်လျှင် သူဟို နာခံကြအယ်” ဟု ဆိုကြအယ်။
MAT 8:28 ယေရှုဟ အိန်တဖက်ကမ်းဆိ ဂါဒရနယ်ဟို ရောက်လာသောအခါ၊ နတ်ဆိုးစွဲသူ လူနေယောက်ဟ လုတ်တိုင်းဂူများ အကြားမှ ထွက်လာပင်း ကိုယ်တော်နဲ့ တွေ့ဆုံကြအယ်။ အဲသူလို့ဟ ရမ်းဆာ့ ဆိုးသွမ်းသဖြင့် စသူမျှ အဲလမ်းဟို မဖြတ်သွားနိန်ကြ။
MAT 8:29 “ဘုရားသခင်ရဲ့ သားတော်၊ ကိုယ်တော်ဟ မစာသို့ ဆိုင်သလုန်း၊ အချိန်မကျခင် ငါလို့ဟို ညှဉ်းဆဲခြင်းရန် ကြွလာသလော” ဟု ဟစ်အော်ယွေ့ ဆှောက်ကြအယ်။
MAT 8:30 အဲသူလို့နဲ့ ကတစ်မျှဝေးသော နေရာတွင် ဝက်အုပ်ကြီးတအုပ်ဟ အစာစားလျက် ဆိအယ်။
MAT 8:31 နတ်ဆိုးလို့လည်း ယေရှုအား “ငါလို့ဟို မောင်းထုတ်ရင်၊ အဲဝက်အစုထဲဟို ဝင် အခွင့်ပေးပါ” ဟု တောင်းပန်ကြအယ်။
MAT 8:32 ယေရှုဟ သူလို့အား “သွားကြလော့” ဟု မိန့်အယ်။ အဲလိုမို့ သူလို့ဟ ထွက်လာယွေ့ ဝက်ထဲဟို ဝင်ကြပင်း ဝက်အုပ်တအုပ်လုံးပင် ချောက်ကမ်းပါးအတိုင်း အိန်ထဲဟို ပြေးဆင်းကာ ယေထဲနှိုက် သေဆုံးကြအယ်။
MAT 8:33 ဝက်ကျောင်းသောသူလို့ဟလည်း ပြေးယွေ့ မြို့ထဲသို့ ဝင်ပင်းရင်၊ နတ်ဆိုးစွဲသောသူလို့ရဲ့ အကျောန်းမှစပင်း ဖြစ်လေသမျှလို့ဟို ကြားပြောကြအယ်။
MAT 8:34 အဲလိုမို့ လူတိုင်းဟ ယေရှုဟို တွေ့ရန် မြို့ထဲမှ ထွက်လာကြအယ်၊ အားပင်း သူလို့ဟ ယေရှုဟို မျော်သောအခါ၊ မိမိလို့ပြေမှ ထွက်ခွာသွားရန် ကိုယ်တော်ဟို တောင်းပန်ကြအယ်။
MAT 9:1 ယေရှုဟ လှေဟို စီးယွေ့၊ အိန်တဖက်ဟို ကူးပင်းရင် မိမိနေရင်းမြို့ဟို လာအယ်။
MAT 9:2 လူအချို့လို့ဟ အိပ်ယာပေါ်နှိုက် လဲလျောင်းနေလဲ့ လေဖြတ်သူ လူတယောက်ဟို ကိုယ်တော်ဆေဟို ခေါ်ခဲ့ကြအယ်။ ယေရှုဟ အဲသူလို့ရဲ့ ယုံကြည်ခြင်းဟို မျော်သောအခါ လေဖြတ်သူအား “ငါ့သား အားမငယ်နဲ့။ နင်ရဲ့အပစ်ဟို လွှတ်ပီ” ဟု မိန့်အယ်။
MAT 9:3 အဲပင်းရင် ကျမ်းတတ်ဆရာအချို့လို့ဟ “ဟေသူသည် ဘုရားသခင်ဟို ပစ်မား ပြောဆိုလေပီ” ဟု အချင်းချင်း ပြောဆိုကြအယ်။
MAT 9:4 ယေရှုဟ အဲသူလို့ တွေးတောပုံဟို သိမျော်သဖြင့် “နင်လို့ဟ ပစာကျောန့် ဟေလို့မားယွင်းစွာ တွေးနေကြလုန်း။
MAT 9:5 ‘နင်ရဲ့ အပစ်ဟို ဖြေလွှတ်ပီ’ ဟု ပြောရန် ပိုယွေ့ လွယ်ကူသလော၊ အဲဟာမဟုတ်ရင် ‘ထပင်း လှမ်းသွားလော့’ ဟု ပြောရန် ပိုယွေ့ လွယ်ကူသလော။
MAT 9:6 အဲပင်းရင်၊ လူသားဟ လောကတွင် အပစ်ဖြေလွှတ်ပိုင်တာဟို ငါ နင်လို့ဟို သက်သေပြမယ်။” အဲလိုမို့ ကိုယ်တော်ဟ လေဖြတ်သူအား “ထလော့၊ အိပ်ယာဟို မပင်း နေအိုင်ဟို ပြန်လော့” ဟု မိန့်အယ်။
MAT 9:7 အဲသူဟလည်း ထယွေ့ နေအိုင်ဟို ပြန်လေအယ်။
MAT 9:8 ဟေအရာဟို လူများလို့ မျော်ကြသောအခါ သူလို့ဟ ကြောက်ရွံ့ကြပင်း လူလို့အား ဟေသို့သော တန်ခိုးဟို ပေးသော ဘုရားသခင်ရဲ့ ဘုန်းတော်ဟို ချီးမွန်းကြအယ်။
MAT 9:9 ယေရှုဟ အဲအရပ်မှ ထွက်သွားပင်းခါ၊ အကောက်ခွန်ရုံးတွင် ထိန်လျက်နေသော မဿဲဆိုသူ လူတယောက်ဟို မျော်အယ်။ ယေရှုဟ “ငါ့နောက်ဟို လိုက်လော့” ဟု မိန့်သော် အဲသူဟ ထယွေ့ နောက်ဟို လိုက်လေအယ်။
MAT 9:10 ယေရှုဟ မဿဲရဲ့နေအိုင်တွင် ညစာစားလျက် နေခါ အခွန်ခံနဲ့ တခြား ဆိုးသွမ်းသောသူများဟ လာပင်း ယေရှုမှစသော တဘဲ့လို့နဲ့တကွ စားပွဲနှိုက် ထိန်ကြအယ်။
MAT 9:11 ဟေအရာဟို ဖာရိရှဲလို့ မျော်ရင် တဘဲ့တော်လို့အား၊ “နင်လို့ရဲ့ ဆရာဟ မစာကျောန့် ဟေဆိုးသွမ်းသောသူ၊ အခွန်ခံသောသူနဲ့အတူ စားသောက်နေလော” ဟု မေးမြန်းကြအယ်။
MAT 9:12 အေးအရာဟို ယေရှု ကြားရင် “ကျန်းမာသူဟ ဆရာဝန်ဟို မလိုပေမဲ့ ဖျားနာသူသာ လိုအယ်။
MAT 9:13 ‘ယဇ်ပူဇော်ခြင်းဟို မဟုတ်ဘဲ ကရုဏာဟို အလိုဆိအယ်’ ဟူသော ကျမ်းစကားဟို နားလည်ခြင်းငှာ နင်လို့ သွားယွေ့ လေ့လာကြလော။ အကျောန်းမှာ ငါဟ ဖြောင့်မတ်သောသူလို့ဟို ခေါ်ရန် လာတာ မဟုတ်ဘဲ အပစ်သားများဟို ခေါ်ရန် ငါလာအယ်” ဟု မိန့်အယ်။
MAT 9:14 အဲပင်းရင် ယောဟန်ရဲ့ တဘဲ့များဟ ယေရှုဆေဟို လာပင်း “ငါလို့နဲ့ ဖာရိရှဲလို့ဟ မကြာခဏ အစာဆှောင်ကြအယ်၊ အဲလိုလဲ ကိုယ်တော်ရဲ့ တဘဲ့များဟ ပစာကျောန့် အစာမဆှောင်ကြသလော” ဟု မေးဆှောက်ကြအယ်။
MAT 9:15 ယေရှုဟ “မင်္ဂလာဆောင်ပွဲတွင် အပေါင်းအဖော်များဟ သတို့သားနဲ့အတူ ဆိနေချိန်နှိုက် ဝမ်းနည်းပူဆွေးကြမယ်လော။ ဝမ်းနည်းမယ် မဟုတ်ဘဲ သူလို့ဆေမှ သတို့သားဟို ခွဲခွာယူဆောင်သွားမဲ့ နေ့ရက် ရောက်လာလိမ့်မယ်။ အဲအခါ သူလို့ဟ အစာဆှောင်ကြလိမ့်မယ်။
MAT 9:16 “စသူမျှ ပိတ်စသစ်နဲ့ အထည်ဟောင်းဟို ဖာလေ့ မဆိ။ အကျောန်းမှာ ဖာထားသော ပိတ်စသစ်ဟ အဝတ်ဟို ရုန်းသဖြင့် အပေါက်ကျယ်တတ်အယ်။
MAT 9:17 အဲအပြင် စပျစ်ယေဟို သားယေဖူးဟောင်းတွင် ထည့်လေ့ မဆိ။ ထည့်ခဲ့ရင် သားယေဖူးဟ ပေါက်ပြဲယွေ့ စပျစ်ယေ ယိုထွက်ကုန်ပင်း သားရေဖူးလည်း ဖျက်စီးသွားလိမ့်မယ်။ အဲအစား စပျစ်ဝိုင်အသစ်ဟို သားရေဖူးအသစ်နှိုက်သာ ထည့်ကြအယ်။ အေးလို့လုပ်ရင် နေမျိုးလုံး တာရှည် ထိန်းသိမ်းနိန်အယ်” ဟု မိန့်အယ်။
MAT 9:18 ယေရှုဟ ဟေသို့ မိန့်မြွတ်လျက်နေခါ၊ ယုဒ အရာဆိတယောက်ဟ ကိုယ်တော်ဆေဟို လာပင်း ဆေ့တော်နှိုက် ဒူးထောက်လျက် “ငါ့ရဲ့ သမီးဟ အခုပင် သေဆုံးသွားအယ်။ အဲလိုလဲ လာယွေ့ သူ့အပေါ်မှာ ကိုယ်တော်ရဲ့ လက်တော်ဟို တင်ရင် သူဟ အသက်ဆှင်လာလိမ့်မယ်” ဟု ဆှောက်အယ်။
MAT 9:19 အဲလိုမို့ ယေရှုဟ ထယွေ့ အဲသူနောက်ဟို လိုက်ပင်း တဘဲ့တော်လို့လည်း ကိုယ်တော်နဲ့အတူ လိုက်သွားကြအယ်။
MAT 9:20 တဆယ့်နေနှစ်ပတ်လုံး သွေးသွန်ရောဂါစွဲကပ်နေသော မိန်းမတယောက်ဟ ယေရှုရဲ့နောက်ဟို ချဉ်းကပ်ပင်းရင်၊ အဝတ်တော် အမြိတ်ဟို တို့အယ်။
MAT 9:21 “ကိုယ်တော်ရဲ့ အဝတ်တော်ဟိုမျှ လက်နဲ့ တို့ထိရရင်ပင် ငါရဲ့ ရောဂါပျောက်လိမ့်မယ်” ဟု သူ့တတ်တိုင်း ပြောဆိုအယ်။
MAT 9:22 ယေရှုဟ လှည့်ယွေ့ ကျေ့ရင် အဲမိန်းမဟို မျော်သဖြင့် “ငါ့သမီး၊ မစိုးရိမ်နဲ့။ နင်ရဲ့ယုံကြည်ခြင်းဟ နင်ရဲ့ ရောဂါပျောက်စေပီ” ဟု မိန့်အယ်။ အဲအချိန်နှိုက်ပင် အဲမိန်းမရဲ့ရောဂါ ပျောက်လေအယ်။
MAT 9:23 အဲပင်းရင် ယေရှုဟ အရာဆိနေအိုင်ဟို ရောက်အယ်။ အသုဘအတွက် တီးမှုတ်သူလို့နဲ့ အုန်းအုန်းသဲသဲ ပြုကြသော သူများဟို ကိုယ်တော် မျော်သောအခါ၊
MAT 9:24 ယေရှုဟ “ဖယ်ဆှားကြလော့။ မိနီငယ်သေတာ မဟုတ် အိပ်မွေ့လျက်သာ နေအယ်” ဟု မိန့်အယ်။ အဲပင်းရင် သူလို့အားလုံးဟ ယေရှုဟို လှောင်ကြအယ်။
MAT 9:25 ယေရှုဟ လူလို့ဟို အပြင်ဟို ထွက်စေပင်းနောက်၊ ကိုယ်တော်ဟ အခန်းထဲဟို ဝင်ယွေ့ မိနီငယ်ရဲ့ လက်ဟို ကိုင်ရာ၊ မိနီငယ်ဟ ထလေအယ်။
MAT 9:26 အဲသတင်းဟ တပြေလုံးနှိုက် နှံ့ပြားကျော်စောလေအယ်။
MAT 9:27 ယေရှုဟ အဲအရပ်မှ ထွက်စဉ် မျက်မမြင်နေယောက်ဟ “ဒါဝိဒ်ရဲ့ သားတော်၊ ငါလို့ဟို သနားမန့်” ဟု ဟစ်အော်လျက် ကိုယ်တော်ရဲ့ နောက်တော်ဟို လိုက်လာကြအယ်။
MAT 9:28 ယေရှုဟ နေအိုင်ထဲဟို ဝင်သောအခါ၊ အဲမျက်မမြင်လို့ဟ ကိုယ်တော်ဆေဟို လာကြအယ်၊ အားပင်း ယေရှုဟ “ဟေအရာဟို ငါ လုပ်နိန်အယ်ဟု နင်လို့ ယုံကြည်ကြသလော” ဟု မေးရင် အဲသူလို့ဟ “ယုံကြည်ပါအယ်၊ သခင်ဘုရား” ဟု ပြန်ဆှောက်ကြအယ်။
MAT 9:29 အဲအခါ ယေရှုဟ သူလို့ရဲ့ မျက်စေ့များဟို တို့ထိယွေ့ “နင်လို့ရဲ့ ယုံကြည်လဲ့အတိုင်း နင်လို့နှိုက် ဖြစ်စေ” ဟု မိန့်ပင်း
MAT 9:30 သူလို့ဟ မျက်စေ့ မျော်လာအယ်။ ယေရှုဟလည်း “အဲအမှုဟို စသူဟိုမျှ မသိစေနဲ့” ဟု ကြပ်တည်းစွာ သတိပေးအယ်။
MAT 9:31 အဲလိုလဲ အဲသူလို့ဟ ထွက်သွားယွေ့ ကိုယ်တော်ရဲ့သတင်းဟို အေးတပြေလုံးနှိုက် နှံ့ပြားကျော်စောစေအယ်။
MAT 9:32 အဲသူလို့ဟ ထွက်သွားကြစဉ်၊ နတ်ဆိုးစွဲသောကျောန့် စကားမပြောနိန်သော လူတယောက်ဟို ကိုယ်တော်ဆေဟို ခေါ်ခဲ့ကြအယ်။
MAT 9:33 အဲလိုလဲ နတ်ဆိုးဟို မောင်းထုတ်လိုက်တာနဲ့ တပြိုင်နက် စကားအသောသူဟ စကားစပြောလေအယ်။ လူအားလုံးလို့ဟ ရမ်းဆာ့အံ့ဩကြလျက် “ဟေလိုအရာမျိုးဟို ဣသရေလအမျိုးတွင် ငါလို့ မမျော်စဖူး” ဟု ပြောဆိုကြအယ်။
MAT 9:34 အဲလိုလဲ ဖာရိရှဲလို့ဟ “သူဟ နတ်ဆိုးခေါင်းဆောင်ဟို အမှီပြုယွေ့ နတ်ဆိုးလို့ဟို မောင်းထုတ်အယ်” ဟု ပြောဆိုကြအယ်။
MAT 9:35 ယေရှုဟ မြို့ရွာဆိသမျှဟို လှည့်လည်ပင်းရင်၊ တရားဇရပ်များတွင် သွန်သင်ယွေ့၊ နိုင်ငံတော်နဲ့ယှဉ်သော သတင်းကောင်းအကျောန်းဟို ဟောပြောလျက် ဖျားနာခြင်းနဲ့ အနာရောဂါအမျိုးမျိုးလို့ဟို ပျောက်ကင်းစေအယ်။
MAT 9:36 ကိုယ်တော်ဟ လူအုပ်ကြီးလို့ဟို မျော်သောအခါ သူလို့ဟ သိုးထိန်းမဲ့လဲ့ သိုးလို့လိုမျိုး အားကိုးစရာ မဆိ၊ ပူပင်သောကရောက်လျက် နေကြသောကျောန့် သူလို့အပေါ်မှာ သနားကြင်နာစိတ် ဆိအယ်။
MAT 9:37 အဲအခါ ကိုယ်တော်ဟ “ရိတ်သိမ်းရန် စပါးများသော်လည်း ရိတ်သိမ်းသောသူလို့ဟ ရမ်းဆာ့နည်းလအယ်။
MAT 9:38 အဲကျောန့် လုပ်ဆောင်သောသူလို့ဟို စပါးရိတ်စေဖို့ စေလွှတ်မဲ့အကျောန်း၊ စပါးဆှင်ဟို ဆုတောင်းကြလော့” ဟု သူ့ရဲ့တဘဲ့တော်လို့အား မိန့်အယ်။
MAT 10:1 ယေရှုဟ တဆယ့်နေပါးသော တဘဲ့တော်လို့ဟို အထံတော်သို့ ခေါ်ပင်းနောက် ညစ်ညူးသော နတ်များဟို မောင်းထုတ်နိန်ရန်နဲ့ ရောဂါအမျိုးမျိုးမှစသော ဖျားနာခြင်းဆိသမျှဟို ပျောက်ကင်းစေရန် တန်ခိုးအာဏာဟို ပေးအယ်။
MAT 10:2 တမန်တော် တဆယ့်နေပါးလို့ရဲ့ နာမယ်ဟ ပထမမှာ ပေတရုဟူယွေ့ ခေါ်သော ရှိမုန်နဲ့ သူ့ညီအန္ဒြေ၊ ဇေဗေဒဲရဲ့သား ယာကုပ်နဲ့ သူ့ညီယောဟန်၊
MAT 10:3 ဖိလိပ္ပုနဲ့ ဗာသောလမဲ၊ သောမနဲ့ အခွန်ခံသူ မဿဲ၊ အာလဖဲရဲ့သား ယာကုပ်နဲ့ သဒ္ဒဲ၊
MAT 10:4 မျိုးချစ်စိတ်ဆိသူ ရှိမုန်နဲ့ ကိုယ်တော်ဟို သစ္စာဖောက်သူ ယုဒရှကာရုတ် ဖြစ်အယ်။
MAT 10:5 တဆယ့်နေပါးသောသူလို့ဟို ယေရှုဟ စေလွှတ်ယွေ့ မိန့်တာဟ “တပါးအမျိုးသားလို့ ဆိရာဟို မသွားကြနဲ့ အဲဟာမဟုတ်ရင် ရှမာရိမြို့ထဲဟို မဝင်ကြနဲ့။
MAT 10:6 ဣသရေလအမျိုးရဲ့ ပျောက်သော သိုးများဆိရာဟိုသာ သွားကြလော့။
MAT 10:7 နင်လို့သွားပင်း ‘ခေါန်းခင်နိုင်ငံတော် တည်လုနီးပီ’ ဟု ဟောပြောကြလော။
MAT 10:8 မကျန်းမာသူလို့ဟို ကျန်းမာစေကြလော့၊ သေသူလို့အား ပြန်ပင်း ဆှင်စေကြလော့၊ အရေပြားရောဂါသည်လို့ဟို သန့်စင်စေကြလော့၊ နတ်ဆိုးလို့ဟို မောင်းထုတ်ကြလော့၊ နင်လို့ဟ အခမဲ့ရကြပီ ဖြစ်ယွေ့ အခမဲ့ ပေးကြလော့။
MAT 10:9 ခါးကြိုးတွင် ဆွေ၊ ငွေ၊ ကြေး၊ ပိတ်ဆန်လို့ဟို မဆောင်ကြနဲ့။
MAT 10:10 လမ်းခရီးဖို့ ခရီးဆောင်လွယ်အိုက်၊ အင်္ကျီအပို အဲဟာမဟုတ်ရင် ဖိနပ် အဲဟာမဟုတ်ရင် တောင်ဝှေးလို့ဟို မယူကြနဲ့။ အလုပ်လုပ်သောသူအား သူလို့လိုအပ်တာဟို ပေးသင့်အယ်။
MAT 10:11 “မြို့ အဲဟာမဟုတ်ရင် ရွာဟို နင်လို့ ဝင်သောအခါ နင်လို့အား ကြိုဆိုရန် ဆန္ဒဆိမယ့်သူဟို သွားယွေ့ ဆာကြလော့၊ အဲမြို့ရွာမှ ထွက်ခွာယွေ့ မသွားမချင်း အဲသူရဲ့ ဆေမှာ တည်းခိုကြလော့။
MAT 10:12 နေအိုင်ဟို ဝင်သောအခါ ‘နင်လို့နဲ့အတူ ငြိမ်သက်ခြင်း ဆိပါစေ’ ဟု နှုတ်ဆက်ကြလော့။
MAT 10:13 အေးနေအိုင်ဟ ထိုက်တန်ရင် နင်လို့ရဲ့ ငြိမ်သက်ခြင်းဟ အဲသူလို့အပေါ် သက်ရောက်မန့်စေ မထိုက်တန်ရင် နင်လို့ရဲ့ ငြိမ်သက်ခြင်းဟ နင်လို့ဆေဟို ပြန်လာပါစေ။
MAT 10:14 အားပင်း နင်လို့ဟို တချို့ နေအိုင်၊ မြို့တွေဟ မကြိုဆို အဲဟာမဟုတ်ရင် နင့်ရဲ့ စကားဟို နားမထောင်ရင် နင်လို့ရဲ့ ခြေထောက်မှ ဖုန်မှုန့်ဟို ခါချပင်း အေးနေရာမှ ထွက်ခွာခဲ့ကြလော့။
MAT 10:15 အမန်အကန် နင်လို့အား ငါပြောတာဟ တရားစီရင်ရာနေ့နှိုက် အဲမြို့ဟ သောဒုံမြို့နဲ့ ဂေါမောရမြို့လို့ထက် ပိုပင်း အပစ်ဒဏ် ခံရလိမ့်မယ်။
MAT 10:16 “နားထောင်ကြမန့်၊ သိုးများအား ဝံပုလွေစုထဲဟို စေလွှတ်သလိုမျိုး နင်လို့အား ငါစေလွှတ်အယ်။ မြွေလိုမျိုး ပါးနပ်လိမ္မာကာ ချိုးတူးမလိုမျိုး ရိုးသားဖြူစင်ကြလော့။
MAT 10:17 သတိထားကြလော့၊ သူလို့ဟ နင်လို့အား ဖမ်းဆီးယွေ့ တရားရုံးဟို ပို့ဆောင်ကြပင်း သူလို့ဟ နင်လို့ဟို တရားဇရပ်များတွင် ဖိုင်ကြလိမ့်မယ်။
MAT 10:18 နင်လို့ဟ ငါ့အတွက်ကျောန့် အာဏာပိုင်များနဲ့ ဘုရင်များ ဆေ့မှောက်ဟို ရောက်ရကြလိမ့်မယ်။ အဲသူလို့နဲ့ တပါးအမျိုးသားလို့အား သက်သေဖြစ်ကြလိမ့်မယ်။
MAT 10:19 နင်လို့ဟို သူလို့လက်ဟို အပ်ခံရသောအခါ၊ စလိုပြောဆိုရမယ် အဲဟာမဟုတ်ရင် ပစာစကားဟို ပြောရမယ်အကျောန်းဟို မစိုးရိမ်ကြနဲ့၊ နင်လို့ ပြောဆိုရမဲ့စကားများဟို အဲအချိန်နှိုက်ပင် နင်လို့ရဆိကြလိမ့်မယ်။
MAT 10:20 အကျောန်းမှာ အေးစကားများဟ နင်လို့ရဲ့ စကားများ မဟုတ်၊ သူလို့ဟ နင်လို့အဖ ဘုရားရဲ့ ဝိညာဉ်တော်ဟ နင်လို့အားဖြင့် လာသော စကားများ ဖြစ်လိမ့်မယ်။
MAT 10:21 “ညီအကိုအချင်းချင်း တယောက်နဲ့ တယောက် သေစေရန် အပ်ကြပင်း အဖလို့ဟ သူလို့ရဲ့ လူပဲ့သငယ်များ အေးတိုင်းတိုင်း ပြုကြလိမ့်မယ်၊ လူပဲ့သငယ်လို့ဟလည်း သူလို့ရဲ့ မိဘများဟို ဆန့်ကျင်ပုန်ကန်ယွေ့ သူလို့ဟို သေစေရန် ပြုကြလိမ့်မယ်။
MAT 10:22 လူတိုင်းဟ ငါကျောန့် နင်လို့ဟို မုန်းကြလိမ့်မယ်။ အဲလိုလဲ အဆုံးတိုင်အောန် တည်ကြည်သူဟ ကယ်တင်ခြင်းခံရလိမ့်မယ်။
MAT 10:23 သူလို့ဟ နင်လို့ဟို မြို့တမြို့တွင် ညှဉ်းဆဲနှိပ်စက်သောအခါ အခြားတမြို့ဟို ထွက်ပြေးကြလော့။ အမန်အကန် နင်လို့အား ငါပြောတာဟ နင်လို့သည် ဣသရေလမြို့ဆိသမျှဟို သွားလာယွေ့ မပင်းခင် လူသားဟ ကြွလာလိမ့်မယ်။
MAT 10:24 “တဘဲ့ဟ ဆရာထက်မသာ၊ ကျွန်ဟ သခင်ထက်မသာ။
MAT 10:25 တဘဲ့ဟ သူလို့ရဲ့ ဆရာလိုမျိုးလည်းကောင်း၊ ကျွန်ဟ သူလို့ရဲ့ သခင်လိုမျိုးလည်းကောင်း ဖြစ်ရင် လုံလောက်အယ်။ အိုင်ထောင်ဦးစီးဟို ဗေလဇေဗုလဟု ခေါ်ကြရင် သူရဲ့ နေအိုင်သူအိုင်သားများဟို စလောက် ပိုယွေ့ ခေါ်ကြလိမ့်မလဲ။
MAT 10:26 “အေးလိုမို့ လူလို့ဟို မကြောက်ကြနဲ့။ အခု ဖုံးအုပ်ထားလဲ့ အရာဟူသမျှဟ ထင်ပေါ်လာပင်း လျှို့ဝှက်ချက် မန်သမျှဟလည်း သိယွေ့ လာရလိမ့်မယ်။
MAT 10:27 မိုက်နှိုက် နင်လို့အား ငါပြောသောအရာများဟို နင်လို့ဟ အလင်းနှိုက် ကြားပြောကြလော့၊ နင်လို့နားနှိုက် ပြောယွေ့ ကြားတဲ့အရာများဟို အိုင်မိုးပေါ်မှာ ဟောကြလော့။
MAT 10:28 ခန္ဓာကိုယ်ဟို သတ်နိန်သော်လည်း ဝိညာဉ်ဟို မသတ်နိန်သော သူများအား မကြောက်ကြနဲ့။ ခန္ဓာကိုယ် နဲ့ဝိညာဉ် နေမျိုးစလုံးဟို ငရဲတွင် ဖျက်ဆီးနိန်သော သူဟိုသာလျှင် ကြောက်ကြလော့။
MAT 10:29 စိန်စာ နေကောင်ဟို ပဲနိတပြားနဲ့ ရောင်းတာ မဟုတ်လော၊ အဲလိုမို့ နင်လို့အဖရဲ့ ခွင့်ပြုချက်မရဘဲ စိန်စာတကောင်မျှ မြေပေါ် မကျရ။
MAT 10:30 အားပင်း နင်လို့ဦးခေါင်းဟ ဆံပင်များဟိုပင်လျှင် အကုန်ရေတွက်ထားအယ်။
MAT 10:31 အဲလိုမို့ မကြောက်ကြနဲ့၊ နင်လို့ဟ စိန်စာ အမြောက်အမြားထက် ရမ်းဆာ့ပိုယွေ့ အဖိုးထိုက်ကြအယ်။
MAT 10:32 “အဲလိုမို့ စသူမဆို လူလို့ဆေ့တွင် ငါ့ဟို ဝန်ခံရင်၊ ခေါန်းခင်ဘုံနှိုက်ဆိသော ငါ့အဖရဲ့ ဆေ့တွင် အေးသူဟို ငါဝန်ခံမယ်။
MAT 10:33 အဲလိုလဲ ငါ့ဟို လူလို့ဆေ့တွင် ငြင်းပယ်သူ စသူမဆို ခေါန်းခင်ဘုံနှိုက် ဆိသော ငါ့အဖရဲ့ ဆေ့တွင် ငါ ငြင်းပယ်မယ်။
MAT 10:34 “ဟေလောကဟို ငြိမ်သက်ခြင်း ပေးရန် ငါလာတာဟု မထင်ကြနဲ့။ ငါဟ ငြိမ်သက်ခြင်းပေးရန် လာတာ မဟုတ်၊ ခိုက်ရန်ဖြစ်ပွားရန်သာ ငါ လာအယ်။
MAT 10:35 သားနဲ့ သူလို့ရဲ့အဖ၊ သမီးနဲ့ သူလို့ရဲ့အမေ့၊ ချွေးမနဲ့ သူလို့ရဲ့ယောက္ခမလို့ ရန်ဖက်ဖြစ်စေရန် ငါ လာအယ်။
MAT 10:36 လူတဦးတယောက်ရဲ့ ရန်သူများဟ သူ့ရဲ့ အိုင်သူအိုင်သားများ ဖြစ်လိမ့်မယ်။
MAT 10:37 “တစုံတယောက်ဟ သူလို့ မိဖဟို ငါ့ထက်ပိုယွေ့ ချစ်သူဟ ငါနဲ့မထိုက်တန်၊ တစုံတယောက်ဟ သူလို့ရဲ့သား အဲဟာမဟုတ်ရင် သမီးဟို ငါ့ထက်ပိုယွေ့ ချစ်သူဟ ငါနဲ့မထိုက်တန်။
MAT 10:38 စသူမဆို သူလို့ရဲ့ လက်ဝါးကပ်တိုင်ဟို ထမ်းယွေ့ ငါ့နောက်ဟို မလိုက်သောသူဟ ငါနဲ့ မထိုက်တန်။
MAT 10:39 မိမိအသက်လုံခြုံမှု ရဆိရန် ကြိုးပမ်းသူဟ အသက်ဆုံးရှုံးလိမ့်မယ်၊ အဲလိုလဲ ငါ့အတွက် အသက်ဆုံးရှုံးသူဟ မိမိအသက် လုံခြုံမှု ရဆိလိမ့်မယ်။
MAT 10:40 “နင်လို့ဟို လက်ခံသောသူဟ ငါ့ဟို လက်ခံအယ်။ ငါ့ဟို လက်ခံသောသူဟ ငါ့ဟို စေလွှတ်သောသူဟို လက်ခံအယ်။
MAT 10:41 ပရောဖက်ဟူသော အမယ်နာမဟို ထောက်ယွေ့ ပရောဖက်ဟို လက်ခံသောသူဟ ပရောဖက်နဲ့ဆိုင်သော အကျိုးကျေးဇူးဟို ရဆိလိမ့်မယ်၊ အားပင်း ဖြောင့်မတ်သောသူ ဟူသော အမယ်နာမဟို ထောက်ယွေ့ ဖြောင့်မတ်သောသူဟို လက်ခံသောသူဟလည်း ဖြောင့်မတ်သောသူနဲ့ဆိုင်သော အကျိုးကျေးဇူးဟို ရဆိလိမ့်မယ်။
MAT 10:42 အမန်အကန် နင်လို့အား ငါပြောတာဟ၊ ငါရဲ့ တဘဲ့များအနက် အသိမ်ငယ်ဆုံးသူ တစုံတယောက်အား ငါရဲ့ မျက်နှာဟို ထောက်ယွေ့ သောက်ယေတမုတ်ဟို ပေးသောသူဟ အကျိုးဟို မခံစားဘဲ မနေရ” ဟု မိန့်အယ်။
MAT 11:1 ယေရှုဟ အဲတဘဲ့တော် တဆယ့်နေယောက်လို့အား ဩဝါဒပေးပင်သောအခါ ကိုယ်တော်ဟ အနီးအနားဆိမြို့များတွင် ဟောပြောသွန်သင်ရန် အေးအရပ်မှ ထွက်သွားအယ်။
MAT 11:2 ခရစ်တော် ပြုသော အမှုများအကျောန်းဟို နှစ်ခြင်းဆရာယောဟန်ဟ ထောင်ထဲတွင် ကြားရသောအခါ၊ မိမိရဲ့ တဘဲ့တော်များဟို ကိုယ်တော်ဆေ စေလွှတ်ယွေ့၊
MAT 11:3 “ကိုယ်တော်ဟ ကြွလာမယ့်အဆှင်လော၊ အဲဟာမဟုတ်ရင် ငါလို့ဟ အခြားသောသူဟို စောင့်မျော်ရမယ်လော” ဟု မေးစေအယ်။
MAT 11:4 ယေရှုဟ အဲသူလို့အား “နင်လို့ မျော်ရ၊ ကြားရလဲ့ အရာများဟို ယောဟန်ဆေ သွားပင်း ပြောပြကြလော့။
MAT 11:5 မျက်စေ့ကန်းသူလို့ဟ မျက်စေ့မျော် ရကြအယ်။ ခြေမသန်သောသူလို့ဟ လမ်းဆှောက်နိန်ကြအယ်။ အရေပြားရောဂါစွဲသူလို့ဟ သန့်စင်သွားကြအယ်။ နားပင်းသူလို့ဟ ကြားရကြအယ်။ သေသူလို့ဟ အသက်ပြန်ဆှင်ခြင်းဟို ခံရကြပင်း ဆင်းရဲသူလို့ဟ သတင်းကောင်းဟို ကြားရကြအယ်။
MAT 11:6 ငါရဲ့အပေါ်နှိုက် သံသယကင်းသူလို့ဟ မင်္ဂလာဆိကြအယ်” ဟု မိန့်အယ်။
MAT 11:7 ယောဟန်ရဲ့ တဘဲ့များပြန်သွားကြစဉ်၊ ယေရှုဟ လူအုပ်ကြီးလို့အား ယောဟန်အကျောန်း ပြောတာဟ “နင်လို့ဟ စလိုအရာဟို ကျေ့ရှုရန် တောကန္တာရဟို သွားလုန်း။ လေတိုက်ယွေ့ လှုပ်သောကျူပင်ဟိုလော။
MAT 11:8 အဲလိုမှမဟုတ်ရင် စလိုအရာဟို ကျေ့ရှုရန် ထွက်သွားလုန်း။ ဝတ်ကောင်းစားလ ဝတ်ဆင်ထားသူလော။ ဝတ်ကောင်းစားလ ဝတ်ဆင်ထားသူများဟ ဘုရင်နန်းတော်များနှိုက် ဆိကြအယ်။
MAT 11:9 အဲပင်းရင် စလိုအရာဟို ကျေ့ရှုရန် ထွက်သွားလုန်း။ ပရောဖက်ဟိုလော၊ မန်အယ်၊ နင်လို့ဟ ပရောဖက်ထက်ပင် ကြီးမြတ်သောသူ ဖြစ်အယ်ဟု နင်လို့အား ငါပြောအယ်။
MAT 11:10 ‘နားထောင်လော့၊ နင်ဆေ့နှိုက် နင့်ရဲ့ လမ်းဟို ပြင်ဆင်မယ့် ငါရဲ့ သတင်းသယ်ပို့သူဟို နင့်အရင် ငါစေလွှတ်မယ်’ ဟု ကျမ်းစာနှိုက် ရေးထားတာဟ ဟေသူအကျောန်းပင် ဖြစ်အယ်။
MAT 11:11 နင်လို့အား ငါ အမန်ပြောတာဟ၊ နှစ်ခြင်းဆရာယောဟန်သည် အသက်ဆှင်ခဲ့ဖူးသူတိုင်းထက် ပိုပင်းကြီးမြတ်အယ်။ အဲလိုလဲ ခေါန်းခင်နိုင်ငံတော်နှိုက် အသိမ်ငယ်ဆုံးသောသူဟ ယောဟန်ထက် ကြီးမြတ်အယ်။
MAT 11:12 နှစ်ခြင်းဆရာယောဟန် စတင်ဟောပြောချိန်မှ ခနေ့တိုင်အောန်၊ ခေါန်းခင်နိုင်ငံတော်ဟ အကြမ်းဖက်လို့ရဲ့ တိုက်ခိုက်မှုဟို ခံရအယ်၊ အားပင်း အကြမ်းဖက်သမားလို့ဟ အဲနိုင်ငံဟို သိမ်းယူရန် ကြိုးစားကြအယ်။
MAT 11:13 အကျောန်းမှာ ပရောဖက်ကျမ်းများနဲ့ မောရှေရဲ့ပညတ္တိကျမ်းဆိသမျှဟ ယောဟန် လက်ထက်တိုင်အောန် ပရောဖက်ပြုခဲ့ကြအယ်။
MAT 11:14 အားပင်း အဲအရာဟို နင်လို့လက်ခံရန် ဆန္ဒဆိလျှင်၊ ယောဟန်ဟ ပေါ်ထွန်းလာရမယ့် ဧလိယဖြစ်အယ်။
MAT 11:15 ကြားရန် နားဆိသောသူ စသူမဆို ကြားပါစေ။
MAT 11:16 “ငါဟ ဟေခေတ်လူလို့ဟို ပစာလိုပုံနှိုင်းရမလုန်း။ သူလို့ဟ ဆေးတွင် ထိန်လျက်နေလဲ့ လူပဲ့သငယ်နဲ့တူကြအယ်။ အုပ်စုတစုဟ အခြားသူများဟို အော်ယွေ့
MAT 11:17 ‘ငါလို့ဟ နင့်အတွက် မင်္ဂလာဆောင်သီချင်းဟို တီးမှုတ်ပေမဲ့ နင်လို့ဟ မကကြ။ ငါလို့ဟ အသုဘသီချင်းတွေဟို ဆိုကြပေမဲ့ နင်လို့ဟ မငိုကကြ။’
MAT 11:18 ယောဟန်ဟ အစာဆှောင်လျက် မသောက်မစားဘဲ နင်လို့ဆီလာသောအခါ၊ လူတိုင်းဟ ‘သူဟ နတ်ဆိုးစွဲသောသူ ဖြစ်အယ်’ ဟု ပြောဆိုကြအယ်။
MAT 11:19 လူသားဟ လာသောအခါနှိုက် သူဟ စားလျက်သောက်လျက်နေသော် ‘အေးသူဟို ကျေ့လော့၊ သူဟ စားကြူးသောက်ကြူးသူ ဖြစ်အယ်၊ အခွန်ခံသူလို့နဲ့ အခြားဆိုးသွမ်းသောသူလို့ရဲ့ မိတ်ဆွေ ဖြစ်အယ်’ ဟု ဆိုကြအယ်။ ဘုရားသခင်ရဲ့ ဉာဏ်ပညာတော်ဟ မန်ကန်ကျောန်းဟို မိမိရဲ့ လုပ်ဆောင်မှုများဟ ဖော်ပြကြအယ်” ဟု မိန့်အယ်။
MAT 11:20 ယေရှုဟ အံ့ဩဖွယ် နိမိတ်လက္ခဏာများဟို ပြခဲ့လဲ့ မြို့များဟ သူလို့ရဲ့အပစ်များမှ နောင်တမရကြသဖြင့် ကိုယ်တော်ဟ အဲမြို့လို့အား ဟေသို့ပစ်တင်ဆုံးမအယ်။
MAT 11:21 “ခေါရာဇိန်မြို့ ကြောက်စရာကောင်းလဲ့အရာဟ နင့်ဟို စောင့်နေအယ်၊ အေးတိုင်းတိုင်း ဗက်ဇဲဒမြို့လည်း ကြောက်စရာကောင်းလဲ့အရာဟလည်း နင့်ဟို စောင့်နေအယ်၊ နင်လို့ဆေမှာ ပြခဲ့လဲ နိမိတ်လက္ခဏာများဟို တုရုမြို့နဲ့ ဇိဒုန်မြို့တွင်ပြခဲ့ရင် လူများလို့ဟ အရင်အခါဟ လျှော်တေအဝတ်ဟို ဝတ်ပင်း၊ ပြာမှုန့်ဟို သူလို့ပက်ပင်း ထိန်လျက် သူလို့ဟ မိမိလို့ရဲ့အပစ်များမှ ပြန်လှည့်ကျောန်းဟို ပြသမယ်ဖြစ်အယ်။
MAT 11:22 ငါအမန်အကန် နင်လို့အားပြောတာဟ တရားဆုံးဖြတ်ရာနေ့နှိုက် နင်လို့ထက် တုရုမြို့နဲ့ ဇိဒုန်မြို့ဟို ဘုရားသခင်ဟ ကရုဏာပိုပင်းပြမယ်။
MAT 11:23 အားပင်းနင့်အတွက်၊ ကပေနောင်မြို့ နင်ဟ ခေါန်းခင်မှာ မြောက်စားခြင်းဟို ခံလိုသလော၊ ငရဲထိ လောချခြင်းဟို ခံရလိမ့်မယ်၊ နင်လို့ဆေတွင် ငါပြုခဲ့လဲ့ နိမိတ်လက္ခဏာများဟို သောဒုံမြို့တွင်သာ ပြုခဲ့ရင်၊ အေးမြို့ဟ ခုနေ့တိုင်အောန် တည်လျက်ဆိပေမယ်။
MAT 11:24 အဲလိုလဲ နင်လို့အား ငါ ပြောတာဟ တရားစီရင်ရာနေ့နှိုက် သောဒုံမြို့ထက်ပိုယွေ့ နင်ဟ အပစ်ဒဏ်ခံရလိမ့်မယ်” ဟု မိန့်အယ်။
MAT 11:25 အဲအချိန်တွင် ယေရှုဟ “ခေါန်းခင်နဲ့ မြေကြီးရဲ့ အဆှင်သခင်ဖြစ်သော အဖ၊ ကိုယ်တော်ဟ အသိပညာဆှင်များအား သိခွင့်မပေးဘဲထားလဲ့အရာများဟို ပညာမဲ့သူလို့အား ဖွင့်ပြသဖြင့် ကျေးဇူးတော်ဟို ချီးမွန်းအယ်။
MAT 11:26 မန်ပါအယ် အဖ၊ အကျောန်းမှာ ဆေ့တော်နှိုက် နှစ်သက်သောအရာ ဖြစ်အယ်။
MAT 11:27 “ငါ့ခမည်းတော်ဟ ခပ်သိမ်းသောအရာလို့ဟို ငါ့အား ပေးအပ်ထားလေပီ။ ခမည်းတော်မှတပါး အခြားစသူမျှ သားတော်ဟို မသိ။ ခမည်းတော်ဟိုလည်း သားတော်နဲ့ သားတော်ဖွင့်ပြလိုသူများမှတပါး အခြားစသူမျှ မသိ။
MAT 11:28 “ဝန်လေးယွေ့ ပင်ပန်းသူအပေါင်းလို့ ငါ့ဆေဟို လာကြလော့။ ငါဟ ချမ်းသာပေးမယ်။
MAT 11:29 ငါဟ နူးညံ့သိမ်မွေ့ယွေ့ စိတ်နေလုံး နှိမ့်ချသောကျောန့် ငါတင်သော ထမ်းပိုးဟို ထမ်းယွေ့ ငါရဲ့ ဆေတွင် နည်းနာခံယူကြလော့၊ နင်လို့ဟ ချမ်းသာရဆိကြလိမ့်မယ်။
MAT 11:30 အကျောန်းမှာ ငါ ထမ်းပိုးဟ ထမ်းရလွယ်ယွေ့ ငါတင်သောဝန်ဟလည်း ပေါ့အယ်” ဟု မိန့်အယ်။
MAT 12:1 အေးနောက်မကြာခင် ဥပုသ်နေ့နှိုက် ယေရှုဟ တချို့ဂျုံခင်းလို့ဟို ဖြတ်ယွေ့သွားသောအခါ တဘဲ့တော်လို့ဟ မွတ်သဖြင့် ဂျုံနှံများဟို ဆွတ်ပင်း စားကြအယ်။
MAT 12:2 အဲအရာဟို ဖာရိရှဲလို့မျော်သောအခါ၊ သူလို့ဟ ယေရှုအား “ကျေ့မန့်၊ ကိုယ်တော်ရဲ့ တဘဲ့များဟ ဥပုသ်နေ့နှိုက် ပညတ်ဟို ကာပြန်ယွေ့ ပြုနေသလော” ဟု ဆိုကြအယ်။
MAT 12:3 ယေရှုဟ “ဒါဝိဒ်မင်းဟ မိမိနဲ့ အဖော်လို့ မွတ်သောအခါ ပစာသို့ပြုခဲ့ကျောန်း နင်လို့တခါမျှ မဖတ်ဝူးသလော။
MAT 12:4 သူဟ ဘုရားသခင်ရဲ့ အိုင်တော်ဟို ဝင်ယွေ့ ယဇ်ပုရောဟိတ်မှတပါး သူတတ်တိုင်းရော သူနဲ့အတူဆိသော သူလို့ပါ စားခွင့်မဆိသော ဆေ့တော်မုန့်ဟို စားခဲ့ကြအယ်။
MAT 12:5 အဲဟာမဟုတ်ရင် ဗိမာန်တော်တွင် ယဇ်ပုရောဟိတ်လို့ဟ ဥပုသ်နေ့ဆိုင်ရာ ပညတ်ဟို ချိုးဖောက်သော်လည်း အပစ်မသင့်ကျောန်း မောရှေရဲ့ပညတ်ကျမ်းတွင် မဖတ်ဝူးကြသလော။
MAT 12:6 နင်လို့ဟို ငါပြောတာဟ ဟေအရပ်တွင် ဗိမာန်တော်ထက် ကြီးမြတ်သော အရာဆိအယ်။
MAT 12:7 ‘ငါဟ တရိစ္ဆာန်နဲ့ ယဇ်ပူဇော်ခြင်း မဟုတ်ဘဲ သနားကြင်နာခြင်းဟို အလိုဆိအယ်’ ဟု ကျမ်းစကားဟ စလိုအရာဟို ဆိုလိုကျောန်း နင်လို့ အမန်သိခဲ့ရင်၊ အပစ်မဆိသူများဟို ပစ်တင်ရှုတ်ချကြလိမ့်မယ် မဟုတ်၊
MAT 12:8 အကျောန်းမှာ လူသားဟ ဥပုသ်နေ့ရဲ့ အဆှင်ဖြစ်အယ်” ဟု မိန့်အယ်။
MAT 12:9 ယေရှုဟ အဲအရပ်မှကြွယွေ့ တရားဇရပ်တခုဟို ဝင်အယ်။
MAT 12:10 တရားဇရပ်ထဲတွင် လက်တဖက်သေသူ လူတယောက်ဆိအယ်။ လူအချို့လို့ဟ ယေရှုဟို ပစ်တင်စွပ်စွဲလိုသောကျောန့် သူလို့ဟ ကိုယ်တော်အား “ဥပုသ်နေ့နှိုက် အနာရောဂါ ပျောက်ကင်းစေခြင်းဟ ငါလို့ရဲ့ ပညတ်တရားဟို ဆန့်ကျင်သလော” ဟု မေးဆှောက်ကြအယ်။
MAT 12:11 ယေရှုဟ “နင်လို့ရဲ့ သိုးတကောင်ဟ ဥပုသ်နေ့နှိုက် တွင်းထဲဟို ပုတ်ကျအယ်ဆိသော် အဲသိုးဟို မဆွဲတင်ဘဲနေမယ့်သူ နင်လို့တွင် ဆိမန့်သလော။
MAT 12:12 လူဟ သိုးထက် ရမ်းဆာ့ပိုယွေ့ အဖိုးတန်တာ မဟုတ်မန့်လော။ အဲလိုမို့ ငါလို့ရဲ့ ဥပဒေအရ ဥပုသ်နေ့နှိုက် ကောင်းသောအမှုဟို ကူညီနိန်ခွင့် ဆိသလော” ဟု မိန့်အယ်။
MAT 12:13 အဲပင်းရင် ကိုယ်တော်ဟ လက်သေသူအား “နင့်ရဲ့ လက်ဟို ဆန့်လော့” ဟု မိန့်အယ်။ အဲသူဟ လက်ဟို ဆန့်လိုက်ခါ အခြားလက်တဖက်လို အကောင်းတိုင်းတိုင်း ပြန်ဖြစ်လာအယ်။
MAT 12:14 အဲပင်းရင် ဖာရိရှဲလို့ဟ ထွက်သွားကြပင်း ယေရှုဟို သတ်ရန် ကြံစည်တိုင်ပင်ကြအယ်။
MAT 12:15 ဟေသို့ ကြံစည်ကျောန်းဟို ယေရှု ကြားသိသောအခါ အေးအရပ်မှ ကြွသွားပင်း ရမ်းဆာ့သော လူလို့ဟ နောက်တော်ဟို လိုက်ကြအယ်။ ယေရှုဟ ဖျားနာသူလို့ရဲ့ ရောဂါများဟို ပျောက်ကင်းစေအယ်။
MAT 12:16 မိမိရဲ့အကျောန်းဟို သူတပါးလို့အား မပြောကြားရန် အဲသူလို့ဟို အမိန့်ပေးအယ်။
MAT 12:17 ဟေသို့ ပညတ်ရခြင်းမှာ ပရောဖက် ဟေရှာယအားဖြင့် ဘုရားသခင်ပေးသော မိန့်သောအရာမှာ ပြေ့စုံခြင်းဟို ရောက်မယ့်ဖြစ်အယ်။ အေးမိန့်ချက်ဟ
MAT 12:18 “ငါနှစ်သက်မြတ်နိုးသူ၊ ငါရွေးချယ်သော ငါ့အစေခံဟို ကျေ့ကြလော့၊ ငါရဲ့ ဝိညာဉ်တော်ဟို သူရဲ့အပေါ်ဟို သက်ရောက်စေမယ်။ သူဟ ငါတရားစီရင်ချက်ဟို လူမျိုးတကာလို့အား ကြေညာလိမ့်မယ်။
MAT 12:19 သူဟ ငြင်းခုံခြင်း၊ အဲဟာမဟုတ်ရင် ဟစ်အော်ခြင်းဟို ပြုလိမ့်မယ်မဟုတ်၊ လမ်းတွင် သူရဲ့ အသံဟို စသူမျှကြားရလိမ့်မယ် မဟုတ်။
MAT 12:20 သူဟ ကွေ့ကောက်လျက်ဆိသော ကျူပင်ဟို မချိုး၊ မီးမတောက်ဘဲ တငွေ့ငွေ့လောင်နေသော မီးစာဟို မငြိမ်းသတ်။ သူဟ တရားမျှတမှု စိုးမိုးလာလဲ့တိုင်အောန် လုပ်ဆောင်လိမ့်မယ်။
MAT 12:21 လူမျိုးတကာလို့ဟလည်း သူရဲ့ နာမနှိုက် မျော်လင့်အားထားကြလိမ့်မယ်” ဟူယွေ့ ဖြစ်အယ်။
MAT 12:22 အေးနောက် လူအချို့လို့ဟ နတ်ဆိုးစွဲသောကျောန့် မျက်စေ့ကန်းပင်း အနေသူတယောက်ဟို ယေရှုဆေဟို ခေါ်ခဲ့ကြအယ်။ ယေရှုဟ အေးသူဟို ကျန်းမာစေသောကျောန့် အဲသူဟ မျက်စေ့မျော်လာပင်းရင် စကားပြောနိန်အယ်။
MAT 12:23 လူပရိသတ်အားလုံးလို့ဟ ယေရှုလုပ်ဆောင်လဲ့ အရာဟို အံ့ဩကြအယ်။ သူလို့ဟ “ဟေသူဟ ဒါဝိဒ်ရဲ့ သားတော်ဖြစ်မန့်မယ်လော” ဟု ဆိုကြအယ်။
MAT 12:24 ဟေအရာဟို ဖာရိရှဲလို့ ကြားသောအခါ သူလို့ဟ “ဟေသူသည် နတ်ဆိုးမင်း ဗေလဇေဗုလဟို အမီပြုယွေ့ နတ်ဆိုးလို့ဟို မောင်းထုတ်သူ ဖြစ်အယ်” ဟု ပြန်ပြောကြအယ်။
MAT 12:25 ယေရှုဟ သူလို့ရဲ့ စဉ်းစားဆင်ခြင်မှုများဟို သိသဖြင့် ကိုယ်တော်ဟ သူလို့အား “နိုင်ငံတခုတွင် အတွင်းနှိုက် စိတ်ဝမ်းကွဲပြားလျက် အချင်းချင်းတိုက်ခိုက်နေရင် အဲနိုင်ငံဟ မကြာခင်ပျက်စီးလိမ့်မယ်။ အားပင်း အတွင်းနှိုက် စိတ်ဝမ်းကွဲပြားလျက် နေသောမြို့တိုင်း အဲဟာမဟုတ်ရင် မိသားစုဟလည်း မရပ်မတည်နိန်ရာ။
MAT 12:26 စာတန်ဟ စာတန်ဟို မောင်းထုတ်ရင် မိမိအတွင်းနှိုက် ဆန့်ကျင်ကွဲပြားအယ်။ အဲလိုဖြစ်ရင် သူရဲ့နိုင်ငံဟ စလို တည်တံ့နိန်မလုန်း။
MAT 12:27 ငါဟ ဗေလဇေဗုလဟို အမီပြုယွေ့ နတ်ဆိုးများဟို မောင်းထုတ်တာဆိုရင် နင်လို့ရဲ့ တဘဲ့များဟ စသူဟိုအမီပြုယွေ့ မောင်းထုတ်ကြလုန်း။ အဲလိုမို့ နင်လို့ မားယွင်းကျောန်းဟို နင်လို့ တဘဲ့များရဲ့ အပြုအမူဟပင် သက်သေခံအယ်။
MAT 12:28 အဲလိုလဲ ငါဟ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟို အမီပြုယွေ့ နတ်ဆိုးလို့ဟို မောင်းထုတ်မယ်ဆိုရင် ဘုရားသခင်ရဲ့ နိုင်ငံတော်ဟ နင်လို့ဆေဟို ရောက်ဆိလေပီ။
MAT 12:29 “ခွန်အားကြီးသူဟို ဦးစွာ မတုတ်ချေဘဲ သူရဲ့ နေအိုင်ဟို ဝင်ယွေ့ ဥစ္စာပစ္စည်းများဟို စသူဟ လုယူနိန်မလုန်း။ တုတ်ချေပင်းမှသာ သူရဲ့အိုင်ဟို လုယူနိန်လိမ့်မယ်။
MAT 12:30 “ငါ့ဘက်မှာ မနေသူဟ ငါ့ဟို ဆန့်ကျင်သူဖြစ်အယ်။ ငါနဲ့အတူ မစုမသိမ်းသူဟ ကြဲဖြန့်သူဖြစ်အယ်။
MAT 12:31 အဲကျောန့် နင်လို့အား ငါပြောတာဟ အပစ်များအားလုံး အတွက်လည်းကောင်း၊ ပစ်မားပြောဆိုလဲ့ စကားများအတွက်လည်းကောင်း လူလို့ အပစ်ဖြေလွှတ်နိန်ခွင့် ဆိပေမဲ့ သန့်ဆှင်းသော ဝိညာဉ်တော်ဟို ပစ်မားပြောဆိုသူဟ အပစ်ဖြေလွှတ်နိန်ခွင့် မဆိ။
MAT 12:32 လူသားဟို ပစ်မားပြောဆိုသူဟ အပစ်ဖြေလွှတ်နိန်ပေမဲ့ သန့်ဆှင်းသော ဝိညာဉ်တော်ဟို ပစ်မားပြောဆိုသောသူဟ အခုဖဝါ့ နောင်ဖဝါ့တွင် အပစ်ဖြေလွှတ်လိမ့်မယ် မဟုတ်။
MAT 12:33 “အသီးကောင်းဟို ရလိုလျှင် အပင်ကောင်းဟို စိုက်ရမယ်။ အပင်ညံ့ဟ အသီးညံ့ဟို သီးလိမ့်မယ်။ အသီးဟိုထောက်ပင်း အပင်အကျောန်းဟို သိရအယ်။
MAT 12:34 မြွေပွေးအမျိုးလို့၊ နင်လို့ဟ ဆိုးယုတ်သောသူများဖြစ်လျက် စလို ကောင်းလဲ့စကားဟို ပြောနိန်ကြမလုန်း။ စိတ်နေလုံးနှိုက် ပြည့်လျှံနေလဲ့အရာများဟို နှုတ်ဟ ဖော်ပြတတ်အယ်။
MAT 12:35 ကောင်းသောသူဟ ကောင်းသောအရာဟို ဘဏ္ဍာတိုက်အထဲမှ ထုတ်ဖော်တတ်အယ်။ မကောင်းသောသူဟ မကောင်းသောအရာများဟို ဘဏ္ဍာတိုက်အတွင်းမှ ထုတ်ဖော်တတ်အယ်။
MAT 12:36 “နင်လို့အား ငါပြောတာဟ တရားစီရင်ရာနေ့နှိုက် လူလို့ဟ မိမိလို့ အကျိုးမဲ့ပြောဆိုသော စကားများအတွက် စီရင်ခြင်းဟို ခံရကြမယ်။
MAT 12:37 အကျောန်းမှာ နင်လို့ပြောလဲ့ စကားများအားဖြင့် နင်လို့ဟ ဖြောင့်မတ်အယ်ဟု အသိအမှတ်ပြုခံရလိမ့်မယ်။ အားပင်း နင်လို့ပြောလဲ့ စကားများအားဖြင့် အပစ်ဆိအယ်ဟု သတ်မှတ်ခြင်းခံရလိမ့်မယ်” ဟု မိန့်အယ်။
MAT 12:38 အဲပင်းရင် အချို့သော ကျမ်းတတ်ဆရာများနဲ့ ဖာရိရှဲများဟ “ဆရာ၊ ငါလို့ဟ ကိုယ်တော်ပြလဲ့ နိမိတ်လက္ခဏာဟို တွေ့ချင်ပါအယ်” ဟု ဆှောက်ထားကြအယ်။
MAT 12:39 ယေရှုဟ “ဆိုးညစ်ယွေ့ ဘုရားမဲ့သော ဟေခေတ်လူလို့ဟ နိမိတ်လက္ခဏာဟို တောင်းဆိုကြအယ် ဟုတ်မောင့်လဲ့။ နင်လို့ဟ ပရောဖက် ယောနရဲ့ နိမိတ်လက္ခဏာမှတပါး မစာနိမိတ်လက္ခဏာဟိုမျှ နင်လို့အား ပေးလိမ့်မယ် မဟုတ်။
MAT 12:40 အေးနည်းတူ ယောနဟ ငါးကြီးရဲ့ဖိုက်ထဲတွင် သုံးရက်လုံးလုံးနေရသလို လူသားဟလည်း မြေကြီးထဲတွင် သုံးရက်နေရလိမ့်မယ်။
MAT 12:41 တရားစီရင်သောအခါ နိနေဝေမြို့သားလို့ဟ ဟေမျိုးဆက်နဲ့အတူ ထမြောက်လျက် ဟေမျိုးဆက်ရဲ့ အပစ်ဟို ထင်ဆှားစေကြလိမ့်မယ်။ အကျောန်းမှာ သူလို့ဟ ယောနရဲ့ ဟောပြောချက်ကျောန့် နောင်တရကြပင်း ဟေအရပ်တွင် ယောနထက် ကြီးမြတ်လဲ့အရာ ရောက်ဆိနေလေပီ။
MAT 12:42 တရားဆုံးဖြတ်သောနေ့နှိုက် တောင်အရပ်မှ ဘုရင်မဟ ဟေမျိုးဆက်ဘက်နှိုက် ထယွေ့ တရားစီရင်လိမ့်မယ်။ ပစာကို့ အဲဘုရင်မဟ ရှောလမုန်မင်းကြီးရဲ့ ပညာစကားဟို နားထောင်ဖို့ မြေကြီးစွန်းမှ လာအယ်။ ဟေအရပ်နှိုက်ဟ၊ ရှောလမုန်ထက် သာယွေ့ ကြီးမြတ်သောသူဆိအယ်။
MAT 12:43 “ညစ်ညမ်းသော နတ်ဟ လူထဲမှထွက်သောအခါ၊ ခြောက်ကပ်ရာအရပ်တွင် ဝေ့ပတ်ပင်း နားနေစရာဟို ဆာတတ်အယ်။ ဟေလို့တနေရာမှ ဆာယွေ့ မတွေ့ရင်၊
MAT 12:44 ‘ငါထွက်လာခဲ့သော အိုင်ဟိုပြန်မယ်’ ဟု ဆိုအယ်။ အေးနေရာဟို ပြန်ရောက်သောအခါ သပ်ရပ်စွာ လှည်းကျင်းထားတာဟို တွေ့လေအယ်။
MAT 12:45 အဲပင်းရင် သူဟ သွားယွေ့ မိမိထက် ညစ်ညမ်းသော နတ်ခုနေဦးဟို ခေါ်ခဲ့ပင်း အဲနေရာတွင်နေလေအယ်။ အဲလိုမို့ နတ်ပူးဝင်သူရဲ့ နောက်ဖြစ်ပုံဟ ပထမဖြစ်ပုံထက် ဆိုးလေတော့အယ်။ ဟေဆိုးညစ်သော လူလို့ဟလည်း အဲနည်းအတိုင်းပင် ခံစားရကြလိမ့်မယ်” ဟု မိန့်အယ်။
MAT 12:46 ယေရှုဟ လူလို့အား ဟောပြောနေစဉ် မယ်တော်နဲ့ ညီတော်များ ရောက်လာအယ်။ သူလို့ဟ ယေရှုနဲ့ စကားပြောလိုယွေ့၊ အပြင်တွင် ရပ်နေကြအယ်။
MAT 12:47 အဲလိုမို့ အဲမှာဆိလဲ့ လူတယောက်ဟ ကိုယ်တော်အား “ကျေ့ပါ၊ ကိုယ်တော်ရဲ့ မယ်တော်နဲ့ ညီတော်လို့ဟ ကိုယ်တော်နဲ့ စကားပြောလိုယွေ့ အပြင်တွင် ရပ်နေကြအယ်” ဟု ဆှောက်အယ်။
MAT 12:48 ယေရှုဟ “ငါ့မေနဲ့ ငါ့ညီများဟ စသူလုန်း” ဟု ပြန်ယွေ့ မေးအယ်။
MAT 12:49 အဲပင်းရင် ယေရှုဟ တဘဲ့တော်လို့ဟို ထိုးပြလျက် “ကျေ့ပါ၊ ငါ့မေနဲ့ ငါ့ညီများဟ ဟေသူလို့ ဖြစ်အယ်။
MAT 12:50 ခေါန်းခင်ဘုံဆှင် ငါ့ခမည်းတော်ရဲ့ အလိုတော်အတိုင်း ဆောင်ရွက်သူမန်သမျှဟ ငါ့ညီ၊ ငါ့နှမနဲ့ ငါမေ့လို့ဖြစ်အယ်” ဟု မိန့်အယ်။
MAT 13:1 အဲနေ့နှိုက်ပင်လျှင် ယေရှုဟ အဲနေအိုင်မှ ထွက်ယွေ့ အိန်နားတွင် ထိန်ပင်း သွန်သင်အယ်။
MAT 13:2 ရမ်းဆာ့သော လူထုပရိတ်သတ်လို့ဟ အထံတော်ဟို စုဝေးလာကြသဖြင့် ကိုယ်တော်ဟ လှေပေါ်ဟို တက်ယွေ့ထိန်ပင်း လူအပေါင်းလို့ဟ ကုန်းပေါ်တွင် ရပ်နေကြအယ်။
MAT 13:3 ကိုယ်တော်ဟ အဲသူလို့အား ပုံဥပမာဟို အသုံးပြုယွေ့ ရမ်းဆာ့သော အကျောန်းအရာများဟို ဟောအယ်။ “အရင်ခါဟ မျိုးစေ့ကြဲသော လူတယောက်ဟ မျိုးစေ့ကြဲမို့ ထွက်သွားအယ်။
MAT 13:4 မျိုးစေ့ကြဲသောအခါ အချို့မျိုးစေ့လို့ဟ လမ်းတွင်ကျသဖြင့် ငက်လို့ဟ လာယွေ့ စားကြအယ်။
MAT 13:5 အချို့မျိုးစေ့လို့ဟ မြေနည်းလဲ ကျောက်ဆောင်ပေါ်တွင် ကျအယ်။ မြေသားတိမ်သဖြင့် အပင်များ အမြန်ပေါက်လာအယ်။
MAT 13:6 အဲလိုလဲ နေထွက်သောအခါ အပင်နေပူလောင်ပင်း အမြစ်မစွဲသောကျောန့် ခြောက်ပင်းသွားကြအယ်။
MAT 13:7 အချို့မျိုးစေ့လို့ဟ ဆူးတောတွင် ကျသဖြင့် ဆူးပင်များ ကြီးထွားလာပင်းနောက် အပင်ငယ်လို့ဟို အုပ်သွားကာ သေစေကြအယ်။
MAT 13:8 အချို့မျိုးစေ့လို့ဟ မြေကောင်းမြေသန့်တွင် ကျသဖြင့် အချို့လို့ဟ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတရာပွားများယွေ့ အသီးသီးကြအယ်။”
MAT 13:9 “ကြားရန် နားဆိသောသူ စသူမဆို ကြားပါစေ” ဟု မိန့်အယ်။
MAT 13:10 တဘဲ့တော်လို့ဟ အထံတော်ဟို ချဉ်းကပ်ယွေ့ “ယေရှုဟ မစာကျောန့် လူလို့အား ပုံဥပမာဖြင့်သာလျှင် မိန့်လုန်း” ဟု မေးဆှောက်ကြအယ်။
MAT 13:11 ယေရှုဟ “နင်လို့သည် ခေါန်းခင်နိုင်ငံတော်နဲ့ဆိုင်သော နက်နဲလဲ့ အကျောန်းအရာများဟို သိရသောခွင့် ပေးထားကြပေမဲ့ သူလို့ဟ အဲအခွင့်ဟို မရကြ။
MAT 13:12 အကျောန်းမှာ ဆိသောသူအား ထပ်ယွေ့ပေးသဖြင့် သူဟ ကြွယ်ဝပြေ့စုံလိမ့်မယ်။ မဆိသောသူဆေမှ သူနှိုက်ဆိသော အရာဟိုပင် သိမ်းယူလိမ့်မယ်။
MAT 13:13 သူလို့အား ပုံဥပမာဆောင်ယွေ့ ငါပြောရလဲ့အကျောန်းမှာ သူလို့ဟ ကျေ့သော်လည်း မမျော်၊ နားထောင်သော်လည်း မကြား အဲဟာမဟုတ်ရင် နားမလည်သောကျောန့် ဖြစ်အယ်။
MAT 13:14 အဲကျောန့် ဟေရှာယ ဟောဖူးသော အနာဂတ်စကားဟ ပြေ့စုံခြင်းဟို ရောက်လေအယ်။ ဟောပြောချက်မှာ၊ “ ‘ဟေသူလို့ဟ ကြားလျက်နဲ့ နားလည်လိမ့်မယ် မဟုတ်၊ ကျေ့လျက်နဲ့ မျော်လိမ့်မယ် မဟုတ်၊
MAT 13:15 ပစာကို့ ဟေလူစုရဲ့ စိတ်နေလုံးဟ ထိုင်းမှိုင်းလျက်၊ သူလို့ရဲ့ နားများဟ လေးလျက် မျက်စေ့များဟ ပိတ်လျက် ဆိအယ်။ အကယ်ယွေ့သာ သူလို့ရဲ့ မျက်စေ့များဟ မျော်နိန်ယွေ့ နားများဟ ကြားနိန်လျက် စိတ်နေလုံးဟလည်း သိနားလည်နိန်မယ်ဆိုမန့်မူ၊ သူလို့ဟ ငါ့ဟို ခိုလှုံကိုးစားလာကြမယ် ဖြစ်ယွေ့၊ ငါဟလည်း သူလို့ဟို ကျန်းမာစေမယ်’ ဟု ဖြစ်အယ်။
MAT 13:16 “အဲလိုလဲ နင်လို့ရဲ့ မျက်စေ့များဟ မျော်ယွေ့ နားများဟလည်း ကြားသောကျောန့် နင်လို့ဟ မင်္ဂလာဆိကြအယ်။
MAT 13:17 နင်လို့အား အမန်အကန် ငါပြောတာဟ၊ နင်လို့ မျော်ရတဲ့အရာများဟို ပရောဖက်နဲ့ သူတော်ကောင်းအများပင် မျော်လိုကြသော်လည်း မမျော်ရကြ။ နင်လို့ ကြားရလဲ့အရာများဟို သူလို့ကြားလိုသော်လည်း မကြားရကြ။
MAT 13:18 “အဲကျောန့် မျိုးစေ့ကြဲသူရဲ့ ပုံဥပမာ အနက်အဓိပ္ပာယ်ဟို နင်လို့ဟ နားထောင်ကြလော့။
MAT 13:19 လမ်းတွင် ကျလဲ့ မျိုးစေ့ဟ နိုင်ငံတော်အကျောန်း တရားတော်ဟို ကြားသော်လည်း နားမလည်သူလို့နဲ့တူအယ်။ သူလို့ရဲ့ စိတ်နေလုံးတွင် ကြဲထားလဲ့ တရားတော်မျိုးစေ့ဟို မာရ်နတ်ဟ လာယွေ့ နှုတ်ယူသွားအယ်။
MAT 13:20 ကျောက်ပေါသော မြေတွင်ကျလဲ့ အစေ့ဟ သတင်းစကားဟို ကြားပင်း ဝမ်းသာစွာ ခုတုံး ခံယူသူလို့ဟို ဆိုလိုအယ်။
MAT 13:21 အဲလိုလဲ သူလို့ရဲ့ စိတ်နေလုံးတွင် အမြစ်မစွဲ၊ ကာလကတစ်သာ တည်နေအယ်။ အဲလိုမို့ သူလို့ဟ သတင်းစကားကျောန့် ဒုက္ခ အဲဟာမဟုတ်ရင် နှိပ်စက်ညှဉ်းပန်းမှု ကြုံသောအခါ ခုတုံးပင် ဖောက်ပြန်သွားကြအယ်။
MAT 13:22 ဆူးပင်တွင် ကြဲခြင်းခံရတာဟ တရားစကားဟို ကြားသော်လည်း ဟေဖဝါ့ စိုးရိမ်ကျောန့်ကြမှုများနဲ့ စည်းစိမ်ချမ်းသာ ခံစားလိုမှုများဟ တရားတော်မျိုးစေ့ဟို လွှမ်းမိုးသဖြင့် စလိုမျှ အသီးမသီးနိန်သောသူလို့ဟို ဆိုလိုအယ်။
MAT 13:23 မြေကောင်းမြေသန့်တွင် ကျလဲ့မျိုးစေ့ဟ တရားတော်ဟို ကြားယွေ့ နားလည်သူလို့ဟို ဆိုလိုအယ်။ အချို့လို့ဟ အဆတရာ၊ အဆခြောက်ဆယ်၊ အဆသုံးဆယ်ပွားများယွေ့ အသီးသီးတတ်အယ်” ဟု မိန့်အယ်။
MAT 13:24 ယေရှုဟ အခြားပုံဥပမာဟို ဆောင်ပင်း သူလို့အား မိန့်တာဟ “ခေါန်းခင်နိုင်ငံတော်သည် လူတယောက်ဟ မိမိဂျုံအစေ့ မျိုးကောင်းမျိုးသန့်ဟို ကြဲသောသူနဲ့တူအယ်။
MAT 13:25 ညမှာ လူလို့ အိပ်မွေ့နေသောအခါ၊ ရန်သူဟ လာယွေ့ ဂျုံစေ့များကြားတွင် မြက်သီးစေ့များဟို ကြဲပင်းနောက် ထွက်ခွာသွားအယ်။
MAT 13:26 အပင်ပေါက်ယွေ့ အနှံထွက်လာသောအခါ၊ မြက်သီးပင်များလည်း ထွက်လာလေအယ်။
MAT 13:27 အဲအခါ ကျွန်လို့ဟ လယ်ဆှင်ဆေ လာယွေ့ ‘ဆရာ၊ ဆရာဂျုံခင်းတွင် မျိုးကောင်းမျိုးသန့် အစေ့များကြဲခဲ့အယ် မဟုတ်လော၊ မြက်သီးပင်များဟ စနားဟနေပင်း ရောက်ဆိလာလုန်း’ ဟု မေးကြအယ်။
MAT 13:28 လယ်ဆှင်ဟ ‘ဟေအရာဟ ရန်သူရဲ့ လက်ချက်ပင် ဖြစ်အယ်’ ဟု ဖြေအယ်။ အစေခံလို့ဟ ‘အဲသို့ဖြစ်မန့်မူ မြက်သီးများဟို သွားယွေ့ နုတ်လောရမယ်လော’ ဟု မေးပြန်ကြအယ်။
MAT 13:29 လယ်ဆှင်ဟ ‘နုတ်မပစ်ကြနဲ့၊ မြက်သီးများဟို နုတ်လိုက်ရင် ဂျုံပင်ဟို ရောယွေ့ အမြစ်ပါမကျန် ဆွဲနုတ်မိလိမ့်မယ်ဟို စိုးရိမ်ရအယ်။
MAT 13:30 ကောက်ရိတ်ချိန်တိုင်အောန် အပင်နေမျိုးလုံး ဆက်လက် ကြီးစေကြလော့။ အချိန်ရောက်မှ ကောက်ရိတ်သမားလို့အား ဦးရင် မြက်သီးများဟို နုတ်ယွေ့ စည်းထားပင်းလျှင် မီးရှို့ပစ်ကြ။ အဲပင်းရင် ဂျုံမျိုးစေ့ဟို စုသိမ်းယွေ့ ငါရဲ့ ကျီနှိုက် သွင်းထားကြဟု ငါမှာကြားမယ်’ ဟုဆိုအယ်” ဟူယွေ့ ပြန်ဖြေအယ်။
MAT 13:31 ယေရှုဟ အခြားပုံဥပမာဟို ပေးယွေ့ သူလို့အား မိန့်တာဟ “ခေါန်းခင်နိုင်ငံတော်သည် လူတယောက်ဟ မုန်ညင်းအစေ့ဟို ယူယွေ့ မိမိစိုက်ခင်းထဲတွင် ကြဲသောသူနဲ့တူအယ်။
MAT 13:32 အဲအစေ့ဟ အစေ့တကာလို့ထက် သေးငယ်ပေမဲ့ ကြီးထွားလာသောအခါ ဟင်းသီးဟင်းရွက်ပင်လို့ထက် ကြီးလာသောကျောန့် ငက်များဟ လာယွေ့ အဲအပင်ရဲ့ အကိုင်းများတွင် အသိုက်ပြုလုပ်နိန်ကြအယ်” ဟု မိန့်အယ်။
MAT 13:33 ယေရှုဟ အခြားပုံဥပမာဟို ဆောင်ယွေ့ သူလို့ဟို မိန့်စဉ် “ခေါန်းခင်နိုင်ငံတော်သည် အမျိုးသမီးတယောက်ဟ တဆေးတချို့ဟို ယူပင်းလျှင် ဂျုံမှုန့်သုံးတင်းထဲတွင် ထည့်သဖြင့် မုန့်ညက်အားလုံးဟို ဖောင်းပွစေတတ်သော အဖြစ်အပျက်နဲ့ တူအယ်” ဟု မိန့်အယ်။
MAT 13:34 ယေရှုဟ လူအုပ်လို့အား ဟေအကျောန်းအရာများဟို ပုံဥပမာဆောင်ယွေ့ ဟောကြားအယ်။ ပုံဥပမာမဆောင်ဘဲ သူလို့အား မစာအကျောန်းအရာဟိုမျှ ဟောကြားတော်မမူ။
MAT 13:35 အဲလိုမို့ “ငါဟ ပုံဥပမာဆောင်ယွေ့ ငါ့ရဲ့ စလောင်ဟို ဖွင့်လျက်၊ လောကဟို ဖန်ဆင်းကတုန်းဟ ဖုံးနေခဲ့လဲ့အရာများဟို ငါထုတ်ဖော်မယ်” ဟူသော ပရောဖက်အားဖြင့် မိန့်သောအရာ ပြေ့စုံခြင်းဟို ရောက်မယ် ဖြစ်အယ်။
MAT 13:36 အဲပင်းရင် ယေရှုဟ လူအုပ်ကြီးဆေမှ ထွက်ခွာယွေ့ နေအိုင်ထဲဟို ဝင်အယ်။ တဘဲ့တော်လို့ဟ အထံတော်ဟို လာယွေ့ “လယ်ထဲမှ မြက်သီးပင်များရဲ့ ပုံဥပမာဟို ငါလို့အား ဆှင်းပြမန့်” ဟု ဆှောက်ထားကြအယ်။
MAT 13:37 ယေရှုဟ “ကောင်းသောမျိုးစေ့ဟို ကြဲသူဟ လူသားပင် ဖြစ်အယ်။
MAT 13:38 လယ်ဟ ဟေလောကဖြစ်ပင်း ကောင်းသောမျိုးစေ့ဟ နိုင်ငံတော်ရဲ့သားများ ဖြစ်ကြအယ်။ မြက်သီးပင်များဟ မာရ်နတ်ရဲ့သားများ ဖြစ်ကြအယ်။
MAT 13:39 အဲမျိုးစေ့များဟို ကြဲသောရန်သူဟ မာရ်နတ် ဖြစ်အယ်။ ကောက်ရိတ်ချိန်ဟ ကပ်ကမ္ဘာကုန်ဆုံးချိန်ဖြစ်ပင်း ကောက်ရိတ်သမားများဟ ခေါန်းခင်တမန်များ ဖြစ်အယ်။
MAT 13:40 မြက်သီးပင်များဟို စုသိမ်းပင်း မီးရှို့ပစ်လိုက်သလိုမျိုး ကပ်ကမ္ဘာကုန်ဆုံးချိန်နှိုက်လည်း အဲတိုင်းတိုင်း ဖြစ်လိမ့်မယ်။
MAT 13:41 လူသားဟ မိမိရဲ့ခေါန်းခင်တမန်များဟို စေလွှတ်သဖြင့် သူလို့ဟ မှောက်မားလမ်းလွဲစေသော အရာများနဲ့ မတရားအမှုဟို ပြုသောသူဆိသမျှလို့ဟို နိုင်ငံတော်ထဲဟ နုတ်စေပင်းရင်၊
MAT 13:42 သူလို့ဟ တောက်လောင်သော မီးဖိုထဲဟို သူလို့အား လောချစေမယ်။ အဲနေရာနှိုက် ငိုကြွေးမြည်တမ်းယွေ့ အံသွားခဲကြိတ်ကြ လိမ့်မယ်။
MAT 13:43 အဲအခါ ဖြောင့်မတ်သောလို့ဟ သူလို့အဖရဲ့ နိုင်ငံတော်တွင် နေလိုမျိုး ထွန်းလင်းတောက်ပလျက် နေကြလိမ့်မယ်။ ကြားရန် နားဆိသောသူ စသူမဆို ကြားပါစေ။
MAT 13:44 “ခေါန်းခင်နိုင်ငံတော်သည် လူတယောက်ဟ လယ်နှိုက် အောင်းထားသော ဘဏ္ဍာဟို တွေ့သဖြင့် တခါ မြှပ်ထားခဲ့ပင်း ဝမ်းမြောက်စွာသွားပင်းရင် ဆိသမျှဟို ရောင်းချလျက် အဲလယ်ဟို ဝယ်သောသူနဲ့ တူအယ်။
MAT 13:45 “အဲပင်းရင် ခေါန်းခင်နိုင်ငံတော်ဟ ပုလဲကောင်းဟို ဆာလျက်နေသော ကုန်သည်နဲ့ တူအယ်။
MAT 13:46 သူဟ ရမ်းဆာ့ အဖိုးတန်လဲ့ ပုလဲဟို တွေ့သောအခါ ဆိသမျှဟို ရောင်းချယွေ့ အဲပုလဲဟို ဝယ်လေအယ်။
MAT 13:47 “အဲပင်းရင် ခေါန်းခင်နိုင်ငံတော်သည် တံငါသည်အချို့လို့ဟ အိန်တွင် သူလို့ရဲ့ ပိုက်ကွန်ဟို ချယွေ့ ငါးအမျိုးမျိုးဟို အုပ်မိသောအရာနဲ့ တူအယ်။
MAT 13:48 ပိုက်ကွန်အပြေ့ရသောအခါ တံငါသည်လို့ဟ ပိုက်ကွန်ဟို ကုန်းပေါ်သို့ ဆွဲတင်ယွေ့ ငါးများဟို ရွေးကြအယ်။ ငါးကောင်းများဟို ခြင်းများတွင် ထည့်ထားပင်းနောက် ငါးညံ့များဟိုမူ အပြင်ဟို လောထုတ်လိုက်ကြအယ်။
MAT 13:49 ကပ်ကမ္ဘာကုန်ဆုံးချိန်နှိုက်လည်း အဲနည်းတူဖြစ်လိမ့်မယ်။ ခေါန်းခင်တမန်များဟ လာယွေ့ သူယုတ်မာများဟို သူတော်ကောင်းများထဲမှ ခွဲထုတ်ပင်းရင်၊
MAT 13:50 တောက်လောင်သော မီးဖိုထဲဟို လောချလိမ့်မယ်။ အဲနေရာနှိုက် ငိုကြွေးမြည်တမ်းယွေ့ အံသွားခဲကြိတ်ကြလိမ့်မယ်။
MAT 13:51 “ဟေအကျောန်းအရာ အားလုံးဟို နင်လို့ နားလည်ကြသလော” ဟု ယေရှုဟ သူလို့အား မေးအယ်။ တဘဲ့တော်လို့ဟ “နားလည်အယ်” ဟု ဖြေကြားကြအယ်။
MAT 13:52 အဲလိုမို့ ကိုယ်တော်ဟ “ခေါန်းခင်နိုင်ငံတော်တွင် တဘဲ့ဖြစ်လာသူ ကျမ်းတတ်ဆရာဟ မိမိရဲ့ဘဏ္ဍာတိုက်ထဲမှ ဥစ္စာပစ္စည်းအသစ်နဲ့ အဟောင်းများဟို ထုတ်ယူသော အိုင်ဆှင်နဲ့တူအယ်” ဟု မိန့်အယ်။
MAT 13:53 ယေရှုဟ အဲပုံဥပမာများဟို မိန့်ကြားပင်းသောအခါ အဲအရပ်မှ ထွက်သွားပင်း
MAT 13:54 မိမိနေရင်းမြို့ဟို ပြန်သွားအယ်။ ကိုယ်တော်ဟ တရားဇရပ်တွင် သွန်သင်ရာတွင် ကြားနာသော လူလို့ဟ ရမ်းဆာ့အံ့ဩကြအယ်။ သူလို့ဟ “ဟေသူသည် အသိပညာများနဲ့ အံ့ဖွယ် နိမိတ်လက္ခဏာများဟို ဖယ်နားဟ ရလုန်း။
MAT 13:55 သူဟ လက်သမားဆရာရဲ့ သားမဟုတ်လော၊ သူ့မေ့ဟ မာရိ မဟုတ်လော၊ သူ့ညီများဟ ယာကုပ်၊ ယောသပ်၊ ရှိမုန်နဲ့ ယုဒလို့ မဟုတ်လော။
MAT 13:56 သူ့နှမ အားလုံးဟလည်း ဟေမှာနေတာ မဟုတ်လော၊ ဟေသူဟ အရာအားလုံးကို ဖယ်နားဟ ရလုန်း” ဟု ဆိုကာ
MAT 13:57 ယေရှုရဲ့ အပေါ်နှိုက် အကြည်ညိုပျက်ကြအယ်။ ယေရှုဟလည်း “ပရောဖက်ဟ မိမိမြို့နဲ့ မိမိနေအိုင်မှလွဲယွေ့ မစာအရပ်တွင်မဆို ဂုဏ်အသရေဆိအယ်” ဟု မိန့်အယ်။
MAT 13:58 အဲမြို့သားလို့ဟ မိမိအား ယုံကြည်ကိုးစားမှု မဆိကြသဖြင့် ယေရှုဟ အံ့ဩဖွယ်သော အမှုလို့ဟို အဲမြို့တွင် ပြုတော်မမူ။
MAT 14:1 အေးကာလနှိုက် ဂါလိလဲပြေဟို အုပ်စိုးသူဟေရုဒ်ဟ ယေရှုရဲ့ သတင်းဟို ကြားရင်၊
MAT 14:2 “ဟေသူဟ နှစ်ခြင်းဆရာယောဟန် ဖြစ်အယ်။ သူဟ သေရာမှ အသက်ပြန်ဆှင်လေပီ။ အဲကျောန့် တန်ခိုး နိမိတ်လက္ခဏာများဟို လုပ်နိန်အယ်” ဟု မိမိအမှုထမ်းလို့အား မိန့်အယ်။
MAT 14:3 အကျောန်းမှာ ဟေရုဒ်ဟ ညီဖြစ်သူ ဖိလိပ္ပုရဲ့ ပေါင်အိုမ ဟေရောဒိနဲ့ ပတ်သက်ယွေ့ အစောထဲဟ ယောဟန်ဟို ဖမ်းဆီးတုတ်ချေပင်း ထောင်ထဲမှာ လှောင်ထားခြင်း ဖြစ်အယ်။
MAT 14:4 အကျောန်းမှာ ယောဟန်ဟ “နင်သည် အဲမိန်းမဟို လက်ထပ်ယူတာ ပညတ်နဲ့ညီသလော” ဟု ဟေရုဒ်အား ပြောခဲ့သောကျောန့် ဖြစ်အယ်။
MAT 14:5 ဟေရုဒ်ဟ ယောဟန်ဟို သတ်ချင်သော်လည်း ယုဒအမျိုးသားလို့ဟို ကြောက်လေအယ်။ ပစာကို့ သူလို့ဟ ယောဟန်ဟို ပရောဖက်တပါးဟု ထင်နေစာရီးကျောန့် ဖြစ်အယ်။
MAT 14:6 ဟေရုဒ်ရဲ့ မွေးနေ့နှိုက် ဟေရောဒိရဲ့ သမီးဟ ဧည့်သည်တော်များ ဆေ့တွင် အကနဲ့ ဖျော်ဖြေလျက် ဟေရုဒ်ရဲ့ စိတ်ဟို ရမ်းဆာ့ ရွှင်လန်းစေအယ်။
MAT 14:7 အေးကျောန့် ဟေရုဒ်ဟ “နင်တောင်းသမျှ အရာအားလုံး ငါပေးမယ်” ဟု ကျိန်ဆိုယွေ့ သူ့အား ကတိပြုလေအယ်။
MAT 14:8 မိနီငယ်ဟလည်း သူ့မေ့ရဲ့ အကြံပေးချက်အရ “နှစ်ခြင်းဆရာယောဟန်ရဲ့ ဦးခေါန်းဟို လင်ပန်းပေါ်တွင် တင်ပင်း ငါ့အား ဟေနေရာတွင်ပင် ပေးပါ” ဟု တောင်းဆှောက်အယ်။
MAT 14:9 ဘုရင်ဟ စိတ်မချမ်းမသာဖြစ်သော်လည်း ဧည့်သည်တော်များဆေ့တွင် မိမိပေးခဲ့လဲ့ ကတိဟို ထောက်ယွေ့ မိနီငယ် တောင်းဆှောက်လဲ့အတိုင်း ပေးစေရန် အမိန့်ချအယ်။
MAT 14:10 အဲလိုမို့ ယောဟန်ရဲ့ ဦးခေါန်းဟို ထောင်ထဲတွင် ဖြတ်စေအယ်။
MAT 14:11 ဦးခေါင်းဟို လင်ပန်းပေါ်တင်ယွေ့ ယူလာကာ မိနီငယ်အား ပေးပင်းမှ မိနီငယ်ဟလည်း အဲဦးခေါန်းဟို သူ့မေ့ဆေဟို ယူသွားအယ်။
MAT 14:12 ယောဟန်ရဲ့ တဘဲ့လို့ဟ လာယွေ့ အလောင်းဟို ယူပင်းရင် သင်္ဂြိုဟ်ကြအယ်။ အဲပင်းရင် ယေရှုဆေဟို သွားယွေ့ သတင်းပေးကြအယ်။
MAT 14:13 ယေရှုဟ ယောဟန်ရဲ့ သတင်းဟို ကြားသောအခါ အဲအရပ်မှ တကိုယ်တည်း ဆိတ်ကွယ်ရာ အရပ်ဟို လှေဖြင့် သွားအယ်။ အေးအကျောန်းဟို လူလို့ကြားရင်၊ သူလို့ရဲ့ မြို့ရွာများကို ထားခဲ့ပင်း ကိုယ်တော်ရဲ့ နောက်တော်ဟို ကုန်းကျောန်းနဲ့ လိုက်ကြအယ်။
MAT 14:14 ယေရှုဟ လှေပေါ်မှ ဆင်းပင်း လူအုပ်ဟို မျော်သောအခါ သူလို့ဟို သနားစိတ်ဆိသဖြင့် ဖျားနာသူများဟို ကျန်းမာစေအယ်။
MAT 14:15 အဲညနေခင်းအချိန်နှိုက် တဘဲ့တော်လို့ဟ အထံတော်ဟို လာယွေ့ “ဟေအရပ်ဟ လူသူမဆိလဲ့ အရပ်ဖြစ်အယ်။ အချိန်လည်း ရမ်းဆာ့နောက်ကျပီ။ လူလို့အား ကျေးရွာများဟို သွားယွေ့ မိမိလို့အတွက် အစားအစာ ဝယ်ယူနိန်စေရန် စေလွှတ်ပါ” ဟု ဆှောက်ကြအယ်။
MAT 14:16 ယေရှုဟ “သူလို့သွားရန် မလို။ နင်လို့တတ်တိုင်း သူလို့အား စားစရာ ပေးကြလော့” ဟု မိန့်အယ်။
MAT 14:17 တဘဲ့တော်လို့ဟ “ငါလို့မှာ မုန့်ငါးလုံးနဲ့ ငါးနေကောင် ဆိအယ်” ဟု ဆှောက်ကြအယ်။
MAT 14:18 ယေရှုဟ “အေးမုန့်နဲ့ ငါးဟို ငါ့ဆေဟို ယူခဲ့ကြလော့” ဟု မိန့်အယ်။
MAT 14:19 ကိုယ်တော်ဟ လူအုပ်လို့ဟို မြက်ခင်းပေါ်တွင် ထိန်စေရန် အမိန့်ပေးနောက် မုန့်ငါးလုံးနဲ့ ငါးနေကောင်ဟို ယူယွေ့ ခေါန်းခင်ဟို မော်ကျေ့လျက် ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ချီးမွန်းပင်း မုန့်များဟို ဖဲ့ယွေ့ တဘဲ့တော်လို့အား ပေးအယ်။ တဘဲ့တော်လို့ဟလည်း လူလို့အား ဝေပေးကြအယ်။
MAT 14:20 လူအပေါင်းလို့ဟ အဝစားကြအယ်။ အဲပင်းရင် တဘဲ့တော်လို့ဟ အကြွင်းအကျန်များဟိုပင် ကောက်သိမ်းကြရာ တဆယ့်နေတောင်း အပြေ့ရကြအယ်။
MAT 14:21 အမျိုးသမီးနဲ့ လူပဲ့များမှလွဲရင် မုန့်စားသူ ယောက်ျား ဦးရေမှာ ၅,၀၀၀ လောက် ဆိအယ်။
MAT 14:22 အဲပင်းရင် ယေရှုဟ လူအပေါင်းလို့အား ပြန်လွှတ်နေစဉ် တချိန်တည်းမှာပင် တဘဲ့တော်လို့အား လှေပေါ်ဟို တက်စေယွေ့ အိန်တဖက်အရင် ကူးစေအယ်။
MAT 14:23 လူအပေါင်းလို့အား ပြန်စေပင်းနောက် ယေရှုဟ ဆုတောင်းရန် တောင်ပေါ်ဟို တကိုယ်တည်း တက်အယ်။ ညခင်းချိန်ရောက်သောအခါ အဲအရပ်တွင် ကိုယ်တော် တယောက်တည်း ဆိနေအယ်။
MAT 14:24 အားပင်း အဲအချိန်တွင် လှေဟ ကမ်းနဲ့ ရမ်းဆာ့ ဝေးကွာ သွားပင်း လေဆန်ဖြစ်သောကျောန့် အဲလှေဟို လှိုင်းတံပိုးများ ရိုက်ခတ်လျက်ဆိအယ်။
MAT 14:25 အရုဏ်ဦးအချိန်နှိုက် ယေရှုဟ ယေပေါ်မှာ စက်တော်ဖြန့်ယွေ့ တဘဲ့တော်လို့ ဆေဟို ကြွလာအယ်။
MAT 14:26 ယေပေါ်မှာ ကိုယ်တော် လမ်းဆှောက်နေတာဟို သူလို့ မျော်သောအခါ တဘဲ့တော်လို့ဟ တုန်လှုပ်ချောက်ချားကြယွေ့ “ကဆေ” ဟု အလန့်တကြား ဟစ်အော်ကြအယ်။
MAT 14:27 ယေရှုဟ သူလို့အား “အားမငယ်ကြနဲ့၊ ငါပင် ဖြစ်အယ်၊ မကြောက်ကြနဲ့” ဟု ခုတင်ချင်း မိန့်အယ်။
MAT 14:28 အဲပင်းရင် ပေတရုဟ “သခင်၊ ကိုယ်တော်ဖြစ်တာ မန်ရင် ငါဟ ယေပေါ်မှာ ဆှောက်ပင်း အထံတော်ဟို လာနိန်ရန် အမိန့်ဆိမန့်” ဟု ဆှောက်အယ်။
MAT 14:29 ယေရှုဟ “လာခဲ့လော့” ဟု မိန့်အယ်။ အဲလိုမို့ ပေတရုဟ လှေပေါ်ဟ ဆင်းယွေ့ ယေပေါ်တွင် စတင်ဆှောက်ကာ ယေရှု ဆေဟို သွားလေအယ်။
MAT 14:30 အဲလိုလဲ သူဟ လေဟုန်ပြင်းတာဟို မျော်သောအခါ ကြောက်လန့်လာသဖြင့် ယေနစ်စပြုတာနဲ့ “သခင်၊ ငါ့အား ကယ်ပါ” ဟု အော်လေအယ်။
MAT 14:31 ခုတင်ချင်း ယေရှုဟ လက်တော်ဟို ဆန့်ယွေ့ ပေတရုဟို ဆွဲကိုင်ပင်းလျှင် “ယုံကြည်ခြင်းအားနည်းသောသူ၊ မစာကျောန့် သံသယဖြစ်လုန်း” ဟု မိန့်အယ်။
MAT 14:32 သူလို့နေယောက်လုံး လှေပေါ်ဟို တက်ကြရာ လေဟ ငြိမ်သွားလေအယ်။
MAT 14:33 အဲပင်းရင် လှေထဲဆိ တဘဲ့တော်လို့ဟ ယေရှုအား ဦးချရှိခိုးလျက် “အမန်တကယ် ကိုယ်တော်ဟ ဘုရားသခင်ရဲ့ သားတော်ဖြစ်အယ်” ဟု ဆှောက်ကြအယ်။
MAT 14:34 သူလို့ဟ အိန်ဟို ဖြတ်ပင်း ဂင်နေသရက်မြို့ဟို ကုန်းကျောန်းလာကြအယ်။
MAT 14:35 အဲမှာဆိသော လူများဟ ယေရှုဟို မှတ်မိကြအယ်။ အဲလိုမို့ သူလို့ဟ ပတ်ဝန်းကျင်အရပ်ရပ်သို့ လူများစေလွှတ်ပင်း ဖျားနာသူလို့ဟို ယေရှုဆေဟို ခေါ်လာကြအယ်။
MAT 14:36 ဖျားနာသူလို့ဟ ကိုယ်တော်ရဲ့ အဝတ်တော်အမြိတ်ဟို တို့ထိခွင့်ပြုရန် ကိုယ်တော်ဟို တောင်းပန်ကြအယ်။ ဟေသို့ တို့ထိရသူ အပေါင်းလို့ဟလည်း ကျန်းမာသွားကြအယ်။
MAT 15:1 အဲပင်းရင် ယေရုရှလင်မြို့မှ ဖာရိရှဲတချို့နဲ့ ကျမ်းတတ်ဆရာများဟ ယေရှုဆေဟို မေးဖို့ ရောက်လာကြအယ်။
MAT 15:2 “ကိုယ်တော်ရဲ့ တဘဲ့များဟ မစာကျောန့် ဆေ့လူကြီးလို့ရဲ့ သင်ကြားမှုများဟို မလိုက်နာကြလုန်း။ သူလို့ဟ နည်းမန်အတိုင်း လက်မဆေးဘဲ စားသောက်ကြအယ်” ဟု ဆှောက်ထားကြအယ်။
MAT 15:3 ယေရှုဟ “နင်လို့သည် မစာကျောန့် ဘုရားသခင်ရဲ့ ပညတ်တော်လို့ဟို နာမခံဘဲ မိမိလို့ရဲ့ သွန်သင်ချက်များဟို လိုက်နာကြလုန်း။
MAT 15:4 အကျောန်းမှာ ဘုရားသခင်ဟ ‘နင့်ရဲ့ မိဘဟို ရိုသေစွာပြုလော့။ မိဘဟို ကျိန်ဆဲသောသူဟ သေဒဏ်ခံစေ။’
MAT 15:5 အဲလိုလဲ နင်လို့ သင်ကြတာဟ လူတယောက်နှိုက် အဖ အဲဟာမဟုတ်ရင် အမေ့အား ကူညီရန် ပစ္စည်းတစုံတခု ဆိသော်လည်း အေးပစ္စည်းဟို ‘ဘုရားသခင်ပိုင်လဲ့ ပစ္စည်းဖြစ်အယ်’ ဟု ဆိုရင်၊
MAT 15:6 သူဟ မိမိရဲ့အဖအား ဂုဏ်ပြုရန် မလို။ အေးနည်းလမ်းဖြင့် နင်လို့ဟ မိမိလို့ရဲ့ ထုံးတမ်းစဉ်လာများဟို လိုက်နာရန် ဘုရားသခင်ရဲ့ ပညတ်ဟို ပစ်ပယ်ကြအယ်။
MAT 15:7 သူတော်ကောင်းဟန်ဆောင်တတ်သောသူလို့၊ ဟေရှာယဟ နင်လို့ဟို ရည်မှတ်ယွေ့ ဟေသို့ ဟောတာဟ၊
MAT 15:8 “ ‘ဟေလူမျိုးဟ ငါ့ဟို စလောင်အားဖြင့် ဂုဏ်ပြုကြအယ်၊ အဲလိုလဲ သူလို့ရဲ့ စိတ်နေလုံးမှာ ငါနဲ့ ဝေးအယ်။
MAT 15:9 ငါ့ဟို ကိုးကွယ်သောသူလို့နှိုက် အကျိုးမဆိ၊ ပစာကို့ သူလို့ဟ ငါရဲ့ပညတ်တွေလိုဘဲ လူ့စည်းမျဉ်းတွေဟို သင်ပေးအယ်’ ဟု မိန့်အယ်။”
MAT 15:10 အေးနောက် ယေရှုဟ လူအုပ်လို့အား အထံတော်ဟို ခေါ်ပင်း သူလို့အား “နားထောင်ပင်း နားလည်ကြလော့၊
MAT 15:11 လူဟို စုတ်ပဲ့စေလဲ့အရာဟ စလောင်ထဲဟို ဝင်သည့်အရာ မဟုတ်၊ စလောင်ထဲမှ ထွက်လဲ့အရာ သာလျှင် လူဟို စုတ်ပဲ့စေအယ်” ဟု မိန့်အယ်။
MAT 15:12 အဲပင်းရင် တဘဲ့တော်လို့ဟ အထံတော်ဟို လာယွေ့ “ကိုယ်တော်မိန့်သော စကားကျောန့် ဖာရိရှဲလို့ ခံစားကြတာဟို သိသလော” ဟု မေးကြအယ်။
MAT 15:13 ယေရှုဟ “ခေါန်းခင်ဘုံဆှင် ငါရဲ့ အဖ စိုက်ပျိုးတော်မမူလဲ့ အပင်ဆိသမျှဟ အမြစ်ပါမကျန် နုတ်လောခြင်းဟို ခံရလိမ့်မယ်။
MAT 15:14 သူလို့အတွက် စိတ်မပူကြနဲ့၊ သူလို့ဟ မျက်မမြင်များဟို လမ်းပြလဲ့ မျက်မမြင်များ ဖြစ်ကြအယ်။ မျက်မမြင်တယောက်ဟ တခြားမျက်မမြင်တယောက်အား လမ်းပြသောအခါ သူလို့ နေယောက်စလုံးပင် တွင်းထဲဟို ကျလိမ့်မယ်” ဟု မိန့်အယ်။
MAT 15:15 ပေတရုဟ “အဲပုံဥပမာဟို ငါလို့အား ဆှင်းပြမန့်” ဟု ဆှောက်ကြအယ်။
MAT 15:16 ယေရှုဟ “နင်လို့ဟလည်း သူများလို့ထက် ခုတိုင်အောန် အသိဉာဏ်ကင်းမဲ့လျက် ဆိနေကြသေးသလော။
MAT 15:17 စလောင်ထဲဟို ဝင်သောအရာဟူသမျှဟ အစာအိမ်ဟို ရောက်ပင်းနောက် အိုင်သာတွင် စွန့်ပစ်တာဟို နင်လို့ နားမလည်သလော။
MAT 15:18 အဲလိုလဲ စလောင်ထဲဟ ထွက်လဲ့အရာဟတော့ စိတ်နေလုံးထဲမှ ထွက်လာသောအရာဖြစ်ပင်း အဲအရာများဟ လူဟို စုတ်ပဲ့စေအယ်။
MAT 15:19 အကျောန်းမှာ မကောင်းသော တွေးတောကြံစည်မှုများ၊ လူ့အသက်ဟို သတ်ခြင်း၊ အိုင်ထောင်ရေး ဖောက်ပြန်ခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ သူ့ဥစ္စာဟို ခိုးခြင်း၊ လိမ်လည်ခြင်း၊ သူ့အသရေဟို ဖျက်ခြင်း အစဆိသည့် စုတ်ပဲ့လဲ့ အကြံအစည်များဟ စိတ်နေလုံးထဲမှ ထွက်လာအယ်။
MAT 15:20 ဟေအရာများဟ လူဟို စုတ်ပဲ့စေကြအယ်။ အဲလိုလဲ လက်မဆေးဘဲ အစားအစာ စားခြင်းဟ လူဟို စုတ်ပဲ့စေတာ မဟုတ်” ဟု မိန့်အယ်။
MAT 15:21 ယေရှုဟ အဲအရပ်မှ ထွက်ခွာယွေ့ တုရုနဲ့ ဇိဒုန်မြို့လို့ရဲ့ နယ်များဟို ကြွအယ်။
MAT 15:22 အဲဒေသတွင် နေထိန်သူ ခါနာန် အမျိုးသမီးတယောက်ဟ ကိုယ်တော်ဆေဟို လာယွေ့ “ဆရာ၊ ဒါဝိဒ်ရဲ့သားတော်၊ ကျွန်မဟို သနားမန့်။ ကျွန်မရဲ့ သမီးဟ နတ်ဆိုးစွဲသဖြင့် ရမ်းဆာ့ ဝေဒနာခံလျက် နေအယ်” ဟု ဆှောက်အယ်။
MAT 15:23 အဲလိုလဲ ယေရှုဟ သူဟို တခွန်းမှ ဖြေကြားတော်မမူ။ တဘဲ့တော်လို့ဟ ယေရှု ဆေဟို လာယွေ့ တောင်းပန်ပင်း “ဟေမိန်းမဟ ငါလို့ရဲ့ နောက်လိုက်ပင်း အော်နေအယ်၊ သူ့အား မောင်းထုတ်မန့်” ဟု ဆှောက်ကြအယ်။
MAT 15:24 အဲပင်းရင် ယေရှုဟ “ငါသည် ဣသရေလအမျိုးသားများ ပျောက်နေသော သိုးများဆေသို့သာ စေလွှတ်ခြင်း ခံရအယ်” ဟု ဖြေကြားအယ်။
MAT 15:25 အဲအခါ အေးမိန်းမဟ ခြေတော်ရင်းနှိုက် လာရောက် ပျပ်ဝပ်လျက် “ဆရာ၊ ကျွန်မဟို ကူညီမန့်” ဟု ဆှောက်အယ်။
MAT 15:26 ယေရှုဟ “လူပဲ့သငယ်လို့ရဲ့ ကောင်းသော အစာဟို ယူယွေ့ ခွေးလို့အား မကျွေးအပ်” ဟု မိန့်အယ်။
MAT 15:27 အဲမိန်းမဟ “မန်ပါအယ် ဆရာ၊ အဲလိုလဲ ခွေးများပင်လျှင် မိမိလို့ သခင်ရဲ့ စားပွဲမှကျသည့် စားကြွင်းစားကျန်များဟို စားရကြအယ်” ဟု ဆှောက်အယ်။
MAT 15:28 အဲလို့မို့ ယေရှုဟ၊ “အချင်း မိန်းမ၊ နင်ရဲ့ယုံကြည်ခြင်းသည် အားကြီးအယ်။ နင်အလိုဆိသည့်အတိုင်း ဖြစ်စေ” ဟု မိန့်အယ်။ အဲအချိန်မှ စယွေ့ အဲမိန်းမရဲ့ သမီးဟ ရောဂါပျောက်လေအယ်။
MAT 15:29 ယေရှုဟ အဲအရပ်မှ ထွက်ခွာယွေ့ ဂါလိလဲ အိန်နားတဆှောက် ကြွလေအယ်။ ကိုယ်တော်ဟ တောင်ကုန်းတခုပေါ်ဟို တက်ယွေ့ ထိန်အယ်။
MAT 15:30 လူအုပ်ကြီးဟ ခြေမစွမ်းမသန်သူများ၊ မျက်မမြင်များ၊ ကိုယ်အင်္ဂါချို့တဲ့သူများ၊ ဆွံ့အသူများနဲ့ အခြားရောဂါသည်များဟို ခေါ်လာကာ ယေရှုရဲ့ ခြေတော်ရင်းတွင် ချထားကြအယ်။ ယေရှုဟ အဲလူနာလို့ရဲ့ ရောဂါများဟို ပျောက်ကင်းစေအယ်။
MAT 15:31 ဆွံ့အသူများ စကားပြောကြတာဟို လည်းကောင်း၊ ကိုယ်အင်္ဂါချို့တဲ့သူများ အကောင်းတိုင်းတိုင်း ဖြစ်လာတာဟို လည်းကောင်း၊ ခြေမစွမ်းသူများ လမ်းဆှောက်ကြတာဟို လည်းကောင်း၊ မျက်မမြင်များ မျက်စေ့မျော်ကြတာဟို လည်းကောင်း တွေ့မျော်သောအခါ လူအုပ်လို့ဟ ရမ်းဆာ့အံ့ဩယွေ့ ဣသရေလအမျိုးသားလို့ရဲ့ ဘုရားသခင်ဟို ချီးမွန်းကြအယ်။
MAT 15:32 ယေရှုဟ တဘဲ့တော်လို့အား အထံတော်ဟို ခေါ်ပင်းရင် “ဟေလူအပေါင်းဟို ငါသနားအယ်။ ပစာကို့ သူလို့ဟ ငါနဲ့အတူ သုံးရက်တိုင်တိုင် နေခဲ့ကြပင်း သူလို့မှာ ပစာမှ စားဖို့မဆိ။ သူလို့အား အစားအစာမကျွေးဘဲ နေအိုင်ဟို ငါ မပြန်စေလို၊ အေးလို့ပြန်ရင် သူလို့ဟ လမ်းတွင် အားပြတ်ကြလိမ့်မယ်” ဟု မိန့်အယ်။
MAT 15:33 တဘဲ့တော်လို့ဟ “ဟေမျှ များပြားလဲ့ လူအုပ်ကြီး စားလောက်အောန် အစားအစာများဟို ငါလို့ဟ ဟေတောကန္တာရတွင် စနားမှာ ရနိန်မလုန်း” ဟု ဆှောက်ကြအယ်။
MAT 15:34 ယေရှုဟ “နင်လို့တွင် မုန့်စလောက် ဆိလုန်း” ဟု မေးသော်၊ “မုန့်ခုနေလုံးနဲ့ ငါးကတစ် ဆိမန့်အယ်” ဟု ပြန်ဆှောက်ကြအယ်။
MAT 15:35 အဲလိုမို့ ယေရှုဟ လူအုပ်ဟို မြေပေါ်တွင် ထိန်ရန် အမိန့်ပေးအယ်။
MAT 15:36 အဲပင်းရင် ကိုယ်တော်ဟ မုန့်ခုနေလုံးနဲ့ ငါးဟို ယူယွေ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ချီးမွန်းအယ်။ မုန့်နဲ့ ငါးဟို ဖဲ့ယွေ့ တဘဲ့တော်လို့အား ပေးအယ်။ သူလို့ဟလည်း လူအုပ်လို့အား ပေးဝေအယ်။
MAT 15:37 သူလို့အားလုံးဟ ဝစွာ စားရကြအယ်။ အဲပင်းရင် တဘဲ့တော်များဟ စားကြွင်းစားကျန်များဟို တောင်း ခုနေတောင်းပြေ့ ကောက်သိမ်းကြရအယ်။
MAT 15:38 မုန့်စားသူ ဦးရေမှာ အမျိုးသမီးနဲ့ လူပဲ့များမှ လွဲရင် ယောက်ျား ၄,၀၀၀ ဆိအယ်။
MAT 15:39 အဲပင်းရင် ယေရှုဟ လူလို့အား ပြန်စေပင်း လှေပေါ်ဟို တက်ယွေ့ မာဂဒလမြို့ အရပ်ဒေသသို့ ကြွလေအယ်။
MAT 16:1 ဖာရိရှဲတချို့နဲ့ ဇဒ္ဒုကဲများဟ ယေရှုဟို စမ်းသပ်လိုသဖြင့် လာယွေ့ ခေါန်းခင်မှ နိမိတ်လက္ခဏာဟို ပြပေးရန် ကိုယ်တော်အား တောင်းဆိုကြအယ်။
MAT 16:2 ယေရှုဟ “ညနေခင်း ရောက်လာသောအခါ ‘မိုးခေါန်းခင် နီရင် ရာသီဥတု သာယာလိမ့်မယ်’ ဟု ဆိုတတ်အယ်။
MAT 16:3 နက်စာ အချိန်နှိုက် ‘မိုးခေါန်းခင် နီယွေ့ မိုးအုံ့နေရင် ခုနေ့ မုန်တိုင်း လာလိမ့်မယ်’ ဟု ဆိုတတ်ကြအယ်။ နင်လို့ဟ မိုးခေါန်းခင်ဟို ကျေ့ခြင်းအားဖြင့် မိုးလေဝသရဲ့ အခြေနေဟို သိနိန်ကြသော်လည်း အချိန်ကာလများရဲ့ နိမိတ်လက္ခဏာများဟို ပိုင်းခြားယွေ့ မသိနိန်ကြ။
MAT 16:4 ဆိုးညစ်ယွေ့ ဖောက်ပြန်သော မျိုးဆက်ဟ နိမိတ်လက္ခဏာဟို တောင်းကြသော်လည်း၊ ယောနရဲ့ နိမိတ်လက္ခဏာ မှတပါး ပစာ နိမိတ်လက္ခဏာမျှ နင်လို့အား ပြလိမ့်မယ် မဟုတ်” ဟု မိန့်အယ်။ အဲပင်းရင် ယေရှုဟ အဲသူလို့ဆေမှ ထွက်ခွာသွားအယ်။
MAT 16:5 တဘဲ့တော်လို့ဟ အိန်တဖက်ကမ်းဟို လာကြသောအခါ သူလို့ဟ မုန့်ဟို ယူဖို့ မေ့ခဲ့ကြအယ်။
MAT 16:6 ယေရှုဟ သူလို့အား “ဖာရိရှဲနဲ့ ဇဒ္ဒုကဲလို့ရဲ့ တဆေးဟို သတိနဲ့ ဆှောင်ကြလော့” ဟု မိန့်အယ်။
MAT 16:7 တဘဲ့တော်လို့ဟ “ငါလို့ မုန့် မယူလာခဲ့သောကျောန့် ဖြစ်အယ်” ဟု အချင်းချင်း ပြောဆိုလျက် နေကြအယ်။
MAT 16:8 အေးလို့ ပြောဆိုနေတာဟို ယေရှုသိသဖြင့် သူလို့အား “ယုံကြည်ခြင်း အားနည်းသူလို့၊ နင်လို့ဟ မုန့်မပါကျောန်းဟို မစာကျောန့် အချင်းချင်း ဆွေးနွေးနေကြလုန်း။
MAT 16:9 နင်လို့ နားမလည်နိန်ကြသလော။ မုန့်ငါးလုံးဟို လူ ၅,၀၀၀ စားယွေ့ စနေတောင်း ကောက်သိမ်းရတာဟို နင်လို့ သတိမရကြသလော။
MAT 16:10 အဲဟာမဟုတ်ရင် မုန့်ခုနေလုံးဟို လူ ၄,၀၀၀ စားယွေ့ စနေတောင်း ကောက်သိမ်းရတာဟိုလည်း သတိမရကြသလော။
MAT 16:11 မုန့်နဲ့ ပတ်သက်ယွေ့ နင်လို့အား ငါပြောနေခြင်း မဟုတ်ကျောန်းဟို နင်လို့ မစာကျောန့် နားမလည်ကြတာလုန်း။ ဖာရိရှဲနဲ့ ဇဒ္ဒုကဲလို့ရဲ့ တဆေးဟို ဆှောင်ကြလော့” ဟု မိန့်အယ်။
MAT 16:12 အဲပင်းရင် တဘဲ့တော်လို့ဟ မုန့်လုပ်တဆေးဟို ဆှောင်ရန် ပြောတာ မဟုတ်ဘဲ ဖာရိရှဲနဲ့ ဇဒ္ဒုကဲလို့ရဲ့ သွန်သင်ချက်များဟို မလိုက်နာရန် ကိုယ်တော် သတိပေးကျောန်း နားလည်ကြအယ်။
MAT 16:13 ယေရှုဟ ကဲသရိ ဖိလိပ္ပုပြေနယ်ဟို ရောက်ဆိသောအခါ ကိုယ်တော်ဟ တဘဲ့တော်လို့အား “လူလို့ဟ လူသားဟို စသူဖြစ်အယ်ဟု ပြောဆိုကြလုန်း” ဟု မေးအယ်။
MAT 16:14 “အချို့ဟ နှစ်ခြင်းဆရာယောဟန် ဟု ပြောယွေ့ အချို့ဟ ဧလိယ ဟု ပြောအယ်။ အချို့ဟ ယေရမိ အဲဟာမဟုတ်ရင် အခြား ပရောဖက်တပါးပါး ဟု ပြောဆိုကြအယ်” ဟု ဆှောက်ကြအယ်။
MAT 16:15 ကိုယ်တော်ဟ “နင်လို့ဟမူ ငါ့ဟို စသူ ဟု ဆိုကြလုန်း” ဟု မေးအယ်။
MAT 16:16 ရှိမုန် ပေတရုဟ “ကိုယ်တော်သည် အသက်ဆှင်သော ဘုရားသခင်ရဲ့ သားတော်တည်းဟူသော ခရစ်တော် ဖြစ်အယ်” ဟု ဆှောက်အယ်။
MAT 16:17 ယေရှုဟ “ယောဟန်ရဲ့ သား ရှိမုန်ဗာယောန၊ နင်ဟ မင်္ဂလာဆိအယ်။ အကျောန်းမှာ အသွေးအသားဟ ဟေအကျောန်းအရာဟို နင့်အား ဖွင့်ပြတာ မဟုတ်ဘဲ ခေါန်းခင်ဘုံနှိုက်ဆိသော ငါရဲ့ခမည်းတော်ဟ ဖော်ပြအယ်။
MAT 16:18 အားပင်း နင်လို့အား ငါဆိုတာဟ၊ နင်ဟ ပေတရု ဖြစ်အယ်။ ဟေကျောက်ပေါ်မှာ ငါ့ရဲ့ အသင်းတော်ဟို ငါတည်ဆောက်ပင်း မရဏာနိုင်ငံရဲ့ ထင်ခါးလို့ဟလည်း အဲအသင်းတော်ဟို အနိန်ရကြမယ် မဟုတ်။
MAT 16:19 ခေါန်းခင်နိုင်ငံတော်ရဲ့ သော့များဟို နင့်အား ငါပေးမယ်။ နင်ဟ မြေကြီးပေါ်မှာ တုတ်ချေသမျှဟ ခေါန်းခင်ဘုံနှိုက် တုတ်ချေလျက် ဆိလိမ့်မယ်။ နင်ဟ မြေကြီးပေါ်မှာ ဖြည်လွှတ်သမျှဟ ခေါန်းခင်ဘုံနှိုက် ဖြည်လွှတ်လျက် ဆိလိမ့်မယ်” ဟု မိန့်အယ်။
MAT 16:20 အေးနောက် ကိုယ်တော်ဟ မိမိ ခရစ်တော်ဖြစ်ကျောန်းဟို စသူမျှ မပြောရန် တဘဲ့တော်လို့အား မိန့်အယ်။
MAT 16:21 ယေရှုဟ ယေရုရှလင်မြို့သို့ သွားယွေ့ လူအကြီးအကဲများ၊ ယဇ်ပုရောဟိတ်ကြီးများနဲ့ ကျမ်းတတ်ဆရာများရဲ့ လက်တွင် ဒုက္ခဝေဒနာများစွာ ခံစားရပင်း အသေသတ်ခြင်းခံရကာ သုံးရက်မြောက်သောနေ့နှိုက် သေခြင်းမှ ထမြောက်ဆှင်ပြန်မဲ့အကျောန်း တဘဲ့တော်လို့အား အဲအချိန်မှစယွေ့ စတင်ဆှင်းပြအယ်။
MAT 16:22 ပေတရုဟ ကိုယ်တော်အား ဘေးဖက်ဟို ခေါ်ယွေ့ စတင်ပင်း အပစ်တင်ကာ “သခင်ဘုရား၊ ဟေအမှုဟ ကိုယ်တော်နဲ့လွဲပါစေ။ ကိုယ်တော်ဟ အဲအမှုအရာများ မစာခါမျှ မဖြစ်ပျက်ပါစေနဲ့” ဟု ဆှောက်အယ်။
MAT 16:23 ယေရှုဟ လှည့်ယွေ့ ပေတရုအား “အချင်းစာတန်၊ ငါ့နောက်ဟို ဆုတ်လော့။ နင်ဟ ငါမှောက်မားလမ်းလွဲစေသူ ဖြစ်အယ်။ နင်ဟ ဘုရားသခင်ရဲ့ ရှုထောင့်ဟ မတွေးဘဲ လူရဲ့ ရှုထောင့်ဟသာ တွေးအယ်” ဟု မိန့်အယ်။
MAT 16:24 အဲပင်းရင် ယေရှုဟ တဘဲ့တော်လို့အား “စသူမဆို ငါ့တဘဲ့ဖြစ်ချင်ရင် ကိုယ့်ကိုယ်ဟို ငြင်းပယ်ပင်း သူလို့ဟ ကိုယ့်လက်ဝါးကပ်တိုင်ဟို ထမ်းယွေ့ ငါ့နောက်ဟို လိုက်ရမယ်။
MAT 16:25 အကျောန်းမှာ စသူမဆို မိမိအသက်ဟို ကယ်ချင်သောသူဟ အသက်ဆုံးရှုံးရပေမဲ့ ငါအတွက် အသက်ဆုံးရှုံးသောသူ စသူမဆို အသက်ဟို တွေ့လိမ့်မယ်။
MAT 16:26 လူဟ လောကတခုလုံးဟို အစိုးရသော်လည်း မိမိရဲ့ အသက်ဝိညာဉ်ဆုံးရှုံးလျှင် မစာအကျိုး ဆိမလုန်း။ အဲဟာမဟုတ်ရင် မိမိရဲ့ အသက်ဝိညာဉ်အား မစာအရာဟို ပေးယွေ့ လဲလှယ်နိန်မလုန်း။
MAT 16:27 အကျောန်းမှာ လူသားဟ မိမိအဖရဲ့ ဘုန်းအသရေဟို ဆောင်လျက် ခေါန်းခင်တမန်များနဲ့ အတူ ကြွလာလိမ့်မယ်။ အဲအခါ လူအပေါင်းလို့အား မိမိလို့ရဲ့ အကျင့်အလျောက် အကျိုးအပစ်ဟို ဆပ်ပေးလိမ့်မယ်။
MAT 16:28 နင်လို့အား ငါ အမန်အကန် ဆိုတာဟ လူသားဟ နိုင်ငံတော်တည်လျက် ကြွလာတာဟို ဟေအရပ်နှိုက် ရပ်နေသော လူအချို့လို့ဟ မမျော်ခင် မသေရကြ” ဟု မိန့်အယ်။
MAT 17:1 ခြောက်ရက်ကြာသောအခါ ယေရှုဟ သူနဲ့အတူ ပေတရု၊ ယာကုပ်၊ ယာကုပ်ရဲ့ညီ ယောဟန်လို့ဟို ယိုးကာ တောင်အမြင့်ပေါ်ဟို ခေါ်သွားအယ်။
MAT 17:2 အဲမှာ ကိုယ်တော်ဟ သူလို့ရဲ့ ဆေ့တွင် အရောင်အဆင်း ပြောင်းလဲသွားအယ်။ မျက်နှာတော်ဟ နေလိုမျိုးတောက်ပလျက် အဝတ်ဟလည်း အလင်းလို ဖြူလျက်နေအယ်။
MAT 17:3 အဲပင်းရင် မောရှေနဲ့ ဧလိယဟ ယေရှုနဲ့ စကားပြောလျက်နေတာဟို တဘဲ့တော် သုံးယောက်ဟ မျော်ကြအယ်။
MAT 17:4 အဲအခါ ပေတရုဟ ယေရှုဟို “သခင်ဘုရား၊ ဟေအရပ်နှိုက် ငါလို့အတွက် နေဖွယ်ကောင်းအယ်။ ကိုယ်တော် အလိုတော်ဆိရင် ကိုယ်တော်အတွက် တဲတဆောင်၊ မောရှေအတွက် တဆောင်၊ ဧလိယအတွက် တဆောင်၊ တဲသုံးဆောင်ဟို ငါလို့ ဆောက်လုပ်မယ်” ဟု ဆှောက်ထားအယ်။
MAT 17:5 အေးလို့ ပေတရု ဆှောက်ထားစဉ်ပင် တောက်ပသော မိုးသားတုန်းဟ သူလို့ အပေါ်ဟို ကျလာအယ်။ မိုးသားတုန်းထဲမှ အသံတော်ဟ “ဟေသူဟ ငါနှစ်သက်မြတ်နိုးရာ ငါရဲ့ ချစ်သားပေတည်း — သူရဲ့ စကားဟို နားထောင်ကြလော့” ဟု မိန့်အယ်။
MAT 17:6 အဲအသံဟို တဘဲ့တော်လို့ ကြားသောအခါ ရမ်းဆာ့ ကြောက်လန့်ပင်း သူလို့ မျက်နှာဟို မြေကြီးပေါ်မှာ အပ်ထားကြအယ်။
MAT 17:7 ယေရှုဟ လာယွေ့ သူလို့ဟို တို့ထိပင်းလျှင် “ထကြ၊ မကြောက်ကြနဲ့” ဟု မိန့်အယ်။
MAT 17:8 အဲလိုမို့ သူလို့ဟ မော်ကျေ့ပင်း ယေရှု မှလွဲယွေ့ အခြားစသူဟိုမျှ မမျော်ကြတော့ချေ။
MAT 17:9 သူလို့ တောင်ပေါ်မှ ဆင်းကြစဉ်၊ ယေရှုဟ သူလို့အား “နင်လို့ မျော်ခဲ့ကြလဲ့ ရူပါရုံဟို လူသား သေခြင်းမှ မထမြောက်ခင် စသူမျှ မပြောကြနဲ့” ဟု မှာထားအယ်။
MAT 17:10 အဲပင်းရင် တဘဲ့တော်လို့ဟ “ဧလိယသည် အရင် လာရမယ်ဟု ကျမ်းပြုဆရာလို့ဟ မစာကျောန့် ဆိုလုန်း” ဟု ယေရှုအား မေးဆှောက်ကြအယ်။
MAT 17:11 ယေရှုဟ “ဧလိယသည် အရင်လာပင်း အမှုအရာအားလုံးဟို အသင့်ပြင်ဆင်ရမယ် မန်အယ်။
MAT 17:12 အဲလိုလဲ နင်လို့အား ငါပြောတာဟ ဧလိယဟ ရောက်လာပေမဲ့ လူလို့ဟ သူ့ဟို မသိကြသဖြင့် သူ့အား လုပ်ချင်ရာဟို လုပ်ခဲ့ကြပီ။ အဲတိုင်းတိုင်းပင် လူသားဟလည်း အဲသူလို့ရဲ့လက်တွင် ဒုက္ခဆင်းရဲ ခံရလိမ့်မယ်” ဟု မိန့်အယ်။
MAT 17:13 အဲအခါမှ တဘဲ့တော်လို့ဟ နှစ်ခြင်းဆရာယောဟန်ဟို ညွန်းပင်း ယေရှု မိန့်ကျောန်း နားလည်လာကြလေအယ်။
MAT 17:14 သူလို့ဟ လူအုပ်ဆိရာဟို ပြန်လာကြသောအခါ လူတယောက်ဟ ယေရှုဆေဟို လာယွေ့ ဆေ့တော်နှိုက် ဒူးထောက်ကာ၊
MAT 17:15 “ဆရာ၊ ငါ့ရဲ့ သားဟို သနားမန့်။ သူဟ ဝက်ရူးပြန်ရောဂါစွဲပင်း မီးထဲ အဲဟာမဟုတ်ရင် ရေထဲဟို ဖြစ်စေ ခဏခဏ လဲကျတတ်အယ်။
MAT 17:16 သူ့အား ကိုယ်တော်ရဲ့ တဘဲ့များဆေဟို ခေါ်ခဲ့သော်လည်း သူလို့ဟ မကျန်းမာစေနိန်ပါ” ဟု ဆှောက်အယ်။
MAT 17:17 ယေရှုဟ “ယုံကြည်ခြင်း ကင်းယွေ့ ဖောက်ပြန်ကြသော လူလို့၊ ငါဟ နင်လို့နဲ့ စလောက်ကြာအောန် နေရမလုန်း။ စလောက်ကြာအောန် နင်လို့အား သည်းခံရမလုန်း။ လူပဲ့သငယ်ဟို ငါ့ဆေဟို ခေါ်ခဲ့ကြလော့” ဟု မိန့်အယ်။
MAT 17:18 ယေရှုဟ နတ်ဆိုးအား အမိန့်ပေးလျှင် နတ်ဆိုးဟ လူပဲ့သငယ်ဆေမှ ထွက်သွားပင်း ခုတုံးပင် သူငယ်ဟ ကျန်းမာလာအယ်။
MAT 17:19 အဲပင်းရင် တဘဲ့တော်လို့ဟ ယေရှုတယောက်တည်း ဆိသောအခါ အထံတော်ဟို ချဉ်းကပ်ယွေ့ “ငါလို့ဟ အဲနတ်ဟို မစာကျောန့် မောင်းထုတ်ယွေ့ မရလုန်း” ဟု မေးဆှောက်ကြအယ်။
MAT 17:20 ယေရှုဟ “နင်လို့သည် ယုံကြည်ခြင်း အားနည်းသောကျောန့် ဖြစ်အယ်။ နင်လို့အား ငါ အမန်အကန် ပြောတာဟ၊ နင်လို့ဟ မုန်ညင်းစေ့လောက် ယုံကြည်ခြင်းဆိပါက ဟေတောင်အား ‘ဟေနေရာမှ အဲနေရာဟို ရွေ့ပြောင်းလော့’ ဟုဆိုလျှင် ပြောင်းရွေ့လိမ့်မယ်။ နင်လို့ မတတ်နိန်လဲ့ အရာမဆိ။”
MAT 17:21 
MAT 17:22 တဘဲ့တော် အားလုံးလို့ဟ ဂါလိလဲပြေဟို အတူလာကြသောအခါ ယေရှုဟ သူလို့အား “လူလို့ရဲ့ လက်တွင်းသို့ လူသားဟို အပ်ကြလိမ့်မယ်။
MAT 17:23 သူ့ဟို သတ်ကြပေမဲ့ သုံးရက်မြောက်သောနေ့တွင် လူသားဟ သေခြင်းမှ ဆှင်ပြန်ထမြောက်လိမ့်မယ်” ဟု မိန့်အယ်။ တဘဲ့တော်လို့ဟလည်း ရမ်းဆာ့ စိတ်မချမ်းမသာ ဖြစ်ကြကုန်အယ်။
MAT 17:24 ယေရှုနဲ့ တဘဲ့တော်လို့ဟ ကပေနောင်မြို့ဟို ရောက်ကြသောအခါ ဗိမာန်တော်ခွန်အတွက် ကောက်ခံသူများဟ လာပင်း ပေတရုအား “နင်ရဲ့ဆရာဟ ဗိမာန်တော်ခွန် ပေးဆောင်မန့်သလော” ဟု မေးမြန်းကြအယ်။
MAT 17:25 ပေတရုဟ “ပေးဆောင်အယ်” ဟု ဆိုအယ်။ နေအိုင်ထဲဟို ပေတရု ဝင်လာသောအခါ ယေရှုဟ ဦးရင်ဆုံးပြောတာဟ “ရှိမုန်၊ နင်မစာသို့ ထင်လုန်း။ လောကီဘုရင်လို့ဟ စသူ့ဆေမှ အခွန်များဟို ကောက်ခံကြလုန်း။ မိမိသားဆေမှလော၊ အခြားသူများဆေမှလော” ဟု မေးအယ်။
MAT 17:26 ပေတရုဟ “အခြားသူများဆေမှ ကောက်ခံအယ်” ဟုဆှောက်အယ်။ ယေရှုဟ “အဲသို့ဖြစ်ရင် အောင်နီငယ်ဟတော့ လွတ်ရအယ်။
MAT 17:27 အဲလိုလဲ သူလို့ စိတ်မနာသွားစေရန် နင်ဟ အိန်ဟို သွားပင်း ငါးမျှားလော့။ နင်ပထမ မိသော ငါးကို ယူပင်း ငါးစလောင်ဟို ဖွင့်လော့။ ငွေဒင်္ဂါးတပြားဟို တွေ့လိမ့်မယ်။ အဲငွေဟိုယူပင်း နင်နဲ့ ငါ့အတွက် အခွန်တော်ဟို သူလို့အား ပေးဆောင်လော့” ဟု မိန့်အယ်။
MAT 18:1 အဲအချိန်နှိုက် တဘဲ့တော်လို့ဟ ယေရှု ဆေဟို လာယွေ့ “ခေါန်းခင်နိုင်ငံတော်တွင် စသူဟ အကြီးမြတ်ဆုံးဖြစ်လုန်း” ဟု မေးဆှောက်ကြအယ်။
MAT 18:2 အေးလိုမို့ ယေရှုဟ လူပဲ့သငယ်တယောက်ဟို သူ့နားဟို ခေါ်ပင်းရင် သူလို့ရဲ့ ဆေ့တွင် ရပ်နေစေပင်း
MAT 18:3 ကိုယ်တော်ဟ “နင်လို့အား ငါ အမန်အကန် ပြောတာဟ နင်လို့သည် ပြောင်းလဲယွေ့ လူပဲ့သငယ်လူမျိုး မဖြစ်ရင် ခေါန်းခင်နိုင်ငံတော်ဟို ဝင်ရလိမ့်မယ် မဟုတ်။
MAT 18:4 အဲကျောန့် ဟေလူပဲ့သငယ်လိုမျိုး မိမိတတ်တိုင်းနှိမ့်ချသောသူ စသူမဆို ခေါန်းခင်နိုင်ငံတော်တွင် အကြီးမြတ်ဆုံး ဖြစ်လိမ့်မယ်။
MAT 18:5 ငါရဲ့ နာမဟိုထောက်ပင်း ဟေလိုသော လူပဲ့သူငယ် တစုံတယောက်ဟို လက်ခံသူဟ ငါ့ဟို လက်ခံအယ်။
MAT 18:6 “ငါ့ဟို ယုံကြည်လဲ့ လူပဲ့သငယ် တစုံတယောက်အား ယုံကြည်ခြင်း မားစေသူဟ လည်ပင်းတွင် ကြိတ်ဆုံကျောက်ကြီးဟို ဆွဲလျက် ပင်လယ်နက်ထဲဟို အချခံရရင် သူ့အဖို့ ပိုပင်း ကောင်းအယ်။
MAT 18:7 လူတွေရဲ့ ယုံကြည်ခြင်းပျက်ပြားစေလဲ့ ကမ္ဘာကြီးဟာ ကြောက်စရာကောင်းလဲ့အရာဟ နင့်ဟို စောင့်နေအယ်၊ အေးလို့သော အမူအရာလို့ဟ အမြဲတမ်း တည်လိမ့်မယ်။ အဲလိုလဲ သူလို့ကို ယုံကြည်ခြင်းမှာ မားစေသောသူဟ ကြောက်စရာကောင်းလဲ့အရာဟ နင်ဟို စောင့်နေအယ်။
MAT 18:8 “နင်ရဲ့ ခြေထောက် အဲဟာမဟုတ်ရင် လက်ဟ နင်ရဲ့ ယုံကြည်ခြင်းဟို မားစေရင်၊ အဲအရာဟို ဖြတ်ယွေ့ လောပလိုက်လော့။ လက်နေဖက် အဲဟာမဟုတ်ရင် ခြေနေဖက်ပါလျက် ထာဝရမီးထဲဟို လောချခံရတာထက် ခြေထောက် အဲဟာမဟုတ်ရင် လက်မပါဘဲ အသက်ဆှင်ခြင်းသို့ ဝင်စားခြင်းဟ နင့်အတွက် သာယွေ့ ကောင်းအယ်။
MAT 18:9 အားပင်း နင်ရဲ့ မျက်စေ့ဟ နင်ရဲ့ယုံကြည်ခြင်းဟို ပျက်ပြယ်စေရင်၊ အဲမျက်စေ့ဟို ထုတ်ပင်း လောပစ်လော့။ မျက်စေ့ နေလုံးပါလျက် ငရဲမီးထဲဟို လောချခြင်း ခံရတာထက် မျက်စေ့တလုံးနဲ့ အသက်ဆှင်ခြင်းသို့ ဝင်စားခြင်းဟ နင့်အတွက် သာယွေ့ကောင်းအယ်။
MAT 18:10 “နင်လို့ဟ ဟေလူပဲ့သူငယ်ထဲမှ တစုံတယောက်ဟို မထီမဲ့မြင် မလုပ်မိစေဖို့ သတိထားကြလော့။ နင်လို့အား ငါပြောတာဟ၊ သူလို့ရဲ့ ခေါန်းခင်တမန်များဟ ခေါန်းခင်ဘုံဆှင် ငါ့ခမည်းတော်ရဲ့ မျက်မှောက်နှိုက် အမြဲတမ်း ခစားလျက် ဆိကြအယ်။
MAT 18:11 
MAT 18:12 “နင်လို့ဟ စလို ထင်ကြလုန်း။ လူတယောက်ဟ မိမိမှာ ဆိလဲ့ သိုးကောင် ၁၀၀ အနက် တကောင် ပျောက်သွားရင် သူဟ ၉၉ ကောင်ဟို တောင်ပေါ်စားကျက်တွင် ထားခဲ့ပင်းရင် ပျောက်သော သိုးတကောင်ဟို လိုက်ယွေ့ မဆာဘဲ နေမလော။
MAT 18:13 ပျောက်သောသိုးတကောင်ဟို ဆာယွေ့ တွေ့သောအခါ မပျောက်တဲ့ သိုး ကိုးဆယ့်ကိုးကောင်အတွက် ဝမ်းသာတာထက် အဲသိုးတကောင်အတွက် ပိုယွေ့ ဝမ်းသာအယ် ဟု နင်လို့အား ငါ အမန်အကန် ပြောအယ်။
MAT 18:14 အဲနည်းတူစွာ ခေါန်းခင်ဘုံနှိုက် ဆိသော နင်လို့ရဲ့ အဖဟလည်း ဟေလူပဲ့သငယ် တစုံတယောက် ပျောက်ဆုံးသွားတာဟို အလိုတော်မဆိ။
MAT 18:15 “နင်ရဲ့ ညီအကိုဟ နင့်ဟို ပစ်မားလျှင် သူ့အပစ်ဟို ဟောပြဖို့ သူ့ဆေဟို သွားလော့။ အဲလိုလဲ နင်လို့ သီးသန့်တွေ့ပင်း ပြောလော့။ နင့်ရဲ့ စကားဟို နားထောင်ရင် အဲညီအကိုနဲ့ နင်ဟ ပြန်ယွေ့ သင့်မြတ်သွားလေပီ။
MAT 18:16 အဲလိုလဲ သူဟ နင့်ရဲ့ စကားဟို နားမထောင်ရင် ‘သက်သေ နေယောက် အဲဟာမဟုတ်ရင် သုံးယောက်ရဲ့ ထွက်ဆိုချက်အားဖြင့် စကားအားလုံး အတည်ဖြစ်စေရန်’ ကျမ်းစာလာလဲ့အတိုင်း တယောက် အဲဟာမဟုတ်ရင် နေယောက်ဟို ခေါ်လော့။
MAT 18:17 အားပင်း သူဟ အဲသူလို့ရဲ့ စကားဟိုလည်း နားမထောင်ပြန်ရင် အေးအကျောန်းအရာအားလုံးဟို အသင်းတော်အား တိုင်ကြားလော့။ နောက်ဆုံးမှာ သူဟ အသင်းတော်ရဲ့ စကားဟိုပင် နားမထောင်ရင် အဲသူအား ဘုရားမဲ့သူ တယောက် အဲဟာမဟုတ်ရင် အခွန်ခံသူ တယောက်လိုမျိုး မှတ်ယူလော့။
MAT 18:18 “နင်လို့အား ငါ အမန်အကန် ပြောတာဟ မြေကြီးပေါ်တွင် နင်လို့ တားမြစ်သမျှဟို ခေါန်းခင်ဘုံနှိုက် တားမြစ်ပင်း မြေကြီးပေါ်တွင် နင်လို့ ခွင့်ပြုသမျှဟို ခေါန်းခင်ဘုံနှိုက် ခွင့်ပြုလိမ့်မယ်။
MAT 18:19 “အားပင်း နင်လို့အား ငါ အမန်အကန်ပြောတာဟ လောကတွင် နင်လို့အနက် လူနေယောက်လို့ဟ သဘောတူပင်း ဆုတောင်းလဲ့ အရာအားလုံးအတွက် ခေါန်းခင်နှိုက်ဆိသော ငါရဲ့အဖဟ သူလို့အတွက် အေးအရာဟို ပြေ့စုံစေမယ်။
MAT 18:20 အကျောန်းမှာ လူနေယောက် အဲဟာမဟုတ်ရင် သုံးယောက်လို့ဟ ငါ့နာမဖြင့် တနေရာရာတွင် စုဝေးကြသောအခါ အဲနေရာတွင် သူလို့နဲ့ အတူ ငါဆိမယ်” ဟု မိန့်အယ်။
MAT 18:21 အဲပင်းရင် ပေတရုဟ ယေရှုဆေဟို လာယွေ့ “သခင်ဘုရား၊ ငါရဲ့ ညီအကိုဟ ငါ့ဟို ပစ်မားရင် သူ့အား ဖယ်နေကြိမ်လောက် ခွင့်လွှတ်ရမလုန်း။ ခုနေကြိမ် တိုင်အောန်လော” ဟု မေးဆှောက်အယ်။
MAT 18:22 ယေရှုဟ “ခုနေကြိမ်တိုင်အောန် ဟု နင့်အား ငါမဆိုဘဲ အကြိမ် ခုနေဆယ် ခုနေလီ တိုင်အောန် ဟု ငါဆိုအယ်။
MAT 18:23 အဲလိုမို့ ခေါန်းခင်နိုင်ငံတော်ဟ မိမိရဲ့ အစေခံများနဲ့ စာရင်းဆှင်း လိုလဲ့ ဘုရင်တပါးနဲ့ တူအယ်။
MAT 18:24 သူဟ စာရင်းစပင်း ဆှင်းစဉ် ဆွေ မုတ်တသောင်း ကြွေးတင်သူ လူတယောက်ဟို သူ့ဆေဟို ခေါ်ခဲ့ကြအယ်။
MAT 18:25 အဲသူဟ အကြွေးဆပ်စရာ မဆိသောကျောန့် ဘုရင်ဟ အဲသူနဲ့ တကွ သား ပေါင်အိုမ၊ ပစ္စည်းဥစ္စာဆိသမျှလို့ဟို ရောင်းယွေ့ ဆပ်ပေးစေရန် အမိန့်ချမှတ်အယ်။
MAT 18:26 အဲအခါ အစေခံဟ ဘုရင်ရဲ့ ဆေ့တွင် ပျပ်ဝပ်လျက် ‘ငါ့ဟို သည်းခံတော်မူပါ၊ ဆိသမျှဟို ငါ ဆပ်မယ်’ ဟု ဆှောက်အယ်။
MAT 18:27 ဘုရင်ဟ သူ့ဟို သနားသောကျောန့် အကြွေးဟို ခွင့်လွှတ်ပေးယွေ့ သူ့ဟို သွားခွင့်ပြုအယ်။
MAT 18:28 “အဲလိုလဲ အေးအစေခံဟ ထွက်သွားသောအခါ မိမိအား ငွေဒင်္ဂါးတရာ အကြွေးတင်သောသူ အစေခံချင်း တယောက်ဟို မျော်အယ်။ သူဟို ဖမ်းယွေ့ လည်ပင်းညစ်ပင်း ‘နင်ဆပ်ရန် ဆိသော အကြွေးဟို ပြန်ဆပ်လော့’ ဟု ဆိုအယ်။
MAT 18:29 အဲအစေခံချင်းဟ ဒူးထောက်လျက် ‘ငါ့ဟို သည်းခံပါ၊ နင့်အား အကြွေး ပြန်ဆပ်ပါမယ်’ ဟု တောင်းပန်အယ်။
MAT 18:30 အဲလိုလဲ သူဟ လက်မခံဘဲနေအယ်။ အဲအစား သူဟ သွားပင်း အေးသူဟို သူယူထားလဲ့ အကြွေးအား ပြန်ဆပ်လဲ့တိုင်အောင် သူ့ဟို ထောင်ထဲထည့်ထားလေအယ်။
MAT 18:31 အဲအဖြစ်အပျက်ဟို အခြားသော အစေခံချင်းလို့ သိမျော်သောအခါ ရမ်းဆာ့ စိတ်မကောင်းဖြစ်ပင်း မိမိလို့ရဲ့ သခင်ဆေဟို သွားပင်းလျှင် ဖြစ်ပျက်သမျှအားလုံးလို့ဟို ဆှောက်ထားကြအယ်။
MAT 18:32 အဲအခါ သခင်ဟ အဲကျွန်ဟို ခေါ်ယွေ့ ‘ဆိုးညစ်သော အစေခံ၊ နင်ဟ ငါ့ဟို တောင်းပန်သောကျောန့် နင်ပေးဆပ်ရန် အကြွေးဆိသမျှဟို ငါပယ်ဖျက်ခဲ့အယ်။
MAT 18:33 နင့်ဟို ငါသနားသလို နင်ဟလည်း အစေခံချင်းဟို မသနားသင့်ဝူးလော’ ဟု ဆိုအယ်။
MAT 18:34 သူရဲ့ သခင်ဟ အူထော့ယွေ့ အကြွေးဆိသမျှ ပြန်ဆပ်လဲ့တိုင်အောင် သူ့ဟို အကျဉ်းချနှိပ်စက်သောသူ လက်ဟို အပ်လေအယ်။
MAT 18:35 “အေးစာဟ နင်လို့သည် ညီအကိုအား စိတ်နေလုံးထဲမှ ခွင့်မလွှတ်ရင် ခေါန်းခင်ဘုံနှိုက် ဆိသော ငါရဲ့ အဖဟလည်း နင်လို့ဟို အဲတိုင်းတိုင်းပြုလိမ့်မယ်” ဟု မိန့်အယ်။
MAT 19:1 ယေရှုဟ ဟေသို့မိန့်ပင်းသောအခါ ဂါလိလဲပြေမှ ထွက်ခွာယွေ့ ယော်ဒန်မြစ်တဖက်ကမ်း ယုဒပြေဟို သွားအယ်။
MAT 19:2 လူအုပ်ကြီးဟ ကိုယ်တော်နောက်ဟို လိုက်ကြပင်း အဲအရပ်တွင် ကိုယ်တော်ဟ သူလို့ဟို ကျန်းမာစေအယ်။
MAT 19:3 ဖာရိရှဲအချို့လို့ဟ ကိုယ်တော်ဟို စမ်းချင်သောကျောန့် အထံတော်ဟို လာပင်း “လူတယောက်ဟ စလို အကျောန်းကျောန့်မဆို မိမိရဲ့ ပေါင်အိုမနဲ့ ကွာဆှင်းခြင်းဟ ငါလို့ရဲ့ ဥပဒေနဲ့ ညီသလော” ဟု မေးဆှောက်ကြအယ်။
MAT 19:4 ယေရှုဟ “ဖန်ဆင်းဆှင်သည် အစအဦးကပင် ယောက်ျားနဲ့ မိန်းမအဖြစ် ဖန်ဆင်းအယ် ဟူသော ကျမ်းစကားဟို နင်လို့ မဖတ်ဖူးကြသလော။
MAT 19:5 အားပင်း ဘုရားသခင်ဟ ‘ဟေအကျောန်းကျောန့် ယောက်ျားဟ ကိုယ့်မိဘဟို စွန့်ယွေ့ မိမိပေါင်အိုမနဲ့ ပေါင်းသင်းနေထိန်ပင်း အဲသူနေယောက်ဟ တသားတည်း ဖြစ်ကြလိမ့်မယ်။’
MAT 19:6 အဲလိုမို့ သူလို့ဟ နေဦးမဟုတ်ဘဲ တဦးတည်း ဖြစ်အယ်။ အဲကျောန့် ဘုရားသခင် စုံဖက်ပေးတာဟို လူဟ မခွဲခွာစေနဲ့” ဟု မိန့်အယ်။
MAT 19:7 ဖာရိရှဲလို့ဟ ကိုယ်တော်ဟို “အဲသို့ဖြစ်ရင် မစာကျောန့် သူဟ မိမိရဲ့ ပေါင်အိုမဟို ကွာဆှင်းစာချုပ်နဲ့ ကွာဆှင်းရန် မောရှေ ပညတ်ခဲ့လုန်း” ဟု မေးဆှောက်ကြအယ်။
MAT 19:8 ယေရှုဟ “နင်လို့သည် သင်ရခက်သူများ ဖြစ်သောကျောန့် မောရှေဟ နင်လို့အား ပေါင်အိုမနဲ့ ကွာဆှင်းခွင့် ပေးခဲ့ခြင်း ဖြစ်ပေမဲ့ မူလအစဟ အေးလိုမျိုး မဟုတ်။
MAT 19:9 နင်လို့အား ငါပြောတာဟ မိမိရဲ့ပေါင်အိုမအား အကျင့်ဖောက်ပြန်လဲ့ အပစ်မှတပါး အခြား စလို အပစ်ကျောန့် မဆို ကွာဆှင်းယွေ့ အခြားအမျိုးသမီးတယောက်နဲ့ အိုင်ထောင်ပြုသူဟ အိုင်ထောင်ရေးဖောက်ပြန်အယ်” ဟု မိန့်အယ်။
MAT 19:10 တဘဲ့တော်လို့ဟ ကိုယ်တော်အား “လင်နဲ့ မယား ပေါင်းသင်းဆက်ဆံမှုဟ ဟေသို့ဖြစ်လျှင် အိုင်ထောင် မပြုဘဲနေတာဟ ပိုယွေ့ ကောင်းအယ်” ဟု ဆှောက်ကြအယ်။
MAT 19:11 ယေရှုဟ “ဟေသင်ကြားခြင်းသည် လူတိုင်း ခံယူနိန်တာ မဟုတ်၊ အဲလိုလဲ ဘုရားသခင် ခွင့်ပြုသူများသာလျှင် ခံယူကြအယ်။
MAT 19:12 အကျောန်းမှာ ယောက်ျားများ အိုင်ထောင် မပြုနိန်ကြတာဟ ကွဲပြားသော အကျောန်းအမျိုးမျိုးကျောန့် ဖြစ်အယ်။ တချို့မှာ အေးလိုမျိုး မွေးဖွားလာသောကျောန့် ဖြစ်အယ်၊ တချို့မှာ အဲနည်းအတိုင်း ယောက်ျားများဟ သူလို့ နည်းလမ်းအတိုင်း လုပ်ဆောင်သောကျောန့် ဖြစ်အယ်၊ အချို့မှာ ခေါန်းခင်နိုင်ငံတော်အတွက် အိုင်ထောင်ပြုနိန်စွမ်းဟို တတ်တိုင်း စွန့်လွတ်ရသူများလည်း ဆိကြအယ်။ အေးသင်ကြားမှုဟို လက်ခံနိန်သော သူဟ ခံယူစေ” ဟု မိန့်အယ်။
MAT 19:13 လူအချို့လို့ဟ လူပဲ့သူငယ်များအပေါ် လက်တော်တင်ပင်း ဆုတောင်းပေးစေခြင်းငှာ အထံတော်ဟို ခေါ်ဆောင်လာကြပေမဲ့ တဘဲ့တော်လို့ဟ လူလို့ဟို ငေါက်ငမ်းကြအယ်။
MAT 19:14 ယေရှုဟ “လူပဲ့သူငယ်လို့ ငါ့ဆေဟို လာကြစေ၊ အားပင်း သူလို့ဟို မတားဆီးကြနဲ့။ ပစာကို့ ခေါန်းခင်နိုင်ငံတော်ဟ အဲသို့သော သူလို့ရဲ့ နိုင်ငံဖြစ်အယ်” ဟု မိန့်အယ်။
MAT 19:15 ကိုယ်တော်ဟ သူလို့အပေါ်မှာ လက်တော်တင်ပင်း အဲအရပ်မှ ထွက်ကြွအယ်။
MAT 19:16 လူတယောက်ဟ ယေရှုဆေဟို လာယွေ့ “ဆရာ၊ ထာဝရအသက်ဟို ရဖို့ ငါဟ မစာ ကောင်းမြတ်တဲ့ အမှုဟို ပြုရမှာလုန်း” ဟု မေးဆှောက်အယ်။
MAT 19:17 ယေရှုဟ “နင်သည် ကောင်းမြတ်လဲ့အမှုနဲ့ ပတ်သက်ယွေ့ ငါ့အား မစာကျောန့် မေးလုန်း။ ကောင်းမြတ်သော အဆှင် တပါးတည်းသာ ဆိအယ်။ နင်ဟ ထာဝရအသက်ဟို ခံယူလိုလျှင် ပညတ်တော်လို့ဟို စောင့်ထိန်းလော့” ဟု မိန့်အယ်။
MAT 19:18 အဲသူဟ “မစာ ပညတ်တော်များလုန်း” ဟု ဆှောက်ရင် ယေရှုဟ “လူ့အသက်ဟို မသတ်နဲ့၊ အိုင်ထောင်ရေးမဖောက်ပြန်နဲ့၊ သူ့ဥစ္စာဟို မခိုးနဲ့၊ မမန်သော သက်သေဟို မခံနဲ့။
MAT 19:19 မိဘဟို ရိုသေစွာပြုလော့၊ အိုင်နီးချင်းဟို ကိုယ်နဲ့အမျှ ချစ်လော့” ဟု မိန့်အယ်။
MAT 19:20 အဲလူငယ်ဟလည်း “ငါဟ အဲပညတ်အပေါင်းဟို စောင့်ထိန်းပီ၊ ငါ့တွင် မစာအရာ လိုနေသေးလုန်း” ဟု ပြန်လည်ဆှောက်ထားအယ်။
MAT 19:21 ယေရှုဟ “နင်ဟ ပြည့်စုံသောသူဖြစ်လိုလျှင် သွားပင်း နင့်ဥစ္စာဆိသမျှဟို ရောင်းပင်းလျှင် ဆင်းရဲသူလို့အား ပေးကမ်းလော့၊ အားပင်း နင်ဟ ခေါန်းခင်ဘုံတွင် ဘဏ္ဍာဟို ရလိမ့်မယ်။ အဲပင်းရင် လာယွေ့ ငါ့နောက်သို့ လိုက်လော့” ဟု မိန့်အယ်။
MAT 19:22 လူငယ်ဟ ရမ်းဆာ့ ချမ်းသာသူ ဖြစ်သောကျောန့် အဲစကားဟို ကြားသောအခါ ဝမ်းနည်းလျက် ထွက်သွားလေအယ်။
MAT 19:23 အဲပင်းရင် ယေရှုဟ တဘဲ့တော်လို့အား “နင်လို့အား ငါ အမန်အကန် ပြောတာဟ ချမ်းသာသူဟ ခေါန်းခင်နိုင်ငံတော်ဟို ဝင်နိန်ရန် ခက်ခဲ့လအယ်။
MAT 19:24 တဖန် ငါ နင့်ဟို ပြောတာဟ၊ ချမ်းသာသောသူသည် ဘုရားသခင်ရဲ့ နိုင်ငံတော်ဟို ဝင်ဖို့ထက် အပ်နဖားပေါက်မှ ကုလားအုတ် လျှိုဝင်ရန် လွယ်ကူအယ်” ဟု မိန့်အယ်။
MAT 19:25 တဘဲ့တော်လို့ဟ အဲစကားဟို ကြားသောအခါ ရမ်းဆာ့ အံ့ဩကြသဖြင့် “အဲလိုမို့ စသူဟ ကယ်တင်ခြင်းဟို ရနိန်လုန်း” ဟု မေးဆှောက်ကြအယ်။
MAT 19:26 ယေရှုဟ သူလို့ဟို စိုက်ကျေ့လျက် “ဟေအရာဟ လူလို့အတွက် မဖြစ်နိန်ပေမဲ့လည်း ဘုရားသခင်အတွက် အရာအားလုံးဟ ဖြစ်နိန်အယ်” ဟု မိန့်အယ်။
MAT 19:27 အဲပင်းရင် ပေတရုဟ “ကျေ့မန့်၊ ငါလို့ဟ အရာအားလုံးဟို စွန့်ယွေ့ ကိုယ်တော်ရဲ့ နောက်တော်သို့ လိုက်ခဲ့ကြပီ။ ငါလို့ ပစာအရာဟို ရမလုန်း” ဟု ဆှောက်လေအယ်။
MAT 19:28 ယေရှုဟ သူလို့အား “ငါ အမန်အကန် နင်လို့ဟို ပြောတာဟ အသစ်ပြုပြင်ရာ ကာလတွင် လူသားဟ ဘုန်းအသရေနဲ့ ပြေ့စုံလဲ့ ပလ္လင်တော်မှာ ထိန်သောအခါ ငါရဲ့ တဘဲ့ဖြစ်သူ နင်လို့ဟလည်း ပလ္လင် တဆယ့်နေခုပေါ်မှာ ထိန်ယွေ့ ဣသရေလ အနွယ်တဆယ့်နေမျိုးဟို တရားစီရင် ရလိမ့်မယ်။
MAT 19:29 အားပင်း ငါ့အတွက်ကျောန့် နေအိုင်၊ လယ်၊ ညီအကို၊ နှမ၊ မိဘ၊ သားသမီးဖြစ်စေ စွန့်သောသူတိုင်းဟ အဆတရာမျှ အကျိုးဟို ရဆိပင်း ထာဝရအသက်ဟိုလည်း အမွေခံ ရလိမ့်မယ်။
MAT 19:30 အဲလိုလဲ နောက်ကျသောသူ အများလို့ဟ အရင်ကျပင်း အရင်ကျသောသူ အများလို့ဟ နောက်ကျကြလိမ့်မယ်။”
MAT 20:1 “ခေါန်းခင်နိုင်ငံတော်သည် မခင်အခါဟ လူတယောက်သည် မိမိရဲ့ စပျစ်ဥယျာဉ်အတွက် အလုပ်သမားများဟို ငှားရန် နက်စာစောစော ထွက်သွားသောသူနဲ့တူအယ်။
MAT 20:2 သူဟ တနေ့လျှင် ငွေဒင်္ဂါး တပြားနဲ့ သဘောတူသဖြင့် သူလို့အား မိမိရဲ့ စပျစ်ဥယျာဉ်ဟို စေလွှတ်လိုက်အယ်။
MAT 20:3 သူဟ နက်စာ ကိုးနာရီခန့်တွင် ဆေးရပ်ကွက်ဟို ထွက်လာရာ တခြားသူများ အလုပ်မဲ့ ရပ်နေတာဟို မျော်အယ်။
MAT 20:4 အဲသူလို့အား ‘နင်လို့ဟ ငါ့ စပျစ်ဥယျာဉ်ဟို သွားပင်း အလုပ်လုပ်ကြ။ သင့်တင့်သော လုပ်အားခဟို ငါပေးမယ်’ ဟု ဆိုသဖြင့်
MAT 20:5 သူလို့ဟ သွားကြအယ်။ အဲနောက် သူဟ မွန်းတည့်ချိန်နဲ့ မွန်းလွဲ သုံးနာရီခန့်တွင် တခါထွက်သွားပင်း အဲတိုင်းတိုင်းလုပ်အယ်။
MAT 20:6 ညနေ ငါးနာရီနှိုက် ထွက်သွားယွေ့ အခြားသောသူလို့ ရပ်လျက်နေတာဟို မျော်အယ်။ သူဟ သူလို့အား ‘နင်လို့ မစာကျောန့် တနေ့လုံး အလုပ်မလုပ်ဘဲ ဟေနေရာတွင် ရပ်နေကြလုန်း’ ဟု မေးအယ်။
MAT 20:7 သူလို့ဟ ‘ငါလို့အား စသူမျှ မငှားသောကျောန့် ဖြစ်အယ်’ ဟု ပြန်ပြောကြအယ်။ ဥယျာဉ်ဆှင်ဟ ‘နင်လို့လည်း ငါ့ စပျစ်ဥယျာဉ်ဟို သွားပင်း အလုပ်လုပ်ကြ’ ဟု ဆိုအယ်။
MAT 20:8 “ညနေခင်းချိန် ရောက်လာသောအခါ ဥယျာဉ်ဆှင်ဟ မိမိရဲ့ စီမံခန့်ခွဲရေးမှူးအား ‘အလုပ်သမားများဟို ခေါ်ယွေ့ နောက်ဆုံး အလုပ်ဝင်သူများမှ အစပြုပင်း ပထမဆုံး အလုပ်ဝင်သူများတိုင်အောန် အားခများဟို ပေးလော့’ ဟု ဆိုအယ်။
MAT 20:9 ငါးနာရီချိန်တွင် စပင်းအလုပ်လုပ်သော သူလို့ဟ ငွေဒင်္ဂါး တပြားစီရအယ်။
MAT 20:10 အဲလိုမို့ ပထမဆုံး ငှားလဲ့ အလုပ်သမားများ လာကြသောအခါ သူလို့ဟ ပိုပင်း ရမယ် ဟု ထင်ထားကြပေမဲ့ သူလို့ဟလည်း ငွေဒင်္ဂါးတပြားစီ ရကြအယ်။
MAT 20:11 သူလို့ဟ သူလို့ရဲ့ အားခဟို ယူပင်း စတင်ကာ ဥယျာဉ်ဆှင်ဟို ကဲ့ရဲ့ပစ်တင်ကြအယ်။
MAT 20:12 ‘နောက်ဆုံးလာသော ဟေသူလို့ဟ တနာရီလောက်သာ အလုပ်လုပ်ကြရအယ်။ ငါလို့မူ တနေကုန် နေပူကြဲကြဲတွင် ပင်ပန်းစွာ လုပ်ကိုင်ကြရပေမဲ့လည်း အဆှင်ဟ ငါလို့အား အဲသူလို့နဲ့ ညီတူမျှတူ အားခပေးအယ် ဟုတ်မောင့်လဲ့။’
MAT 20:13 ဥယျာဉ်ဆှင်ဟ သူလို့ထဲမှ တယောက်အား ‘နားထောင်ပါ၊ မိတ်ဆွေ၊ ငါဟ နင့်ဟို မတရားပြုတာ မဟုတ်။ နင်ဟ တနေ့လျှင် ငွေဒင်္ဂါး တပြားနဲ့ အလုပ်လုပ်ရန် သဘောတူခဲ့တာ မဟုတ်လော။
MAT 20:14 အခု နင့်ရဲ့ အားခဟို ယူယွေ့ အိုင်ဟို သွားလော့။ နောက်ဆုံးငှားလဲ့ ဟေအလုပ်သမားအား နင့်ဟို ပေးသလို ငါပေးလိုအယ်။
MAT 20:15 ငါဟ ငါပိုင်လဲ့ ငွေဟို ပြုလိုသမျှ မပြုရသလော။ အဲဟာမဟုတ်ရင် ငါသဘော ကောင်းသောကျောန့် နင် မနာလိုစိတ် ဆိသလော’ ဟု ဆိုအယ်။”
MAT 20:16 အားပင်း ယေရှုဟ “အဲနည်းတူ နောက်ကျသော သူလို့ဟ အရင်ကျကြလိမ့်မယ်။ အရင်ကျသော သူလို့ဟ နောက်ကျကြလိမ့်မယ်” ဟု မိန့်အယ်။
MAT 20:17 ယေရှုဟ ယေရုရှလင်မြို့ဟို တက်ကြွစဉ် လမ်းခရီးနှိုက် တဘဲ့တော် တဆယ့်နေပါးလို့အား မလှမ်းမကမ်းဟို သီးသန့် ခေါ်ဆောင်ပင်းရင်၊
MAT 20:18 “နားထောင်ကြလော့၊ ငါလို့ဟ ယေရုရှလင်မြို့သို့ တက်သွားကြအယ်။ အဲမြို့တွင် လူသားဟ ယဇ်ပုရောဟိတ်ကြီးများနဲ့ ကျမ်းတတ်ဆရာများရဲ့ လက်ထဲအပ်နှံခြင်းဟို ခံရလိမ့်မယ်။ သူလို့ဟ သေဒဏ်စီရင်ကြလိမ့်မယ်။
MAT 20:19 အားပင်း တပါးအမျိုးသားလို့ရဲ့ လက်သို့ အပ်နှံကြလိမ့်မယ်။ ပြက်ရယ်ပြုခြင်း၊ ရိုက်နှက်ခြင်း၊ လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်ကြပေမဲ့ သုံးရက်မြောက်သောနေ့နှိုက် လူသားဟ ထမြောက်လိမ့်မယ်” ဟု မိန့်အယ်။
MAT 20:20 အဲပင်းရင် ဇေဗေဒဲရဲ့ ပေါင်အိုမဟ သားများနဲ့အတူ ယေရှုဆေ ချဉ်းကပ်ပင်း ဦးချရှိခိုးလျက် မျက်နှာသာပေးဖို့ ပြောလေအယ်။
MAT 20:21 ယေရှုဟ သူမဟို “နင် မစာအရာဟို အလိုဆိလုန်း” ဟု မေးရင်၊ သူဟ “ကိုယ်တော်ရဲ့ နိုင်ငံတွင် ဘုရင်အဖြစ်အုပ်စိုးသောအခါ ကျွန်မရဲ့သား နေယောက်လို့ဟ လက်ယာတော်ဘက်နှိုက် တယောက်နဲ့ လက်ဝဲတော်ဘက်နှိုက် တယောက် ထိန်ရသော အခွင့်ပေးပါ” ဟု ဆှောက်လေအယ်။
MAT 20:22 ယေရှုဟ “နင်လို့သည် စလိုအရာအတွက် တောင်းဆှောက်နေတာဟို နင်လို့ မသိကြ၊ ငါသောက်ရမဲ့ ဒုက္ခဝေဒနာမုတ်ဟို နင်လို့ သောက်နိန်ကြသလော” ဟု မေးအယ်။ သူလို့ဟ “ငါလို့ သောက်နိန်မန့်အယ်” ဟု ဆှောက်ထားကြအယ်။
MAT 20:23 ယေရှုဟ “နင်လို့သည် ငါရဲ့ မုတ်မှ အမန်ပင် သောက်ရကြပေမဲ့ ငါရဲ့ လက်ယာဘက်နဲ့ လက်ဝဲဘက်လို့နှိုက် ထိန်ရသောအခွင့်ဟို ငါပေးတာ မဟုတ်။ ဟေနေရာဟ ငါ့ရဲ့အဖ ပြင်ဆင်ထားသူများ အတွက်သာ ဖြစ်အယ်” ဟု မိန့်အယ်။
MAT 20:24 ဟေအကျောန်းအရာဟို အခြား တဘဲ့တော် ဆယ်ဦးလို့ ကြားသောအခါ သူလို့ဟ အဲညီအကိုနေယောက်ဟို အူထော့ကြအယ်။
MAT 20:25 ယေရှုဟ သူလို့ဟို အတူတကွ ခေါ်လျက် “လူမျိုးခြားလို့တွင် အုပ်ချုပ်သူလို့ဟ ပြည်သူလို့အပေါ် စိုးမိုးခြယ်လှယ်ကြယွေ့ အကြီးအကဲလို့ဟ သူလို့အပေါ် အာဏာသုံးတတ်ကြတာဟို နင်လို့ သိကြအယ်။
MAT 20:26 နင်လို့ဟတော့ အဲလိုမပြုကြနဲ့။ အဲအစား၊ နင်လို့တွင် ကြီးမြတ်သောသူဖြစ်လိုသူဟ နင်လို့ရဲ့ အစေခံ ဖြစ်ရမယ်။
MAT 20:27 ဦးရင်ဆုံးဖြစ်ချင်သောသူဟ နင်လို့ရဲ့ ကျွန်ဖြစ်ရမယ်။
MAT 20:28 လူသားပင်လျှင် သူတပါးအား အစေခံရန် ကြွလာတာ မဟုတ်။ အဲလိုလဲ သူတပါးရဲ့ အစေဟိုခံရန်နဲ့ မိမိအသက်ဟို စွန့်ယွေ့ လူများအား ရွေးနုတ်ရန် ကြွလာသတည်း” ဟု မိန့်အယ်။
MAT 20:29 ယေရှုနဲ့ တဘဲ့တော်လို့ဟ ယေရိခေါမြို့မှ ထွက်ခွာလာကြစဉ် လူအုပ်ကြီးဟ နောက်တော်ဟို လိုက်ကြအယ်။
MAT 20:30 ယေရှု ကြွသွားကျောန်းဟို လမ်းအနီးတွင် ထိန်နေသော မျက်စေ့ မမျော်သောသူနေယောက်လို့ဟ ကြားယွေ့ “ဒါဝိဒ်ရဲ့သားတော် သခင်ဘုရား၊ ငါလို့ဟို သနားမန့်” ဟု စတင် အော်ကြအယ်။
MAT 20:31 လူအုပ်ကြီးလို့ဟ သူလို့အား တိတ်တိတ်နေရန် ငေါက်ငမ်းပြောဆိုကြပေမဲ့ သူလို့ဟ “ဒါဝိဒ်ရဲ့သားတော် သခင်ဘုရား၊ ငါလို့ဟို သနားမန့်” ဟု ပိုပင်းအော်ကြအယ်။
MAT 20:32 ယေရှုဟ ရပ်တန့်ယွေ့ အဲသူလို့အား အထံတော်ဟိုခေါ်ပင်းလျှင် “နင်လို့အတွက် မစာအရာဟို ပြုစေလိုလုန်း” ဟု မေးအယ်။
MAT 20:33 သူလို့ဟ “သခင်ဘုရား၊ ငါလို့အား မျက်စေ့ပြန်ယွေ့ မျော်ချင်ပါအယ်” ဟု ဆှောက်ကြအယ်။
MAT 20:34 ယေရှုဟ သူလို့ဟို သနားသဖြင့် သူလို့ရဲ့မျက်စေ့ဟို လက်နဲ့ တို့အယ်။ အဲသူလို့ဟ ခုတင်ချင်းပင် မျက်စေ့မျော်ယွေ့ နောက်တော်ဟို လိုက်ကြအယ်။
MAT 21:1 ယေရှုနဲ့ တဘဲ့တော်လို့ဟ ယေရုရှလင်မြို့ဟို ချဉ်းကပ်လာပင်း သံလွင်တောင်အနီးဆိ ဗက်ဖာဂေရွာဟို ရောက်ကြစဉ်၊ ယေရှုဟ တဘဲ့တော်နေယောက်အား ဦးရင် စေလွတ်ယွေ့၊
MAT 21:2 “နင်လို့ ဆေ့တွင် ဆိသော ရွာဟို သွားကြလော့။ ကြိုးနဲ့လှန်ထားသော မြည်းမနဲ့ သူရဲ့ နားမှာဆိသော မြည်းသငယ်ဟို နင်လို့ ခုတင်ချင်း မျော်ရလိမ့်မယ်။ ကြိုးဟို ဖြေယွေ့ မြည်းများဟို ငါဆေ ယူခဲ့ကြလော့။
MAT 21:3 တစုံတယောက်ဟ နင်လို့အား တစုံတခုပြောရင် ‘သခင်အလိုဆိပါအယ်’ ဟု ပြောကြလော့။ အားပင်း သူဟ ခုတုံး ယူခွင့်ပြုလိမ့်မယ်” ဟူယွေ့ မိန့်အယ်။
MAT 21:4 ဟေအကျောန်းအရာဟ ပရောဖက် ဟောခဲ့လဲ့အတိုင်း အမန်တကယ် ဖြစ်ပျက်လာခြင်း ဖြစ်ယွေ့၊
MAT 21:5 “ကျေ့မန့်၊ နင်ရဲ့ ဘုရင်ဟ နင့်ဆေဟို ကြွလာပီ၊ အေးသူဟ နူးညံ့သိမ်မွေ့စွာဖြင့် မြည်းဟို စီးအယ်၊ ဝန်တင်သော တိရစ္ဆာန်ရဲ့ သား၊ မြည်းသငယ်ဟို စီးအယ်ဟု ဇိအုန်မြို့အား ပြောကြလော့။”
MAT 21:6 တဘဲ့တော် နေယောက်လို့ဟ ထွက်သွားပင်းရင် ယေရှု မိန့်မှာလဲ့အတိုင်း ဆောင်ရွက်ကြအယ်။
MAT 21:7 သူလို့ဟ မြည်းမနဲ့ မြည်းသငယ်ဟို ယူခဲ့ပင်း မိမိလို့ရဲ့ ဝတ်လုံများဟို လွားတင်ကြရာ ယေရှုဟ အဲအပေါ်မှာ ထိန်အယ်။
MAT 21:8 လူအုပ်ကြီးလို့ဟလည်း မိမိလို့ရဲ့ ဝတ်လုံများဟို လမ်းပေါ်မှာ ခင်းကြအယ်။ လူအချို့လို့ဟ သစ်ပင်များမှ အကိုင်းအခက်များဟို ခုတ်ပင်း လမ်းပေါ်မှာ ခင်းကြအယ်။
MAT 21:9 ကိုယ်တော်ရဲ့ဆေ့မှ သွားသော လူအုပ်ကြီးနဲ့ နောက်မှလိုက်သော လူအုပ်လို့ဟ “ဒါဝိဒ်ရဲ့ သားတော်အား ဟောရှဏ္ဏာ ဖြစ်စေသတည်း။ ထာဝရဘုရားရဲ့ နာမတော်နဲ့ ကြွလာသော အဆှင်ဟ မင်္ဂလာဆိစေသတည်း။ ဘုရားသခင်ရဲ့ ဂုဏ်တော်ဟို ချီးမွန်းကြစေသတည်း” ဟု ကြွေးကြော်ကြအယ်။
MAT 21:10 ယေရုရှလင်မြို့ဟို ကိုယ်တော် ဝင်လာသောအခါ တမြို့လုံး အုတ်အုတ်သဲသဲဖြစ်ပင်းရင် လူလို့ဟ “ဟေသူသည် စသူလုန်း” ဟု မေးမြန်းကြအယ်။
MAT 21:11 လူအုပ်ကြီးဟ “ဟေသူသည် ဂါလိလဲပြေ နာဇရက်မြို့သား ပရောဖက် ယေရှု ဖြစ်အယ်” ဟု ဖြေကြားကြအယ်။
MAT 21:12 ယေရှုဟ ဗိမာန်တော်ဟို ဝင်ပင်း ဗိမာန်တော် အထဲမှ ရောင်းဝယ်နေသူလို့ဟို မောင်းထုတ်အယ်။ ပိတ်ဆန်လဲသူလို့ရဲ့ စားပွဲများနဲ့ ချိုးငက်ရောင်းသူလို့ ထိန်ခုံများဟို လှန်လောပစ်အယ်။
MAT 21:13 အေးသူလို့အား “ ‘ငါအိုင်တော်ဟို ဆုတောင်းရာ အိုင်တော်ဟု ခေါ်ဝေါ်ခြင်းဟို ခံရလိမ့်မယ်’ ဟု ကျမ်းစာနှိုက် ရေးထားပေမဲ့လည်း နင်လို့ဟ အိုင်တော်ဟို ထားမြခိုအောင်းရာ ဖြစ်စေကြပီ ဟုတ်မောင့်လဲ့” ဟု မိန့်အယ်။
MAT 21:14 ဗိမာန်တော်တွင် မျက်မမြင်များနဲ့ ခြေမစွမ်းမသန်သူများဟ အထံတော်ဟို လာကြပင်း ကိုယ်တော်ဟ သူလို့ရဲ့ ရောဂါများဟို ပျောက်ကင်းစေအယ်။
MAT 21:15 ယဇ်ပုရောဟိတ်ကြီးများနဲ့ ကျမ်းတတ်ဆရာများဟ ကိုယ်တော် လုပ်သော အံ့ဩဖွယ် အမှုအရာများဟို မျော်ယွေ့ “ဒါဝိဒ်ရဲ့ သားတော်အား ဟောရှဏ္ဏာ ဖြစ်စေသတည်း” ဟု ဗိမာန်တော်ထဲတွင် လူပဲ့သငယ်လို့ အော်နေတာဟို ကြားကြသောအခါ အူထော့လျက်၊
MAT 21:16 သူလို့ဟ “ဟေလူပဲ့သငယ်လို့ ပစာအရာ ပြောဆိုနေတာဟို ကြားသလော” ဟု ယေရှုအား မေးဆှောက်ကြအယ်။ ယေရှုဟ “ငါကြားအယ်။ ‘လူပဲ့သငယ်များနဲ့ နို့စို့သူငယ်များအား ချီးမွန်းစေရန် ပြင်ဆင်ပေးပီ’ ဟူ သောကျမ်းစကားဟို နင်လို့ ပစာအခါမျှ မဖတ်ဖူးကြပါသလော” ဟု မိန့်အယ်။
MAT 21:17 အေးနောက် ယေရှုဟ မြို့မှ ထွက်ပင်းရင် ဗေသနိရွာဟို ကြွယွေ့ အဲရွာနှိုက် တညတာကုန်စေအယ်။
MAT 21:18 ယေရှုဟ နက်စာစောစော မြို့သို့ပြန်လည်ကြွလာစဉ် မွတ်အယ်။
MAT 21:19 လမ်းတွင် သင်္ဘောသဖန်းပင် တပင်ဟို မျော်သဖြင့် အေးအပင်ဆိရာဟို သွားပေမဲ့ အပင်ပေါ်တွင် အရွက်များမှ လွဲယွေ့ စလိုအရာဟိုမျှ မတွေ့။ အဲလိုမို့ ကိုယ်တော်ဟ အေးအပင်အား “နင်ဟ နောင်ပစာအခါနှိုက် အသီးမသီးစေနဲ” ဟု မိန့်အယ်။ သင်္ဘောသဖန်းပင်ဟလည်း ခုတုံးပင် နွမ်းခြောက်သွားလေအယ်။
MAT 21:20 အေးအရာဟို တဘဲ့တော်လို့ မျော်ရင် အံ့ဩကြအယ်။ သူလို့ဟ “သင်္ဘောသဖန်းပင်သည် ပစာသို့ အမြန် နွမ်းခြောက်သွားသလုန်း” ဟု အချင်းချင်းမေးကြအယ်။
MAT 21:21 ယေရှုဟ “နင်လို့အား ငါ အမန်အကန် ပြောတာဟ နင်လို့ဟ သံသယကင်းသော ယုံကြည်ခြင်းဆိရင် သင်္ဘောသဖန်းပင်ဟို ငါလုပ်သလို လုပ်နိန်တာသာမက ဟေတောင်အား ‘ဟေနေရာမှ ရွေ့ပင်း ပင်လယ်ထဲဟို ကျလော’ ဟု ပြောရင် ပြောလဲ့အတိုင်း ဖြစ်လိမ့်မယ်။
MAT 21:22 နင်လို့ဟ ယုံကြည်ခြင်းဆိရင် ဆုတောင်းသမျှလို့ဟို ရဆိကြလိမ့်မယ်” ဟု မိန့်အယ်။
MAT 21:23 ယေရှုဟ ဗိမာန်တော်ဟို ပြန်လည်ကြွလာယွေ့ ဟောပြောသွန်သင်စဉ် ယဇ်ပုရောဟိတ်ကြီးများနဲ့ အသက်ကြီးသူများဟ အထံတော်ဟို လာပင်းရင် “နင်ဟ ဟေအမှုအရာများဟို ပစာအခွင့်အာဏာနဲ့ ပြုလုန်း။ အေးအခွင့်အာဏာဟို စသူဟ နင့်အားပေးလုန်း” ဟု မေးဆှောက်ကြအယ်။
MAT 21:24 ယေရှုဟ သူလို့အား “နင်လို့ဟို မေးခွန်းတခုဟို ငါမေးပင်း နင်လို့ ငါ့ဟို ဖြေရင် ဟေအမှုအရာများဟို ပစာအခွင့်အာဏာနဲ့ ငါလုပ်တာဟို ငါပြောမယ်။
MAT 21:25 ယောဟန် နှစ်ခြင်းမင်္ဂလာဟ ပစာကလာသလုန်း။ ခေါန်းခင် ဆေမှလော အဲဟာမဟုတ်ရင် လူလို့ ဆေမှသလော” ဟု မေးအယ်။ သူလို့ဟ အချင်းချင်း ငြင်းခုန်ကြကာ “‘ခေါန်းခင်မှ ဖြစ်အယ်’ ဟု ငါလို့ပြောရင် သူဟ ‘အဲလို့ဖြစ်ရင် ပစာကျောန့် သူ့ဟို မယုံကြလုန်း’ ဟု မေးလိမ့်မယ်။
MAT 21:26 အဲလိုလဲ ‘လူလို့ဆေမှ ဖြစ်အယ်’ ဟု ငါလို့ပြောရင် လူလို့ဟို ငါလို့ ကြောက်ရအယ်။ အကျောန်းမှာ သူလို့အားလုံးဟ ယောဟန်ဟို ပရောဖက်တပါးအဖြစ် မှတ်ယူကြအယ်” ဟု ပြောဆိုကြအယ်။
MAT 21:27 အဲလိုမို့ သူလို့ဟ “ငါလို့ မသိပါ” ဟု ပြန်ဖြေကြအယ်။ အေးအခါ ယေရှုဟ “ငါပြုလဲ့ အမှုအရာများဟို ပစာအခွင့်အာဏာနဲ့ ပြုတာဟိုလည်း နင်လို့အား ငါမပြော” ဟု မိန့်အယ်။
MAT 21:28 “နင်လို့ဟ ပစာသို့ ထင်ကြလုန်း။ လူတယောက်မှာ သားနေယောက်ဆိအယ်။ သူဟ ပထမ သားဆေဟို သွားပင်းရင် ‘ငါ့သား၊ ခုနေ့ စပျစ်ဥယျာဉ်ဟို သွားပင်း အလုပ်လုပ်လော့’ ဟု ဆိုအယ်။
MAT 21:29 သားကြီးဟ ‘ငါသွားချင်ဝူး’ ဟု ဖြေသော်လည်း နောက်မှ စိတ်ပြောင်းလဲသဖြင့် သွားလေအယ်။
MAT 21:30 အဲပင်းရင် အဖဟ တခြားသား ဆေဟို သွားပင်း အဲတိုင်းတိုင်း ပြောအယ်။ သူဟ ‘ဟုတ်ကဲ့ ဆရာ၊ ငါ သွားမယ်’ ဟု ဖြေသော်လည်း မသွားဘဲနေအယ်။
MAT 21:31 အေးသား နေယောက်လို့တွင် စသူဟ အဖရဲ့ အလိုဟို ဆောင်ခဲ့လုန်း” ဟု မေးအယ်။ အေးသူလို့ဟ “ပထမ သား ဖြစ်အယ်” ဟု ဖြေကြားကြအယ်။ ယေရှုဟ သူလို့အား “နင်လို့အား ငါ အမန်အကန် ပြောတာဟ အခွန်ခံသူများနဲ့ ပြည့်တန်ဆာများဟ နင်လို့ထက် အရင် ဘုရားသခင်ရဲ့ ခေါန်းခင်နိုင်ငံတော်ဟို ဝင်ကြလိမ့်မယ်။
MAT 21:32 အကျောန်းမှာ ယောဟန်ဟ ဖြောင့်မတ်သောအကျင့်ဟို ပြဖို့ နင်လို့ဆေဟို လာသော်လည်း နင်လို့ဟ သူ့ဟို မယုံကြည်ကြ။ အဲလိုလဲ အခွန်ခံသူများနဲ့ ပြည့်တန်ဆာများဟတော့ ယုံကြည်ကြအယ်။ ဟေအကျောန်းအရာဟို မျော်ရကြသောအခါနှိုက်ပင် နင်လို့ဟ နောင်တရယွေ့ သူ့ဟို ယုံကြည်လာခြင်း မဆိကြ။
MAT 21:33 “အခြားပုံဥပမာ တခုဟို နားထောင်ကြလော့” ဟု ယေရှုဟ ပြောအယ်။ “စပျစ်ဥယျာဉ်တခုဟို စိုက်ပျိုးသည့် မြေပိုင်ဆှင် တယောက်ဆိအယ်။ သူဟ စောင်းရန်း ကာယွေ့ စပျစ်သီးနယ်ရာကျင်းဟို တူးပင်း လင့်စင်တခုဟိုလည်း ဆောက်လုပ်အယ်။ အေးနောက် မိမိရဲ့ ဥယျာဉ်ဟို ခြံသမားလို့အား ငှားယွေ့ ခရီးထွက်သွားအယ်။
MAT 21:34 စပျစ်သီးပေါ်ချိန် နီးလာသောအခါ မိမိရဲ့ ငယ်သားများဟို ခြံသမားလို့ဆေ စေလွှတ်ပင်း သီးစားခ စပျစ်သီးများဟို တောင်းခံစေအယ်။
MAT 21:35 ခြံသမားလို့ဟ ငယ်သားများဟို ဖမ်းယွေ့ ရိုက်သူဟို ရိုက်၊ သတ်သူဟို သတ်၊ ခဲနဲ့ပစ်သူဟို ပစ်ကြအယ်။
MAT 21:36 ထပ်ပင်း ဥယျာဉ်ဆှင်ဟ ပထမအကြိမ်ထက် ငယ်သားများဟို ပိုပင်း စေလွှတ်ယွေ့ ခြံသမားလို့ဟ အေးငယ်သားများဟိုလည်း အရင်ခါတိုင်း လုပ်ကြပြန်အယ်။
MAT 21:37 နောက်ဆုံးနှိုက် သူဟ ‘ငါရဲ့သားဟို အေးသူလို့ လေးစားလိမ့်မယ်’ ဟု ဆိုလျက် မိမိရဲ့ သားဟို ခြံသမားလို့ ဆေဟို စေလွှတ်အယ်။
MAT 21:38 အဲလိုလဲ အေးသူလို့ဟ ဥယျာဉ်ဆှင်ရဲ့ သားကို မျော်သောအခါ ‘ဟေသူဟ အမွေစား အမွေခံ ဖြစ်အယ်။ လာကြ၊ သူ့ဟို သတ်ယွေ့ သူ့ဥစ္စာဟို ယူကြကုန်အံ့’ ဟု အချင်းချင်း တိုင်ပင်ပင်းနောက်
MAT 21:39 သူ့ဟို ဖမ်းပင်း စပျစ်ဥယျာဉ် အပြင်ဟို ထုတ်ယွေ့ သတ်ကြအယ်။
MAT 21:40 “အဲလိုမို့ စပျစ်ဥယျာဉ်ဆှင် ရောက်လာသောအခါ ခြံသမားလို့အား ပစာသို့ ပြုလိမ့်မလုန်း” ဟု မေးအယ်။
MAT 21:41 သူလို့ဟ “သူသည် အေးဆိုးသွမ်းသော သူလို့ဟို အမန်ပင် သတ်ပစ်လိမ့်မယ်။ စပျစ်ဥယျာဉ်ဟိုလည်း စပျစ်သီးစားခ မန်မန်ပေးမဲ့ အခြားခြံသမားလို့အား ပေးအပ်ပါလိမ့်မယ်” ဟု ဖြေကြားအယ်။
MAT 21:42 ယေရှုဟ သူလို့အား၊ “ ‘တိုက်တည်သူလို့ ပယ်ထားသော ကျောက်ဟ အရေးအကြီးဆုံးသော ထောင့်ချုပ်ကျောက် ဖြစ်လာရအယ်။ ဟေအမှုဟ ဘုရားသခင်ပြုသောအမှု ဖြစ်အယ်။ ငါလို့ မျက်မှောက်တွင် အံ့ဩဖွယ်ရာဖြစ်လေစွ’ ဟူသော ကျမ်းစာဟို နင်လို့ မဖတ်ဖူးကြသလော။
MAT 21:43 “အဲလိုမို့ နင်လို့အား ငါပြောတာဟ၊ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟို နင်လို့ ဆေမှ ရုပ်သိမ်းယွေ့ နိုင်ငံတော်ရဲ့ အသီးဟို လူအပေါင်းအား ပေးလိမ့်မယ်” ဟု ဆိုအယ်။
MAT 21:44 
MAT 21:45 ယေရှုရဲ့ ပုံဥပမာများဟို ယဇ်ပုရောဟိတ်ကြီးများနဲ့ ဖာရိရှဲများ ကြားကြသောအခါ မိမိလို့ဟို ရည်မှတ်ယွေ့ မိန့်ကျောန်းသိကြအယ်။
MAT 21:46 သူလို့ဟ ကိုယ်တော်ဟို ဖမ်းဆီးရန် နည်းလမ်းဆာကြပေမဲ့ ကိုယ်တော်အား ပရောဖက်ဟု မှတ်ယူယုံကြည်နေသူ လူအုပ်ကြီးဟို ကြောက်ကြအယ်။
MAT 22:1 ယေရှုဟ ထပ်ယွေ့ ပုံဥပမာဟို အသုံးပြုပင်း သူလို့အား မိန့်အယ်။
MAT 22:2 “ခေါန်းခင်နိုင်ငံတော်ဟ မိမိရဲ့ သားအတွက် မင်္ဂလာဆောင်ဧည့်ခံပွဲ ပြင်ဆင်ထားတဲ့ ဘုရင်တပါး ကြုံတွေ့ရလဲ့ အဖြစ်အပျက်နဲ့ တူအယ်။
MAT 22:3 သူဟ ဖိတ်ကြားထားသူများဟို ပွဲဟိုခေါ်လာရန် မိမိရဲ့ ငယ်သားလို့ဟို လွှတ်ပင်း ဖိတ်ခေါ်စေပေမဲ့ သူလို့ဟ မလာချင်ကြ။
MAT 22:4 အဲလိုမို့ ‘ငါရဲ့ ညစာစားပွဲ အသင့်ဆိပီ၊ နွားထီး အစဆိလဲ့ ဝသော တိရစ္ဆာန်များဟိုလည်း သတ်ပင်းပီ။ အားလုံး အဆင်သင့်ဆိပီ။ မင်္ဂလာဆောင်ပွဲဟို ကြွရောက်ကြပါ’ ဟု ဖိတ်ကြားသူလို့အား ပြောကြလော့ ဟူယွေ့ အခြားငယ်သားလို့အား မှာလိုက်ပြန်အယ်။
MAT 22:5 အဲလိုလဲ ဖိတ်ကြားထားသော ဧည့်သည်လို့ဟ ဂရုမစိုက်ဘဲ တယောက်ဟ လယ်တောဟိုလည်းကောင်း၊ အခြားတယောက်ဟ မိမိကုန်သွယ်ရာဟိုလည်းကောင်း သွားကြအယ်။
MAT 22:6 ကျန်သောသူများဟ ငယ်သားလို့ဟို ဖမ်းပင်း ဖိုင်သတ်ဖြတ်ကြအယ်။
MAT 22:7 ဘုရင်ဟ ရမ်းဆာ့အူထော့ယွေ့ စစ်သားများဟို စေလွှတ်ပင်း အေးလူသတ်သမားလို့ဟို သတ်စေယွေ့ သူလို့ရဲ့မြို့ဟိုလည်း မီးရှို့လေအယ်။
MAT 22:8 အေးနောက် ငယ်သားလို့ဟို ခေါ်ပင်းရင် ‘မင်္ဂလာဆောင်ဧည့်ခံပွဲဟ အသင့်ဆိပီ ဖြစ်သော်လည်း ဖိတ်ကြားခြင်း ခံရသူလို့ဟ အေးပွဲနဲ့ မတန်ကြ။
MAT 22:9 အခု လမ်းမများဟို သွားပင်း နင်လို့ မျော်သမျှသောသူလို့ဟို မင်္ဂလာဆောင်ပွဲဟို ဖိတ်ခေါ်ကြလော့’ ဟု မိန့်အယ်။
MAT 22:10 အဲလိုမို့ ငယ်သားလို့ဟ လမ်းများဟို သွားပင်း မျော်သမျှသော လူဆိုး လူကောင်း အားလုံးလို့ဟို စုဝေးစေကြသဖြင့် မင်္ဂလာဆောင်ပွဲခန်းမဟ ဧည့်သည်များ ပြေ့လေအယ်။
MAT 22:11 “ဘုရင်ဟ ဧည့်သည်များဟို ကျေ့ရှုရန် ကြွလာသောအခါ မင်္ဂလာဆောင် ပွဲထိန်ဝတ်စုံဟို ဝတ်ဆင်မထားသောသူ လူတယောက်ဟို မျော်သဖြင့်
MAT 22:12 ‘အဆွေ၊ နင်ဟ မဝတ်စားပဲ ပစာကျောန့် ဝင်လာလုန်း’ ဟု မေးအယ်။ အဲလိုလဲ အေးသူဟ မဖြေနိန်ဘဲ ဆိနေအယ်။
MAT 22:13 အေးအခါ ဘုရင်ဟ အစေခံလို့အား ‘အေးသူလို့ရဲ့ ခြေလက်လို့ဟို တုပ်ချေပင်းရင် အပြင်မိုက်ထဲဟို ထုတ်လိုက်ကြ။ အေးနေရာတွင် သူဟ ငိုကမြည်တမ်းပင်း အံသွားခဲကြိတ်လျက် နေရလိမ့်မယ်’ ဟု မိန့်အယ်” ဟူယွေ့ မိန့်လေအယ်။
MAT 22:14 အေးနောက် ယေရှုဟ “ဖိတ်ကြားခြင်းခံရသူလို့မှာ များသော်လည်း ရွေးချယ်ထားသူလို့ဟ နည်းအယ်” ဟု မိန့်အယ်။
MAT 22:15 အေးနောက် ဖာရိရှဲလို့ဟ ထွက်သွားပင်း ကိုယ်တော်ဟို သူရဲ့ နှုတ်တော်ထွက် စကားအားဖြင့် အကွက်ဆင် ဖမ်းနိန်ရန် ဆွေးနွေးတိုင်ပင်ကြအယ်။
MAT 22:16 အဲပင်းရင် သူလို့ဟ မိမိလို့ရဲ့ တဘဲ့များဟို ဟေရုဒ်ရဲ့ ပါတီဝင်တချို့နဲ့အတူ အထံတော်ဟို စေလွှတ်ပင်းရင် “ဆရာ၊ ဆရာဟ သမ္မာတရားဟို ပြောကျောန်း ငါလို့သိအယ်။ တခြားသူများ စလိုထင်ကျောန်းဟို ဂရုမစိုက်ဘဲ လူလို့အတွက် ဘုရားသခင်ရဲ့ အလိုတော်အကျောန်း သမ္မာတရားဟို သွန်သင်အယ်။ ပစာကို့ စသူရဲ့ အဆင့်အတန်းဟိုမှ အလေးမထားပါ။
MAT 22:17 အဲပင်းရင် နင်လို့ စလိုထင်တာဟို ငါလို့အား ပြောပါ။ ရောမအင်ပါယာရဲ့ ဥပဒေအရ ဧကရာဇ်ဘုရင်အား အခွန်ဆက်သင့်သလော အဲဟာမဟုတ်ရင် မဆက်သင့်သလော” ဟု မေးဆှောက်ကြအယ်။
MAT 22:18 အဲလိုလဲ ယေရှုဟ သူလို့ရဲ့ ဆိုးသောအကြံအစည်ဟို သိသဖြင့် “သူတော်ကောင်း ဟန်ဆောင်တတ်သောသူလို့၊ နင်လို့ဟ ပစာကျောန့် ငါ့အား ထောင်ချောက်ဆင်ရန် ကြိုးစားကြလုန်း။
MAT 22:19 အခွန်တော် ပေးဆောင်ရန် ငွေဒင်္ဂါးတပြားဟို ငါ့အား ပြကြလော့” ဟု မိန့်အယ်။ သူလို့ဟ ဒေနာရိတပြားဟို ယူခဲ့ကြအယ်။
MAT 22:20 ကိုယ်တော်သည် “ဟေဟာဟ စသူ့ရုပ်ပုံ၊ စသူ့ကမ္ပည်းစာ ဖြစ်လုန်း” ဟု မေးအယ်။
MAT 22:21 သူလို့ဟ “ဧကရာဇ်ရဲ့ရုပ်ပုံ၊ ဧကရာဇ်ဘုရင် ကမ္ပည်းစာ ဖြစ်ပါအယ်” ဟု ပြန်ဆှောက်ကြအယ်။ အဲလိုမို့ ယေရှုဟ သူလို့အား “ဧကရာဇ်ပိုင်လဲ့ အရာဟို ဧကရာဇ်အား ဆက်ကြလော့။ ဘုရားသခင် ပိုင်လဲ့အရာဟို ဘုရားသခင်အား ဆက်ကြလော့” ဟု မိန့်အယ်။
MAT 22:22 အေးသူလို့ဟ အေးစကားဟို ကြားသောအခါ အံ့ဩကြယွေ့ ကိုယ်တော်ဆေမှ ထွက်ခွာသွားကြအယ်။
MAT 22:23 အေးနေ့နှိုက်ပင် ဇဒ္ဒုကဲအချို့လို့ဟ ယေရှုဆေဟို လာကြအယ်၊ သူလို့ဟ သေခြင်းမှ ဆှင်ပြန်ထမြောက်ခြင်း မဆိဟု ခံယူယုံကြည်ကြသူများ ဖြစ်အယ်။
MAT 22:24 သူလို့ဟ “ဆရာ၊ တစုံတယောက်ဟ သားသမီးမရဘဲ သေသွားရင် မုဆိုးမဟို သူရဲ့ ညီဖြစ်သူဟ ဆက်ယူရမယ်။ ရသော လူပဲ့သူငယ်များအားဖြင့် အစ်ကိုရဲ့ အမျိုးဟို မပြတ်စေရဟု မောရှေ မိန့်မှာခဲ့ပါအယ်။
MAT 22:25 အခု ငါလို့တွင် ညီအကိုခုနေယောက် ဆိခဲ့ရာ အကိုကြီးဟ အိုင်ထောင်ကျပင်းနောက် လူပဲ့မဆိဘဲ သေဆုံးသွားလျက် သူရဲ့ပေါင်အိုမဟို သူ့ညီဆေ ထားခဲ့အယ်။
MAT 22:26 ဒုတိယညီ၊ တတိယညီစသည်ဖြင့် ညီအကို ခုနေယောက်စလုံးပင် အေးတိုင်းတိုင်း ဖြစ်ကြပါအယ်။
MAT 22:27 နောက်ဆုံးနှိုက် မိန်းမဟလည်း သေပါအယ်။
MAT 22:28 သို့ဖြစ်ယွေ့ သေခြင်းမှ ဆှင်ပြန်ထမြောက်ရာနေ့နှိုက် အေးမိန်းမဟ ညီအကို ခုနေယောက်အနက် စသူရဲ့ ပေါင်အိုမ ဖြစ်ပါမလုန်း။ သူလို့အားလုံးဟ အေးမိန်းမနဲ့ လက်ထပ်ခဲ့ကြပါအယ်” ဟု မေးဆှောက်ကြအယ်။
MAT 22:29 ယေရှုဟ “နင်လို့သည် ကျမ်းစာ အဲဟာမဟုတ်ရင် ဘုရားသခင်ရဲ့ တန်ခိုးတော်ဟိုလည်း မသိကြယွေ့ အယူလွဲလျက် နေကြအယ်။
MAT 22:30 အကျောန်းမှာ သေခြင်းမှ ဆှင်ပြန်ထမြောက်ကြသောအခါ လက်ထပ်ထိမ်းမြားခြင်းဟို မပြု။ သူလို့ဟ ခေါန်းခင်နှိုက်ဆိသော ခေါန်းခင်တမန်များလို ဖြစ်ကြလိမ့်မယ်။
MAT 22:31 သေသောသူလို့ရဲ့ ဆှင်ပြန်ထမြောက်ခြင်း အကျောန်းနဲ့ ပတ်သက်ယွေ့ နင်လို့အား ဘုရားသခင် မိန့်ခဲ့သောစကားဟို မဖတ်ဖူးကြသလော။ ဘုရားသခင်ဟ
MAT 22:32 ‘ငါဟ အာဗြဟံရဲ့ဘုရား၊ ဣဇက်ရဲ့ဘုရား၊ ယာကုပ်ရဲ့ဘုရား ဖြစ်အယ်’ ဘုရားသခင်ဟ သေသောသူလို့ရဲ့ ဘုရား မဟုတ်ဘဲ အသက်ဆှင်သော သူလို့ရဲ့ ဘုရား ဖြစ်အယ်” ဟု မိန့်အယ်။
MAT 22:33 အေးသွန်သင်ချက်ဟို လူအုပ်ကြီးလို့ ကြားသောအခါ သူလို့ဟ အံ့ဩကြအယ်။
MAT 22:34 ဇဒ္ဒုကဲလို့ မချေပနိန်အောန် ဟေသို့ ယေရှု ဖြေကြားလိုက်ကျောန်းဟို ဖာရိရှဲလို့ ကြားသောအခါ သူလို့ဟ စုရုံးလာကြအယ်။
MAT 22:35 သူလို့အထဲမှ ကျမ်းတတ်ဆရာတယောက်ဟ ထောင်ချောက်ဆင်ပင်း စမ်းသပ်လိုသဖြင့် မေးခွန်းမေးဆှောက်အယ်။
MAT 22:36 “ဆရာ၊ ပညတ္တိကျမ်းမှာ ပစာပညတ်ဟ အကြီးမြတ်ဆုံး ဖြစ်လုန်း” ဟု မေးအယ်။
MAT 22:37 ယေရှုဟ “ ‘နင်ရဲ့ ဘုရားသခင် ထာဝရဘုရားဟို စိတ်နေလုံး အကြွင်းမဲ့၊ ကိုယ်စွမ်းဆိသမျှ၊ ဉာဏ်စွမ်းဆိသမျှနဲ့ ချစ်ရမယ်။’
MAT 22:38 ဟေပညတ်ဟ အရေးကြီးဆုံးပညတ်နဲ့ အကြီးမြတ်ဆုံးပညတ် ဖြစ်အယ်။
MAT 22:39 ဒုတိယ အရေးကြီးဆုံး ပညတ်ဟ ဟေလိုမျိုး ဖြစ်ပင်း ‘အိုင်နီးချင်းဟို ကိုယ်နဲ့အမျှ ချစ်ရမယ်။’
MAT 22:40 ဟေပညတ်နေပါးလို့ဟ မောရှေရဲ့ပညတ္တိကျမ်း တစောင်လုံးနဲ့ ပရောဖက်ကျမ်းများရဲ့ အချုပ်အခြာပင် ဖြစ်သတည်း” ဟု မိန့်အယ်။
MAT 22:41 ဖာရိရှဲအချို့လို့ စုရုံးမိကြသောအခါ ယေရှုဟ သူလို့အား
MAT 22:42 “မေဆှိယ အကျောန်းနဲ့ ပတ်သက်ယွေ့ နင်လို့ စလို ထင်ကြလုန်း။ သူဟ စသူရဲ့ သားမြေး ဖြစ်လုန်း” ဟု မေးအယ်။ သူလို့ဟ “သူဟ ဒါဝိဒ်ရဲ့ သားမြေး ဖြစ်အယ်” ဟု ဖြေအယ်။
MAT 22:43 “သို့ဖြစ်ပါမူ ဒါဝိဒ်မင်းဟ ဝိညာဉ်တော်ရဲ့ နှိုးဆော်ချက်ဖြင့် သူ့ဟို ‘အဆှင်’ ဟု ပစာကျောန့် ခေါ်လုန်းဟု ယေရှုဟ မေးအယ်။ ဒါဝိဒ်မင်းကြီးဟ
MAT 22:44 “ ‘နင့်ရန်သူများဟို နင့်ရဲ့ ခြေထောက်အောက်ဟို ငါ ချထားသည့်တိုင်အောန် ငါရဲ့ လက်ယာဘက်တွင် ထိန်နေလော့ဟု ဘုရားသခင်ဟ ငါလို့ရဲ့ အဆှင်အား မိန့်အယ်။’
MAT 22:45 အကယ်ယွေ့ ဒါဝိဒ်မင်းဟ မေဆှိယဟို ‘သခင်’ ဟု ခေါ်ရင် မေဆှိယဟ စလို ဒါဝိဒ်ရဲ့ သားမြေး ဖြစ်နိန်လုန်း” ဟု မိန့်အယ်။
MAT 22:46 ယေရှုအား စသူမျှ အဖြေ မပေးနိန်ကြ၊ အေးနေ့မှ စယွေ့ စသူမျှ ယေရှုအား နောက်ထပ် မမေးမြန်းဝံ့တော့ပေ။
MAT 23:1 အေးနောက် ယေရှုဟ လူအုပ်ကြီးနဲ့ တဘဲ့တော်လို့အား
MAT 23:2 “ကျမ်းတတ်ဆရာနဲ့ ဖာရိရှဲများဟ မောရှေရဲ့ ထိန်ခုံပေါ်နှိုက် ထိန်နေကြအယ်။
MAT 23:3 အဲလိုမို့ အေးသူလို့ ပြောသမျှအတိုင်း နင်လို့ ဂရုစိုက်ကြလော့။ အဲလိုလဲ သူလို့ပြုလဲ့အတိုင်း မပြုကြနဲ့ အကျောန်းမှာ သူလို့ ပြောသလိုမျိုး သူလို့ မကျင့်သုံးကြ။
MAT 23:4 သူလို့ဟ လေးလံပင်း ထမ်းရခက်လဲ့ ဝန်ထုပ်များဟို သူတပါးလို့အား ထမ်းစေကြအယ်။ မိမိလို့ တတ်တိုင်းမူ အေးဝန်ထုပ်များဟို လက်ဖျားနဲ့မျှ မတို့လိုကြ။
MAT 23:5 မိမိလို့ ပြုလုပ်သမျှသောအရာလို့ဟို လူမျော်သာအောန် ပြုလုပ်တတ်ကြအယ်။ မိမိလို့နဖူးနဲ့ လက်မောင်းများပေါ်တွင် ကျမ်းစာလက်ဖွဲ့များဟို အပြားကြီးလုပ်ပင်း ဝတ်ဆင်တတ်ကြအယ်။ သူလို့ရဲ့ ဝတ်လုံအမြိတ်များဟို အဆှည် ချုပ်ထားတတ်ကြအယ်။
MAT 23:6 ပွဲသဘင်တွင် အကောင်းဆုံးသော နေရာထိန်ခင်းများ၊ တရားဇရပ်များတွင် သီးသန့်ထားသော နေရာများဟို နှစ်သက်ကြအယ်။
MAT 23:7 ဆေးတွင် နှုတ်ဆက်ခြင်းဟို ခံလိုကြပင်း ‘ဆရာ’ ဟု အခေါ်ခံလိုကြအယ်။
MAT 23:8 နင်လို့အားလုံးဟ မိသားစုဝင်များ ဖြစ်လျက် နင်လို့မှာ ဆရာတပါးတည်းသာ ဆိသောကျောန့် ‘ဆရာ’ ဟု အခေါ်မခံကြနဲ့။
MAT 23:9 ဟေလောကတွင် စသူဟိုမျှ ‘အဖ’ ဟု မခေါ်ကြနဲ့၊ ပစာကို့ နင်လို့တွင် ခေါန်းခင်ဘုံ အဖတပါးတည်းသာ ဆိအယ်။
MAT 23:10 နင်လို့ဟ ခေါင်းဆောင် ဟူယွေ့လည်း အခေါ်မခံကြနဲ့၊ ပစာကို့ နင်လို့တွင် မေဆှိယ တည်းဟူသော ခေါင်းဆောင် တပါးတည်းသာ ဆိအယ်။
MAT 23:11 နင်လို့တွင် အကြီးမြတ်ဆုံးသူဟ နင်လို့ရဲ့ အစေခံ ဖြစ်ရမယ်။
MAT 23:12 မိမိတတ်တိုင်း ချီးမြှောက်သူဟ နိမ့်ကျရလိမ့်မယ်။ မိမိတတ်တိုင်း နိမ့်ချသူဟ ချီးမြှောက်ခြင်းဟို ခံရလိမ့်မယ်။
MAT 23:13 “သူတော်ကောင်းဟန်ဆောင်သူ ဖာရိရှဲနဲ့ ကျမ်းတတ်ဆရာလို့၊ နင်လို့ဟ အမင်္ဂလာ ဆိကြအယ်။ အကျောန်းမှာ နင်လို့ဟ ခေါန်းခင်နိုင်ငံတော်ဟို လူလို့ဆေ့နှိုက် ထင်ခါး ပိတ်ထားယွေ့ နင်လို့ တတ်တိုင်းလည်း မဝင်၊ ဝင်ရန် ကြိုးစားသူများဟိုလည်း ဝင်ခွင့် မပြုကြ။
MAT 23:14 
MAT 23:15 “သူတော်ကောင်းဟန်ဆောင်သူ ဖာရိရှဲနဲ့ ကျမ်းတတ်ဆရာလို့၊ နင်လို့ဟ အမင်္ဂလာ ဆိကြအယ်။ အကျောန်းမှာ လူတယောက်ဟို ဘာသာဝင် ဖြစ်လာစေရန် နင်လို့ဟ ယေကျောန်း၊ ကုန်းကျောန်း ခရီးပြုကြယွေ့ ဘာသာဝင် ပင်းသောအခါနှိုက်လည်း အေးသူအား နင်လို့ထက် နေဆပိုယွေ့ ငရဲဟို သွားထိုက်သူ ဖြစ်စေကြအယ်။
MAT 23:16 “လမ်းပြတဲ့ မျက်မမျော်လို့၊ နင်လို့ဟ အမင်္ဂလာ ဆိအယ်။ ‘တစုံတယောက်ဟ ဗိမာန်တော်ဟို တိုင်တည်ပင်း ကျိန်ဆိုရင် အေးကျိန်ဆိုချက်ဟ အတည်မဖြစ်ပေမဲ့ ဗိမာန်တော်ရဲ့ ဆွေဟို တိုင်တည်ယွေ့ ကျိန်ဆိုရင် အတည်ဖြစ်အယ်။’
MAT 23:17 မျက်စေ့မမျော်သော လူမိုက်လို့၊ ပစာအရာကပိုပင်း အရေးကြီးပါလုန်း၊ ဆွေလော၊ အဲဟာမဟုတ်ရင် ဆွေဟို သန့်ဆှင်းစင်ကြယ်စေသော ဗိမာန်တော်လော။
MAT 23:18 နင်လို့အား သင်ပေးတာဟ ‘တစုံတယောက်ဟ ယဇ်ပလ္လင်ဟို တိုင်တည်ပင်း ကျိန်ဆိုရင် ကျိန်ဆိုချက်ဟ အတည်မဖြစ်ပေမဲ့ ယဇ်ပလ္လင်ပေါ်ဆိ ပူဇော်သကာဟို တိုင်တည်ယွေ့ ကျိန်ဆိုရင် အတည်ဖြစ်အယ်’ ဟု ဆိုကြအယ်။
MAT 23:19 နင် လို့ရဲ့မျက်စေ့ဟ ကန်းလှအယ် ဟုတ်မောင့်လဲ့၊ ပစာအရာဟ ပိုပင်း အရေးကြီးလုန်း။ ပူဇော်သကာလော၊ အဲဟာမဟုတ်ရင် ပူဇော်သကာဟို သန့်ဆှင်းစင်ကြယ်စေလဲ့ ယဇ်ပလ္လင်လော။
MAT 23:20 အဲလိုမို့ ယဇ်ပလ္လင်ဟို တိုင်တည်ယွေ့ ကျိန်ဆိုသူဟ ယဇ်ပလ္လင်နဲ့တကွ ယဇ်ပလ္လင်ပေါ် ဆိသမျှလို့ဟိုပါ တိုင်တည်ယွေ့ ကျိန်ဆိုအယ်။
MAT 23:21 ဗိမာန်တော်ဟို တိုင်တည်ယွေ့ ကျိန်ဆိုသောအခါ ဗိမာန်တော်နဲ့တကွ ဗိမာန်တော်တွင် ကျိန်းဝပ်သော ဘုရားသခင်ဟိုပါ တိုင်တည်ယွေ့ ကျိန်ဆိုအယ်။
MAT 23:22 ခေါန်းခင်ဘုံဟို တိုင်တည်ယွေ့ ကျိန်ဆိုသောအခါ ဘုရားသခင်ရဲ့ ပလ္လင်တော်နဲ့တကွ အေးပလ္လင်ပေါ်မှာ စံနေသော အဆှင်ဟိုပါ ကျိန်ဆိုအယ်။
MAT 23:23 “သူတော်ကောင်းဟန်ဆောင်သူ ဖာရိရှဲနဲ့ ကျမ်းတတ်ဆရာလို့၊ နင်လို့ဟ အမင်္ဂလာဆိကြအယ်။ အကျောန်းမှာ နင်လို့ဟ ပင်စိမ်း၊ စမွတ်နဲ့ ဇီရာလို့ဟို ဆယ်ဖို့တဖို့ ပေးလှူကြသော်လည်း တရားမျှတမူ၊ သနားကြင်နာမှု၊ ရိုးသားဖြောင့်မတ်မှုစလဲ့ ပညတ်ကျမ်းမှ အကယ်ပင် အရေးကြီးသော သွန်သင်ချက်များဟိုတော့ လျစ်လျူရှုကြအယ်။ အေးအရာများဟို ပြုရမယ်ဖြစ်ပင်း အထက်တွင်ဆိုသော အရာများဟိုလည်း လျစ်လျူမရှုကြနဲ့။
MAT 23:24 လမ်းပြလဲ့ မျက်စေ့မမျော်လို့၊ နင်လို့ဟ ခြင်ကောင်မမျိုမိစေရန် သောက်ရည်ဟို စစ်ယွေ့ သောက်ကြပေမဲ့ ကုလားအုတ်ဟိုတော့ မျိုချကြအယ်။
MAT 23:25 “သူတော်ကောင်းဟန်ဆောင်သူ ကျမ်းတတ်ဆရာနဲ့ ဖာရိရှဲလို့၊ နင်လို့ဟ အမင်္ဂလာဆိကြအယ်။ အကျောန်းမှာ နင်လို့ဟ ပန်းကန်ခွက်များရဲ့ အပြင်ဟို သန့်ဆှင်းအောင် ဆေးကြောကြသော်လည်း နင်လို့ရဲ့ စိတ်အတွင်းမှာဟ လောဘလွန်ကျူးမှုနဲ့ အကြမ်းဖက်မှုလို့ဖြင့် ပြည့်လျက်ဆိနေကြအယ်။
MAT 23:26 မျက်စေ့မမျော်သော ဖာရိရှဲလို့၊ မုတ်များအား အတွင်းဖက်ဟို ဦးစွာ ဆေးကြောကြလော့၊ အဲလို့လုပ်ရင် ပြင်ပဟလည်း သန့်ဆှင်းခြင်း ဆိလာလိမ့်မယ်။
MAT 23:27 “သူတော်ကောင်းဟန်ဆောင်သူ ကျမ်းတတ်ဆရာနဲ့ ဖာရိရှဲလို့၊ နင်လို့ဟ အမင်္ဂလာဆိကြအယ်။ အကျောန်းမှာ နင်လို့ဟ ထုံးဖြူသုတ်သော လုတ်တိုင်းဂူများနဲ့ တူကြအယ်။ အေးဂူလို့ဟ အပြင်ပန်းအားဖြင့် လှသော်လည်း အထဲနှိုက်မှာတော့ လူသေအရိုးနဲ့ ပုပ်နေသော အလောင်းကောင်လို့ဖြင့် ပြည့်လျက်ဆိကြအယ်။
MAT 23:28 အေးနည်းတူ နင်လို့ဟ အပြင်အားဖြင့် လူလို့ဆေ့တွင် သူတော်ကောင်းများ ဟု ထင်ရသော်လည်း စိတ်အတွင်းမှာတော့ သူတော်ကောင်းဟန်ဆောင်ခြင်းနဲ့ အပစ်များ ပြည့်လျက်ဆိကြအယ်။
MAT 23:29 “သူတော်ကောင်းဟန်ဆောင်သူ ကျမ်းတတ်ဆရာနဲ့ ဖာရိရှဲလို့၊ နင်လို့ဟ အမင်္ဂလာ ဆိကြအယ်။ အကျောန်းမှာ နင်လို့ဟ ပရောဖက်များရဲ့ လုတ်တိုင်းဂူများဟို တည်ဆောက်ပင်း သူတော်ကောင်းလို့ရဲ့ လုတ်တိုင်းဂူများဟို မွမ်းမံခြယ်လှယ်ကြကာ၊
MAT 23:30 နင်လို့ဟ ‘ငါလို့သာ ဘိုးဘေးလို့ရဲ့ ခေတ်ဟ အသက်ဆှင်ခဲ့မယ် ဆိုပါက၊ ပရောဖက်များဟို သတ်ဖြတ်လဲ့အမှုတွင် ပါဝင်ခဲ့ကြမယ် မဟုတ်’ ဟု ဆိုကြအယ်။
MAT 23:31 အဲလိုမို့ နင်လို့ဟ ပရောဖက်များဟို သတ်ဖြတ်သူလို့ရဲ့ သားမြေးများဖြစ်ကျောန်း သက်သေခံကြအယ်။
MAT 23:32 နင်လို့ရဲ့ ဖိုးဖေးများ စတင် ကျူးလွန်ခဲ့လဲ့ အပစ်ဟို အပင်းတိုင်အောန် ဆက်လက်ကျူးလွန်ကြလော့။
MAT 23:33 အချင်းမြွေပွေးများနဲ့ မြွေပွေးရဲ့ သားမြေးလို့၊ နင်လို့ဟ ငရဲသို့လားရမယ့် တရားစီရင်ခြင်းမှ ပစာသို့ လွတ်နိန် ကြမယ်လုန်း။
MAT 23:34 အဲလိုမို့ နင်လို့အား ငါပြောတာဟ၊ နင်လို့ ဆေသို့ ပရောဖက်များ၊ ပညာဆိများ၊ ကျမ်းတတ်ဆရာများဟို ငါစေလွတ်ပင်း နင်လို့ဟ အေးသူ အချို့ဟို လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်ဖြတ်ကြလိမ့်မယ်။ အချို့ဟိုမူ တရားဇရပ်များတွင် ကြိမ်ဒဏ်ပေးယွေ့ အချို့ဟိုမူ တမြို့ပင်းတမြို့လိုက်လံ ဖမ်းဆီးကြလိမ့်မယ်။
MAT 23:35 အေးကျောန့် ဖြောင့်မတ်သောသူ အာဗေလရဲ့အသွေးမှ စယွေ့ အတွင်းဗိမာန်တော်နဲ့ ယဇ်ပလ္လင်အကြားတွင် နင်လို့သတ်ခဲ့လဲ့ ဗာရခိရဲ့သား ဇာခရိရဲ့ အသွေး တိုင်အောန် မြေကြီးအပေါ်နှိုက် သွန်းလောင်းပင်းသမျှသော ဖြောင့်မတ်သူလို့ရဲ့ အသွေးဟ နင်လို့ ပေါ်ဟို ရောက်လိမ့်မယ်။
MAT 23:36 ဟေအရာအားလုံးလို့ဟ ဟေမျိုးဆက် အပေါ်ကျရောက် လိမ့်မယ် ဟု နင်လို့အား ငါ အမန်အကန် ပြောအယ်။
MAT 23:37 “အို ယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ ပရောဖက်များဟို သတ်ယွေ့ ဘုရားသခင် စေလွတ်သော စေတမန်များဟို ခဲနဲ့ပေါက်လဲ့မြို့၊ ကြက်မကြီးဟ ကြက်သူငယ်များဟို အတောင်အောက်တွင် စုသိမ်းသလိုမျိုး ငါဟ နင်ရဲ့ လူများဟို ယုယပိုက်ထွေးနိန်ရန် ခဏခဏကြိုးစားခဲ့ပေမဲ့ နင်ဟ ငါ့ဟို အခွင့်မပေး။
MAT 23:38 အေးကျောန့် နင်ရဲ့ ဗိမာန်တော်ဟို ဘုရားသခင်ဟ စွန့်ပစ်လိမ့်မယ်။
MAT 23:39 ‘ဘုရားသခင်ရဲ့ နာမတော်ဖြင့် ကြွလာသော အဆှင်ဟ မင်္ဂလာ ဆိစေသတည်း’ ဟု နင်မြွတ်ဆိုမယ့် နေ့မတိုင်ခင် နင်ဟ အခုမှ စယွေ့ ငါ့ဟို မျော်ရလိမ့်မယ် မဟုတ်ဟု နင်လို့အား ငါပြောအယ်” ဟု မိန့်အယ်။
MAT 24:1 ယေရှုဟ ဗိမာန်တော်မှ ထွက်ခွာသွားစဉ် တဘဲ့တော်လို့ဟ အထံတော်ဟို ချဉ်းကပ်ပင်း ဗိမာန်တော် အဆောက်အအုံများဟို ကိုယ်တော်အား ပြကြအယ်။
MAT 24:2 ကိုယ်တော်ဟ “ဟေအရာအားလုံးဟို နင်လို့ မျော်ကြအယ် မဟုတ်လော၊ နင်လို့အား ငါ အမန်အကန် ပြောတာဟ၊ ဟေနေရာနှိုက် ကျောက်တတုံးပေါ် တတုံးတင်ယွေ့ မကျန်ရစ်လဲ့ တိုင်အောန် ပြိုပျက်ကြလိမ့်မယ်” ဟု မိန့်အယ်။
MAT 24:3 ယေရှုဟ သံလွင်တောင်ပေါ်တွင် တကိုယ်တည်း ထိန်နေစဉ် တဘဲ့တော်လို့ဟ အထံတော်ဟို သီးသန့် ချဉ်းကပ်ပင်း “ဟေအမူအရာများဟ ပစာကာလနှိုက် ဖြစ်ပျက်မလော။ ကိုယ်တော် ကြွလာချိန်နဲ့ ကပ်ကမ္ဘာကုန်ဆုံးချိန်နှိုက် ပစာနိမိတ်များ ပေါ်ထွန်းမလော။ ငါလို့အား မိန့်ပါ” ဟု ဆှောက်ထားကြအယ်။
MAT 24:4 ယေရှုဟ “နင်လို့အား စသူမျှ မလှည့်စားစေရန် သတိပြုလော့။
MAT 24:5 အကျောန်းမှာ ရမ်းဆာ့သော လူလို့ဟ ငါ့ရဲ့နာမဟို ခံယူသုံးစွဲယွေ့ ရောက်လာကာ ‘ငါဟ မေဆှိယ ဖြစ်အယ်’ ဟု ပြောပင်း လူများလို့ဟို ဝါကြလိမ့်မယ်။
MAT 24:6 နင်လို့ဟ စစ်ပွဲများအကျောန်းနဲ့ စစ်မက်သတင်းများဟို ကြားကြပေမဲ့ သတိပြုလျက် မထိတ်လန့်ကြနဲ့။ ဟေအမှုအရာများဟ ဖြစ်ပျက်ရပေမဲ့ ကပ်ကမ္ဘာကုန်ဆုံးချိန်ဟ မရောက်သေး။
MAT 24:7 လူမျိုးတမျိုးနဲ့ တမျိုး၊ တနိုင်ငံနဲ့ တနိုင်ငံ စစ်ဖြစ်ယွေ့ နေရာအနှံ့တွင် အစာခေါင်းပါးပင်း မြေငလျင်လှုပ်လိမ့်မယ်။
MAT 24:8 ဟေအမှုအားလုံးလို့ဟ လူပဲ့မွေးခြင်း ဝေဒနာရဲ့အစလိုမျိုး ဖြစ်ကြအယ်။
MAT 24:9 “အေးနောက် လူတို့ဟ နင်လို့ဟို နှိပ်စက်ရန် အပ်နှံယွေ့ သတ်ဖြတ်ကြပင်း နင်လို့ဟ ငါရဲ့နာမကျောန့် လူမျိုးအပေါင်းလို့ဟ နင်လို့ဟို မုန်းကြလိမ့်မယ်။
MAT 24:10 အေးကာလနှိုက် ရမ်းဆာ့သောလူလို့ဟ ယုံကြည်ခြင်း လမ်းလွဲကြလျက် အချင်းချင်း တယောက်ဟိုတယောက် မုန်းပင်း သစ္စာဖောက်ကြလိမ့်မယ်။
MAT 24:11 ရမ်းဆာ့သော ပရောဖက်အတုအယောင်လို့ဟ ပေါ်လာပင်း လူများစွာလို့ဟို ဝါကြလိမ့်မယ်။
MAT 24:12 မတရားအမှုလို့ဟ များပြားသောကျောန့် လူတို့တွင် ချစ်ခြင်းမေတ္တာ ခေါင်းပါးလိမ့်မယ်။
MAT 24:13 အဲလိုလဲ အဆုံးတိုင်အောန် တည်ကြည်သူဟ ကယ်တင်ခြင်း ခံရလိမ့်မယ်။
MAT 24:14 နိုင်ငံတော်နဲ့ဆိုင်လဲ့ သတင်းကောင်း အကျောန်းဟို ကမ္ဘာတဝန်းလုံးဆိ လူမျိုးအပေါင်းလို့အား သက်သေခံ ဟောပြောပင်းမှ ကပ်ကမ္ဘာကုန်ဆုံးချိန် ရောက်လိမ့်မယ်။
MAT 24:15 “ပရောဖက် ဒံယေလ ဟောကြားခဲ့လဲ့ ‘ထိတ်လန့် ဆက်ဆုပ်ဖွယ်ကောင်းလဲ့အရာ’ ဟ သန့်ဆှင်းသော အရပ်နှိုက်နေတာဟို နင်လို့ မျော်ရလိမ့်မယ်။” (စာဖတ်သူဟ ဆိုလိုရင်း အဓိပ္ပာယ်ဟို နားလည်ပါစေ။)
MAT 24:16 “အေးနောက် ယုဒပြေဆိသော လူတို့ဟ တောင်များပေါ်သို့ ပြေးကြစေ။
MAT 24:17 နေအိုင်မိုးပေါ်တွင် ဆိသူဟ အိုင်ထဲမှ ဥစ္စာပစ္စည်းများဟို ယူရန် အောက်ဟို မဆင်းစေနဲ့။
MAT 24:18 လယ်ထဲတွင် ဆိသူဟလည်း ဝတ်လုံယူရန် နေအိုင်ဟို မပြန်စေနဲ့။
MAT 24:19 အေးနေ့ရက်နှိုက် ဖိုက်ကျီးသည်နဲ့ လူပဲ့ငယ်မေ့လို့ အတွက် အကျိုးနည်း ပေတော့မယ်။
MAT 24:20 နင်လို့ဟ ထွက်ပြေးရမယ့် အချိန်ကာလဟ ဆောင်းရာသီ အဲဟာမဟုတ်ရင် ဥပုသ်နေ့လို့ မကျရောက်စေရန် ဘုရားသခင်ဆေ ဆုတောင်းကြလော့။
MAT 24:21 အကျောန်းမှာ ရမ်းဆာ့သော ဆင်းရဲဒုက္ခကျရောက် လာလိမ့်မယ်။ အေးမျှဆိုးရွားသော ဆင်းရဲဒုက္ခမျိူးဟို ကမ္ဘာဦးမှစယွေ့ ပစာကာလနှိုက်မျှ လူတို့ မကြုံစဖူး၊ နောင်ကာလနှိုက်လည်း တွေ့ကြုံရကြမယ် မဟုတ်။
MAT 24:22 အေးနေ့ရက်ကာလဟို တိုစေတော်မမူရင် စသူမျှ အသက်ဘေးမှ ကင်းလွတ်နိန်လိမ့်မယ် မဟုတ်။ အကျောန်းမှာ မိမိရွေးချယ်ထားသော သူများအဖို့အလို့ငှာ အေးနေ့ရက်ကာလဟို တိုစေလိမ့်မယ်။”
MAT 24:23 “အေးအချိန်နှိုက် တစုံတယောက်ဟ ‘ကျေ့လော့၊ ဟေအရပ်တွင် မေဆှိယ ဆိအယ်’ အဲဟာမဟုတ်ရင် ‘အေးအရပ်တွင် ဆိအယ်’ ဟု ဆိုလျှင် — မယုံကြနဲ့။
MAT 24:24 အကျောန်းမှာ မေဆှိယ အတုယောင်များနဲ့ ပရောဖက်အတု အယောင်များ ပေါ်ပေါက်လာပင်း ဖြစ်နိန်ပါက ရွေးချယ်ထားသော သူများဟိုပင် ဝါနိန်ရန် ကြီးမားသော နိမိတ်လက္ခဏာများနဲ့ အံ့ဩဖွယ်သောအရာများဟို ပြကြလိမ့်မယ်။
MAT 24:25 နားထောင်ကြလော့၊ ဟေအရာများ နင်လို့အား ကြိုတင်ယွေ့ ငါဖော်ပြပီ။
MAT 24:26 “အဲလိုမို့ လူတို့ဟ ‘ကျေ့လော့၊ ကိုယ်တော်ဟ တောကန္တာရတွင် ဆိအယ်’ ဟု ဆိုလျှင် မသွားကြနဲ့ အဲဟာမဟုတ်ရင် ‘ကျေ့လော့၊ အိပ်ခန်းထဲမှာ ဆိအယ်’ ဟု ဆိုလျှင်လည်း မယုံကြနဲ့။
MAT 24:27 အကျောန်းမှာ ဆှပ်စီးလက်ယွေ့ အဆေ့အရပ်မှ အနောက်အရပ် တိုင်အောန် ခေါန်းခင်တပြင်လုံး ထွန်းလင်းစေသလိုမျိုး လူသား ကြွလာလိမ့်မယ်။
MAT 24:28 “လူသေကောင်ဆိရာ အရပ်တွင် လင်းတတို့ စုရုံးကြလိမ့်မယ်။
MAT 24:29 “အေးနေ့ရက်ရဲ့ ဆင်းရဲဒုက္ခများ ကျရောက်လာပင်းနောက် ခုတုံးပင် နေဟ မိုက်သွားလိမ့်မယ်။ လဟ အလင်းရောင်ပေးလိမ့်မယ် မဟုတ်၊ ကြယ်များဟလည်း ခေါန်းခင်မှ ကြွေလိမ့်မယ်။ ခေါန်းခင်လည်း တုန်လှုပ်ကြလိမ့်မယ်။
MAT 24:30 အဲပင်းရင် လူသားရဲ့ နိမိတ်လက္ခဏာဟ မိုးခေါန်းခင်တွင် ပေါ်ထွန်းလာလိမ့်မယ်။ မိုးချေးသားဟိုစီးလျက် ကြီးသောဘုန်းတန်ခိုးတော်ဖြင့် လူသားကြွလာတာဟို မြေကြီးပေါ်ဆိ လူအပေါင်းလို့ဟ မျော်ကြသောအခါ ငိုကြွေးမြည်တမ်း ကြလိမ့်မယ်။
MAT 24:31 အေးနောက် လူသားဟ ကြီးမားသော တံပိုးခရာသံနဲ့အတူ မိမိရဲ့ခေါန်းခင်တမန်များအား အရပ်လေးမျက်နှာဟို စေလွတ်ယွေ့ ကမ္ဘာမြေကြီးတစွန်းမှ တစွန်းအထိဆိကြသော ကိုယ်တော် ရွေးချယ်ထားသော သူလို့ဟို စုသိမ်းစေလိမ့်မယ်။
MAT 24:32 “သင်္ဘောသဖန်းပင်မှ ပုံဥပမာဟို သင်ယူကြလော့။ အေးအပင်တွင် အကိုင်းအညှောက်ထွက်ယွေ့ အရွက်ပေါက်သောအခါ နွေကာလ ရောက်ခါနီးဟို နင်လို့ သိကြအယ်။
MAT 24:33 အေးနည်းတူစွာ နင်လို့ဟလည်း အဲအရာများ မျော်သောအခါ လူသားဟ နင်လို့အနီး ထင်ခါးဝသို့ပင် ရောက်ဆိနေပီ ဟု သိမှတ်ကြလော့။
MAT 24:34 နင်လို့အား ငါ အမန်အကန် ပြောတာဟ ဟေအမှုအရာ အားလုံး မဖြစ်ပျက်မီတိုင်အောန် ဟေမျိုးဆက်ဟ ပစာအခါမှ ပျောက်ကွယ်လိမ့်မယ် မဟုတ်။
MAT 24:35 ခေါန်းခင်နဲ့ မြေကြီး ပျောက်ကွယ်သွားပေမဲ့ ငါ့ရဲ့ စကားဟ ပစာအခါမှ ပျောက်ကွယ်လိမ့်မယ် မဟုတ်။
MAT 24:36 “အဲလိုလဲ အေးအချိန် အဲဟာမဟုတ်ရင် နာရီနဲ့ ပတ်သက်ယွေ့ ခမည်းတော်မှတပါး စသူမှမသိ၊ ခေါန်းခင်ဘုံဆိ ခေါန်းခင်တမန်များလည်း မသိ၊ သားတော်လည်း မသိ။
MAT 24:37 နောဧ လက်ထပ်ဟ ဖြစ်ပျက်သလိုမျိုး လူသား ကြွလာသောအခါနှိုက်လည်း ဖြစ်ပျက်လိမ့်မယ်။
MAT 24:38 အေးနေ့ရက်ကာလနှိုက် ယေမလွမ်းမိုးခင်၊ သင်္ဘောထဲဟို နောဧ ဝင်သည့်နေ့တိုင်အောန် လူတို့ဟ စားသောက်လျက် ထိမ်းမြားစုံဖက်လျက် နေကြအယ်။
MAT 24:39 သူလို့ဟ ယေလွမ်းမိုးယွေ့ သေကြေပျက်စီးကြသည့် အချိန်တိုင်အောန် သတိမဲ့လျက်နေကြအယ်။ လူသား ကြွလာချိန်နှိုက်လည်း အေးတိုင်းတိုင်း ဖြစ်လိမ့်မယ်။
MAT 24:40 အေးအချိန်နှိုက် လယ်ထဲတွင် ဆိသူ လူနေယောက်အနက် တယောက်ဟို သိမ်းယွေ့ တယောက်ဟို ထားခဲ့အယ်။
MAT 24:41 ကြိတ်ဆုံလှည့်နေသူ မိန်းမနေယောက်အနက် တယောက်ဟို သိမ်းယူယွေ့ တယောက်ဟို ထားခဲ့အယ်။
MAT 24:42 သို့ဖြစ်ယွေ့ သတိနဲ့စောင့်နေကြလော့၊ ပစာကို့ နင်လို့ရဲ့ အဆှင်ဟ ပစာအခါ ကြွလာမယ်ဟို နင်လို့ မသိကြ။
MAT 24:43 အိုင်ဆှင်ဟ သူခိုးလာမယ့် အချိန်ဟိုသာ သိရရင် သတိနဲ့နေလျက် မိမိနေအိုင်ဟို သူခိုးဖောက်ခွင့်ပြုမယ် မဟုတ်ကျောန်း နင်လို့ သိမှတ်ကြလော့။
MAT 24:44 အဲလိုမို့ လူသားဟ နင်လို့ မထင်မှတ်သော အချိန်နှိုက် ကြွလာမယ် ဖြစ်ယွေ့ နင်လို့ဟလည်း အဆင့်သင့်ဆိနေကြလော့။
MAT 24:45 “သစ္စာဆိပင်း ပညာဆိသော ကျွန်ဟ စသူလုန်း၊ အေးသူဟ တခြား ကျွန်များဟို အုပ်ချုပ်ရန်နဲ့ အချိန်တန်လျှင် ရိက္ခာများထုတ်ပေးရန် သခင်ဟ ခန့်ထားသူဖြစ်အယ်။
MAT 24:46 ကျွန်ဟ မိမိတာဝန်ဟို သစ္စာဆိစွာဆောင်ရွက်နေတာဟို သခင်အိုင် ပြန်လာချိန်နှိုက် တွေ့ရင် မင်္ဂလာဆိအယ်။
MAT 24:47 နင်လို့အား ငါ အမန်အကန် ပြောတာဟ သခင်သည် မိမိဥစ္စာဆိသမျှဟို စီမံအုပ်ချုပ်ရန် အေးကျွန်အား အပ်နှင်းလိမ့်မယ်။
MAT 24:48 အဲလိုလဲ အေးကျွန်ဟ ကျွန်မိုက်ဖြစ်ပါဟ ‘ငါ့သခင်ပြန်လာအုံးမှာ မဟုတ်၊ ကြာအုံးမယ်’ ဟု စိတ်နေလုံးနှိုက် အောက်မေ့ကာ၊
MAT 24:49 ကျွန်ချင်းလို့အား ရိုက်နှက်လျက် သေရည်သောက်ကြူးသူလို့နဲ့ သောက်စားမူးယဇ်လျက် နေလိမ့်မယ်။
MAT 24:50 အေးနောက် အေးကျွန် မမျော်လင့်သောနေ့၊ မသိမျော်လဲ့ အချိန်နှိုက် သူ့သခင်ပြန်လာယွေ့၊
MAT 24:51 သူ့ဟို ပြင်းစွာ ကြိမ်ဒဏ်ခတ်ယွေ့ သူတော်ကောင်းဟန်ဆောင်သူလို့ခံရသော ကံကြမ္မာဆိုးဟို ခံစေလိမ့်မယ်။ သူဟ ငိုကမြည်တမ်းယွေ့ အံသွားခဲကြိတ်လျက် နေရလိမ့်မယ်။”
MAT 25:1 “အေးကာလနှိုက် ခေါန်းခင်နိုင်ငံတော်ဟ မီးဖူးများဟို ယူယွေ့ မင်္ဂလာဆောင်သတို့သားဟို ကြိုဆိုရန် ထွက်သွားလဲ့ အပျိုကညာဆယ်ယောက်လို့နဲ့ တူလိမ့်မယ်။
MAT 25:2 သူလို့အနက် ငါးယောက်ဟ ပညာဆိဖြစ်ကြပင်း ငါးယောက်မှာတော့ ပညာမဲ့ ဖြစ်ကြအယ်။
MAT 25:3 ပညာမဲ့သော သူလို့ဟ မိမိလို့ရဲ့ မီးဖူးများဟို ယူခဲ့သော်လည်း မိမိလို့နဲ့အတူ ဆီပိုဟို မယူခဲ့ကြ။
MAT 25:4 ပညာဆိသူများဟတော့ မိမိလို့ရဲ့ မီးဖူးများမက ဆီအပိုဟိုလည်း ဖူးတွင် ထည့်ပင်း ယူခဲ့ကြအယ်။
MAT 25:5 မင်္ဂလာဆောင်သတို့သားဟ ရောက်လာရန် ကြန့်ကြာနေသောကျောန့် သူလို့အားလုံး ငိန်းကျာ့ယွေ့ အိပ်မွေ့နေကြအယ်။
MAT 25:6 “ညဉ့်သန်းခေါင်နှိုက် ‘မင်္ဂလာဆောင်သတို့သား ရောက်လာပီ၊ သွားပင်း ကြိုဆိုကြလော့’ ဟူသော အော်သံဟို ကြားရကြအယ်။
MAT 25:7 အပျိုကညာ အားလုံးတို့ဟ ထယွေ့ မိမိရဲ့မီးဖူးများဟို အသင့်ပြင်ကြအယ်။
MAT 25:8 အဲပင်းရင် ပညာမဲ့သောသူများဟ ‘ငါလို့ မီးဖူး သေတော့မယ်ဖြစ်ယွေ့ ငါလို့ဟို ဆီကတီလောက်ပေးပါ’ ဟု ပညာဆိသူလို့ဆေ တောင်းကြအယ်။
MAT 25:9 ပညာဆိသူများဟလည်း ‘နင်လို့ အဖို့နဲ့ ငါလို့ အဖို့ ဆီမလောက်ပါ။ သွားယွေ့ နင်လို့အတွက် ဝယ်ကြပါ’ ဟု ပြန်ပြောကြအယ်။
MAT 25:10 အဲလိုမို့ ပညာမဲ့သောသူလို့ ဆီဝယ်ရန် ထွက်သွားနေခိုက် မင်္ဂလာဆောင်သတို့သားဟ ရောက်လာအယ်။ အသင့်ဆိနေကြသော အပျိုကညာလို့ဟလည်း သူနဲ့အတူ မင်္ဂလာဆောင်ပွဲဟို ဝင်ပင်းရင် ထင်ခါးဟို ပိတ်ထားလိုက်အယ်။
MAT 25:11 “အခြားသော အပျိုကညာများဟ ပြန်ရောက်လာပင်း ‘ဆရာ၊ ဆရာ ငါလို့အား ထင်ခါးဖွင့်ပေးမန့်’ ဟု ဆိုကြအယ်။
MAT 25:12 အဲလိုလဲ မင်္ဂလာဆောင်သတို့သားဟ ‘နင်လို့အား ငါ အမန်အကန် ပြောတာဟ နင်လို့ဟို ငါမသိ’ ဟု ပြန်ပြောအယ်။”
MAT 25:13 “သို့ဖြစ်ယွေ့ နင်လို့ဟလည်း အေးနေ့အေးအချိန်ဟို မသိကြသဖြင့် သတိနဲ့စောင့်နေကြလော့” ဟု ယေရှုဟ အဆုံးသတ် ပြောဆိုအယ်။
MAT 25:14 “ခေါန်းခင်နိုင်ငံတော်ဟ ခရီးပြုရန် မိမိနေအိုင်မှ ထွက်ခါနီးဆိသူဟ မိမိရဲ့ အစေခံများဟို ခေါ်ပင်း ဥစ္စာပစ္စည်းများဟို အပ်နှံခဲ့တာနဲ့တူအယ်။
MAT 25:15 သူဟ သူလို့အသီးသီးလို့အား သူလို့အရည်အချင်းနဲ့အညီ တယောက်ဟို ငွေဒင်္ဂါး ငါးပိဿာ၊ တခြားတယောက်ဟို နေပိဿာ၊ အခြားတယောက်ဟို ငွေဒင်္ဂါး တပိဿာ အစဆိသဖြင့် ပေးအပ်ပင်းနောက် ခရီးဟို ထွက်ခွာလေအယ်။
MAT 25:16 ငွေဒင်္ဂါး ငါးပိဿာရသူဟ ခုတုံးပင် သွားယွေ့ အဲပိတ်ဆန်များဖြင့် ကူးသန်းရောင်းဝယ်မှုဟို လုပ်သဖြင့် အမြတ် ငွေဒင်္ဂါး ငါးပိဿာဟို ရအယ်။
MAT 25:17 အေးတိုင်းတိုင်း ငွေဒင်္ဂါး နေပိဿာဟို ရသူဟလည်း အမြတ် ငွေဒင်္ဂါး နေပိဿာဟို ရအယ်။
MAT 25:18 အဲလိုလဲ ငွေဒင်္ဂါး တပိဿာ ရသူဟ သွားယွေ့ မိမိသခင်ရဲ့ ပိတ်ဆန်ဟို မြေကြီးနှိုက် ကျွင်းတူးကာ မြှပ်ထားလေအယ်။
MAT 25:19 “ကာလအတော်ကြာသော် အေးကျွန်လို့ရဲ့ သခင်ဟ ပြန်လာယွေ့ သူလို့နဲ့ စာရင်းဆှင်းအယ်။
MAT 25:20 ငွေဒင်္ဂါး ငါးပိဿာ ရသူဟ အပိုငွေဒင်္ဂါး ငါးပိဿာဟို ယူဆောင်လာပင်းရင် ‘ဆရာ၊ ငါ့အား ငွေဒင်္ဂါး ငါးပိဿာ ပေးအပ်ခဲ့ပါအယ်။ ကျေ့ပါ၊ ငါ ငွေဒင်္ဂါး ငါးပိဿာ အမြတ်ရပါပီ။’
MAT 25:21 သူရဲ့သခင်ဟလည်း ‘ကောင်းလေစွ၊ သစ္စာဆိသော ငါ့အစေခံကောင်း၊ နင်ဟ သေးသောအမှုတွင် သစ္စာဆိအယ်။ အဲလိုမို့ ကြီးသောအမှုဟို နင့်အား ငါအပ်နှင်းမယ်။ ငါရဲ့ဝမ်းမြောက်ခြင်းနှိုက် ပါဝင်ပါလော့’ ဟု ဆိုအယ်။
MAT 25:22 ဆွေနေပိဿာ ရသူဟလည်း လာယွေ့ ‘ဆရာ၊ ငါ့အား ငွေဒင်္ဂါး နေပိဿာဟို ပေးအပ်ခဲ့ပါအယ်။ ကျေ့မန့်၊ ငါဟ ငွေဒင်္ဂါး နေပိဿာဟို အမြတ်ရပါပီ’ ဟု ဆှောက်ထားအယ်။
MAT 25:23 သူရဲ့သခင်ဟ ‘ကောင်းလေစွ၊ သစ္စာဆိသော ငါ့အစေခံကောင်း၊ နင်ဟ သေးငယ်သောအမှုတွင် သစ္စာဆိအယ်၊ အဲလိုမို့ ကြီးသောအမှုဟို နင့်အား ငါအပ်နှင်းမယ်၊ ငါရဲ့ဝမ်းမြောက်ခြင်းနှိုက် ပါဝင်ပါလော့’ ဟု ဆိုအယ်။
MAT 25:24 အဲပင်းရင် ငွေဒင်္ဂါး တပိဿာရသူဟ လာယွေ့ ‘ဆရာ၊ ဆရာဟ ခက်ထန်သူဖြစ်ယွေ့ မိမိမစိုက်မပျိုးလဲ့အရပ်တွင် ရိတ်သိမ်းပင်း မိမိမကြဲဖြန့်လဲ့ နေရာမှ စုသိမ်းတတ်လဲ့သူ ဖြစ်ကျောန်း ငါသိပါအယ်။ မကြဲဖြန့်လဲ့အရပ်တွင် စုသိမ်းတတ်အယ်။
MAT 25:25 အဲလိုမို့ ငါဟ ကြောက်ရွံ့သဖြင့် သွားပင်း ဆရာရဲ့ ငွေဒင်္ဂါးဟို မြေတွင် မြှုပ်ထားခဲ့အယ်။ ကျေ့မန့်၊ သခင်ရဲ့ ပစ္စည်းဟေမှာ ဆိအယ်’ ဟု ဆှောက်အယ်။
MAT 25:26 သူရဲ့သခင်ဟလည်း ‘ဆိုးညစ်လဲ့ ပျင်းရိသောအစေခံ၊ ငါဟ မိမိမစိုက်မပျိုးလဲ့ အရပ်တွင် ရိတ်သိမ်းယွေ့ မကြဲမဖြန့်သည့်အရပ်တွင် စုသိမ်းတတ်တာဟို နင်သိတာမန်ရင်၊
MAT 25:27 ငါရဲ့ ပိတ်ဆန်ဟို ဘဏ်တွင် အပ်ထားသင့်အယ်။ သို့မှသာလျှင် ငါပြန်လာသောအခါ အတိုးနဲ့အတူ ပြန်လည်ရဆိနိန်အယ်။
MAT 25:28 အဲလိုမို့ အေးသူဆေမှ ငွေဒင်္ဂါး တပိဿာဟို ယူယွေ့ ဆယ်ပိဿာဆိသူအား ပေးကြ။
MAT 25:29 အကျောန်းမှာ ဆိသောသူအား ထပ်ယွေ့ ပေးသဖြင့် သူဟ ကြွယ်ဝပြေ့စုံ နေလိမ့်မယ်။ မဆိသောသူဆေမှ သူနှိုက်ဆိသော အရာဟိုပင် နုတ်လိမ့်မယ်။
MAT 25:30 အသုံးမကျလဲ့ ဟေအစေခံဟို အပြင်မိုက်ထဲဟို ထုတ်လိုက်ကြ၊ သူဟ အေးအရပ်တွင် ငိုကမြည်တမ်းယွေ့ အံသွားခဲကြိတ်လျက် နေရလိမ့်မယ်’ ဟု ဆိုအယ်။
MAT 25:31 “လူသားဟ ခေါန်းခင်တမန် အပေါင်းခြံရံလျက် ဘုရင်အဖြစ် ကြွလာသောအခါ ဘုန်းဆိသော ပလ္လင်ပေါ်နှိုက် ထိန်လိမ့်မယ်။
MAT 25:32 လူမျိုးအပေါင်းလို့ဟ ဆေ့တော်တွင် စုရုံးရကြပင်း သိုးထိန်းဟ သိုးနဲ့ ဆိတ်လို့ဟို တခြားစီခွဲထုတ်သလို လူသားဟလည်း လူလို့အား နေစုခွဲထုတ်ပင်းရင်၊
MAT 25:33 သိုးများဟို မိမိရဲ့ လက်ယာဘက်နှိုက် ထားယွေ့ ဆိတ်များဟို လက်ဝဲဘက်တွင် ထားလိမ့်မယ်။
MAT 25:34 အေးနောက် ဘုရင်ဟ လက်ယာဘက်တွင် ဆိသောသူလို့အား ‘ငါ့အဖဆေမှ ကောင်းချီးမင်္ဂလာဟို ခံရသူလို့ လောကဟို ဖန်ဆင်းချိန်မှစယွေ့ နင်လို့တွက် ပြင်ဆင်ထားလဲ့ နိုင်ငံတော်ဟို လာယွေ့ အမွေဆက်ခံကြလော့။
MAT 25:35 အကျောန်းမှာ နင်လို့ဟ ငါမွတ်စဉ်အခါ ငါ့ဟို စားစရာပေးကြအယ်၊ ငါယေငတ်သောအခါ ငါ့ဟို သောက်စရာ ပေးကြအယ်။ ငါဟ ဧည့်သည်ဖြစ်သောအခါ နင်လို့ဟ ငါ့ဟို ကြိုဆိုလက်ခံကြအယ်။
MAT 25:36 ငါဟ အဝတ်ဝတ်စရာမဆိသောအခါ နင်လို့ဟ ငါ့ဟို အဝတ်ပေးကြအယ်။ ငါဖျားနာသောအခါ နင်လို့ဟ ငါ့ဟို ကျေ့ရှုကြအယ်။ ငါထောင်ကျသောအခါ ငါ့ဆေဟို လာကြအယ်’ ဟု မိန့်လိမ့်မယ်။
MAT 25:37 အေးအခါ ဖြောင့်မတ်သောသူလို့ဟ ‘သခင်ဘုရား၊ ကိုယ်တော် မွတ်တာဟို ပစာအခါနှိုက် မျော်ယွေ့ ငါလို့ ကျွေးမွေးကြလုန်း အဲဟာမဟုတ်ရင် ယေငတ်တာဟို ပစာအခါနှိုက် မျော်ယွေ့ ယေဟို ပေးလုန်း။
MAT 25:38 ဧည့်သည်ဖြစ်တာဟို ပစာအခါနှိုက် မျော်ယွေ့ ငါလို့ ကြိုဆိုလက်ခံခဲ့ကြလုန်း အဲဟာမဟုတ်ရင် အဝတ်ဝတ်စရာ မဆိဖြစ်တာဟို ပစာအခါနှိုက် မျော်ယွေ့ အဝတ်ပေးလုန်း။
MAT 25:39 ဖျားနာတာဟိုလည်းကောင်း၊ ထောင်ကျတာဟိုလည်းကောင်း ပစာအခါနှိုက် ငါလို့ဟ မျော်ယွေ့ အထံတော်ဟို လာခဲ့လုန်း’ ဟု ပြန်ယွေ့ဆှောက်ကြသော်၊
MAT 25:40 ဘုရင်ဟ ‘နင်လို့အား ငါ အမန်အကန်ပြောတာဟ ငါရဲ့ညီများအနက် အသိမ်ငယ်ဆုံးဖြစ်သူ တယောက်အား နင်လို့ ပြုခဲ့သမျှဟ ငါ့အား ပြုခဲ့ခြင်းဖြစ်အယ်’ ဟု မိန့်လိမ့်မယ်။
MAT 25:41 “အေးနောက် ဘုရင်ဟ လက်ဝဲဘက်နှိုက်ဆိသော သူလို့အား ‘ကျိန်ဆဲခြင်း ခံရသောသူလို့ ငါ့ဆေမှ ထွက်သွားကြလော့၊ မာရ်နတ်နဲ့ သူ့ခေါန်းခင်တမန်များအတွက် ပြင်ဆင်ထားလဲ့ ထာဝရမီးထဲဟို ဆင်းသက်ကြလော့။
MAT 25:42 အကျောန်းမှာ ငါမွတ်သောအခါ နင်လို့ဟ ငါ့ဟို စားစရာမပေးကြ၊ ငါ ယေငတ်သောအခါ နင်လို့ဟ ငါ့ဟို သောက်စရာဟို မပေးကြ။
MAT 25:43 ငါဟ ဧည့်သည်ဖြစ်သောအခါ နင်လို့ဟ ငါ့ဟို ကြိုဆိုလက်ခံခြင်း မဆိ၊ ငါဟ အဝတ်ဝတ်စရာ မဆိဖြစ်သောအခါ နင်လို့ဟ ငါ့ဟို ဝတ်စရာအဝတ်ဟို မပေးကြ၊ ငါဟ ဖျားနာသောအခါနဲ့ ထောင်ကျသောအခါတွင်လည်း နင်လို့ဟ ငါ့ဟို မကျေ့ရှုကြ’ ဟု မိန့်အယ်။
MAT 25:44 အေးသူလို့ ‘သခင်ဘုရား၊ ကိုယ်တော် ဆာလောင်မွတ်သိပ်ခြင်း၊ ယေငတ်ခြင်း၊ ဧည့်သည် ဖြစ်ခြင်း၊ အဝတ်အချည်းစည်း ဖြစ်ခြင်း၊ ဖျားနာခြင်း၊ ထောင်ကျခြင်းလို့ဟို ပစာအခါနှိုက် ငါလို့ မျော်ပါလျက် ကိုယ်တော်အား မပြုစုမလုပ်ကျွေးပဲ နေခဲ့လုန်း’ ဟု ဆှောက်ထားကြလိမ့်မယ်။
MAT 25:45 ဘုရင်ဟ ‘နင်လို့အား ငါ အမန်အကန် ပြောတာဟ သိမ်ငယ်သည့် ဟေသူများအနက် တစုံတယောက်သောသူဟို နင်တို့ မပြုမစုဘဲနေခဲ့သမျှဟ ငါ့ဟို မပြုမစုဘဲ နေခဲ့ခြင်းဖြစ်အယ်’ ဟု မိန့်လိမ့်မယ်။
MAT 25:46 အေးကျောန့် အေးသူလို့ဟ ထာဝရအပစ်ဒဏ် ခံရကြပေမဲ့ ဖြောင့်မတ်သောလို့ဟတော့ ထာဝရ အသက်ဆှင်ခြင်းဟို ဝင်စားရကြလိမ့်မယ်” ဟု မိန့်အယ်။
MAT 26:1 ယေရှုဟ ဟေသို့ ဟောပြောသွန်သင်ပင်းသောအခါ ကိုယ်တော်ဟ တဘဲ့တော်လို့အား
MAT 26:2 “နောက် နေရက်ကြာရင် ပသခါပွဲကျရောက်မယ်ဟို နင်လို့ သိကြအယ်။ အေးအခါ လူသားဟို လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်စေရန် ရန်သူ့လက်ဟို အပ်ကြလိမ့်မယ်” ဟု မိန့်အယ်။
MAT 26:3 အေးအချိန်နှိုက်ပင် ယဇ်ပုရောဟိတ်ကြီးများနဲ့ အသက်ကြီးသူလို့ဟ ကယာဖ နာမယ်ဆိသော ယဇ်ပုရောဟိတ်မင်းရဲ့ အိုင်ဝင်းအထဲမှာ စုရုံးလျက် နေကြပင်း၊
MAT 26:4 သူလို့ဟ ယေရှုဟို တိတ်တိတ်လေး ဖမ်းဆီးယွေ့ သတ်ရန် ဆွေးနွေး တိုင်ပင်ကြအယ်။
MAT 26:5 အဲလိုလဲ သူလို့ဟ “လူလို့ ရုန်းရင်းဆန်ခတ်ဖြစ်မယ်ဟို စိုးရိမ်စရာဆိသဖြင့် ပွဲတော်ရက်အတွင်းနှိုက် မဖမ်းဆီးကြနဲ့” ဟု ဆိုကြအယ်။
MAT 26:6 ယေရှုဟ ဗေသနိရွာတွင် အရေပြားရောဂါ စွဲကပ်ခဲ့ဖူးသူ ရှိမုန်ရဲ့ နေအိုင်နှိုက် ဆိနေစဉ်၊
MAT 26:7 ယေရှုဟ အစားအစာသုံးဆောင်လျက် နေသောအခါ အမျိုးသမီးတယောက်ဟ ရမ်းဆာ့အဖိုးကြီးသော ဆီမွှေးကျောက်ဖြူဖူးဟို ယူဆောင်ယွေ့ အထံတော်ဟို လာပင်းရင် အေးဆီမွှေးဟို ကိုယ်တော်ရဲ့ ခေါင်းပေါ် သွင်းချလေအယ်။
MAT 26:8 အေးအရာဟို တဘဲ့တော်လို့မျော်ရင် အူထော့ယွေ့ “ပစာကျောန့် ဟေသို့ ဖြုန်းတီးလုန်း။
MAT 26:9 ဟေဆီမွှေးဟို ပိတ်ဆန်အများနဲ့ ရောင်းပင်း ဆင်းရဲသူများဟို ပေးကမ်းသင့်အယ်” ဟု ဆိုကြအယ်။
MAT 26:10 ယေရှုဟ သူလို့ ပစာပြောနေတာဟို သိပင်း “ပစာကျောန့် ဟေအမျိုးသမီးဟို နင်လို့ နှောင့်ယှက်ကြလုန်း။ သူပြုသောအမှုဟ ရမ်းဆာ့ ဆှောက်ပတ်ပေအယ်။
MAT 26:11 ဆင်းရဲသူများဟ နင်လို့နဲ့အမြဲ ဆိနေကြပေမဲ့ ငါဟတော့ နင်လို့နဲ့ အမြဲဆိနေမယ် မဟုတ်။
MAT 26:12 ဟေအမျိုးသမီးဟ ငါ့အပေါ်ဟို ဆီမွှေးလောင်းတာဟ ငါရဲ့ရုပ်အလောင်းဟို သင်္ဂြိုဟ်ရန် ပြင်ဆင်ခြင်းပင် ဖြစ်အယ်။
MAT 26:13 နင်လို့အား ငါ အမန်အကန် ပြောတာဟ သတင်းကောင်းဟို ကမ္ဘာအရပ်ရပ်တွင် ကြေညာသောအခါ ဟေအမျိုးသမီးဟို အောက်မေ့သတိရကြစေရန် သူပြုခဲ့သော ကောင်းမှုဟို ဟောကြားကြလိမ့်မယ်” ဟု မိန့်အယ်။
MAT 26:14 အေးနောက် တဆယ့်နေပါးထဲမှ တပါးဖြစ်သော ယုဒရှကာရုတ်ဟ ယဇ်ပုရောဟိတ်ကြီးများ ဆေဟို သွားပင်း
MAT 26:15 “ယေရှုဟို နင်လို့လက်ဟို ငါအပ်ရင် နင်လို့ဟ ငါ့အား ပစာပေးမလုန်း” ဟု မေးအယ်။ အေးသူလို့ဟလည်း သူ့အား ငွေဒင်္ဂါးသုံးဆယ် ပေးကြအယ်။
MAT 26:16 အေးအချိန်မှစယွေ့ ယုဒဟ ယေရှုအား ရန်သူ့လက်ဟို အပ်ရန် အခွင့်ကောင်း ဆာလျက်နေအယ်။
MAT 26:17 တဆေးမဲ့မုန့်ပွဲတော် ပထမနေ့နှိုက် တဘဲ့တော်လို့ဟ ယေရှုဆေဟို လာယွေ့ “ကိုယ်တော်အတွက် ပသခါပွဲညစာဟို ငါလို့ ပစာအရပ်တွင် ပြင်ဆင်စေလိုလုန်း” ဟု မေးဆှောက်ကြအယ်။
MAT 26:18 ကိုယ်တော်ဟ “မြို့ထဲဟို ဝင်ယွေ့ အေးသူဆေဟို သွားယွေ့ ဆရာဟ ‘ငါ့ရဲ့အချိန် နီးပီ၊ ငါ့တဘဲ့များနဲ့အတူ နင့်ရဲ့အိုင်တွင် ပသခါပွဲဟို ကျင်းပလိုအယ်’ ဟု မှာကြားလိုက်ကျောန်း ပြောကြလော့” ဟု မိန့်အယ်။
MAT 26:19 တဘဲ့တော်လို့ဟလည်း ယေရှုမိန့်လဲ့အတိုင်း လိုက်နာဆောင်ရွက်ယွေ့ ပသခါပွဲဟို အသင့်ပြင်ကြအယ်။
MAT 26:20 ညနေခင်းချိန်ရောက်သောအခါ ကိုယ်တော်ဟ တဆယ့်နေပါးလို့နဲ့အတူ စားပွဲတွင် ညစာစားဖို့ အတူထိန်ကြအယ်။
MAT 26:21 သူလို့ဟ စားလျက်နေစဉ် ကိုယ်တော်ဟ “နင်လို့အား ငါ အမန်အကန် ပြောတာဟ နင်လို့ထဲမှတယောက်သည် ငါ့ဟို သစ္စာဖောက်လိမ့်မယ်” ဟု မိန့်အယ်။
MAT 26:22 တဘဲ့တော်လို့ဟ ရမ်းဆာ့ စိတ်မချမ်းမသာဖြစ်ကြလျက် စတင်ပင်း “သခင် ငါလော” ဟု တဦးပင်း တဦး မေးဆှောက်ကြအယ်။
MAT 26:23 ကိုယ်တော်ဟ “ငါနဲ့အတူ ပကန်တွင် နှိုက်ယွေ့ စားသောသူဟ ငါ့ဟို သစ္စာဖောက်လိမ့်မယ်။
MAT 26:24 ကျမ်းစာလာလဲ့အတိုင်း လူသားဟ အသေခံရန် သွားရပေမဲ့ လူသားဟို ရန်သူလက်သို့ အပ်သောသူဟ အမင်္ဂလာဆိအယ်။ မွေးဖွားခြင်းဟို မခံရရင် သူအဖို့ ကောင်းသေးအယ်” ဟု မိန့်အယ်။
MAT 26:25 အဲပင်းရင် ကိုယ်တော်ဟို ရန်သူလက်သို့ အပ်မယ့်သူ ယုဒဟ “ဆရာ၊ ငါလော” ဟု မေးဆှောက်ရင် ကိုယ်တော်ဟ “နင်ပြောလဲ့အတိုင်းပင် မန်အယ်” ဟု မိန့်အယ်။
MAT 26:26 ယေရှုဟ သူလို့ စားလျက်နေစဉ် မုန့်ဟို ယူယွေ့ ကျေးဇူးတော်ဟို ချီးမွန်းပင်း မုန့်ဟိုဖဲ့ယွေ့ “ဟေမုန့်ဟ ငါရဲ့ ခန္ဓာကိုယ် ဖြစ်အယ်၊ ယူယွေ့ စားကြလော့” ဟု မိန့်ပင်းရင် တဘဲ့တော်လို့အား ပေးအယ်။
MAT 26:27 အဲပင်းရင် မုတ်ဟို ယူယွေ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ချီးမွန်းပင်းနောက် တဘဲ့တော်လို့အား ပေးအယ်။ ကိုယ်တော်ဟ “နင်လို့အားလုံး ဟေမုတ်ဟို သောက်ကြလော့။
MAT 26:28 ဟေစာဟ ဘုရားသခင်ရဲ့ ပဋိညာဉ်တော်ဟို တံဆိပ်ခတ်သော လူတို့အပစ် ဖြေလွှတ်ရန်အတွက် သွန်းသော ငါရဲ့ အသွေးဖြစ်အယ်။
MAT 26:29 နင်လို့အား ငါပြောတာဟ အခုအချိန်မှစယွေ့ ငါ့ခမည်းတော်ရဲ့ နိုင်ငံတော်တွင် နင်လို့နဲ့အတူ စပျစ်ယေသစ်ဟို သောက်ရလဲ့နေ့ မတိုင်မီ ငါဟ ဟေစပျစ်ယေဟို နောက်တဖန် မသောက်တော့ပီ” ဟု မိန့်အယ်။
MAT 26:30 အေးနောက် သူလို့ဟ ချီးမွန်း သီချင်းဆိုပင်းနောက် သံလွင်တောင်ဟို ထွက်သွားကြအယ်။
MAT 26:31 အေးနောက် ယေရှုဟ သူလို့အား “ကျမ်းစာထဲတွင် ‘ဘုရားသခင်ဟ သိုးထိန်းဟို သတ်သဖြင့် သိုးလို့ဟ ဖရိုဖရဲ ဖြစ်ကြလိမ့်မယ်’ ဟု ပြောထားသည်နဲ့အညီ ခုညနှိုက်ပင် နင်လို့ဟ ငါ့ဟို စွန့်ပစ်ယွေ့ ပြေးကြလိမ့်မယ်။
MAT 26:32 အဲလိုလဲ ငါဟ သေခြင်းမှ ထမြောက်ပင်းနောက် နင်လို့ထက် ဦးရင် ဂါလိလဲပြေဟို သွားနှင့်မယ်” ဟု မိန့်အယ်။
MAT 26:33 ပေတရုဟ ယေရှုအား “အခြားသူအပေါင်းလို့ဟ ကိုယ်တော်ဟို စွန့်ပစ်ကြသော်လည်း ငါဟ ပစာအခါမျှ စွန့်ပစ်မယ် မဟုတ်ပါ” ဟု ဆှောက်ထားအယ်။
MAT 26:34 ယေရှုဟ “နင်အား ငါ အမန်အကန် ပြောတာဟ အခုညနှိုက်ပင် ကြက်မတွန်ခင် နင်ဟ ငါ့ဟို မသိ ဟု သုံးကြိမ်တိုင်တိုင် ငြင်းဆိုလိမ့်မယ်” ဟု ပေတရုအား မိန့်အယ်။
MAT 26:35 ပေတရုဟ “ငါသည် ကိုယ်တော်နဲ့အတူပင် သေရရင် ကိုယ်တော်ဟို မငြင်းပါ” ဟု ဆှောက်ထားအယ်။ အခြားတဘဲ့တော်လို့ဟလည်း ဟေအတိုင်း ဆှောက်ထားကြအယ်။
MAT 26:36 အေးနောက် ယေရှုဟ တဘဲ့တော်လို့နဲ့အတူ ဂေသရှေမန် ဟုခေါ်သော အရပ်ဟို ရောက်ဆိအယ်။ ကိုယ်တော်ဟ “ငါဟ အေးနေရာဟို သွားယွေ့ ဆုတောင်းနေစဉ် နင်လို့ ဟေနေရာတွင် ထိန်နေကြလော” ဟု တဘဲ့တော်လို့အား မိန့်ပင်းရင်
MAT 26:37 ပေတရုနဲ့ ဇေဗေဒဲရဲ့သားနေယောက်လို့ဟို ကိုယ်တော်နဲ့အတူ ခေါ်သွားအယ်။ ကိုယ်တော်ဟ စိတ်မချမ်းမသာဖြစ်လျက် ရမ်းဆာ့သောက ရောက်သဖြင့်
MAT 26:38 “ငါဟ သေလုအောန် စိတ်နေလုံး ရမ်းဆာ့ညှိုးငယ်လှအယ်။ နင်လို့ဟ ဟေနေရာတွင် ငါနဲ့အတူ စောင့်နေကြလော့” ဟု သူလို့အား မိန့်အယ်။
MAT 26:39 အေးနောက် ဆေ့ဟို ကတစ်လေးကြွယွေ့ မြေပေါ်တွင် ပျပ်ဝပ်ပင်းရင် “အို ငါ့ရဲ့အဖ၊ ဖြစ်နိန်ပါဟ ဟေဝေဒနာမုတ်ဟို ငါ့ဆေမှ လွဲဖယ်ပေးပါ။ အဲလိုလဲ ငါရဲ့ အလိုအတိုင်း မဟုတ်ပါ၊ ကိုယ်တော်ရဲ့ အလိုတော်အတိုင်းသာ ဖြစ်စေပါ” ဟု ဆုတောင်းအယ်။
MAT 26:40 အေးနောက် ကိုယ်တော်ဟ တဘဲ့တော်လို့ဆေ ပြန်လာရာ အိပ်မွေ့လျက်နေကြတာဟို မျော်သဖြင့် “နင်လို့ဟ တနာရီမျှပင် ငါနဲ့အတူ စောင့်ယွေ့ မနေနိန်ကြသလော။
MAT 26:41 စုံစမ်းသွေးဆောင်ခြင်းဟို မကျရောက်စေရန် ဆုတောင်းယွေ့ စောင့်နေကြလော့၊ စိတ်ဝိညာဉ်ဟ ဆန္ဒဆိသော်လည်း ခန္ဓာကိုယ်ဟ အားနည်းအယ်” ဟု ပေတရုအား မိန့်အယ်။
MAT 26:42 အေးနောက် ကိုယ်တော်ဟ ဒုတိယအကြိမ် ကြွသွားပြန်ယွေ့ “ငါရဲ့အဖ၊ ဟေဝေဒနာမုတ်ဟို ငါမသောက်ဘဲ လွဲသွားရန် မဖြစ်ပါဟ ကိုယ်တော်ရဲ့ အလိုတော်အတိုင်း ဖြစ်စေပါ” ဟု ဆုတောင်းအယ်။
MAT 26:43 ကိုယ်တော် နောက်တကြိမ် ပြန်လာသောအခါ တဘဲ့တော်လို့ဟ မျက်စေ့လေးလံသဖြင့် အိပ်မွေ့လျက်နေကြတာဟို မျော်အယ်။
MAT 26:44 ယေရှုဟ သူလို့ဆေမှ တဖန်ကြွသွားပင်းလျှင် မခင်ဟ မြွတ်ဆိုလဲ့အတိုင်း တတိယအကြိမ် ဆုတောင်းအယ်။
MAT 26:45 အေးနောက် တဘဲ့တော်လို့ဆေဟို ပြန်လာယွေ့ “နင်လို့ဟ အိပ်မွေပင်း အနားယူနေကြသလော။ ကျေ့လော့၊ လူသားဟို အပစ်သား လက်သို့ အပ်နှံလဲ့အချိန် ရောက်လာပီ။
MAT 26:46 ထကြ၊ ငါလို့သွားကြကုန်အံ့၊ ကျေ့လော့၊ ငါ့ဟို ရန်သူလက်ဟို အပ်မယ့်သူ ရောက်လာပီ” ဟု မိန့်အယ်။
MAT 26:47 ကိုယ်တော် မိန့်စဉ်နှိုက်ပင်လျှင် တဆယ့်နေပါးအဝင်ဖြစ်သူ ယုဒရှကာရုတ်ဟ ရောက်လာအယ်။ ယဇ်ပုရောဟိတ်ကြီးများနဲ့ အသက်ကြီးသူများဟ စေလွှတ်လိုက်သော ရမ်းဆာ့သော လူအစုအဝေးလို့ဟလည်း တုတ်၊ ထားကိုင်ဆောင်လျက် သူနဲ့အတူပါလာကြအယ်။
MAT 26:48 ကိုယ်တော်ဟို ရန်သူလက်ဟို သစ္စာဖောက်သူဟ “ငါနမ်းသောသူသည် အေးသူပင် ဖြစ်အယ်။ သူ့ဟို ဖမ်းဆီးကြလော့” ဟု အမှတ်ပေးထားအယ်။
MAT 26:49 ယုဒဟ ခုတင်ချင်း ယေရှုဆေဟို ချဉ်းကပ်ကာ “ဆရာ၊ မင်္ဂလာဆိပါစေသော” ဟု ဆိုယွေ့ ကိုယ်တော်ဟို နမ်းလေအယ်။
MAT 26:50 ယေရှုဟ “မိတ်ဆွေ၊ နင်လာလဲ့ အကျောန်းကိစ္စဟို ဆောင်ရွက်လော့” ဟု မိန့်အယ်။ လူလို့ဟ လာယွေ့ ယေရှုဟို ဖမ်းဆီး ချုပ်ကိုင်ထားကြအယ်။
MAT 26:51 ယေရှုနဲ့ လိုက်ပါလာသော လူတယောက်ဟ ထားဟို ဆွဲထုတ်ပင်းရင် ယဇ်ပုရောဟိတ်မင်းရဲ့ ကျွန်တယောက်ဟို ခုတ်လိုက်ရာ အေးသူ နားရွက်ပြုတ်လေအယ်။
MAT 26:52 ယေရှုဟ အေးသူအား “နင့်ရဲ့ ထားဟို ထားအိုင်ထဲဟို ပြန်ထည့်လော့ အကျောန်းမှာ ထားဟို ကိုင်သူဟ ထားဖြင့် သေကြေပျက်စီးရလိမ့်မယ်။
MAT 26:53 ငါဟ ငါ့ခမည်းတော်ဆေမှ အကူအညီတောင်းခံရင် တဆယ်နေတပ်ထက် ရမ်းဆာ့သော ခေါန်းခင်တမန်လို့ဟို ခုတင်ချင်း ငါ့ဆေ စေလွှတ်မယ်ဟို နင်လို့ မသိကြသလော။
MAT 26:54 အဲလိုလဲ ဟေသို့ပြုပါမူ ကျမ်းစာလာလဲ့အတိုင်း ပစာသို့လျှင် ပြေ့စုံခြင်းဟို ရောက်နိန်လုန်း” ဟု မိန့်အယ်။
MAT 26:55 အေးနောက် ယေရှုဟ လူအမြောက်အမြားလို့အား “နင်လို့ဟ ထားမြဟို ဖမ်းသလိုမျိုး ငါ့ဟိုဖမ်းရန် တုတ်များ ထားများနဲ့ လာကြသလော၊ ငါဟ နေ့စဉ်နေ့တိုင်း ဗိမာန်တော်တွင် ထိန်ယွေ့ ဟောပြောသွန်သင်နေစဉ်အခါ နင်လို့ဟ ငါ့ဟို မဖမ်းမဆီးခဲ့ကြ။
MAT 26:56 အဲလိုလဲ ဟေအမှုအရာအားလုံး ဖြစ်ပျက်ရခြင်းမှာ ကျမ်းစာတော်တွင် ပရောဖက်များ ဟောကြားခဲ့သမျှအတိုင်း အမန်ဖြစ်လာစေရန် ဖြစ်သတည်း” ဟု မိန့်အယ်။ အေးအခါ တဘဲ့တော်အပေါင်းလို့ဟ ကိုယ်တော်ဟို စွန့်ပစ်ယွေ့ ပြေးကြအယ်။
MAT 26:57 ယေရှုဟို ဖမ်းဆီးကြသော သူလို့ဟ ယဇ်ပုရောဟိတ်မင်း ကယာဖရဲ့ အိုင်ဟို ခေါ်ဆောင်သွားကြအယ်။ ကျမ်းတတ်ဆရာများနဲ့ အသက်ကြီးသူများဟ အေးအရပ်တွင် စုရုံးလျက်နေကြအယ်။
MAT 26:58 ပေတရုဟ ခပ်ခွာခွာဟ နေယွေ့ ယဇ်ပုရောဟိတ်မင်းရဲ့ အိုင်ဝင်းတိုင်အောန် ကိုယ်တော်ရဲ့ နောက်ကလိုက်လာခဲ့ကြအယ်။ ဝင်းထဲဟိုဝင်ယွေ့ ပစာသို့ဖြစ်မယ်ဟို သိဆိနိန်ရန် ယဇ်ပုရောဟိတ်ရဲ့ ကိုယ်ရံတော်တပ်သားများ နဲ့အတူ ထိန်လျက်နေအယ်။
MAT 26:59 ယဇ်ပုရောဟိတ်ကြီးများနဲ့ တကွ တရားလွှတ်တော် အဖွဲ့ဝင်အပေါင်းလို့ဟ ယေရှုအား သေဒဏ်ပေးနိန်ရန် ကစတ်ကလတ်သော သက်သေဟို ဆာကြအယ်။
MAT 26:60 မမန်သောသက်သေခံသူများစွာ လာကြပေမဲ့ သူလို့ဟ စလို သက်သေဟိုမှ မတွေ့ကြ။ နောက်ဆုံးနှိုက် လူနေယောက်ဟ ဆေ့ဟို ထွက်လာပင်းရင်၊
MAT 26:61 “ဟေသူဟ ‘ငါသည် ဘုရားသခင်ရဲ့ဗိမာန်တော်ဟို ဖြိုဖျက်ယွေ့ သုံးရက်အတွင်း ပြန်လည်ဆောက်နိန်အယ်’ ဟု ဟောအယ်” ဟူယွေ့ သက်သေခံကြအယ်။
MAT 26:62 ယဇ်ပုရောဟိတ်မင်းဟ နေရာမှထယွေ့ “နင့်အား အေးသူလို့ စလိုစွပ်စွဲ ထွက်ဆိုကြလုန်း နင့်မှာ စလိုမျှ ဖြေစရာမဆိပါသလော” ဟု ယေရှုအား မေးအယ်။
MAT 26:63 အဲလိုလဲ ယေရှုဟ ဆိတ်ဆိတ်နေအယ်။ ယဇ်ပုရောဟိတ်မင်းဟ “နင်သည် ဘုရားသခင်ရဲ့သားတော် မေဆှိယလော၊ ငါ့အား ဖြေကြားလော၊ အသက်ဆှင်သော ဘုရားသခင်ရဲ့နာမဟို တိုင်တည်ယွေ့ နင့်အား ငါမေးအယ်” ဟု ဆိုအယ်။
MAT 26:64 ယေရှုဟ “နင်ဟောသည် အတိုင်းမန်ပေမဲ့ နင်လို့အား ငါပြောတာဟ နောင်အခါတွင် လူသားဟ အနတ္တတန်ခိုးဆှင်ရဲ့ လက်ယာဘက်တွင် ထိန်လျက်နေတာဟိုလည်းကောင်း၊ ခေါန်းခင် မိုးချေးသားဟို စီးယွေ့ ကြွလာတာဟို လည်းကောင်း နင်လို့ မျော်ရကြမယ်” ဟု မိန့်အယ်။
MAT 26:65 အေးအခါ ယဇ်ပုရောဟိတ်မင်းဟ မိမိရဲ့အဝတ်ဟို ဆွဲဖြဲပင်းရင် “အေးသူဟ ဘုရားသခင်ဟို ပစ်မား ပြောဆိုချေပီ၊ ငါလို့ သက်သေများ ထပ်ယွေ့ မလိုတော့ပီ၊ ဘုရားသခင်အား ပစ်မားပြောဆိုတာဟို နင်လို့ အခု ကြားရပီ။
MAT 26:66 နင်လို့ စလိုထင်လုန်း။” အေးသူလို့ဟ “သူ့ဟို သေဒဏ်ပေးရမယ်” ဟု ဆိုကြအယ်။
MAT 26:67 အေးနောက် သူလို့ဟ ကိုယ်တော်ရဲ့ မျက်နှာတော်ဟို ဆံထွေးနဲ့ ထွေးပင်း ရိုက်ကြအယ်။ တချို့သော သူလို့ဟ ကိုယ်တော် ပါးဟို ရိုက်ပင်းရင်၊
MAT 26:68 “မေရှိယ၊ နင့်ဟို စသူ ရိုက်တာဟို ဟောကျေ့မန့်” ဟု ဆိုကြအယ်။
MAT 26:69 ပေတရုဟ အပြင်ဖက် အိုင်ဝင်းအတွင်းနှိုက် ထိန်လျက်နေစဉ် အစေခံမိန်းမ တယောက်ဟ ရောက်လာယွေ့ “နင်ဟလည်း ဂါလိလဲပြေသား ယေရှုနဲ့ ပေါင်းဖော်သူဖြစ်အယ်” ဟု ဆိုအယ်။
MAT 26:70 အဲလိုလဲ ပေတရုဟ “နင်ဟောလဲ့အရာဟို ငါမသိ” ဟု လူအပေါင်းလို့ အဆေ့တွင် ငြင်းဆိုပင်းရင်
MAT 26:71 အိုင်ဝင်း ဝင်ပေါက်ဟို ထသွားလေအယ်။ တခြား အစေခံမိန်းမ တယောက်ဟ သူ့ဟိုမျော်ရင် အေးနေရာတွင် ဆိသော သူလို့အား “ဟေသူဟ နာဇရက်မြို့သား ယေရှုနဲ့ ပေါင်းဖော်သူ ဖြစ်အယ်” ဟု ဆိုအယ်။
MAT 26:72 ပေတရုဟ “အေးသူဟို ငါမသိ” ဟု ကျိန်ဆိုယွေ့ ငြင်းပြန်အယ်။
MAT 26:73 အေးနောက် အချိန်ကတစ်ကြာသောအခါ အနီးတွင် ရပ်နေသောသူများဟ ပေတရုဆေ လာယွေ့ “နင်ဟ အမန်ပင် အေးသူလို့ထဲမှ တယောက် ဖြစ်အယ်၊ အကျောန်းမှာ နင်ပြောပုံဆိုပုံအားဖြင့် သိသာအယ်” ဟု ဆိုကြအယ်။
MAT 26:74 ပေတရုဟ “အေးသူဟို ငါမသိ” ဟု ဘုရားသခင်ဟို တိုင်တည်ယွေ့ ကျိန်ဆိုလေအယ်။ အေးခဏနှိုက် ကြက်တွန်လေအယ်။
MAT 26:75 အေးအခါ “ကြက်မတွန်မီ နင့်ဟ ငါ့အား မသိဟု သုံးကြိမ်မြောက်အောန် ငြင်းဆိုလိမ့်မယ်” ဟု ယေရှု မိန့်ခဲ့လဲ့ စကားဟို ပေတရု ပြန်လည်သတိရသဖြင့် အပြင်ဟို ထွက်ယွေ့ ရမ်းဆာ့ ငိုကလေအယ်။
MAT 27:1 မနက်စောစောနှိုက် ယဇ်ပုရောဟိတ်ကြီးများနဲ့ အသက်ကြီးသူများဟ ယေရှုဟို သေဒဏ်ချရန် တိုင်ပင်ကြပင်း
MAT 27:2 ယေရှုဟို တုတ်ချေကာ ခေါ်ဆောင်ယွေ့ ရောမဘုရင်ခံ ပိလတ်မင်းဆေ အပ်လိုက်ကြအယ်။
MAT 27:3 ကိုယ်တော်အား သစ္စာဖောက်ခဲ့သူ ယုဒဟ ယေရှုဟို စီရင်ပေးရမယ့်အကျောန်းဟို သိမြော်သောအခါ နောင်တရလျက် ငွေသုံးဆယ်ဟို ယဇ်ပုရောဟိတ်ကြီးများနဲ့ အသက်ကြီးသူများဆေဟို ပြန်ယွေ့ ပေးခဲ့ပင်းရင်
MAT 27:4 “ငါဟ အပစ်မဆိသောသူရဲ့ အသွေးဟို အပ်မိပါပီ” ဟု ဆိုအယ်။ အဲလိုလဲ အေးသူလို့ဟ “ငါလို့နဲ့ ဟေကိစ္စဟ စလိုဆိုင်လုန်း၊ နင်ရဲ့ တာဝန်သာ ဖြစ်အယ်” ဟု ပြန်ပြောကြအယ်။
MAT 27:5 အေးအခါ ယုဒဟ ငွေဒင်္ဂါးဟို ဗိမာန်တော်တွင် လောချပင်း ထွက်ပြေးသွားအယ်။ အေးနောက် တခြားဟို သွားပင်းရင် ကြိုးဆွဲချယွေ့ သေလေအယ်။
MAT 27:6 ယဇ်ပုရောဟိတ်ကြီးဟ အေးငွေဒင်္ဂါးဟို ကောက်ယူယွေ့ “ဟေငွေဒင်္ဂါးဟ အသွေးရဲ့ အခဖြစ်သောကျောန့် ငါလို့ရဲ့ဥပဒေအရ ဘဏ္ဍာတိုက်ထဲဟို မသွင်းယူသင့်” ဟု ဆိုကြအယ်။
MAT 27:7 သူလို့ဟ ဆွေးနွေးတိုင်ပင်ကြပင်းရင် အေးငွေဒင်္ဂါးနဲ့ အိုးထိန်းသည်ရဲ့ လယ်မြေဟို လူမျိုးခြားလို့ရဲ့ လုတ်တိုင်းအဖြစ် အသုံးပြုရန် ဝယ်ယူကြအယ်။
MAT 27:8 အဲကျောန့် အေးလယ်ဟ ခုနေ့တိုင်အောန် “အသွေးမြေ” ဟူယွေ့ ခေါ်တွင်အယ်။
MAT 27:9 အဲအခါ ပရောဖက် ယေရမိဟ “သူလို့သည် အေးသူရဲ့တန်ဖိုးအဖြစ် ဣသရေလအမျိုးသားလို့ အကဲဖြတ်ပေးလဲ့ ငွေဒင်္ဂါးသုံးဆယ်ဟို ယူပင်းရင်
MAT 27:10 ဘုရားသခင် ငါ့အား မှာကြားလဲ့အတိုင်း အိုးထိန်းသည်ရဲ့ လယ်မြေဟို အဲငွေဒင်္ဂါးနဲ့ ဝယ်ယူကြအယ်” ဟု ဟောကြားခဲ့လဲ့အရာဟ ပြေ့စုံလာအယ်။
MAT 27:11 ရောမဘုရင်ခံမင်းရဲ့ ဆေ့ဟို ယေရှု ရပ်ရာ ဘုရင်ခံမင်းဟ “နင်သည် ယုဒ ဘုရင်ပေလော” ဟု မေးအယ်။ ယေရှုဟ “နင်ပြောလဲ့တိုင်းတိုင်း ဖြစ်အယ်” ဟု မိန့်အယ်။
MAT 27:12 အဲလိုလဲ ယဇ်ပုရောဟိတ်ကြီးများနဲ့ အသက်ကြီးသူများ အပစ်တင် စွပ်စွဲချက်များဟို ယေရှုဟ စလိုမှ ဖြေကြားတော်မမူ။
MAT 27:13 အဲအခါ ပိလတ်မင်းဟ “နင့်အား အေးသူလို့ဟ စလောက် အပစ်တင် စွပ်စွဲယွေ့ သက်သေခံလျက် ဆိတာဟို နင်မကြားသလော” ဟု ဆိုအယ်။
MAT 27:14 အဲလိုလဲ ယေရှုဟ စကားတခွန်းဟိုမှ ပြန်ပင်း မမိန့်ဘဲနေသဖြင့် ဘုရင်ခံဟ ရမ်းဆာ့အံ့ဩလေအယ်။
MAT 27:15 ရောမဘုရင်ခံမင်းဟ ပသခါပွဲအခါကျတိုင်း လူအုပ်လို့တောင်းလဲ့ အကျဉ်းသား တယောက်ဟို လွတ်ငြိမ်းချမ်းသာခွင့် ပေးလဲ့ စလေ့ဆိအယ်။
MAT 27:16 အေးအချိန်နှိုက် ယေရှု ဗာရဗ္ဗဟု ခေါ်လဲ့ နာမယ်ဆိုးနဲ့ အကျဉ်းသား တယောက် ဆိအယ်။
MAT 27:17 အဲလိုမို့ လူလို့ စုရုံးလာကြသောအခါ ပိလတ်မင်းဟ “နင်လို့အတွက် စသူအား လွတ်ငြိမ်းချမ်းသာခွင့် ပေးစေလိုသလော။ ယေရှု ဗာရဗ္ဗလော အဲဟာမဟုတ်ရင် ယေရှုဆိုသူ မေဆှိယလော” ဟု မေးအယ်။
MAT 27:18 အေးသူလို့ မနာလိုယွေ့ ယေရှုအား မိမိလက်နှိုက် အပ်နှံကြကျောန်းဟို ပိလတ်မင်း သိသောကျောန့် ဖြစ်အယ်။
MAT 27:19 ပိလတ်မင်းဟ တရားစီရင်ခြင်း ထိန်ခုံတွင် ထိန်နေခါ သူရဲ့ပေါင်အိုမဟ လူဟို စေလွှတ်ယွေ့ “အေးဖြောင့်မတ်သောသူနဲ့ ပတ်သက်ယွေ့ ပစာအရာဟိုမျှ မလုပ်ပါနဲ့။ ပစာကို့ ငါဟ မနေ့ည အိပ်မက်တွင် သူ့အတွက် စိတ်ဒုက္ခများစွာ ရောက်ရပါအယ်” ဟု ပြောစေအယ်။
MAT 27:20 ယဇ်ပုရောဟိတ်ကြီးများနဲ့ အသက်ကြီးသူများဟ ဗာရဗ္ဗအား လွတ်ငြိမ်းချမ်းသာခွင့်ပေးမန့်၊ ယေရှုဟို သတ်မန့် ဟု ပိလတ်မင်းဆေ တောင်းဆိုရန် လူအုပ်လို့အား စည်းရုံးသိမ်းသွင်းကြအယ်။
MAT 27:21 အဲလိုလဲ ပိလတ်မင်းဟ “ဟေသူနေယောက်လို့တွင် နင်လို့အတွက် စသူဟို လွတ်ငြိမ်းချမ်းသာခွင့် ပေးစေလိုလုန်း” ဟု မေးအယ်။ လူလို့ဟ “ဗာရဗ္ဗဟို လွှတ်ပေးမန့်” ဟု ဆိုကြအယ်။
MAT 27:22 ပိလတ်မင်းဟ “သို့ဖြစ်ရင် မေဆှိယ ဟုခေါ်သော ယေရှုဟို စလို လုပ်ရမလုန်း” ဟု မေးအယ်။ အေးသူအပေါင်းလို့ဟ “သူအား လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်ပါ” ဟု ဆိုကြအယ်။
MAT 27:23 အဲလိုလဲ ပိလတ်မင်းဟ “သူသည် ပစာအပစ်ဟို ကျူးလွန်လုန်း” ဟု မေးအယ်။ အဲပင်းရင် အေးသူလို့ဟ “သူအား လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်ပါ” ဟု အသံကုန်အော်ကြအယ်။
MAT 27:24 ပိလတ်မင်းဟ စလိုအကျိုးမှ မဆိဘဲ ရုန်းရင်းဆန်ခတ်ဖြစ်မယ့် အရိပ်အရောင်ဟိုသာ သိမျော်လာသဖြင့် လူထုဆေ့တွင် ယေဟို ယူယွေ့ “ဟေသူရဲ့ အသွေးနဲ့ ငါဟ ကင်းဆှင်းအယ်။ နင်လို့ရဲ့ တာဝန်သာ ဖြစ်အယ်” ဟု ဆိုကာ မိမိရဲ့လက်ဟို ဆေးအယ်။
MAT 27:25 လူအပေါင်းလို့ဟ “အေးသူရဲ့ အသွေးဟ ငါလို့နဲ့ ငါလို့သားမြေးများရဲ့ တာဝန်ဖြစ်ပါစေ” ဟု ဆိုကြအယ်။
MAT 27:26 အေးအခါ ပိလတ်မင်းဟ ဗာရဗ္ဗဟို လွတ်ငြိမ်းချမ်းသာခွင့် ပေးယွေ့ ယေရှုဟို ကြိမ်ဒဏ်ခတ်စေပင်းရင် လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်ရန် အပ်လိုက်အယ်။
MAT 27:27 အေးနောက် ပိလတ်မင်းရဲ့ စစ်သားများဟ ယေရှုအား ဘုရင်ခံမင်းရဲ့ အိုင်တော်ဟို ခေါ်ဆောင်သွားကြပင်း တပ်ဖွဲ့တတပ်လုံးဟ ယေရှု ပတ်လည် စုရုံးလာကြအယ်။
MAT 27:28 သူလို့ဟ ကိုယ်တော်အား အဝတ်ဟို ချွတ်ယွေ့ နီသော ဝတ်လုံဟို ခြုံပေးကြအယ်။
MAT 27:29 အေးနောက် ဆူးခက်ဖြင့် ရက်လဲ့ သရဖူဟို ဦးခေါင်းပေါ်မှာ ဆောင်းပေးကြယွေ့ ကျူရိုးတချောင်းဟို လက်ယာလက်တွင် ထည့်ပေးကြပင်းနောက် အဆေ့တွင် ဒူးထောက်လျက် “ယုဒဆှင်ဘုရင်၊ သက်တော်ဆှည်ပါစေသော” ဟု ပြောင်ကြအယ်။
MAT 27:30 ကိုယ်တော်ဟို ဆံထွေးနဲ့ထွေးယွေ့ ကျူရိုးဟို ယူပင်း ခေါင်းဟို အကြိမ်ကြိမ် ရိုက်ကြအယ်။
MAT 27:31 သူလို့ ပြောင်ကြပင်းရင် ဝတ်လုံနီဟို ချွတ်ယွေ့ ကိုယ်တော်ရဲ့ အဝတ်ဟို ပြန်ဝတ်ပေးကြအယ်။ အေးနောက် လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်ရန် ကိုယ်တော်ဟို ခေါ်ဆောင်သွားကြအယ်။
MAT 27:32 သူလို့ဟ ထွက်လာကြသောအခါ ရှိမုန် နာမယ်ဆိသူ ကုရေနေပြေသား တယောက်ဟို မျော်သဖြင့် အေးသူအား အတင်းအကြပ် ခေါ်ယွေ့ ယေရှုရဲ့လက်ဝါးကပ်တိုင်ဟို ထမ်းစေကြအယ်။
MAT 27:33 “ဦးခေါင်းခွံအရပ်” ဟု အဓိပ္ပာယ်ဆိသော ဂေါလဂေါသ နာမယ်တွင်လဲ့အရပ်ဟို ရောက်ရင်
MAT 27:34 သူလို့ဟ ဆေးခါးနဲ့ ရောစပ်ထားသော စပျစ်ယေဟို ယေရှုအား တိုက်ကြပေမဲ့ ယေရှုဟ မြည်းကျေ့ပင်းရင် မသောက်ဘဲနေအယ်။
MAT 27:35 အေးနောက် သူလို့ဟ ယေရှုဟို လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်ကြပင်း အဝတ်တော်များဟို မဲချယွေ့ ခွဲဝေကြအယ်။
MAT 27:36 အေးနောက် အဲနေရာတွင် ထိန်ယွေ့ ယေရှုဟို စောင့်ကျေ့နေကြအယ်။
MAT 27:37 ယေရှုရဲ့ ခေါင်းထက်တွင် “ဟေသူဟ ယုဒဆှင်ဘုရင် ယေရှု ဖြစ်အယ်” ဟု ရေးထားလဲ့ ကိုယ်တော်အပေါ် တင်သောစွဲချက်ဟို တပ်ထားကြအယ်။
MAT 27:38 အေးအချိန်နှိုက် ထားမြနေယောက်ဟိုလည်း ယေရှုနဲ့အတူ လက်ယာဘက်တွင် တယောက်၊ လက်ဝဲဘက်တွင် တယောက်၊ လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်ကြအယ်။
MAT 27:39 လမ်းသွားလမ်းလာများဟ မိမိရဲ့ခေါင်းဟို ခါယွေ့ ယေရှုအား ကဲ့ရဲ့လျက်
MAT 27:40 “ဗိမာန်တော်ဟို ဖြိုဖျက်ယွေ့ သုံးရက်အတွင်း ပြန်လည်တည်ဆောက်မယ့်သူ နင်ဟ ဘုရားသခင်ရဲ့ သားတော်မန်ရင် တတ်တိုင်း ကယ်တင်ပင်း လက်ဝါးကပ်တိုင်ပေါ်မှ ဆင်းခဲ့လော့” ဟု ပြောဆိုကြအယ်။
MAT 27:41 အေးနည်းတူစွာ ယဇ်ပုရောဟိတ်ကြီးများ၊ ကျမ်းတတ်ဆရာများနဲ့ အသက်ကြီးသူများဟလည်း ကိုယ်တော်ဟို ပြောင်ကြယွေ့
MAT 27:42 “ဟေသူဟ သူတပါးဟို ကယ်တင်ပေမဲ့ မိမိတတ်တိန်း မကယ်တင်နိန်တာ ဟုတ်မောင့်လဲ့၊ သူဟ ဣသရေလဘုရင် မဟုတ်လော၊ လက်ဝါးကပ်တိုင်မှ အခုဆင်းလာရင် ငါလို့ သူ့ဟို ယုံကြည်ကြမယ်။
MAT 27:43 သူဟ ဘုရားသခင်ဟို ယုံကြည်ကိုးစားအယ်။ ‘ငါဟ ဘုရားသခင်ရဲ့ သားတော်ဖြစ်အယ်’ ဟု ဆိုအယ်။ အဲလိုမို့ ဘုရားသခင်ဟ သူဟို အလိုတော်ဆိရင် အခုပင် ကယ်တင်ပါစေ” ဟု ဆိုကြအယ်။
MAT 27:44 ကိုယ်တော်နဲ့အတူ လက်ဝါးကပ်တိုင်တွင် အသတ်ခံရသူ ထားမြများကပင်လျှင် အေးနည်းတူ ကိုယ်တော်ဟို ကဲ့ရဲ့ပစ်တင်ကြအယ်။
MAT 27:45 မွန်းတည့်ချိန်မှစယွေ့ မွန်းလွဲသုံးနာရီတိုင်အောန် မြေတပြင်လုံးတွင် မိုက်လေအယ်။
MAT 27:46 မွန်းလွဲသုံးနာရီ အချိန်နှိုက် ယေရှုဟ “ဧလိ၊ ဧလိ၊ လာမာ ရှာဗခသာနိ” ဟု ကျယ်သောအသံနဲ့ အော်ဟစ်အယ်။ ဆိုလိုလဲ့အနက်ဟ “ငါ့ ဘုရား၊ ငါ့ ဘုရား၊ ပစာကျောန့် ငါ့ဟို စွန့်ပစ်လုန်း။”
MAT 27:47 အဲရပ်နှိုက် ရပ်နေသူ လူတချို့လို့ဟ အေးစကားဟို ကြားရင် “သူဟ ဧလိယဟို ခေါ်နေအယ်” ဟု ဆိုကြအယ်။
MAT 27:48 အေးသူလို့အနက် လူတယောက်ဟ ချက်ချင်းပြေးယွေ့ ယေမြှုပ်ဟိုယူကာ စပျစ်ယေချဉ်နဲ့ပြေ့စေပင်း အေးဟာဟို ကျူရိုးဖျားတွင် ပတ်ယွေ့ ကိုယ်တော်သောက်ရန် ပေးအယ်။
MAT 27:49 အဲလိုလဲ အခြားသောသူလို့ဟ “ဆိစေတော့၊ သူဟိုကယ်ရန် ဧလိယ လာမလာဟို ငါလို့ကျေ့ကြကုန်အံ့” ဟု ဆိုကြအယ်။
MAT 27:50 ယေရှုဟ တဖန်ကျယ်စွာ အော်ပင်းလျှင် အသက်ချုပ်အယ်။
MAT 27:51 အေးအခါ ဗိမာန်တော်ကန့်လန့်ကာဟ အထက်စွန်းမှ အောက်စွန်းတိုင်အောန် နေခြမ်း ကွဲလေအယ်၊ မြေငလျင်လှုပ်ယွေ့ ကျောက်ဆောင်များ ပြိုကွဲကြအယ်။
MAT 27:52 လုတ်တိုင်းဂူများ ပွင့်သဖြင့် သေလွန်ပင်းသူ သန့်ဆှင်းသောသူလို့ရဲ့ ရုပ်အလောင်းများစွာလို့ဟ အသက်ပြန်ဆှင်လာကြအယ်။
MAT 27:53 ယေရှု ဆှင်ပြန်ထမြောက်ပင်းနောက် အေးသူလို့ဟ လုတ်တိုင်းထဲမှ ထွက်လာကာ သန့်ဆှင်းသောမြို့တော်ဟို ဝင်သွားကြသဖြင့် လူအများပင် သူလို့ဟို တွေ့မျော်ကြအယ်။
MAT 27:54 တပ်မှူးနဲ့တကွ ယေရှုဟို စောင့်ကျေ့နေကြသော စစ်သားများဟ မြေငလျင်လှုပ်ခြင်းနဲ့ အခြားအဖြစ်အပျက်များဟိုလည်းကောင်း တွေ့မျော်ကြသောအခါ ရမ်းဆာ့ကြောက်လန့်ကြယွေ့ “ဟေသူဟ အမန်ပင် ဘုရားသခင်ရဲ့သားတော် ဖြစ်အယ်” ဟု ဆိုကြအယ်။
MAT 27:55 အေးအရပ်တွင် အဝေးဟရပ်လျက် ကျေ့နေသော အမျိူးသမီးများဆိပင်း ဂါလိလဲပြေမှ ယေရှုရဲ့ နောက်တော်ဟို လိုက်ယွေ့ လုပ်ကျွေးသမှု ပြုကြသူများ ဖြစ်အယ်။
MAT 27:56 အေးသူလို့အထဲတွင် မာဂဒလမြို့သူ မာရိ၊ ယာကုပ်နဲ့ ယောသပ်လို့ရဲ့ အမေ့ဖြစ်သူ မာရိနဲ့ ဇေဗေဒဲရဲ့ပေါင်အိုမလို့ ပါကြအယ်။
MAT 27:57 ညခင်းအချိန်ရောက်သောအခါ အရိမဿဲမြို့မှ ယောသပ် နာမယ်ဆိသော သူဌေးတယောက် ရောက်လာအယ်။ သူဟ ယေရှုရဲ့ တဘဲ့တော်တယောက် ဖြစ်အယ်။
MAT 27:58 သူဟ ပိလတ်မင်းဆေဟို ဝင်ပင်းရင် ယေရှုရဲ့ ရုပ်အလောင်းဟို တောင်းပင်း ပိလတ်မင်းဟ ယောသပ်အား ပေးရန် အမိန့်ချမှတ်လိုက်အယ်။
MAT 27:59 ယောသပ်ဟ ရုပ်အလောင်းဟို ယူယွေ့ ဖြူစင်သော ပိတ်ချောဖြင့် ပတ်အယ်။
MAT 27:60 အေးနောက် ကျောက်ဆောင်နှိုက် အသစ်ထွင်းထားလဲ့ မိမိလုတ်တိုင်းဂူတွင် သွင်းထားပင်းနောက် ဂူဝဟို ကြီးမားလဲ့ ကျောက်တုံးတခုလှိမ့်ယွေ့ ပိတ်ထားလိုက်ပင်းနောက် ပြန်သွားလေအယ်။
MAT 27:61 လုတ်တိုင်းဆေ့တွင် မာဂဒလမြို့သူ မာရိနဲ့ တခြားမာရိလို့ဟ ထိန်လျက် ဆိနေကြအယ်။
MAT 27:62 နောက်တနေ့ ကုန်လွန်ယွေ့ ဥပုသ်နေ့ရောက်သော် ယဇ်ပုရောဟိတ်ကြီးများနဲ့ ဖာရိရှဲများဟ ပိလတ်မင်း ဆေဟို သွားပင်းရင်
MAT 27:63 “ဆရာ၊ အေးလူလိမ် အသက်ဆှင်စဉ်အခါဟ ‘ငါသည် သုံးရက်ကြာရင် သေခြင်းမှ ထမြောက်မယ်’ ဟု ဟောခဲ့တာဟို ငါလို့ မှတ်မိအယ်။
MAT 27:64 သို့ဖြစ်ယွေ့ သုံးရက်မြောက်သောနေ့အထိ လုတ်တိုင်းဂူဟို လုံခြုံစွာ ပိတ်ယွေ့ စောင့်ကြပ်စေရန် အမိန့်ပေးမန့်။ အဲလိုမဟုတ်ရင် သူရဲ့တဘဲ့များဟ လာယွေ့ ရုပ်အလောင်းဟို ခိုးယူကာ သူဟ သေခြင်းမှ ထမြောက်လေပီ ဟု လူလို့အား ပြောကြလိမ့်မယ်။ အေးအခါ နောက်ဆုံးလှည့်စားချက်ဟ ပထမလှည့်စားချက်ထက် ပိုယွေ့ ဆိုးပါလိမ့်မယ်” ဟု ဆှောက်ထားကြအယ်။
MAT 27:65 ပိလတ်မင်းဟ “အစောင့်တပ် တတပ်ဟို ခေါ်ပင်း လုတ်တိုင်းဂူဟို သွားယွေ့ အတတ်နိန်ဆုံး စောင့်ကျေ့စေလော့” ဟု ဆိုအယ်။
MAT 27:66 သို့ဖြစ်ယွေ့ အေးသူလို့ဟ လုတ်တိုင်းဂူသို့ သွားပင်းရင် ကျောက်တုံးဟို တံဆိပ်ခတ်နှိပ်ကာ အစောင့်တပ်များဟို ချထားကြအယ်။
MAT 28:1 ဥပုသ်နေ့ပင်းနောက် တနင်္ဂနွေနေ့ မိုးလင်းခါနီး အချိန်နှိုက် မာဂဒလမြို့သူ မာရိနဲ့ တခြားမာရိလို့ဟ လုတ်တိုင်းဟို သွားကျေ့ကြအယ်။
MAT 28:2 ရုတ်တရက် ပြင်းလဲ့ မြေငလျင်လှုပ်လေအယ်။ အကျောန်းမှာ ဘုရားသခင်ရဲ့ ခေါန်းခင်တမန်ဟ ခေါန်းခင်ဘုံမှ ဆင်းလာယွေ့ ကျောက်တုံးဟို တွန်းဖယ်ပင်း အဲကျောက်တုံးပေါ်မှာ ထိန်နေသောကျောန့် ဖြစ်အယ်။
MAT 28:3 သူရဲ့ပုံစံဟ ရှပ်စီးလပ်သလိုဖြစ်ယွေ့ သူရဲ့ အဝတ်ဟ နှင်းပွင့်လို ဖြူအယ်။
MAT 28:4 အစောင့်တပ်သားများဟ ခေါန်းခင်တမန်ဟို ရမ်းဆာ့ ကြောက်လန့်သဖြင့် တုန်လှုပ်ကာ လူသေလိုမျိုး ဖြစ်သွားကြအယ်။
MAT 28:5 ခေါန်းခင်တမန်ဟ မိန်းမလို့အား “မကြောက်ကြနဲ့၊ လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်ခံရသော ယေရှုဟို နင်လို့ ဆာနေကျောန်းဟို ငါသိအယ်။
MAT 28:6 ကိုယ်တော်ဟ ဟေနေရာနှိုက် မဆိ မိန့်ခဲ့လဲ့အတိုင်း ဆှင်ပြန်ထမြောက်ပီ။ ကိုယ်တော် လျောင်းတဲ့နေရာဟို လာပင်း ကျေ့ကြလော့။
MAT 28:7 တဘဲ့တော်ဆေဟို အခုမြန်မြန်သွားပင်း ‘ကိုယ်တော်ဟ သေခြင်းမှ ဆှင်ပြန်ထမြောက်ပီ၊ နင်လို့ထက်အရင် ဂါလိလဲပြေဟို ကြွမယ်ဖြစ်ယွေ့ အဲအရပ်တွင် ကိုယ်တော်ဟို နင်လို့ တွေ့ရကြလိမ့်မယ်’ ဟု ပြောကြားကြလော့၊ ငါဟောလဲ့ စကားဟို မမေ့ကြနဲ့” ဟု ဆိုအယ်။
MAT 28:8 အဲမိန်းမလို့ဟ ကြောက်လန့်ကြသော်လည်း ရမ်းဆာ့ ရွှင်လန်းဝမ်းမြောက်စွာ လုတ်တိုင်းဂူမှ မြန်မြန်ထွက်ခွာယွေ့ တဘဲ့တော်လို့အား အေးသတင်းဟို ဟောကြားရန် ပြေးကြအယ်။
MAT 28:9 အဲအချိန်နှိုက် ယေရှုဟ သူလို့ဆေဟို ရောက်ဆိလာကာ “နင်လို့ဟ မင်္ဂလာဆိပါစေသော” ဟု မိန့်အယ်။ သူလို့ဟ အထံတော်ဟို ချဉ်းကပ်ယွေ့ ခြေထောက်ဟို ဖက်ယမ်းလျက် ပျပ်ဝပ်ရှိခိုးကြအယ်။
MAT 28:10 အဲအခါ ယေရှုဟ “မကြောက်ကြနဲ့၊ သွားယွေ့ ငါရဲ့ညီအကိုများအား ဂါလိလဲပြေဟို သွားရန် ဟောကြားလော့။ သူလို့ဟ အေးပြေတွင် ငါ့ဟို မျော်ရကြလိမ့်မယ်” ဟု မိန့်အယ်။
MAT 28:11 မိန်းမလို့ ထွက်ခွာသွားကြစဉ် လုတ်တိုင်းဂူ အစောင့်တပ်သား တချို့လို့ဟ မြို့ထဲဟိုဝင်ယွေ့ ယဇ်ပုရောဟိတ်ကြီးများအား ဖြစ်ပျက်လဲ့ အကျောန်းအရာအလုံးစုံဟို ကြားပြောကြအယ်။
MAT 28:12 ယဇ်ပုရောဟိတ်အကြီးများနဲ့ အသက်ကြီးသူများဟ စုရုံးတိုင်ပင်ကြပင်းနောက် စစ်သားများအား ရမ်းဆာ့သော ပိတ်ဆန်ဟို ပေးယွေ့
MAT 28:13 “ညအခါ ငါလို့အိပ်မွေ့နေခိုက် အေးသူရဲ့ တဘဲ့လို့ဟ လာယွေ့ အလောင်းဟို ခိုးယူသွားကြတာဟု ဟောကြလော့။
MAT 28:14 အေးသတင်းဟို မြို့ဝန်မင်းများ ကြားခဲ့ရင် သူ့ဟို ငါလို့ ဖျောင်းဖျယွေ့ သူလို့နှိုက် စိုးရိမ်စရာ မဆိစေရန် ဆောင်ရွက်ပေးမယ်” ဟု ဆိုကြအယ်။
MAT 28:15 စစ်သားလို့ဟ ပိတ်ဆန်ဟို ယူယွေ့ သူလို့ သင်ကြားပေးလိုက်လဲ့အတိုင်း ဟောကြအယ်။ အဲလိုမို့ အဲသတင်းဟို အခုနေ့တိုင်အောန် ယုဒအမျိုးသားလို့ဟ အနှံ့အပြား ပြောဆိုကြအယ်။
MAT 28:16 တဘဲ့တော် တဆယ့်တဦးလို့ဟ ယေရှု မှာကြားလဲ့အတိုင်း ဂါလိလဲပြေ တောင်ပေါ်သို့ သွားကြအယ်။
MAT 28:17 သူလို့ဟ ကိုယ်တော်ဟို မျော်သောအခါ ပျပ်ဝပ်ရှိခိုးကြပေမဲ့ အေးသူလို့အနက် တချို့သောသူလို့ဟ သံသယ ဖြစ်ကြအယ်။
MAT 28:18 ယေရှုဟ သူလို့ အနီးဟို ကြွလာလျက် “ခေါန်းခင်ဘုံနဲ့ မြေကြီးပေါ် ဆိသမျှသောတန်ခိုး အာဏာလို့ဟို ငါဆေ ပေးအပ်ထားလေပီ။
MAT 28:19 အဲလိုမို့ နင်လို့ဟ သွားယွေ့ လူမျိုးတကာလို့ဟို ငါ့တဘဲ့ ဖြစ်စေကြလော့။ သူလို့အား ခမည်းတော်၊ သားတော်၊ သန့်ဆှင်းသော ဝိညာဉ်တော်ရဲ့ နာမဟို အမှီပြုယွေ့ နှစ်ခြင်းမင်္ဂလာဟို ပေးကြလော့။
MAT 28:20 နင်လို့အား ငါပေးသမျှသော ပညတ်လို့ဟို စောင့်ထိန်းကြစေရန် သူလို့အား သွန်သင်ကြလော။ ငါဟ ကပ်ကမ္ဘာကုန်ဆုံးချိန်တိုင်အောန် နင်လို့နဲ့အတူ အစဉ်မပြတ် ဆိမယ်” ဟု မိန့်အယ်။
MAR 1:1 ဟေအကျောန်းအရာဟ ဘုရားသခင်ရဲ့ သားတော် ယေရှု ခရစ်အကျောန်း သတင်းကောင်း ဖြစ်အယ်။
MAR 1:2 ပရောဖက် ဟေရှာယကျမ်းတွင် စတင် ရေးသားခဲ့လဲ့အတိုင်း၊ “ဘုရားသခင်ဟ၊ ‘ငါဟ နင့်ရဲ့ လမ်းဟို ပြင်စေရန် ငါရဲ့ တမန်ဟို နင့်ဆေ့အူးရင် စေလွှတ်လိမ့်မယ်။’
MAR 1:3 တောကန္တာရထဲတွင် တစုံတယောက် အော်ပြောသောသူရဲ့ အသံမှာ ‘အဆှင် ကြွလာရာလမ်းဟို အသင့်ပြင်ဆင်ကြလော့၊ အဲသူရဲ့ လမ်းဟို ဖြောင့်တန်းအောန် လုပ်ကြလော့။’ ”
MAR 1:4 နှစ်ခြင်းဆရာ ယောဟန်ဟ တောကန္တာရနှိုက် ပေါ်ထွန်းလာပင်း အပစ်များဟို ခွင့်လွှတ်ခြင်းအတွက် နောင်တနဲ့ဆိုင်သော နှစ်ခြင်းတရားဟို ဟောလေအယ်။
MAR 1:5 ရမ်းဆာ့သော ယုဒနယ်တနယ်လုံးဆိ လူအပေါင်းလို့နဲ့ ယေရုရှလင်မြို့မှ လူအားလုံးလို့ဟ ယောဟန်ဆေသို့ ကြားနာဖို့ သွားကြကုန်အယ်။ မိမိလို့ အပစ်များဟို ပြောပြဝန်ခံပင်း ယော်ဒန်မြစ်တွင် ယောဟန်ဆေမှာ နှစ်ခြင်းဟို ခံယူကြအယ်။
MAR 1:6 ယောဟန်ဟ ကုလားအုတ် အမွေးနဲ့ရက်သော အဝတ်ကြမ်းဟို ဝတ်ဟားပင်း၊ သားရေ ခါးပတ်ဟို သူ့ရဲ့ ခါးတွင် စဲထားလျက်၊ ပလံမစိမ်းနဲ့ တောပျားရည်ဟို စားသောက်နေအယ်။
MAR 1:7 သူဟ “ငါ့ထက်ကြီးမြတ်သောသူဟ ငါရဲ့ နောက်တွင် ပေါ်ထွန်းလာလိမ့်မယ်။ ငါဟ အဲသူရဲ့ ဖိနပ်သိုင်းကြိုးဟိုမျှ ငုံ့ယွေ့ ဖြေပေးရန် ငါမထိုက်။
MAR 1:8 ငါဟ နင်လို့အား ယေတွင် နှစ်ခြင်းဟို ပေးယွေ့၊ အဲသူမှာမူ သန့်ဆှင်းသော ဝိညာဉ်တော်နှိုက် နင်လို့ဟို နှစ်ခြင်း ပေးလိမ့်မယ်” ဟု ဟောလေအယ်။
MAR 1:9 အဲအချိန်မှာ ယေရှုဟ ဂါလိလဲပြေ နာဇရက်မြို့မှ ကြွလာယွေ့၊ ယော်ဒန်မြစ်တွင် ယောဟန်ဆေမှာ နှစ်ခြင်းဟို ခံယူလေအယ်။
MAR 1:10 ယေထဲမှ တက်လာတာနဲ့ တခါတည်း မိုးခေါန်းခင်ပွင့်ယွေ့ သူ့အပေါ်ဟို ဝိညာဉ်တော်ဟ ချိုးငက်အသွင်ဖြင့် ဆင်းလာတာဟို မျော်လေအယ်။
MAR 1:11 မိုးခေါန်းခင် ပေါ်မှ လာသော အသံဟ “နင်ဟ ငါပိုင်တဲ့ ငါရဲ့ ချစ်သား ဖြစ်အယ်။ ငါ နှစ်သက်မြတ်နိုးသောသူ ဖြစ်အယ်။”
MAR 1:12 ခုတင်ချင်းပင် ဝိညာဉ်တော်ဟ ကိုယ်တော်အား တောကန္တာရထဲဟို ပို့ဆောင်ပေးအယ်။
MAR 1:13 တောကန္တာရတွင် စာတန်ဟ ကိုယ်တော်အား ရက်ပေါင်း လေးဆယ်တိတိ စမ်းသပ်သွေးဆောင်လေအယ်။ အဲနေရာတွင် တောတိရစ္ဆာန်ကောင်များလည်း ဆိကြပင်း ခေါန်းခင်တမန်လို့ဟ လာယွေ့ ကိုယ်တော်ဟို ကူညီလုပ်ကျွေးကြအယ်။
MAR 1:14 ယောဟန်ဟ အကျဉ်းထောင်ထဲဟို ရောက်ပင်းနောက် ယေရှုဟ ဂါလိလဲပြေသို့ ကြွလာယွေ့ ဘုရားသခင်ဆေမှ သတင်းကောင်းဟို ဟောလေအယ်။
MAR 1:15 “အချိန်ကျလာပီ။ ဘုရားသခင်ရဲ့ နိုင်ငံတော် တည်လုနီးပီမို့၊ နောင်တရယွေ့ သတင်းကောင်းဟို ယုံကြည်ကြလော့” ဟု ဟောလေအယ်။
MAR 1:16 ယေရှုဟ ဂါလိလဲ အိန်ကမ်းနားတွင် ဆှောက်သောအခါ ရှိမုန်နဲ့ သူ့ညီ အိန္ဒြေလို့ တံငါသည် နေယောက်ဟ အိန်ထဲတွင် ကွန်ပစ်နေကြတာဟို မျော်လေအယ်။
MAR 1:17 ယေရှုဟ “လာမန့်။ ငါ့နောက်ဟို လိုက်ကြ။ နင်လို့ဟို လူဟိုဖမ်းသော တံငါသည်များဖြစ်အောန် ငါသင်ပေးမယ်” ဟု သူလို့အား ပြောလေအယ်။
MAR 1:18 သူလို့ဟ တခါထဲ ပိုက်ကွန်ဟို ထားခဲ့ယွေ့ နောက်တော်ဟို လိုက်ကြအယ်။
MAR 1:19 ကိုယ်တော်ဟ ကတစ်ဆက်လက်ယွေ့ ဆှောက်သွားပင်း နောက်ထပ် ညီအကို နေယောက်ဖြစ်သော ဇေဗေဒဲရဲ့ သား ယာကုပ်နဲ့ ယောဟန်ဟို မျော်လေအယ်။ သူလို့ဟလည်း လှေထဲတွင် ပိုက်ကွန်များဟို အသင့်ပြင်နေကြအယ်။
MAR 1:20 ယေရှုဟ သူလို့ဟို မျော်ရင် ခုတုံးခေါ်လိုက်သဖြင့် သူလို့ဟ အဖ ဇေဗေဒဲဟို လူငှားများနဲ့ လှေထဲတွင် ထားခဲ့ယွေ့ ယေရှု နောက်ဟို လိုက်ကြအယ်။
MAR 1:21 ယေရှုနဲ့ သူရဲ့ တဘဲ့တော်လို့ဟ ကပေရနောင်မြို့ထဲဟို လာကြအယ်။ ဥပုသ်နေ့ရောက်သောအခါ ယေရှုဟ တရားဇရပ်ဟို ဝင်ယွေ့ စတင်သွန်သင်လေအယ်။
MAR 1:22 လူလို့ဟ ကိုယ်တော် သွန်သင်ခြင်းဟို အံ့ဩကြအယ်၊ ပစာကို့ ကိုယ်တော်ဟ ကျမ်းတတ်ဆရာများလိုမျိုး မဟုတ်ဘဲ၊ အဲသူလို့အား အမိန့်အာဏာဆိသောသူလိုမျိုး သွန်သင်လေအယ်။
MAR 1:23 အားပင်း ညစ်ညူးသော နတ်ပူးနေသူ တအူးဟ တရားဇရပ်ထဲဟို လာယွေ့ အော်ကတာဟ၊
MAR 1:24 “နာဇရက်မြို့သား ယေရှု၊ နင်ဟ ငါလို့အား ပစာလို လုပ်ချင်လုန်း။ ငါလို့အား ဖျက်ဆီးရန် ဟေမှာ ဆိနေပါလော။ နင်ဟာ စသူဖြစ်ကျောန်း ငါ သိအယ် — နင်ဟ ဘုရားသခင်ရဲ့ သန့်ဆှင်းသောသူ ဖြစ်အယ်။”
MAR 1:25 ယေရှုဟ “တိတ်တိတ်နေလော့၊ သူ့အထဲမှ ထွက်သွားလော့” ဟု ဝိညာဉ်ဟို အမိန့်ပေးအယ်။
MAR 1:26 ညစ်ညူးသောနတ်ဟ လူဟို တောင့်မာစေပင်း၊ အသံကျယ်ရီးနဲ့ အော်ဟစ်ပင်း သူဆေဟနေ ထွက်လာအယ်။
MAR 1:27 လူအပေါင်းလို့ဟ ရမ်းဆာ့အံ့ဩကြလျက် “ဟေဟာရာ့ ပစာရီးနှင်း။ အေးဟာဟ အသစ်သင်ကြားခြင်းရဲ့ တချို့လော။ သူဟာ ညစ်ညူးသော နတ်များဟို အာဏာနဲ့ အမိန့်ပေးယွေ့ သူလို့ဟ နာခံကြအယ်” ဟု သူလို့ အချင်းချင်း စတင်ပင်း ပြောဆိုကြအယ်။
MAR 1:28 အဲကျောန့် ကိုယ်တော်ရဲ့ သတင်းအကျောန်းဟ ဂါလိလဲပြေ တနယ်လုံးဆိ နေရာတိုင်း မြန်မြန် ပျံ့နှံ့သွားလေအယ်။
MAR 1:29 ယေရှုနဲ့ သူရဲ့ တဘဲ့တော်လို့ဟ ယာကုပ်၊ ယောဟန်နဲ့အတူ တရားဇရပ်မှ ထွက်ခွာယွေ့ ရှိမုန်၊ အိန္ဒြေလို့ရဲ့ နေအိုင်ဟို တန်းသွားကြအယ်။
MAR 1:30 ရှိမုန်ရဲ့ ယောက္ခမဟ ဖျားနေယွေ့ အိပ်ယာပေါ်လှဲလျက် နေတာဟို ယေရှုအား သူမအကျောန်း သူလို့ဟ ခုတုံးပြောအယ်။
MAR 1:31 ကိုယ်တော်ဟ သူမဆေဟို သွားပင်း၊ သူမရဲ့ လက်ဟို ယူယွေ့ ထရန် ကူညီပင်း၊ သူမဟ အဖျားပျောက်ယွေ့ စတင်ပင်း သူလို့ဟို လုပ်ကျွေးပြုစုလေအယ်။
MAR 1:32 နေဝင်ယွေ့ ညခင်းအချိန် ရောက်လာပင်းနောက် လူများဟ ရောဂါသည်များနဲ့ နတ်မိစ္ဆာပူးသူများ အားလုံးဟို ယေရှု ဆေဟို ခေါ်ခဲ့ကြအယ်။
MAR 1:33 မြို့ထဲမှ လူအားလုံးလို့ဟ နေအိုင် ဆေ့အူးတွင် စုဆုံလျက် ဆိနေကြအယ်။
MAR 1:34 ယေရှုဟ ဖျားနာနေသူများနဲ့ ရောဂါအမျိုးစုံစွဲကပ်သူ အမြောက်အများဟို ကျန်းမာစေယွေ့ ရမ်းဆာ့သော နတ်ဆိုးလို့ဟို မောင်းထုတ်ပလိုက်အယ်။ နတ်ဆိုးလို့ဟ ကိုယ်တော် စသူဖြစ်ကျောန်းဟို သိနေကြသောကျောန့် ကိုယ်တော်ဟ သူလို့အား စကားပြောခွင့် မပေးချေ။
MAR 1:35 မနက်စောစော မိုးမလင်းခင် ယေရှုဟ အိပ်ယာမှ ထပင်း၊ သူဟ နေအိုင်ဟနေ တိတ်ဆိတ်လဲ့ နေရာဟို ထွက်သွားပင်း အဲအရပ်နှိုက် ဆုတောင်းလေအယ်။
MAR 1:36 ရှိမုန်နဲ့ သူရဲ့ အပေါင်းအဖော်များဟ ထွက်သွားယွေ့ ကိုယ်တော်ဟို လိုက်ဆာယွေ့၊
MAR 1:37 သူလို့ ကိုယ်တော်ဟို တွေ့သောအခါ “လူအပေါင်းလို့ဟ ကိုယ်တော်ဟို ဆာနေကြပါအယ်” ဟု ပြောကြအယ်။
MAR 1:38 ယေရှုဟ “အနီးအနားဆိ အခြားရွာများဟို သွားကြစို့။ ငါဟ သူလို့ဆေမှာ တရားဟောရမယ်၊ အဲဒီအတွက်ကျောန့် ငါလာခဲ့အယ်” ဟု ပြောလေအယ်။
MAR 1:39 ကိုယ်တော်ဟ ဂါလိလဲပြေအနှံ့ သွားလာယွေ့ တရားဇရပ်များနှိုက် တရားဟောပင်း နတ်မိစ္ဆာများဟို မောင်းထုတ်လေအယ်။
MAR 1:40 နူနာရောဂါစွဲကပ်သူ လူတယောက်ဟ ယေရှုဆေဟိုလာပင်း ဒူးထောက်ယွေ့ “ကိုယ်တော် အလိုတော်ဆိရင် ငါ့ဟို ရောဂါမှ သန့်စင်စေနိန်ပါအယ်” ဟု တောင်းပန်အယ်။
MAR 1:41 ယေရှုဟ သနား သဖြင့် လက်ဟို ဆန့်ယွေ့ အဲသူဟို တို့ထိလေအယ်။ “ငါ အလိုဆိအယ်၊ သန့်ဆှင်းပါစေ” ဟု ပြောအယ်။
MAR 1:42 ခုတုံးပင် သူဟ နူနာရောဂါပျောက်ယွေ့ သန့်စင်သွားလေအယ်။
MAR 1:43 ယေရှုဟ သူဟို ခုတုံးလွှတ်လိုက်အယ်၊
MAR 1:44 သူ့ဟို ပြောပင်းနောက်၊ “နားထောင်ပါ၊ အဲအကျောန်းဟို စသူ့ဟိုမှ မပြောနဲ့။ အဲလိုလဲ ယဇ်ပုရောဟိတ်ဆေသို့ တန်းသွားပင်း ကိုယ်ဟို ပြပင်း နင်လို့ဟ သန့်ဆှင်းကျောန်း လူတိုင်းဟို သက်သေပြရန် မောရှေ မိန့်မှာလဲ့အတိုင်း ပူဇော်သကာဟို ဆက်သပါ” ဟု တင်းတင်းကြပ်ကြပ် သတိပေးအယ်။
MAR 1:45 အားပင်မဲ့ သူထွက်သွားပင်း သတင်းဟို နေရာအနှံ့ဟို ပြောကြားလေအယ်။ အဲသတင်းဟ ရမ်းဆာ့ ပြန့်သွားသဖြင့် ယေရှုဟ မြို့ထဲဟို လူသိဆှင်ကြား မဝင်နိန်တော့ချေ။ ဆိတ်ကွယ်ရာအရပ်တွင် နေခဲ့ပင်း အရပ်ရပ်မှ လူအပေါင်းလို့ဟ ကိုယ်တော်ဆေဟို လာကြလေအယ်။
MAR 2:1 ရက်နဲနဲကြာသောအခါ ယေရှုဟ ကပေရနောင်မြို့ဟို လဲ့ပြန်လာပင်း၊ နေအိုင်မှာ ကိုယ်တော် ရောက်ဆိနေလဲ့ သတင်းဟ ပျံ့နှံ့သွားလေအယ်။
MAR 2:2 ရမ်းဆာ့သော လူလို့ဟ စုဝေးလာကြသဖြင့် အဲမှာ အခန်းလွတ်များ မကျန်တော့သာမက၊ ထင်ခါး အပြင်ဖက်မှာ နေရာပင် မဆိတော့ပေ။ ယေရှုဟ သူလို့အား တရားတော်ဟို ဟောလျက် နေလေအယ်။
MAR 2:3 အဲအခါ လူလေးယောက်လို့ဟ လာပင်း လေဖြတ်သူ တဦးဟို ကိုယ်တော်ဆေဟို မကြအယ်။
MAR 2:4 လူအုပ်ကြီးကျောန့် သူလို့ဟ သူ့ဟို ယေရှုဆေဟို မ မလာနိန်ကြ။ သူလို့ဟ ယေရှုဆိလဲ့ နေရာအပေါ်မှ ခေါင်မိုးဟို ဖွင့်ယွေ့ အပေါက်ဖောက်ကာ လေဖြတ်နေသောသူ လဲလျောင်းနေသော ထမ်းစင်ဟို လျှောချကြအယ်။
MAR 2:5 ယေရှုဟ သူလို့ရဲ့ ယုံကြည်ခြင်းဟို မျော်ရင် “ငါ့သား၊ နင့်ရဲ့ အပစ်များဟို လွှတ်စေပီ” ဟု လေဖြတ်သူအား ပြောလေအယ်။
MAR 2:6 အဲနေရာမှာ ထိန်နေကြသော ကျမ်းတတ်ဆရာအချို့လို့ဟ သူလို့ တတ်တိုင်း တွေးနေကြအယ်၊
MAR 2:7 “ဟေသူဟ ပစာကျောန့် ဟေလို့ ပြောဝံ့လုန်း။ သူဟ ဘုရားသခင်ဟို စော်ကား ပြောဆိုလေပီ၊ ဘုရားသခင်ဟ အပစ်များဟို ခွင့်လွတ်နိန်သော တဦးတည်းသောသူ ဖြစ်အယ်။”
MAR 2:8 ယေရှုဟ အဲသူလို့ ပစာတွေးနေလဲဆိုတာဟို ခုတုံးသိသောကျောန့် ယေရှုဟ သူလို့အား ပြောတာဟ၊ “နင်လို့ဟာ ပစာကျောန့် ဟေအရာဟို တွေးနေကြလုန်း။
MAR 2:9 ဟေလေဖြတ်သူအား ‘နင်ရဲ့ အပစ်များဟို ခွင့်လွှတ်ပီ’ အားမှမဟုတ် ‘ထလော့၊ နင့်ထမ်းစင်ဟို ကောက်ယူယွေ့ လမ်းဆှောက်လော့’ ဟု ပြောရန် ပိုလွယ်သလော။
MAR 2:10 အဲလိုလဲ လူသားဟ မြေကြီးပေါ်တွင် အပစ်များ ခွင့်လွှတ်ပိုင်ခွင့် အာဏာဆိတာဟို နင်လို့အား ငါ သက်သေပြမယ်။”
MAR 2:11 “နင့်ဟို ငါပြောမယ်၊ ထလော့၊ နင့်ထမ်းစင်ဟို ကောက်ယူယွေ့ နေအိုင်ဟို ပြန်လော့” ဟု သူဟ လက်ခြေသေသောသူအား ပြောအယ်။
MAR 2:12 သူလို့အားလုံး ကျေ့နေခါ၊ အဲသူဟ ထယွေ့၊ သူရဲ့ ထမ်းစင်ဟို ကောက်ယူယွေ့ အမြန် ထွက်သွားလေအယ်။ သူလို့အားလုံးဟ လုံးဝအံ့ဩယွေ့ ဘုရားသခင်ဟို ချီးမွန်းပင်း “ငါလို့ ဟေလိုမျိုး တခါမှ မမြင်ဖူးဝူး” ဟု ပြောကြအယ်။
MAR 2:13 ယေရှုဟ ဂါလိလဲအိန်နားဟို နောက်တခါ လဲ့ပြန်လာအယ်။ လူအုပ်လို့ဟ ကိုယ်တော်ဆေဟို လာကြယွေ့ သူလို့ဟို စတင်သွန်သင်လေအယ်။
MAR 2:14 ကိုယ်တော်ဟ ဆှောက်လာခါ၊ အခွန်ခံ လေဝိဟ ရုံးခန်းတွင် အာလဖဲရဲ့သား လေဝိ ထိန်နေတာဟို မျော်ပင်း “ငါ့ နောက်လိုက်လော့” ဟု ယေရှုဟ သူဟို ပြောယွေ့၊ လေဝိဟ ထယွေ့ ကိုယ်တော် နောက်ဟို လိုက်လေအယ်။
MAR 2:15 ယေရှုဟ လေဝိရဲ့ နေအိုင်တွင်ညနေစာ စားသောက်လျက်နေစဉ်၊ ရမ်းဆာ့သော အခွန်ခံများနဲ့ အပစ်သားများဟ တဘဲ့တော်များနဲ့တကွ ကိုယ်တော်နဲ့အတူ စားသောက်လျက် ဆိကြအယ် အကျောန်းမှာ ကိုယ်တော် နောက်ဟို လိုက်သောသူ ရမ်းဆာ့ ဆိကြအယ်။
MAR 2:16 ကိုယ်တော်ဟ အပစ်သားများ၊ အခွန်ခံများနဲ့အတူ စားသောက်နေတာဟို ဖာရိရှဲလို့ ထဲမှ ကျမ်းတတ်ဆရာများ မျော်သောအခါ “ပစာကျောန့် ကိုယ်တော်ဟ အပစ်သားများ၊ အခွန်ခံများနဲ့အတူ စားသောက်လုန်း” ဟု သူလို့ဟ ကိုယ်တော်ရဲ့ တဘဲ့များဟို မေးကြအယ်။
MAR 2:17 ယေရှုဟ အေးအရာဟို ကြားရင်၊ “ကျန်းမာသူလို့ဟ ဆရာဝန်ဟို မလိုအပ်ကြ၊ ဖျားနေသူသာလျှင် လိုအပ်ကြအယ်။ ဖြောင့်မတ်သောသူဟို ခေါ်ရန် ငါ လာတာ မဟုတ်၊ အပစ်သားများဟို ခေါ်ရန်လာအယ်” ဟု သူလို့အား ပြောလေအယ်။
MAR 2:18 ယောဟန်ရဲ့ တဘဲ့များနဲ့ ဖာရိရှဲလို့ဟ အစာဆှောင်လျက် နေကြအယ်။ လူအချို့လို့ဟ ယေရှု ဆေဟိုလာယွေ့ “ယောဟန်ရဲ့ တဘဲ့များနဲ့ ဖာရိရှဲရဲ့ တဘဲ့များဟ အစာဆှောင်ကြသော်လည်း ကိုယ်တော်ရဲ့ တဘဲ့များဟ ပစာကျောန့် အစာမဆှောင်ကြလုန်း” ဟု မေးကြအယ်။
MAR 2:19 ယေရှုဟ “သတို့သားရဲ့ အပေါင်းအဖော်များဟ သူနဲ့တူတူ ဆိနေစဉ်နှိုက် စလိုအစာဆှောင်ဖို့ မျော်လင့်နိန်သလော။ သူလို့ဟ သတို့သား ဆိနေသမျှ ကာလပတ်လုံး အစာမဆှောင်နိန်ကြ။
MAR 2:20 အားပင်မဲ့ သူလို့ဆေမှ သတို့သားဟို ယူဆောင်သွားမယ့်အချိန် ရောက်ဆိလာလိမ့်မယ်၊ အေးနေ့ရက် ရောက်လာတဲ့အခါ သူလို့ဟ အစာဆှောင်ကြလိမ့်မယ်။
MAR 2:21 “စသူမျှ အဝတ်ဟောင်းဟို ပိတ်စသစ်နဲ့ မဖာတတ်။ မဟုတ်ရင် အသစ်ဖာထားသော ပိတ်စဟ အဝတ်ဟောင်းဟို ရုန်းသဖြင့် အပေါက်ဟ ပိုကြီးစေတတ်အယ်။
MAR 2:22 စသူမှ စပျစ်ယေသစ်ဟို သားယေဖူးဟောင်းတွင် ထည့်လေ့ မဆိ။ မဟုတ်ရင် စပျစ်ယေဟ သားယေဖူးဟို ပေါက်ပြဲသဖြင့် စပျစ်ယေနဲ့ သားယေဖူးရော ပျက်စီးသွားလိမ့်မယ်။ အဲအစား စပျစ်ယေသစ်ဟို သားယေဖူး အသစ်နှိုက်သာ ထည့်ကြအယ်။”
MAR 2:23 ယေရှုဟ တနေ့သော ဥပုပ်နေ့နှိုက် ဂျုံခင်းဟို ဖြတ်ဆှောက်သွားခဲ့အယ်။ သူရဲ့ တဘဲ့တော်လို့နဲ့အတူ သွားနေကြစဉ်၊ သူလို့ဟ ဂျုံနှံများဟို စတင်ပင်း ဆွတ်ကြအယ်။
MAR 2:24 ဖာရိရှဲများဟ “ကျေ့မန့်၊ ပညတ်တရားအရ ဥပုသ်နေ့နှိုက် မပြုသင့်သော အမှုဟို သူလို့ဟ ပစာကျောန့် လုပ်ကြလုန်း” ဟု ကိုယ်တော်ဟို မေးကြအယ်။
MAR 2:25 ယေရှုဟလည်း “ဒါဝိဒ်ဟ သူနှိုက် စားစရာမဆိသဖြင့် သူနဲ့ သူ့အဖော်တစုလို့ မွတ်သောအခါ စလိုပြုခဲ့ကျောန်းဟို နင်လို့ တခါမှ မဖတ်ဖူးသလော။
MAR 2:26 ယဇ်ပုရောဟိတ်မင်း အဗျာသာလက်ထက်တွင် ဒါဝိဒ်ဟ ဘုရားသခင်ရဲ့ ဗိမာန်တော်သို့ဝင်ယွေ့ ယဇ်ပုရောဟိတ်များမှအပ ပညတ်အရ စသူမျှ မစားရသော ဆေ့တော်မုန့်ဟို စားယွေ့ သူနဲ့အတူဆိသော အပေါင်းအဖော်များအားလည်း ပေးခဲ့အယ်” ဟု ပြောလေအယ်။
MAR 2:27 အဲပင်းရင် ယေရှုဟ “ဥပုသ်နေ့ဟ လူသားအတွက် ဖြစ်အယ်၊ လူဟ ဥပုသ်နေ့အတွက် ဖြစ်အယ် မဟုတ်။
MAR 2:28 အေးလို့မို့ လူသားဟ ဥပုသ်နေ့ရဲ့ အဆှင်ပင် ဖြစ်အယ်” ဟု ပြောလေအယ်။
MAR 3:1 ယေရှုဟ တရားဇရပ်ဟို တဖန် ဝင်ရင်၊ အဲနေရာတွင် လက်တဖက်သေသောသူ တယောက်ဆိအယ်။
MAR 3:2 လူအချို့လို့ဟ ယေရှုဟို ပစ်တင်စွပ်စွဲရန်အတွက် ဥပုသ်နေ့နှိုက် သူ့အား ပျောက်စေမယ် အဲဟာမဟုတ်ရင် မပျောက်စေဘူးဆိုတာ အနီးကပ် စောင့်ကျေ့နေကြအယ်။
MAR 3:3 ယေရှုဟ လက်တဖက်သေသောသူအား “လူတိုင်းဆေ့တွင် မတ်တတ်ရပ်လော့” ဟု ပြောလေအယ်။
MAR 3:4 အဲပင်းရင် ယေရှုဟ “ငါလို့ ပညတ်တရားအရ ဥပုသ်နေ့တွင် ကောင်းသောအရာ အဲဟာမဟုတ်ရင် ဆိုးသောအရာဟို ပြုသင့်သလော၊ လူ့အသက်ဟို ကယ်အပ်သလော အဲဟာမဟုတ်ရင် သတ်အပ်သလော” ဟု သူလို့အား မေးလေအယ်။ အားပင်မဲ့ သူလို့ဟ တိတ်တိတ်လေး နေကြအယ်။
MAR 3:5 ယေရှုဟ အူထော့လျက် သူလို့ဟို ပတ်ပတ်လည်သို့ ကျေ့လိုက်ပင်း၊ သူလို့ရဲ့ ခိုင်မာသော စိတ်နေလုံးကျောန့် ရမ်းဆာ့ ဝမ်းနည်းလျက်၊ အဲသူအား “နင့်ရဲ့ လက်ဟို ဆန့်လိုက်” ဟု ပြောလေအယ်။ သူဟ လက်ဟို ဆန့်လျှင် သူ့လက်ဟ ပြန်ကောင်းသွားလေအယ်။
MAR 3:6 အဲပင်းရင် ဖာရိရှဲလို့ဟ တရားဇရပ်မှ တန်းသွားကြပင်း ယေရှုဟို သတ်ရန် နည်းလမ်းဟို ဟေရုဒ်ရဲ့ နောက်လိုက်များနဲ့ ခုတုံးတိုင်ပင်ကြအယ်။
MAR 3:7 ယေရှုဟ တဘဲ့တော်လို့နဲ့အတူ ဂါလိလဲအိန်ဟို သွားပင်း၊ လူအုပ်ကြီးလို့ဟ သူ့နောက်ဟို လိုက်ကြအယ်။ သူလို့ဟ ဂါလိလဲပြေ၊ ယုဒပြေ၊
MAR 3:8 ယေရုရှလင်မြို့၊ ဣဒုမဲနယ် ယော်ဒန်မြစ် အဆေ့ဖက်နယ်နဲ့ တုရု၊ ဇိဒုန်မြို့ အနီးနားမှ သူလို့ဟ ရောက်ဆိလာကြအယ်။ ရမ်းဆာ့သော လူလို့ဟ ယေရှုပြုလဲ့ အမှုအရာများဟို ကြားသဖြင့် သူ့ဆေသို့ လာကြအယ်။
MAR 3:9 လူအုပ်ဟ ရမ်းဆာ့များသောကျောန့် ကိုယ်တော်ဟ မိမိအား မတိုက်မိစေရန် လှေတစင်းဟို သူ့အတွက် အဆင်သင့်ထားရန် တဘဲ့တော်လို့အား ပြောလေအယ်။
MAR 3:10 ကိုယ်တော်ဟ ရမ်းဆာ့သော လူလို့ဟို ကျန်းမာစေသဖြင့် ရောဂါဆိသူအားလုံးလို့ဟ ကိုယ်တော်ဟို တို့ထိနိန်ရန် တိုးဝှေ့ကြအယ်။
MAR 3:11 ညစ်ညူးသော နတ်ပူးနေသော သူလို့ဟ ကိုယ်တော်ဟို မျော်သောအခါ ဆေ့အူးတွင် အပြားဝပ်ယွေ့ “ကိုယ်တော်ဟ ဘုရားသခင်ရဲ့ သားတော် ဖြစ်အယ်” ဟု ဟစ်အော်ကြအယ်။
MAR 3:12 ကိုယ်တော်ဟ မိမိစသူဖြစ်တာဟို တခြားသူအား မပြောရန် ညစ်ညူးသော နတ်လို့အား ကြပ်တည်းစွာ မှာထားအယ်။
MAR 3:13 အဲပင်းရင် ကိုယ်တော်ဟ တောင်ပေါ်ဟို တက်ပင်း သူဟ အလိုဆိသော သူလို့ဟို သူနဲ့တူတူ ခေါ်အယ်။ သူလို့ဟ ကိုယ်တော်ဆေဟို လာကြအယ်၊
MAR 3:14 ကိုယ်တော်ဟ တဆယ့်နေပါးလို့ဟို ရွေးချယ်ပင်း သူလို့ဟို တမန်တော်များဟု နာမယ်ပေးလေအယ်။ “ငါနဲ့အတူ ဆိစေရန် နင်လို့အား ရွေးချယ်အယ်၊ ငါဟ နင်ဟို တရားဟောဖို့ အပြင်ဟို စေလွှတ်မယ်၊
MAR 3:15 အဲပင်းရင် နတ်ဆိုးလို့ဟို မောင်းထုတ်နိန်သော အခွင့်အာဏာဟိုလည်း ငါပေးမယ်” ဟု ပြောလေအယ်။
MAR 3:16 ကိုယ်တော် ရွေးချယ်ခန့်ထားသော တဆယ့်နေပါးလို့မှာ၊ ရှိမုန် (ယေရှုဟ သူ့ဟို ပေတရုလို့ နာမယ်ပေးအယ်)၊
MAR 3:17 ယာကုပ်နဲ့ သူ့ညီ ယောဟန်၊ ဇေဗေဒဲရဲ့ သားများ (ကိုယ်တော် မှည့်ခေါ်သူများဟ ဗောနေဂရက်ဟူသော နာမယ်ဖြင့် “မိုးကြိုးရဲ့ သားများ” ဟု အနက်ဆိအယ်)
MAR 3:18 အိန္ဒြေ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲရဲ့ သား ယာကုပ်၊ သဒ္ဒဲ၊ မျိုးချစ်စိတ်ထက်သန်သူ ရှိမုန်နဲ့၊
MAR 3:19 ယေရှုဟို သစ္စာဖောက်ခဲ့သူ ယုဒရှကာရုတ်လို့ ဖြစ်ကြအယ်။
MAR 3:20 အဲပင်းရင် ယေရှုဟ နေအိုင်ဟို ပြန်လေအယ်။ လူအုပ်ကြီးလို့ဟ တဖန် စုရုံးလာကြပြန်သဖြင့် ကိုယ်တော်နဲ့ တဘဲ့တော်လို့မှာ အစာစားဖို့အချိန် မဆိ။
MAR 3:21 ဟေအကျောန်းဟို ကိုယ်တော်ရဲ့ မိသားစုကြားကြရင်၊ ကိုယ်တော်ဟို ထိန်းချုပ်ရန် ထွက်လာခဲ့အယ်၊ ပစာကို့ သူလို့ဟ “သူ့ဟို စိတ်ဖောက်ပြန်သွားပီ” ဟု ပြောဆိုကြအယ်။
MAR 3:22 ယေရုရှလင်မြို့မှ လာသော ကျမ်းတတ်ဆရာ တချို့လို့ဟ “ကိုယ်တော်ဟို ဗေလဇေဗုလ နတ်ပူးနေပင်း၊ အဲနတ်ဆိုးလို့ရဲ့ အကြီးအကဲဟို အမှီပြုယွေ့ နတ်ဆိုးများဟို မောင်းထုတ်အယ်” ဟု ပြောကြအယ်။
MAR 3:23 အဲကျောန့် ယေရှုဟ သူလို့အား သူဆေဟို ခေါ်ပင်းရင် ပုံဥပမာအားဖြင့် ပြောတာဟ “စာတန်ဟာ စာတန်ဟို စလို မောင်းထုတ်နိန်မလဲ၊”
MAR 3:24 နိုင်ငံတနိုင်ငံဟ အတွင်းနှိုက် ဆန့်ကျင်ကွဲပြားနေရင်၊ အေးနိုင်ငံဟ မတည်နိန်ဝူး၊
MAR 3:25 နေအိုင် တခုဟ အတွင်းနှိုက် ဆန့်ကျင်ကွဲပြားနေရင်၊ အေးနေအိုင်ဟ မတည်နိန်ဝူး။
MAR 3:26 အေးနည်းတူ စာတန်ရဲ့ နိုင်ငံဟ အုပ်စုကွဲပြားနေရင် သူဟ မရပ်တည်နိန်ဘဲ၊ ဆုံးခြင်းဟို ရောက်လိမ့်မယ်။
MAR 3:27 ခွန်အားကြီးသော သူဟို ဦးရင်ဆုံး မတုပ်ချေရင် စသူမှ သူရဲ့ နေအိုင်သို့ ဝင်ယွေ့ သူပိုင်ဆိုင်သော အရာများဟို မလုမယူနိန်၊ သူ့ဟို အရင်တုပ်ချေပင်းမှသာ လုယူနိန်လိမ့်မယ်။
MAR 3:28 “အမန်အကန် နင်လို့အား ငါပြောတာဟ၊ လူလို့သည် မိမိတို့ ကျူးလွန်သော အပစ်များ အားလုံးနဲ့၊ ဘုရားသခင်ဟို စော်ကားပြောဆိုသမျှ အားလုံး အတွက် ခွင့်လွတ်ခြင်းခံရလိမ့်မယ်။
MAR 3:29 အဲလိုလဲ သန့်ဆှင်းသော ဝိညာဉ်တော်ဟို စော်ကားပြောဆိုရင် ဖယ်တော့မှ ခွင့်လွတ်ခြင်းရမှာ မဟုတ်၊ ပစာကို့ သူဟ ထာဝရ အပစ်ဒဏ်သင့်သောသူ ဖြစ်အယ်” ဟု ပြောအယ်။
MAR 3:30 အေးလို့ ယေရှု ပြောရလဲ့အကျောန်းမှာ လူအချို့လို့ဟ “ကိုယ်တော်အား ညစ်ညူးသော နတ်ပူးနေသူ” ဟု ပြောအယ်။
MAR 3:31 အေးအခါ ယေရှုရဲ့ အမေ့နဲ့ ညီတော်လို့ဟ ရောက်လာပင်း အပြင်တွင် ရပ်ယွေ့ တယောက်ယောက်ဟို ကိုယ်တော် ဆေသို့ စေလွတ်ယွေ့ ခေါ်ခိုင်းကြအယ်။
MAR 3:32 လူအုပ်လို့ဟ ယေရှုရဲ့ ပတ်လည်နှိုက် ထိန်နေယွေ့၊ သူလို့ဟ “ကိုယ်တော်ရဲ့ အမေ့၊ ညီတော်များနဲ့ နှမများလို့ဟ ကိုယ်တော်ဟို ဆှာလျက် အပြင်တွင် ဆိကြပါအယ်” ဟု ပြောကြအယ်။
MAR 3:33 ယေရှုဟ “ငါ့အမေ့၊ ငါ့ညီများဟ စသူလုန်း” ဟု ပြန်ယွေ့ မေးအယ်။
MAR 3:34 အဲပင်းရင် မိမိပတ်လည်နှိုက် ဝန်းရံလျက် ထိန်နေသူများဟို ကျေ့ရှုလျက် “ကျေ့လော့၊ ငါ့အမေနဲ့ ငါ့ညီများဟာ ဟေမှာဖြစ်အယ်။
MAR 3:35 ဘုရားသခင်ရဲ့ အလိုတော်အတိုင်း ဆောင်ရွက်သူမန်သမျှဟ ငါ့ညီ၊ ငါ့နှမ၊ ငါ့မေ ဖြစ်အယ်” ဟု ပြောလေအယ်။
MAR 4:1 တဖန် ယေရှုဟ ဂါလိလဲအိန်ဖေးတွင် စတင် သွန်သင်လေအယ်။ သူ့ပတ်လည်နှိုက် စုရုံးနေသော လူအုပ်ကြီးဟ ရမ်းဆာ့များသဖြင့် ကိုယ်တော်ဟ အိန်ထဲဆိ လှေပေါ်ဟို တက်ယွေ့ ထိန်လေအယ်။ လှေဟ ယေနှိုက် ဆိနေစဉ်၊ လူအုပ်ဟ ကမ်းစပ်နားနှိုက် ရပ်နေကြအယ်။
MAR 4:2 ကိုယ်တော်ဟ သူလို့ဟို ပုံဥပမာအားဖြင့် ရမ်းဆာ့သော အရာများဟို သွန်သင်ပင်း၊ သူလို့ဟို ပြောတာဟ၊
MAR 4:3 “နားထောင်ကြလော့၊ မျိုးစေ့ကြဲသူ တယောက်ဟ မျိုးကြဲဖို့ ထွက်သွားအယ်။
MAR 4:4 သူဟ မျိုးစေ့ဟို လယ်နှိုက် ကြဲတာဟ အချို့ မျိုးစေ့လို့ဟ လမ်းတဆှောက် ကျသဖြင့်၊ ငက်လို့ဟ လာယွေ့ စားကြအယ်။
MAR 4:5 အချို့ မျိုးစေ့လို့ဟ မြေကတစ်သာဆိသော ကျောက်ပေါ်သော အရပ်နှိုက် ကျအယ်။ အစေ့များဟ မြေသားတိမ်သဖြင့် မကြာမီ အစေ့များ ပေါက်လာအယ်။
MAR 4:6 နေထွက်သောအခါ ပူလောင်တာ ဖြစ်ယွေ့ အမြစ်မစွဲသောကျောန့် ညှိုးနွမ်းခြောက်သွေ့ သွားလေအယ်။
MAR 4:7 အချို့ မျိုးစေ့လို့ဟ ဆူးပင်များကြားတွင် ကျသဖြင့် ဆူးပင်များ ကြီးထွားလာပင်း အပင်ငယ်လို့ဟို လွှမ်းမိုးသဖြင့် အသီးမသီးနိန်။
MAR 4:8 အချို့ မျိုးစေ့လို့မှာ ကောင်းသောမြေတွင် ကျသဖြင့်၊ အပင်ပေါက်ယွေ့ ကြီးထွားလာလျက် သီးနှံများအယ် အချို့ဟ အဆသုံးဆယ်၊ အချို့ဟ အဆခြောက်ဆယ်၊ အချို့ဟ အဆတရာ ပွားကြအယ်” ဟု ပြောလေအယ်။
MAR 4:9 ပီးတော့ ယေရှုဟ “ကြားရန် နားဆိသောသူ စသူမဆို၊ ကြားပါစေ” ဟု ပြောလေအယ်။
MAR 4:10 ယေရှု တယောက်တည်း ဆိသောအခါ၊ ကြားဖူးသူအချို့လို့ဟ တဘဲ့တော် တဆယ့်နေဦးလို့နဲ့ သူဆေသို့ လာယွေ့ ပုံဥပမာလို့ဟို ဆှင်းပြစေရန် အခွင့်တောင်းကြအယ်။
MAR 4:11 ယေရှုဟ “နင်လို့အား ဘုရားသခင်ရဲ့ နိုင်ငံတော်နဲ့ဆိုင်သော လျှို့ဝှက်နက်နဲလဲ့ အကျောန်းအရာလို့ဟို သိနိန်ခွင့်ပေးထားပေမဲ့ အပြင်လူလို့ဟ ပုံဥပမာများအားဖြင့်သာ ကြားခွင့်ရကြအယ် ဟု ပြန်ဖြေအယ်၊
MAR 4:12 ပစာကို့၊ “ ‘သူလို့ဟ မျော်သင့်ရဲ့နဲ့ မမျော်ကြ၊ နားလည်သင့်ရဲ့နဲ့ နားမလည်ကြ။ အကယ်ယွေ့သာ သူလို့မျော်ယွေ့ နားလည်ပါဟ သူလို့ဟ ဘုရားသခင်ဆေသို့ ပြန်လှည့်လာမှာမို့၊ သူလို့ဟ အဲလိုလုပ်မယ်ဆိုရင် ဘုရားသခင်ဟ သူလို့အား အပစ်ဖြေလွှတ်ပေးမယ်’ ” ဟု ပြောလေအယ်။
MAR 4:13 အဲပင်းရင် ယေရှုဟ “နင်လို့ဟ ဟေပုံဥပမာဟို နားမလည်ဝူးလော၊ အဲလိုဖြစ်ရင် ပစာလိုမျိုး ပုံဥပမာဟို နင်လို့ နားလည်နိန်မှာမို့လုန်းဟု သူလို့ဟို ပြောအယ်၊
MAR 4:14 မျိုးစေ့ကြဲသောသူဟ ဘုရားသခင်ရဲ့ တရားစကားဟို ကြဲအယ်။
MAR 4:15 လူအချို့လို့ဟ လမ်းမြေတွင်ကျလဲ့ မျိုးစေ့နဲ့ တူအယ်။ သူလို့ဟ တရားစကားကြားတာနဲ့ တပြိုင်နက်၊ စာတန်ဟ လာယွေ့ သူလို့နှိုက် ကြဲထားသော တရားတော်ဟို နုတ်ယူသွားအယ်။
MAR 4:16 အဲနည်းတူစွာ အချို့သော သူလို့ဟ ကျောက်ခံမြေတွင်ကျလဲ့ မျိုးစေ့နဲ့ တူအယ်။ သူလို့ဟ တရားတော်ဟို ကြားကြားချင်း ဝမ်းမြောက်စွာ လက်ခံကြအယ်။
MAR 4:17 အားပင်မဲ့ တရားတော်ဟ စိတ်နေလုံးတွင် အမြစ်မစွဲဘဲ၊ ခဏဘဲ ခံအယ်။ အဲပင်းရင် ဟေတရားစကားကျောန့် ဆင်းရဲဒုက္ခ အဲဟာမဟုတ်ရင် နှိပ်စက်ညှဉ်းပမ်းမှုဟို ရောက်လာသောအခါ သူလို့ဟ ခပ်မြန်မြန်ပင် စိတ်ပျက်သွားကြအယ်။
MAR 4:18 အချို့သောသူလို့ဟ ဆူးတောမြေတွင် ကျသည့် မျိုးစေ့နဲ့ တူအယ်။ သူလို့ဟ တရားစကားဟို ကြားအယ်၊
MAR 4:19 အားပင်မဲ့ ဖဝါ့အတွက် စိုးရိမ်ကျောန့်ကြစရာများ၊ စည်းစိမ်ချမ်းသာ ခံစားလိုမှုများနဲ့ အခြား လိုအင်ဆန္ဒများ ပေါ်ပေါက်လာပင်းရင် အဲတရားစကားဟို လွှမ်းမိုးသဖြင့် တရားစကားဟ ပစာလိုမျှ အသီး မသီးနိန်။
MAR 4:20 အခြားသော သူများဟ ကောင်းသောမြေတွင် ကြဲလဲ့ မျိုးစေ့နဲ့ တူအယ်။ သူလို့ဟ တရားစကားဟို ကြားယွေ့ ခံယူကြအယ်ဖြစ်ရာ အချို့ဟ အဆသုံးဆယ်၊ အချို့ဟ အဆခြောက်ဆယ်၊ အချို့ဟ အဆတရာ သီးနှံများ သီးကြကုန်အယ်” ဟု ပြောလေအယ်။
MAR 4:21 ယေရှုဟ “ဆီမီးဟို တောင်းဇလားအောက် အဲဟာမဟုတ်ရင် ခုတင်အောက်တွင် ထားရန် တစုံတယောက်ဟ ယူလာလေ့ ဆိသလော။ အဲအစား ဆီမီးခုံပေါ်မှာသာ တင်ထားရန် မဟုတ်လော။
MAR 4:22 အောင်းထားသော အရာမန်သမျှဟ ပွင့်လင်းစွာ ထုတ်ပြလိမ့်မယ်၊ ဖုံးအုပ်ထားသောအရာ မန်သမျှဟ ပွင့်လိမ့်မယ်။
MAR 4:23 ကြားရန် နားဆိသောသူ စသူမဆို၊ ကြားပါစေ။”
MAR 4:24 အဲပင်းရင် ကိုယ်တော်ဟ “နင်ဘာကြားလဲဆိုတာဟို အာရုံစိုက်ပါ၊ နင်လို့ဟ တပါးသူအား စီရင်လဲ့အတိုင်း ဘုရားသခင်ဟလည်း နင်ဟို စီရင်လိမ့်မယ်၊ အဲထက်မက ပိုယွေ့ ပြင်းထန်စွာ ခံရမယ်။
MAR 4:25 ဆိသောသူအား ထပ်ယွေ့ပေးလိမ့်မယ်၊ မဆိသောသူဆေမှ သူနှိုက်ဆိသော အရာဟိုပင် သိမ်းယူလိမ့်မယ်” ဟု ပြောအယ်။
MAR 4:26 အဲပင်းရင် ယေရှုဟ ဆက်ယွေ့ ပြောတာဟ “ဘုရားသခင်ရဲ့ နိုင်ငံတော်ဟ လူတယောက် သူရဲ့ လယ်နှိုက် မျိုးစေ့ကြဲတာနဲ့ တူအယ်။
MAR 4:27 သူဟ ညဖက်နှိုက် အိပ်ပင်း၊ နေ့ခင်းဖက်တွင် ထယွေ့ အစေ့များ အပင်ပေါက်လာတာနဲ့ တပြိုင်နက် ကြီးထွားလာအယ်။ အဲလိုလဲ စလိုဖြစ်သွားတာဟို သူမသိ။
MAR 4:28 မြေကြီးဟ သူ့တတ်တိုင်း အပင်ဟို ကြီးစေယွေ့ အသီးဟို သီးလာအယ်၊ ဦးရင်ဆုံး အညှောက်ဟို ထွက်စေအယ်၊ အဲပင်းရင် အနှံဟို ဖြစ်စေအယ်၊ နောက်ဆုံးမှာ အောင်သောအနှံဟို ဖြစ်စေအယ်။
MAR 4:29 စပါးနှံများ ရိတ်ချိန်ရောက်သောအခါ၊ အဲသူဟ သူရဲ့ တန်းစဉ်နဲ့ စတင်ပင်း ရိတ်အယ်၊ ပစာကို့ ရိတ်သိမ်းချိန် ရောက်လာသောကျောန့် ဖြစ်အယ်” ဟု ပြောလေအယ်။
MAR 4:30 ယေရှုဟ “ဘုရားသခင်ရဲ့ နိုင်ငံတော်နဲ့ တူတာဟို စလိုပြောရမလုန်း၊ အဲဟာမဟုတ်ရင် ပစာပုံဥပမာဟို ငါလို့ အသုံးပြုပင်း ဆှင်းပြသင့်လဲ၊
MAR 4:31 အဲဒီအရာဟ မုန်ညင်းစေ့နဲ့ တူအယ်၊ လူတယောက်ဟ မုန်ညင်းစေ့ဟာ မြေနှိုက် စိုက်သောအခါ မြေကြီးပေါ်ဆိ အစေ့တကာလို့ထက် သေးငယ်အယ်။
MAR 4:32 စိုက်ပင်းနောက် ကြီးပွားလာတာနဲ့ တပြိုင်နက် အခြားသော အသီးအရွက်အပင် အားလုံးထက် ပိုပင်း ကြီးမားအယ်။ ကြီးမားလဲ့ အကိုင်းများထွက်လာပင်း အဲအရိပ်အောက်တွင် ငက်များလာယွေ့ သူလို့ရဲ့ အသိုက်များ ပြုလုပ်နိန်အယ်” ဟု ပြောအယ်။
MAR 4:33 ယေရှုဟ သူရဲ့ တရားတော်ဟို လူလို့အား တခြား ပုံဥပမာများစွာဟို ဟေလိုမျိုး အသုံးပြုပင်း ဟောအယ်။ ကိုယ်တော်ဟ သူလို့ နားလည်နိန်သလောက် ပြောအယ်။
MAR 4:34 ကိုယ်တော်ဟ ပုံဥပမာ မသုံးဘဲ သူလို့ဟို မဟောပေမဲ့ ကိုယ်တော်ဟ တဘဲ့တော်တွေနဲ့ပဲ ကျန်တဲ့အချိန်မှာ သူလို့ဟို အကုန်လုံး ဆှင်းပြလေအယ်။
MAR 4:35 အဲနေ့တည်း ညနေချမ်းအချိန်တွင် ယေရှုဟ တဘဲ့တော်လို့အား “ငါလို့ အိန်တဖက်ကမ်းဟို ကူးကြကုန်အံ့” ဟု ပြောအယ်။
MAR 4:36 အေးကျောန့် သူလို့ဟလည်း လူအုပ်ထဲမှ ထွက်ခွာပင်း၊ တဘဲ့တော်လို့ဟ ယေရှု အဆင်သင့်ထိန်နေလဲ့ လှေထဲဟို တက်ကြယွေ့၊ ယေရှုဟို သူလို့နဲ့အတူ ခေါ်သွားကြအယ်။ အခြား လှေများလည်း ကိုယ်တော်နဲ့အတူ လိုက်ပါကြအယ်။
MAR 4:37 ရုတ်တရက် ပြင်းစွာသော လေတိုက်ခတ်သဖြင့်၊ လှိုင်းများဟ စတင်ပင်း လှေဟို ကျော်ယွေ့ လှေဟ ယေနဲ့ အပြေ့လောက် ဆိအယ်။
MAR 4:38 ယေရှုဟ လှေပဲ့ပိုင်းတွင် မှီအုံးတခုပေါ်မှာ အိပ်မွေ့လျက် နေလေအယ်။ တဘဲ့တော်လို့ဟ ကိုယ်တော်ဟို နှိုးကြပင်းရင် “ဆရာ၊ ငါလို့ သေတော့မဲ့အကျောန်းဟို ကိုယ်တော် ဂရုမစိုက်တော့ဝူးလော” ဟု မေးကြအယ်။
MAR 4:39 ယေရှုဟ ထယွေ့ လေဟို “တိတ်တိတ်နေလော့” လှိုင်းဟိုလည်း “ငြိမ်သက်လော့” ဟု အမိန့်အာဏာနဲ့ ပြောလေအယ်၊ လေဟ ငြိမ်သွားအယ်၊ လှိုင်းလည်း မထတော့ပေ။
MAR 4:40 အဲပင်းရင် ယေရှုဟ တဘဲ့တော်လို့အား “ပစာကျောန့် ဟေလောက်ထိ ကြောက်လန့်ကြလုန်း။ အခုတိုင်အောန် နင်လို့ဟ ငါ့အပေါ်နှိုက် ယုံကြည်ကိုးစားမှု ဆိကြသေးဝူးလော” ဟု မေးလေအယ်။
MAR 4:41 အဲအခါ သူလို့ဟ ရမ်းဆာ့ ကြောက်လန့်ကြအယ်။ “ဟေသူရာ့ စသူရီးလုန်း။ လေနဲ့ လှိုင်းများပင်လျှင် သူ့အမိန့်ဟို နားထောင်ကြအယ်” ဟု သူလို့ချင်း ပြောဆိုကြအယ်။
MAR 5:1 ယေရှုနဲ့ သူ့ရဲ့ တဘဲ့တော်လို့ဟ ဂါလိလဲအိန် တဖက်ကမ်းတွင် ဆိသော ဂါဒရဒေသဟို ရောက်ကြအယ်။
MAR 5:2 ယေရှု လှေထဲဟ ထွက်လဲ့ခဏနှိုက်၊ လူတယောက်ဟ လုတ်တိုင်းမှ ထွက်လာပင်းရင် ကိုယ်တော်နဲ့ တွေ့ဆုံခဲ့အယ်။ အေးသူထဲမှာ ညစ်ညူးသော နတ် ဆိအယ်၊
MAR 5:3 လုတ်တိုင်းဂူများ ကြားတွင် နေထိန်အယ်။ သူ့အား တယောက်မှ ကြိုးနဲ့ချေယွေ့ မရတော့ဘဲ၊ သံကြိုးနဲ့တောင်မှ တုတ်ချေယွေ့ မနိန်၊
MAR 5:4 ကြိမ်ဖန်များစွာ သူရဲ့ ခြေနဲ့လက်များဟို တုတ်ချေခဲ့ဖူးသော်လည်း၊ သူဟ သံကြိုးများဟို ဖြတ်ကာ သံခြေချင်းများဟို အချိန်တိုင်း ရိုက်ဖျက်တတ်အယ်။ သူဟ ရမ်းဆာ့ အားဆိသောကျောန့် သူဟို တယောက်မှ မထိန်းချုပ်နိန်ကြ။
MAR 5:5 သူဟ နေ့ညမပြတ် လုတ်တိုင်းများကြားနဲ့ တောင်ကုန်းများနှိုက် လှည့်လည်ပင်း အော်လျက် ကိုယ့်တတ်တိုင်းကိုယ်ဟို ချွန်ထက်လဲ့ ကျောက်တုံးများနဲ့ လှီးဖြတ်အယ်။
MAR 5:6 သူဟ ယေရှုဟို အဝေးမှ မျော်သောအခါ ပြေးယွေ့၊ ဆေ့အူးနှိုက် ဒူးထောက်ပင်း၊
MAR 5:7 “အမြင့်ဆုံးသော ဘုရားသခင်ရဲ့ သားတော် ယေရှု၊ ငါ့ဟို ပစာပြုလိုလုန်း၊ ငါ့အား မနှိပ်စက်ပါနဲ့။ ဘုရားသခင်ဟို အမှီပြုယွေ့ ငါ တောင်းပန်ပါအယ်” ဟု အသံအကျယ်ရီး အော်ပြောလေအယ်။
MAR 5:8 ယေရှုဟ သူ့ဟို “ညစ်ညူးသော နတ်၊ ဟေလူအထဲမှ ထွက်ခဲ့လော့” ဟု ပြောခဲ့သောကျောန့် ဖြစ်အယ်။
MAR 5:9 အေးကျောန့် ယေရှုဟ သူ့ဟို “နင့် နာမယ်ဟ ပစာရီး” ဟု မေးအယ်၊ အဲသူဟ “ငါ့ နာမယ်ဟ လေဂေါင်၊ (လူအုပ်) ဖြစ်အယ်၊ ငါလို့ဟ ရမ်းဆာ့ ဆိသောကျောန့် ဖြစ်အယ်” ဟု ဖြေအယ်၊
MAR 5:10 အဲပင်းရင် နတ်ဆိုးပူးနေသောသူဟ အဲနယ်မှ မောင်းမထုတ်ရန် ဆက်လက်ယွေ့ ယေရှုအား တောင်းပန်လေအယ်။
MAR 5:11 အဲအရပ် အနီးနားဆိ တောင်စောင်းနှိုက် ဝက်အုပ်ကြီး တအုပ် ကျက်စားလျက် ဆိအယ်။
MAR 5:12 ညစ်ညူးသော နတ်များဟ “ငါလို့အား ဝက်များဆေဟို လွတ်ယွေ့၊ ငါလို့ဟို ဝက်များထဲဟို ဝင်ခွင့်ပေးပါ” ဟု ယေရှုအား တောင်းပန်ကြအယ်။
MAR 5:13 ကိုယ်တော်ဟ သူလို့ဟို ခွင့်ပြုအယ်၊ ညစ်ညူးသော နတ်လို့ဟ အဲလူဆေမှ ထွက်သွားယွေ့ ဝက်များထဲဟို ဝင်ကြအယ်။ ၂,၀၀၀ လောက်ဆိသော ဝက်အစုဟ ချောက်ကမ်းပါးအတိုင်း အိန်ထဲဟို တဟုန်ထိုးပြေးဆင်းလျက် ယေနစ် သေဆုံးကြကုန်အယ်။
MAR 5:14 ဝက်တွေဟို ကျောင်းတဲ့သူများဟ ထွက်ပြေးယွေ့ အဲသတင်းဟ မြို့ထဲနဲ့ လယ်တောများကြားတွင် ပျံ့နှံ့ခဲ့အယ်။ လူလို့ဟ ပစာဖြစ်ပျက်တာဟို ကျေ့ရန် ထွက်လာကြအယ်၊
MAR 5:15 သူလို့ ယေရှုဆေဟို ရောက်လာသောအခါ၊ လေဂေါင် နတ်ဆိုး အမြဲတမ်း ပူးဝင်ခဲ့သူဟို သူလို့ မျော်ကြအယ်။ အဲမှာသူဟ အင်္ကျီဟို ဝတ်ကာ ပကတိစိတ်ဆိလျက် ထိန်နေယွေ့ သူလို့အားလုံးဟ ကြောက်ကြအယ်။
MAR 5:16 မျက်မြင်တွေ့ဆိသူများဟ နတ်ဆိုးပူးသူနဲ့ စလိုဖြစ်ပျက်ခဲ့တာဟို လည်းကောင်း ဝက်များရဲ့ အကျောန်းဟို လည်းကောင်း အဲလူလို့အား ပြောပြကြအယ်။
MAR 5:17 အဲမို့ သူလို့ဟ မိမိလို့ နယ်မှ ထွက်ခွာသွားရန် ယေရှုအား ပြောကြအယ်။
MAR 5:18 ယေရှုဟ လှေပေါ်ဟို တက်နေတုန်းတွင်၊ နတ်ဆိုး ပူးခဲ့သောသူဟ ကိုယ်တော်ဟို “ကိုယ်တော်နဲ့အတူ ငါ လိုက်ပါရစေ” ဟု တောင်းပန်အယ်။
MAR 5:19 အဲလိုလဲ ယေရှုဟ ခွင့်မပြုပေ။ အဲအစား ယေရှုဟ သူ့ဟို “နင့်ရဲ့မိသားစု နေအိုင်သို့ ပြန်ယွေ့ ဘုရားသခင်ဟ နင့်အတွက် စလောက် လုပ်ဆောင်တာနဲ့ သူဟ စလို သနားကြင်နာသလဲဆိုတာဟို သူလို့အား ပြောပြလော့” ဟု ပြောအယ်။
MAR 5:20 အဲကျောန့် သူဟ ထွက်သွားယွေ့ မိမိအား ယေရှုဟ ပစာပြုလုပ်ခဲ့ကျောန်းဟို ဒေကာပေါလိနယ် တဆှောက်တွင် သွားယွေ့ ပြောလေအယ်။ ကြားရသောသူ အားလုံးလို့ဟ အံ့ဩကြအယ်။
MAR 5:21 ယေရှုဟ အိန်ရဲ့ တဖက်ခြမ်းဟို ပြန်သွားလေအယ်။ အဲအိန်နဘေးမှာ လူအုပ်ကြီးလို့ဟ ကိုယ်တော်ဆေဟို စုဝေးလာကြအယ်။
MAR 5:22 ယာဣရုဆိုသူ တရားဇရပ်တာဝန်ခံဟ ရောက်လာယွေ့၊ သူဟ ယေရှုဟို မျော်သောအခါ သူရဲ့ ခြေရင်းမှာ ပျပ်ဝပ်ဒူးထောက်အယ်။
MAR 5:23 “ငါ့ရဲ့ မိနီငယ်ဟ သေလုနီးပါး ဖြစ်နေပါအယ်။ ကျေးဇူးပြုပင်း လာယွေ့ သူမရဲ့ အပေါ်နှိုက် နင့်ရဲ့ လက်ဟို တင်ပေးပါ၊ သူမ ရောဂါပျောက်ကင်းပင်း အသက်ဆှင်လိမ့်မယ်” ဟု အနူးအညွတ် တောင်းပန်အယ်။
MAR 5:24 အဲပင်းရင် ယေရှုဟ သူနဲ့တူတူ လိုက်သွားအယ်။ ရမ်းဆာ့သော လူအုပ်လို့ဟ နောက်တော်ဟို လိုက်သဖြင့် ကိုယ်တော်ဟို တိုက်မိကြအယ်။
MAR 5:25 အဲနေရာနှိုက် အမျိုးသမီးတယောက်ဟ ဆယ့်နေနှစ်ပတ်လုံး သွေးသွန်ရောဂါစွဲကပ်လျက် အပြင်းအထန် ခံစားခဲ့ရအယ်။
MAR 5:26 သူမဟ ရမ်းဆာ့သော ဆရာဝန်လို့ရဲ့ ကုသမှုဟို ခံရအယ်ဟုပင် ထင်ခဲ့အယ်။ သူမဟာ သူမရဲ့ ပိတ်ဆန်အားလုံးဟို အကုန်သုံးစွဲခဲ့အယ်၊ အားပင်မဲ့ ပိုကောင်းလာမဲ့အစား သူမဟ ပိုပိုဆိုးလာအယ်။
MAR 5:27 သူမဟ ယေရှုအကျောန်းဟို ကြားသောအခါ၊ သူမဟ လူအုပ်ထဲမှ ထွက်လာပင်း သူရဲ့ နောက်မှ ဝတ်လုံဟို တို့ထိလိုက်အယ်၊
MAR 5:28 သူမဟ “ကိုယ်တော်ရဲ့ အဝတ်တော်ဟို တို့ထိရုံမျှဖြင့်၊ ငါဟ သက်သာလိမ့်မယ်” ဟု ထင်အယ်။
MAR 5:29 ခုတုံးပင် သူမရဲ့ သွေးသွန်ခြင်းဟ ရပ်သွားသဖြင့် သူမ ခံစားနေရလဲ့ ဝေဒနာဟနေ လွတ်မြောက်သွားပီလို့ မိမိကိုယ်ခန္ဓာနှိုက် ခံစားရအယ်။
MAR 5:30 ယေရှုဟ မိမိဆေမှ တန်ခိုးထွက်တာဟို ခုတုံး သိအယ်၊ သူဟ လူအုပ်ဘက်ဟို လှည့်ယွေ့ “ငါ့ အဝတ်ဟို စသူ တို့ထိလုန်း” ဟု မေးလေအယ်။
MAR 5:31 တဘဲ့တော်လို့ဟ “ကိုယ်တော်ဟို တိုးဝှေ့သော လူအုပ်ကြီးဟို မျော်နေပါလျက်၊ ငါ့ဟို စသူ တို့ထိသလဲလို့ နင် ပစာကျောန့် မေးတာလဲ” ဟု ပြန်ဖြေကြအယ်။
MAR 5:32 အားပင်မဲ့ ယေရှုဟ စသူဟ လုပ်ခဲ့ဟယ်ဆိုတာ မျော်ဖို့ ပတ်ပတ်လည်သို့ ကျေ့လေအယ်။
MAR 5:33 အဲပင်းရင် အမျိုးသမီးဟ မိမိခံစားရလဲ့အဖြစ်ဟို သိသဖြင့်၊ ကြောက်ရွံ့တုန်လှုပ်လျက် လာယွေ့ သူ့ခြေရင်းနှိုက် ဒူးထောက်လျက်၊ ဟုတ်မန်လဲ့အတိုင်း အကုန်လုံး ပြောပြအယ်။
MAR 5:34 ယေရှုဟ “ငါ့သမီး၊ နင့်ရဲ့ ယုံကြည်ခြင်းဟ နင့်ဟို ကျန်းမာစေပီ။ ငြိမ်းချမ်းစွာ သွားယွေ့ နင်ရဲ့ ဝေဒနာမှ ရောဂါပျောက်ကင်းစေ” ဟု သူမဟို ပြောလေအယ်။
MAR 5:35 အေးလို့ ယေရှု ပြောချိန်နှိုက် ယာဣရုရဲ့ နေအိုင်မှ တမန်တချို့ ရောက်လာကြပင်း၊ “နင့်ရဲ့ သမီးဟ သေဆုံးပါပီ၊ ဆရာဟို ပစာကျောန့် နှောင့်ယှက်သေးလုန်း” ဟု ဆိုကြအယ်။
MAR 5:36 ယေရှုဟ ဂရုမစိုက်ဘဲ “မကြောက်ကြနဲ့၊ ယုံကြည်ခြင်းသာ ဆိလော့” ဟု ပြောလေအယ်။
MAR 5:37 အဲပင်းရင် ကိုယ်တော်ဟ ပေတရု၊ ယာကုပ်၊ သူရဲ့ ညီ ယောဟန်တို့မှလွဲယွေ့ စသူဟိုမျှ မိမိနဲ့တူတူ သွားခွင့်ပြုတော်မမူ။
MAR 5:38 တရားဇရပ်တာဝန်ခံရဲ့ နေအိုင်ဟို ရောက်သောအခါ၊ ယေရှုဟ လူလို့ တအုံးထဲဖြစ်လျက် ကျယ်လောင်စွာ ငိုကယွေ့ မြည်တမ်းနေကြတာဟို မျော်လေအယ်။
MAR 5:39 ကိုယ်တော်ဟ ဝင်ယွေ့ အဲသူလို့အား၊ “နင်လို့ ပစာကျောန့် တအုံးထဲဖြစ်နေကြလုန်း။ ပစာကျောန့် ငိုကနေကြလုန်း။ မိနီငယ်ဟ သေတာ မဟုတ်၊ အိပ်မွေ့နေစာရီး” ဟု ပြောလေအယ်။
MAR 5:40 အဲအခါ သူလို့ဟ ကိုယ်တော်ဟို လှောင်ပြောင်ရယ်မောကြအယ်။ ကိုယ်တော်ဟ သူလို့ဟို ပြင်ဟို မောင်းထုတ်လိုက်ပင်း မိနီငယ်ရဲ့ မိဖလို့နဲ့ ကိုယ်တော်နဲ့တူတူ တဘဲ့တော် သုံးဦးလို့ဟို ခေါ်ယွေ့၊ မိနီငယ်လဲလျောင်းရာ အခန်းဆေဟို ဝင်လေအယ်။
MAR 5:41 သူဟ မိနီငယ်ရဲ့ လက်ဟို ဆုပ်ကိုင်ကာ “တလိသ ကုမိ” အဓိပ္ပာယ်မှာ “မိနီငယ်၊ ထလော့၊ နင့်အား ငါဆိုအယ်” ဟု ဆိုလိုအယ်။
MAR 5:42 ခုတုံးပင် မိနီငယ်ဟ ထယွေ့ စတင် လမ်းဆှောက်အယ် (သူမဟ တဆယ့်နေနှစ်အရွယ် ဆိအယ်။) အဲလိုဖြစ်သောအခါ သူလို့ဟ ရမ်းဆာ့အံဩကြကုန်အယ်။
MAR 5:43 အားပင်မဲ့ ယေရှုဟ သူလို့အား စသူဟိုမျှ မပြောရန် ကြပ်တည်းစွာ မိန့်မှာပင်း၊ “မိနီငယ်ဟို ပစာငြမ်းငြမ်း ကျွေးလော့” ဟု ပြောလေအယ်။
MAR 6:1 ယေရှုဟ အဲနေရာမှ ထွက်ခွာယွေ့ မိမိရဲ့ မွေးရပ်ဇာတိမြို့ဟို လှည့်ပြန်လာအယ်၊ သူ့ရဲ့ တဘဲ့တော်လို့ဟလည်း လိုက်ကြအယ်။
MAR 6:2 ဥပုသ်နေ့တွင် ကိုယ်တော်ဟ တရားဇရပ်ထဲတွင် စတင် သွန်သင်လေအယ်။ အဲမှာဆိသော ရမ်းဆာ့သော လူဟ၊ ကိုယ်တော် သွန်သင်ချက်ဟို ကြားသောအခါ၊ သူလို့အားလုံးဟ အံ့ဩကြအယ်။ “သူဟ ဟေအရာများ အားလုံးဟို ပစာဟ ရလုန်း” ဟု သူလို့ မေးကြအယ်။ “သူ့ဟို ပေးသော ပညာဟ ပစာလုန်း၊ သူဟ နိမိတ်လက္ခဏာများဟို စလိုမျိုး လုပ်ဆောင်နိန်လုန်း၊
MAR 6:3 သူဟ လက်သမား မဟုတ်လော၊ မာရိရဲ့ အောင်နီငယ်ဖြစ်ပင်း ယာကုပ်၊ ယောသပ်၊ ယုဒနဲ့ ရှိမုန်လို့ရဲ့ ညီအကို မဟုတ်လော၊ သူ့ရဲ့ နှမများဟလည်း အေးမှာနေတာ မဟုတ်လော” ဟု မေးအယ်။ အေးကျောန့် သူလို့ဟ ကိုယ်တော်ဟို ငြင်းပယ်ကြအယ်။
MAR 6:4 ယေရှုဟ သူလို့အား “ပရောဖက်ဟ သူလို့ရဲ့ ကိုယ်ပိုင် မွေးရပ်ဇာတိမြို့၊ သူလို့ ဆွေမျိုးများ၊ သူလို့ မိသားစုဆေမှလွဲယွေ့ နေရာတိုင်းတွင် လေးစားကြအယ်” ဟု ပြောအယ်။
MAR 6:5 ကိုယ်တော်ဟ ဖျားနာသူအနည်းငယ်လို့အပေါ် လက်ဟိုတင်ယွေ့ သူလို့ဟို ကျန်းမာစေခြင်း မှတပါး၊ အဲနေရာတွင် ပစာနိမိတ်လက္ခဏာဟိုမျှ မပြနိန်။
MAR 6:6 ကိုယ်တော်ဟ ရမ်းဆာ့အံဩခဲ့အယ်၊ ပစာကို့ လူများလို့ဟ ယုံကြည်ခြင်း မဆိကြဝူး။ အဲပင်းရင် ယေရှုဟ ပတ်ဝန်းကျင်ဆိ ရွာများဟို လှည့်လည်သွားယွေ့၊ လူလို့အား သွန်သင်အယ်။
MAR 6:7 တဘဲ့တော် တဆယ့်နေဦးလို့ဟို ခေါ်ယွေ့ နေယောက်စီတွဲယွေ့ သူလို့ဟို စေလွတ်လေအယ်။ သူလို့အား ညစ်ညူးသော နတ်များဟို နိန်သော အခွင့်အာဏာဟို ပေးယွေ့၊
MAR 6:8 သူလို့ဟို “လမ်းခရီးအတွက် တောင်ဝှေးတခုမှလွဲရင် တခြား ပစာအရာဟိုမျှ မယူကြနဲ့၊ မုန့်၊ လွယ်အိုက်၊ အိတ်ကပ်ထဲ ပိတ်ဆန်များဟို မထည့်သွားကြနဲ့။
MAR 6:9 ဖိနပ်ဟို စီးလော့၊ သို့ရာတွင် အင်္ကျီအပို မသယ်ဆောင်ကြနဲ့” ဟု မှာထားလေအယ်။
MAR 6:10 သူလို့အား “ဖယ်အရပ်တွင် မဆို နင့်ဟို ကြိုဆိုရင်၊ အဲအရပ်မှ ပြန်ထွက်ခွာလဲ့တိုင်အောန် အေးအိုင်မှာ နေကြလော့။
MAR 6:11 နင်လို့ မြို့ထဲဟိုလာရင် အဲလူများဟ နင်လို့ဟို မကြိုဆိုရင် အဲဟာမဟုတ်ရင် နင့်စကားဟို နားမထောင်ရင်၊ အေးဟနေ ထွက်ခွာယွေ့ နင်လို့ ခြေဖဝါးမှ မြေမှုန့်ဟို ခါချခဲ့လိုက်ကြ။ အဲဒါဟ သူလို့ဟို သတိပေးလိမ့်မယ်” ဟု ပြောအယ်။
MAR 6:12 အဲကျောန့် သူလို့ဟ ထွက်သွားယွေ့ လူများ မိမိလို့ အပစ်များမှ နောင်တရကြရန် ဟောကြအယ်။
MAR 6:13 သူလို့ဟ ရမ်းဆာ့သော နတ်ဆိုးများဟို မောင်းထုတ်ကြအယ်၊ ဖျားနာသောသူများစွာဟို သံလွင်ဆီလိမ်းယွေ့ ကျန်းမာစေကြအယ်။
MAR 6:14 ယေရှုရဲ့ ဂုဏ်သတင်းဟ နေရာတိုင်း ပျံ့နှံ့လာသောကျောန့် ဟေရုဒ်မင်းကြီးဟ အဲကျောန်းအားလုံးဟို ကြားလေအယ်။ လူအချို့လို့ဟ “နှစ်ခြင်းဆရာ ယောဟန် အသက်ပြန်ဆှင်လာအယ်၊ အေးလို့မို့ သူနှိုက် တန်ခိုးနိမိတ်လက္ခဏာများ ပြဖို့အတွက် အဲလိုမျိုး ဆိနေအယ်” ဟု ဆိုကြအယ်။
MAR 6:15 အခြားသူများဟ “သူဟ ဧလိယဖြစ်အယ်” ဟု ဆိုကြအယ်။ အခြားသောသူများဟလည်း၊ “သူဟ ဟိုးမခင်အခါဟ ပရောဖက် တယောက်ယောက်လိုမျိုး ပရောဖက်တယောက်ဖြစ်အယ်” ဟု ပြောဆိုကြအယ်။
MAR 6:16 ဟေရုဒ်ဟ အေးအကျောန်းဟို ကြားသောအခါ သူဟ “ငါဟ သူရဲ့ ဦးခေါင်းဖြတ်ခဲ့ပေမဲ့လည်း ယောဟန်ဟ အသက်ပြန်ဆှင်လာပီ” ဟု ဆိုအယ်။
MAR 6:17 ဟေရုဒ်ဟ သူ့တတ်တိုင်း ယောဟန်ဟို ဖမ်းဆီးဖို့ အမိန့်ပေးခဲ့ယွေ့၊ ယောဟန်ဟို တုတ်ချေပင်း ထောင်ထဲဟို ထည့်ခဲ့အယ်။ အေးအရာဟို ဟေရုဒ် လုပ်ခဲ့အယ် ပစာကို့ သူမဟ မိမိညီ ဖိလိပ္ပုရဲ့ ပေါင်အိုမ ဖြစ်ပေမဲ့လည်း၊ သူဟ ဟေရောဒိဟို လက်ထပ်သောကျောန့် ဖြစ်အယ်။
MAR 6:18 ယောဟန်ဟ ဟေရုဒ်အား “နင့်အကိုရဲ့ ပေါင်အိုမဟို လက်ထပ်တာဟ နင့်အတွက် မမန်ကန်ဝူး” ဟု ဆက်လက်ပင်း ပြောအယ်။
MAR 6:19 အေးကျောန့် ဟေရောဒိဟ ယောဟန်ဟို ရန်ငြိုးထားယွေ့ သတ်ချင်ပေမဲ့ သူမဟ ဟေရုဒ်ကျောန့် သတ်ရန် မတတ်နိန်။
MAR 6:20 ယောဟန်ဟ ဖြောင့်မတ် သန့်ဆှင်းသောသူဖြစ်ကျောန်းဟို ဟေရုဒ် သိသဖြင့် ကြောက်ယွေ့၊ သူ့အား ဘေးမဲ့လုံခြုံစွာ ထားအယ်။ ဟေရုဒ်ဟ ယောဟန်ရဲ့ သွန်သင်ချက်များဟို ကြားနာရလဲ့ အချိန်တိုင်း စိတ်အနှောင့်အယှက် ဖြစ်တတ်သော်လည်း နှစ်သက်စွာ နားထောင်အယ်။
MAR 6:21 နောက်ဆုံးမှာ ဟေရောဒိဟ အခွင့်အခါရလာအယ်။ အေးစာဟ ဟေရုဒ်ရဲ့ မွေးနေ့မှာဖြစ်ပင်း ဟေရုဒ်ဟ ဂါလိလဲပြေမှ ခေါင်းဆောင်ကြီးများ၊ တပ်မတော် အရာဆိကြီးများ၊ အစိုးရ အကြီးအကဲဖြစ်သော သူလို့အားလုံးဟို ကျွေးမွေးအယ်။
MAR 6:22 ဟေရောဒိရဲ့ သမီး ဟ လာယွေ့ ကပြလျက် ဟေရုဒ်နဲ့ သူရဲ့ ဧည့်သည်များရဲ့ စိတ်ဟို နှစ်သက်စေအယ်။ အဲကျောန့် ဆှင်ဘုရင်ဟ မိနီငယ်အား “နင်အလိုဆိသမျှသော အရာဟို တောင်းလော့၊ နင့်လိုချင်လဲ့ အရာဟို ငါပေးမယ်” ဟု ပြောအယ်။
MAR 6:23 သူဟ “နင်တောင်းသမျှ ဖယ်အရာမဆို ငါ ပေးမယ်၊ ငါ့ တိုင်းပြည် တဝက်တိုင်အောန် နင့်ဟို ငါပေးမယ်လို့ ကျိန်ဆိုယွေ့” တိုင်တည်ခြင်းယွေ့ သူမဟို ပြောအယ်။
MAR 6:24 အေးကျောန့် မိနီငယ်ဟ ထွက်သွားကာ သူမေ့အား “ငါ ပစာအရာဟို တောင်းရမလဲ” ဟု မေးအယ်။ အမေ့ဟ “နှစ်ခြင်းဆရာ ယောဟန်ရဲ့ ဦးခေါင်း” ဟု ပြန်ဖြေအယ်။
MAR 6:25 မိနီငယ်ဟ ခုတင်ချင်း ဆှင်ဘုရင်ဆေဟို အလျင်အမြန်ဝင်ယွေ့ “နှစ်ခြင်းဆရာ ယောဟန်ရဲ့ ဦးခေါင်းဟို ဟေလင်ပန်းပေါ်တွင် တင်ယွေ့ ခုတင်ချင်း ကျွန်မအား ပေးစေချင်ပါအယ်” ဟု တောင်းဆှောက်အယ်။
MAR 6:26 အဲဒါဟ ဆှင်ဘုရင်ဟို ရမ်းဆာ့ စိတ်မကောင်း ဖြစ်ပေမဲ့ မိနီငယ်ရဲ့ တောင်းဆှောက်ချက်ဟို မငြင်းမပယ်နိန် ပစာကို့ သူရဲ့ ဧည့်သည်တော်များ ဆေ့တွင် မိမိတိုင်တည်ယွေ့ ပေးခဲ့လဲ့ကတိဟို ပြုခဲ့သောကျောန့် ဖြစ်အယ်။
MAR 6:27 အေးလို့မို့ ယောဟန်ရဲ့ ဦးခေါင်းဟို ယူလာခဲ့ရန် အမိန့်ပေးယွေ့ အာဏာပါးကွက်သား တယောက်ဟို ခုတင်ချင်း စေလွှတ်လိုက်အယ်။ အာဏာပါးကွက်သားဟ အကျဉ်းထောင်ဟို သွားယွေ့၊ ယောဟန်ရဲ့ ဦးခေါင်းဟို ဖြတ်အယ်။
MAR 6:28 အဲပင်းရင် သူဟ ဦးခေါင်းဟို လင်ပန်းပေါ်တွင် တင်ယွေ့ ယူလာပင်း မိနီငယ်ဟို ပေးယွေ့၊ မိနီငယ်ဟလည်း အဲအရာဟို သူ့မေအား ပေးအယ်။
MAR 6:29 အဲဒါဟို ကြားတာနဲ့၊ ယောဟန်ရဲ့ တဘဲ့လို့ဟ လာယွေ့ သူရဲ့ အလောင်းဟို ယူယွေ့ လုတ်တိုင်းတွင်းနှိုက် ထားကြအယ်။
MAR 6:30 တမန်တော်လို့ဟ ယေရှုနဲ့ တွေ့ဆုံဖို့ ပြန်လာပင်း၊ မိမိလို့ ပြုခဲ့သမျှနဲ့ သွန်သင်ခဲ့သမျှလို့ဟို ကိုယ်တော်ဟို ကြားပြောကြအယ်။
MAR 6:31 ရမ်းဆာ့သော လူလို့ဟ ဝင်ထွက်သွားလာလျက် ဆိကြသဖြင့် ယေရှုနဲ့ သူရဲ့ တဘဲ့တော်လို့ဟ အစားအစာစားဖို့ အချိန်ပင် မရကြ။ အဲမို့ ကိုယ်တော်ဟ “ငါလို့ တိတ်ဆိတ်သော နေရာတခုဟို ခဏအနားယူဖို့ သွားကြစို့” ဟု ပြောလေအယ်။
MAR 6:32 အေးလိုမို့ သူလို့ဟ ဆိတ်ကွယ်ရာအရပ်ဟို သူလို့ချဲချဲ လှေဖြင့် စတင်ထွက်သွားကြအယ်။
MAR 6:33 အားပင်မဲ့ သူလို့ ထွက်သွားတာဟို ရမ်းဆာ့သော တွေ့တဲ့သူလေဟ သူလို့ဟို မှတ်မိပင်း မြို့အားလုံးဟနေ ခြေချင်ပြေးပင်း သူလို့ဆေ့ဟို ရောက်ခဲ့အယ်။
MAR 6:34 ယေရှုဟ လှေမှ တက်သောအခါ လူအုပ်ကြီးဟို မျော်ရင်၊ သူလို့ဟ သိုးထိန်း မဆိသော သိုးများနဲ့ တူသောကျောန့် သူလို့ကို သနားခြင်း ဆိအယ်။ အေးလိုမို့ ကိုယ်တော်ဟ သူလို့ဟို ရမ်းဆာ့သော အရာလို့ဟို စတင်သွန်သင်လေအယ်။
MAR 6:35 မိုးချုပ်စပြုသောအခါ၊ တဘဲ့တော်လို့ဟ ကိုယ်တော်ဆေဟို လာယွေ့ ပြောကြအယ်၊ “ဟေအရပ်ဟ လူသူမဆိလဲ့ အရပ်တခုဖြစ်ပင်း အချိန်လည်း နောက်ကျပါပီ။
MAR 6:36 သူလို့ဟ အနီးအနား ကျေးရွာများဟို သွားယွေ့ စားစရာတခုခုဟို ဝယ်နိန်ရန် လူလို့အား အဝေးဟို စေလွှတ်ပါ” ဟု ပြောအယ်။
MAR 6:37 ယေရှုဟ “နင်လို့တတ်တိုင်း သူလို့အား စားစရာ ပစာငြမ်းငြမ်း ပေးလော့” ဟု ပြန်ဖြေအယ်။ အဲအခါ တဘဲ့တော်လို့ဟ “ငါလို့ဟ ငွေဒင်္ဂါး ၂၀၀ ဖိုးဖြင့် စားစရာဝယ်ယွေ့ သူလို့အား ကျွေးရမယ်လော” ဟု မေးကြအယ်။
MAR 6:38 ယေရှုဟ “နင်လို့နှိုက် မုန့်ပစာလောက် ဆိလုန်း၊ သွားယွေ့ ကျေ့ကြလော့” ဟု မေးလေအယ်။ သူလို့ဟ တွေ့ကြလဲ့အခါ “မုန့်ငါးလုံးနဲ့ ငါးနေကောင် ဆိပါအယ်” ဟု ပြန်ဖြေကြအယ်။
MAR 6:39 အဲပင်းရင် ယေရှုဟ လူအပေါင်းလို့ဟို မြက်ခင်း စိမ်းပေါ်တွင် အစုလိုက် ထိန်စေရန် သူလို့အား ညွှန်ကြားခဲ့အယ်။
MAR 6:40 လူလို့ဟ အစုလိုက် တရာစီ၊ ငါးဆယ်စီ အစုလိုက်ဖြင့် စီတန်း ထိန်ကြအယ်။
MAR 6:41 အဲပင်းရင် ကိုယ်တော်ဟ မုန့်ငါးလုံးနဲ့ ငါးနေကောင်ဟို ယူယွေ့ မိုးခေါန်းခင်ဟို မော်ကျေ့လျက် ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ချီးမွန်းအယ်။ သူဟ မုန့်ဟို ဖဲ့ပင်း လူလို့အား ဝေပေးရန် တဘဲ့တော်လို့အား ပေးအယ်။ သူဟ ငါးနေကောင်ဟိုလည်း သူလို့အား ခွဲဝေပေးလေအယ်။
MAR 6:42 သူလို့အားလုံးဟ စားပင်း ကျေနပ်ခဲ့ကြအယ်၊
MAR 6:43 အဲပင်းရင် တဘဲ့တော်လို့ဟ မုန့်နဲ့ ငါးအကျိုးအပဲ့ဟို ကောက်သိမ်းရာ တဆယ့်နေတောင်း အပြေ့ရကြအယ်။
MAR 6:44 မုန့်စားသူ ယောက်ျားဦးရေမှာ ၅,၀၀၀ ဆိလေအယ်။
MAR 6:45 ယေရှုဟ ခုတုံးပင် တဘဲ့တော်လို့အား လှေတစင်းပေါ်ဟို တက်ယွေ့ အိန်ရဲ့ တခြားတဖက်ဆိ ဗက်ဇဲဒမြို့ဟို ဦးရင်ကူးနှင့်စေပင်း၊ တချိန်တည်းပင် လူအုပ်ဟို အဝေးဟို ပြန်စေအယ်။
MAR 6:46 လူအပေါင်းလို့ဟို နှုတ်ဆက်ပင်းနောက်၊ ကိုယ်တော်ဟ ဆုတောင်းရန် တောင်ပေါ်ဟို တက်လေအယ်။
MAR 6:47 ညခင်းချိန် ကျရောက်သောအခါ၊ လှေဟ အိန်အလယ်နှိုက် ဆိလျက်နေအယ်၊ အဲအချိန်နှိုက် ကိုယ်တော်ဟ ကုန်းပေါ်မှာ တယောက်တည်း ဆိနေအယ်။
MAR 6:48 လေဆန်သောကျောန့် တဘဲ့တော်လို့ဟ တက်ခတ်ယွေ့ ပင်ပန်းကြတာဟို မျော်သောအခါ ကိုယ်တော်ဟ ယေပေါ်မှာ လမ်းဆှောက်ယွေ့ သူလို့ဆေဟို လာအယ်။ အချိန်ဟ မိုးမလင်းခင် ဖြစ်အယ်၊ ကိုယ်တော်ဟ သူလို့ အနီးမှ ဖြတ်ကျော်ယွေ့ သွားအယ်၊
MAR 6:49 သူလို့ဟ ယေပေါ်မှာ ကိုယ်တော် လမ်းဆှောက်နေတာဟို မျော်ကြအယ်။ သူလို့ဟ “ကဆေ” ဟု ထင်မှတ်ယွေ့ အော်ကကြအယ်။
MAR 6:50 သူလို့အားလုံးဟ ကိုယ်တော်ဟို မျော်သောအခါ ကြောက်လန့်နေကြအယ်။ အဲအခါ ကိုယ်တော်ဟ “အားမငယ်ကြနဲ့၊ ငါရီးဝဲ့၊ မကြောက်ကြနဲ့” ဟု သူလို့အား ပြောလေအယ်။
MAR 6:51 အဲပင်းရင် သူလို့ဆိရာ လှေပေါ်ဟို ကိုယ်တော်ဟ တက်လျှင် လေဟ ငြိမ်သပ်သွားအယ်။ သူလို့ဟ ရမ်းဆာ့ အံ့ဩကြကုန်အယ်။
MAR 6:52 ပစာကို့ လူ ၅,၀၀၀ ဟို ကိုယ်တော် ကျွေးစဉ်ဟ မိမိလို့ တွေ့မြင်ခဲ့လဲ့ အရာရဲ့ အဓိပ္ပာယ်ဟို သူလို့ နားမလည်ခဲ့ကြသောကျောန့် ဖြစ်အယ်၊ သူလို့ရဲ့ စိတ်နေလုံး မာကြောလျက် ဆိကြအယ်။
MAR 6:53 သူလို့ဟ အိန်သို့ ကူးကြယွေ့ ဂင်နေသရက်မြို့ဟို ရောက်ရင်၊ သူလို့ဟ လှေဟို ချေခဲ့ကြအယ်။
MAR 6:54 သူလို့ဟ လှေမှ ဆင်းဆင်းချင်း၊ လူလို့ဟ ကိုယ်တော်ဟို မှတ်မိကြအယ်။
MAR 6:55 သူလို့ဟ ပတ်ဝန်းကျင်အရပ်ရပ်ဟို ပြေးသွားယွေ့ ကိုယ်တော်ဆိလဲ့ သူလို့ ကြားလဲ့နေရာဟို လူနာများဟို ထမ်းစင်များနဲ့ မခဲ့ကြအယ်။
MAR 6:56 ယေရှုဟ နေရာတိုင်း၊ ကျေးရွာများ၊ မြို့များ၊ လယ်တောများဟို သွားယွေ့၊ လူလို့ဟ လူနာများအား ဆေးဟို ခေါ်သွားယွေ့ ကိုယ်တော်ရဲ့ ဝတ်လုံဖျားဟို တို့ထိခွင့်ပြုရန် တောင်းပန်ကြအယ်။ တို့ထိခွင့်ရသော သူလို့ဟ ကျန်းမာလာကြအယ်။
MAR 7:1 ဖာရိရှဲအချို့လို့နဲ့ ယေရုရှလင်မြို့မှ ရောက်လာကြသော ကျမ်းတတ်ဆရာလို့ဟ ယေရှု ဆေဟို စုဝေးလာကြအယ်။
MAR 7:2 အဲဒါဟို သူလို့ဟ သတိထားမိအယ် တဘဲ့တော် တချို့လို့ဟ မစင်ကြယ်သော လက်များနဲ့ စားသောက်နေကြတာဟို တွေ့မျော်ကြအယ်၊ အဲဟာဟ သူလို့ဟ ဖာရိရှဲလို့ ပြောလဲ့တိုင်းတိုင်း သူလို့ဟ လက်မဆေးကြ။
MAR 7:3 ဖာရိရှဲများနဲ့ ယုဒအမျိုးသားအပေါင်းလို့ဟ ဆေ့လူကြီးလို့ရဲ့ သွန်သင်ချက်များဟို လက်ခံပင်း လိုက်နာကြအယ်။ လက်ဟို ဦးရင် မဆေးကြောဘဲ အစားအစာ စားလေ့ မဆိကြ၊
MAR 7:4 ဆေးမှ ဝယ်လာလဲ့အရာဟို အရင်မဆေးကြောရင် သူလို့ဟ ပစာအရာဟိုမျှ မစားကြ။ ပီးတော့ သင့်တော်သော နည်းလမ်းများဖြင့် အိုးများ၊ မုတ်များ၊ ကြေးဖလားများနဲ့ အိပ်ယာများဟို ဆေးကြောခြင်းနဲ့ ပတ်သက်ယွေ့၊ သူလို့ဟ ၎င်းလို့ရဆိထားသော အခြား စည်းမျဉ်းများစွာဟို လိုက်နာကြအယ်။
MAR 7:5 အေးကျောန့် ဖာရိရှဲနဲ့ ကျမ်းတတ်ဆရာများဟ “နင့်ရဲ့ တဘဲ့များဟ ပစာကျောန့် ငါလို့ ဖိုးဘေးများ ပေးခဲ့သော သွန်သင်ခြင်းဟို မလိုက်နာဘဲ၊ မသန့်ဆှင်းသော လက်ဖြင့် အစာစားကြလုန်း” ဟု ယေရှုအား မေးကြအယ်။
MAR 7:6 ကိုယ်တော်ဟ သူလို့အား “နင်လို့ရဲ့အကျောန်း ဟေရှာယ ပရောဖက်ပြုသောအခါ မန်လွန်းလှအယ်၊ နင်လို့ဟ သူတော်ကောင်းဟန်ဆောင်သူများ ဖြစ်အယ်။ သူရေးသားထားဟ၊ “ ‘ဟေလူမျိုးဟာ ငါ့ဟို စလောင်ဖြင့် သူလို့ ရိုသေကြအယ်၊ အဲလိုလဲ သူလို့ရဲ့ စိတ်နေလုံးဟ ငါနဲ့ အမန်တကယ် ဝေးလှအယ်။
MAR 7:7 သူလို့ဟ ငါ့ဟို အလကားကား ကိုးကွယ်ကြအယ်၊ ပစာကို့ သူလို့ဟ လူ့စည်းမျဉ်း ဟို သင်ကြားပေးအယ်၊ အဲလိုလဲ သူလို့ဟ ဘုရားသခင်ရဲ့ ပညတ်တွေပါပဲ’ ဟု ရေးသားခဲ့အယ်။
MAR 7:8 “နင်လို့ဟ ဘုရားသခင်ရဲ့ ပညတ်တော်ဟို ပယ်ယွေ့ လူလို့ရဲ့ စလေ့ထုံးတမ်းများဟို လိုက်နာအယ်” ဟု သူလို့ဟို ပြန်ပြောအယ်။
MAR 7:9 အေးပင်း ကိုယ်တော်ဟ ဆက်ယွေ့ “နင်လို့ဟ မိမိလို့ရဲ့ သွန်သင်ချက်များဟို တည်စေရန်၊ ဘုရားသခင်ရဲ့ ပညတ်လို့ဟို ငြင်းပယ်တဲ့ နည်းလမ်းမှာ တော်လှပေအယ်။
MAR 7:10 အကျောန်းမှာ မောရှေ ပညတ်ထားတာဟ ‘နင့် မိဖဟို ရိုသေလော့၊’ အဲပင်း ‘စသူမဆို သူ့မေ့ အဲဟာမဟုတ်ရင် အဖဟို ကျိန်ဆဲရင် သေဒဏ်ခံရမယ်၊’
MAR 7:11 အဲလိုလဲ နင်လို့ အဲလိုသင်ပေးရင် လူတဦးဟ သူ့အဖ အဲဟာမဟုတ်ရင် အမေအား အကျိုးပြုစေမယ့် တစုံတရာဆိအယ် ဆိုတာဟ၊ ‘အေးတာဟ ကော်ဘန် ဖြစ်အယ်’ ဟု ပြောအယ် (အဲ အဓိပ္ပာယ်မှာ ဘုရားသခင်ပိုင်လဲ့ အရာဖြစ်အယ်)၊
MAR 7:12 သူလို့ဟ သူ့မိဖဟို ကူညီဖို့ ခွင့်ပေးအယ်။
MAR 7:13 အေးနည်းအတိုင်း နင်လို့ သူတပါးများအား လက်ဆင့်ကမ်း ပေးအပ်ကြလဲ့ သွန်သင်ချက်များအားဖြင့် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟို ပယ်ဖျက်ကြအယ်။ အေးလို့ပုံစံမျိုးပင် ရမ်းဆာ့သော တခြားအရာလို့ဟိုလည်း နင်လို့လုပ်ကြအယ်” ဟု ပြောလေအယ်။
MAR 7:14 အဲပင်းရင် ယေရှုဟ လူအုပ်လို့အား သူ့ဆေဟို တဖန်ခေါ်ပင်း ပြောအယ်၊ “ငါ့ စကားဟို နင်လို့အားလုံး နားထောင်ယွေ့၊ နားလည်ကြလော့။
MAR 7:15 လူရဲ့ အပြင်မှ ဝင်လဲ့အရာဟ လူဟို စုတ်ပဲ့စေနိန်ဝူး။ အတွင်းမှ ထွက်လဲ့အရာဟသာ လူဟို စုတ်ပဲ့စေနိန်အယ်။”
MAR 7:16 
MAR 7:17 ကိုယ်တော်ဟ လူအုပ်ဆေမှ ထွက်သွားယွေ့ နေအိုင်ဟို ဝင်သောအခါ၊ သူရဲ့ တဘဲ့တော်လို့ဟ ပုံဥပမာအကျောန်းဟို သူ့အား မေးမြန်းကြအယ်။
MAR 7:18 ယေရှုဟ “နင်လို့ဟ တခြားသူတွေထက် အသိဉာဏ်ကင်းမဲ့လျက် နေကြသလော” ဟု သူလို့ဟို ပြောအယ်။ “နင်လို့ဟ နားမလည်ကြဝူးလော၊ ပြင်ပမှ လူရဲ့ အတွင်းဟို ဝင်လဲ့အရာ လူဟို မစုတ်ပဲ့စေနိန်တာဟို နင်လို့ မသိကြသလော။
MAR 7:19 ပစာကို့ အဲအရာဟ နင့်ရဲ့ စိတ်နေလုံးထဲဟို ဝင်တာမဟုတ်ပင်မဲ့ နင့်ရဲ့ အစာအိမ်ထဲဟို ဝင်ပင်း၊ ခန္ဓာကိုယ်မှ ထွက်သွားအယ်” ဟု ပြောလေအယ်။ အေးလို့ ပြောခြင်းမှာ၊ ယေရှုဟ အစားအစာအားလုံးဟ သန့်ဆှင်းကျောန်း ကြေညာခဲ့အယ်။
MAR 7:20 ကိုယ်တော်ဟ ဆက်ပြောအယ်၊ “လူရဲ့ အတွင်းမှ ထွက်လဲ့အရာဟ လူဟို စုတ်ပဲ့စေအယ်။
MAR 7:21 အကျောန်းမှာ လူအတွင်းဆိ စိတ်နေလုံးထဲမှ မကောင်းသော အကြံများ ထွက်လာအယ်၊ အဲဒီအရာတွေဟ မတရားသော မေထုန်ပြုခြင်း၊ သူ့ဥစ္စာဟို ခိုးခြင်း၊ လူ့အသက်ဟို သတ်ခြင်း၊
MAR 7:22 သူတပါး မယားဟို ပစ်မားခြင်း၊ လောဘလွန်ကျူးခြင်း၊ ဆိုးယုတ်မိုက်မဲခြင်း၊ လိမ်လည်လှည့်စားခြင်း၊ တရားလက်လွတ်ပြုမူခြင်း၊ မနာလိုခြင်း၊ သူ့အသရေဟိုဖျက်ခြင်း၊ မာနထောင်လွှားခြင်း၊ လျှပ်ပေါ်ခြင်း၊
MAR 7:23 အစဆိသော ဆိုးညစ်လဲ့အရာအားလုံးဟ လူ့အတွင်းမှ ထွက်လာယွေ့ လူဟို စုတ်ပဲ့စေအယ်” ဟု ပြောလေအယ်။
MAR 7:24 ယေရှုဟ အဲအရပ်မှ ထွက်ခွာယွေ့ တုရုမြို့ အနီး နယ်များဟို သွားလေအယ်။ သူဟ နေအိုင်တအိုင်ထဲဟို ဝင်သွားပင်း ကိုယ်တော်ဟ ဆိနေကျောန်း စသူဟိုမျှ မသိစေလိုပေမဲ့ သူဟ အောင်းယွေ့ မနေနိန်။
MAR 7:25 ညစ်ညူးသော နတ်ပူးဝင်နေသော မိနီငယ် တအူးရဲ့မိခင်ဟ ယေရှု အကျောန်းဟို ကြားရင် တန်းလာယွေ့ သူရဲ့ ခြေတော်ရင်းတွင် ဒူးထောက်လေအယ်။
MAR 7:26 အဲအမျိုးသမီးဟ ရှုရိတွင် ဆိသော ဖိနိတ်နယ်မှ မွေးဖွားလဲ့၊ တပါးအမျိုးသား ဖြစ်အယ်။ မိမိရဲ့ သမီးထဲမှ နတ်ဆိုးဟို မောင်းထုတ်ပေးရန် ယေရှုအား တောင်းပန်အယ်။
MAR 7:27 အားပင်မဲ့ ယေရှုဟ “လူပဲ့သငယ်လို့ဟို ဦးရင် ဝအောန်ကျွေးပါရစေ။ လူပဲ့သငယ်လို့ရဲ့ အစားအစာဟို ယူယွေ့ ခွေးများဆေ လောချခြင်းဟ မမန်ပေ” ဟု သူမအား ဖြေလေအယ်။
MAR 7:28 အဲအမျိုးသမီးဟ “သခင်ဘုရား၊ စားပွဲအောက်မှ ခွေးလို့ပင် လူပဲ့သငယ်လို့ရဲ့ အစာ အစနများဟို စားရကြပါအယ်” ဟု ပြန်ဖြေအယ်။
MAR 7:29 အဲအခါ ယေရှုဟ “ဟေလိုမျိုးသော အဖြေအတွက်၊ နင်ဟ နေအိုင်ဟို သွားနိန်ပီ၊ ပစာကို့ နတ်ဆိုးဟ နင့်သမီးဆေမှ ထွက်ခွာသွားလေပီ” ဟု သူမအား ပြောလေအယ်။
MAR 7:30 အဲအမျိုးသမီးဟ သူ့နေအိုင်ဟို ပြန်ရောက်ပင်း အိပ်ယာထဲမှာ လဲလျောင်းနေသော မိမိရဲ့ သမီးငယ်ဟို တွေ့ရအယ်၊ နတ်ဆိုးဟ သူမဆေမှ အမန်ကယ် ထွက်သွားခဲ့ပင်းကျောန်း သိရအယ်။
MAR 7:31 အဲပင်းရင် ယေရှုဟ တုရုမြို့ရဲ့ အနီးဝန်းကျင်မှ ထွက်ခွာပင်း ဇိဒုန်မြို့မှတဆင့်၊ ဂါလိလဲအိန်ဟို ဖြတ်ယွေ့ ဒေကာပေါလိနယ်ဟို ဆက်သွားလေအယ်။
MAR 7:32 လူအချို့လို့ဟ ဆွံ့အနားပင်းသူ တယောက်ဟို ကိုယ်တော်ဆေသို့ ဆောင်ခဲ့ကြပင်း၊ သူ့ပေါ်တွင် လက်တော်ဟို တင်ပေးရန် ယေရှုအား တောင်းပန်ကြအယ်။
MAR 7:33 ယေရှုဟ သူ့အား လူအုပ်နဲ့ ဝေးရာဟို ခေါ်သွားပင်းရင် ကိုယ်တော်ဟ သူရဲ့ လက်ချောင်းများဟို သူရဲ့ နားထဲဟို ထည့်လေအယ်။ အဲပင်းရင် ကိုယ်တော်ဟ ဆံထွေး ထွေးပင်း သူရဲ့ လျှာဟို တို့လေအယ်။
MAR 7:34 အဲပင်းရင် ယေရှုဟ မိုးခေါန်းခင်သို့ မျှော်ကျေ့လျက်၊ သက်ပြင်းချကာ “ဧဖသ” ဟု သူ့အား ပြောလေအယ်။ ဧဖသ အဓိပ္ပာယ်မှာ “ပွင့်စေ” ဟု ဖြစ်အယ်။
MAR 7:35 ခုတုံးပင် သူရဲ့ နားလို့ဟ ပွင့်သွားအယ်၊ သူရဲ့ လျှာဟ ပြေလျော့သွားပင်း သူဟ ပြတ်ပြတ်သားသား စတင် ပြောလာအယ်။
MAR 7:36 ယေရှုဟ သူလို့ဟို စသူ့ဟိုမျှ မပြောဖို့ အမိန့်ပေးအယ်။ အားပင်မဲ့ ကိုယ်တော်ဟ တားမြစ်လေလေ၊ သူလို့ဟ အဲသတင်းဟို ပိုယွေ့ ပြောကြားလေ ဖြစ်အယ်။
MAR 7:37 ကြားရသူအပေါင်းလို့ဟ ရမ်းဆာ့ အံ့ဩကြအယ်။ “ကိုယ်တော်ဟ အရာအားလုံးဟို စလောက် ကောင်းကောင်းလုပ်အယ်၊ သူဟ နားပင်းသူလို့ဟို ကြားစေပင်း ဆွံ့အသူလို့ဟို စကားပြောစေပီ” ဟု သူလို့ဟ ကြွေးကြော်ကြအယ်။
MAR 8:1 သိပ်မကြာခင် တခြား လူအုပ်ကြီး စုဆုံလာကြအယ်။ လူလို့နှိုက် စားဖို့ မကျန်သောအခါ၊ ယေရှုဟ တဘဲ့တော်လို့ဟို သူဆေဟို ခေါ်ယွေ့၊
MAR 8:2 “ဟေလူတွေအတွက် ငါ သနားအယ်၊ ပစာကို့ သူလို့ဟ သုံးရက်လုံးလုံး ငါနဲ့တူတူ ဆိကြပီမို့ အခု သူလို့မှာ စားစရာမဆိ။
MAR 8:3 တချို့သော သူများဟ အဝေးမှ လာကြသောကျောန့်၊ သူလို့ဟို မကျွေးမွေးဘဲ ငါဟ နေအိုင်ဟို ပြန်လွှတ်ရင်၊ သူလို့ဟ လမ်းနှိုက် မူးမေ့သွားလိမ့်မယ်” ဟု မိန့်အယ်။
MAR 8:4 သူရဲ့ တဘဲ့တော်လို့ဟ “ဟေလူသူကင်းမဲ့သော နေရာမှာ စသူကမှ အေးလူအားလုံးဟို ကျွေးဖို့ လုံလောက်တဲ့ အစားအစာဟို စသူဆှာနိန်လုန်း” ဟု သူ့ဟို မေးကြအယ်။
MAR 8:5 ယေရှုဟ “နင်မှာ မုန့်စလောက် ဆိလုန်း” ဟု မေးလေအယ်။ သူလို့ဟ “မုန့်ခုနေလုံး ဆိပါအယ်” ဟု ဖြေကြအယ်။
MAR 8:6 ကိုယ်တော်ဟ လူအပေါင်းလို့ဟို မြေပေါ်တွင် ထိန်စေရန် အမိန့်ပေးအယ်။ အဲပင်းရင် မုန့်ခုနေလုံးဟို ယူပင်း၊ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ချီးမွန်းယွေ့၊ မုန့်ဟိုဖဲ့ကာ လူအုပ်လို့အား ဝေပေးရန် သူရဲ့ တဘဲ့တော်လို့ဟို ပေးအယ်၊ အဲပင်း တဘဲ့တော်လို့ဟလည်း လူအုပ်အား ဝေပေးကြအယ်။
MAR 8:7 သူလို့နှိုက် ငါးကတစ်လည်း ဆိအယ်။ ယေရှုဟ အဲအတွက် ကျေးဇူးတော်ဟို ချီးမွန်းယွေ့ သူလို့အား ဝေပေးရန် တဘဲ့တော်လို့ဟို ပြောအယ်။
MAR 8:8 လူတိုင်းဟ လုံလောက်စွာ စားရပင်း အဲမှာ လူ ၄,၀၀၀ လောက် ဆိလေအယ်။ အဲပင်းရင် တဘဲ့တော်လို့ဟ ကျန်တာဟို ကောက်သိမ်းယွေ့ ခုနေတောင်း အကျိုးအပဲ့များ အပြေ့ရကြအယ်။ ယေရှုဟ လူလို့ဟို အဝေးဟို ထွက်ခွာစေပင်း၊
MAR 8:10 သူရဲ့ တဘဲ့တော်လို့နဲ့အတူ လှေပေါ်ဟို ခုတုံးတက်ယွေ့ ဒါလမနုသ နယ်များသို့ သွားလေအယ်။
MAR 8:11 ဖာရိရှဲအချို့လို့ဟ ယေရှုဆေဟို လာယွေ့ ကိုယ်တော်နဲ့ စတင်ပင်း ငြင်းခုံကြအယ်။ သူလို့ဟ ကိုယ်တော်ဟို ထောင်ချောက်ဆင်ချင်ကြအယ်၊ အဲလိုမို့ သူလို့ဟ ကိုယ်တော်ဟို ဘုရားသခင် နှစ်သက်ကျောန်း ပြသရန် နိမိတ်လက္ခဏာ ပြုလုပ်ရန် သူ့ဟို တောင်းဆိုကြအယ်။
MAR 8:12 အဲလိုလဲ ယေရှုဟ သက်ပြင်းချပင်းတော့ “ဟေနေ့ခေတ် လူများဟ နိမိတ်လက္ခဏာဟို ပစာကျောန့် တောင်းကြလုန်း၊ ငါ နင့်ဟို ပြောတာဟ၊ ဒီလိုလူတွေဟ သက်သေဟို ပေးလိမ့်မယ် မဟုတ်” ဟု ပြောလေအယ်။
MAR 8:13 ကိုယ်တော်ဟ သူလို့ ဆေမှ ထွက်ယွေ့၊ လှေထဲဟို ပြန်လာပင်း အိန်တဖက်သို့ စတင်ပင်း ကူးလေအယ်။
MAR 8:14 တဘဲ့တော်လို့ဟ မုန့်အလုံအလောက် ယူလာရန် မေ့သွားပင်း လှေပေါ်တွင် သူလို့နဲ့အတူ မုန့်တလုံးသာ ဆိအယ်။
MAR 8:15 ယေရှုဟ “ဂရုစိုက်မန့်” ဟု သူလို့အား သတိပေးအယ်၊ “နင်လို့ဟာ ဖာရိရှဲများရဲ့ တဆေးနဲ့ ဟေရုဒ်ရဲ့ တဆေးဟို သတိနဲ့ ဆှောင်ကြလော့” ဟု မိန့်အယ်။
MAR 8:16 သူလို့ဟ စတင်ပင်း သူလို့အချင်းချင်း ဆွေးနွေးကြတာဟ “ငါလို့မှာ ပစာမုန့်မှ မဆိသောကျောန့် သူဟ ဟေလို့ ပြောအယ်။”
MAR 8:17 သူလို့ ပစာပြောဆိုနေတာဟို ယေရှု သိသောကျောန့် ကိုယ်တော်ဟ သူလို့အား “နင်လို့ မုန့်မပါတဲ့အကျောန်းဟို ပစာကို့ ဆွေးနွေးကြလုန်း၊ နင်လို့ မသိသေးသလော အဲဟာမဟုတ်ရင် နားမလည်ကြဝူးလော၊ နင်လို့ရဲ့ စိတ်နေလုံးဟ မာကျောနေသေးသလော။
MAR 8:18 နင်လို့မှာ မျက်စေ့ဆိလျက် မမျော်နိန်ကြ၊ နင်လို့မှာ နားဆိလျက် မကြားနိန်ကြ၊ မမှတ်မိကြဝူးလော၊
MAR 8:19 မုန့်ငါးလုံးဟို လူ ၅,၀၀၀ အတွက် ငါ ချိုးဖဲ့သောအခါ၊ အကျိုးအပဲ့များဟို တောင်းအပြေ့ စမတောင်း ကောက်သိမ်းခဲ့ကြလုန်း” ဟု မေးအယ်။ သူလို့ဟ “ဆယ့်နေတောင်း” ဟု ဖြေကြအယ်။
MAR 8:20 “ငါဟ လူ ၄,၀၀၀ အတွက် မုန့်ခုနစ်လုံးဟို ဖဲ့ခဲ့စဉ်၊ မုန့်အကျိုးအပဲ့များဟို စမတောင်းအပြေ့ ကောက်သိမ်းရကြလုန်း” ဟု ကိုယ်တော်ဟ မေးလေအယ်။ သူလို့ဟ “ခုနေတောင်း ကောက်သိမ်းကြပါအယ်” ဟု ဖြေကြအယ်။
MAR 8:21 ကိုယ်တော်ဟ “နင်လို့ဟ နားမလည်ကြသေးဝူးလော” ဟု သူလို့အား မေးလေအယ်။
MAR 8:22 သူလို့ဟ ဗက်ဇဲဒမြို့သို့ လာကြအယ်၊ လူအချို့လို့ဟ မျက်စေ့မမျော်လဲ့ တယောက်အား ယေရှုဆေဟို ခေါ်လာယွေ့ အဲသူအား တို့ထိပေးရန် တောင်းပန်ကြအယ်။
MAR 8:23 ယေရှုဟ မျက်စေ့မမျော်သောသူအား လက်ဆွဲကာ ရွာအပြင်ဟို ခေါ်သွားအယ်။ သူရဲ့ မျက်စေ့များဟို ဆံထွေး ထွေးယွေ့ ကိုယ်တော်ဟ သူရဲ့ အပေါ်မှာ လက်ဟို တင်ပင်း၊ “နင်ဟ တစုံတခုဟို မျော်ပီလော” ဟု သူ့အား မေးလေအယ်။
MAR 8:24 သူဟ မျော်ကျေ့ပင်း ပြောတာဟ၊ “ငါဟ လူလို့ဟို မျော်နိန်ပေမဲ့ သူလို့ဟ လမ်းဆှောက်နေလဲ့ သစ်ပင်တွေနဲ့ တူအယ်” ဟု ပြောအယ်။
MAR 8:25 ယေရှုဟ အဲသူရဲ့ မျက်စေ့ပေါ်တွင် လက်ဟို နောက်တခါ တင်လေအယ်။ ဒီတခါတော့ အဲသူဟ စူးစူးစိုက်စိုက် ကျေ့ရာ၊ သူ့မျက်စေ့ မျော်လာပင်း အရာအားလုံးဟို ဆှင်းဆှင်းလင်းလင်း မျော်လေအယ်။
MAR 8:26 ယေရှုဟ သူ့အား နေအိုင်ဟို ပြန်ဖို့ အမိန့်ပေးယွေ့၊ “ရွာထဲဟို မပြန်နဲ့” ဟု ပြောလေအယ်။
MAR 8:27 အဲပင်းရင် ယေရှုနဲ့ သူရဲ့ တဘဲ့တော်လို့ဟ ကဲသရိ ဖိလိပ္ပု ကျေးရွာများ အနီးသို့ သွားကြအယ်။ လမ်းတွင် ကိုယ်တော်ဟ “ငါ့ဟို ပြောမန့်၊ လူလို့ဟ ငါ့ဟို စသူလို့ ပြောသလော” ဟု သူလို့အား မေးလေအယ်။
MAR 8:28 သူလို့ဟ “အချို့ဟ နှစ်ခြင်းယောဟန်ဟု ပြောအယ်၊ အချို့ဟ ဧလိယဟု ပြောပင်း၊ အချို့ဟ ပရောဖက်တပါးပါး ဖြစ်အယ်ဟု ပြောကြအယ်” ဟု ပြန်ပြောကြအယ်။
MAR 8:29 ကိုယ်တော်ဟ “နင်လို့ဟရော ငါ့ဟို စသူဖြစ်အယ်ဟု ဆိုကြလုန်း” ဟု သူလို့အား မေးလေအယ်။ ပေတရုဟ “ကိုယ်တော်ဟ မေဆှိယ ဖြစ်အယ်” ဟု ဖြေလေအယ်။
MAR 8:30 အဲပင်းရင် ယေရှုဟ “ငါ့အကျောန်း စသူဟိုမှ မပြောနဲ့” ဟု သူလို့အား မိန့်မှာခဲ့အယ်။
MAR 8:31 အဲပင်းရင် ယေရှုဟ “လူသားဟ ရမ်းဆာ့သော ဒုက္ခဝေဒနာ ခံစားလျက် အသက်ကြီးသူများ၊ ယဇ်ပုရောဟိတ်ကြီးများ၊ ကျမ်းတတ်ဆရာများရဲ့ ငြင်းပယ်ခြင်းဟို ခံရမယ်။ သူဟ အသတ်ခံရလိမ့်မယ်၊ အဲလိုလဲ နောက်သုံးရက်အကြာတွင် သူဟ ထမြောက်လိမ့်မယ်” ဟု သူရဲ့ တဘဲ့တော်လို့အား စတင် သွန်သင်လေအယ်။
MAR 8:32 သူဟ အဲအကျောန်းဟို သူလို့အား ဆှင်းဆှင်းလင်းလင်း ဖြစ်စေအယ်။ အဲလိုမို့ ပေတရုဟ ကိုယ်တော့်ဟို ဘေးဖက်ဟို ခေါ်ပင်း သူ့ဟို အပစ်တင်စကား စတင်ပြောလေအယ်။
MAR 8:33 အဲလိုလဲ ယေရှုဟ လှည့်ကျေ့လျက်၊ တဘဲ့တော်လို့ဟို ကျေ့ပင်း ပေတရုဟို ဆုံးမလေအယ်။ “စာတန်၊ ငါ့ဆေမှ ထွက်သွားလော့၊ နင်ရဲ့ အတွေးတွေဟ ဘုရားသခင်ဆေမှ လာတာမဟုတ်ပေမဲ့ လူ့ သဘောသဘာဝဘဲ” ဟု ပြောလေအယ်။
MAR 8:34 အဲပင်းရင် ယေရှုဟ သူရဲ့ တဘဲ့တော်လို့နဲ့တကွ လူအုပ်ဟို ခေါ်ပင်း ပြောတာဟ၊ “ငါ့တဘဲ့ဖြစ်လို သူတိုင်းဟ ကိုယ့်ကိုယ်ဟို ငြင်းပယ်ပင်း သူလို့ရဲ့ လက်ဝါးကပ်တိုင်ဟို ထမ်းယွေ့ ငါ့နောက်ဟို လိုက်ရမယ်။
MAR 8:35 အကျောန်းမှာ သူလို့ရဲ့ အသက်ဟို ကယ်တင်လိုသောသူဟ အသက် ဆုံးရှုံးရလိမ့်မယ်၊ အဲလိုလဲ ငါ့အတွက် သူလို့ရဲ့ အသက်နဲ့ ဧဝံဂေလိတရားအတွက် အသက်ဆုံးရှုံးသောသူဟ ကယ်တင်လိမ့်မယ်။
MAR 8:36 တစုံတယောက်သောသူဟ ကမ္ဘာလောကတခုလုံးဟို ရယူသော်လည်း သူလို့ရဲ့ စိတ်ဝိညာဉ်ဆုံးရှုံးရင် ပစာအကျိုးဆိမှာမို့လုန်း။
MAR 8:37 အဲဟာမဟုတ်ရင် စသူ့ဟိုမျှ သူလို့ရဲ့ စိတ်ဝိညာဉ်အတွက် ပစာအရာနဲ့ ရွေးနိန်လုန်း။
MAR 8:38 ဟေဘုရားတရားမဲ့နဲ့ ဆိုးသွမ်းသောနေ့နှိုက် နင်ဟ ငါနဲ့ ငါ့သွန်သင်ချက်ဟို ဆှက်ရင်၊ သန့်ဆှင်းသော ခေါန်းခင်တမန်လို့နဲ့အတူ ခမည်းတော်ဟ ဘုန်းတန်ခိုးနဲ့ ကြွလာသောအခါ လူသားဟ နင်လို့ဟို ဆှက်လိမ့်မယ်။”
MAR 9:1 အဲပင်းရင် ကိုယ်တော်ဟ သူလို့ဟို “နင်ဟို အမန် ငါပြောတာဟ၊ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟ တန်ခိုးနဲ့အတူ လာတာဟို မမျော်ခင်အထိ ဟေအရပ်ဆိ လူအချို့လို့ဟာ မသေရကြ” ဟု ပြောလေအယ်။
MAR 9:2 ခြောက်ရက်ပင်းနောက် ယေရှုဟ ပေတရု၊ ယာကုပ်နဲ့ ယောဟန်လို့ဟို သူနဲ့အတူ ခေါ်ယွေ့ တောင်မြင့်ပေါ်ဟို သူလို့ဟို ယိုးပင်း တက်ခဲ့အယ်၊ အေးအရပ်မှာ သူလို့ဘဲ ဆိအယ်။ အေးမှာ ယေရှုဟ သူလို့ဆေ့မှာ အဆင်းသဏ္ဌာန်ပြောင်းလဲလာခဲ့အယ်။
MAR 9:3 ကိုယ်တော်ရဲ့ အဝတ်များဟ ဖြူဖွေးတောက်ပလာအယ်၊ ဟေလောကထဲမှာ စသူမှ အေးလောက် ဖြူဖွေးအောန် သူလို့ မဖွတ်နိန်ကြ။
MAR 9:4 အေးနောက် ဧလိယနဲ့ မောရှေဟ ယေရှုနဲ့အတူ စကားပြောနေတာဟို တဘဲ့တော်သုံးဦးလို့ဟ မျော်လေအယ်။
MAR 9:5 ပေတရုဟ စကားပြောယွေ့ ယေရှုဟို ပြောတာဟ “ဆရာ၊ ဟေအရပ်တွင် ငါလို့အတွက် နေဖို့ကောင်းပါအယ်၊ ကိုယ်တော်ဖို့ တဲတဆောင်၊ မောရှေဖို့ တဲတဆောင်နဲ့ ဧလိယဖို့ တဲတဆောင်၊ တဲသုံးဆောင်ဟို ငါလို့ ဆောက်ပါရစေ။”
MAR 9:6 ပေတရုနဲ့ တခြားသူများဟ ရမ်းဆာ့ ကြောက်လန့်သွားကြသဖြင့် ပစာပြောရမန်းဟို မသိသောကျောန့် ဖြစ်အယ်။
MAR 9:7 အဲပင်းရင် မိုးချေးသားတခုဟ ပေါ်လာယွေ့ သူလို့ဟို မိုးတိမ်ရိပ်နဲ့အတူ အုပ်ကာ “ဟေသူဟာ ငါ့ချစ်သား ဖြစ်အယ်၊ သူရဲ့ စကားဟို နားထောင်လော့” ဟု မိုးချေးသားဟ အသံထွက်ပေါ်လာအယ်။
MAR 9:8 တဘဲ့တော်လို့ဟ မိမိလို့ပတ်လည်ဟို ဝေ့ကျေ့ကြသော်လည်း ယေရှုမှလွဲယွေ့ တခြားပစာသူဟိုမျှ မမျော်ရတော့ပေ။
MAR 9:9 သူလို့ တောင်ပေါ်မှ ဆင်းလာစဉ်၊ ယေရှုဟ သူလို့အား မိန့်တာဟ “လူသားဟ သေခြင်းမှ မထမြောက်ခင်အချိန်ထိ၊ နင်လို့ ပစာမျော်ခဲ့လဲ့အရာဟို တယောက်ဟိုမှ မပြောကြနဲ့။”
MAR 9:10 သူလို့ဟ ကိုယ်တော်ရဲ့ အမိန့်ဟို နားထောင်အယ်၊ အဲလိုလဲ သူလို့အချင်းချင်း အေးကိစ္စဟို စတင်ပင်း ဆွေးနွေးကြအယ် “‘သေခြင်းမှ ထမြောက်မယ်’ ပစာအရာဟို ဆိုလိုလုန်း၊”
MAR 9:11 အဲအခါ သူလို့ဟ ယေရှုအား “ဧလိယ အရင်လာရမယ်လို့ ပစာကျောန့် ကျမ်းတတ်ဆရာလို့ဟ ပြောလုန်း” ဟု မေးကြအယ်။
MAR 9:12 ယေရှုဟ “ဧလိယဟ အရာအားလုံးဟို အဆင်သင့်ဖြစ်ရန် ဦးရင်ဆုံးလာခြင်းမှာ တကယ်ပင် ဖြစ်အယ်၊ လူသားဟ ရမ်းဆာ့သော ဒုက္ခဆင်းရဲဟို ခံရပင်း ငြင်းပယ်ခံရလိမ့်မယ်လို့ ကျမ်းစာဟ ပစာကျောန့်ပြောလုန်း၊
MAR 9:13 အဲလိုလဲ ငါနင့်ဟို ပြောတာဟ ဧလိယဟ ကြွလာပင်း သူ့အကျောန်း ရေးထားလဲ့အတိုင်း၊ သူလို့ ဆန္ဒဆိသမျှ အရာအားလုံး သူ့အပေါ်ပြုလုပ်ခဲ့အယ်” ဟု ပြန်ဖြေအယ်။
MAR 9:14 သူလို့ဟ တခြားတဘဲ့တော်များဆေဟို လာကြသောအခါ၊ လူအုပ်ကြီးဟ သူလို့ဟို ဝိုင်းယွေ့ ကျမ်းတတ်ဆရာများဟ သူလို့နဲ့ ငြင်းခုန်ကနေတာဟို သူလို့ မျော်ကြအယ်။
MAR 9:15 လူလို့ဟ ယေရှုဟို မျော်သောအခါ၊ သူလို့ဟ ရမ်းဆာ့ အံ့ဩကြလျက်၊ ကိုယ်တော်ဆေဟို ပြေးယွေ့ နှုတ်ဆက်ကြအယ်။
MAR 9:16 ယေရှုဟ တဘဲ့တော်လို့အား “နင်လို့ဟ သူလို့နဲ့ ပစာအကျောန်းဟို ငြင်းခုန်နေကြလုန်း” ဟု မေးအယ်။
MAR 9:17 လူအုပ်ထဲမှ လူတယောက်ဟ “ဆရာ၊ ငါ့ရဲ့ သားဟို ကိုယ်တော်ဆေသို့ ခေါ်ခဲ့အယ်၊ ပစာကို့ သူထဲမှာ ညစ်ညူးသောနတ် ဆိနေပင်း၊ စကားမပြောနိန်သောကျောန့် ဖြစ်အယ်။
MAR 9:18 နတ်ဆိုးဟ သူ့ဟို တိုက်ခိုက်လဲ့အခါတိုင်း၊ သူဟို မြေပေါ်သို့ လဲချပင်း၊ သူဟ စလောင်နှိုက် အမြုပ်များ ထွက်လျက်၊ အံသွားကြိတ်ကာ တကိုယ်လုံး မာတောင့်လာတတ်အယ်။ ငါဟ ကိုယ်တော်ရဲ့ တဘဲ့တော်များအား ဝိညာဉ်ဟို မောင်းထုတ်ပေးရန် ပြောအယ်၊ အဲလိုလဲ သူလို့ဟ မတတ်နိန်ကြပါ” ဟု ပြောအယ်။
MAR 9:19 ယေရှု ပြန်ပြောတာဟ “ယုံကြည်ခြင်း မဆိသော နင်လို့ မျိုးဆက်၊ ငါဟ နင်လို့နဲ့အတူ ပစာလောက်ကြာအောန် နေရမလုန်း၊ ငါ နင်လို့နဲ့အတူ စလောက်ကြာအောန် သည်းခံရမလုန်း၊ အောင်နီငယ်ဟို ငါ့ဆေသို့ ခေါ်ခဲ့ကြ။”
MAR 9:20 အေးကျောန့် သူလို့ဟ အောင်နီငယ်ဟို ယေရှုဆေဟို ခေါ်ခဲ့ကြအယ်။ ဝိညာဉ်ဟ ယေရှုဟို မျော်ရင်၊ အောင်နီငယ်ဟ ခုတင်ချင်း တုန်လှုပ်သွားအယ်။ အောင်နီငယ်ဟ မြေပေါ်ဟို လဲကျကာ လူးလှိမ့်လျက် စလောင်မှ အမြှုပ်များ ထွက်လာအယ်။
MAR 9:21 “သူဟေလို ဖြစ်နေတာ စလောက်ကြာပီလုန်း” ဟု အောင်နီငယ်ရဲ့ အဖအား ယေရှု မေးလေအယ်။ “လူပဲ့အရွယ်ကတည်းထဲဟ” ဟု သူဟ ပြန်ပြောအယ်။
MAR 9:22 “ဝိညာဉ်ဟ သူ့အား သေစေဖို့ မီးနဲ့ ယေထဲဟို လောချရန် အကြိမ်များစွာ ကြိုးစားခဲ့အယ်။ ကိုယ်တော် ဖြစ်နိန်ရင်၊ ငါလို့ဟို သနားပါ၊ ငါလို့ဟို ကူညီပါ၊”
MAR 9:23 ယေရှုဟ “ဟုတ်ပီ” ဟု ပြောပင်း၊ “နင်လို့တတ်တိုင်း တတ်နိန်ရင် ယုံကြည်ခြင်းဆိသူအတွက် အရာအားလုံး ဖြစ်နိန်အယ်။”
MAR 9:24 ခုတုံးပင် အောင်နီငယ်ရဲ့ အဖဟ ငိုကယွေ့ “ငါ ယုံကြည်ခြင်း ဆိအယ်၊ အဲလိုလဲ မလုံလောက်ပါ။ ငါ့ဟို ပိုဆိရစေဖို့ ကူညီမန့်၊”
MAR 9:25 လူအုပ်များ ပြေးလာကြတာဟို ယေရှု မျော်သောအခါ၊ ကိုယ်တော်ဟ ညစ်ညူးသောနတ်ဟို ဆုံးမလျက် “နားပင်းယွေ့ စကားအသောနတ်၊ သူထဲမှ ထွက်လော့၊ ပစာခါမျှ သူ့ထဲဟို ပြန်မဝင်နဲ့၊ ငါ နင့်ဟို အမိန့်ပေးအယ်” ဟု ကိုယ်တော်ဟ ပြောအယ်။
MAR 9:26 ညစ်ညူးသောနတ်ဟ အော်ကပင်း အောင်နီငယ်ဟို ပြင်းထန်စွာ တွန်းလှန်ပင်း သူ့ထဲမှ ထွက်သွားအယ်။ အောင်နီငယ်ဟ လူသေနဲ့ ရမ်းဆာ့တူပင်း လူများဟ “အောင်နီငယ် သေပီ” ဟု ပြောကြအယ်။
MAR 9:27 အဲလိုလဲ ယေရှုဟ အောင်နီငယ်ရဲ့ လက်ဟို ကိုင်ပင်း သူ့ဟို ထဖို့ ကူညီပေးခဲ့အယ်။ အဲအခါ အောင်နီငယ်ဟ ထလေအယ်။
MAR 9:28 ယေရှုဟ နေအိုင်ထဲသို့ ဝင်ပင်းနောက် သူရဲ့ တဘဲ့တော်လို့ဟ “ငါလို့ဟ ပစာကျောန့် နတ်ဆိုးဟို မမောင်းထုတ်နိန်ခဲ့တာလုန်း” ဟု သူ့ဟို သီးသန့်မေးအယ်။
MAR 9:29 ယေရှုဟ “ဆုတောင်းခြင်းသာလျှင် ဟေအရာဟို မောင်းထုတ်နိန်အယ်၊ အခြားအရာ ဆိဝူး” ဟု ဖြေကြားခဲ့အယ်။
MAR 9:30 ယေရှုနဲ့ သူရဲ့ တဘဲ့တော်လို့ဟာ အဲအရပ်မှ ထွက်ယွေ့ ဂါလိလဲပြေဟို ဖြတ်သွားကြအယ်။ ယေရှုဟ သူပစာနေရာမှာ ဆိနေတာဟို စသူ့ဟိုမျှ မသိစေချင်ပေ၊
MAR 9:31 ပစာကို့ ကိုယ်တော်ဟ သူရဲ့ တဘဲ့တော်လို့ဟို သင်ကြားပေးတာဟ “လူသားဟ လူလို့ လက်ဟို အပ်နှံခြင်း ခံရလိမ့်မယ်။ သူလို့ဟ သူ့ဟို သတ်ကြလိမ့်မယ်၊ သူဟ သုံးရက်လွန်ပင်းမှ ထမြောက်လိမ့်မယ်။”
MAR 9:32 အဲလိုလဲ သူလို့ဟ ကိုယ်တော် ပစာဆိုလိုတာဟို နားမလည်ဘဲနဲ့ သူ့အကျောန်းဟို မေးဖို့ ကြောက်ရွံ့နေခဲ့အယ်။
MAR 9:33 သူလို့ဟ ကပေရနောင်မြို့ဟို လာကြအယ်။ သူလို့ဟ နေအိုင်နှိုက် ဆိနေစဉ်၊ ယေရှုဟ “လမ်းမှာ နင် ပစာငြင်းခုံနေစာလုန်း” ဟု သူလို့အား မေးအယ်။
MAR 9:34 အဲလိုလဲ သူလို့ဟ တိတ်ဆိတ်နေခဲ့အယ်၊ ပစာကို့ စသူဟ အကြီးမြတ်ဆုံးလဲဆိုတာဟို လမ်းမှာ ငြင်းခုံနေခဲ့ပင်းသောကျောန့် ဖြစ်အယ်။
MAR 9:35 ယေရှုဟ ထိန်လျက်၊ တဘဲ့တော် တဆယ့်နေပါးလို့ဟို ခေါ်ပင်းမှ၊ “စသူမဆို ပထမဖြစ်လိုသူဟ နောက်ဆုံးနှိုက် နေရာယူပင်း အားလုံးရဲ့ ကျွန်လည်းဖြစ်ရမယ်” ဟု သူလို့အား ပြောလေအယ်။
MAR 9:36 အဲပင်းရင် ကိုယ်တော်ဟ လူပဲ့တယောက်ဟို ခေါ်ယွေ့ သူလို့ဆေ့တွင် ရပ်ခိုင်းအယ်။ ကိုယ်တော်ဟ သူ့ဟို ကွေ့ပင်း သူလို့ဟို ပြောအယ်၊
MAR 9:37 “ဟေလူပဲ့များထဲမှ တစုံတယောက်ဟို ငါရဲ့ နာမယ်နှိုက် လက်ခံသောသူဟ ငါ့ဟို လက်ခံအယ်၊ ငါ့ဟို လက်ခံသောသူ စသူဟ ငါ့ဟို သာမကဘဲ ငါ့ဟို စေလွှတ်သောသူဟိုလည်း လက်ခံအယ်။”
MAR 9:38 ယောဟန်ဟ “ဆရာ၊ ကိုယ်တော်ရဲ့ နာမယ်နဲ့ နတ်မိစ္ဆာလို့ဟို မောင်းထုတ်နေလဲ့ လူတယောက်ဟို ငါလို့ တွေ့ခဲ့အယ်၊ ပစာကို့ သူဟ ငါလို့ အုပ်စုနဲ့ မဆိုင်လဲ့အတွက်၊ ရပ်ဖို့ သူ့ဟို ပြောခဲ့အယ်” ဟု သူ့အား ပြောလေအယ်။
MAR 9:39 ယေရှုဟ “သူ့ဟို တားဖို့ မကြိုးစားကြနဲ့၊ ပစာကို့ ငါရဲ့ နာမနှိုက် အံ့ဖွယ်သောအမှုဟို ပြုသောသူဟ ငါနှိုက် မကောင်းသောအရာလို့ဟို မကြာမီ ပြောဆိုနိန်လိမ့်မယ် မဟုတ်။
MAR 9:40 ငါလို့အား မဆန့်ကျင်သူဟ ငါလို့အတွက် ဖြစ်အယ်။
MAR 9:41 အမန်အကန် နင်လို့အား ငါဆိုတာဟ၊ ငါရဲ့ နာမဟို အမှီပြုယွေ့ နင်လို့အား ယေတမုတ်ပေးသောသူ စသူမဆို နင်လို့ရဲ့အကျိုးဟို မဆုံးရှုံးစေရ။
MAR 9:42 “ငါ့ဟို ယုံကြည်သော ဟေလူပဲ့သငယ် တစုံတယောက်ဟ တစုံတယောက်ဟို မားယွင်းစေရင်၊ သူလို့ရဲ့ လည်ပင်းနှိုက် ကြိတ်ဆုံကြီးဟို ဆွဲထားပင်း ပင်လယ်ထဲဟို လောချရင် သူလို့အတွက် ပိုကောင်းလိမ့်မယ်။
MAR 9:43 နင့်ရဲ့လက်ဟ နင့်ယုံကြည်ခြင်းဟို ဆုံးရှုံးစေဟယ်ဆိုရင်၊ ဖြတ်လောပလိုက်။ လက်နေဖက်ပါလျက် မီးမငြိမ်းနိန်လဲ့ ငရဲဟို သွားရတာထက် လက်တဖက်ထဲနဲ့ အသက်ဆှင်ခြင်းသို့ ဝင်ရတာဟ နင့်အတွက် သာယွေ့ ကောင်းအယ်။
MAR 9:44 
MAR 9:45 နင့်ရဲ့ ခြေထောက်ဟ နင့်ယုံကြည်ခြင်းဟို ဆုံးရှုံးစေအယ်ဆိုရင်၊ ဖြတ်လောပလိုက်။ ခြေထောက်နေဖက်ပါလျက် ငရဲထဲဟို လောချခြင်း ခံရတာထက် ခြေထောက်တဖက်မပါဘဲနဲ့ အသက်ဆှင်ခြင်းသို့ ဝင်စားရတာဟ နင့်အတွက် သာယွေ့ ကောင်းအယ်။
MAR 9:46 
MAR 9:47 နင့်ရဲ့ မျက်စေ့ဟ နင့်ယုံကြည်ခြင်းဟို ဆုံးရှုံးစေအယ်ဆိုရင်၊ ထုတ်လောပလိုက်။ မျက်စေ့နေလုံးပါလျက် ငရဲထဲဟို လောချခြင်း ခံရတာထက် မျက်စေ့တလုံးထဲနဲ့ ဘုရားသခင်ရဲ့ နိုင်ငံတော်သို့ ဝင်စားရတာဟ သာယွေ့ ကောင်းအယ်။
MAR 9:48 အဲဒီမှာ သူလို့ဟို စားလဲ့ လောက်ကောင်တွေဟ ပစာခါမှ မသေဝူး၊ သူလို့ဟို လောင်လဲ့မီးဟ ပစာခါမှ မငြိမ်းဝူး။
MAR 9:49 “ယဇ်ကောင်ဟို ဆားဖြင့် သန့်စင်စေသလို လူတိုင်း မီးဖြင့် သန့်စင်စေလိမ့်မယ်။
MAR 9:50 “ဆားဟ ကောင်းအယ်၊ အဲလိုလဲ အငန်ကင်းပျောက်သွားရင် ဆားအား ပစာလို ပြန်ယွေ့ ငန်အောန် ပြုနိန်ပါမလုန်း။ “နင်လို့ဟ မိမိတတ်တိုင်းနှိုက် မိတ်ဆွေဖွဲ့ခြင်းဟူသော ဆားဆိစေပင်း၊ အချင်းချင်း ငြိမ်းချမ်းစွာနေကြလော့” ဟု ပြောလေအယ်။
MAR 10:1 အဲပင်းရင် ယေရှုဟ အေးအရပ်မှ ထွက်ခွာယွေ့၊ ယုဒပြေသို့ သွားပင်းရင်၊ ယော်ဒန်မြစ်ဟို ကူးလေအယ်။ လူအုပ်လို့ဟ ကိုယ်တော်နားဟို နောက်တခါလာရောက် စုပြုံနေယွေ့၊ ကိုယ်တော်ဟ လုပ်ကျင့်ဆိလဲ့အတိုင်း သူလို့အား သွန်သင်လေအယ်။
MAR 10:2 ဖာရိရှဲတချို့လို့ဟ ကိုယ်တော်ဆေဟို လာယွေ့ သူ့အား ထောင်ချောက်ဆင်ရန် ကြိုးစားအယ်။ သူလို့ဟ “ငါလို့ဟို ပြောမန့်၊ ငါလို့ရဲ့ ဥပဒေဟ ယောက်ျားတယောက်ဟ သူရဲ့ ပေါင်အိုမဟို ကွာဆှင်းခွင့်ပြုလော့” ဟု သူလို့ မေးကြအယ်။
MAR 10:3 ယေရှုဟ ပြန်ပြောတာဟ “မောရှေဟ နင်လို့အား ပစာလို ပညတ်ထားလုန်း။”
MAR 10:4 သူလို့ဟလည်း “မောရှေဟ ယောက်ျားတယောက်အား ကွာဆှင်းပြတ်စဲခြင်းဆိုင်ရာ စာတစောင်ရေးရန်နဲ့ သူရဲ့ ပေါင်အိုမဟို အဝေးဟို ပို့ရန် ခွင့်ပြုပေးခဲ့အယ်” ဟု ဖြေကြားခဲ့အယ်။
MAR 10:5 ယေရှုဟ သူလို့အား “နင်လို့ဟ သွန်သင်ရန် ရမ်းဆာ့ ခက်သောကျောန့် နင်လို့အတွက် ဟေပညတ်ဟို မောရှေရေးခဲ့ခြင်းဖြစ်အယ်။
MAR 10:6 အဲလိုလဲ ဖန်ဆင်းခြင်းရဲ့အစမှာ ဘုရားသခင်ဟ ‘ယောက်ျားနဲ့ မိန်းမဟို ဖန်ဆင်းထားအယ်။’
MAR 10:7 ‘ဟေအကျောန်းအတွက်ကျောန့် ယောက်ျားဟ ကိုယ့်မိဖဟို စွန့်ယွေ့ မိမိပေါင်အိုမနဲ့ တလုံးတဝတည်း ဖြစ်ရမယ်၊
MAR 10:8 ပင်းတော့ အဲသူနေဦးလို့ဟာ တသားတကိုယ်တည်း ဖြစ်လာကြလိမ့်မယ်။’ အေးလို့မို့ သူလို့ဟ နေဦး မဟုတ်တော့ဘဲ တသားတကိုယ်တည်း ဖြစ်အယ်။
MAR 10:9 အေးကျောန့် ဘုရားသခင်ဟ အတူတကွ ပေါင်းစည်းပေးထားသော အရာဖြစ်ယွေ့ စသူမှ မကွဲကွာစေနဲ့” ဟု ပြောလေအယ်။
MAR 10:10 တဘဲ့တော်လို့ဟ နေအိုင်ဟို ပြန်ရောက်ကြသောအခါ၊ အေးကိစ္စအကျောန်းဟို ယေရှုအား မေးကြအယ်။
MAR 10:11 ယေရှုဟ သူလို့အား “သူရဲ့ ပေါင်အိုမဟို ကွာဆှင်းယွေ့ အခြားမိန်းမတယောက်နဲ့ လက်ထပ်သော ယောက်ျားတယောက်ဟ မိမိရဲ့ ပေါင်အိုမနဲ့ အိုင်ထောင်ရေးဖောက်ပြန် ကျူးလွန်အယ်။
MAR 10:12 အေးတိုင်းတိုင်းပင် မိန်းမဟလည်း သူရဲ့ ဖိုးအိုနဲ့ ကွာဆှင်းပင်း အခြားယောက်ျားတယောက်နဲ့ လက်ထပ်ရင် အိုင်ထောင်ရေးဖောက်ပြန်အယ်” ဟု ပြောလေအယ်။
MAR 10:13 လူအချို့လို့ဟ လူပဲ့သငယ်များအပေါ် လက်ဟိုတင်စေရန် ယေရှုဆေသို့ ခေါ်ခဲ့ကြအယ်၊ အဲလိုလဲ တဘဲ့တော်လို့ဟ လူများလို့ဟို အော်ငေါက်ကြအယ်။
MAR 10:14 ယေရှုဟ အေးအရာဟို သတိပြုမိသောအခါ၊ ကိုယ်တော်ဟ အူထော့ခဲ့ပင်း တဘဲ့တော်လို့အား “လပဲ့သငယ်လို့ဟို ငါ့ဆေသို့ လာကြပါစေ၊ သူလို့ဟို မဆီးတားကြနဲ့၊ ပစာကို့ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟ ဟေလိုမျိုး သူများနဲ့ ဆိုင်အယ်။
MAR 10:15 အမန်အကန် နင်ဟို ငါပြောတာဟ၊ လူပဲ့သငယ်တယောက်လိုပဲ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟို မရလဲ့ စသူမဆို အဲဒီနိုင်ငံဟို ဘယ်တော့မှ ဝင်ရမှာ ဟုတ်ဝူး” ဟု ပြောလေအယ်။
MAR 10:16 အဲပင်းရင် ကိုယ်တော်ဟ လူပဲ့သငယ်လို့ဟို သူ့လက်မောင်းမှာ ချီပင်း၊ သူလို့ အယောက်ချင်းစီတိုင်းဟို လက်များတင်ကာ သူလို့ဟို ကောင်းချီးပေးလေအယ်။
MAR 10:17 ယေရှုဟ တဖန်စတင်ယွေ့ လမ်းနှိုက်ကြွခဲ့စဉ်၊ လူတယောက်ဟ ပြေးလာပင်းလျှင် ကိုယ်တော် ဆေ့ဦးတွင် ဒူးထောက်လျက် “ကောင်းမြတ်သော ဆရာ၊ ထာဝရအသက်ဟို ရဖို့ရန် ငါဟ ပစာလို ပြုရမလုန်း” ဟု မေးအယ်။
MAR 10:18 ယေရှုဟ “နင်ဟ ပစာကျောန့် ငါ့ဟို ကောင်းမြတ်သောသူဟု ခေါ်လုန်း။ ဘုရားသခင် တပါးမှလွဲယွေ့ ကောင်းမြတ်သောသူ တစုံတယောက်မျှ မဆိ။
MAR 10:19 ပညတ်တော်လို့ဟို နင်လို့ သိကြအယ် ‘လူ့အသက်ဟို မသတ်ရ၊ သူ့မယားဟို မပစ်မားရ၊ မခိုးရ၊ စသူကိုမှ ကစတ်ကလတ် မစွပ်စွဲရ၊ မဝါကရ၊ နင်လို့ရဲ့ မိဖဟို ရိုသေလော့’ ” ဟု ပြောလေအယ်။
MAR 10:20 အဲသူဟ “ဆရာ၊ ငါငယ်ခါကတည်းဟ၊ ဟေပညတ်အားလုံးဟို လိုက်နာခဲ့အယ်” ဟု ပြန်ဆှောက်အယ်။
MAR 10:21 ယေရှုဟ အဲသူဟို မေတ္တာဖြင့် တန်းတန်းကျေ့လျက် “နင့်မှာ လိုအပ်သောအရာ တခုဆိသေးအယ်။ သွားယွေ့ နင့်မှာဆိသော အရာအားလုံးဟို ရောင်းယွေ့ ဆင်းရဲသူလို့အား ပိတ်ဆန်ပေးလော့၊ ပင်းရင် နင်ဟ ခေါန်းခင်ဘုံနှိုက် ချမ်းသာမှု ရဆိလိမ့်မယ်၊ အေးနောက် လာယွေ့ ငါ့နောက်ဟို လိုက်လော့” ဟု ပြောလေအယ်။
MAR 10:22 သူဟ ရမ်းဆာ့ ချမ်းသာသူဖြစ်သောကျောန့်၊ သူဟ အဲအရာဟို ကြားသောအခါ၊ မျက်နှာပျက်ယွေ့၊ ဝမ်းနည်းပင်း ထွက်သွားလေအယ်။
MAR 10:23 ယေရှုဟ တဘဲ့တော်လို့ဟို ပတ်ပတ်လည် ကျေ့ယွေ့ သူလို့အား “ချမ်းသာသော သူများဟ ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲသို့ ဝင်ရောက်ရန် စလောက် ခက်ခဲလှအယ်” ဟု ပြောအယ်။
MAR 10:24 တဘဲ့တော်လို့ဟ ကိုယ်တော်ရဲ့စကားဟို ကြားပင်း အံ့ဩကြအယ်၊ အဲလိုလဲ ယေရှုဟ ဆက်ပြောအယ် “ငါ့လူပဲ့သငယ်လို့၊ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟို ဝင်ရောက်ရန် စလောက် ခက်ခဲမလော၊
MAR 10:25 ကုလားအုတ်ဟ အပ်နဖားပေါက်ထဲဟို လျှိုဝင်ရန်ထက် ချမ်းသာသောသူအတွက် ဘုရားသခင်ရဲ့ နိုင်ငံတော်သို့ ဝင်ရန် ပိုပင်းခက်ခဲအယ်။”
MAR 10:26 တဘဲ့တော်လို့ဟ ပိုယွေ့ပင် အံ့ဩယွေ့ “ဒါဆိုရင် စသူဟ ကယ်တင်နိန်မလုန်း” ဟု အချင်းချင်း ပြောဆိုကြအယ်။
MAR 10:27 ယေရှုဟ သူလို့ဟို စေ့စေ့ကျေ့ယွေ့ “ဟေအရာဟ လူသားအတွက် မဖြစ်နိန်သော်လည်း ဘုရားသခင်အတွက် ဖြစ်နိန်အယ်၊ အရာအားလုံးဟ ဘုရားသခင်အတွက် ဖြစ်နိန်အယ်” ဟု ပြန်ဖြေလေအယ်။
MAR 10:28 အဲအခါ ပေတရုဟ “ကိုယ်တော်ရဲ့ နောက်လိုက်ဖို့ ငါလို့ဟ အရာအားလုံးဟို စွန့်ခဲ့အယ်” ဟု ပြောလေအယ်။
MAR 10:29 ယေရှုဟ “နင်လို့အား ငါအမန်ဆိုတာဟ နေအိုင်၊ ညီအကို၊ နှမ၊ တို့မေ၊ တို့ဖ၊ သားသမီး၊ လယ်ယာများ အဲဟာမဟုတ်ရင် ငါနဲ့ ဧဝံဂေလိတရားအတွက် စွန့်သောစသူမဆို၊
MAR 10:30 ဟေဖဝါ့နှိုက် ရမ်းဆာ့ ပိုရလိမ့်မယ်။ သူဟ အဆတရာပိုသော နေအိုင်၊ ညီအကို၊ နှမ၊ တို့မေ၊ သားသမီးများနဲ့ လယ်ယာများနဲ့ ညှဉ်းပန်းနှိပ်စက်ခြင်းဟို ခံရလိမ့်မယ်၊ နောက်လာမဲ့ဖဝါ့နှိုက် ထာဝရအသက်ဟို ရဆိလိမ့်မယ်။
MAR 10:31 အားပင်မဲ့ ဦးရင်ကျသူများဟ နောက်ဆုံးကျလိမ့်မယ်၊ နောက်ဆုံးကျသူများဟ ဦးရင်ကျလိမ့်မယ်” ဟု ပြောလေအယ်။
MAR 10:32 ယေရှုနဲ့ သူရဲ့ တဘဲ့တော်လို့ဟ အခု ယေရုရှလင်မြို့သို့ သွားသောလမ်းနှိုက် ဆိကြအယ်။ ယေရှုဟ တဘဲ့တော်လို့ ဆေ့နှိုက် နှိုးဆော်သံများနဲ့ ပြေ့နေပင်း နောက်မှ လိုက်လာသော လူလို့ဟ ကြောက်ရွံ့ကြအယ်။ တခါ ယေရှုဟ တဘဲ့တော် တဆယ့်နေပါးဟို နဖေးခေါ်ယွေ့ သူနှိုက် ဖြစ်ပျက်မဲ့အရာများဟို ပြောခဲ့အယ်။
MAR 10:33 ကိုယ်တော်ဟ “နားထောင်ကြလော့၊ ငါလို့ဟ ယေရုရှလင်မြို့သို့ သွားနေကြအယ် အဲနေရာတွင် လူသားအား ယဇ်ပုရောဟိတ်ကြီးများနဲ့ ကျမ်းတတ်ဆရာလို့ရဲ့ လက်သို့ အပ်နှံကြလိမ့်မယ်။ သူလို့ဟ လူသားဟို သေဒဏ်စီရင်ပင်း တပါးအမျိုးသားလို့ရဲ့ လက်ဟို အပ်နှံကြလိမ့်မယ်။
MAR 10:34 သူလို့ဟ လူသားအား လှောင်ပြောင်မယ်၊ ဆံထွေး ထွေးကြလိမ့်မယ်၊ ကြိမ်ဒဏ်ပေးယွေ့ အသေသတ်ကြလိမ့်မယ်၊ အဲလိုလဲ သုံးရက်အကြာမှာ သူဟ ဆှင်ပြန်ထမြောက်လိမ့်မယ်” ဟု ပြောလေအယ်။
MAR 10:35 အဲပင်းရင် ဇေဗေဒဲရဲ့ အောင်နီငယ်များဖြစ်ကြသော ယာကုပ်နဲ့ ယောဟန်လို့ဟ ယေရှုဆေဟို လာကြအယ်။ သူလို့ဟ “ဆရာ၊ ငါလို့ တောင်းသမျှဟို ငါလို့ နင်လို့အတွက် လုပ်ပေးချင်အယ်” ဟု ပြောလေအယ်။
MAR 10:36 ယေရှုဟ “နင်အတွက် ငါပစာလုပ်စေချင်လဲ” ဟု သူလို့ဟို မေးလေအယ်။
MAR 10:37 သူလို့ဟ “ကိုယ်တော်ရဲ့ ဘုန်းကြီးသော နိုင်ငံတော်နှိုက် နင်ရဲ့ ရာဇပလ္လင်ပေါ်မှာ ထိန်လဲ့အခါ ငါလို့ဟို နင်ရဲ့ ညာဘက်မှာ တယောက်၊ ဘယ်ဘက်မှာ နင်နဲ့အတူ ထိန်ခွင့်ရချင်အယ်” ဟု ပြန်ဖြေလေအယ်။
MAR 10:38 ယေရှုဟ “နင် ပစာဟို တောင်းဆိုနေတာလဲဆိုတာ နင် သိဝူး။ ငါသောက်ရမဲ့ ဆင်းရဲဒုက္ခခွက်ဟို သောက်နိန်လော။ ငါ နှစ်ခြင်းခံရမယ်ဆိုလဲ့အတိုင်း နင်လို့ နှစ်ခြင်းခံနိန်လော” ဟု သူလို့အား ပြောလေအယ်။
MAR 10:39 သူလို့ဟ “ငါလို့ တတ်စွမ်းနိန်အယ်” ဟု ဖြေကြအယ်။ ယေရှုဟ “ငါအမန် သောက်ရမဲ့ခွက်ဟို နင်သောက်ရမယ်၊ ငါ နှစ်ခြင်းခံရမဲ့အတိုင်း နှစ်ခြင်း ခံရလိမ့်မယ်။
MAR 10:40 အဲလိုလဲ ငါ့ ညာဘက်နဲ့ ဘယ်ဘက်မှာ ထိန်မဲ့သူဟို ရွေးချယ်ပိုင်ခွင့် ဆိဝူး။ ဘုရားသခင်ဟ ဟေနေရာဟို ပြင်ဆင်ထားသော သူလို့အား ပေးလိမ့်မယ်” ဟု သူလို့အား ပြောလေအယ်။
MAR 10:41 ဟေအကျောန်းအရာဟို အခြား တဘဲ့တော်ဆယ်ဦးလို့ဟ ကြားသောအခါ၊ သူလို့ဟ ယာကုပ်နဲ့ ယောဟန်လို့ဟို အူထော့လာကြအယ်။
MAR 10:42 ယေရှုဟ အဲသူလို့ဟို အတူတကွခေါ်ယွေ့ “လူမျိုးခြားလို့အတွက် သူလို့ဟို အုပ်ချုပ်ရန် သတ်မှတ်ထားခြင်း ခံရသောသူလို့ဟ ပြေသူလို့အပေါ် စိုးမိုးခြယ်လှယ်ကြယွေ့၊ သူလို့ရဲ့ အထက်အရာဆိများဟ သူလို့အပေါ် အခွင့်အာဏာဟို အသုံးပြုတာဟို နင်လို့ သိအယ်။
MAR 10:43 နင်နဲ့အတူ မဟုတ်ပါ။ အဲအစား၊ နင်လို့တွင် ကြီးမြတ်လိုသူ စသူမဆို နင်ရဲ့ အစေခံ ဖြစ်ရမယ်။
MAR 10:44 ပထမ အလိုဆိသောသူဟ လူခပ်သိမ်းလို့ရဲ့ ကျွန်ဖြစ်ရမယ်။
MAR 10:45 အကျောန်းမှာ လူသားဟ စေစားဖို့ လာတာ မဟုတ်၊ သူတပါးအစေဟို ခံခြင်းငှာလည်းကောင်း၊ မိမိအသက်ဟို စွန့်ယွေ့ လူများဟို ရွေးနုတ်ရန် လည်ကောင်း၊ ကြွလာခြင်း ဖြစ်အယ်” ဟု မိန့်အယ်။
MAR 10:46 အဲပင်းရင် သူလို့ဟ ယေရိခေါမြို့သို့ ရောက်လာကြအယ်။ ယေရှုနဲ့ တဘဲ့တော်လို့ဟ လူအုပ်ကြီးနဲ့အတူ မြို့မှ ထွက်ခွာလာစဉ်၊ မျက်စေ့မမျော်သော ဗာတိမဲ (တိမဲရဲ့ အောင်နီငယ်ဟု ဆိုသူ)၊ လမ်းဘေးနှိုက် ထိန်ပင်း တောင်းစားနေအယ်။
MAR 10:47 အဲသူဟ နာဇရက်မြို့သား ယေရှု ဖြစ်ကျောန်း ကြားရသောအခါ၊ “ဒါဝိဒ်ရဲ့ သားတော် ယေရှု၊ ငါ့ဟို သနားပါ” ဟု စတင် အော်ကလေအယ်။
MAR 10:48 ရမ်းဆာ့သော လူဟ သူ့ဟို ငေါက်ငမ်းပင်း သူ့ဟို တိတ်တိတ်နေရန် ပြောခဲ့အယ်။ အဲလိုလဲ သူဟ “ဒါဝိဒ်ရဲ့ သားတော် ယေရှု၊ ငါ့ဟို သနားမန့်” ဟု ပိုယွေ့ပင် ကျယ်လောင်စွာ အော်ဟစ်လေအယ်။
MAR 10:49 ယေရှုဟ ရပ်တန့်လျက် “သူ့ဟို ခေါ်ခဲ့လိုက်” ဟု ပြောလေအယ်။ အဲကျောန့် သူလို့ဟ မျက်စေ့မမျော်သောသူဟို ခေါ်လိုက်အယ်။ “အားမငယ်နဲ့၊ ထမန့်၊ သူဟ နင့်ဟို ခေါ်နေအယ်” ဟု သူလို့ဟ ပြောလေအယ်။
MAR 10:50 သူဟ သူ့ဝတ်လုံဟို လောချပင်း၊ ခုန်ယွေ့ ယေရှု ဆေဟို လာလေအယ်။
MAR 10:51 ယေရှုဟ “နင့်အတွက် ပစာအရာဟို ပြုစေလိုလုန်း” ဟု သူ့အား မေးလေအယ်။ မျက်စေ့မမျော်သောသူဟ “ဆရာ၊ ငါ မျက်စေ့ပြန်ယွေ့ မျော်ချင်အယ်” ဟု ဖြေလေအယ်။
MAR 10:52 ယေရှုဟ “သွားလော့၊ နင့်ရဲ့ ယုံကြည်ခြင်းဟ နင့်ဟို ကောင်းစေပီ” ဟု သူ့အား ပြောလေအယ်။ ခုတုံးပင် အဲသူဟ မျက်စေ့မျော်ယွေ့ ယေရှု ကြွလာရာလမ်းတွင် နောက်တော်ဟို လိုက်လေအယ်။
MAR 11:1 သူလို့ဟ ယေရုရှလင်မြို့သို့ ရောက်သောအခါ၊ ဗက်ဖာဂေမြို့နဲ့ ဗေသနိရွာအနီးဆိ သံလွင်တောင်ဟို သူလို့ ချဉ်းကပ်လာကြအယ်။ ယေရှုဟ သူရဲ့ တဘဲ့နေယောက်ဟို အဆေ့ဟို စေလွှတ်ယွေ့၊
MAR 11:2 ဟေ ညွှန်ကြားချက်များဖြင့် “နင်လို့ ဆေ့တွင်ဆိသော ရွာဟို သွားကြလော့။ နင်အဲဒီဟို ရောက်တာနဲ့၊ စသူမှ မစီးဖူးသေးသော မြည်းသငယ်တကောင်ဟို လံထားတာဟို နင်မျော်လိမ့်မယ်။ အေးဒါဟို ဖြေပင်း ဟေဟို ယူလာပါ။
MAR 11:3 ပင်းရင် တယောက်ယောက်ဟ နင်ပစာလို့ အေးလိုလုပ်လဲလို့ မေးရင်၊ အဲအရာဟို သခင်အလိုဆိအယ်၊ အဲပင်း တခါထဲ တန်းပြန်ပို့ပေးပါလိမ့်မယ်” ဟု ပြောလော့။
MAR 11:4 အဲကျောန့် သူလို့ဟ သွားယွေ့ နေအိုင်တအိုင်ရဲ့ ထင်ခါးမှာ လံထားသော လမ်းနှိုက် မြည်းသငယ်ဟို မျော်အယ်။ သူလို့ဟ အေးကြိုးဟို ဖြေနေအယ်၊
MAR 11:5 ဖေးမှ ရပ်ကျေ့နေသောသူ အချို့ဟ သူလို့ဟို “မြည်းကြိုးဟို ဖြေယွေ့၊ နင်လို့ ပစာလုပ်နေလုန်း” ဟု မေးကြအယ်။
MAR 11:6 သူလို့ဟ ယေရှု မှာလိုက်ခဲ့လဲ့အတိုင်း ဖြေကြသဖြင့်၊ ရပ်ကျေ့နေသောသူလို့ဟ သူလို့ဟို သွားခွင့်ပြုကြအယ်။
MAR 11:7 သူလို့ဟ မြည်းသငယ်ဟို ယေရှုဆေသို့ ခေါ်ခဲ့ပင်းရင်၊ သူလို့ရဲ့ ဝတ်လုံများဟို မြည်းကျောပေါ်သို့ လွှားတင်ကြပင်း၊ ယေရှုဟ မြည်းဟို စီးလေအယ်။
MAR 11:8 ရမ်းဆာ့သော လူလို့ဟ မိမိလို့ရဲ့ ဝတ်လုံများဟို လမ်းပေါ်မှာ ဖြန့်ခင်းကြအယ်၊ အခြားသူများဟ လယ်ကွင်းများထဲမှ သစ်ကိုင်းများဟို ခုတ်ယွေ့ သူလို့ဟ လမ်းမှာ ဖြန့်ခင်းကြအယ်။
MAR 11:9 ဆေ့မှသွားသော လူများနဲ့ နောက်မှ လိုက်တဲ့ လူတွေဟ စတင်ပင်း အော်ကြအယ်၊ “ဘုရားဟို ချီးမွန်းကြလော့၊ သခင်ဘုရားရဲ့ နာမနဲ့ ကြွလာသောသူဟို ဘုရားသခင် ကောင်းချီးပေးပါစေ၊
MAR 11:10 လာမဲ့ ဘုရင်ဒါဝိဒ်ရဲ့ နိုင်ငံတော်ဟို ဘုရားသခင် ကောင်းချီးပေးပါစေ၊ ငါလို့ အဖ၊ ဘုရားသခင်ဟို ချီးမွန်းကြလော့၊”
MAR 11:11 ယေရှုဟ ယေရုရှလင်မြို့ဟို ဝင်ယွေ့၊ ဗိမာန်တော်သို့ သွားကြအယ်၊ အေးပင်း အရာအားလုံးဟို လှည့်ပတ်ကျေ့အယ်။ အဲလိုလဲ အေးနေ့ဟ နောက်ကျနေသောကျောန့်၊ ကိုယ်တော်ဟ တဘဲ့တော် တဆယ့်နေဦးနဲ့အတူ ဗေသနိရွာဟို ထွက်သွားလေအယ်။
MAR 11:12 နောက်တနေ့နှိုက်၊ သူလို့ဟ ဗေသနိရွာမှ ပြန်လာကြစဉ်၊ ယေရှုဟ မွတ်လေအယ်။
MAR 11:13 ကိုယ်တော်ဟို အဝေးဟ အရွက်တွေနဲ့ အုပ်ထားလျက် သင်္ဘောသဖန်းပင်ဟို မျော်အယ်၊ အေးကျောန့် ကိုယ်တော်ဟ အသီးတွေ့လိုတွေ့နိုး အပင်နားသို့ သွားကျေ့လေအယ်။ အဲလိုလဲ အေးအပင်နားဟို ကိုယ်တော်လာသောအခါ၊ သဖန်းသီးပေါ်ချိန် မဟုတ်သောကျောန့် ကိုယ်တော်ဟ အရွက်များဟိုသာ မျော်ရအယ်။
MAR 11:14 ယေရှုဟ သင်္ဘောသဖန်းပင်အား “နင့်ဆေဟ သင်္ဘောသဖန်းသီးဟို စသူမှ နောက်တခါ မစားရဘူး” ဟု မိန့်လေအယ်။ ပင်းတော့ တဘဲ့တော်လို့ဟလည်း ကြားကြအယ်။
MAR 11:15 သူလို့ဟ ယေရုရှလင်မြို့ဟို ရောက်ကြသောအခါ၊ ယေရှုဟ ဗိမာန်တော်သို့ သွားယွေ့ ဗိမာန်တော်အတွင်းမှာ ရောင်းဝယ်နေသူ အားလုံးလို့ဟို စတင်မောင်းထုတ်လေအယ်။ ကိုယ်တော်ဟ ငွေလဲလှယ်သူလို့ရဲ့ စားပွဲများနဲ့ ခိုငက် ရောင်းသူများရဲ့ ထိန်ခုံများဟို မှောက်လောပစ်လေအယ်၊
MAR 11:16 အဲပင်း ကိုယ်တော်ဟ ဗိမာန်တော်ဟို ဖြတ်ယွေ့ ပစာအရာဟိုမျှ ရောင်းဝယ်ရန် ခွင့်ပြုတော်မမူ။
MAR 11:17 ကိုယ်တော်ဟ “ဘုရားသခင် မိန့်လဲ့ ကျမ်းစာနှိုက်၊ ‘ငါရဲ့ အိုင်တော်ဟို လူမျိုးတကာလို့ရဲ့ ဆုတောင်းရာအိုင်တော်ဟု ခေါ်ဝေါ်ရလိမ့်မယ်’ ဟု ရေးထားအယ် မဟုတ်လော။ အဲလိုလဲ နင်လို့ဟ အဲအိုင်တော်ဟို ထားပြတွေအတွက် ခိုအောင်းရာတခုအဖြစ် ပြောင်းလိုက်ပီလော” ဟု လူလို့အား သွန်သင်လေအယ်။
MAR 11:18 ယဇ်ပုရောဟိတ်ကြီးများနဲ့ ကျမ်းတတ်ဆရာများဟ ကြားယွေ့ ဟေသတင်းဟို ကြားသောအခါ သူလို့ဟ ယေရှုဟို သတ်ရန် နည်းလမ်းအချို့ဟို ဆာခဲ့ကြအယ်။ လူအုပ်အပေါင်းလို့ဟ ကိုယ်တော် သွန်သင်တာဟို ရမ်းဆာ့ အံ့ဩသောကျောန့်၊ သူလို့ဟ ကိုယ်တော်ဟို ကြောက်ရွံ့ကြအယ်။
MAR 11:19 ညခင်းရောက်သောအခါ၊ ယေရှုနဲ့ သူရဲ့ တဘဲ့တော်လို့ဟ မြို့မှ ထွက်ခွာသွားကြအယ်။
MAR 11:20 နောက်တနေ့ နက်စာစောစောအချိန်နှိုက် သူလို့ဟ လမ်းတလျှောက် လမ်းဆှောက်သွားကြစဉ်၊ သင်္ဘောသဖန်းပင်ဟို မျော်လေအယ်။ အဲအပင်ဟ အမြစ်မှစယွေ့ တပင်လုံး ညှိုးနွမ်းလျက်နေအယ်။
MAR 11:21 ပေတရုဟ ဖြစ်ပျက်ခဲ့တာတွေဟို သတိရပင်း “ကျေ့မန့်၊ ဆရာ၊ နင်ကျိန်ဆိုခဲ့သော သင်္ဘောသဖန်းပင်ဟ သေဆုံးသွားပီ” ဟု ယေရှုအား ပြောလေအယ်။
MAR 11:22 ယေရှုဟ “ဘုရားသခင်ဟို ယုံကြည်ခြင်း ဆိလော့” ဟု သူလို့အား ပြန်ပြောလေအယ်။
MAR 11:23 “အမန်အကန် နင်လို့အား ငါဆိုတာဟ စသူမဆို ဟေတောင်အား ‘ရွေ့သွားယွေ့၊ ပင်လယ်ထဲဟို ဆင်းဝါးလော့’ ဟု ဆိုလျက် သူလို့ စိတ်နေလုံးအတွင်းတွင် ယုံမားခြင်းမဆိဘဲ သူလို့ ပြောဆိုလဲ့အတိုင်းဖြစ်မယ်ဟု ယုံကြည်ရင်၊ အဲသူလို့ပြောလဲ့အတိုင်း ဖြစ်လိမ့်မယ်။
MAR 11:24 ဟေအကျောန်းကျောန့် နင်လို့အား ငါဆိုတာဟ၊ နင်ဆုတောင်းသောအခါ တောင်းဆှောက်သမျှဟို ရဆိလိမ့်မယ်ဟု ယုံကြည်ကြလော့၊ နင်လို့ တောင်းသမျှဟို ပေးလိမ့်မယ်။
MAR 11:25 နင်လို့ဟ ရပ်လျက် ဆုတောင်းသောအခါ၊ တစုံတယောက်အပေါ် အပစ်တင်စရာ ဆိရင်၊ သူလို့ဟို ခွင့်လွှတ်မန့်၊ အေးလို့မှသာ ခေါန်းခင်ဘုံနှိုက် ဆိသော နင်လို့ အဖဟ နင်လို့ရဲ့ အပစ်များဟို ဖြေလွှတ်ပေးလိမ့်မယ်။”
MAR 11:26 
MAR 11:27 သူလို့ဟ ယေရုရှလင်မြို့ဟို တခါရောက်ဆိလာကြပင်း၊ ယေရှုဟ ဗိမာန်တော်တွင် လမ်းဆှောက်နေစဉ်၊ ယဇ်ပုရောဟိတ်ကြီးများ၊ ကျမ်းတတ်ဆရာများနဲ့ အသက်ကြီးသူများဟ ကိုယ်တော်ဆေဟို လာကြအယ်။
MAR 11:28 သူလို့ဟ “ဟေအရာလို့ဟို နင် ပစာအခွင့်နဲ့ လုပ်ဆောင်နေလုန်း၊ ဟေလိုလုပ်ဖို့ စသူဟ နင့်ဟို အခွင့်အာဏာဟို ပေးထားလုန်း” ဟု မေးလေအယ်။
MAR 11:29 ယေရှုဟ “ငါ နင်ဟို မေးခွန်းတခု မေးမယ်။ ငါ့ဟို ဖြေမန့်၊ ဟေအရာများဟို ငါလုပ်ပိုင်ခွင့် အာဏာအားဖြင့် ငါပြောမယ်။
MAR 11:30 ယောဟန်ရဲ့ နှစ်ခြင်းအခွင့်အာဏာဟ ခေါန်းခင်မှ ဖြစ်သလော၊ အဲဟာမဟုတ်ရင် လူလို့ဆေမှ ဖြစ်သလော။ ငါ့ဟို ဖြေလော့” ဟု ပြန်ပြောလေအယ်။
MAR 11:31 သူလို့ဟ အချင်းချင်း ဆွေးနွေးပြောဆိုတာဟ “‘ခေါန်းခင်မှ ဖြစ်အယ်’ လို့ ငါလို့ဟ ပြောရင်၊ သူဟ ‘အဲဆိုနင်ဟ သူ့ဟို ပစာကျောန့် မယုံတာလုန်း’ ဟု မေးလိမ့်မယ်။
MAR 11:32 အဲလိုလဲ လူလို့ရဲ့ အခွင့်အာဏာအရဟု ငါလို့ဆိုမလော” ဟု အချင်းချင်း ဆွေးနွေးကြအယ်။ လူအပေါင်းလို့ဟ ယောဟန်ဟို ပရောဖက်ဖြစ်အယ်ဟု အမန်မှတ်ယူသောကျောန့်၊ သူလို့ဟ လူများဟို ကြောက်ရွံ့ခဲ့ကြအယ်။
MAR 11:33 အဲကျောန့် ယေရှုဟို “ငါလို့ သိဝူး” ဟု သူလို့ ပြန်ဖြေလေအယ်။ ယေရှုဟ “ဟေအရာလို့ဟို ငါလုပ်တာဟို ပစာအခွင့်အာဏာနဲ့ ငါလုပ်ကျောန်း နင်လို့ဟို ငါမပြော” ဟု ဆိုလေအယ်။
MAR 12:1 အဲအခါ ယေရှုဟ သူလို့အား ပုံဥပမာများဖြင့် မိန့်အယ် “တခါဟ စပျစ်ဥယျာဉ် စိုက်ပျိုးသော လူတယောက်ဟ ခြံစည်းရိုးခတ်လျက်၊ စပျစ်သီးနယ်ရာတွင်းဟိုလည်း တူးယွေ့ မျှော်စင်ဟို ဆောက်လုပ်အယ်။ အဲပင်းရင်သူဟ စပျစ်ဥယျာဉ်ဟို ခြံသမားလို့အား ငမ်းယွေ့ နေအိုင်မှထွက်ယွေ့ ခရီးသွားအယ်။
MAR 12:2 စပျစ်သီးများ စုသိမ်းချိန် ရောက်လာသောအခါ၊ သူဟ ရိတ်သိမ်းထားတဲ့ ဝေစုရဆိရန် အစေခံလို့အား ခြံငမ်းသမားများဆေသို့ စေလွှတ်လေအယ်။
MAR 12:3 ခြံငမ်းသမားလို့ဟ အေးအစေခံဟို ဖမ်းဆီးကာ၊ သူ့ဟို ရိုက်နှက်ယွေ့ အေးတိုင်းတိုင်း ပြန်လွှတ်လိုက်ကြအယ်။
MAR 12:4 အေးနောက် ပိုင်ဆှင်ဟ အခြားအစေခံတယောက်ဟို စေလွှတ်အယ်၊ ခြံငမ်းသမားလို့ဟ အေးသူရဲ့ ဦးခေါင်းဟို ရိုက်နှက်ယွေ့ သူ့ဟို အဆှက်ခွဲလိုက်ကြအယ်။
MAR 12:5 ပိုင်ဆှင်ဟ အခြား ကျွန်တယောက်ဟို စေလွှတ်ယွေ့၊ သူလို့ဟ သူ့ဟို သတ်ကြအယ်၊ အားပင်း သူလို့ဟ အခြားသောသူများဟို အေးနည်းအတိုင်း ဆက်ဆံကြပင်း၊ အချို့လို့ဟို ရိုက်နှက်ယွေ့၊ အချို့သူများလို့ဟို သတ်ကြအယ်။
MAR 12:6 အေးလူရဲ့ ချစ်လှစွာသော သားဟိုစေလွှတ်ရန် တဦးတည်းသာ ကျန်တော့အယ်။ နောက်ဆုံးအနေနဲ့ပင်းတော့ သူ့သားဟို ခြံငမ်းသမားတွေဆေဟို သူလွှတ်ခဲ့အယ်၊ သူဟ ‘သူလို့ဟ ငါ့သားဟို လေးစားလိမ့်မယ်’ ဟု ပြောအယ်။
MAR 12:7 အဲလိုလဲ အေးခြံငမ်းသမားများဟ အချင်းချင်းပြောဆိုပင်း ‘ဒါဟ ပိုင်ဆှင်ရဲ့ သားရီး။ လာကြ၊ သူ့ဟို သတ်ကြရစို့၊ အားပင်း သူ့ဥစ္စာဟို ငါလို့ ပိုင်လိမ့်မယ်’ ဟု ပြောအယ်၊
MAR 12:8 အေးကျောန့် သူလို့ဟ သူ့ဟိုဖမ်းယွေ့ သတ်ပင်းရင် သူ့အလောင်းအား စပျစ်ဥယျာဉ်အပြင်ဟို လောပစ်ကြအယ်။
MAR 12:9 “ဒါဆို စပျစ်ဥယျာဉ်ပိုင်ဆှင်ဟ ပစာလို ပြုလိမ့်မလုန်း” ဟု ယေရှုအား မေးအယ်။ “သူဟ လာယွေ့ ခြံငမ်းသမားများဟို သတ်ပင်း စပျစ်ဥယျာဉ်ဟို အခြားသူများသို့ လွဲပေးလိမ့်မယ်။
MAR 12:10 နင်လို့ ဟေကျမ်းစာဟို သေချာဖတ်ပီးပီလော၊ “ ‘တည်ဆောက်သော သူများဟ တန်ဖိုးမဆိဟု ငြင်းပယ်ခဲ့သော ကျောက်ဟ အားလုံးထဲမှာ အရေးကြီးဆုံး ထောင့်ချုပ်ကျောက် ဖြစ်အယ်။
MAR 12:11 ဟေအမှုဟို ထာဝရဘုရားပြုခဲ့အယ်၊ အေးဒါဟ မျက်မှောက်နှိုက် အံ့ဩဖွယ်ကောင်းအယ်။’”
MAR 12:12 ယဇ်ပုရောဟိတ်ကြီးများ၊ ကျမ်းတတ်ဆရာများနဲ့ လူကြီးများဟ ယေရှုဟို ဖမ်းဆီးရန် ကြိုးစားခဲ့အယ်၊ ပစာကို့ ကိုယ်တော်ဟ သူလို့ဟို ရည်ညွှန်းယွေ့ ဟေပုံဥပမာဟို ပြောကျောန်းဟို သိကြအယ်။ အဲလိုလဲ သူလို့ဟ လူအုပ်ကြီးဟို ကြောက်သောကျောန့် ကိုယ်တော်ဟို ထားခဲ့ပင်း ထွက်သွားကြအယ်။
MAR 12:13 ဖာရိရှဲအချို့နဲ့ ဟေရုဒ်ပါတီဝင်အချို့လို့ဟ မေးခွန်းများနဲ့ ထောင်ချောက်ဆင်ရန် ယေရှုဆေဟို စေလွှတ်ကြအယ်။
MAR 12:14 သူလို့ဟ ကိုယ်တော်ဆေဟို လာယွေ့ “ဆရာ၊ လူတွေ ပစာထင်တဲ့အကျောန်းဟို စိတ်မပူပဲ၊ ကိုယ်တော်ဟ အမန်ပြောတာဟို ငါလို့သိအယ်၊ ကိုယ်တော်ဟ တဦးတယောက်ရဲ့ အခြေအနေဟို ကရုမစိုက်သော်လည်း၊ လူများအတွက် ဘုရားသခင်ရဲ့ အလိုတော်အကျောန်း အမန်အတိုင်း သွန်သင်ပါအယ်။ ငါလို့အား ပြောပါ၊ ရောမအစိုးရအား အခွန်ပေးဆောင်ခြင်းဟ ငါလို့ရဲ့ ဥပဒေနဲ့ ဆန့်ကျင်ပါသလော၊ ငါလို့ဟ သူလို့ဟို အခွန်ဆောင်သင့်သလော အဲဟာမဟုတ်ရင် မဆက်သင့်သလော” ဟု မေးကြအယ်။
MAR 12:15 အဲလိုလဲ ယေရှုဟ သူလို့ရဲ့ လှည့်စားပုံဟို မျော်ယွေ့ “နင်လို့ဟ ငါ့ဟို ပစာကျောန့် ဖမ်းရန် ကြိုးစားကြလုန်း၊ ငွေဒင်္ဂါးတပြားဟို ယူလာပင်း ငါကျေ့ရအောန်” ဟု ဖြေလေအယ်။
MAR 12:16 သူလို့ဟ တပြားဟို ယူခဲ့ယွေ့၊ ကိုယ်တော်ဟ “ဒါတွေဟ စသူ့မျက်နှာနဲ့ နာမယ်ဖြစ်လုန်း” ဟု မေးလေအယ်။ သူလို့ဟ “ဧကရာဇ်မင်းရဲ့ပုံနဲ့ နာမယ်” ဟု ဖြေအယ်။
MAR 12:17 အေးကျောန့် ယေရှုဟ “ကောင်းပီ၊ အဲဆိုရင် ဧကရာဇ်ပိုင်လဲ့အရာဟို ဧကရာဇ်အား ဆက်ပင်း၊ ဘုရားသခင် ပိုင်လဲ့အရာဟို ဘုရားသခင်အား ဆက်ကြလော့” ဟု ပြောအယ်။ အားပင်း သူလို့ဟ ယေရှုဟို အံ့ဩကြအယ်။
MAR 12:18 အေးအခါ သေခြင်းမှ ထမြောက်ဆှင်ပြန်ခြင်းမဆိဟု ပြောသော ဇဒ္ဒုကဲအချို့လို့ဟ ယေရှုဆေသို့ လာယွေ့၊
MAR 12:19 “ဆရာ၊ မောရှေဟ ဟေပညတ်များဟို ငါလို့အတွက် ရေးသားခဲ့အယ်၊ ‘လူတယောက်ဟ သေဆုံးယွေ့ လူပဲ့မဆိဘဲ ပေါင်အိုမဟိုထားခဲ့ရင်၊ အေးသူရဲ့ ညီဖြစ်သူဟ မုဆိုးမဟို လက်ထပ်ရမယ်၊ အေးကျောန့် သူလို့ဟ သေသွားလဲ့သူရဲ့ လူပဲ့ငယ်လို့ သတ်မှတ်ခံရမယ့် လူပဲ့တွေဟို ရဆိနိန်လိမ့်မယ်။’
MAR 12:20 တချိန်ဟ ညီအကို ခုနေယောက် ဆိအယ်၊ အကိုအကြီးဆုံးဟ အိုင်ထောင်ကျပင်း လူပဲ့မဆိဘဲ သေသွားအယ်။
MAR 12:21 အေးနောက် ဒုတိယ တယောက်ဟ အေးမိန်းမနဲ့ လက်ထပ်ခဲ့ပင်း၊ သူဟလည်း လူပဲ့မရဆိဘဲ သေပြန်အယ်။ တတိယ ညီဟလည်း အေးဖြစ်ပျက်မှုအရာဟ အတူတူပဲ၊
MAR 12:22 ပင်းတော့ ကျန်ခဲ့သော ညီအကိုခုနေယောက်စလုံးဟ အေးမိန်းမနဲ့ လက်ထပ်ပင်း လူပဲ့မရဆိဘဲ သေကြအယ်။ နောက်ဆုံးနှိုက် အေးမိန်းမလည်း သေအယ်။
MAR 12:23 ညီအကို ခုနေယောက်စလုံးပင် သူမနဲ့ စုံဖက်ခဲ့ကြအယ် ဖြစ်ယွေ့ ဆှင်ပြန်ထမြောက်ရာနေ့နှိုက် အေးမိန်းမဟ စသူရဲ့ပေါင်အိုမ ဖြစ်မလုန်း” ဟု မေးကြအယ်။
MAR 12:24 ယေရှုဟ “နင်လို့ဟ ကျမ်းစာဟို အဲဟာမဟုတ်ရင် ဘုရားသခင်ရဲ့ တန်ခိုးတော်ဟို မသိသောကျောန့် ဖြစ်အယ်။ နင်လို့ဟ ပစာမားယွင်းလျက် နေကြအယ်။
MAR 12:25 အကျောန်းမှာ သေလွန်သောသူလို့ဟ ထမြောက်သောအခါ၊ ခေါန်းခင်ဘုံနှိုက် ဆိသော ခေါန်းခင်တမန်များလို ဖြစ်လိမ့်မယ်၊ ပင်းရင် ထိမ်းမြားကြလိမ့်မယ်မဟုတ်။
MAR 12:26 အခု၊ သေလွန်သူလို့ဟ ထမြောက်ခြင်း ခံရသလို၊ မောရှေရဲ့ ကျမ်းနှိုက် မီးရှို့သော ချုံနဲ့ပတ်သက်သော ကျမ်းပိုဒ်ဟို နင်လို့ မဖတ်ဖူးကြဝူးလော။ ဘုရားသခင်ဟ ‘ငါဟ အာဗြဟံရဲ့ ဘုရား၊ ဣဇက်ရဲ့ ဘုရား၊ ယာကုပ်ရဲ့ ဘုရားဖြစ်အယ်’ ဟု မောရှေအား ပြောအယ်။
MAR 12:27 သူဟ သေလွန်သူလို့ရဲ့ ဘုရားမဟုတ်၊ အဲလိုလဲ အသက်ဆှင်သောသူလို့ရဲ့ ဘုရား ဖြစ်အယ်။ နင်လို့ဟ ရမ်းဆာ့ အယူလွဲကြပီ” ဟု ပြောလေအယ်။
MAR 12:28 ကျမ်းတတ်ဆရာတယောက်ဟ ရောက်လာပင်း သူလို့ ဆွေးနွေးနေတာဟို ကြားလိုက်ရအယ်။ ယေရှုဟ သူလို့ဟို အဖြေကောင်းကောင်းပေးခဲ့တာဟို သတိပြုမိပင်း၊ သူဟ ကိုယ်တော်အား “ပညတ်ဆိသမျှလို့တွင် အရေးကြီးဆုံးဖြစ်လဲ့ ပညတ်ဖြစ်အယ်” ဟု မေးလေအယ်။
MAR 12:29 ယေရှုဟ “အရေးကြီးဆုံးအရာမှာ၊ ‘နားထောင်လော့၊ အိုဣသရေလအမျိုး။ ငါလို့ရဲ့ ဘုရားသခင် ထာဝရဘုရားဟ တဆူတည်းသော ဘုရားဖြစ်အယ်။
MAR 12:30 နင်လို့ရဲ့ ဘုရားသခင် ထာဝရဘုရားဟို စိတ်နေလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်တခုလုံး၊ ဉာဏ်စွမ်းဆိသမျှ၊ အစွမ်းသတ္တိဆိသမျှနဲ့ ချစ်လော့။’
MAR 12:31 ‘အိုင်နားနီးချင်းဟို ကိုယ်နဲ့အမျှ ချစ်ရမယ်’ ဟူသော ပညတ်ဟ ဒုတိယအကြီးမြတ်ဆုံး ပညတ်ဖြစ်အယ်။ ဟေပညတ်နေပါးထက် ပိုအရေးကြီးသောပညတ် မဆိ” ဟု ဖြေကြားလေအယ်။
MAR 12:32 ကျမ်းတတ်ဆရာဟ “ဆရာ၊ နင်ရဲ့ ပြောကြားချက်ဟ သင့်မြတ်အယ်” ဟု ပြန်ပြောလေအယ်။ “ဘုရားသခင်ဟ တဆူတည်းသာဖြစ်ယွေ့ ဘုရားသခင်မှတပါး အခြားမဆိဟု နင်ပြောခြင်းဟ မန်အယ်။
MAR 12:33 ဘုရားသခင်အား စိတ်နေလုံး အကြွင်းမဲ့၊ ဉာဏ်စွမ်းဆိသမျှ၊ အစွမ်းသတ္တိဆိသမျှဖြင့် ချစ်လော့၊ အဲပင်းရင် နင့်အိုင်နားနီးချင်းဟို ကိုယ်နဲ့ အမျှချစ်ရမယ် ဟူသော ပညတ်နေပါးဟို လိုက်နာခြင်းဟ ဘုရားသခင်အား ပူဇော်လဲ့ မီးရှို့ရာယဇ်နဲ့ ယဇ်များအားလုံးထက် ပိုအရေးကြီးအယ်။”
MAR 12:34 သူဟ ပညာဆိစွာ ဖြေတာဟို ယေရှု မျော်လျှင်၊ ကိုယ်တော်ဟ “နင်ဟ ဘုရားသခင်ရဲ့ နိုင်ငံတော်နဲ့ မဝေးတော့ဝူး” ဟု ပြောလေအယ်။ အဲအချိန်မှစယွေ့ စသူမျှ ကိုယ်တော်ဟို မေးခွန်းများ မမေးရဲတော့ချေ။
MAR 12:35 ယေရှုဟ ဗိမာန်တော်နှိုက် သွန်သင်ပေးနေစဉ်၊ သူဟ မေးခွန်းမေးလေတာဟ “မေဆှိယဟ ဒါဝိဒ်ရဲ့ သားမြေးဖြစ်လိမ့်မယ်ဟု ကျမ်းတတ်ဆရာလို့ဟ စလိုပြောနိန်လုန်း။
MAR 12:36 သန့်ဆှင်းသော ဝိညာဉ်တော်ဟ ဒါဝိဒ်အား ပြောရန် လှုံဆော်ပေးခဲ့အယ်၊ “ ‘ထာဝရဘုရားဟ ငါရဲ့ သခင်ဟို ပြောအယ် နင်ရဲ့ ရန်သူလို့ဟို နင်ရဲ့ခြေအောက်နှိုက် ငါ မချထားမှီတိုင်အောန် ငါရဲ့ လက်ယာဖက်နှိုက် ထိန်နေလော့’ ဟု ဆိုလေအယ်။
MAR 12:37 ဒါဝိဒ် တတ်တိုင်းဟ သူ့ဟို ‘သခင်’ ဟု ခေါ်အယ်။ အဲဆို သူဟ ပစာလိုလုပ် သူ့သားဖြစ်တာလဲ” ဟု မေးကြအယ်။ လူအုပ်ကြီးဟ ယေရှုရဲ့ စကားတော်ဟို အားရရွှင်လန်းစွာ နားထောင်ကြအယ်။
MAR 12:38 သူလို့ဟို သင်ပေးလဲ့အတိုင်းပါဘဲ၊ ကိုယ်တော်ဟ “ကျမ်းတတ်ဆရာလို့ဟို သတိထားကြလော့။ သူလို့ဟ ဝတ်လုံရှည်များဟို ဝတ်ယွေ့ ပတ်ဝန်းကျင်နှိုက် လမ်းဆှောက်ခြင်းနဲ့ ဆေးနှိုက် ရိုသေလေးစားစွာ နှုတ်ဆက်ခြင်းဟို နှစ်သက်ကြအယ်၊
MAR 12:39 တရားဇရပ်များရဲ့ သီးသန့်ထိန်ခုံများနဲ့ ပွဲသဘင်များတွင် အကောင်းဆုံးသော နေရာများဟို နှစ်သက်ကြသူ ဖြစ်အယ်။
MAR 12:40 သူလို့ဟ မုဆိုးမများဟို အခွင့်ကောင်းယူယွေ့ သူလို့ရဲ့ နေအိုင်များဟို လုယူကြအယ်၊ အဲပင်းရင် ဟန်ပြယွေ့ ရှည်လျားသော ဆုတောင်းစကားဟို ပြောတတ်ကြအယ်။ သူလို့ဟ ပိုယွေ့ ကြီးလေးသော အပစ်စီရင်ခြင်းဟို ခံရကြလိမ့်မယ်” ဟု ပြောဆိုအယ်။
MAR 12:41 ယေရှုဟ ဗိမာန်တော် အလှူခံသေတ္တာဟို ထားရာအရပ်ရဲ့ ဆန့်ကျင်ဘက်နှိုက် ထိန်လျက် လူအုပ်ကြီးဟ သူလို့ရဲ့ ပိတ်ဆန်များဟို အလှူခံသေတ္တာထဲသို့ ထည့်နေတာဟို ကျေ့နေအယ်။ ရမ်းဆာ့သော သူဌေးသူကြွယ်လို့ဟ ပိတ်ဆန်အမြောက်အများဟို လောချခဲ့ကြအယ်။
MAR 12:42 အဲလိုလဲ ဆင်းရဲသော မုဆိုးမတယောက်ဟ လာယွေ့ ကတစ်သာ တန်ဖိုးဆိလဲ့၊ ကတစ်ခန့်သော ကြေးနီဒင်္ဂါးနေပြားအား အလှူခံသေတ္တာထဲဟို ထည့်အယ်။
MAR 12:43 ကိုယ်တော်ဟ သူရဲ့ တဘဲ့တော်လို့ဟို အတူတူခေါ်ပင်းရင်၊ “နင်လို့အား အမန်အကန် ငါဆိုတာဟ ဟေဆင်းရဲသော မုဆိုးမဟ အလှူခံသေတ္တာထဲဟို ထည့်ဝင်သောသူအပေါင်းလို့ထက် ပိုယွေ့ ထည့်လေပီဟု သူလို့အား ပြောလေအယ်။
MAR 12:44 အကျောန်းမှာ သူလို့အားလုံး သူလို့ရဲ့ ကြွယ်ဝသော စည်းစိမ်ဥစ္စာထဲမှ ထည့်ကြအယ်၊ အဲလိုလဲ သူမဟ ဆင်းရဲလျက် သူမနှိုက် ဆိသမျှသောအရာအားလုံး၊ သူရဲ့ အသက်မွေးစရာအားလုံးဟို ပေးခဲ့အယ်” ဟု ပြောလေအယ်။
MAR 13:1 ဗိမာန်တော်မှ ယေရှုလဲ့ထွက်သွားစဉ် ကိုယ်တော့်ရဲ့ တဘဲ့တော်တဦးဟ “ဆရာ၊ ကျေ့ပါ၊ ကျောက်တုံးများနဲ့ အံ့ဩဖွယ်ကောင်းသော အဆောက်အဦးလေ ဟုတ်မောင့်လဲ့” ဟု ဆှောက်ထားအယ်။
MAR 13:2 “ဟေကြီးမားလဲ့ အဆောက်အုံကြီးတွေ အားလုံးဟို နင်မျော်လား” ဟု ယေရှု ပြန်ပြောအယ်။ “ဟေနေရာနှိုက် အခြား ကျောက်တုံးတတုံးမှ မကျန်ရစ်ရ၊ အသီးသီး လှဲချခြင်းဟို ခံရလိမ့်မယ်။”
MAR 13:3 ယေရှုဟ ဗိမာန်တော်ဖက်နဲ့ မျက်နှာချင်းဆိုင်ဆိ သံလွင်တောင်ပေါ်တွင် ထိန်စဉ်၊ ပေတရု၊ ယာကုပ်၊ ယောဟန်နဲ့ အိန္ဒြေလို့ဟ ကိုယ်တော်ဟို သီးသန့်မေးခဲ့အယ်၊
MAR 13:4 “ဟေအရာများ ပစာအခါတွင် ဖြစ်ပျက်လိမ့်မလဲ၊ ပင်းတော့ သူလို့အားလုံး ပြေ့စုံတော့မယ့် ပစာနိမိတ်များ ဘာလဲ၊ အကျွန်ုပ်လို့အား ပြောပါ၊”
MAR 13:5 ယေရှုဟ သူလို့အား “သတိထားပါ၊ စသူမှ နင်လို့ဟို မလှည့်စားပါစေနဲ့။
MAR 13:6 ရမ်းဆာ့သော လူလို့ဟ ငါရဲ့ နာမနဲ့ လာကြလိမ့်မယ်၊ ‘ငါဟ သူဖြစ်အယ်’ ကြွေးကြော်ယွေ့၊ ရမ်းဆာ့သော လူလို့ဟို လှည့်စားကြလိမ့်မယ်။
MAR 13:7 နင်လို့ဟ စစ်ပွဲများနဲ့ စစ်ပွဲများရဲ့ ကောလဟာလများဟို သင်ကြားရသောအခါ၊ မထိတ်လန့်ပါနဲ့။ အေးလိုမျိုးအရာများဟ ဖြစ်ပျက်လာရမယ်၊ အဲလိုလဲ အဆုံးသတ်ဖို့ လာရန် လိုသေးအယ်။
MAR 13:8 လူမျိုးတမျိုးနဲ့ တမျိုး၊ တနိုင်ငံနဲ့ တနိုင်ငံ ရန်ဖက်ပြုကြလိမ့်မယ်။ နေရာအနှံ့အပြားတွင် မြေငလျင်လှုပ်ယွေ့ အစာငတ်မွတ် ခေါင်းပါးမှုများ ဖြစ်လိမ့်မယ်။ အဲဒါတွေဟ သားဖွားခြင်း ဝေဒနာရဲ့အစ ဖြစ်အယ်။
MAR 13:9 “နင်လို့တတ်တိုင်းဟလည်း သတိထားရမယ်။ နင့်ဟို ဖမ်းပင်း တရားရုံးသို့ ခေါ်သွားကြလိမ့်မယ်။ တရားဇရပ်များနှိုက် နင်အရိုက်ခံရလိမ့်မယ်၊ နင်လို့ဟာ ငါ့အတွက်ကျောန့် အာဏာပိုင်များနဲ့ ဆှင်ဘုရင်များရဲ့ ဆေ့နှိုက်ရပ်ယွေ့ သတင်းကောင်းဟို ပြောရကြလိမ့်မယ်။
MAR 13:10 အဲလိုလဲ အဆုံးချိန်မရောက်ခင်၊ သတင်းကောင်းဟို လူမျိုးအပေါင်းလို့အား ဟောပြောရကြမယ်။
MAR 13:11 အားပင်း နင်အား ဖမ်းဆီးယွေ့ တရားရုံးသို့ ခေါ်သွားသောအခါ၊ ပစာပြောဆိုရမယ်အကျောန်းဟို ကြိုတင်ယွေ့ မစိုးရိမ်ကြနဲ့၊ အချိန်ရောက်လာသောအခါ၊ နင့်ဟို ပေးထားတဲ့ ပစာအရာဟိုမဆို ပြောကြလော့၊ နင်လို့ ပြောလဲ့စကားများဟ နင်လို့ဆေမှ မဟုတ်ဘဲ၊ သူလို့ဟ သန့်ဆှင်းသော ဝိညာဉ်တော် ဆေမှလာသော စကားများ ဖြစ်လိမ့်မယ်။
MAR 13:12 လူတွေဟ သေစေရန် သူလို့ရဲ့ ညီအကိုလို့ဟို လက်သို့ အပ်ကြလိမ့်မယ်၊ ပင်းတော့ အဖဟလည်း လူပဲ့ငယ်များအား သေစေရန် အေးနည်းအတိုင်း ပြုကြလိမ့်မယ်။ လူပဲ့လို့ဟလည်း မိဘများဟို ဆန့်ကျင်ယွေ့ သူလို့ဟို သေစေရန် ပြုကြလိမ့်မယ်။
MAR 13:13 ငါအတွက်ကျောန့် လူတိုင်း နင်လို့ဟို မုန်းလိမ့်မယ်။ အဲလိုလဲ အဆုံးတိုင်အောန် တည်ကြည်သောစသူမဆို ကယ်တင်ခြင်းဟို ခံရလိမ့်မယ်။
MAR 13:14 “ ‘ကြောက်လန့်စက်ဆုပ်ဖို့ကောင်းလဲ့အရာ’ ဟ မဆိအပ်လဲ့အရပ်တွင် ဆိနေတာဟို နင်လို့ မျော်ရကြလိမ့်မယ်။” (စာဖတ်သူရဲ့ မှတ်ချက်ဟ၊ အေးအရာဟ ပစာကိုဆိုလိုတာ သေချာနားလည်ပါစေ) “အေးအခါ ယုဒပြေနှိုက် ဆိသော သူလို့ဟ တောင်များပေါ်ဟို ပြေးကြရမယ်။
MAR 13:15 အိုင်မိုးပေါ်တွင် ဆိသောသူ တစုံတယောက်ဟ တခုခုယူရန် အောက်ဟို ဆင်းခြင်းအားဖြင့် အချိန် မဆုံးရှုံးစေနဲ့၊ နေအိုင်ထဲသို့ ဝင်ပင်းရင် ပစာအရာဟိုမျှ မယူစေနဲ့။
MAR 13:16 လယ်ထဲတွင် ဆိသော တစုံတယောက်ဟလည်း ဝတ်လုံဟို ယူရန် နေအိုင်ဟို မပြန်စေနဲ့။
MAR 13:17 လူပဲ့စွဲသော မိန်းမနဲ့ လူပဲ့သငယ်ဆိသော မိခင်လို့အတွက် အေးနေ့ရက် စလောက် ဒုက္ခရောက်လိမ့်မလဲ။
MAR 13:18 ဆောင်းရာသီနှိုက် အဲအရာများ မဖြစ်ပျက်စေရန် ဘုရားသခင်ဆေ ဆုတောင်းမန့်။
MAR 13:19 အကျောန်းမှာ အဲကာလရဲ့ ဒုက္ခဟ ကမ္ဘာဦးအစမှ ဘုရားသခင် ဖန်ဆင်းသော အချိန်မှစယွေ့ ခုနေ့ မျက်မှောက်ခေတ်အထိ မသိခဲ့သမျှထက် ပိုဆိုးလိမ့်မယ်။ နောက်လည်း ဒီလိုမျိုး ပစာခါမှ ဖြစ်လာမှာ ဟုတ်ဝူး။
MAR 13:20 ထာဝရဘုရား မဆိရင် အဲနေ့ရက်များဟို စသူမျှ လျှော့ချနိန်မယ် မဟုတ်ချေ။ အဲလိုလဲ သူရဲ့ ရွေးချယ်ထားသော လူများအကျိုးအတွက် အဲနေ့ရက်များဟို လျှော့ချခဲ့အယ်။
MAR 13:21 “အေးကာလတွင် လူတစုံတယောက်ဟ နင်လို့အား ပြောဆိုရင် ‘ကျေ့မန့်၊ ဟေအရပ်တွင် မေဆှိယဆိအယ်’ အဲဟာမဟုတ်ရင် ‘ကျေ့မန့်၊ အေးအရပ်တွင် မေဆှိယဆိအယ်’ ဟု — မယုံကြည်ကြနဲ့။
MAR 13:22 အကျောန်းမှာ မေဆှိယ အတုအယောင်များနဲ့ ပရောဖက် အတုအယောင်များ ပေါ်လာလိမ့်မယ်။ သူလို့ဟ ဖြစ်နိန်ပါက ဘုရားသခင် ရွေးချယ်ထားသူများဟိုပင် လှည့်ဖြားနိန်ရန် အံ့ဩဖွယ်အမှုများနဲ့ နိမိတ်လက္ခဏာများဟို ပြကြလိမ့်မယ်။
MAR 13:23 နင်လို့ဟ သတိပြုကြလော့။ ဟေအမှုအရာအလုံးစုံလို့ မဖြစ်ပေါ်ခင် နင်လို့အား ငါကြိုတင် ပြောပီးပီ။
MAR 13:24 “ဆင်းရဲဒုက္ခများကျရောက်သော နေ့ရက်များတွင် နေဟာ မိုက်လာလိမ့်မယ်၊ လဟ မတောက်ပတော့ပါ၊
MAR 13:25 ကြယ်များဟ ခေါန်းခင်မှ ကြွေကျလိမ့်မယ်၊ ခေါန်းခင် နက္ခတ်များဟလည်း လမ်းကြောင်းပြောင်းလိမ့်မယ်။
MAR 13:26 အဲအခါ လူသားဟ ကြီးစွာသော တန်ခိုးတော်နဲ့ ဘုန်းအသရေလို့ဖြင့် မိုးချေးသားများထဲမှ ကြွလာလိမ့်မယ်။
MAR 13:27 လူသားဟ မြေကြီးစွန်းမှ ခေါန်းခင်စွန်းတိုင်အောန် ဘုရားသခင် ရွေးချယ်ထားသော လူများဟို စုသိမ်းရန် အရပ်လေးမျက်နှာသို့ ခေါန်းခင်တမန်များဟို စေလွှတ်မယ်။
MAR 13:28 “သင်္ဘောသဖန်းပင်မှ ပုံသက်သေတခုဟို သင်ယူကြလော့။ အဲအပင်ရဲ့ အကိုင်းများဟ စိမ်းလန်းပင်း နူးညံ့လာခါ အရွက်များ စတင်ထွက်လာလဲ့အခါ နွေရာသီနီးတာဟို နင်လို့ သိကြအယ်။
MAR 13:29 အေးတိုင်းတိုင်း ဖော်ပြခဲ့သော အမှုအရာများ ဖြစ်ပျက်လျက်ဆိတာဟို မျော်ရသောအခါ လူသားဟ နင်လို့ အနီး၊ ထင်ခါးဝဟိုပင် ရောက်ဆိနေပီဟု နားလည်ကြလော့။
MAR 13:30 အမန်အကန် ငါပြောတာဟ ဟေအမှုအရာအလုံးစုံလို့ မဖြစ်ပျက်ခင် အခုခေတ်လူလို့ သေလွန်ရကြလိမ့်မယ် မဟုတ်။
MAR 13:31 ခေါန်းခင်နဲ့ မြေကြီး ကွယ်ပျောက်သွားလိမ့်မယ်၊ အဲလိုလဲ ငါ့စကားဟ ပစာခါမျှ ပျောက်ကွယ်သွားမယ် မဟုတ်ပေ။
MAR 13:32 “အဲလိုလဲ နေ့ရက် အဲဟာမဟုတ်ရင် နာရီရဲ့ အကျောန်းဟို ခမည်းတော်မှတပါး စသူမှ မသိ။ ခေါန်းခင်ဘုံဆိ ခေါန်းခင်တမန်များ မသိ၊ သားတော်လည်း မသိ။
MAR 13:33 အဲနေ့ရက်ကာလဟ ပစာအခါကျရောက်မယ်ဟို နင်လို့ မသိကြသဖြင့် သတိနဲ့ စောင့်နေကြလော့။ နိုးနိုးကြားကြား ဆိကြလော့။
MAR 13:34 လူတယောက်ဟ နေအိုင်ဟနေ ခရီးထွက်ပင်း သူ့ရဲ့ အစေခံများ လက်ဟို အပ်ထားခဲ့လဲ့ သူနဲ့ တူအယ်၊ သူလို့အား ကိုယ့်အငန်းကိုယ်လုပ်ကိုင်ရန် လုပ်ငန်းတာဝန်များဟို ပေးအပ်ခဲ့ယွေ့၊ ထင်ခါးမှူးအား သတိနဲ့စောင့်နေရန် မှာထားခဲ့အယ်။
MAR 13:35 အဲကျောန့် အိုင်ဆှင်ဟ ညခင်းအချိန်နှိုက် ဖြစ်စေ၊ သန်းခေါင်အချိန် ဖြစ်စေ၊ ကြက်တွန်သောအခါ ဖြစ်စေ၊ မိုးသောက်ယံဖြစ်စေ အိုင်ဆှင်ဟ ပစာခါလဲ့ပြန်လာမယ်ဟို စသူမှ မသိသောကျောန့် သတိပြုကြလော့။
MAR 13:36 သူဟ ပြုန်းခနဲ ပြန်လာရင်၊ နင်လို့ အိပ်မွေ့နေတာဟို တွေ့လိမ့်မယ်။
MAR 13:37 သတိနဲ့ စောင့်နေကြလော့ဟု နင်လို့ဟို ငါဆိုလဲ့အတိုင်း လူခပ်သိမ်းလို့အား ငါဆိုအယ်” ဟု ပြောလေအယ်။
MAR 14:1 ပသခါပွဲနဲ့ တဆေးမဲ့မုန့်ပွဲတော် ကျရောက်ရန် နေရက်လောက် လိုတော့အယ်။ ယဇ်ပုရောဟိတ်မင်းများနဲ့ ကျမ်းတတ်ဆရာများဟ ယေရှုဟို တိတ်တဆိတ် ဖမ်းဆီးယွေ့ သတ်ရန် နည်းလမ်းများဟို ဆှာဖွေလျက်နေကြအယ်။
MAR 14:2 သူလို့ဟ “ပွဲတော်အတွင်းနှိုက် လူလို့ ရုန်းရင်းဆန်ခတ် မဖြစ်စေရန် သူ့ဟို မဖမ်းဆီးကြနဲ့” ဟု ဆိုကြအယ်။
MAR 14:3 ယေရှုဟ ဗေသနိရွာတွင် အနူရောဂါ စွဲကပ်ဖူးသူ ရှိမုန်ရဲ့ နေအိုင်တွင် ဆိအယ်။ ယေရှု အစားအစာ သုံးဆောင်နေစဉ်၊ အမျိုးသမီးတယောက်ဟ ရမ်းဆာ့ အဖိုးတန်သော နာဒုဆီမွှေးနဲ့ ပြုလုပ်သော ကျောက်ဖြူအိုး အပြေ့တလုံးနဲ့အတူ ဝင်လာအယ်။ သူမဟ အိုးဟိုခွဲပင်း ယေရှုရဲ့ ခေါင်းပေါ်နှိုက် ဆီမွှေးဟို သွန်းလောင်းလေအယ်။
MAR 14:4 အဲမှာဆိနေတဲ့ လူအချို့လို့ဟ အူထော့လာယွေ့ တယောက်နဲ့တယောက် ပြောကြအယ် “ပစာကျောန့် ဆီမွှေးဟို အလကားကား ဖြုန်းတီးလုန်း၊
MAR 14:5 ဟေဆီမွှေးဟို ငွေဒင်္ဂါးအပြား ၃၀၀ ကျော်နဲ့ ရောင်းယွေ့ ပိတ်ဆန်ဟို ဆင်းရဲသူများအား ပေးကမ်းနိန်အယ်” အားပင်း သူလို့ဟ သူမဟို ပြင်းပြင်းထန်ထန် ဝေဖန်ကြအယ်။
MAR 14:6 အဲလိုလဲ ယေရှုဟ “အေးအမျိုးသမီးဟို ဆိပါစေ၊ ပစာကျောန့် သူမဟို နှောင့်ယှက်ကြလုန်း၊ သူမဟ ငါ့အတွက် ကောင်းမွန်ပင်း လှပတဲ့အရာတခုဟို ပြုလုပ်ခဲ့အယ်။
MAR 14:7 ဆင်းရဲသူများဟာ နင်လို့နဲ့ အမြဲဆိနေကြသဖြင့် နင်အလိုဆိလဲ့အချိန်တိုင်း၊ နင်လို့ဟ သူလို့ဟို အမြဲကူညီနိန်အယ်။ အဲလိုလဲ ငါဟတော့ နင်လို့နဲ့ အမြဲဆိနေတာ မဟုတ်။
MAR 14:8 ဟေအမျိုးသမီးဟ သူတတ်နိန်သလောက် ပြုခဲ့ပီ၊ သူမဟ သင်္ဂြိုဟ်ခြင်းအတွက် ကြိုတင်ပြင်ဆင်ရန် ငါရဲ့ ခန္ဓာကိုယ်ဟို ဆီမွှေးနဲ့ သွန်းလောင်းလေပီ။
MAR 14:9 အခု၊ နင်လို့ဟို ငါ အမန်အကန် ပြောတာဟ ကမ္ဘာအရပ်ရပ်တွင် ဧဝံဂေလိတရားဟို ဟောပြောတဲ့ နေရာတိုင်းနှိုက်၊ ဟေအမျိုးသမီးဟို သူပြုခဲ့သောအမှုဟိုလည်း အမှတ်တရအဖြစ် ပြောကြားကြလိမ့်မယ်” ဟု ပြောအယ်။
MAR 14:10 အေးနောက် တဆယ့်နေပါးသော တဘဲ့တော်လို့ထဲမှ တပါးဖြစ်သော ယုဒရှကာရုတ်ဟ၊ ယဇ်ပုရောဟိတ်ကြီးများ လက်သို့ ယေရှုဟို သစ္စာဖောက်ရန် သူလို့ဆေသို့သွားအယ်။
MAR 14:11 သူပြောတဲ့ စကားဟို ကြားရတော့ သူလို့ဟ ဝမ်းသာကြယွေ့၊ သူ့အား ငွေပေးမယ်လို့ ကတိပြုကြအယ်။ အေးလို့မို့ ယုဒဟ ယေရှုဟို သူ့လို့ လက်ထဲဟိုအပ်ရန် အခွင့်ကောင်းဟို စတင် ဆှာလျက်နေအယ်။
MAR 14:12 တဆေးမဲ့မုန့်ပွဲတော်ရဲ့ ပထမနေ့တည်းဟူသော၊ ပသခါပွဲတော်အတွက် သိုးသငယ်ဟို ယဇ်ပူဇော်ရသော ထုံးစံဆိအယ်၊ ယေရှုရဲ့ တဘဲ့တော်များဟ ကိုယ်တော်အား “ကိုယ်တော်အတွက် အကျွန်ုပ်လို့ဟ ပစာအရပ်နှိုက် သွားပင်း ပသခါပွဲအတွက် စားဖို့ရန် ပြင်ဆင်မှုတွေ လုပ်စေချင်လဲ” ဟု မေးကြအယ်။
MAR 14:13 အေးလို့မို့ ယေရှုဟ တဘဲ့တော် နေယောက်ဟို စေလွှတ်ယွေ့၊ သူလို့ဟို ပြောစေအယ် “မြို့ထဲဟို သွားကြ၊ အားပင်း ယေအိုး သယ်လာသူဟ နင်ဟို တွေ့လိမ့်မယ်။ သူရဲ့ နောက်လိုက်ကြ။
MAR 14:14 သူဝင်သွားသော နေအိုင်မှ အိုင်ဆှင်အား ပြောပါ၊ ‘ဆရာဟ ငါ့တဘဲ့တော်များနဲ့အတူ ပသခါပွဲဟို စားဖို့၊ ဧည့်ခန်းဟ ပစာနားမှာရီး၊’
MAR 14:15 သူဟ အပေါ်ထပ်အခန်းဆိ အသင့်ပြင်ဆင်ခင်းကျင်းထားသော အခန်းကြီးဟို နင်လို့အား ပြလိမ့်မယ်။ အေးနေရာနှိုက် ငါလို့အတွက် ပြင်ဆင်မှု ပြုကြလော့” ဟု မိန့်အယ်။
MAR 14:16 တဘဲ့တော်လို့ဟ ထွက်သွားပင်းရင်၊ မြို့ထဲဟိုသွားယွေ့ ယေရှုဟ သူလို့အား ပြောလိုက်တဲ့အတိုင်း အရာများဟို တွေ့ဆိခဲ့အယ်။ အေးကျောန့် သူလို့ဟ ပသခါပွဲတော်ဟို ပြင်ဆင်ကြအယ်။
MAR 14:17 ညခင်းအချိန်ရောက်လာသောအခါ၊ ယေရှုဟ တဆယ့်နေပါးသော တဘဲ့တော်လို့နဲ့အတူ ရောက်လာအယ်။
MAR 14:18 သူလို့ဟ စားပွဲနားမှာလျောင်းလျက် စားနေစဉ်တွင်၊ ယေရှုဟ “အမန်အကန် နင်ဟို ငါပြောတာဟ၊ ငါနဲ့အတူ စားနေသော သင်လို့ထဲမှ သူတယောက်ဟ ငါ့ဟို သစ္စာဖောက်လိမ့်မယ်” ဟု ပြောအယ်။
MAR 14:19 တဘဲ့တော်လို့ဟ စိတ်မချမ်းမသာဖြစ်ကြလျက် “သေချာတာဟ နင်ဟ ငါဟို ဆိုလိုလော” ဟု တယောက်ပင်းတယောက် သူလို့ဟ ကိုယ်တော်အား မေးကြအယ်။
MAR 14:20 ယေရှုဟ “တဆယ့်နေပါးသော သူလို့ထဲမှ တယောက်ဖြစ်ပင်း၊ ငါနဲ့အတူ တပကန်ထဲတွင် မုန့်ဟို နှိုက်သောသူ ဖြစ်အယ်။
MAR 14:21 ကျမ်းစာလာလဲ့အတိုင်း လူသားဟ အသေခံလိမ့်မယ်၊ အဲလိုလဲ လူသားအား သစ္စာဖောက်သောသူဟ စလောက်ကြောက်စရာ ကောင်းလိမ့်မလဲ၊ သူဟ ဘယ်တော့မှ မမွေးဖွားခဲ့ရင် အေးလူအတွက်ပိုပင်း ကောင်းလိမ့်မယ်” ဟု ဖြေအယ်။
MAR 14:22 သူလို့ဟ စားနေကြစဉ်၊ ယေရှုဟ မုန့်ဟိုယူယွေ့၊ ကျေးဇူးတင်ကျောန်း ဆုတောင်းကာ၊ မုန့်ဟိုဖဲ့ယွေ့ တဘဲ့တော်လို့အား ပေးအယ်။ ကိုယ်တော်ဟ “ယူကြလော့၊ ဟေမုန့်ဟ ငါရဲ့ ခန္ဓာကိုယ် ဖြစ်အယ်” ဟု မိန့်အယ်။
MAR 14:23 အေးနောက် ခွက်ဟို ယူယွေ့၊ ဘုရားသခင်ဟို ကျေးဇူးတင်ယွေ့၊ သူလို့ရဲ့ လက်ထဲသို့ အေးခွက်ဟို ပေးရင်၊ သူလို့အားလုံးဟ အေးခွက်ဟို သောက်ကြအယ်။
MAR 14:24 ယေရှုဟ “အေးဒါဟ အများအတွက်သွန်းသော ငါ့ရဲ့ အသွေး ဖြစ်အယ်၊ ဘုရားသခင်ရဲ့ ပဋိညာဉ်တော်ဟို တံဆိပ်ခတ်နှိပ်သော ငါရဲ့ အသွေး ဖြစ်အယ်။
MAR 14:25 အမန်အကန် နင်ဟို ငါပြောတာဟ၊ ဘုရားသခင်ရဲ့ နိုင်ငံတော်နှိုက် အသစ်ပြန်သောက်မဲ့ နေ့မတိုင်ခင် ငါဟ ဟေစပျစ်မှဖြစ်သော အရည်ဟို နောက်တခါ မသောက်တော့ဝူး” ဟု မိန့်အယ်။
MAR 14:26 အဲပင်းရင် သူလို့ဟ ဓမ္မသီချင်းဆိုပင်းရင် သံလွင်တောင်ဟို ထွက်သွားကြအယ်။
MAR 14:27 ယေရှုဟ သူလို့အား “နင်လို့အားလုံးဟ ထွက်ပြေးပင်း ငါ့ဟို ထားသွားလိမ့်မယ်၊ ကျမ်းစာပြောထားလဲ့အတိုင်း၊ ‘ဘုရားသခင်ဟ သိုးထိန်းဟို သတ်ပင်း သိုးများအားလုံး ကျဲပြေးကုန် ကြလိမ့်မယ်။’
MAR 14:28 အဲလိုလဲ ငါဟ ထမြောက်ပင်းနောက်၊ ဂါလိလဲပြေဟို နင်လို့ဆေ့အူးရင် ငါသွားနှင့်မယ်” ဟု ပြောအယ်။
MAR 14:29 ပေတရုဟ “အားလုံး စွန့်ပစ်ကြသော်လည်း ငါမစွန့်ပစ်ပါ” ဟု ကြွေးကြော်အယ်။
MAR 14:30 ယေရှုဟ ပေတရုအား “အမန်အကန် နင်ဟို ငါပြောတာဟ၊ ဟေနေ့ညတွင်ပင် ကြက် နေခါမတွန်ခင်၊ နင်ဟ သုံးကြိမ်တိတိ ငါ့ဟို မသိဟု ငြင်းဆိုလိမ့်မယ်” ဟု ပြောအယ်။
MAR 14:31 ပေတရုဟ ပိုပင်း ပြင်းပြင်းထန်ထန် ဖြေပင်း၊ “ငါ ကိုယ်တော်နဲ့အတူတူပင် သေရင်တောင်၊ ငါ ပစာခါမှ ပြောမှာ ဟုတ်ဝူး” ဟု ပြောအယ်။ အားပင်း အခြားသော တဘဲ့တော်လို့ဟလည်း အေးတိုင်းတိုင်းလိုက် ပြောကြအယ်။
MAR 14:32 သူလို့ဟ ဂေသရှေမန်ဟု ခေါ်သော အရပ်သို့ရောက်ကြပင်း၊ ယေရှုဟ သူရဲ့ တဘဲ့တော်များအား၊ “ငါဆုတောင်းနေစဉ် ဟေနေရာတွင် ထိန်နေကြလော့” ဟု ပြောအယ်။
MAR 14:33 ပေတရု၊ ယာကုပ်နဲ့ ယောဟန်လို့ဟို မိမိနဲ့အတူ ခေါ်သွားလေအယ်။ စိတ်ဆင်းရဲမှုနဲ့ ပူပန်မှုလို့ဟ ကိုယ်တော်ဆေဟို ရောက်လာသဖြင့်၊
MAR 14:34 အားပင်း ကိုယ်တော်ဟ သူလို့အား “ငါဟာ စိတ်နေလုံးနှိုက် ဝမ်းနည်းခြင်းဟ ရမ်းဆာ့ကြီးပင်း ငါဟ သေလုနီးပီ။ ဟေအရပ်တွင် သတိနဲ့ စောင့်နေကြလော့” ဟု မိန့်အယ်။
MAR 14:35 ကိုယ်တော်ဟ ဆေ့သို့ နည်းနည်းသွားပင်းရင်၊ မိမိကိုယ်ဟို မြေပေါ်တွင် လှဲချပင်း၊ ဖြစ်နိန်ရင် သူခံရသော ဒုက္ခကာလဟို လွှဲဖယ်ပေးပါမယ့်အကျောန်း ဆုတောင်းလေအယ်။
MAR 14:36 ကိုယ်တော် ဆုတောင်းတာဟ “အဖ၊” “ငါ့ အဖ၊ ကိုယ်တော်အတွက် အရာခပ်သိမ်းဟ တတ်နိန်ပါအယ်။ ဟေဒုက္ခဝေဒနာခွက်ဟို ငါ့ဆေမှ လွှဲဖယ်ပေးပါ။ အဲလိုလဲ ငါရဲ့ အလိုအတိုင်း မဟုတ်ဘဲ၊ ကိုယ်တော်ရဲ့ အလိုအတိုင်း ဖြစ်စေမူမန့်” ဟု ဆှောက်အယ်။
MAR 14:37 အဲပင်းရင် ကိုယ်တော်ဟ တဘဲ့တော်သုံးဦးလို့ ဆေဟို ပြန်လာရာ သူလို့ဟ အိပ်မွေ့လျက်နေကြတာဟို မျော်အယ်။ ကိုယ်တော်ဟ “ရှိမုန်၊ နင်ဟ အိပ်မွေ့နေသလော။ မအိပ်ဘဲ တနာရီလောက် စောင့်ယွေ့ မနေနိန်ဝူးလော” ဟု ပေတရုအား ပြောလေအယ်။
MAR 14:38 အဲပင်းရင် ကိုယ်တော်ဟ “နင်လို့ဟ စုံစမ်းနှောင့်ယှက်ခြင်းသို့ မကျရောက်စေရန် ဆုတောင်းလျက် စောင့်နေကြလော့။ စိတ်ဆန္ဒဆိအယ်၊ အဲလိုလဲ ကိုယ်ခန္ဓာဟ အားနည်းအယ်” ဟု သူလို့အား ပြောလေအယ်။
MAR 14:39 ကိုယ်တော်ဟ နောက်တကြိမ် ထွက်သွားယွေ့ တူညီသောစကားများဟို ပြောကာ ဆုတောင်းခဲ့အယ်။
MAR 14:40 အဲပင်းရင် ကိုယ်တော်ဟ တဘဲ့တော်လို့ထံသို့ ပြန်လာယွေ့ သူလို့ဟ မျက်စေ့လေးလံသဖြင့် တဖန် အိပ်မွေ့နေကြတာဟို မျော်လေအယ်။ သူလို့ဟ ကိုယ်တော်အား ပစာလို ပြောရမယ်ဟို မသိကြ။
MAR 14:41 ကိုယ်တော်ဟ သူလို့ဆေသို့ တတိယအကြိမ် ပြန်လာယွေ့ “နင်လို့ဟာ အခုထိတိုင် အိပ်မွေ့လျက်၊ နားလျက် နေကြသလော၊ တော်လောက်ပီ။ အချိန်ရောက်လာပီ။ ကျေ့မန့်၊ လူသားဟို ဆိုးသွမ်းသောသူများ လက်သို့အပ်နှံခြင်း ခံရမယ်။
MAR 14:42 လာကြ။ ငါလို့ သွားကြကုန်အံ့။ ငါ့အား ရန်သူ့လက်ဟို အပ်မဲ့သူ ရောက်လာပီ” ဟု ပြောလေအယ်။
MAR 14:43 အေးလို့မျိုး ယေရှုပြောနေချိန်တွင် တဆယ့်နေပါးအဝင်ဖြစ်သော ယုဒ ရောက်ဆိလာအယ်။ သူနဲ့အတူ တုတ်၊ ထားကိုင်သူ လူအမြောက်အများပါအယ်။ အေးသူလို့ဟ ယဇ်ပုရောဟိတ်ကြီးများ၊ ကျမ်းတတ်ဆရာများနဲ့ အသက်ကြီးသူများဟ စေလွှတ်ယွေ့ ရောက်ဆိလာကြခြင်းဖြစ်အယ်။
MAR 14:44 ကိုယ်တော်အား သစ္စာဖောက်မဲ့သူဟ “ငါ နမ်းသောသူဟ နင်လို့ အလိုဆိသောသူ ဖြစ်အယ်၊ သူ့ဟို ဖမ်းဆီးယွေ့ အစောင့်နဲ့ ခေါ်သွားကြလော့” ဟု သူလို့အား အမှတ်ပေးခဲ့အယ်။
MAR 14:45 ယုဒဟ ရောက်လာတာနဲ့ ခုတုံးပင် ယေရှုဆေဟို ချဉ်းကပ်ယွေ့၊ “ဆရာ” ဟု ဆိုယွေ့ ကိုယ်တော်ဟို နမ်းလေအယ်။
MAR 14:46 အဲကျောန့် သူလို့ဟ ယေရှုဟို ဖမ်းဆီးယွေ့ တင်းကျပ်စွာ တုတ်ချေထားကြအယ်။
MAR 14:47 အဲအခါ အနီးတွင် ရပ်နေသူတဦးဟ ထားဟို ဆွဲထုတ်ပင်း ယဇ်ပုရောဟိတ်မင်းရဲ့ ကျွန်ဟို ခုတ်သဖြင့် အဲသူနားရွက် ပြတ်လေအယ်။
MAR 14:48 ယေရှုဟ “နင်လို့ဟ ထားပြဟို ဖမ်းဆီးသလိုမျိုး ငါ့ဟို ဖမ်းဆီးရန် တုတ်နဲ့ ထားများဟို စွဲယွေ့ လာကြသလော။
MAR 14:49 ငါဟ ဗိမာန်တော်နှိုက် နင်လို့နဲ့အတူ နေ့စဉ်နေ့တိုင်း ဆုံးမဩဝါဒ ပေးခဲ့အယ်၊ နင်လို့ဟ ငါ့ဟို ဖမ်းခဲ့ဝူး။ အဲလိုလဲ ကျမ်းစာလာလဲ့အတိုင်း အမန်ဖြစ်ရမယ်” ဟု သူလို့အား ပြောလေအယ်။
MAR 14:50 အဲအခါ တဘဲ့တော်အပေါင်းလို့ဟ ကိုယ်တော်ဟို စွန့်ယွေ့ ထွက်ပြေးကြအယ်။
MAR 14:51 စောင်ငယ်တထည်ဟိုသာ လွှားထားလဲ့ လူပဲ့ငယ်တယောက်ဟ ယေရှုရဲ့ နောက်တော်ဟ လိုက်လာအယ်။ သူလို့ဟ ကိုယ်တော်ဟို ဖမ်းဆီးမယ် လုပ်ကြသောအခါ၊
MAR 14:52 သူဟ စောင်ဟို လောပလိုက်ယွေ့ ကိုယ်ချဲချဲ ထွက်ပြေးလေအယ်။
MAR 14:53 အဲသူလို့ဟ ယေရှုဟို ယဇ်ပုရောဟိတ်မင်းရဲ့ အိုင်တော်သို့ ခေါ်ဆောင်သွားကြအယ်၊ ယဇ်ပုရောဟိတ်အကြီးများ၊ အသက်ကြီးသူများနဲ့ ကျမ်းတတ်ဆရာများဟ အေးအိုင်တော်တွင် စုရုံးလျက်ဆိနေကြအယ်။
MAR 14:54 ပေတရုဟ ခပ်လှမ်းလှမ်းကနေယွေ့ ယဇ်ပုရောဟိတ်မင်းရဲ့ အိုင်တော်ဝင်းထဲအထိ ကိုယ်တော်ရဲ့နောက်ဟ လိုက်လာခဲ့အယ်။ သူဟ အစောင့်တွေနဲ့ ထိန်ပင်း မီးလှုံလျက်နေအယ်။
MAR 14:55 ယဇ်ပုရောဟိတ်ကြီးများနဲ့ ယုဒတရားလွှတ်တော် အဖွဲ့ဝင်အပေါင်းလို့ဟ ယေရှုအား သေဒဏ်ပေးနိန်ရန် သက်သေဟို ဆာကြအယ်၊ အဲလိုလဲ သူလို့ဟ မတွေ့ကြ။
MAR 14:56 လူအများလို့ဟ ကိုယ်တော်ဟို မားယွင်းစွာ သက်သေခံကြအယ်၊ အဲလိုလဲ သူလို့ရဲ့ ထွက်ဆိုချက်များ ကိုက်ညီမှု မဆိ။
MAR 14:57 အဲအခါ လူအချို့လို့ဟ ထယွေ့ မားယွင်းသော သက်သေခံချက်ဟို ကိုယ်တော်အား ပေးကြအယ်၊
MAR 14:58 သူလို့ဟ “လူ့လက်ဖြင့် တည်ဆောက်သော ဟေဗိမာန်ဟို ငါ ဖျက်ယွေ့ သုံးရက်အတွင်း လူ့လက်ဖြင့် မတည်ဆောက်လဲ့ ဗိမာန်တော်ဟို ငါတည်ဆောက်မယ်” ဟု သူပြောဆိုတာဟို ကြားအယ်။
MAR 14:59 အဲလိုလဲ သူလို့ရဲ့ သက်သေခံချက်များဟလည်း ကိုက်ညီမှု မဆိ။
MAR 14:60 ယဇ်ပုရောဟိတ်မင်းဟ အဲသူလို့ အဆေ့မှာ ထယွေ့ ယေရှုဟို၊ “အေးသူလို့ နင့်အား စွပ်စွဲပြောဆိုနေကြတာဟို နင်ဟ ပစာလိုမျှ ပြန်မဖြေဘဲနေသလော” ဟု မေးလေအယ်။
MAR 14:61 အဲလိုလဲ ယေရှုဟ စကားတခွန်းမှ မပြောဘဲ၊ တိတ်ဆိတ်နေခဲ့အယ်။ တခါ ယဇ်ပုရောဟိတ်မင်းဟ “နင်ဟ မေဆှိယ၊ ကောင်းချီးပေးသော ဘုရားသခင်ရဲ့ သားတော်လော” ဟု မေးလေအယ်။
MAR 14:62 ယေရှုဟ “မန်အယ်။ လူသားဟ အနန္တတန်ခိုးဆှင်ရဲ့ လက်ယာဘက်တွင် ထိန်နေပင်း မိုးချေးသားလို့နဲ့အတူ ကြွလာတာဟို နင်လို့အားလုံး မျော်ရကြလိမ့်မယ်” ဟု ပြောလေအယ်။
MAR 14:63 ယဇ်ပုရောဟိတ်မင်းဟ မိမိရဲ့ အဝတ်ဟို ဆုတ်ယွေ့၊ “ငါလို့ ပစာကျောန့် သက်သေတွေ ထပ်လိုအုံးတော့မလဲ။
MAR 14:64 ဘုရားသခင်အား ဟေသူစော်ကားပြောဆိုသော စကားဟို နင်လို့ ကြားရကြပီ။ နင်လို့ စလို စီရင်ချက်ချမှတ်ကြမလုန်း” ဟု ဆိုအယ်။ အေးသူလို့အားလုံးဟ သူ့ဟို ပစ်မှုထင်ဆှားယွေ့ သေဒဏ်ပေးထိုက်အယ်ဟု စီရင်ချမှတ်ကြအယ်။
MAR 14:65 အချို့သောသူလို့ဟ ကိုယ်တော်ဟို ဆံထွေးနဲ့ ထွေးပင်း၊ မျက်နှာတော်ဟို ဖုံးပင်းလျှင် ဖိုင်ကြအယ်။ သူလို့ဟ “နင့်အား စသူရိုက်လဲဆိုတာဟို ပရောဖက်ပြုယွေ့ ဟောကျေ့ပါ” ဟု ဆိုကြအယ်။ အစောင့်လို့ဟ ကိုယ်တော်ဟို ဖမ်းယွေ့ လက်နဲ့ပါးဟို ပုတ်ကြအယ်။
MAR 14:66 ပေတရုဟ ကျောင်းတော်ဝင်းအတွင်းနှိုက် ဆိနေစဉ် ယဇ်ပုရောဟိတ်မင်းရဲ့ အစေခံ မိနီငယ်တယောက်ဟ ရောက်ဆိလာအယ်။
MAR 14:67 ပေတရု မီးလှုံနေတာဟို မျော်သောအခါ၊ မိနီငယ်ဟ သူ့ဟို စေ့စေ့ကျေ့ယွေ့၊ “နင်ဟလည်း နာဇရက်မြို့သား ယေရှုနဲ့အတူ ဆိခဲ့ကြအယ်” ဟု ဆိုလေအယ်။
MAR 14:68 အဲလိုလဲ ပေတရုဟ ငြင်းဆိုခဲ့အယ်။ “နင်ပြောနေတာဟို ငါမသိဝူး အဲဟာမဟုတ်ရင် နားမလည်ဝူး” ဟုဆိုကာ ဝင်ပေါက်ဟို ထွက်သွားအယ်။ အဲအချိန်နှိုက် ကြက်တွန်လာအယ်။
MAR 14:69 အစေခံ မိနီငယ်ဟ ပေတရုဟို တခါမျော်သောအခါ၊ အနားတွင် ရပ်နေသူလို့ဟို ထပ်ပြောပြန်အယ်၊ “ဟေသူဟာ သူလို့ထဲဟ တယောက်ဖြစ်အယ်” ဟု ဆိုအယ်။
MAR 14:70 ပေတရုဟလည်း မဟုတ်ကျောန်း ငြင်းဆိုပြန်အယ်။ ခဏအကြာတွင်၊ အနီးနှိုက် ရပ်နေသောသူလို့ဟ “နင်ဟ ဂါလိလဲလူဖြစ်သောကျောန့် အမန်ပင် အေးသူလို့ထဲဟ တယောက်ဖြစ်အယ်” ဟု ပေတရုအား ပြောကြအယ်။
MAR 14:71 အဲပင်းရင် ပေတရုဟ “ငါဟတော့ အမန်တိုင်း ကျိန်ဆိုယွေ့ ပြောအယ်။ ငါဟ မမန်ဝူးဆိုရင် ဘုရားသခင်ဟ ငါ့ဟို အပစ်ပေးမန့်စေ၊ နင်လို့ပြောသော သူရဲ့အကျောန်းဟို ငါမသိ” ဟု ပြောအယ်။
MAR 14:72 အေးခဏတွင် ဒုတိယအကြိမ် ကြက်တွန်လေအယ်၊ အဲအခါ ပေတရုဟ “ကြက် နေကြိမ်မတွန်ခင် နင်ဟ ငါ့ဟို မသိဟူယွေ့ သုံးကြိမ်မြောက်အောန် ငြင်းဆိုလိမ့်မယ်” ဟု ယေရှု ပြောခဲ့လဲ့စကားဟို ပြန်လည်သတိရသဖြင့် ချုံးပွဲချယွေ့ ငိုကြွေးလေအယ်။
MAR 15:1 နက်စာအစောတွင် ယဇ်ပုရောဟိတ်ကြီးလို့နဲ့ အကြီးအကဲများ၊ ကျမ်းတတ်ဆရာများနဲ့ လွှတ်တော်အဖွဲ့ဝင်အပေါင်းလို့ဟ သူလို့ရဲ့ အစီစဉ်တွေဟို ပြုလုပ်ခဲ့အယ်။ သူလို့ဟ ယေရှုဟို သံကြိုးနဲ့ တုတ်ချေပင်း ခေါ်သွားကာ ပိလတ်မင်း လက်ဟို အပ်လိုက်ကြအယ်။
MAR 15:2 ပိလတ်မင်းဟ ကိုယ်တော်အား “နင်ဟ ယုဒဆှင်ဘုရင်လော” ဟု မေးအယ်။ ယေရှုဟ “နင်ပြောလဲ့အတိုင်း ဖြစ်အယ်” ဟု ဖြေအယ်။
MAR 15:3 ယဇ်ပုရောဟိတ်ကြီးလို့ဟ ယေရှုဟို အရာများစွာနဲ့ စွပ်စွဲကြအယ်၊
MAR 15:4 အေးကျောန့် ပိလတ်မင်းဟ ကိုယ်တော်ဟို ထပ်မေးအယ်၊ “နင်ဖြေမှာ မဟုတ်ဝူးလော၊ သူလို့ရဲ့ စွပ်စွဲချက်တွေ အားလုံးဟို နားထောင်မန့်။”
MAR 15:5 တဖန် ယေရှုဟ စကားတခွန်းဟိုမျှ မပြောဘဲနေသဖြင့် ပိလတ်မင်းဟ အံ့ဩလေအယ်။
MAR 15:6 ပိလတ်မင်းဟ ပသခါပွဲ ကျရောက်လေတိုင်း လူလို့တောင်းဆိုလဲ့ စလိုအကျဉ်းသမား တယောက်ဟို လွတ်ငြိမ်းချမ်းသာခွင့် ပေးလေ့ဆိအယ်။
MAR 15:7 အဲအချိန်တွင် ဗာရဗ္ဗနာမယ်ဆိသော အမျိုးသားတဦးဟ ပုန်ကန်ထကြွမှုနှိုက် လူသတ်မှုကျူးလွန်ခဲ့သော သူပုန်များနဲ့အတူ အကျဉ်းထောင်ထဲတွင် ဆိနေအယ်။
MAR 15:8 လူအုပ်လို့ဟ ရောက်လာကြပင်း သူလို့ လုပ်လေ့ဆိလဲ့အရာဟို သူလို့အတွက် လုပ်ပေးဖို့ ပိလတ်မင်းဟို တောင်းဆိုကြအယ်။
MAR 15:9 ပိလတ်မင်းဟ “နင်လို့ဟ ငါဟို ယုဒဆှင်ဘုရင်အား လွှတ်ပေးစေချင်ပါသလော” ဟု မေးအယ်၊
MAR 15:10 အေးလို့ မေးလဲ့အကျောန်းမှာ ယဇ်ပုရောဟိတ်ကြီးလို့ဟ ယေရှုအား မနာလိုသဖြင့် မိမိလက်သို့ကျောန်းဟို သူဟ ကောင်းစွာသိသောကျောန့် ဖြစ်အယ်။
MAR 15:11 အဲလိုလဲ ယဇ်ပုရောဟိတ်ကြီးလို့ဟ ပိလတ်မင်းအစား ဗာရဗ္ဗဟို လွှတ်ပေးရန် လူအုပ်ကြီးအား လှုံ့ဆော်ခဲ့ကြအယ်။
MAR 15:12 ပိလတ်မင်းဟ သူလို့ဟို “သို့ဖြစ်လျှင် ယုဒဆှင်ဘုရင်ဟု သင်လို့ခေါ်သောသူဟို ငါပစာ လုပ်ရမလုန်း” ဟု မေးအယ်။
MAR 15:13 သူလို့ဟ “သူ့ဟို လက်ဝါးကပ်တိုင်မှာ တင်ယွေ့သတ်ပါ” ဟု အော်ဟစ်ကြအယ်။
MAR 15:14 ပိလတ်မင်းဟ “ပစာကျောန့်လုန်း၊ သူဟ ပစာရာဇဝတ်မှုဟို ကျူးလွန်ခဲ့သလော” ဟု မေးအယ်။ အဲလိုလဲ သူလို့အားလုံးဟ “သူ့ဟို လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်ပါ” ဟု ကျယ်ကျယ်အော်ကကြအယ်။
MAR 15:15 လူအုပ်ဟို ကျေနပ်စေလိုသဖြင့်၊ ပိလတ်မင်းဟ သူလို့အား ဗာရဗ္ဗဟို လွှတ်ပေးလေအယ်။ သူဟ ယေရှုဟို ရိုက်နှက်စေယွေ့၊ လက်ဝါးကပ်တိုင်မှာ တင်ယွေ့သတ်ရန် လက်ဟို အပ်လိုက်အယ်။
MAR 15:16 ယေရှုဟို စစ်သားများဟ ဘုရင်ခံမင်းရဲ့ အိုင်တော်ဝင်းသို့ ခေါ်ဆောင်သွားယွေ့ တပ်ဖွဲ့တဖွဲ့လုံးဟို စုရုံးစေကြအယ်။
MAR 15:17 ကိုယ်တော်ဟို သူလို့ဟ ခရမ်းရောင်ဝတ်ရုံဟို ဝတ်ဆင်စေယွေ့ ဆူးခက်များဖြင့် သရဖူဟို ပြုလုပ်ပင်း၊ သူရဲ့ ခေါင်းပေါ်မှာ တင်ထားစေကြအယ်။
MAR 15:18 အေးနောက် “ယုဒဆှင်ဘုရင် သက်တော်ရှည်ပါစေသော” ဟု သူလို့ဟ ကိုယ်တော်ဟို စတင် နှုတ်ဆက်ကြအယ်။
MAR 15:19 သူလို့ဟ ကိုယ်တော်ဟို တုတ်နဲ့ ဦးခေါင်းဟို ရိုက်ကြအယ်၊ ကိုယ်တော်ဟို ဆံထွေးနဲ့ထွေးပင်း၊ သူလို့ဟ ဒူးထောက်ယွေ့ ကိုယ်တော်ဟို ရှိခိုးကြအယ်။
MAR 15:20 သူလို့ဟ ကိုယ်တော်ဟို လှောင်ပြောင်ကြပင်းသောအခါ၊ သူလို့ဟ ခရမ်းရောင်ဝတ်ရုံဟို ချွတ်ယွေ့ ကိုယ်တော်ရဲ့ အဝတ်တော်ဟို ပြန်ဝတ်ပေးကြအယ်။ အဲပင်းရင် သူလို့ဟ လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်ရန် ကိုယ်တော်ဟို အပြင်သို့ ခေါ်ထုတ်သွားကြအယ်။
MAR 15:21 အေးအချိန်တွင် အာလေဇန္ဒြုနဲ့ ရုဖုတို့ရဲ့ အဖ၊ ကုရေနေပြေသား ရှိမုန်ဟ ကျေးလက်တောရွာဖက်မှ လာယွေ့ လမ်းနှိုက်ဖြတ်သွားတာဟို သူလို့ဟ သူ့ဟို အတင်းကြပ်ခေါ်ယွေ့ ကိုယ်တော်ရဲ့ လက်ဝါးကပ်တိုင်ဟို ထမ်းစေကြအယ်။
MAR 15:22 သူလို့ဟ ယေရှုဟို ဂေါလဂေါသ ဟုခေါ်သော အရပ်ဟို ခေါ်ဆောင်သွားကြအယ် (အနက်အဓိပ္ပာယ်မှာ “ဦးခေါင်းခွံအရပ်” ဖြစ်အယ်။)
MAR 15:23 အေးနောက် သူလို့ဟ မုရန်နဲ့ ရောစပ်ထားသော စပျစ်ယေဟို ကိုယ်တော်အား တိုက်ကြအယ်၊ အဲလိုလဲ ကိုယ်တော်ဟ မသောက်ပေ။
MAR 15:24 အဲပင်းရင် သူလို့ဟာ ကိုယ်တော်ဟို လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်ကြအယ်။ ကိုယ်တော်ရဲ့ အဝတ်တော်များဟို ခွဲဝေယူကြအယ်၊ သူလို့ဟ ပစာရမလဲဆိုတာဟို ကျေ့ဖို့ စာရေးတံချကြအယ်။
MAR 15:25 ကိုယ်တော်ဟို လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်လဲ့အချိန်မှာ နက်စာပိုင်း ကိုးနာရီ ဖြစ်အယ်။
MAR 15:26 ကိုယ်တော်ရဲ့ ပစ်မှုဟို ကမ္ပည်းရေးထိုးယွေ့ လက်ဝါးကပ်တိုင်ထက်တွင် တင်ထားတာဟ “ယုဒဆှင်ဘုရင်” ဟု ဖြစ်အယ်။
MAR 15:27 သူလို့ဟ ကိုယ်တော်နဲ့အတူ ထားပြနေယောက်ဟို ညာဖက်တွင် တယောက် ဘယ်ဖက်တွင် တယောက် လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်ကြအယ်။
MAR 15:28 
MAR 15:29 ဖြတ်သွားလဲ့ လူတွေဟ သူလို့ ခေါင်းဟိုခါပင်း၊ “ဟဲ့ ဗိမာန်တော်ဟို ဖြိုဖျက်ယွေ့ သုံးရက်တွင် ပြန်လည်တည်ဆောက်မဲ့သူ၊
MAR 15:30 လက်ဝါးကပ်တိုင်ပေါ်မှ ဆင်းခဲ့မန့်၊ နင့်တတ်တိုင်း ကယ်တင်ပါလား” ဟု ယေရှုဟို ကဲ့ရဲ့စကားပြောဆိုကြအယ်။
MAR 15:31 အဲနည်းတူ ယဇ်ပုရောဟိတ်ကြီးများနဲ့ ကျမ်းတတ်ဆရာလို့ဟ ယေရှုဟို ကဲ့ရဲ့လှောင်ပြောင်ကြအယ်။ “ဟေသူဟ သူများဟို ကယ်တင်နိန်အယ်၊ အဲလိုလဲ သူ့တတ်တိုင်းတော့ မကယ်တင်နိန်ဝူးဟု သူလို့အချင်းချင်း ပြောကြအယ်။
MAR 15:32 မေဆှိယ၊ ဣသရေလဆှင်ဘုရင်၊ ငါလို့ မျော်ယွေ့ ယုံကြည်မည့်အကျောန်း လက်ဝါးကပ်တိုင်မှ အခု ဆင်းခဲ့ပါစေ” ဟု အချင်းချင်းပြောဆိုကြအယ်။ ယေရှုနဲ့အတူ လက်ဝါးကပ်တိုင်မှာ ရိုက်ထားသော နေယောက်လို့ဟလည်း သူ့ဟို ကဲ့ရဲ့ကြအယ်။
MAR 15:33 မွန်းတည့်ချိန်နှိုက် အမိုက်ဟ မွန်းလွဲသုံးနာရီတိုင်အောန် မြေတပြင်လုံးနှိုက် လွှမ်းလေအယ်။
MAR 15:34 မွန်းလွဲသုံးနာရီအချိန်တွင် ယေရှုဟ “ဧလိ၊ ဧလိ၊ လာမ ရှာဗခသာနိ” ဟု ကျယ်စွာ ကြွေးကြော်လေအယ်။ ဆိုလိုလဲ့အနက်ဟ “အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ ပစာကျောန့် အကျွန်ုပ်ဟို စွန့်ပစ်သလော” ဟု ဖြစ်အယ်။
MAR 15:35 အနီးနှိုက် ရပ်နေသောသူအချို့လို့ဟ အေးစကားဟို ကြားသောအခါ၊ သူလို့ဟ “နားထောင်လော့၊ သူဟ ဧလိယဟို ခေါ်နေအယ်” ဟု ဆိုကြအယ်။
MAR 15:36 လူတယောက်ဟ ပြေးယွေ့ ပင်လယ်ယေမြုပ်ဟို ပုံးယေနဲ့ ပြေ့စေပင်း၊ ကျူရိုးအဖျားတွင် တပ်ယွေ့ ယေရှုအား သောက်ရန် ကမ်းပေးခဲ့အယ်။ “အခု သူ့ဟို တယောက်တည်း ထားလိုက်မန့်။ ဧလိယဟ သူ့ဟို ယူခြင်းငှာ လာမယ် မလာမယ်ဟို ငါလို့ ကျေ့ကြစို့” ဟု ဆိုအယ်။
MAR 15:37 ယေရှုဟ ကျယ်လောင်စွာ ကြွေးကြော်သံဖြင့် အသက်ချုပ်လေအယ်။
MAR 15:38 ဗိမာန်တော်ဆိ ကန့်လန့်ကာဟ အထက်စွန်းမှ အောက်စွန်းတိုင်အောန် နေခြမ်းကွဲလေအယ်။
MAR 15:39 ယေရှုရဲ့ ဆေ့တွင် ရပ်နေသော တပ်မှူးဟ ကိုယ်တော် အသက်ချုပ်ပုံဟို မျော်သဖြင့် “ဟေသူဟ အမန်ပင် ဘုရားသခင်ရဲ့ သားတော် ဖြစ်အယ်” ဟု သူဟ ပြောလေအယ်။
MAR 15:40 အဝေးကနေ လှမ်းကျေ့နေလဲ့ အမျိုးသမီးအချို့ ဆိနေအယ်။ အေးသူလို့အထဲတွင် မာဂဒလမြို့သူ မာရိ၊ မောင်ငယ် ယာကုပ်နဲ့ ယောသပ်လို့ရဲ့ အမိဖြစ်သူ မာရိနဲ့ ရှာလုံလို့ ပါအယ်။
MAR 15:41 သူလို့ဟ ဂါလိလဲပြေနှိုက် ဆိစဉ်တွင် ယေရှု နောက်တော်သို့ လိုက်ယွေ့ လုပ်ကျွေးသမှု ပြုခဲ့ကြအယ်။ သူလို့အပြင် ကိုယ်တော်နဲ့ ယေရုရှလင်မြို့သို့ လိုက်လာသော အခြားအမျိုးသမီးများလည်း အဲနေရာတွင် ဆိနေကြအယ်။
MAR 15:42 အရိမဿဲမြို့သား ယောသပ် ရောက်လာသောအခါ ညနေစောင်းနေပီ။ သူဟ ဂုဏ်အသရေ ကြီးမြင့်သူ တရားလွှတ်တော်အဖွဲ့ဝင် ဖြစ်ပင်း၊ ဘုရားသခင်ရဲ့ နိုင်ငံတော်တည်မဲ့အချိန်ဟို စောင့်မျှော်နေသူဖြစ်အယ်။ အဖိတ်နေ့ (ဥပုသ်နေ့) ဖြစ်သောကျောန့် ယောသပ်ဟ ပိလတ်မင်းဆေသို့ ရဲရင့်စွာ သွားယွေ့ ယေရှုရဲ့ အလောင်းဟို တောင်းလေအယ်။
MAR 15:44 ယေရှု သေဆုံးသွားပီဆိုတာဟို ကြားသော် ပိလတ်မင်းဟ အံ့ဩသွားအယ်။ သူဟ တပ်မှူးဟို ခေါ်ပင်း ယေရှု သေဆုံးတာ ကြာပီလောဟု မေးလေအယ်။
MAR 15:45 သူဟ တပ်မှူးရဲ့ အစီရင်ခံချက်ဟို ကြားရပင်းနောက်၊ ပိလတ်မင်းဟ ယောသပ်အား အလောင်းဟို ယူခွင့်ပြုအယ်ဟု ပြောခဲ့အယ်။
MAR 15:46 ယောသပ်ဟ ပိတ်ချောဟို ဝယ်ယွေ့ အလောင်းဟို လက်ဝါးကပ်တိုင်မှ ချယွေ့ ပိတ်ချောဖြင့် ပတ်ကာ၊ ကျောက်ဆောင်ဟို ထွင်းထားလဲ့ လုတ်တိုင်းဂူနှိုက် ထားလေအယ်။ အဲပင်းရင် လုတ်တိုင်းဝတွင် ကျောက်တုံးကြီးဟို လှိမ့်ချလိုက်အယ်။
MAR 15:47 မာဂဒလမြို့သူ မာရိနဲ့ ယောသပ်ရဲ့ အမေ့ မာရိလို့ဟ ယေရှုရဲ့ အလောင်းဟို ပစာနေရာနှိုက် ထားကြတာဟို ကျေ့ကြအယ်။
MAR 16:1 ဥပုသ်နေ့ လွန်သွားသောအခါ၊ မာဂဒလမြို့သူ မာရိ၊ ယာကုပ်ရဲ့ အမေ မာရိနဲ့ ရှာလုံလို့ဟ ယေရှုရဲ့ အလောင်းဟို သွားယွေ့ လိမ်းရန် ဆီမွှေးများဟို ဝယ်ယူကြအယ်။
MAR 16:2 တနင်္ဂနွေနေ့ နက်စာအစော၊ နေထွက်ချိန်တွင်၊ သူလို့ဟ လုတ်တိုင်းသို့ သွားကြအယ်။
MAR 16:3 အားပင်း သူလို့ဟ “လုတ်တိုင်းဂူဝမှ ကျောက်တုံးဟို စသူ လှိမ့်ဖယ်ပေးမှာလုန်း” ဟု အချင်းချင်း ပြောဆိုကြအယ်။
MAR 16:4 အဲလိုလဲ သူလို့ မော်ကျေ့လိုက်သောအခါ၊ ရမ်းဆာ့ကြီးသော ကျောက်တုံးမှာ၊ လှိမ့်ထားနှင့်ပီး ဖြစ်တာဟို သူလို့ မျော်ကြအယ်။
MAR 16:5 သူလို့ဟ လုတ်တိုင်းဂူထဲသို့ ဝင်စဉ်၊ သူလို့ဟ အဖြူရောင် ဝတ်ရုံဟို ဝတ်ဆင်ထားသော လူငယ်တဦးဟ လက်ယာဖက်ဘက်နှိုက် ထိန်နေတာဟို မျော်ကြအယ်၊ အဲအခါ သူလို့ဟ ထိတ်လန့်ကြအယ်။
MAR 16:6 သူဟ “မထိတ်လန့်ကြနဲ့” ဟု ပြောအယ်။ နင်လို့ဟ လက်ဝါးကပ်တိုင်တွင် တင်ယွေ့ အသတ်ခံရသူ နာဇရက်မြို့သား ယေရှုဟို ဆာလျက်နေတာဟို ငါသိအယ်။ သူဟ ဟေမှာမဆိ၊ ကိုယ်တော်ဟ ထမြောက်ပီ။ ကိုယ်တော်ရဲ့ အလောင်းဟို ထားသောနေရာဟို ကျေ့ကြလော့။
MAR 16:7 အဲလိုလဲ သွားယွေ့၊ ပေတရုနဲ့ ကိုယ်တော်ရဲ့ တဘဲ့တော်များအား “ကိုယ်တော်ဟ ဂါလိလဲပြေသို့ နင်လို့ ဦးရင်သွားနှင့်ပီ။ ကိုယ်တော် ပြောတဲ့အတိုင်း၊ အေးမှာ နင်လို့ သူဟို မျော်ရလိမ့်မယ်” ဟု ပြောအယ်။
MAR 16:8 အမျိုးသမီးများဟ တုန်လှုပ်ခြင်းနဲ့ မိန်းမောတွေဝေလျက် လုတ်တိုင်းမှ ထွက်ပြေးကြအယ်။ သူလို့ဟ ကြောက်ရွံ့သောကျောန့် စသူကိုမှ စလိုအရာဟိုမျှ မပြောခဲ့ကြဘူး။ အဆုံးသတ်လဲ့ နည်းဟောင်းတမျိုး [
MAR 16:9 တနင်္ဂနွေနေ့ နက်စာအစောတွင် ယေရှုဟ သေခြင်းမှ ထမြောက်ပင်းနောက်၊ ကိုယ်တော်ဟ သူ့ဆေမှ နတ်ဆိုး ခုနစ်ဦးဟို မောင်းထုတ်ပေးခဲ့သော မာဂဒလမြို့သူ မာရိဆေ ဦးရင်ဆုံး ကိုယ်ထင်ပြအယ်။
MAR 16:10 သူမဟ သွားယွေ့ ကိုယ်တော်ရဲ့ အဖော်များဟို ပြောပြခဲ့အယ်၊ သူလို့ဟ ငိုက မြည်တမ်းကြအယ်၊
MAR 16:11 ယေရှု အသက်ဆှင်ယွေ့၊ ကိုယ်တော်အား မာရိ မျော်ခဲ့ရကျောန်း၊ သူလို့ ကြားသောအခါ မယုံကြ။
MAR 16:12 ဒီနောက် သူလို့ထဲမှ နေယောက်ဟ တောရွာဟို သွားကြစဉ် ယေရှုဟ ခြားနားသော ပုံစံဖြင့် သူလို့အား ကိုယ်ထင်ပြလေအယ်။
MAR 16:13 သူလို့ ပြန်လာပင်း အခြားသူတွေဟို ပြောပြအယ်၊ အဲလိုလဲ သူလို့ဟ မယုံကြ။
MAR 16:14 အဲပင်းရင် ယေရှုဟ တဆယ့်တပါးသော တဘဲ့တော်လို့အား စားသောက်နေစဉ် သူလို့ဟို ကိုယ်ထင်ပြလေအယ်။ သူလို့တွင် ယုံကြည်ခြင်းမဆိသောကျောန့် ကိုယ်တော်အား ဖူးမျော်ရသူလို့ရဲ့စကားဟို မယုံနိန်လောက်အောန် သူလို့ဟ ခေါင်းမာသောကျောန့်၊ ကိုယ်တော်ဟ သူလို့အား ပစ်တင်ဆုံးမလေအယ်။
MAR 16:15 ကိုယ်တော်ဟ “ကမ္ဘာတဝှမ်းလုံးသို့ သွားယွေ့ လူသတ္တဝါအပေါင်းလို့အား ဧဝံဂေလိတရားဟို ဟောကြလော့။
MAR 16:16 ယုံကြည်ယွေ့ နှစ်ခြင်းဟို ခံသောသူဟ ကယ်တင်ခြင်းဟို ရောက်လိမ့်မယ်၊ မယုံကြည်သောသူဟ အပစ်စီရင်ခြင်း ခံရလိမ့်မယ်။
MAR 16:17 ယုံကြည်သူလို့ဟ အံ့ဖွယ်အမှုများ ပြုလုပ်ရန် တန်ခိုးဟို ခံရမယ် ဖြစ်ပင်း၊ သူလို့ဟ ငါရဲ့ နာမဟို အမှီပြုယွေ့ နတ်ဆိုးများဟို မောင်းထုတ်ကြလိမ့်မယ်ဖြစ်ပင်း၊ ထူးခြားသော ဘာသာစကားများဟို ပြောဆိုကြလိမ့်မယ်၊
MAR 16:18 မြွေဆိုးများဟို ကိုင်ဖမ်းသော် အဲဟာမဟုတ်ရင် သေစေတတ်သော အဆိပ်ဟို သောက်ရင်လည်း သူလို့တွင် ဘေးအန္တရာယ်ဖြစ်စေမယ် မဟုတ်၊ မကျန်းမာသူများအပေါ်တွင် လက်ဟို တင်ယွေ့ အဲသူလို့ဟ ကျန်းမာလာကြလိမ့်မယ်” ဟု ပြောလေအယ်။
MAR 16:19 သခင် ယေရှုဟ သူလို့နဲ့ စကားပြောပင်းနောက်၊ ခေါန်းခင်ဘုံသို့ ဆောင်ယူခြင်းဟို ခံပင်း ဘုရားသခင်ရဲ့ လက်ယာတော်ဖက်တွင် ထိန်နေအယ်။
MAR 16:20 တဘဲ့တော်လို့ဟ အရပ်ရပ်သို့ သွားယွေ့ တရားဟောသဖြင့်၊ သခင်ဘုရားဟ သူလို့နဲ့အတူ လုပ်ဆောင်ပင်း အံ့ဖွယ်သောအမှုများဖြင့် သူလို့ရဲ့ ဟောပြောခြင်း မန်ကန်ကျောန်း သက်သေပြခဲ့အယ်။] အခြားသော နည်းဟောင်းအဆုံးသတ် [
MAR 16:21 အမျိုးသမီးများဟ ပေတရုနဲ့ သူရဲ့ သူငယ်ချင်းများဆေဟို သွားယွေ့ သူလို့ ပြောသမျှဟို အတိုချုပ် ပြောပြကြအယ်။
MAR 16:22 အဲပင်းရင်၊ ယေရှုတတ်တိုင်း ထာဝရကယ်တင်ခြင်းဆိုင်ရာ မြင့်မြတ်ပင်း ထာဝရ အသက်ဆှင်သော သတင်းစကားဟို အဆေ့ဖက်မှ အနောက်ဖက်ဆေဟို တဘဲ့တော်များမှ တဆင့် စေလွှတ်ခဲ့အယ်။]
LUK 1:1 ချစ်လှစွာသော သော်ဖိလု၊ လူများစွာဟ ငါလို့ကြားတွင် ဖြစ်ပျက်လာရမဲ့ အဖြစ်အပျက်များဟို မှတ်တမ်းတခုရေးရန် အစွမ်းကုန် ကြိုးစားခဲ့ကြအယ်။
LUK 1:2 အဲအကျောန်းအရာများဟို မျက်မြင်သက်သေများ ဖြစ်ယွေ့ ယေရှုအကျောန်းဟို ဟောပြောသူလို့ရဲ့ ဟောကြားချက်အရ ကျမ်းပြုပုဂ္ဂိုလ်လို့ဟ ရေးသားပြုစုခဲ့ကြအယ်။
LUK 1:3 အဲကျောန့် သော်ဖိလု၊ အဲအကျောန်းအရာအားလုံးဟို အစကတည်းဟ သေသေချာချာ လေ့လာပင်းပီ ဖြစ်လို့ နင့်အတွက် အစီစဉ် ညီညွတ်တာဟို ပြုစုရသော် ကောင်းမယ်ဟု ထင်မှတ်အယ်။
LUK 1:4 နင် ဟောသောအမှုအရာများနဲ့ ပတ်သက်ယွေ့ မန်ကန်သောအရာများဟို နင် သိရန် အကျောန်းအရာဟို ပြုစုရခြင်း ဖြစ်အယ်။
LUK 1:5 ယုဒပြေဘုရင် ဟေရုဒ်မင်း လက်ထပ်နှိုက် ဇာခရိ နာမယ်ဆိသော ယဇ်ပုရောဟိတ်တပါး ဆိအယ်၊ အေးလူဟ အဘိယ ယဇ်ပုရောဟိတ်အဖွဲ့ဝင် ဖြစ်အယ်။ အေးလူရဲ့ ပေါင်အိုမဟ ဧလိရှဗက် နာမယ်တွင်အယ်၊ ဧလိရှဗက်ဟလည်း အာရုန်အနွယ်ဝင် ဖြစ်အယ်။
LUK 1:6 အဲသူ နေဦးလုံးဟ ဘုရားသခင်ရဲ့ ဆေ့တွင် သူတော်ကောင်းများ ဖြစ်ကြအယ်။ သခင်ဘုရားရဲ့ ပညတ်တော်ဆိသမျှနဲ့ ညွှန်ကြားချက်များဟို တခုမကျန် နားထောင်ကြအယ်။
LUK 1:7 ဧလိရှဗက်ဟ မြုံနေသောကျောန့် သူလို့မှာ လူပဲ့သငယ် မဆိ၊ သူမနဲ့ ဇာခရိနေယောက်လုံး ရမ်းဆာ့အိုကြပီ။
LUK 1:8 တနေ့မှာ ဇာခရိဟ မိမိရဲ့ အဖွဲ့အလှည့်ကျသဖြင့် ဗိမာန်တော်နှိုက် ယဇ်ပုရောဟိတ် တာဝန်ဟို ဆောင်ရွက်နေအယ်။
LUK 1:9 ယဇ်ပုရောဟိတ်လို့ရဲ့ စလေ့အရ၊ သူဟ ယဇ်ပလ္လင်ပေါ်မှာ နံ့သာပေါင်းဟို မီးရှို့ဖို့ သူ့ဟ အများကြီးအားဖြင့် ရွေးချယ်ခဲ့အယ်။ အေးကျောန့် သူဟ သခင်ဘုရားရဲ့ ဗိမာန်တော်ထဲဟို သွားခဲ့အယ်၊
LUK 1:10 နံ့သာပေါင်း မီးရှို့လဲ့အချိန်အတွင်း အပြင်မှာဆိလဲ့ လူအုပ်လို့ဟ ဆုတောင်းလျက် နေကြအယ်။
LUK 1:11 အေးအခါ သခင်ဘုရားရဲ့ ခေါန်းခင်တမန်ဟ ဇာခရိအဆေ့မှာ ပေါ်လာယွေ့၊ နံ့သာပေါင်းဟို မီးရှို့ပူဇော်သော ယဇ်ပလ္လင်ရဲ့ လက်ယာဖက်တွင် ရပ်နေအယ်။
LUK 1:12 ဇာခရိဟ ခေါင်းခင်တမန်ဟို မျော်သောအခါ၊ သူဟ ထိတ်လန့်ပင်း ကြောက်လန့် သွားအယ်။
LUK 1:13 အဲလိုလဲ ခေါန်းခင်တမန်ဟ “ဇာခရိ၊ မကြောက်နဲ့၊ ဘုရားသခင်ဟ နင် ဆုတောင်းလဲ့အရာဟို နားညောင်းပီ၊ နင်ရဲ့ ပေါင်အိုမ ဧလိရှဗက်ဟ အောင်နီငယ်ဟို ဖွားမျော်လိမ့်မယ်။ နင်ဟ သူ့ဟို ယောဟန်ဟု နာမယ်မှည့်ရမယ်။
LUK 1:14 သူဟ နင့်အတွက် ဝမ်းမြောက်ပင်း ပျော်ရွှင်စေလိမ့်မယ်၊ အခြားသောလူများဟလည်း သူရဲ့ မွေးလာခြင်းအတွက် ဝမ်းမြောက်ကြလိမ့်မယ်။
LUK 1:15 သူဟ သခင်ဘုရားရဲ့ အဆေ့တွင် ကြီးမြတ်သောသူ ဖြစ်လိမ့်မယ်။ သူဟ စပျစ်ယေနဲ့ သေယေသေရက်ဟို သောက်လိမ့်မယ် မဟုတ်။ မွေးကတည်းဟ သန့်ဆှင်းသော ဝိညာဉ်တော်နဲ့ ပြေ့ဝလိမ့်မယ်။
LUK 1:16 ရမ်းဆာ့များသော ဣသရေလအမျိုးသားလို့ဟို မိမိလို့ရဲ့ ဘုရားသခင် သခင်ဘုရား ဆေသို့ ပြန်လည် ပို့ဆောင်ပေးလိမ့်မယ်။
LUK 1:17 ကိုယ်တော်ရဲ့ ဆေ့ပြေး ဖြစ်ယွေ့၊ ဧလိယလိုမျိုး ခွန်အားတန်ခိုးကြီး လိမ့်မယ်။ သူဟ အဖလို့ဟို လူပဲ့သငယ်လို့နဲ့ ပြန်လည် သင့်မြတ်စေလိမ့်မယ်။ မနာခံသောသူလို့အား သူတော်ကောင်းလို့ရဲ့ အသိပညာဟို ပြန်လည် ရဆိစေလိမ့်မယ်၊ ဘုရားသခင်အတွက် အဆင်သင့်ဖြစ်စေရန် ကိုယ်တော်ရဲ့ လူစုတော်ကို ပြင်ဆင်ပေးလိမ့်မယ်” ဟု ဇာခရိအား ပြောအယ်။
LUK 1:18 ဇာခရိဟ “ဟေသို့ ဖြစ်မယ်ဟို စလို သိနိန်မလုန်း၊ ငါဟ အိုစာနေရီး ဖြစ်အယ်၊ ငါ့ပေါင်အိုမဟလည်း အသက်ကြီးနေပီ” ဟု ခေါန်းခင်တမန်အား ပြောအယ်။
LUK 1:19 ခေါန်းခင်တမန်ဟ “ငါဟ ဘုရားသခင်ရဲ့ အဆေ့မှာ ခစားရသော ဂါဗြေလ ဖြစ်အယ်၊ နင့်အား ဟေသတင်းကောင်းဟို ဟောပြရန် ငါ့ကို စေလွှတ်အယ်။
LUK 1:20 နင်ဟ ငါဟောပြောသော စကားဟို မယုံကြည်သောကျောန့် ဟေအမှုအရာ ဖြစ်လာတဲ့နေ့ချိန်ထိ စကားမဟောနိန်ဘဲ အလျက် နေလိမ့်မယ်၊ အချိန်တန်ရင် ငါ့ရဲ့စကား မန်ကန်လာလိမ့်မယ်” ဟု ဆိုအယ်။
LUK 1:21 လူလို့ဟ ဇာခရိဟို ငံ့လျက် နေယွေ့ သူဟ ဗိမာန်တော်ထဲတွင် ကြန့်ကြာနေတာဟို အံ့ဩကြအယ်။
LUK 1:22 ဇာခရိ ပြန်ထွက်လာသောအခါ သူလို့အား စကားမပြောနိန်တော့သဖြင့် သူဟ ဗိမာန်တော်ထဲနှိုက် ဗျာဒိတ်ရူပါရုံဟို မျော်ခဲ့ရပီဟု သူလို့ သိဆိကြအယ်။ ဇာခရိဟ သူလို့အား စကားအယွေ့ လက်ဟန်ခြေဟန် ပြလျက်နေအယ်။
LUK 1:23 ဗိမာန်တော်နှိုက် ယဇ်ပရောဟိတ် တာဝန်ဟို ဆောင်ရွက်ရသော အချိန်ကာလကုန်ပင်း၊ ဇာခရိဟ နေအိုင်ဟို ပြန်လေအယ်။
LUK 1:24 အချိန် ကတစ်ကြာသောအခါ သူရဲ့ပေါင်အိုမ ဧလိရှဗက်ဟ လူပဲ့စွဲယွေ့ ငါးလပတ်လုံးလုံး အိုင်တွင်း အောင်းလျက် နေအယ်။
LUK 1:25 ဧလိရှဗက်ဟ “အခု ငါ့အား သခင်ဘုရား ကူညီပီ၊ ငါ့အား လူလို့ရဲ့ ကဲ့ရဲ့ခြင်းဟို ကိုယ်တော်ဟ ပပျောက်စေပီ” ဟု ပြောအယ်။
LUK 1:26 ဧလိရှဗက် လူပဲ့စွဲစာ ခြောက်လထဲ ရောက်သောအခါ ဘုရားသခင်ဟ ခေါန်းခင်တမန် ဂါဗြေလအား ဂါလိလဲပြေ နာဇရက်မြို့ဆိ မိန်းမပျိုတဦးဆေဟို စေလွှတ်အယ်။
LUK 1:27 အဲအပျိုကညာဟ ဒါဝိဒ်မင်းမှ ဆင်းသက်သူ ယောသပ် နာမယ်ဆိသော ကွင်တယောက်နဲ့ နားဖောက်ထားသူ ဖြစ်အယ်။ သူမ နာမယ်ဟ မာရိ ဖြစ်အယ်။
LUK 1:28 ခေါန်းခင်တမန်ဟ မာရိဆေဟို လာယွေ့ “ရမ်းဆာ့ ကောင်းကြီးဟို ခံစားရသော မိနီ၊ နင်နဲ့အတူ ငြိမ်သက်ခြင်း ဆိပါစေ၊ သခင်ဘုရားဟ နင်နဲ့အတူ ဆိအယ်” ဟု ပြောအယ်။
LUK 1:29 မာရိဟ ခေါန်းခင်တမန်ရဲ့ စကားကျောန့် စိတ်မငြိမ်မသက်ဖြစ်ကာ ဟေနှုတ်ဆက်စကားဟ စလိုလုန်းဟု တွေးတောဆင်ခြင်လျက် နေအယ်။
LUK 1:30 ခေါန်းခင်တမန်ဟ “မာရိ၊ မကြောက်နဲ့၊ နင်ဟ ဘုရားသခင် ဆေ့မှာ မျက်နှာရပီ။
LUK 1:31 နင်ဟ လူပဲ့စွဲယွေ့ အောင်နီငယ်ဟို မွေးလိမ့်မယ်၊ အဲအောင်နီငယ်ဟို ယေရှုလို့ နာမယ် မှည့်ရမယ်။
LUK 1:32 အောင်နီငယ်ဟ ကြီးမြတ်လိမ့်မယ်၊ အမြင့်မြတ်ဆုံးသော ဘုရားသခင်ရဲ့ သားတော်ဟု အခေါ်ခံရလိမ့်မယ်။ သခင် ဘုရားသခင်ဟ သူ့အဖ ဒါဝိဒ်မင်းရဲ့ ရာဇပလ္လင်ဟို သူ့အား ပေးလိမ့်မယ်။
LUK 1:33 သူဟ ယာကုပ်အမျိုးဟို အစဉ်အမြဲ အုပ်ချုပ်လိမ့်မယ်၊ အေးသူရဲ့ နိုင်ငံဟလည်း ပစာခါမှ ကုန်ဆုံးလိမ့်မယ် မဟုတ်” ဟု မာရိအား ဟောအယ်။
LUK 1:34 မာရိဟ “ငါသည် အပျိုကညာ ဖြစ်သဖြင့် စလို လူပဲ့စွဲယွေ့ အောင်နီငယ်ဟို မွေးနိန်မှာလုန်း” ဟု ခေါန်းခင်တမန်ဟို မေးအယ်။
LUK 1:35 ခေါန်းခင်တမန်ဟ “သန့်ဆှင်းသော ဝိညာဉ်တော်ဟ နင်ရဲ့ အပေါ်ဟို သက်ရောက်ပင်း အမြင့်မြတ်ဆုံးသော ဘုရားသခင်ရဲ့ တန်ခိုးတော်ဟ နင့်ဟို လွှမ်းမိုးလိမ့်မယ်။ အဲအကျောန်းကျောန့် သန့်ဆှင်းသော သားဟလည်း ဘုရားသခင်ရဲ့ အောင်နီဟု ခေါ်ခြင်းဟို ခံရလိမ့်မယ်။
LUK 1:36 နင်ရဲ့ ဆွေမျိုးဖြစ်သော ဧလိရှဗက်ဟလည်း အသက်ကြီးသောအခါမှ လူပဲ့စွဲလျက် ဆိအယ်၊ အမြုံမလို့ အခေါ်ခံရသူဟ လူပဲ့စွဲယွေ့ အခု ခြောက်လအဝင် ဆိပီ။
LUK 1:37 ဘုရားသခင် မတတ်နိန်သောအမှုအရာ တခုမှမဆိ” ဟု ဟောအယ်။
LUK 1:38 မာရိဟ “ကျွန်မသည် သခင်ဘုရားရဲ့ အစေခံ ဖြစ်ပါအယ်။ ကိုယ်တော်ရဲ့ စကားအတိုင်း ငါနှိုက် ဖြစ်ပါစေသော” ဟု ခေါန်းခင်တမန်အား ပြန်ပြောအယ်၊ အဲအခါ ခေါန်းခင်တမန်ဟ သူမဆေမှ ထွက်သွားအယ်။
LUK 1:39 များမကြာမီ မာရိဟ ပြင်ဆင်ယွေ့ တောင်ပေါ်ဒေသဆိ ယုဒပြေရဲ့ မြို့တမြို့ဟို အလျင်အမြန် သွားအယ်။
LUK 1:40 သူမဟ ဇာခရိရဲ့ နေအိုင်ဟို ဝင်ပင်း ဧလိရှဗက်ဟို နှုတ်ဆက်အယ်။
LUK 1:41 မာရိရဲ့ နှုတ်ဆက်စကားဟို ကြားသောအခါ၊ ဧလိရှဗက်ရဲ့ ဖိုက်ထဲဟ လူပဲ့ဟ လှုပ်လေအယ်၊ ဧလိရှဗက်ဟ သန့်ဆှင်းသော ဝိညာဉ်တော်နဲ့ ပြေ့ဝလျက်၊
LUK 1:42 သူဟ အသံကျယ်ကျယ် ဟောတာဟ “နင်ဟ မီနီတကာလို့ထက် မင်္ဂလာဆိအယ်၊ နင်မွေးမဲ့ အောင်နီငယ်ဟ မင်္ဂလာဆိအယ်။
LUK 1:43 ငါ့အဆှင်ရဲ့ မယ်တော်ဟ ပစာကျောန့် ငါ့ဆေဟို ကြွလာလုန်း၊ ပစာကျောန့် ဟေအခွင့်ထူးဟို ငါခံစားရလုန်း။
LUK 1:44 နင့်ရဲ့ နှုတ်ဆက်စကားဟို ကြားသောအခါ ငါရဲ့ ဖိုက်မှာ လူပဲ့ငယ်ဟ ဝမ်းမြောက်ရွှင်မြူးသဖြင့် ခုန်ပါအယ်။
LUK 1:45 သခင်ဘုရား ပေးသော ဗျာဒိတ်တော်အတိုင်း ဖြစ်လိမ့်မယ်လို့ နင်ဟ ယုံကြည်သဖြင့် မင်္ဂလာဆိအယ်” ဟုဆိုအယ်။
LUK 1:46 မာရိဟ “ငါရဲ့ စိတ်နေလုံးဟ သခင်ဘုရားဟို ချီးမွန်းအယ်။
LUK 1:47 ငါ့ဟို ကယ်တင်သောအဆှင် ဘုရားသခင်ဟို အမှီပြုယွေ့ ငါ့စိတ်ဝိညာဉ်ဟ ရွှင်လန်းပါအယ်။
LUK 1:48 ကိုယ်တော်ဟ မိမိအစေခံရဲ့ နိမ့်ကျသောအဖြစ်ဟို သတိရပီ၊ အခုမှစယွေ့ နောင်လာမဲ့ လူသားအပေါင်းလို့ဟ ငါ့ဟို မင်္ဂလာဆိသူဟု ခေါ်ကြလိမ့်မယ်။
LUK 1:49 ပစာကို့ တန်ခိုးကြီးသော ဘုရားသခင်ဟ ငါ့ဖို့ အံ့ဖွယ်သောအမှုများဟို ပြုသောကျောန့် ဖြစ်အယ်။ ကိုယ်တော်ရဲ့ နာမတော်ဟ မြင့်မြတ်သန့်ဆှင်းအယ်၊
LUK 1:50 မျိုးဆက် တဆက်မှ နောက်တဆက်အထိ ကိုယ်တော်ဟို ရိုသေသူအပေါင်းလို့အား ကရုဏာတော်ဟို ပြသအယ်။
LUK 1:51 ကိုယ်တော်ဟ ခွန်အားကြီးသော လက်ရုံးတော်ဟို ဆန့်ယွေ့၊ မာနထောင်လွှားသော သူလို့ဟို အကြံအစည် ဆိသမျှနဲ့ ကွဲလွင့်စေပီ။
LUK 1:52 ဘုရင်များဟို သူလို့ ပလ္လင်ပေါ်မှ ချယွေ့၊ နှိမ့်ချသောသူများဟို ချီးမြှောက်ပီ။
LUK 1:53 ဖိုက်ဆာသောသူလို့အား ကောင်းသောအရာများနဲ့ ကျွေးမွေးယွေ့၊ ချမ်းသာသောသူများဟို လက်ချဲချဲ လွှတ်လိုက်ပီ။
LUK 1:54 ကိုယ်တော်ဟ ငါလို့ရဲ့ ဖိုးဖေးများအား ပေးခဲ့လဲ့ ကတိတော်နဲ့အညီ၊ မိမိရဲ့ အစေခံ ဣသရေလလူလို့ဟို မစပီ။
LUK 1:55 အာဗြဟံနဲ့ သူရဲ့ အမျိုးနွယ်လို့ဆေ ထားသော ကရုဏာဟို အစဉ်အမြဲ ပြုခြင်းငှာ သတိရပီ” ဟု ဆိုအယ်။
LUK 1:56 အဲပင်းရင် မာရိဟ ဧလိရှဗက်နဲ့ သုံးလခန့် နေပင်းနောက် နေအိုင်ဟို ပြန်လေအယ်။
LUK 1:57 ဧလိရှဗက်ဟ မွေးလစေ့သောအခါ၊ အောင်နီငယ်ဟို မွေးအယ်။
LUK 1:58 သခင်ဘုရားဟ ကြီးမြတ်လဲ့ ကရုဏာတော်ဟို သူမအပေါ် ပြသကျောန်း အိုင်နီးချင်းများနဲ့ ဆွေမျိုးများလို့ဟ ကြားသောအခါ သူလို့အားလုံးဟ သူမနဲ့အတူ ဝမ်းမြောက်ကြအယ်။
LUK 1:59 တပတ်မြောက်သောနေ့နှိုက် သူလို့ဟ အောင်နီငယ်ရဲ့ အရေဖျားလှီးခြင်း ပေးရန် လာကြယွေ့ သူ့အား ဇာခရိဟူယွေ့ အဖရဲ့ နာမယ်ဟို ပေးချင်ကြအယ်။
LUK 1:60 အဲလိုလဲ သူ့ရဲ့ အမေ့ဟ “အေးနာမယ်ကို မမှည့်ပါနဲ့၊ ယောဟန်လို့ မှည့်ခေါ်ကြပါ” ဟု ဆိုအယ်။
LUK 1:61 လူလို့ဟ “နင်ရဲ့ အမျိုးတွင် ယောဟန်လို့ နာမယ်တွင်သူ တယောက်မှမဆိ” ဟု သူမအား ပြောကြအယ်။
LUK 1:62 အဲပင်းရင် သူ့ဖဟို လက်ဟန်ခြေဟန်နဲ့ ပြယွေ့ စလို မှည့်စေလိုလောဟု မေးကြအယ်။
LUK 1:63 ဇာခရိဟ ကျောက်သင်ပုံးတချပ်ကို တောင်းယူပင်းရင်၊ “အောင်နီငယ်ရဲ့ နာမယ်ဟ ယောဟန် ဖြစ်အယ်” ဟု ရေးအယ်၊ အေးအခါ အဲသူအပေါင်းလို့ဟ ရမ်းဆာ့ အံ့သြကြအယ်။
LUK 1:64 ခုတုံးပင် ဇာခရိဟ ပြန်လည် စကားပြောနိန်သဖြင့်၊ ဘုရားသခင်ဟို စတင် ချီးမွန်းလေအယ်။
LUK 1:65 အိုင်နီးချင်းအပေါင်းလို့ဟ ကြောက်ရွံ့ခြင်းနဲ့ ပြေ့ကြယွေ့၊ ဟေအဖြစ်အပျက်သတင်းဟ ယုဒပြေ တောင်ပေါ်ဒေသ တဆှောက်လုံးဟို ပျံ့နှံသွားအယ်။
LUK 1:66 ကြားကြသူအပေါင်းလို့ဟ စိတ်နေလုံးနှိုက် မှတ်သားယွေ့ “ဟေအောင်နီငယ်ဟ စလိုလူ ဖြစ်လိမ့်မလုန်း” ဟု ပြောဆိုကြအယ်၊ သခင်ဘုရားရဲ့ တန်ခိုးတော်ဟ အဲအောင်နီငယ်အပေါ် သက်ရောက်လျက် နေအယ်။
LUK 1:67 ယောဟန်ရဲ့ အဖ ဇာခရိဟ သန့်ဆှင်းသော ဝိညာဉ်တော်နဲ့ ပြေ့ဝလျက် ဟောကြားတာဟ၊
LUK 1:68 “ဣသရေလ လူမျိုးလို့ရဲ့ ဘုရားသခင်ဟို ချီးမွန်းကြလော့၊ ကိုယ်တော်ဟ ဣသရေလ လူမျိုးလို့ ဆေဟို ကြွလာယွေ့ သူလို့ဟို လွတ်မြောက်စေပီ။
LUK 1:69 ကိုယ်တော်ရဲ့ အစေခံ ဒါဝိဒ်အမျိုးတွင်၊ ငါလို့အတွက် တန်ခိုးကြီးသော ကယ်တင်ဆှင် ပေါ်ထွန်းပီ။
LUK 1:70 မခင်ဟ သန့်ဆှင်းမြင့်မြတ်သူ ပရောဖက်များမှ တဆင့်
LUK 1:71 ကိုယ်တော်ဟ ငါလို့အား ရန်သူများရဲ့ လက်မှ လည်းကောင်း၊ ငါလို့ဟို မုန်းသောသူအပေါင်းလို့ရဲ့ လက်မှ လည်းကောင်း ကယ်တင်ရန်၊
LUK 1:72 ငါလို့ရဲ့ ဖိုးဖေးများအပေါ်မှာ ကရုဏာထားမယ် ဖြစ်ကျောန်းနဲ့၊ သန့်ဆှင်းသော ပဋိညာဉ်ဟို သတိရမယ် ဖြစ်ကျောန်း မိန့်ခဲ့ပီ။
LUK 1:73 ငါလို့ရဲ့ ဖိုးဖေးများအပေါ် ကရုဏာတော်ဟို ပြသရန်နဲ့ ငါလို့ဟို ရန်သူများရဲ့ လက်မှ ကယ်တင်ယွေ့ ကိုယ်တော်ရဲ့ အစေဟို ကြောက်ရွံ့ခြင်း ကင်းလျက် ဆောင်ရွက်စေမယ်ဟု ငါလို့ရဲ့ အဖ အာဗြဟံအား ကျိန်ဆိုခဲ့ပီ။
LUK 1:75 ငါလို့ရဲ့ ဖဝါ့တခုလုံး ဘုရားသခင် ဆေ့နှိုက်၊ သန့်ဆှင်းပင်း ဖြောင့်မတ်သောသူ ဖြစ်မဲ့အကျောန်းတည်း။
LUK 1:76 “အောင်နီငယ်၊ နင်ဟ အမြင့်မြတ်ဆုံးသော ဘုရားသခင်ရဲ့ ပရောဖက်လို့ အခေါ်ခံရလိမ့်မယ်၊ နင်ဟ အဆှင်အတွက် လမ်းဟို အသင့် ပြင်ဆင်ရလိမ့်မယ် ဆေ့ပြေး ဖြစ်ပင်းရင်၊
LUK 1:77 ကိုယ်တော်ရဲ့ လူစုအား အပစ်ဖြေလွှတ်ယွေ့၊ ကယ်တင်မဲ့အကျောန်း ဟောကြားလိမ့်မယ်။
LUK 1:78 ငါလို့ရဲ့ ဘုရားသခင်ဟ သနားခြင်း ကရုဏာနဲ့ ကြွယ်ဝသောကျောန့် ကိုယ်တော်ဟ ကယ်တင်ခြင်းဟို ခေါန်းခင်မှ နေအရုဏ်ဟ ငါလို့အပေါ်ဟို သက်ရောက်စေယွေ့၊
LUK 1:79 မိုက်နဲ့ သေမင်းရဲ့ အရိပ်တွင် နေထိန်သူများအပေါ် ထွန်းလင်း စေလိမ့်မယ်၊ ငါလို့အား ငြိမ်းချမ်းရေး လမ်းဟို ပို့ဆောင်စေလိမ့်မယ်” ဟု ဟောလေအယ်။
LUK 1:80 အောင်နီငယ်ဟ ကြီးထွားယွေ့ စိတ်ဝိညာဉ် ကြံ့ခိုင်လာပင်း သူဟ ဣသရေလအမျိုးသားလို့ရဲ့ ဆေ့မှာ ထင်ဆှားမပြမီတိုင်အောန် တောကန္တာရနှိုက် နေလေအယ်။
LUK 2:1 အေးကာလနှိုက် ရောမ အင်ပါယာဆိ သန်းခေါင်စာရင်းဟို ယူရန် ဧကရာဇ် ဩဂုတ္တုဟ အမိန့်ထုတ်ပြန်အယ်။
LUK 2:2 ဟေလူဦးရေ စာရင်းယူခြင်းဟ ရှုရိပြေ မြို့ဝန် ကုရေနိလက်ထပ်မှာ ပထမ သန်းခေါင်စာရင်း ဖြစ်အယ်။
LUK 2:3 လူအပေါင်းလို့ဟ သန်းခေါင်စာရင်း တင်ရန် မိမိလို့ မြို့ရွာဟို သွားကြအယ်။
LUK 2:4 ယောသပ်ဟလည်း ဂါလိလဲပြေ နာဇရက်မြို့မှ ယုဒပြေ ဗက်လင်မြို့လို့ နာမယ်တွင်သော ဒါဝိဒ်မင်းရဲ့ မြို့ဟို သွားအယ်။ ယောသပ်ဟ ဒါဝိဒ်ရဲ့ အမျိုးနွယ်ဖြစ်သောကျောန့် အဲဟို သွားခြင်း ဖြစ်အယ်။
LUK 2:5 သူနဲ့ လက်ထပ်ရန် ကတိပြုပင်း လူပဲ့စွဲနေသော မာရိနဲ့ စာရင်းသွင်းရန် အဲနေရာသို့ သွားခဲ့အယ်။
LUK 2:6 ဗက်လင်မြို့တွင် သူလို့ ဆိကြသောအခါနှိုက် အောင်နီငယ်ကို မွေးရန် နေ့စေ့လစေ့လျှင်၊
LUK 2:7 သားဦးဟို မွေးယွေ့ ခနှီးနဲ့ ထုပ်ပင်း၊ ဧည့်သည် တည်းစရာ နေရာနှိုက် သူလို့နေစရာ မဆိသောကျောန့် အောင်နီငယ်ဟို နွားစားခွက်ထဲမှာ သိပ်ထားကြအယ်။
LUK 2:8 အေးပြေတွင် သိုးထိန်းတချို့ ဆိအယ်၊ သူလို့ဟ ညအခါ ကွင်းပြင်များတွင် သိုးများဟို စောင့်လျက်နေကြအယ်။
LUK 2:9 သခင်ဘုရားရဲ့ ခေါန်းခင်တမန်ဟ သူလို့ဆေ့မှာ ပေါ်လာအယ်၊ သူလို့ပတ်လည်တွင် သခင်ဘုရားရဲ့ ဘုန်းတော် ထွန်းတောက်နေသဖြင့် သူလို့ဟ ရမ်းဆာ့ ထိတ်လန့်ကြအယ်။
LUK 2:10 ခေါန်းခင်တမန်ဟ “မကြောက်ကြနဲ့၊ ငါဟ လူအပေါင်းလို့ ရမ်းဆာ့ ဝမ်းသာစရာ သတင်းကောင်းဟို နင်လို့ဆေဟို ယူဆောင်လာအယ်။
LUK 2:11 ခုနေ့တွင် ဒါဝိဒ်မြို့နှိုက် သခင် ခရစ်တော်တည်းဟူသော ကယ်တင်ဆှင်ဟ နင်လို့အဖို့ မွေးဖွားပီ။
LUK 2:12 နင်လို့ဟ ပစာနိမိတ်ဖြင့် သိရမယ်မှာ၊ အောင်နီငယ်ဟို အနှီးနဲ့ထုပ်ထားပင်း နွားစားခွက်ထဲမှာ သိပ်ထားလျက် ဆိတာဟို မျော်ကြလိမ့်မယ်” ဟု ဆိုအယ်။
LUK 2:13 ခေါန်းခင်တမန်နဲ့အတူ ရမ်းဆာ့များသော ခေါန်းခင်ဗိုလ်ခြေလို့ဟ ခုတုံး ပေါ်လာယွေ့၊ ဘုရားသခင်ဟို သီဆို ချီးမွန်းကြအယ်၊
LUK 2:14 “ခေါန်းခင်ဘဝဂ်ဝယ် ဘုရားသခင်ဟ ဘုန်းကြီးပါစေ၊ မြေကြီးပေါ်မှာ ငြိမ်သက်ခြင်း ဆိစေယွေ့ လူလို့အား မေတ္တာကရုဏာ ဆိစေသတည်း” ဟု မြွက်ဆိုကြအယ်။
LUK 2:15 ခေါန်းခင်တမန်များ ခေါန်းခင်ဘုံဟို ပြန်သွားကြသောအခါ သိုးထိန်းလို့ဟ “ငါလို့သည် ဗက်လင်မြို့ဟို သွားကြကုန်အံ့၊ ငါလို့အား သခင်ဘုရား ဖော်ပြသောအကျောန်းအရာဟို ကျေ့ကြကုန်အံ့” ဟု အချင်းချင်း ပြောဆိုကြအယ်။
LUK 2:16 သူလို့ဟ အမြန် သွားပင်း မာရိနဲ့ ယောသပ်ဟို လည်းကောင်း၊ နွားစားခွက်ထဲတွင် သိပ်ထားသော အောင်နီငယ်ဟို လည်းကောင်း မျော်ကြအယ်။
LUK 2:17 အောင်နီငယ်ဟို သိုးထိန်းများ မျော်သောအခါ အောင်နီငယ်ရဲ့ အကျောန်းဟို သူလို့အား ခေါန်းခင်တမန် ဟောကျောန်းဟို ပြောကြားကြအယ်။
LUK 2:18 သိုးထိန်းလို့ ဟောသောစကားဟို ကြားသောသူ ဆိသမျှလို့ဟ အံ့ဩကြအယ်။
LUK 2:19 မာရိဟ အေးအကျောန်းအရာ အားလုံးလို့ဟို အောက်မေ့ပင်း နက်နဲစွာ စိတ်နေလုံးထဲမှာ တွေးတောဆင်ခြင်လျက် နေအယ်။
LUK 2:20 သိုးထိန်းလို့ဟ မိမိလို့အား ခေါန်းခင်တမန်ဟောလဲ့အတိုင်း တွေ့မျော် ကြားသိရသဖြင့် ဘုရားသခင်ရဲ့ ဂုဏ်တော်ဟို ချီးမွန်းလျက် ပြန်သွားကြအယ်။
LUK 2:21 တပတ်ကြာပင်းနောက် အောင်နီငယ်အား အရေဖျားလှီးခြင်းဟို ခံယူရန် အချိန်ရောက်လာသောအခါ သူ့အား ယေရှုဟု နာမယ်မှည့်ကြအယ်၊ ဟေနာမယ်ဟ အောင်နီငယ်ဟို လူပဲ့မစွဲခင် ခေါန်းခင်တမန်ဟ ပေးစေလဲ့ နာမယ် ဖြစ်အယ်။
LUK 2:22 မောရှေရဲ့ ပညတ်တရားအရ စင်ကြယ်ခြင်း အခမ်းအနား ပြုလုပ်ရန် အချိန်ရောက်လာသောအခါ ယောသပ်နဲ့ မာရိလို့ဟ အောင်နီငယ်ဟို သခင်ဘုရားဆေ ဆက်ကပ်ရန် ယေရုရှလင်မြို့ဟို ခေါ်သွားကြအယ်။
LUK 2:23 သခင်ဘုရားရဲ့ ပညတ်တော်နှိုက် လာတာဟ၊ “သားဦး ယောက်ျားအပေါင်းလို့ဟ သခင်ဘုရားအဖို့ သန့်ဆှင်းရမယ်။”
LUK 2:24 ချိုးတူးမ နေကောင် အဲဟာမဟုတ်ရင် ခိုသငယ်နေကောင်ဟို ပူဇော်ရမယ်ဟု သခင်ဘုရားရဲ့ ပညတ်ကျမ်းနှိုက် ဖော်ပြထားလဲ့အတိုင်း ယဇ်ပူဇော်ကြရန် သွားကြအယ်။
LUK 2:25 အေးအချိန်နှိုက် ယေရုရှလင်မြို့တွင် ရှုမောင် နာမယ်ဆိသော လူတယောက် ဆိအယ်။ သူဟ ဘုရားသခင်ဟို ကြည်ညိုယွေ့ ဖြောင့်မတ်သောသူ ဖြစ်ပင်း၊ ဣသရေလလူမျိုးလို့ သက်သာခြင်း ရရန် စောင့်မျော်နေသူ ဖြစ်အယ်၊ သန့်ဆှင်းသော ဝိညာဉ်တော်ဟ သူအပေါ်နှိုက် တည်ယွေ့
LUK 2:26 သူဟ ထာဝရဘုရား ကတိထားလဲ့ မေဆှိယဟို မမျော်ရခင် မသေရဟု ဗျာဒိတ်တော် ရဆိထားသူလည်း ဖြစ်အယ်။
LUK 2:27 ရှုမောင်ဟ ဝိညာဉ်တော် ယိုးခြင်းအားဖြင့် ဗိမာန်တော်ဟို သွားခဲ့လေအယ်။ ပညတ်တရားအရ ဆောင်ရွက်စရာဝတ်ဟို ဆောင်ရွက်ရန် မိဘလို့ဟ အောင်နီငယ် ယေရှုဟို ဗိမာန်တော်ဟို ခေါ်ခဲ့ကြသောအခါ၊
LUK 2:28 ရှုမောင်ဟ အောင်နီငယ်ဟို သူရဲ့ လက်မောင်းပေါ်မှာ ချီပင်း ဘုရားသခင်အား
LUK 2:29 “အခု သခင်ဘုရား၊ ကိုယ်တော်ရဲ့ ကတိတော် စကားပြေ့စုံပင်း ဖြစ်ယွေ့ ကိုယ်တော်ရဲ့ ကျွန်ဟ ငြိမ်းချမ်းစွာ သေရသောအခွင့်ဟို ပေးပါ။
LUK 2:30 ကိုယ်တော်ရဲ့ ကယ်တင်ခြင်းဟို ငါ့မျက်စေ့နဲ့ မျော်ရပါပီ၊
LUK 2:31 လူအားလုံးလို့ ဆေ့မှာ ကိုယ်တော် ပြင်ဆင်ထားလဲ့
LUK 2:32 လူမျိုးခြားလို့အား ကိုယ်တော်ရဲ့ အလိုတော်ဟို ဖော်ပြသော အလင်းဖြစ်စေရန်နဲ့ ကိုယ်တော်ရဲ့ လူမျိုးဖြစ်သော ဣသရေလဟ ဘုန်းတော်ထွန်းလင်း လာစေရန် ဖြစ်အယ်” ဟု ကျေးဇူးတော်ဟို ချီးမွန်းအယ်။
LUK 2:33 အောင်နီငယ်ရဲ့ အဖနဲ့ အမေ့လို့ဟ ရှုမောင် ပြောဆိုသော အကျောန်းဟို ကြားသောအခါ အံ့ဩကြအယ်။
LUK 2:34 ရှုမောင်ဟ သူလို့ဟို ကောင်းချီးပေးပင်း သူ့မေ မာရိအား၊ “ဟေအောင်နီငယ်ဟို ဣသရေလူမျိုးထဲဟ လူလို့ဟို ဖျက်စီးခြင်းနဲ့ ကယ်တင်ခြင်းအတွက် ဘုရားသခင် ရွေးချယ်ထားပီ၊ သူဟ ဘုရားသခင်ရဲ့ နိမိတ်လက္ခဏာ ဖြစ်ပင်း သူ့ဟို ရမ်းဆာ့သော လူများဟ ဆန့်ကျင် ပြောဆိုလိမ့်မယ်။
LUK 2:35 သူလို့ရဲ့ လျှို့ဝှက်အတွေးများဟို ဖော်ထုတ်စေကြလိမ့်မယ်။ ပင်းနောက် နင့်ရဲ့ စိတ်နေလုံးဟို ထက်သောသန်လျက်ဟ ထိုးဖောက်ခံရသလို ဖြစ်လိမ့်မယ်” ဟု ပြောအယ်။
LUK 2:36 အဲနေရာနှိုက် အာရှာလူမျိုး၊ ဖနွေလရဲ့ သမီး၊ အန္န နာမယ်ဆိသော မုဆိုးမတယောက် ဖြစ်ပင်း အသက် ရမ်းဆာ့အိုသော ပရောဖက်တဦး ဖြစ်အယ်။ သူမဟ အသက် ခုနေနှစ်အရွယ်မှာ လက်ထပ်ခဲ့ပင်း
LUK 2:37 မုဆိုးမဖြစ်လျက် အခု အသက် ၈၄ နှစ်အရွယ် ဖြစ်အယ်။ သူမဟ ဆုတောင်းခြင်း၊ အစာဆှောင်ခြင်းအားဖြင့် နေ့ညမပြတ် ဘုရားဝတ်နှိုက် မွေ့လျော်ယွေ့ ဗိမာန်တော်နဲ့ မခွာဘဲ နေအယ်။
LUK 2:38 အဲချိန်နာရီတည်းမှာ သူရောက်လာပင်းလျှင် ဘုရားသခင်အား ကျေးဇူးတော်ဟို ချီးမွန်းပင်း ယေရုရှလင်မြို့ဟို ရွေးနှုတ်ခြင်းအရာဟို စောင့်မျော်နေကြသော သူအပေါင်းလို့အား အေးအောင်နီငယ် အကျောန်းဟို ပြောလေအယ်။
LUK 2:39 ယောသပ်နဲ့ မာရိလို့ဟ သခင်ဘုရားရဲ့ ပညတ်တရားအတိုင်း အကုန်စင် ပြုပီးသောအခါ ဂါလိလဲပြေ နာဇရက်မြို့လို့ခေါ်လဲ့ မိမိလို့မြို့ဟို ပြန်ကြအယ်။
LUK 2:40 အောင်နီငယ်ဟ ကြီးပြင်း သန်စွမ်းလာအယ်၊ ဉာဏ်ပညာ တိုးတက်လာအယ်၊ ဘုရားသခင်ရဲ့ ကျေးဇူးတော်လည်း သူအပေါ်နှိုက် တည်အယ်။
LUK 2:41 ယေရှုရဲ့ မိဖလို့ဟ နှစ်စဉ် ပသခါပွဲချိန်နှိုက် ယေရုရှလင်မြို့ဟို သွားလေ့ဆိကြအယ်။
LUK 2:42 ယေရှုဟ အသက် တဆယ့်နေနှစ် ဆိသောအခါ ပသခါပွဲဟို ထုံးစံအတိုင်း သွားကြအယ်။
LUK 2:43 ပွဲတော်ပီးဆုံးချိန်နှိုက် သူလို့ အိုင်ဟို ပြန်ကြအယ်၊ အဲလိုလဲ အောင်နီငယ် ယေရှုဟ ယေရုရှလင်မြို့မှာ ကျန်ခဲ့အယ်၊ အေးလို့ ကျန်ခဲ့တာဟို မိဖလို့ သိကြမောင့်လဲ့။
LUK 2:44 သူလို့ဟ အဖွဲ့နဲ့အတူ ဆိအယ်လို့ စိတ်ထင်ကြအယ်၊ တနေ့လုံး ခရီးသွားကြပင်းမှ ဆွေမျိုးအသိအကျွမ်းများထဲမှာ အောင်နီငယ်ဟို စတင်ဆှာကြအယ်။
LUK 2:45 သူ့ဟို မတွေ့သောအခါ ယေရုရှလင်မြို့ဟို ပြန်သွားပင်း ဆှာကြအယ်။
LUK 2:46 သူဟ ဗိမာန်တော်နှိုက် ယုဒဆရာများနဲ့အတူ ထိန်ကာ သူလို့အား တရားစကားများဟို နားထောင်ခြင်းနဲ့ မေးခွန်းများ မေးလျက်ဆိတာဟို မိဘလို့ဟ သုံးရက်ကြာပင်းမှ တွေ့ကြအယ်။
LUK 2:47 သူရဲ့ စကားဟို ကြားကြသော သူအပေါင်းလို့ဟ သူရဲ့ အသိပညာနဲ့ ဖြေကြားချက်ဟို အံ့ဩကြအယ်။
LUK 2:48 သူ့ရဲ့ မိဖလို့ဟ မျော်လျှင် မိန်းမောတွေဝေယွေ့ အမေဟ “ငါ့ အောင်နီငယ်၊ နင်ဟ ပစာကျောန့် ငါလို့အား ဟေသို့လုပ်လုန်း၊ နင့်ဖနဲ့ ငါဟ နင့်ဟို စိုးရိမ်ကြီးစွာနဲ့ ဆှာခဲ့ပီ” ဟု ပြောအယ်။
LUK 2:49 ယေရှုဟ “ပစာကျောန့် ငါ့ဟို ဆာကြလုန်း၊ ငါဟ ခမည်းတော်ရဲ့ အိုင်တွင် ဆိနေရမယ်ဟို သိကြဝူးလော” ဟု ပြန်ပြောလေအယ်။
LUK 2:50 အဲလိုလဲ သူလို့ဟ အဲစကားဟို နားမလည်ကြ။
LUK 2:51 အဲပင်း ယေရှုဟ မိဖလို့နဲ့အတူ ပြန်သွားယွေ့ နာဇရက်မြို့ဟို ရောက်သောအခါ သူလို့ စကားဟို နားထောင်ပင်း နေအယ်။ သူ့ရဲ့ မေ့ဟ အေးအဖြစ်အပျက် အကုန်လုံးဟို သူမရဲ့ စိတ်နေလုံးထဲမှာ မှတ်ထားအယ်။
LUK 2:52 ယေရှုဟ အစဉ်တိုင်း ကြီးလာယွေ့ ပညာတိုးတက်လျက် ဘုရားသခင်နဲ့ လူလို့ဆေ့တွင် မျက်နှာရအယ်။
LUK 3:1 ဧကရာဇ်မင်း တိဗေရိ နန်းစံလဲ့ တဆယ့်ငါးနှစ် ဆိသောအခါ၊ ယုဒပြေတွင် ပုန္တိပိလတ်ဟ ဘုရင်ခံ ဖြစ်အယ်၊ ဂါလိလဲပြေတွင် ဟေရုဒ် အုပ်ချုပ်ပင်း၊ သူ့ရဲ့ အကို ဖိလိပ္ပုဟ ဣတုရဲပြေနဲ့ တရာခေါနိတ်ပြေလို့ရဲ့ နယ်မြေများဟို အုပ်ချုပ်အယ်၊ လုသာနိဟ အဘိလင်ပြေဟို အုပ်ချုပ်ခဲ့အယ်။
LUK 3:2 အန္နနဲ့ ကယာဖလို့ဟ ယဇ်ပုရောဟိတ်မင်းများ ဖြစ်ကြအယ်။ အေးအချိန်အခါနှိုက် တောကန္တာရထဲမှာဆိလဲ့ ဇာခရိရဲ့သား ယောဟန်ဆေဟို ဘုရားသခင်ရဲ့ စကား ရောက်လာအယ်။
LUK 3:3 အဲလိုမို့ ယောဟန်ဟ ယော်ဒန်မြစ်ပိုင်နက် တဆှောက်လုံးဟို သွားယွေ့ “နင်လို့ အပစ်များဟို နောင်တရကြပင်း၊ ယေနှစ်ခြင်းဟို ခံယူကြလော့။ အေးလို့မှသာ ဘုရားသခင်ဟ နင်လို့ အပစ်များဟို ဖြေလွှတ်မယ်” ဟု ဟောပြောအယ်။
LUK 3:4 ပရောဖက် ဟေရှာယ ရေးသားလဲ့အတိုင်း၊ “တောကန္တာရမှာ တယောက်ယောက်ဟ အော်နေတာဟ၊ ‘သခင်အတွက် လမ်းဟို အသင့် ပြင်ဆင်ကြလော့။ သူ့ရဲ့ လမ်းခရီးဟို ဖြောင့်စေကြလော့။
LUK 3:5 ချိုင့်ဝှမ်းတိုင်းဟို ဖြေ့စေပင်း၊ တောင်ကြီး တောင်ငယ်အားလုံးဟို ဖြိုချရမယ်။ အကွေ့အကောက်များလဲ့ လမ်းများဟို ဖြောင့်အောန် လုပ်ပင်း၊ လမ်းကြမ်းများဟို ချောအောန် လုပ်ရမယ်။
LUK 3:6 လူသားမျိုးနွယ်အားလုံး ဘုရားသခင်ရဲ့ ကယ်တင်ခြင်းဟို မျော်ရလိမ့်မယ်’ ဟု ဖြစ်အယ်။”
LUK 3:7 နှစ်ခြင်းခံဖို့ လူများလို့ဟ ယောဟန်ဆေဟို လာကြအယ်။ “အချင်း မြွေပွေးအမျိုးလို့၊ ဘုရားသခင် စီရင်သော ဘေးဒဏ်ကနေ နင် လွတ်မြောက်လိမ့်မယ်လို့ စသူဟောလုန်းဟု သူလို့ဟို ဟောအယ်။
LUK 3:8 နောင်တနဲ့ ထိုက်တန်သော အသီးဟို သီးကြလော့။ အာဗြဟံဟ ငါလို့ရဲ့အဖ ဖြစ်အယ်လို့ နင်လို့တတ်တိုင်း မပြောဆိုကြနဲ့။ နင်လို့ဟို ငါပြောတာဟ ဘုရားသခင်သည် အာဗြဟံရဲ့ လူပဲ့သငယ်များဟို ဟေကျောက်ခဲလို့ထဲမှ ပေါ်ထွန်းစေနိန်အယ်။
LUK 3:9 သစ်ပင် အမြစ်နားနှိုက် ပေါက်ဆိန် ချထားတာ ဖြစ်ယွေ့၊ ကောင်းသော အသီးဟို မသီးသော အပင်ဆိသမျှလို့ဟို ခုတ်ပစ်ပင်း မီးထဲဟို လောချခြင်း ခံရလိမ့်မယ်” ဟု ပြောအယ်။
LUK 3:10 လူအပေါင်းလို့ဟ “အဲလို့ဖြစ်ရင် ငါလို့ဟ စလို ပြုရမလုန်း” ဟု မေးကြအယ်။
LUK 3:11 သူဟ “ရှပ်အင်္ကျီ နေထည်ဆိသောသူဟ မဆိသောသူဟို ငရမယ်၊ စားစရာဆိသောသူဟလည်း အေးတိုင်းတိုင်း ငရမယ်” လို့ ပြန်ပြောအယ်။
LUK 3:12 အခွန်ခံတချို့လို့ဟ နှစ်ခြင်း ခံဖို့လာကြယွေ့ သူလို့ဟ “ဆရာ၊ ငါလို့ဟ စလို လုပ်ရမလုန်း” ဟု မေးဆှောက်ကြအယ်။
LUK 3:13 သူဟ “နင်လို့ဟ ဥပဒေဟ သက်မှတ်ထားတာထက် ပိုပင်း အခွန် မကောက်ခံကြနဲ့” ဟု သူလို့အား ပြန်ပြောအယ်။
LUK 3:14 အချို့ စစ်သားများဟလည်း “ငါလို့ဟ စလိုလုပ်ရမလုန်း” ဟု မေးဆှောက်ကြအယ်။ သူဟ “စသူဆေမှ အတင်းအကျပ် ပိတ်ဆန် မယူကြနဲ့၊ စသူ့ဟိုမှ ကစတ်ကလတ် မစွပ်စွဲကြနဲ့။ နင်လို့ရလဲ့ လခနဲ့ ရောင့်ရဲပင်း နေကြလော့” ဟု သူလို့အား ပြန်ပြောအယ်။
LUK 3:15 လူတွေရဲ့ မျော်လင့်ချက်တွေ မြင့်မားနေချိန် ယောဟန်ဟ မေဆှိယ ဖြစ်နိန်မလောဟု သူလို့ စိတ်နေလုံးထဲဟ စတင် တွေးတောလာကြအယ်။
LUK 3:16 ယောဟန်ဟ သူလို့အားလုံးဟို ပြန်ပြောတာဟ “ငါဟ နင်လို့အား ယေနဲ့ နှစ်ခြင်းဟို ပေးအယ် အဲလိုလဲ ငါ့ထက်ကြီးမြတ်သူဟ ငါနောက်မှ လာမယ်။ ငါဟ အေးသူရဲ့ ဖိနပ်ကြိုးဟိုမှ မဖြေထိုက်။ သူဟ နင်လို့အား သန့်ဆှင်းသော ဝိညာဉ်တော်နဲ့ မီးနဲ့ နှစ်ခြင်းဟို ပေးမယ်။
LUK 3:17 မိမိရဲ့ ကောက်နယ်တလင်းဟို ဆှင်းလင်းရန် လက်တော်တွင် ဆန်ကောဟို ကိုင်ထားတာဖြစ်ယွေ့၊ ဂျုံစပါးဟိုဟ ကျီနှိုက် စုသိမ်းယွေ့ အဖျင်းများဟိုဟ မငြိမ်းနိန်သော မီးထဲမာ ရှို့လိမ့်မယ်” ဟု သူလို့အား ပြောအယ်။
LUK 3:18 နည်းအမျိုးမျိုးနဲ့ ယောဟန်ဟ လူလို့အား သတင်းကောင်း ဟောပြောခဲ့ပင်း၊ သူလို့ရဲ့ လမ်းစဉ်ဟို ပြောင်းလဲရန် တိုက်တွန်းခဲ့အယ်။
LUK 3:19 အဲလိုလဲ ဟေရုဒ်ဟ မိမိအကိုရဲ့ ပေါင်အိုမ ဟေရောဒိဟို လက်ထပ်ယူခြင်းနဲ့ ပတ်သက်ယွေ့ မိမိလုပ်ခဲ့သော မကောင်းမှုအလုံးစုံနဲ့ ပတ်သက်ပင်း ယောဟန်ဟ သူ့ဟို တိုက်တွန်းဆုံးမခဲ့အယ်။
LUK 3:20 အေးနောက် ဟေရုဒ်ဟ ယောဟန်ဟို ထောင်ချခြင်းအားဖြင့် ပိုယွေ့ ဆိုးသောအမှုဟို ပြုခဲ့အယ်။
LUK 3:21 လူအပေါင်းလို့ နှစ်ခြင်းဟို ခံယူပင်းသောအခါ ယေရှုဟလည်း နှစ်ခြင်း ခံယူအယ်။ ယေရှုဟ ဆုတောင်းနေစဉ်တွင် ခေါန်းခင် ပွင့်လာယွေ့၊
LUK 3:22 သန့်ဆှင်းသော ဝိညာဉ်တော်ဟ ချိုးတူးမပုံစံဖြင့် ယေရှု အပေါ်ဟို ဆင်းသက်အယ်။ မိုးခေါန်းခင်မှ “နင်ဟ ငါရဲ့ ချစ်သား ဖြစ်အယ်၊ နင်ဟ ငါနှစ်သက် မြတ်နိုးရာ ဖြစ်အယ်” ဟု အသံပေါ်ထွက်လာအယ်။
LUK 3:23 ယေရှု အမှုတော်ဟို စတင် ဆောင်ရွက်သောအခါ၊ သူဟ အသက်သုံးဆယ်ခန့် ဆိအယ်။ လူလို့ ထင်မြင်ယူဆချက်အရ ကိုယ်တော်ဟ ယောသပ်ရဲ့ သား ဖြစ်အယ်၊ ယောသပ်ဟ ဧလိရဲ့ သား၊
LUK 3:24 ဧလိဟ မဿတ်ရဲ့ သား၊ မဿတ်ဟ လေဝိရဲ့ သား၊ လေဝိဟ မေလခိရဲ့ သား မေလခိဟ ယန္နရဲ့ သား၊ ယန္နဟ ယောသပ်ရဲ့ သား၊
LUK 3:25 ယောသပ်ဟ မတ္တသိရဲ့ သား၊ မတ္တသိရဲ့ သားဟ အာမုတ်၊ အာမုတ်ဟ နာဟုံရဲ့ သား၊ နာဟုံဟ ဧသလိရဲ့ သား၊ ဧသလိဟ နဂ္ဂဲရဲ့ သား၊
LUK 3:26 နဂ္ဂဲဟ မာအတ်ရဲ့ သား၊ မာအတ်ဟ မတ္တိသိရဲ့ သား၊ မတ္တိသိဟ ရှေမိရဲ့ သား၊ ရှေမိဟ ယောသပ်ရဲ့ သား၊ ယောသပ်ဟ ယုဒရဲ့ သား၊
LUK 3:27 ယုဒဟ ယောဟန္နရဲ့ သား၊ ယောဟန္နဟ ရေသရဲ့ သား၊ ရေသဟ ဇေရုဗဗေလရဲ့ သား၊ ဇေရုဗဗေလဟ ရှာလသေလရဲ့ သား၊ ရှာလသေလဟ နေရိရဲ့ သား၊
LUK 3:28 နေရိဟ မေလခိရဲ့ သား၊ မေလခိဟ အဒ္ဒိရဲ့ သား၊ အဒ္ဒိဟ ကောသံရဲ့ သား၊ ကောသံဟ ဧလမောဒံရဲ့ သား၊ ဧလမောဒံဟ ဧရရဲ့ သား၊
LUK 3:29 ဧရဟ ယောရှုရဲ့ သား၊ ယောရှုဟ ဧလျေဇာရဲ့ သား၊ ဧလျေဇာဟ ယောရိမ်ရဲ့ သား၊ ယောရိမ်ဟ မဿတ်ရဲ့ သား၊ မဿတ်ဟ လေဝိရဲ့ သား၊
LUK 3:30 လေဝိဟ ရှိမောင်ရဲ့ သား၊ ရှိမောင်ဟ ယုဒရဲ့ သား၊ ယုဒဟ ယောသပ်ရဲ့ သား၊ ယောသပ်ဟ ယောနန်ရဲ့ သား၊ ယောနန်ဟ ဧလျာကိမ်ရဲ့ သား၊
LUK 3:31 ဧလျာကိမ်ဟ မေလရဲ့ သား၊ မေလဟ မဲနန်ရဲ့ သား၊ မဲနန်ဟ မတ္တသရဲ့ သား၊ မတ္တသဟ နာသန်ရဲ့ သား၊ နာသန်ဟ ဒါဝိဒ်ရဲ့ သား၊
LUK 3:32 ဒါဝိဒ်ဟ ယေရှဲရဲ့ သား၊ ယေရှဲဟ ဩဗက်ရဲ့ သား၊ ဩဗက်ဟ ဗောဇရဲ့ သား၊ ဗောဇဟ စာလမုန်ရဲ့ သား၊ စာလမုန်ဟ နာရှုန်ရဲ့ သား၊
LUK 3:33 နာရှုန်ဟ အမိနဒပ်ရဲ့ သား၊ အမိနဒပ်ဟ အာရံရဲ့ သား၊ အာရံဟ ဟေဇရုံရဲ့ သား၊ ဟေဇရုံဟ ဖာရက်ရဲ့ သား၊ ဖာရက်ဟ ယုဒရဲ့ သား၊
LUK 3:34 ယုဒဟ ယာကုပ်ရဲ့ သား၊ ယာကုပ်ဟ ဣဇက်ရဲ့ သား၊ ဣဇက်ဟ အာဗြဟံရဲ့ သား၊ အာဗြဟံဟ တေရရဲ့ သား၊ တေရဟ နာခေါ်ရဲ့ သား
LUK 3:35 နာခေါ်ဟ စေရောက်ရဲ့ သား၊ စေရောက်ဟ ရာဂေါရဲ့ သား၊ ရာဂေါဟ ဖာလက်ရဲ့ သား၊ ဖာလက်ဟ ဟေဗာရဲ့ သား၊ ဟေဗာဟ ရှာလရဲ့ သား၊
LUK 3:36 ရှာလဟ ကာဣနန်ရဲ့ သား၊ ကာဣနန်ဟ အာဖာဇဒ်ရဲ့ သား၊ အာဖာဇဒ်ဟ ရှေမရဲ့ သား၊ ရှေမဟ နောဧရဲ့ သား၊ နောဧဟ လာမက်ရဲ့ သား၊
LUK 3:37 လာမက်ဟ မသုရှေလရဲ့ သား၊ မသုရှေလဟ ဧနောက်ရဲ့ သား၊ ဧနောက်ဟ ယာရက်ရဲ့ သား၊ ယာရက်ဟ မဟာလေလရဲ့ သား၊ မဟာလေလဟ ကာဣနန်ရဲ့ သား၊
LUK 3:38 ကာဣနန်ဟ ဧနုတ်ရဲ့ သား၊ ဧနုတ်ဟ ရှေသရဲ့ သား၊ ရှေသဟ အာဒံရဲ့ သား၊ အာဒံဟ ဘုရားသခင်ရဲ့ သား ဖြစ်အယ်။
LUK 4:1 ယေရှုဟ သန့်ဆှင်းသော ဝိညာဉ်တော်နဲ့ ပြေ့ဝပင်း ယော်ဒန်မြစ်မှ ပြန်လာစဉ် ဝိညာဉ်တော်ဟ ယေရှုအား တောကန္တာရထဲဟို ပို့ဆောင်ခံရယွေ့၊
LUK 4:2 အဲမှာ ရက်ပေါင်း လေးဆယ်လုံးလုံး မာရ်နတ်ရဲ့ စုံစမ်းသွေးဆောင်ခြင်းဟို ခံအယ်။ အေးနေ့ရက် အချိန်အတွင်း ပစာအစာဟိုမှ စားတော်မမူ၊ အေးကာလ လွန်သောအခါ ယေရှုဟ မွတ်အယ်။
LUK 4:3 မာရ်နတ်ဟ “နင်သည် ဘုရားသခင်ရဲ့ သားတော် ဖြစ်ရင်၊ ဟေကျောက်ခဲဟို မုန့်အဖြစ် ပြောင်းဖို့ အမိန့်ပေးမန့်” ဟု ကိုယ်တော်ဟို ဆှောက်အယ်။
LUK 4:4 အဲလိုလဲ ယေရှုဟလည်း “ကျမ်းစာပြောတာဟ ‘လူသားတွေဟ မုန့်အားဖြင့် အသက်ဆှင်ရမယ် မဟုတ်’ ” ဟု ပြန်ပြောအယ်။
LUK 4:5 အေးနောက် မာရ်နတ်ဟ ကိုယ်တော်ဟို ခေါ်သွားပင်း ခုတင်ချင်း လောကနှိုက် ဆိသမျှသော တိုင်းနိုင်ငံများဟို ပြသခဲ့အယ်။
LUK 4:6 “ငါဟ ဟေတန်ခိုးအားလုံးနဲ့ ချမ်းသာကြွယ်ဝမှုအားလုံးဟို နင့်ဟို ပေးမယ်၊ ဆိသမျှလို့ဟ ငါ့လက်ဟို အပ်နှင်းထားပင်း ဖြစ်ယွေ့ ငါအလိုဆိလဲ့ စသူမဆို ငါပေးနိန်အယ်။
LUK 4:7 ငါ့ဟို ကိုးကွယ်ရင် ဟေအရာအားလုံးလို့ဟ ကိုယ်တော်ရဲ့ ဥစ္စာ ဖြစ်လိမ့်မယ်” ဟု ပြောအယ်။
LUK 4:8 ယေရှုဟလည်း “ကျမ်းစာပြောတာဟ ‘နင်ရဲ့ အဆှင် ဘုရားသခင်ဟိုသာ ကိုးကွယ်ရမယ်’ ” ဟု ပြန်ပြောအယ်။
LUK 4:9 အဲပင်းရင် မာရ်နတ်ဟ ယေရှုအား ယေရုရှလင်မြို့ဟို ခေါ်သွားယွေ့ ဗိမာန်တော်ရဲ့ ထိပ်ဖျားနှိုက် တင်ထားပင်း “နင်ဟ ဘုရားသခင်ရဲ့ သားတော်ဖြစ်ရင်၊ ဟေနေရာမှ အောက်ဟို ကိုယ့်တတ်တိုင်း ခုန်ချပါလော့ဟု ပြောအယ်။
LUK 4:10 ကျမ်းစာပြောတာဟ ‘ဘုရားသခင်ဟ နင့်ဟို စောင့်ဆှောက်ဖို့ ခေါန်းခင်တမန်များဟို အမိန့်ပေးမယ်’
LUK 4:11 ‘နင်ရဲ့ ခြေထောက်များဟို ကျောက်နဲ့ မထိခိုက်စေရန် သူလို့ဟ နင့်ဟို သူလို့ လက်နဲ့ ချီပင့်ကြလိမ့်မယ်’ ” ဟု ပြောအယ်။
LUK 4:12 ယေရှုဟလည်း “ကျမ်းစာပြောတာဟ ‘နင့်ရဲ့ ဘုရားသခင် အဆှင်ဟို အစုံစမ်း မပြုရ’ ” ဟု ပြန်ပြောအယ်။
LUK 4:13 မာရ်နတ်ဟ ယေရှုဟို နည်းအမျိုးစုံနဲ့ စုံစမ်းသွေးဆောင် ပင်းသောအခါ၊ သူ့ဆေမှ ထွက်သွားယွေ့ အခွင့်ကောင်းရလဲ့အထိ စောင့်နေအယ်။
LUK 4:14 ယေရှုဟ ဝိညာဉ်တော် တန်ခိုးနဲ့ ပြေ့ဝလျက် ဂါလိလဲပြေဟို ပြန်လာအယ်၊ သူနဲ့ ပတ်သက်လဲ့ သတင်းဟ အေးနယ်မြေတခုလုံး ပျံ့နှံ့သွားအယ်။
LUK 4:15 ကိုယ်တော်ဟ တရားဇရပ်များမှာ သွန်သင်ရာ လူအားလုံးလို့ဟ ကိုယ်တော်ဟို ချီးမွန်းကြအယ်။
LUK 4:16 ယေရှုဟ သူကြီးပြင်းခဲ့သော နာဇရက်မြို့မှ ပြန်သွားပင်း၊ ဥပုသ်နေ့နှိုက် ကိုယ်တော်ဟ အလေ့ဆိလဲ့အတိုင်း တရားဇရပ်ဟို ဝင်အယ်။ ကိုယ်တော်ဟ ကျမ်းစာဖတ်ဖို့ ထအယ်။
LUK 4:17 ဇရပ်စောင့်ဟ ပရောဖက် ဟေရှာယရဲ့ ကျမ်းပအုပ်ဟို ကမ်းယွေ့ ပေးအယ်။ ကျမ်းစာလိပ်ဟို ဖွင့်ပင်း ရေးသားထားလဲ့ နေရာဟိုတွေ့ရင်၊
LUK 4:18 “သခင်ဘုရားရဲ့ ဝိညာဉ်တော်ဟ ငါ့အပေါ်မှာ တည်အယ်။ ဆင်းရဲသောသူလို့အား သတင်းကောင်းဟို ဟောကြားစေရန် ငါဟို ခန့်ထားပီ။ ဖမ်းဆီးချုပ်ထားလျက် ဆိသော သူလို့အား လွတ်မြောက်စေရန်၊ မျက်စေ့ကန်းသူများ မျက်စေ့အလင်း ပြန်လည်ရဆိစေရန်၊ နှိပ်စက်ခံရသူများအား လွတ်မြောက်စေရန်၊
LUK 4:19 သခင်ဘုရားဟ မိမိလူစုဟို ကယ်တင်မယ်အချိန်ရောက်လာပီ ဖြစ်ကျောန်း၊ ကြေညာရန် ငါ့ဟို စေလွှတ်ပီ” ဟု ကျမ်းပိုဒ်ဟို ဖတ်အယ်။
LUK 4:20 အေးနောက် ယေရှုဟ ကျမ်းစာလိပ်ဟို ပြန်လိပ်ပင်း ဇရပ်စောင့်အား ပြန်ပေးပင်းမှ ထိန်အယ်။ တရားဇရပ်နှိုက် ဆိသော လူအားလုံးဟ ကိုယ်တော်ဟို စိုက်ကျေ့ နေကြအယ်။
LUK 4:21 ယေရှုဟ “ဟေဖတ်ခဲ့တာဟို ကြားခဲ့လဲ့အတိုင်း ခုနေ့ပင် ဟေကျမ်းစာချက်ဟ အမန်တကယ် ပြေ့စုံလာပီ” ဟု သူလို့အား ပြောအယ်။
LUK 4:22 သူလို့အားလုံးဟ ကိုယ်တော်ဟို ချီးကျူးကြပင်း သူ့နှုတ်ထွက်စကားလို့ဟို အံ့ဩလျက် “ဟေသူဟ ယောသပ်ရဲ့ သား မဟုတ်လော” ဟု ဆိုကြအယ်။
LUK 4:23 ယေရှုဟလည်း “နင်လို့ဟ ဟေပုံဥပမာဟို ကိုးကားလျက် ‘ဆရာဝန်၊ ကိုယ့်အနာဟို ပျောက်ကင်းစေလော့’ ဟု ငါ့ဟို ပြောဆိုလိမ့်မယ်။ ကပေနောင်မြို့မှာ လုပ်ခဲ့ဟာဟို နင်လို့ ကြားလဲ့အတိုင်း ကိုယ့်ဇာတိမြို့တွင်လည်း ပြုပါဟု ငါ့ဟို ပြောဆိုကြလိမ့်မယ်။”
LUK 4:24 ယေရှုဟ ငါ အမန်ပြောတာဟ “ပရောဖက်လို့သည် သူလို့ရဲ့ ဇာတိမြို့တွင် ပစာအခါမှ ကြိုဆိုခြင်း မခံရဟု ဆိုအယ်။
LUK 4:25 ငါ ပြောလဲ့စကားဟို နားထောင်ပါ ဧလိယ လက်ထက်နှိုက် ဣသရေလနိုင်ငံတွင် သုံးနှစ်နဲ့ ခြောက်လပတ်လုံး မိုးမရွာသောအခါ မြေတပြင်လုံးတွင် ပြင်းထန်သော အစာငတ်မွတ် ခေါင်းပါးခြင်း ဖြစ်ပွားခဲ့သောကျောန့် မုဆိုးမများ ရမ်းဆာ့များခဲ့အယ်ဆိုတာ မန်သောစကား ဖြစ်အယ်။
LUK 4:26 အဲလိုလဲ ဣသရေပြေဆိ မုဆိုးမလို့ထဲမှ စသူ့ဆေဟိုမျှ ဧလိယဟို မစေလွှတ်ဘဲ ဇိဒုန်ပြေ ဇရတ္တမြို့နှိုက်နေသော မုဆိုးမ တယောက်ဆေဟို စေလွှတ်အယ်။
LUK 4:27 ပရောဖက် ဧလိရှဲ လက်ထက်အချိန် အတောအတွင်းလည်း ဣသရေလပြေတွင် နေထိန်ကြသော လူများလို့ဟ ရမ်းဆာ့ ကြောက်ဖို့ကောင်းလဲ့ အရေပြားရောဂါကျောန့် ဒုက္ခဆင်းရဲခံရကြအယ်၊ ပစာကို့ နေမန် နာမယ်ဆိသော ရှုရိလူမှတပါး စသူမှ သန့်ဆှင်းခြင်းဟို မရောက်ရ” ဟု မိန့်အယ်။
LUK 4:28 တရားဇရပ်မှာဆိသော လူများလို့ဟ အေးစကားဟို ကြားသောအခါ ရမ်းဆာ့ အူထော့ကြအယ်။
LUK 4:29 သူလို့ဟ ထပင်း ယေရှုဟို မြို့ပြင်ဟို ဆွဲထုတ်ပင်းရင်၊ သူလို့မြို့မှာ တည်ဆောက်ထားသော တောင်ထိပ်ဟို ခေါ်သွားကြပင်း သူ့ဟို ချောက်ထဲဟို လောချရန် ခေါ်ဆောင်သွားကြအယ်။
LUK 4:30 အဲလိုလဲ ယေရှုဟ လူအုပ်အလယ်မှ ဖြတ်ဆှောက်သွားအယ်။
LUK 4:31 ယေရှုဟ ဂါလိလဲပြေ ကပေရနောင်မြို့ဟို သွားအယ်၊ ဥပုသ်နေ့နှိုက် ကိုယ်တော်ဟ လူလို့အား သင်ပေးခဲ့အယ်။
LUK 4:32 ကိုယ်တော်ရဲ့ စကားဟ အခွင့်အာဏာ ဆိသောကျောန့် လူလို့ဟ ကိုယ်တော်ရဲ့ သွန်သင်ချက်ဟို အံ့ဩကြအယ်။
LUK 4:33 တရားဇရပ်နှိုက် ညစ်ညူးသောနတ်ပူးသူ လူတယောက် ဆိပင်း၊ သူဟ ရမ်းဆာ့ အသံကျယ်နဲ့ အော်ကယွေ့၊
LUK 4:34 “အို နာဇရက်မြို့သား ယေရှု၊ ငါလို့ဆေဟ ပစာလိုချင်လို့လုန်း၊ ငါလို့ဟို ဖျက်ဆီးမို့ လာသလော၊ ကိုယ်တော်ဟ စသူဆိုဟာ ငါသိအယ်၊ ကိုယ်တော်ဟ ဘုရားသခင်ရဲ့ သန့်ဆှင်းလဲ့ သတင်းစကား သယ်ဆောင်လာသူ ဖြစ်အယ်” ဟု ပြောအယ်။
LUK 4:35 ယေရှုဟ “တိတ်တိတ်နေလော့၊ အေးသူရဲ့ အထဲဟ ထွက်သွားလော့” ဟု နတ်ဆိုးဟို အမိန့်ပေးအယ်။ နတ်ဆိုးဟ အဲသူဟို လူများဆေ့မှာ လဲချပင်း အန္တရာယ်တခုမှ မလုပ်ပဲ သူ့ဆေဟနေ ထွက်သွားအယ်။
LUK 4:36 လူအားလုံးလို့ဟ အံ့ဩကြပင်း “အေးသူရဲ့ စကားဟ စလိုလုန်း၊ သူဟ ညစ်ညူးသောနတ်များဟို ထွက်သွားရန် တန်ခိုးအာဏာဖြင့် အမိန့်ပေးယွေ့ သူလို့ဟ ထွက်သွားကြအယ်” ဟု တယောက်နဲ့ တယောက် ပြောဆိုကြအယ်။
LUK 4:37 ယေရှုရဲ့ သတင်းတော်ဟ ပတ်ဝန်းကျင်အရပ်လို့နှိုက် ပျံ့နှံ့သွားလေအယ်။
LUK 4:38 ယေရှုဟ တရားဇရပ်မှ ထွက်သွားပင်းနောက် ရှိမုန်ရဲ့ နေအိုင်ဟို သွားအယ်။ သူလို့ဟ ရှိမုန်ရဲ့ ယောက္ခမ ရမ်းဆာ့ ဖျားနေကျောန်းဟို ယေရှုအား ပြောကြအယ်။
LUK 4:39 ကိုယ်တော်ဟ အေးမိန်းမရဲ့ နဘေးမှာ ရပ်ပင်း အဖျားပျောက်စေရန် အမိန့်ပေးအယ်၊ သူဟ ခုတုံးပင် အဖျားပျောက်ယွေ့ ထပင်း သူလို့အား စတင် လုပ်ကျွေးပြုစုလေအယ်။
LUK 4:40 ညခင်းချိန်နှိုက် အမျိုးမျိုး အနာရောဂါစွဲသော သူလို့ရဲ့ မိတ်ဆွေများဟ အေးလူနာလို့ကို ယေရှု ဆေဟို ခေါ်ခဲ့ကြအယ်၊ ကိုယ်တော်ဟ လူနာအသီးသီးလို့ အပေါ်မှာ သူ့လက်ဟို တင်ယွေ့ သူလို့ရဲ့ ရောဂါများဟို ပျောက်ကင်းစေအယ်။
LUK 4:41 နတ်ဆိုးလို့ဟ လူများဆေမှ “ကိုယ်တော်ဟ ဘုရားသခင်ရဲ့ သားတော် ဖြစ်အယ်” လို့ အော်ပင်း ထွက်သွားကြအယ်။ ယေရှုဟ နတ်ဆိုးများဟို စကားတခွန်းမှ မပြောစေခြင်းငှာ အမိန့်ပေးအယ်၊ သူလို့ဟ ကိုယ်တော်သည် မေဆှိယ ဖြစ်ကျောန်းဟို သိကြအယ်။
LUK 4:42 မိုးလင်းသောအခါ ယေရှုဟ မြို့ထဲမှာ ထွက်သွားပင်းနောက် တိတ်ဆိတ်သောနေရာဟို သွားအယ်။ လူလို့ဟ ကိုယ်တော်ဟို စတင် ဆာကြအယ်၊ သူလို့ဟ ကိုယ်တော်ဟို ဆာယွေ့ တွေ့သောအခါ မိမိလို့ဆေမှ မထွက်သွားစေရန် ကြိုးစားကြအယ်။
LUK 4:43 အဲလိုလဲ ယေရှုဟ “ငါဟ တခြားမြို့များတွင် ဘုရားသခင်ရဲ့ နိုင်ငံတော်အကျောန်း သတင်းကောင်းဟို ဟောရမယ်၊ ပစာကို့ အေးလို့လုပ်ရန် ဘုရားသခင်ဟ ငါ့ဟို စေလွှတ်အယ်” လို့ ပြောအယ်။
LUK 4:44 အေးကျောန့် ကိုယ်တော်ဟ ယုဒပြေတလွှားဆိ တရားဇရပ်များနှိုက် တရားဟောအယ်။
LUK 5:1 တနေ့တွင် ယေရှုဟ ဂင်နေသရက် အိန်နားမှာ ရပ်နေစဉ် လူများဟ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟို နားထောင်ရန် ကိုယ်တော်ရဲ့ အနီးဟို တိုးလာကြအယ်။
LUK 5:2 သူဟ ကမ်းခြေနားမှာ ဆိုက်ထားသော လှေနေစီးဟို မျော်အယ်၊ တံငါသည်လို့ဟ လှေပေါ်မှာ ထားခဲ့ပင်း မိမိလို့ရဲ့ ပိုက်ကွန်များဟို ဆေးနေကြအယ်။
LUK 5:3 ယေရှုဟ ရှိမုန် ပိုင်ဆိုင်သော လှေဆေဟို သွားပင်း၊ ကမ်းမှ နည်းနည်းခွာဖို့ ပြောအယ်၊ အေးနောက် ကိုယ်တော်ဟ လှေပေါ်မှာ ထိန်ပင်း လူအုပ်လို့အား သွန်သင်အယ်။
LUK 5:4 စကားပြောပင်းသောအခါ “လှေဟို ယေနက်ရာဟို ရွေ့အုံးမန့်၊ ငါးမိစေဖို့ နင်နဲ့ နင်ရဲ့ လုပ်ဖော်ကိုင်ဖက်လို့ရဲ့ ပိုက်ကွန်ဟို ချလော့” ဟု ရှိမုန်အား ပြောအယ်။
LUK 5:5 ရှိမုန်ဟ “သခင်၊ ငါလို့ဟ တညလုံး ကြိုးစားပင်း ဖမ်းခဲ့ပေမဲ့ တကောင်မှ မရမန့်၊ အဲလိုလဲ ကိုယ်တော် ပြောသောကျောန့် ငါ ပိုက်ကွန်ဟို ချမန့်မယ်” ဟု ပြန်ပြောအယ်။
LUK 5:6 သူလို့ဟ လောချယွေ့ ရမ်းဆာ့သော ငါးလို့ဟို အုပ်မိသဖြင့် ပိုက်ကွန်ဟ ပြဲခါနီး ဆိအယ်။
LUK 5:7 အခြား လှေတစင်းမှာ ဆိသော သူလုပ်ဖော်ကိုင်ဖက်လို့ဟို လာကူညီပေးဖို့ သူလို့ဟို အချက်ပြလေအယ်။ အေးသူလို့ဟ လာယွေ့ လှေနေစင်းလုံး ငါးနဲ့ ပြေ့သဖြင့် နစ်ခါနီးနီး ဆိကြအယ်။
LUK 5:8 ရှိမုန် ပေတရုဟ ဖြစ်ပျက်ခဲ့လဲ့အရာဟို မျော်သောအခါ ယေရှု ဆေ့မှာ ဒူးထောက်ပျပ်ဝပ်လျက် “သခင်၊ ငါဟ အပစ်သား ဖြစ်အယ်၊ ငါဆေမှ ထွက်သွားမန့်” ဟု ပြန်ပြောအယ်။
LUK 5:9 သူနဲ့ တခြားသူများအားလုံး သူလို့ ဖမ်းမိလိုက်သော ရမ်းဆာ့များသော ငါးလို့ဟို ကျေ့ပင်း အံ့ဩကြအယ်။
LUK 5:10 ရှိမုန်ရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်သော ဇေဗေဒဲရဲ့ သား ယာကုပ်နဲ့ ယောဟန်လို့လည်း အဲတိုင်းတိုင်း အံ့ဩကြအယ်။ ယေရှုဟ “မကြောက်ကြနဲ့၊ အခုမှစပင်း နင်လို့ဟ လူဟို ဖမ်းမိသောသူ ဖြစ်လိမ့်မယ်” ဟု ရှိမုန်အား ပြောအယ်။
LUK 5:11 သူလို့ဟ လှေဟို ကမ်းပေါ် ဆွဲတင်ပင်း ဆိသမျှအားလုံးဟို ထားပင်း ယေရှု နောက်လိုက်ကြအယ်။
LUK 5:12 တခါ ယေရှုဟ မြို့ထဲတွင် ဆိပင်း အေးမြို့တွင် အရေပြားရောဂါဝေဒနာ ခံစားနေရသော လူတယောက် ဆိအယ်။ သူဟ ယေရှုဟို မျော်သောအခါ သူ့ကိုယ်သူ လဲချပင်း အသနားခံလျက် “ဆရာ၊ ကိုယ်တော် အလိုဆိရင် ငါ့အား သန့်ဆှင်းစေနိန်အယ်” ဟု ပြောအယ်။
LUK 5:13 ယေရှုဟ သူ့လက်တော်ဟို ဆန့်ပင်း အေးသူဟို တို့အယ် “ငါ အလိုဆိအယ်၊ သန့်ဆှင်းစေ” ဟု ပြောအယ်။ ခုတုံးပင် သူဟ နူနာရောဂါ ပျောက်လေအယ်။
LUK 5:14 ယေရှုဟ “စသူ့ဟိုမှ မပြောနဲ့၊ အဲလိုလဲ ယဇ်ပုရောဟိတ်ဆေဟို သွားယွေ့ ကိုယ့်တတ်တိုင်း ပြလော့၊ သူလို့ဆေမှာ သက်သေဖြစ်စေရန် နင်ရဲ့ စင်ကြယ်ခြင်းအတွက် မောရှေ မိန့်မှာထားလဲ့အတိုင်း ပူဇော်သကာဟို ပူဇော်လော့” ဟု မိန့်အယ်။
LUK 5:15 အဲလိုလဲ ယေရှုနဲ့ ပတ်သက်လဲ့ သတင်းများဟ ပိုပင်း ကျယ်ပြန့် ပျံ့နှံ့သွားပင်း လူများလို့ဟလည်း ယေရှုရဲ့ တရားဟို ကြားနာရန်နဲ့ မိမိလို့ရဲ့ အနာရောဂါများ ပျောက်ကင်းစေရန် လာကြကုန်အယ်။
LUK 5:16 အဲလိုလဲ ယေရှုဟ လူသူကင်းဝေးရာ နေရာဟို သွားပင်း ဆုတောင်းလေအယ်။
LUK 5:17 တနေ့မှာ ယေရှုဟ သွန်သင်နေစဉ် ယေရုရှလင်မြို့မှ စပင်း ယုဒပြေ၊ ဂါလိလဲပြေ မြို့များမှ လာကြသော ဖာရိရှဲလို့နဲ့ ကျမ်းတတ်ဆရာများဟ ထိန်နေကြအယ်။ အနာရောဂါများ ပျောက်ကင်းစေဖို့ ဘုရားသခင်ရဲ့ တန်ခိုးတော်ဟ ယေရှုနဲ့အတူ ဆိအယ်။
LUK 5:18 လူအချို့လို့ဟ လေဖြတ်နေသောသူ တယောက်ဟို အိပ်ယာထမ်းစင်နဲ့ သယ်ဆောင်လာပင်း သူ့ဟို နေအိုင်ထဲဟို သယ်ပင်း ယေရှုဆေ့တွင် ချထားရန် ကြိုးစားကြအယ်။
LUK 5:19 လူများသောကျောန့် အထဲဟို ဝင်စရာ နည်းလမ်း မတွေ့သဖြင့်၊ အိုင်မိုးပေါ်ဟို သယ်ခဲ့ပင်း အုတ်ကြွပ်ပြားဟို ဖွင့်ယွေ့ လူနာဟို အိပ်ယာနဲ့အတူ လူလို့အလယ် ယေရှုဆေ့ဟို လျှောချကြအယ်။
LUK 5:20 ယေရှုဟ အေးသူလို့ရဲ့ ယုံကြည်ခြင်း စလောက်ဆိအယ်ဟို မျော်သောအခါ အေးလူဟို “မိတ်ဆွေ၊ နင်ရဲ့ အပစ်ဟို ငါ ခွင့်လွှတ်ပီ” ဟု မိန့်အယ်။
LUK 5:21 ကျမ်းတတ်ဆရာများနဲ့ ဖာရိရှဲများဟ “ဘုရားဟို ပစ်မားပြောဆိုသော ဟေသူဟ စသူလုန်း၊ အပစ်များမှ ခွင့်လွှတ်နိန်သူဟာ ဘုရားသခင် တဦးတည်းသာ ဖြစ်အယ်” ဟု သူလို့တတ်တိုင်း ဟောနေကြအယ်။
LUK 5:22 ယေရှုဟ သူလို့ စိတ်ထဲမှ အတွေးဟို သိရင် “ပစာကျောန့် နင်လို့ ဟေအရာများဟို တွေးနေကြလုန်း။
LUK 5:23 ‘နင့်ရဲ့ အပစ်ဟို လွှတ်စေပီ’ လို့ပြောရဟာ ပိုပင်း လွယ်ကူသလော အဲဟာမဟုတ်ရင် ‘ထပင်း လှမ်းသွားမန့်’ လို့ ပြောရဟာ ပိုပင်း လွယ်သလော။
LUK 5:24 လူသားဟ မြေကြီးပေါ်မှာ အပစ်လွှတ်ပိုင်လဲ့ အာဏာဆိတာဟို နင်လို့ဟို သက်သေပြမယ်” ဟု သူလို့အား ပြောပင်း၊ ယေရှုဟ “ထလော့၊ နင့်အိပ်ယာဟို သိမ်းပင်း အိုင်ဟို ပြန်လော့” ဟု လေဖြတ်နေသောသူဟို မိန့်အယ်။
LUK 5:25 သူဟ လူလို့ဆေ့မှာ ခုတုံး ထပင်း အိပ်ယာဟို ယူယွေ့၊ ဘုရားသခင်ဟို ချီးမွန်းပင်း အိုင်ဟို ပြန်သွားအယ်။
LUK 5:26 သူလို့ဟ ရမ်းဆာ့အံ့ဩ ကြောက်လန့်မှုနဲ့ ပြေ့ပင်း ဘုရားသခင်ဟို ချီးမွန်းလျက် “အံ့ဩဖွယ် အမှုအရာလို့ဟို ငါလို့ ခုနေ့ မျော်ရလေပီ” ဟု ပြောဆိုကြအယ်။
LUK 5:27 အေးနောက် ယေရှုဟ ထွက်သွားပင်း အကောက်ခွန်ရုံးတွင် လေဝိ နာမယ်ဆိသော အခွန်ခံသူ ထိန်နေဟာဟို မျော်အယ်။ ယေရှုဟ “ငါ့နောက်ဟို လိုက်မန့်” ဟု ပြောအယ်။
LUK 5:28 လေဝိဟ ဆိသမျှဟို စွန့်ပင်း ထယွေ့ ယေရှု နောက်လိုက်လေအယ်။
LUK 5:29 အဲပင်းရင် လေဝိဟ ယေရှုဖို့ နေအိုင်နှိုက် ဧည့်ခံပွဲကြီးဟို ကျင်းပအယ်။ အခွန်ခံသူ လူအစုဝေးနဲ့ အခြားသောသူ များစွာလို့ဟ သူလို့နဲ့အတူ ထိန်ယွေ့ စားသောက်နေကြအယ်။
LUK 5:30 ဖာရိရှဲလို့နဲ့ သူလို့ရဲ့ အုပ်စုဝင် ဖြစ်လဲ့ ကျမ်းတတ်ဆရာလို့ဟ “ပစာကျောန့် နင်လို့ဟ အခွန်ခံများနဲ့ တခြား ဆိုးသွမ်းသောသူများနဲ့အတူ စားသောက်ကြသလော” ဟု ယေရှုရဲ့ တဘဲ့တော်လို့ဟို ကဲ့ရဲ့ကြအယ်။
LUK 5:31 ယေရှုဟ “ကျန်းမာသောသူလို့ဟ ဆရာဝန် လိုအပ်ဝူး၊ နေမကောင်းသူပဲ လိုအပ်အယ်။
LUK 5:32 ငါဟ နောင်တရပင်း ဂုဏ်အသရေဆိသူများဟို ခေါ်ဖို့ လာတာ မဟုတ်၊ အဲလိုလဲ အပယ်ခံရသူများဟို ခေါ်ဖို့ လာအယ်” ဟု မိန့်အယ်။
LUK 5:33 လူအချို့လို့ဟ ယေရှုဟို “ယောဟန်ရဲ့ တဘဲ့လို့နဲ့ ဖာရိရှဲလို့ဟ အစာဆှောင်ခြင်းနဲ့ ဆုတောင်းခြင်းဟို ခဏခဏလုပ်လေ့ ဆိကြအယ်၊ အဲလိုလဲ ကိုယ်တော်ရဲ့ တဘဲ့တော်လို့ဟ စားသောက်နေကြမန့်လော” ဟု ဆှောက်ကြအယ်။
LUK 5:34 ယေရှုဟ “မင်္ဂလာဆောင်ပွဲတွင် သတို့သားရဲ့ မိတ်ဆွေလို့ဟ သတို့သားနဲ့အတူ ဆိနေစဉ် သူလို့ဟို အစာဆှောင်နိန်စေမလော။
LUK 5:35 အဲလိုလဲ သတို့သားဟို သူရဲ့ အပေါင်းအဖော်လို့ဆေမှ ခေါ်ဆောင်သွားမဲ့ နေ့ရက် ရောက်လာလိမ့်မယ်၊ အေးအခါ သူလို့ဟ အစာဆှောင်ကြလိမ့်မယ်” ဟု မိန့်အယ်။
LUK 5:36 ယေရှုဟ ပုံဥပမာနဲ့ သူလို့ဟို ပြောတာဟ “စသူမှ အဝတ်ဟောင်းဟို အဝတ်သစ်နဲ့ ဖာလဲ့ စလေ့မဆိ၊ အဲလိုမို့ အဝတ်သစ်ဟို ဖြဲရတာမက ဖာသောအထည်သစ်ဟ အဝတ်ဟောင်းနဲ့ မကိုက်ညီဘဲ ဆိလိမ့်မယ်။
LUK 5:37 အေးနည်းတူ စပျစ်ယေသစ်ဟို သားယေဖူးဟောင်းတွင် ထည့်လေ့ မဆိ၊ ပစာကို့ စပျစ်ယေသစ်ဟ သားယေဖူးဟို ပေါက်ပြဲစေသဖြင့် စပျစ်ယေယိုပင်း သားယေဖူးဟ ပျက်စီးသွားလိမ့်မယ်။
LUK 5:38 အသစ်သော စပျစ်ယေဟို အသစ်သော သားယေဖူးထဲမှာ ထည့်ရအယ်။
LUK 5:39 စပျစ်ယေဟောင်းဟို သောက်ပင်းသော သူဟလည်း ‘စပျစ်ယေဟောင်းဟ ကောင်းအယ်’ ဟု ဆိုလျက် စပျစ်ယေအသစ်ဟို သောက်လိုစိတ်မဆိ” ဟု မိန့်အယ်။
LUK 6:1 ဥပုသ်နေ့နှိုက် ယေရှုဟ ဂျုံစပါးခင်းလို့ဟို ဖြတ်ဆှောက်သွားခဲ့အယ်။ ကိုယ်တော်ရဲ့ တဘဲ့တော်လို့ဟ ဂျုံနှံများဟို ခူးပင်း သူလို့လက်နဲ့ ပွတ်နယ်ပင်း စားကြအယ်။
LUK 6:2 တချို့ ဖာရိရှဲလို့ဟ “နင်လို့ဟ မစာကျောန့် ဥပုသ်နေ့နှိုက် ငါလို့ ပညတ်ထားလဲ့ မလုပ်သင့်လဲ့ အလုပ်ဟို လုပ်ကြလုန်း” ဟု မေးကြအယ်။
LUK 6:3 ယေရှုဟ သူလို့အား “ဒါဝိဒ်နဲ့ သူ့ရဲ့ လူများ မွတ်သောအခါ စလိုလုပ်ခဲ့ကျောန့် နင်လို့ တခါမျှ မဖတ်ဝူးသလော၊
LUK 6:4 သူဟ ဘုရားသခင်ရဲ့ အိုင်တော်ဟို ဝင်ယွေ့ ပညတ်အရ ယဇ်ပုရောဟိတ်မှတပါး စသူမှ စားခွင့် မဆိသော ဆေ့တော်မုန့်ဟို ယူစားပင်း သူရဲ့ လူများအား ပေးခဲ့အယ်” သူလို့အား ပြောအယ်။
LUK 6:5 အေးနောက် ယေရှုဟ “လူသားသည် ဥပုသ်နေ့ဟို အစိုးရလဲ့ သခင် ဖြစ်အယ်” ဟု မိန့်အယ်။
LUK 6:6 တခြား ဥပုသ်နေ့နှိုက် ယေရှုဟ တရားဇရပ်ဟို ဝင်ယွေ့ သွန်သင်အယ်၊ အေးဇရပ်ထဲတွင် ညာလက် သေနေသောသူ တယောက် ဆိအယ်။
LUK 6:7 အချို့ ကျမ်းတတ်ဆရာများနဲ့ ဖာရိရှဲအချို့လို့ဟ ယေရှုဟို မားလဲ့လုပ်ရပ်အဖြစ် စွပ်စွဲဖို့ အကျောန်းပြချက် လိုချင်နေသဖြင့်၊ ကိုယ်တော်ဟ ဥပုသ်နေ့နှိုက် အေးသူရဲ့ ရောဂါဟို ငြိမ်းစေမယ် မငြိမ်းစေမယ်ဟို သူလို့ဟ စောင့်ကျေ့နေကြအယ်။
LUK 6:8 ယေရှုဟ သူလို့ရဲ့ အတွေးဟို သိသောကျောန့် သူ့အား “ထလော့၊ အဆေ့မှာ လာလော့” ဟု မိန့်အယ်။ အေးသူဟ နေရာမှ ထပင်း ရပ်လေအယ်။
LUK 6:9 အေးနောက် ယေရှုဟ “ပညတ်အရ ဥပုသ်နေ့နှိုက် စလိုလုပ်ရမလော၊ ကောင်းတာဟို လုပ်မလော အဲဟာမဟုတ်ရင် ဆိုးတာဟို လုပ်မလော၊ တစုံတယောက်ရဲ့ အသက်ဟို ကယ်ဖို့လား အဲဟာမဟုတ်ရင် သတ်ဖို့လား” ဟု သူလို့အား ပြောအယ်။
LUK 6:10 ယေရှုဟ အေးသူအားလုံးလို့ဟို လှည့်ကျေ့ပင်း အေးသူဟို “နင့်လက်ဟို ဆန့်လော့” ဟု မိန့်ယွေ့ သူဟ လက်ဟို ဆန့်လိုက်သောအခါ သူ့လက်ဟ အကောင်းအတိုင်း ဖြစ်လာအယ်။
LUK 6:11 အဲလိုလဲ ဖာရိရှဲလို့နဲ့ ကျမ်းတတ်ဆရာလို့ဟ အူထော့ဖြစ်လျက် ယေရှုအား စလို လုပ်ရမယ်ဟု အချင်းချင်း စတင် ဆွေးနွေးကြအယ်။
LUK 6:12 အေးအချိန်ခါနှိုက် ယေရှုဟ ဆုတောင်းဖို့ တောင်ပေါ် တက်သွားပင်း၊ အေးမှာ တညလုံး ဘုရားသခင်ဆေ ဆုတောင်းနေအယ်။
LUK 6:13 နောက်နေ့ရောက်သောအခါ သူ့ရဲ့ တဘဲ့တော်လို့ဟို ခေါ်ပင်း သူလို့ထဲဟ တဆယ့်နေပါးဟို ရွေးချယ်ပင်း တမန်တော်လို့ဟု နာမယ်ပေးအယ်။
LUK 6:14 ရှိမုန် (ယေရှု နာမယ်ပေးတဲ့ ပေတရု) နဲ့ သူ့ရဲ့ ညီ အန္ဒြေ၊ ယာကုပ်နဲ့ ယောဟန်၊ ဖိလိပ္ပုနဲ့ ဗာသောလမဲ၊
LUK 6:15 မဿဲနဲ့ သောမ၊ အာလဖဲရဲ့ သား ယာကုပ်နဲ့ ဇေလုပ်ဟု ခေါ်သော ရှိမုန် (မျိုးချစ်စိတ်ထက်သန်သူလို့ ခေါ်သောသူ)၊
LUK 6:16 ယာကုပ်ရဲ့ သား ယုဒနဲ့ သစ္စာဖောက်ဖြစ်လာမဲ့ ယုဒရှကာရုတ်လို့ ဖြစ်ကြအယ်။
LUK 6:17 ယေရှုဟ တမန်တော်လို့နဲ့အတူ တောင်ပေါ်ဟ ဆင်းလာပင်း မြေညီရာအရပ်တွင် သူ့ရဲ့ တဘဲ့ လူအုပ်ကြီးများနဲ့အတူ ရပ်အယ်။ အေးနေရာတွင် ရမ်းဆာ့များသော လူအုပ်ကြီးများဟ ယုဒပြေ၊ ယေရုရှလင်မြို့မှ လည်းကောင်း၊ ကမ်းရိုးတန်းမြို့များ ဖြစ်လဲ့ တုရုမြို့နဲ့ ဇိဒုန်မြို့များမှ လည်းကောင်း လာကြသူ အများဆိအယ်။
LUK 6:18 သူလို့ဟ ကိုယ်တော်ရဲ့ တရားကြားနာရန်နဲ့ မိမိလို့ရဲ့ အနာရောဂါများ ပျောက်ကင်းစေရန် လာရောက်ကြအယ်။ ညစ်ညူးသောနတ်ကျောန့် ဒုက္ခရောက်သူများလည်း လာယွေ့ ကျန်းမာခြင်းဟို ရကြအယ်။
LUK 6:19 ကိုယ်တော်အထဲဟ တန်ခိုး ထွက်ယွေ့ လူအပေါင်းလို့ဟို ကျန်းမာစေတာ ဖြစ်ယွေ့၊ လူအားလုံးလို့ဟ ကိုယ်တော်ဟို ထိနိန်ဖို့ ကြိုးစားကြအယ်။
LUK 6:20 ယေရှုဟ သူ့တဘဲ့တော်များဟို ကျေ့ပင်း၊ “ဆင်းရဲသော နင်လို့ဟ မင်္ဂလာဆိကြအယ်၊ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟ နင်လို့ရဲ့ နိုင်ငံ ဖြစ်အယ်။
LUK 6:21 အခု မွတ်သောသူလို့ဟ မင်္ဂလာဆိအယ်၊ နင်လို့ ဝပြောရလိမ့်မယ်။ အခု ငိုကသော နင်လို့ဟ မင်္ဂလာဆိအယ်၊ နင်လို့ဟ ရယ်မောရလိမ့်မယ်။
LUK 6:22 “လူသားကျောန့် လူလို့ဟ နင်လို့ဟို မုန်းသောအခါနှိုက် လည်းကောင်း၊ ငြင်းပယ်ကြသောအခါနှိုက် လည်းကောင်း၊ စော်ကားခံရသောအခါနှိုက် လည်းကောင်း၊ မကောင်းသောသူဟု ပြောကြသောအခါနှိုက် လည်းကောင်း၊ နင်လို့ဟ မင်္ဂလာဆိကြအယ်။
LUK 6:23 အေးလို့ ကြုံတွေ့ရသောအခါ ဝမ်းမြောက်ကြလော့၊ ဝမ်းမြောက်လဲ့အတွက် ခုန်ကကြလော့၊ ပစာကို့ ခေါန်းခင်နိုင်ငံမှာ နင်လို့ဆုဟ ရမ်းဆာ့ ကြီးအယ်။ သူလို့ရဲ့ ဖိုးဖေးများဟ ပရောဖက်များလို့ဟို အေးလို့ ပုံစံအတိုင်း လုပ်ခဲ့ကြအယ်။
LUK 6:24 “အဲလိုလဲ ခုခါ ချမ်းသာသူလို့ နင်လို့ စလောက် ကြောက်စရာ ကောင်းလဲ၊ နင်လို့ဟ အခု ဖဝါ့နှိုက် သက်သာစွာ နေထိန်ရကြအယ်။
LUK 6:25 ခုခါ ဝစွာ စားရသောသူလို့ နင်လို့ စလောက် ကြောက်စရာကောင်းလဲ၊ နင်လို့ဟ မွတ်ခြင်းဟို ရောက်လိမ့်မယ်၊ ခုခါ ရယ်တတ်သောသူလို့ နင်လို့ စလောက် ကြောက်စရာကောင်းလဲ၊ နင်လို့ဟ ညည်းတွားခြင်းနဲ့ ငိုကခြင်းဟို ရောက်လိမ့်မယ်၊
LUK 6:26 “လူအားလုံးဟ နင်လို့ဟို ချီးမွန်းကြသောအခါ စလောက် ကြောက်စရာ ကောင်းလဲ၊ သူလို့ရဲ့ ဖိုးဖေးများဟ မားယွင်းလဲ့ ပရောဖက်များဟို အေးပုံစံအတိုင်း ဟောခဲ့ကြပီ။
LUK 6:27 “အဲလိုလဲ ငါဟောတာဟို ကြားသောသူလို့၊ နင်လို့ရဲ့ ရန်သူများဟို ချစ်ပါ၊ နင်လို့ဟို မုန်းတဲ့လူဟိုလည်း ကောင်းလဲ့အမှုဟို ပြုပါ၊
LUK 6:28 နင်လို့ဟို ကျိန်ဆဲသောသူဟို ကောင်းချီးပေးပါ၊ နင်လို့ဟို ကဲ့ရဲ့ရှုတ်ချသော သူလို့အတွက် ဆုတောင်းပေးပါ။
LUK 6:29 နင်လို့ ပါးတဖက်ဟို တယောက်ယောက်ဟ ရိုက်ရင်၊ တခြားတဖက်ဟိုလည်း ရိုက်ဖို့ ပေးပါ၊ နင်ရဲ့ ဝတ်လုံဟို တယောက်ယောက်ဟ ယူသွားရင် နင်ရဲ့ အင်္ကျီဟိုလည်း ယူသွားဖို့ ပေးပါ။
LUK 6:30 နင့်ဆေ တောင်းခံလာသူတိုင်းဟို ပေးလော့၊ နင်ပိုင်ဆိုင်သောအရာလို့ဟို ယူသွားသော သူလို့ဆေမှ ပြန်မတောင်းနဲ့။
LUK 6:31 နင်လို့ဟ ကိုယ်နှိုက် တခြားသူ လုပ်စေလိုလဲ့အတိုင်း တခြားသူလို့အား လုပ်ကြလော့။
LUK 6:32 “နင်လို့ဟို ချစ်သောသူဟိုသာ ချစ်ရင်၊ စလို ကောင်းကြီးဟို ခံစားနိန်မလဲ၊ အပစ်သားများတောင် သူလို့ဟို ချစ်သောသူလို့အား ချစ်ကြအယ်။
LUK 6:33 နင်လို့ဟို ကောင်းတာဟို လုပ်သောသူများဟိုသာ ကောင်းတာလုပ်ပေးရင်၊ နင်လို့ဟ စလို ကောင်းကြီးဟို ခံစားနိန်မလဲ၊ အပစ်သားလို့ပင် ဟေသို့ လုပ်ကြအယ်။
LUK 6:34 ပြန်လည်ရဆိမယ်ဟု မျော်လင့်လျက် သူလို့အား နင်လို့ ငမ်းရင် နင်လို့ဟ စလို ကောင်းကြီး ခံစားနိန်မလဲ၊ တူညီသော ပိတ်ဆန်ဟို ပြန်ရဆိရန် အပစ်သားလို့ပင် အပစ်သားများဆေ ငမ်းပေးကြအယ်။
LUK 6:35 အဲလိုလဲ နင်လို့ ရန်သူဟို ချစ်ကြလော့၊ ကောင်းတာဟို လုပ်ပေးကြလော့၊ ပစာဟိုမှ ပြန်ရဖို့ မမျော်လင့်ဘဲ ငမ်းကြလော့။ အေးလို့လုပ်ရင် နင်လို့ဟ ရဆိမဲ့ ဆုလာဘ်ဟ ကြီးမားပင်း နင်လို့ဟ အမြင့်မြတ်ဆုံးသော ဘုရားရဲ့ လူပဲ့သငယ်လို့ ဖြစ်ကြလိမ့်မယ်၊ ပစာကို့ သူဟ ကျေးဇူးမသိသောသူနဲ့ ဆိုးသောသူအားလည်း ကျေးဇူးပြုအယ်။
LUK 6:36 နင်လို့အဖဟ ကရုဏာဆိလဲ့အတိုင်း နင်လို့ဟလည်း ကရုဏာ ဆိကြလော့။
LUK 6:37 “သူတပါးဟို တရား မစီရင်နဲ့၊ ဘုရားသခင်ဟ နင်လို့ဟို တရားစီရင် လိမ့်မယ် မဟုတ်၊ သူတပါးဟို အပစ်တင် မရှုတ်ချနဲ့၊ ဘုရားသခင်ဟ နင်လို့ဟို အပစ်တင် ရှုတ်ချတော်မမူ၊ သူတပါးဟို ခွင့်လွှတ်ကြလော့၊ ဘုရားသခင်ဟ နင်လို့ဟို ခွင့်လွှတ်လိမ့်မယ်။
LUK 6:38 သူတပါးဟို ပေးကြလော့၊ ဘုရားသခင်ဟ နင်လို့ဟို ပေးလိမ့်မယ်။ အမန်စင်စစ်၊ ရက်ရက်ရောရော ကူညီခြင်း၊ ပြေ့လျှံသော အတိုင်းအတာထက် နင်လို့ လက်ထဲဟို သွန်းလောင်းလိမ့်မယ်။ နင်ဟ အခြားသူလို့ဟို ပေးလဲ့ပမာဏအတိုင်း ဘုရားသခင်ဟ နင်လို့ဟို ပေးလိမ့်မယ်” ဟု ပြောအယ်။
LUK 6:39 ယေရှုဟ ပုံဥပမာအားဖြင့် သူလို့ဟို ပြောတာဟ “မျက်စေ့ မမျော်သောသူသည် တခြား မျက်စေ့ မမျော်သောသူဟို ဦးမဆောင်နိန်၊ သူဟ ဟေသို့လုပ်ခဲ့ရင် နေယောက်လုံး တွင်းထဲဟို ပြုတ်ကျလိမ့်မယ် မဟုတ်လော။
LUK 6:40 တဘဲ့ဟ သူလို့ ဆရာထက် မြတ်တာ မဟုတ်၊ အဲလိုလဲ တဘဲ့တိုင်း သူရဲ့ ပညာသင် ပင်းသောအခါ သူလို့ဆရာလို ဖြစ်လိမ့်မယ်။
LUK 6:41 “နင်လို့ဟ ပစာကျောန့် ကိုယ့်မျက်စေ့နှိုက် သစ်တုံးဟို ဂရုမစိုက်ဘဲ ညီအကိုရဲ့ မျက်စေ့မှာ ဆိလဲ့ ငြောင့်သငယ်ဟို မျော်လုန်း။
LUK 6:42 နင်ရဲ့ ညီအကိုဟို ‘ကျေးဇူးပြုပင်း ညီအကိုရေ နင့်ရဲ့ မျက်စေ့ထဲဟ ငြောင့်သငယ်ဟို ငါ ထုတ်ပေးပါရစေ’ လို့ နင်လို့ ဖယ်လိုပြောမလဲ။ သူတော်ကောင်းဟန်ဆောင်သူလို့ နင့်ရဲ့ မျက်စေ့ထဲဟ သစ်တုံးဟို အရင်ထုတ်လော့၊ အေးသာမှ ညီအကို မျက်စေ့ထဲဟ ငြောင့်သငယ်ဟို ဆှင်းဆှင်းလင်းလင်း မျော်ရလိမ့်မယ်” ဟု မိန့်အယ်။
LUK 6:43 “ကျန်းမာတဲ့ အပင်ဟ ညံ့သောအသီးဟို မသီးနိန်၊ ညံ့သောအပင်ဟလည်း ကောင်းသောအသီးဟို မသီးနိန်။
LUK 6:44 အသီးဟို ထောက်ပင်း အပင်တိုင်းဟို သိကြရအယ်၊ သင်္ဘောသဖန်းသီးဟို ဆူးပင်မှ မခူးတတ်၊ စပျစ်သီးဟို ဆူးချုံမှ လည်းကောင်း နင်လို့ မခူးနိန်ကြ။
LUK 6:45 ကောင်းသောလူဟ ကောင်းတဲ့ စိတ်နေလုံး ဘဏ္ဍာတိုက်အထဲမှ ကောင်းတဲ့အရာများဟို ထုတ်ဖော်တတ်အယ်။ ဆိုးတဲ့လူဟ မကောင်းတဲ့ စိတ်နေလုံး ဘဏ္ဍာတိုက်အထဲမှ မကောင်းတဲ့အရာဟို ထုတ်ဖော်တတ်အယ်။ အကျောန်းမှာ စိတ်နေလုံးနှိုက် ပြေ့နေလဲ့အရာဟို စလောင်ဟ ပြောဆိုတတ်အယ်။
LUK 6:46 “နင်လို့ဟ ငါပြောလဲ့အတိုင်း မလုပ်ဘဲ ပစာကျောန့် ငါ့ဟို ‘သခင်၊ သခင်’ လို့ ခေါ်ကြလုန်း။
LUK 6:47 ငါ့ဆေဟို လာယွေ့ ငါ့စကားများဟို ကြားပင်း နားထောင်သောသူဟ — စသူနဲ့ တူတာဟို ငါ ပြမယ်။
LUK 6:48 သူဟ မြေနက်နက် တူးပင်းမှ ကျောက်ပေါ်တွင် အုတ်မြစ်ချယွေ့ နေအိုင်ဟို တည်ဆောက်သောသူနဲ့ တူအယ်။ မြစ်ယေကြီးပင်း ယေလျှံယွေ့ အေးနေအိုင်ဟို တိုက်ခတ်လေအယ်၊ အေးယေအရှိန်ဟ နေအိုင်ဟို မလှုပ်ဆှားစေနိန်၊ ပစာကို့ အေးနေအိုင်ဟို ခိုင်အောန် တည်ဆောက်ထားသောကျောန့် ဖြစ်အယ်။
LUK 6:49 အဲလိုလဲ ငါ့တရားစကားများဟို ကြားပင်း မနာခံသောသူဟ အုတ်မြစ်မချဘဲ မြေပေါ်မှာ နေအိုင်ဟို တည်ဆောက်သောသူနဲ့ တူအယ်၊ မြစ်ယေလျှံပင်း အေးနေအိုင်ဟို တိုက်ခတ်လျှင် ခုတုံး ပြိုကျသွားအယ် — တကယ့်ဆိုးရွားတဲ့ ပျက်စီးမှုပဲ” ဟု မိန့်အယ်။
LUK 7:1 ယေရှုဟ လူလို့ဟို ဟေအကျောန်းအရာ အားလုံးဟို ပြောပင်းသောအခါ ကပေရနောင်မြို့ဟို သွားအယ်။
LUK 7:2 အေးမြို့နှိုက် ရောမတပ်မှူး တယောက်မှာ ရမ်းဆာ့ချစ်လဲ့ ကျွန်တယောက် ဆိပင်း၊ အေးသူဟ ဖျားနာပင်း သေခါနီး ဖြစ်အယ်။
LUK 7:3 တပ်မှူးဟ ယေရှုရဲ့ အကျောန်းဟို ကြားသောအခါ၊ ယုဒအကြီးအကဲ တချို့လို့ဟို စေလွှတ်ပင်း၊ ကိုယ်တော်ဟ လာပင်း မိမိကျွန်ဟို ကျန်းမာစေဖို့ ဆှောက်စေအယ်။
LUK 7:4 သူလို့ဟ ယေရှုဆေဟို လာပင်း “အေးသူဟ နင့်ရဲ့ အကူအညီဟို အမန်တကယ်ပင် ခံထိုက်အယ်။
LUK 7:5 သူဟ ငါလို့လူမျိုးဟို ချစ်သောကျောန့် တရားဇရပ်ဟို ငါလို့အဖို့ သူတတ်တိုင်း တည်ဆောက်ပေးသူ ဖြစ်အယ်” ဟု စိတ်အားထက်သန်စွာ တောင်းပန်ကြအယ်။
LUK 7:6 ယေရှုဟ သူလို့နဲ့အတူ သွားအယ်။ တပ်မှူးနေအိုင်နဲ့ မနီးမဝေး ရောက်သောအခါ တပ်မှူးရဲ့ မိတ်ဆွေများဟို ကိုယ်တော်ဆေဟို လွှတ်ပင်း “ဆရာ၊ ဒုက္ခမဆာပါနဲ့၊ ကိုယ်တော်ဟာ ငါရဲ့ နေအိုင်မိုးဟို လာဖို့ ငါဟ ထိုက်တန်တဲ့သူ တယောက် မဟုတ်ပါ။
LUK 7:7 အဲကျောန့် ငါ့တတ်တိုင်းလည်း ကိုယ်တော့်ဆေ လာဖို့ ထိုက်တန်အယ်လို့တောင် ငါ မထင်ခဲ့မိဝူး။ အဲလိုလဲ အမိန့်ဟိုသာ ပေးရင် ငါ့ရဲ့ အစေခံဟ ကျန်းမာပါလိမ့်မယ်။
LUK 7:8 ငါတတ်တိုင်းလည်း အထက်တပ်မှူးရဲ့ အာဏာ အောက်တွင် အမှုထမ်းသူ ဖြစ်ပင်း၊ ငါ့ရဲ့ လက်အောက်တွင်လည်း စစ်သားများ ဆိပါအယ်။ စစ်သားတယောက်ဟို ‘သွားလော့’ ဟု အမိန့်ပေးရင် သူဟ သွားပါအယ်။ တယောက်ဟို ‘လာပါ’ ဟု အမိန့်ပေးရင် သူဟ လာပါအယ်။ ငါ့ရဲ့ ကျွန်ဟို ‘အေးသာဟို လုပ်ပါ’ ဟု အမိန့်ပေးရင် သူဟ လုပ်ပါအယ်” ဟု ဆှောက်အယ်။
LUK 7:9 ယေရှုဟ သူ့ရဲ့ အေးစကားဟို ကြားသောအခါ အံ့ဩယွေ့၊ သူ့နောက်ဟ လိုက်လာကြသော လူများလို့ဟို လှည့်ကျေ့ပင်း “ငါ ပြောမယ်၊ အေးလို ယုံကြည်ခြင်းဟို ဣသရေလအမျိုးထဲမှာတောင် ငါ မတွေ့ဖူးသေး” ဟု မိန့်အယ်။
LUK 7:10 သတင်းပို့သမားများဟ တပ်မှူးရဲ့ နေအိုင်ဟို ပြန်ရောက်သွားသောအခါ အေးကျွန်ဟ ကျန်းမာလျက် ဆိတာဟို တွေ့ကြအယ်။
LUK 7:11 မကြာခင်ပင်းနောက် ယေရှုဟ နာဣနမြို့လို့ခေါ်လဲ့ မြို့ဟို သွားခဲ့ပင်း တဘဲ့တော်လို့နဲ့ လူအုပ်လို့ဟ ကိုယ်တော်နဲ့အတူ လိုက်ပါလာကြအယ်။
LUK 7:12 ယေရှုဟ မြို့ဂိတ်အနီးဟို ရောက်သွားချိန်နှိုက် လူလို့ဟ သေဆုံးသောသူတယောက်ဟို မြို့ပြင်သို့ သယ်ဆောင်လာကြအယ်။ သူဟ အမေ့ဖြစ်သူ မုဆိုးမရဲ့ တဦးတည်းသောသား ဖြစ်အယ်။ မြို့ထဲမှာ ဆိလဲ့ လူအပေါင်းလို့ဟ သူမနဲ့အတူ လိုက်ပို့ကြအယ်။
LUK 7:13 ကိုယ်တော်ဟ အေးမိန်းမဟို မျော်သောအခါ သနားခြင်းစိတ်နဲ့ ပြေ့သဖြင့် “မငိုနဲ့” ဟု သူမဟို မိန့်အယ်။
LUK 7:14 အေးနောက် ဆှောက်သွားပင်း အခေါင်းဟို လက်နဲ့ ထိအယ်၊ အေးအခါ အခေါင်းသယ်လာသူလို့ဟ ရပ်ကြအယ်။ ယေရှုဟ “အောင်နီငယ်၊ ထလော့၊ နင့်အား ငါ ပြောအယ်” ဟု မိန့်ရင်၊
LUK 7:15 လူသေဟ ထထိန်ပင်း စကားပြောအယ်၊ ယေရှုဟ သူ့ဟို သူ့မေ့ဆေ ပြန်အပ်ဟယ်။
LUK 7:16 သူလို့အားလုံးဟ ကြောက်ရွံ့ပင်း ဘုရားသခင်ရဲ့ ဂုဏ်တော်ဟို ချီးမွန်းကြအယ်။ သူလို့ဟ “ငါလို့ထဲမှာ ပရောဖက်ကြီး တပါး ပေါ်ပေါက်လာပီ၊ ဘုရားသခင်ဟ မိမိလူမျိုးဟို ကယ်တင်ရန် ကြွလာပီ” ဟု ပြောကြအယ်။
LUK 7:17 ယေရှုရဲ့ သတင်းဟ ယုဒပြေအားလုံးနဲ့ ပတ်ဝန်းကျင်တွင် ပျံ့နှံ့သွားလေအယ်။
LUK 7:18 ယောဟန်ရဲ့ တဘဲ့များဟ ယောဟန်အား အေးအကျောန်းအရာ အားလုံးဟို ပြောကြားကြအယ်၊ အဲအခါ သူဟ တဘဲ့နေယောက်ဟို ခေါ်ယွေ့
LUK 7:19 သခင့်ဆေဟို စေလွှတ်ပင်း “ကိုယ်တော်ဟ ယောဟန်ပြောတဲ့ ကြွလာသောသူလော၊ အဲဟာမဟုတ်ရင် တခြားတယောက်ဟို စောင့်မျော်ရမယ်လော” ဟု မေးဆှောက်စေအယ်။
LUK 7:20 ယေရှုဆေဟို သူလို့ လာသောအခါ သူလို့ဟ “ကိုယ်တော်ဟ ကြွလာလဲ့သူလော၊ အဲဟာမဟုတ်ရင် တခြားလူဟို မျော်လင့်ရမယ်လော ဟု မေးဖို့ နှစ်ခြင်း ယောဟန်ဟ ငါလို့ဟို ကိုယ်တော်ဆေဟို စေလွှတ်ပါပီ” ဟု ပြောကြအယ်။
LUK 7:21 အေးအချိန် နာရီနှိုက် ယေရှုဟ ဖျားနာသူများ၊ ရောဂါများ၊ နတ်ဆိုးဘေးမှ ကင်းလွတ်ခြင်း၊ လူများလို့အား ပျောက်ကင်းစေပင်း မျက်စေ့ မမျော်လဲ့သူများဟို မျက်စေ့ မျော်စေခြင်းဟို အခွင့်ပေးလေအယ်။
LUK 7:22 ကိုယ်တော်ဟ ယောဟန်ရဲ့ သတင်းသယ်ဆောင်လဲ့သူဟို “နင်လို့မျော်ပင်း ကြားရသမျှ အားလုံးဟို ယောဟန်ဆေဟို ပြန်ပင်း ပြောကြလော့၊ မျက်စေ့ မမျော်သောသူများ မျက်စေ့ မျော်ကြအယ်၊ ခြေထောက်မသန်သောသူများ လမ်းဆှောက်ကြအယ်၊ အနူရောဂါစွဲသောသူများဟ သန့်ဆှင်းခြင်းဟို ရအယ်၊ နားပင်းသောသူများ နားကြားကြအယ်၊ သေသောသူဟ အသက်ပြန်ဆှင်ကြအယ်၊ ဆင်းရဲသားလို့ဟလည်း သတင်းကောင်းဟို ကြားရကြအယ်။
LUK 7:23 ငါ့အကျောန်းကျောန့် သံသယ မဆိသောသူဟ မင်္ဂလာဆိအယ်” ဟု ပြန်ပြောအယ်။
LUK 7:24 ယောဟန်ရဲ့ သတင်းသယ်သမားလို့ ပြန်သွားကြပင်းနောက်၊ ယေရှုဟ ယောဟန်အကျောန်းနဲ့ ပတ်သက်ပင်း လူအပေါင်းလို့အား ပြောတာဟ “နင်လို့ဟ ပစာအရာဟို ကျေ့ရန် ယောဟန်ဆိရာ တောကန္တာရဟို သွားကြလုန်း။ လေတိုက်ယွေ့ လှုပ်သောကျူပင်ဟို ကျေ့ဖို့လော။
LUK 7:25 အေးလို့မဟုတ် အဝတ်အကောင်းစား ဝတ်ဆင်ထားသူလို့ဟို ကျေ့ဖို့ သွားသလော၊ အဝတ်အကောင်းစား ဝတ်ဆင်ယွေ့ ကောင်းကောင်း စားသောက်သောသူလို့ဟ မင်းအိုင်နှိုက် နေတတ်ကြအယ်။
LUK 7:26 ပရောဖက်လို့ဟို ကျေ့ဖို့ သွားသလော၊ မန်ပါအယ်၊ ပရောဖက်ထက် ကြီးမြတ်သူဟို ကျေ့ရှုရန် ဖြစ်အယ်။
LUK 7:27 ကျမ်းစာတွင် ‘ဘုရားသခင်ဟ၊ နင့်ရဲ့ လမ်းဟို အဆင်သင့် ဖြစ်စေရန် ငါရဲ့ သတင်းသယ်ဆောင်သူဟို နင့်ရဲ့ အဆေ့မှာ စေလွှတ်မယ်’ ဟု ပြောရာနှိုက် ယောဟန်ဟို ဆိုလိုအယ်။”
LUK 7:28 ယေရှုဟ ငါအမန်ဆိုတာမှာ “မိန်းမမှ မွေးသောသူလို့တွင် ယောဟန်ထက် ကြီးမြတ်သောသူ တယောက်မျှ မဆိ။ အဲလိုလဲ ဘုရားသခင်ရဲ့ နိုင်ငံတော်တွင် အငယ်ဆုံးသောသူဟ ယောဟန်ထက် ပိုပင်း ကြီးမြတ်အယ်” ဟု မိန့်အယ်။
LUK 7:29 လူအပေါင်းလို့ဟ သူ့ရဲ့ စကားဟို ကြားကြပင်း အေးသူလို့အနက် အထူးသဖြင့် အခွန်ခံသူများဟ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းဟို ဝန်ခံကြပင်း ယောဟန်ပေးသော နှစ်ခြင်းဟို ခံယူကြအယ်။
LUK 7:30 ဖာရိရှဲလို့နဲ့ ကျမ်းတတ်ဆရာလို့ဟ မိမိလို့အတွက် ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ဟို ငြင်းပယ်ယွေ့ ယောဟန်ဆေမှာ နှစ်ခြင်းဟို မခံပဲနေကြအယ်။
LUK 7:31 ယေရှုဟ ဆက်ပင်း “ဟေနေ့လူလို့ဟို စလို နှိုင်းရမလော၊ သူလို့ဟ စသူနဲ့တူလုန်း။
LUK 7:32 သူလို့ဟ ဆေးထဲမှာ ထိန်နေသော လူပဲ့သငယ်များနဲ့ တူအယ်။ သူလို့ဟ ‘ငါလို့သည် မင်္ဂလာဆောင် သီချင်းဟို တီးမှုတ်သော်လည်း နင်လို့ဟ မကကြ၊ ငါလို့ဟ အသုဘ သီချင်းဟို ဆိုကြသော်လည်း နင်လို့ဟ မငိုကကြ’ ဟု တဖွဲ့နဲ့တဖွဲ့ အော်ပြောကြအယ်။
LUK 7:33 နှစ်ခြင်း ယောဟန်ဟ အစာဟို မစား၊ စပျစ်ယေဟို မသောက်ဘဲနေသော် နင်လို့ဟ ‘သူနှိုက် နတ်ဆိုးစွဲနေအယ်’ ဟု ဆိုကြအယ်။
LUK 7:34 လူသားဟ စားလျက် သောက်လျက် လာသောအခါ နင်လို့ဟ ‘အေးလူဟို ကျေ့လော့၊ သူဟ စားကြူးပင်း သောက်ကြူးသောသူ ဖြစ်အယ်၊ အခွန်ခံများနဲ့ တခြား အပယ်ခံရသူလို့ဟို မိတ်ဆွေဖွဲ့သူ ဖြစ်အယ်’ ဟု ဆိုကြအယ်။
LUK 7:35 အဲလိုလဲ ဘုရားသခင်ရဲ့ ဉာဏ်ပညာဟို လက်ခံသောသူအားလုံး အမန်ဖြစ်ကျောန်းဟို ပြသကြအယ်” ဟု ပြောအယ်။
LUK 7:36 ဖာရိရှဲတယောက်ဟ ယေရှုဟို မိမိနဲ့အတူ ညစာစားဖို့ ဖိတ်ခေါ်အယ်၊ ယေရှုဟ ဖာရိရှဲနေအိုင်ဟို သွားပင်း စားပွဲတွင် ထိန်အယ်။
LUK 7:37 အေးမြို့တွင် အပစ်နဲ့ပြေ့နေသူ မိန်းမတယောက် ဆိအယ်၊ သူမဟ ဖာရိရှဲနေအိုင်မှာ ကိုယ်တော် စားသောက်နေတယ်ဟို ကြားသောအခါ ဆီမွှေး ကျောက်ဖြူဖူး တခုဟို ယူလာပင်း၊
LUK 7:38 ကိုယ်တော်ရဲ့ ခြေတော်ရင်းနှိုက် ရပ်ပင်း ငိုလျက် သူ့ရဲ့ မျက်ရည်ဟ ခြေထောက်ပေါ် ကျပင်း မိမိဆံပင်နဲ့ သုတ်လေအယ်။ ခြေထောက်ဟိုလည်း နမ်းယွေ့ ဆီမွှေးနဲ့ သုတ်လိမ်းလျက် နေအယ်။
LUK 7:39 ဖာရိရှဲဟ အေးအရာဟို မျော်သောအခါ “ဟေသူဟ ပရောဖက်မန်လျှင် ခြေထောက်ဟို ကိုင်သော ဟေမိန်းမဟ စသူဖြစ်တာဟို သိလိမ့်မယ်။ စလို အပစ်နဲ့ပြေ့ပင်း အသက်ဆှင်နေလဲ့ မိန်းမဖြစ်အယ်ဟို သိလိမ့်မယ်” ဟု သူ့တတ်တိုင်း ပြောအယ်။
LUK 7:40 ယေရှုဟ “ရှိမုန်၊ ငါ နင့်ဟို ပြောစရာ တခုခုဆိအယ်” ဟု မိန့်ရာ သူဟ “ဟုတ်ကဲ့၊ ဆရာ ပြောပါ” ဟု ပြန်ပြောအယ်။
LUK 7:41 ယေရှုဟ “ပိတ်ဆန် ငမ်းစားလဲ့သူတဦးတွင် အကြွေးတင်သူ နေဦး ဆိအယ်။ တဦးဟ ငွေဒင်္ဂါး ငါးရာ၊ တခြားတဦးဟ ငါးဆယ် အကြွေးတင်အယ်။
LUK 7:42 အကြွေးဆပ်ရန် မဆိသောကျောန့်၊ အကြွေးငမ်းထားသူဟ အေးသူနေဦးလုံးဟို အကြွေးကျေခွင့် ပေးလိုက်အယ်။ အေးသူနေဦးထဲမှာ စသူဟ အကြွေးငမ်းထားသူဟို ပိုပင်း ချစ်လိမ့်မလဲ” ဟု မေးအယ်။
LUK 7:43 ရှိမုန်ဟ “ရမ်းဆာ့သော အကြွေးဟို လျှော်ပေးခြင်း ခံရသူဖြစ်မယ်လို့ ငါထင်မြင်အယ်” ဟု ပြန်ပြောအယ်။ ယေရှုဟ “နင် ယူဆလဲ့အတိုင်း မန်အယ်” ဟု ပြောအယ်။
LUK 7:44 အေးနောက် မိန်းမရဲ့ ဘက်ဟို လှည့်ပင်း ရှိမုန်ဟို “အေးမိန်းမဟို နင် မျော်သလော။ ငါဟ နင့်နေအိုင်ဟို ဝင်လာသောအခါ၊ နင်ဟ ခြေထောက်ဆေးဖို့ ယေဟို မပေး၊ အဲလိုလဲ ဟေမိန်းမဟ ငါခြေထောက်ပေါ်မှာ သူမမျက်ရည်ဖြင့် စိုစေပင်း သူမရဲ့ ဆံပင်နဲ့ သုတ်လေပီ။
LUK 7:45 နင်ဟ ငါ့ဟို ကြိုဆိုပင်း မနမ်း၊ အဲလိုလဲ သူမဟ ငါဝင်လဲ့အခါမှ စပင်း ငါရဲ့ ခြေထောက်ဟို အဆက်မပြတ် နမ်းလေပီ။
LUK 7:46 နင်ဟ ငါ့ဦးခေါင်းဟို ဆီနဲ့ မလိမ်း၊ အဲလိုလဲ သူမဟ ငါ့ခြေထောက်ပေါ်တွင် ဆီမွှေးနဲ့ လိမ်းလေပီ။
LUK 7:47 အဲကျောန့် နင်လို့အား ငါပြောတာဟ သူမဟ ရမ်းဆာ့သော အပစ်လို့ဟို ခွင့်လွှတ်ခြင်း ခံရပီ။ သူမဟ ကြီးမားလဲ့ အချစ်ဟို သက်သေပြလေပီ။ အဲလိုလဲ အပစ်နည်းနည်းဘဲ ခွင့်လွှတ်တဲ့သူဟ နည်းနည်းပဲ ချစ်တတ်အယ်” ဟု ပြောအယ်။
LUK 7:48 အဲပင်းရင် ယေရှုဟ သူမအား “နင့်ရဲ့ အပစ်ဟို ခွင့်လွှတ်ပီ” ဟု ပြောအယ်။
LUK 7:49 စားပွဲနှိုက် ထိန်နေကြသော တခြားသူများဟ “အပစ်များဟို ခွင့်လွှတ်နိန်သော ဟေသူဟ စသူလဲ” ဟု အချင်းချင်း ပြောကြအယ်။
LUK 7:50 အဲလိုလဲ ယေရှုဟ မိန်းမအား “နင့်ရဲ့ ယုံကြည်ခြင်းဟ နင့်ဟို ကယ်တင်ပီ၊ ငြိမ်းချမ်းစွာ သွားပါ” ဟု ပြောအယ်။
LUK 8:1 ကာလကတစ်ကြာသော် ယေရှုဟ တမြို့ပင်း တမြို့၊ တရွာပင်း တရွာဟို လှည့်လည်ကာ ခရီးသွားလျက် ဘုရားသခင်ရဲ့ နိုင်ငံတော်အကျောန်း သတင်းကောင်းဟို ဟောပြောအယ်။ တဘဲ့တော် တဆယ့်နေဦးလုံး ကိုယ်တော်နဲ့အတူ သွားကြအယ်၊
LUK 8:2 နတ်ဆိုးစွဲခြင်း ဘေးနဲ့ အနာရောဂါဘေးလို့မှ ကျန်းမာလာသော မိန်းမတချို့လို့လည်း လိုက်ကြအယ်။ မာရိ (မာဂဒလလို့ ခေါ်လဲ့သူ) ဆေမှ နတ်ဆိုးခုနေကောင် ထွက်လာတဲ့သူ ဖြစ်အယ်။
LUK 8:3 ဟေရုဒ်မင်းရဲ့ တရားရုံးတွင် အရာဆိ ဖြစ်သူ ခုဇရဲ့ ပေါင်အိုမ ယောဟန္န၊ ရှုရှန္နနဲ့ တခြားမိန်းမများဟ ယေရှုနဲ့ သူ့ရဲ့ တဘဲ့တော်များဟို မိမိလို့စရိတ်ဖြင့် ကူညီ လုပ်ကျွေးသူများလည်း ပါဝင်ကြအယ်။
LUK 8:4 တမြို့ပင်း တမြို့မှ လူလို့ဟ ယေရှုဆေဟို လာကြအယ်။ လူအုပ်ကြီးဟ စုဝေးလာကြသောအခါ ယေရှုဟ ပုံဥပမာနဲ့ ပြောခဲ့အယ်။
LUK 8:5 “မျိုးစေ့ကြဲသောသူဟ မိမိမျိုးစေ့ဟို ကြဲမို့ ထွက်သွားလေအယ်။ သူမျိုးစေ့ကြဲစဉ်တွင် တချို့သောအစေ့ဟ လမ်းဘေးတွင် ကျသဖြင့် နင်းမိခြင်း ခံရယွေ့ မိုးခေါန်းခင် ငက်လို့ဟ ၎င်းလို့ဟို ကောက်စားကြအယ်။
LUK 8:6 တချို့ဟ ကျောက်မြေပေါ်မှာ ကျသဖြင့် အပင်များ ပေါက်သောအခါ မြေဆီလွှာတွင် အစိုဓာတ် မဆိသောကျောန့် ခြောက်ကုန်အယ်။
LUK 8:7 တချို့အစေ့ဟ ဆူးတောတွင် ကျအယ်၊ ဆူးပင်များနဲ့အတူ ကြီးလာပင်း အေးအပင်လို့ဟို အုပ်သွားအယ်။
LUK 8:8 တချို့အစေ့များဟ ကောင်းသောမြေပေါ်မှာ ကျသဖြင့်၊ အပင်ဟ ကြီးထွားပင်း ပြောင်းကောင်းဟို ရပင်း အဆတရာအသီးဟို သီးကြအယ်” ဟု မိန့်အယ်။ အေးနောက် ယေရှုဟ “ကြားရန် နားဆိသောသူ စသူမဆို၊ ကြားပါစေ” ဟု အဆုံးသတ်အယ်။
LUK 8:9 သူ့ရဲ့ တဘဲ့တော်များဟ ဟေပုံဥပမာရဲ့ အဓိပ္ပာယ်ဟ မစာလောဟု ယေရှုဟို မေးကြအယ်။
LUK 8:10 ယေရှုဟလည်း “နင်လို့ဟ ဘုရားသခင်ရဲ့ နိုင်ငံတော်နဲ့ဆိုင်လဲ့ လျှို့ဝှက်တဲ့အရာလို့ဟို သိနားလည်ရန် နင်လို့အား ပေးခဲ့အယ်။ အဲလိုလဲ ကြွင်းသောအရာဟ နင်လို့ ကျေ့လျက်နဲ့ မမျော်၊ ကြားရလျက်ပင် နားမလည်” ဟု ပုံဥပမာရဲ့ ဆိုလိုရင်းဟို ပြောပြလာအယ်။
LUK 8:11 “အေးဥပမာရဲ့ ဆိုလိုရင်း အဓိပ္ပာယ်ဟ မျိုးစေ့ဟ ဘုရားသခင်ရဲ့ စကားဖြစ်အယ်။
LUK 8:12 လမ်းတွင် ကျသော အစေ့များဟ တရားစကားဟို ကြားသူများဟို ဆိုလိုအယ်၊ အဲလိုလဲ မာရ်နတ်ဟ လာပင်း သူလို့ဟ ယုံကြည်ယွေ့ ကယ်တင်ခြင်း မရောက်ဖို့ လာပင်း သူလို့ရဲ့ စိတ်နေလုံးထဲမှ သတင်းစကားဟို နှုတ်ယူသွားအယ်။
LUK 8:13 ကျောက်မြေတွင် ကျသောအစေ့ဟ သတင်းစကားဟို ကြားသောအခါ ဝမ်းသာစွာနဲ့ လက်ခံသူများ ဖြစ်ကြအယ်။ အဲလိုလဲ သူလို့ စိတ်နေလုံးတွင် အမြစ်မစွဲ၊ ခဏသာ ယုံကြည်ပင်း စုံစမ်းခြင်း အချိန်ရောက်လာသောအခါ သူလို့ဟ ဖောက်ပြန်သူများ ဖြစ်ကြအယ်။
LUK 8:14 ဆူးတောတွင် ကျသောအစေ့များဟ သတင်းစကားဟို ကြားပင်းနောက် စိုးရိမ်ခြင်းများ၊ ချမ်းသာကြွယ်ဝမှုများ၊ ကာမဂုဏ် ခံစားခြင်းလို့ဟ နှိပ်စက်သဖြင့် အသီးမသီးနိန်သော အသက်တာဆိသောသူများဟို ဆိုလိုအယ်။
LUK 8:15 ကောင်းသောမြေပေါ်တွင် ကျသောအစေ့ဟ သတင်းစကားဟို ကြားယွေ့ ကောင်းသော နာခံမှုဆိသော စိတ်နေလုံးဖြင့် ထိန်းသိမ်းထားကာ အသီးသီးသည်အထိ တည်မြဲကြအယ်။
LUK 8:16 “ဆီမီးဟို ထွန်းပင်းလျှင် တောင်းနဲ့ အုပ်ထားသောသူ မဆိ၊ အိပ်ယာအောက်မှာ ထားသောသူမဆိ။ ဝင်လာသောသူဟ အလင်းဟို မျော်ဖို့ ဆီမီးခုံပေါ်မှာ တင်ထားတတ်အယ်။
LUK 8:17 “ပုန်းထားသောအရာ ဆိသမျှလို့ဟ ပေါ်လာလိမ့်မယ်၊ ဖုံးထားသောအရာ ဆိသမျှဟ အလင်းဟို ယူခြင်းဖြင့် တွေ့လိမ့်မယ်။
LUK 8:18 “နင်လို့ စလို နားထောင်တာဟို ဂရုစိုက်ကြလော့၊ ဆိသူအား ထပ်ပင်း ပေးလိမ့်မယ်၊ မဆိသူဆေဟ ဆိလဲ့အရာကတစ်ဟိုပင် နှုတ်ယူလိမ့်မယ်” ဟု မိန့်အယ်။
LUK 8:19 ယေရှုရဲ့ မေ့နဲ့ ညီများဟ ကိုယ်တော်ဆေဟို ကျေ့ဖို့ လာကြအယ်၊ အဲလိုလဲ လူအုပ်ကြီးကျောန့် သူ့ဆေဟို မရောက်နိန်ဆိကြအယ်။
LUK 8:20 တယောက်ဟ ယေရှုဟို “ကိုယ်တော်ရဲ့ မေ့နဲ့ ညီများဟ ကိုယ်တော်ဟို တွေ့ချင်လို့ အပြင်မှာ စောင့်နေကြအယ်” ဟု ပြောကြားအယ်။
LUK 8:21 ယေရှုဟ သူလို့အားလုံးဟို “ဘုရားသခင်ရဲ့ စကားဟို ကြားပင်း နားထောင်သောသူလို့ဟ ငါ့မေ့နဲ့ ငါ့ညီများ ဖြစ်အယ်” ဟု မိန့်အယ်။
LUK 8:22 တနေ့မှာ ယေရှုဟ တဘဲ့တော်လို့နဲ့အတူ လှေထဲဟို ဝင်ပင်း သူလို့ဟို “အိန်တဖက်ကမ်းဟို ကူးကြမယ်” ဟု ပြောအယ်။ အဲကျောန့် သူလို့ဟ စပင်း သွားကြအယ်။
LUK 8:23 သူလို့ ရွက်လွင့်နေခါ ယေရှုဟ အိပ်မွေ့နေအယ်။ ခုတုံးပင် အိန်မှာ ပြင်းထန်လဲ့ မုန်တိုင်း တိုက်သဖြင့် လှေဟ ယေနဲ့ ပြေ့သောကျောန့် သူလို့ဟ ကြီးလဲ့ အန္တရာယ်ရောက်အယ်။
LUK 8:24 တဘဲ့တော်လို့ဟ ယေရှုဆေဟို သွားယွေ့ သူ့ဟို နိုးပင်း “သခင်၊ သခင်၊ ငါလို့ သေတော့မယ်” ဟု ပြောကြအယ်။ ကိုယ်တော်ဟ ထယွေ့ လေနဲ့ လှိုင်းလို့ဟို ဆုံးမသဖြင့် ၎င်းလို့ဟ ရပ်တန့်ကြပင်း ငြိမ်သက်သွားလေအယ်။
LUK 8:25 ယေရှုဟ သူ့ရဲ့ တဘဲ့တော်လို့ဟို “နင်လို့ရဲ့ ယုံကြည်ခြင်းဟ ပစာမှာ ဆိလုန်း” လို့ မေးအယ်။ အဲလိုလဲ သူလို့ဟ ကြောက်ပင်း အံ့ဩယွေ့ “ဟေသူဟ စသူလုန်း၊ သူဟ လေနဲ့ လှိုင်းဟို အမိန့်ပေးယွေ့ သူလို့ဟ နားထောင်ကြအယ်” ဟု တယောက်နဲ့တယောက် ပြောဆိုကြအယ်။
LUK 8:26 ယေရှုနဲ့ တဘဲ့တော်များဟ ဂါရစပြေဟို ဆက်ပင်း ရွက်လွင့်ကြအယ်၊ ဂါရစပြေဟ ဂါလိလဲပြေရဲ့ အိန်တဖက်ကမ်းတွင် ဆိအယ်။
LUK 8:27 ယေရှုဟ ကမ်းပေါ် တက်လာသောအခါ မြို့မှ နတ်ဆိုးစွဲနေသော သူတဦးနဲ့ တွေ့အယ်။ အေးသူဟ ကာလအတန်ကြာ အဝတ်လည်း မဝတ်ဘဲ နေအိုင်နှိုက် မနေဘဲ လုတ်တိုင်းနှိုက်သာ နေထိန်တတ်အယ်။
LUK 8:28 သူဟ ယေရှုဟို မျော်သောအခါ ငိုကပင်း ယေရှုရဲ့ ခြေထောက်နားဟို လဲချကာ “ယေရှု၊ အမြင့်ဆုံးသော ဘုရားသခင်ရဲ့ သားတော်၊ ငါနဲ့ စလိုဆိုင်လုန်း။ ငါ့ဟို မညှဉ်းဆဲမဲ့အကျောန်း ငါ တောင်းပန်အယ်” ဟု အော်ပင်း ပြောအယ်။
LUK 8:29 အေးလို့ ပြောရလဲ့အကျောန်းမှာ ယေရှုဟ နတ်ဆိုးများဟို သူ့ဆေဟ ထွက်သွားဖို့ အမိန့်ပေးလိုက်သောကျောန့် ဖြစ်အယ်၊ အကြိမ်များစွာ သူ့ဟို နတ်ဆိုးဝင်ပူးခဲ့အယ်၊ သူ့ရဲ့ ခြေထောက် လက်များလို့ဟို သံကြိုးများနဲ့ တုတ်ခြေ ဖမ်းချုပ်ထားသော်လည်း သူဟ သံကြိုးများဟို ဖြတ်ပင်း တောကန္တာရသို့ နတ်ဆိုးအားဖြင့် နှင်ချခြင်း ခံရအယ်။
LUK 8:30 ယေရှုဟ သူဟို “နင့်နာမယ် စလိုခေါ်လုန်း” လို့ မေးအယ်။ ရမ်းဆာ့များလဲ့ နတ်ဆိုးများ သူ့အထဲဟို ဝင်နေသောကျောန့် “ငါ့ရဲ့ နာမယ်ဟ လေဂေါင် ဖြစ်အယ်” လို့ ပြန်ပြောလေအယ်။
LUK 8:31 နတ်ဆိုးများဟ တွင်းနက်ထဲဟို မပို့ဖို့ ယေရှုဟို တောင်းပန်ကြအယ်။
LUK 8:32 တောင်ပေါ်မှာ အစာစားနေသော ရမ်းဆာ့များလဲ့ ဝက်အုပ် အနားမှာဆိအယ်။ နတ်ဆိုးများဟ အေးဝက်အုပ်ထဲဟို ဝင်ရဖို့ တောင်းပန်ကြလျှင် သူလို့ဟို ဝင်ဖို့ အခွင့်ပေးလေအယ်။
LUK 8:33 နတ်ဆိုးများဟ အေးလူထဲမှထွက်ပင်း ဝက်အုပ်ထဲဟို ဝင်ကြအယ်။ ဝက်အုပ်တအုပ်လုံးဟ အိုင်ကမ်းပါးဇောက်ဟို တဟုန်ထိုး ပြေးဆင်းပင်း ယေနစ် သေကုန်ကြအယ်။
LUK 8:34 ဝက်ဟို ထိန်းလဲ့သူများဟ အေးအဖြစ်အပျက်ဟို မျော်ပင်း၊ သူလို့ဟ ပြေးပင်း မြို့နဲ့ တောရွာများတွင် သတင်းဟို အနှံ့အပြားပြောအယ်။
LUK 8:35 လူများလို့ဟ အေးအဖြစ်အပျက်ဟို ကျေ့ဖို့ ထွက်လာခဲ့ကြအယ်၊ ယေရှုဆေဟို သူလို့ရောက်သောအခါ နတ်ဆိုးထွက်ပင်း အဝတ်ဝတ်ယွေ့ ယေရှုရဲ့ ခြေထောက်နားမှာ အကောင်းအတိုင်း ထိန်နေလဲ့သူဟို မျော်လျှင် သူလို့အားလုံးဟ ကြောက်ကြအယ်။
LUK 8:36 မျော်ခဲ့လဲ့ လူများဟ နတ်ဆိုးစွဲသောသူ စလို ပျောက်ကင်းစေခဲ့တာဟို တခြားသူများအား ပြောပြကြအယ်။
LUK 8:37 အေးနောက် ဂါရစလူ အားလုံးလို့ဟ ရမ်းဆာ့ ကြောက်လန့်ကြသဖြင့် မိမိလို့အရပ်မှ ထွက်သွားဖို့ ယေရှုဟို ပြောကြအယ်။ အေးကျောန့် ယေရှုဟ လှေပေါ်ဟို တက်ပင်း ပြန်သွားအယ်။
LUK 8:38 နတ်ဆိုးများ ထွက်သွားသောသူဟ “နင်နဲ့အတူ လိုက်ပါရစေ” ဟု ယေရှုဟို တောင်းပန်အယ်။ အဲလိုလဲ ယေရှုဟ သူ့ဟို စေလွှတ်ပင်း၊
LUK 8:39 “နေအိုင်ဟို ပြန်ယွေ့ ဘုရားသခင်ဟ နင့်ဟို စလို လုပ်ပေးခဲ့တယ်ဆိုတာဟို ပြောလော့” ဟု အေးသူဟို မိန့်အယ်။ အေးသူဟ မြို့ထဲဟို သွားပင်း၊ ယေရှုဟ သူ့အတွက် ပစာပေးခဲ့အယ် ဆိုတာဟို ပြောကြားအယ်။
LUK 8:40 ယေရှုဟ တခြား အိန်တဖက်ကမ်းမှ ပြန်လာသောအခါ၊ လူအားလုံးလို့ဟ သူ့ဟို စောင့်နေကြသောကျောန့် လူများဟ သူ့ဟို ကြိုဆိုကြအယ်။
LUK 8:41 အေးအခါ ယာဣရု နာမယ်ဆိသောလူဟ ရောက်လာအယ်၊ သူဟ ဒေသခံတရားဇရပ်ရဲ့ အရာဆိ ဖြစ်အယ်။ သူဟ ယေရှုရဲ့ ခြေထောက်မှာ သူ့တတ်တိုင်း လဲချပင်း သူ့အိုင်ဟို လိုက်ခဲ့ဖို့ ယေရှုဟို တောင်းပန်အယ်။
LUK 8:42 ပစာကို့ အသက်ဆယ့်နေနှစ်အရွယ်ဆိလဲ့ သူ့ရဲ့ တဦးတည်းသောသမီးဟ သေခါနီးဆိသောကျောန့် ဖြစ်အယ်။ ယေရှုဟ ကြွလာသောအခါ လူအပေါင်းလို့ဟ အရပ်ရပ်မှ စုဝေးလာကြအယ်။
LUK 8:43 သူလို့အထဲမှ တဆယ့်နေနှစ်ပတ်လုံး သွေးသွန်နာ ရောဂါခံစားနေရသော မိန်းမတယောက် ဆိအယ်။ မိမိမှာ ဆိလဲ့အရာအားလုံးဟို သုံးစွဲပင်း ဆရာဝန်များနဲ့ ကုသခဲ့ပေမဲ့လည်း အေးမိန်းမရဲ့ ရောဂါပျောက်ကင်းအောန် တယောက်မှ မကုသနိန်ဝူး။
LUK 8:44 အဲမိန်းမဟ ယေရှုနောက်ဟို လာပင်း သူ့ရဲ့ ပန်းဖွားဟို တို့ပင်း ခုတုံးပင် သူမရဲ့ သွေးသွန်နာဟ ရပ်တန့်သွားအယ်။
LUK 8:45 ယေရှုဟ “စသူ ငါ့ဟို ထိတာလဲ” ဟု မေးအယ်။ လူတိုင်းဟ ငြင်းကြအယ်၊ ပေတရုဟ “သခင်၊ ပတ်ပတ်လည်မှာ လူအားလုံးနဲ့ လူအုပ်ကြီးဟ ကိုယ်တော်ဟို တိုးဝှေ့ကြအယ်” ဟု ပြောအယ်။
LUK 8:46 အဲလိုလဲ ယေရှုဟ “တယောက်ယောက်ဟ ငါ့ဟို ထိအယ်၊ ငါ့ကိုယ်ထဲဟ တန်ခိုးထွက်တာဟို ငါသိအယ်” ဟု ပြောအယ်။
LUK 8:47 အေးမိန်းမဟ မိမိလုပ်လဲ့အမှု ပေါ်ကျောန်းဟို သိသောအခါ တုန်လှုပ်ပင်း လာယွေ့ ယေရှုရဲ့ ခြေထောက်ရင်းမှာ သူ့တတ်တိုင်း လဲချလေအယ်။ အဲမိန်းမဟ ယေရှုဟို ပစာကျောန့် ထိရအယ်၊ ခုတုံးပင် စလို ကျန်းမာသွားကျောန်းဟို လူများဆေ့တွင် ကိုယ်တော်ဟို ပြောအယ်။
LUK 8:48 ယေရှုဟ အေးမိန်းမဟို “ငါ့သမီး၊ နင့်ရဲ့ ယုံကြည်ခြင်းဟ နင့်ဟို ကျန်းမာစေပီ၊ ငြိမ်းချမ်းစွာ သွားလော့” ဟု မိန့်အယ်။
LUK 8:49 ယေရှု အေးလို့ပြောစဉ် တရားဇရပ်မှူးရဲ့ နေအိုင်ဟ သတင်းသမားဟ လာအယ်။ “နင့်ရဲ့ သမီး သေပီ၊ ဆရာဟို မနှောက်ယှက်ပါနဲ့” လို့ ယာဣရုဟို ပြောအယ်။
LUK 8:50 အေးစကားဟို ယေရှု ကြားပင်းရင် “မကြောက်ကြနဲ့၊ ယုံကြည်ခြင်း တခုသာ လိုအယ်၊ သူမ ကျန်းမာလာလိမ့်မယ်” လို့ ယာဣရုဟို ပြောအယ်။
LUK 8:51 သူ့ရဲ့ နေအိုင်ဟို ရောက်သောအခါ ပေတရု၊ ယောဟန်၊ ယာကုပ်နဲ့ မိနီငယ် အဖနဲ့ အမေ့မှလွဲပင်း တခြားစသူဟိုမှ မိမိနဲ့အတူ အထဲဟို ဝင်ဖို့ အခွင့်မပေးဝူး။
LUK 8:52 လူအပေါင်းလို့ဟ ဝမ်းနည်းလျက် မိနီငယ်အတွက် ငိုကလျက် နေကြအယ်။ ယေရှုဟ “မငိုကြနဲ့၊ မိနီငယ်ဟ သေသွားတာ ဟုတ်ဝူး — သူမဟ အိပ်မွေ့နေစာရီး” ဟု ပြောအယ်။
LUK 8:53 သူလို့အားလုံးဟ ယေရှုဟို ပြောင်ကြအယ်၊ ပစာကို့ သူလို့ဟ မိနီငယ်သေကျောန်းဟို သိကြသောကျောန့် ဖြစ်အယ်။
LUK 8:54 ယေရှုဟ အဲမိနီငယ်လက်ဟို ယူပင်း “ငါ့ရဲ့ မိနီငယ်၊ ထလော့” ဟု ခေါ်တာဟ၊
LUK 8:55 မိနီငယ်ဟ အသက်ပြန်ဝင် လာပင်း ခုတုံး ထလေအယ်၊ ယေရှုဟ သူစားဖို့ တခုခုပေးရန် သူလို့ဟို အမိန့်ပေးအယ်။
LUK 8:56 သူ့ရဲ့ မိဖလို့ဟ အံ့ဩသွားကြအယ်၊ အဲလိုလဲ ယေရှုဟ ပစာဖြစ်ပျက်ခဲ့အယ်ဆိုတာ တယောက်မှ မပြောဖို့ အမိန့်ပေးခဲ့တယ်။
LUK 9:1 ယေရှုဟ တဆယ့်နေပါးသော တဘဲ့တော်များဟိုခေါ်ပင်း နတ်ဆိုးများဟို မောင်းထုတ်နိန်အောန်နဲ့ အနာရောဂါပျောက်အောန် ကုသနိန်သော တန်ခိုးအာဏာများဟို ပေးအပ်အယ်။
LUK 9:2 အေးနောက် ယေရှုဟ ဘုရားသခင်ရဲ့ နိုင်ငံတော်အကျောန်းဟို ဟောပြောရန်နဲ့ ဖျားနာသူများဟို ကျန်းမာစေဖို့ သူလို့ဟို စေလွှတ်အယ်။
LUK 9:3 သူလို့ဟို အဲသာတွေပြောပင်းနောက် “လမ်းခရီးအတွက် ပစာအရာဟိုမှ မယူကြနဲ့၊ တောင်ဝှေး၊ ခရီးဆောင်အိတ်၊ အစားအစာ၊ ပိတ်ဆန်၊ အင်္ကျီအပိုတောင် မယူကြနဲ့။
LUK 9:4 နင့်ဟို ကြိုဆိုလဲ့ စလို နေအိုင်မဆို အေးမြို့မှ မထွက်မချင်း အဲနေအိုင်မှာ နေလော့။
LUK 9:5 နင့်ဟို လူလို့ မကြိုဆိုလဲ့ နေရာတိုင်းမှာ သူလို့တဖက်နှိုက် သက်သေအနေနဲ့ အေးမြို့မှ မသွားခင် နင်လို့ ခြေဖဝါးမှ ဖုန်မှုန့်ဟို ခါချခဲ့ကြလော့” ဟု ပြောအယ်။
LUK 9:6 တဘဲ့တော်လို့ဟ ထွက်သွားယွေ့ ရွာများလို့ဟို ဖြတ်သွားပင်း ခရီးပြုလျက် သတင်းကောင်းနဲ့ ကျန်းမာခြင်းများဟို နေရာတိုင်းမှာ ဟောပြောကြအယ်။
LUK 9:7 ဂါလိလဲပြေတွင် အုပ်ချုပ်နေသော ဟေရုဒ်မင်းဟ ဖြစ်ပျက်သမျှအားလုံးဟို ကြားသိသောအခါ သူဟ စိတ်ရှုပ်ထွေးသွားအယ်၊ ပစာကို့ လူတချို့ဟ နှစ်ခြင်း ယောဟန် အသက်ပြန်ဆှင်လာပီဟု ပြောသောကျောန့် ဖြစ်အယ်။
LUK 9:8 တချို့လို့ဟ ဧလိယ ပေါ်လာပီလို့ ပြောဆိုကြအယ်၊ တချို့လို့ဟလည်း ရှေးအခါဟ ပရောဖက်တပါးပါး အသက်ပြန်ဆှင်လာအယ်ဟု ဆိုကြအယ်။
LUK 9:9 ဟေရုဒ်ဟလည်း “ငါဟ ယောဟန်ရဲ့ ဦးခေါင်းဟို ဖြတ်ခဲ့အယ်၊ အဲလိုလဲ ငါကြားရတဲ့ ဟေအကျောန်းအရာရဲ့ အေးသူဟ စသူလုန်း” ဟု ပြောဆိုယွေ့ သူဟ ယေရှုဟို တွေ့နိန်ဖို့ ကြိုးစားနေအယ်။
LUK 9:10 တမန်တော်လို့ဟ ယေရှုဆေဟို ပြန်လာပင်း မိမိလို့လုပ်ခဲ့လဲ့ အရာအားလုံးဟို ပြောကြအယ်။ ယေရှုဟ သူလို့ဟို ခေါ်ပင်း ဗက်ဇဲဒလို့ ခေါ်လဲ့မြို့ဟို သွားကြအယ်။
LUK 9:11 လူအုပ်ကြီးဟ အေးအကျောန်းဟို ကြားလျှင် သူလို့ဟ ယေရှုနောက်ဟို လိုက်ကြအယ်။ ကိုယ်တော်ဟ သူလို့ဟို ကြိုဆိုပင်းရင် ဘုရားသခင်ရဲ့ နိုင်ငံတော်အကျောန်းဟို ပြောကြားယွေ့၊ ကျန်းမာခြင်း လိုအပ်သူများဟိုလည်း ကျန်းမာစေအယ်။
LUK 9:12 ညနေစောင်းသောအခါ တဘဲ့တော် တဆယ့်နေပါးလို့ဟ ယေရှုဆေဟို လာပင်း “လူလို့ဟို စေလွှတ်ပင်း ပတ်ဝန်းကျင်ရွာများဟို သွားပင်း နေစရာနဲ့ စားစရာများဟို ဆာစေပါ၊ ပစာကို့ ဟေအရပ်ဟ အထီးကျန်လဲ့ အရပ်ဖြစ်သောကျောန့် ဖြစ်အယ်” ဟု ပြောပြအယ်။
LUK 9:13 အဲလိုလဲ ယေရှုဟ သူလို့ဟို “နင်လို့တတ်တိုင်း သူလို့ဟို စားစရာတခုခုဟိုပေးပါ” လို့ ပြောအယ်။ သူလို့ဟ “ငါ့လို့မှာ မုန့်ငါးလုံးနဲ့ ငါးနေကောင်ပဲ ဆိအယ်၊ ငါလို့ဟ ဟေလူအုပ်အားလုံးအတွက် အစားအစာဟို သွားဝယ်စေချင်သလော” ဟု ပြန်ပြောကြအယ်။
LUK 9:14 (အေးမှာ ယောက်ျားအရေအတွက် ၅,၀၀၀ ဆိအယ်) ယေရှုဟ တဘဲ့တော်လို့အား “အေးသူလို့ဟို အယောက်ငါးဆယ် တစုစီ ထိန်ခိုင်းကြလော့” ဟု မိန့်အယ်။
LUK 9:15 တဘဲ့တော်လို့ဟလည်း ပြောလဲ့အတိုင်း လုပ်ကြအယ်။
LUK 9:16 ယေရှုဟ မုန့်ငါးလုံးနဲ့ ငါးနေကောင်ဟို ယူပင်း ခေါန်းခင်ဟို မော့ကျေ့ယွေ့ သူလို့အတွက် ဘုရားသခင်ဟို ချီးမွန်းပင်း မုန့်ဟို ဖဲ့ယွေ့ လူလို့အား ဝေပေးဖို့ တဘဲ့တော်လို့ဟို ပေးအယ်။
LUK 9:17 သူလို့အားလုံးဟ လုံလုံလောက်လောက် စားရပင်း၊ သူလို့ရဲ့ အကျန်များဟို တဘဲ့တော်လို့ဟ ကောက်သိမ်းရာ ဆယ့်နေတောင်း ရကြအယ်။
LUK 9:18 တနေ့မှာ ယေရှုတယောက်တည်း ဆုတောင်းနေသောအခါ တဘဲ့တော်များဟ သူ့ဆေဟို လာကြအယ်။ ကိုယ်တော်ဟ “လူအုပ်များဟ ငါ့ဟို စသူလို့ ပြောကြတုန်း” ဟု သူလို့ဟို မေးကြအယ်။
LUK 9:19 “တချို့ပြောကြတာဟ နင်သည် နှစ်ခြင်း ယောဟန် ဖြစ်အယ်၊ တချို့ပြောကြတာဟ နင်သည် ဧလိယ ဖြစ်အယ်၊ တချို့ပြောကြတာက ဟိုအရင်ခါဟ ပရောဖက်တပါးပါး အသက်ပြန်ဆှင်လာအယ်” လို့ ပြန်ပြောကြအယ်။
LUK 9:20 “နင်လို့ကော စလိုထင်တုန်း၊ ငါ့ဟို စသူလို့ ထင်ကြတုန်း” လို့ ယေရှုဟ သူလို့ဟို မေးအယ်။ ပေတရုဟ “နင်ဟ ဘုရားသခင်ရဲ့ မေဆှိယ ဖြစ်အယ်” လို့ ပြန်ပြောအယ်။
LUK 9:21 ယေရှုဟ တယောက်ဟိုမှ မပြောဖို့ သူလို့ဟို တင်းတင်းကျပ်ကျပ် အမိန့်ပေးတယ်။
LUK 9:22 ယေရှုဟ “လူသားဟ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်ကြီးများနဲ့ ကျမ်းတတ်ဆရာများရဲ့ ငြင်းပယ်ခြင်းဟို ခံရပင်းရင် ဝေဒနာများဟိုလည်း ခံစားရမယ်။ သူဟ အသေသတ်ခြင်းဟို ခံရမယ်။ အဲလိုလဲ သုံးရက်မြောက်နေ့မှာ အသက်ပြန်ဆှင် ထမြောက်လိမ့်မယ်” ဟု သူလို့အား မိန့်အယ်။
LUK 9:23 အေးလို့သူလို့အားလုံးဟို ပြောပင်းနောက် “ငါနဲ့အတူလိုက်ချင်သော သူတစုံတယောက်ဟ ကိုယ့်ကိုကိုယ် ငြင်းပယ်ရမယ်၊ ကိုယ့်လက်ဝါးကပ်တိုင်ဟို နေ့တိုင်းထမ်းယွေ့ ငါ့နောက်ဟို လိုက်ရမယ်။
LUK 9:24 နင်ဟ မိမိရဲ့ အသက်ဟို ကယ်တင်လိုရင် နင်ဟ အသက်ဟို ဆုံးလိမ့်မယ်၊ အဲလိုလဲ နင်လို့ဟ ငါ့ကျောန့် အသက်ဆုံးသူဟ မိမိအသက်ဟို ကယ်တင်လိမ့်မယ်။
LUK 9:25 လူဟ လောကတခုလုံးဟို အောန်နိန်ခွင့်ရသော်လည်း မိမိတတ်တိုင်း ဆုံးရှုံးသောသူဟ ပစာအကျိုးဆိလုန်း၊ စလို အကျိုးကျေးဇူးမှ ဆိမောင့်လဲ့။
LUK 9:26 တစုံတယောက်ဟ ငါနဲ့ ငါ့ရဲ့ သင်ကြားမှုကျောန့် ဆှက်ရင် လူသားဟ မိမိရဲ့ ဘုန်း၊ အဖရဲ့ ဘုန်း၊ သန့်ဆှင်းသော ခေါန်းခင်တမန်များရဲ့ ဘုန်းနဲ့ ပြန်လာသောအခါ အေးသူဟို ဆှက်မယ်။
LUK 9:27 နင်လို့ဟို ငါအမန်အကန်ဆိုတာဟ ဟေအရပ်နှိုက်ဆိသော သူအချို့လို့ဟ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟို မမျော်ခင် မသေရကြ” ဟု ပြောအယ်။
LUK 9:28 အေးအကျောန်းဟို ပြောပင်း တပတ်လောက်ကြာသောအခါ၊ ယေရှုဟ ပေတရု၊ ယောဟန်နဲ့ ယာကုပ်လို့ဟို ခေါ်ပင်း သူနဲ့အတူ ဆုတောင်းဖို့ တောင်ပေါ်ဟို သွားအယ်။
LUK 9:29 ဆုတောင်းနေလဲ့အချိန်တွင် သူ့ရဲ့ မျက်နှာ ပြောင်းလဲလာပင်း၊ သူ့ရဲ့ အဝတ်အစားဟ ဖြူဖွေး တောက်ပလာအယ်။
LUK 9:30 ခုတုံးပင် လူနေယောက်ဟ ပေါ်လာပင်း ယေရှုနဲ့ စကားပြောလျက်နေအယ်။ သူလို့ဟ ဧလိယနဲ့ မောရှေ ဖြစ်ကြအယ်။
LUK 9:31 သူလို့ဟ ခေါန်းခင်ကနေ ဘုန်းတော်နဲ့အတူ ပေါ်လွင်လာပင်း ဘုရားသခင်ရဲ့ ရည်ရွယ်ချက် မကြာခင် ပြေ့စုံဖို့ ယေရုရှလင်မြို့မှာ အသေခံရမဲ့အကျောန်းဟို ယေရှုနဲ့အတူ ပြောဆိုနေကြအယ်။
LUK 9:32 ပေတရုနဲ့ သူ့ရဲ့ အဖော်လို့ဟ အိပ်မွေ့လျက်နေကြအယ်။ အဲလိုလဲ သူလို့ဟ ထလာပင်း ယေရှုရဲ့ ဘုန်းတော်နဲ့ သူနဲ့အတူ ရပ်နေကြလဲ့ လူနေယောက်လို့ဟို မျော်ကြအယ်။
LUK 9:33 အေးလူလို့ဟ ယေရှုဆေမှ ထွက်သွားပင်း၊ ပေတရုဟ “သခင်၊ ဟေနေရာဟ ငါလို့ဖို့ စလောက်နေဖို့ကောင်းအယ်၊ ငါလို့ ကိုယ်တော်အတွက် တခု၊ မောရှေအတွက် တခုနဲ့ ဧလိယအတွက် တခု၊ တဲသုံးခုဟို ငါလို့ ဆောက်လုပ်ပါရစေ” ဟု မိမိ စလိုအရာ ပြောဆိုနေတာဟို မသိဘဲ ယေရှုအား ပြောအယ်။
LUK 9:34 အေးလို့ စကားပြောနေသောအခါ မိုးချေးသားဟ ပေါ်လွင်လာပင်း သူလို့ဟို အရိပ်နဲ့ ဖုံးယွေ့ မိုးချေးသားဟ တဘဲ့တော်များ အပေါ်မှာ ရောက်လာသောအခါ သူလို့ဟ ကြောက်ကြအယ်။
LUK 9:35 မိုးချေးသားထဲဟ “အေးသူဟ ငါရွေးချယ်ထားလဲ့ ငါ့ရဲ့ သား ဖြစ်အယ် သူ့စကားဟို နားထောင်ကြလော့” လို့ အသံထွက်ပေါ်လာအယ်။
LUK 9:36 အသံရပ်သွားသောအခါ၊ ယေရှုဟ တယောက်တည်း ဆိအယ်။ တဘဲ့တော်များဟ သူလို့ မျော်လဲ့အကျောန်းအရာများဟို အဲအချိန်နှိုက် စသူမှ မပြောဘဲ တိတ်ဆိတ်နေကြအယ်။
LUK 9:37 နောက်တနေ့မှာ ယေရှုနဲ့ တဘဲ့တော် သုံးယောက်ဟ တောင်ပေါ်မှ ပြန်ဆင်းကြသောအခါ လူအုပ်ကြီးများဟ ယေရှုဟို ကြိုဆိုကြအယ်။
LUK 9:38 လူအုပ်ထဲမှ လူတယောက်ဟ အော်ပင်း “ဆရာ၊ ငါရဲ့ သားဟို ကျေ့ပေးပါ၊ ငါ တောင်းပန်ပါတယ်၊ သူဟ ငါရဲ့ တဦးတည်းသောသား ဖြစ်အယ်။
LUK 9:39 နတ်ဟ သူ့ဟို တိုက်ခိုက်သဖြင့် သူဟ ခုတုံး အော်ယွေ့ လဲချပင်း စလောင်ထဲမှာ အမြှုပ်ဟို ထွက်စေတတ်အယ်။ သူ့ဟို နာကျင်စေပင်းမှ ခက်ခက်ခဲခဲနဲ့ ထွက်သွားတတ်အယ်။
LUK 9:40 ငါဟ နင့်ရဲ့ တဘဲ့တော်များအား မောင်းထုတ်ပေးရန် တောင်းပန်ပေမဲ့ သူလို့ဟ မလုပ်နိန်ကြပါ” ဟု ပြောအယ်။
LUK 9:41 ယေရှုဟ “ယုံကြည်ခြင်း ကင်းမဲ့လူလို့နဲ့ မားသောလူလို့၊ နင်လို့နဲ့အတူ ငါ စလောက်ကြာအောန် နေရမလဲ၊ နင်လို့ဟို စလောက်ကြာအောန် သည်းခံရမလဲ” လို့ ပြန်ပြောအယ်။ အေးနောက် ယေရှုဟ အေးလူဟို “နင့်ရဲ့ သားဟို ဟေနားခေါ်ခဲ့” ဟု ပြောအယ်။
LUK 9:42 အောင်နီငယ် လာသောအခါ၊ နတ်ဆိုးဟ မြေကြီးပေါ်မှာ မောက်ချပင်း သူ့ဟို ကြမ်းတမ်းစွာ ပစ်ချအယ်။ ယေရှုဟ ညစ်ညူးသောနတ်ဟို အမိန့်ပေးယွေ့ အောင်နီငယ်ဟို ကျန်းမာစေပင်းနောက် သူ့အဖဆေဟို ပြန်ပေးအယ်။
LUK 9:43 လူအားလုံးလို့ဟ ဘုရားသခင်ရဲ့ ကြီးမြတ်သော တန်ခိုးတော်ဟို မျော်ပင်း အံ့ဩကြအယ်။ လူအားလုံးလို့ဟ ယေရှုလုပ်ခဲ့လဲ့ အရာအားလုံးဟို အံ့ဩနေကြစဉ်၊
LUK 9:44 ယေရှုဟ သူရဲ့ တဘဲ့တော်များဟို “ငါပြောခဲ့လဲ့ အကျောန်းအရာဟို မမေ့ကြနဲ့၊ လူသားဟ လူလို့ရဲ့ လက်ထဲဟို အပ်တဲ့အချိန် ရောက်လာပီ” ဟု ပြောအယ်။
LUK 9:45 အဲလိုလဲ တဘဲ့တော်များဟ ပစာဆိုလိုတာဟို မသိကြ။ သူလို့ နားမလည်အောန် အဲဒီအရာဟို သူ့လို့ဆေမှာ အောန်းထားသောကျောန့် ဖြစ်အယ်၊ သူလို့ဟ အေးအကျောန်းအရာဟို မေးဖို့ ကြောက်ကြအယ်။
LUK 9:46 တဘဲ့တော်များဟ မိမိလို့တွင် စသူဟ အကြီးမြတ်ဆုံး ဖြစ်မလဲဆိုတာဟို အချင်းချင်း ငြင်းကြအယ်။
LUK 9:47 ယေရှုဟ သူလို့ စလိုစိတ်ထဲမှာ တွေးနေကြတယ်ဆိုတာဟို သိသောကျောန့် လူပဲ့သငယ်ဟို ခေါ်ပင်းရင် သူ့ဘေးမှာ ရပ်စေအယ်။
LUK 9:48 အေးနောက် ယေရှုဟ သူလို့ဟို “ငါ့ရဲ့ နာမနဲ့ ဟေလူပဲ့သူငယ်ဟို ကြိုဆိုလဲ့သူဟ ငါ့ဟိုလည်း ကြိုဆိုအယ်။ ငါ့ဟို ကြိုဆိုသော သူဟ ငါ့စေလွှတ်လိုက်သော သူဟိုလည်း ကြိုဆိုအယ်။ နင်လို့တွင် အနှိမ့်ချဆုံးသောသူဟ အကြီးမြတ်ဆုံးသောသူ ဖြစ်အယ်” ဟု ပြောအယ်။
LUK 9:49 ယောဟန်ဟ “သခင်၊ နင့်ရဲ့ နာမနဲ့ နတ်ဆိုး မောင်းထုတ်နေသူတဦးဟို ငါလို့ မျော်ခဲ့အယ်၊ သူဟ ငါလို့ အဖွဲ့ထဲဟ မဟုတ်သောကျောန့် ငါလို့ သူ့ဟို ရပ်ဖို့ ပြောခဲ့အယ်” ဟု ပြောအယ်။
LUK 9:50 ယေရှုဟ “အေးသူလို့ဟို မတားကြနဲ့၊ ပစာကို့ နင်လို့ရဲ့ ရန်သူဖက်နှိုက် မဆိသောသူဟ နင်လို့ဖက်နှိုက် ဆိအယ်” ဟု တဘဲ့တော်များဟို ပြောအယ်။
LUK 9:51 ယေရှုဟ ခေါန်းခင်ဟို ခေါ်ဆောင်ရန် အချိန်နီးလာသောအခါ သူ့စိတ်ထဲမှာ ဆိလဲ့အတိုင်း ယေရုရှလင်မြို့ဟို သွားအယ်။
LUK 9:52 ကိုယ်တော်ဟ သူ့ဆေ့မှာ သတင်းသမားဟို ဦးရင် စေလွှတ်အယ်။ သူလို့ဟ ကိုယ်တော်အတွက် အဆင်သင့် အားလုံးပြင်ဆင်ဖို့ ရှမာရိရွာထဲဟို သွားကြအယ်။
LUK 9:53 အဲလိုလဲ ကိုယ်တော်ဟ ယေရုရှလင်မြို့ဟို ခရီးသွားနေတာ ဖြစ်သောကျောန့်၊ အေးမှာဆိလဲ့လူများဟ သူ့ဟို လက်မခံကြဝူး။
LUK 9:54 ကိုယ်တော်ရဲ့ တဘဲ့တော်များဖြစ်ကြလဲ့ ယောဟန်နဲ့ ယာကုပ်ဟ အေးအရာဟို မျော်သောအခါ “သခင်၊ သူလို့ဟို ဖျက်ဆီးဖို့ ခေါန်းခင်ဟ မီးကျယွေ့ လောင်စေဖို့ရန် ငါလို့ လုပ်စေချင်သလော” ဟု သူလို့ဟ ပြောအယ်။
LUK 9:55 ယေရှုဟ လှည့်ပင်း သူလို့ဟို ဆုံးမအယ်။
LUK 9:56 အေးနောက် ယေရှုနဲ့ တဘဲ့တော်များဟ တခြားရွာဟို သွားကြအယ်။
LUK 9:57 အေးသူလို့ လမ်းမှာ သွားနေစဉ် လူတယောက်ဟ “နင် စနားသွားသွား ငါ နင့်နောက်လိုက်မယ်” ဟု ယေရှုဟို ပြောအယ်။
LUK 9:58 ယေရှုဟ “မြေခွေးမှာ တွင်းဆိအယ်၊ မိုးခေါန်းခင်နှိုက် ငက်မှာလည်း အသိုက်ဆိပေမဲ့ လူသားမှာတော့ နားဖို့နဲ့ လဲဖို့ နေရာမဆိ” ဟု သူ့ဟို ပြောအယ်။
LUK 9:59 ကိုယ်တော်ဟ တခြားလူတယောက်ဟို “ငါ့နောက်လိုက်မန့်” ဟု ပြောအယ်။ အဲလိုလဲ အေးလူဟ “ဆရာ၊ ငါအဖဟို သင်္ဂြိုဟ်ဖို့ အရင် ငါ ပြန်ပါရစေ” ဟု ပြောအယ်။
LUK 9:60 ယေရှုဟ “လူသေများဟို လူသေလို့ပဲ သင်္ဂြိုဟ်ပါစေ၊ နင်သွားပင်း ဘုရားသခင်ရဲ့ နိုင်ငံတော်အကျောန်းဟို ပြောကြားလော့” ဟု ပြန်ပြောအယ်။
LUK 9:61 နောက်တယောက်ဟ “ဆရာ၊ ငါဟ ကိုယ်တော့်နောက်ဟို လိုက်မယ်၊ အဲလိုလဲ ငါ့ရဲ့ မိသားစုဟို အရင်သွားပင်း နှုတ်ဆက်ပါရစေ” ဟု ပြောအယ်။
LUK 9:62 ယေရှုဟ သူဟို “ထယ်ကို ကိုင်ပင်း နောက်ဟို လှည့်ကျေ့သူဟ ဘုရားသခင်ရဲ့ နိုင်ငံတော်အတွက် အသုံးမဝင်” ဟု ပြောအယ်။
LUK 10:1 သခင်ဘုရားဟ တခြားတဘဲ့တော် ၇၂ ဦး ဟို ရွေးချယ်ပင်းနောက် သူလို့ဟို နေယောက်တတွဲစီ တွဲပင်း သူလာမဲ့ မြို့နေရာများလို့ဟို အရင်သွားဖို့ သူလို့ဟို စေလွှတ်အယ်။
LUK 10:2 ကိုယ်တော်ဟ သူလို့ဟို “ရိတ်သိမ်းရန် အများဆိအယ်၊ အဲလိုလဲ အလုပ်သမားများဟ ရမ်းဆာ့နည်းအယ်။ ပိုင်ဆှင်ဟ ရိတ်သိမ်းရန် အလုပ်သမားများ ပိုမို စေလွှတ်ဖို့ ဆုတောင်းကြလော့။
LUK 10:3 သွားကြ၊ ဝံပုလွေအုပ်ထဲဟို သိုးသငယ်များဟို စေလွှတ်သလိုမျိုး နင်လို့ဟို ငါ စေလွှတ်အယ်။
LUK 10:4 ပိတ်ဆန်အိတ်၊ လွယ်အိတ်၊ ဖိနပ်လို့ဟို မယူသွားကြနဲ့၊ လမ်းမှာ ရပ်ပင်း တယောက်ဟိုမှ မနှုတ်ဆက်ကြနဲ့။
LUK 10:5 နင်လို့ အိုင်ဟို ဝင်လဲ့အခါတိုင်း ‘ဟေနေအိုင်ပေါ်မှာ ငြိမ်သက်ခြင်း ဆိပါစေ’ လို့ အရင်ပြောလော။
LUK 10:6 ငြိမ်သက်မှုဟို ချစ်လဲ့သူတဦး အေးမှာနေထိန်ရင် နင်လို့နှုတ်ဆက်လဲ့ ငြိမ်သက်ခြင်းဟို အေးသူခံစားရလိမ့်မယ်။ အေးလို့မဟုတ်ရင် နင့်ရဲ့ နှုတ်ဆက်လဲ့ ငြိမ်သက်ခြင်းဟို ပြန်တုံ့လာလိမ့်မယ်။
LUK 10:7 အေးနေအိုင်မှာ နေပင်း အိုင်ဆှင် ကျွေးမွေးလဲ့ စားစရာ သောက်စရာများဟို စားကြလော့၊ ပစာကို့ အလုပ်သမားများအတွက် အခဟို ပေးရတဲ့အတွက် ဖြစ်အယ်။ နေအိုင်တအိုင်မှ တခြားနေအိုင်ဟို မရွေ့ကြနဲ့။
LUK 10:8 နင်လို့မြို့ထဲဟို ဝင်ပင်း ကြိုဆိုလက်ခံလဲ့အခါ နင်လို့အဆေ့မှာ ဆိလဲ့အရာဟို စားကြလော့။
LUK 10:9 အေးမြို့မှာဆိလဲ့ ဖျားနာသူများဟို ကျန်းမာစေကြပင်းနဲ့ ‘ဘုရားသခင်ရဲ့ နိုင်ငံတော် တည်လုနီးပီ’ လို့ လူလို့ဟို ပြောလော့။
LUK 10:10 အဲလိုလဲ နင်လို့ မြို့ထဲဟို သွားယွေ့ သူလို့ မကြိုဆိုရင် လမ်းအပြင်ဟို ထွက်ပင်း ဟေလို့ပြောလော့။
LUK 10:11 ‘နင်လို့ဟို သတိပေးလဲ့အနေနဲ့ ငါလို့ခြေထောက်မှာ ကပ်နေလဲ့ နင်လို့မြို့ဟ ဖုန်မှုန့်ဟို ငါလို့ ခါချအယ်၊ အဲလိုလဲ ဘုရားသခင်ရဲ့ နိုင်ငံတော် တည်လုနီးပီဟို သတိရကြပါ’ ဟု ပြောကြလော့။
LUK 10:12 နင်လို့ဟို ငါ အမန်အကန်ဆိုတာဟ တရားစီရင်ရာနေ့မှာ ဘုရားသခင်ဟ အေးမြို့ထက်ပိုပင်း သောဒုံမြို့ဟို ကရုဏာထားမယ်။
LUK 10:13 “ခေါရာဇိန်မြို့ ကြောက်စရာကောင်းလဲ့အရာဟ နင့်ဟို စောင့်နေအယ်၊ အေးတိုင်းတိုင်း ဗက်ဇဲဒမြို့လည်း ကြောက်စရာလဲ့အရာတွေဟ နင့်ဟို စောင့်နေအယ်။ နင်လို့ဆေမှာ ပြခဲ့လဲ့ နိမိတ်လက္ခဏာများဟို တုရုမြို့နဲ့ ဇိဒုန်မြို့တွင် ပြခဲ့ရင် လူများလို့ဟ အရင်အခါဟ လျှော်တေအဝတ်ဟို ဝတ်ပင်း၊ ပြာမှုန့်ဟို သူလို့ပက်ပင်း ထိန်လျက် သူလို့ဟ မိမိလို့ရဲ့ အပစ်များမှ ပြန်လှည့်ကျောန်းဟို ပြသမယ်ဖြစ်အယ်။
LUK 10:14 တရားဆုံးဖြတ်ရာ နေ့နှိုက် နင်လို့ထက် တုရုမြို့နဲ့ ဇိဒုန်မြို့ဟို ဘုရားသခင်ဟ ကရုဏာပိုပင်း ပြမယ်။
LUK 10:15 အဲလိုလဲ ကပေနောင်မြို့ နင်ဟ နင့်တတ်တိုင်း ခေါန်းခင်တိုင်အောန် မြှောက်စားခြင်းဟို ခံလိုသလော၊ ငရဲတိုင်အောန် နိမ့်ချခြင်းဟို ခံရလိမ့်မယ်” ဟု မိန့်အယ်။
LUK 10:16 ယေရှုဟ “နင်လို့စကားဟို နားထောင်လဲ့ စသူမဆို ငါ့စကားဟို နားထောင်အယ်၊ နင်လို့ဟို ငြင်းပယ်လဲ့ စသူမဆို ငါ့ဟို ငြင်းပယ်အယ်၊ ငါ့ဟို ငြင်းပယ်လဲ့ စသူမဆို ငါ့ဟို စေလွှတ်လဲ့သူဟို ငြင်းပယ်အယ်” ဟု တဘဲ့တော်များဟို ပြောအယ်။
LUK 10:17 တဘဲ့တော် ၇၂ ဦး လို့ဟ ဝမ်းမြောက်စွာနဲ့ ပြန်လာပင်း “သခင်၊ ငါလို့ဟ ကိုယ်တော်ရဲ့ နာမနဲ့ အမိန့်ပေးသောအခါ နတ်ဆိုးလို့ပင် နာခံကြပီ” ဟု သူလို့ဟ ပြောကြအယ်။
LUK 10:18 ယေရှုဟ သူလို့ဟို “ခေါန်းခင်မှ ဆှပ်စီးကျသလိုမျိုး စာတန် ကျလာတာဟို ငါ မျော်ရအယ်။
LUK 10:19 နားထောင်လော့၊ ငါ့ရဲ့ တန်ခိုးအာဏာများဟို နင်လို့ဟို ပေးထားသောကျောန့် နင်လို့ဟ မြွေများ၊ ကင်းမြီးကောက်လို့ဟို နိန်ရသောအခွင့်နဲ့ ရန်သူများဟို နိန်လိမ့်မယ်၊ နင်လို့ဟို ပစာအရာမှ မနာကျင်စေရ။
LUK 10:20 အဲလိုလဲ နတ်ဆိုးများဟ နင်လို့စကားဟို နားထောင်သောကျောန့် ဝမ်းမသာကျနဲ့။ နင်လို့ရဲ့ နာမယ်များဟို ခေါန်းခင်မှာ ရေးထားတဲ့အတွက်ကျောန့် ဝမ်းသာကြလော့” ဟု ပြောအယ်။
LUK 10:21 သန့်ဆှင်းသော ဝိညာဉ်တော်အားဖြင့် ယေရှုဟ ဝမ်းမြောက်ခြင်းနဲ့ ပြေ့နေချိန်နှိုက် ကိုယ်တော်ဟ “အဖ၊ ခေါန်းခင်နဲ့ မြေကြီးရဲ့ အဆှင်၊ ပညာဆိများနဲ့ ဉာဏ်ထက်မြက်သောသူများအား ဟေအရာလို့ဟို အောင်းထားလျက် မသိနားမလည်သော သူများဟို ပြသပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ မန်အယ်၊ အဖ၊ အေးလို့ ဖြစ်ပျက်ရလဲ့အကျောန်းဟ ကိုယ်တော် အလိုဆိသောကျောန့် ဖြစ်အယ်။
LUK 10:22 “ငါ့အဖဟ အရာအားလုံးဟို ငါ့အား ပေးအယ်၊ သားတော်ဟ စသူဖြစ်ကျောန်းဟို ခမည်းတော်မှလွဲရင် စသူမှ မသိ၊ အဖဟ စသူဖြစ်ကျောန်းဟိုလည်း သားတော်နဲ့ သားတော်ဟ ဖော်ပြလိုသူမှလွဲရင် စသူမှ မသိ” ဟု မိန့်အယ်။
LUK 10:23 အေးနောက် ယေရှုဟ တဘဲ့တော်များဆေဟို လှည့်ပင်း “နင်လို့ မျော်လဲ့အရာလို့ဟို မျော်ရသော မျက်စေ့လို့ဟ မင်္ဂလာဆိကြအယ်။
LUK 10:24 နင်လို့ဟို ငါပြောတာဟ ရမ်းဆာ့သော ပရောဖက်များ၊ ဘုရင်များဟ နင်လို့ မျော်ရလဲ့အရာများဟို မျော်ရရန် အလိုဆိသော်လည်း မမျော်ရကြ။ နင်လို့ ကြားနေရသောအရာများဟို ကြားရရန် အလိုဆိသော်လည်း မကြားခဲ့ရကြ” လို့ သူလို့ဟို သီးသန့်ပြောခဲ့အယ်။
LUK 10:25 ကျမ်းတတ်ဆရာတယောက်ဟ ယေရှုဆေဟို လာပင်း “ဆရာ၊ ထာဝရ အသက်ဟို ရဖို့ ငါ ပစာလုပ်ရမလဲ” လို့ ထောင်ချောက်ဆင်ပင်း မေးအယ်။
LUK 10:26 ယေရှုဟ “ပညတ္တိကျမ်းတွင် စလို ဖော်ပြသလဲ၊ သူလို့ဟို နင် စလို အနက်ပြန်မလဲ” ဟု သူ့ဟို ပြန်ပြောအယ်။
LUK 10:27 အေးလူဟ “ ‘နင့်ရဲ့ အဆှင် ဘုရားသခင်ဟို စိတ်နေလုံး အကြွင်းမဲ့၊ အစွမ်းဆိသမျှ၊ ဉာဏ်ဆိသမျှ အားလုံးနဲ့ ချစ်လော့၊ နင့်ရဲ့ အိုင်နီးချင်းဟိုလည်း မိမိတတ်တိုင်း ချစ်သလိုမျိုး ချစ်လော့’ ဟူယွေ့ လည်းကောင်း ဖြစ်ပါ” ဟု ပြန်ဖြေအယ်။
LUK 10:28 ယေရှုဟ “နင် မန်အယ်၊ အေးအတိုင်းလုပ်ရင် အသက်ဟို ရလိမ့်မယ်” လို့ ပြန်ပြောအယ်။
LUK 10:29 အဲလိုလဲ ကျမ်းတတ်ဆရာဟ သူတတ်တိုင်း အပစ်မဆိကျောန်း သက်သေပြလိုသောစိတ်နဲ့ ယေရှုဟို “ငါရဲ့ အိုင်နီးချင်းဟ စသူလုန်း” ဟု မေးအယ်။
LUK 10:30 ယေရှုဟ “လူတယောက်ဟ ယေရုရှလင်မြို့မှ ယေရိခေါမြို့ဟို သွားလဲ့လမ်းတွင် ထားပြများရဲ့ တိုက်ခိုက်ခြင်းဟို ခံရအယ်။ သူ့ရဲ့ အဝတ်ဟို ချွတ်ပင်း၊ ဖိုင်ယွေ့ သေခါနီး ဖြစ်သောအခါ သူ့ဟို ထားခဲ့ကြအယ်။
LUK 10:31 ယဇ်ပုရောဟိတ်တပါးဟ အေးလမ်းဟနေပင်း သွားတာ ဖြစ်သောကျောန့် အေးလူဟို မျော်သောအခါ သူဟ တခြားတဖက်ဟနေပင်း ကွင်းသွားအယ်။
LUK 10:32 အေးတိုင်းတိုင်း လေဝိ လူတယောက်ဟလည်း အေးနေရာဟို ရောက်လာအယ်။ သူဟ အေးလူနာနားဟို သွားကျေ့ပင်း တခြားတဖက်ဟနေ ကွင်းသွားအယ်။
LUK 10:33 အဲလိုလဲ အဲလမ်းဖြင့် ခရီးသွားသော ရှမာရိ လူတယောက်ဟ အေးလူဟို မျော်သောအခါ သနားခြင်းစိတ် ဆိသဖြင့်၊
LUK 10:34 အေးလူဆေဟို ချဉ်းကပ်ပင်း၊ သူ့ရဲ့ အနာအပေါ်မှာ ဆီနဲ့ စပျစ်ယေဟို လောင်းချယွေ့ အဝတ်နဲ့ ချေပေးပင်း မိမိရဲ့ တိရစ္ဆာန်ပေါ် တင်ယွေ့ တည်းခိုခန်းဟို ခေါ်သွားယွေ့ ပြုစုလေအယ်။
LUK 10:35 နောက်တနေ့မှာ သူဟ ငွေဒင်္ဂါးနေပြားဟို ထုတ်ပင်း တည်းခိုခန်း ပိုင်ဆှင်ဟို ပေးအယ်၊ ‘သူ့ဟို ဂရုစိုက်ပါ၊ ဟေလမ်းဟနေပင်း ငါ ပြန်လာသောအခါ သူ့အတွက် ကုန်ကျသမျှဟို ငါပေးမယ်’ လို့ ပြောအယ်။”
LUK 10:36 ယေရှုဟ အချုပ်အားဖြင့် “အေးသုံးယောက်လို့တွင် စသူဟ ထားပြရဲ့ တိုက်ခိုက်ခြင်းနဲ့ တွေ့ရသူရဲ့ အိုင်နီးချင်း ဖြစ်မယ်လို့ နင် ထင်သလဲ” ဟု ပြောအယ်။
LUK 10:37 ကျမ်းတတ်ဆရာဟ “သူ့အပေါ်မှာ သနားကြင်နာလဲ့ တယောက် ဖြစ်အယ်” လို့ ပြန်ပြောအယ်။ ယေရှုဟ “နင်သွားယွေ့ အေးပုံစံအတိုင်း လုပ်ပါ” ဟု ပြန်ပြောအယ်။
LUK 10:38 ယေရှုနဲ့ သူ့ရဲ့ တဘဲ့တော်များဟ သူလို့လမ်းဟို သွားခဲ့ကြပင်းနောက် ရွာတရွာဟို ရောက်ခဲ့ကြအယ်။ အဲရွာမှာ မာသလို့ နာမယ်ခေါ်လဲ့ မိန်းမတယောက်ဟ ယေရှုဟို သူ့နေအိုင်တွင် ကြိုဆိုအယ်။
LUK 10:39 သူမမှာ မာရိလို့ နာမယ်ခေါ်လဲ့ ညီမတယောက် ဆိအယ်၊ သူမဟ သခင်ရဲ့ ခြေထောက်နားမှာ ထိန်ပင်း သူ့ရဲ့ သင်ကြားမှုများဟို နားထောင်လျက် နေအယ်။
LUK 10:40 မာသဟ အလုပ်အားလုံးဟို သူတယောက်တည်း လုပ်နေရသောကျောန့် စိတ်ပျက်ပင်း ယေရှုဆေဟို လာယွေ့ “သခင်၊ ငါ့ရဲ့ ညီမဟ ငါ့တယောက်တည်း အလုပ်လုပ်စေဖို့ ငါ့ဆေဟနေပင်း ပစ်ထားခဲ့တာဟို နင်ဟ ဂရုမစိုက်သလော၊ ငါ့ဟို လာပင်း ကူညီဖို့ ပြောပေးပါ” ဟု ပြောအယ်။
LUK 10:41 သခင်ဟ သူမဟို “မာသ၊ မာသ နင်ဟ ရမ်းဆာ့သောအရာများတွက် စိုးရိမ်ပင်း ဒုက္ခခံလျက် နေအယ်။
LUK 10:42 အဲလိုလဲ နင့်မှာ လိုအပ်နေလဲ့အရာတခု ဆိအယ်။ မာရိဟ ကောင်းသောအရာဟို ရွေးချယ်ပီ၊ အေးအရာဟ သူ့ဆေဟ စသူမှ လုယူလို့ မရ” ဟု ပြောအယ်။
LUK 11:1 တနေ့မှာ ယေရှုဟ နေရာတခုတွင် ဆုတောင်း နေအယ်။ သူ ဆုတောင်းပင်းသောအခါ တဘဲ့တော် တယောက်ဟ “သခင်၊ ယောဟန်ဟ တဘဲ့တော်များဟို သင်ကြားပေးသလိုမျိုး ငါလို့ဟို ဆုတောင်းရန် သင်ကြားပေးပါ” လို့ ယေရှုဟို ပြောအယ်။
LUK 11:2 ယေရှုဟ သူလို့ဟို “နင်လို့ ဆုတောင်းသောအခါ ဟေလို့ပြောမန့်၊ “ ‘ခေါန်းခင်ဘုံနှိုက် ဆိသော ငါလို့ အဖ၊ ကိုယ်တော်ရဲ့ သန့်ဆှင်းသော နာမတော်ဟို ရိုသေလေးမြတ်ခြင်း ဆိပါစေသော၊ နိုင်ငံတော် တည်ထောင်ပါစေသော။
LUK 11:3 ငါလို့ နေ့စဉ် လိုအပ်လဲ့ အစားအစာဟို နေ့တိုင်းပေးပါ၊
LUK 11:4 ငါလို့အား ပစ်မားသောသူဆိသမျှလို့ရဲ့ အပစ်များဟို ငါလို့ လွှတ်သလိုမျိုး ငါလို့ အပစ်များဟို ခွင့်လွှတ်ပါ ငါလို့ဟို ခက်ခဲသော စုံစမ်းခြင်းဟို မခံရပါစေနဲ့’ ဟု မြွက်ဆိုကြလော့” ဟု မိန့်အယ်။
LUK 11:5 ယေရှုဟ သူ့ရဲ့ တဘဲ့တော်များဟို ပြောပင်းနောက် “ညနက်အချိန်နှိုက် တယောက်ဟ မိတ်ဆွေရဲ့ နေအိုင်ဟို သွားတာဆိုပါစို့၊ ‘မိတ်ဆွေ၊ ငါ့ဟို မုန့်သုံးလုံးဟို ငမ်းပါ ဟု ပြောပါ။
LUK 11:6 ခရီးသွားနေလဲ့ ငါ့ရဲ့ မိတ်ဆွေတယောက်ဟ ငါ့နေအိုင်ဟို ရောက်လာအယ်၊ သူ့ဟို ကျွေးဖို့ ငါ့မှာ ပစာအစားအစာမှ မဆိဝူး။’
LUK 11:7 အဲပင်းရင် ‘ငါ့ဟို အနှောက်အယှက်မပေးနဲ့၊ ထင်ခါးဟို ပိတ်ထားပင်းပီ၊ ငါ့လူပဲ့သငယ်များနဲ့ ငါဟ အိပ်ယာထဲဟို ရောက်နေကြပီ။ ငါထပင်း နင့်ဟို ပစာမှ မပေးနိန်ဝူး’ လို့ နင့်မိတ်ဆွေဟ အထဲကနေပင်း ပြန်ပြောတယ်ဆိုပါစို့၊
LUK 11:8 အေးလို့ဖြစ်ရင် ပစာလိုလုန်း၊ ငါပြောတာဟ သူဟ မိတ်ဆွေတယောက်ဖြစ်သောကျောန့် ထပင်း မုန့်ဟို ပေးလိမ့်မယ် မဟုတ်၊ အဲလိုလဲ အေးသူဟ ဆှက်ကြောက်မှု မဆိဘဲ ဆက်ပင်း မေးနေသောကျောန့် သူဟ ထပင်း လိုချင်တာဟို ပေးလိမ့်မယ်။
LUK 11:9 အဲကျောန့် နင်လို့အား ငါပြောတာဟ တောင်းပါ တောင်းရင် ရလိမ့်မယ်၊ ဆာပါ ဆာရင် တွေ့လိမ့်မယ်၊ ထင်ခါးဟို ခေါက်ပါ၊ ခေါက်ရင် ထင်ခါး ဖွင့်လိမ့်မယ်။
LUK 11:10 တောင်းသောသူဟ ရလိမ့်မယ်၊ ဆာသောသူဟ တွေ့လိမ့်မယ်၊ ထင်ခါးဟို ခေါက်သောသူလို့ဟ ထင်ခါးဟို ဖွင့်လိမ့်မယ်။
LUK 11:11 နင်လို့တွင် အဖဖြစ်လဲ့သူဟ သူ့ရဲ့ သားဟ ငါးဟို တောင်းရင် မြွေဟို ပေးမယ်လော။
LUK 11:12 ကြက်ဥဟို တောင်းရင် ကင်းမြီးကောက်ဟို ပေးမယ်လော။
LUK 11:13 နင်လို့ဟ ဆိုးသောသူများဖြစ်သော်လည်း နင်လို့ရဲ့ လူပဲ့သငယ်လို့အား အကောင်းဟို ပေးတတ်ရင်၊ ခေါန်းခင်ပေါ်မှာ ဆိလဲ့ နင်လို့ရဲ့ အဖဟ တောင်းလဲ့အရာများဟို နင်လို့အား သန့်ဆှင်းသော ဝိညာဉ်တော်ဟို ပိုပင်း ပေးမယ် မဟုတ်လော” ဟု မိန့်အယ်။
LUK 11:14 ယေရှုဟ စကားမပြောနိန်လဲ့ နတ်ဆိုးဟို မောင်းထုတ်ပင်း နတ်ဆိုး ထွက်သွားသောအခါ အေးလူဟ စကားဟို စပင်း ပြောလေအယ်။ လူအုပ်ကြီးဟ အံ့ဩကြအယ်။
LUK 11:15 အဲလိုလဲ တချို့လူများဟ “နတ်ဆိုးလို့ရဲ့ ခေါင်းဆောင် ဗေလဇေဗုလဟ ပေးထားလဲ့ တန်ခိုးအားဖြင့် ကိုယ်တော်ဟ နတ်ဆိုးလို့ဟို မောင်းထုတ်အယ်” ဟု ဆိုကြအယ်။
LUK 11:16 တချို့ဟ ယေရှုဟို ထောင်ချောက်ဆင်ပင်း၊ မိုးခေါန်းခင်ဟ ဖြစ်သော နိမိတ်လက္ခဏာတခုဟို ပြသရန် သူ့ဟို တောင်းဆိုခဲ့အယ်။
LUK 11:17 ယေရှုဟ သူလို့ စလို တွေးနေကျောန်းဟို သိပေမဲ့လည်း သူလို့ဟို “တိုင်းနိုင်ငံတခုတွင် လူလို့ စိတ်ဝမ်းကွဲပြားပင်း အချင်းချင်း တိုက်ခိုက်နေရင် အဲနိုင်ငံဟ ပျက်စီးခြင်းဟို ရောက်လိမ့်မယ်၊ မိသားစုတခုတွင် စိတ်ဝမ်းကွဲပြားပင်း အချင်းချင်း တိုက်ခိုက်နေရင် အေးမိသားစုဟ ပြိုကွဲလိမ့်မယ်။
LUK 11:18 အေးကျောန့် စာတန်ရဲ့ နိုင်ငံတွင် အချင်းချင်း တိုက်ခိုက်မှုဆိရင် စလို ရပ်တည်နိန်မလဲ။ ငါ့ဟို ဗေလဇေဗုလဟ ပေးတဲ့ တန်ခိုးများနဲ့ နတ်ဆိုးများဟို မောင်းထုတ်အယ်ဟု နင်လို့ ငါ့ဟို ပြောကြအယ်။
LUK 11:19 ငါဟ ဗေလဇေဗုလဟို အမှီပြုယွေ့ နတ်ဆိုးလို့ဟို မောင်းထုတ်တာ မန်ရင်၊ နင်လို့ရဲ့ နောက်လိုက်များဟ စသူဟို အမှီပြုပင်း မောင်းထုတ်ကြလုန်း။ အေးနင်လို့ရဲ့ နောက်လိုက်များကပင် နင်လို့မားကျောန်း သက်သေပြအယ်။
LUK 11:20 ငါဟ ဘုရားသခင်ရဲ့ တန်ခိုးတော်အားဖြင့် နတ်ဆိုးလို့ဟို မောင်းထုတ်တာဖြစ်သောကျောန့် ဘုရားသခင်ရဲ့ နိုင်ငံတော်ဟ တည်လုနီးပီ ဖြစ်ကျောန်းဟို သက်သေပြနေအယ်။
LUK 11:21 “အားကောင်းလဲ့လူဟ လက်နက်အစုံနဲ့ သူရဲ့ နေအိုင်ဟို စောင့်ကျေ့ဖို့ အဆင်သင့်ဖြစ်နေသောအခါ သူပိုင်လဲ့အရာအားလုံးဟ လုံခြုံမှုဆိအယ်။
LUK 11:22 အဲလိုလဲ ပိုယွေ့အားကောင်းလဲ့လူဟ သူလို့ဟို တိုက်ခိုက်ပင်း နိန်သောအခါ၊ သူအားကိုး အားထားရလဲ့ လက်နက်များဟို သိမ်းယူပင်း တိုက်ခိုက်ရဆိလဲ့ ဥစ္စာပစ္စည်းများဟို ခွဲဝေကြအယ်။
LUK 11:23 “ငါ့ဖက်မှာ မနေသောသူဟ ငါ့ရန်ဖက် ဖြစ်အယ်၊ ငါနဲ့အတူ မစုဆောင်းလဲ့သူဟ တကွဲတပြားဖြစ်စေသောသူ ဖြစ်အယ်။
LUK 11:24 “ ညစ်ညူးသောနတ်ဟ လူထဲဟ ထွက်ဝါးလဲ့ခါ ခြောက်သွေ့သောနေရာဟို ဝေ့လယ်ယွေ့ နားဖို့နေရာဟို ဆှာတတ်အယ်။ ဆှာယွေ့ မတွေ့လျှင် ‘အရင်နေရာ နေအိုင်ဟောင်းဟို ပြန်တော့မယ်’ ဟု ဆိုအယ်။
LUK 11:25 ပြန်လာသောအခါ အဲနေရာမှာ လှဲကျင်းယွေ့ သန့်ဆှင်းသပ်ရပ်နေတာဟို မျော်အယ်။
LUK 11:26 သူ့ထက် သာယွေ့ ညစ်ညူးသောနတ်ဆိုး ခုနေဦးဟို ခေါ်ခဲ့ပင်းရင် အေးနေရာနှိုက် ဝင်နေအယ်။ အဲလိုမို့ နတ်ပူးသူရဲ့ နောက်ဖြစ်လာပုံဟ ဆေ့ဦးဖြစ်ပုံထက် ဆိုးအယ်” ဟု မိန့်အယ်။
LUK 11:27 ယေရှုဟ ဟေလို့ပြောပင်းသောအခါ လူအုပ်ထဲဟ အမျိုးသမီးတယောက်ဟ “ကိုယ်တော်ဟို မွေးယွေ့ နန်းအုပေးစို့ရသော အမျိုးသမီးဟ မင်္ဂလာဆိပါအယ်” ဟု ပြောအယ်။
LUK 11:28 အဲလိုလဲ ယေရှုဟ “ဘုရားသခင်ရဲ့ နှုတ်ကပတ်တရားတော်ဟို ကြားယွေ့ လိုက်နာသောသူလို့ဟ သာယွေ့ မင်္ဂလာဆိကြအယ်” ဟု ပြန်ပြောအယ်။
LUK 11:29 လူအုပ်ကြီးဟ စုဆုံလျက်နေတုန်းတွင် ကိုယ်တော်ဟ “ခနေ့ခေတ်လူလို့ဟာ ရမ်းဆာ့ ဆိုးညစ်အယ်။ သူလို့ဟ နိမိတ်လက္ခဏာဟို တောင်းဆိုကြရာတွင် ပရောဖက် ယောနရဲ့ လက္ခဏာတခုမှ လွဲယွေ့ ပစာနိမိတ်လက္ခဏာဟိုမျှ ပြနိန်ဝူးဟု ပြောအယ်။
LUK 11:30 ဟေနည်းတိုင်းတိုင်းပင် ယောနဟ နိနေဝေမြို့သားလို့အား နိမိတ်လက္ခဏာဖြစ်သလိုမျိုး ဟေခေတ်လူများလို့အတွက် လူသားဟ နိမိတ်လက္ခဏာ ဖြစ်လိမ့်မယ်။
LUK 11:31 တရားစီရင်သောနေ့နှိုက် ရှေဘပြေဟို အုပ်စိုးသောဘုရင်မဟ ဟေလူမျိုးတဖက်တွင် ထယွေ့ အရှုံးခံစေရလိမ့်မယ်။ ပစာကို့ မိဖုရားဟ ရှောလမုန်မင်းရဲ့ ပညာစကားဟို နားထောင်ရဖို့ မြေကြီးစွန်းမှ လာအယ်။ ဟေနေရာတွင် ရှောလမုန်ထက် သာယွေ့ ကြီးမြတ်သောသူ ဆိအယ်။
LUK 11:32 တရားစီရင်သောနေ့နှိုက် နိနေဝေမြို့သားလို့ဟ ဟေလူမျိုးတဖက်တွင် နေယွေ့ အရှုံးခံစေလိမ့်မယ်။ ပစာကို့ သူလို့ဟ ယောန ဟောပြောသော စကားကျောန့် နောင်တရကြအယ်။ ဟေနေရာတွင် ယောနထက် သာယွေ့ ကြီးမြတ်သောသူ ဆိအယ်။
LUK 11:33 “စသူမျှ မီးဖူးထွန်းပင်း ဖုံးထားလေ့ မဆိ၊ တောင်းဇလားအောက်နှိုက်လည်း မထားတတ်။ ဝင်လာသောသူဟ အလင်းရောင်ရဖို့ မီးတင်ခုံပေါ်မှာ တင်ထားလေ့ ဆိအယ်။
LUK 11:34 မျက်စေ့ဟ ကိုယ်ခန္ဓာဖို့ မီးဖူးသဖွယ် ဖြစ်အယ်။ မျက်စေ့ကောင်းရင် နင့်ရဲ့ ခန္ဓာကိုယ်တခုလုံး လင်းလိမ့်မယ်။ မျက်စေ့ မကောင်းရင်တော့ နင့်တကိုယ်လုံးဟ မိုက်နေလိမ့်မယ်။
LUK 11:35 အဲလိုမို့ နင်လို့ဆေတွင် ဆိသော အလင်းဟ အမိုက် မဖြစ်စေရန် သတိထားကြလော့။
LUK 11:36 အကယ်ယွေ့ နင့်တကိုယ်လုံး လင်းနေရင် မီးဖူးရဲ့ အလင်းရောင်နဲ့ လင်းနေစေသလို နင်လို့ ခန္ဓာကိုယ် တခုလုံးဟလည်း အလင်းနဲ့ ပြေ့နေလိမ့်မယ်” ဟု သွန်သင်အယ်။
LUK 11:37 အေးလို့ ယေရှု ပြောပင်းသောအခါ ဖာရိရှဲတယောက်ဟ ကိုယ်တော်အား အစာဟို သုံးဆောင်ဖို့ ပင့်ဖိတ်လေအယ်။ ကိုယ်တော်ဟ အေးသူရဲ့ အိုင်သို့ သွားယွေ့ စားပွဲနှိုက် ထိန်အယ်။
LUK 11:38 ယေရှုဟ အစာမစားခင် ဆေးကြောခြင်း မလုပ်တာဟို ဖာရိရှဲဟ မျော်ရင် အံ့ဩလေအယ်။
LUK 11:39 အဲလိုမို့ သခင်ဟ “ဖာရိရှဲဖြစ်လဲ့ နင်လို့ဟာ ပန်းကန်၊ ခွက်ယောက်များရဲ့ ပြင်ပဟို သန့်ဆှင်းတတ်ကြအယ်။ အဲလိုလဲ နင်လို့စိတ်ထဲတွင် အကြမ်းဖက်မှု၊ ဆိုးညစ်မှုများနဲ့ ပြေ့နေကြအယ်။
LUK 11:40 လူမိုက်တေ၊ အပြင်ဟို ဖန်ဆင်းသောအဆှင်ဟ အတွင်းဟိုလည်း ဖန်ဆင်းတာ မဟုတ်လော။
LUK 11:41 အဲလိုလဲ နင်လို့ရဲ့ ပန်းကန်၊ ခွက်ယောက်များတွင် ဆိလဲ့အရာဟို ဆင်းရဲသူများဟို ပေးကမ်းစွန့်ကြဲလိုက်ကြ။ အေးလို့ပြုလျှင် ပစာညမ်းညမ်း နင်လို့ဖို့ ဖြူစင်စေလိမ့်မယ်။
LUK 11:42 “ဖာရိရှဲလို့ နင်လို့ဟ အမင်္ဂလာဆိကြအယ်။ နင်လို့ဟ ပင်စိမ်းရွက်၊ လျူရွက်နဲ့ အခြားဆေးဘက်ဝင် အပင်မျိုးစုံဟို ဆယ်ဖို့တဖို့ ပေးလှူကြပေမဲ့ တရားမျှတမှုနဲ့ ဘုရားသခင်ရဲ့ ချစ်ခြင်းဟို လျစ်လျူရှုကြအယ်။ အရင်ဆိုခဲ့လဲ့ အရာများဟို မချန်ထားဘဲ နောက်ဆိုသောအရာလို့ဟို ကျင့်သုံးသင့်အယ်။”
LUK 11:43 “ဖာရိရှဲလို့၊ နင်လို့ဟာ ရမ်းဆာ့ ဆိုးကြအယ်။ နင်လို့ဟ တရားဇရပ်များတွင် မြင့်မြတ်သောနေရာများဟို လည်းကောင်း၊ ဆေးတွင် ရိုသေစွာ နှုတ်ဆက်ခြင်းဟို လည်းကောင်း နှစ်သက်ကြအယ်။
LUK 11:44 နင်လို့ဟ ရမ်းဆာ့ ဆိုးကြအယ်။ နင်လို့ဟ အမှတ်သား မဆိလဲ့ လုတ်တိုင်းနဲ့ တူကြဟယ်။ လူလို့ဟ အေးတွင်းများအပေါ် သွားကြသောအခါ လုတ်တိုင်းတွင်း ဖြစ်မှန်းဟို မသိကြ” ဟု ပြောလေအယ်။
LUK 11:45 ကျမ်းတတ်ဆရာတယောက်ဟ “ဆရာ၊ အေးလို့ပြောရင် ငါလို့ဟိုလည်း စော်ကားရာ ရောက်ပါအယ်” ဟု ဆိုအယ်။
LUK 11:46 ယေရှုဟ “ကျမ်းတတ်ဆရာလို့၊ နင်လို့ဟ ရမ်းဆာ့ဆိုးကြအယ်။ ထမ်းရခက်လဲ့ ဝန်ထုပ်များဟို နင်လို့ဟ လူများဟို ပေးထမ်းကြပင်း ကိုယ့်တတ်တိုင်းကျတော့ အေးဝန်ထုပ်များဟို လက်ဖျားနဲ့တောင် မထိကြ။
LUK 11:47 နင်လို့အတွက် စလောက်ကြောက်ဖို့ ကောင်းကျောန်း၊ အကျောန်းမှာ နင်ဖိုးဖေးများ သတ်ဟားလဲ့ ပရောဖက်များအတွက် လုတ်တိုင်းဂူများဟို ဆောက်ပေးနေကြစာရီးမို့ ဖြစ်အယ်။
LUK 11:48 နင်လို့ရဲ့ ဖိုးဖေးများ ကျူးလွန်ခဲ့လဲ့ အမှုများတွင် နင်လို့ဟ သက်သေဖြစ်ကြအယ်။ ဖိုးဖေးများဟ ပရောဖက်များဟို သတ်ယွေ့ နင်လို့ဟ လုတ်တိုင်းများဟို ဆောက်ပေးနေကြအယ်။
LUK 11:49 အေးလို့ဖြစ်ခြင်းကျောန့် ဘုရားသခင်ဟ ဉာဏ်တော်ဖြင့် ‘ဟေလူများထဲသို့ ပရောဖက်များ စေတမန်များဟို ငါစေလွှတ်မယ်၊ သူလို့ဟ သူလို့ထဲမှ တချို့ဟို ညှဉ်းဆဲယွေ့ အချို့ဟို သတ်ကြလိမ့်မယ်’ ဟု ပြောလေအယ်။
LUK 11:50 အေးကျောန့် ကမ္ဘာဦးမှစယွေ့ သွန်းပင်းသော ပရောဖက်အပေါင်းလို့ရဲ့ အသွေးကျောန့် အခုဖြစ်သော လူလို့ဟ စစ်ကြောခြင်းဟို ခံရကြမယ်။
LUK 11:51 အာဗေလရဲ့ အသွေးမှစယွေ့ ယဇ်ပလ္လင်အကြားနဲ့ ဗိမာန်တော် အတွင်းပိုင်းမှာ အသတ်ခံရလဲ့ ပရောဖက် ဇာခရိအထိ၊ ကမ္ဘာတည်ချိန်မှစယွေ့ အသတ်ခံခဲ့ရသော ပရောဖက်များရဲ့ အသွေးကျောန့် ဟေခေတ်လူများဟ အပစ်စီရင်ခြင်းဟို ခံရကြမယ်။
LUK 11:52 “ကျမ်းတတ်ဆရာလို့ နင်လို့ဟ ရမ်းဆာ့ ဆိုးကြအယ်။ နင်လို့ဟ အသိပညာ ထင်ခါးသော့ဟို သိမ်းထားပင်းရင် နင်လို့တတ်တိုင်းလည်း မဝင်၊ ဝင်ချင်သောသူများဟိုလည်း တားဆီးကြအယ်” ဟု ပြောလေအယ်။
LUK 11:53 အဲနေရာမှ ယေရှု ထွက်လာသောအခါ ကျမ်းတတ်ဆရာများနဲ့ ဖာရိရှဲများဟ ကိုယ်တော်အား ရမ်းဆာ့ ဝေဖန်မှုများဟို စတင် ပြုလုပ်ယွေ့ ကြပ်ကြပ် စစ်မေးလာကြအယ်။
LUK 11:54 နှုတ်တော်ထွက်စကား တစုံတခုတွင် ကိုယ်တော်ဟို အမားဆှာနိန်ရန် ချောင်းမြောင်းကြအယ်။
LUK 12:1 ထောင်ပေါင်းများစွာသော လူအုပ်ကြီးများလို့ဟ အတူတူစုသောကျောန့် အချင်းချင်း တက်နင်းမိကြအယ်၊ ယေရှုဟ တဘဲ့တော်လို့ဟို ပထမဦးဆုံး “ဖာရိရှဲလို့ရဲ့ တဆေးဟို သတိနဲ့ ဆောင်ကြဟု မိန့်အယ် — ဆိုလိုတာဟ သူလို့ဟ သူတော်ကောင်းယောင်ဆောင်ထားသောကျောန့် ဖြစ်အယ်။
LUK 12:2 ဖုံးထားသော အရာဆိသမျှဟ ပွင့်လာရမယ်၊ လျှို့ဝှက်ထားတဲ့ အရာဟလည်း သိလာရလိမ့်မယ်။
LUK 12:3 အဲလိုမို့ မိုက်တွင် နင်လို့ ပြောလဲ့စကားများဟို သူများလို့ဟ အလင်းနှိုက် ကြားသိရလိမ့်မယ်၊ အိုင်အတွင်းခန်းတွင် နင်လို့ သီးသန့် တိုးတိုးပြောလဲ့စကားဟ နေအိုင်မိုးပေါ်ဟ အော်ပြောရလိမ့်မယ်ဟု မိန့်အယ်။
LUK 12:4 “ငါ့မိတ်ဆွေလို့ ငါပြောတာဟ ခန္ဓာကိုယ်ဟို သတ်ပင်း၊ တခြားဆိုးသောအမှုဟို မလုပ်နိန်သော သူလို့ဟို မကြောက်ကြနဲ့။
LUK 12:5 စသူ့ဟို ကြောက်ရမလဲဆိုတာ နင်လို့ဟို ငါ ပြောမယ်၊ ဘုရားသခင်ဟို ကြောက်ရွံ့ကြလော့၊ ကိုယ်ခန္ဓာဟို သတ်ပင်းနောက် ငရဲထဲဟို ချနိန်လဲ့ အခွင့်အာဏာဆိသော သူ့ဟို ကြောက်ကြလော့။ ငါအမန်ဆိုတာဟ အဲအဆှင်ဟို ကြောက်ကြလော့။
LUK 12:6 “စိန်စာငက် ငါးကောင်ဟို ပဲနိနေပြားနဲ့ ဝယ်ရတာ မဟုတ်လော၊ စိန်စာငက် တကောင်တောင် ဘုရားသခင်ဟ မမေ့ဝူး။
LUK 12:7 နင်လို့ ဦးခေါင်းပေါ်ဟ ဆံပင်လို့ဟို အကုန်လုံး ရေတွက်ထားအယ်။ အဲကျောန့် နင်လို့ မကြောက်ကြနဲ့၊ နင်လို့ဟ စိန်စာငက်များလို့ထက် ပိုပင်း မြတ်ကြအယ်။
LUK 12:8 “နင်လို့ဟို ငါဆိုတာဟ သူလို့ဟို ငါပိုင်ကျောန်း လူများလို့ဆေ့မှာ ဝန်ခံလဲ့သူဟို လူသားဟလည်း ဘုရားသခင်ရဲ့ ခေါန်းခင်တမန်များ ဆေ့တွင် အဲတိုင်းတိုင်း ငါ ဝန်ခံမယ်။
LUK 12:9 အဲလိုလဲ လူများလို့ဆေ့မှာ ငါ့ဟို ငြင်းပယ်ရင် လူသားဟလည်း ဘုရားသခင်ရဲ့ ခေါန်းခင်တမန်များဆေ့မှာ သူလို့ဟို ငါ ငြင်းပယ်မယ်။
LUK 12:10 “လူသားဟို နှုတ်နဲ့ ပစ်မားသောသူရဲ့ အပစ်ဟို ခွင့်လွှတ်နိန်အယ်။ အဲလိုလဲ သန့်ဆှင်းသော ဝိညာဉ်တော်ဟို နှုတ်နဲ့ ပစ်မားသောသူရဲ့ အပစ်ဟိုတော့ ခွင့်လွှတ်နိန်မောင့်လဲ့။
LUK 12:11 “သူလို့ဟ နင်လို့ဟို တရားဇရပ်များ၊ အုပ်ချုပ်သူများနဲ့ အာဏာပိုင်များဆေ့ဟို ခေါ်ဆောင်သွားကြသောအခါ ကိုယ့်တတ်တိုင်းဟို စလို ချေပပြောရမယ်ဆိုတာဟို မစိုးရိမ်ကြနဲ့။
LUK 12:12 အေးအချိန်နှိုက် သန့်ဆှင်းသော ဝိညာဉ်တော်ဟ စလို ပြောရမယ်ဆိုတာ နင်လို့ဟို သင်ကြားပေးလိမ့်မယ်” ဟု မိန့်အယ်။
LUK 12:13 လူအုပ်ကြီးထဲမှ လူတယောက်ဟ “ဆရာ၊ ငါလို့အဖ ထားခဲ့လဲ့ ပစ္စည်းတွေဟို ခွဲဝေပေးရန် ငါရဲ့ ကိုရင်ဖြစ်သူဟို ပြောပေးပါ” လို့ ယေရှုဟို ပြောအယ်။
LUK 12:14 ယေရှုဟ “အချင်းလူ၊ ဖယ်သူဟ ငါ့ဟို မန်ကန်တဲ့ တရားသူကြီးအဖြစ် လည်းကောင်း၊ နင်လို့ကြားမှာ ပစ္စည်းဥစ္စာများဟို ခွဲဝေပိုင်သောအခွင့်ဟို လည်းကောင်း၊ ငါ့အား အပ်ပေးလုန်း” ဟု သူ့အား ပြန်ပြောအယ်။
LUK 12:15 အေးသူဟ သူလို့အားလုံးဟို “လောဘအမျိုးမျိုးဟို သတိနဲ့ဆောင်ကြလော့၊ ပစာကို့ စလောက်ပဲ ချမ်းသာပါစေ၊ နင့်ရဲ့ စစ်မန်လဲ့ ဖဝါ့ဟာ နင်ပိုင်ဆိုင်ထားလဲ့ အရာတွေအပေါ်မှာ မတည်” ဟု မိန့်အယ်။
LUK 12:16 အေးနောက် ယေရှုဟ ပုံဥပမာနဲ့ တဘဲ့တော်များလို့ဟို “ချမ်းသာလဲ့ လူတဦးနှိုက် မြေကောင်းယွေ့ အသီးအနှံများ ထွက်သော လယ်တကွက်ဆိအယ်။
LUK 12:17 သူဟ ‘ငါ့သီးနှံများဟို သိမ်းထားမဲ့နေရာ မဆိတော့ဝူး၊ ငါ ဖယ်လိုလုပ်ရမလဲ’ ဟု စတင်ပင်း ကိုယ့်တတ်တိုင်းဟို စဉ်းစားလာအယ်၊
LUK 12:18 ငါ ဟေလိုလုပ်မယ်၊ ‘ငါ့ကျီများဟို ဖြိုဖျက်ပင်းရင် ပိုကြီးလဲ့ဟာကို တည်ဆောက်မယ်၊ ငါရဲ့ စပါးနဲ့ တခြား ပစ္စည်းများဟို သိုထားမယ်။
LUK 12:19 အေးနောက် ငါဟ ကံကောင်းလဲ့လူလို့ ငါ့ဝိညာဉ်အား ငါပြောမယ်၊ နင်ဟ နှစ်ပေါင်းများစွာ သုံးဆောင်ရန် ဥစ္စာပစ္စည်းများဟို သိုမှီးထားလျက် ဆိအယ်၊ ဖဝါ့ဟို အေးဆေးဖြတ်သန်းပါ၊ စားလော့၊ သောက်လော့၊ ပျော်မွေ့ခြင်း ပြုလော့’ ဟု ကိုယ့်တတ်တိုင်း ငါပြောမယ်ဟု ဆိုအယ်။
LUK 12:20 အဲလိုလဲ ဘုရားသခင်ဟ ‘မိုက်မဲလဲ့ လူ၊ ခုနေ့ညမှာ နင်ရဲ့ အသက်ဝိညာဉ်ဟို စွန့်ရမယ်၊ အေးဖြစ်ယွေ့ နင်သိုထားလဲ့ ဥစ္စာဟို စသူ ပိုင်မယ်လော’ ဟု အေးလူအား မိန့်အယ်။”
LUK 12:21 ယေရှုဟ နိဂုံးချုပ်အနေနဲ့ “မိမိလို့အဖို့ စည်းစိမ်များဟို သိုမှီးထားသော်လည်း အဲသူဌေးဟ ဘုရားသခင်ရဲ့ ဆေ့တွင် ဆင်းရဲသောသူ ဖြစ်အယ်” ဟု မိန့်အယ်။
LUK 12:22 အေးနောက် ယေရှုဟ တဘဲ့တော်လို့ဟို “အေးကျောန့် အသက်ဆှင် နေထိန်ဖို့ လိုအပ်လဲ့ အစားအစာအတွက် စိတ်မပူကြနဲ့၊ နင်လို့ ခန္ဓာကိုယ်မှာ လိုအပ်လဲ့ အဝတ်အစားအတွက် စိတ်မပူကြနဲ့။
LUK 12:23 အစားစာထက် အသက်ဟ ပိုပင်း အရေးကြီးအယ်၊ အဝတ်အစားထက် ခန္ဓာကိုယ်ဟ ပိုပင်း မြတ်အယ်။
LUK 12:24 ကျီးကန်းများဟို ကျေ့လော့၊ သူလို့ဟ မျိုးစေ့ဟို မကြဲ၊ အသီးနှံများဟို မရိတ်မသိမ်း၊ သူလို့မှာ လှောင်စရာ အခန်းများ၊ ကျီများ မဆိ၊ ဘုရားသခင်ဟ သူလို့ဟို ကျွေးမွေးအယ်၊ ငက်များထက် နင်လို့ဟ ရမ်းဆာ့ အဖိုးထိုက်အယ် မဟုတ်လော။
LUK 12:25 နင်လို့တွင် စသူဟ ပူပန်ခြင်းအားဖြင့် မိမိရဲ့ အသက်ဟို နှစ်အနည်းမှ ပိုပင်း ရှည်စေနိန်သလော။
LUK 12:26 သေးလဲ့အမှုဟို စီမံခန့်ခွဲမှု မလုပ်နိန်ရင် ပစာကျောန့် အခြားအကျောန်းအတွက် ပူပန်ကြလုန်း။
LUK 12:27 တောနှင်းပန်းများဟ စလို ကြီးထွားအယ်ဟို ကျေ့လော့၊ သူလို့ဟ အလုပ် မလုပ်၊ အဝတ်ဖြစ်ဖို့ သူလို့တတ်တိုင်း မလုပ်ကြ။ အဲလိုလဲ ငါဆိုတာဟ ဘုန်းကြီးသော ရှောလမုန်မင်းကြီးရဲ့ အဝတ်ဟ ဟေတောနှင်းပင် တပင်ရဲ့ အလှဟို မမီဝူးဟု မိန့်အယ်။
LUK 12:28 ယုံကြည်အားနည်းသောသူလို့ ခုနေ့တွင် ဆိယွေ့ နက်ခါ မီးဖိုထဲဟို ရောက်ရသော တောမြက်ပင်ဟို ဘုရားသခင်ဟ အေးလို့အဝတ်နဲ့ ဖုံးအုပ်ရင်၊ နင်လို့အား အေးထက်မက ဝတ်ဆင်ပေးမယ် မဟုတ်လော။
LUK 12:29 “အားကျောန့် စိတ်မပျက်နဲ့၊ ဖယ်လို စားရမယ် သောက်ရမယ်ဆိုတာဟို စိတ်မပူကြနဲ့။
LUK 12:30 လောကမှာဆိလဲ့ မယုံကြည်သူလို့ဟ အေးအရာအားလုံးအတွက် အမြဲတမ်း စိုးရိမ်ကြအယ်။ နင်လို့ရဲ့ အဖဟ အေးအရာများဟို နင်လို့ အသုံးလိုကျောန်း သိအယ်။
LUK 12:31 နင်လို့ဟ သူ့ရဲ့ နိုင်ငံတော်ဟို ဆှာကြလော့၊ နောက်မှ အေးအရာများဟိုလည်း နင်လို့အား ထောက်ပံ့ပေးလိမ့်မယ်။
LUK 12:32 “သိုးစုသငယ်၊ မကြောက်ကြနဲ့၊ နင်လို့ရဲ့ အဖဟ နင်လို့အား နိုင်ငံတော်ဟို ပေးရန် အလိုတော်ဆိအယ်။
LUK 12:33 နင်လို့ ပိုင်ဆိုင်သမျှဟို ရောင်းချပင်း ဆင်းရဲသောသူလို့အား ပိတ်ဆန်ဟို ပေးကြလော့။ မဟောင်းနွမ်းနိန်သော ပိတ်ဆန်အိတ်လို့ဟို ကိုယ့်အဖို့ ပြင်ဆင်ကြလော့။ ပစာခါမှ မပျက်စီးနိန် မလျော့သွားတဲ့ ခေါန်းခင်နိုင်ငံမှာ နင်လို့ရဲ့ ဘဏ္ဍာဟို သိမ်းထားကြလော့။ ပစာကို့ အေးအရာများဟို သူခိုးလို့ဟ မရနိန်၊ အဲဒီအရာဟို ပိုးရွလို့ မဖျက်စီးနိန်သောကျောန့် ဖြစ်အယ်။
LUK 12:34 နင်လို့ရဲ့ ဘဏ္ဍာဆိရာဟို နင်လို့ စိတ်နေလုံး ရောက်တတ်သောကျောန့် ဖြစ်အယ်။
LUK 12:35 “ပစာဖြစ်ဖြစ် အဆင်သင့်လာဖို့ ဝတ်စုံများဟို ဝတ်ဆင်လျက် မီးဖူးများဟို နင်လို့နဲ့အတူ ထွန်းထားကြလော့။
LUK 12:36 မင်္ဂလာဆောင်ပွဲမှ ပြန်လာသော မိမိလို့ရဲ့ သခင်ဟို စောင့်နေသော အစေခံကျွန်လိုမျိုး ဖြစ်ကြလော့။ အဲသူလို့ဟ သခင် ပြန်လာပင်း ထင်ခါးဟို ခေါက်ရင် ခုတုံး ထင်ခါးဟို ဖွင့်ပေးကြအယ်။
LUK 12:37 အေးအစေခံလို့ဟ စောင့်နေကြတာဟို သခင်ဟ ပြန်လာယွေ့ မျော်အယ်။ အေးအစေခံလို့ဟ မင်္ဂလာဆိအယ်၊ နင်လို့အား ငါ အမန်ဆိုတာဟ သခင်ဟ လုပ်ကျွေးဖို့ရန် သူရဲ့ ဝတ်စုံဟို ဝတ်ဆင်ယွေ့ အစေခံလို့အား ထိန်ဖို့ ပြောပင်း လုပ်ကျွေးလိမ့်မယ်။
LUK 12:38 ညနက်ချိန် ဖြစ်စေ၊ မိုးသောက်ယံနှိုက် ဖြစ်စေ၊ သခင်ဟ လာယွေ့ အေးလို့ အဆင်သင့် ပြင်ဆင်ထားတာဟို တွေ့ရင် အေးကျွန်လို့ဟ မင်္ဂလာဆိအယ်။
LUK 12:39 တကယ်လို့ အိုင်ပိုင်ဆှင်ဟ သူခိုးလာမဲ့အချိန်ဟို သိရရင် မိမိရဲ့ နေအိုင်ဟို သူခိုးအား ဖောက်ခွင့်ပြုမှာ ဟုတ်ဝူး။
LUK 12:40 အဲကျောန့် နင်လို့ဟ အေးတိုင်းတိုင်း အဆင်သင့် ဖြစ်နေရမယ်၊ ပစာကို့ နင်လို့ မထင်မှတ်ထားလဲ့ အချိန်နှိုက် လူသားဟ ကြွလာလိမ့်မယ်” ဟု မိန့်အယ်။
LUK 12:41 ပေတရုဟ “သခင်၊ အေးပုံဥပမာဟ ငါလို့အတွက်လော အဲဟာမဟုတ်ရင် အားလုံးအတွက် ဆိုလိုသလော” ဟု မေးအယ်။
LUK 12:42 သခင်ဟ “သူ့သခင်ဟ တခြား အစေခံများနဲ့ အိုင်သူအိုင်သားလို့ဟို အုပ်ချုပ်ရန်နဲ့ အချိန်တန်ရင် အစားအသောက်များ ထုတ်ပေးရန် ခန့်ထားသော သစ္စာဆိပင်း ပညာဆိလဲ့ အစေခံဟ စသူလုန်း။
LUK 12:43 အေးကျွန်လုပ်နေတာဟို သခင်ဟ ပြန်လာပင်း မျော်ခဲ့ရင် အေးကျွန်ဟ စလောက် မင်္ဂလာဆိလိုက်မလဲ။
LUK 12:44 နင်လို့အား ငါ အမန်ဆိုတာဟ သခင်ဟ မိမိဥစ္စာဆိသမျှ အားလုံးဟို စီမံအုပ်ချုပ်ရန် အေးအစေခံဟို အပ်လိမ့်မယ်။
LUK 12:45 အဲလိုလဲ အစေခံဟ ငါ့သခင် ပြန်လာဖို့ ကြာအုံးမယ်လို့ စိတ်ထဲမှာ အောက်မေ့ပင်း အစေခံ ယောက်ျားနဲ့ အစေခံ မိန်းမလို့အား ရိုက်နှက်ပင်း သောက်စား ယစ်မူးလျက်နေအယ်။
LUK 12:46 အစေခံ မသိလဲ့ နေ့၊ မမျော်လင့်လဲ့ အချိန်နှိုက် သခင် ပြန်လာပင်း သူ့ဟို အပိုင်းပိုင်း ခုတ်ဖြတ်ရန် ပြုလုပ်ယွေ့ ယုံကြည်ခြင်း ကင်းမဲ့သူလို့ ခံစားရမဲ့ ကံကြမ္မာဟို ခံစားစေလိမ့်မယ်။
LUK 12:47 “အစေခံဟ သခင်ရဲ့ လိုချင်တဲ့အရာဟို သိလျက်နဲ့ သူ့တတ်တိုင်း အဆင်သင့် မလုပ်လဲ့ အစေခံဟ ပြင်းထန်လဲ့ ကြိမ်ဒဏ်များစွာဟို ခံရအယ်။
LUK 12:48 အဲလိုလဲ အစေခံဟ သခင် ပစာ လိုချင်အယ်ဆိုတာဟို မသိဘဲ၊ တခုခုဟို လုပ်မိရင် ကြိမ်ဒဏ်နည်းနည်းပဲ ခံရအယ်။ များစွာ ရဆိထားသောသူအားလုံးဆေမှ များစွာ တောင်းဆိုလိမ့်မယ်၊ များစွာ အပ်နှံထားသောသူဆေမှ ပိုပင်း များစွာ တောင်းကြလိမ့်မယ်။
LUK 12:49 “ငါဟ မြေကြီးပေါ်ဟို မီးလောင်စေရန် လာအယ်၊ အခု လောင်စေရန် ငါ အလိုဆိပီ။
LUK 12:50 ငါလက်ခံရမဲ့ နှစ်ခြင်း ဆိအယ်၊ အေးအရာဟို မကျော်လွန်မချင်း ငါဟ စိတ်ဒုက္ခရောက်အယ်။
LUK 12:51 ငါဟ ဟေလောကဟို ငြိမ်းချမ်းစေရန် လာတာလို့ ထင်ကြသလော။ မဟုတ်ပါ၊ အချင်းချင်း ကွဲပြားစေရန် ငါ လာအယ်။
LUK 12:52 အခုမှစပင်း လူငါးယောက်ဆိလဲ့ မိသားစုတွင် နေယောက် တစု၊ သုံးယောက် တစုစီ အချင်းချင်း တိုက်ခိုက် ကွဲပြားကြလိမ့်မယ်။
LUK 12:53 အဖဟ သားများလို့ဟို ရန်ဖက်ပြုလိမ့်မယ်၊ သားများဟ အဖလို့ဟို ရန်ဖက်ပြုလိမ့်မယ်၊ အမေ့ဟ သမီးများလို့ဟို ရန်ဖက်ပြုလိမ့်မယ်၊ သမီးများဟ အမေ့လို့ဟို ရန်ဖက်ပြုလိမ့်မယ်၊ ယောက္ခမလို့ဟ ချွေးမလို့ဟို ရန်ဖက်ပြုလိမ့်မယ်၊ ချွေးမလို့ဟ ယောက္ခမလို့ဟို ရန်ဖက်ပြုလိမ့်မယ်” ဟု မိန့်အယ်။
LUK 12:54 ယေရှုဟ လူလို့ဟို “အနောက်အရပ်တွင် မိုးချေးသားလာတာဟို နင်လို့ မျော်သောအခါ၊ မိုးရွာလိမ့်မယ်လို့ နင်လို့ ခုတုံး ပြောတတ်ကြအယ်၊ နင်လို့ပြောလဲ့အတိုင်းလည်း ဖြစ်အယ်။
LUK 12:55 တောင်ဖက်ဟ လေတိုက်လာအယ်ဟို နင်လို့ ခံစားရသောအခါ နင်လို့ဟ နေပူလိမ့်မယ်လို့ ပြောတတ်ကြအယ်၊ ပြောလဲ့အတိုင်းလည်း ဖြစ်အယ်။
LUK 12:56 သူတော်ကောင်းဟန်ဆောင်သူလို့၊ နင်လို့ဟ မြေကြီးနဲ့ မိုးခေါန်းခင်ဟို ကျေ့ပင်း ရာသီဥတုရဲ့ အခြေအနေဟို ပိုင်းခြားနိန်ပါလျက်နဲ့ ဟေအချိန်ကာလရဲ့ ဆိုလိုရင်းဟို ပစာကျောန့် နင်လို့ မပိုင်းခြားနိန်လုန်း။
LUK 12:57 “မန်ကန်လဲ့အရာဟို ပစာကျောန့် နင်လို့တတ်တိုင်း မဆုံးဖြတ်ကြလုန်း။
LUK 12:58 တစုံတယောက်ဟ နင့်ဟို တရားစွဲပင်း တရားရုံးဟို ခေါ်လာရင်၊ တရားရုံးဟို မရောက်ခင် လမ်းနှိုက် သူနဲ့ ကျေအေးအောန် အတတ်နိန်ဆုံး ကြိုးစားလော့။ အေးလို့မလုပ်ရင်၊ နင့်ဟို တရားသူကြီးဆေ့ဟို ဆွဲခေါ်ခံရပင်း နင့်ဟို ရဲတွေဆေ လွှဲပြောင်းပေးမယ့် နင့်ဟို ထောင်ချထားလိမ့်မယ်။
LUK 12:59 နင်လို့ဟို ငါဆိုတာဟ၊ အကြွေး အကုန်ပြန်မဆပ်မချင်း နင်ဟ အဲနေရာမှာဘဲ နေရလိမ့်မယ်” ဟု မိန့်အယ်။
LUK 13:1 အဲအချိန်တွင် လူတချို့လို့ဟ ယေရှုဆေဟို လာယွေ့ ယဇ်ပူဇော်နေတုန်း ပိလတ်မင်း သတ်ပလိုက်လဲ့ ဂါလိလဲပြေဟ လူလို့အကျောန်း ပြောအယ်။
LUK 13:2 ယေရှုဟ “အဲဂါလိလဲ လူလို့ဟာ အေးလို့မျိုး အသတ်ခံရအယ် ဆိုပင်း တခြားသော ဂါလိလဲပြေသားလို့ထက် ပိုပင်း အပစ်ဆိသူများဟု ထင်နေကြလော။
LUK 13:3 ဟုတ်မောင့်လဲ့ နင်လို့ဟို ငါပြောတာဟ နင်လို့အားလုံးဟလည်း နောင်တမရရင် အဲတိုင်းတိုင်း သေကြေပျက်စီးရလိမ့်မယ်။
LUK 13:4 ရှိလောင်မြို့ရိုး ပြိုကျသောအခါ အသတ်ခံရသော လူတဆယ့်ဆစ်ယောက်ဟ ယေရုရှလင်မြို့နှိုက် နေထိန်သော အခြားသူများထက် သူလို့ဟ သာယွေ့ အပစ်ဆိကျောန်း သက်သေထူအယ်ဟု နင်လို့ ထင်ကြသလော။
LUK 13:5 ဟုတ်မောင့်လဲ့ နင်လို့ဟို ငါပြောတာဟ နင်လို့အားလုံးဟလည်း နောင်တမရရင် အဲတိုင်းတိုင်း သေကြေပျက်စီးကြလိမ့်မယ်” ဟု မိန့်အယ်။
LUK 13:6 တခါ ယေရှုဟ ပုံဥပမာဖြင့် ထပ်ပြောပုံမှာ “လူတယောက်ရဲ့ စပျစ်ဥယျာဉ်ထဲတွင် စိုက်ပျိုးထားလဲ့ သင်္ဘောသဖန်းပင် တပင်ဆိအယ်။ သူဟ သင်္ဘောသဖန်းသီးဟို ဆှာသော်လည်း မတွေ့ရချေ။
LUK 13:7 အဲလိုမို့ ဥယျာဉ်စောင့်ဟို ‘ကျေ့မန့်၊ ငါ ဟေအပင်နား လာပင်း သင်္ဘောသဖန်းပင်ဟ အသီးဆှာဟာ သုံးနှစ်ဆိဝါးပီ၊ ပစာအသီးမှ မမျော်ရ။ ခုတ်လောပလိုက်၊ ပစာကျောန့် မြေဟို အလကားကား ဖြစ်စေမလုန်း’ ဟု ဆိုအယ်။
LUK 13:8 ဥယျာဉ်စောင့်ဟ ‘ဆရာ၊ ဟေအပင်ဟို တနှစ် ထားပေးအုံးမန့်၊ အပင်ပတ်လည်ဟို ငါ လိုက်ဆွပင်း မြေဩဇာအချို့ ဖို့ပါမယ်။
LUK 13:9 နောက်နှစ်ခါ အသီး ပိုထွက်ချင် ထွက်ပါလိမ့်မယ်။ အေးလို့မဟုတ်ရင် ခုတ်လောပလိုက်မန့်’ ဟု ပြန်ဆှောက်အယ် ” ဟု မိန့်လေအယ်။
LUK 13:10 ဥပုသ်နေ့ တနေ့မှာ ယေရှုဟ တရားဇရပ်တခုတွင် ဟောပြောသွန်သင်နေအယ်၊
LUK 13:11 ဆယ့်ဆစ်နှစ်လုံး နတ်ဆိုးဝင်ပူးသဖြင့် မသန်စွမ်းဖြစ်လျက်နေသော အမျိုးသမီးတယောက် ဆိအယ်။ သူဟ ကျောကုန်းငိုင်းကျယွေ့ ခါးလုံးလုံး မဆန့်နိန်ချေ။
LUK 13:12 ယေရှုဟ အေးအမျိုးသမီးဟို မျော်သောအခါ သူ့ဆေ့ဟို ခေါ်ယွေ့ “အမျိုးသမီး၊ နင့်ရဲ့ အနာရောဂါဟနေ လွတ်ပီ” ဟု ပြောလေအယ်။
LUK 13:13 ကိုယ်တော်ဟ အေးအမျိုးသမီးအပေါ် လက်တင်လိုက်သောအခါ ခုတုံးပင် သူ့ခါးဟ တန်းဆန့်သွားယွေ့ ဘုရားသခင်ဟို ချီးမွန်းလေအယ်။
LUK 13:14 ဥပုသ်နေ့တွင် ယေရှုဟ အနာရောဂါပျောက်စေလို့ ဆိုပင်း တရားဇရပ်အုပ်ချုပ်ရေးမှူးဟ စိတ်တိုပင်းလျှင် “ငါလို့မှာ အလုပ်လုပ်သင့်လဲ့နေ့ ခြောက်ရက် ဆိအယ်၊ အဲလိုမို့ ဟေဥပုသ်နေ့မှာတော့ အနာရောဂါငြိမ်းခြင်းဟို လာမလုပ်ကြပါနဲ့” ဟု လူလို့အား ပြောအယ်။
LUK 13:15 ကိုယ်တော်ဟ “သူတော်ကောင်းဟန်ဆောင်သူလို့ နင်လို့တွေဟ ဥပုသ်နေ့မှာ နင်လို့ရဲ့ မြည်းများ၊ နွားများအား တဲကုပ်မှ ကြိုးဟို ဖြေပင်း ယေသွားတိုက်တတ်ကြအယ် ဟုတ်ဝူးလော။
LUK 13:16 တဆယ့်ဆစ်နှစ်လုံးလုံး စာတန်ရဲ့ တုပ်ချေခံရသော အာဗြဟံရဲ့ သမီးဖြစ်လဲ့ ဟေအမျိုးသမီးဟို ဥပုသ်နေ့မှာ အေးအနှောင်အဖွဲ့ဟ လွတ်ငြိမ်းခွင့် ပေးသင့်ဝူးလော” ဟု ပြောအယ်။
LUK 13:17 အေးလို့ ပြောလိုက်သောအခါ ကိုယ်တော်ဟို ဆန့်ကျင်လိုသူများဟ အဆက်ကွဲ ကုန်ကြယွေ့၊ လူအပေါင်းလို့ဟ ကိုယ်တော် ပြုလုပ်လဲ့ အံ့ဩဖွယ် အမှုအားလုံးလို့အတွက် ဝမ်းမြောက်ကြအယ်။
LUK 13:18 ယေရှုဟ “ဘုရားသခင်ရဲ့ နိုင်ငံတော်ဟာ ပစာနဲ့ တူလဲ၊ ပစာလိုဟာမျိုးနဲ့ နှိုင်းယှဉ်ပြရမလဲ။
LUK 13:19 ဟေလို့မျိုးနှင်း။ လူတယောက်ဟ မုန်ညင်းစေ့ဟို ယူယွေ့ မိမိဥယျာဉ်ထဲတွင် စိုက်အယ်။ အေးအပင် ကြီးထွားလာသောအခါ အဲအပင်ရဲ့ အကိုင်းအခက်များတွင် ခေါန်းခင်ဟ ငက်များလည်း လာနားနေကြအယ်” ဟု ပြောလေအယ်။
LUK 13:20 နောက်တခါ ယေရှုဟ “ဘုရားသခင်ရဲ့ နိုင်ငံတော်ဟို ပစာလိုဟာနဲ့ နှိုင်းယှဉ်ပြရမလဲ။
LUK 13:21 မိန်းမတယောက်ဟ တဆေးဟို ယူယွေ့ မုန့်ညက်တချပ်နဲ့ ရောကာ မုန့်ညက်အားလုံးဟို ဖောင်းပွလာစေတတ်သော တဆေးနဲ့ တူအယ်” ဟု ပြောအယ်။
LUK 13:22 အဲပင်းရင် ယေရှုဟ မြို့ရွာလို့ဟို လှည့်လည်ယွေ့ လူလို့ဟို သွန်သင်ပေးလျက် ယေရုရှလင်မြို့သို့ ကြွလေအယ်။
LUK 13:23 လူတယောက်ဟ “ဆရာ၊ ကယ်တင်ခြင်း ခံရသူ ကတစ်သာ ဆိသလား” ဟု မေးအယ်။ ကိုယ်တော်ဟ သူလို့အား
LUK 13:24 “ကျဉ်းသော ထင်ခါးပေါက်ဟို ဝင်ရဖို့ နင်လို့ အကောင်းဆုံး ကြိုးစားကြလော့၊ ပစာကို့ လူများစွာဟ ကြိုးစားကြလိမ့်မယ်၊ အဲလိုလဲ ဝင်နိန်ကြဝူးလို့ နင်လို့အား ငါ ပြောအယ်။
LUK 13:25 အိုင်ဆှင်ဟ ထင်ခါးပေါက်ဟို ထပိတ်လိုက်ယွေ့ နင်လို့ဟ နေအိုင်ပြင်မှာ ရပ်ပင်း ထင်ခါး ခေါက်နေရလဲ့ အဖြစ်နဲ့ ကြုံရပုံမျိုး ဖြစ်ယွေ့၊ ဆရာ ထင်ခါးပေါက် ဖွင့်ပေးအုံးလို့ ပြောပေမယ့် အိုင်ဆှင်ဟ ‘နင်လို့ ပစာနားဟ လာအယ် ငါလဲ မသိ’ ဟု ပြောလိမ့်မယ်။
LUK 13:26 အဲအခါ နင်လို့ဟ ‘ငါလို့ဟ ဆရာနဲ့အတူတူ စားသောက်ခဲ့ဖူးဝဲ့၊ ငါလို့ မြို့မှာလဲ ကိုယ်တော် သွန်သင်ပေးခဲ့အယ်’ ဟု ပြန်ပြောလိမ့်မယ်။
LUK 13:27 အဲလိုလဲ အိုင်ဆှင်ဟ ‘နင်လို့ ပစာနားဟ လာအယ်ဟို ငါ မသိ။ ဆိုးညစ်တဲ့လူတွေ အဝေးဟို ထွက်သွားကြ’ ဆိုပင်း ပြန်ပြောလိမ့်မယ်။
LUK 13:28 အဲအခါ အာဗြဟံ၊ ဣဇက်၊ ယာကုပ်နဲ့ ပရောဖက်အများဟ ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲဟို ဆိကြတာဟို နင်လို့ မျော်ရပေမဲ့ နင်လို့တတ်တိုင်းဟ အပြင်သို့ နှင်ထုတ်ခံရသဖြင့် စလောက် ငိုကခြင်းနဲ့ အံကြိတ်ခြင်း ဆိကြလိမ့်မယ်။
LUK 13:29 လူများဟ အဆေ့၊ အနောက်၊ တောင်နဲ့ မြောက် အရပ်လေးမျက်နှာမှ လာယွေ့ ဘုရားသခင်ရဲ့ နိုင်ငံတော်တွင် ပွဲဝင်ကြလိမ့်မယ်။
LUK 13:30 အဲအခါ အခု နောက်ဆုံးဟို ရောက်ဆိနေသူလို့ဟ ဆေ့ဆုံးဟို ရောက်ကြပင်းရင်၊ အခု ဆေ့ဆုံးဟို ရောက်ဆိနေသူလို့မှာ နောက်ဆုံးသို့ ရောက်ရကြလိမ့်မယ်” ဟု ပြောလေအယ်။
LUK 13:31 အဲအချိန်တွင် ဖာရိရှဲအချို့လို့ဟ ယေရှုဆေဟို လာပင်းရင် “ဟေအရပ်မှ အခြားနေရာဟို ပြောင်းသွားပါ၊ ဟေရုဒ်မင်းဟ ကိုယ်တော်ဟို သတ်ဖို့ ကြံနေအယ်” ဟု ပြောကြအယ်။
LUK 13:32 ယေရှုဟ “သွားယွေ့ အေးမြေခွေးဟို သွားပြောချေ။ သူလို့အား ‘ငါဟ ခုနေ့နဲ့ မနက်ခါကျရင် နတ်ဆိုးလို့ဟို မောင်းထုတ်ပင်း ရောဂါများဟို ငြိမ်းစေမယ်၊ တတိယနေ့မှာတော့ ငါ့အလုပ်ဟို အဆုံးသတ်မယ်’ ဟု ဆိုအယ်။
LUK 13:33 အဲလိုလဲ ခုနေ့နဲ့ မနက်ခါ၊ သောင်ဖက်နေ့နှိုက် ငါ ခရီးပြုရအုံးမယ်၊ ပရောဖက်ဟ ယေရုရှလင်မြို့မှ လွဲပင်း ပစာနေရာမှာမှ အသတ်ခံရဖို့ မသင့်ဝူး။
LUK 13:34 “အို ယေရုရှလင်၊ ယေရုရှလင်၊ ပရောဖက်လို့ဟို သတ်ယွေ့ ဘုရားသခင် စေလွှတ်တဲ့သူတွေဟို ကျောက်ခဲတုံးနဲ့ သတ်လဲ့မြို့၊ ကြက်မဟ မိမိရဲ့ ကြက်သငယ်များဟို တောင်ပံထဲတွင် အုပ်ထားသလိုမျိုး နင်ရဲ့ အောင်နီငယ်တွေဟို စုရုံးစေဖို့ ကြိမ်ဖန်များစွာ ငါ အလိုဆိအယ်။ နင်ဟတော့ အလိုမဆိဝူး။
LUK 13:35 ကျေ့လော့၊ နင့်ရဲ့ နေအိုင်ဟ နင်လို့ဆေဟို စွန့်ပစ်ထားခြင်း ခံရမယ်။ နင်လို့ဟို ငါ ပြောတာဟ ‘သခင်ဘုရားရဲ့ နာမတော်အားဖြင့် ကြွလာသောသူဟ မင်္ဂလာဆိအယ်’ ဟု နင် မြွတ်ဆိုရာ နေ့မတိုင်မီ နင်ဟ ငါ့ဟို မတွေ့မမျော်ရ” ဟု ပြောအယ်။
LUK 14:1 ဥပုသ်နေ့ တနေ့တွင် ယေရှုဟ အစားစာသုံးဆောင်ရန် ဖာရိရှဲ ခေါင်းဆောင်တဦး နေအိုင်ဟို ဝင်လေအယ်၊ လူလို့ဟ ယေရှုဟို စောင့်ကျေ့နေကြအယ်။
LUK 14:2 ရေဖျဉ်းနာစွဲသော သူတယောက်ဟ ယေရှုရဲ့ ဆေ့တွင် ဆိအယ်။
LUK 14:3 ယေရှုဟ “ငါလို့ ဥပဒေအရ ဥပုသ်နေ့တွင် အနာရောဂါ ငြိမ်းစေသင့်ဝူးလော” ဟု ကျမ်းတတ်ဆရာများနဲ့ ဖာရိရှဲလို့ဟို မေးအယ်။
LUK 14:4 အဲလိုလဲ သူလို့ဟ တိတ်ဆိတ်စွာ နေကြအယ်။ ယေရှုဟ အေးလူဟို ခေါ်ယွေ့၊ အနာရောဂါဟို ပျောက်ကင်းစေပင်းရင် သူ့အား လွှတ်လိုက်အယ်။
LUK 14:5 အဲပင်းရင် သူလို့အား “နင်လို့ရဲ့ လူပဲ့ဖြစ်ဖြစ်၊ နွားဖြစ်ဖြစ်၊ ဥပုသ်နေ့မှာ ယေတွင်းထဲ ပြုတ်ကျခဲ့ရင် တခါထဲ မဆွဲတင်ဘဲ နေမဲ့သူ တစုံတယောက် နင်လို့မှာ ဆိသလော” ဟု မေးအယ်။
LUK 14:6 အဲလိုလဲ အဲအကျောန်းအရာဟို သူလို့ဟ ကိုယ်တော်အား မဖြေနိန်ကြဝူး။
LUK 14:7 အဲအခါ ဖိတ်ခေါ်ခြင်း ခံရသောသူလို့ဟ နေရာကောင်းများ ရွေးချယ်နေကြပုံဟို ကိုယ်တော် မျော်သောအခါ အေးသူလို့အား ပုံဥပမာတခုဖြင့် ပြောဆိုအယ်၊
LUK 14:8 “တစုံတယောက်ဟ နင့်ဟို မင်္ဂလာဆောင်ပွဲသို့ ဖိတ်ကြားသောအခါ နေရာကောင်းနှိုက် မထိန်ပါနဲ့။ သူဟ နင့်ထက် အရေးကြီးသောသူအား ဖိတ်ကောင်း ဖိတ်ထားနိန်အယ်။
LUK 14:9 အဲအခါ နင်လို့ နေဦးလုံးဟို ဖိတ်ခေါ်ထားသောသူဟ နင့်ဆေဟို လာပင်း ‘နင့်နေရာဟို ဟေသူအား ပေးလိုက်မန့်’ ဟု ဆိုလာရင် နင်ဟ အဆက်ရလျက် နိမ့်သောနေရာဟို ယူရလိမ့်မယ်။
LUK 14:10 အဲလိုလဲ ဖိတ်ကြားခြင်းခံရသောအခါ နိမ့်သောနေရာနှိုက် ထိန်လော့၊ အဲအခါ ဖိတ်ခေါ်ထားသောသူဟ လာယွေ့ ‘မိတ်ဆွေ ကောင်းသောနေရာသို့ လာမန့်’ ဟု နင့်အား ခေါ်လိမ့်မယ်။ အဲအခါ နင်ဟ တခြား ဧည့်သည်များ ဆေ့တွင် မျက်နှာရလိမ့်မယ်။
LUK 14:11 အကျောန်းမှာ ကိုယ့်တတ်တိုင်းကိုယ် ချီးမြှောက်သူတိုင်းဟ နှိမ့်ချခြင်းဟို ခံရလိမ့်မယ်၊ ကိုယ့်တတ်တိုင်းကိုယ် နှိမ့်ချသောသူဟ ချီးမြှောက်ခြင်းဟို ခံရလိမ့်မယ်” ဟု ပြောအယ်။
LUK 14:12 အဲပင်းရင် ယေရှုဟ သူ့အိုင်ဆှင်အား “နင်ဟ နေ့လယ်စာဖြစ်ဖြစ်၊ ညခင်းစာဖြစ်ဖြစ်၊ ဖိတ်သောအခါ မိတ်ဆွေများ၊ ညီအကိုများ၊ ဆွေမျိုးများ၊ ချမ်းသာသော အိုင်နီးနားချင်းများဟို မဖိတ်ခေါ်နဲ့၊ အေးလို့ဖိတ်လျှင် သူလို့ဟ နင့်ဟို ပြန်ဖိတ်ခေါ်ပင်း ဟေနည်းတိုင်း နင်ပြုသောအရာအတွက် ကျေးဇူးဆပ်ကြလိမ့်မယ်။
LUK 14:13 နင်ဟ ကျွေးမွေးဧည့်ခံပွဲ ကျင်းပသောအခါ ဆင်းရဲသား၊ အင်္ဂါမစုံသူ၊ ခြေမစွမ်းသောသူ၊ မျက်စေ့မမျော်သောသူများဟို ဖိတ်ကြားလော့။
LUK 14:14 အေးလို့လုပ်ရင် နင့်ဖို့ မင်္ဂလာဆိလိမ့်မယ်၊ ပစာကို့ သူလို့အနေနဲ့ နင့်အား ပစာမှ ပြန်မပေးဆပ်နိန်သောကျောန့် ဖြစ်အယ်။ သူတော်ကောင်းလို့ သေခြင်းမှ ထမြောက်သောနေ့နှိုက် ဘုရားသခင်ဟ နင့်အား ကျေးဇူးဆပ်ပေးလိမ့်မယ်” ဟု ပြောအယ်။
LUK 14:15 ဧည့်သည်များထဲမှ ယေရှုနဲ့ တူတူထိန်နေသူ တဦးဟ အဲစကားဟို ကြားရင် “ဘုရားသခင်ရဲ့ နိုင်ငံတော်မှာ ပွဲဝင်ရတဲ့သူဟ စလောက် မင်္ဂလာဆိသလဲ” ဟု ပြောလေအယ်။
LUK 14:16 ယေရှုဟ “လူတယောက်ဟ ကျွေးမွေးဧည့်ခံပွဲကြီး တခုဟို ပြင်ဆင်ပင်း ဧည့်သည် အမြောက်အများဟို ဖိတ်ကြားအယ်။
LUK 14:17 ပွဲလုပ်ချိန် ရောက်သောအခါ သူဖိတ်ကြားထားသူများ ဆေဟို အစေခံ တယောက်အား သွားခိုင်းယွေ့ ‘လာကြမန့်၊ အရာအားလုံး အဆင်သင့် ဖြစ်နေပါပီ’ ဟု ပြောခိုင်းအယ်။
LUK 14:18 အဲလိုလဲ ဖိတ်ကြားထားသူများဟ တယောက်ပင်း တယောက် ဆင်ခြေပေးကြအယ်။ ပထမဦးဆုံးသူဟ ‘လယ်တကွက် ဝယ်ဟားတာဟို သွားကျေ့မှ ရမှာရီး၊ ကျေးဇူးပြုပင်း ငါရဲ့ တောင်းပန်မှုဟို လက်ခံမန့်’ ဟု ပြောအယ်။
LUK 14:19 တခြားတယောက်ဟလည်း ‘ငါဟ နွားငါးရှဉ်းဟို ဝယ်ဟားဟို့ သွားစမ်း ကျေ့ရအုံးမှာမို့ ခွင့်လွှတ်ပေးဖို့ တောင်းပန်အယ်’ ဟု ပြောအယ်။
LUK 14:20 အခြားတယောက်ဟလည်း ‘ငါ ခုမှ အိုင်ထောင်ကျဟားလို့ လာနိန်သေးဝူး’ ဟု ဆင်ခြေပေးလေအယ်။
LUK 14:21 အစေခံဟ သူ့သခင်ဆေဟို ပြန်လာပင်း အေးသူလို့ အကျောန်းများဟို ပြောပြလေအယ်။ အဲအခါ အိုင်ဆှင်ဟ ဒေါသထွက်ယွေ့ ‘လမ်းမ၊ လမ်းကြားဆေဟို အမြန် သွားပင်း ဆင်းရဲသူ၊ အင်္ဂါချို့တဲ့သူ၊ မျက်စေ့မမျော်သူများနဲ့ ခြေထောက်ဆွံ့သူများဟို ခေါ်ခဲ့လိုက်’ ဟု အစေခံဟို ခိုင်းလိုက်လေအယ်။
LUK 14:22 ခဏကြာပင်း အစေခံဟ ပြန်ရောက်လာယွေ့ ‘ဆရာ ခိုင်းလဲ့အတိုင်း ဆောင်ရွက်ပီးပါပီ၊ အဲလိုလဲ နေရာလပ်များ ဆိပါသေးအယ်’ ဟု ပြောအယ်။
LUK 14:23 သခင်ဟ သူ့အစေခံအား ‘လမ်းမများနဲ့ ကျေးလက် တောရွာများသို့ သွားယွေ့ ငါ့နေအိုင် ပြေ့အောန် လူများဟို မရမက ခေါ်သွင်းခဲ့လိုက်။
LUK 14:24 အရင်ဟ ဖိတ်ကြားထားသူ တဦးမျှ ငါရဲ့ ညနေစာ ဧည့်ခံပွဲဟို ပေးမဝင်နဲ့ဟု နင်လို့ဟို ငါပြောအယ်’ ” ဟု ပြောလေအယ်။
LUK 14:25 တခါဟ လူအုပ်ကြီးဟ ယေရှုနဲ့ အတူ နောက်တော်ဟို လိုက်သွားကြလဲ့အခါ၊ ကိုယ်တော်ဟ သူလို့အား လဲ့ကျေ့ပင်း၊
LUK 14:26 “ငါ့ဆေဟို လာသောသူလို့ဟ ငါ့ဟို ချစ်တာထက် တို့မေနဲ့ တို့ဖ၊ ပေါင်အိုမနဲ့ သားသမီး၊ ညီအကိုနဲ့ မောင်နှမနဲ့ မိမိတတ်တိုင်း ပိုယွေ့ ချစ်သောသူဟ ငါ့တဘဲ့ မဖြစ်နိန်။
LUK 14:27 ကိုယ့်လက်ဝါးကပ်တိုင်ဟို ထမ်းပင်း ငါ့နောက်ဟို မလိုက်သောသူဟ ငါ့တဘဲ့ ဖြစ်နိန်ဝူး။
LUK 14:28 အကယ်ယွေ့ နင်လို့ထဲတွင် တစုံတယောက်ဟ အေးတိုက်ပီးအောန် ဆောက်လိုရင် ကိုယ့်ဆေမှာ ပိတ်ဆန် အလုံလောက် ဆိ မဆိ သိဖို့ ဦးရင်ဆုံး ထိန်ပင်း မတွက်ကျေ့ဘဲ နေမှာမို့လော။
LUK 14:29 နင်ဟ မလုပ်ခင် တိုက်ဟို အုတ်မြစ် ချပင်း အပီးမသတ်နိန်ရင် ဖြစ်ပျက်ခဲ့တာဟို မျော်ရသောသူများဟ နင့်ဟို ကဲ့ရဲ့ကြလိမ့်မယ်။
LUK 14:30 ‘အေးသူဟ စဆောက်ပင်း ပီးအောန်လဲ လုပ်နိန်ဝူး’ ဟု ဆိုကြလိမ့်မယ်။
LUK 14:31 အကယ်ယွေ့ လူ ၁၀,၀၀၀ ဆိသော ဘုရင်တပါးဟ လူ ၂၀,၀၀၀ ဆိသော တခြား ဘုရင်တပါးနဲ့ တိုက်ခိုက်ဖို့ လုပ်သောအခါ သူ့လူတသောင်းဖြင့် ခံတိုက်နိန်မလား ခံတိုက်နိန်ဝူးလားဟု ဦးဆုံး ထိန်ပင်း မစဉ်းစားဘဲ နေမှာမို့လော။
LUK 14:32 အကယ်ယွေ့ မခံနိန်ရင် စစ်ချီတက်လာသော ဘုရင်နဲ့ ဝေးတုန်းမှာ သံတမန်ဟို စေလွှတ်ယွေ့ စစ်ပြေငြိမ်းချမ်းဖို့ စကားကမ်းလှမ်းတတ်တာ မဟုတ်လော။”
LUK 14:33 အေးတိုင်းတိုင်း “စသူငြမ်းငြမ်း သူ့မှာ ဆိသမျှဟို မစွန့်လောနိန်ရင် ငါ့တဘဲ့ ဖြစ်နိန်ဝူး။
LUK 14:34 “ဆားဟ ကောင်းအယ်၊ အဲလိုလဲ အငံပျောက်ဝါးရင် စလို ငံသောအရသာဟို ပြန်လုပ်မလဲ။
LUK 14:35 မြေဖို့ အဲဟာမဟုတ်ရင် မြေဆီလွှာဖို့ မကောင်းသဖြင့် အေးဒါဟို အပြင်သို့ လောပလိုက်အယ်။ “ကြားစရာ နားဆိရင် ကြားကြပါစေ” ဟု ပြောအယ်။
LUK 15:1 တနေ့သောအခါ အခွန်ခံများနဲ့ အပယ်ခံရသူများဟ တရားနာဖို့ရန် ယေရှုဆေဟို လာကြအယ်၊
LUK 15:2 ဖာရိရှဲများနဲ့ ကျမ်းတတ်ဆရာများဟ “ဟေသူဟ အပယ်ခံရသူများဟို ကြိုဆိုပင်း သူလို့နဲ့အတူတူပင် စားသောက်နေအယ်” ဟု စတင် ငြီးတွားကြအယ်။
LUK 15:3 အေးလို့မို့ ယေရှုဟ သူလို့ဟို ပုံဥပမာ ပြောတာဟ၊
LUK 15:4 “နင်လို့ထဲမှာ တစုံတယောက်ဟ သိုးအကောင်တရာ ဆိယွေ့ တကောင်ပျောက်ဝါးရင် စလိုလုပ်မို့။ သူဟ ကိုးဆယ့်ကိုးကောင်လုံးဟို စားကျက်တွင် ထားခဲ့ပင်း ပျောက်ဝါးလဲ့သိုးဟို မတွေ့မချင်း လိုက်ဆာမယ် မဟုတ်လော။
LUK 15:5 နင်လိုက်ဆာယွေ့ တွေ့သောအခါ ပျော်ရွှင်စွာနဲ့ ပခုံးပေါ် ထမ်းယွေ့
LUK 15:6 နေအိုင်ဟို သယ်ပြန်လာမယ်။ အဲပင်းရင် အိုင်နီးချင်းနဲ့ မိတ်ဆွေများဟို ခေါ်ပင်း ‘ငါနဲ့အတူ ဝမ်းမြောက်ကြလော့၊ ပျောက်သော သိုးဟို ငါတွေ့ပီ’ ဟု ပြောအယ်။
LUK 15:7 အေးနည်းတိုင်းတိုင်း နောင်တရစရာမလိုလဲ့ ဖြောင့်မတ်သောသူ ကိုးဆယ့်ကိုးယောက်ထက် နောင်တရလဲ့ အပစ်သားတဦးအတွက် ခေါန်းခင်ဘုံနှိုက် ပိုယွေ့ ကြီးသော ဝမ်းမြောက်ခြင်းဆိလိမ့်မယ်ဟု နင်လို့အား ငါဆိုအယ်။
LUK 15:8 “အဲဟာမဟုတ်ရင် အမျိုးသမီးတဦးနှိုက် ငွေဒင်္ဂါးဆယ်ပြားဆိပင်း တပြားပျောက်သွားအယ်။ သူမဟ မီးဖူးထွန်းယွေ့ နေအိုင်ဟို တံမျက်စဲလှည်းကာ အေးဟာဟို မတွေ့မချင်း သေချာစွာ ဆှာမယ် မဟုတ်လော။
LUK 15:9 သူမဟ အေးဟာဟို တွေ့သောအခါ မိတ်ဆွေနဲ့ အိုင်နီးချင်းလို့ဟို ခေါ်ပင်း ‘ငါနဲ့အတူ ဝမ်းမြောက်ကြလော့၊ ပျောက်သော ဒင်္ဂါးဟို ငါတွေ့ပီ’ ဟု ပြောအယ်။
LUK 15:10 အေးတိုင်းတိုင်း နောင်တရသော အပစ်သားတယောက်အတွက် ဘုရားသခင်ရဲ့ ခေါန်းခင်တမန်များ ဝမ်းသာခြင်းဆိအယ်ဟု နင်လို့အား ငါဆိုအယ်” ဟု ပြောအယ်။
LUK 15:11 ယေရှု ဆက်ပြောတာဟ “လူတယောက်နှိုက် သားနေယောက် ဆိအယ်။
LUK 15:12 သားငယ်ဟ သူ့ဖအား ‘တို့ဖ၊ ငါရထိုက်လဲ့ အမွေဟို ခွဲပေး’ ဟု ပြောအယ်။ အဲလိုမို့ သူဟ သားနေယောက်အား သူရဲ့ ဥစ္စာပစ္စည်းများဟို ခွဲဝေပေးလေအယ်။
LUK 15:13 အဲပင်းရင် ရက်ကတစ်ကြာရင် သားငယ်ဟ သူ့ဥစ္စာများဟို ရောင်းချယွေ့ ရသောငွေဟို ယူပင်းရင် ဝေးလှသော ပြေဟို ထွက်သွားအယ်။ သူဟ ဝေးလှသော တိုင်းပြေဟို သွားပင်း သူ့ပိတ်ဆန်ဟို မဆင်မခြင် နေထိန်မှုဖြင့် ဖြုန်းလောပလိုက်အယ်။
LUK 15:14 သူ့ဆိသမျှလို့ဟို အကုန် သုံးဖြုန်းလိုက်အယ်။ အဲပင်းရင် အေးပြေတွင် အငတ်ဘေး ဆိုက်သဖြင့် သူဟ ပစာမျှ မဆိသဖြင့် ငတ်ပြတ်လေအယ်။
LUK 15:15 အေးလို့မို့ အဲပြေသားတယောက်ဆေဟို သွားပင်း အလုပ်ဆှာရင်၊ အေးသူဟ ဝက်ကျောင်းဖို့ သူ့လယ်ဟို လွှတ်လိုက်အယ်။
LUK 15:16 သူဟ ဝက်များစားနေလဲ့ ပဲတောင့်များဖြင့် မိမိဖိုက်ဟို ဖြေ့ရန် တောင့်တခဲ့အယ်၊ အဲလိုလဲ စသူဟမျှ သူ့ဟို စားစရာမပေးခဲ့ချေ။
LUK 15:17 နောက်ဆုံးနှိုက် သူ့အသိစိတ် ဝင်လာပင်း ‘တို့ဖအိုင်မှ အလုပ်သမားများဟ ဝလင်စွာ စားရယွေ့၊ ငါဟ ဟေနေရာနှိုက် ရမ်းဆာ့ ငတ်ပြတ် နေရပါအယ်။
LUK 15:18 ငါထယွေ့ တို့ဖဆေ ပြန်ပင်း တို့ဖ၊ ငါဟ ဘုရားသခင်နဲ့ တို့ဖဟို ဆန့်ကျင်ယွေ့ အပစ်လုပ်မိပါပီ။
LUK 15:19 တို့ဖရဲ့သားဆိုပင်း အခေါ်မခံထိုက်တော့ပါ၊ ငါ့ဟို နင့်ရဲ့ အလုပ်သမားတဦးအဖြစ် ထားပေးမန့်’ ဟု ဆိုအယ်။
LUK 15:20 အဲပင်းရင် သူဟ ထယွေ့ သူ့ဖဆေဟို ပြန်သွားအယ်။ “သူဟ အဝေးမှာ ဆိနေတုန်းပင် သူ့ဖဟ သူ့ဟို မျော်သောအခါ သနားသောစိတ်ဖြင့် ပြေးယွေ့ ကွေ့ပင်းရင် နမ်းကလေအယ်။
LUK 15:21 သားဟ ‘တို့ဖ၊ ငါဟ ဘုရားသခင်နဲ့ တို့ဖဟို ဆန့်ကျင်ယွေ့ အပစ်လုပ်မိပါပီ။ အေးလို့မို့ တို့ဖသားလို့ မခေါ်ထိုက်တော့ပါ’ ဟု ပြောအယ်။
LUK 15:22 အဲလိုလဲ အဖဟ သူရဲ့ အစေခံများဟို ‘အကောင်းဆုံးသော ဝတ်လုံဟို မြန်မြန်ယူပင်း သူ့ဟို ဝတ်ပေးလိုက်ကြ။ သူ့လက်မှာ လက်စွပ်ဟို စွပ်ပေးပင်း ဖိနပ်ဟို စီးပေးလိုက်ကြ။
LUK 15:23 အဲပင်းရင် ဝဖီးနေသော နွားသငယ်ဟို သွားယူပင်း သတ်ကြလော့၊ ငါလို့ ပွဲဟို ဆင်နွှဲကြစို့။
LUK 15:24 ငါ့သားဟ မခင်ဟ သေခဲ့ပေမဲ့လည်း အခု သူဟ ပြန်ဆှင်လာအယ်။ မခင်ဟ ပျောက်ဆုံးခဲ့ပေမဲ့လည်း အခု ပြန်ယွေ့ တွေ့ပီ’ ဟု ဆိုလေအယ်။ အဲပင်းရင် သူလို့ဟ ပျော်မွေ့ခြင်းဟို ပြုကြအယ်။
LUK 15:25 “အေးအချိန်တွင် သားအကြီးယောက်ဟ လယ်တောထဲ ရောက်ဆိနေအယ်။ သူပြန်လာယွေ့ နေအိုင်နားနီးလာသောအခါ တီးမှုတ်သံနဲ့ ကခုန်သံဟို ကြားရလေအယ်။
LUK 15:26 အေးအခါ အစေခံတယောက်ဟို ခေါ်ယွေ့ ‘ပစာရီး လုပ်နေကြနှင်း’ ဟု မေးအယ်။
LUK 15:27 အစေခံဟ ‘နင့်ညီ ပြန်လာလို့ရီး’ ‘သူဟ ဘေးနဲ့ ကင်းလွတ်ပြန်လာသောကျောန့် ဝအောန်မွေးလဲ့ နွားသငယ်တကောင်ဟို သတ်ပါပီ’ ဟု ဖြေအယ်။
LUK 15:28 သားကြီးဟ ရမ်းဆာ့ အူထော့ယွေ့ အိုင်ထဲ မဝင်ဘဲနေအယ်။ သူ့ဖဟ သူ့ဆေဟို သွားပင်း အိုင်ထဲဝင်ဖို့ ချော့ပြောလေအယ်။
LUK 15:29 သားကြီးဟ ‘ကျေ့မန့်၊ ငါဟ နှစ်ပေါင်းများစွာ အဖအတွက် အစေခံလို အလုပ်လုပ် ပေးခဲ့အယ်၊ အဖရဲ့ အမိန့်ဟို တခါမှ မငြင်းဆန်ဖူးဝူး။ အဖ ငါ့အတွက် ပစာပေးခဲ့လဲ။ ငါ့သူငယ်ချင်းတွေနဲ့ ပျော်ပွဲစားဖို့ ဆိတ်သငယ်တကောင်ဟိုမှ မပေးဝူး။
LUK 15:30 တို့ဖရဲ့ ဥစ္စာပစ္စည်းတွေဟို ပြေ့တန်ဆာမလို့နဲ့ သုံးဖြုန်းခဲ့လဲ့ အဖရဲ့ ဟေသား နေအိုင်ပြန်လာသောအခါ သူ့အတွက် ဝအောန်မွေးဟားလဲ့ နွားသငယ်ဟို သတ်လိုက်အယ်’ ဟု ပြောလေအယ်။
LUK 15:31 အဖဖြစ်သူဟ ‘ငါ့သား၊ နင်ဟ ငါနဲ့အမြဲ တူတူနေအယ်။ ငါ့ဥစ္စာပစ္စည်းဆိသမျှဟ နင့်ဟာဖြစ်အယ်။
LUK 15:32 အဲလိုလဲ နင့်ညီဟ သေဆုံးခဲ့ပေမဲ့လည်း အသက်ဆှင်လာအယ်။ ပျောက်သွားခဲ့ပေမဲ့လည်း ပြန်တွေ့ရပီ။ အေးလို့မို့ ငါလို့ ပျော်ပျော်ရွှင်ရွှင်နဲ့ ဆင်နွှဲခဲ့ကြအယ်’ ” ဆိုပင်း ပြန်ဖြေအယ်။
LUK 16:1 ယေရှုဟ သူ့တဘဲ့တော်လို့အား၊ “တခါဟ သူဌေးတယောက်မှာ သူ့ဥစ္စာလို့ဟို ထိန်းသိမ်းလဲ့ အစေခံတယောက် ဆိအယ်။ အေးလူဟ သူဌေးရဲ့ ငွေကြေးဥစ္စာများဟို ဖြုန်းတီးနေကျောန်းဟို သူများလို့ဟ သူဌေးဆေ ဝိုင်းတိုင်ကြအယ်။
LUK 16:2 သူဌေးဟ သူ့ဟို ခေါ်ယွေ့ ‘နင့်အကျောန်း ငါကြားနေရပုံဟ ပစာလိုရီးနှင်း။ လုပ်ငန်းနဲ့ ပတ်သက်သော ငွေစာရင်းများဟို တင်ပြပါ။ နင်ဟ ငါ့ရဲ့ ငွေကြေးဥစ္စာထိန်းသိမ်းလဲ့သူ ဟုတ်တော့ဝူး’ ဟု ပြောအယ်။
LUK 16:3 အေးချိန်တွင် အစေခံဟ ‘ငါပစာလို လုပ်မို့၊ ငါ့သခင်ဟ ငွေကြေးဥစ္စာထိန်းသိမ်းလဲ့ ရာထူးဟို ဖြုတ်လိုက်ပီ။ ငါ့မှာ မြေတူးဆွနိန်သော ခွန်အား မဆိ၊ ကျောန့်နန်လုပ်ဖို့ ငါဆှက်အယ်။
LUK 16:4 ငွေကြေးဥစ္စာထိန်းသိမ်းလဲ့ ရာထူးမှ ပြုတ်ပင်းနောက် သူများလို့ဟ သူလို့နေအိုင်မှာ ငါ့ဟို လက်ခံအောန် ပစာလိုလုပ်ရမယ် ငါသိပီ’ ဟု စိတ်ထဲနှိုက် ကြံစည်ယွေ့၊
LUK 16:5 အဲပင်းရင် သူဌေးအား ငွေပေးဆပ်ရန်ဆိသော လူပေါင်းလို့ဟို ခေါ်အယ်။ အဲပင်းရင် ပထမလူအား ‘ငါ့သခင်ဟို ပေးဖို့ အကြွေးပစာလောက်ဆိလုန်း’ ဟု မေးအယ်။
LUK 16:6 အေးသူဟ ‘ဆီဂါလံ ၈၀၀ ပေးဖို့ ဆိပါအယ်’ ဟု ပြန်ပြောအယ်။ အဲအခါ ငွေကြေးဥစ္စာထိန်းသိမ်းလဲ့သူဟ ‘နင့်စာရင်းဟို ယူယွေ့၊ ထိန်ပင်း ဂါလံ ၄၀၀ လို့ ရေးမှတ်လိုက်’ ဟု ဆိုအယ်။
LUK 16:7 အဲပင်းရင် တခြားသူတယောက်ဟို ‘နင်ရော ပေးစရာအကြွေး ပစာလောက်ဆိလဲ’ ဟု မေးအယ်။ အေးသူဟ ‘ဂျုံစပါး တင်း ၁,၀၀၀ ဆိပါအယ်’ ဟု ဖြေအယ်။ ငွေကြေးဥစ္စာထိန်းသိမ်းလဲ့သူဟ ‘နင့်စာရင်းဟို ယူပင်း အတင်း ၈၀၀ လို့ ရေးမှတ်လိုက်’ ဟု ဆိုအယ်။
LUK 16:8 အေးလို့ လိမ္မာပါးနပ်စွာ လုပ်တတ်သော မရိုးဖြောင့်သော ငွေကြေးဥစ္စာထိန်းသိမ်းလဲ့သူဟို သူဌေးဟ ချီးမွန်းယွေ့၊ ပစာကို့ လောကီသားလို့ဟ မိမိလို့ရဲ့အမှုဟို ဆောင်ရွက်ရာတွင် အလင်းဟို ရောက်သော သူလို့ထက် သာယွေ့ လိမ္မာကြအယ်။
LUK 16:9 “နောက်တခု နင်လို့ဟို ငါပြောတာဟ လောကီစည်းစိမ်ချမ်းသာအားဖြင့် မိတ်ဆွေများ ရအောန်ပြုကြလော့၊ အေးလို့မှသာ နင်လို့ သေလွန်သောအခါ ထာဝရတည်သော အိုင်တော်တွင် နင်လို့ဟို လက်ခံပေးလိမ့်မယ်။
LUK 16:10 အမှုငယ်တွင် သစ္စာဆိသူဟ အမှုကြီးတွင်လည်း သစ္စာဆိလိမ့်မယ်။ အမှုငယ်တွင် မရိုးသားသူဟ အမှုကြီးတွင်လည်း ရိုးသားလိမ့်မယ် မဟုတ်။
LUK 16:11 အဲလိုမို့ နင်လို့မှာ ဟေလောကစည်းစိမ်နဲ့ ပတ်သက်ပင်း သစ္စာမဆိရင်၊ နင်လို့အား စစ်မန်လဲ့ချမ်းသာမှုဟို စလို ပေးအပ်နိန်မာလဲ။
LUK 16:12 နင်လို့ဟ သများပိုင်ဆိုင်လဲ့ ပစ္စည်းအပေါ်မှာ သစ္စာမဆိရင် စသူဟ နင်လို့ ပိုင်ဆိုင်ရန် ဥစ္စာဟို ပေးအပ်မလုန်း။
LUK 16:13 “စလို အစေခံမှ သခင်နေဦးရဲ့ အစေဟို မခံနိန်၊ တဦးဟို မုန်းယွေ့ တဦးဟို ချစ်မယ်။ တဦးမှာ သစ္စာဆိယွေ့ တဦးဟို မလေးမခန့်ပြုမယ်။ နင်လို့ဟ ဘုရားသခင်ရဲ့ အစေနဲ့ လောကစည်းစိမ်ရဲ့ အစေဟို မခံနိန်ကြ” ဟု သွန်သင်အယ်။
LUK 16:14 ပိတ်ဆန်ဟို တပ်မက်သော ဖာရိရှဲလို့ဟ အေးစကားများဟို ကြားသောအခါ ကိုယ်တော်ဟို ကဲ့ရဲ့လှောင်ပြောင်ကြအယ်။
LUK 16:15 ယေရှုဟ အေးသူလို့အား၊ “နင်လို့ဟ လူလို့ဆေ့မှာ မိမိတတ်တိုင်း ဖြောင့်မတ်ကျောန်း ဖော်ပြတတ်သူများ ဖြစ်ကြအယ်၊ အဲလိုလဲ ဘုရားသခင်ဟ နင်လို့ရဲ့ စိတ်နေလုံးဟို သိဆိအယ်။ လူလို့ အမြတ်တနိုးထားသောအရာဟ ဘုရားသခင်ရဲ့ ဆေ့နှိုက် စက်ဆုပ်ဖွယ် ဖြစ်အယ်။
LUK 16:16 “နှစ်ခြင်း ယောဟန် ပေါ်လာလဲ့အချိန်အထိ မောရှေရဲ့ ပညတ္တိကျမ်းနဲ့ ပရောဖက်ကျမ်းများ အာဏာတည်လျက်ဆိအယ်။ ယောဟန်ပေါ်ပင်းချိန်မှစယွေ့ ဘုရားသခင်ရဲ့ နိုင်ငံတော်အကျောန်း သတင်းကောင်းဟို ဟောလျက်ဆိယွေ့ လူများလို့ဟလည်း နိုင်ငံတော်ဟို အနိုင်အထက်နဲ့ ဝင်ကြအယ်။
LUK 16:17 အဲလိုလဲ ပညတ္တိကျမ်းမှ ကတစ်ချေးဆုံး အက္ခရာ စာလုံးတလုံး ပျက်စီးဖို့ထက် ခေါန်းခင်နဲ့ မြေကြီးဟ ပိုပင်းပျက်စီးလွယ်အယ်။
LUK 16:18 “သူ့ပေါင်အိုမဟို ကွာဆှင်းယွေ့ အခြားသောမိန်းမနဲ့ ထိမ်းမြားစုံဖက်သောသူတိုင်းဟ အိုင်ထောင်ရေး ဖောက်ပြန်မှုဟို ကျူးလွန်အယ်။ ခင်ပွန်းဟ ကွာဆှင်းထားသော မိန်းမနဲ့ ထိမ်းမြားစုံဖက်သော ယောက်ျားဟလည်း အိုင်ထောင်ရေး ဖောက်ပြန်မှုဟို ကျူးလွန်အယ်။
LUK 16:19 “တခါဟ သူဌေးတဦးဟ ဆေးအလွန်ကြီးသော ပိတ်ချောထည်များဟို ဝတ်ပင်း နေ့တိုင်း ဇိမ်ခံပင်း နေထိန်အယ်။
LUK 16:20 သူဌေးအိုင်ရဲ့ ထင်ခါးပေါက်တွင် လာဇရု နာမယ်ဆိသော ဆင်းရဲသားတယောက်ဟ အနာစိမ်းများပေါက်ယွေ့ တုံးလုံးလဲနေအယ်။
LUK 16:21 သူဟ သူဌေးရဲ့ စားပွဲမှကျသော စားကြွင်းစားကျန်များဟို စားချင်ယွေ့ စောင့်မျော်နေတတ်အယ်။ ခွေးလို့ဟ လာယွေ့ သူရဲ့ အနာစိမ်းများဟို ယက်ကြအယ်။
LUK 16:22 အေးဆင်းရဲသား သေဆုံးသွားသောအခါ ခေါန်းခင်တမန်လို့ဟ သူ့အား အာဗြဟံရဲ့ နဘေးတွင် ထိန်စေရန် သယ်ဆောင်သွားကြအယ်။ သူဌေးဟလည်း သေလွန်ယွေ့ သင်္ဂြိုဟ်ခြင်းဟို ခံရအယ်၊
LUK 16:23 မရဏာနိုင်ငံတွင် နာကျင်မှုဝေဒနာဟို ရမ်းဆာ့ခံရသဖြင့် မျော်ကျေ့လိုက်သောအခါ အာဗြဟံနဲ့အတူ သူ့ရဲ့ နဘေးတွင် လာဇရုဟို မျော်အယ်။
LUK 16:24 သူဌေးဟ ခေါ်ယွေ့ ‘တို့ဖ အာဗြဟံ၊ ငါ့ဟို သနားပါအုံး။ ငါဟ ဟေမီးလျှံထဲတွင် ရမ်းဆာ့ ဝေဒနာခံစားရသောကျောန့်၊ လာဇရုဟ သူ့လက်ဖျားဟို ယေထဲနစ်ပင်း ငါ့လျှာဟို အေးစေဖို့ သူ့ဟို ငါ့ဆေဟို စေလွှတ်ပေးပါ’ ဟု အော်ယွေ့ ပြောလေအယ်။
LUK 16:25 အဲလိုလဲ အာဗြဟံဟ ‘ငါ့သား၊ နင်ဟ အသက်ဆှင်တုန်းခါဟ ကောင်းသောအရာများဟို ရဆိခဲ့ယွေ့ လာဇရုဟ မကောင်းသောအရာများဟို ရဆိခဲ့ကျောန်း သတိရလော့။ အဲလိုလဲ အခုမှာ သူဟ စိတ်သက်သာဟို ခံစားရယွေ့ နင်ဟ ရမ်းဆာ့ဝေဒနာဟို ခံစားနေရအယ်။
LUK 16:26 အဲပင်းရင် နင်နဲ့ ငါလို့စပ်ကြားတွင် ရမ်းဆာ့ နက်သောချောက်ကြီး တည်ဆိနေအယ်။ အေးလိုမို့ ဟေအရပ်မှ နင်လို့ဆိရာသို့ ကူးချင်သောသူ မကူးနိန်၊ နင်လို့ဆိရာအရပ်မှ အဲအရပ်ဟို ကူးချင်သောသူလည်း မကူးနိန်’ ဟု ဆိုအယ်။
LUK 16:27 သူဌေးဟ ‘တို့ဖ အေးလို့ဖြစ်ရင် လာဇရုဟို ငါလို့ အဖအိုင်ဟို စေလွှတ်ပေးရန် တောင်းပန်အယ်၊
LUK 16:28 ငါ့မှာ ညီ ငါးယောက်ဆိပါအယ်။ သူလို့ဟ ဟေလိုမျိုး ရမ်းဆာ့ ဝေဒနာခံစားရလဲ့ နေရာမျိုးဟို မရောက်လာဖို့တွက် သူလို့အား သတိပေးရန် လာဇရုဟို တို့ဖအိုင်ဟို စေလွှတ်ပေးမန့်’ ဟု တောင်းပန်အယ်။
LUK 16:29 အာဗြဟံဟ ‘နင့်ညီတွေဟို သတိပေးဖို့ မောရှေနဲ့ ပရောဖက်များ ဆိနေဝဲ့။ သူလို့ရဲ့ စကားဟို နားထောင်ကြမန့်စေ’ ဟု ပြောအယ်။
LUK 16:30 သူဌေးဟ အေးလောက်နဲ့ မရလောက်ဝူး။ ‘တို့ဖ အာဗြဟံ၊ အကယ်ယွေ့ သေဆုံးသွားပီးလဲ့ တစုံတယောက်ဟ ထမြောက်ပင်း သူလို့ဆေ သွားပြောရင် သူလို့ဟ နောင်တရကြမှာရီး’ ဟု ပြန်ပြောအယ်။
LUK 16:31 အာဗြဟံဟ ‘သူလို့ဟ မောရှေနဲ့ ပရောဖက်တွေရဲ့ စကားဟို နားမထောင်ရင် တစုံတယောက်ဟ သေခြင်းဟနေ ထမြောက်လာရင်လည်း ယုံကြည်နိန်မှာ ဟုတ်ဝူး’ ” ဟု ပြောအယ်။
LUK 17:1 ယေရှုဟ တဘဲ့တော်လို့အား ပြောတာဟ “လူဟို အပစ်ပြုစေမဲ့အရာများ သေချာပေါက် ဆိရမယ်၊ အဲလိုလဲ မှောက်မားလမ်းလွဲစေသူဟ အမင်္ဂလာ ဆိအယ်။
LUK 17:2 အေးသူဟ ဟေလူပဲ့သငယ် တဦးတယောက်ဟို လမ်းမားစေမဲ့အစား လည်ဖင်းတွင် ကြိတ်ဆုံကျောက်ကြီးဟို ဆွဲယွေ့ ပင်လယ်ထဲဟို လောချခံရခြင်းဟ သူ့အတွက် သာယွေ့ ကောင်းအယ်။
LUK 17:3 အေးလို့မို့ ကိုယ့်တတ်တိုင်း သတိထားကြလော့။ “နင့်ညီအကိုဟ နင့်ဟို ပစ်မားရင် သူ့ဟို ဆုံးမလော့။ သူဟ နောင်တရရင် သူ့အပစ်ဟို ခွင့်လွှတ်ပေးလော့။
LUK 17:4 တနေ့ထဲတွင် ခုနေကြိမ် နင့်ဟို ပစ်မားယွေ့ ခုနေကြိမ်မြောက်အောန် နင့်ဆေဟို လာပင်း ‘ငါ နောင်တရအယ်’ ဟု ပြောရင် နင်ဟ သူ့ရဲ့ အပစ်ဟို ခွင့်လွှတ်ရမယ်” ဟု တဘဲ့တော်လို့အား ပြောအယ်။
LUK 17:5 တမန်တော်လို့ဟ သခင်ဘုရားအား “ငါ့လို့ရဲ့ ယုံကြည်ခြင်းဟို တိုးပွားစေမန့်” ဟု ပြောကြအယ်။
LUK 17:6 သခင်ဘုရားဟ “နင်လို့မှာ ယုံကြည်ခြင်း မုန်ညင်းစေ့လောက် ဆိရင် ဟေပိုးစာပင်အား ‘အမြစ်နဲ့တူတူ ကျွတ်ထွက်ယွေ့ ပင်လယ်ထဲမှာ စိုက်နေစေလော့’ ဟု ဆိုရင် အေးအပင်ဟ နင်လို့ ပြောလဲ့အတိုင်း ဖြစ်လိမ့်မယ်။
LUK 17:7 “နင်လို့ထဲဟ တယောက်ဟ လယ်လုပ်သောအစေခံ အဲဟာမဟုတ်ရင် သိုးကျောင်းသောအစေခံ ဆိလယ်ထဲအယ်။ သူဟ လယ်တောမှ ပြန်လာသောအခါ ခပ်သော့သော့လာပင်း အစာစားမန့်ဟု နင်လို့ပြောမလော။
LUK 17:8 အေးလို့မပြောဘဲ သူ့ဟို ‘ငါ့ဖို့ ညစာပြင်လော့၊ ငါစားသောက်နေတုန်း ခါးစဲပင်း ငါ့ဟို လုပ်ကျွေးမန့်၊ ပီးခါကျမှ နင်စားသောက်ရမယ်’ ဟု ပြောမယ် မဟုတ်လော။
LUK 17:9 အေးအစေခံဟ သူ့သခင် ခိုင်းစေလဲ့အတိုင်း ဆောင်ရွက်ပေးရလဲ့အတွက် သူ့ဟို ကျေးဇူးတင်စရာ မဆိ။
LUK 17:10 အေးတိုင်းတိုင်းပင် နင်လို့ဟလည်း မိမိလို့အား စေခိုင်းလဲ့အရာအားလုံးဟို ဆောင်ရွက်ပီးချိန်တွင် ‘ငါလို့ဟ သာမန် အစေခံများပင် ဖြစ်ယွေ့၊ ငါလို့ ဆောင်ရွက်ရန် ဆိလဲ့ လုပ်ငန်းဆောင်တာများဟို လုပ်ဆောင်ခဲ့ကြခြင်းသာ ဖြစ်အယ်’ ဟု ဆိုကြလော့” ဟူယွေ့ မိန့်အယ်။
LUK 17:11 ယေရှုဟ ယေရုရှလင်မြို့သို့ သွားနေစဉ် ရှမာရိပြေနဲ့ ဂါလိလဲပြေနယ် စပ်ကြားတွင် ဆောက်သွားအယ်။
LUK 17:12 ရွာတရွာသို့ဝင်သောအခါ အရေပြားရောဂါသည် ဆယ်ယောက်လို့ဟ ကိုယ်တော်ဟို ခရီးဦးကြိုပြုကြအယ်။ အေးသူလို့ဟ ခပ်ခွာခွာရပ်နေလျက်၊
LUK 17:13 “ယေရှု၊ သခင် ငါလို့ဟို ကယ်မသနားမန့်” ဟု အော်ပြောကြအယ်။
LUK 17:14 ယေရှုဟ သူလို့ဟို မျော်သောအခါ “နင်လို့တွေ ယဇ်ပုရောဟိတ်ဆေ သွားပင်း ကိုယ်ဟို ပြလော့” ဟု ပြောအယ်။ သူလို့သွားနေတုန်းတွင် သန့်ဆှင်းခြင်းဟိုရောက်ကြအယ်။
LUK 17:15 အေးသူလို့ထဲတွင် တယောက်ဟ မိမိရောဂါ ပျောက်ကင်းသွားကျောန်းဟို သိသောအခါ အသံကျယ်ရီးဖြင့် ဘုရားသခင်ဟို ချီးမွန်းလျက် ကိုယ်တော်ဆေ ပြန်လာအယ်။
LUK 17:16 အဲပင်းရင် ယေရှုရဲ့ ခြေရင်းနှိုက် ပျပ်ဝပ်ယွေ့ ကိုယ်တော်ဟို ကျေးဇူးတင်ကျောန်း ပြောအယ်။ အေးလူဟ ရှမာရိလူမျိုး ဖြစ်အယ်။
LUK 17:17 ယေရှုဟ “လူဆယ်ယောက်လို့ဟ ရောဂါပျောက်ကင်းသွားကြအယ် ဟုတ်ဝူးလော။ တခြားကိုးယောက်ဟ ပစာနားရောက်ကုန်နှင်း။
LUK 17:18 ဘုရားသခင်ဟို ချီးမွန်းဖို့ရန် ပြန်လာသောသူဟ ဟေတပါးအမျိုးသားမှ လွဲယွေ့ တဦးမျှ မဆိဝူးလော” ဟု မေးအယ်။
LUK 17:19 အေးနောက် ယေရှုဟ သူ့အား “နင်ထယွေ့ သွားမန့်၊ နင့်ရဲ့ ယုံကြည်ခြင်းဟ နင့်ဟို ကျန်းမာစေပီ” ဟု ပြောအယ်။
LUK 17:20 ဖာရိရှဲအချို့လို့ဟ “ဘုရားသခင်ရဲ့ နိုင်ငံတော်ဟ ပစာအခါနှိုက် တည်ပါမလုန်း” ဟု ကိုယ်တော်အား မေးကြအယ်။ ကိုယ်တော်ဟ “ဘုရားသခင်ရဲ့ နိုင်ငံတော်တည်ခြင်းဟ မျော်သောအရာနှိုက် တည်တာ မဟုတ်။
LUK 17:21 ‘ကျေ့လော့၊ ဟေအရပ်နှိုက် ဆိအယ်’ ‘ဟိုးဖက်အရပ်တွင် ဆိအယ်’ ဟု စသူမှ မပြောနိန်။ ပစာကို့ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟ နင်လို့အထဲတွင် တည်လျက်ဆိအယ်” ဟု ပြောအယ်။
LUK 17:22 အဲပင်းရင် ကိုယ်တော်ဟ တဘဲ့တော်လို့အား “နင်လို့ မျော်ချင်သော လူသားရဲ့ နေ့ရက် တနေ့ ရောက်ဆိလာသော်လည်း နင်လို့ တွေ့မျော်ရလိမ့်မယ် မဟုတ်။
LUK 17:23 လူလို့ဟ နင်လို့အား ‘လူသားဟ ဟေအရပ်နှိုက် ဆိအယ်၊ ဟိုးနေရာမှာ ဆိအယ်’ ဟု ဆိုလိမ့်မယ်။ သူလို့နောက်ဟို ပြေးမလိုက်ကြနဲ့ ဟု ဆိုကြလိမ့်မယ်။
LUK 17:24 အကျောန်းမှာ ဆပ်လက်ထိုးယွေ့ မိုးခေါန်းခင်တဖက်မှ အခြားတဖက်တိုင်အောန် လင်းထိန်သွားသလို လူသား ပြန်လာလဲ့နေ့ရက်နှိုက် အဲတိုင်းတိုင်း ဖြစ်လိမ့်မယ်။
LUK 17:25 အဲလိုလဲ သူဟ ဦးရင်ဆုံး ဒုက္ခဝေဒနာဟို ရမ်းဆာ့ ခံစားရယွေ့ ခုခေတ်လူလို့ရဲ့ ငြင်းပယ်ခြင်းဟို ခံရလိမ့်မယ်။
LUK 17:26 နောဧရဲ့ နေ့ရက်များနှိုက် ဖြစ်သလိုမျိုး လူသား ပြန်လာလဲ့ နေ့ရက်များနှိုက်လည်း ဖြစ်ပျက်လိမ့်မယ်။
LUK 17:27 နောဧဟ သင်္ဘောထဲဟို ဝင်လဲ့နေ့တိုင်အောန် လူလို့ဟ စားသောက်လျက်၊ လက်ထပ်ထိမ်းမြားလျက် နေခဲ့ကြအယ်။ အဲပင်းရင် ယေလွှမ်းမိုးခြင်း ရောက်လာကာ သူလို့အားလုံးဟို ဖျက်ဆီးလေအယ်။
LUK 17:28 အေးတိုင်းတိုင်း လောတရဲ့ နေ့ရက်များနှိုက်လည်း လူလို့ဟ စားသောက်လျက်၊ ရောင်းဝယ်လျက်၊ စိုက်ပျိုးလျက်၊ အိုင်ဆောက်လျက် နေခဲ့ကြအယ်။
LUK 17:29 သောဒုံမြို့မှ လောတ ထွက်ခွာသောနေ့နှိုက် ခေါန်းခင်မှ ကန့်နဲ့ မီးမိုးရွာကျယွေ့ လူအားလုံးဟို ဖျက်ဆီးလေအယ်။
LUK 17:30 လူသားပေါ်ထွန်းသော နေ့ရက်နှိုက်လည်း အေးတိုင်းတိုင်း ဖြစ်လိမ့်မယ်။”
LUK 17:31 “အေးနေ့ခါကျရင် အိုင်မိုးပေါ်မှာ ဆိသောသူဟ အိုင်ထဲတွင် ဆိလဲ့ မိမိဥစ္စာပစ္စည်းဟို ယူဖို့ မဆင်းစေနဲ့၊ အေးတိုင်းတိုင်းပင် လယ်နှိုက် ဆိသောသူဟလည်း နေအိုင်ဟို မပြန်စေနဲ့။
LUK 17:32 လောတရဲ့ ပေါင်အိုမဟို အောက်မေ့ကြလော့။
LUK 17:33 ကိုယ့်အသက်ဟို ကယ်ဆယ်လိုသောသူဟ အသက်ဆုံးလိမ့်မယ်၊ ကိုယ့်အသက်ဟို အဆုံးခံသောသူဟ မိမိအသက်ဟို ကယ်ဆယ်လိမ့်မယ်။
LUK 17:34 နင်လို့ဟို ငါပြောတာဟ အဲညတွင် အိပ်ယာတခုနှိုက် ဆိနေကြလဲ့လူနေယောက်ထဲတွင် တယောက်ဟို သိမ်းယူယွေ့ တယောက်ဟ ကျန်ရစ်လိမ့်မယ်။
LUK 17:35 ကြိတ်ဆုံတူတူကြိတ်နေသော မိန်းမနေယောက်မှ တယောက်ဟို သိမ်းယူယွေ့ တယောက်ဟ ကျန်ရစ်လိမ့်မယ်။”
LUK 17:36 
LUK 17:37 တဘဲ့တော်လို့ဟ “သခင်၊ ပစာအရပ်မှာ ဟေလို့ အဖြစ်အပျက်ဖြစ်ပေါ်လိမ့်မလုန်း” ဟု မေးကြအယ်။ ယေရှုဟ “အသေကောင်ဆိရာ အရပ်တွင် လင်းတငက်များ လာစုနေကြလိမ့်မယ်” ဟု ပြန်ပြောအယ်။
LUK 18:1 အဲပင်းရင် ယေရှုဟ တဘဲ့တော်လို့ဟို အားမလျော့ဘဲ အစဉ် ဆုတောင်းရမဲ့အကျောန်းဟို ပုံဥပမာအားဖြင့် ပြောအယ်။
LUK 18:2 “မြို့တမြို့တွင် တရားသူကြီးတယောက်ဆိယွေ့ သူဟ ဘုရားသခင်ဟို မကြောက်၊ လူဟို အားမနာတတ်သူ ဖြစ်အယ်။
LUK 18:3 အေးမြို့နှိုက် ဆိသော မုဆိုးမတဦးဟ သူ့ဆေဟို ခဏခဏလာပင်း ‘ကျမရဲ့ ရန်ဖက်ဟို လက်စားချေလောက်အောန် ကူညီပေးမန့်’ ဟု သူ့အခွင့်ရေးအတွက် တောင်းဆိုအယ်။
LUK 18:4 တရားသူကြီးဟ မစီရင်ပေးဘဲ အချိန်အကြာထားအယ်။ အဲပင်းရင် ‘ငါဟ ဘုရားသခင်ဟို မကြောက်၊ လူမျက်နှာဟို မထောက်တတ်။
LUK 18:5 အဲလိုလဲ ဟေမုဆိုးမဟ ငါ့ဟို လာလာနှောင့်ယှက် နေယွေ့ သူ့ဖက်နှိုက် တရားစီရင်မယ်။ အေးလို့မှ မဟုတ်ရင် သူဟ ငါ့ဟို ဆက်ပင်းနှောင့်ယှက်သဖြင့် နောက်ဆုံးနှိုက် ငါ့ဟို ပင်ပန်းစေလိမ့်မယ်’ ဟု ဆိုအယ်။”
LUK 18:6 သခင်ဘုရားဟ “ဆိုးညစ်သော တရားသူကြီး ပြောတာဟို နားထောင်ကြလော့။
LUK 18:7 အခုတွင် ရွေးချယ်ထားသောသူလို့ဟ နေ့တိုင်းညတိုင်း အော်ဟစ် တောင်းဆှောက်ရင် ဘုရားသခင်ဟ သူလို့ဖက်တွင် တရားမျှတစွာ မစီရင်ဘဲနေမလော၊ ကိုယ်တော်ဟ သူလို့အား ကူညီမစရန် နှောင့်နှေးနေမလော။
LUK 18:8 နင်လို့ဟို ငါပြောတာဟ သူလို့ဖက်တွင် အလျင်အမြန် တရားမျှတစွာ စီရင်မယ်။ အဲလိုလဲ လူသားဟ ကြွလာသောအခါ မြေကြီးပေါ်တွင် ယုံကြည်ခြင်းဟို တွေ့ရမလော” ဟု ပြောအယ်။
LUK 18:9 မိမိလို့တတ်တိုင်း သူတော်ကောင်းဟု ယုံကြည်ကာ သူတပါးလို့ဟို အထင်မြင်သေးတတ်သူ လူတချို့လို့အား ယေရှုဟ ဥပမာဖြင့် ပြောတာဟ၊
LUK 18:10 “လူနေယောက်ဟ ဆုတောင်းရန် ဗိမာန်တော်ဟို သွားကြအယ်၊ တယောက်ဟ ဖာရိရှဲ၊ တခြားတယောက်မှာ အခွန်ခံ ဖြစ်အယ်။
LUK 18:11 ဖာရိရှဲဟ တယောက်တည်းရပ်လျက် ‘အို ဘုရားသခင်၊ ငါဟ အခြားသူများလို လောဘကြီးခြင်း၊ မရိုးသားခြင်း၊ သူ့မယားဟို ပစ်မားသောသူ မဟုတ်လဲ့အပြင် ဟေအခွန်ခံလို မဟုတ်သောကျောန့် ကျေးဇူးတင်ပါအယ်။
LUK 18:12 ငါဟ တပတ် နေရက် အစာဆှောင်ယွေ့ ငါပိုင်ဆိုင်သမျှထဲမှလည်း ဆယ်ဖို့တဖို့ လှူပါအယ်’ ဟု ဆုတောင်းအယ်။
LUK 18:13 အဲလိုလဲ အခွန်ခံဟ အဝေးမှာ ရပ်ပင်း ခေါန်းခင်ဟို မမျော်ကျေ့ဘဲ ‘အို ဘုရားသခင်၊ အပစ်သား ကျွန်တော့်ဟို သနားမူပါ’ ဟု ရင်ဘတ်ဟို ထုပင်း ဆုတောင်းအယ်။
LUK 18:14 နင်လို့ဟို ငါပြောတာဟ ဟေသူသည် ဘုရားသခင် ဆေ့တော်တွင် အပစ်ပြေပင်း၊ သူ့အိုင်ဟို ပြန်သွားယွေ့ ဖာရိရှဲမှာမူ အပစ်မပြေ။ ပစာကို့ ကိုယ့်တတ်တိုင်း ချီးမြှောက်သူဟ နှိမ့်ချခြင်းဟို ခံရယွေ့ မိမိကိုယ်ဟို နှိမ့်ချသူဟ ချီးမြှောက်ခြင်း ခံရမယ်ဖြစ်သောကျောန့် ဖြစ်အယ်” ဟု ပြောလေအယ်။
LUK 18:15 လူတချို့ဟ လူပဲ့သငယ်လို့ဟို လက်တော်နဲ့ ပေးတို့စေရန် သခင့်ဆေဟို ခေါ်ခဲ့ကြအယ်။ တဘဲ့တော်လို့ဟ မျော်ရင် အေးသူလို့အား အပစ်တင်ကြအယ်။
LUK 18:16 အဲလိုလဲ ယေရှုဟ လူပဲ့သငယ်များဟို ခေါ်လျက် “လူပဲ့သငယ်လို့ဟို ငါ့နား လာကြပါစေ၊ မဆီးတားကြနဲ့။ ပစာကို့ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟ အေးသူလို့လိုမျိုးရဲ့ နိုင်ငံ ဖြစ်အယ်။
LUK 18:17 နင်လို့ဟို ငါအမန်ဆိုတာဟ၊ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟို လူပဲ့သငယ်လိုမျိုး လက်မခံသောသူဟ အဲနိုင်ငံတော်သို့ စခါမှဝင်ရလိမ့်မယ် ဟုတ်မောင့်လဲ့” ဟု ပြောအယ်။
LUK 18:18 ယုဒအရာဆိ တယောက်ဟ “ကောင်းမြတ်လဲ့ ဆရာ၊ ထာဝရအသက်ဟို ရဖို့ ငါဟ ပစာလိုလုပ်ရမလုန်း” ဟု ယေရှုဟို မေးအယ်။
LUK 18:19 ယေရှုဟ “ငါ့ဟို ကောင်းမြတ်တာဟု ပစာကျောန့် ခေါ်လုန်း။ ဘုရားသခင် တပါးမှလွှဲယွေ့ ကောင်းမြတ်သူ စသူမျှ မဆိ။
LUK 18:20 ‘သူ့မယားဟို မပစ်မားနဲ့၊ လူ့အသက်ဟို မသတ်နဲ့၊ သူ့ဥစ္စာဟို မခိုးနဲ့၊ မမန်သော သက်သေဟို မခံနဲ့၊ တို့မေ တို့ဖလို့ဟို ရိုသေရမယ်’ ဟူသော ပညတ်တော်များဟို နင်သိအယ် မဟုတ်လော” ဟု မိန့်အယ်။
LUK 18:21 အဲသူဟ “ဟေပညတ်များဟို ငါဟ ငယ်တုန်းခါထဲဟ စောင့်ထိန်းခဲ့ပါပီ” ဟု ပြန်ပြောအယ်။
LUK 18:22 ယေရှုဟ အဲစကားဟို ကြားသောအခါ “နင်နှိုက် လုပ်စရာတခု လိုသေးအယ်။ နင့်ဥစ္စာဆိသမျှဟို ရောင်းပင်း ဆင်းရဲသားလို့ဟို ပေးကမ်းစွန့်ကြဲလိုက်၊ အေးလို့လုပ်ရင် နင်ဟ ခေါန်းခင်ဘုံတွင် ဘဏ္ဍာဟို ရလိမ့်မယ်၊ အေးလို့လုပ်ပင်းမှ ငါ့နောက်ဟို လိုက်ခဲ့လိုက်” ဟု ပြောအယ်။
LUK 18:23 အဲလိုလဲ သူဟ ရမ်းဆာ့ ချမ်းသာသောသူ ဖြစ်သောကျောန့် အေးစကားဟို ကြားသောအခါ ရမ်းဆာ့ ဝမ်းနည်းသွားလေအယ်။
LUK 18:24 ယေရှုဟ အဲသူဝမ်းနည်းနေတာဟို မျော်ရင် “ဥစ္စာချမ်းသာသူလို့ဟ ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲဟို ရမ်းဆာ့ ဝင်ခဲလှအယ်။
LUK 18:25 ကုလားအုတ်ဟ အပ်နဖားဟို လျှိုလွယ်သော်လည်း ချမ်းသာသောသူဟ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟို ဝင်ခဲလှအယ်” ဟု ပြောအယ်။
LUK 18:26 အေးစကားဟို ကြားသောသူလို့ဟ “အေးဆို စသူဟ ကယ်တင်ခြင်းဟို ရနိန်မလုန်း” ဟု မေးကြအယ်။
LUK 18:27 ယေရှုဟ “လူလို့ မတတ်နိန်သောအရာဟို ဘုရားသခင် တတ်နိန်အယ်” ဟု ပြောအယ်။
LUK 18:28 ပေတရုဟ “ကျေ့မန့်၊ ငါလို့ဟ ငါလို့ ပိုင်ဆိုင်သောအရာလို့ဟို စွန့်ယွေ့ ကိုယ်တော်နောက်ဟို လိုက်လာခဲ့ကြအယ်” ဟု ပြောအယ်။
LUK 18:29 ယေရှုဟ “ငါ အမန်ပြောတာဟ အကြင်သူဟ ဘုရားသခင်ရဲ့ နိုင်ငံတော်ကျောန့် နေအိုင်၊ ပေါင်အိုမ၊ မိဖ၊ ညီအကို၊ သားသမီး တခုခုဟို စွန့်လာခဲ့အယ်။
LUK 18:30 အေးသူဟ ဟေဖဝါ့တွင် အဆများစွာ အကျိုးခံစားရပင်း နောင်ဖဝါ့နှိုက် ထာဝရအသက်ဟို ရလိမ့်မယ်” ဟု ပြောအယ်။
LUK 18:31 ယေရှုဟ တဆယ့်နေပါးသော တဘဲ့တော်လို့ဟို ခေါ်ပင်းရင် “နားထောင်ကြ၊ ငါလို့ဟ ယေရုရှလင်မြို့ဟို သွားကြအယ်။ လူသားအကျောန်းနဲ့ ပတ်သက်ယွေ့ ပရောဖက်များ ရေးမှတ်ဖော်ပြခဲ့သမျှဟ ပြေ့စုံလာလိမ့်မယ်။
LUK 18:32 တပါးအမျိုးသားဟို လက်ဟို လှောင်ပြောင်ခြင်း၊ ညှဉ်းဆဲခြင်း၊ ဆံထွေးနဲ့ ထွေးခြင်းဟို ခံရလိမ့်မယ်။
LUK 18:33 သူလို့ဟ ကြိမ်ဒဏ်ပေးယွေ့ အသေသတ်ကြလိမ့်မယ်။ အဲလိုလဲ သုံးရက်မြောက်သောနေ့နှိုက် လူသားဟ ဆှင်ပြန်ထမြောက်လိမ့်မယ်” ဟု ပြောအယ်။
LUK 18:34 အဲလိုလဲ တဘဲ့တော်လို့ဟ ကိုယ်တော်ရဲ့ စကားတခွန်းဟိုမျှ နားမလည်ကြ။ အေးစကားများရဲ့ အနက်အဓိပ္ပာယ်ဟ ကွယ်ဝှက်လျက်နေသဖြင့် ကိုယ်တော်ရဲ့ ပြောကြားမှုဟို နားမလည်ကြ။
LUK 18:35 ယေရိခေါမြို့အနီးနှိုက် ရောက်လာစဉ်၊ မျက်စေ့မမျော်သော တယောက်ဟ လမ်းနားမှာ ထိန်ယွေ့ တောင်းစားလျက် နေအယ်။
LUK 18:36 သူဟ လူအုပ်လို့ သွားသောသံဟို ကြားသောအခါ “ပစာရီးလုန်း” ဟု မေးအယ်။
LUK 18:37 သူလို့ဟ “နာဇရက်မြို့သား ယေရှု ဖြတ်သွားစာရီး” ဟု ပြောကြအယ်။
LUK 18:38 “ဒါဝိဒ်ရဲ့ သားတော် ယေရှု၊ ငါ့ဟို သနားမန့်” ဟု အော်ပြောလေအယ်။
LUK 18:39 ဆေ့မှာဆိသောလူလို့ဟ သူ့ဟို တိတ်တိတ်နေရန် ငေါက်ငမ်းယွေ့ ပြောကြအယ်။ အဲလိုလဲ သူဟ “ဒါဝိဒ်ရဲ့ သားတော်၊ ငါ့ဟို သနားမန့်” ဟု ပိုယွေ့ အော်ပြောလေအယ်။
LUK 18:40 အေးလို့မို့ ယေရှုဟ ရပ်တန့်လိုက်ပင်းနောက် အေးသူဟို ခေါ်ခဲ့ဟု ပြောအယ်။ သူအနား ရောက်လာသောအခါ ယေရှုဟ၊
LUK 18:41 “နင့်ဖို့ ပစာလုပ်ပေးစေချင်လော” ဟု မေးသောအခါ သူဟ “ဆရာ” “ငါမျက်စေ့ မျော်ချင်အယ်” ဟု ဖြေအယ်။
LUK 18:42 ယေရှုဟ “မျက်စေ့ မျော်စေ၊ နင့်ရဲ့ ယုံကြည်ခြင်းဟ နင့်ဟို မျော်စေပီ” ဟု ပြောအယ်။
LUK 18:43 အေးခဏချင်းတွင် သူဟ မျက်စေ့မျော်ယွေ့၊ ဘုရားသခင်ဟို ချီးမွန်းပင်း ကိုယ်တော်နောက်ဟို လိုက်အယ်။ အေးအရာဟို လူအုပ်ကြီးဟ မျော်သောအခါ ဘုရားသခင်ဟို ချီးမွန်းကြအယ်။
LUK 19:1 ယေရှုဟ ယေရိခေါမြို့ဟို ဝင်ယွေ့ ဆှောက်သွားလေအယ်။
LUK 19:2 အဲအရပ်တွင် ဇက္ခဲ နာမယ်ဆိသော အခွန်ကောက်မှူးကြီးတယောက် ဆိအယ်၊ သူဟ ချမ်းသာသောသူ ဖြစ်အယ်။
LUK 19:3 သူဟ ယေရှု စလိုလူဖြစ်တာဟို မျော်ရရန် ကြိုးစားအယ်၊ အဲလိုလဲ အရပ်ပုသူဖြစ်သောကျောန့် လူအုပ်ကြီးဟို ကျော်ယွေ့ မမျော်နိန်။
LUK 19:4 အေးလို့မို့ ယေရှုဟို မျော်နိန်ရန် ကြွလာမဲ့လမ်းအတိုင်း ဆေ့ဟိုပြေးယွေ့ သဖန်းပင်ပေါ်ဟို တက်လေအယ်။
LUK 19:5 ယေရှုဟ အေးနေရာဟို ရောက်သောအခါ မော့ကျေ့ပင်းရင် “ဇက္ခဲ၊ အမြန် ဆင်းခဲ့လိုက်၊ ခုနေ့ နင့်နေအိုင်မှာ ငါတည်းခိုမယ်” ဟု ပြောအယ်။
LUK 19:6 ဇက္ခဲဟ သစ်ပင်ပေါ်မှ အမြန် ဆင်းယွေ့ ကိုယ်တော်ဟို ဝမ်းမြောက်စွာ ကြိုဆိုအယ်။
LUK 19:7 ဟေအခြင်းအရာဟို မျော်သောအခါ လူလို့ဟ “ဟေသူဟ ဆိုးသွမ်းသော သူတယောက်ရဲ့ အိုင်တွင် တည်းခိုရန် သွားပါအယ် ဟုတ်မောင့်လဲ့” ဟု စတင်ပင်း ကဲ့ရဲ့အပစ်တင်ကြအယ်။
LUK 19:8 ဇက္ခဲဟ ရပ်လျက် သခင့်ဟို “နားထောင်ပါအုံး ဆရာ၊ ငါ့ရဲ့ ဥစ္စာပစ္စည်းတဝက်ဟို ဆင်းရဲသောသူလို့ဟို ပေးပါမယ်၊ အကယ်ယွေ့ တစုံတယောက်ဆေမှ မတရားတောင်းယူမိရင် အေးငွေရဲ့ လေးဆဟို ပြန်ပေးပါမယ်” ဟု ပြောလေအယ်။
LUK 19:9 ယေရှုဟ “ဟေသူဟလည်း အာဗြဟံရဲ့ သားမြေးဖြစ်သဖြင့် ကယ်တင်ခြင်းဟ ခုနေ့ပင် ဟေနေအိုင်ပေါ်ဟို သက်ရောက်လေပီ။
LUK 19:10 လူသားဟ ပျောက်ဆုံးသောသူများဟို ဆာရန်နဲ့ ကယ်တင်ရန် လာခြင်းဖြစ်အယ်” ဟု သူ့ဟို ပြောအယ်။
LUK 19:11 ကိုယ်တော်ဟ ဟေအကျောန်းအရာလို့ဟို နားထောင်သောသူလို့အား ပုံဥပမာတခုဟို ထပ်ယွေ့ ပေးအယ်။ ပစာကို့ ကိုယ်တော်ဟ ယေရုရှလင်မြို့ အနီးဟို ရောက်လာသဖြင့် ဘုရားသခင်ရဲ့ နိုင်ငံတော်ဟ ခုတုံးပေါ်ထွန်းတော့မယ်ဟု လူလို့ ထင်နေကြသောကျောန့် ဖြစ်အယ်။
LUK 19:12 သူဟ “မြင့်မြတ်သော လူတဦးဟ ဘုရင်အရာဟို ခံယူလိုယွေ့ မိမိပြေသို့ ပြန်လာရန် ဝေးသော ပြေသို့ သွားခဲ့အယ်။
LUK 19:13 မသွားခင် မိမိရဲ့ အစေခံဆယ်ယောက်ဟို ခေါ်ယူကာ ‘ငါပြန်ရောက်လာတဲ့ထိ ကုန်သွယ်ခြင်းအမှုဟို ပြုကြလော့’ ဟုဆိုယွေ့ ဆွေဒင်္ဂါးတပြားစီ ပေးအယ်။
LUK 19:14 အဲလိုလဲ ပြေသားအချို့ဟ သူ့ဟို မုန်းကြသဖြင့် ‘အေးသူရဲ့ အုပ်ချုပ်မှုဟို ငါလို့မခံချင်’ ဟု သတင်းသယ်ပို့သူများအား သူ့နောက်ဟို လွှတ်ယွေ့ ပြောစေအယ်။
LUK 19:15 “အေးသူဟ ဘုရင်အရာဟို ခံယွေ့ ပြန်လာအယ်။ သူဟ ခုတုံးပင် မိမိရင်းနှီးငွေပေးခဲ့လဲ့ အစေခံများဟို ကုန်သွယ်ယွေ့ စလောက်အမြတ်ရတာဟို သိချင်သဖြင့် သူလို့အား ခေါ်လာရန် အမိန့်ဆိအယ်။
LUK 19:16 ပထမအစေခံဟ လာယွေ့ ‘သခင် ပေးခဲ့လဲ့ ဆွေဒင်္ဂါးတပြားဖြင့် အမြတ် ဆယ်ဆရပါအယ်’ ဟု ဆောက်အယ်။
LUK 19:17 မင်းကြီးဟ ‘ကောင်းအယ်၊ နင်ဟ အစေခံကောင်းတယောက် ဖြစ်အယ်၊ သေးငယ်သောအမှုတွင် သစ္စာဆိသူဖြစ်သဖြင့် နင့်ဟို ငါဟ မြို့ကြီးဆယ်မြို့ဟို အုပ်ချုပ်လော့’ ဟု ပြောအယ်။
LUK 19:18 ဒုတိယအစေခံဟလည်း လာယွေ့ ‘သခင်၊ သခင်ပေးခဲ့လဲ့ ဆွေဒင်္ဂါးတပြားနဲ့ အမြတ် ငါးဆရပါအယ်’ ဟု ပြောအယ်။
LUK 19:19 သခင်ဟ ‘နင်ဟ မြို့ကြီးငါးမြို့ဟို အုပ်ချုပ်လော့’ ဟု ပြောအယ်။
LUK 19:20 အခြားသောအစေခံဟ လာယွေ့ ‘သခင်၊ သခင်ပေးခဲ့လဲ့ ဆွေဒင်္ဂါး ဟေမှာ ဆိပါအယ်၊ အေးငွေဟို ငါဟ ပုဝါဖြင့် ထုပ်ပင်း သိမ်းဆည်းထားပါအယ်။
LUK 19:21 သခင်ဟ ခက်ထန်သူဖြစ်သောကျောန့် ငါ ကြောက်ရွံ့အယ်။ သခင်ဟ ကိုယ်မပိုင်လဲ့အရာဟို သိမ်းယူတတ်ပင်း မိမိမစိုက်ပျိုးလဲ့ သီးနှံဟို ရိတ်သိမ်းတတ်ပါအယ်’ ဟု ဆောက်အယ်။
LUK 19:22 မင်းကြီးဟ ‘ဆိုးညစ်သော အစေခံ၊ နင်ပြောလဲ့အတိုင်း နင့်ဟို ငါစီရင်မယ်။ ငါဟ ခက်ထန်သူဖြစ်ယွေ့ မိမိမပိုင်လဲ့အရာဟို သိမ်းယူတတ်တာဟို လည်းကောင်း၊ မိမိမစိုက်ပျိုးသည့် အသီးအနှံဟို ရိတ်သိမ်းတတ်တာဟို လည်းကောင်း နင်သိတာမန်ရင်၊
LUK 19:23 ငါပေးလဲ့ငွေဟို ငါပြန်လာချိန်တွင် အတိုးနဲ့တကွ ပြန်လည်ပေးဆပ်နိန်ရန် ပစာကို့ ဘဏ်တွင် မအပ်ထားလုန်း’ ဟု မေးအယ်။
LUK 19:24 အနီးတွင် ရပ်နေသောသူလို့အား မင်းကြီးဟ ‘အေးသူဆေမှ ဆွေဒင်္ဂါးဟို ယူယွေ့ ဆွေဒင်္ဂါးဆယ်ပြားဆိသူအား ပေးလိုက်ကြ’ ဟု ပြောအယ်။
LUK 19:25 သူလို့ဟ ‘သခင်၊ အဲသူနှိုက် ဆွေဒင်္ဂါးဆယ်ပြားဆိပင်း ဖြစ်ပါအယ်’ ဟု ဆောက်ကြအယ်။
LUK 19:26 သူဟ ‘နင်လို့ဟို ငါပြောတာဟ ကြွယ်ဝချမ်းသာသူဟို ထပ်ယွေ့ပေးဦးမယ်။ အဲလိုလဲ ဆင်းရဲသောသူဆေမှ ဆိသမျှဟိုပင် သိမ်းယူလိမ့်မယ်။
LUK 19:27 အဲပင်းရင် ငါ့ရဲ့ အုပ်ချုပ်မှုဟို မခံချင်သော ငါ့ရဲ့ ရန်သူများဟို ဟေနေရာသို့ ခေါ်ယွေ့ ငါ့ရဲ့ ဆေ့မှောက်တွင် သူလို့ဟို သတ်ကြလော့’ ဟု ဆိုအယ်” ဟု မိန့်လေအယ်။
LUK 19:28 အေးလို မိန့်ပင်းနောက် ကိုယ်တော်ဟ ယေရုရှလင်မြို့သို့ တဘဲ့တော်လို့ဆေ့နှိုက် သွားလေအယ်။
LUK 19:29 သံလွင်တောင်ဟု ခေါ်သော တောင်အနီးဆိ ဗက်ဖာဂေရွာနဲ့ ဗေသနိရွာအနီးဟို ရောက်သောအခါ တဘဲ့တော် နေယောက်လို့အား စေလွှတ်ယွေ့၊
LUK 19:30 “နင်လို့ဆေ့နှိုက် ဆိသော သွားယွေ့ ရွာဟို ဝင်လျှင်ဝင်ချင်း စသူမှ မစီးဖူးသေးသော မြည်းသငယ်တကောင်ဟို မျော်လိမ့်မယ်၊ အဲမြည်းဟို ကြိုးဖြင့်လှန်ထားယွေ့ ကြိုးဟို ဖြေပင်း မြည်းဟို ယူခဲ့လော့။
LUK 19:31 အကယ်ယွေ့ လူတစုံတယောက်ဟ နင်လို့အား ‘ပစာကို့ မြည်းကြိုးဟို ဖြေသလော’ ဟု မေးရင် ‘အေးမြည်းဟို သခင် အလိုဆိအယ်’ ဟု ပြောကြမန့်” ဟု ဆိုအယ်။
LUK 19:32 စေလွှတ်ခံရသောသူလို့ဟလည်း သွားကြသောအခါ ယေရှု မှာကြားလိုက်လဲ့အတိုင်း တွေ့မျော်ရကြအယ်။
LUK 19:33 သူလို့ဟ မြည်းကြိုးဟို ဖြည်နေစဉ် မြည်းဆှင်ဟ “နင်လို့ ပစာကို့ မြည်းကြိုးဟို လာဖြည်လုန်း” ဟု မေးအယ်။
LUK 19:34 သူလို့ဟ “ဟေမြည်းဟို သခင် အလိုဆိအယ်” ဟု ပြန်ဖြေအယ်။
LUK 19:35 အဲပင်းရင် မြည်းဟို ယေရှုဆေဟို ဆောင်ခဲ့ကြအယ်၊ မြည်းပေါ်မှာ မိမိလို့အဝတ်များဟို တင်ပင်းရင် ယေရှုဟို စီးစေကြအယ်။
LUK 19:36 ကိုယ်တော် မြည်းစီးယွေ့ ကြွလာစဉ် လူလို့ဟ သူလို့အဝတ်များဟို လမ်းပေါ်တွင် ဖြန့်ခင်းကြအယ်။
LUK 19:37 ကိုယ်တော်ဟ သံလွင်တောင်ရဲ့ အဆင်းလမ်းအနီးဟို ရောက်သောအခါ တဘဲ့တော်အစုဝေးလို့ဟ မိမိလို့မျော်ခဲ့လဲ့ အံ့ဩဖွယ်သော အမှုအရာအတွက် ဝမ်းမြောက်ရွှင်လန်းလျက် ဘုရားသခင်ဟို ကျယ်သောအသံဖြင့် ချီးမွန်းကြအယ်။
LUK 19:38 အေးသူလို့ဟ “ထာဝရဘုရားရဲ့ နာမတော်နဲ့ ကြွလာသောဘုရင်ဟ မင်္ဂလာဆိမန့်စေ၊ ခေါန်းခင်ဘုံတွင် ငြိမ်သက်ခြင်း ဆိမန့်စေ၊ အမြင့်ဆုံးသော ဘုရားသခင်ဟ ဘုန်းကြီးမန့်စေ” ဟု ကြွေးကြော်ကြအယ်။
LUK 19:39 အဲအခါ ပရိသတ်အထဲမှ ဖာရိရှဲအချို့လို့ဟ “ဆရာ၊ ကိုယ်တော်ရဲ့ တဘဲ့တော်များအား တိတ်တိတ်နေရန် ဆုံးမပေးပါ” ဟု ပြောကြအယ်။
LUK 19:40 ယေရှုဟ “နင်လို့ဟို ငါပြောတာဟ သူလို့တိတ်တိတ်နေကြရင် ကျောက်ခဲများဟ ကြွေးကြော်ကြလိမ့်မယ်” ဟု ပြန်ပြောအယ်။
LUK 19:41 ကိုယ်တော်ဟ ယေရုရှလင်မြို့အနီးသို့ ရောက်ယွေ့ မြို့ဟို မျော်ရင် ငိုကြွေးအယ်၊
LUK 19:42 ကိုယ်တော်ဟ “အချင်းမြို့၊ နင်ဟ ငြိမ်းချမ်းမှုဟို ရစေလဲ့လမ်းဟို ခုနေ့သိမျော်ရင် မင်္ဂလာဆိအယ်။ အဲလိုလဲ အခုမှာ နင်ဟအဲလမ်းဟို မသိမမျော်နိန်။
LUK 19:43 နင့်ရဲ့ ရန်သူများဟ နင့်ပတ်လည်တွင် တပ်တည်ယွေ့ အဖက်ဖက်မှ ဝန်းရံပိတ်ဆို့နေလဲ့ အချိန် ရောက်လာလိမ့်မယ်။
LUK 19:44 သူလို့ဟ နင့်ဟိုလည်းကောင်း၊ နင့်ရဲ့ မြို့ရိုးအတွင်းဆိ လူအပေါင်းလို့ဟို လည်းကောင်း ဖျက်ဆီးသုတ်သင်ကြလိမ့်မယ်။ ကျောက်တခုပေါ်တခုမျှ တင်နေလိမ့်မယ် ဟုတ်မောင့်လဲ့၊ ပစာကို့ နင်ဟ မိမိအား ကယ်တင်ရန် ဘုရားသခင်ကြွလာလဲ့အချိန်ဟို မသိမျော်သောကျောန့် ဖြစ်အယ်” ဟု ပြောအယ်။
LUK 19:45 အဲပင်းရင် ယေရှုဟ ဗိမာန်တော်သို့ ဝင်ယွေ့ ဗိမာန်တော်နှိုက် ရောင်းဝယ်သောသူလို့ဟို မောင်းထုတ်လျက်၊
LUK 19:46 ကိုယ်တော်ဟ သူလို့အား “ ‘ငါရဲ့ အိုင်တော်ဟို ဆုတောင်းရာ အိုင်တော်’ ဟု ကျမ်းစာလာတာ မဟုတ်လော။ အဲလိုလဲ နင်လို့ဟ ဟေဆုတောင်းရာ အိုင်တော်ဟို သူခိုးထားပြတွင်း ဖြစ်စေကြပီ” ဟု ပြောအယ်။
LUK 19:47 ယေရှုဟ နေ့တိုင်း ဗိမာန်တော်နှိုက် သွန်သင်လျက်နေအယ်။ ယဇ်ပုရောဟိတ်ကြီးများ၊ ကျမ်းတတ်ဆရာများနဲ့ ယုဒအမျိုးသားအကြီးအကဲများဟ ကိုယ်တော်ဟို သတ်ရန် အခွင့်အရေး ဆာလျက်နေကြအယ်။
LUK 19:48 အဲလိုလဲ လူအပေါင်းလို့ဟ ကိုယ်တော်ရဲ့ တရားတော်ဟို စေ့စေ့နားထောင်သောကျောန့် စလိုမှ မလုပ်နိန်ကြ။
LUK 20:1 တနေ့တွင် ယေရှုဟ ဗိမာန်တော်တွင် လူလို့အား ဆုံးမဩဝါဒပေးယွေ့ သတင်းကောင်းဟို ဟောလျက်နေစဉ် ယဇ်ပုရောဟိတ်ကြီးများ၊ ကျမ်းတတ်ဆရာများနဲ့ အသက်ကြီးသူများဟ သူ့ဆေဟို လာကြအယ်။
LUK 20:2 သူလို့ဟ “ကိုယ်တော်ဟ ဟေအမှုများဟို ပစာအခွင့်နဲ့ ပြုလုန်း။ အေးအခွင့်ဟို စသူပေးလုန်း” ဟု မေးကြအယ်။
LUK 20:3 ယေရှုဟ “ငါဟလည်း နင်လို့ဟို မေးခွန်းတခု မေးအုံးမယ်။
LUK 20:4 ယောဟန် နှစ်ခြင်းမင်္ဂလာပေးတာဟ ဘုရားသခင်ရဲ့ အခွင့်အာဏာလော၊ လူလို့ရဲ့ အခွင့်အာဏာလော ငါ့အား ဖြေကြားကြလော့” ဟု မေးလေအယ်။
LUK 20:5 သူလို့ဟ အချင်းချင်း ဆင်ခြင်ကြလျက် “ဘုရားသခင်ဟ ဖြစ်တာဟု ငါလို့ပြောရင် ‘ယောဟန်ဟို ပစာကို့ မယုံကြည်ကြလုန်း’ ဟု သူမေးလိမ့်မယ်။
LUK 20:6 အားပင်မဲ့ လူလို့အခွင့်အာဏာဟု နင်လို့ပြောရင် လူအပေါင်းလို့ဟ ယောဟန်ဟို ပရောဖက်တပါးဟု အမန်ပင် ယုံကြည်ကြသဖြင့် ငါလို့အား ခဲနဲ့ပေါက်ကြလိမ့်မယ်” ဟု အချင်းချင်း ဆွေးနွေးကြအယ်။
LUK 20:7 အဲလိုမို့ သူလို့ဟ “စသူဟ အခွင့်အာဏာပေးတာဟို ငါလို့ သိဝူး” ဟု ဖြေကြားကြအယ်။
LUK 20:8 အဲအခါ ယေရှုဟ “ငါပြုလဲ့အမှုအရာများဟို ပစာအခွင့်အာဏာနဲ့ ပြုတာဟိုလည်း နင်လို့အား ငါမပြော” ဟု ဆိုလေအယ်။
LUK 20:9 အဲပင်းရင် ယေရှုဟ လူလို့အား ပုံဥပမာဖြင့် ပြောသည်မှာ “လူတယောက်ဟ စပျစ်ဥယျာဉ် တခုဟို စိုက်ပျိုးယွေ့ သီးစားချအယ်။ အဲပင်းရင် နိုင်ငံရပ်ခြားသို့ ကာလအတော်ကြာ သွားယွေ့ နေအယ်။
LUK 20:10 အချိန်တန်သော် ကျွန်တယောက်အား ဥယျာဉ်စောင့်များဆေသို့ စေလွှတ်ယွေ့ သီးစားခဟို တောင်းခံစေအယ်။ အားပင်မဲ့ ဥယျာဉ်စောင့်လို့ဟ အေးကျွန်ဟို ရိုက်ယွေ့ လက်ချည်းဗလာ ပြန်လွှတ်လိုက်ကြအယ်။
LUK 20:11 အဲပင်းရင် ဥယျာဉ်ဆှင်ဟ တခြားကျွန်တယောက်ဟို စေလွှတ်ပြန်အယ်။ အားပင်မဲ့ ဥယျာဉ်စောင့်သမားလို့ဟ သူ့ဟိုလည်း ရိုက်ယွေ့ အဆက်ခွဲပင်းရင် လက်ချည်းဗလာ ပြန်လွှတ်လိုက်ကြအယ်။
LUK 20:12 နောက်တခါ ဥယျာဉ်ဆှင်ဟ တတိယကျွန်ဟို စေလွှတ်အယ်။ အားပင်မဲ့ ဥယျာဉ်စောင့်လို့ဟ အေးကျွန်ဟိုလည်း ရိုက်နှက်ယွေ့ အပြင်သို့ မောင်းထုတ်လိုက်ကြအယ်။
LUK 20:13 ဥယျာဉ်ဆှင်ဟ ‘ငါပစာလိုလုပ်ရလုန်း။ ငါ့ရဲ့တဦးထဲသော ချစ်သားဟို စေလွှတ်မယ်။ သူ့ဟို တွေ့ရင် ဥယျာဉ်စောင့်လို့ လေးစားကြလိမ့်မယ်’ ဟု ဆိုလေအယ်။
LUK 20:14 အားပင်မဲ့ ဥယျာဉ်စောင့်လို့ဟ အေးသားဟိုမျော်ရင် ‘ဟေသူဟ ဥယျာဉ်ဆှင်ရဲ့ အမွေစား အမွေခံ ဖြစ်အယ်။ ငါလို့ ဥယျာဉ်ဟို အမွေရအောန် သူ့အား သတ်ပလိုက်မယ်’ ဟု အချင်းချင်း တိုင်ပင်ပီးမှ၊
LUK 20:15 ဥယျာဉ်ဆှင်ရဲ့ သားဟို အပြင်ဟို ထုတ်ပင်းရင် သတ်ပစ်ကြအယ်။ “အဲအခါ ဥယျာဉ်ဆှင်ဟ ဥယျာဉ်စောင့်လို့ဟို စလို လုပ်မလုန်း” ဟု ယေရှုဟ မေးလေအယ်။
LUK 20:16 “သူဟ လာယွေ့ အေးလူလို့ဟို သတ်ပင်းရင် စပျစ်ဥယျာဉ်ဟို အခြားသူများသို့ ပေးအပ်လိမ့်မယ်။” အေးစကားဟို ကြားသောအခါ လူလို့ဟ “အေးလို့ရီး မဖြစ်ပါစေနဲ့” ဟု သူလို့အား ပြောလေအယ်။
LUK 20:17 ယေရှုဟ သူလို့ဟို ကျေ့လျက် “တိုက်ဟို တည်ဆောက်သောသူများ ‘ပယ်ထားသော ကျောက်ဟ တိုက်ထောင့်ချုပ်ကျောက် ဖြစ်လာရအယ်’ ဟူသော ကျမ်းစကားရဲ့ အဓိပ္ပာယ်ဟ စလို ဆိုလိုလုန်း။
LUK 20:18 အေးကျောက်ပေါ်ဟို ကျသောသူဟ အပိုင်းပိုင်း ကျိုးလိမ့်မယ်၊ တယောက်ယောက်ပေါ်သို့ အေးကျောက်ကျရင် သူဟ ဖုန်မှုန့်ဖြစ်အောန် ကြေသွားလိမ့်မယ်” ဟု ပြောလေအယ်။
LUK 20:19 ကျမ်းတတ်ဆရာနဲ့ ယဇ်ပုရောဟိတ်ကြီးများဟ မိမိလို့ဟို ရည်စူးယွေ့ အေးပုံဥပမာဟို ပြောကျောန်းဟိုသိသဖြင့် ခုတုံးပင် ကိုယ်တော်ဟို ဖမ်းဆီးရန် ကြံစည်ကြအယ်။ အားပင်မဲ့ လူလို့ဟို ကြောက်ကြအယ်။
LUK 20:20 အေးလို့မို့ သူလို့ဟ အခွင့်အရေးဟို စောင့်နေကြအယ်။ သူလို့ဟ ယေရှုရဲ့ စကားအမားဟို ဆာပင်းရင် ကိုယ်တော်အား ဘုရင်ခံမင်းလက်ဟို အပ်ခွင့်ရနိန်ရန် သူတော်ကောင်းယောင်ဆောင်သော သူလျှိုများဟို သခင့်ဆေဟို စေလွှတ်ကြအယ်။
LUK 20:21 သူလျှိုလို့ဟ ယေရှုအား “ဆရာ၊ ကိုယ်တော် သွန်သင်ချက်များဟ မန်ကန်သင့်မြတ်ပါအယ်။ ကိုယ်တော်ဟ လူ့မျက်နှာဟို မထောက်ဘဲ ဖြောင့်မတ်စွာ ဆုံးမဩဝါဒပေးယွေ့၊ ဘုရားသခင်ရဲ့ တရားလမ်းဟို ဟုတ်မန်လဲ့အတိုင်း သွန်သင်ကျောန်း ငါလို့သိပါအယ်။
LUK 20:22 ငါလို့အနေဖြင့် ရောမဧကရာဇ်အား အခွန်တော်ပေးခြင်း မပေးခြင်းဟ ငါလို့ ဥပဒေနဲ့ ဆန့်ကျင်ပါသလော” ဟု မေးဆှောက်ကြအယ်။
LUK 20:23 အားပင်မဲ့ ယေရှုဟ သူလို့ ပရိယာယ်ဟို သိမျော်နေသဖြင့် သူလို့အား၊
LUK 20:24 “ငွေဒင်္ဂါးတပြားဟို ငါ့အား ပြပါ။ ဟေငွေဒင်္ဂါးတွင် စသူရဲ့ ရုပ်ပုံ၊ စသူ့ ကမ္ပည်းလိပ်စာ ဆိပါသလုန်း” ဟု ပြောအယ်၊ သူလို့ဟ “ကဲသာဘုရင်ရဲ့ပုံ၊ ကဲသာဘုရင်ရဲ့လိပ်စာ ဆိပါလုန်း” ဟု ပြန်ဖြေကြအယ်။
LUK 20:25 ယေရှုဟ “ကဲသာဘုရင်ပိုင်လဲ့အရာဟို ကဲသာဘုရင်ဟို ဆက်ကြလော့။ ဘုရားသခင်ပိုင်လဲ့အရာဟို ဘုရားသခင်အား ဆက်ကြပါ” ဟု ပြောလေအယ်။
LUK 20:26 သူလို့ဟ လူလို့ဆေ့နှိုက် ကိုယ်တော်ရဲ့ စကားတွင် အမားဆာယွေ့ မရသဖြင့် ကိုယ်တော်ပြန်ဖြေသော စကားကျောန့်လည်း အံ့ဩယွေ့ တိတ်တိတ်နေကြအယ်။
LUK 20:27 အဲပင်းရင် လူလို့ဟ သေပင်းနောက် ဆှင်ပြန်ထမြောက်ခြင်း မဆိဟု ဆိုကြသော ဇဒ္ဒုကဲအချို့လို့ဟ ယေရှုဆေဟို လာယွေ့ ပြောကြအယ်။
LUK 20:28 “ဆရာ၊ ‘လူတယောက်ဟ လူပဲ့သငယ်မရဘဲ သေဆုံးသွားရင် ကျန်ခဲ့လဲ့ဇနီးဟို ညီဖြစ်သူဟ ဆက်လက်ထိမ်းမြားရမယ်၊ မွေးလဲ့ လူပဲ့သငယ်များဟို သူ့အကိုရဲ့ အမျိုးအနွယ်အဖြစ် သတ်မှတ်ရမယ်’ ဟု ငါလို့အား မောရှေရဲ့ ပညတ်ချက်ဆိအယ်။
LUK 20:29 တခါတုန်းဟ ညီအကို ခုနစ်ယောက်ဆိအယ်။ အကိုကြီးဟ အိုင်ထောင်ကျပင်း လူပဲ့သငယ်မရဘဲ သေဆုံးသွားခဲ့အယ်။
LUK 20:30 အေးသူသေသွားသောအခါ သူ့ပေါင်အိုမဟို သူ့ညီအကြီး သိမ်းယူယွေ့ လူပဲ့မဆိဘဲ သေပြန်လေအယ်။
LUK 20:31 အေးလို့မျိုးဖြင့် တတိယလူမှစယွေ့ တယောက်ပင်းတယောက် ခုနေယောက်သော ညီအကိုလို့ဟ အေးမိန်းမဟို သိမ်းယူယွေ့ လူပဲ့မဆိဘဲ သေကြအယ်။
LUK 20:32 နောက်ဆုံးတွင် အေးမိန်းမလည်း သေအယ်။
LUK 20:33 ညီအကို ခုနစ်ယောက်လုံးဟ သူနဲ့ စုံဖက်ခဲ့ကြတာဖြစ်ယွေ့ သေခြင်းမှ ဆှင်ပြန်ထမြောက်ရာနေ့တွင် အေးမိန်းမဟ စသူရဲ့ မိန်းမ ဖြစ်ပါမလုန်း” ဟု မေးဆှောက်ကြအယ်။
LUK 20:34 ယေရှုဟ သူလို့အား “ဟေဖဝါ့နှိုက် ယောက်ျားနဲ့ မိန်းမလို့ဟ လက်ထပ်ထိမ်းမြားခြင်းဟို ပြုတတ်ကြအယ်၊
LUK 20:35 အဲလိုလဲ သေခြင်းမှ ဆှင်ပြန်ထမြောက်လာပင်း နောင်လာမဲ့ အသက်တာတွင် ဆှင်သန်ရန် ထိုက်တန်သော အမျိုးသားနဲ့ အမျိုးသမီးများဟ ထိမ်းမြားခြင်းဟို မပြုတတ်ကြ။
LUK 20:36 သူလို့ဟ ခေါန်းခင်တမန်များလိုမျိုး သေနိန်ကြမယ် မဟုတ်။ သူလို့ဟ သေခြင်းမှ ဆှင်ပြန်ထမြောက်စေသူများ ဖြစ်သောကျောန့် ဘုရားသခင်ရဲ့ လူပဲ့သငယ်များ ဖြစ်ကြအယ်။
LUK 20:37 မီးလျှံထွက်လဲ့ ချုံအကျောန်းဟို ဖော်ပြရာတွင် မောရှေဟ ‘ထာဝရဘုရားဟ အာဗြဟံရဲ့ ဘုရား၊ ဣဇက်ရဲ့ဘုရား၊ ယာကုပ်ရဲ့ဘုရား’ ဟု ခေါ်ယွေ့ သေလွန်သောသူလို့ ဆှင်ပြန်ထမြောက်ခြင်းအကျောန်းဟို ဆှင်းလင်းစွာ ဖော်ပြခဲ့ခြင်း ဖြစ်အယ်။
LUK 20:38 အေးသူလို့ဟ ဘုရားဆေ့တွင် ထာဝရကာလပတ်လုံး အသက်ဆှင်သူများ ဖြစ်ကြသဖြင့် ဘုရားသခင်ဟ သေလွန်သူလို့ရဲ့ ဘုရား မဟုတ်။ အသက်ဆှင်နေသူလို့ရဲ့ ဘုရား ဖြစ်အယ်” ဟု ပြောလေအယ်။
LUK 20:39 ကျမ်းပြုဆရာအချို့လို့ဟ “ဆရာ ကိုယ်တော်ပြောသော စကားများဟာ ဆီလျော်လျောက်ပတ်အယ်” ဟု ပြောကြအယ်။
LUK 20:40 ကျမ်းတတ်ဆရာအချို့လို့ဟ ကိုယ်တော်အား ထပ်မံယွေ့ မမေးမြန်းဝံ့ကြ။
LUK 20:41 ယေရှုဟ သူလို့အား “မေဆှိယဟ ဒါဝိဒ်ရဲ့ သားမြေး ဖြစ်အယ်ဟု ပစာဟို ဆိုကြလုန်း။
LUK 20:42 ဒါဝိဒ်မင်း တတ်တိုင်းကပင် ဆာလံကျမ်းနှိုက်၊ “ ‘ထာဝရဘုရားဟ ငါ့ရဲ့ သခင်အား နင့်ရဲ့ ရန်သူများဟို နင့်ခြေတင်ရာခုံ အဖြစ် မထားမီ ကာလတိုင်အောန်၊
LUK 20:43 ငါရဲ့ လက်ယာဖက်နှိုက် ထိန်နေလော့ဟု မိန့်အယ်’ ဟု ဆိုလေအယ်။
LUK 20:44 ဒါဝိဒ်မင်းဟ ကိုယ်တော်ဟို ‘အဆှင်’ ဟု ခေါ်တာဖြစ်ရာ အေးလို့ မေရှိယဟ ဒါဝိဒ်ရဲ့ သားမြေး ဖြစ်နိန်မလော” ဟု မေးလေအယ်။
LUK 20:45 လူအပေါင်းလို့ဟ နားထောင်လဲ့အတိုင်း၊ ယေရှုဟ သူ့တဘဲ့တော်လို့အား ပြောအယ်၊
LUK 20:46 “ကျမ်းတတ်ဆရာလို့ဟို သတိနဲ့ ဆောင်ကြလော့။ သူလို့ဟ ရှည်သော ဝတ်လုံဟို ဝတ်လျက် လည်ခြင်းငှာ အလိုဆိကြအယ်။ ဆေးတွင် ရိုသေစွာ နှုတ်ဆက်ခံရခြင်းဟို လည်းကောင်း၊ ပွဲသဘင်၊ တရားဇရပ်များတွင် အကောင်းဆုံးသော နေရာထိန်ခင်းများဟို လည်းကောင်း နှစ်သက်ကြအယ်။
LUK 20:47 မုဆိုးမများရဲ့ နေအိုင်များဟို မတရားသိမ်းယူပင်းရင် လူအထင်ကြီးစေရန် ရှည်လျားစွာ ဆုတောင်းတတ်ကြအယ်။ သူလို့ဟ ပိုယွေ့ ကြီးလေးသောဒဏ်ဟို စီရင်ခံရကြလိမ့်မယ်” ဟု သွန်သင်လေအယ်။
LUK 21:1 ယေရှုဟ ပတ်ပတ်လည်ဆိ ငွေကြေးကြွယ်ဝသော သူလို့ဟ သူလို့ရဲ့ အလှူငွေဟို ဘဏ္ဍာတိုက်ထဲဟို အလှူငွေများ ထည့်ဝင်ကြတာဟို မျော်အယ်၊
LUK 21:2 ဆင်းရဲသော မုဆိုးမတယောက်ဟလည်း ကြေးပြားနေပြားဟို သွင်းချတာဟို မျော်လေအယ်။
LUK 21:3 ကိုယ်တော်ဟ “ငါအမန်ပြောတာဟ ဆင်းရဲသော မုဆိုးမဟ တခြားသူအပေါင်းလို့ထက် ပိုယွေ့ ထည့်ဝင်လှူဒါန်းလေပီ။
LUK 21:4 တခြားသူလို့ဟ မိမိလို့ရဲ့ ဥစ္စာပစ္စည်းထဲမှ ပေးလှူကြအယ်။ ဟေအမျိုးသမီးကမူ ဆင်းရဲလျက်နဲ့ မိမိရဲ့ ချွေးနှဲစာဆိသမျှဟိုပင် ပေးလှူပီ” ဟု ပြောလေအယ်။
LUK 21:5 တဘဲ့တော်အချို့လို့ဟ ဗိမာန်တော်ဟ လှပသော ကျောက်တုံးများနဲ့ ပူဇော်ဆက်ကပ်ထားလဲ့ ဝတ္ထုပစ္စည်းများဖြင့် အလွန် လှပတင့်တယ်လျက် ဆိကျောန်း ပြောဆိုကြအယ်။
LUK 21:6 အဲအခါ ကိုယ်တော်ဟ “နင်လို့ မျော်ခဲ့ကြရလဲ့ အရာအားလုံးလို့ဟ ပြိုကျရလိမ့်မယ်။ ကျောက်တုံးတတုံးမျှ နဂိုနေရာတွင် တင်ယွေ့ မကျန်ရစ်လဲ့တိုင်အောန် ပြိုပျက်ရလဲ့ အချိန်ကာလ ရောက်လိမ့်မယ်” ဟု ပြောလေအယ်။
LUK 21:7 သူလို့ဟ “ဆရာ” “ဟေအမှုအရာများဟ ပစာကာလတွင် ဖြစ်ပျက်ပါမလုန်း။ ဟေအမှုအရာများ ဖြစ်ပျက်ချိန်နှိုက် စလို နိမိတ်များ ပေါ်ထွန်းပါမလုန်း” ဟု မေးကြအယ်။
LUK 21:8 ယေရှုဟ “နင်လို့ဟ လှည့်စားခြင်း မခံရကြစေရန် သတိပြုကြလော့။ အကျောန်းမှာ ငါ့နာမဟို အမှီပြုယွေ့ ‘ငါဟ အဲသူဖြစ်အယ်၊ အချိန်နီးကပ်လာပီ’ ဟု ဆိုလျက် လာကြလိမ့်မယ်။ အေးသူလို့ရဲ့ နောက်ဟို မလိုက်ကြနဲ့။
LUK 21:9 နင်လို့ဟ စစ်ပွဲများနဲ့ ပုန်ကန်တော်လှန်မှုသတင်းများဟို ကြားကြသောအခါ မထိတ်လန့်ကြနဲ့။ ဟေအမှုအရာများဟ ဦးရင်ဆုံး ဖြစ်ပျက်ရမယ်၊ အဲလိုလဲ အဆုံးချိန်မှာ မရောက်သေး” ဟု ပြောအယ်။
LUK 21:10 အဲပင်းရင် ကိုယ်တော်ဟ “လူတမျိုးနဲ့ တမျိုး၊ နိုင်ငံတနိုင်ငံနဲ့တနိုင်ငံ ရန်ဖက်ပြုကြလိမ့်မယ်။
LUK 21:11 နေရာအနှံ့အပြားတွင် မြေငလျင်ပြင်းထန်စွာ လှုပ်ခြင်း၊ အစာခေါင်းပါးခြင်း၊ အနာရောဂါကပ်ဆိုက်ခြင်းလို့ ဖြစ်လိမ့်မယ်၊ ခေါန်းခင်တွင် ကြောက်မက်ဖွယ်သောအရာများနဲ့ ကြီးစွာသော နိမိတ်လို့ဟ ပေါ်ထွန်းကြလိမ့်မယ်။
LUK 21:12 အဲလိုလဲ ဟေအမှုအရာများ မဖြစ်ပျက်ခင် လူလို့ဟ နင်လို့အား ဖမ်းဆီးညှဉ်းဆဲကြလိမ့်မယ်၊ နင်လို့အား တရားဇရပ်များတွင် တရားစီရင်ရန် အပ်နှံယွေ့ ထောင်များတွင် အကျဉ်းချ ထားကြလိမ့်မယ်၊ နင်လို့ဟ ငါရဲ့နာမကျောန့် ဘုရင်များနဲ့ အာဏာပိုင်များရဲ့ ဆေ့မှောက်သို့ ရောက်ရကြလိမ့်မယ်။
LUK 21:13 ဟေအရာအားဖြင့် နင်လို့ဟ သတင်းကောင်းဟို သက်သေခံရန် အခွင့်ရေးရကြလိမ့်မယ်။
LUK 21:14 မိမိလို့တတ်တိုင်း ပစာလိုချေပရမယ်ဟို ကြိုတင်ယွေ့ မစိုးရိမ်ဖို့ စိတ်ဟို ဆုံးဖြတ်ထားကြလော့။
LUK 21:15 ပစာကို့ နင့်ရန်သူအပေါင်းလို့ဟ မငြင်းခုံ အဲဟာမဟုတ်ရင် မဟန့်တားနိန်သော နှုတ်သတ္တိနဲ့ ဉာဏ်သတ္တိဟို ငါပေးလိမ့်မယ်။
LUK 21:16 နင်လို့အား နင့်မေ့နဲ့နင့်ဖ၊ ညီအကို၊ မိတ်ဆွေ၊ ဆွေမျိုးသားချင်းများဟ ရန်သူလို့လက်ဟို အပ်လိုက်ကြလိမ့်မယ်၊ အချို့လို့ဟို အသေသတ်ကြလိမ့်မယ်။
LUK 21:17 လူအပေါင်းလို့ဟ ငါ့နာမကျောန့် နင်လို့ဟို မုန်းတီးကြလိမ့်မယ်။
LUK 21:18 အဲလိုလဲ နင်လို့ ဦးခေါင်းဟ ဆံပင်တပင်မျှ မပျက်စီးရ။
LUK 21:19 နင်လို့ဟ တည်ကြည်သောအားဖြင့် နင်လို့ အသက်ဟို ရဆိကြလိမ့်မယ်။
LUK 21:20 “ယေရုရှလင်မြို့ဟို စစ်တပ်များ ဝန်းရံပိတ်ဆို့လျက်ဆိတာဟို နင်လို့မျော်သောအခါ အေးမြို့ဟ ပျက်စီးခြင်းသို့ ရောက်လုတာဟို သိမှတ်ကြလော့။
LUK 21:21 အဲအခါ ယုဒပြေဆိ လူလို့ဟ တောင်များပေါ်သို့ ပြေးစေ၊ မြို့ထဲမှာဆိသူလို့ဟ မြို့ပြင်သို့ ထွက်ကြစေ၊ တောရွာများတွင် ဆိသောသူလို့ဟို မြို့ထဲသို့ မဝင်စေနဲ့။
LUK 21:22 ပစာကို့ အေးနေ့ရက်ကာလဟ ကျမ်းစာတွင် ပြောထားချက်များ ပြေ့စုံလာစေရန် ‘အပစ်ဒဏ်စီရင်ရာ နေ့ရက်များ’ ဖြစ်အယ်။
LUK 21:23 အဲကာလတွင် လူပဲ့စွဲသော အမျိုးသမီးနဲ့ နို့စို့လူပဲ့ဆိသော မိခင်လို့အတွက် အကျိုးနည်းပေလိမ့်မယ်။ ယုဒပြေတွင် ဒုက္ခအကြီးအကျယ်ရောက်ယွေ့ ပြေသူပြေသားလို့အပေါ် ဘုရားသခင်ရဲ့ အမျက်တော် ကျရောက်လိမ့်မယ်။
LUK 21:24 အချို့သောသူလို့ဟ ထားဘေးဖြင့် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မယ်။ တချို့အခြားတိုင်းပြေများဟို စစ်သုံ့ပန်းများအဖြစ် ဖမ်းသွားကြလိမ့်မယ်။ လူမျိုးခြားလို့ဟ မိမိလို့ အချိန်ကာလ မပြေ့စုံမချင်း ယေရုရှလင်မြို့ဟို ခြေနဲ့နင်းကြလိမ့်မယ်။
LUK 21:25 “အဲအခါ နေ၊ လ၊ ကြယ်နက္ခတ်လို့နှိုက် ထူးဆန်းသော နိမိတ်များ ထင်ဆှားလိမ့်မယ်။ ကမ္ဘာပေါ်တွင် လူမျိုးအပေါင်းလို့ဟ ပင်လယ်လှိုင်းတံပိုးကြီးခြင်းကျောန့် ကြောက်ရွံ့စိတ်ပျက်ကြလိမ့်မယ်။
LUK 21:26 လူလို့ဟ ကမ္ဘာပေါ်တွင် ဖြစ်လာလိမ့်မယ်ဖြစ်သော ဘေးများဟို တွေးမျော်ယွေ့ ကြောက်လန့်ကာ မူးဝေကြလိမ့်မယ်၊ အံ့ဖွယ်သော ခေါန်းခင်နက္ခတ်တာရာလို့ဟ တုန်လှုပ်ကြလိမ့်မယ်။
LUK 21:27 အဲအခါ မိုးချေးသားဟို စီးယွေ့ ကြီးစွာသော ဘုန်းတန်ခိုးဟို ဆောင်လျက် လူသားကြွလာတာဟို မျော်ရလိမ့်မယ်။
LUK 21:28 ဟေအမှုအရာများ ဖြစ်ပျက်လာသောအခါ နင်လို့အား ရွေးနှုတ်ကယ်တင်မယ့် အချိန်ကာလဟ နီးကပ်လာပီ ဖြစ်သောကျောန့် နင်လို့ ခေါင်းဟို မော့ယွေ့ မျော်ကျေ့ကြလော့” ဟု ပြောလေအယ်။
LUK 21:29 အဲပင်းရင် ယေရှုဟ သူလို့အား ပုံဥပမာဆောင်ယွေ့ “သင်္ဘောသဖန်းပင်နဲ့ တခြား သစ်ပင်လို့ဟို ကျေ့ကြလော့။
LUK 21:30 အဲအပင်များ ရွက်နုပေါက်သောအခါ နွေကာလ နီးတာဟို နင်လို့ဟ ကိုယ့်တတ်တိုင်းကိုယ် နားလည်တတ်အယ်။
LUK 21:31 အဲလိုမျိုးပင် ဖော်ပြခဲ့သော အကျောန်းအရာများ ဖြစ်ပျက်လျက် ဆိတာဟို တွေ့မျော်ရသောအခါ ဘုရားသခင်ရဲ့ နိုင်ငံတော်တည်လုနီးပီဟု သိမှတ်နားလည်ကြလော့။
LUK 21:32 “ငါ အမန်ပြောတာဟ ဟေအမှုအရာအားလုံးတို့ မဖြစ်ပျက်သေးခင် အခု အသက်ဆှင်နေသူအားလုံး သေလွန်ရလိမ့်မယ် မဟုတ်။
LUK 21:33 ခေါန်းခင်နဲ့ မြေကြီး ကွယ်ပျောက်သွားလိမ့်မယ်၊ အဲလိုလဲ ငါ့စကားဟ စလိုမျှ ကွယ်ပျောက်လိမ့်မယ် မဟုတ်။
LUK 21:34 “နင်လို့ဟ ကိုယ်ကိုကိုယ် သတိပြုကြလော့။ အေးလို့မဟုတ် အစားသောက်လွန်ကျူးခြင်း၊ လောကီစိုးရိမ်ခြင်းအားဖြင့် စိတ်နေလုံး ပင်ပန်းလျက်နေစဉ် အဲနေ့ရက်ဟ အမှတ်တမဲ့ နင်လို့ဆေ ရောက်လာလိမ့်မယ်။
LUK 21:35 အေးနေ့ရက်ဟ ကမ္ဘာပေါ်ဆိ လူအပေါင်းလို့ အပေါ်ဟို ရောက်လာလိမ့်မယ်။
LUK 21:36 အေးလိုမို့ ကျရောက်လာလိမ့်မယ် ဖြစ်သော အမှုအရာလို့နဲ့ ကင်းလွတ်ယွေ့ လူသားရဲ့ ဆေ့နှိုက် မတ်တတ်ရပ်နိန်ရန် နိုးနိုးကြားကြား ဆိပင်း အစဉ် ဆုတောင်းလျက် စောင့်နေကြလော့” ဟု ပြောလေအယ်။
LUK 21:37 ယေရှုဟ နေ့ဖက်တွင် ဗိမာန်တော်နှိုက် ဟောပြောသွန်သင်ပင်းရင် ညနေခင်းများနှိုက် သံလွင်တောင်ဟု နာမယ်တွင်သော တောင်ပေါ်ဟို သွားယွေ့ ညဟို လွန်စေအယ်။
LUK 21:38 နက်စာစောစောတွင် လူအပေါင်းလို့ဟ ဗိမာန်တော်ဟို သွားယွေ့ ကိုယ်တော်နားတွင် တရားတော်ဟို နားထောင်ကြအယ်။
LUK 22:1 ပသခါပွဲဟု နာမယ်တွင်သော တဆေးမဲ့မုန့်ပွဲတော် ကျင်းပရန် အချိန်နီးကပ်လာအယ်။
LUK 22:2 ယဇ်ပုရောဟိတ်ကြီးများနဲ့ ကျမ်းတတ်ဆရာများဟ လူလို့ဟို ကြောက်သောကျောန့် ယေရှုဟို လျှို့ဝှက်စွာ သတ်ရန် နည်းလမ်းဆာလျက်နေအယ်။
LUK 22:3 အဲပင်းရင် စာတန်ဟ တဘဲ့တော် တဆယ့်နေယောက် အဝင်ဖြစ်သော ရှကာရုတ်ဟု ခေါ်သော ယုဒရဲ့ စိတ်နေလုံးထဲဟို ဝင်လေအယ်။
LUK 22:4 အေးကျောန့် သူဟ ယဇ်ပုရောဟိတ်ကြီးများနဲ့ ဗိမာန်တော်အစောင့် တပ်မှူးများဆေဟို သွားယွေ့ ယေရှုဟို စလိုအပ်ရမလုန်းဟု ဆွေးနွေး တိုင်ပင်လေအယ်။
LUK 22:5 အေးသူလို့ဟ ဝမ်းမြောက်ဝမ်းသာ ဖြစ်ယွေ့ ပိတ်ဆန်ပေးရန် ကတိပြုကြအယ်။
LUK 22:6 ယုဒရှကာရုတ်ဟ သဘောတူသဖြင့် လူများဟ မသိအောန် ယေရှုအား သူလို့လက်ဟို အပ်ရန် အခွင့်ကောင်းဟို ဆာကြံလျက် နေအယ်။
LUK 22:7 တဆေးမဲ့ မုန့်ပွဲတော်တွင် ပသခါ သိုးသငယ်ဟို သတ်ယွေ့ ပူဇော်ရာနေ့ ကျရောက်လာအယ်။
LUK 22:8 ယေရှုဟ ပေတရုနဲ့ ယောဟန်လို့ဟို “ငါလို့စားဖို့ ပသခါပွဲ ညစာဟို သွားယွေ့ ပြင်ဆင်ကြလော့” ဟု ညွှန်ကြားချက် ပေးပင်း စေလွှတ်လိုက်အယ်။
LUK 22:9 သူလို့ဟ “ပစာနေရာနားမှာ ပြင်ဆင်ရမလုန်း” ဟု သူ့ဟို မေးကြအယ်။
LUK 22:10 ကိုယ်တော်ဟ “နင်လို့ဟ မြို့ထဲဟို ဝင်သောအခါ ယေအိုးဆောင်သောသူဟို တွေ့လိမ့်မယ်။ သူ့နောက်ဟို လိုက်ယွေ့ သူဝင်သော နေအိုင်ထဲဟို လိုက်ဝင်ကြလော့။
LUK 22:11 အိုင်ဆှင်အား ‘ငါ့ တဘဲ့လို့နဲ့တကွ ပသခါညစာဟို စားသောက်ရန် အခန်းဟ ပစာနားမှာနှင်း’ ဟု ဆရာဟ စုံစမ်းခိုင်းထားကျောန်း ပြောကြလော့။
LUK 22:12 အေးသူဟ ကျကျနနပြင်ထားသော အပေါ်ထပ် အခန်းကြီးဟို ပြလိမ့်မယ်။ အေးအခန်းတွင် ပြင်ဆင်ကြလော့” ဟု ပြောလေအယ်။
LUK 22:13 တဘဲ့တော် နေယောက်လို့ဟ ထွက်သွားပင်းနောက် ယေရှု မှာကြားလိုက်လဲ့အတိုင်း တွေ့ဆိကြသဖြင့် ပသခါညစာဟို အသင့်ပြင်ဆင်ကြအယ်။
LUK 22:14 အချိန်ရောက်သောအခါ ယေရှုဟ တမန်တော်လို့နဲ့အတူ စားသောက်ရန် စားပွဲနှိုက် ထိန်လေအယ်။
LUK 22:15 ကိုယ်တော်ဟ “ငါဟ ဒုက္ခဝေဒနာမခံစားရမီ ဟေပသခါပွဲ ညစာဟို နင်လို့နဲ့ အတူစားရန် ရမ်းဆာ့အလိုဆိအယ်။
LUK 22:16 နင်လို့ဟို ငါအမန်ဆိုတာဟ ဘုရားသခင်ရဲ့ နိုင်ငံတော်တွင် ပြေ့စုံခြင်းသို့ မရောက်မီတိုင်အောန် နောက်တခါ ဟေပွဲဟို ငါလုံးဝ စားမယ်မဟုတ်” ဟု သူလို့အား ပြောလေအယ်။
LUK 22:17 အဲပင်းရင် ယေရှုဟ ယေမုတ်ဟို ယူယွေ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ချီးမွန်းပင်းရင် “ဟေစပျစ်ယေမုတ်ဟို ယူယွေ့ အချင်းချင်း ဝေမျှယွေ့ သောက်ကြလော့။
LUK 22:18 နင်လို့ဟို ငါပြောတာဟ ဘုရားသခင်ရဲ့ နိုင်ငံတော် မတည်မချင်း ငါဟ စပျစ်ယေဟို နောက်တဖန်သောက်လိမ့်မယ် မဟုတ်” ဟု ပြောလေအယ်။
LUK 22:19 အဲပင်းရင် ကိုယ်တော်ဟ မုန့်ဟို ယူယွေ့ ကျေးဇူးတော်ဟို ချီးမွန်းပင်းရင် မုန့်ဟို ဖဲ့ယွေ့၊ သူလို့အား ပေးအယ်၊ “ဟေမုန့်ဟ နင်လို့ဖို့ စွန့်သော ငါရဲ့ ခန္ဓာကိုယ် ဖြစ်အယ်။ ငါ့ဟို အောက်မေ့သတိရရန် ဟေသို့ပြုကြလော့” ဟု ပြောလေအယ်။
LUK 22:20 အေးနည်းတိုင်းတိုင်းပင် ညစာစားပီးမှ မုတ်ဟို သူလို့အား ပေးယွေ့၊ ပြောတာဟ “ဟေမုတ်မှာ နင်လို့ဖို့ သွန်းသော ငါရဲ့ အသွေးအားဖြင့် တည်သော ဘုရားသခင်ရဲ့ ပဋိညာဉ်တရားသစ် ဖြစ်အယ်။
LUK 22:21 “အဲလိုလဲ သတိပြုကြလော့။ ငါ့ဟို ရန်သူ့လက်ဟို အပ်မယ့်သူဟ ငါနဲ့အတူ စားပွဲမှာ ဆိအယ်။
LUK 22:22 လူသားဟ ဘုရားသခင် ခွဲခန့်မှတ်သားထားလဲ့အတိုင်း အသေခံရန် အမန်ပင် သွားရမယ်။ အဲလိုလဲ လူသားဟို ရန်သူလက်ဟို အပ်သောသူဟ အမင်္ဂလာဆိအယ်” ဟု ပြောလေအယ်။
LUK 22:23 တဘဲ့တော်လို့ဟလည်း အေးအမှုဟို စသူပြုလိမ့်မလောဟု သူလို့တတ်တိုင်း မေးမြန်းကြအယ်။
LUK 22:24 တဘဲ့တော်လို့ဟ မိမိလို့တွင် စသူဟ အကြီးမြတ်ဆုံးဖြစ်လုန်းဟု အငြင်းပွားကြအယ်။
LUK 22:25 ယေရှုဟ “လောကီဘုရင်များဟ တပါးအမျိုးသားလို့အပေါ်တွင် အစိုးတရ ပြုတတ်ကြအယ်။ အာဏာပိုင်များဟလည်း မိမိလို့ကိုယ်ဟို ကျေးဇူးဆှင်များဟု အခေါ်ခံတတ်ကြအယ်။
LUK 22:26 နင်လို့အချင်းချင်းတွင်မှာမူ အေးလို့ မဖြစ်စေသင့်၊ နင်လို့တွင် အကြီးမြတ်ဆုံးဖြစ်သူဟ အငယ်ဆုံးသောသူလိုမျိုး ဖြစ်ရမယ်၊ ခေါင်းဆောင်ဖြစ်သူဟ အစေခံလိုမျိုး ဖြစ်ရမယ်။
LUK 22:27 စသူဟ ပိုပင်း ကြီးမြတ်လုန်း၊ စားပွဲနှိုက် စားသောက်ရန် ထိန်နေသူလော အဲဟာမဟုတ်ရင် အစေခံသောသူလော။ စားပွဲနှိုက် စားသောက်ရန် ထိန်နေသူလော မဟုတ်လော။ အဲလိုလဲ ငါဟ နင်လို့တွင် အစေခံသောသူလို ဖြစ်အယ်။
LUK 22:28 “နင်လို့ဟ ငါနဲ့အတူ စုံစမ်းနှောင့်ယှက်မှုများဟို ကြုံခဲ့ဖူးသူများ ဖြစ်ကြအယ်၊
LUK 22:29 ခမည်းတော်ဟ ငါ့အား အုပ်စိုးခွင့် အပ်လဲ့နည်းတူ ငါဟလည်း နင်လို့အား အုပ်စိုးခွင့်ဟို ပေးလိမ့်မယ်။
LUK 22:30 နင်လို့ဟ ငါရဲ့ နိုင်ငံတော်တွင် ငါရဲ့ စားပွဲနှိုက် စားသောက်ကြရလိမ့်မယ်။ ပင်းနောက် ပလ္လင်များပေါ်မှာ ထိန်လျက် ဣသရေလ တဆယ့်နေမျိုးလို့အား အုပ်ချုပ်ရကြလိမ့်မယ်” ဟု ပြောလေအယ်။
LUK 22:31 “ရှိမုန်၊ ရှိမုန်၊ နားထောင်လော့။ ဂျုံစပါးဟို ဆန်ကာချသလို နင်လို့အားလုံးဟို စစ်ဆေးဖို့ စာတန်ဟ အခွင့်ရလေပီ။
LUK 22:32 အဲလိုလဲ နင့်ရဲ့ ယုံကြည်ခြင်း မဆုံးရှုံးမဲ့အကျောန်း၊ နင့်အတွက် ငါ ဆုတောင်းလေပီ။ နင်ဟ သတိရပြန်သောအခါ နင့်ရဲ့ ညီအကိုလို့ဟို တည်ကြည်စေလော့” ဟု ပြောလေအယ်။
LUK 22:33 ပေတရုဟ “သခင်၊ ငါဟ ကိုယ်တော်နဲ့အတူ ထောင်ထဲဟို သွားရန်နဲ့ ကိုယ်တော်နဲ့အတူ သေဖို့ အသင့်ဆိပါအယ်” ဟု ပြန်ဖြေအယ်။
LUK 22:34 ယေရှုဟ “ပေတရု၊ နင့်ဟို ငါ ပြောတာဟ ခနေ့ည ကြက်မတွန်ခင် နင်ဟ ငါ့ဟို မသိဟု သုံးကြိမ်မြောက်အောန် ငြင်းဆိုလိမ့်မယ်” ဟု ပြောအယ်။
LUK 22:35 အဲပင်းရင် ယေရှုဟ “ငါဟ နင်လို့ဟို ပိတ်ဆန်အိတ်၊ လွယ်အိတ်နဲ့ ဖိနပ်ဟို မယူစေဘဲ စေလွှတ်သောအခါ နင်လို့တွင် တခုခု ချို့တဲ့ခဲ့သလား” ဟု သူ့တဘဲ့တော်လို့အား မေးအယ်။ သူလို့ဟ “မဆိပါ” ဟု ပြန်ဖြေကြအယ်။
LUK 22:36 ယေရှုဟ “အဲလိုလဲ အခု ပိတ်ဆန်အိတ်၊ လွယ်အိတ်ဆိရင် ယူခဲ့ကြ၊ ထားမဆိရင် အဝတ်ဟို ရောင်းယွေ့ ထားဟို ဝယ်ကြစေ။
LUK 22:37 နင်လို့ဟို ငါဆိုတာဟ ‘ရာဇဝတ် ကျူးလွန်သူများ စာရင်းတွင် ပါဝင်ရအယ်’ ဟူသော ကျမ်းစကားအတိုင်း ငါနှိုက် ဖြစ်ရမယ်။ ပစာကို့ ငါရဲ့ အကျောန်း ရေးသားထားလဲ့ ကျမ်းစကားအရ ဖြစ်ပျက်လျက် ဆိနေသောကျောန့် ဖြစ်အယ်” ဟု ပြောလေအယ်။
LUK 22:38 တဘဲ့တော်လို့ဟ “သခင်၊ ကျေ့မန့်။ ဟေမှာ ထားနေလက်ဆိပါအယ်” ဟု ပြောအယ်။ ကိုယ်တော်ဟ “တော်လောက်ပီ” ဟု ပြန်ပြောအယ်။
LUK 22:39 ယေရှုဟ မြို့မှ ထွက်သွားယွေ့ သွားကျင့်ဆိလဲ့အတိုင်း သံလွင်တောင်ပေါ်ဟို သွားလေအယ်။ တဘဲ့တော်လို့ဟ သူနဲ့အတူ လိုက်သွားကြအယ်။
LUK 22:40 အေးနေရာဟို ရောက်သောအခါ ကိုယ်တော်ဟ “နင်လို့ဟ စုံစမ်းသွေးဆောင်ရာသို့ မလိုက်မပါစေရန် ဆုတောင်းကြလော့” ဟု ပြောလေအယ်။
LUK 22:41 အဲပင်းရင် သူလို့ဟ ကျောက်ခဲတပစ်ခန့် ကွာသောအရပ်ဟို ကြွသွားယွေ့ ဒူးထောက်လျက်၊
LUK 22:42 “တို့ဖ၊ အလိုတော်ဆိရင် ဟေဒုက္ခဝေဒနာ မုတ်ဟို ဖယ်ဆှားမန့်။ အဲလိုလဲ ငါ့အလိုအတိုင်း မဟုတ်၊ ကိုယ်တော်ရဲ့ အလိုတော်အတိုင်းသာ ဖြစ်စေမူပါ” ဟု ဆုတောင်းလေအယ်။
LUK 22:43 ခေါန်းခင်ဘုံမှ ခေါန်းခင်တမန်တပါးဟ ကိုယ်တော်ဆေဟို ပေါ်လာယွေ့ အားပေးလေအယ်။
LUK 22:44 ကိုယ်တော်ဟ ပြင်းပြစွာ ဝေဒနာဟို ခံလျက်ပိုယွေ့ ကြိုးစား ဆုတောင်းလေအယ်၊ သူရဲ့ ချွေးထွက်နေပုံဟ သွေးစက်များသဖွယ် မြေပေါ်သို့ ကျလေအယ်။
LUK 22:45 ကိုယ်တော်ဟ ဆုတောင်းရာမှ ထယွေ့ တဘဲ့တော်လို့ ဆိရာဟို လဲ့ပြန်လာသောအခါ သူလို့ဟ ဝမ်းနည်း နုံးခွေယွေ့ အိပ်ပျော်နေကြတာဟို မျော်လေအယ်။
LUK 22:46 ကိုယ်တော်ဟ “နင်လို့ဟ ပစာကို့ အိပ်မွေနေကြလုန်း။ ထကြလော့၊ စုံစမ်းသွေးဆောင်ရာဟို မလိုက်ပါစေရန် ဆုတောင်းကြလော့” ဟု ပြောလေအယ်။
LUK 22:47 ယေရှုဟ မိန့်စဉ် လူအုပ်ကြီး ရောက်လာသောအခါ တဘဲ့တော် ဆယ့်နေပါး အပါအဝင်ဖြစ်သော ယုဒဟ အဲသူလို့ဟို ခေါ်လာအယ်။ သူဟ ယေရှုဟို နမ်းရန် ချဉ်းကပ်လေအယ်။
LUK 22:48 ယေရှုဟ “ယုဒ၊ နင်ဟ ဟေလို့ နမ်းကယွေ့ လူသားဟို သစ္စာဖောက်မို့လော” ဟု မေးလေအယ်။
LUK 22:49 တဘဲ့တော်လို့ဟ အခြေအနေဟို မှန်းမိကြသောအခါ ယေရှုအား “သခင်၊ ငါလို့ဟ ထားဖြင့် ခုတ်ရမလော” ဟု မေးကြအယ်။
LUK 22:50 တဘဲ့တော် တယောက်ဟ ယဇ်ပုရောဟိတ်မင်းရဲ့ ကျွန်တယောက်ဟို ထားဖြင့် ခုတ်သဖြင့် ညာဖက် နားရွက်ပြတ်လေအယ်။
LUK 22:51 အဲလိုလဲ ယေရှုဟ “တန့်ကြတော့” ဟု ပြောအယ်၊ အေးသူရဲ့ နားရွက်ဟို လက်တော်ဖြင့် တို့ထိယွေ့ သူ့အနာဟို ပျောက်စေလေအယ်။
LUK 22:52 အဲပင်းရင် ယေရှုဟ မိမိအား ဖမ်းဆီးရန် ရောက်ဆိလာကြလဲ့ ယဇ်ပုရောဟိတ်ကြီးများ၊ ဗိမာန်တော် အစောင့်တပ်မှူးများနဲ့ လူအကြီးအကဲလို့အား “နင်လို့ဟ ထားပြဟို ဖမ်းသလိုမျိုး ငါ့ဟို ဖမ်းရန် ထားနဲ့ တုတ်များဟို ကိုင်ပင်း လာခဲ့ကြသလော။
LUK 22:53 ငါဟ နင်လို့နဲ့ ဗိမာန်တော်မှာ နေ့တိုင်းဆိချိန် ပစာကို့ ငါ့ဟို မဖမ်းကြလုန်း။ အဲလိုလဲ ဟေအချိန်ဟ နင်လို့ရဲ့ အချိန်၊ အမိုက်တန်ခိုးလည်း ဖြစ်အယ်” ဟု ပြောလေအယ်။
LUK 22:54 သူလို့ဟ ယေရှုဟို ဖမ်းဆီးယွေ့ ယဇ်ပုရောဟိတ်မင်းရဲ့ အိုင်တော်ဟို ခေါ်ဆောင်သွားကြအယ်၊ ပေတရုဟ ခပ်ခွာခွာမှ လိုက်လာခဲ့အယ်။
LUK 22:55 လူအချို့ဟ အိုင်တော်ဝင်း အလယ်တွင် မီးဖိုယွေ့ ထိန်နေကြအယ်။ ပေတရုဟ သူလို့ရဲ့ အကြားတွင် ဝင်ယွေ့ ထိန်အယ်။
LUK 22:56 ပေတရု ထိန်နေတာဟို အစေခံ မိနီငယ်တယောက်ဟ မျော်သဖြင့် ပေတရုဟို စူးကျေ့ပင်းရင် “ဟေသူဟ ယေရှုနဲ့ ပေါင်းဖော်သူ ဖြစ်အယ်” ဟု ပြောအယ်။
LUK 22:57 အဲလိုလဲ ပေတရုဟ “အချင်း မိန်းမ၊ အေးသူဟို ငါသိဝူး” ဟု ခံငြင်းလေအယ်။
LUK 22:58 အဲပင်းရင် တအောင့်လောက်ကြာသော် လူတယောက်ဟ ပေတရုဟို မျော်သဖြင့် “နင်ဟလည်း အေးသူလူစုထဲတွင် အပါအဝင် ဖြစ်အယ်” ဟု ပြောအယ်။ အဲလိုလဲ ပေတရုဟ “အချင်းလူ၊ ငါဟ သူလို့ထဲဟ ဟုတ်မောင့်လဲ့” ဟု ပြောဆိုအယ်။
LUK 22:59 အဲပင်းရင် တနာရီလောက် ကြာသောအခါ တခြား လူတယောက်ဟ “ဟေသူဟ ဂါလိလဲပြေသား ဖြစ်သဖြင့် ယေရှုနဲ့ ဟုတ်တတ်ပေါင်းဖော်သောသူ ဖြစ်တာဟို မားစရာမဆိ” ဟု ခိုင်မာစွာ ပြောအယ်။
LUK 22:60 အဲလိုလဲ ပေတရုဟ “အချင်းလူ၊ နင်ပြောလဲ့ အကျောန်းအရာဟို ငါ သိမောင့်လဲ့” ဟု ပြန်ပြောအယ်။ အေးလို့ ပေတရု ပြောဆိုနေစဉ် ကြက်တွန်လေအယ်။
LUK 22:61 ကိုယ်တော်ဟ လှည့်ယွေ့ ပေတရုဟို ကျေ့လေအယ်။ အဲအခါ ပေတရုဟ “ခုနေ့ည ကြက်မတွန်ခင် နင်ဟ ငါ့ဟို မသိဟု သုံးကြိမ်မြောက်အောန် ငြင်းဆိုလိမ့်မယ်” ဟူသော ကိုယ်တော်ရဲ့ စကားတော်ဟို ပြန်သတိရအယ်။
LUK 22:62 ပေတရုဟ အပြင်ဟို ထွက်ယွေ့ ရမ်းဆာ့ဝမ်းနဲစွာ ငိုကြွေးလေအယ်။
LUK 22:63 ယေရှုဟို စောင့်ကြပ်နေသူလို့ဟ ကိုယ်တော်အား လှောင်ပြောင်လျက် ဖိုင်ကြအယ်။
LUK 22:64 သူလို့ဟ ကိုယ်တော်ရဲ့ မျက်နှာဟို အုပ်ထားပင်းရင် “ကိုယ်တော်အား စသူ ဖိုင်တာဟို ပရောဖက်ပြုပါ” ဟု ဆိုကြအယ်။
LUK 22:65 ပင်းနောက် သူလို့ဟ တခြားသော စကားများဖြင့်လည်း ကိုယ်တော်ဟို ပစ်မားကဲ့ရဲ့ယွေ့ ပြောကြအယ်။
LUK 22:66 မိုးလင်းသောအခါ လူလို့တွင် အကြီးအကဲဖြစ်သောသူများ၊ ယဇ်ပုရောဟိတ်ကြီးများနဲ့ ကျမ်းတတ်ဆရာများဟ စုဆုံကြပင်းရင်၊ ယေရှုအား တရားလွှတ်တော်သို့ ခေါ်ဆောင်သွားကြအယ်။
LUK 22:67 သူလို့ဟ “နင်ဟ မေဆှိယ ဟုတ်လော၊ ငါလို့ဟို ပြောလော့” ဟု ဆိုကြအယ်။ ကိုယ်တော်ဟ “ငါပြောရင် နင်လို့ဟ ငါ့ဟို ယုံကြမှာ ဟုတ်ဝူး၊
LUK 22:68 အေးပင်းတော့ ငါဟ မေးခွန်း မေးရင်လည်း နင်လို့ဟ ဖြေကြမှာ ဟုတ်ဝူး။
LUK 22:69 အခုခါဟစပင်း လူသားဟ အနန္တတန်ခိုးဆှင် ဘုရားသခင်ရဲ့ လက်ယာဖက်မှာ ထိန်နေလိမ့်မယ်” ဟု ပြန်ပြောလေအယ်။
LUK 22:70 အဲသူလို့ဟ “အေးလို့ဆိုရင် နင်ဟ ဘုရားသခင်ရဲ့ သားတော် ဟုတ်လော” ဟု မေးကြအယ်။ ကိုယ်တော်ဟ “နင်လို့ ပြောဆိုကြလဲ့အတိုင်း မန်အယ်” ဟု သူလို့အား ပြန်ပြောလေအယ်။
LUK 22:71 အဲအခါ သူလို့ဟ “စလို သက်သေ လိုသေးလို့လုန်း။ တို့တတ်တိုင်းပင် သူရဲ့ စကားဟို ကြားရကြပီ” ဟု ဆိုကြအယ်။
LUK 23:1 အဲပင်းရင် တရားလွှတ်တော်တဖွဲ့လုံးဟ ထယွေ့ ယေရှုအား ပိလတ်မင်းဆေဟို ခေါ်ဆောင်သွားကြအယ်။
LUK 23:2 အဲပင်းရင် သူလို့ဟ “ဟေသူဟ ပြေသူလို့အား လမ်းလွဲစေရန် ဧကရာဇ်မင်းအား အခွန်တော် မပေးဆက်နဲ့ဟု ပြောဆိုပင်း ကိုယ့်တတ်တိုင်းကိုယ် မေဆှိယ တည်းဟူသော ဘုရင်တပါး ဖြစ်ကျောန်း သူလို့အား ပြောဆိုတာဟို ငါလို့ တွေ့ဆိရပါအယ်” ဟု ကိုယ်တော်ဟို စတင် စွပ်စွဲကြအယ်။
LUK 23:3 ပိလတ်မင်းဟ ကိုယ်တော်အား “နင်ဟ ယုဒဘုရင် ဟုတ်လော” ဟု မေးအယ်။ ယေရှုဟ “မင်းကြီး မေးလဲ့အတိုင်း မန်အယ်” ဟု ပြန်ဖြေလေအယ်။
LUK 23:4 အဲပင်းရင် ပိလတ်မင်းဟ “ဟေလူအား စွဲချက်တင်ရန် အကျောန်းတစုံတခုမျှ ငါ မတွေ့” ဟု ယဇ်ပုရောဟိတ်ကြီးများနဲ့ လူအပေါင်းလို့အား ဆိုအယ်။
LUK 23:5 အဲလိုလဲ သူလို့ဟ “သူရဲ့ သွန်သင်ချက်ကျောန့် ယုဒပြေ တဝှမ်းလုံးဆိ လူများကြားတွင် ရုန်းရင်းဆန်ခတ် ဖြစ်လျက် ဆိအယ်။ ဂါလိလဲပြေနှိုက် စတင်ယွေ့ အခု ဟေအရပ်သို့ ရောက်လေပီ” ဟု ပိုယွေ့ပင် အသံကျယ်စွာ အော်ယွေ့ စွပ်စွဲကြအယ်။
LUK 23:6 ပိလတ်မင်းဟ ဂါလိလဲဟူသော စကားဟို ကြားရင် “ဟေသူဟ ဂါလိလဲပြေသား ဟုတ်လော” ဟု မေးအယ်။
LUK 23:7 ဟေရုဒ်အုပ်စိုးသော ဂါလိလဲပြေသား ဖြစ်ကျောန်းဟို သိရင် ယေရှုအား ဟေရုဒ်မင်းဆေဟို ပို့ကြအယ်။ အဲအချိန်အခါဟ ဟေရုဒ်မင်း ယေရုရှလင်မြို့မှာ ရောက်ဆိနေလဲ့အချိန် ဖြစ်လေအယ်။
LUK 23:8 ဟေရုဒ်မင်းဟ ယေရှုဟို မျော်သောအခါ ရမ်းဆာ့ ဝမ်းသာလေအယ်။ ကိုယ်တော်ရဲ့ သတင်းဟို များစွာ ကြားခဲ့ရသဖြင့် ကိုယ်တော်အား တွေ့မျော်လိုတာ ကြာနေပီ။ ယေရှုပြလဲ့ နိမိတ်လက္ခဏာတခုခုဟို တွေ့မျော်ရလိမ့်မယ်ဟု မျှော်လင့်နေအယ်။
LUK 23:9 ဟေရုဒ်မင်းဟ ယေရှုဟို မေးခွန်းများစွာ မေးအယ် အဲလိုလဲ ကိုယ်တော်ဟ ဖြေကြားခြင်း မဆိပေ။
LUK 23:10 ယဇ်ပုရောဟိတ်ကြီးများနဲ့ ကျမ်းတတ်ဆရာများဟ ဆေ့ဟို လာယွေ့ ယေရှုအား အပြင်းအထန် စွပ်စွဲ ပြောဆိုကြအယ်။
LUK 23:11 ဟေရုဒ်မင်းနဲ့ သူရဲ့ စစ်သားများဟ ယေရှုအား မထီမဲ့မြင်လုပ်ယွေ့ ကဲ့ရဲ့ကြအယ်၊ အဲပင်းရင် တင့်တယ်သော အဝတ်ဟို ဝတ်စေပင်းရင် ပိလတ်မင်းဆေသို့ သူ့ဟို လဲ့ပြန်ပို့လိုက်အယ်။
LUK 23:12 အဲနေ့နှိုက် ပိလတ်မင်းနဲ့ ဟေရုဒ်မင်းလို့ဟ အချင်းချင်း မိတ်ဆွေဖွဲ့ကြအယ်၊ အရင်တုန်းခါဟ သူလို့ဟ ရန်ဖက်ဖြစ်ကြအယ်။
LUK 23:13 ပိလတ်မင်းဟ ယဇ်ပုရောဟိတ်ကြီးများ၊ ယုဒခေါင်းဆောင်များနဲ့ ယုဒအမျိုးသားများဟို စုဆုံစေအယ်။
LUK 23:14 အေးပင်းနောက် သူလို့အား “ဟေသူဟ ပြေသူလို့ဟို ပုန်ကန်ရန် လှုံ့ဆော်သူဖြစ်တာဟု ဆိုယွေ့ သူ့အား နင်လို့ဟ ငါ့ဆေဟို ခေါ်ခဲ့အယ်။ နင်လို့ဆေ့မှာ ငါ စစ်ဆေးခဲ့ပင်း နင်လို့ တင်သော အပစ်တစုံတခုဟိုမှ အေးသူနှိုက် ငါမတွေ့။
LUK 23:15 ဟေရုဒ်မင်းဟလည်း မတွေ့။ အေးလိုမို့ သူ့ဟို ငါလို့ဆေဟို ပြန်ပို့စေအယ်။ ဟေသူဟ သေဒဏ်ခံထိုက်သော အပစ်တစုံတရာဟိုမျှ မကျူးလွန်ခဲ့ချေ။
LUK 23:16 အေးလိုမို့ သူ့ဟို ကြိမ်ဒဏ်ဖြင့် ဆုံးမယွေ့ လွှတ်လိုက်မယ်” ဟု ဆိုအယ်။
LUK 23:17 
LUK 23:18 လူအုပ်ကြီးဟ “ဟေလူဟို သေဒဏ်ပေးပါ၊ ငါလို့အတွက် ဗာရဗ္ဗဟို လွတ်ငြိမ်းချမ်းသာခွင့်ပေးပါ” ဟု ဝိုင်းအော်ကြအယ်။
LUK 23:19 အေးဗာရဗ္ဗမှာ မြို့နှိုက် ပုန်ကန်ခြင်း အပစ်၊ လူအသက်ဟို သတ်ခြင်း အပစ်ကျောန့် ထောင်ထဲကျနေသောသူ ဖြစ်လေအယ်။
LUK 23:20 ပိလတ်မင်းဟ ယေရှုအား လွတ်ငြိမ်းချမ်းသာခွင့် ပေးချင်ယွေ့ လူအုပ်ကြီးအား တခါ တင်ပြလေအယ်။
LUK 23:21 အဲလိုလဲ သူလို့ဟ “သူ့ဟို လက်ဝါးကပ်တိုင်မှာ တင်မန့်၊ သူ့ဟို လက်ဝါးကပ်တိုင်မှာ တင်မန့်” ဟု အော်ဟစ်ကြအယ်။
LUK 23:22 ပိလတ်မင်းဟ “သူဟ စလိုပစ်မှုဟို ကျူးလွန်လို့လုန်း၊ သူ့ဟို သေဒဏ်ပေးထိုက်သော အကျောန်း တခုတလေမှ ငါ မတွေ့။ အေးလိုမို့ သူ့ဟို ကြိမ်ဒဏ်ပေးယွေ့ လွှတ်လိုက်မယ်” ဟု သုံးခါမြောက် ပြောလေအယ်။
LUK 23:23 အဲလိုလဲ လူလို့ဟ ယေရှုအား လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်ရန် အားကုန်အော်က တောင်းဆိုကြသဖြင့် နောက်ဆုံးတွင် တောင်းဆိုချက် ရသွားလေအယ်။
LUK 23:24 ပိလတ်မင်းဟ သူလို့တောင်းဆိုချက်အတိုင်း စီရင်ချမှတ်လိုက်အယ်။
LUK 23:25 ပုန်ကန်ထကြွမှု၊ လူသတ်မှုကျောန့် ထောင်ထဲရောက်နေသောသူဟို လူများ တောင်းဆိုလဲ့အတိုင်း လွှတ်ပေးပင်းရင် ယေရှုဟို သူလို့ လုပ်ချင်သမျှအတိုင်း လုပ်ကြစေဖို့ အပ်လိုက်အယ်။
LUK 23:26 စစ်သားများဟ ယေရှုဟို ထုတ်ဆောင်သွားကြချိန်တွင် တောရွာမှလာသော ကုရေနေပြေသား ရှိမုန်ဟို မျော်ကြအယ်။ သူလို့ဟ ရှိမုန်ဟို ဖမ်းဆီးယွေ့ လက်ဝါးကပ်တိုင်ဟို ပေးထမ်းပင်းရင် ယေရှုရဲ့ နောက်တော်မှ လိုက်လာစေကြအယ်။
LUK 23:27 လူအုပ်ကြီးဟ နောက်တော်မှ လိုက်လာကြအယ်။ အမျိုးသမီးအချို့လို့ဟ မိမိလို့ရင်ဖတ်ဟို တီးယွေ့ ငိုကြွေးလျက် လိုက်ကြအယ်။
LUK 23:28 ယေရှုဟ အေးအမျိုးသမီးလို့ဖက်ဟို လှည့်ယွေ့ “ယေရုရှလင်မြို့သူလို့ ငါ့ဖို့ မငိုကြွေးကြနဲ့။ နင်လို့နဲ့ နင်လို့ လူပဲ့သငယ်များဖို့အတွက်သာ ငိုကြွေးကြလော့။
LUK 23:29 ‘လူပဲ့မဆိ မြုံသောမိန်းမဟ မင်္ဂလာဆိအယ်။ လူပဲ့ မစွဲဖူးသောဝမ်းနဲ့ လူပဲ့ မစို့ဖူးသော သားမြတ်ဟ မင်္ဂလာဆိအယ်’ ဟု ပြောရသောနေ့ရက်အချိန် ရောက်လာလိမ့်မယ်။
LUK 23:30 အဲအချိန်တွင် လူလို့ဟ တောင်များဟို ‘ငါလို့ အပေါ်ဟို ပြိုလဲကျမန့်’ ဟူယွေ့ လည်းကောင်း၊ တောင်ကုန်းများအား ‘ငါလို့ဟို အုပ်ပလိပ်မန့်’ ဟု ခေါ်ကြလိမ့်မယ်။
LUK 23:31 စိမ်းစိုသော အပင်ဟို ဟေလို့ပြုကြပါဟ ခြောက်သွေ့သော အပင်တွင် စလို ဖြစ်လိမ့်မလုန်း” ဟု ပြောလေအယ်။
LUK 23:32 ယေရှုနဲ့အတူ ပစ်မှုကျူးလွန်သူ နေယောက်ဟိုလည်း သတ်ဖို့ရန် ထုတ်သွားကြအယ်။
LUK 23:33 “ဦးခေါင်းခွံ” ဟု နာမယ်တွင်သော အရပ်ဟို ရောက်သောအခါ ကိုယ်တော်နဲ့ ရာဇဝတ်သင့်သူများဟို လက်ဝါးကပ်တိုင်မှာ တင်ယွေ့ ညာဖက်တွင် တယောက်၊ ဘယ်ဖက်တွင် တယောက်ထားပင်းရင် လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြအယ်။
LUK 23:34 ယေရှုဟ “တို့ဖ၊ အဲသူလို့အပစ်ဟို ဖြေလွှတ်ပေးပါ။ သူလို့ဟ မိမိလို့လုပ်နေလဲ့အမှုဟို မသိကြပါ” ဟု မြွက်ဆိုလေအယ်။ သူလို့ဟ ကိုယ်တော်ရဲ့ အဝတ်များဟို မဲနှိုက်ယွေ့ အချင်းချင်း ခွဲယူကြအယ်။
LUK 23:35 လူများလို့ဟ ရပ်လျက် ကျေ့နေကြအယ် ယုဒခေါင်းဆောင်များဟ “ဟေသူဟ အခြားသူလို့ဟို ကယ်တင်ခဲ့အယ်။ ခရစ်တော် တည်းဟူသော ဘုရားသခင် ရွေးချယ်ထားသောသူမန်ရင် ကိုယ့်တတ်တိုင်းကိုယ် ကယ်တင်ပါစေ” ဟု ကဲ့ရဲ့ယွေ့ ပြောလေအယ်။
LUK 23:36 စစ်သားများဟ ကိုယ်တော်ဟို စပျစ်ယေချဉ်ဟို တိုက်ယွေ့၊
LUK 23:37 “နင်ဟ ယုဒဘုရင်ဖြစ်ရင် ကိုယ့်တတ်တိုင်းကိုယ် ကယ်တင်မန့်” ဟု လှောင်ပြောင်ကြအယ်။
LUK 23:38 ကိုယ်တော်ရဲ့ အပေါ်ဘက်နှိုက် “ဟေသူဟ ယုဒ ဘုရင် ဖြစ်အယ်” ဟု ရေးထားလေအယ်။
LUK 23:39 လက်ဝါးကပ်တိုင်တွင် ရိုက်ထားခြင်း ခံရသူ ရာဇဝတ်သားလို့ထဲမှ တဦးဟ “နင်ဟ ခရစ်တော် မဟုတ်လော။ နင့်တတ်တိုင်း နင်ကယ်ပင်း ငါလို့ဟိုလည်း ကယ်တင်မန့်” ဟု ကဲ့ရဲ့ပြောဆိုအယ်။
LUK 23:40 တခြားတဦးဟ သူ့ဟို ဆုံးမယွေ့ “နင်ဟ သူနဲ့ တူညီသော ပစ်ဒဏ်စီရင်ခြင်းဟို ခံရလျက်၊ ဘုရားသခင်ဟို မကြောက်သလော။
LUK 23:41 ငါလို့ဟ ကိုယ်ပြုသောအပစ်နဲ့ အလျောက် ခံရတာမို့ တရားသဖြင့် ခံရကြအယ်၊ အဲလိုလဲ သူဟ ပစာအပစ်မှ မကျူးလွန်ခဲ့” ဟု ဆိုလေအယ်။
LUK 23:42 အဲပင်းရင် ယေရှုအား “ကိုယ်တော် နိုင်ငံတော်တည်လျက် ကြွလာသောအခါ ငါ့ဟို သတိရပါ” ဟု သူဟ ပြောအယ်။
LUK 23:43 ယေရှုဟ သူ့အား “ငါ အမန်ပြောတာဟ ခုနေ့ပင် နင်ဟ ငါနဲ့အတူ ပရဒိသုဘုံမှာ ဆိလိမ့်မယ်” ဟု ပြောလေအယ်။
LUK 23:44 အဲအချိန်မှာ မွန်းတည့်အချိန်လောက် ဖြစ်ယွေ့ အေးအချိန်မှစယွေ့ မွန်းလွဲသုံးနာရီအထိ မြေတပြင်လုံးတွင် နေရောင်အလင်းကွယ်ယွေ့ မိုက်အတိကျရောက်ပင်း ဗိမာန်တော် ကန့်လန့်ကာဟလည်း နေခြမ်းကွဲလေအယ်။
LUK 23:46 ယေရှုဟ “တို့ဖ၊ ငါရဲ့ ဝိညာဉ်ဟို ကိုယ်တော်ရဲ့ လက်ဟို အပ်အယ်” ဟု ကျယ်လောင်သောအသံဖြင့် အော်ကပင်း အသက်ချုပ်လေအယ်။
LUK 23:47 ဟေအဖြစ်အပျက်ဟို မျော်သော တပ်မှူးဟ ဘုရားသခင်ရဲ့ ဂုဏ်တော်ဟို ချီးမွန်းလျက် “ဟေသူဟ အမန်ပင် သူတော်ကောင်း ဖြစ်အယ်” ဟု ပြောအယ်။
LUK 23:48 ဟေအမှုအရာဟို ကျေ့ရန် စုဝေးလာကြသော လူများဟ အေးအဖြစ်အပျက်များဟို မျော်ယွေ့၊ သူလို့အားလုံးဟ နေအိုင်ပြန်ကြပင်း သူလို့ ရင်ဘတ်ဟို တီးခတ်ကာ ဝမ်းနည်းနေကြအယ်။
LUK 23:49 ဂါလိလဲပြေမှ နောက်တော်ဟို လိုက်လာကြသော အမျိုးသမီးများ အပါအဝင် ယေရှုဟို သိကျွမ်းသော သူအပေါင်းလို့ဟ အဝေးမှ ရပ်ပင်း ကျေ့နေကြအယ်။
LUK 23:50 ယုဒပြေ အရိမဿဲမြို့သား ယောသပ်ဟုခေါ်သော ယုဒတရားလွှတ်တော် အဖွဲ့ဝင်တဦး ဆိအယ်။ သူဟ သူတော်ကောင်းဖြစ်လျက် ဘုရားသခင်ရဲ့ နိုင်ငံတော်တည်မဲ့ အချိန်ဟို စောင့်မျော်လျက် နေအယ်။ သူဟ တရားလွှတ်တော် အဖွဲ့ဝင်ဖြစ်သော်လည်း တရားလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်ချက်ဟို သဘောမတူခဲ့ပေ။
LUK 23:52 သူဟ ပိလတ်မင်းဆေသို့ သွားယွေ့ ယေရှုရဲ့ အလောင်းဟို တောင်းလေအယ်။
LUK 23:53 အဲပင်းရင် အလောင်းဟို လက်ဝါးကပ်တိုင်မှ ချယွေ့ ပိတ်ချောဖြင့် ပတ်ရစ်ကာ စသူမျှ မသင်္ဂြိုဟ်ရသော ကျောက်ဆောင်ဟို ထွင်းဟားလဲ့ လုတ်တိုင်းဂူသစ်ထဲတွင် ထားကြအယ်။
LUK 23:54 အဲနေ့ဟ သောကြာနေ့ ဖြစ်ယွေ့ ဥပုသ်နေ့ အချိန် နီးလာပီ ဖြစ်အယ်။
LUK 23:55 ဂါလိလဲပြေမှ ယေရှုနဲ့ လိုက်လာခဲ့ကြသော အမျိုးသမီးများဟလည်း ယောသပ်နောက်ဟို လိုက်ယွေ့ လုတ်တိုင်းဟို လည်းကောင်း၊ ယေရှုရဲ့ အလောင်းဟို စလို ထားတာဟို လည်းကောင်း တွေ့မျော်ကြအယ်။
LUK 23:56 အဲပင်းရင် သူလို့ဟ နေအိုင်ဟို ပြန်ယွေ့ ဆီမွှေးနဲ့ နံ့သာပေါင်းဟို အဆင်သင့်ပြင်ဆင်ကြအယ်။ သူလို့ဟ ပညတ်တော်ဆိလဲ့အတိုင်း ဥပုသ်နေ့တွင် အနားယူကြအယ်။
LUK 24:1 တနင်္ဂနွေ နက်စာအစော မိုးလင်းစချိန်တွင် အေးမိန်းမလို့ဟ သူလို့ အသင့်ပြင်ဆင်ထားလဲ့ နံ့သာပေါင်းဟို ယူယွေ့ လုတ်တိုင်းဆေဟို သွားကြအယ်။
LUK 24:2 လုတ်တိုင်းဝဟို ပိတ်ဟားသော ကျောက်တုံးဟို လှိမ့်ဖယ်ထားတာဟို မျော်သဖြင့်၊
LUK 24:3 ဂူထဲသို့ ဝင်ကြအယ်။ အဲလိုလဲ ယေရှုရဲ့ အလောင်းဟို မမျော်ရကြ။
LUK 24:4 အေးလို့မျိုး ရပ်ယွေ့ စိတ်များတုံ့နေစဉ် ပြောင်လက်လဲ့ အဝတ်ဟို ဝတ်ဆင်ထားလဲ့ လူနေယောက်ဟ သူလို့ဆေ့တွင် စပ်ကနဲပေါ်လာအယ်။
LUK 24:5 အမျိုးသမီးများဟ ကြောက်ရွံ့ယွေ့ မြေပေါ်မှာ ပျပ်ဝပ်နေကြအယ်။ အေးသူနေယောက်ဟ “ပစာကို့ နင်လို့ဟ အသက်ဆှင်နေသူဟို သေသောသူလို့ ထားလဲ့အရပ်မှာ ဆာနေကြလုန်း။
LUK 24:6 ကိုယ်တော်ဟ ဟေအရပ်နှိုက် မဆိ၊ ဆှင်ပြန်ထမြောက်ပီ။ ကိုယ်တော်ဟ ဂါလိလဲပြေနှိုက် ဆိစဉ် နင်လို့အား စလို မိန့်ခဲ့တာဟို သတိရကြလော့။
LUK 24:7 ‘လူသားဟ ဆိုးသွမ်းသောသူလို့ လက်နှိုက် အပ်နှံခြင်းဟို ခံရလျက် လက်ဝါးကပ်တိုင်မှာ တင်ခြင်း ခံရပင်း သုံးရက်မြောက်သောနေ့နှိုက် ထမြောက်လိမ့်မယ်’ ဟု မိန့်ခဲ့တာ မဟုတ်လော” ဟု ပြောကြအယ်။
LUK 24:8 အဲပင်းရင် အမျိုးသမီးများဟ ကိုယ်တော်ရဲ့ စကားများဟို သတိရယွေ့၊
LUK 24:9 လုတ်တိုင်းဆေမှ ပြန်သွားပင်းရင် တဆယ့်နေပါးသော တဘဲ့တော်လို့နဲ့ အခြားသော သူအားလုံးလို့အား အေးအကျောန်းအရာ အလုံးစုံဟို ပြောပြကြအယ်။
LUK 24:10 အဲအကျောန်းအရာဟို တမန်တော်လို့ဟို ပြောကြားသူများမှာ မာဂဒလရွာသူ မာရိ၊ ယောဟန္န၊ ယာကုပ်ရဲ့ အမေဖြစ်သူ မာရိမှစယွေ့ တခြားသော အမျိုးသမီးများ ဖြစ်ကြအယ်။
LUK 24:11 အဲလိုလဲ သူလို့ ပြောကြားသော စကားများဟ ယုတ္တိမဆိသောကျောန့် တမန်တော်လို့ဟ မယုံကြ။
LUK 24:12 အဲလိုလဲ ပေတရုဟ လုတ်တိုင်းဆေသို့ ပြေးသွားယွေ့ ငုံ့ကျေ့ပင်း ပိတ်စဟ လွဲယွေ့ ပစာမျှ မတွေ့။ အဲကျောန့် သူဟ အေးအဖြစ်ပျက်ဟို အံ့ဩယွေ့ နေအိုင်ဟို ပြန်သွားအယ်။
LUK 24:13 အေးနေ့တွင် တဘဲ့တော် နေယောက်လို့ဟ ယေရုရှလင်မြို့နဲ့ ခုနေမိုင်ဝေးသော ဧမောက် နာမယ်ဆိသော ရွာသို့ သွားကြအယ်။
LUK 24:14 သူလို့နေယောက်ဟ ဖြစ်ပျက်ခဲ့ပင်းသော အကျောန်းအရာဟို အချင်းချင်း ဆွေးနွေးပြောဆိုနေကြအယ်။
LUK 24:15 အေးလို့မျိုး ပြောဆိုနေလုန်း ယေရှု တတ်တိုင်း သူလို့နားဟို တိုးသွားယွေ့ သူလို့နဲ့တူတူ သွားလေအယ်။
LUK 24:16 အဲလိုလဲ သူလို့ရဲ့ မျက်စေ့ဟို ကာဆီးခြင်း ခံရသဖြင့် သူလို့ဟ ကိုယ်တော်ဟို မမှတ်မိကြ။
LUK 24:17 ယေရှုဟ သူလို့အား “နင်လို့ဟ ခရီးသွားရင်းနဲ့ ပစာအကျောန်းအရာဟို ပြောနေကြနှင်း” ဟု မေးလေအယ်။ သူလို့ဟ မျက်နှာညှိုးငယ်စွာနဲ့ အဲနေရာတွင် တန်နေကြအယ်။
LUK 24:18 အေးသူလို့ထဲတွင် ကလောဖ နာမယ်ဆိသော သူဟ “ယေရုရှလင်မြို့ဟို လာတဲ့ ဧည့်သည်လုပ်ပင်း ခုရက်ပိုင်းထဲ ဖြစ်ပျက်ခဲ့လဲ့ အကျောန်းအရာဟို နင်တယောက်ထဲ မသိသလော” ဟု ဆိုကြအယ်။
LUK 24:19 ကိုယ်တော်ဟ “ပစာအကျောန်းလုန်း” ဟု မေးအယ်။ သူလို့ဟ “နာဇရက်မြို့သား ယေရှုနဲ့ဆိုင်တဲ့ အကျောန်းအရာ ဖြစ်အယ်။ သူဟ ဘုရားသခင်နဲ့ လူလို့ဆေ့မှာ နှုတ်သတ္တိ၊ လက်သတ္တိနဲ့ ပြေ့စုံလဲ့ ပရောဖက် ဖြစ်အယ်။
LUK 24:20 ငါလို့ ယဇ်ပုရောဟိတ်ကြီးများနဲ့ အကြီးအကဲများဟ သူ့ဟို သေဒဏ်ချမှတ်ဖို့ ပိလတ်မင်းရဲ့ လက်ဟို အပ်ခဲ့အယ်၊ ပင်းတော့ လက်ဝါးကပ်တိုင်မှာ တင်ယွေ့ သတ်ခဲ့ကြအယ်။
LUK 24:21 သူဟ ဣသရေလလူမျိုးဟို လွတ်မြောက်စေမဲ့သူ ဖြစ်အယ်ဟု ငါလို့ မျော်လင့်ထားကြအယ်။ ဒါတွေအားလုံးအပြင် အခု အဖြစ်အပျက်ဖြစ်တာဟ သုံးရက်ဆိပီ။
LUK 24:22 ငါလို့ရဲ့ အပေါင်းအဖော် အမျိုးသမီးတချို့ဟ ငါလို့ဟို ရမ်းဆာ့အံ့ဩစေခဲ့အယ်၊ သူလို့ဟ နက်စာအစော လုတ်တိုင်းဆေ သွားခဲ့ကြအယ်၊
LUK 24:23 အားပေမဲ့ ကိုယ်တော်ရဲ့ အလောင်းဟို မျော်ခဲ့ကြဝူး။ သူလို့ဟ ပြန်လာပင်း ယေရှု အသက်ဆှင်လျက် ဆိကျောန်းဟို ခေါန်းခင်တမန်များ ပေးလဲ့ ရူပါရုံ မျော်ရတာဟို ပြောပြကြအယ်။
LUK 24:24 ငါလို့ထဲမှ လူတချို့ဟ လုတ်တိုင်းဆေသို့ သွားကြရာ အမျိုးသမီးများ ပြောခဲ့လဲ့အတိုင်း ဖြစ်အယ်၊ အဲလိုလဲ သူလို့ဟ ကိုယ်တော်ဟို မမျော်ခဲ့ကြမောင့်လဲ့” ဟု ပြန်ဖြေကြအယ်။
LUK 24:25 အဲပင်းရင် ယေရှုဟ “ပရောဖက်များ ဟောပြောသောစကားဟို ယုံကြည်ရန် ရမ်းဆာ့ စိတ်နုံနဲ့သော လူမိုက်လို့၊
LUK 24:26 ခရစ်တော်ဟ ဘုန်းအသရေဟို မခံယူခင် ဟေလို့ ဒုက္ခဝေဒနာများဟို ခံစားရန် လိုအပ်အယ် ဟုတ်ဝူးလော” ဟု ပြောလေအယ်။
LUK 24:27 အဲပင်းရင် ယေရှုဟ မောရှေကျမ်းမှ အစပြုယွေ့ ပရောဖက် ကျမ်းအားလုံးတွင် ကိုယ်တော်အကျောန်းနဲ့ ပတ်သက်လဲ့ ကျမ်းစာများဟို အေးသူနေယောက်လို့ဟို ဆှင်းလင်း ပြောပြလေအယ်။
LUK 24:28 သူလို့သွားနေလဲ့ ရွာနားဟို ရောက်သောအခါ ယေရှုဟ ဆေ့ဟို ကျော်ယွေ့ သွားမဲ့ဟန် လုပ်အယ်၊
LUK 24:29 အဲလိုလဲ သူလို့ဟ “မိုးချုပ်ခါနီးယွေ့ တနေ့တာလည်း ကုန်လုနီးပီ ဖြစ်သောကျောန့် တို့နဲ့ နေမန့်” ဟုဆိုယွေ့ ကိုယ်တော်ဟို ဖိတ်ခေါ်ကြအယ်။ ကိုယ်တော်ဟ သူလို့နဲ့အတူ တည်းရန် လိုက်သွားလေအယ်။
LUK 24:30 စားပွဲတွင် သူလို့နဲ့တူတူ ထိန်လျက် မုန့်ဟိုယူယွေ့ ကျေးဇူးတော်ဟို ချီးမွန်းအယ်၊ အဲပင်းရင် မုန့်ဟိုဖဲ့ယွေ့ သူလို့ဟို ပေးလေအယ်။
LUK 24:31 အဲပင်းရင် သူလို့ မျက်စေ့ ပွင့်လာကြသဖြင့် ကိုယ်တော်မှန်း သိကြအယ်၊ အဲလိုလဲ ကိုယ်တော်ဟ သူလို့ဆေ့မှ ကွယ်ပျောက် သွားလေအယ်။
LUK 24:32 သူလို့ဟ “လမ်းခရီးမှာတုန်းဟ ကိုယ်တော် ငါလို့ဟို စကားပြောသောအခါနဲ့၊ ကျမ်းစာအနက်ဟို ဖွင့်ပြသောအခါတွင် ငါလို့ စိတ်နေလုံးထဲမှာ မီးလျှံထနေသလို ဖြစ်နေခဲ့တာ မဟုတ်လော” ဟု အချင်းချင်း ပြောဆိုကြအယ်။
LUK 24:33 သူလို့ဟ တန်းထယွေ့ ယေရုရှလင်မြို့ဟို ပြန်ကြပီးမှ၊ တဆယ့်တပါးသော တဘဲ့တော်များနဲ့ အခြားသောသူများ စုံရုံးလျက် နေကြတာဟို မျော်ကြအယ်။
LUK 24:34 စုရုံးနေကြသော သူလို့ဟ “သခင်ဟ တကယ် ထမြောက်ဝါးပီ။ ကိုယ်တော်ဟ ရှိမုန်ဟို ကိုယ်ထင်ပြပီ” ဟု ပြောဆိုကြအယ်။
LUK 24:35 အဲပင်းရင် သူလို့နေယောက်ဟ လမ်းတွင် ဖြစ်ပျက်ခဲ့လဲ့ အကျောန်းအရာဟို လည်းကောင်း၊ မုန့်ဟို ဖဲ့စဉ်တွင် ကိုယ်တော်မှန်း သိဆိလာကျောန်းဟို သူလို့အား ဆှင်းပြကြအယ်။
LUK 24:36 အေးအကျောန်းအရာများဟို သူလို့နေယောက် ပြောနေတုန်း ယေရှုဟ သူလို့အလယ်တွင် စပ်ကနဲပေါ်လာယွေ့ “နင်လို့နှိုက် ငြိမ်သက်ခြင်း ဆိပါစေ” ဟု ပြောလေအယ်။
LUK 24:37 သူလို့ဟ ကဆေခြောက်နေစာရီးဟု ထင်နေကြသဖြင့် ကြောက်လန့်ယွေ့ တုန်နေကြအယ်။
LUK 24:38 အဲလိုလဲ သူလို့ဟို “ပစာကျောန့် ကြောက်နေလုန်း။ ပစာကျောန့် နင်လို့ စိတ်နေလုံးထဲနှိုက် သံသယဖြစ်နေဝလော။
LUK 24:39 ငါ့လက်နဲ့ ငါ့ခြေဟို ကျေ့ကျေ့မန့်၊ ငါတတ်တိုင်းပင် ဖြစ်အယ်။ ငါ့ဟို စမ်းသပ်ကျေ့မန့်၊ အကျောန်းမှာ ကဆေနှိုက် အရိုးနဲ့ အသား မဆိ၊ ငါနှိုက် နင်လို့ မျော်လဲ့အတိုင်း အရိုးနဲ့ အသား ဆိအယ်” ဟု ပြောလေအယ်။
LUK 24:40 ကိုယ်တော်ဟ ပြောပင်း မိမိရဲ့ လက်နဲ့ ခြေလို့ဟို သူလို့အား ပြလေအယ်။
LUK 24:41 သူလို့ဟ ရမ်းဆာ့ အံ့ဩဝမ်းသာ ဖြစ်ယွေ့ မယုံနိန်ကြသေးဘဲ ဖြစ်နေကြချိန်တွင် ကိုယ်တော်ဟ “နင်လို့မှာ ပစာစားဖို့ ဆိလုန်း” ဟု သူလို့အား မေးလေအယ်။
LUK 24:42 သူလို့ဟ ငါးကင်တပိုင်းဟို ကိုယ်တော်အား ပေးကြအယ်၊
LUK 24:43 ကိုယ်တော်ဟ ယူယွေ့ သူလို့ဆေ့မှာ စားလေအယ်။
LUK 24:44 အဲပင်းရင် ကိုယ်တော်ဟ သူလို့အား “နင်လို့နဲ့တူတူ ဆိနေစဉ် နင်လို့အား ငါပြောခဲ့သော စကားများမှာ မောရှေရဲ့ ပညတ်ကျမ်း၊ ပရောဖက် ကျမ်းများနဲ့ ဆာလံကျမ်းတွင် ငါရဲ့ အကျောန်းနဲ့ ပတ်သက်ယွေ့ ရေးထားသမျှလို့ဟ ပြေ့စုံခြင်းသို့ ရောက်ရမယ် ဖြစ်အယ်” ဟု ပြောလေအယ်။
LUK 24:45 အဲပင်းရင် ကိုယ်တော်ဟ ကျမ်းစာတော်ဟို နားလည်ကြစေရန် သူလို့အသိဉာဏ်ဟို ဖွင့်ပေးလေအယ်။
LUK 24:46 ပင်းနောက် သူလို့အား မိန့်တာဟ “ကျမ်းစာတွင် မေဆှိယဟ ဒုက္ခဝေဒနာ ခံစားရယွေ့ သုံးရက်မြောက်နေ့မှာ သေခြင်းမှ ထမြောက်ရမယ်။
LUK 24:47 နာမတော်ဟို အမှီပြုယွေ့ နောင်တရခြင်းတရားနဲ့ အပစ်ဖြေလွှတ်ခြင်း တရားဟို ယေရုရှလင်မြို့မှ အစပြုယွေ့ လူမျိုးအပေါင်းလို့ဟို ဟောပြောရမယ်။
LUK 24:48 နင်လို့ဟ ဟေအကျောန်းအရာများနဲ့ ပတ်သက်ပင်း မျက်မြင် သက်သေများ ဖြစ်ကြအယ်။
LUK 24:49 ငါ့ ခမည်းတော် ကတိထားခဲ့လဲ့အရာဟို နင်လို့ပေါ် ငါ စေလွှတ်လိမ့်မယ်။ အဲလိုလဲ နင်လို့ဟ ခေါန်းခင်ဟ တန်ခိုးဟို မခံရသေးခင်ထိ ယေရုရှလင်မြို့မှာ ငံ့နေကြလော့” ဟု ပြောလေအယ်။
LUK 24:50 အဲပင်းရင် ကိုယ်တော်ဟ သူလို့အား ဗေသနိရွာတိုင်အောန် မြို့ပြင်ဟို ယိုးသွားယွေ့ သူ့လက်ဟို မြောက်ယွေ့ ကောင်းချီး ပေးလေအယ်။
LUK 24:51 ဟေသို့ ကောင်းချီးပေးနေစဉ် ကိုယ်တော်ဟ သူလို့ဆေမှ ထွက်ခွာယွေ့ ခေါန်းခင်ဘုံသို့ ဆောင်ယူခြင်းဟို ခံလေအယ်။
LUK 24:52 တဘဲ့တော်လို့ဟ ကိုယ်တော်ဟို ပျပ်ဝပ်ကိုးကွယ်ပင်းရင် ရမ်းဆာ့ ဝမ်းမြောက်ဝမ်းသာ ဖြစ်လျက် ယေရုရှလင်မြို့ဟို ပြန်သွားကြအယ်။
LUK 24:53 သူလို့ဟ ဗိမာန်တော်နှိုက် ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို အစဉ် ချီးမွန်းလျက် နေကြအယ်။
JOH 1:1 အစဦးနှိုက် နှုတ်ကပတ်တော် ဆိအယ်၊ နှုတ်ကပတ်တော်ဟ ဘုရားသခင်နဲ့အတူ ဆိအယ်၊ နှုတ်ကပတ်တော်ဟလည်း ဘုရားသခင် ဖြစ်အယ်။
JOH 1:2 နှုတ်ကပတ်တော်ဟ အစဦးနှိုက် ဘုရားသခင်နဲ့အတူ ဆိအယ်။
JOH 1:3 ခပ်သိမ်းသောအရာလို့ဟ နှုတ်ကပတ်တော်အားဖြင့် ဘုရားသခင် ပြုလုပ်အယ်၊ ဖန်ဆင်းခြင်းနဲ့ ကင်းလွတ်လျက် ဖြစ်သောအရာ တစုံတခုမျှ မဆိ။
JOH 1:4 အဲနှုတ်ကပတ်တော်ဟ အသက်ရဲ့ အရင်းအမြစ် ဖြစ်အယ်၊ အေးအသက်ဟ လူလို့ဆေ အလင်းဟို ယူဆောင်လာအယ်။
JOH 1:5 အဲအလင်းဟ မိုက်ထဲတွင် တောက်ပယွေ့ မိုက်ဟ အဲအလင်းဟို စလိုမှ မဖုံးကွယ်နိန်။
JOH 1:6 ဘုရားသခင်ဆေမှ စေလွှတ်ခံရလဲ့ ယောဟန် နာမယ်ဆိသော လူတဦး ဆိအယ်။
JOH 1:7 လူအပေါင်းလို့ဟ သူ့အားဖြင့် ယုံကြည်လာမဲ့အကျောန်း သူဟ အလင်းအကျောန်းဟို သက်သေခံရန် သက်သေအဖြစ် လာအယ်။
JOH 1:8 သူဟ အဲအလင်း မဟုတ်၊ အလင်းအကျောန်း သက်သေခံရန် လာသောသူ ဖြစ်အယ်။
JOH 1:9 အဲအလင်းဟ လောကဟို ကြွလာယွေ့ လူသားအပေါင်းလို့ပေါ်တွင် တောက်ပလဲ့ — စစ်မန်သော အလင်း ဖြစ်အယ်။
JOH 1:10 အဲနှုတ်ကပတ်တော်ဟ ဟေလောကနှိုက် ဆိအယ်၊ ဟေလောကဟ သူ့အားဖြင့် ဖြစ်လာသော်လည်း လောကဟ ကိုယ်တော်ဟို အသိမှတ်မပြုဝူး။
JOH 1:11 ကိုယ်တော်ဟ မိမိမွေးဖွားရာပြေဟို ကြွလာသော်လည်း မိမိရဲ့ လူမျိုးများဟ ကိုယ်တော်ဟို လက်မခံကြ။
JOH 1:12 အဲလိုလဲ ကိုယ်တော်ဟို လက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ရဲ့ နာမဟို ယုံကြည်သောသူလို့အား ဘုရားသခင်ရဲ့ လူပဲ့သငယ်ဖြစ်ခွင့်ဟို ပေးအယ်။
JOH 1:13 သူလို့ဟ သဘာဝနည်းလမ်းဖြင့် ဘုရားသခင်ရဲ့ လူပဲ့သငယ် ဖြစ်လာကြတာ မဟုတ်၊ အဲဟာဟ လူသား အဖတဦးရဲ့ လူပဲ့သငယ်အဖြစ် မွေးဖွားလာခြင်းဖြင့် ဘုရားသခင် တတ်တိုင်းဟ သူလို့ရဲ့ အဖ ဖြစ်အယ်။
JOH 1:14 နှုတ်ကပတ်တော်ဟ လူသားအဖြစ် ခံယူယွေ့ ကျေးဇူးတော်နဲ့ သမ္မာတရားဟို ပြေ့စုံလျက် ငါလို့ထဲတွင် ကျိန်းဝပ်အယ်။ ငါလို့ဟ ကိုယ်တော်ရဲ့ ဘုန်းအသရေဟို မျော်ကြရအယ်၊ အဲဘုန်းအသရေဟ ခမည်းတော်ရဲ့ တပါးတည်းသော သားတော်အဖြစ် ခံယူရဆိလဲ့ ဘုန်းအသရေ ဖြစ်အယ်။
JOH 1:15 ယောဟန်ဟ ကိုယ်တော်အကျောန်းဟို သက်သေခံအယ်။ သူဟ “‘ငါ့နောက်ကြွလာသူပေမဲ့လည်း ငါ့ထက် ကြီးမြတ်အယ်၊ ပစာကို့ ကိုယ်တော်ဟ ငါမမွေးခင်ရင်း ဆိနေတာ ဖြစ်အယ်’ ဟု ငါပြောခဲ့သူဟ အေးသူပင် ဖြစ်အယ်” လို့ ကြွေးကြော်လေအယ်။
JOH 1:16 ကိုယ်တော်ရဲ့ ကျေးဇူးတော်ဟ ပြေ့စုံကြွယ်ဝတာနဲ့အညီ ငါလို့အား ကောင်းချီးမင်္ဂလာ တခုပင်းနောက် တခု ချပေးအယ်။
JOH 1:17 ဘုရားသခင်ဟ ပညတ်တရားဟို မောရှေအားဖြင့် ပေးအယ်၊ အဲလိုလဲ ကျေးဇူးတော်နဲ့ သမ္မာတရားဟ ယေရှုခရစ်အားဖြင့် ဖြစ်လာအယ်။
JOH 1:18 ဘုရားသခင်ဟို စသူမှ မမျော်ဖူးဝူး။ ဘုရားသခင်နဲ့ တူယွေ့ ခမည်းတော်ဘက်နှိုက် ဆိသော တပါးတည်းသော သားတော်ဟ ဘုရားသခင်ဟို သိစေအယ်။
JOH 1:19 အခု ယေရုရှလင်မြို့ဆိ ယုဒ အာဏာဆိသောသူလို့ဟ ယဇ်ပုရောဟိတ်နဲ့ လေဝိအနွယ်ဝင် အချို့လို့ဟို ယောဟန်ဆေ စေလွှတ်ယွေ့ “နင်ဟ စသူတုန်း” လို့ သူ့ဟို မေးမြန်းကြအယ်။
JOH 1:20 သူဟ ဝန်ခံပင်း မငြင်းဘဲ “ငါဟ ခရစ်တော် မဟုတ်” လို့ ဝန်ခံခဲ့အယ်။
JOH 1:21 သူလို့ဟ “အဲကျောန့် နင်ဟ စသူတုန်း၊ ဧလိယ ဖြစ်သလော” လို့ မေးကြအယ်။ ယောဟန်ဟ “ငါဟ ဧလိယ မဟုတ်” ဟု ဆိုအယ်။ သူလို့ဟလည်း “နင်ဟ ပရောဖက်လော” လို့ မေးကြအယ်။ သူဟ “မဟုတ်ဝူး” ဟု ပြန်ပြောအယ်။
JOH 1:22 သူလို့ဟလည်း “နင်ဟ စသူဖြစ်တုန်း၊ ငါလို့ဟို စေလွှတ်လိုက်သူလို့အား ပြန်ပင်း ဖြေနိန်ရန် နင်အကျောန်းဟို နင် စလိုပြောမှာတုန်း” ဟု ပြောကြအယ်။
JOH 1:23 ယောဟန်ဟ ပရောဖက် ဟေရှာယ ဖော်ပြခဲ့လဲ့အတိုင်း၊ “ငါဟ ‘ထာဝရဘုရားရဲ့ လမ်းခရီးအတွက် ဖြောင့်တန်းအောန် ပြုကြလော့ တောကန္တာရနှိုက် ဟစ်ကြော်နေသောသူရဲ့ အသံ ဖြစ်အယ်’” လို့ ဖြေအယ်။
JOH 1:24 ဖာရိရှဲလို့ထဲမှ စေလွှတ်ခြင်းခံရသော သတင်းသယ်ဆောင်သူများဟ၊
JOH 1:25 “နင်ဟ မေဆှိယ မဟုတ်၊ ဧလိယလည်း မဟုတ်၊ ပရောဖက်လည်း မဟုတ် ပစာကျောန့် နှစ်ခြင်းမင်္ဂလာဟို ပေးတာတုန်း” လို့ သူ့ဟို မေးကြအယ်။
JOH 1:26 ယောဟန်ဟလည်း “ငါဟ ယေနဲ့ နှစ်ခြင်းမင်္ဂလာဟို ပေးအယ်၊ အဲလိုလဲ နင်လို့အလယ်မှာ နင်လို့မသိလဲ့ သူတယောက် ရပ်လျက် ဆိနေအယ်။
JOH 1:27 အဲသူဟ ငါ့နောက်တွင် ကြွလာသောသူ ဖြစ်အယ်၊ အဲလိုလဲ ငါဟ သူ့ဖိနပ်ကြိုးတောင် မဖြည်ထိုက်” လို့ ဖြေအယ်။
JOH 1:28 ယောဟန် နှစ်ခြင်းမင်္ဂလာပေးရာ ယော်ဒန်မြစ် အဆေ့ဖက်ကမ်းဆိ ဗေသနိရွာမှာ အေးအမှုအရာ ဖြစ်ပျက်ခဲ့အယ်။
JOH 1:29 နောက်နေ့နှိုက် သူ့ဆေဟို ယေရှု ကြွလာတာဟို မျော်ရင် ယောဟန်ဟ “လောကသားလို့ရဲ့ အပစ်ဟို ယူဆောင်သွားသော ဘုရားသခင်ရဲ့ သိုးသငယ်ဟို ကျေ့ကြလော့။
JOH 1:30 ‘ငါ့နောက်ကြွလာသူပေမဲ့လည်း ငါ့ထက် ကြီးမြတ်အယ်၊ ပစာကို့ ကိုယ်တော်ဟ ငါမမွေးခင်ရင်း ဆိနေတာ ဖြစ်အယ်’ ဟု ငါပြောခဲ့သူဟ အေးသူပင် ဖြစ်အယ်။
JOH 1:31 ကိုယ်တော်ဟ စသူဖြစ်တာဟို မခင်ဟ ငါမသိ၊ အဲလိုလဲ ဣသရေလအမျိုးသားလို့ သူ့ဟို သိဆိနိန်ကြစေရန် ငါဟ ယေနဲ့ နှစ်ခြင်းမင်္ဂလာဟို ပေးခြင်း ဖြစ်အယ်” လို့ ဆိုအယ်။
JOH 1:32 အဲပင်းရင် ယောဟန် သက်သေခံတာဟ “ဝိညာဉ်တော်သည် ချိုးတူးမလိုမျိုးနဲ့ ခေါန်းခင်မှ ဆင်းလာပင်း ကိုယ်တော်အပေါ်မှာ နားတာဟို ငါမျော်ရပီ။
JOH 1:33 ကိုယ်တော်ဟ စသူဖြစ်တာဟို အခုထိ ငါမသိ၊ အဲလိုလဲ ယေဖြင့် နှစ်ခြင်းပေးရန် ငါ့ဟို စေလွှတ်သော ဘုရားသခင်ဟ ‘ဝိညာဉ်တော်သည် ဆင်းသက်ယွေ့ သူ့အပေါ်မှာ နားတာဟို နင်မျော်ရလိမ့်မယ်၊ အဲသူဟ သန့်ဆှင်းသော ဝိညာဉ်တော်နှိုက် နှစ်ခြင်းပေးသောသူ ဖြစ်အယ်’ လို့ ငါ့အား မိန့်အယ်။
JOH 1:34 ငါမျော်ရပီဖြစ်ယွေ့ ဟေသူဟ ဘုရားသခင်ရဲ့ သားတော်ဖြစ်ကျောန်းဟို ငါသက်သေခံအယ်” ဟု ဆိုအယ်။
JOH 1:35 နောက်တနေ့နှိုက် အဲနေရာမှာ ယောဟန်ဟ မိမိရဲ့ တဘဲ့နေယောက်နဲ့အတူ ရပ်နေစဉ်၊
JOH 1:36 ယေရှုကြွလာတာဟို မျော်သောအခါ သူဟ “ဘုရားသခင်ရဲ့ သိုးသငယ်ဟို ကျေ့လော့” ဟု ဆိုအယ်။
JOH 1:37 အဲလို သူပြောတာဟို တဘဲ့နေယောက်လို့ဟ ကြားသောအခါ ယေရှုရဲ့ နောက်ဟို လိုက်ကြအယ်။
JOH 1:38 ယေရှုဟ နောက်သို့လှည့်ယွေ့ ကျေ့ရာ အေးသူလို့ လိုက်လာတာဟို မျော်ရင် “နင်လို့ ပစာဟို အလိုဆိကြတုန်း” လို့ မေးအယ်။ အေးသူလို့ဟ “ရဗ္ဗိ၊ ကိုယ်တော်ဟ ပစာနားမှာ နေလုန်း” ဟု ပြောအယ်၊ (ရဗ္ဗိအနက်မှာ “ဆရာ” ဟု ဆိုလိုအယ်။)
JOH 1:39 ကိုယ်တော်ဟ “လာယွေ့ ကျေ့ကြလော့” လို့ ဖြေအယ်။ အေးအချိန်ဟ ညခင်းလေးနာရီခန့်လောက် ဖြစ်အယ်။ အဲလိုမို့ သူလို့ဟ လိုက်ယွေ့ ကိုယ်တော်နေရာအရပ်ဟို မျော်ပင်း ကိုယ်တော်နဲ့အတူ အဲနေ့နှိုက် အတူနေကြအယ်။
JOH 1:40 ယောဟန် စကားဟို ကြားယွေ့ ကိုယ်တော်ရဲ့ နောက်ဟို လိုက်သွားသောသူ နေယောက်ထဲမှ တယောက်မှာ ရှိမုန် ပေတရုရဲ့ ညီအန္ဒြေ ဖြစ်အယ်။
JOH 1:41 သူဟ အကိုဖြစ်သူ ရှိမုန်ဟို ဦးရင် ဆှာယွေ့ “မေဆှိယဟို ငါတွေ့ပီ” ဟု ပြောအယ်၊ မေဆှိယအနက်မှာ “ခရစ်တော်” ဖြစ်အယ်။
JOH 1:42 အဲပင်းရင် သူဟ ရှိမုန်အား ယေရှုဆေဟို ခေါ်သွားအယ်။ ယေရှုဟ ရှိမုန်ဟို ကျေ့ယွေ့ “နင်နာမယ်ဟ ယောဟန်သား ရှိမုန် ဖြစ်အယ်၊ အဲလိုလဲ နင့်ဟို ကေဖဟု ခေါ်ရလိမ့်မယ်” ဟု ပြောအယ်။ ကေဖဟ ပေတရုဟု နာမယ်နဲ့တူတူ ဖြစ်ယွေ့ “ကျောက်” ဟု အနက်ဆိအယ်။
JOH 1:43 နောက်တနေ့နှိုက် ယေရှုဟ ဂါလိလဲပြေသို့ ထွက်ခွာရန် ဆုံးဖြတ်ခဲ့အယ်။ ဖိလိပ္ပုဟို တွေ့ရင် ကိုယ်တော်ဟ “ငါ့နောက်ဟို လိုက်လော့” မိန့်အယ်။
JOH 1:44 ဖိလိပ္ပုဟ ဗက်ဇဲဒမြို့မှ ဖြစ်အယ်၊ ဗက်ဇဲဒမြို့ဟ အန္ဒြေနဲ့ ပေတရုလို့ နေထိန်သောမြို့ ဖြစ်အယ်။
JOH 1:45 ဖိလိပ္ပုဟ နာသနေလဟို တွေ့သဖြင့် “မောရှေရဲ့ ပညတ်ကျမ်းနဲ့ ပရောဖက်ကျမ်းများတွင်လည်း ရေးသားဖော်ပြထားသူဟို ငါလို့ တွေ့ပီ။ အေးသူဟ ယောသပ်ရဲ့ သား၊ နာဇရက်မြို့မှ ယေရှု ဖြစ်အယ်” ဟု ဆိုအယ်။
JOH 1:46 နာသနေလဟ “နာဇရက်မြို့မှ ကောင်းလဲ့အရာ တစုံတခု ထွက်ပေါ်နိန်ပါသလော” လို့ မေးအယ်။ ဖိလိပ္ပုဟ “လာယွေ့ ကျေ့မန့်” လို့ ပြန်ဖြေအယ်။
JOH 1:47 ယေရှုဟ သူ့ဆေဟို နာသနေလ လာနေတာ မျော်သောအခါ သူဟ “ဟေမှာ ဣသရေလအမျိုးသားစစ် ဖြစ်အယ်၊ သူ့တွင် ပစာအမားမျှ မဆိမန့်” လို့ ကိုယ်တော်အကျောန်းဟို ပြောအယ်။
JOH 1:48 နာသနေလဟ “ကိုယ်တော် စလို ငါ့ဟို သိတုန်း” လို့ ကိုယ်တော်အား မေးအယ်။ ယေရှုဟ “နင့်အား ဖိလိပ္ပု မခေါ်ခင် သင်္ဘောသဖန်းပင်အောက်မှာ ဆိနေခါ နင့်ဟို ငါမျော်အယ်” လို့ ပြန်ဖြေအယ်။
JOH 1:49 နာသနေလဟ “ဆရာ၊ နင်ဟ ဘုရားသခင်ရဲ့ သားတော် ဖြစ်အယ်၊ ဣသရေလအမျိုးသားလို့ရဲ့ ဘုရင် ဖြစ်အယ်” လို့ ပြန်ဖြေအယ်။
JOH 1:50 ယေရှုဟ “သင်္ဘောသဖန်းပင်အောက်တွင် နင့်ဟို ငါမျော်အယ်ဟု ဆိုသောကျောန့် နင် ယုံကြည်သလော။ အေးထက်ပိုယွေ့ ကြီးမြတ်သောအရာလို့ဟို နင် မျော်ရလိမ့်မယ်။
JOH 1:51 နင်လို့အား ငါ အမန်ပြောတာဟ ခေါန်းခင်ပွင့်လျက် လူသားအပေါ်တွင် ဘုရားသခင်ရဲ့ ခေါန်းခင်တမန်များ ဆင်းလျက် တက်လျက်နေကြတာဟို နင်လို့ မျော်ရကြလိမ့်မယ်” ဟု မိန့်အယ်။
JOH 2:1 နောက်နေရက်ပင်းနောက် ဂါလိလဲပြေ ကာနမြို့မှာ မင်္ဂလာဆောင်ပွဲ ကျင်းပအယ်။ အဲနေရာဟို ယေရှုရဲ့ အမေ့ လာရောက်အယ်၊
JOH 2:2 ယေရှုနဲ့ သူ့ရဲ့ တဘဲ့တော်လို့လည်း အေးပွဲသို့ ဖိတ်ခြင်းဟို ခံရအယ်။
JOH 2:3 စပျစ်ယေ ကုန်သွားသောအခါ ယေရှုရဲ့ အမေ့ဟ “အေးသူလို့မှာ စပျစ်ယေ မဆိတော့ဝူး” လို့ ယေရှုအား ပြောကြားအယ်။
JOH 2:4 ယေရှုဟ “ငါ ပစာ လုပ်ရမယ်ဆိုတာဟို နင်ပြောဖို့ မလိုဝူး၊ ငါ့အချိန် မရောက်သေးဝူး” လို့ ပြန်ပြောအယ်။
JOH 2:5 အဲအခါ ယေရှုရဲ့ အမေ့ဟ အစေခံလို့အား “သူစေခိုင်းလဲ့အတိုင်း လုပ်ဆောင်ကြလော့” ဟု ဆိုအယ်။
JOH 2:6 ယုဒအမျိုးသားလို့ရဲ့ ထုံးတမ်းစဉ်လာစလေ့အရ သန့်စင်မှုဟို ပြုရန် ရည်ရွယ်ချက်ဖြင့် ကျောက်အိုးကြီး ခြောက်လုံးဟို ထားအယ်၊ အဲယေအိုးတလုံးစီဟ ဂါလံနေဆယ်နဲ့ သုံးဆယ်ခန့်လောက် ဆန့်အယ်။
JOH 2:7 ယေရှုဟ “အေးအိုးများတွင် ယေအပြေ့ ထည့်ကြလော့” လို့ အစေခံလို့အား မိန့်အယ်။ သူလို့ဟ အိုးအဝထိ ယေပြေ့အောန် ထည့်ကြအယ်၊
JOH 2:8 အဲပင်းရင် ကိုယ်တော်ဟ “အေးအိုးများမှ အခု ယေ ကတစ်ဟို ခပ်ယွေ့ ပွဲအုပ်ဆေ ယူသွားကြလော့” ဟု သူလို့အား မိန့်အယ်။ သူလို့ဟ ပွဲအုပ်ဆေဟို ယေ ယူသွားအယ်၊
JOH 2:9 ပွဲအုပ်ဟ စပျစ်ယေအဖြစ် ပြောင်းလဲလာသောယေဟို မြည်းကျေ့အယ်။ အစေခံလို့ဟ စပျစ်ယေဟို ပစာမှ ရဆိကျောန်းဟို သိကြသော်လည်း ပွဲအုပ်မှာ မသိ၊ အဲလိုလဲ ပွဲအုပ်ဟ မင်္ဂလာဆောင်သတို့သားဟို ခေါ်ပင်းရင်၊
JOH 2:10 “လူတိုင်းဟို စပျစ်ယေကောင်းနဲ့ အဦးဆုံး ဧည့်ခံတတ်အယ်၊ ဧည့်သည်လို့ ရမ်းဆာ့ မူးပင်းနောက် စပျစ်ယေအညံ့ဟို ထည့်ပေးလေ့ ဆိအယ်။ အဲလိုလဲ နင်ဟ စပျစ်ယေကောင်းဟို အခုထိ သိမ်းထားပီ” ဟု ဆိုအယ်။
JOH 2:11 ယေရှုဟ ဟေဦးရင်ဆုံးသော နိမိတ်လက္ခဏာဟို ဂါလိလဲပြေ ကာနမြို့တွင် ပြုလျက် ကိုယ်တော်ဟ မိမိရဲ့ ဘုန်းအသရေဟို ထင်ဆှားစေအယ်၊ သူ့ရဲ့ တဘဲ့တော်လို့ဟ ကိုယ်တော်ဟို ယုံကြည်ကြအယ်။
JOH 2:12 အဲဟာပင်းနောက် ယေရှုနဲ့ သူ့အမေ့၊ ညီအကိုများနဲ့ တဘဲ့တော်လို့ဟ ကပေရနောင်မြို့ဟို ကြွယွေ့ ရက်ကတစ် နေထိန်အယ်။
JOH 2:13 ယုဒအမျိုးသားလို့ရဲ့ ပသခါပွဲ နီးကပ်လာသောအခါ ယေရှုဟ ယေရုရှလင်မြို့ဟို သွားအယ်။
JOH 2:14 ယေရှုဟ ဗိမာန်တော်အတွင်းတွင် နွားများ၊ သိုးများ၊ ချိုးတူးငက်များဟို ရောင်းသူများနဲ့ ငွေလဲလှယ်နေသူများ စားပွဲနှိုက် ထိန်နေတာဟို တွေ့အယ်။
JOH 2:15 အဲအခါ ကြိုးနဲ့ ကျာပွတ်ဟို ပြုလုပ်ပင်း သိုး၊ နွားနဲ့တကွ အဲလူအားလုံးဟို ဗိမာန်တော်ထဲမှ မောင်းထုတ်အယ်၊ ငွေလဲလှယ်သူလို့ရဲ့ ငွေများဟို မောက်ချယွေ့ သူလို့ရဲ့ စားပွဲများဟို လောပစ်အယ်။
JOH 2:16 ကိုယ်တော်ဟ ချိုးတူးငက်လို့ ရောင်းသူများအား “ဟေအရာများဟို ယူသွားကြ၊ တို့ဖရဲ့ အိုင်တော်ဟို ဆေး မဖြစ်စေနဲ့” မိန့်အယ်။
JOH 2:17 သူ့ရဲ့ တဘဲ့တော်လို့ဟ “ကိုယ်တော်ရဲ့ အိုင်တော်အတွက် စိတ်အားထက်သန်ခြင်းဟ ငါ့ဟို လွှမ်းမိုးလျက် ဆိအယ်” ဟူသော ရေးထားတာဟို သတိရကြအယ်။
JOH 2:18 ယုဒအာဏာပိုင်လို့ဟ မေးခွန်းများနဲ့ ကိုယ်တော်ဆေဟို ပြန်လာပင်း “နင်ဟ ဟေအမှုအရာများဟို ပြုလုပ်ပိုင်ကျောန်း သိသာစေရန် ငါလို့အား ပစာ နိမိတ်လက္ခဏာဟို ပြမှာတုန်း။”
JOH 2:19 ယေရှုဟ “ဟေဗိမာန်တော်ဟို ဖြိုဖျက်ကြလော့၊ သုံးရက်အတွင်း ငါ ပြန်လည် တည်ဆောက်မယ်” ဟု မိန့်အယ်။
JOH 2:20 ယုဒအမျိုးသားလို့ဟ “ဟေဗိမာန်တော်ဟို တည်ဆောက်ရန် လေးဆယ့်ခြောက်နှစ် ကြာအယ်၊ နင်ဟ သုံးရက်နဲ့ ပြန်ဆောက်မို့လော” ဟု ပြောပြန်ကြအယ်။
JOH 2:21 အဲလိုလဲ ယေရှုဟ မိမိ ကိုယ်ခန္ဓာဖြစ်သော ဗိမာန်တော်ဟို ရည်ညွှန်းယွေ့ ပြောခြင်းဖြစ်အယ်။
JOH 2:22 ကိုယ်တော် သေခြင်းမှ ဆှင်ပြန်ထမြောက်ပင်းနောက် တဘဲ့တော်လို့ဟ ကိုယ်တော်မိန့်ခဲ့သော စကားဟို အမှတ်ရကြအယ်။ အဲပင်းရင် ကျမ်းစာနဲ့ ယေရှု မိန့်ခဲ့သော စကားဟို ယုံကြည်ကြအယ်။
JOH 2:23 ပသခါပွဲအတွင်း ယေရုရှလင်မြို့နှိုက် ယေရှုဆိစဉ် ရမ်းဆာ့သောလူလို့ဟ ကိုယ်တော်ပြုသော နိမိတ်လက္ခဏာများဟို မျော်ရကြသဖြင့် ကိုယ်တော်ဟို ယုံကြည်လာကြအယ်။
JOH 2:24 အဲလိုလဲ ယေရှုဟ အဲသူလို့ဟို မယုံကြည်ဝူး၊ အကျောန်းမှာ ကိုယ်တော်ဟ ခပ်သိမ်းသောသူလို့အား သိအယ်။
JOH 2:25 ကိုယ်တော်ဟ သူလို့ရဲ့ စိတ်နေလုံးဟို သိသောကျောန့် ကိုယ်တော်အား လူ့အကျောန်းဟို စသူမှ ပြောရန် မလို။
JOH 3:1 ဖာရိရှဲလို့ အဖွဲ့ဝင်ဖြစ်သော နိကောဒင် နာမယ်ဆိသော ယုဒအမျိုးသား ခေါင်းဆောင်တယောက် ဆိအယ်။
JOH 3:2 သူဟ ညနှိုက် ယေရှုဆေဟို လာယွေ့ “ရဗ္ဗိ၊ ကိုယ်တော်ဟ ဘုရားသခင်ဆေမှ လာသော ဆရာဖြစ်ကျောန်းဟို ငါလို့ သိအယ်။ အကျောန်းမှာ ဘုရားသခင် အတူမပါဆိရင် ကိုယ်တော်ပြုနေသော ဟေနိမိတ်လက္ခဏာများဟို စသူမျှ ပြုနိန်မှာ မဟုတ်မန့်” ဟု ပြောအယ်။
JOH 3:3 ယေရှုဟ “နင်လို့အား ငါ အမန်ဆိုတာဟ တဖန်မွေးဖွားခြင်းမခံသူဟ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟို မမျော်နိန်” ဟု ပြန်ဖြေအယ်။
JOH 3:4 နိကောဒင်ဟလည်း “အသက်ကြီးသောသူဟ စလို မွေးဖွားခြင်းဟို ခံရမှာတုန်း၊ သူ့မေ့ဖိုက်ထဲဟို ပြန်ယွေ့ ဝင်ပင်း ဒုတိယအကြိမ် မွေးဖွားခြင်းဟို ခံရမယ်လော” ဟု မေးအယ်။
JOH 3:5 ယေရှုဟ “နင်အား ငါ အမန်ဆိုတာဟ၊ ယေနဲ့ ဝိညာဉ်တော်အားဖြင့် မွေးဖွားလာသူ မဟုတ်ရင် စသူမျှ ဘုရားသခင်ရဲ့ နိုင်ငံတော်သို့ မဝင်ရ။
JOH 3:6 အသွေးအသားအားဖြင့် မွေးဖွားသူဟ အသွေးအသား ဖြစ်အယ်၊ အဲလိုလဲ ဝိညာဉ်တော်အားဖြင့် မွေးဖွားသူဟ ဝိညာဉ် ဖြစ်အယ်။
JOH 3:7 တဖန်မွေးဖွားခြင်း ခံရကြမယ်လို့ ငါဆိုသောကျောန့် မအံ့ဩနဲ့။
JOH 3:8 လေဟ မိမိတိုက်လိုရာသို့ တိုက်တတ်အယ်။ လေရဲ့အသံဟို ကြားရပေမဲ့ ပစာအရပ်မှ တိုက်လာအယ် အဲဟာမဟုတ်ရင် ပစာအရပ်ဟို တိုက်လိမ့်မယ်ဟို နင်လို့ မသိနိန်။ အဲလိုမို့ ဝိညာဉ်တော်အားဖြင့် မွေးဖွားသူတိုင်းဟလည်း ဟေတိုင်းတိုင်းပင် ဖြစ်အယ်” ဟု ပြောအယ်။
JOH 3:9 နိကောဒင်ဟ “ဟေအမှုအရာလို့ဟ စလို ဖြစ်နိန်မှာတုန်း” ဟု မေးအယ်။
JOH 3:10 ယေရှုဟလည်း “နင်ဟ ဣသရေလအမျိုးသားလို့ရဲ့ ကြီးမြတ်လဲ့ ဆရာတဦးဖြစ်လျက်နဲ့ အဲအရာဟို မသိသလော။
JOH 3:11 နင့်အား ငါ အမန်ဆိုတာဟ ငါလို့ဟ မိမိလို့သိသောအရာဟို ပြောကြအယ်၊ မျော်သောအရာဟို သက်သေခံကြအယ်၊ အဲလိုလဲ ငါလို့ရဲ့ သက်သေခံချက်ဟို နင်လို့ လက်မခံကြ။
JOH 3:12 ဟေလောကနဲ့ဆိုင်သောအရာများဟို ငါဖော်ပြသောအခါ နင်လို့ မယုံရင် ခေါန်းခင်နဲ့ ဆိုင်သောအရာများဟို ဖော်ပြသောအခါ စလို နင်လို့ ယုံကြမှာတုန်း။
JOH 3:13 ခေါန်းခင်မှ ဆင်းသက်လာသော လူသားမှတပါး စသူမျှ ခေါန်းခင်ဘုံသို့ မရောက်ဖူးကြ” မိန့်အယ်။
JOH 3:14 မောရှေဟ တောကန္တာရနှိုက် တိုင်ထိပ်ပေါ်တွင် ကြေးမြွေဟို မြှောက်ထားသလို လူသားဟလည်း အဲတိုင်းတိုင်း မြှောက်ထားခြင်းဟို ခံရလိမ့်မယ်၊
JOH 3:15 အဲလိုမို့ သူ့ဟို ယုံကြည်သောသူတိုင်းဟ ထာဝရ အသက်ဟို ရဆိလိမ့်မယ်။
JOH 3:16 ဘုရားသခင်ဟ လောကသားလို့ဟို ရမ်းဆာ့ ချစ်သောကျောန့် မိမိရဲ့တပါးတည်းသော သားတော်ဟို ပေးအယ်၊ အဲဟာဟ သားတော်ဟို ယုံကြည်သောသူတိုင်း မပျက်စီးဘဲ ထာဝရအသက်ဟို ရဆိစေရန် ဖြစ်အယ်။
JOH 3:17 အကျောန်းမှာ ဘုရားသခင်ဟ သားတော်ဟို ဟေလောကသို့ စေလွှတ်တာဟ လောကသားလို့ဟို အပစ်စီရင်ရန် မဟုတ်၊ အဲလိုလဲ လောကသားလို့ဟ သားတော်အားဖြင့် ကယ်တင်ခြင်း ခံရရန်အတွက် ဖြစ်အယ်။
JOH 3:18 သားတော်ဟို ယုံကြည်သူဟ အပစ်စီရင်ခြင်း မခံရ၊ အဲလိုလဲ မယုံကြည်သူဟတော့ ဘုရားသခင်ရဲ့ တပါးတည်းသော သားတော်ဟို မယုံကြည်သောကျောန့် အပစ်စီရင်ခြင်းဟို ခံရအယ်။
JOH 3:19 အပစ်စီရင်ခြင်းရဲ့ အကျောန်းအရာဟ ဟေလို ဖြစ်အယ်၊ အလင်းဟ ဟေလောကသို့ ရောက်ဆိလာအယ်၊ အဲလိုလဲ လူလို့ဟ ဆိုးယုတ်သောသူများဖြစ်သောကျောန့် အလင်းထက် မိုက်ဟို ပိုပင်း ချစ်ကြအယ်။
JOH 3:20 ဆိုးယုတ်သောအကျင့်ဟို ကျင့်သောသူအပေါင်းလို့ဟ အလင်းဟို မုန်းယွေ့ မိမိလို့အကျင့်နှိုက် အပစ်ပါတာဟို မထင်ဆှားစေဖို့ အလင်းအနီးဟို မချဉ်းကပ်လိုကြ။
JOH 3:21 အဲလိုလဲ သမ္မာတရားဟို ကျင့်သောသူများမှာ မိမိပြုသောအရာလို့ဟ ဘုရားသခင်ရဲ့ အလိုတော်နဲ့အညီဖြစ်ကျောန်း သူလို့ သိသာထင်ဆှားစေရန် အလင်းဟို ချဉ်းကပ်လာအယ်။
JOH 3:22 အဲပင်းရင် ယေရှုဟ တဘဲ့တော်လို့နဲ့အတူ ယုဒနယ်ဟို ကြွပင်း အေးအရပ်တွင် တဘဲ့တော်လို့နဲ့အတူ နေလျက် နှစ်ခြင်းမင်္ဂလာဟို ပေးလေအယ်။
JOH 3:23 ယောဟန်ဟလည်း ရှာလိမ်မြို့အနီး အဲနုန်အရပ်တွင် ယေများစွာ ဆိသောကျောန့် နှစ်ခြင်းမင်္ဂလာဟို ပေးလျက်နေအယ်။ လူလို့ဟ ယောဟန်ဆေသို့ လာယွေ့ နှစ်ခြင်းမင်္ဂလာဟို ခံယူကြအယ်။
JOH 3:24 အဲဟာဟ ယောဟန် ထောင်ထဲနှိုက် ထည့်ထားခြင်း မခံရသေးကျောန့် ဖြစ်အယ်။
JOH 3:25 ယောဟန်ရဲ့ တဘဲ့အချို့လို့ဟ ထုံးတမ်းစဉ်လာစလေ့အရ သန့်ဆှင်းခြင်းအကျောန်းနဲ့ ပတ်သက်ယွေ့ ယုဒအမျိုးသားတယောက်နဲ့ စတင် အငြင်းပွားကြအယ်။
JOH 3:26 အဲလိုမို့ သူလို့ဟ ယောဟန်ဆေဟို လာပင်း “ဆရာ၊ ယော်ဒန်မြစ် အဆေ့ဘက်ကမ်းဆိ ကိုယ်တော်ဆေဟို လာရောက်ခဲ့ဖူးသူ လူတယောက်ဟို သတိရလော့။ သူရဲ့အကျောန်း ဆရာဟို သက်သေခံခဲ့ဖူးပါအယ်၊ အခု သူဟ နှစ်ခြင်းမင်္ဂလာဟို ပေးလျက်နေအယ်၊ လူအပေါင်းလို့ဟလည်း သူ့ဆေဟို လာလျက်နေကြအယ်” လို့ ပြောအယ်။
JOH 3:27 ယောဟန်ဟ “ဘုရားသခင် မပေးအပ်ရင် စသူမှ စလိုအရာဟိုမျှ မရနိန်။
JOH 3:28 ‘ငါဟ မေဆှိယ မဟုတ်၊ သူ့ဆေ့နှိုက် စေလွှတ်ခြင်း ခံရသောသူသာ ဖြစ်အယ်’ ဟု ငါပြောခဲ့ကျောန်း နင်လို့တတ်တိုင်းဟ ငါရဲ့ သက်သေများ ဖြစ်ကြအယ်။
JOH 3:29 မင်္ဂလာဆောင်သတို့သမီးဟို သိမ်းပိုက်ရသူဟ မင်္ဂလာဆောင်သတို့သား ဖြစ်အယ်၊ အဲလိုလဲ သတို့သားရဲ့ မိတ်ဆွေဟ အဆင်သင့်စောင့်ဆိုင်းကာ သတို့သားရဲ့ အသံဟို နားထောင်လျက်နေအယ်၊ သတို့သားရဲ့ အသံဟို ကြားသော် ရမ်းဆာ့ ဝမ်းသာအားရသလို ငါဟလည်း အခု အပြေ့အဝ ဝမ်းသာရလေပီ။
JOH 3:30 အဲသူဟ တိုးပွားရမယ်၊ ငါဟတော့ ဆိုးယုတ်ရမယ်” ဟု ပြန်ဖြေအယ်။
JOH 3:31 အထက်မှ ကြွလာသောသူဟ အလုံးစုံလို့ထက် ကြီးမြတ်အယ်။ မြေကြီးမှ ဖြစ်သောသူဟ မြေကြီးနဲ့ဆိုင်ယွေ့ မြေကြီးနဲ့ဆိုင်သောအရာများဟို ပြောတတ်အယ်၊ ခေါန်းခင်မှ ကြွလာသောသူဟ အလုံးစုံလို့ရဲ့ အထက်မှာ ဆိအယ်။
JOH 3:32 ကိုယ်တော်ဟ မိမိမျော်ခဲ့ ကြားခဲ့ရသောအရာလို့ဟို ဟောပြောသော်လည်း ကိုယ်တော်ရဲ့ သက်သေခံချက်ဟို စသူမျှ လက်မခံကြ။
JOH 3:33 ကိုယ်တော်ရဲ့ သက်သေခံချက်ဟို လက်ခံသောသူဟတော့ အေးလို လက်ခံခြင်းအားဖြင့် ဘုရားသခင်ဟ သစ္စာစောင့်တာဟု အသိမှတ်ပြုအယ်။
JOH 3:34 ဘုရားသခင်ဟ မိမိစေလွှတ်သောသူအား ဝိညာဉ်တော်ဟို အပြေ့အဝ ချပေးသောကျောန့် အေးသူဟ ဘုရားသခင်ရဲ့ နှုတ်ကပတ်တရားတော်ဟို ဟောပြောတတ်အယ်။
JOH 3:35 ခမည်းတော်ဟ သူ့သားတော်ဟို ချစ်ယွေ့ အရာခပ်သိမ်းလို့ဟို သားတော်လက်သို့ ပေးအပ်ပီ။
JOH 3:36 သားတော်ဟို ယုံကြည်သူဟ ထာဝရ အသက်ဟို ရအယ်၊ သားတော်ရဲ့ စကားဟို မနာခံသောသူဟတော့ အသက်ဟို မရဘဲ ဘုရားသခင်ရဲ့ အမျက်တော်ဟ သူ့အပေါ်နှိုက် တည်လိမ့်မယ်။
JOH 4:1 ယေရှုဟ ယောဟန်ထက် ပိုပင်းများလဲ့ တဘဲ့များဟို နှစ်ခြင်းပေးလျက်နေတာဟို ဖာရိရှဲလို့ ကြားသိကြအယ်။
JOH 4:2 အမန်မှာ ယေရှုတတ်တိုင်း စသူ့ဟိုမှ နှစ်ခြင်း မပေး၊ တဘဲ့တော်လို့သာ ပေးခြင်း ဖြစ်အယ်။
JOH 4:3 အဲလိုမို့ ဖာရိရှဲလို့ ကြားကျောန်းဟို ယေရှုသိသောအခါ ယုဒပြေမှ ထွက်ခွာယွေ့ ဂါလိလဲပြေဟို ပြန်သွားအယ်၊
JOH 4:4 လမ်းတွင် ရှမာရိနယ်ဟို ဖြတ်ယွေ့ သွားရအယ်။
JOH 4:5 ယာကုပ်ဟ သူ့ရဲ့ သားယောသပ်အား ပေးလဲ့ မြေကွက်အနီးဆိ ရှမာရိနယ်၊ ရှုခါ နာမယ် ဆိသောမြို့ဟို ရောက်အယ်။
JOH 4:6 အေးအရပ်တွင် ယာကုပ်ရဲ့ ယေတွင်း ဆိအယ်၊ ယေရှုဟ ခရီးသွားယွေ့ ပင်ပန်းသဖြင့် ယေတွင်းအနီးတွင် ထိန်နေအယ်။ အေးအချိန်ကား မွန်းတည့်အချိန်ခန့် ဖြစ်အယ်။
JOH 4:7 ရှမာရိ အမျိုးသမီးတဦးဟ ယေခပ်ရန် ရောက်ဆိလာအယ်၊ ယေရှုဟ “ငါသောက်ဖို့ ယေပေးမန့်” လို့ အေးအမျိုးသမီးဟို မိန့်လေအယ်။
JOH 4:8 သူ့ရဲ့ တဘဲ့တော်လို့ဟ အစားအစာဝယ်ရန် မြို့ထဲဟို သွားနေခိုက် ဖြစ်အယ်။
JOH 4:9 ရှမာရိအမျိုးသမီးဟ “နင်ဟ ယုဒ အမျိုးသားတယောက်ဖြစ်ပါလျက် ရှမာရိ အမျိုးသမီးဖြစ်သူ ကျွန်မဆေမှ စလို သောက်ဖို့ တောင်းတုန်း” လို့ မေးအယ်။ အေးလို့ မေးရလဲ့အကျောန်းမှာ ယုဒလူလို့ဟ ရှမာရိလူလို့ရဲ့ မုတ်နဲ့ ပန်းကန်လို့ဟို အသုံးပြုလေ့ မဆိကြသောကျောန့် ဖြစ်အယ်။
JOH 4:10 ယေရှုဟ “ဘုရားသခင် ပေးလဲ့ ဆုကျေးဇူးနဲ့ နင့်အား သောက်ဖို့ ယေတောင်းနေသူဟ စသူဖြစ်တာဟို နင်သိရင် အေးသူဆေမှ အသက်ယေဟို တောင်းလိမ့်မယ်၊ အေးသူဟလည်း နင့်အား အေးယေဟို ပေးလိမ့်မယ်” ဟု မိန့်လေအယ်။
JOH 4:11 အေးအမျိုးသမီးဟ “ဆရာ၊ ယေတွင်းဟ နက်ပင်း ကိုယ်တော်မှာ ခပ်စရာ ယေပုံး မဆိမန့်။ ဖယ်နားဟနေပင်း အသက်ယေဟို ရမာလုန်း။
JOH 4:12 ငါလို့ ဖိုးဘေး ယာကုပ်ဟ သူတတ်တိုင်းမှစယွေ့ လူပဲ့သငယ်များ၊ တိရစ္ဆာန်များဟ ဟေယေတွင်း ယေဟို သောက်ခဲ့ကြအယ်။ ကိုယ်တော်ဟ အဖ ယာကုပ်ထက်ပင် ကြီးမြတ်သလော” ဟု ဆိုအယ်။
JOH 4:13 ယေရှုဟ “ဟေယေဟို သောက်သောသူတိုင်း နောက်တဖန် ယေငတ် လိမ့်အုံးမယ်၊
JOH 4:14 အဲလိုလဲ ငါပေးလဲ့ ယေဟို သောက်သူဟ နောက်တဖန် ဖယ်တော့မှ ယေငတ်ခြင်းနဲ့ ကင်းလွတ်လိမ့်မယ်။ အမန်တကယ် ငါပေးလဲ့ ယေဟ အဲသူလို့နှိုက် ထာဝရ အသက်ဆှင်ခြင်းအလိုငှာ ထွက်သောစမ်းယေ ဖြစ်လိမ့်မယ်” ဟု မိန့်လေအယ်။
JOH 4:15 အဲအမျိုးသမီးဟ “ဆရာ၊ ကျွန်မဟ နောက်တခါ ယေ မငတ်စေရန်နဲ့ ဟေအရပ်ဟို လာယွေ့ ယေ မခပ်ရအောန် အေးယေဟို ကျွန်မအား ပေးမန့်” ဟု ပြောအယ်။
JOH 4:16 ယေရှုဟ “သွားလော့၊ နင့်ဖိုးအိုဟို ခေါ်ပင်း ဟေဟို လာလော့” လို့ မိန့်အယ်။
JOH 4:17 အဲအမျိုးသမီးဟ “ကျွန်မမှာ ဖိုးအို မဆိပါ” ဟု ပြန်ပြောအယ်။ ယေရှုဟ “နင့်မှာ ဖိုးအို မဆိဟု ဆိုတာဟ မန်အယ်။
JOH 4:18 နင့်မှာ ဖိုးအို ငါးယောက် ဆိခဲ့ဖူးပီ၊ အခု နင်နဲ့အတူနေသောသူဟ နင်ရဲ့ဖိုးအို မဟုတ်။ နင်ဟ မန်သောစကားဟို ငါ့အား ပြောအယ်” ဟု မိန့်လေအယ်။
JOH 4:19 အဲမိန်းမဟ “ဆရာ၊ နင်ဟ ပရောဖက်ဖြစ်ကျောန်းဟို ကျွန်မ မျော်အယ်။”
JOH 4:20 “ငါလို့ရဲ့ ဘိုးဘေးများဟ ဟေတောင်ပေါ်မှာ ဘုရားသခင်ဟို ဝတ်ပြုကိုးကွယ် ခဲ့ကြအယ်၊ အဲလိုလဲ ယုဒလူလို့ဟ ဘုရားသခင်ဟို ဝတ်ပြုကိုးကွယ်ရမဲ့ နေရာဟ ယေရုရှလင်မြို့နှိုက် ဆိတာဟု ပြောဆိုကြအယ်” ဟု ဆှောက်အယ်။
JOH 4:21 ယေရှုဟ “အချင်းမိန်းမ၊ ငါ့စကားဟို ယုံလော့၊ ဟေတောင်ပေါ်နှိုက် အဲဟာမဟုတ်ရင် ယေရုရှလင်မြို့နှိုက် လည်းကောင်း ခမည်းတော်ဟို ဝတ်ပြုကိုးကွယ်ခြင်း မပြုတော့မဲ့အချိန် ရောက်ဆိလာလိမ့်မယ်။
JOH 4:22 ရှမာရိအမျိုးဖြစ်လဲ့ နင်လို့ဟ မိမိလို့တကယ်မသိလဲ့ ဘုရားဟို ဝတ်ပြုကိုးကွယ်ကြအယ်၊ အဲလိုလဲ ငါလို့ဟတော့ ငါလို့သိလဲ့ ဘုရားဟို ဝတ်ပြုကိုးကွယ်ကြအယ်၊ ပစာကို့ ကယ်တင်ခြင်းဟ ယုဒအမျိုးသားဆေမှ တဆင့် သက်ရောက်လာသောကျောန့် ဖြစ်အယ်။
JOH 4:23 ဝတ်ပြုကိုးကွယ်သူလို့ဟ ခမည်းတော်အား အမန်စင်စစ်ဖြစ်လဲ့အတိုင်း ဝိညာဉ်တော် တန်ခိုးအားဖြင့် မန်ကန်စွာ ဝတ်ပြုကိုးကွယ်ရမဲ့အချိန် ရောက်လာမယ်ဖြစ်ရာ အခုပင် ရောက်လျက်ဆိအယ်၊ အကျောန်းမှာ ခမည်းတော်ဟ အေးလိုမျိုးသော ဝတ်ပြုကိုးကွယ်သူလို့ဟို အလိုဆိအယ်။
JOH 4:24 ဘုရားသခင်ဟ နာမ်ဝိညာဉ် ဖြစ်ယွေ့ ဘုရားသခင်အား ကိုးကွယ်သူလို့ဟ နာမ်ဝိညာဉ်နဲ့ သမ္မာတရားအားဖြင့် ကိုးကွယ်ရမယ်” ဟု မိန့်အယ်။
JOH 4:25 မိန်းမဟ “ခရစ်တော်ဟု ခေါ်သော မေဆှိယ ကြွလာတာဟို ကျွန်မ သိပါအယ်၊ အေးသခင် ကြွလာသောအခါ ငါလို့အား အမှုအရာခပ်သိမ်းဟို ဖော်ပြပါလိမ့်မယ်” ဟု ဆှောက်အယ်။
JOH 4:26 ယေရှုဟလည်း “နင်နဲ့ စကားပြောနေသူဟ ငါပင် ဖြစ်အယ်” ဟု ပြန်ပြောအယ်။
JOH 4:27 အဲအချိန်နှိုက် တဘဲ့တော်လို့ ပြန်ရောက်လာကြအယ်၊ သူလို့ဟ အေးမိန်းမနဲ့ ကိုယ်တော် စကားပြောနေတာဟို တွေ့ရသဖြင့် အံ့ဩကြအယ်။ အဲလိုလဲ အေးမိန်းမဟို “ပစာဟို နင် အလိုဆိတုန်း” ဟူယွေ့ လည်းကောင်း၊ ကိုယ်တော်အား “ပစာကျောန့် အေးမိန်းမနဲ့ နင် စကားပြောနေတာတုန်း” ဟူယွေ့ လည်းကောင်း စသူမျှ မမေးဆှောက်ကြ။
JOH 4:28 အဲပင်းရင် မိန်းမဟ မိမိရဲ့ ယေအိုးဟို ထားခဲ့ယွေ့ မြို့ထဲဟို ပြန်သွားပင်း အဲမှာဆိလဲ့
JOH 4:29 “ငါ ပြုခဲ့သမျှသောအရာလို့ဟို ငါ့အား ပြောပြသူဟို လာပင်း ကျေ့ကြပါ။ သူဟ မေဆှိယ ဖြစ်လိမ့်မယ်လော” ဟု လူလို့အား ဆိုအယ်။
JOH 4:30 အဲလိုမို့ လူလို့ဟ မြို့ထဲမှထွက်ယွေ့ ကိုယ်တော်ဆေဟို လာကြအယ်။
JOH 4:31 ဟေအချိန်အတွင်းနှိုက် တဘဲ့တော်လို့ဟ “ဆရာ၊ အစားအစာ သုံးဆောင်ပါ” ဟု ကိုယ်တော်အား တောင်းပန်ကြအယ်။
JOH 4:32 အဲလိုလဲ ကိုယ်တော်ဟ “နင်လို့ မသိကြလဲ့စားဖို့ အစားအစာဟို ငါမှာဆိအယ်” ဟု မိန့်အယ်။
JOH 4:33 အေးကျောန့် တဘဲ့တော်လို့ဟ “ကိုယ်တော်အား တစုံတယောက်သောသူဟ အစားအစာဟို ပို့ပီလော” လို့ အချင်းချင်း စတင်ပင်း မေးကြအယ်။
JOH 4:34 ယေရှုဟ “ငါ့ဟို စေလွှတ်သော သူရဲ့အလိုတော်ဟို ဆောင်ရွက်ယွေ့ သူရဲ့ အမှုဟို ပီးမြောက်စေခြင်းဟ ငါရဲ့ အစားအစာ ဖြစ်အယ်။
JOH 4:35 နင်လို့ဟ ‘နောက်လေးလမျှကြာရင် ကောက်ရိတ်ချိန် ရောက်လိမ့်မယ်’ ဟု ဆိုတတ်ကြအယ် မဟုတ်လော။ အဲလိုလဲ နင်လို့အား ငါဆိုတာဟ လယ်ပြင်လို့ဟို မျော်ကျေ့လော့၊ သီးနှံလို့ဟ မှည့်ဝင်းနေပင်း ရိတ်သိမ်းရန် အသင့်ဖြစ်နေပီ။
JOH 4:36 ရိတ်သူဟ အခဟို ခံယူပင်း ထာဝရ အသက်ဆှင်ခြင်းအလိုငှာ သီးနှံများဟို ရိတ်သိမ်းအယ်၊ အဲလိုမို့ စိုက်သူနဲ့ ရိတ်သူလို့ဟ အတူဝမ်းမြောက်ကြလိမ့်မယ်။
JOH 4:37 ‘တဦးဟ စိုက်ယွေ့ နောက်တဦး ရိတ်ရအယ်’ ဟု အေးစကားဟ မန်ကန်လျက် နေအယ်။
JOH 4:38 နင်လို့ မစိုက်မပျိုးလဲ့ လယ်မှအသီးအနှံများဟို ရိတ်သိမ်းရန် နင်လို့အား ငါစေလွှတ်အယ်၊ အခြားသောသူလို့ဟ စိုက်ပျိုးလုပ်ဆောင်ကြယွေ့ နင်လို့ဟ အကျိုးဟို ခံစားကြယာ့အယ်” ဟု မိန့်အယ်။
JOH 4:39 ရှမာရိအမျိုးသမီးဟ “ဟေသူဟ ငါပြုခဲ့သမျှသော အမှုအရာများဟို သက်သေခံခဲ့အယ်” ဟု ဆိုသဖြင့် အေးမြို့ဆိ ရှမာရိလူ အမြောက်အမြားပင် ယေရှုအား ယုံကြည်လာကြအယ်။
JOH 4:40 အဲလိုမို့ ရှမာရိလူလို့ဟ ကိုယ်တော်ဆေဟို ရောက်လာကြသောအခါ မိမိလို့ဆေတွင် နေပါဟု တောင်းပန်ကြအယ်၊ ယေရှုဟ အေးအရပ်တွင် နေရက်မျှ နေလေအယ်။
JOH 4:41 ကိုယ်တော်ရဲ့ တရားဟို ကြားနာရသောကျောန့် ကိုယ်တော်ဟို ယုံကြည်လာကြသူ အမြောက်အများလည်း ဆိအယ်။
JOH 4:42 အေးသူလို့ဟ မိန်းမအား “အခု ငါလို့ဟ ကိုယ်တော်အား ယုံကြည်လာကြတာဟ နင့်စကားကျောန့် မဟုတ်၊ ကိုယ်တော်ရဲ့တရားဟို ငါလို့တတ်တိုင်း ကြားကြရသောကျောန့် ဖြစ်အယ်၊ ဟေသူဟ လောကရဲ့ ကယ်တင်ဆှင် အစစ်အမန်ပင်ဖြစ်ကျောန်း ငါလို့ သိကြပီ” ဟု ဆိုကြအယ်။
JOH 4:43 အေးအရပ်နှိုက် နေရက်နေပင်းနောက် ယေရှုဟ ဂါလိလဲပြေဟို ကြွလေအယ်။
JOH 4:44 ပရောဖက်ဟ မိမိနေရင်းပြေနှိုက် ဂုဏ်သရေမဆိကျောန်း ယေရှုတတ်တိုင်း သက်သေခံအယ်။
JOH 4:45 ဂါလိလဲပြေသို့ ရောက်သောအခါ ဂါလိလဲပြေသားလို့ဟ ကိုယ်တော်ဟို လက်ခံကြိုဆိုကြအယ်၊ ပစာကို့ ယေရုရှလင်မြို့တွင် ကျင်းပခဲ့လဲ့ ပသခါပွဲတော်ဟို သူလို့တတ်တိုင်းရောက်ခဲ့ကြယွေ့ အေးပွဲတော်အတွင်းနှိုက် ကိုယ်တော်ပြုခဲ့သော အမှုအရာအပေါင်းဟို မျော်ခဲ့ကြအယ်။
JOH 4:46 အေးနောက် ကိုယ်တော်ဟ ယေဟို စပျစ်ယေ ဖြစ်စေခဲ့ရာ ဂါလိလဲပြေ ကာနမြို့ဟို တခါကြွအယ်။ ကပေရနောင်မြို့နှိုက် အရာဆိတဦး ဆိယွေ့ သူရဲ့သားဟ ဖျားနာနေအယ်။
JOH 4:47 ယုဒပြေမှ ဂါလိလဲပြေသို့ ယေရှုကြွလာကျောန်းဟို အဲအရာဆိဟ ကြားသောအခါ မိမိရဲ့ သားဟ သေခါနီးဖြစ်သောကျောန့် ကိုယ်တော်ဆေဟို သွားပင်း သားရဲ့ အနာရောဂါဟို ပျောက်ကင်းစေပါမဲ့အကျောန်း ဆှောက်ထားအယ်။
JOH 4:48 ယေရှုဟလည်း “နင်လို့ဟ နိမိတ်လက္ခဏာများနဲ့ အံ့ဩဖွယ်သောအမှုလို့ဟို မမျော်ရရင် ပစာအခါမှ ယုံကြည်ကြမယ် မဟုတ်” ဟု မိန့်အယ်။
JOH 4:49 အရာဆိဟ “ဆရာ၊ ငါရဲ့သား မသေခင် ကြွလာမန့်” ဟု ဆှောက်အယ်။
JOH 4:50 ယေရှုဟလည်း “သွားလော့၊ နင့်သားဟ အသက်ဆှင်လိမ့်မယ်” ဟု မိန့်အယ်။ အေးသူဟ ယေရှုမိန့်လဲ့စကားဟို ယုံကြည်လျက် သွားလေအယ်။
JOH 4:51 သူဟ လမ်းမှာဆိနေသေးစဉ် သူရဲ့ အစေခံများ ရောက်လာယွေ့ “နင့်ရဲ့ သားငယ်ဟ သက်သာလာပါပီ” ဟု ပြောကြားကြအယ်။
JOH 4:52 အဲသူဟ “ဖယ်ချိန်နှိုက် သားငယ် ရောဂါသက်သာ သွားတာတုန်း” ဟု မေးသောအခါ အစေခံများဟ “မနေ့ မွန်းလွဲတနာရီခန့်တွင် အဖျားပျောက်အယ်” ဟု ပြန်ဖြေအယ်။
JOH 4:53 အေးအခါ ဖခင်ဖြစ်သူဟ အေးအချိန်သည် “နင့်ရဲ့သား အသက်ဆှင်လိမ့်မယ်” ဟု ယေရှု မိန့်သောအချိန် ဖြစ်ကျောန်းဟို သတိရလေအယ်။ အဲလိုမို့ သူနဲ့တကွ အိုင်သူအိုင်သားအပေါင်းလို့ဟ ကိုယ်တော်အား ယုံကြည်ကြအယ်။
JOH 4:54 ဟေဟ ယုဒပြေမှ ဂါလိလဲပြေဟို ယေရှု ကြွလာပင်းနောက် ဒုတိယအကြိမ် ပြလဲ့ အံ့ဖွယ်နိမိတ်လက္ခဏာ ဖြစ်အယ်။
JOH 5:1 အဲပင်းရင် ယုဒအမျိုးသားလို့ရဲ့ ဘာသာရေးပွဲတော်အတွက် ယေရှုဟ ယေရုရှလင်မြို့ဟို သွားလေအယ်။
JOH 5:2 ယေရုရှလင်မြို့နှိုက် သိုးထင်ခါးအနီးမှာ ယေကန် ဆိအယ်၊ အေးယေကန်ဟို ဟေဗြဲစကားဖြင့် ဗေသေသဒ ဟု ခေါ်အယ်၊ အေးယေကန်ဟို မုခ်ငါးခုဖြင့် ခြံရံထားအယ်။
JOH 5:3 အဲမုခ်များအောက်တွင် — မျက်စေ့ကန်းသူ၊ ခြေမစွမ်းသူ၊ လေဖြတ်သူမှစယွေ့ လူနာအမြောက်အမြား လဲလျောင်းလျက် နေကြအယ်။
JOH 5:4 
JOH 5:5 အဲနေရာတွင် သုံးဆယ့်ဆစ်နေပတ်လုံး မကျန်းမာသောသူ လူတယောက် ဆိအယ်။
JOH 5:6 အဲသူလဲလျောင်းနေတာဟို ယေရှု မျော်သောအခါ ကာလကြာမြင့်စွာ ဟေလို လဲလျောင်းနေခဲ့တာဟို သိအယ်၊ အေးလိုမို့ ကိုယ်တော်ဟ “နင်ဟ ကျန်းမာလိုပါသလော” ဟု မေးအယ်။
JOH 5:7 အဲသူဟ “ဆရာ၊ ယေ လှုပ်ဆှားလာသောအခါ ငါ့ဟို ယေကန်ထဲသို့ ချပေးမဲ့သူ တယောက်မျှ မဆိမန့်။ ငါဆင်းမယ်ပြုနေစဉ် အခြားသူတယောက်ဟ ဦးရင် ယေကန်ထဲဟို ဆင်းသွားတတ်ပါအယ်” ဟု ပြန်ပြောအယ်။
JOH 5:8 ယေရှုဟ “ထလော့၊ နင့်အိပ်ယာဟို ယူယွေ့ လှမ်းသွားလော့” ဟု အေးသူအား မိန့်အယ်။
JOH 5:9 အဲသူဟ ခုတုံး ကျန်းမာလာသဖြင့် မိမိရဲ့ အိပ်ယာဟို ယူယွေ့ လှမ်းသွားလေအယ်။ အေးနေ့ကား ဥပုသ်နေ့ ဖြစ်အယ်၊
JOH 5:10 အဲလိုမို့ ယုဒအာဏာပိုင်လို့ဟ ကျန်းမာလာသူအား “ခနေ့ဟ ဥပုသ်နေ့ ဖြစ်ယွေ့ နင့်အိပ်ယာဟို ဆောင်ယူခြင်းမှာ ငါလို့ ပညတ်တော်နဲ့ ဆန့်ကျင်နေအယ်” ဟု ဆိုအယ်။
JOH 5:11 အဲလိုလဲ သူဟ “ငါ့အား ကျန်းမာစေသူဟ ‘နင့်အိပ်ယာဟို ယူယွေ့ လှမ်းသွားလော့’ လို့ ခိုင်းပါအယ်” ဟု ပြန်ပြောအယ်။
JOH 5:12 အဲလိုမို့ သူလို့ဟ “နင့်အား အိပ်ယာဟို ယူယွေ့ လှမ်းသွားလော့ဟု ဆိုသူဟ စသူလဲ” ဟု သူ့အား မေးကြအယ်။
JOH 5:13 အဲလိုလဲ ကျန်းမာလာသောသူသည် ယေရှုဟ စသူဖြစ်တယ်ဆိုတာဟို မသိ၊ အကျောန်းမှာ အဲအရပ်နှိုက် လူအများဆိယွေ့ ယေရှုဟ မထင်မဆှား ထွက်သွားအယ်။
JOH 5:14 အဲပင်းရင် ယေရှုဟ အေးသူဟို ဗိမာန်တော်ထဲတွင် တွေ့ဆိသဖြင့် “နားထောင်လော့၊ နင်ဟ အခု ကျန်းမာလာလေပီ၊ နောက်ထပ် အပစ်မလုပ်နဲ့ အဲဟာမဟုတ်ရင် နင်ဟ ဟေထက် ဆိုးရွားသောအဖြစ်မျိုးနဲ့ ကြုံရလိမ့်မယ်” ဟု မိန့်လေအယ်။
JOH 5:15 အဲပင်းရင် သူဟ ထွက်သွားယွေ့ မိမိအား ကျန်းမာစေသောသူမှာ ယေရှုဖြစ်ကျောန်း ယုဒအာဏာပိုင်လို့အား ပြောလေအယ်။
JOH 5:16 အေးလိုမို့ ဟေအမှုအရာဟို ဥပုသ်နေ့နှိုက် ပြုသောကျောန့် ယုဒအာဏာပိုင်လို့ဟ ယေရှုအား ညှဉ်းဆဲကြအယ်။
JOH 5:17 ယေရှုဟလည်း “ငါ့ခမည်းတော်ဟ အခုတိုင်အောန် အလုပ်လုပ်တာ ဖြစ်ယွေ့ ငါလည်း အလုပ်လုပ်အယ်” ဟု သူလို့အား ပြန်ပြောလေအယ်။
JOH 5:18 အဲအကျောန်းကျောန့် ယုဒအာဏာပိုင်လို့ဟ ကိုယ်တော်ဟို သတ်ရန် ပိုယွေ့ ကြိုးစားဆှာကြအယ်၊ ဥပုသ်နေ့ဟို ဖောက်ဖျက်ရုံမက ဘုရားသခင်ဟို မိမိရဲ့ အဖဟုခေါ်လျက် မိမိတတ်တိုင်း ဘုရားနဲ့ တန်းတူထားသောကျောန့် ဖြစ်အယ်။
JOH 5:19 ယေရှုဟ ယုဒအာဏာပိုင်လို့အား “နင်လို့အား ငါ အမန်ဆိုအယ်၊ ခမည်းတော်ပြုလဲ့ အမှုအရာများဟို မျော်ယွေ့ ပြုခြင်းမှတပါး အခြားစလိုအရာဟိုမျှ မိမိတတ်တိုင်း မပြုနိန်၊ ပစာကို့ ခမည်းတော်ပြုသမျှအတိုင်း သားတော်လည်း ပြုအယ်။
JOH 5:20 ခမည်းတော်ဟ သားတော်ဟို ချစ်သဖြင့် မိမိပြုသမျှသောအမှုအရာများဟို သားတော်အား ပြသအယ်။ ဟေအမှုအရာများထက်ပင် ကြီးစွာသောအမှုအရာများဟို ပြုရန် ခမည်းတော်ဟ သားတော်အား ပြသပေးမယ် ဖြစ်ယွေ့ နင်လို့ဟ အံ့ဩကြလိမ့်မယ်။
JOH 5:21 ခမည်းတော်ဟ သေလွန်သောသူလို့ဟို အသက်ဆှင်စေသလို အဲတိုင်းတိုင်း သားတော်ဟလည်း မိမိအလိုဆိသူလို့ဟို အသက်ဆှင်စေအယ်။
JOH 5:22 ခမည်းတော်ဟ စသူဟိုမျှ တရားစီရင်တော်မမူ။ သားတော်အား တရားစီရင် ပိုင်ခွင့်ဆိသမျှဟို ပေးအပ်ထားအယ်၊
JOH 5:23 အဲလိုမို့ လူအပေါင်းလို့ဟ ခမည်းတော်အား ရိုသေကြလဲ့တိုင်း သားတော်အား ရိုသေကြရမယ်။ သားတော်အား မရိုသေသောသူဟ သားတော်ဟို စေလွှတ်သော ခမည်းတော်အား မရိုသေသောသူ ဖြစ်အယ်။
JOH 5:24 “နင်လို့အား ငါ အမန်ဆိုတာဟ ငါရဲ့စကားဟို ကြားယွေ့ ငါ့ဟို စေလွှတ်သောသူဟို ယုံကြည်သောသူဟ ထာဝရအသက်ဟို ရအယ်။ သူလို့ဟ တရားစီရင်ခြင်းဟို မခံရဘဲ သေခြင်းမှ အသက်ဆှင်ခြင်းဟို ကူးမြောက်သောသူ ဖြစ်အယ်။
JOH 5:25 နင်လို့အား ငါ အမန်ဆိုတာဟ သေလွန်သောသူလို့ဟ ဘုရားသခင်ရဲ့ သားတော်အသံဟို ကြားယွေ့ ကြားသောသူလို့ဟ အသက်ဆှင်ရမဲ့အချိန် ရောက်လာမယ်ဖြစ်ရာ အခုပင် ရောက်လာလေပီ။
JOH 5:26 အကျောန်းမှာ ခမည်းတော်ဟ မိမိနှိုက် အသက်ဆှင်လဲ့တိုင်းတိုင်း သားတော်ဟိုလည်း မိမိနှိုက် အသက်ဆှင်စေခြင်းငှာ အခွင့်ပေးအယ်။
JOH 5:27 သားတော်ဟ လူသားဖြစ်သောကျောန့် ခမည်းတော်ဟ တရားစီရင်ခြင်း အခွင့်ဟိုလည်း သားတော်အား ပေးပီ။
JOH 5:28 ဟေအမှုအရာဟို နင်လို့ မအံ့သြကြနဲ့၊ လုတ်တိုင်းမှ လူသေလို့ဟ သားတော်ရဲ့ အသံတော်ဟို ကြားယွေ့၊
JOH 5:29 ထွက်လာကြမဲ့အချိန် ကျရောက်လိမ့်မယ်။ အကျင့်ကောင်းဟို ပြုခဲ့သူလို့ဟ ထမြောက်ယွေ့ အသက်ဆှင်လိမ့်မယ်၊ ဆိုးညစ်သောအမှုဟို ပြုကျင့်သောသူလို့ဟလည်း ထမြောက်ယွေ့ အပစ်စီရင်ခြင်းဟို ခံရလိမ့်မယ်။
JOH 5:30 “ငါဟ မိမိအလိုအလျောက် စလိုအရာဟိုမှ မပြုနိန်၊ ငါဟ ကြားရလဲ့အတိုင်းသာ တရားစီရင်ယွေ့ ကိုယ့်အလိုမဟုတ်ဘဲ ငါ့ဟို စေလွှတ်သောသူရဲ့ အလိုတော်ဟို လိုက်နာသောကျောန့် ငါရဲ့ စီရင် ဆုံးဖြတ်ချက်ဟ မန်ကန်အယ်။
JOH 5:31 “ငါဟ မိမိရဲ့အကျောန်းဟို သက်သေခံရင် ငါရဲ့ သက်သေခံချက်ဟ မန်ကန်မှု မဆိ။
JOH 5:32 အဲလိုလဲ ငါ့အကျောန်းဟို သက်သေခံသောသူ တပါးဆိအယ်၊ သူဟ ငါ့အကျောန်း သက်သေခံချက်ဟ မန်အယ်ဆိုတာ ငါသိအယ်။
JOH 5:33 နင်လို့ဟ ယောဟန်ဆေဟို နင်လို့ရဲ့ သတင်းသယ်ဆောင်သူများ စေလွှတ်ခဲ့ကြအယ်၊ သူဟ သမ္မာတရားဘက်နှိုက် သက်သေခံအယ်။
JOH 5:34 အဲကျောန့် လူရဲ့ သက်သေခံချက်ဟို ငါ ခံယူတာ မဟုတ်၊ အဲလိုလဲ နင်လို့ ကယ်တင်ခြင်း ခံရစေရန် ဟေစကားဟို ငါပြောအယ်။
JOH 5:35 ယောဟန်ဟ တောက်လောင်ယွေ့ ထွန်းလင်းသော မီးဖူးလိုမျိုး ဖြစ်အယ်၊ နင်လို့ဟ သူရဲ့ အလင်းနှိုက် ခဏသာပျော်မွေ့ လိုကြအယ်။
JOH 5:36 အဲလိုလဲ ယောဟန်ရဲ့ သက်သေခံချက်ထက် ကြီးမြတ်လဲ့ သက်သေခံချက် ငါ့မှာ ဆိအယ်၊ ခမည်းတော် ငါ့အား ပေးအပ်သဖြင့် ခုတုံး ငါ ပီးမြောက်အောန် လုပ်ဆောင်ဖို့ ဆိလဲ့အရာများဟ ငါ့ဟို ခမည်းတော်စေလွှတ်ကျောန်း သက်သေခံကြအယ်။
JOH 5:37 ငါ့ဟို စေလွှတ်သော ခမည်းတော်တတ်တိုင်းဟလည်း ငါ့အကျောန်းဟို သက်သေခံအယ်။ နင်လို့ဟ ခမည်းတော်ရဲ့အသံဟို ပစာအခါမျှ မကြားဝူးကြ အဲဟာမဟုတ်ရင် ပုံသဏ္ဌာန်တော်ဟိုလည်း မမျော်ဝူးကြ၊
JOH 5:38 ခမည်းတော် စေလွှတ်သောသူဟို မယုံကြည်ကြလဲ့အတွက် နှုတ်ကပတ်တော်ဟ နင်လို့ရဲ့ စိတ်နေလုံးတွင် မကိန်းအောင်း။
JOH 5:39 ကျမ်းစာဟို ဆာဖွေယွေ့ ထာဝရအသက်ဟို တွေ့ဆိလိမ့်မယ်ဟု နင်လို့ ထင်မှတ်ကြသောကျောန့် ကျမ်းစာဟို လေ့လာကြအယ်။ အေးကျမ်းစာပင် ငါ့အကျောန်းဟို သက်သေခံအယ်၊
JOH 5:40 အဲလိုလဲ နင်လို့ဟ အသက်ဟို ရဆိရန် ငါ့ဆေဟို လာခြင်းငှာ အလိုမဆိ။
JOH 5:41 “ငါဟ လူလို့ဆေမှရသော ဘုန်းအသရေဟို မခံမယူ၊
JOH 5:42 အဲလိုလဲ နင်လို့အကျောန်းဟို ငါ သိအယ်။ နင်လို့စိတ်နေလုံးတွင် ဘုရားသခင်ဟို ချစ်ခြင်း မဆိကြ။
JOH 5:43 ငါဟ ခမည်းတော်ရဲ့ အခွင့်အာဏာနဲ့ ရောက်ဆိလာသော်လည်း နင်လို့ဟ ငါ့ဟို လက်မခံကြ၊ အခြားသူတဦးတယောက်ဟ ကိုယ်ပိုင်အခွင့်အာဏာနဲ့ ရောက်ဆိလာပါမူ နင်လို့ လက်ခံကြလိမ့်မယ်။
JOH 5:44 နင်လို့ဟ အခြားသူတယောက်ရဲ့ ဘုန်းအသရေဟို လက်ခံလိုကြအယ်၊ အဲလိုလဲ တဆူတည်းဆိသော ဘုရားသခင်ရဲ့ ချီးမွမ်းဂုဏ်ပြုခြင်းဟို ခံရရန် မကြိုးစားကြ၊ အဲလိုမို့ နင်လို့ဟ ငါ့ဟို စလို ယုံကြည်နိန်ကြမှာတုန်း။
JOH 5:45 ငါဟ နင်လို့အား ခမည်းတော်ရဲ့ ဆေ့တော်နှိုက် အပစ်တင်စွပ်စွဲလိမ့်မယ်ဟု မထင်ကြနဲ့။ နင်လို့အား အပစ်တင်မဲ့သူဟ နင်လို့ ကိုးစားသော မောရှေပင် ဖြစ်အယ်။
JOH 5:46 မောရှေဟ ငါအကျောန်းဟို ရေးထားတာဖြစ်ယွေ့ နင်လို့ဟ မောရှေဟို ယုံကြည်ခဲ့ရင် ငါ့ဟိုလည်း ယုံကြည်ကြလိမ့်မယ်။
JOH 5:47 အဲလိုလဲ နင်လို့ဟ မောရှေ ရေးသားဖော်ပြချက်များဟို မယုံကြည်ကြသဖြင့် စလို ငါ့စကားဟို ယုံနိန်ကြမှာတုန်း” ဟု မိန့်လေအယ်။
JOH 6:1 အဲပင်းရင် ယေရှုဟ ဂါလိလဲအိန် တိဗေရိအိန် ဟုလည်း ခေါ်သော ဟို ကူးလေအယ်။
JOH 6:2 လူနာများအား ရောဂါပျောက်ကင်းစေလဲ့ နိမိတ်လက္ခဏာဟို တွေ့မျော်ခဲ့ကြသောကျောန့် လူအုပ်ကြီးဟ နောက်တော်ဟို လိုက်ကြအယ်။
JOH 6:3 ယေရှုဟ တောင်ပေါ်ဟို တက်ယွေ့ သူ့ရဲ့ တဘဲ့တော်လို့နဲ့အတူ ထိန်အယ်။
JOH 6:4 ယုဒအမျိုးသားလို့ရဲ့ ပသခါပွဲရောက်ရန် အချိန် နီးလာပီ။
JOH 6:5 ယေရှုဟ ဝေ့ကျေ့ပင်း မိမိဆေသို့ လူအုပ်ကြီးလာနေတာဟို မျော်ပင်း “ဟေသူလို့စားရန် အစားအစာ အလုံအလောက်ဟို ပစာမှာ ဝယ်ရမှာလုန်း” ဟု ဖိလိပ္ပုအား မေးအယ်။
JOH 6:6 ဟေလိုမေးခြင်းမှာ ဖိလိပ္ပုဟို စမ်းသပ်လိုယွေ့ ဖြစ်အယ်၊ အမန်တကယ် ကိုယ်တော်ဟ သူပစာလုပ်မယ်ဆိုတာ သိဆိပင်း ဖြစ်အယ်။
JOH 6:7 ဖိလိပ္ပုဟ “လူတိုင်းအတွက် ကတစ်စီကျွေးရန် ငွေဒင်္ဂါး ၂၀၀ ဖိုးနဲ့ ဝယ်ရင်တောင်မှ မုန့်လုံလောက်မယ် မဟုတ်ပါ” ဟု ပြန်ဖြေအယ်။
JOH 6:8 ရှိမုန် ပေတရုရဲ့ ညီ အိန္ဒြေ နာမယ်ဆိသော သူ့ရဲ့ တဘဲ့တော်တယောက်ဟ၊
JOH 6:9 “ဟေနေရာတွင် မုယောမုန့်ငါးလုံးနဲ့ ငါးနေကောင်ပါသော လပဲ့သူငယ်တယောက် ဆိပါအယ်။ အဲလိုလဲ ဟေလောက်များသော လူလို့အား လောက်အောန် ကျွေးနိန်မယ် မဟုတ်ပါ” ဟု ဆှောက်အယ်။
JOH 6:10 ယေရှုဟ “လူလို့အား ထိန်စေကြလော့” ဟု မိန့်အယ်။ အဲအရပ်တွင် မြက်ထူထပ်လျက် ဆိအယ်။ ၅,၀၀၀ ခန့်လောက်ဆိလဲ့ ယောက်ျားလို့ဟ မြက်ခင်းပေါ်တွင် ထိန်ကြအယ်။
JOH 6:11 အဲပင်းရင် ယေရှုဟ မုန့်ဟိုယူယွေ့ ဘုရားသခင်အား ကျေးဇူးတော်ဟို ချီးမွမ်းပင်း ထိန်နေသော သူလို့အား ဝေငှပေးအယ်။ သူဟ ငါးဟိုလည်း အဲတိုင်းတိုင်းပြုပင်း လူလို့ဟ သူလို့ အလိုဆိလဲ့အတိုင်း ရကြအယ်။
JOH 6:12 အဲသူလို့ဟ ဝစွာ စားကြပင်းသောအခါ ကိုယ်တော်ဟ “စားပင်းသော မုန့်အပိုင်းအစများဟို အလေလွင့်မဖြစ်ရအောန် သိမ်းကြလော့” ဟု တဘဲ့တော်လို့အား မိန့်အယ်။
JOH 6:13 အဲလိုမို့ တဘဲ့တော်လို့ဟ ကောက်သိမ်းကြရာ လူလို့စားခဲ့သော မုယောငါးလုံးမှ စားပင်းသော အပိုင်းအစများဟို တောင်းတဆယ့်နေတောင်း အပြေ့ရကြအယ်။
JOH 6:14 ဟေလို ကိုယ်တော်ပြသော အံ့ဩဖွယ်နိမိတ်လက္ခဏာဟို မျော်ကြရသောသူလို့ဟ “ဟေသူဟ လောကဟို ကြွလာမယ်ဟုဆိုသော ပရောဖက်အမန်ပင် ဖြစ်အယ်” ဟု ဆိုကြအယ်။
JOH 6:15 ယေရှုဟ အေးသူလို့လာယွေ့ မိမိအား အတင်းခေါ်ဆောင်ကာ ဘုရင်မြှောက်ကြမယ်ဟို သိသဖြင့် သူ့တတ်တိုင်း တောင်ပေါ်ဟို တဖန်ထွက်သွားအယ်။
JOH 6:16 ညခင်းအချိန်ရောက်သောအခါ ယေရှုရဲ့ တဘဲ့တော်လို့ဟ ဂါလိလဲအိန်ဟို ဆင်းသွားကြအယ်၊
JOH 6:17 လှေပေါ်သို့ တက်ကြပင်းရင် အိန်တဖက်ကမ်းဆိ ကပေရနောင်မြို့ဆေဟို ပြန်သွားကြအယ်။ ညရောက်လာသော်လည်း ယေရှုဟ သူလို့ဆေဟို မရောက်သေး။
JOH 6:18 အဲအချိန်နှိုက် လေပြင်းကျရောက်နေသဖြင့် အိန်တွင် လှိုင်းထလာအယ်။
JOH 6:19 တဘဲ့တော်လို့ဟ သုံးလေးမိုင်ခန့် လှော်ခတ်ပင်းသောအခါ ယေရှု ယေပေါ်မှာ လမ်းဆှောက်ယွေ့ မိမိလို့ လှေအနီးသို့ ကြွလာတာဟို မျော်ကြအယ်၊ အေးအခါ သူလို့ဟ ကြောက်ရွံ့ကြအယ်။
JOH 6:20 ယေရှုဟ “မကြောက်ကြနဲ့၊ ငါပင် ဖြစ်အယ်” ဟု မိန့်အယ်။
JOH 6:21 အဲအခါ သူလို့ဟ လိုလိုလားလားပင် လှေပေါ်ဟို ခေါ်ဖိတ်ကြအယ်၊ လှေဟ သူလို့သွားရန် ရည်ရွယ်ထားသော ကမ်းခြေသို့ ခုတုံး ရောက်ကြအယ်။
JOH 6:22 နောက်တနေ့နှိုက် အိန်တဖက်ကမ်းတွင် နေရစ်ခဲ့သော လူအုပ်လို့ဟ အေးအရပ်နှိုက် လှေတစင်းတည်းဆိခဲ့တာဟို အမှတ်ရကြအယ်။ အေးလှေတွင် ယေရှုဟ တဘဲ့တော်လို့နဲ့ မသွားဘဲ တဘဲ့တော်လို့သာ ထွက်ခွာသွားကြတာဟို သူလို့ သိကြအယ်။
JOH 6:23 တိဗေရိမြို့မှ အခြားလှေများဟ သခင်ဘုရား ကျေးဇူးတော်ဟို ချီးမွမ်းယွေ့ လူလို့အား မုန့်ဟို ကျွေးမွေးခဲ့လဲ့ အရပ်အနီးဟို ရောက်လာကြအယ်။
JOH 6:24 လူအုပ်ဟ အေးအရပ်နှိုက် ယေရှုမှစယွေ့ တဘဲ့တော်လို့ မပါဆိကျောန်းဟို သိမျော်သဖြင့် အေးလှေများပေါ်သို့ တက်ပင်း ယေရှုဟို ဆှာရန် ကပေရနောင်မြို့ဟို သွားကြအယ်။
JOH 6:25 အိန်တဖက်ကမ်းတွင် ယေရှုဟို တွေ့ကြသောအခါ သူလို့ဟ “ဆရာ၊ ဟေအရပ်ဟို ပစာအချိန် ကြွလာမှာတုန်း” ဟု မေးဆှောက်ကြအယ်။
JOH 6:26 ယေရှုဟ “နင်လို့အား ငါ အမန်ဆိုတာဟ နင်လို့ ငါ့ဟို ဆာကြခြင်းမှာ ငါပြလဲ့ နိမိတ်လက္ခဏာများဟို မျော်ရသောကျောန့် မဟုတ်၊ မုန့်ဟို စားယွေ့ ဝသောကျောန့်သာ ဖြစ်အယ်။
JOH 6:27 ပုပ်ပျက်တတ်သော အစားအစာအတွက် မဟုတ်ဘဲ လူသားဟ နင်လို့ဟို ပေးမဲ့ ထာဝရ အသက်တိုင်အောန် တည်မြဲသော အစားအစာအတွက် လုပ်ဆောင်ကြလော့။ အကျောန်းမှာ ခမည်းတော် ဘုရားသခင်ဟ အဲလူသားဟို အသိအမှတ်ပြုအယ်” ဟု မိန့်အယ်။
JOH 6:28 အဲပင်းရင် သူလို့ဟလည်း “ငါလို့ဟ ဘုရားသခင် အလိုတော်ဆိလဲ့အရာဟို ဆောင်ရွက်နိန်ရန် စလို ပြုရမှာတုန်း” ဟု သူ့ဟို မေးဆှောက်ကြအယ်။
JOH 6:29 ယေရှုဟ “ဘုရားသခင် နင့်ဟို လုပ်စေချင်တဲ့အရာဟ ဘုရားသခင် စေလွှတ်သောသူဟို ယုံကြည်ရန်ပင် ဖြစ်အယ်” ဟု ပြန်ဖြေအယ်။
JOH 6:30 အဲသူလို့ဟ “အဲလိုမို့ ငါလို့ မျော်ယွေ့ ကိုယ်တော်ဟို ယုံကြည်နိန်စေရန် ပစာ နိမိတ်လက္ခဏာဟို ပြရမှာတုန်း၊ ပစာအမှုဟို လုပ်ဆောင်ရမှာတုန်း၊
JOH 6:31 ကျမ်းစာတွင် ‘ကိုယ်တော်ဟ အေးသူလို့စားရန် ခေါန်းခင်မှ မုန့်ဟို ချပေးအယ်’ ဟု ပါဆိလဲ့အတိုင်း ငါလို့ရဲ့ ဘိုးဘေးများဟ တောကန္တာရတွင် မန္နမုန့်ဟို စားရကြအယ်” ဟု ဆှောက်ကြအယ်။
JOH 6:32 ယေရှုဟ “နင်လို့အား ငါ အမန် ဆိုအယ်၊ မောရှေဟ နင်လို့အား ခေါန်းခင်မှ မုန့်ဟို ပေးတာ မဟုတ်၊ ငါ့ခမည်းတော်ဟ နင်လို့အား ခေါန်းခင်မှ အမန်ဖြစ်သော မုန့်ဟို ပေးအယ်။
JOH 6:33 အကျောန်းမှာ ဘုရားသခင်ရဲ့ မုန့်ဟ ခေါန်းခင်မှ ဆင်းသက်ယွေ့ လောကီသားလို့အား အသက်ဟို ပေးသောသူ ဖြစ်အယ်” ဟု မိန့်အယ်။
JOH 6:34 အဲအခါ သူလို့ဟ “သခင်ဘုရား၊ အေးမုန့်ဟို ငါလို့အား အစဉ်ပေးပါ” ဟု ဆှောက်ကြအယ်။
JOH 6:35 ယေရှုဟ သူလို့အား “ငါဟ အသက်မုန့် ဖြစ်အယ်၊ ငါ့ဆေဟို လာသောသူဟ ပစာအခါနှိုက်မျှ ဆာငတ်လိမ့်မယ် မဟုတ်၊ ငါ့ဟို ယုံကြည်သောသူဟလည်း ပစာအခါမျှ ယေငတ်လိမ့်မယ် မဟုတ်။
JOH 6:36 အခု နင်လို့ဟ ငါ့ဟို မျော်ကြသော်လည်း မယုံကြည်ကြဟု ငါ ဆိုခဲ့ပီ။
JOH 6:37 ငါ့အား ခမည်းတော် ပေးသောသူအပေါင်းလို့ဟ ငါ့ဆေဟို လာကြလိမ့်မယ်။ ငါ့ဆေ လာသောသူဟို ငါဟ ပစာအခါမျှ ပစ်ပယ်လိမ့်မယ် မဟုတ်၊
JOH 6:38 ပစာကို့ ငါဟ ငါ့အလိုတော်အတိုင်း ခေါန်းခင်ဘုံမှ ဆင်းသက်လာတာ မဟုတ်ဘဲ ငါ့ဟို စေလွှတ်သောသူရဲ့ အလိုတော်အတိုင်း ဆောင်ရွက်ရန် လာတာဖြစ်အယ်။
JOH 6:39 ငါ့ဟို စေလွှတ်သောသူရဲ့ အလိုတော်မှာ ကိုယ်တော်ပေးထားသော သူအပေါင်းလို့တွင် တစုံတယောက်မျှ ငါမဆုံးရှုံးဘဲ နောက်ဆုံးသောနေ့နှိုက် ဆှင်ပြန်ထမြောက်ရန် ဖြစ်အယ်။
JOH 6:40 သားတော်ဟို ဖူးမျော်ယွေ့ ယုံကြည်လာသူအပေါင်းလို့ဟ ထာဝရအသက်ဟို ရစေရန် ငါ့ခမည်းတော် အလိုတော် ဆိအယ်၊ ငါဟလည်း သူလို့အား နောက်ဆုံးသောနေ့နှိုက် ဆှင်ပြန်ထမြောက်စေမယ်” ဟု မိန့်လေအယ်။
JOH 6:41 ကိုယ်တော်ဟ “ငါသည် ခေါန်းခင်ဘုံမှ ဆင်းသက်သောမုန့် ဖြစ်အယ်” ဟု မိန့်သဖြင့် လူလို့ဟ စတင် ညည်းညူကြအယ်။
JOH 6:42 သူလို့ဟလည်း “ဟေသူဟ ယောသပ်ရဲ့ သား ယေရှု မဟုတ်လော၊ သူ့မိဘများဟို ငါလို့သိကြတာ မဟုတ်လော၊ အခု သူဟ ပစာကျောန့် ‘ငါဟ ခေါန်းခင်ဘုံမှ ဆင်းသက်လာအယ်’ ဟု ဆိုရတုန်း” ဟု ပြောကြအယ်။
JOH 6:43 ယေရှုဟ “နင်လို့တတ်တိုင်းကြားတွင် အပစ်မတင်ကြနဲ့” ဟု ပြန်ဖြေအယ်။
JOH 6:44 “ငါ့ဟို စေလွှတ်သော ခမည်းတော် မပို့ဆောင်ရင် စသူမှ ငါ့ဆေဟို မလာနိန်၊ ငါ့ဆေ လာသောသူဟို ငါဟ နောက်ဆုံးသောနေ့နှိုက် ဆှင်ပြန်ထမြောက်စေမယ်။
JOH 6:45 ပရောဖက်ကျမ်းများတွင် ‘အေးသူအပေါင်းလို့ဟ ဘုရားသခင် သွန်သင်ခြင်းဟို ခံရသောသူများ ဖြစ်ကြလိမ့်မယ်’ ဟု ရေးထားအယ်။ ခမည်းတော်ဆေနှိုက် ကြားယွေ့ နည်းခံယူသောသူတိုင်းဟ ငါ့ဆေဟို လာကြအယ်။
JOH 6:46 ဟေလိုပြောရာနှိုက် ခမည်းတော်ဟို မျော်ဖူးသူ တစုံတယောက်ဆိတာဟု မဆိုလို၊ ဘုရားသခင်ဆေမှ ကြွလာသူတဦးတည်းသာ ခမည်းတော်ဟို မျော်ခဲ့အယ်။
JOH 6:47 နင်လို့အား ငါ အမန်ဆိုတာဟ ငါ့ဟို ယုံကြည်သောသူဟ ထာဝရ အသက်ဟို ရအယ်။
JOH 6:48 ငါဟ အသက်မုန့် ဖြစ်အယ်။
JOH 6:49 နင်လို့ရဲ့ ဖိုးဘေးများဟ တောကန္တာရနှိုက် မန္နမုန့်ဟို စားခဲ့ပေမဲ့ သူလို့ဟ သေဆုံးသွားကြအယ်။
JOH 6:50 အဲလိုလဲ ဟေမုန့်ဟို စားသုံးသောသူဟ သေခြင်းနဲ့ ကင်းလွတ်မဲ့အကျောန်း ခေါန်းခင်ဘုံမှ ဆင်းသက်သော မုန့်ဖြစ်အယ်။
JOH 6:51 ငါဟ ခေါန်းခင်မှ ဆင်းသက်သော အသက်မုန့် ဖြစ်အယ်။ စသူမဆို ဟေမုန့်ဟို စားရင် ထာဝရ အသက်ဆှင်လိမ့်မယ်။ လောကီသားလို့ အသက်ဆှင်ဖို့ ငါပေးလဲ့မုန့်ဟ ငါရဲ့အသား ဖြစ်အယ်” ဟု မိန့်အယ်။
JOH 6:52 အဲအခါ ယုဒလူလို့ဟ “ဟေသူဟ သူရဲ့အသားဟို ငါလို့စားရန် စလို ပေးနိန်မှာတုန်း” ဟု သူလို့တတ်တိုင်း စတင် ငြင်းခုံကြအယ်။
JOH 6:53 ယေရှုဟ “နင်လို့အား ငါ အမန်ဆိုအယ်၊ လူသားရဲ့ အသားဟို မစား၊ သူရဲ့ အသွေးဟို မသောက်ရင် နင်လို့နှိုက် အသက်မဆိ။
JOH 6:54 ငါ့အသားဟို စားယွေ့ ငါ့အသွေးဟို သောက်သောသူဟ ထာဝရအသက်ဟို ရအယ်၊ ငါဟလည်း နောက်ဆုံးသောနေ့နှိုက် အေးသူအား ဆှင်ပြန်ထမြောက်စေမယ်။
JOH 6:55 အကျောန်းမှာ ငါ့အသားဟ စစ်မန်သော စားစရာဖြစ်ပင်း ငါရဲ့ အသွေး စစ်မန်သော သောက်စရာ ဖြစ်အယ်။
JOH 6:56 ငါ့အသားဟို စားယွေ့ ငါရဲ့ အသွေးဟို သောက်သောသူဟ ငါနှိုက် တည်အယ်၊ ငါဟလည်း အေးသူနှိုက် တည်အယ်။
JOH 6:57 အသက်ဆှင်သော ခမည်းတော်ဟ ငါ့ဟို စေလွှတ်ယွေ့ ငါဟ ခမည်းတော်ကျောန့် အသက်ဆှင်သလို ငါ့အသားဟို စားသောသူလည်း ငါ့ကျောန့် အသက်ဆှင်လိမ့်မယ်။
JOH 6:58 ဟေဟာဟ ခေါန်းခင်ဘုံမှ ဆင်းသက်သော မုန့်ဖြစ်အယ်။ နင်လို့ ဖိုးဘေးများ စားသုံးခဲ့လဲ့ မုန့်လိုမျိုး မဟုတ်ဘဲ၊ အေးမုန့်ဟို စားလဲ့သူဟလည်း နောက်မှာ သေကြရအယ်။ ဟေမုန့်ဟို စားသောသူဟ အစဉ်မပြတ် အသက်ဆှင်လိမ့်မယ်” ဟု မိန့်လေအယ်။
JOH 6:59 ယေရှုဟ ကပေရနောင်မြို့နှိုက် သွန်သင်စဉ် ဟေအကျောန်းအရာများဟို တရားဇရပ်တွင် မိန့်အယ်။
JOH 6:60 သူ့ရဲ့ တဘဲ့တော်များဟ အဲစကားဟို ကြားယွေ့ သူလို့ဟ “ဟေသွန်သင်ချက်လို့ဟ ရမ်းဆာ့ခက်ခဲအယ်။ စသူ နားထောင်နိန်မှာတုန်း” ဟု ဆိုကြအယ်။
JOH 6:61 တဘဲ့တော်လို့ အဲလို့ ညည်းတွားနေကြတာဟို ယေရှု သိသဖြင့် “ဟေစကားကျောန့် နင်လို့ စိတ်ပျက်ကြသလော။
JOH 6:62 အဲပင်းရင် လူသားဟ မိမိနေရင်းအရပ်ဆေ တက်ကြွတာဟို မျော်ကြရင် နင်လို့ စလို ထင်တုန်း။
JOH 6:63 ဘုရားသခင်ရဲ့ ဝိညာဉ်တော်သာ အသက်ဟို ဆှင်စေနိန်အယ်၊ လူလို့ရဲ့ တန်ခိုးဟ စလိုမျှ မတတ်နိန်။ နင်လို့အား ငါပြောသောစကားဟ အသက်ဆှင်စေလဲ့ ဝိညာဉ်တော်နဲ့ ဆိုင်အယ်။
JOH 6:64 အဲလိုလဲ နင်လို့တွင် မယုံကြည်သောသူအချို့ ဆိအယ်” ဟု မိန့်လေအယ်။ အဲလို မိန့်လဲ့အကျောန်းမှာ မယုံကြသောသူလို့ဟ စသူလို့ဖြစ်ကြတာဟို လည်းကောင်း၊ မိမိဟို သစ္စာဖောက်မဲ့သူဟ စသူဖြစ်တာဟို ယေရှုဟ အစဦးဟပင် သိသောကျောန့် ဖြစ်အယ်။
JOH 6:65 ကိုယ်တော်ဟ “အဲအကျောန်းကျောန့် ခမည်းတော်ဟ အခွင့်မပေးရင် စသူမျှ ငါ့ဆေဟို မလာနိန်ဟု နင်လို့အား ငါပြောခဲ့ပီ” ဟု မိန့်အယ်။
JOH 6:66 အဲအချိန်မှစယွေ့ တဘဲ့တော်လို့ထဲမှ အများစုဟ ပြန်လှည့်သွားပင်း ကိုယ်တော်နဲ့အတူ မလိုက်ပါတော့ဘဲ နေကြအယ်။
JOH 6:67 အဲလိုမို့ ယေရှုဟ တဘဲ့တော် ဆယ့်နေယောက်လို့အား “နင်လို့ဟလည်း ငါဆေမှ ထွက်ခွာ သွားလိုကြသလော” ဟု မေးခဲ့အယ်။
JOH 6:68 ရှိမုန် ပေတရုဟ “သခင်ဘုရား၊ ငါလို့ဟ စသူ့ဆေဟို သွားရမှာတုန်း၊ ထာဝရအသက်နဲ့ဆိုင်သော စကားလို့ဟ ကိုယ်တော်နှိုက်သာ ဆိပါအယ်။
JOH 6:69 ကိုယ်တော်ဟ ဘုရားသခင်ဆေမှ ကြွလာသော သန့်ဆှင်းသောသူဖြစ်ကျောန်းဟိုလည်း ငါလို့ ယုံကြည်ပင်း သိကြအယ်” ဟု ဆှောက်အယ်။
JOH 6:70 ယေရှုဟ “ငါဟ တဆယ့်နေပါးသော နင်လို့ဟို ရွေးချယ်တာ မဟုတ်လော၊ အဲလိုလဲ နင်လို့ထဲမှ တဦးဟ နတ်ဆိုး ဖြစ်အယ်” ဟု ပြန်ပြောအယ်။
JOH 6:71 တဆယ့်နေပါးသော တဘဲ့တော်အဝင် ဖြစ်သော်လည်း ကိုယ်တော်ဟို သစ္စာဖောက်မဲ့သူ ရှိမုန် ရှကာရုတ်ရဲ့သား ယုဒဟို ရည်ညွှန်းခြင်း ဖြစ်အယ်။
JOH 7:1 အဲပင်းရင် ယေရှုဟ ဂါလိလဲပြေတွင် လှည့်လည်သွားအယ်၊ ယုဒ အာဏာဆိသောလို့ဟ ကိုယ်တော်ဟို သတ်ရန် ဆှာကြံနေကြသောကျောန့် ယုဒပြေနှိုက် လှည့်လည်ရန် အလိုမဆိ။
JOH 7:2 အဲလိုလဲ ယုဒအမျိုးသားလို့ရဲ့ တဲတော်ပွဲ နီးလာသောအခါ၊
JOH 7:3 ယေရှုရဲ့ ညီလို့ဟ “နင်ပြုသောအရာများဟို နင်ရဲ့ တဘဲ့များ မျော်စေရန် ဂါလိလဲပြေမှ ထွက်ခွာယွေ့ ယုဒပြေဟို သွားလော့။
JOH 7:4 စသူမဆို ထင်ပေါ်ကျော်ကြားလိုရင် ပစာအမှုဟိုမျှ လျှို့ဝှက်စွာ မပြုတတ်။ နင်ဟ ဟေအမှုအရာများဟို ပြုမယ်ဆိုပါဟ နင်ရဲ့အကျောန်းဟို ကမ္ဘာတခုလုံး သိအောန်ပြုမန့်” ဟု ဆိုကြအယ်။
JOH 7:5 သူရဲ့ ညီများဟပင် ကိုယ်တော်ဟို မယုံကြည်ကြ။
JOH 7:6 ယေရှုဟ သူလို့အား “ငါ့အချိန် မရောက်သေး။ နင်လို့အတွက် ခပ်သိမ်းသောအချိန်ဟ အသင့်ဆိအယ်။
JOH 7:7 လောကီသားလို့ဟ နင်လို့ဟို မမုန်းနိန်၊ အဲလိုလဲ ငါ့ဟို မုန်းကြအယ်၊ ဟေလိုမုန်းကြခြင်းမှာ ငါဟ သူလို့ရဲ့ ဆိုးညစ်သောအကျင့်များဟို ပြောသောကျောန့် ဖြစ်အယ်။
JOH 7:8 အဲပွဲတော်ဟို နင်လို့ သွားကြပါ။ ငါ့အချိန် မရောက်သေးသောကျောန့် အဲပွဲဟို ငါ မသွားဝူး” ဟု ပြန်ယွေ့ မိန့်လေအယ်။
JOH 7:9 အဲလို မိန့်ပင်းနောက် ကိုယ်တော်ဟ ဂါလိလဲပြေတွင် ဆက်ယွေ့ နေလေအယ်။
JOH 7:10 အဲပွဲတော်ဟို သူ့ရဲ့ ညီများ ထွက်သွားကြပင်းမှ ယေရှုဟလည်း အဲပွဲဟို မထင်မဆှားဘဲ လျှို့ဝှက်စွာ သွားအယ်။
JOH 7:11 ယုဒအာဏာပိုင်လို့ဟ အဲပွဲတော်တွင် ကိုယ်တော်ဟို ဆာလျက် “အဲသူဟ ပစာနားမှာ ဆိတုန်း” ဟု မေးကြအယ်။
JOH 7:12 လူအုပ်ဟ ကိုယ်တော်နဲ့ပတ်သက်ယွေ့ များစွာ တီးတိုးပြောဆိုလျက် နေကြအယ်။ လူအချို့လို့ဟ “ဟေသူဟ လူကောင်း ဖြစ်အယ်” ဟု ဆိုကြအယ်။ အချို့ဟ “သူတော်ကောင်း မဟုတ်၊ လူလို့အား မောက်မားလမ်းလွဲစေသူ ဖြစ်အယ်” ဟု ဆိုကြအယ်။
JOH 7:13 အဲလိုလဲ သူလို့ဟ ယုဒအာဏာပိုင်လို့ဟို ကြောက်ရွံ့ကြသောကျောန့် ကိုယ်တော်ရဲ့အကျောန်းဟို စသူမျှ ပွင့်လင်းစွာ မပြောရဲကြ။
JOH 7:14 ပွဲတော်ကျင်းပရက် တဝက်မျှလွန်သောအခါ ယေရှုဟ ဗိမာန်တော်ဟို တက်သွားယွေ့ စတင်ပင်း သွန်သင်အယ်။
JOH 7:15 ယုဒအာဏာပိုင်လို့ဟ ရမ်းဆာ့အံ့ဩကြယွေ့ “ဟေသူဟ သင်ယူခြင်း မဆိဘဲ ကျမ်းများဟို စလို တတ်တာတုန်း” ဟု ဆိုကြအယ်။
JOH 7:16 ယေရှုဟ “ငါရဲ့ သွန်သင်ချက်ဟ ငါတတ်တိုင်းရဲ့ သွန်သင်ချက် မဟုတ်ဘဲ ငါ့ဟို စေလွှတ်သောသူရဲ့ သွန်သင်ချက် ဖြစ်အယ်။
JOH 7:17 စသူမဆို အဲသူရဲ့ အလိုတော်ဟို ဆောင်ရွက်လိုသော ဆန္ဒဆိရင် ဟေသွန်သင်ချက်ဟ ဘုရားသခင်ဆေမှ လာသလော အဲဟာမဟုတ်ရင် ငါဟ ကိုယ့်ဆန္ဒအလျောက် ဟောပြောနေသလောဆိုတာဟို သိလိမ့်မယ်။
JOH 7:18 မိမိအလိုအလျောက် ဟောပြောသောသူဟ မိမိရဲ့ ဘုန်းအသရေဟို ဆှာတတ်အယ်၊ အဲလိုလဲ မိမိဟို စေလွှတ်သောသူရဲ့ ဘုန်းအသရေဟို ဆှာသောသူဟတော့ ဖြောင့်မန်သောသူဖြစ်ပင်း အဲသူနှိုက် အမား မဆိ။
JOH 7:19 မောရှေဟ နင်လို့အား ပညတ်တရားဟို ပေးတာ မဟုတ်လော၊ အဲလိုလဲ နင်လို့တွင် အဲပညတ်တရားဟို နားထောင်သောသူ တစုံတယောက်မျှ မဆိ။ နင်လို့ဟ ငါ့ဟို သတ်ရန် ပစာကျောန့် ဆှာကြတုန်း” ဟု ဖြေအယ်။
JOH 7:20 လူအုပ်ဟလည်း “နင်ဟ နတ်ဆိုးစွဲသောသူ ဖြစ်အယ်၊ စသူဟ နင့်ဟို သတ်ရန် ကြိုးစားလျက်နေတုန်း” ဟု ဖြေအယ်။
JOH 7:21 ယေရှုဟ “ငါပြုသော နိမိတ်လက္ခဏာတခုဟို နင်လို့အားလုံးဟ အံ့ဩခြင်း ဆိကြအယ်။
JOH 7:22 မောရှေဟ အရေဖျားလှီးခြင်း ပညတ်ဟို နင်လို့အားပေးခဲ့သောကျောန့် နင်လို့ရဲ့ အောင်နီငယ်လို့ဟ ဥပုသ်နေ့နှိုက်ပင် အရေးဖျားလှီးခြင်းဟို ပြုကြအယ်၊ အမန်စင်စစ် ဟေအရေဖျားလှီးခြင်းဟ မောရှေဆေမှ မဟုတ်ဘဲ နင်လို့ ဖိုးဘေးဆေမှ လာအယ်။
JOH 7:23 လူဟ မောရှေရဲ့ ပညတ်တရား မချိုးဖောက်ရန် နင်လို့ဟ အရေဖျားလှီးခြင်းဟို ခံရရင် ငါဟ ဥပုသ်နေ့နှိုက် လူတကိုယ်လုံးဟို ကျန်းမာလာစေလဲ့အတွက် ပစာကျောန့် ငါ့အား အူထော့ကြသလော။
JOH 7:24 အပြင်လက္ခဏာဟို ထောက်ယွေ့ မစီရင်ကြနဲ့၊ အမန်တရားအတိုင်း စီရင်ကြလော့” ဟု ဖြေအယ်။
JOH 7:25 ယေရုရှလင်မြို့သား အချို့လို့ဟ “ဟေသူဟို အာဏာပိုင်လို့ သတ်ရန် ကြိုးစားနေကြတာ မဟုတ်လော။
JOH 7:26 ကျေ့မန့်၊ သူဟ လူမျော်ကွင်းမှာ ဟောပြောလျက် သူလို့ဟ စလိုအရာဟိုမျှ မပြောကြသလော၊ ဟေသူဟ မေဆှိယဖြစ်ကျောန်းဟို အာဏာပိုင်လို့ဟ အမန်တကယ် သိဆိကြပီလော။
JOH 7:27 အဲလိုလဲ ဟေသူဟ ပစာဆေမှ လာတာဟို ငါလို့ သိကြအယ်၊ မေဆှိယ ကြွလာသောအခါ ပစာဆေမှ လာတာဟို စသူမျှ မသိ” ဟု ဆိုအယ်။
JOH 7:28 ယေရှုဟ ဗိမာန်တော်ထဲတွင် သွန်သင်လျက်နေစဉ် “ဟုတ်အယ်၊ နင်လို့ ငါ့ဟို သိယွေ့ ငါ ဖယ်နားဟ လာတာဟိုလည်း သိကြအယ်။ ငါဟ ကိုယ့်အခွင့်အာဏာနဲ့ လာတာ မဟုတ်ဘဲ၊ ငါ့ဟို စေလွှတ်သောသူဟ ဖြောင့်မတ်သောသူ ဖြစ်အယ်။ နင်လို့ဟ ကိုယ်တော်ဟို မသိကြ၊
JOH 7:29 အဲလိုလဲ ငါဟတော့ သူ့ဟို သိအယ် ပစာကို့ ငါဟ အဲအဆှင်ဆေမှ လာယွေ့ အဲအဆှင်ဟ ငါ့ဟို စေလွှတ်အယ်” ဟု ကြွေးကြော်အယ်။
JOH 7:30 အဲပင်းရင် လူလို့ဟ ကိုယ်တော်အား ဖမ်းဆီးရန် အခွင့်ဟို ဆှာကြသော်လည်း သူ့အချိန်မကျသေးသောကျောန့် ကိုယ်တော်အား စသူမျှ မဖမ်းဆီးကြ။
JOH 7:31 အဲလိုလဲ လူအုပ်ထဲမှ လူအများပင် ကိုယ်တော်ဟို ယုံကြည်လာကြပင်း “မေဆှိယ ကြွလာသောအခါ အေးသူပြုတာထက် ပိုယွေ့ များသော နိမိတ်လက္ခဏာလို့ဟို ပြုမယ်လော” ဟု ဆိုကြအယ်။
JOH 7:32 လူအုပ်လို့ဟ ကိုယ်တော်ရဲ့အကျောန်း အဲလို တီးတိုးပြောဆိုနေတာဟို ဖာရိရှဲလို့ ကြားကြအယ်၊ အဲလိုမို့ သူလို့နဲ့ ယဇ်ပုရောဟိတ်ကြီးလို့ဟ ကိုယ်တော်ဟို ဖမ်းဆီးရန် အစောင့်တပ်သားလို့ဟို စေလွှတ်လိုက်ကြအယ်။
JOH 7:33 ယေရှုဟ လူလို့အား “ငါဟ နင်လို့နဲ့အတူ ခဏတာနေပင်းရင် ငါ့ဟို စေလွှတ်သောသူဆေဟို ငါ သွားရမယ်။
JOH 7:34 နင်လို့ဟ ငါဟို ဆာသော်လည်း တွေ့ကြလိမ့်မယ် မဟုတ်၊ ငါဆိရာအရပ်ဟိုလည်း နင်လို့ မလာနိန်ကြ” ဟု မိန့်အယ်။
JOH 7:35 ယုဒအာဏာပိုင်လို့ဟ “ငါလို့ ဆာယွေ့ မတွေ့စေရန် သူဟ ပစာအရပ်ဟို သွားမာလုန်း၊ တပါးအမျိုးသားလို့ နေထိန်ရာ မြို့များဟို သွားယွေ့ တပါးအမျိုးသားလို့ဟို သွန်သင်မာလား။
JOH 7:36 သူဟ နင်လို့ ငါ့ဟို ဆာသော်လည်း တွေ့ကြလိမ့်မယ် မဟုတ်၊ ငါဆိရာအရပ်ဟို နင်လို့ မလာနိန်ကြဟု ဆိုအယ်။ ဟေအဓိပ္ပာယ်ဟ ပစာလိုတုန်း” ဟု သူလို့တတ်တိုင်း မေးကြအယ်။
JOH 7:37 ပွဲတော်ရဲ့ နေ့ထူးနေ့မြတ်ဖြစ်လဲ့ နောက်ဆုံးနေ့နှိုက် ယေရှုဟ ရပ်လျက် “ယေငတ်သောသူဟ ငါ့ဆေဟို လာယွေ့ သောက်လော့၊
JOH 7:38 ကျမ်းစာဆိုလဲ့အတိုင်း ‘ငါ့ဟို ယုံကြည်သောသူရဲ့ စိတ်နေလုံးထဲမှ အသက်ယေဟ စမ်းချောင်းလို စီးထွက်နေလိမ့်မယ်’ ” ဟု အသံအကျယ်ရီးနဲ့ အော်ဟယ်။
JOH 7:39 ဟေအရာဟ ကိုယ်တော်ဟို ယုံကြည်သောသူလို့ ခံယူရဆိမဲ့ ဝိညာဉ်တော်ဟို ရည်ညွှန်းယွေ့ မိန့်ခြင်းဖြစ်အယ်။ ယေရှုဟ ဘုန်းအသရေ ထင်ဆှားခြင်း မဆိသေးသောကျောန့် အဲအချိန်နှိုက် ဝိညာဉ်တော်ဟို ပေးတော်မမူသေး။
JOH 7:40 နှုတ်ကပတ်တော်ဟို ကြားသောလူအုပ်ထဲမှ အချို့ဟ “ဟေသူသည် အမန်ပင် ပရောဖက်ဖြစ်အယ်” ဟု ဆိုကြအယ်။
JOH 7:41 အချို့သောသူလို့ဟ “ဟေသူဟ မေဆှိယ ဖြစ်အယ်” ဟု ဆိုကြအယ်။ အဲလိုလဲ အချို့ဟ “မေဆှိယဟ ဂါလိလဲပြေမှ လာတာ မဟုတ်ဝူး။
JOH 7:42 “မေဆှိယဟ ဒါဝိဒ်ရဲ့ သားမြေးဖြစ်လိမ့်မယ်ဟု လည်းကောင်း၊ ဒါဝိဒ်နေခဲ့လဲ့ ဗက်လင်မြို့မှ မွေးဖွားလိမ့်မယ် ဟု လည်းကောင်း ကျမ်းစာလာအယ် မဟုတ်လော” ဟု ဆိုကြအယ်။
JOH 7:43 အဲလိုမို့ ယေရှုကျောန့် လူအုပ်လို့ထဲမှာ စိတ်သဘောကွဲလွဲလျက် နေကြအယ်။
JOH 7:44 လူအချို့လို့ဟ ကိုယ်တော်ဟို ဖမ်းဆီးလိုကြအယ်၊ အဲလိုလဲ စသူမျှ မဖမ်းဆီးကြ။
JOH 7:45 အစောင့်တပ်သားလို့ဟ ယဇ်ပုရောဟိတ်ကြီးလို့နဲ့ ဖာရိရှဲများဆေသို့ ပြန်လာကြသောအခါ သူလို့ဟ “ပစာကျောန့် သူ့ဟို နင်လို့ မခေါ်ဆောင်လာကြတုန်း” ဟု မေးကြအယ်။
JOH 7:46 အစောင့်တပ်သားလို့ဟ “ဟေသူဟောပြောသလို စသူမျှ မဟောဖူးပါ” ဟု ပြန်ပြောကြအယ်။
JOH 7:47 ဖာရိရှဲလို့ဟ “နင်လို့ပင် သူရဲ့လှည့်စားခြင်းဟို ခံရကြပီလော။
JOH 7:48 ခေါင်းဆောင်လို့ အဲဟာမဟုတ်ရင် ဖာရိရှဲလို့တွင် သူ့ဟို ယုံကြည်ခဲ့သောသူ တဦးတယောက် ဆိသလော။
JOH 7:49 အဲလိုလဲ မောရှေရဲ့ ပညတ်တရားဟို မသိသော ဟေသူလို့ဟ ကျိန်ခြင်းဟို ခံရသောသူဖြစ်အယ်” ဟု ပြောကြအယ်။
JOH 7:50 အဲသူလို့အထဲတွင် နိကောဒင် ပါအယ်၊ သူဟ မခင်ဟ ယေရှုဆေဟို လာဖူးအယ်။ နိကောဒင်ဟ အခြားသူလို့အား
JOH 7:51 “ငါလို့ရဲ့ ပညတ်တရားအရ ငါလို့ဟ လူလို့ဆေမှ ကြားနာပင်း သူလို့ပြုသောအမှုလို့ဟို မစစ်ဆေးခင် သူလို့ဟို အပစ်စီရင်နိန်သလော” ဟု ပြောအယ်။
JOH 7:52 အဲသူလို့ဟ “နင်ဟလည်း ဂါလိလဲပြေသား ဖြစ်သလော၊ ကျမ်းစာဟို လေ့လာကျေ့ရင် ဂါလိလဲပြေမှ ပစာပရောဖက်မျှ မပေါ်ထွန်းတာဟို နင်လို့ သိရလိမ့်မယ်” ဟု ပြန်ပြောအယ်။ [
JOH 7:53 အဲပင်းရင် သူလို့ဟ မိမိနေအိုင်ဟို ပြန်သွားကြပေမဲ့၊
JOH 8:1 ယေရှုဟ သံလွင်တောင်သို့ ကြွလေအယ်။
JOH 8:2 နောက်တနေ့ မနက်စောစောမှာ ကိုယ်တော်ဟ ဗိမာန်တော်ဟို ပြန်သွားခဲ့အယ်။ လူအားလုံးလို့ဟ ကိုယ်တော်ဆေ အတူဝိုင်းလာပင်း၊ ကိုယ်တော်ဟ ထိန်လျက် အဲသူလို့အား စတင်သွန်သင်အယ်။
JOH 8:3 ကျမ်းတတ်ဆရာလို့နဲ့ ဖာရိရှဲလို့ဟ အိုင်ထောင်ရေးဖောက်ပြန်မှုတွင် ဖမ်းမိသော မိန်းမတယောက်ဟို ခေါ်လာခဲ့ကြပင်း၊ သူလို့ဟ မိန်းမဟို မိမိလို့အားလုံးဆေ့တွင် ရပ်ခိုင်းစေကြအယ်။
JOH 8:4 သူလို့ဟ ယေရှုအား “ဆရာ၊ ဟေမိန်းမ အိုင်ထောင်ရေးဖောက်ပြန်စဉ် ဖမ်းမိပါအယ်။
JOH 8:5 ပညတ်ကျမ်းတွင် မောရှေဟ အဲသို့သော မိန်းမမျိုးဟို ကျောက်ခဲနဲ့ ပေါက်ယွေ့ သတ်ရမယ်ဟု ပညတ်ထားပါအယ်။ အခု ကိုယ်တော်ဟ စလို ပြောမှာလုန်း။”
JOH 8:6 သူလို့ဟ ယေရှုဟို စွပ်စွဲနိန်ရန် အေးလို့ ထောင်ချောက်ဆင်ယွေ့ မေးကြခြင်း ဖြစ်အယ်။ အဲလိုလဲ ကိုယ်တော်ဟ ငုံ့ယွေ့ မြေပေါ်တွင် သူရဲ့လက်ညှိုးနဲ့ ရေးခြစ်လျက် နေအယ်။
JOH 8:7 အဲသူလို့ဟ ထပ်တလဲလဲ မေးခွန်းထုတ်ကြသောအခါ ကိုယ်တော်ဟ မော့ကျေ့ယွေ့ “နင်လို့ထဲနှိုက် အပစ်ကင်းသူတယောက်ဟ ဦးရင် သူ့ဟို ကျောက်ခဲနဲ့ ပေါက်စေ” ဟု မိန့်အယ်။
JOH 8:8 အဲပင်းရင် တခါ ငုံ့ယွေ့ မြေပေါ်တွင် ရေးခြစ်လျက် နေအယ်။
JOH 8:9 အဲသူလို့ဟ အဲအရာဟို ကြားသောအခါ အသက်ကြီးသူများဟ အစပြုယွေ့ တယောက်ပင်းတယောက် ထွက်သွားကြအယ်။ အဲနေရာတွင် မတ်တတ်ရပ်လျက်နေသော မိန်းမနဲ့အတူ ယေရှု တယောက်ထဲ ကျန်ခဲ့အယ်။
JOH 8:10 ယေရှုဟ မော့ကျေ့ယွေ့ “အချင်းမိန်းမ၊ အဲသူလို့ဟ ဖယ်မှာလုန်း၊ နင့်အား အပစ်ဒဏ်စီရင်မဲ့သူ တစုံတယောက်မျှ မဆိသလော” ဟု မေးလေအယ်။
JOH 8:11 အေးမိန်းမဟ “တယောက်မှ မဆိတော့ပါ ဆရာ” ဟု ပြန်ပြောအယ်။ ယေရှုဟ “ငါဟလည်း နင့်အား အပစ်ဒဏ် မစီရင်ပီ။ သွားလော့၊ နောက်တခါ အပစ်မလုပ်နဲ့” ဟု မိန့်အယ်။]
JOH 8:12 တခါ ယေရှုဟ ဖာရိရှဲလို့အား “ငါဟ လောကရဲ့ အလင်းဖြစ်အယ်၊ ငါ့နောက်ဟို လိုက်သောသူဟ အသက်ရဲ့ အလင်းဟို ရယွေ့ ဖယ်ခါမှ မိုက်တွင် သွားလာရလိမ့်မယ် မဟုတ်” ဟု မိန့်အယ်။
JOH 8:13 ဖာရိရှဲလို့ဟ “အခု နင်ဟ ကိုယ့်အကျောန်းဟို သက်သေခံ နေအယ်၊ အဲလိုမို့ နင့်သက်သေခံချက်ဟ မမန်ကန်” ဟု ပြောကြအယ်။
JOH 8:14 ယေရှုဟ “ငါသည် ကိုယ့်အကျောန်းဟို သက်သေခံသော်လည်း၊ ငါရဲ့ သက်သေခံချက်ဟ မန်ကန်အယ်၊ ပစာကို့ ငါဟ ပစာအရပ်မှလာယွေ့ ပစာအရပ်သို့ သွားမယ်ဟို သိသောကျောန့် ဖြစ်အယ်။ နင်လို့ဟ ငါပစာအရပ်မှ လာယွေ့ ပစာအရပ်ဟို သွားမယ်ဟို မသိကြ။
JOH 8:15 နင်လို့ဟ လူတွေသတ်မှတ်ထားလဲ့ လမ်းစဉ်အတိုင်း တရားစီရင်တတ်ကြအယ်၊ ငါဟတော့ စသူဟိုမှ တရားစီရင်ခြင်း မဆိ။
JOH 8:16 အဲလိုလဲ ငါ စီရင်မယ်ဆိုရင်လည်း ငါတဦးတည်း စီရင်ခြင်း မဟုတ်၊ ငါ့ဟို စေလွှတ်သော ခမည်းတော်ဟ ငါနဲ့အတူ ဆိသောကျောန့် ငါရဲ့ စီရင်ခြင်းဟ မန်အယ်။
JOH 8:17 နင်လို့ရဲ့ ပညတ်ကျမ်းနှိုက် သက်သေနေဦး သဘောတူရင် သူလို့ပြောလဲ့အရာဟ အမန်ဖြစ်အယ်ဟု ရေးသားထားအယ်။
JOH 8:18 ငါဟ ကိုယ့်အကျောန်းဟို သက်သေခံအယ်၊ ငါ့ဟို စေလွှတ်သော ခမည်းတော်ဟလည်း ငါ့အကျောန်းဟို သက်သေခံအယ်” ဟု ပြောအယ်။
JOH 8:19 အဲသူလို့ဟ “နင်ရဲ့ ခမည်းတော်ဟ ဖယ်နားမှာ ဆိတုန်း” ဟု မေးကြအယ်။ ယေရှုဟ “နင်လို့ဟ ငါ့ဟိုလည်းကောင်း၊ ငါ့ခမည်းတော်ဟိုလည်းကောင်း မသိကြ၊ ပစာကို့ နင်လို့ဟ ငါ့ဟို သိရင် ငါ့ခမည်းတော်ဟိုလည်း သိကြလိမ့်မယ်” ဟု မိန့်အယ်။
JOH 8:20 ယေရှုဟ ဟေစကားများဟို ဗိမာန်တော်အတွင်းဆိ အလှူခံသေတ္တာများ ထားရာ အခန်းနှိုက် သွန်သင်ခဲ့အယ်။ ပစာကို့ ကိုယ်တော်ရဲ့ အချိန်မကျသေးသဖြင့် စသူမှ ကိုယ်တော်ဟို မဖမ်းဆီးကြ။
JOH 8:21 တဖန် ယေရှုဟ “ငါ သွားရလိမ့်မယ်၊ နင်လို့ဟ ငါ့ဟို ဆာပေမဲ့လည်း နင်လို့ဟ မိမိအပစ်နှိုက် သေကြလိမ့်မယ်။ ငါသွားမဲ့အရပ်သို့ နင်လို့ မလာနိန်ကြ” ဟု မိန့်အယ်။
JOH 8:22 အဲလိုမို့ ယုဒအာဏာပိုင်လို့ဟလည်း “ကိုယ်တော်ဟ ငါသွားမဲ့အရပ်ဟို နင်လို့ မလိုက်နိန်ကြ ဟု ပြောအယ်။ ဒါဟ သူ့တတ်တိုင်း သတ်သေမယ်လို့ ဆိုလိုတာလား” ဟု ပြောအယ်။
JOH 8:23 ယေရှုဟလည်း “နင်လို့ဟ အောက်အရပ်သားများ ဖြစ်ကြအယ်၊ အဲလိုလဲ ငါဟ အထက်ဘုံမှ လာအယ်။ နင်လို့ဟ ဟေလောကသားများ ဖြစ်ကြအယ်၊ အဲလိုလဲ ငါဟ ဟေလောကသား မဟုတ်။
JOH 8:24 အဲကျောန်းကျောန့် နင်လို့ဟ မိမိလို့အပစ်နှိုက် သေကြလိမ့်မယ် ဟု ငါဆိုအယ်။ ငါဟ ‘ငါဖြစ်လဲ့အတိုင်း ငါဖြစ်အယ်’ ဟို နင်လို့ မယုံကြည်ရင် မိမိလို့အပစ်နှိုက် သေလိမ့်မယ်” ဟု မိန့်အယ်။
JOH 8:25 သူလို့ဟ “နင်ဟ စသူတုန်း” ဟု မေးကြအယ်။ ယေရှုဟ “ငါစသူဖြစ်တာဟို အစကတည်းဟ နင်လို့အား ငါပြောခဲ့အယ်။
JOH 8:26 “နင်လို့အကျောန်းနဲ့ ပတ်သတ်ယွေ့ ငါပြောစရာ ရမ်းဆာ့ ဆိအယ်၊ နင်လို့အား ပစ်တင်ရှုတ်ချစရာလည်း ရမ်းဆာ့များအယ်။ ငါ့ဟို စေလွှတ်သောသူဟ စစ်မန်ပင်း သူရဲ့ဆေမှ ငါကြားရလဲ့စကားဟိုသာ ဟေလောကနှိုက် ငါဟောပြောအယ်” ဟု မိန့်လေအယ်။
JOH 8:27 ယေရှုဟ ခမည်းတော်ဟို ရည်ညွှန်းယွေ့ ပြောဆိုတာဟို အဲသူလို့ဟ နားမလည်ကြ။
JOH 8:28 အဲလိုမို့ ယေရှုဟ “လူသားဟို မြှောက်ထားသောအခါမှ ငါဟ ‘ငါဖြစ်လဲ့အတိုင်း ငါဖြစ်အယ်’ ဟို လည်းကောင်း၊ ငါဟ ကိုယ့်အလိုအတိုင်း ပစာအမှုဟိုမှ မပြုဘဲ၊ ငါ့ခမည်းတော်ရဲ့ သွန်သင်လဲ့အရာဟိုသာ ပြောတာဟိုလည်းကောင်း နင်လို့ဟ သိကြလိမ့်မယ်။
JOH 8:29 ငါ့ဟို စေလွှတ်သောသူဟ ငါနဲ့အတူ ဆိအယ်၊ ငါဟ အေးအဆှင်နှစ်သက်သော အမှုအရာလို့ဟို အမြဲလုပ်နေသောကျောန့် သူဟ ငါ့ဟို တယောက်တည်း ပစ်မထားဘူး” ဟု မိန့်အယ်။
JOH 8:30 ဟေသို့ မိန့်တာဟို ကြားရသော ရမ်းဆာ့သောလူလို့ဟ ယေရှုဟို ယုံကြည်လာကြအယ်။
JOH 8:31 အဲလိုမို့ ယေရှုဟ မိမိဟို ယုံကြည်သောသူလို့အား “နင်လို့ဟ ငါရဲ့သွန်သင်တာဟို နာခံရင်၊ နင်လို့ဟ ငါရဲ့ တဘဲ့အမန် ဖြစ်ကြပင်း၊
JOH 8:32 နင်လို့ဟ သမ္မာတရားဟိုလည်း သိသောကျောန့် အေးသမ္မာတရားဟ နင်လို့အား လွတ်မြောက်စေလိမ့်မယ်” ဟု မိန့်အယ်။
JOH 8:33 သူလို့ဟလည်း “ငါလို့ဟ အာဗြဟံရဲ့ သားမြေးများ ဖြစ်ကြအယ်၊ စသူ့ဆေမှာမှ ကျွန် မခံခဲ့ဖူးဝူး။ ‘နင်လို့ လွတ်မြောက်လိမ့်မယ်’ ဟု ပစာကျောန့် ပြောတုန်း” ဟု မေးဆှောက်ကြအယ်။
JOH 8:34 ယေရှုဟ “နင်လို့အားငါ အမန်ပြောတာဟ၊ အပစ်ဆိသူတိုင်းဟ အပစ်ရဲ့ကျွန် ဖြစ်အယ်။
JOH 8:35 ကျွန်ဟ မိသားစုနဲ့ အစဉ်နေတာမဟုတ်၊ သားဟ အစဉ်အမြဲ နေအယ်။
JOH 8:36 အဲလိုမို့ နင်လို့အား သားတော်ဟ လွတ်မြောက်စေရင် နင်လို့ဟ အမန်တကယ် လွတ်မြောက်ကြလိမ့်မယ်။
JOH 8:37 နင်လို့ဟ အာဗြဟံရဲ့ သားမြေးဖြစ်တာဟို ငါသိအယ်။ အဲလိုလဲ နင်လို့ဟ ငါရဲ့ သွန်သင်ချက်ဟို လက်မခံဘဲ ငါ့ဟို သတ်ဖို့ ကြိုးစားကြအယ်။
JOH 8:38 ငါဟ ငါ့ခမည်းတော် ပြသောအရာများအကျောန်းဟို ငါပြောအယ်၊ အဲလိုလဲ နင်လို့ဟ နင့်ရဲ့ အဖပြောလဲ့အတိုင်း ပြုကြအယ်” ဟု မိန့်လေအယ်။
JOH 8:39 အဲသူလို့ဟ “ငါလို့ရဲ့ အဖဟ အာဗြဟံ ဖြစ်အယ်” ဟု ဆိုကြအယ်။ ယေရှုဟ “နင်လို့ဟ အာဗြဟံရဲ့ လူပဲ့သငယ်များဖြစ်ရင် အာဗြဟံပြုသလို ပြုကြလိမ့်မယ်။
JOH 8:40 ဘုရားသခင်ဆေမှ ကြားခဲ့ရသော သမ္မာတရားဟို နင်လို့အား ဟောပြောခဲ့သူ ငါ့ဟို သတ်ရန် နင်လို့ဟ ကြိုးစားကြအယ်။ အာဗြဟံဟ ဟေလို ပြုခဲ့တာ မဟုတ်။
JOH 8:41 နင်လို့ဟ နင်လို့အဖပြုသော အမှုများဟို ပြုကြအယ်” ဟု မိန့်လေအယ်။ အဲသူလို့ဟလည်း “ငါလို့ဟ သူရဲ့စစ်မန်သော လူပဲ့သငယ်များ ဖြစ်အယ်၊ ငါလို့မှာ ဘုရားသခင်တည်းဟူသော အဖတပါးတည်း ဆိအယ်” ဟု ပြန်ဖြေအယ်။
JOH 8:42 ယေရှုဟ “ဘုရားသခင်သည် နင်လို့ရဲ့ အဖမန်ရင် နင်လို့ဟ ငါ့ဟို ချစ်ကြလိမ့်မယ်၊ ငါဟ ဘုရားသခင်ဆေမှ လာယွေ့ အခု ဟေအရပ်ဟို ရောက်ဆိနေအယ်။ ကိုယ်ပိုင်အခွင့်အာဏာအရ လာတာ မဟုတ်၊ အဲလိုလဲ ကိုယ်တော်ဟ ငါ့ဟို စေလွှတ်အယ်။
JOH 8:43 နင်လို့ဟ ငါပြောဆိုတာဟို ပစာကျောန့် နားမလည်ကြတုန်း။ ငါရဲ့ တရားစကားဟို နင်လို့ မနာခံနိန်သောကျောန့် ဖြစ်အယ်။
JOH 8:44 နင်လို့ရဲ့အဖဟ မာရ်နတ် ဖြစ်အယ်၊ အဲလိုမို့ နင်လို့အဖရဲ့ အလိုဟို လိုက်ယွေ့ နင်လို့ဟ ပြုကြအယ်။ မာရ်နတ်ဟ ဟိုးအရင်ကပင် လူသတ်သမား ဖြစ်ပင်း သူနှိုက် အမန်တရား မဆိသောကျောန့် သူဟ သမ္မာတရားနှိုက် မရပ်တည်ခဲ့ဝူး။ သူဟ ဝါပြောသောအခါ မိမိသဘာဝဟိုသာ လုပ်တာဖြစ်ပင်း ဝါပြောတတ်သောသူလို့ရဲ့ အဖ ဖြစ်အယ်။
JOH 8:45 အဲလိုလဲ ငါဟ သမ္မာတရားဟို ပြောသောကျောန့် နင်လို့ မယုံကြည်ကြ။
JOH 8:46 ငါနှိုက် အပစ်ဆိကျောန်းဟို စသူဟ သက်သေပြနိန်တုန်း။ ငါဟ အမန်တရား ပြောနေတာတောင်မှ ပစာကျောန့် နင်လို့ဟ မယုံကြည်တုန်း။
JOH 8:47 ဘုရားသခင်နဲ့ စပ်ဆိုင်သောသူဟ ဘုရားသခင်ရဲ့ စကားဟို နားထောင်တတ်အယ်။ နင်လို့ဟ ဘုရားသခင်နဲ့ မစပ်ဆိုင်သောကျောန့် နားမထောင်ကြ” ဟု မိန့်လေအယ်။
JOH 8:48 ယုဒလူလို့ဟ ယေရှုအား “နင်ဟ ရှမာရိလူဖြစ်ပင်း နတ်ဆိုးစွဲနေတာဟု ငါလို့ပြောသောစကားဟ အမန် မဟုတ်လော” ဟု ပြန်ဖြေအယ်။
JOH 8:49 ယေရှုဟ “ငါသည် နတ်ဆိုးစွဲသောသူ မဟုတ်၊ ငါဟ ငါ့ခမည်းတော်ဟို ချီးမြှောက်အယ်၊ အဲလိုလဲ နင်လို့ဟ ငါ့ဟို ရှုတ်ချကြအယ်။
JOH 8:50 ငါဟ ကိုယ့်တတ်တိုင်း ဂုဏ်အသရေဟို ဆာတာ မဟုတ်ဘဲ ငါရဲ့ ဂုဏ်အသရေဟို ဆာယွေ့ ငါ့ဖက်မှ စီရင်သောသူလည်း ဆိသေးအယ်။
JOH 8:51 နင်လို့အား ငါ အမန်ဆိုအယ် ငါ့စကားဟို နာခံသောသူဟ သေခြင်းနဲ့ အစဉ်မပြတ် ကင်းလွတ်လိမ့်မယ်” ဟု မိန့်လေအယ်။
JOH 8:52 ယုဒလူလို့ဟ “နင်နှိုက် နတ်ဆိုးစွဲတာဟို အခု ငါလို့ သိကြအယ်၊ အာဗြဟံဟ သေလွန်ခဲ့ပင်း ပရောဖက်လို့လည်း သေလွန်ကြပီ၊ ငါ့စကားဟို နာခံသောသူဟ သေခြင်းနဲ့ အစဉ်မပြတ် ကင်းလွတ်လိမ့်မယ်” ဟု ဆိုလေအယ်။
JOH 8:53 “နင်ဟ သေလွန်သော ငါလို့ရဲ့အဖ အာဗြဟံထက် ကြီးမြတ်သလော။ သူဟလည်းသေခဲ့ပင်း ပရောဖက်လို့လည်း အဲတိုင်းတိုင်း သေကြပီ။ နင်ဟ မိမိတတ်တိုင်း စသူလို့ ထင်နေတာတုန်း” ဟု မေးကြအယ်။
JOH 8:54 ယေရှုဟလည်း “ငါဟ မိမိတတ်တိုင်း ချီးမြှောက်ရင် ငါရဲ့ ဂုဏ်အသရေဟ အလကားကား ဖြစ်အယ်။ ငါ့ဟို ချီးမြှောက်သောသူဟ ငါ့ခမည်းတော် ဖြစ်ပင်း အဲအဆှင်ဟ ငါလို့ရဲ့ ဘုရားသခင် ဖြစ်အယ်ဟု ဆိုကြအယ်။
JOH 8:55 ဘုရားသခင်ဟို နင်လို့ မသိကြသော်လည်း ငါဟတော့ သူ့ဟို သိအယ်။ အေးအဆှင်ဟို ငါမသိဟု ပြောရင် နင်လို့လိုမျိုး ဝါလဲ့သူဖြစ်လိမ့်မယ်။ အဲလိုလဲ ငါဟ အေးအဆှင်ဟို သိယွေ့ သူ့ရဲ့စကားဟိုလည်း ငါနားထောင်အယ်။
JOH 8:56 နင်လို့အဖ အာဗြဟံဟ ငါကြွလာမဲ့ အချိန်ကာလဟို မျော်ဖို့ ရမ်းဆာ့ အလိုဆိအယ်။ မျော်ရသောအခါ ဝမ်းမြောက်ခြင်းဟို ရောက်ရလိမ့်မယ်” ဟု မိန့်လေအယ်။
JOH 8:57 ယုဒလူလို့ဟ သူ့ဟို “နင်ဟ အသက်ငါးဆယ်မျှ မဆိဘဲ နင် အာဗြဟံဟို မျော်ဖူးသလော” ဟု ဆိုကြအယ်။
JOH 8:58 ယေရှုဟ “နင်လို့အား ငါ အမန်ဆိုအယ်၊ အာဗြဟံ မမွေးမီဟပင် ငါ ဆိအယ်” ဟု မိန့်လေအယ်။
JOH 8:59 အဲအခါ သူလို့ဟ ယေရှုဟို ပစ်ရန် ကျောက်ခလုံးဟို ကောက်ယူကြအယ်၊ အဲလိုလဲ ယေရှုဟ တိမ်းဆှောင်ယွေ့ ဗိမာန်တော်မှ ထွက်သွားလေအယ်။
JOH 9:1 ယေရှုဟ လမ်းဆှောက်ယွေ့ သွားစဉ် အမေ့ဖိုက်ထဲဟ မျက်စေ့ကန်းသော သူတယောက်ဟို မျော်လေအယ်။
JOH 9:2 ကိုယ်တော်ရဲ့ တဘဲ့တော်လို့ဟ “ဆရာ၊ ဟေသူဟ ပစာအပစ်ကျောန့် မျက်စေ့ကန်းတုန်း။ မိမိ အပစ်ကျောန့်လား အဲဟာမဟုတ်ရင် မိဘ အပစ်ကျောန့်လား” ဟု မေးဆှောက်ကြအယ်။
JOH 9:3 ယေရှုဟ “သူ့ အပစ်ကျောန့် မဟုတ်၊ မိဘ အပစ်ကျောန့်လည်း မဟုတ်။ သူမျက်စေ့မမျော်ရခြင်းမှာ ဘုရားသခင်ရဲ့ တန်ခိုးတော် သူနှိုက် ထင်ဆှားစေရန် ဖြစ်အယ်။
JOH 9:4 ငါ့ဟို စေလွှတ်သော သူရဲ့အမှုဟို နေ့အချိန်နှိုက် ဆိစဉ် ငါလို့ လုပ်ရမယ်၊ စသူမျှ မလုပ်ဆောင်နိန်သော အချိန်တည်းဟူသော ညအချိန် ရောက်လာလိမ့်မယ်။
JOH 9:5 ငါဟ ဟေလောကနှိုက် ဆိနေစဉ် ဟေလောကရဲ့ အလင်း ဖြစ်အယ်” ဟု မိန့်အယ်။
JOH 9:6 ဟေလို မိန့်ပင်းနောက် ယေရှုဟ မြေပေါ်ဟို ဆံထွေးနဲ့ ထွေးယွေ့ ရွံ့လုပ်ပင်း ကန်းနေသောသူရဲ့ မျက်စေ့ဟို ရွံ့နဲ့ လူးယွေ့
JOH 9:7 သူ့ဟို “သွားပင်း ရှိလောင် ယေကန်နှိုက် မျက်စေ့ဟို ဆေးလော့” ဟု မိန့်အယ်။ ရှိလောင် အဓိပ္ပာယ်မှာ “စေလွှတ်အယ်” ဟု ဖြစ်အယ်။ အဲသူဟ သွားယွေ့ မျက်စေ့ဟို ဆေးပင်းနောက် မျက်စေ့မျော်လျက် ပြန်လာအယ်။
JOH 9:8 သူဟ ကျောန်နန်ဖြစ်တာဟို အိုင်နီးချင်းမှစယွေ့ မျော်ဖူးသောသူလို့ဟ “ဟေသူဟ ထိန်ပင်း တောင်းစားလေ့ဆိသောသူ မဟုတ်လော” ဟု ဆိုကြအယ်။
JOH 9:9 လူအချို့လို့ဟ “ဟုတ်အယ်” ဟု လည်းကောင်း၊ အချို့ဟ “အဲသူ မဟုတ်၊ အဲသူနဲ့ တူသောသူ ဖြစ်အယ်” ဟု လည်းကောင်း ဆိုကြအယ်။ သူတတ်တိုင်းပင် “ငါဟ အေးသူပင် ဖြစ်အယ်” ဟု ဆိုအယ်။
JOH 9:10 သူလို့ဟ “နင် အခု စလိုမျက်စေ့ မျော်လာတုန်း” ဟု မေးကြအယ်။
JOH 9:11 အေးသူဟ “ယေရှု နာမယ်ဆိသော သူတယောက်ဟ ရွံ့လုပ်ယွေ့ ငါ့မျက်စေ့ဟို လူးပင်း ရှိလောင် ယေကန်ဟို သွားယွေ့ မျက်စေ့ဟို ဆေးခိုင်းအယ်။ အဲလိုမို့ ငါဟ သွားယွေ့ ဆေးလိုက်ရာ မျက်စေ့မျော်လာအယ်” ဟု ဆိုအယ်။
JOH 9:12 သူလို့ဟ “အဲသူဟ ဖယ်နားမှာ ဆိတုန်း” ဟု မေးကြအယ်။ သူဟ “ငါမသိ” ဟု ပြန်ဖြေအယ်။
JOH 9:13 လူလို့ဟ မျက်စေ့ကန်းဖူးသော အေးသူဟို ဖာရိရှဲလို့ ဆေဟို ခေါ်ခဲ့ကြအယ်။
JOH 9:14 ယေရှုဟ ရွံ့နဲ့ပြုလုပ်ယွေ့ သူရဲ့မျက်စေ့ဟို မျော်စေသောနေ့ဟ ဥပုသ်နေ့ ဖြစ်အယ်။
JOH 9:15 အဲပင်းရင် ဖာရိရှဲလို့ဟ စလို နင်ရဲ့ မျက်စေ့မျော်လုန်း ဟု မေးကြအယ်။ သူဟ အေးသူလို့အား “ငါ့မျက်စေ့နှိုက် သူဟ ရွံ့နဲ့လူးပင်း၊ ငါရဲ့မျက်စေ့ဟို ဆေးလိုက်ရာ အခု မျက်စေ့မျော်လာအယ်” ဟု ဆိုအယ်။
JOH 9:16 ဖာရိရှဲအချို့လို့ဟ “အေးသူသည် ဥပုသ်နေ့ဟို မစောင့်ထိန်းသောကျောန့် ဘုရားသခင်ဆေမှ လာသောသူ မဟုတ်” ဟု ဆိုအယ်။ အခြားသောသူလို့ဟ “အပစ်သားဖြစ်သောသူတဦးဟ ဟေလို့သော နိမိတ်လက္ခဏာလို့ဟို စလို ပြုလုပ်နိန်မှာလဲ” ဟု ဆိုကြအယ်။ အားပင်း သူလို့ထဲတွင် ကွဲပြားခြင်း ဆိကြအယ်။
JOH 9:17 အေးနောက် ဖာရိရှဲလို့ဟ မျက်စေ့ကန်းဖူးသောသူဆေ တခါပြန်လာယွေ့ “နင့်မျက်စေ့မျော်စေသောသူရဲ့ အကျောန်းဟို နင်စလိုပြောမလုန်း” ဟု မေးကြအယ်။ အေးသူဟ “ပရောဖက် ဖြစ်အယ်” ဟု ပြန်ပြောကြအယ်။
JOH 9:18 ယုဒအာဏာပိုင်လို့ဟ မခင် အေးသူမျက်စေ့ကန်းတာဟို လည်းကောင်း၊ အခု မျက်စေ့ပြန်ပင်း မျော်လာတာဟို လည်းကောင်း မယုံကြသဖြင့် သူရဲ့မိဘလို့ဟို ခေါ်ယွေ့၊
JOH 9:19 “ဟေသူဟ နင်လို့ရဲ့ သားလော၊ နင်လို့ပြောလဲ့အတိုင်း အမေ့ဖိုက်ထဲဟပင် မျက်စေ့ကန်းသလော၊ အေးတိုင်းမန်ရင် စလို မျက်စေ့မျော်လာတုန်း” ဟု မေးကြအယ်။
JOH 9:20 သူ့ရဲ့ မိဘလို့ဟလည်း “ဟေသူဟ ငါလို့ရဲ့ သား မန်အယ်၊ ပင်းရင် အမေ့ဖိုက်ထဲဟပင် မျက်စေ့ကန်းတာဖြစ်ကျောန်း ငါလို့ သိကြအယ်။
JOH 9:21 အဲလိုလဲ အခု သူဟ စလိုမျက်စေ့မျော်တာဟို ငါလို့ မသိကြ၊ သူ့အား စသူ မျက်စေ့မျော်စေတာဟိုလည်း မသိပါ။ သူ့အား မေးမန့်။ သူဟ အရွယ်ရောက်ပီ၊ သူရဲ့အကျောန်းဟို သူ့တတ်တိုင်း ပြောပြနိန်လိမ့်မယ်” ဟု ပြန်ပြောကြအယ်။
JOH 9:22 သူ့ရဲ့ မိဘဟ ဟေလို့ဖြေရခြင်းဟာ ယုဒအာဏာပိုင်လို့ဟို ကြောက်သောကျောန့် ဖြစ်အယ်၊ ယေရှုအား မေဆှိယအဖြစ် ဝန်ခံသောသူ စသူဟိုမဆို တရားဇရပ်မှ မောင်းထုတ်ခံရမယ် ဟု ယုဒလူလို့ဟ သဘောတူဆုံးဖြတ်ပင်း ဖြစ်အယ်။
JOH 9:23 အေးကျောန့် သူ့ရဲ့ မိဘလို့ဟ “သူဟ အရွယ်ရောက်ပီ၊ သူ့ဟို မေးမန့်” ဟု ဆိုကြခြင်း ဖြစ်အယ်။
JOH 9:24 အေးကျောန့် သူလို့ဟ မျက်စေ့ကန်းဖူးသောသူဟို ဒုတိယအကြိမ် ခေါ်ပင်း “ကတိပေးထားလဲ့အတိုင်း ဘုရားသခင်ဆေ့နှိုက် အမန်တရားဟို ပြောမန့်၊ နင့်ဟို ကျန်းမာစေသောသူဟ အပစ်သားဖြစ်ကျောန်းဟို ငါလို့ သိအယ်” ဟု ဆိုကြအယ်။
JOH 9:25 အေးသူဟလည်း “ဟေသူဟ အပစ်သား ဖြစ်အယ် အဲဟာမဟုတ်ရင် မဖြစ်အယ်ဟို ငါမသိဝူး။ ငါသိလဲ့တခုမှာ၊ ငါဟ မခင် မျက်စေ့ကန်းယွေ့ အခု မျက်စေ့မျော်အယ်” ဟု ပြန်ပြောအယ်။
JOH 9:26 အေးသူလို့ဟလည်း “သူဟ နင့်ဟို စလို ပြုတုန်း၊ စလို နင့်မျက်စေ့မျော်လာတုန်း” ဟု မေးကြအယ်။
JOH 9:27 အေးသူဟ “နင်လို့အား ငါပြောပြပင်း ဖြစ်အယ်၊ နင်လို့ဟ နားမထောင်ကြ။ ပစာကျောန့် ထပ်ပင်း ကြားလိုကြတုန်း။ နင်လို့ဟလည်း သူ့ရဲ့ တဘဲ့ ဖြစ်လိုသလော” ဟု ဖြေအယ်။
JOH 9:28 အေးသူလို့ဟ သူ့အား ကဲ့ရဲ့ပင်း “နင်ဟ သူ့တဘဲ့ ဖြစ်အယ်၊ အဲလိုလဲ ငါလို့ဟတော့ မောရှေရဲ့ တဘဲ့များ ဖြစ်အယ်ဟု ပြောအယ်။
JOH 9:29 ဘုရားသခင်ဟ မောရှေအား ဗျာဒိတ်ပေးခဲ့ကျောန်းဟို ငါလို့ သိအယ်။ ဟေသူဟ ပစာဟလာတာဟို မသိ” ဟု ဆိုကြအယ်။
JOH 9:30 အေးသူဟ “သူဟ ငါ့မျက်စေ့ဟို မျော်စေခဲ့သူ ဖြစ်အယ်၊ အဲလိုလဲ သူဟ ဖယ်နားဟ လာတာဟို မသိရခြင်းမှာ အံ့ဩဖို့ကောင်းအယ်။
JOH 9:31 ဘုရားသခင်ဟ အပစ်ဆိသောသူလို့ရဲ့ စကားဟို နားမထောင်တာဟို ငါလို့ သိကြအယ်၊ ဘုရားသခင်ဟို ရိုသေလေးစားယွေ့ အလိုတော်တိုင်း လိုက်ဆှောက်သူရဲ့ စကားဟို နားထောင်အယ်။
JOH 9:32 အမိဖိုက်ထဲဟ မျက်စေ့ကန်းသောသူဟို မျက်စေ့မျော်စေဖို့ တတ်နိန်ခြင်းဟို ကမ္ဘာဦးစကတည်းဟ တယောက်မှ မကြားဖူးဝူး။
JOH 9:33 ဟေသူဟ ဘုရားသခင်ဆေမှ လာသောသူမဟုတ်ရင် ပစာအမှုဟိုမှ မတတ်နိန်” ဟု ဆိုအယ်။
JOH 9:34 အေးသူလို့ဟလည်း “နင်ဟ မွေးစဟပင် တကိုယ်လုံးနှိုက် ဒုစရိုက်အပစ်စွဲသောသူဖြစ်ပင်း ငါလို့ဟို သွန်သင်ဖို့ ကြိုးစားနေတာလား” ဟု ဆိုပင်း တရားဇရပ်မှ နှင်ထုတ်လိုက်ကြအယ်။
JOH 9:35 သူလို့ဟ သူဟို အပြင်မောင်းထုတ်လိုက်ကျောန်းဟို ယေရှု ကြားယွေ့ ကိုယ်တော်ဟ သူဟို တွေ့သောအခါ၊ “နင်ဟ လူသားဟို ယုံကြည်သလော” ဟု မေးလေအယ်။
JOH 9:36 အေးသူဟ “ဆရာ၊ ငါ သူ့ဟို ယုံကြည်နိန်စေရန် အဲသူဟ စသူဖြစ်တာဟို ငါ့ဟို ပြောပြပါ” ဟု မေးအယ်။
JOH 9:37 ယေရှုဟ “နင်ဟ သူ့ဟို မျော်ခဲ့ပင်း ဖြစ်အယ်၊ သူဟ အခု နင်နဲ့ စကားပြောနေသောသူ ဖြစ်အယ်” ဟု မိန့်အယ်။
JOH 9:38 အေးသူဟ “သခင်ဘုရား၊ ငါ ယုံကြည်အယ်” ဟု ဆှောက်ယွေ့ ကိုယ်တော်အား ပျပ်ဝပ် ကိုးကွယ်လေအယ်။
JOH 9:39 ယေရှုဟ “မျက်စေ့ကန်းသောသူဟို မျော်စေရန်နဲ့ မျက်စေ့မျော်သောသူဟို မျက်စေ့ကန်းစေခြင်းငှာ ငါဟ တရားစီရင်ရန် ဟေလောကဟို ကြွလာခြင်းဖြစ်အယ်” ဟု မိန့်လေအယ်။
JOH 9:40 ကိုယ်တော်နဲ့အတူဆိနေသော ဖာရိရှဲအချို့လို့ဟ အေးစကားဟို ကြားယွေ့၊ “ငါလို့ဟလည်း မျက်စေ့ကန်းသောသူများ ဖြစ်ကြသလော” ဟု မေးကြအယ်။
JOH 9:41 ယေရှုဟ “နင်လို့ဟ မျက်စေ့ကန်းသောသူများဖြစ်ခဲ့ကြရင် နင်လို့နှိုက် အပစ်ဆိခဲ့မယ် မဟုတ်၊ အဲလိုလဲ ငါလို့ မျော်အယ်ဟု နင်လို့ အခုဆိုကြသဖြင့် နင်လို့အပစ်ဟ တည်မြဲတည်အယ်” ဟု မိန့်လေအယ်။
JOH 10:1 ယေရှုဟ “နင်လို့အား ငါ အမန်ဆိုတာဟ သိုးခြံထဲဟို ထင်ခါးပေါက်ဟ မဝင်ဘဲ အခြားသောလမ်းနဲ့ ကျော်ဝင်သောသူဟ သူခိုး၊ ထားပြဖြစ်အယ်။
JOH 10:2 ထင်ခါးပေါက်မှ ဝင်သောသူဟ သိုးလို့ရဲ့ သိုးထိန်းဖြစ်အယ်။
JOH 10:3 အေးသူအား ထင်ခါးစောင့်ဟ သိုးထိန်းအတွက် ထင်ခါးဖွင့်ပေးတတ်အယ်၊ သူရဲ့အသံဟို သိုးလို့ဟ နားထောင်တတ်ကြပင်း၊ သူဟ မိမိသိုးလို့ဟို နာမယ်ဖြင့် ခေါ်ယွေ့ ပြင်ဟို ထုတ်ဆောင်တတ်အယ်။
JOH 10:4 သူဟ သိုးလို့ဟို အပြင်ထုတ်သောအခါ၊ သိုးလို့ အဆေ့မှ သွားယွေ့၊ သိုးလို့ဟ သူရဲ့ အသံဟို သိသောကျောန့် နောက်ဟ လိုက်တတ်ကြအယ်။
JOH 10:5 သိုးလို့ဟ လူစိမ်းရဲ့ နောက်ဟို လိုက်လိမ့်မယ် မဟုတ်၊ အဲအစား လူစိမ်းရဲ့အသံဟို မသိသောကျောန့် သူ့ဆေမှ ထွက်ပြေးလိမ့်မယ်” ဟု မိန့်လေအယ်။
JOH 10:6 ယေရှုဟ ဟေပုံဥပမာဟို အေးသူလို့အား မိန့်အယ်၊ အဲလိုလဲ ဖာရိရှဲလို့ဟ ကိုယ်တော် စကားရဲ့ ဆိုလိုရင်းဟို နားမလည်ကြ။
JOH 10:7 အေးကျောန့် တဖန်ယေရှုဟ “နင်လို့အား ငါ အမန်ဆိုတာဟ၊ ငါဟ သိုးလို့ဝင်သော ထင်ခါးပေါက် ဖြစ်အယ်။
JOH 10:8 ငါ့ဆေ့နှိုက် လာသောသူဆိသမျှလို့ဟ သူခိုးနဲ့ ထားပြများ ဖြစ်အယ်၊ အဲလိုလဲ သိုးလို့ဟ သူလို့ရဲ့ စကားဟို နားမထောင်ကြ။
JOH 10:9 ငါဟ ထင်ခါးပေါက် ဖြစ်အယ်။ ငါ့အားဖြင့် ဝင်သောသူ စသူမဆို ကယ်တင်ခြင်းခံရလိမ့်မယ်၊ သူလို့ဟ ဝင်ထွက်သွားလာလျက် ကျက်စားရာဟို တွေ့လိမ့်မယ်။
JOH 10:10 သူခိုးဟ ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းဖို့သာ လာတတ်အယ်၊ ငါဟတော့ သိုးလို့ဟို အသက်ရဆိစေဖို့ သာမက — အဲအသက်ဟို ပြေ့စုံစေဖို့ လာခြင်းဖြစ်အယ်။
JOH 10:11 “ငါဟ ကောင်းသော သိုးထိန်း ဖြစ်အယ်၊ ကောင်းသော သိုးထိန်းဟ သိုးလို့အတွက် မိမိအသက်ဟို စွန့်တတ်အယ်။
JOH 10:12 သိုးလို့ဟို ပိုင်သောသိုးထိန်း မဟုတ်၊ သူငှားဖြစ်သောသူဟ ဝံပုလွေလာတာဟို မျော်ရင်၊ သိုးလို့ဟို ပစ်ထားယွေ့ ထွက်ပြေးတတ်အယ်၊ အဲလိုမို့ ဝံပုလွေဟလည်း သိုးလို့ဟို တိုက်ခိုက်ပင်း ကွဲစေတတ်အယ်။
JOH 10:13 သူငှားဟ သူငှားဖြစ်လဲ့အလျောက် သိုးလို့အတွက် ဂရုမစိုက်ဘဲ ထွက်ပြေးတတ်အယ်။
JOH 10:14 ငါဟ ကောင်းသော သိုးထိန်း ဖြစ်အယ်။ ခမည်းတော်ဟ ငါ့ဟို သိပင်း ငါဟလည်း ခမည်းတော်ဟို သိသလို ငါ့သိုးလို့ဟိုလည်း ငါသိယွေ့ ငါ့သိုးလို့ဟလည်း ငါဟိုသိကြအယ်။ ငါဟ သိုးလို့အဖို့ အသေခံရန် ဆန္ဒဆိအယ်။
JOH 10:16 ဟေသိုးခြံထဲဟ မဟုတ်သော အခြားသိုးလို့ဟိုလည်း ငါပိုင်သေးအယ်။ အေးသိုးလို့ဟိုလည်း ငါဆောင်ခဲ့ရမယ်၊ ငါ့ရဲ့ အသံဟို နားထောင်ပင်း သိုးအုပ်တအုပ်တည်းနဲ့ သိုးထိန်းတယောက်တည်း သူလို့ဟ ဖြစ်လာကြလိမ့်မယ်။
JOH 10:17 “ငါဟ အသက်ဟို ပြန်လည်ရယူရန် ငါရဲ့ အသက်ဟို စွန့်ချင်သော ဆန္ဒဆိသောကျောန့် ခမည်းတော်ဟ ငါ့ဟို ချစ်အယ်။
JOH 10:18 ငါ့အသက်ဟို စသူမှ မလုမယူဘဲ ငါ့ဆန္ဒအလျောက် အသက်ဟို စွန့်ခြင်း ဖြစ်အယ်။ ငါနှိုက် အသက်စွန့်ပိုင်ခွင့်နဲ့ နောက်တဖန် ကိုယ့်အသက်ဟို ပြန်ယူပိုင်သောအခွင့်ဟ ငါနှိုက်ဆိအယ်။ ငါဟ ဟေအမိန့်ဟို ငါ့ခမည်းတော်ဆေမှ ရဆိအယ်” ဟု မိန့်အယ်။
JOH 10:19 ဟေစကားကြားလဲ့ ယုဒလူလို့ဟ စိတ်သဘောထား ကွဲလွဲသွားကြအယ်။
JOH 10:20 သူလို့ထဲမှ အများစုဟ “သူဟ နတ်ဆိုးစွဲပင်း အရူး ဖြစ်အယ်။ ပစာကျောန့် သူရဲ့ စကားဟို နားထောင်ကြတုန်း” ဟု ဆိုကြအယ်။
JOH 10:21 အဲလိုလဲ အခြားသောသူလို့ဟလည်း “နတ်ဆိုးစွဲသောသူဟ ဟေလိုစကားဟို မပြောနိန်ဝူး၊ နတ်ဆိုးစွဲသောသူဟ မျက်စေ့ကန်းသောသူလို့ဟို မျော်စေဖို့ တတ်နိန်သလော” ဟု ဆိုကြအယ်။
JOH 10:22 အဲအချိန်နှိုက် ယေရုရှလင်မြို့တွင် ဗိမာန်တော်နှိုက် ဆက်ကပ်လဲ့ ပွဲတော်ကျရောက်လျက်ဆိအယ်။ အေးအခါဟ ဆောင်းရာသီဖြစ်အယ်၊
JOH 10:23 ယေရှုဟ ဗိမာန်တော်နှိုက်ဆိသော ရှောလမုန် မုခ်တွင် လမ်းဆှောက်လျက် နေအယ်။
JOH 10:24 အဲမှာဆိလဲ့ ယုဒလူလို့ဟ ကိုယ်တော်ဟို ဝိုင်းပင်း “နင်ဟ စလောက်ထိ ငါလို့ဟို ယုံမားစေတုန်း၊ နင်ဟ မေဆှိယ မန်ရင် ငါလို့ဟို အတိအလင်းပြောပါ” ဟု ဆိုကြအယ်။
JOH 10:25 ယေရှုဟ “နင်လို့အား ငါပြောပင်း ဖြစ်အယ်၊ အဲလိုလဲ နင်လို့ မယုံကြ။ ငါ့ခမည်းတော်ရဲ့ အခွင့်နဲ့ ငါပြုသောအမှုလို့ဟ ငါရဲ့ သက်သေ ဖြစ်အယ်၊
JOH 10:26 အဲလိုလဲ နင်လို့ဟ ငါရဲ့ သိုးများ မဟုတ်သောကျောန့် ငါ့ဟို မယုံကြ။
JOH 10:27 ငါ့သိုးလို့ဟ ငါ့အသံဟို နားထောင်ကြအယ်။ ငါဟ သူလို့ဟို သိယွေ့ သူလို့ဟလည်း ငါ့နောက်ဟို လိုက်ကြအယ်။
JOH 10:28 ငါဟ သူလို့အား ထာဝရအသက်ဟို ပေးယွေ့ သူလို့ဟ သေခြင်းနဲ့ အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မယ်။ စသူမျှ အဲသိုးလို့ဟို ငါ့လက်မှ လုယူယွေ့ မရနိန်။
JOH 10:29 သူလို့ဟို ငါအား ပေးသော ငါ့ခမည်းတော်ဟ ခပ်သိမ်းသောသူလို့ထက် ကြီးမြတ်တာဖြစ်ယွေ့၊ စသူမျှ သိုးလို့ဟို ငါ့ခမည်းတော်ရဲ့ လက်မှ မလုမယူနိန်။
JOH 10:30 ခမည်းတော်နဲ့ ငါဟ တလုံးတဝတည်း ဖြစ်အယ်” ဟု မိန့်အယ်။
JOH 10:31 အေးနောက် ယုဒလူလို့ဟ ကိုယ်တော်ဟို ပစ်ရန် တခါ ကျောက်ခလုံးလို့ဟို ကောက်ယူကြအယ်။
JOH 10:32 ယေရှုဟလည်း “ငါဟ ခမည်းတော်ဆေမှ ကောင်းသောအမှုလို့ဟို နင်လို့အား ပြသခဲ့အယ်။ အေးအမှုထဲမှ ပစာအမှုကျောန့် ငါ့ဟို ခဲနဲ့ ပစ်မလုန်း” ဟု ပြောအယ်။
JOH 10:33 သူလို့ဟ “ကောင်းသောအမှုလို့ကျောန့် ခဲနဲ့ ပစ်တာ မဟုတ်၊ နင်ဟ လူဖြစ်လျက် ဘုရားယောင်ဆောင်ယွေ့ ဘုရားသခင်ဟို ပစ်မားလဲ့ စကားဟို ပြောသောကျောန့် ခဲနဲ့ ပစ်မယ်” ဟု ဆိုကြအယ်။
JOH 10:34 ယေရှုဟလည်း “နင်လို့ရဲ့ ပညတ်ကျမ်းတွင် ဘုရားသခင်ဟ ‘နင်လို့ဟ ဘုရားများ ဖြစ်ကြအယ်’ ဟု ရေးထားအယ်။
JOH 10:35 ကျမ်းစာပြောလဲ့အရာများဟ အမြဲမန်ကန်ကျောန်းဟို ငါလို့ သိကြအယ်၊ ဘုရားသခင်ဟ မိမိရဲ့ တရားစကားဟို ရဆိသောလူများဟို ဘုရားများ ဟု ခေါ်အယ်။
JOH 10:36 ခမည်းတော်ဟ ငါ့ဟို ရွေးချယ်ယွေ့ ဟေလောကဟို စေလွှတ်အယ်။ အဲလိုမို့ ငါဟ ဘုရားသခင်ရဲ့ သားတော်ဖြစ်အယ်ဟု ဆိုခြင်းဟ ငါဟ ဘုရားသခင်ဟို ပစ်မားလဲ့စကားဟို ပြောအယ်လို့ စလိုကျောန့် နင်လို့ ဆိုနိန်တုန်း။
JOH 10:37 ငါဟ ခမည်းတော်ရဲ့ အမှုလို့ဟို ငါမဆောင်ရွက်ရင် ငါ့အား မယုံကြည်ကြနဲ့။
JOH 10:38 အဲလိုလဲ ငါဟ သူ့ရဲ့ အမှုတော်ဟို ဆောင်ရွက်ရင် ငါ့ဟို မယုံသော်လည်း အေးအမှုများဟို ယုံကြလော့၊ အေးလို ယုံကြည်ရင် ခမည်းတော်ဟ ငါနှိုက်ဆိလျက် ငါဟ ခမည်းတော်နှိုက် ဆိကျောန်းဟို နင်လို့ သိယွေ့ နားလည်ကြလိမ့်မယ်” ဟု မိန့်လေအယ်။
JOH 10:39 အေးသူလို့ဟ ယေရှုဟို ဖမ်းဆီးရန် နောက်တခါ ကြိုးစားကြပြန်အယ်၊ အဲလိုလဲ ကိုယ်တော်ဟ သူလို့ရဲ့ လက်မှ ဆှောင်တိမ်းယွေ့ သွားလေအယ်။
JOH 10:40 ယေရှုဟ ယော်ဒန်မြစ်တဖက်ဆိ မခင် ယောဟန် နှစ်ခြင်းပေးသောအရပ်ဟို ပြန်လည်သွားယွေ့ အေးအရပ်နှိုက် နေလေအယ်။
JOH 10:41 လူများလို့ဟ ကိုယ်တော်ဆေဟို ရောက်လာကြအယ်။ သူလို့ဟလည်း “ယောဟန်ဟ ပစာနိမိတ်လက္ခဏာဟိုမျှ မပြ၊ အဲလိုလဲ ဟေလူအကျောန်းဟို ယောဟန် ပြောသမျှ မန်အယ်” ဟု ဆိုကြအယ်။
JOH 10:42 အေးအရပ်နှိုက် လူများလို့ဟ ယေရှုဟို ယုံကြည်ကြအယ်။
JOH 11:1 ဗေသနိရွာမှာနေလဲ့ လာဇရုလို့ ခေါ်လဲ့ လူတယောက်ဟ ဖျားနာလျက် ဆိအယ်။ ဗေသနိရွာတွင် ညီအမဖြစ်ကြသော မာရိနဲ့ မာသလို့ နေထိန်ကြအယ်။
JOH 11:2 ဟေမာရိဟ သခင်ဘုရားရဲ့ ခြေဟို ဆီမွှေးသွန်းလောင်းယွေ့ မိမိဆံပင်ဖြင့် သုတ်ပေးသူ ဖြစ်အယ်၊ ဖျားနာနေသူလာဇရုဟ သူမရဲ့ မောင်ငယ် ဖြစ်အယ်။
JOH 11:3 ညီအမလို့ဟ ယေရှုဆေဟို စေလွှတ်ယွေ့ “သခင်ဘုရား၊ အဆှင်ချစ်သောသူဟ ဖျားနာလျက် နေအယ်” ဟု ပြောလေအယ်။
JOH 11:4 ယေရှုဟ ဟေစကားဟို ကြားရင်၊ “ဟေအနာဟ သေနာ မဟုတ်၊ ဘုရားသခင်ရဲ့ ဘုန်းဟို ထင်ဆှားစေသော အနာဖြစ်အယ်၊ အေးအနာကျောန့် ဘုရားသခင်ရဲ့ သားတော်ဟလည်း ဘုန်းထင်ဆှားခြင်း ဆိလိမ့်မယ်” ဟု မိန့်လေအယ်။
JOH 11:5 ယေရှုဟ မာသနဲ့ သူမရဲ့ ညီမဟို လည်းကောင်း၊ လာဇရုဟို လည်းကောင်း ချစ်အယ်။
JOH 11:6 လာဇရု ဖျားနာနေတာဟို သတင်းကြားသောအခါ ကိုယ်တော်ဟ မိမိရောက်ဆိသောအရပ်တွင် နေရက်တိုင်တိုင် ဆက်ယွေ့ နေလေအယ်။
JOH 11:7 အေးနောက် ကိုယ်တော်ဟ တဘဲ့တော်လို့အား “ယုဒပြေဟို ငါလို့ နောက်တခါ သွားရအောန်” ဟု မိန့်လေအယ်။
JOH 11:8 တဘဲ့တော်လို့ဟ “ဆရာ၊ ယုဒလူလို့ဟ ကိုယ်တော်အား မကြာခင်ဟပင် ခဲနဲ့ ပစ်ရန် ကြိုးစားကြအယ်၊ အေးအရပ်ဟို တဖန်သွားအုံးမယ်လော” ဟု ဆှောက်ကြအယ်။
JOH 11:9 ယေရှုဟ “တနေ့တွင် တဆယ့်နေနာရီ ဆိအယ် မဟုတ်လော။ နေ့အချိန်နှိုက် သွားလာသောသူဟ နေရဲ့ အလင်းရောင်ဟို မျော်သောကျောန့် ခလုတ်မတိုက်ဘဲ ကောင်းစွာ သွားလာနိန်အယ်။
JOH 11:10 ညအချိန်နှိုက် သွားလာသောသူဟ အလင်းရောင်ဟို မရသောကျောန့် ခလုတ်တိုက်ယွေ့ လဲတတ်အယ်” ဟု မိန့်လေအယ်။
JOH 11:11 ယေရှုဟ ဟေလို့မိန့်ပင်းနောက် “ငါလို့ရဲ့ မိတ်ဆွေဖြစ်သော လာဇရုဟ အိပ်မွေ့လျက် နေအယ်၊ သူ့ဟို နိုးဖို့ ငါသွားမယ်” ဟု မိန့်အယ်။
JOH 11:12 ကိုယ်တော်ရဲ့ တဘဲ့တော်လို့ဟ “သခင်ဘုရား၊ သူဟ အိပ်မွေ့လျက်နေရင် ကျန်းမာလာလိမ့်မယ်” ဟု ဆှောက်ကြအယ်။
JOH 11:13 ယေရှုဟ လာဇရုသေကျောန်းဟို ရည်ရွယ်ပင်း မိန့်အယ်၊ အဲလိုလဲ ပုံမန် အိပ်မွေ့လျက် နေကျောန်းဟို ဆိုတာ ဟု ကိုယ်တော်ရဲ့ တဘဲ့တော်လို့ဟ ထင်ခဲ့အယ်။
JOH 11:14 အဲလိုမို့ ယေရှုဟ သူလို့အား “လာဇရုဟ သေပီ၊
JOH 11:15 နင်လို့ ယုံကြည်လာစေရန် အေးအရပ်နှိုက် ငါမဆိခဲ့သောကျောန့် နင်လို့အတွက် ငါဝမ်းမြောက်အယ်။ အဲလိုလဲ သူ့ဆေဟို သွားကြမယ်” ဟု ဆှင်းဆှင်းလင်းလင်း ပြောအယ်။
JOH 11:16 အမြွှာပူးဟု ခေါ်လဲ့ သောမဟ မိမိရဲ့အဖော် တဘဲ့တော်လို့အား “ငါလို့အားလုံးဟလည်း ကိုယ်တော်နဲ့အတူ အသေခံရန် လိုက်သွားကြရအောန်” ဟု ပြောအယ်။
JOH 11:17 ယေရှု ရောက်လာသောအခါ လာဇရုဟို သင်္ဂြိုဟ်ယွေ့ လုတ်တိုင်းနှိုက် လေးရက်မျှဆိပီဖြစ်ကျောန်းဟို တွေ့ဆိအယ်။
JOH 11:18 အခု ဗေသနိရွာဟ ယေရုရှလင်မြို့မှ နေမိုင်အကွာနှိုက်ဆိတာဖြစ်ယွေ့၊
JOH 11:19 ရမ်းဆာ့သောယုဒလူဟလည်း မာရိနဲ့ မာသလို့ရဲ့ မောင်ငယ် သေဆုံးသောကျောန့် သူလို့ဟို နှစ်သိမ့်ရန် လာရောက်ကြအယ်။
JOH 11:20 မာသဟ ယေရှု လာရောက်ကျောန်းဟို ကြားသောအခါ ကိုယ်တော်ဟို ခရီးဦးကြိုရန် ထွက်သွားအယ်၊ အဲလိုလဲ မာရိဟ နေအိုင်တွင် ထိန်လျက်နေအယ်။
JOH 11:21 မာသဟ ယေရှုအား “သခင်ဘုရား၊ ဟေအရပ်တွင် ကိုယ်တော်ဆိခဲ့ရင် ကျွန်မရဲ့ မောင် သေမှာမဟုတ်ဝူး။
JOH 11:22 အဲလိုလဲ ဘုရားသခင်ဆေ ကိုယ်တော်တောင်းသမျှလို့ဟို ကိုယ်တော်အား ဘုရားသခင် ပေးမယ်ဟို ကျွန်မသိပါအယ်” ဟု ဆှောက်အယ်။
JOH 11:23 ယေရှုဟလည်း “နင်ရဲ့မောင်ငယ် အသက်ပြန်ယွေ့ ဆှင်လိမ့်မယ်” ဟု သူမအား မိန့်အယ်။
JOH 11:24 မာသဟ “နောက်ဆုံးသောနေ့နှိုက် သေသောသူလို့ ဆှင်ပြန်ထမြောက်သောကာလတွင် သူဟ အသက်ပြန်ယွေ့ ဆှင်မည်ဟို ကျွန်မသိအယ်” ဟု ဖြေအယ်။
JOH 11:25 ယေရှုဟ “ငါဟ ထမြောက်ခြင်းနဲ့ အသက်ဆှင်ခြင်းအကျောန်း ဖြစ်အယ်။ ငါ့ဟို ယုံကြည်သောသူဟ သေသော်လည်း ဆှင်လိမ့်မယ်။
JOH 11:26 ငါ့ဟို ယုံကြည်ယွေ့ အသက်ဆှင်သောသူဆိသမျှလို့ဟ သေခြင်းနဲ့ အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မယ်။ ဟေအရာဟို နင် ယုံကြည်သလော” ဟု မေးအယ်။
JOH 11:27 မာသဟ “ယုံကြည်ပါအယ်၊ သခင်ဘုရား၊ ကိုယ်တော်ဟ ဟေလောကဟို ကြွလာမဲ့ ဘုရားသခင်ရဲ့ သားတော် မေဆှိယဖြစ်တာဟို ကျွန်မ ယုံကြည်အယ်” ဟု ပြန်ပြောအယ်။
JOH 11:28 ဟေလို့ဆှောက်ပင်းနောက် မာသဟ ပြန်သွားယွေ့ မိမိရဲ့ညီမ မာရိဟို တိတ်တိတ်လေးခေါ်ပင်း “ဆရာ ရောက်လာပီ၊ နင့်ဟို မေးနေအယ်” ဟု ပြောလေအယ်။
JOH 11:29 မာရိဟ အေးစကားဟို ကြားသောအခါ ခပ်သုတ်သုတ် ထယွေ့ ကိုယ်တော်ဆေဟို သွားလေအယ်။
JOH 11:30 အဲအခါ ယေရှုဟ ရွာထဲဟို မဝင်သေးဘဲ မာသ ခရီးဦးကြိုပြုသောအရပ်နှိုက် ဆိလေအယ်။
JOH 11:31 မာရိအား နှစ်သိမ့်စကားပြောရန် နေအိုင်တွင် ဆိနေသော ယုဒလူလို့ဟ မာရိ ခပ်သုတ်သုတ်ထယွေ့ ထွက်သွားတာဟို မျော်ကြရင် ငိုကဖို့ လုတ်တိုင်းဟို သွားတာ ဟု ထင်ကြအယ်။ အေးကျောန့် သူလို့ဟ မာရိရဲ့ နောက်ဟို လိုက်ကြအယ်။
JOH 11:32 မာရိဟ ယေရှု ဆိသောအရပ်ဟို ရောက်ယွေ့ ကိုယ်တော်ဟို မျော်သောအခါ ခြေတော်ရင်းနှိုက် ပျပ်ဝပ်လျက် “သခင်ဘုရား၊ ဟေအရပ်နှိုက် ကိုယ်တော်ဆိရင် ကျွန်မရဲ့မောင်ငယ် သေမှာမဟုတ်ဝူး” ဟု ဆှောက်လေအယ်။
JOH 11:33 ယေရှုဟ မာရိ ငိုကနေတာဟို လည်းကောင်း၊ သူနောက်လိုက်လာသော ယုဒလူလို့ ငိုကနေတာဟို လည်းကောင်း မျော်သောအခါ ရမ်းဆာ့ညှိုးငယ်ခြင်း၊ စိတ်နေလုံးပူပန်ခြင်း ဖြစ်လေအယ်။
JOH 11:34 ကိုယ်တော်ဟ “သူ့အလောင်းဟို ပစာနားမှာ သင်္ဂြိုဟ်ကြတုန်း” ဟု မေးအယ်။ အေးသူလို့ဟ “သခင်ဘုရား၊ ကြွယွေ့ ကျေ့မန့်” ဟု ဆှောက်အယ်။
JOH 11:35 ယေရှုဟ ငိုကအယ်။
JOH 11:36 အဲပင်းရင် ယုဒလူလို့ဟ “ကျေ့မန့် လာဇရုဟို ရမ်းဆာ့ချစ်အယ်” ဟု ပြောကြအယ်။
JOH 11:37 အဲလိုလဲ သူလို့ထဲမှ အချို့လို့ဟ “မျက်စေ့ကန်းသောသူဟို မျော်စေသောသူဟ လာဇရုဟို မသေစေရန် မတတ်နိန်သလော” ဟု ဆိုကြအယ်။
JOH 11:38 တဖန် ယေရှုဟ ရမ်းဆာ့ညှိုးငယ်သောစိတ်နဲ့ လုတ်တိုင်းဂူဟို ကြွလေအယ်။ အေးဂူဟ ကျောက်ဂူဖြစ်ပင်း အဝင်ဝဟို ကျောက်တုံးနဲ့ ပိတ်ထားအယ်။
JOH 11:39 ယေရှုဟ “ကျောက်တုံးဟို တောကြလော” ဟု မိန့်အယ်။ သေလွန်သောသူရဲ့အမ မာသဟ၊ “သခင်ဘုရား သူ့ဟို သင်္ဂြိုဟ်တာ လေးရက်ဆိပီ ဖြစ်ယွေ့ အခုဆိုရင် အပုပ်နံ့ ထွက်နေလိမ့်မယ်” ဟု ဆှောက်အယ်။
JOH 11:40 ယေရှုဟ “နင် ယုံကြည်ရင် ဘုရားသခင်ရဲ့ ဘုန်းအသရေဟို မျော်ရလိမ့်မယ်ဟူယွေ့ ငါပြောပီ မဟုတ်လော” ဟု မိန့်အယ်။
JOH 11:41 အဲလိုမို့ သူလို့ဟ ကျောက်တုံးဟို တောလိုက်ကြအယ်။ ယေရှုဟ အထက်ဟိုမော့ကျေ့လျက် “အဖ၊ ငါတောင်းဆှောက်တာဟို နားထောင်သောကျောန့် ကိုယ်တော်ဟို ကျေးဇူးတင်အယ်။
JOH 11:42 ကိုယ်တော်ဟ ငါရဲ့ ဆုတောင်းသံဟို အမြဲနားထောင်ကျောန်း ငါသိအယ်၊ အဲလိုလဲ ဟေလို့ တောင်းဆှောက်ခြင်းဟ ဝန်းရံလျက်ဆိသော လူလို့ရဲ့အကျိုးအတွက်ဖြစ်ပင်း ငါ့ဟို ကိုယ်တော်စေလွှတ်ကျောန်း သူလို့ ယုံကြည်စေရန်အတွက် ဖြစ်အယ်” ဟု ဆိုအယ်။
JOH 11:43 အဲသို့မိန့်ပင်းနောက် ကျယ်လောင်သော အသံဖြင့် “လာဇရု၊ ထွက်လာလော့” ဟု ခေါ်လေအယ်။
JOH 11:44 အေးအခါ သေလွန်သောသူဟ မိမိခြေလက်နှိုက် အဝတ်ဖြင့် ပတ်လျက်၊ မျက်နှာဟိုလည်း ပဝါနဲ့ စည်းလျက် ထွက်လာအယ်။ ယေရှုဟလည်း “သူ့အား ပတ်ထားလဲ့ အဝတ်လို့ဟို ဖြေပေးပင်း သွားခွင့်ပေးလော့” ဟု မိန့်အယ်။
JOH 11:45 အဲလို့မို့ မာရိဆေဟို လာသော ရမ်းဆာ့သော ယုဒလူလို့ဟ ယေရှု ပြုသောအမှုဟို မျော်ရင်၊ ကိုယ်တော်ဟို ယုံကြည်ကြအယ်။
JOH 11:46 အဲလိုလဲ အချို့လို့ဟ ဖာရိရှဲလို့ဆေဟို သွားယွေ့ ယေရှု ပြုသောအမှုဟို ကြားပြောကြအယ်။
JOH 11:47 အေးအခါ ယဇ်ပုရောဟိတ်ကြီးလို့နဲ့ ဖာရိရှဲလို့ဟ ယုဒတရားလွှတ်တော်နှိုက် စည်းဝေးစေပင်းရင် “ငါလို့ဟ စလို ပြုလျက်နေကြတုန်း၊ အေးသူဟ အံ့ဩဖွယ်သော နိမိတ်လက္ခဏာဟို ပြလျက်နေအယ်။
JOH 11:48 သူ့ဟို ဟေအတိုင်းလွှတ်ထားရင် လူအားလုံးလို့ဟ သူ့ဟို ယုံကြည်ကြလိမ့်မယ်၊ အေးအခါ ရောမအာဏာပိုင်လို့ဟ လာယွေ့ ငါလို့ရဲ့ ဗိမာန်တော်နဲ့ ငါလို့ရဲ့ လူမျိုးလို့ဟို ဖျက်ဆီးကြလိမ့်မယ်” ဟု ဆိုကြအယ်။
JOH 11:49 အေးသူလို့ထဲမှ တဦးဖြစ်ပင်း အေးနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သော ကယာဖ နာမယ်ဆိသောသူဟ “နင်လို့ဟ ပစာအရာဟိုမျှ မသိကြ။
JOH 11:50 ယုဒလူမျိုးလို့ သေကျေပျက်စီးတာထက်၊ လူမျိုးလို့အတွက် လူတယောက်သေရတာဟ နင်လို့အဖို့ ပိုယွေ့ ကောင်းတာဟို နင်လို့ မသိကြသလော” ဟု ဆိုအယ်။
JOH 11:51 အေးစကားဟို ကိုယ်အလိုအလျောက် ပြောဆိုခြင်းမဟုတ်၊ သူဟ အဲနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်လျက် ယေရှုဟ ယုဒလူမျိုးများအတွက် အသေခံရမယ်ဖြစ်ကျောန်းနဲ့
JOH 11:52 အေးလူမျိုးအတွက် သာမက ကွဲပြားလျက်ဆိသော ဘုရားသခင်ရဲ့ လူပဲ့သငယ်လို့ဟို အတူစုဝေးစေရန်အတွက်ပါ ပရောဖက်ပြု ဟောပြောခြင်းဖြစ်အယ်။
JOH 11:53 အဲကျောန့် သူလို့ဟ အဲနေ့မှစယွေ့ ယုဒအာဏာပိုင်လို့ဟ ယေရှုဟို သတ်ရန် တိုင်ပင်ကြံစည်ကြအယ်။
JOH 11:54 အဲကျောန့် ယေရှုဟ ယုဒပြေတွင် ထင်ဆှားစွာ မသွားလာတော့ဘဲ၊ အေးအရပ်မှ ထွက်ယွေ့ တောကန္တာရနဲ့နီးသော ဧဖရိမ် နာမယ်ဆိသောမြို့ဟို ကြွပင်း တဘဲ့တော်လို့နဲ့အတူ နေအယ်။
JOH 11:55 ယုဒလူမျိုးလို့ရဲ့ ပသခါပွဲ နီးလာပီဖြစ်ယွေ့ လူများလို့ဟ မိမိလို့ဟို သန့်ဆှင်းစေရန် ပွဲတော်မတိုင်ခင် နေရပ်အသီးသီးလို့မှ ယေရုရှလင်မြို့ဟို လာကြအယ်။
JOH 11:56 အေးသူလို့ဟ ယေရှုဟို ဆှာလျက် နေကြအယ်၊ သူလို့ဟ ဗိမာန်တော်တွင် စုရုံးကြသောအခါ “သူဟ ပွဲသို့မလာတာဟ သေချာသလော၊ စလို ထင်မှတ်ကြတုန်း” ဟု အချင်းချင်း ပြောဆိုကြအယ်။
JOH 11:57 ယဇ်ပုရောဟိတ်ကြီးလို့နဲ့ ဖာရိရှဲလို့ဟ စသူမဆို ယေရှုဆိရာအရပ်ဟို သိရင် သူ့ဟို ဖမ်းဆီးနိန်ရန် အကျောန်းကြားရမယ်ဟု အမိန့်ထုတ်ပြန်ထားပင်း ဖြစ်အယ်။
JOH 12:1 ပသခါပွဲခံချိန် ခြောက်ရက်လိုသောအခါ သေလွန်ပင်းမှ ပြန်ယွေ့ အသက်ပြန်ဆှင်ခဲ့သူ လာဇရု နေထိန်ရာဖြစ်သော ဗေသနိရွာဟို ယေရှုရောက်လာအယ်။
JOH 12:2 လူလို့ဟ ဟေအရပ်နှိုက် ကိုယ်တော်အတွက် ညစာဟို ပြင်ဆင်ကြပင်း မာသဟ ဧည့်ဝတ်ပြုနေအယ်၊ ကိုယ်တော်နဲ့အတူ စားပွဲနှိုက် ထိန်နေသူများထဲတွင် လာဇရုလည်း ပါအယ်။
JOH 12:3 အဲအခါ မာရိဟ ရမ်းဆာ့အဖိုးထိုက်သော နာဒုဆီမွှေးအစစ် သုံးဆယ်သားဟို ယူယွေ့ ယေရှုရဲ့ ခြေဟို ဆီလိမ်းပင်း မိမိဆံပင်နဲ့ သုတ်အယ်။ အေးဆီမွှေးရဲ့ ရနံ့ဟ နေအိုင်တခုလုံးဟို မွှေးကြိုင်လျက် ဆိအယ်။
JOH 12:4 ယေရှုရဲ့ တဘဲ့တော်လို့ထဲမှ တဦးဖြစ်ပင်း ကိုယ်တော်ဟို သစ္စာဖောက်မဲ့သူ ယုဒရှကာရုတ်ဟ
JOH 12:5 ပစာကျောန့် “ဟေဆီမွှေးဟို ငွေဒင်္ဂါး ၃၀၀ နဲ့ ရောင်းယွေ့ ဆင်းရဲသောသူလို့အား မပေးတာတုန်း” ဟု ဆိုအယ်။
JOH 12:6 ဟေလိုပြောရာနှိုက် သူဟ ဆင်းရဲသောသူလို့အား သနားကြင်နာသောကျောန့် မဟုတ်ဘဲ၊ သူဟ သူခိုးသောကျောန့် ဖြစ်အယ်။ သူဟ ပိတ်ဆန်အိတ်ဟို သယ်ရသောသူဖြစ်ယွေ့ အဲအိတ်ထဲမှ ပိတ်ဆန်အချို့ဟို သူ့တတ်တိုင်းအတွက် ခိုးယူသုံးစွဲလေ့ ဆိအယ်။
JOH 12:7 အဲလိုလဲ ယေရှုဟ “သူမဟို မနှောင့်ယှက်နဲ့၊ ငါရဲ့ အလောင်းဟို သင်္ဂြိုဟ်မဲ့နေ့အတွက် သူမဟ ဟေဆီမွှေးဟို သိုထားမန့်။
JOH 12:8 ဆင်းရဲသောသူလို့ဟ နင်လို့နဲ့ အမြဲ ဆိလိမ့်မယ်၊ အဲလိုလဲ ငါဟတော့ နင်လို့နဲ့ အမြဲဆိမှာ မဟုတ်” ဟု မိန့်အယ်။
JOH 12:9 ဗေသနိရွာနှိုက် ယေရှု ရောက်ဆိနေကျောန်း ကြားသောအခါ ယုဒလူအများလို့ဟ အဲနေရာဟို လာရောက်ကြအယ်၊ သူလို့ဟ ကိုယ်တော်ကျောန့်သာ လာကြတာ မဟုတ်၊ ကိုယ်တော် အသက်ပြန်ဆှင်စေခဲ့သောသူ လာဇရုဟို မျော်လိုသောကျောန့် ဖြစ်အယ်။
JOH 12:10 အဲကျောန့် ယဇ်ပုရောဟိတ်ကြီးလို့ဟ လာဇရုဟိုလည်း သတ်ရန် တိုင်ပင်ကြခြင်းမှာ၊
JOH 12:11 လာဇရုဟို အကျောန်းပြုယွေ့ ယုဒလူမျိုးများပင် ယဇ်ပုရောဟိတ်ကြီးလို့ဟို ငြင်းပယ်ပင်း ယေရှုဟို ယုံကြည်လာကြသောကျောန့် ဖြစ်အယ်။
JOH 12:12 နောက်တနေ့နှိုက် ပသခါပွဲဟို လာကြသော လူအုပ်ကြီးလို့ဟ ယေရုရှလင်မြို့သို့ ယေရှု ကြွလာမယ်ဟို ကြားအယ်။
JOH 12:13 အဲလိုမို့ သူလို့ဟ စွန်ပလွံခက်များဟို ကိုင်လျက် ကိုယ်တော်ဟို ခရီးဦးကြိုပြုရန် ထွက်သွားကြယွေ့ “ဟောရှဏ္ဏာ၊ ထာဝရဘုရားရဲ့ နာမနဲ့ လာသော သခင်ဟ မင်္ဂလာဆိစေမန့်၊ ဣသရေလလို့ရဲ့ ဘုရင်ဟ မင်္ဂလာဆိစေမန့်” ဟု ကြွေးကြော်ကြအယ်။
JOH 12:14 ကျမ်းစာလာလဲ့အတိုင်း ယေရှုဟ မြည်းသငယ်ဟို တွေ့ပင်း စီးလျက် ကြွလာလေပီ၊
JOH 12:15 “အို ဇိအုန်မြို့၊ မကြောက်နဲ့။ နင်လို့ရဲ့ ဘုရင်ဟ၊ မြည်းသငယ်ဟို စီးယွေ့ နင်လို့ဆိရာ ကြွလာလေပီ။”
JOH 12:16 ဟေအကျောန်းရာများဟို တဘဲ့တော်လို့ဟလည်း ဦးရင်ဟ နားမလည်ကြဝူး၊ အဲလိုလဲ ယေရှု ဘုန်း ထင်ဆှားခြင်း ဆိသောအခါမှ ဟေအကျောန်းရာများဟ ကိုယ်တော်ရဲ့အကျောန်း ရေးထားခဲ့ခြင်းဖြစ်ပင်း လူလို့ဟ ကိုယ်တော်အပေါ် ဟေအတိုင်းပြုလဲ့ကျောန်းဟို ပြန်သတိရကြအယ်။
JOH 12:17 လာဇရုဟို လုတ်တိုင်းဂူမှ ခေါ်ထုတ်ယွေ့ သေခြင်းမှ အသက်ပြန်ဆှင်စဉ်ဟ ကိုယ်တော်နဲ့အတူဆိလဲ့ လူအပေါင်းလို့ဟ အဲအကျောန်းဟို သက်သေခံအယ်။
JOH 12:18 လူအုပ်လို့ဟ အေးနိမိတ်လက္ခဏာပြကျောန်းဟို သတင်းကြားသောကျောန့် ယေရှုအား တွေ့ရန် လာကြအယ်။
JOH 12:19 ဖာရိရှဲလို့ဟ “ငါလို့မှာ လုံးဝအောန်မြင်မှု မဆိ။ ကျေ့မန့်၊ ဟေလောကတခုလုံးပင် အဲသူနောက်ဟို လိုက်သွားကြပီ” ဟု အချင်းချင်း ပြောဆိုကြအယ်။
JOH 12:20 ပွဲအတွင်း ကိုးကွယ်ဝတ်ပြုရန် ယေရုရှလင်မြို့ဟို သွားကြသော လူလို့အထဲတွင် တပါးအမျိုးသားအချို့ ပါအယ်။
JOH 12:21 သူလို့ဟ ဂါလိလဲပြေ ဗက်ဇဲဒမြို့သားဖြစ်သော ဖိလိပ္ပုဆေဟို သွားယွေ့ “ဆရာ၊ ငါလို့ဟ ယေရှုဟို မျော်လိုအယ်” ဟု တောင်းဆိုကြအယ်။
JOH 12:22 ဖိလိပ္ပုဟ အန္ဒြေဆေသွားပင်း အဲအကျောန်းဟို ပြောအယ်၊ အားပင်း အဲသူနေယောက်လို့ဟ ယေရှုဟို သွားပင်း မေးအယ်။
JOH 12:23 ယေရှုဟ “လူသား ဘုန်းတော် ထင်ဆှားစေမဲ့အချိန် ရောက်လာပီ။
JOH 12:24 နင်လို့အား ငါ အမန် ဆိုအယ်၊ ဂျုံစေ့ဟ မြေသို့ကျယွေ့ မပျက်ရင် တစေ့တည်း နေအယ်၊ ပျက်ယွေ့ သွားရင် ရမ်းဆာ့သော အသီးဟို သီးတတ်အယ်။
JOH 12:25 မိမိအသက်ဟို ချစ်သောသူဟ အသက် ဆုံးရှုံးလိမ့်မယ်၊ ဟေလောကတွင် မိမိအသက်ဟို မုန်းသောသူဟ မိမိအသက်ဟို ထာဝရအသက်အတွက် စောင့်ဆှောက်လိမ့်မယ်။
JOH 12:26 ငါရဲ့အမှုဟို ဆောင်ရွက်သောသူဖြစ်ရင် ငါ့နောက်ဟို လိုက်ရမယ်၊ အဲမှသာ ငါဆိရာအရပ်နှိုက် သူဟလည်း ဆိလိမ့်မယ်။ ငါရဲ့အစေဟို ဆောင်ရွက်သောသူဟို ငါ့ရဲ့ခမည်းတော်ဟ ချီးမြှောက်လိမ့်မယ်။
JOH 12:27 “အခု ငါ့ရဲ့ စိတ်နေလုံး ပူပန်ခြင်း ဆိအယ်၊ စလို ငါ ဆှောက်ရမှာတုန်း။ ‘အို အဖ၊ ငါ့အား ဟေဒုက္ခဝေဒနာ ရောက်ချိန်နဲ့ ကင်းလွတ်စေမန့်’ ဟု ဆှောက်ရမယ်လော။ အဲလိုလဲ ငါဟ ဟေဒုက္ခဝေဒနာ ခံဖို့ရန် ရောက်ဆိလာခြင်း ဖြစ်အယ်။
JOH 12:28 အို ခမည်းတော်၊ ကိုယ်တော်ရဲ့ နာမတော်အား ဘုန်း ထင်ဆှားစေမန့်” ဟု မြွတ်ဆိုအယ်။ အဲအခါ ခေါန်းခင်မှ အသံတော်မှာ “ငါဟ ဘုန်း ထင်ဆှားစေပီ၊ နောက်တဖန်လည်း ထင်ဆှားစေအုံးမယ်” ဟု ပေါ်ထွက်လာအယ်။
JOH 12:29 အေးနေရာတွင် ရပ်လျက်နေကြသော လူအုပ်ကြီးဟ အဲအသံဟို ကြားယွေ့ အချို့ဟ မိုးချုန်းတာဟု ဆိုကြအယ်၊ အချို့ဟလည်း “ကိုယ်တော်အား ခေါန်းခင်တမန် စကားပြောတာ” ဟု ဆိုကြအယ်။
JOH 12:30 အဲလိုလဲ ယေရှုဟ “ဟေအသံဟ ငါ့အတွက် မဟုတ်ဘဲ နင်လို့ အဖို့အတွက် ဖြစ်အယ်။
JOH 12:31 အခု ဟေလောကရဲ့ တရားစီရင်ခြင်း ကာလ ဖြစ်အယ်၊ ဟေလောကဟို အစိုးရသောသူဟလည်း အခုပင် ပြင်သို့ မောင်းထုတ်ခြင်းဟို ခံရလိမ့်မယ်။
JOH 12:32 ငါဟ မြေမှ မြှောက်ထားခြင်းဟို ခံရသောအခါ လူအားလုံးလို့ဟို ငါ့ဆေဟို ငါ ဆွဲခေါ်မယ်” ဟု မိန့်အယ်။
JOH 12:33 အဲသို့မိန့်ခြင်းမှာ မိမိဟ စလို အသေခံရမယ်ဟို အရိပ်အမြွက်အားဖြင့် ဖော်ပြခြင်း ဖြစ်အယ်။
JOH 12:34 လူအုပ်ကြီးလို့ဟလည်း “မေဆှိယဟ အစဉ်အမြဲ အသက်ဆှင်အယ်ဟု ပညတ်ကျမ်းဟ ဆိုအယ်။ အဲလိုမို့ လူသားဟ မြှောက်ထားခြင်းဟို ခံရမယ်ဟု ပစာကျောန့် နင်လို့ ဆိုတုန်း၊ အေးလူသားဟ စသူတုန်း” ဟု မေးကြအယ်။
JOH 12:35 အဲကျောန့် ယေရှုဟလည်း “အလင်းဟ နင်လို့တွင် ခဏသာ ဆိလိမ့်အယ်။ နင်လို့အား မိုက် မလွှမ်းမိုးစေရန် အလင်းဆိစဉ်အခါ သွားလာကြလော့၊ မိုက်နှိုက် သွားလာသောသူဟ မိမိဖယ်နားသွားတာဟို မသိ။
JOH 12:36 နင်လို့ဟ အလင်းရဲ့လူပဲ့သငယ်များဖြစ်စေရန် နင်လို့နှိုက် အလင်းဆိစဉ်အခါ အလင်းဟို ယုံကြည်ကြလော့” ဟု မိန့်လေအယ်။ အေးလိုမိန့်ပင်းမှ ယေရှုဟ ထွက်ကြွယွေ့ အေးသူလို့ဟို တိမ်းဆှောင်လျက် နေလေအယ်။
JOH 12:37 ယေရှုဟ ရမ်းဆာ့သော နိမိတ်လက္ခဏာလို့ဟို သူလို့မျက်မှောက်နှိုက် ပြသော်လည်း သူလို့ဟ ကိုယ်တော်ဟို မယုံကြည်ကြ။
JOH 12:38 ဟေသို့ဖြစ်ပျက်ရခြင်းမှာ၊ “ထာဝရဘုရား၊ စသူဟ ငါလို့ရဲ့ သတင်းစကားဟို ယုံကြည်မှာတုန်း၊ ထာဝရဘုရားရဲ့ တန်ခိုးတော်ဟ စသူအား ဖော်ပြခြင်းခံရမှာတုန်း” ဟူသော ပရောဖက် ဟေရှာယ ဟောဖူးသော စကားဟ ပြေ့စုံခြင်းသို့ ရောက်လေအယ်။
JOH 12:39 အဲကျောန်းကျောန့် သူလို့ဟ မယုံကြည်ဝူး။ ပစာကို့ ဟေရှာယ ဟောလဲ့တိုင်းတိုင်း၊
JOH 12:40 “ဘုရားသခင်ဟ သူလို့ရဲ့ မျက်စေ့များဟို ကွယ်စေပင်း သူလို့ရဲ့ စိတ်နေလုံးဟို ခိုင်မာစေသောကျောန့် သူလို့ဟ မျက်စေ့ဖြင့် မမျော်နိန်၊ နေလုံးသားဖြင့် နားမလည်နိန် မလှည့်နိန်၊ သူလို့ဟို ငါ ကုသပေးမယ် ဖြစ်အယ်” ဟု မိန့်အယ်။
JOH 12:41 ဟေရှာယဟ ယေရှုရဲ့ ဘုန်းတော်ဟို မျော်သောကျောန့် ဟေလို့ပြောပင်း ကိုယ်တော်ရဲ့အကျောန်းဟို အေးလို့ ပြောခဲ့ခြင်း ဖြစ်အယ်။
JOH 12:42 စလိုပင်ဖြစ်စေ အာဏာပိုင် အမြောက်အမြားပင် ယေရှုဟို ယုံကြည်လာကြအယ်၊ အဲလိုလဲ ဖာရိရှဲလို့ကျောန့် တရားဇရပ်မှ မောင်းထုတ်ခံရမယ်ဟို စိုးရိမ်ယွေ့ မိမိလို့ ယုံကြည်ကျောန်းဟို ထင်ဆှားစွာ ဝန်မခံကြ။
JOH 12:43 သူလို့ဟ ဘုရားသခင်ရဲ့ မျက်နှာသာရခြင်းထက် လူ့မျက်နှာသာရခြင်းဟို ပိုယွေ့ နှစ်သက်ကြအယ်။
JOH 12:44 အဲပင်းရင် ယေရှုဟ “ငါ့ဟို ယုံကြည်သောသူဟ ငါ့ဟိုသာ ယုံကြည်တာ မဟုတ်၊ ငါ့ဟို စေလွှတ်သောသူဟိုလည်း ယုံကြည်အယ်။
JOH 12:45 ငါ့ဟို မျော်သောသူဟ ငါ့ဟို စေလွှတ်သောသူဟိုလည်း မျော်တတ်အယ်။
JOH 12:46 ငါ့ဟို ယုံကြည်သောသူလို့ဟ မိုက်နှိုက် မနေစေရန် ငါဟ အလင်းအဖြစ် ဟေလောကသို့ ကြွလာပီ။
JOH 12:47 ငါ့စကားဟို ကြားသောသူဟ မနာခံဘဲနေရင် အေးသူဟို ငါဟ အပစ်မစီရင်။ လောကီသားလို့ဟို အပစ်စီရင်ဖို့ ငါလာတာ မဟုတ်၊ လောကီသားလို့ဟို ကယ်တင်ရန်သာ ငါလာအယ်။
JOH 12:48 ငါ့ဟို ပစ်ပယ်ယွေ့ ငါ့စကားဟို မနာခံသောသူအား စီရင်သောသူတယောက် ဆိသေးအယ်။ ငါ ဟောပြောသောစကားပင် အဲသူဟို နောက်ဆုံးသောနေ့နှိုက် တရားသူကြီးအဖြစ်နဲ့ တရားစီရင်လိမ့်မယ်။
JOH 12:49 ငါဟ ကိုယ်ပိုင်အခွင့်အာဏာအရ ဟောပြောခြင်း မဟုတ်၊ ငါ့ဟို စေလွှတ်သောခမည်းတော်ဟ စလို ငါဟောပြောရမယ်ဟို ပညတ်ပေးလေပီ။
JOH 12:50 ခမည်းတော်ရဲ့ အမိန့်ဟ ထာဝရအသက်ရစေတာဟို ငါသိအယ်။ အဲလိုမို့ ခမည်းတော် ပြောစေလိုလဲ့အတိုင်း ငါ ဟောပြောအယ်” ဟု ဟေလိုကြီးသောအသံနဲ့ ကြွေးကြော်အယ်။
JOH 13:1 အခုဟ ပသခါပွဲမတိုင်မီနှိုက် တရက် ဖြစ်အယ်။ ယေရှုဟ ဟေလောကမှ ထွက်ခွာယွေ့ ခမည်းတော်ဆေဟို သွားရမဲ့ အချိန်ကျရောက်လာကျောန်းဟို သိအယ်။ ကိုယ်တော်ဟ ဟေလောကဆိ မိမိလူလို့ဟို အစဉ် ချစ်အယ်၊ သူလို့အား အဆုံးတိုင်အောန် ချစ်အယ်။
JOH 13:2 ယေရှုနဲ့ သူ့တဘဲ့တော်လို့ဟ ညစာစားလျက် နေအယ်။ ကိုယ်တော်ဟို သစ္စာဖောက်မဲ့အကျောန်း မာရ်နတ်ဟ ရှိမုန် ရှကာရုတ်ရဲ့သား ယုဒ စိတ်နေလုံးနှိုက် အကြံပေးထားပင်း ဖြစ်အယ်။
JOH 13:3 ယေရှုဟ မိမိအား ခမည်းတော်ဟ အာဏာအားလုံး လွဲအပ်ထားကျောန်း၊ မိမိဟ ဘုရားသခင်ဆေမှ ကြွလာယွေ့ ဘုရားသခင်ဆေသို့ ပြန်တော့မယ်ဟိုလည်း သိအယ်။
JOH 13:4 အဲလိုမို့ စားပွဲမှ ထယွေ့ ဝတ်လုံတော်ဟို ချွတ်ပင်း၊ ပုဝါဟို ယူယွေ့ သူ့ရဲ့ ခါးဟို စည်းလေအယ်။
JOH 13:5 အဲပင်းရင် ယေဟို အင်တုံနှိုက် လောင်းယွေ့ တဘဲ့တော်လို့ရဲ့ ခြေဟို ဆေးပင်းမှ သူ့ခါးနှိုက် စဲထားသော ပုဝါနဲ့ သုတ်လေအယ်။
JOH 13:6 ရှိမုန် ပေတရုဆေဟို ရောက်သောအခါ သူဟ “သခင်ဘုရား၊ ကိုယ်တော်ဟ ငါ့ရဲ့ ခြေဟို ဆေးမယ်လော့” ဟု သူ့ဟို မေးဆှောက်အယ်။
JOH 13:7 ယေရှုဟ “ငါ ပြုသောအမှုဟို အခု နင်မသိပေမဲ့လည်း နောက်မှ သိလိမ့်မယ်” ဟု သူ့ဟို ပြန်ဖြေအယ်။
JOH 13:8 ပေတရုဟလည်း “မဟုတ်ဝူး၊ ကိုယ်တော်ဟ ငါ့ရဲ့ ခြေဟို ပစာခါမှ မဆေးရ” ဟု ပြောအယ်။ ယေရှုဟ “နင့်ခြေဟို ငါ မဆေးရရင် နင်ဟ ငါ့တဘဲ့ ဖြစ်မှာ မဟုတ်တော့ဝူး” ဟု ပြန်ဖြေအယ်။
JOH 13:9 ရှိမုန် ပေတရုဟ “သခင်ဘုရား၊ ငါ့ရဲ့ခြေဟိုသာ မဆေးပါနဲ့၊ ငါ့ရဲ့ လက်နဲ့ ဦးခေါင်းဟိုလည်း ဆေးပါ” ဟု ပြန်ပြောအယ်။
JOH 13:10 ယေရှုဟ “ယေချိုးပင်းသောသူဟ သူလို့ရဲ့ခြေဟို ဆေးခြင်းမှတပါး ဆေးရသောအကျောန်း မဆိ ၊ တကိုယ်လုံး စင်ကြယ်အယ်။ နင်လို့ထဲမှ တယောက်ဟလွဲပင်း အားလုံးစင်ကြယ်အယ်” ဟု မိန့်အယ်။
JOH 13:11 အကျောန်းမှာ ယေရှုဟ မိမိအား သစ္စာဖောက်မဲ့သူဟို သိပင်းဖြစ်သောကျောန့် “နင်လို့အားလုံး စင်ကြယ်တာ မဟုတ်” ဟု မိန့်ရခြင်း ဖြစ်အယ်။
JOH 13:12 ယေရှုဟ သူလို့ရဲ့ခြေဟို ဆေးပင်းနောက် ဝတ်လုံဟို ပြန်ယွေ့ ဝတ်ပီး သူ့နေရာဟို ပြန်သွားအယ်။ ကိုယ်တော်ဟ “နင်လို့အတွက် ငါပြုခဲ့သောအမှုဟို နားလည်ကြသလော။”
JOH 13:13 “နင်လို့ဟ ငါ့ဟို ဆရာဟူယွေ့ လည်းကောင်း၊ သခင်ဘုရားဟူယွေ့ လည်းကောင်း ခေါ်တတ်ကြအယ်၊ အဲစကားဟာလည်း ဟုတ်မန်သောစကား ဖြစ်အယ်၊ ပစာကို့ နင်လို့ခေါ်လဲ့အတိုင်း ငါမန်အယ်။
JOH 13:14 ငါဟ နင်လို့ရဲ့ သခင်ဘုရား၊ ဆရာဖြစ်လျက်နဲ့ နင်လို့ရဲ့ခြေဟို ဆေးပေးခဲ့အယ်။ အဲကျောန့် နင်လို့ဟလည်း အချင်းချင်းလို့ရဲ့ ခြေဟို ဆေးကြော ပေးသင့်အယ်။
JOH 13:15 ငါဟ နင်လို့နှိုက် ပြုသလို နင်လို့ဟလည်း ပြုကြရန် ပုံသက်သေဟို ပြခဲ့ပီ။
JOH 13:16 နင်လို့အား ငါ အမန်ဆိုတာဟ အစေခံသည် သူ့သခင်ထက် ကြီးမြတ်တာ မဟုတ်၊ တမန်ဟလည်း စေလွှတ်သောသူထက်သာယွေ့ ကြီးမြတ်တာ မဟုတ်။
JOH 13:17 ဟေအရာလို့ဟို နင်လို့အခု သိယွေ့ အဲအတိုင်းကျင့်ရင် နင်လို့ဟ မင်္ဂလာဆိကြအယ်။
JOH 13:18 “နင်လို့ဆိသမျှဟို ငါရည်မှတ်ယွေ့ ပြောတာ မဟုတ်၊ ငါရွေးကောက်သောသူလို့ဟို ငါ သိအယ်။ အဲလိုလဲ ကျမ်းစာချက် ပြေ့စုံစေမဲ့အကျောန်း ‘ငါရဲ့အစာဟို ဝေမျှသောသူဟ ငါ့ဟို ဆန့်ကျင်ဘက်ပြုလေ့မယ်’ ဟု ဖြစ်အယ်။
JOH 13:19 အဲသို့ဖြစ်ပျက်သောအခါ ‘ငါဟ ငါဖြစ်လဲ့အတိုင်း ငါဖြစ်တာဟို’ နင်လို့ ယုံကြည်လာကြစေရန် အဲအရာမဖြစ်ပျက်ခင် အခု နင်လို့အား ငါပြောနှင့်ပီ။
JOH 13:20 နင်လို့အား ငါ အမန် ဆိုတာဟ ငါစေလွှတ်သောသူဟို လက်ခံသောသူဟ ငါ့ဟို လက်ခံအယ်၊ ငါ့ဟို လက်ခံသောသူဟလည်း ငါ့ဟို စေလွှတ်သောသူဟို လက်ခံအယ်” ဟု မိန့်အယ်။
JOH 13:21 ယေရှုဟ ဟေအကျောန်းအရာလို့ဟို မိန့်ပင်းမှ စိတ်နေလုံးပူပန်ခြင်း ဆိယွေ့ “နင်လို့အား ငါ အမန်ဆိုအယ်၊ နင်လို့ထဲမှ တယောက်ဟ ငါ့ဟို သစ္စာဖောက်လိမ့်မယ်” ဟု သက်သေခံအယ်။
JOH 13:22 တဘဲ့တော်လို့ဟ စသူဟို ရည်မှတ်ယွေ့ မိန့်တာဟို တွေးယွေ့ မရနိန်သဖြင့် အချင်းချင်း တယောက်ဟိုတယောက် ကျေ့ကြအယ်။
JOH 13:23 တဘဲ့တော်လို့ထဲမှ တဦးဖြစ်လဲ့ ယေရှု ချစ်သော သူဟ ကိုယ်တော်ရဲ့ ဘေးဘက်နှိုက် ထိန်လျက်နေအယ်။
JOH 13:24 ရှိမုန် ပေတရုဟလည်း “ကိုယ်တော်ဟ စသူ့ဟို ဆိုတာတုန်း” ဟု မေးဆှောက်ပင်း အဲတဘဲ့တော်အား မျက်ရိပ်ပြအယ်။
JOH 13:25 အဲလိုမို့ အေးတဘဲ့တော်ဟ ယေရှုရဲ့ ဘေးဟို ကပ်ပင်း “သခင်ဘုရား၊ အဲသူဟ စသူတုန်း” ဟု မေးအယ်။
JOH 13:26 ယေရှုဟလည်း “ဟေမုန့်ကတစ်ဟို ပန်းကန်ထဲတွင် နှစ်ယွေ့ ငါ ပေးသောသူဟ အဲသူပင် ဖြစ်အယ်” ဟု မိန့်အယ်။ အဲမုန့်ကတစ်ဟို ပန်းကန်တွင် နှစ်ပင်း ရှိမုန် ရှကာရုတ်ရဲ့သား ယုဒအား ပေးလေအယ်။
JOH 13:27 အဲမုန့်ဟို ခံယူပင်းနောက် စာတန်ဟ သူရဲ့အထဲဟို ဝင်လေအယ်။ ယေရှုဟ ယုဒအား “နင်ပြုရမဲ့အမှုဟို အလျင်အမြန်ပြုလော့” ဟု မိန့်လေအယ်။
JOH 13:28 အဲလိုလဲ ယေရှုဟ ပစာကျောန့် ဟေသို့မိန့်တာဟို စားပွဲနှိုက် ထိန်နေသောသူတယောက်မျှ နားမလည်ကြ။
JOH 13:29 အချို့သောတဘဲ့တော်လို့ဟ ယုဒသည် ပိတ်ဆန်အိတ်ဟို ထိန်းသိမ်းရသောသူဖြစ်သောကျောန့် ယေရှုဟ ဟေပွဲအတွက် လိုအပ်သောအရာများဟို ဝယ်ယူလော့ အဲဟာမဟုတ်ရင် ဆင်းရဲသောသူလို့အား တစုံတခုဟို ပေးသင့်အယ်ဟု ထင်မှတ်ကြအယ်။
JOH 13:30 ယုဒဟ မုန့်ကတစ်ဟို ခံယူပင်းရင် ခုတုံး ထွက်သွားအယ်။ အဲအချိန်ဟ ညအချိန် ဖြစ်အယ်။
JOH 13:31 ယုဒထွက်သွားပင်းနောက် ယေရှုဟ “အခု လူသားဟ ဘုန်းတော် ထင်ဆှားခြင်း ဆိယွေ့ ဘုရားသခင်ဟလည်း လူသားအားဖြင့် ဘုန်းတော် ထင်ဆှားခြင်း ဆိအယ်။
JOH 13:32 ဘုရားသခင်ဟ လူသားအားဖြင့် ဘုန်းထင်ဆှားခြင်း ဆိရင်၊ ဘုရားသခင်ဟ မိမိတတ်တိုင်းအားဖြင့် သူရဲ့ဘုန်းတော်ဟို ထင်ဆှားစေလိမ့်မယ်၊ အဲဘုန်းတော်ဟို ခုတုံး သူ့ဟို ထင်ဆှားစေလိမ့်မယ်။
JOH 13:33 ငါချစ်လဲ့ လူပဲ့သငယ်လို့၊ ငါဟ နင်လို့နဲ့အတူ ခဏသာ နေရလိမ့်မယ်။ နင်လို့ဟ ငါ့ဟို ဆှာကြလိမ့်မယ်၊ အဲလိုလဲ ‘ငါသွားရာအရပ်ဟို နင်လို့ မလာနိန်ကြ’ ဟု ယုဒအာဏာပိုင်လို့အား ပြောခဲ့လဲ့အတိုင်း အခု နင်လို့အား ငါပြောအယ်။
JOH 13:34 အချင်းချင်း ချစ်ကြလော့ဟု ပညတ်သစ်ဟို နင်လို့အား ငါပေးအယ်။ ငါဟ နင်လို့ဟို ချစ်လဲ့တိုင်းတိုင်း နင်လို့ဟလည်း အချင်းချင်း ချစ်ကြရမယ်။
JOH 13:35 နင်လို့ဟ အချင်းချင်း ချစ်ကြရင် လူအပေါင်းလို့ဟ အဲမေတ္တာဟို ထောက်ယွေ့ နင်လို့ဟ ငါရဲ့ တဘဲ့များ ဖြစ်ကျောန်းဟို သိကြလိမ့်မယ်” ဟု မိန့်လေအယ်။
JOH 13:36 ရှိမုန် ပေတရုဟ ကိုယ်တော်အား “သခင်ဘုရား၊ ပစာအရပ်ဟို ကြွမှာတုန်း” ဟု မေးဆှောက်အယ်။ ယေရှုဟ “ငါသွားရာအရပ်သို့ နင်ဟ အခု မလိုက်နိန်၊ နောက်မှ လိုက်ရလိမ့်မယ်” ဟု ပြန်ပြောအယ်။
JOH 13:37 ပေတရုဟလည်း “သခင်ဘုရား၊ ပစာကျောန့် ကိုယ်တော်နဲ့အတူ အခု မလိုက်နိန်တုန်း။ ကိုယ်တော်အတွက် ငါဟ အသက်ဟိုပင် စွန့်ပါမယ်” ဟု ဆှောက်အယ်။
JOH 13:38 ယေရှုဟလည်း “နင်ဟ ငါ့အတွက် တကယ်ဘဲ နင့်အသက်ဟို စွန့်မယ်လော၊ နင့်အား ငါ အမန်အကန် ဆိုအယ်၊ ကြက်မတွန်ခင် နင်ဟ ငါ့ဟို မသိဟု သုံးကြိမ်တိုင်အောန် ငြင်းဆိုလိမ့်မယ်” ဟု ပြန်ပြောအယ်။
JOH 14:1 ယေရှုဟ “နင်လို့ စိတ်နေလုံးပူပန်ခြင်း မဆိစေနဲ့။ ဘုရားသခင်ဟို ယုံကြည်ကြလော့၊ ငါ့ဟိုလည်း ယုံကြည်ကြလော့။
JOH 14:2 ငါ့အဖရဲ့ အိုင်တော်နှိုက် နေစရာအခန်း ရမ်းဆာ့ ဆိအယ်၊ မဆိရင် မဆိကျောန်း နင်လို့အား ငါ ပြောခဲ့လိမ့်မယ်၊ နင်လို့အတွက် နေစရာပြင်ဆင်ရန် ငါသွားရမယ်။
JOH 14:3 အဲသို့သွားယွေ့ နင်လို့အတွက် နေရာပြင်ဆင်ပင်းရင် ငါဆိရာအရပ်နှိုက် နင်လို့လည်း ဆိစေရန် ပြန်လာယွေ့ နင်လို့အား ငါ့နဲ့အတူဆိစေရန် သိမ်းဆည်းမယ်။
JOH 14:4 ငါသွားရာအရပ်သို့ ရောက်သောလမ်းဟို နင်လို့ သိကြအယ်” ဟု မိန့်အယ်။
JOH 14:5 သောမဟ “သခင်ဘုရား၊ ကိုယ်တော်ဟ ပစာအရပ်သို့ သွားမယ်ဟို ငါလို့ မသိတာဖြစ်ယွေ့ အဲလမ်းဟို ငါလို့ စလို သိနိန်မှာတုန်း” ဟု ဆှောက်အယ်။
JOH 14:6 ယေရှုဟ “ငါဟ လမ်းခရီး၊ သမ္မာတရားနဲ့ အသက် ဖြစ်အယ်။ ငါ့ဟို အမှီမပြုရင် စသူမှ ခမည်းတော်ဆေဟို မရောက်နိန်။
JOH 14:7 အခု နင်လို့ဟ ငါ့ဟို သိကြပီ ဖြစ်ယွေ့ ငါ့ခမည်းတော်ဟိုလည်း သိကြလိမ့်မယ်၊ အခုမှစယွေ့ ခမည်းတော်ဟို နင်လို့ သိကျွမ်းပင်း မျော်ရကြလေပီ” ဟု မိန့်အယ်။
JOH 14:8 ဖိလိပ္ပုဟ ကိုယ်တော်အား “သခင်ဘုရား၊ ခမည်းတော်ဟို ငါလို့အား ပြမန့်၊ အဲသို့ပြရင် ငါလို့အတွက် လုံလောက်ပီ” ဟု ဆှောက်အယ်။
JOH 14:9 ယေရှုဟ “ဖိလိပ္ပု၊ ငါဟ နင်လို့နဲ့အတူ ဟေမျှလောက်ကြာအောန် နေခဲ့ပင်းဖြစ်လျက် ငါ့ဟို နင် မသိသေးသလော၊ ငါ့ဟို မျော်သောသူဟ ခမည်းတော်ဟို မျော်အယ်။ အဲလိုမို့ ‘ခမည်းတော်ဟို ငါလို့အား ပြပါ’ ဟု ပစာကျောန့် နင်လို့ ပြောတုန်း။
JOH 14:10 ငါဟ ခမည်းတော်နှိုက် ဆိကျောန်းနဲ့ ခမည်းတော်ဟ ငါနှိုက် ဆိကျောန်းဟိုလည်းကောင်း မယုံကြည်သလော၊ နင်လို့အား ငါပြောသောစကားလို့ဟ ကိုယ်အလိုအလျောက် ငါပြောတာ မဟုတ်။ ငါနှိုက် တည်နေသော ခမည်းတော်ဟ သူ့ရဲ့ အမှုများဟို ပြုခြင်းဖြစ်အယ်။
JOH 14:11 ငါဟ ခမည်းတော်နှိုက် ဆိယွေ့ ခမည်းတော်ဟ ငါနှိုက် ဆိကျောန်းဟို ယုံကြလော့။ မယုံရင် ငါပြုသောအမှုများဟို ထောက်ယွေ့ ယုံကြလော့။
JOH 14:12 နင်လို့အား ငါ အမန် ဆိုအယ်၊ ငါ့ဟို ယုံကြည်သောသူဟ ငါပြုသောအမှုလို့ဟို ပြုလိမ့်မယ်၊ အဲအမှုလို့ထက်သာယွေ့ ကြီးသောအမှုလို့ဟိုလည်း ပြုလိမ့်မယ်၊ ပစာကို့ ငါဟ ခမည်းတော်ဆေဟို သွားမယ် ဖြစ်အယ်။
JOH 14:13 နင်လို့ဟ ငါရဲ့ နာမဟို အမှီပြုလျက် ဆုတောင်းသမျှအတိုင်း ငါ ပြုမယ်၊ အဲကျောန့် ခမည်းတော်ဟ သားအားဖြင့် ဘုန်းထင်ဆှားလိမ့်အယ်။
JOH 14:14 နင်လို့ဟ ငါရဲ့နာမဟို အမှီပြုယွေ့ တစုံတခုသောဆုဟို ငါ့ဟို တောင်းရင် တောင်းလဲ့အတိုင်း ငါ ပြုမယ်။
JOH 14:15 “နင်လို့ဟ ငါ့ဟို ချစ်ရင် ငါ့ပညတ်လို့ဟို စောင့်ထိန်းလိမ့်မယ်။
JOH 14:16 ငါဟ ခမည်းတော်ဟို တောင်းဆှောက်သဖြင့် နင်လို့နဲ့အတူ အစဉ်အမြဲဆိယွေ့ နင်လို့အား မစသော အခြားသောသူတပါးဟို ပေးလိမ့်မယ်။
JOH 14:17 သူဟ ဘုရားသခင်အကျောန်းဆိုင်ရာ သမ္မာတရားဟို ဖော်ပြသော ဝိညာဉ်တော် ဖြစ်အယ်။ လောကီသားလို့ဟ အေးဝိညာဉ်တော်ဟို မျော်လည်း မမျော်၊ သိလည်းမသိသဖြင့် မခံမယူနိုင်။ အဲလိုလဲ ဝိညာဉ်တော်ဟ နင်လို့နဲ့အတူ တည်နေယွေ့ နင်လို့နှိုက် ဆိသောကျောန့် နင်လို့ သိကြအယ်။
JOH 14:18 “ငါဟ နင်လို့ဟို မိဘမဲ့အဖြစ် လောထားမှာ မဟုတ်၊ နင်လို့ဆေဟို ငါလာဦးမယ်။
JOH 14:19 ခဏကြာပင်းမှ လောကသားလို့ဟ ငါ့ဟို မျော်ကြရမယ် မဟုတ်သော်လည်း နင်လို့ဟ မျော်ကြရလိမ့်မယ်၊ ငါဟ အသက်ဆှင်သောကျောန့် နင်လို့ဟလည်း အသက်ဆှင်ရကြလိမ့်မယ်။
JOH 14:20 အဲနေ့တွင် ငါ့ခမည်းတော်နှိုက် ငါဆိတာဟို လည်းကောင်း၊ နင်လို့ဟ ငါနှိုက် ဆိယွေ့ ငါဟ နင်လို့နှိုက် ဆိတာဟို လည်းကောင်း နင်လို့ သိကြလိမ့်မယ်။
JOH 14:21 “ငါ့ပညတ်လို့ဟို နာခံယွေ့ စောင့်ထိန်းသောသူဟ ငါ့ဟို ချစ်သောသူ ဖြစ်အယ်။ ငါ့ဟို ချစ်သောသူဟို ငါ့ခမည်းတော်ဟ ချစ်လိမ့်မယ်၊ ငါဟလည်း သူ့လို့ဟို ချစ်ယွေ့ သူဆေနှိုက် မိမိတတ်တိုင်း ထင်ဆှားစေမယ်” ဟု မိန့်လေအယ်။
JOH 14:22 ယုဒရှကာရုတ် မဟုတ်သော ယုဒဟ “သခင်ဘုရား၊ ကိုယ်တော်အား ငါလို့ဆေဟို ထင်ဆှားစေရန် ကြံရွယ်သော်လည်း လောကသားလို့ဆေ မထင်ဆှားတာဟ စလိုတုန်း” ဟု မေးဆှောက်အယ်။
JOH 14:23 ယေရှုဟ ယုဒအား “ငါ့ဟို ချစ်သောသူဟ ငါ့သွန်သင်ချက်ဟို နားထောင်လိမ့်မယ်။ ငါ့ခမည်းတော်ဟ အေးသူဟို ချစ်လိမ့်မယ်၊ ငါ့ခမည်းတော်နဲ့ ငါဟလည်း သူ့ဆေဟို လာယွေ့ သူနဲ့အတူ နေထိန်မယ်။
JOH 14:24 ငါ့ဟို မချစ်သောသူဟ ငါ့သွန်သင်ချက်ဟို နားမထောင်။ နင်လို့ကြားရသော သွန်သင်ချက်ဟ ငါ့သွန်သင်ချက် မဟုတ်၊ ငါ့ဟို စေလွှတ်သော ခမည်းတော်ရဲ့ သွန်သင်ချက် ဖြစ်အယ်။
JOH 14:25 “နင်လို့နဲ့အတူ ဆိစဉ်တွင် ဟေအရာလို့ဟို ငါပြောခဲ့ပီ။
JOH 14:26 ခမည်းတော်ဟ ငါ့နာမကျောန့် စေလွှတ်လဲ့ မစသောသူတည်းဟူသော သန့်ဆှင်းသော ဝိညာဉ်တော်ဟ နင်လို့အား ခပ်သိမ်းသောအရာလို့ဟို သွန်သင်ပေးယွေ့ ငါပြောခဲ့သမျှသောအရာလို့ဟို နင်လို့အား ပြန်လည် သတိရစေလိမ့်မယ်။
JOH 14:27 “ငါဟ ငြိမ်သက်ခြင်းဟို နင်လို့နှိုက် ထားခဲ့အယ်၊ ငါရဲ့ ငြိမ်သက်ခြင်းဟို နင်လို့အား ငါပေးအယ်။ ဟေလောကသားလို့ ပေးသလို ငါပေးတာ မဟုတ်။ နင်လို့ စိတ်နေလုံးပူပန်ခြင်းနဲ့ ကြောက်ရွံ့ခြင်း မဆိစေနဲ့။
JOH 14:28 ‘ငါ အခုသွားသော်လည်း နင်လို့ဆေဟို ပြန်လာဦးမယ်’ ဟု ငါပြောတာဟို နင်လို့ ကြားခဲ့ပီ။ နင်လို့ဟ ငါ့ဟို ချစ်ရင် ခမည်းတော်ဆေဟို ငါသွားမည်ဟို ဝမ်းမြောက်ကြလိမ့်မယ်၊ အကျောန်းမှာ ငါ့ခမည်းတော်ဟ ငါ့ထက် သာယွေ့ ကြီးမြတ်အယ်။
JOH 14:29 အဲအမှုအရာ ဖြစ်ပျက်လာသောအခါ နင်လို့ ယုံကြည်စေရန် မဖြစ်ပျက်ခင်ဟပင် နင်လို့ဟို အခု ငါပြောနှင့်ပီ။
JOH 14:30 နင်လို့နဲ့ များစွာ ပြောတော့မှာ မဟုတ်၊ အဲအကျောန်းမှာ ဟေလောကဟို အုပ်ချုပ်သောသူဟ ရောက်ဆိလာတော့မယ်။ သူဟ ငါ့အပေါ်နှိုက် စလိုအခွင့်အာဏာမျှ မဆိ၊
JOH 14:31 အဲလိုလဲ ငါဟ ခမည်းတော်ဟို ချစ်ကျောန်း ဟေလောကအား သိစေရန် ငါ့ဟို ခမည်းတော်မှာလဲ့အတိုင်း ငါပြုအယ်။ “ထကြလော့၊ ဟေအရပ်မှ သွားကြကုန်စို့” ဟု မိန့်လေအယ်။
JOH 15:1 “ငါဟ မန်သော စပျစ်နွယ်ပင် ဖြစ်အယ်၊ ငါ့ခမည်းတော်ဟလည်း ဥယျာဉ်ပိုင်ဆှင် ဖြစ်အယ်။
JOH 15:2 ငါနှိုက် အသီးမသီးသော အကိုင်းအခက် ဆိသမျှလို့ဟို ခုတ်ပစ်အယ်၊ အသီးသီးသော အကိုင်းအခက် ဆိသမျှလို့ဟို သာယွေ့ သီးစေခြင်းငှာ သုတ်သင်ဆှင်းလင်းအယ်။
JOH 15:3 နင်လို့ဟ ငါဟောပြောသော စကားအားဖြင့် နင်လို့ဟ ဆှင်းလင်းလျက် ဆိခဲ့ကြပင်းပီ။
JOH 15:4 ငါနှိုက် တလုံးတဝတည်း တည်နေကြလော့၊ ငါဟလည်း နင်လို့နဲ့ တလုံးတဝတည်း တည်နေမယ်။ စပျစ်ခက်ဟ အပင်နှိုက် မတည်လျှင်၊ ကိုယ်အလိုအလျောက် အသီးမသီးနိန်သလို နင်လို့ဟ ငါနှိုက် မတည်ရင် အသီးမသီးနိန်ကြ။
JOH 15:5 “ငါဟ စပျစ်နွယ်ပင် ဖြစ်အယ်၊ နင်လို့ဟ အကိုင်းအခက်များ ဖြစ်ကြအယ်။ စသူမဆို ငါနှိုက် တည်နေယွေ့ ငါဟလည်း သူနှိုက် တည်နေရင် နင်လို့ဟ ရမ်းဆာ့သော အသီးဟို သီးလိမ့်မယ်၊ ငါနဲ့ကွာရင် နင်လို့ဟ ပစာအရာဟိုမှ မလုပ်နိန်ကြ။
JOH 15:6 ငါနှိုက် မတည်သောသူဟ ခြောက်သွေ့သွားလဲ့ အကိုင်းအခက်လို အပြင်သို့ လောခြင်းဟို ခံရပင်း၊ လူလို့ဟ အဲအကိုင်းအခက်များဟို စုသိမ်းလျက် မီးထဲဟို လောလိုက်ကြသဖြင့် လောင်ကျွမ်းသွားအယ်။
JOH 15:7 နင်လို့ဟ ငါနှိုက် တည်ယွေ့ ငါ့စကားဟ နင်လို့နှိုက် တည်ရင်၊ နင်လို့ လိုချင်သမျှဟို တောင်းကြလော့၊ နင်လို့ လိုချင်သောအရာလို့အတွက် တောင်းယွေ့ နင်လို့ဟ အဲအရာလို့ဟို ရကြလိမ့်မယ်။
JOH 15:8 နင်လို့ဟ ရမ်းဆာ့သော အသီးသီးခြင်းအားဖြင့် ငါ့ခမည်းတော်ရဲ့ ဘုန်းဟို ထင်ဆှားစေကြအယ်၊ အဲတိုင်းတိုင်းဖြင့် နင်လို့ဟ ငါရဲ့ တဘဲ့များ ဖြစ်လာကြအယ်။
JOH 15:9 ခမည်းတော်ဟ ငါ့ဟို ချစ်သလို ငါဟ နင်လို့ဟို ချစ်အယ်၊ ငါရဲ့ ချစ်ခြင်းမေတ္တာနှိုက် တည်နေကြလော့။
JOH 15:10 ငါဟ ခမည်းတော်ရဲ့ ပညတ်လို့ဟို စောင့်ထိန်းယွေ့ ခမည်းတော်ရဲ့ မေတ္တာနှိုက် တည်နေသလိုမျိုး၊ နင်လို့ဟ ငါ့ပညတ်လို့ဟို စောင့်ထိန်းရင် ငါ့မေတ္တာနှိုက် တည်နေကြလိမ့်မယ်။
JOH 15:11 “နင်လို့နှိုက် ငါရဲ့ ဝမ်းမြောက်ခြင်း တည်နေယွေ့ နင်လို့ ဝမ်းမြောက်ခြင်းဟ ပြေ့ဝစုံလင်စေမဲ့အကျောန်း ဟေအရာများဟို နင်လို့အား ငါပြောအယ်။
JOH 15:12 ငါ့ပညတ်ဟ အဲလိုဖြစ်အယ်၊ ငါဟ နင်လို့ဟို ချစ်လဲ့တိုင်းတိုင်း၊ နင်လို့ဟ အချင်းချင်း ချစ်ကြလော့။
JOH 15:13 မိမိရဲ့ မိတ်ဆွေအတွက် အသက်ဟို စွန့်သော မေတ္တာထက် ကြီးမြတ်သောမေတ္တာဟ စသူ့မှာမှ မဆိ။
JOH 15:14 နင်လို့အား ငါ့ပညတ်လဲ့အရာလို့ဟို နင်လို့ ကျင့်သုံးရင် နင်လို့ဟ ငါရဲ့ မိတ်ဆွေများ ဖြစ်ကြအယ်။
JOH 15:15 အခုမှစယွေ့ နင်လို့အား အစေခံ ဟူယွေ့ ငါခေါ်တော့မှာမဟုတ်၊ ပစာကို့ အစေခံဟ သခင်ပြုသောအမှုဟို မသိဝူး။ ခမည်းတော်ဆေမှ ငါကြားသမျှသောအရာလို့ဟို နင်လို့အား ငါပြောပင်းဖြစ်သောကျောန့် နင်လို့ဟို မိတ်ဆွေဟူယွေ့ ငါ ခေါ်အယ်။
JOH 15:16 နင်လို့ဟ ငါ့ဟို ရွေးကောက်ကြတာ မဟုတ်၊ ငါဟ နင်လို့ဟို ရွေးကောက်သဖြင့် နင်လို့ဟ သွားယွေ့ တည်ကြည်သောအသီးဟို သီးနိန်မယ်အကျောန်းနဲ့ ငါ့နာမဟို အမှီပြုယွေ့ ခမည်းတော်မှာ တောင်းသမျှလို့ဟို ရမယ်အကျောန်း နင်လို့ဟို ငါ ခန့်ထားအယ်။
JOH 15:17 နင်လို့ဟ အချင်းချင်း ချစ်ကြလော့ဟူသော ဟေပညတ်လို့ဟို နင်လို့အား ငါပေးအယ်။
JOH 15:18 “လောကသားလို့ဟ နင်လို့ဟို မုန်းရင်၊ နင်လို့ဟို မမုန်းခင် ငါ့ဟို မုန်းကြတာဟို သိမှတ်ကြလော့။
JOH 15:19 နင်လို့ဟ လောကနဲ့ သက်ဆိုင်သောသူများဖြစ်ရင် လောကသားလို့ဟ မိမိလို့နဲ့ဆိုင်သော နင်လို့ဟို ချစ်ကြလိမ့်မယ်။ အဲလိုလဲ ငါဟ နင်လို့ဟို ဟေလောကထဲဟ ရွေးကောက်တာဖြစ်ယွေ့ နင်လို့ဟ ဟေလောကနဲ့ မသက်ဆိုင်ဝူး၊ အဲအကျောန်းကျောန့် လောကသားလို့ဟ နင်လို့ဟို မုန်းကြအယ်။
JOH 15:20 ‘အစေခံဟ သခင်ထက် ကြီးမြတ်တာ မဟုတ်’ ဟု နင်လို့အား ငါပြောခဲ့တာဟို သတိရကြလော့။ သူလို့ဟ ငါ့ဟို ညှဉ်းဆဲရင် နင်လို့ဟိုလည်း ညှဉ်းဆဲကြလိမ့်မယ်၊ ငါ့စကားဟို နားထောင်ရင် နင်လို့ရဲ့ စကားဟိုလည်း နားထောင်ကြလိမ့်မယ်။
JOH 15:21 အဲလိုလဲ သူလို့ဟ ငါ့ဟို စေလွှတ်သောသူဟို မသိကြသဖြင့် ငါရဲ့နာမကျောန့် နင်လို့အား အဲအမှုဆိသမျှလို့ဟို ပြုကြလိမ့်မယ်။
JOH 15:22 ငါဟ လာယွေ့ အေးသူလို့အား မဟောပြောရင် သူလို့နှိုက် အပစ်မဆိ၊ အဲလိုလဲ အခုမှာ မိမိလို့အပစ်အတွက် ဆင်ခြေပေးလို့ မရနိန်ဝူး။
JOH 15:23 ငါ့ဟို မုန်းသောသူဟ ခမည်းတော်ဟိုလည်း မုန်းအယ်။
JOH 15:24 ငါဟ အခြားစသူမျှ မပြုဖူးသောအမှုဟို သူလို့ဆေ့မှာ မပြုခဲ့ရင် သူလို့နှိုက် အပစ်မဆိ၊ အခုမှာ သူလို့ဟ အေးအမှုများဟို မျော်ရကြပင်း ငါနဲ့ ငါ့ခမည်းတော်ဟို မုန်းကြအယ်။
JOH 15:25 ဟေသို့ မုန်းကြရခြင်းမှာ သူလို့ရဲ့ ပညတ်ကျမ်းနှိုက် ‘သူလို့ဟ ငါ့ဟို အကျောန်းမဲ့ မုန်းကြအယ်’ ဟု ရေးသားဖော်ပြထားလဲ့အတိုင်း ပြေ့စုံရန် ဖြစ်အယ်။
JOH 15:26 “ခမည်းတော်ဆေမှ နင်လို့ဆေဟို ငါစေလွှတ်မဲ့ ကူညီမစသောသူတည်းဟူသော ခမည်းတော်ဆေမှ လာလဲ့ သမ္မာတရားရဲ့ ဝိညာဉ်တော်ဟ ရောက်လာသောအခါ ငါရဲ့အကျောန်းဟို သက်သေခံလိမ့်မယ်။
JOH 15:27 နင်လို့ဟလည်း အစဦးဟပင် ငါနဲ့အတူဆိနေသောကျောန့် ငါ့အကျောန်းဟို သက်သေခံရကြလိမ့်မယ်။
JOH 16:1 “နင်လို့ရဲ့ ယုံကြည်ခြင်း မပျက်ပြားစေရန် ဟေအရာများဟို ငါ ပြောထားခဲ့ပီ။
JOH 16:2 နင်လို့ဟ တရားဇရပ်များမှ မောင်းထုတ်ခံရလိမ့်မယ်၊ ဟေလောက်မက နင်လို့ဟို သတ်သောသူတိုင်းဟ မိမိလို့ဟ ဘုရားဝတ်ဟို ပြုနေတာဟု ထင်မှတ်သောအချိန်ကာလ ရောက်လာလိမ့်မယ်။
JOH 16:3 သူလို့ဟ ခမည်းတော် အဲဟာမဟုတ်ရင် ငါ့ဟို မသိကြသောကျောန့် ဟေသို့ နင်လို့အား ပြုကြလိမ့်မယ်။
JOH 16:4 သူလို့ရဲ့အချိန်ရောက်သောအခါ ငါဟ ဟေသို့ပြောပီးတာဟို နင်လို့ သတိရစေရန် ဟေအကျောန်းအရာများဟို ငါ ပြောထားအယ်။ “ငါဟ နင်လို့နဲ့အတူ ငါဆိသောကျောန့် ဟေအကျောန်းအရာများဟို အစဦးနှိုက် နင်လို့အား မပြောခဲ့ဝူး။
JOH 16:5 အဲလိုလဲ ငါ့ဟို စေလွှတ်သောသူဆေဟို အခု ငါ သွားရမယ်၊ နင်လို့ထဲဟ စသူမှ နင် ဖယ်နားသွားမို့လို့ ငါ့ဟို မမေးကြဝူး။
JOH 16:6 ဟေအကျောန်းအရာဟို ငါပြောသောကျောန့် နင်လို့ နေလုံးသားဟ ဝမ်းနည်းခြင်းနဲ့ ပြေ့လျက် ဆိကြအယ်။
JOH 16:7 အဲလိုလဲ နင်လို့အား ငါ အမန်ဆိုအယ်၊ ငါသွားရင် နင်လို့အတွက် ပိုကောင်းအယ်၊ ပစာကို့ ငါမသွားရင် မစသောသူဟ ကြွလာမှာ မဟုတ်။ အဲလိုလဲ ငါသွားရင် အေးသူဟို နင်လို့ဆေဟို ငါ စေလွှတ်မယ်။
JOH 16:8 အဲသူကြွလာသောအခါ လောကသားလို့အား အပစ်အကျောန်း၊ အမန်တရားအကျောန်းနဲ့ တရားစီရင်ခြင်းအကျောန်းဟို ဖော်ပြလိမ့်မယ်။
JOH 16:9 အေးသူလို့ဟ ငါ့ဟို မယုံကြည်ကြသောကျောန့် အပစ်အကျောန်းဟို ဖော်ပြမယ်။
JOH 16:10 ငါဟ ခမည်းတော်ဆေဟို သွားမယ် ဖြစ်ယွေ့ နင်လို့ဟ ငါ့ဟို တွေ့မျော်ရတော့မှာ မဟုတ်သောကျောန့် သူလို့ရဲ့ မားယွင်းနေသောအရာဟို အမန်တရားအားဖြင့် ဖော်ပြမယ်။
JOH 16:11 ဟေလောကဟို အစိုးရသောသူဟ တရားစီရင်ခြင်းဟို ခံရပီဖြစ်သောကျောန့် တရားစီရင်အကျောန်းဟို ဖော်ပြမယ်။
JOH 16:12 “နင်လို့အား ငါပြောစရာ စကားအများဆိသော်လည်း၊ နင်လို့ဟ အခု မခံနိန်ကြ။
JOH 16:13 အဲလိုလဲ သမ္မာတရားရဲ့ ဝိညာဉ်တော် ရောက်လာသောအခါ သမ္မာတရား အလုံးစုံထဲဟို နင်လို့ဟို ရိုးသွားလိမ့်မယ်။ အဲဝိညာဉ်တော်ဟ ကိုယ်အလိုအလျောက် ဟောပြောတာ မဟုတ်၊ မိမိကြားသိရလဲ့အရာလို့ဟို နင်လို့အား ပြောလိမ့်မယ်၊ နောက်ဖြစ်လာမဲ့အရာလို့ဟိုလည်း နင်လို့အား ဖော်ပြလိမ့်မယ်။
JOH 16:14 အဲသူဟ ငါ့ဆေမှ ရဆိသောစကားဟို နင်လို့အား ပြောကြားမယ် ဖြစ်သောကျောန့် ငါရဲ့ဘုန်းဟို ထင်ဆှားစေလိမ့်မယ်။
JOH 16:15 ခမည်းတော်နဲ့ စပ်ဆိုင်သောအရာလို့ဟ ငါနဲ့ စပ်ဆိုင်သောအရာ ဖြစ်အယ်၊ အဲကျောန်းကျောန့် ဝိညာဉ်တော်ဟ ငါ့ဆေမှ ရသောအရာလို့ဟို ယူယွေ့ နင်လို့အား ပြောကြားမယ်ဟု ငါဆိုအယ်။
JOH 16:16 “အချိန်ကတစ်ကြာရင် နင်လို့ဟ ငါ့ဟို မမျော်ရကြတော့မှာ မဟုတ်၊ အဲပင်းရင် ခဏကြာပင်းမှ ငါ့ဟို မျော်ပြန်ကြလိမ့်မယ်” ဟု မိန့်အယ်။
JOH 16:17 ကိုယ်တော်ရဲ့ တဘဲ့တော်အချို့လို့ဟလည်း “အချိန်ကတစ်ကြာရင် နင်လို့ဟ ငါ့ဟို မျော်ရကြတော့မှာ မဟုတ်၊ အဲပင်းရင် အချိန်ကတစ်ကြာပင်းမှ ငါ့ဟို မျော်ကြလိမ့်မယ်ဟူယွေ့ လည်းကောင်း ‘ငါဟ ခမည်းတော်ဆေဟို သွားမယ်’ ဟု ဆိုအယ်။
JOH 16:18 သူလို့ဟ ‘အချိန်ကတစ်ကြာရင်’ ဟူယွေ့ ဆိုသော စကားမှာ ပစာလိုတုန်း၊ ကိုယ်တော်မိန့်သောအရာဟို ငါလို့ နားမလည်ကြ” ဟု ပြောဆိုကြအယ်။
JOH 16:19 ယေရှုဟ မိမိအား အဲသူလို့ဆှောက်ထား မေးမြန်းလိုကျောန်း သိသဖြင့် “အချိန်ကတစ်ကြာရင် နင်လို့ဟ ငါ့ဟို မျော်ရကြမှာ မဟုတ်၊ အဲပင်းရင် အချိန်ကတစ်ကြာပင်းမှ ငါ့ဟို မျော်ရကြလိမ့်မယ်” ဟု ငါ ပြောသောစကားများနဲ့ ပတ်သက်ယွေ့ အချင်းချင်း မေးမြန်း ပြောဆိုကြသလော။
JOH 16:20 နင်လို့အား ငါ အမန်ဆိုအယ်၊ နင်လို့ဟ ငိုကလျက် မြည်တမ်းကြလိမ့်မယ်၊ လောကသားလို့ဟ ဝမ်းမြောက်ကြလိမ့်မယ်၊ အဲလိုလဲ နင်လို့ဟ ဝမ်းနည်းခြင်းဆိသော်လည်း နင်လို့ရဲ့ဝမ်းနည်းခြင်းဟ ဝမ်းမြောက်ခြင်းအဖြစ်ဟို ပြောင်းလဲသွားလိမ့်မယ်။
JOH 16:21 မိန်းမဟ သားဖွားသောအခါ မွေးဖွားချိန်ရောက်သောကျောန့် ဒုက္ခဝေဒနာဟို ခံစားရအယ်၊ အဲလိုလဲ လပဲ့မွေးဖွားပင်းသောအခါ ဟေလောကတွင် လူတယောက်ဟို မွေးဖွားလဲ့အတွက် ဝမ်းမြောက်ခြင်းဆိသဖြင့် ခံစားရသော ဒုက္ခဝေဒနာဟို သတိမရတော့ပေ။
JOH 16:22 အေးတိုင်းတိုင်း နင်လို့ဟ အခု ဝမ်းနည်းခြင်း ဆိကြသော်လည်း ငါဟ နင်လို့နဲ့ တဖန် ပြန်တွေ့မယ် ဖြစ်သောကျောန့် နင်လို့ရဲ့ စိတ်နေလုံး ဝမ်းမြောက်ခြင်းဖြင့် ပြေ့စုံကြလိမ့်မယ်၊ အေးဝမ်းမြောက်ခြင်းဟို စသူမျှ နင်လို့ဆေမှ မနုတ်ယူနိန်။
JOH 16:23 “အဲနေ့နှိုက် နင်လို့ဟ ငါ့အား ပစာအရာဟိုမျှ တောင်းဆှောက်ကြလိမ့်မယ် မဟုတ်။ နင်လို့အား ငါ အမန် ဆိုအယ်၊ နင်လို့ဟ ငါရဲ့ နာမဟို အမှီပြုယွေ့ တောင်းဆှောက်သမျှသော အရာလို့ဟို ခမည်းတော်ဟ နင်လို့အား ပေးလိမ့်မယ်။
JOH 16:24 အခုတိုင်အောန် ငါရဲ့ နာမဟို အမှီပြုယွေ့ နင်လို့ဟ ပစာဆုဟိုမျှ မတောင်းကြသေး၊ နင်လို့ဟ ဝမ်းမြောက်စရာအကျောန်း စုံလင်စေခြင်းငှာ တောင်းကြလော့၊ အဲလိုတောင်းရင် ရကြလိမ့်မယ်။
JOH 16:25 “ဟေအရာလို့ဟို ပုံဥပမာအားဖြင့် ငါပြောအယ်။ ပုံဥပမာအားဖြင့် မဟောပြောဘဲ ခမည်းတော်နဲ့ စပ်ဆိုင်သောအရာလို့ဟို နင်လို့အား ပွင့်လင်းစွာ ဖော်ပြသော အချိန်ကာလ ရောက်ဆိလာလိမ့်မယ်။
JOH 16:26 အဲကာလနှိုက် နင်လို့ဟ ငါရဲ့နာမဟို အမှီပြုယွေ့ ဆုတောင်းကြလိမ့်မယ်၊ နင်လို့အဖို့အလိုငှာ ငါဟ ခမည်းတော်ဟို တောင်းမယ်ဟု မဆို။
JOH 16:27 အကျောန်းမှာ နင်လို့ဟ ငါ့ဟို ချစ်ယွေ့ ငါဟ ဘုရားသခင်ဆေမှ လာကျောန်းဟို ယုံကြည်သောကျောန့် ခမည်းတော်တတ်တိုင်း နင်လို့ဟို ချစ်အယ်။
JOH 16:28 ငါဟ ခမည်းတော်ဆေမှ ကြွလာယွေ့ ဟေလောကသို့ ကြွလာခဲ့အယ်။ အခု ဟေလောကမှ ထွက်ခွာယွေ့ ခမည်းတော်ဆေဟို ငါသွားတော့မယ်” ဟု မိန့်အယ်။
JOH 16:29 အဲပင်းရင် သူ့ရဲ့ တဘဲ့တော်လို့ဟလည်း “အခု ကိုယ်တော်ဟ ပုံဥပမာမဆောင်ဘဲ ပွင့်လင်းစွာ ပြောလေအယ်။
JOH 16:30 ကိုယ်တော်ဟ အလုံးစုံလို့ဟို သိကျောန်း အခု ငါလို့ သိကြပီ၊ ကိုယ်တော်အား စသူမျှ မေးဆှောက်ရန် မလိုတော့ပါ။ အဲကျောန်းကျောန့် ကိုယ်တော်ဟ ဘုရားသခင်ဆေမှ ကြွလာတာဟို ငါလို့ ယုံကြည်အယ်” ဟု ဆှောက်ထားကြအယ်။
JOH 16:31 ယေရှုဟ “နင်လို့ အခု ယုံကြပီလော။
JOH 16:32 နင်လို့ဟ ကွဲပြားယွေ့ ငါ့ဟို တကိုယ်တည်း နေစေခြင်းငှာ စွန့်ပစ်လျက်၊ အသီးသီး မိမိလို့နေရာသို့ ပြေးသွားမဲ့အချိန်ကာလဟ လာယွေ့ အခုပင် ရောက်အယ်။ အဲလို့မို့ ငါဟ တကိုယ်တည်းနေတာ မဟုတ်၊ ခမည်းတော်ဟ ငါနဲ့အတူ ဆိအယ်။
JOH 16:33 နင်လို့ဟ ငါ့ဟို အမှီပြုယွေ့ ငြိမ်သက်ခြင်း ဆိစေကြရန် ဟေစကားဟို ငါပြောပီ။ နင်လို့ဟ လောကနှိုက် ဆင်းရဲဒုက္ခဟို ခံရကြလိမ့်မယ်။ အဲလိုလဲ မစိုးရိမ်ကြနဲ့၊ ငါဟ လောကဟို အောန်ပီ” ဟု မိန့်အယ်။
JOH 17:1 ယေရှုဟ ဟေသို့မိန့်ပင်းမှ ခေါန်းခင်သို့ မျော်ကျေ့လျက် “အို အဖ၊ အချိန်ကျလေပီ။ သားတော်ဟ ကိုယ်တော်ရဲ့ ဘုန်းအသရေဟို ထွန်းတောက်စေနိန်ရန် သားရဲ့ ဘုန်းအသရေဟို ထွန်းတောက်စေမန့်။
JOH 17:2 အကျောန်းမှာ ကိုယ်တော်ဟ သားတော်အား လူအားလုံးဟို အုပ်စိုးရသောအခွင့်ဟို ပေးပီ၊ ဟေဟာဟ သားတော်သည် ကိုယ်တော်ပေးအပ်သမျှသောသူလို့အား ထာဝရအသက်ဟို ပေးနိန်ရန်အတွက် ဖြစ်အယ်။
JOH 17:3 ထာဝရအသက်ဟူသည် မန်သော ဘုရားသခင် တဆူတည်းဖြစ်သော ကိုယ်တော်နဲ့ စေလွှတ်သော ယေရှု ခရစ်တော်ဟို လည်းကောင်း သိကျွမ်းခြင်း ဖြစ်အယ်။
JOH 17:4 ငါဟ မြေကြီးပေါ်မှာ ကိုယ်တော်ဟို ဘုန်းထင်ဆှားစေပီ၊ ငါဆောင်ရွက်စရာဖို့ ငါနှိုက် ကိုယ်တော် အပ်ပေးသောအမှုဟို အပီးတိုင်အောန် ဆောင်ရွက်ပါပီ။
JOH 17:5 အို အဖ၊ ဟေကမ္ဘာ မတည်မဆိမီဟပင် ကိုယ်တော်နဲ့အတူ ငါလို့ ခံစားသော ဘုန်းအသရေအားဖြင့် အခုပင် ကိုယ်တော့်ဆေ့တော်နှိုက် ဘုန်းထင်ဆှားစေမန့်။
JOH 17:6 “ဟေလောကထဲမှ ယူယွေ့ ငါနှိုက် အပ်ပေးသောသူအား ငါဟ ကိုယ်တော်ရဲ့နာမဟို ပြမန့်ပီ။ အဲသူလို့ဟို ကိုယ်တော်ဟ ပိုင်သဖြင့် အကျွန်ုပ်အား ပေးလေအယ်၊ သူလို့ဟ ကိုယ်တော်ရဲ့ နှုတ်ကပတ်တရားဟို လိုက်နာကြပါပီ။
JOH 17:7 ငါ့အား ပေးသမျှလို့ဟ ကိုယ်တော်ဆေမှ ဖြစ်ကျောန်းဟို သူလို့ဟ အခု သိကြအယ်။
JOH 17:8 အကျောန်းမှာ ငါ့အား ကိုယ်တော်ပေးသော တရားစကားဟို ငါဟ သူလို့အား ပေးသောအခါ သူလို့ ခံယူကြအယ်၊ ကိုယ်တော်ဆေမှ ငါလာတာဟ အမန်ဖြစ်ကျောန်းဟို သူလို့ သိကြပင်း၊ ကိုယ်တော်ဟ ငါ့အား စေလွှတ်ကျောန်းဟိုလည်း သူလို့ ယုံကြည်ကြအယ်။
JOH 17:9 “ငါဟ သူလို့အတွက် ဆုတောင်းအယ်။ လောကသားလို့အတွက် ဆုတောင်းတာ မဟုတ်မန့်၊ ငါ့အား ကိုယ်တော်ပေးသော သူများဟ ကိုယ်တော် ပိုင်ဆိုင်သောသူများဖြစ်သဖြင့် အဲသူလို့အတွက် ဆုတောင်းပါအယ်။
JOH 17:10 ငါပိုင်သောအရာအားလုံးလို့ဟို ကိုယ်တော်ပိုင်ပင်း ကိုယ်တော်ပိုင်သောအရာလို့ဟိုလည်း ငါပိုင်တာဖြစ်ယွေ့ ငါဟ အဲအရာများအားဖြင့် ဘုန်းထင်ဆှားခြင်း ဆိပါပီ။
JOH 17:11 ငါဟ ဟေလောကနှိုက် ဆိတော့မှာ ဟုတ်ဝူး၊ သူလို့ဟတော့ ဟေလောကနှိုက် ဆိကြမယ်၊ ငါဟ ကိုယ်တော့်ဆေဟို လာအယ်။ သန့်ဆှင်းသော အဖ၊ သူလို့ဟ ငါလို့တိုင်းတိုင်း တလုံးတဝတည်းဖြစ်ကြရန် ငါ့အား ပေးသော ဟေသူလို့ဟို ကိုယ်တော်ရဲ့ နာမတော်နှိုက် စောင့်ဆှောက်မန့်။
JOH 17:12 ငါဟ ဟေလောကနှိုက် သူလို့နဲ့တကွ ဆိစဉ်ကာလ၊ သူလို့ဟို ကိုယ်တော်ရဲ့ နာမနှိုက် တည်စေပီ၊ ငါ့အား ပေးသောသူလို့ဟို ငါ စောင့်မပါပီ။ အဲသူလို့တွင် ပျက်စီးခြင်းရဲ့ သားတယောက်မှတပါး စသူမျှ ပျက်စီးခြင်းသို့ မရောက်မန့်၊ အဲသူဟ ပျက်စီးခြင်းသို့ အကျောန်းဟ ကျမ်းစာပြေ့စုံမဲ့အကျောန်း ဖြစ်အယ်။
JOH 17:13 အခုတွင် ငါဟ ကိုယ်တော်ဆေဟို သွားရမယ် ဖြစ်ယွေ့ ဟေသူလို့ဟ ငါ့ဟို အမှီပြုသဖြင့် ဝမ်းမြောက်ခြင်းနဲ့ ပြေ့စုံမဲ့အကျောန်း ဟေစကားဟို လောကနှိုက် ငါပြောအယ်။
JOH 17:14 ကိုယ်တော်ရဲ့ နှုတ်ကပတ်တရားဟို ဟေသူလို့အား ငါ ပေးပါပီ၊ ငါဟ ဟေလောကနဲ့ မသက်ဆိုင်သလို ဟေသူလို့ဟလည်း မသက်ဆိုင်သောကျောန့် ဟေသူလို့ဟို မုန်းကြအယ်။
JOH 17:15 သူလို့အား ဟေလောကမှ နုတ်ယူရန် ငါ တောင်းဆှောက်တာ မဟုတ်မန့်၊ သူလို့ဟ မာရ်နတ်ရဲ့ ဘေးမှကင်းလွတ်မဲ့အကျောန်း စောင့်ထိန်းရန်ဟိုသာ တောင်းဆှောက်ပါအယ်။
JOH 17:16 ငါဟ ဟေလောကနဲ့ မသက်ဆိုင်သလို အဲသူလို့ဟလည်း မသက်ဆိုင်ကြပါ။
JOH 17:17 သမ္မာတရားအားဖြင့် သူလို့ဟို သန့်ဆှင်းစေမန့်၊ ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်ဟ သမ္မာတရား ဖြစ်အယ်။
JOH 17:18 ကိုယ်တော်ဟ ငါ့ဟို ဟေလောကသို့ စေလွှတ်လဲ့အတိုင်း၊ ငါဟလည်း ဟေသူလို့ဟို ဟေလောကထဲသို့ စေလွှတ်အယ်။
JOH 17:19 သမ္မာတရားအားဖြင့် သူလို့ဟို သန့်ဆှင်းစေမဲ့အကျောန်း ငါဟ သူလို့အတွက် ကိုယ်ဟို သန့်ဆှင်းစေပါအယ်။
JOH 17:20 “ငါဟ အဲသူလို့အတွက်သာလျှင် ဆုတောင်းတာ မဟုတ်မန့်၊ သူလို့ ဟောပြောခြင်းအားဖြင့် ငါ့ဟို ယုံကြည်သော သူလို့အတွက်လည်း ဆုတောင်းပါအယ်။
JOH 17:21 အဲသူအပေါင်းလို့ဟ တလုံးတဝတည်း ဖြစ်ကြစေရန် ဆုတောင်းပါအယ်။ အိုအဖ၊ ကိုယ်တော်ဟ ငါနှိုက် တည်ဆိယွေ့ ငါဟလည်း ကိုယ်တော်နှိုက် တည်ဆိသလို အဲသူလို့ဟ ငါလို့နှိုက် တည်ဆိစေမန့်။ ငါ့ဟို ကိုယ်တော်စေလွှတ်ကျောန်းဟို လောကသားလို့ ယုံကြည်ကြစေရန် အဲသူလို့ဟို တလုံးတဝတည်း ဖြစ်စေပါ။
JOH 17:22 ကိုယ်တော်နဲ့ ငါဟ တလုံးတဝတည်းဖြစ်သလို အဲသူလို့ဟလည်း ဖြစ်ကြစေရန် ငါဟ ကိုယ်တော်ပေးသော ဘုန်းအသရေဟို သူလို့အား ပေးပါပီ။
JOH 17:23 ငါဟ သူလို့နှိုက်လည်းကောင်း၊ ကိုယ်တော်ဟ ငါနှိုက်လည်းကောင်း တည်ဆိသဖြင့် သူလို့ဟ တလုံးတဝတည်းဖြစ်သောအားဖြင့် ကိုယ်တော်ဟ ငါ့အား စေလွှတ်ကျောန်းနဲ့ ငါ့ဟို ချစ်သလို သူလို့ဟိုလည်း ချစ်ကျောန်းဟို လောကသားလို့ဟ သိစေခြင်းငှာလည်းကောင်း ကိုယ်တော်ဟ ငါ့အားပေးသော ဘုန်းအသရေဟို ငါဟ သူလို့အား ပေးပါပီ။
JOH 17:24 “အို အဖ၊ ကိုယ်တော်ဟ ကမ္ဘာမတည်မဆိမီ ငါ့ဟို ချစ်ယွေ့ ပေးသော ဘုန်းအသရေဟို ငါ့အား ကိုယ်တော်ပေးသော သူလို့ဟ မျော်ကြစေရန် ငါဆိရာအရပ်တွင် သူလို့အား ဆိစေလိုအယ်။
JOH 17:25 ဖြောင့်မတ်သော အဖ၊ လောကသားလို့ဟ ကိုယ်တော်ဟို မသိကြသော်လည်း ငါသိအယ်၊ ကိုယ်တော်ဟ ငါ့အား စေလွှတ်ကျောန်းဟို အဲလူလို့ဟ သိကြပါအယ်။
JOH 17:26 ကိုယ်တော်ဟ ငါ့ဟို ချစ်သော မေတ္တာဟ သူလို့နှိုက် တည်ဆိစေယွေ့ ငါလို့ဟလည်း သူလို့နှိုက် တည်ဆိစေရန် ကိုယ်တော်ရဲ့ နာမဟို သူလို့အား ငါသိစေပင်း ဆက်ပင်းလည်း သိစေအုန်းမယ်” ဟု ဆိုအယ်။
JOH 18:1 ယေရှုဟ ဟေသို့ ဆုတောင်းပင်းနောက် တဘဲ့တော်လို့နဲ့အတူ သွားယွေ့ ကေဒြုန်ချောင်းဟို ကူးလေအယ်။ အေးအရပ်တွင် ဥယျာဉ်တခု ဆိအယ်၊ ယေရှုနဲ့ တဘဲ့တော်လို့ဟ အဲဥယျာဉ်ထဲသို့ ဝင်ကြအယ်။
JOH 18:2 အဲအရပ်သို့ ယေရှုနဲ့ သူ့ရဲ့ တဘဲ့တော်လို့ဟ အကြိမ်များစွာ သွားလေ့ဆိသဖြင့် သစ္စာဖောက် ယုဒဟ အေးဥယျာဉ်ဟို သိအယ်။
JOH 18:3 အဲလိုမို့ သူဟ ရောမစစ်သားတတပ်၊ ယဇ်ပုရောဟိတ်ကြီးလို့နဲ့ ဖာရိရှဲလို့ရဲ့ စေလွှတ်လိုက်သော အစောင့်တပ်သားများဟိုလည်းကောင်း ခေါ်ခဲ့အယ်။ သူလို့ဟ မီးဖူးများ၊ မီးတုတ်များနဲ့ လက်နက်များဟို ကိုင်ဆောင်လာကြအယ်။
JOH 18:4 ယေရှုဟ မိမိကြုံတွေ့ရမဲ့ အမှုအလုံးစုံဟို သိပင်းဖြစ်သဖြင့် အဲသူလို့ရဲ့ဆေဟို သွားလျက် “နင်လို့ စသူ့ဟို ဆှာကြတုန်း” ဟု မေးလေအယ်။
JOH 18:5 အဲသူလို့ဟ “နာဇရက်မြို့သား ယေရှုဟို ဆာအယ်” ဟု ပြန်ပြောအယ်။ ကိုယ်တော်ဟ “ငါဟ အေးသူပင် ဖြစ်အယ်” ဟု မိန့်အယ်။ ကိုယ်တော်အား သစ္စာဖောက်သူ ယုဒဟလည်း အဲသူလို့နဲ့အတူ ရပ်လျက်နေအယ်။
JOH 18:6 “ငါဟ အေးသူပင် ဖြစ်အယ်” ဟု ယေရှု မိန့်သောအခါ သူလို့ဟ နောက်သို့ဆုတ်ကာ မြေပေါ်တွင် လဲကြအယ်။
JOH 18:7 အဲလိုမို့ ယေရှုဟ “နင်လို့ စသူ့ဟို ဆှာတုန်း” ဟု တဖန် မေးပြန်အယ်။ သူလို့ဟလည်း “နာဇရက်မြို့သား ယေရှုဟို ဆှာကြအယ်” ဟု ဆိုအယ်။
JOH 18:8 ယေရှုဟ “အဲသူဟ ငါပင် ဖြစ်အယ်ဟု နင်လို့အား ငါပြောခဲ့ပီ။ အဲလိုမို့ ငါဟ နင်လို့ ဆှာသောသူဖြစ်ရင် ဟေသူလို့ဟို သွားပါလေစေ” ဟု မိန့်အယ်။
JOH 18:9 ဟေသို့ပြောရခြင်းမှာ “ကိုယ်တော်ပေးအပ်သော သူတစုံတယောက်မျှ ပျက်စီးခြင်းသို့ မရောက်မန့်” ဟု မခင်ဟ ကိုယ်တော် မိန့်ခဲ့လဲ့အတိုင်း ပြေ့စုံစေရန် ဖြစ်အယ်။
JOH 18:10 အဲအခါ ရှိမုန် ပေတရုဟ မိမိနှိုက်ပါသော ထားဟို ဆွဲထုတ်ပင်း ယဇ်ပုရောဟိတ်မင်းရဲ့ ကျွန်တယောက်ဟို ခုတ်သဖြင့် ညာဖက်နားရွက် ပြုတ်ထွက်အယ်။ အဲကျွန် နာမယ်မှာ မာလခု ဖြစ်အယ်။
JOH 18:11 ယေရှုဟ “နင့်ရဲ့ ထားဟို ထားအိုင်နှိုက် ပြန်သွင်းလော့။ ခမည်းတော် ငါ့အား ခံစေလဲ့ ဒုက္ခဝေဒနာဟို ငါ မခံသင့်သလော” ဟု ပေတရုအား မိန့်အယ်။
JOH 18:12 အဲပင်းရင် ရောမစစ်သားများနဲ့ ယုဒအမျိုးသား အစောင့်တပ်သားများဟ ယေရှုဟို ဖမ်းဆီးတုတ်ချေပင်း အန္နတ်မင်းဆေဟို ဆေ့ဦးစွာ ခေါ်သွားကြအယ်။
JOH 18:13 အန္နတ်မင်းဟ အဲနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သော ကယာဖရဲ့ ယောက္ခမ ဖြစ်အယ်။
JOH 18:14 ကယာဖဟ “လူအပေါင်းလို့အတွက် လူတဦးတယောက် သေရတာဟ ပိုယွေ့ ကောင်းအယ်” ဟု ယုဒအာဏာပိုင်လို့အား အကြံပေးခဲ့သူ ဖြစ်အယ်။
JOH 18:15 ရှိမုန် ပေတရုနဲ့ အခြား တဘဲ့တော်တယောက်ဟ ယေရှု နောက်ဟို လိုက်ကြအယ်။ အဲတဘဲ့တော်ဟ ယဇ်ပုရောဟိတ်မင်းရဲ့ အသိဖြစ်ယွေ့၊ ယေရှုနဲ့တကွ ယဇ်ပုရောဟိတ်မင်းရဲ့ အိုင်တော်ဝင်းသို့ လိုက်သွားခွင့်ရအယ်။
JOH 18:16 ပေတရုဟ ထင်ခါးအပြင်မှာ ရပ်နေအယ်။ အဲကျောန့် ယဇ်ပုရောဟိတ်မင်းသိသော အခြားတဘဲ့တော်ဟ ထွက်လာယွေ့ ထင်ခါးစောင့်မိန်းမအား ပြောပင်းမှ ပေတရုဟို အထဲဟို ခေါ်သွားအယ်။
JOH 18:17 ထင်ခါးစောင့်မိန်းမဟ ပေတရုအား “နင်ဟ အဲသူရဲ့ တဘဲ့တဦး မဟုတ်လော” ဟု ဆိုရင်၊ “ငါ မဟုတ်” ဟု ပေတရု ပြန်ဖြေအယ်။
JOH 18:18 အေးကာလနှိုက် ချမ်းသောကျောန့် အစေခံနဲ့ အစောင့်တပ်သားလို့ဟ မီးခဲပုံထည့်ယွေ့ မီးလှုံလျက် နေကြအယ်။ ပေတရုတတ်တိုင်းဟလည်း သူလို့နဲ့အတူ ရပ်ပင်း မီးလှုံလျက်နေအယ်။
JOH 18:19 ယဇ်ပုရောဟိတ်မင်းဟ ယေရှုအား တဘဲ့တော်လို့ရဲ့ အကျောန်းနဲ့ ယေရှုရဲ့ သွန်သင်ချက်အကျောန်းလို့ဟို မေးမြန်းစစ်ဆေးအယ်။
JOH 18:20 ယေရှုဟ “ငါသည် လူအပေါင်းလို့ ဆေ့တွင် အစဉ်ပွင့်လင်းစွာ ဟောပြောခဲ့အယ်၊ ယုဒအမျိုးသားအပေါင်းလို့ စုဝေးရာဖြစ်သော တရားဇရပ်များနဲ့ ဗိမာန်တော်တွင် ငါ သွန်သင်ခဲ့အယ်၊ ပစာခါမျှ လျှို့ဝှက်စွာ မပြောပီ။
JOH 18:21 အဲလိုမို့ ပစာကျောန့် ငါ့ဟို စစ်ဆေးမေးမြန်းတုန်း၊ ငါ ဟောပြောတာဟို ကြားနာသောသူလို့ဟို မေးလော့။ ငါပြောသောစကားဟို အဲသူလို့ဟ သိကြအယ်” ဟု မိန့်အယ်။
JOH 18:22 အဲသို့ ယေရှု မိန့်သောအခါ အစောင့်တပ်သားတဦးဟ “ယဇ်ပုရောဟိတ်မင်းအား နင်ဟ ဟေသို့ ပြန်ပြောရသလော” ဟု ဆိုလျက် ယေရှုဟို ဖိုင်လေအယ်။
JOH 18:23 ယေရှုဟလည်း သူ့ဟို “ငါရဲ့ စကားမမန်ရင် မမန်ကျောန်းဟို သက်သေပြမန့်။ မန်ရင် ငါ့ဟို ပစာကျောန့် ရိုက်တုန်း” ဟု မိန့်အယ်။
JOH 18:24 အဲပင်းရင် အန္နတ်မင်းဟ ကိုယ်တော်ဟို ချည်နှောင်လျက်ဆိလဲ့အတိုင်း ယဇ်ပုရောဟိတ်မင်း ကယာဖဆေဟို ပို့စေအယ်။
JOH 18:25 ပေတရုဟ ရပ်လျက် မီးလှုံနေအယ်။ အဲလိုမို့ အခြားသောလူလို့ဟ “နင်ဟ အေးသူရဲ့ တဘဲ့ မဟုတ်လော” ဟု မေးကြအယ်။ အဲလိုလဲ ပေတရုဟ “ငါ မဟုတ်” ဟု ငြင်းလေအယ်။
JOH 18:26 ပေတရု ခုတ်ယွေ့ နားရွက်ပြတ်သောသူနဲ့ ဆွေမျိုးတော်စပ်သော ယဇ်ပုရောဟိတ်မင်းရဲ့ ကျွန်တယောက်ဟ၊ “နင့်အား အေးသူနဲ့အတူ ဥယျာဉ်ထဲတွင် ငါမျော်ခဲ့တာ မဟုတ်လော” ဟု မေးလေအယ်။
JOH 18:27 ပေတရုဟ “ငါ မဟုတ်” ဟု တဖန် ငြင်းပြန်အယ်၊ ခုတုံးပင် ကြက်တွန်လေအယ်။
JOH 18:28 မနက်အချိန်ရောက်ရင် ယေရှုဟို ကယာဖရဲ့ အိုင်တော်မှ ဘုရင်ခံရဲ့ နန်းတော်ဆေဟို ခေါ်ဆောင်သွားကြအယ်။ ယုဒအာဏာပိုင်လို့ဟ ပသခါပွဲဟို စားနိန်ရန် မိမိလို့ ကိုယ်ကိုဘာသာရေးထုံးစံအရ သန့်စင်စေလိုသဖြင့် အိုင်တော်သို့ မဝင်ကြ။
JOH 18:29 အဲလိုမို့ ပိလတ်မင်းဟ အေးသူလို့ဆိရာ အပြင်ဟို ထွက်လာပင်း “ဟေသူအား ပစာပစ်မှုနဲ့ စွပ်စွဲကြတုန်း” ဟု မေးလေအယ်။
JOH 18:30 အဲသူလို့ဟလည်း “ဟေသူဟ အပစ်ကျူးလွန်သူ မဟုတ်ရင် သူ့အား ကိုယ်တော်ဆေဟို ငါလို့ မအပ်မန့်” ဟု ပြန်ပြောအယ်။
JOH 18:31 ပိလတ်မင်းဟလည်း “နင်လို့ တတ်တိုင်း သူ့အား ခေါ်သွားယွေ့ နင်လို့ရဲ့ကိုယ်ပိုင် ပညတ်တရားအတိုင်း စီရင်ကြလော” ဟု ဆိုအယ်။ ယုဒလူလို့ဟလည်း “ငါလို့နှိုက် စသူ့ဟိုမျှ သေဒဏ်ပေးပိုင်ခွင့် မဆိပါ” ဟု ပြောအယ်။
JOH 18:32 ဟေလို ဖြစ်ပျက်ရခြင်းမှာ မိမိ စလိုသေရမယ်ဟို ယေရှု မိန့်သောစကားဟ ပြေ့စုံမဲ့အကျောန်း ဖြစ်အယ်။
JOH 18:33 ပိလတ်မင်းဟ အိုင်တော်ထဲသို့ ပြန်ဝင်ပင်း ယေရှုအား ခေါ်အယ်။ “နင်ဟ ယုဒဘုရင်လော” ဟု မေးလေအယ်။
JOH 18:34 ယေရှုဟ “ဟေမေးခွန်းဟို မင်းကြီးအလိုအလျောက် မေးသလော အဲဟာမဟုတ်ရင် အခြားသောသူလို့ဟ နင့်အား ငါရဲ့အကျောန်းဟို ပြောကြသလော” ဟု မေးအယ်။
JOH 18:35 ပိလတ်မင်းဟ “နင်ဟ ငါ့ဟို ယုဒလူဖြစ်တာဟု ထင်မှတ်သလော၊ နင့်ဟို ငါ့ဆေဟို ပို့လာသောသူများမှာ နင်ရဲ့ အမျိုးသားများနဲ့ ယဇ်ပုရောဟိတ်ကြီးလို့ပင် ဖြစ်အယ်။ နင်ဟ ပစာအမှုဟို ပြုမိတုန်း” ဟု ပြန်ပြောအယ်။
JOH 18:36 ယေရှုဟ “ငါ့ရဲ့ နိုင်ငံတော်သည် ဟေလောကနဲ့ မသက်ဆိုင်၊ ငါ့ရဲ့ နိုင်ငံဟ ဟေလောကနဲ့ မသက်ဆိုင်ရင် ငါဟ ယုဒအာဏာပိုင်လို့ လက်သို့မရောက်ရအောန် ငါ့ရဲ့ နောက်လိုက်လူလို့ဟ တိုက်ခိုက်ကြလိမ့်မယ်။ အဲလိုလဲ ငါရဲ့ နိုင်ငံဟ ဟေလောကနဲ့ မသက်ဆိုင်” ဟု မေးအယ်။
JOH 18:37 ပိလတ်မင်းဟ “အဲကျောန့် နင်ဟ ဆှင်ဘုရင်လော” ဟု မေးအယ်။ ယေရှုဟ “ငါဟ နင်ဆိုလဲ့အတိုင်း ဆှင်ဘုရင် ဖြစ်အယ်။ ငါဟ သမ္မာတရားဘက်နှိုက် သက်သေခံရန် မွေးဖွားခြင်းဟို ခံယွေ့ ဟေလောကသို့ ကြွလာပီ။ သမ္မာတရားနဲ့ စပ်ဆိုင်သောသူတိုင်း ငါ့အသံဟို နားထောင်ကြအယ်” ဟု ပြန်ဖြေအယ်။
JOH 18:38 ပိလတ်မင်းဟ “သမ္မာတရားဟ ပစာတုန်း” ဟု မေးအယ်။ အဲပင်းရင် ပိလတ်မင်းဟ လူလို့ဆေဟနေ အပြင်ဟိုထွက်လာပင်း “အေးသူအား အပစ်စီရင်ရန် တစုံတရာဟိုမျှ ငါမတွေ့။
JOH 18:39 နင်လို့ရဲ့ ထုံးစံအရ ပသခါပွဲအတွင်းနှိုက် အကျဉ်းသမားတဦးဟို ငါလွတ်ငြိမ်းချမ်းသာခွင့် ပေးမြဲဖြစ်အယ်။ နင်လို့အတွက် ယုဒဆှင်ဘုရင်ဟို လွတ်ငြိမ်းချမ်းသာခွင့် ပေးချင်သလော” ဟု မေးအယ်။
JOH 18:40 အဲသူလို့ဟ “သူ့ဟို လွှတ်မပေးပါနဲ့၊ ဗာရဗ္ဗဟို ပေးမန့်” ဟု ပြန်ဟစ်အော်ကြအယ်။ ဗာရဗ္ဗဟ ထားပြဖြစ်အယ်။
JOH 19:1 အဲပင်းရင် ပိလတ်မင်းဟ ယေရှုဟို ခေါ်သွားစေပင်း ကြိမ်ဒဏ်ခတ်စေအယ်။
JOH 19:2 စစ်သားများဟ ဆူးခက်ဖြင့် ရက်သောဦးရစ်ဟို သူ့ရဲ့ ဦးခေါင်းနှိုက် တင်ယွေ့ ခရမ်းရောင် ဝတ်လုံဟို ကိုယ်တော်အား ဝတ်ပေးပင်းရင်
JOH 19:3 ကိုယ်တော်ဆေဟို ချဉ်းယွေ့ “ယုဒဆှင်ဘုရင် သက်တော်ဆှည်မန့်စေ” ဟု ဆိုယွေ့ ပါးရိုက်ကြအယ်။
JOH 19:4 ပိလတ်မင်းဟ အပြင်သို့ တဖန်ထွက်ပင်း လူအုပ်ကြီးအား “အေးသူဟို ပစာအပစ်ဟိုမျှ ငါမတွေ့ကျောန်းဟို နင်လို့သိစေရန် သူ့ဟို နင်လို့ဆိရာဟို ငါ ခေါ်ဆောင်လာမယ်” ဟု ဆိုအယ်။
JOH 19:5 အဲအခါ ယေရှုဟ ဆူးခက်ဦးရစ်နဲ့ ခရမ်းရောင် ဝတ်လုံဟို ဝတ်လျက် ပြင်သို့ ထွက်လာအယ်။ ပိလတ်မင်းဟ “ကျေ့လော့၊ ဟေသူပင် ဖြစ်အယ်” ဟု ဆိုအယ်။
JOH 19:6 ယဇ်ပုရောဟိတ်ကြီးနဲ့ အစောင့်တပ်သားများဟ ကိုယ်တော်ဟို မျော်သောအခါ “သူ့ဟို လက်ဝါးကပ်တိုင်တွင် တင်ယွေ့ သတ်မန့်၊ သူ့ဟို လက်ဝါးကပ်တိုင်တွင် တင်ယွေ့ သတ်မန့်” ဟု ဟစ်အော်ကြအယ်။ ပိလတ်မင်းဟလည်း “နင်လို့ဟ သူ့ဟို ယူယွေ့ လက်ဝါးကပ်တိုင်တွင် တင်ယွေ့ သတ်လော့။ သူ့ဟို သေဒဏ်ပေးရန်အကျောန်း တစုံတရာမျှ ငါမတွေ့” ဟု ဆိုအယ်။
JOH 19:7 လူအုပ်ကြီးဟ “အဲသူဟ မိမိကိုယ်ကို ဘုရားသခင်ရဲ့ သားဟုပြောသောကျောန့် ငါလို့ တရားဥပဒေအရ သေဒဏ်ခံထိုက်အယ်” ဟု ပြန်ပင်း ဖြေလေအယ်။
JOH 19:8 ပိလတ်မင်းဟ အဲသူလို့ရဲ့စကားဟို ကြားသောအခါ ပိုပင်း ကြောက်လန့်လာအယ်။
JOH 19:9 အဲလိုမို့ သူဟ အိုင်တော်ထဲဟို ပြန်ဝင်ပင်းနောက် ယေရှုအား “နင်ဟ ဖယ်နားဟ လာတုန်း” ဟု မေးအယ်။ အဲလိုလဲ ယေရှုဟ ပစာမျှ ဖြေတော်မမူ။
JOH 19:10 ပိလတ်မင်းဟ နင်ဟ ငါ့ဟို စကားမပြောဘဲ နေသလော၊ ငါဟ “နင့်ဟို လွှတ်ပေးနိန်သော အခွင့်အာဏာ ဆိယွေ့ လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်နိန်သော အခွင့်အာဏာလည်း ဆိတာဟို နင် မသိသလော” ဟု ဆိုအယ်။
JOH 19:11 ယေရှုဟ “မင်းကြီးအား ဘုရားသခင် အခွင့်နဲ့သာ ဟေလို့သော အခွင့်အာဏာဟို ရဆိခြင်း ဖြစ်အယ်။ အဲကျောန့် ငါ့ဟို မင်းကြီးရဲ့ လက်သို့အပ်နှံသောသူဟ ပိုယွေ့ အပစ်ကြီးအယ်” ဟု ဖြေလေအယ်။
JOH 19:12 ဟေသို့ ဖြေကြားခြင်းဟို ကြားသောအခါ ပိလတ်မင်းဟ ကိုယ်တော်ဟို လွတ်ငြိမ်းခွင့်ပေးရန် နည်းလမ်းဆှာကြံလေအယ်။ အဲလိုလဲ လူအုပ်ကြီးဟ “အဲသူအား လွတ်ငြိမ်းခွင့်ပေးသောသူဟ ကဲသာဘုရင်ရဲ့ မိတ်ဆွေ မဟုတ်ပီ၊ စသူမဆို မိမိကိုယ်ကို ဆှင်ဘုရင် ဟု ဆိုသူဟ ကဲသာဘုရင်ရဲ့ ရန်သူ ဖြစ်အယ်” ဟု ဟစ်အော်ကြအယ်။
JOH 19:13 ပိလတ်မင်းဟ အဲစကားဟို ကြားသောအခါ ယေရှုဟို ပြင်သို့ထုတ်ပင်းမှ ကျောက်ပြား ဟု ခေါ်သောနေရာနှိုက် တရားပလ္လင်ပေါ်မှာ ထိန်လေအယ်။ အဲအရာဟို ဟေဗြဲ နာမယ်ဖြင့် ဂဗ္ဗသဟု ခေါ်အယ်။
JOH 19:14 အဲအချိန်ဟ ပသခါပွဲမတိုင်ခင်နေ့ မွန်းတည့်ခါနီး ဖြစ်အယ်။ ပိလတ်မင်းဟ “နင်လို့ရဲ့ ဆှင်ဘုရင်ဟို ကျေ့ကြလော့” ဟု ယုဒအမျိုးသားလို့အား ဆိုအယ်။
JOH 19:15 အဲသူလို့ဟ “သူ့ဟို သတ်မန့်၊ သူ့ဟို သတ်မန့်၊ လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်မန့်” ဟု ပြန်ပင်း အော်ကြအယ်။ ပိလတ်မင်းဟလည်း “နင်လို့ရဲ့ ဆှင်ဘုရင်ဟို လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်စေလိုသလော” ဟု မေးအယ်။ ယဇ်ပုရောဟိတ်ကြီးလို့ဟ “ငါလို့မှာ ကဲသာဘုရင်မှတပါး အခြား ဆှင်ဘုရင် မဆိမန့်” ဟု ပြောကြအယ်။
JOH 19:16 အဲအခါ ပိလတ်မင်းဟ ယေရှုဟို လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်ရန် အေးသူလို့လက်သို့ အပ်လိုက်အယ်။ အဲလိုမို့ သူလို့ဟ ယေရှုဟို ခေါ်ဆောင်သွားအယ်။
JOH 19:17 ကိုယ်တော်ဟ “ဦးခေါင်းခွံအရပ်” ဟူယွေ့ နာမယ်တွင်သောအရပ်ဟို မိမိလက်ဝါးကပ်တိုင်ဟို ထမ်းလျက် ကြွအယ်။ အဲအရပ်ဟို ဟေဗြဲစကားဖြင့် “ဂေါလဂေါသ” ဟု နာမယ် ဆိအယ်။
JOH 19:18 သူလို့ဟ အဲအရပ်နှိုက် ကိုယ်တော်ဟို အခြားသူနေယောက်လို့နဲ့အတူ လက်ဝါးကပ်တိုင်အပေါ်နှိုက် တင်ကြပင်း ယေရှုဟို အလယ်နှိုက် ထားယွေ့ အဲသူနေဦးလို့ဟို ကိုယ်တော်ရဲ့ တဖက်တချက်စီ ထားအယ်။
JOH 19:19 ပိလတ်မင်းဟ ကမ္ပည်းလိပ်စာဟို ရေးယွေ့ လက်ဝါးကပ်တိုင်မှာ ကပ်ထားလေအယ်။ အဲကမ္ပည်းလိပ်စာဟ “ယုဒဆှင်ဘုရင်၊ နာဇရက်မြို့သား ယေရှု” ဟု ရေးထားအယ်။
JOH 19:20 ယေရှုဟို လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်လဲ့အရပ်မှာ မြို့နဲ့နီးသဖြင့် လူအများဟ အဲကမ္ပည်းလိပ်စာဟို ဖတ်ကျေ့ကြအယ်။ အဲလိပ်စာဟို ဟေဗြဲဘာသာ၊ ဟေလသဘာသာနဲ့ ရောမဘာသာအားဖြင့် ရေးသားထားအယ်။
JOH 19:21 ယဇ်ပုရောဟိတ်ကြီးလို့ဟ ပိလတ်မင်းအား “ယုဒဘုရင်ဟူယွေ့ မရေးပါနဲ့၊ ငါဟ ယုဒဆှင်ဘုရင် ဖြစ်အယ်ဟု သူဆိုကျောန်းဟို ရေးမန့်” ဟု ဆှောက်ထားကြအယ်။
JOH 19:22 ပိလတ်မင်းဟ “ငါရေးပီးလဲ့အတိုင်း အတည်ဖြစ်ရမယ်” ဟု ပြန်ဖြေအယ်။
JOH 19:23 စစ်သားလို့ဟ ယေရှုဟို လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်ကြပင်းသောအခါ ကိုယ်တော်ရဲ့ အဝတ်တော်ဟို လေးပိုင်းပိုင်းယွေ့ တယောက်တပိုင်းစီ ယူကြအယ်။ သူလို့ဟ အထဲခံ အင်္ကျီဟိုလည်း ယူကြအယ်၊ အေးအင်္ကျီဟ ချုပ်ရိုးမဆိဘဲ အပေါ်မှ အောက်ခြေအထိ တထည်လုံးဟို တဆက်တည်း ရက်ထားလဲ့ အဝတ် ဖြစ်အယ်။
JOH 19:24 သူလို့ဟ “အေးအင်္ကျီဟို မဆုတ်ကြနဲ့၊ မဲချယွေ့ ယူကြကုန်အံ့” ဟု အချင်းချင်း ပြောဆိုကြအယ်။ ဟေသို့ပြုမူကြခြင်းမှာ ကျမ်းစာတွင်၊ “ဟေသူလို့ဟ ငါရဲ့ အဝတ်အစားများဟို ခွဲဝေယူကြပင်း ငါရဲ့အင်္ကျီဟို မဲချယူကြအယ်” ဟု ပါဆိလဲ့အတိုင်း ပြေ့စုံလာစေရန် ဖြစ်အယ်။
JOH 19:25 ယေရှုရဲ့ လက်ဝါးကပ်တိုင်နားမှာ သူ့အမေ့နဲ့ သူ့အမေ့ရဲ့ညီမ ဖြစ်သော ကယာဖရဲ့ ပေါင်အိုမဖြစ်သူ မာရိနဲ့ မာဂဒလရွာသူ မာရိလို့ဟ ရပ်နေကြအယ်။
JOH 19:26 ယေရှုဟ သူ့အမေ့နဲ့ ကိုယ်တော် ချစ်သောတဘဲ့တော်လို့ ရပ်နေတာဟို မျော်လေအယ်၊ အဲလိုမို့ ကိုယ်တော်ဟ အမေ့၊ “ဟေမှာ နင်ရဲ့သား” ဟု ဆိုအယ်။
JOH 19:27 အဲပင်းရင် တဘဲ့တော်အား ဟေမှာ နင်ရဲ့အမေ့ ဟု ဆိုလေအယ်။ အဲအချိန်မှစယွေ့ တဘဲ့တော်ဟ အမေ့အား မိမိလို့နေအိုင်နှိုက် ခေါ်ထားအယ်။
JOH 19:28 အဲအချိန်နှိုက် အမှုဆိသမျှ ပီးစီးကျောန်းဟို ယေရှု သိသဖြင့် ကျမ်းစာပြေ့စုံစေရန် ကိုယ်တော်ဟ “ငါ ယေငတ်အယ်” ဟု မိန့်လေအယ်။
JOH 19:29 အဲအရပ်နှိုက် စပျစ်ယေချဉ်နဲ့ ပြေ့သော အိုးတလုံးဆိတာဖြစ်ယွေ့ အဲသူလို့ဟ ရေမြှုပ်တခုဟို စပျစ်ယေချဉ်တွင် နစ်စေပင်း ဟုဿုပ်ပင် အကိုင်းဖျားနှိုက် တပ်ယွေ့ ကိုယ်တော်ရဲ့ စလောင်နားဟို ကမ်းပေးအယ်။
JOH 19:30 ယေရှုဟ စပျစ်ယေချဉ်ဟို သောက်ပင်းမှ “အမှုပီးပီ” ဟု မိန့်လျက် ဦးခေါင်းတော်ဟို ငိန်းလျက် အသက်ချုပ်လေအယ်။
JOH 19:31 ယုဒအာဏာပိုင်လို့ဟ လက်ဝါးကပ်တိုင်တွင် တင်ထားသူများရဲ့ ခြေထောက်လို့ဟို ချိုးယွေ့ အလောင်းများဟို ကားတိုင်မှ ယူဆောင်သွားခွင့်ပြုရန် ပိလတ်မင်းအား တောင်းဆှောက်ကြအယ်။ သူလို့ ဟေသို့တောင်းဆှောက်ကြရခြင်းမှာ အဲနေ့ဟ သောကြာနေ့ဖြစ်ယွေ့ ဥပုသ်နေ့နှိုက် အလောင်းများဟို လက်ဝါးကပ်တိုင်တွင် မဆိစေလိုသောကျောန့် လည်းကောင်း၊ လာမဲ့ဥပုသ်နေ့ဟလည်း နေ့ထူးနေ့မြတ်ဖြစ်သောကျောန့် လည်းကောင်း ဖြစ်အယ်။
JOH 19:32 အဲကျောန့် စစ်သားများဟ သွားယွေ့ ယေရှုနဲ့အတူ လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်ခံရသူ ပထမလူရဲ့ခြေထောက်ဟို ချိုးပင်းရင် အခြားတယောက်ရဲ့ခြေထောက်ဟိုလည်း ချိုးလေအယ်။
JOH 19:33 အဲလိုလဲ ယေရှုဆေဟို သူလို့ရောက်သောအခါ သေနေပီဖြစ်ကျောန်းဟို မျော်ရင် ခြေထောက်ဟို မချိုးကြတော့ချေ။
JOH 19:34 အဲအစား စစ်သားတယောက်ဟ ယေရှုရဲ့ နံဘေးဟို လှံနဲ့ ထိုးလိုက်ရာ ခုတုံးပင် သွေးနဲ့ ယေ ထွက်လာအယ်။
JOH 19:35 ဟေအရာဟို မျော်သောသူဟ သက်သေခံခဲ့ယွေ့ သူရဲ့ သက်သေခံချက်ဟလည်း မန်အယ်။ နင်လို့ဟလည်း ယုံကြည်ကြရန် သူဟ မန်ကန်စွာ ပြောဆိုနေကျောန်း သူသိအယ်။
JOH 19:36 ဟေသို့ဖြစ်ပျက်ရခြင်းဟ “သူရဲ့ အရိုးတချောင်းမှ မကျိုးရ” ဟု ကျမ်းစာလာချက် ပြေ့စုံမဲ့အကျောန်း ဖြစ်အယ်။
JOH 19:37 တဖန် အခြားကျမ်းစာနှိုက် “သူလို့ဟ မိမိလို့ လှံနဲ့ ထိုးဖောက်သောသူဟို မျော်ရလိမ့်မယ်” ဟု ပြောအယ်။
JOH 19:38 အဲသို့မိန့်ပင်းနောက် ယုဒအာဏာပိုင်လို့ဟို ကြောက်ရွံ့သဖြင့် မထင်မဆှား ယေရှုရဲ့ တဘဲ့ဖြစ်သော အရိမဿဲမြို့သား ယောသပ်ဟ ယေရှုရဲ့ အလောင်းတော်ဟို ယူခွင့်ပြုရန် ပိလတ်မင်းအား တောင်းဆှောက်အယ်။ ပိလတ်မင်းဟလည်း ခွင့်ပြုသဖြင့် ယောသပ်ဟ လာယွေ့ အလောင်းဟို ယူသွားလေအယ်။
JOH 19:39 မခင်ဟ ယေရှုဆေဟို ညအခါနှိုက် လာတွေ့ဖူးသူ နိကောဒင်ဟလည်း မုရန်နဲ့ အကျော်ရောထားသော ဆီမွှေးနံ့သာပေါင်း ပိဿာနေဆယ်ကျော်ဟို ယူယွေ့ ယောသပ်နဲ့အတူ လိုက်သွားအယ်။
JOH 19:40 အဲသူလို့ဟ ယေရှုရဲ့ အလောင်းဟို ယူယွေ့ ယုဒအမျိုးသားလို့ရဲ့ သင်္ဂြိုဟ်ခြင်းနဲ့ဆိုင်သော ပြင်ဆင်ခြင်း စလေ့ဆိလဲ့အတိုင်း နံ့သာပေါင်းနဲ့တကွ ပိတ်စများဖြင့် ပတ်စဲကြအယ်။
JOH 19:41 ယေရှုဟို လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်လဲ့ အရပ်နှိုက် ဥယျာဉ်တခု ဆိယွေ့၊ အဲဥယျာဉ်နှိုက် စသူဟိုမှ မသင်္ဂြိုဟ်ဖူးသေးလဲ့ လုတ်တိုင်းဂူသစ်တခု ဆိအယ်။
JOH 19:42 အဲနေ့ဟ ယုဒအမျိုးသားလို့ရဲ့ အဖိတ်နေ့ဖြစ်သောကျောန့် အနီးတွင်ဆိသော အဲလုတ်တိုင်းတွင်းနှိုက် အလောင်းဟို သင်္ဂြိုဟ်ကြအယ်။
JOH 20:1 တနင်္ဂနွေနေ့ မိုးမလင်းခင် မိုက်နေသေးခါနှိုက် မာဂဒလမြို့သူ မာရိဟ လုတ်တိုင်းသို့ သွားယွေ့ တွင်းဝမှာပိတ်သော ကျောက်တုံးဟ ဖယ်လောထားတာဟို မျော်လေအယ်။
JOH 20:2 အဲလို့မို့ သူမဟ ရှိမုန်ပေတရုနဲ့ ယေရှုချစ်သော အခြားတဘဲ့တော်ဆေဟို ပြေးသွားယွေ့ “သူလို့ဟ လုတ်တိုင်းထဲမှ သခင်ဘုရားဟို ယူသွားကြပီ၊ ကိုယ်တော်ဟို သူလို့ ဖယ်နားမှာထားကြတာဟို ငါလို့မသိ” ဟု ပြောအယ်။
JOH 20:3 အဲအခါ ပေတရုနဲ့ အခြားတဘဲ့တော်ဟ လုတ်တိုင်းသို့ သွားကြအယ်။
JOH 20:4 အဲသူနေယောက်လို့ဟ အတူပြေးကြသော်လည်း အခြားတဘဲ့တော်ဟ ပေတရုထက် လျင်မြန်စွာ ပြေးယွေ့ လုတ်တိုင်းသို့ ဦးရင်ရောက်လေအယ်။
JOH 20:5 သူဟ ငုံ့ယွေ့ ကျေ့ရာ လုတ်တိုင်းထဲတွင် ပိတ်စများ ဆိနေတာဟို မျော်လေအယ်၊ အဲလိုလဲ သူဟ ဂူထဲဟို မဝင်ဘဲ နေအယ်။
JOH 20:6 ရှိမုန် ပေတရုဟ နောက်သို့လိုက်ယွေ့ ရောက်သောအခါ လုတ်တိုင်းဂူထဲဟို ဝင်ရင်၊ ပိတ်စများဆိတာဟို လည်းကောင်း၊
JOH 20:7 ကိုယ်တော်ရဲ့ ဦးခေါင်းဟို ပတ်စဲထားသော ပုဝါဟ အဲပိတ်စများနဲ့အတူ မဆိဘဲ တခြားစီ လိပ်လျက်ဆိတာဟို လည်းကောင်း မျော်လေအယ်။
JOH 20:8 အဲအခါ လုတ်တိုင်းဂူသို့ ဦးရင်ရောက်သော အခြားတဘဲ့တော်ဟလည်း အေးထဲသို့ဝင်ယွေ့ မျော်သဖြင့် ယုံကြည်လေအယ်။
JOH 20:9 ကိုယ်တော်ဟ သေခြင်းမှ ဆှင်ပြန်ထမြောက်ရမယ် ဟူသော ကျမ်းစာဟို အဲသူလို့ဟ နားမလည်ကြသေး။
JOH 20:10 အဲပင်းရင် တဘဲ့တော်နေယောက်လို့ဟ နေအိုင်သို့ ပြန်သွားကြအယ်။
JOH 20:11 မာရိဟ လုတ်တိုင်း အပြင်နှိုက် ငိုကလျက် ရပ်နေအယ်။ သူမဟ ငိုကနေခါ ငုံ့ယွေ့ ဂူထဲဟို ကျေ့လိုက်သောအခါ
JOH 20:12 ဖြူသောအဝတ်ဟို ဝတ်ဆင်လဲ့ ခေါန်းခင်တမန်နေပါးလို့ဟ ယေရှုရဲ့ အလောင်း လဲလျောင်းခဲ့ရာ အရပ်ရဲ့ ခေါင်းရင်းနှိုက် တပါး၊ ခြေရင်းနှိုက် တပါး ထိန်နေတာဟို မျော်လေအယ်။
JOH 20:13 အဲသူလို့ဟ “အချင်းမိန်းမ၊ ပစာကျောန့် ငိုကတုန်း” ဟု မေးအယ်။ သူမဟ “ကျွန်မရဲ့ သခင်ဘုရားဟို သူလို့ ယူဆောင်သွားကြပီ၊ ကိုယ်တော်အား ဖယ်နားထားတာဟို မသိမန့်” ဟု ဆိုအယ်။
JOH 20:14 အဲလိုဆိုပင်းမှ နောက်သို့လှည့်ယွေ့ ကျေ့ရင် ယေရှု ရပ်လျက်နေတာဟို မျော်အယ်၊ အဲလိုလဲ ယေရှု ဖြစ်ကျောန်းဟို မသိ။
JOH 20:15 ယေရှုဟ “အချင်းမိန်းမ၊ ပစာကျောန့် ငိုကတုန်း၊ နင်ဟ စသူ့ဟို ဆှာတုန်း” ဟု မေးအယ်။ သူမဟ ကိုယ်တော်ဟို ဥယျာဉ်ပိုင်ဆှင်ဟု ထင်မှတ်ပင်း၊ “ဆရာ၊ ကိုယ်တော်ရဲ့ အလောင်းဟို ယူဆောင်သွားခဲ့ရင် ဖယ်နားမှာထားတာဟို ကျွန်မအား ပြောမန့်၊ ကိုယ်တော်ဟို ကျွန်မ သွားယွေ့ ယူပါမယ်” ဟု ဆိုအယ်။
JOH 20:16 ယေရှုဟ “မာရိ” ဟု ခေါ်အယ်။ မာရိဟ လှည့်ယွေ့ ဟေဗြဲစကားဖြင့် “ရဗ္ဗုနိ” ဟု ထူးလေအယ်၊ ရဗ္ဗုနိအနက်မှာ ဆရာဟု ဆိုလိုခြင်းဖြစ်အယ်။
JOH 20:17 ယေရှုဟလည်း “ငါဟ ခမည်းတော်ဆေဟို မတက်သွားရသေးလဲ့အတွက် ငါ့ဟို မထိနဲ့ဦး။ ငါ့ညီအကိုများဆေဟို သွားယွေ့ ‘ငါ့အဖဟူသော နင်လို့ရဲ့ ခမည်းတော်၊ ငါ့ ဘုရားသခင်ဟူသော နင်လို့ရဲ့ ဘုရားသခင်ဆေဟို ငါတက်သွားတော့မယ်’ ဟု သူလို့အား ပြောလော့” ဟု မိန့်အယ်။
JOH 20:18 အဲလိုမို့ မာဂဒလရွာသူ မာရိဟ တဘဲ့တော်လို့ဆေဟို သွားယွေ့ သခင်ဘုရားဟို ငါတွေ့မျော်ကျောန်းနဲ့ သခင်ဘုရားဟ စလို မိန့်ကျောန်းဟို ပြောကြားလေအယ်။
JOH 20:19 တဘဲ့တော်လို့ဟ ယုဒအာဏာပိုင်လို့ဟို ကြောက်လန့်သောကျောန့် တနင်္ဂနွေ ညခင်းချိန်နှိုက် ထင်ခါးများဟို ပိတ်ပင်း စုဝေးနေကြအယ်။ အဲပင်းရင် ယေရှုဟ ကြွလာယွေ့ အေးသူလို့အလယ်မှာ ရပ်လျက် “နင်လို့နှိုက် ငြိမ်သက်ခြင်း ဆိစေမန့်” ဟု မိန့်အယ်။
JOH 20:20 ဟေသို့မိန့်ပင်းနောက် ကိုယ်တော်ဟ သူလို့အား သူရဲ့လက်များနဲ့ နံဘေးဟို ပြအယ်။ တဘဲ့တော်လို့ဟ သခင်ဘုရားဟို မျော်သောအခါ ဝမ်းမြောက်ကြအယ်။
JOH 20:21 တဖန် ယေရှုဟ “နင်လို့နှိုက် ငြိမ်သက်ခြင်း ဆိစေမန့်။ ခမည်းတော်ဟ ငါ့ဟို စေလွှတ်လဲ့အတိုင်း၊ နင်လို့ဟို ငါ စေလွှတ်မယ်” ဟု မိန့်အယ်။
JOH 20:22 ဟေသို့မိန့်ပင်းမှ ကိုယ်တော်ဟ သူလို့အပေါ်သို့ မှုတ်သွင်းပင်း “သန့်ဆှင်းသော ဝိညာဉ်တော်ဟို ခံယူကြလော့။
JOH 20:23 နင်လို့ဟ လူလို့ရဲ့ အပစ်များဟို ဖြေလွှတ်ရင် သူလို့ဟ အပစ်ခွင့်လွှတ်ခြင်း ခံရမယ်၊ နင်လို့ဟ မဖြေလွှတ်ရင် သူလို့ဟ အပစ်ခွင့်လွှတ်ခြင်း ခံရမှာ မဟုတ်ဝူး” ဟု မိန့်အယ်။
JOH 20:24 ယေရှု ကြွလာသောအခါ တဆယ့်နေပါးသော တဘဲ့တော်လို့ထဲမှ တပါးဖြစ်ပင်း အမြွှာပူးဟု နာမယ်တွင်လဲ့ သောမဟ တဘဲ့တော်လို့နဲ့အတူ မဆိ။
JOH 20:25 အဲလိုမို့ အခြားတဘဲ့တော်လို့ဟလည်း “ငါလို့ဟ သခင်ဘုရားဟို မျော်ရကြပီ” ဟု သောမအား ပြောကြအယ်၊ သောမဟလည်း “ငါဟ သူ့လက်နှိုက် သံရိုက်ရာဟို မမျော်၊ သံရိုက်ရာထဲဟို ငါ့လက်ညှိုးဖြင့် မတို့မစမ်း၊ သူ့နံဘေးဟို ငါ့လက်ဖြင့် မစမ်းရရင် ငါယုံမှာ မဟုတ်” ဟု ဆိုအယ်။
JOH 20:26 ဆစ်ရက်ကြာပင်းနောက် တဘဲ့တော်လို့ဟ တဖန် အိုင်အတွင်းနှိုက် ဆိကြပင်း သောမလည်း သူလို့နဲ့အတူ ဆိအယ်။ ထင်ခါးများဟို ပိတ်ထားသော်လည်း ယေရှုဟ ကြွလာယွေ့ သူလို့အလယ်မှာ ရပ်လျက် “နင်လို့နှိုက် ငြိမ်သက်ခြင်းစေမန့်” ဟု မိန့်အယ်။
JOH 20:27 အဲပင်းရင် သောမအား “နင့်လက်ညှိုးဖြင့် ငါ့လက်များဟို တို့ကျေ့လော့၊ နင်ရဲ့လက်ဟို ဆန့်ယွေ့ ငါ့နံဘေးဟို စမ်းသပ်လော့။ ယုံမားခြင်း မဆိစေနဲ့၊ ယုံကြည်လော့” ဟု မိန့်အယ်။
JOH 20:28 သောမဟ ကိုယ်တော်အား “ငါ့ရဲ့ သခင်၊ ငါ့ရဲ့ ဘုရားသခင်” ဟု ပြန်ဖြေအယ်။
JOH 20:29 ယေရှုဟ “နင်ဟ ငါ့ဟို မျော်သောကျောန့် ယုံကြည်သလော၊ ငါ့ဟို မမျော်ဘဲ ယုံကြည်သောသူလို့ဟ မင်္ဂလာဆိကြအယ်” ဟု မိန့်အယ်။
JOH 20:30 ဟေကျမ်းစာနှိုက် ရေးမထားသော အခြားများစွာသော နိမိတ်လက္ခဏာများဟိုလည်း ယေရှုဟ သူရဲ့ တဘဲ့တော်လို့ မျက်မှောက်နှိုက် ပြုအယ်။
JOH 20:31 အဲလိုလဲ ယေရှုဟ ဘုရားသခင်ရဲ့ သားတော် ခရစ်တော်ဖြစ်ကျောန်းဟို နင်လို့ ယုံကြည်ကြရန်နဲ့ အဲသို့ ယုံကြည်ခြင်းဖြင့် ကိုယ်တော်ရဲ့ နာမနှိုက် အသက်ဟို ရဆိကြရန် ဟေအရာများဟို ရေးထားခြင်း ဖြစ်အယ်။
JOH 21:1 အဲပင်းနောက် ယေရှုဟ တိဗေရိအိန်အနီးတွင် တဘဲ့တော်လို့အား တဖန် ကိုယ်ထင်ပြလေအယ်။ အဲသို့သော ဖြစ်ပျက်လဲ့အရာမှာ
JOH 21:2 ရှိမုန် ပေတရု၊ အမြွှာပူးဟု ခေါ်သော သောမ၊ ဂါလိလဲပြေ ကာနမြို့သား နာသနေလ၊ ဇေဗေဒဲရဲ့ သားများနဲ့ အခြား တဘဲ့တော်နေယောက်လို့ဟ အတူဆိနေကြအယ်။
JOH 21:3 ရှိမုန် ပေတရုဟ အခြားသူလို့အား “ငါ ငါးဖမ်းထွက်မယ်” ဟု ဆိုအယ်။ အဲသူလို့ဟ သူ့အား “ငါလို့လည်း လိုက်မယ်” ဟု ဆိုအယ်။ အဲလိုမို့ သူလို့ဟ ထွက်သွားယွေ့ လှေပေါ်ဟို တက်ကြအယ်၊ အဲလိုလဲ အေးညနှိုက် ငါးတကောင်မျှ မမိကြ။
JOH 21:4 မနက်စောစောနှိုက် ယေရှုဟ ကမ်းနားမှာ ရပ်လျက်နေအယ်၊ အဲလိုလဲ ယေရှုဖြစ်ကျောန်းဟို တဘဲ့တော်လို့ဟ မသိကြ။
JOH 21:5 အဲအခါ ယေရှုဟ သူလို့အား “လူပဲ့လို့၊ နင်လို့ ငါးမိကြသလော” ဟု မေးအယ်။ သူလို့ဟ “မမိပါ” ဟု ပြန်ဖြေအယ်။
JOH 21:6 ကိုယ်တော်ဟ သူလို့အား “လှေရဲ့ ညာဖက်သို့ ပိုက်ကွန်ဟို လောလော့၊ အဲသို့ပြုရင် နင်လို့ ရကြလိမ့်မယ်” ဟု မိန့်အယ်။ အဲလိုမို့ သူလို့ဟ ပိုက်ကွန်ဟို လောယွေ့ ရမ်းဆာ့များသော ငါးလို့ဟို အုပ်မိသောကျောန့် ပိုက်ကွန်ဟို ဆွဲယွေ့ မရနိန်။
JOH 21:7 အဲအခါ ယေရှုချစ်သော တဘဲ့တော်ဟ ပေတရုအား ငါလို့ရဲ့ “သခင်ဘုရား ဖြစ်အယ်” ဟု ပြောအယ်။ ရှိမုန် ပေတရု သခင်ဘုရားဖြစ်ကျောန်း ကြားသောအခါ၊ မိမိချွတ်ထားလဲ့ အပေါ်ဝတ်ဟို ခါးတွင် ပတ်ယွေ့ အိန်ထဲဟို ခုန်ဆင်းလေအယ်။
JOH 21:8 အခြားတဘဲ့တော်လို့ ကမ်းနဲ့ မနီးမဝေး ကိုက်တရာခန့်သာ ကွာယွေ့ ငါးနဲ့ပြေ့နေသော ပိုက်ကွန်ဟို ဆွဲလျက် လှေဖြင့် လာကြအယ်။
JOH 21:9 သူလို့ဟ လှေပေါ်ဟ ဆင်းယွေ့ ကုန်းပေါ်သို့ ရောက်သောအခါ မီးခဲပုံဟိုလည်းကောင်း၊ ကင်ထားသောငါးနဲ့ မုန့်ဟိုလည်းကောင်း မျော်ကြအယ်။
JOH 21:10 ယေရှုဟ သူလို့အား “အခု ဖမ်းမိသော ငါးကတစ်ဟို ယူခဲ့ကြလော့” ဟု မိန့်အယ်။
JOH 21:11 ရှိမုန် ပေတရုဟ လှေပေါ်ဟို တက်ယွေ့ ငါးကြီး ၁၅၃ ကောင်နဲ့ ပြေ့လျက်ဆိသော ပိုက်ကွန်ဟို ကုန်းသို့ ဆွဲတင်လေအယ်၊ ဟေမျှလောက်များသော်လည်း ပိုက်ကွန်ဟ မစုတ်မပြဲ ဆိအယ်။
JOH 21:12 ယေရှုဟ သူလို့အား “လာယွေ့ စားလော့” ဟု မိန့်အယ်။ တဘဲ့တော်လို့ဟ သခင်ဘုရားဖြစ်ကျောန်းဟို သိသောကျောန့် စသူ့မျှ “ကိုယ်တော်ဟ စသူတုန်း” ဟု မမေးရဲကြ။
JOH 21:13 အဲလိုမို့ ယေရှုဟ လာယွေ့ မုန့်ဟို ယူပင်းရင် သူလို့အား ပေးအယ်၊ ငါးဟိုလည်း အဲတိုင်းတိုင်း ပေးအယ်။
JOH 21:14 အဲသို့ပြခြင်းမှာ ယေရှုဟ သေခြင်းမှ ထမြောက်ပင်းနောက် တဘဲ့တော်လို့အား သုံးကြိမ်မြောက်သော ကိုယ်ထင်ဆှားပြခြင်း ဖြစ်အယ်။
JOH 21:15 သူလို့စားကြပင်းနောက် ယေရှုဟ “ယောဟန်ရဲ့သား ရှိမုန်၊ အဲအခြားသူလို့ ငါ့ဟို ချစ်တာထက် နင်ဟ ငါ့ဟို ပိုယွေ့ ချစ်သလော” ဟု ရှိမုန် ပေတရုအား မေးလေအယ်။ “ဟုတ်အယ် သခင်ဘုရား၊ ကိုယ်တော်အား ငါ ချစ်တာဟို ကိုယ်တော် သိမန့်အယ်” ဟု ပြန်ဖြေအယ်။ ယေရှုဟ “ငါ့သိုးသငယ်လို့ဟို ကျွေးမွေးလော့” ဟု မိန့်အယ်။
JOH 21:16 ဒုတိယအကြိမ် ယေရှုဟ “ယောဟန်ရဲ့သား ရှိမုန်၊ နင်ဟ ငါ့ဟို ချစ်သလော” ဟု မေးအယ်။ “ဟုတ်အယ် သခင်ဘုရား၊ ကိုယ်တော်အား ငါ ချစ်တာဟို ကိုယ်တော် သိမန့်အယ်” ဟု ပြန်ဖြေအယ်။ ယေရှုဟ “ငါ့သိုးလို့ဟို စောင့်ဆှောက်လော့” ဟု မိန့်အယ်။
JOH 21:17 ယေရှုဟ “ယောဟန်ရဲ့သား ရှိမုန်၊ နင်ဟ ငါ့ဟို ချစ်သလော” ဟု တတိယအကြိမ် မေးအယ်။ ပေတရုဟ ဝမ်းနည်းသောကျောန့် “သခင်ဘုရား၊ ကိုယ်တော်ဟ အရာခပ်သိမ်းဟို သိအယ်၊ ကိုယ်တော်အား ငါ ချစ်တာဟို ကိုယ်တော် သိမန့်အယ်” ဟု ပြောအယ်။ ယေရှုဟ သူ့အား ဆိုအယ် “ငါ့သိုးလို့ဟို ထိန်းလော့။
JOH 21:18 နင်လို့အား ငါ အမန်ဆိုအယ်၊ နင်ဟ ငယ်ခါဟ ဝတ်ချင်ရာဝတ်ပင်း သွားချင်ရာသို့ သွားတတ်အယ်၊ အဲလိုလဲ နင်ဟ အိုလာသောအခါ နင်ရဲ့လက်နေဖက်ဟို ဆန့်လျက် သူတပါးဟ နင့်ဟို တုတ်ချေပင်း နင်မသွားလိုလဲ့အရပ်ဟို ဆောင်သွားလိမ့်မယ်” ဟု မိန့်လေအယ်။
JOH 21:19 (ဟေသို့မိန့်ရာနှိုက် ပေတရုဟ စလို သေခြင်းအားဖြင့် ဘုရားသခင်ရဲ့ ဘုန်းအသရေဟို ထွန်းတောက်စေမဲ့အကျောန်း ဖော်ပြခြင်း ဖြစ်အယ်။) အဲသို့ မိန့်ပင်းမှ “ငါ့နောက်ဟို လိုက်လော့” ဟု မိန့်အယ်။
JOH 21:20 ပေတရုဟ လှည့်ယွေ့ ကျေ့လိုက်သောအခါ သူရဲ့နောက်တွင် ယေရှုချစ်သော အခြားတဘဲ့တော်ဟို မျော်လေအယ်။ အဲသူဟ ညစာစားစဉ် ယေရှုရဲ့ ရင်တော်ဟို မှီလျက် “သခင်ဘုရား၊ ကိုယ်တော်အား သစ္စာဖောက်မဲ့သူဟ စသူတုန်း” ဟု မေးဆှောက်ခဲ့သူ ဖြစ်အယ်။
JOH 21:21 ပေတရုဟ အေးသူဟို မျော်သောအခါ “သခင်ဘုရား၊ ဟေသူဟ စလို ဖြစ်မှာတုန်း” ဟု မေးဆှောက်အယ်။
JOH 21:22 ယေရှုဟ “ငါ ကြွလာလဲ့တိုင်အောန် သူ့အား အသက်ဆှင်စေရန် ငါအလိုဆိရင် နင်နဲ့ စလိုဆိုင်တုန်း၊ နင်ဟ ငါ့နောက်ဟို လိုက်လော့” ဟု မိန့်အယ်။
JOH 21:23 အဲလိုမို့ ယေရှုရဲ့ နောက်လိုက်တဘဲ့တော်လို့ဟ သေရတော့မှာ မဟုတ်ဟု တဘဲ့တော်လို့ အထဲတွင် ပျံ့နှံ့သွားအယ်။ အဲလိုလဲ ယေရှုဟ အဲသူဟ မသေရဟု မိန့်တာ မဟုတ်။ “ငါ ကြွလာလဲ့တိုင်အောန် သူ့အား အသက်ဆှင်စေရန် ငါအလိုဆိရင် နင်လို့နဲ့ စလိုဆိုင်တုန်း” ဟု မိန့်ခြင်း ဖြစ်အယ်။
JOH 21:24 ဟေအကျောန်းရာလို့ဟို သက်သေခံယွေ့ ရေးသားထားသူမှာ အေးတဘဲ့တော်ပင် ဖြစ်အယ်။ သူရဲ့ သက်သေခံချက် မန်ကျောန်းဟိုလည်း ငါလို့ သိကြအယ်။
JOH 21:25 အခု ယေရှု ပြုသော အခြားအမှုရာများစွာ ဆိသေးအယ်။ အဲအမှုရာလို့ဟို တခုချင်းရေးထားရင် ဟေလောကနှိုက်ပင် အဲရေးထားသော ပအုပ်များ ဆန့်မှာ မဟုတ်ဟု ငါ ထင်မှတ်အယ်။
ACT 1:1 ချစ်သော သော်ဖိလု၊ ယေရှုဟ သူ့ရဲ့ အမှုတော် ဆောင်ရွက်ခြင်းနဲ့ သွန်သင်ခြင်းလို့ဟို အစပြုချိန်မှ စယွေ့၊
ACT 1:2 ရွေးကောက်သော တမန်တော်များဟို သန့်ဆှင်းသော ဝိညာဉ်တော်အားဖြင့် မိန့်မှာပင်းနောက် ခေါန်းခင်ဟို ဆောင်ယူခြင်းခံသော နေ့တိုင်အောန် ဖြစ်ပျက်သမျှလို့ဟို ပထမစာစောင်နှိုက် ငါရေးသား ဖော်ပြခဲ့အယ်။
ACT 1:3 ကိုယ်တော်ဟ ဒုက္ခဝေဒနာ ခံစားပင်းနောက် မိမိအသက်ဆှင်လျက် ဆိကျောန်း အေးတမန်တော်လို့အား ရမ်းဆာ့ အထောက်အထားလို့ဖြင့် ပြသကာ ရက်ပေါင်းလေးဆယ်အတွင်း သူလို့ဆေ ထင်ဆှားယွေ့ ဘုရားသခင်ရဲ့ နိုင်ငံတော်အကျောန်းဟို ဟောပြောအယ်။
ACT 1:4 အဲပင်းရင် သူလို့ဟ အတူတကွ လာကြသောအခါ ကိုယ်တော်ဟ သူလို့ဟို “ယေရုရှလင်မြို့မှ မထွက်ခွာကြဘဲ ငါပြောလဲ့ ဆုကျေးဇူးအကျောန်းဖြစ်သော ငါ့အဖ ကတိထားလဲ့ ဆုကျေးဇူးအတွက် စောင့်မျော်နေကြလော့။
ACT 1:5 အကျောန်းမှာ ယောဟန်ဟ ယေနဲ့ နှစ်ခြင်းဟို ပေးပေမဲ့ နင်လို့ဟ ရက်အနည်းငယ်အတွင်းနှိုက် သန့်ဆှင်းသော ဝိညာဉ်တော်ဖြင့် နှစ်ခြင်းဟို ခံယူကြရလိမ့်မယ်” ဟု မိန့်အယ်။
ACT 1:6 အဲပင်းရင် တမန်တော်လို့ဟ ယေရှုနဲ့ တွေ့ရန် စုဝေးလာကြသောအခါ သူလို့ဟ “အဆှင်၊ ဟေအချိန်ဟ ဣသရေလ အမျိုးသားလို့အတွက် နိုင်ငံဟို ပြန်လည်ထူထောင် ပေးမယ်လော” ဟု မေးဆှောက်ကြအယ်။
ACT 1:7 ယေရှုဟ သူလို့အား “ငါ့အဖရဲ့ ကိုယ်ပိုင် အခွင့်အာဏာအားဖြင့် စီရင်ပြဋ္ဌာန်းထားလဲ့ အချိန်အခါဟို နင်လို့ သိပိုင်ခွင့် ဆိဝူး။
ACT 1:8 အဲလိုလဲ နင်လို့ အပေါ်ဟို သန့်ဆှင်းသော ဝိညာဉ်တော် ဆင်းသက်သောအခါ နင်လို့ဟ တန်ခိုးနဲ့ ပြေ့လိမ့်မယ်၊ နင်လို့ဟ ယေရုရှလင်မြို့၊ ယုဒပြေတပြေလုံးနဲ့ ရှမာရိပြေမှ စယွေ့ ကမ္ဘာမြေကြီး အဆုံးတိုင်အောန် ငါရဲ့ အကျောန်းဟို သက်သေခံသူများ ဖြစ်ကြလိမ့်မယ်” ဟု မိန့်အယ်။
ACT 1:9 အေးအရာများဟို ပြောပင်းရင်၊ သူလို့ ကျေ့လျက်နေခါ ကိုယ်တော်ဟ ခေါန်းခင်ဘုံဟို ဆောင်ယူခြင်းဟို ခံအယ်၊ အဲပင်းရင် မိုးချေးသားဟ ကိုယ်တော်ဟို ဖုံးကွယ်ပင်း သူလို့မြင်ကွင်းမှ ဆောင်ယူသွားလေအယ်။
ACT 1:10 ဟေလို့ ကိုယ်တော် တက်ကြွစဉ် တမန်တော်လို့ဟ မိုးခေါန်းခင်ဟို အာရုံစိုက်ယွေ့ ကျေ့နေကြရာ၊ အချိန်မှာ အဝတ် အဖြူဝတ်ထားသော လူနေယောက်ဟ ခုတုံး သူလို့ဖေးနားတွင် ရပ်နေကြအယ်၊
ACT 1:11 “ဂါလိလဲပြေသားလို့၊ နင်လို့ဟ ပစာကျောန့် ရပ်ယွေ့ မိုးခေါန်းခင်ဟို မော်ကျေ့နေကြလုန်း၊ နင်လို့ဆေမှ ခေါန်းခင်ဘုံဟို ယူဆောင်ခြင်းဟို ခံသော အေးယေရှုဟ ပစာသို့ ခေါန်းခင်ဘုံဟို တက်ကြွတာဟို နင်လို့ မျော်ရကြအယ်၊ ဟေနည်းအတိုင်းပင် ပြန်လည် ကြွလာလိမ့်မယ်” ဟု ဆိုကြအယ်။
ACT 1:12 အေးနောက် တမန်တော်များဟ သံလွင် နာမယ်တွင်သော တောင်မှ ယေရုရှလင်မြို့ဟို ပြန်ကြအယ်၊ အေးတောင်ဟ မြို့နဲ့ မိုင်ဝက်ခန့်လောက် ဝေးအယ်။
ACT 1:13 သူလို့ဟ မြို့ထဲဟို ဝင်ယွေ့ မိမိလို့ တည်းခိုရာနေအိုင် အပေါ်ထပ် အခန်းဟို တက်သွားကြအယ်။ အဲသူလို့ဟ ပေတရု၊ ယောဟန်၊ ယာကုပ်နဲ့ အိန္ဒြေ၊ ဖိလိပ္ပုနဲ့ သောမ၊ ဗာသောလမဲနဲ့ မဿဲ၊ အာလဖဲ သား ယာကုပ်၊ မျိုးချစ်စိတ်ထက်သန်သူ ရှိမုန်နဲ့ ယာကုပ်ရဲ့ သား ယုဒလို့ ဖြစ်အယ်။
ACT 1:14 သူလို့ဟ ယေရှုနဲ့ အမေ့ဖြစ်သူ မာရိ အပါအဝင် အမျိုးသမီးလို့နဲ့ လည်းကောင်း၊ ကိုယ်တော်ရဲ့ ညီတော်လို့နဲ့ လည်းကောင်း မကြာခဏ တွေ့ဆုံယွေ့ ဆုတောင်းလျက် နေကြအယ်။
ACT 1:15 ရက်အနည်းငယ် ကြာသောအခါ အရေအတွက်အားဖြင့် လူ တရာ့နေဆယ်ခန့်သော ယုံကြည်သူများလို့ဟ တနေရာတည်းတွင် စုဝေးကြရာ ပေတရုဟ စကားပြောရန် ထယွေ့၊
ACT 1:16 သူဟ “ငါ့ရဲ့ မိတ်ဆွေလို့၊ ယေရှုဟို ဖမ်းဆီးသူလို့ရဲ့ လမ်းပြဖြစ်သူ ယုဒရှကာရုတ်ဟို ရည်မှတ်ယွေ့ သန့်ဆှင်းသော ဝိညာဉ်တော်ဟ ဒါဝိဒ်မင်း စလောင်အားဖြင့် ကြိုတင်ဟောပြောထားသော ကျမ်းချက်ဟ ပြေ့စုံလာစေရန် ဖြစ်အယ်။
ACT 1:17 ယုဒဟ ငါလို့ အဖွဲ့ထဲဟ အဖွဲ့ဝင်တယောက် ဖြစ်ပင်း ငါလို့ အလုပ်ထဲရဲ့ တထောင့်တနေရာမှာ ရွေးချယ်ခံရသော သူတယောက် ဖြစ်အယ်” ဟု ပြောအယ်။
ACT 1:18 သူဟ မိမိဆိုးညစ်မှုကျောန့် ရဆိလဲ့ ပိတ်ဆန်ဖြင့် လယ်တကွက်ဟို ဝယ်ပင်းနောက် အဲလယ်မြေပေါ်တွင် လဲကျသေဆုံးလေအယ်၊ သူ့ရဲ့ ဖိုက်ဟ ပေါက်ယွေ့ အူများ ထွက်လာအယ်။
ACT 1:19 ယေရုရှလင်မြို့နှိုက် နေထိန်သော လူအားလုံးလို့ဟ ဟေအဖြစ်အပျက်အကျောန်းဟို ကြားသိကြအယ်၊ အေးလို့ဖြစ်ယွေ့ အဲလယ်ဟို မိမိလို့ ဘာသာစကားဖြင့် “အကေလဒမ” ဟု ခေါ်ဆိုကြအယ်၊ အနက်အဓိပ္ပာယ်ဟ “သွေးလယ်မြေ” ဟု ဆိုလိုအယ်။
ACT 1:20 “အကျောန်းမှာ ဆာလံ ပအုပ်နှိုက်၊ “ ‘သူ့ရဲ့ နေအိုင် လူသူဆိတ်ညံရာ ဖြစ်စေမန့်၊ အဲအိုင်တွင် စသူမှ မနေပါစေနဲ့။’ ‘အဲသူရဲ့ ရာထူးဟိုလည်း အခြားသူတဦး ယူပါစေ’ ဟူယွေ့ ရေးသားထားအယ်။
ACT 1:21 “အဲလိုမို့ သခင် ယေရှု ဆှင်ပြန်ထမြောက်စေကျောန်းဟို ငါလို့နဲ့အတူ သက်သေခံရန်အတွက် လူတယောက်ဟို ရွေးချယ်ရမယ်၊
ACT 1:22 ယောဟန်ဟ သူ့ရဲ့ နှစ်ခြင်းအကျောန်း ဟောပြော လဲ့ အချိန်မှ စယွေ့ ခေါန်းခင်ဘုံသို့ ဆောင်ယူခြင်းဟို ခံချိန်ထိ ငါလို့နဲ့အတူ သွားလာနေထိန်ခဲ့သူ တဦးဟ ကိုယ်တော်ရဲ့ ဆှင်ပြန်ထမြောက်ခြင်းအကျောန်း ငါလို့နဲ့အတူ သက်သေခံသူ ဖြစ်ရမယ်” ဟု ဆိုအယ်။
ACT 1:23 အဲလိုမို့ သူလို့ဟ ဗာရှဗ ခေါ် ယုတ္တုနာမယ်သစ်ဟို ရသောသူ ယောသပ်နဲ့ မဿိလို့ လူနေယောက်ဟို ရွေးကောက်ရန် အဆိုပြုကြအယ်။
ACT 1:24 အေးနောက် သူလို့ဟ “အဆှင်၊ ကိုယ်တော်ဟ လူတိုင်းရဲ့ အတွေးများဟို သိသောကျောန့်၊
ACT 1:25 ယုဒဟ မိမိနေရာဟို သွားရန် တမန်တော် အရိုက်အရာမှ ရွေ့လျော့ဖောက်ပြန်တာ ဖြစ်ယွေ့ ဟေအမှုတော်လုပ်ငန်းနဲ့ တမန်တော် အရိုက်အရာဟို ဆက်ခံရန် ဟေသူ နေယောက်အနက် စသူဟို ကိုယ်တော် ရွေးချယ်ထားတာဟို ငါလို့အား ဖော်ပြမန့်” ဟု ဆုတောင်းကြအယ်။
ACT 1:26 အဲပင်းရင် သူလို့နေဦးအတွက် စာရေးတံ မဲနှိုက်ကြရာ မဿိ ရဆိသဖြင့် သူ့အား တမန်တော် တဆယ့်တပါးလို့နဲ့အတူ တမန်တော် ဖြစ်စေရန် အဖွဲ့ထဲဟို ထည့်ဖို့ ရွေးကောက်ခန့်ထားကြအယ်။
ACT 2:1 ပင်တေကုတ္တေ ပွဲတော်နေ့ ကျရောက်သောအခါ ယုံကြည်သူများ အားလုံးလို့ဟ တနေရာတည်းတွင် စုဆုံလျက် ဆိနေကြအယ်။
ACT 2:2 အေးအခါ လေပြင်းမုန်တိုင်း တိုက်ခတ်သံလိုမျိုး နှောင်းနှင်းခတ်သံဟ အထက် မိုးခေါန်းခင်မှ ခုတင်ချင်း ပေါ်လာပင်း သူလို့ နေထိန်ရာ နေအိုင် တအိုင်လုံးဟို ပြေ့လေအယ်။
ACT 2:3 အဲပင်းရင် သူလို့ဟ ပျံ့နှံ့လျက်ဆိသော မီးလျှာများလိုမျိုး အရာများဟိုလည်း မျော်ရပင်း အေးမှာဆိလဲ့သူလို့ အသီးသီးပေါ်တွင် တည်နေအယ်။
ACT 2:4 အဲသူအပေါင်းလို့ဟလည်း သန့်ဆှင်းသော ဝိညာဉ်တော်နဲ့ ပြေ့ဝလျက် ဝိညာဉ်တော်ဟ သူလို့အား ပြောနိန်စွမ်းပေးလဲ့အတိုင်း အခြားသော ဘာသာစကားများဖြင့် စတင် ပြောဆိုကြအယ်။
ACT 2:5 အဲကာလနှိုက် ခေါန်းခင်အောက်တွင် ဆိသမျှ တိုင်းပြေအသီးသီးမှ လာရောက်ကြသော ဘုရားတရား ရိုသေကိုင်းရှိုင်းသော ယုဒလူမျိုးလို့ဟ ယေရုရှလင်မြို့တွင် တည်းခိုကြအယ်။
ACT 2:6 အေးအသံဟို သူလို့ ကြားသောအခါ လူအုပ်ကြီးလို့ဟ စုလာကြအယ်။ ယုံကြည်သူများ ဟောတာဟို လူတိုင်း မိမိဘာသာစကားဖြင့် ကြားရသောကျောန့် သူလို့အားလုံးဟ အံ့ဩကုန်ကြအယ်။
ACT 2:7 သူလို့ဟ ရမ်းဆာ့ အံ့ဩပင်း တွေဝေကာ “ဟေလို့ ဟောပြောနေကြသော လူလို့ဟ ဂါလိလဲပြေသားများ မဟုတ်လော။
ACT 2:8 အေးလို့ဟုတ်ရင် ငါလို့အားလုံးဟ မိမိလို့ ဘာသာစကားအတိုင်း အသီးသီး ကြားရကြတာဟ စလိုလုန်း။
ACT 2:9 ငါလို့ဟ ပါသိပြေ၊ မေဒိပြေ၊ ဧလံပြေမှ၊ မေသောပေါတာမိပြေ၊ ကပ္ပဒေါကိပြေ၊ ယုဒပြေ၊ ပုန္တုပြေနဲ့ အာရှပြေ၊
ACT 2:10 ဖြူဂိပြေမှ ပမ်ဖုလိပြေ၊ အဲဂုတ္တုပြေနှိုက် နေသောသူ၊ အဲဂုတ္တု၊ ကုရေနေမြို့နဲ့စပ်သော လိဗုကျေးလက်နှိုက် နေသောသူများ ဖြစ်ကြအယ်။ တချို့သော ငါလို့ဟ ရောမမြို့မှ ရောက်လာသောသူများ၊
ACT 2:11 ယုဒအမျိုးသားများနဲ့ ယုဒဘာသာဟို ကူးပြောင်းလာကြသော တပါးအမျိုးသားများ ဖြစ်ကြအယ်၊ တချို့သော ငါလို့ဟ ကရေတေပြေနဲ့ အာရပ်အမျိုးသားများ ဖြစ်ကြအယ်၊ အဲလိုမို့ ငါလို့ဟ ဘုရားသခင်ပြုသော အံ့ဩဖွယ်အမှုများဟို ငါလို့ ဘာသာစကားဖြင့် ဟောပြောကြတာဟို ကြားရကြအယ်” ဟု ကြွေးကြော်ကြအယ်။
ACT 2:12 သူလို့ဟ အံ့ဩပင်း ဝေခွဲမရ ဖြစ်ကြကာ “ဟေအရာဟ ပစာအရာဟို ဆိုလိုလုန်း” ဟု အချင်းချင်း ဆက်ပင်း ပြောဆိုကြအယ်။
ACT 2:13 အဲလိုလဲ အခြားသူများဟ “ဟေသူလို့သည် စပျစ်ယေ မူးယစ်နေသူများ ဖြစ်ကြအယ်” ဟု ယုံကြည်သူများအား ကဲ့ရဲ့ပြောဆိုကြအယ်။
ACT 2:14 အဲပင်းရင် ပေတရုဟ တခြားတမန်တော် တဆယ့်နေယောက်လို့နဲ့အတူ ရပ်လျက် လူအုပ်ကြီးလို့အား အသံကျယ်ကြီးနဲ့ စပင်း ပြောတာဟ “ယုဒအမျိုးသားများနဲ့ ယေရုရှလင်မြို့တွင် နေသောသူအားလုံး ငါ့စကားဟို နားထောင်ကြလော့၊ အေးအရာဟ ပစာဆိုလိုတာဟို ငါ ပြောပြမယ်။
ACT 2:15 ဟေလူလို့ဟ နင်လို့ ထင်လဲ့အတိုင်း မူးနေသူများ မဟုတ်၊ အေးအချိန်ဟ နက်စာ ကိုးနာရီဘဲ ဆိသေးအယ်။
ACT 2:16 အဲအစား၊ ဟေအရာဟ ပရောဖက် ယောလ ဟောကြားခဲ့လဲ့အကျောန်း ဖြစ်အယ်။
ACT 2:17 “ ‘ဘုရားသခင် ပြောတာဟ နောက်ဆုံးသော နေ့ရက်များမှာ ငါ လုပ်မဲ့အရာဟ ဟေလို ဖြစ်လိမ့်မယ်၊ လူတိုင်းအပေါ်ဟို ငါရဲ့ ဝိညာဉ်တော် သွန်းလောင်းမယ်။ နင်လို့ရဲ့ အောင်နီငယ်များနဲ့ မိနီငယ်များဟ ငါရဲ့ သတင်းစကားဟို ဟောပြောလိမ့်မယ်၊ လူငယ်များဟ ဗျာဒိတ် ရူပါရုံများဟို မျော်ရကြလိမ့်မယ်၊ အားပင်း လူအိုလို့ဟ အိပ်မက်များ မက်ကြလိမ့်မယ်။
ACT 2:18 ဟုတ်အယ်၊ ငါရဲ့ အစေခံများ ယောက်ျားနဲ့ မိန်းမများတောင်မှ ငါရဲ့ ဝိညာဉ်တော်ဟို အေးနေ့ရက်များမှာ သွန်းလောင်းလိမ့်မယ်၊ အားပင်း သူလို့ဟ ငါရဲ့ သတင်းစကားဟို ဟောပြောကြလိမ့်မယ်။
ACT 2:19 အထက် မိုးခေါန်းခင်တွင် အံ့ဩဖွယ်သော အရာများဟို လည်းကောင်း၊ အားပင်း အောက်အရပ် မြေကြီးပေါ်တွင် နိမိတ်လက္ခဏာများဟို ငါ ပြလိမ့်မယ်၊ အသွေး၊ မီး၊ မီးခိုးတည်းဟူသော အတိတ်နိမိတ်များ ဖြစ်လိမ့်မယ်။
ACT 2:20 အဆှင်ရဲ့ နေ့ထူးနေ့မြတ်ကြီး မရောက်ခင် နေဟ မိုက်အတိ ဖြစ်လိမ့်မယ်၊ လဟ အသွေးလိုမျိုး အနီရောင် ပြောင်းသွားလိမ့်မယ်။
ACT 2:21 အေးနောက်၊ အဆှင်ဟို ခေါ်သောလူ စသူမဆို ကယ်တင်ခြင်းဟို ခံရကြလိမ့်မယ်’ ဟု ဟောပြောခဲ့အယ်။
ACT 2:22 “ဣသရေလ အမျိုးသားလို့၊ ဟေစကားများဟို နားထောင်ကြလော့။ နင်လို့ သိကြလဲ့အတိုင်း ဘုရားသခင်ဟ နာဇရက်မြို့သား ယေရှုအားဖြင့် နင်လို့ အလယ်နှိုက် အံ့ဩဖွယ်ရာများ၊ တန်ခိုးများနဲ့ နိမိတ်လက္ခဏာများဟို ပြခဲ့အယ်။ ဘုရားသခင်ဟ ဟေအရာများအားဖြင့် ယေရှုနဲ့ ပတ်သက်သော ခိုင်မာလဲ့ အထောက်ထားများဟို နင်လို့အား ပြအယ်။
ACT 2:23 ဘုရားသခင်ဟ မိမိရဲ့ အစီစဉ်နဲ့အညီ ယေရှုဟို နင်လို့ လက်ဟို ပေးအပ်ရန် ဆုံးဖြတ်ခဲ့ပင်း၊ နင်လို့ဟ အပစ်လုပ်သူလို့ လက်ဖြင့် အေးအဆှင်ဟို လက်ဝါးကပ်တိုင်တွင် တင်ယွေ့ သတ်ခဲ့ကြအယ်။
ACT 2:24 အဲလိုလဲ ဘုရားသခင်ဟ သူ့အား သေခြင်းမှ ထမြောက်စေပင်း သူ့ရဲ့ တန်ခိုးတော်အားဖြင့် လွတ်မြောက်စေအယ်၊ ပစာကို့ အေးအဆှင်ဟို သေခြင်းဟ အစဉ်အမြဲ ကိုယ်တော်ဟို တုတ်ချေယွေ့ မရနိန်။
ACT 2:25 အေးအဆှင်နဲ့ ပတ်သက်ယွေ့ ဒါဝိဒ်မင်းဟ၊ “ ‘ငါဟ ထာဝရဘုရားဟို အချိန်တိုင်း မျော်ရအယ်၊ ငါဟ ဒုက္ခမရောက်စေရန် ကိုယ်တော်ဟ ငါ့ အနီးတွင် ဆိအယ်။
ACT 2:26 အဲလို့မို့ ငါရဲ့ စိတ်နေလုံးဟ ရွှင်လန်းခြင်းနဲ့ ပြေ့လျက်၊ ငါရဲ့ စလောင်ဟ ရွှင်ပျသော စကားများဖြင့် ပြေ့လျက် ဆိအယ်။ ငါ့ အသွေးအသားဟ မျော်လင့်ချက်အတွက် အေးချမ်းစွာ နေရလိမ့်မယ်။
ACT 2:27 ပစာကို့ ကိုယ်တော်ဟ ငါရဲ့ ဝိညာဉ်ဟို မရဏာနိုင်ငံတွင် လောယွေ့ ထားမယ် မဟုတ်၊ ကိုယ်တော်ဟ သစ္စာဆိသော အစေခံဟို လုတ်တိုင်းတွင် ပုပ်ပျက်ရန် ခွင့်ပြုဝူး။
ACT 2:28 ကိုယ်တော်ဟ အသက်ဆှင်ရာ လမ်းလို့ဟို ငါ့အား ပြညွှန်အယ်။ ကိုယ်တော်ရဲ့ မျက်မှောက်မှာ ငါလို့ဟို ဝမ်းမြောက်ခြင်းနဲ့ ပြေ့စေလိမ့်မယ်’ ဟု ဆိုအယ်။
ACT 2:29 “ငါ့ မိတ်ဆွေလို့၊ ငါလို့ရဲ့ နာမယ်ကျော် အဖဖြစ်သော ဒါဝိဒ်မင်းရဲ့ အကျောန်းဟို ငါဟ နင်လို့အား ဆှင်းလင်းစွာ ဖော်ပြပါရစေ။ သူဟ သေလွန်ယွေ့ သင်္ဂြိုဟ်ခြင်းဟို ခံရပင်း သူ့ရဲ့ လုတ်တိုင်းဟ ခုနေ့တိုင်အောန် ငါလို့နှိုက်တွင် ဆိသေးအယ်။
ACT 2:30 သူဟ ပရောဖက်တပါး ဖြစ်သောကျောန့် သူ့ရဲ့ သားမြေးထဲမှ တဦးဟို သူ့ရဲ့ ပလ္လင်ပေါ်တွင် ထိန်စေမယ်ဟု ဘုရားသခင်ဟ သူ့အား ကတိသစ္စာဖြင့် တိုင်တည်ယွေ့ မိန့်ကျောန်း သိထားအယ်။
ACT 2:31 ဒါဝိဒ်ဟ နောင်အခါတွင် ဘုရားသခင် စလိုမျိုး ပြုမယ်ဟို မျော်သဖြင့်၊ “ ‘ကိုယ်တော်ဟို မရဏာနိုင်ငံတွင် စွန့်ပစ်ယွေ့ ထားတော်မမူ။ သူ့ရဲ့ ကိုယ်ခန္ဓာဟ လုတ်တိုင်းတွင် ပုပ်ပျက်စေမယ် မဟုတ်’ ဟု မေဆှိယ ထမြောက်မဲ့အကျောန်းဟို ပြောခဲ့အယ်။
ACT 2:32 အဲယေရှုအား ဘုရားသခင် ဆှင်ပြန်ထမြောက်စေကျောန်းဟို ငါလို့အားလုံးဟ ဟေအကျောန်းအရာရဲ့ သက်သေ ဖြစ်ကြအယ်။
ACT 2:33 ကိုယ်တော်ဟ ဘုရားသခင်ရဲ့ လက်ယာဖက်တွင် ချီးမြှင့်ခြင်း ခံပင်းနောက် ခမည်းတော် ကတိထားလဲ့ သန့်ဆှင်းသော ဝိညာဉ်တော်ဟို ခံယူယွေ့ နင်လို့အခု တွေ့မြင် ကြားသိနေကြလဲ့ ဝိညာဉ်တော်ဟို ငါလို့ အပေါ်သို့ သွန်းလောင်းလေပီ။
ACT 2:34 ဒါဝိဒ်ဟ ခေါန်းခင်သို့ မတက်သေး၊ အဲလိုမို့ သူဟ၊ ‘ထာဝရဘုရားဟ ငါ့အဆှင်ဟို ဟောတာဟ ငါရဲ့ လက်ယာဖက်တွင် ထိန်နေလော့။
ACT 2:35 နင့်ရဲ့ ရန်သူများဟို နင့်ရဲ့ ခြေတင်ရာခုံ အဖြစ် ငါ မချထားခင် အထိ’ ဟူယွေ့ ဆိုအယ်။
ACT 2:36 “အဲလိုမို့ ဣသရေလအမျိုးသား အားလုံးလို့၊ မေဆှိယနဲ့ အဆှင်အဖြစ်ဖြင့် လည်းကောင်း၊ ဘုရားသခင် ခန့်ထားသောသူဟ နင်လို့ လက်ဝါးကပ်တိုင်တွင် တင်ယွေ့ သတ်ကြလဲ့ ယေရှုပင် ဖြစ်ကျောန်း အမန် သိမှတ်ကြလော့” ဟု ဟောလေအယ်။
ACT 2:37 လူလို့ဟ အဲစကားဟို ကြားသောအခါ သူလို့ဟ ရမ်းဆာ့ပင် စိတ်ပူပင်သောက ရောက်ကြလျက် ပေတရုနဲ့ အခြား တမန်တော်လို့အား “ညီအကိုလို့၊ ငါလို့ စလိုပြုရမလုန်း” ဟု မေးမြန်းကြအယ်။
ACT 2:38 ပေတရုဟ သူလို့ဟို “နင်လို့ အယောက်စီတိုင်း အပစ်မှ နောင်တရကြပင်း၊ နင်လို့ အပစ်များ ဖြေလွှတ်စေရန် ယေရှု ခရစ်ရဲ့ နာမနှိုက် နှစ်ခြင်းဟို ခံလော့။ အားပင်း နင်လို့ဟ သန့်ဆှင်းသော ဝိညာဉ်တော် တည်းဟူသော ဘုရားသခင်ရဲ့ လက်ဆောင်ဟို ရဆိကြလိမ့်မယ်။
ACT 2:39 အကျောန်းမှာ ဟေကတိတော်ဟ နင်နဲ့ နင်လို့ရဲ့ လူပဲ့များမှ စယွေ့ အဝေးနှိုက်ဆိသော သူအားလုံးဖြစ်ကြသော ငါလို့ရဲ့ ဘုရားသခင် ထာဝရဘုရား ခေါ်သော သူလို့အတွက် ဖြစ်အယ်” ဟု ဆိုလေအယ်။
ACT 2:40 ပေတရုဟ အခြားသော တရားစကားများဖြင့်လည်း “နင်လို့ မိမိလို့တတ်တိုင်း ဟေဆိုးယုတ်သော လူလို့ခံရကြမဲ့ အပစ်ဒဏ်မှ ကင်းလွတ် စေကြလော့” ဟု အေးသူလို့အား တိုက်တွန်းအယ်။
ACT 2:41 လူအမြောက်အများဟ သူရဲ့စကားဟို လက်ခံကြကာ နှစ်ခြင်းမင်္ဂလာဟို ခံယူကြသဖြင့် အဲနေ့တွင် လူပေါင်း ၃,၀၀၀ မျှ တိုးပွားလာအယ်။
ACT 2:42 အဲသူလို့ဟ တမန်တော်လို့ရဲ့ ဆုံးမဩဝါဒဟို ခံယူခြင်း၊ မိတ်သဟာယဖွဲ့ခြင်း၊ စုပေါင်းနေထိန် စားသောက်ခြင်း၊ ပွဲတော်မင်္ဂလာဝင်ခြင်း၊ အတူတကွ ဆုတောင်းခြင်းလို့ဖြင့် အချိန်ဟို ကုန်လွန်စေကြအယ်။
ACT 2:43 တမန်တော်လို့ဟ ရမ်းဆာ့သော အံ့ဩဖွယ်ရာများနဲ့ နိမိတ်လက္ခဏာများဟို ပြကြသဖြင့် လူအပေါင်းလို့ဟ အံ့ဩမှုနဲ့ ပြေ့ကြအယ်။
ACT 2:44 ယုံကြည်သောသူအပေါင်းလို့ဟ တစုတဝေးတည်း နေထိန်ယွေ့ မိမိလို့ပိုင်ဆိုင်လဲ့ ဥစ္စာပစ္စည်းများဟို သူလို့အချင်းချင်း ဝေမျှသုံးစွဲကြလေအယ်။
ACT 2:45 မိမိလို့ရဲ့ ဥစ္စာပစ္စည်းများဟို ရောင်းချယွေ့ လိုအပ်နေသော သူတယောက်စီတိုင်းဟို ပေးကြအယ်။
ACT 2:46 သူလို့ဟ နေ့စဉ်နေ့တိုင်း ဗိမာန်တော်တွင် အတူတကွ ဆက်လက်ယွေ့ တွေ့ဆုံကြအယ်။ သူလို့ဟ မိမိလို့ နေအိုင်များတွင် နှိမ့်ချသောစိတ်ဖြင့် ဝမ်းမြောက်စွာ အတူတကွ အစာအာဟာရဟို သုံးဆောင်ကြအယ်။
ACT 2:47 ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ချီးမွန်းလျက် လူအပေါင်းလို့ရဲ့ အဆေ့တွင် မျက်နှာရ ကြအယ်။ ကယ်တင်ခြင်းသို့ ရောက်သောသူလို့ဟိုလည်း သခင်ဘုရားဟ နေ့စဉ်နေ့တိုင်း တိုးပွားစေအယ်။
ACT 3:1 တနေ့သောအခါ ဆုတောင်းချိန် မွန်းလွဲသုံးနာရီတွင် ပေတရုနဲ့ ယောဟန်လို့ဟ ဗိမာန်တော်ဟို သွားကြအယ်။
ACT 3:2 မွေးရာပါ ခြေမသန်စွမ်းသူ လူတဦးဟို တင့်တယ်ဟုခေါ်လဲ့ ထင်ခါးနားဟို ထမ်းလာကြအယ်၊ အဲဗိမာန်တော်ထဲဟို လာကြသော သူများဆေမှ ပိတ်ဆန် တောင်းနိန်ရန်အတွက် သူ့ဟို ဗိမာန်တော် ထင်ခါးအနီးတွင် နေ့တိုင်းချထားလေ့ ဆိကြအယ်။
ACT 3:3 သူဟ ပေတရုနဲ့ ယောဟန်လို့ ဗိမာန်တော်ထဲသို့ ဝင်မယ်လုပ်တာဟို မျော်သောအခါ တစုံတရာပေးရန် သူလို့ဟို တောင်းလေအယ်။
ACT 3:4 ပေတရုနဲ့ ယောဟန်လို့ဟ သူ့ဟို တန်းတန်းကျေ့ကြပင်း ပေတရုဟ “ငါလို့ဟို ကျေ့လော့” ဟု ပြောအယ်။
ACT 3:5 အဲအခါ သူဟ သူလို့ဆေမှ တစုံတခု ရဆိမယ်အထင်နဲ့ သူလို့ဟို အာရုံစိုက်ယွေ့ ကျေ့လေအယ်။
ACT 3:6 အဲလိုလဲ ပေတရုဟ သူ့အား “ငါ့မှာ ဆွေ အဲဟာမဟုတ်ရင် ပိတ်ဆန် မဆိ၊ အဲလိုလဲ ဆိလဲ့အရာဟို နင်အား ငါ ပေးမယ်၊ နာဇရက်မြို့သား ယေရှု ခရစ်တော်ရဲ့ နာမတော်အားဖြင့် ထယွေ့ လှမ်းသွားလော့” ဟု ဆိုအယ်။
ACT 3:7 အဲပင်းရင် သူထဖို့ သူရဲ့ ညာဖက်လက်ဟို ဆွဲပင်း မလိုက်အယ်။ ခုတုံးပင် သူရဲ့ ခြေထောက်နဲ့ ခြေကျင်းဝတ်များဟ သန်မာလာသဖြင့်၊
ACT 3:8 သူဟ ထခုန်ပေါက်ပင်း မတ်တတ်ရပ်ကာ၊ စတင်ပင်း လမ်းဆှောက်လေအယ်။ အဲပင်းရင် လမ်းဆှောက်လျက်၊ ခုန်ပေါက်လျက်၊ ဘုရားသခင်ရဲ့ ဂုဏ်တော်ဟို ချီးမွန်းလျက် သူလို့နဲ့အတူ ဗိမာန်တော်ထဲဟို လိုက်သွားအယ်။
ACT 3:9 အဲသူဟ ဘုရားသခင်ရဲ့ ဂုဏ်တော်ဟို ချီးမွန်းလျက် လမ်းဆှောက်တာဟို လူအပေါင်းလို့ဟ မျော်ယွေ့၊
ACT 3:10 အဲသူဟ ဗိမာန်တော် တင့်တယ် ထင်ခါးနားတွင် ထိန်နေလေ့ဆိလဲ့ ကျောန်နန် ဖြစ်ကျောန်းဟို မှတ်မိကြသောအခါ သူလို့ဟ အဲသူတွင် ဖြစ်ပျက်လဲ့ အမှုအရာဟို ရမ်းဆာ့ အံ့ဩယွေ့ မိန်းမောတွေဝေကြအယ်။
ACT 3:11 အဲသူဟ ပေတရုနဲ့ ယောဟန်လို့ဟို တွယ်ကပ်လျက်နေစဉ် လူအပေါင်းလို့ဟ ရမ်းဆာ့အံ့ဩလျက် သူလို့ဆိရာ ရှောလမုန်ဟု ခေါ်သော မုခ်ဦးဟို ပြေးယွေ့ လာကြအယ်။
ACT 3:12 ပေတရုဟ လူများဟို မျော်သောအခါ သူဟ အဲသူလို့အား “ဣသရေလ အမျိုးသားလို့၊ ပစာကို့ အေးအရာဟို နင်လို့ အံ့ဩကြလုန်း၊ ပစာကျောန့် ငါလို့ဟို ကျေ့လုန်း၊ ငါလို့ရဲ့ တန်ခိုး အဲဟာမဟုတ်ရင် ငါလို့ရဲ့ ကိုယ်ကျင့်သီလအားဖြင့် ဟေသူဟို လမ်းဆှောက်စေနိန်တာလို့ ထင်မှတ်ကြသလော။
ACT 3:13 အာဗြဟံရဲ့ ဘုရား၊ ဣဇက်နဲ့ ယာကုပ်လို့ရဲ့ ဘုရား၊ ငါလို့ ဖိုးဖေးများရဲ့ ဘုရားဟ မိမိရဲ့ အစေခံ ယေရှုဟို ဘုန်းတော် ထင်ဆှားစေပီ။ အဲလိုလဲ နင်လို့ဟ အဲအဆှင်ဟို ရန်သူလက်ဟို အပ်လိုက်ယွေ့ အဲအဆှင်ဟို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးရန် ဆုံးဖြတ်ထားသော ပိလတ်မင်း ဆေ့တွင် ငြင်းပယ်ခဲ့ကြအယ်။
ACT 3:14 နင်လို့ဟ သန့်ဆှင်းယွေ့ ဖြောင့်မတ်သော အဆှင်ဟို ငြင်းပယ်ခဲ့ကြပင်း၊ နင်လို့ဟ လူသတ်သမားအား လွတ်ငြိမ်းချမ်းသာခွင့် ပေးရန် တောင်းခံကြကာ၊
ACT 3:15 အသက်ဆှင်ခြင်းဟို ပို့ဆောင်သော အဆှင်ဟိုမူ သတ်ဖြတ်ကြအယ်၊ အဲလိုလဲ ဘုရားသခင်ဟ အဲအဆှင်ဟို သေခြင်းမှ ဆှင်ပြန်ထမြောက်စေကျောန်းဟို အဲအရာဟ ငါလို့ရဲ့ သက်သေခံ ဖြစ်ကြအယ်။
ACT 3:16 အဲအဆှင်ရဲ့ နာမတော် တန်ခိုးအားဖြင့် ဟေခြေမသန်စွမ်းသူဟ သန်စွမ်းယွေ့ လာအယ်။ အဲအဆှင်ရဲ့ နာမတော်ဟို ယုံကြည်ခြင်းအားဖြင့် အခု နင်လို့မျော်ယွေ့ သိရကြလဲ့အမှုအရာဟ ဖြစ်ပွားခဲ့အယ်၊ နင်လို့အားလုံး မျော်လဲ့အတိုင်း ယေရှုဟို ယုံကြည်ခြင်းကသာ အဲသူအား ကျန်းမာလာစေခြင်း ဖြစ်အယ်။
ACT 3:17 “အဲလိုမို့ အခု ငါ့ မိတ်ဆွေလို့၊ နင်လို့ဟ မိမိလို့ ခေါင်းဆောင်များလိုမျိုး မိမိလို့ပြုသော အမှုဟို မသိသက်ဘဲ အေးလို့ ပြုကြကျောန်းဟို ငါ သိအယ်။
ACT 3:18 အဲလိုလဲ မေဆှိယဟ ဆင်းရဲဒုက္ခခံရမယ်ဖြစ်ကျောန်း ပရောဖက်အပေါင်းအားဖြင့် မခင်ကတည်းဟ ဘုရားသခင် ကြိုပြောထားသော အေးအရာဟ သူ့အားဖြင့် ပြေ့စုံလာခြင်း ဖြစ်အယ်။
ACT 3:19 အေးလိုမို့ ဘုရားသခင်ဟ နင်လို့ရဲ့ အပစ်များဟို ဖြေလွှတ်စေရန် နောင်တရယွေ့ ပြောင်းလဲကြလော့။ အဲလိုဖြစ်ခါမှသာ၊
ACT 3:20 ထာဝရဘုရား ဆေမှ ဝိညာဉ်ခွန်အား သက်ရောက်ရာ အချိန်ကာလ ရောက်လာလျက် နင်လို့အဖို့ ရွေးချယ်ခန့်ထားသော မေဆှိယ အဆှင်တည်းဟူသော ယေရှုဟို စေလွှတ်လိမ့်မယ်။
ACT 3:21 မခင်ဟ မိမိရဲ့ သန့်ဆှင်းသော ပရောဖက်များရဲ့ စလောင်အားဖြင့် ဘုရားသခင် မိန့်ခဲ့လဲ့အရာတည်းဟူသော အလုံးစုံလို့ဟို မူလအတိုင်း ပြန်ဖြစ်စေမဲ့ ကာလများတိုင်အောန် ခေါန်းခင်ဟ အေးအဆှင်ဟို လက်ခံထားရမယ်။
ACT 3:22 အကျောန်းမှာ မောရှေဟ ‘နင်လို့ရဲ့ ဘုရားသခင် ထာဝရဘုရားဟ ငါ့ဟို စေလွှတ်လဲ့တိုင်းတိုင်း ပရောဖက်တပါးဟိုလည်း နင်လို့ဆေဟို စေလွှတ်ပင်း အဲသူဟ နင်လို့ အမျိုးသားထဲမှ ဖြစ်လိမ့်မယ်။ သူ ဟောပြောသမျှသောလို့ဟို နင်လို့ဟ နားထောင်ကြရမယ်။
ACT 3:23 အဲပရောဖက်ရဲ့ စကားဟို နားမထောင်ဘဲနေသော သူတိုင်းဟ ဘုရားသခင်ရဲ့ လူမျိုးထဲမှ ဖယ်ဆှားပင်း ဖျက်ဆီးခြင်းဟို ခံရမယ်’ ဟု ပြောအယ်။
ACT 3:24 ရှမွေလ အပါအဝင် သူ့နောက်မှ ပေါ်ထွန်းလာသော သတင်းစကားဟို ဟောပြောသော ပရောဖက်အပေါင်းလို့ဟ အခု နေ့ရက်ကာလအကျောန်းဟို ဟောပြော ကြေငြာခဲ့ကြအယ်။
ACT 3:25 နင်လို့ဟ ပရောဖက်လို့ရဲ့ သားမြေးများဖြစ်ကြတာ သာမက ဘုရားသခင်ဟ အာဗြဟံအား ‘ကမ္ဘာပေါ်ဆိ လူမျိုးစုအပေါင်းလို့ဟ နင်ရဲ့ အမျိုးအနွယ်အားဖြင့် ကောင်းချီးမင်္ဂလာ ခံစားရလိမ့်မယ်’ ဟု မိန့်လျက် နင်လို့ရဲ့ ဖိုးဖေးများနဲ့ ပြုခဲ့သော ပဋိညာဉ်ရဲ့ သားမြေးများလည်း ဖြစ်ကြအယ်။
ACT 3:26 နင်လို့ တဦးစီရဲ့ ဆိုးညစ်သောအမှုလို့ဟို စွန့်ပယ်ခြင်းအားဖြင့် ကောင်းချီးခံစားကြရစေရန် ဘုရားသခင်ဟ မိမိရဲ့ အစေခံဟို နင်လို့ဆေဟို ဦးစွာ စေလွှတ်အယ်” ဟု ပေတရုဟ ဟောပြောလေအယ်။
ACT 4:1 ပေတရုနဲ့ ယောဟန်လို့ဟ လူလို့အား ဟောပြောလျက် နေကြစဉ် အချို့ ယဇ်ပုရောဟိတ်များ၊ ဗိမာန်တော် အစောင့်တာဝန်ခံ အရာဆိနဲ့ ဇဒ္ဒုကဲများဟ ရောက်လာကြအယ်။
ACT 4:2 တမန်တော်နေဦးလို့ဟ ယေရှု သေခြင်းမှ ဆှင်ပြန်ထမြောက်လဲ့အကျောန်းဟို လူလို့အား သင်ကြားနေသောကျောန့် သူလို့ဟ စိတ်အနှောင့်အယှက် ဖြစ်ကြအယ်၊ ကိုယ်တော်ရဲ့ သေခြင်းမှ ဆှင်ပြန်ထမြောက်ခြင်းဟို အကျောန်းပြုယွေ့ လူလို့အား သက်သေပြလျက် ဆိအယ်။
ACT 4:3 အေးလိုမို့ သူလို့ဟ တမန်တော်လို့ဟို ဖမ်းဆီးပင်း မိုးချုပ်ပီ ဖြစ်သောကျောန့် နောက်တနေ့တိုင်အောန် ထောင်ထဲမှာ ထည့်ထားကြအယ်။
ACT 4:4 အဲလိုလဲ သတင်းစကားဟို ကြားသောသူများဟ ယုံကြည်လဲ့သူ ယောက်ျားအရေအတွက်မှာ ၅,၀၀၀ ခန့်မျှ တိုးပွားလာအယ်။
ACT 4:5 နောက်တနေ့တွင် ယုဒခေါင်းဆောင်များ၊ အကြီးအကဲများနဲ့ ကျမ်းတတ်ဆရာများဟ ယေရုရှလင်မြို့နှိုက် စုဝေးကြအယ်။
ACT 4:6 ယဇ်ပုရောဟိတ်မင်း အန္နတ်နဲ့ ကယာဖ၊ ယောဟန်၊ အာလေဇန္ဒြု မှစယွေ့ ယဇ်ပုရောဟိတ်မင်းရဲ့ မိသားစုဝင် ဆိသမျှလိုဟ တွေ့ဆုံကြအယ်။
ACT 4:7 အဲသူလို့ဟ မိမိလို့ဆေ့တွင် တမန်တော်နေပါးဟို ရပ်စေယွေ့ “နင်လို့ဟ စလို တန်ခိုး အဲဟာမဟုတ်ရင် စလို နာမအားဖြင့် ဟေအမှုဟို ပြုလုန်း” ဟု မေးမြန်းကြအယ်။
ACT 4:8 အဲအခါ ပေတရုဟ သန့်ဆှင်းသော ဝိညာဉ်တော်နဲ့ ပြေ့ဝလျက် “လူများဟို အစိုးရသော ခေါင်းဆောင်လို့နဲ့ အကြီးအကဲလို့၊
ACT 4:9 ခြေမသန်စွမ်းသောသူ တယောက်ဟို ကောင်းကျိုးပြုလဲ့ အကျောန်း၊ သူကျန်းမာလာပုံ အကျောန်းနဲ့ ပတ်သက်ယွေ့ ခနေ့ ငါလို့ စစ်ဆေးခံရရင်၊
ACT 4:10 နာဇရက်မြို့သား ယေရှု ခရစ်ရဲ့ နာမတော် တန်ခိုးအားဖြင့် အဲသူဟ ခြေသန်စွမ်းလာယွေ့ နင်လို့ ဆေ့တွင် ရပ်လျက်နေတာဟို နင်လို့နဲ့အတူ ဣသရေလအမျိုးသားအပေါင်းလို့ သိမှတ်ကြလော့၊ အဲအဆှင်ဟ နင်လို့ လက်ဝါးကပ်တိုင်မှာ တင်ယွေ့ သတ်ပင်းနောက် ဘုရားသခင် ဆှင်ပြန်ထမြောက်စေသောသူ ဖြစ်အယ်။
ACT 4:11 ကျမ်းစာဟ ရည်ညွှန်းသူမှာ အေးယေရှုပင် ဖြစ်အယ်၊ “ ‘တိုက်ဟို တည်ဆောက်ရာတွင် နင်လို့ ပယ်ထားလဲ့ ကျောက်ဟ၊ အရေးကြီးဆုံးဖြစ်လဲ့ ထောင့်ချုပ်ကျောက် ဖြစ်လာအယ်။’
ACT 4:12 ကယ်တင်ခြင်းဟ အခြားစသူမှာမှ မဆိ၊ အကျောန်းမှာ အေးနာမမှတပါး ငါလို့အား ကယ်တင်မဲ့ အခြားသော နာမဟို ခေါန်းခင်အောက် လူလို့နှိုက် ပေးအပ်ထားခြင်း မဆိ” ဟု သူလို့အား ဆိုအယ်။
ACT 4:13 ပေတရုနဲ့ ယောဟန်လို့ဟ ပညာမတတ်သူ၊ သာမန် လူများသာဖြစ်လျက်နဲ့ စလောက် ရဲရင့်ကြတာဟို တရားလွှတ်တော်အဖွဲ့ဝင်လို့ မျော်ကြသောအခါ ရမ်းဆာ့အံ့ဩကြအယ်။ အေးသူနေဦးလို့ဟ ယေရှုရဲ့ အပေါင်းအဖော်များ ဖြစ်ခဲ့ကြတာဟိုလည်း သတိပြုမိကြအယ်။
ACT 4:14 အဲလိုလဲ ရောဂါပျောက်ကင်းသွားသူဟ သူလို့နဲ့ ရပ်လျက်နေတာဟို မျော်သောကျောန့် သူလို့ဟ စလိုမျှ ငြင်းဆိုရန် မတတ်နိန်ကြ။
ACT 4:15 အေးလိုမို့ သူလို့ဟို တရားလွှတ်တော်ထဲမှ ခဏထွက်ခွာစေရန် ပြောပင်း သူလို့အချင်းချင်း စတင် ဆွေးနွေးကြအယ်။
ACT 4:16 သူလို့ဟ “ဟေသူလို့အား ငါလို့ စလိုလုပ်လုန်း” ဟု မေးကြအယ်။ “သူလို့အားဖြင့် ထူးခြားသော နိမိတ်လက္ခဏာ ဖြစ်ပေါ်ခဲ့တာဟို ယေရုရှလင်မြို့သားအပေါင်းလို့ ကောင်းစွာ သိကြတာ ဖြစ်ယွေ့ ငါလို့ ငြင်းဆိုယွေ့ မရနိန်ပီ။
ACT 4:17 အဲလိုလဲ အဲအကျောန်းဟ လူလို့အထဲတွင် ပိုယွေ့ ပျံ့မသွားစေရန် ယေရှုရဲ့ နာမဟို အမှီပြုယွေ့ နောက်တခါ ဖယ်သူဟိုမှ မဟောပြောရန် ငါလို့ တင်းကျပ်စွာ သတိပေးကြစို့။”
ACT 4:18 အဲပင်းရင် သူလို့ဟို ပြန်ခေါ်ယွေ့ ယေရှုရဲ့ နာမတော်ဟို အမှီပြုယွေ့ ဟောပြောခြင်း အဲဟာမဟုတ်ရင် သွန်သင်ခြင်း လုံးဝမလုပ်ရန် အမိန့်ပေးကြအယ်။
ACT 4:19 အဲလိုလဲ ပေတရုနဲ့ ယောဟန်လို့ဟ “ဘုရားသခင်ရဲ့ စကားဟို နားထောင်တာထက် နင်လို့ရဲ့ စကားဟို နားထောင်ခြင်းဟ ဘုရားသခင်ဆေ့မှာ မန်အယ် မမန်ဝူးဆိုတာဟို နင်လို့ ဆုံးဖြတ်ကြလော့။
ACT 4:20 အကျောန်းမှာ ငါလို့တတ်တိုင်း ကြားရမျော်ရလဲ့ အမှုအရာများအကျောန်းဟို မဟောပြောဘဲ မနေနိန်” ဟု အေးသူလို့အား ပြောကြအယ်။
ACT 4:21 အဲလိုမို့ တရားလွှတ်တော် အဖွဲ့ဝင်လို့ဟ သူလို့ဟို ထပ်မံကျပ်တည်းစွာ သတိပေးပင်းနောက် ထွက်ခွာသွား စေကြအယ်။ လူအပေါင်းလို့ဟ ဖြစ်ပျက်ခဲ့လဲ့ အမှုအရာကျောန့် ဘုရားသခင်ရဲ့ ဘုန်းတော်ဟို ချီးမွန်းလျက် နေကြသောကျောန့် သူလို့ဟ တမန်တော်လို့ဟို အပြစ်ဒဏ်ပေးနိန်မဲ့ နည်းလမ်းဟို ဆှာမတွေ့ကြ။
ACT 4:22 ဟေနိမိတ်လက္ခဏာအားဖြင့် အကောင်းပကတိဖြစ်လာသော သူဟ အသက်လေးဆယ်ကျော် ဆိအယ်။
ACT 4:23 ပေတရုနဲ့ ယောဟန်လို့ဟ လွတ်မြောက်လာကြသောအခါ မိမိလို့ရဲ့ လူစုဆေဟို ပြန်ပင်း ယဇ်ပုရောဟိတ်ကြီးများနဲ့ အကြီးအကဲများ ပြောသမျှလို့ဟို ပြန်ပြောကြအယ်။
ACT 4:24 အဲအကျောန်းဟို သူလို့ ကြားကြသောအခါ၊ အဲသူလို့ဟ အတူတကွ ဘုရားသခင်ဆေမှာ အသံလွှင့်လျက် “အစိုးရသော အဆှင်၊ ကိုယ်တော်ဟ ခေါန်းခင်၊ မြေကြီး၊ သမုဒ္ဒရာမှစယွေ့ ဆိသမျှအရာအားလုံးဟို ဖန်ဆင်းသောအဆှင် ဖြစ်အယ်။
ACT 4:25 ကိုယ်တော်ဟ မိမိရဲ့ အစေခံ၊ ငါလို့ရဲ့ ဖိုးဖေး ဒါဝိဒ်မင်းရဲ့ နှုတ်မှတဆင့် သန့်ဆှင်းသော ဝိညာဉ်တော်အားဖြင့်၊ “ ‘လူမျိုးတကာလို့ဟ ပစာကျောန့် ရုန်းရင်းဆန်ခတ် ပြုကြလုန်း။ လူလို့ဟ ပစာကျောန့် အကျိုးမဲ့ ကြံစည်ကြလုန်း။
ACT 4:26 မြေကြီးရဲ့ ဆှင်ဘုရင်လို့ဟ ထကြယွေ့၊ အုပ်ချုပ်သူလို့ဟ အတူတကွ စုဝေးကြကာ ထာဝရဘုရားနဲ့ ကိုယ်တော်ရဲ့ မေဆှိယဟို ဆန့်ကျင်ကြအယ်’ ဟု မိန့်ခဲ့အယ်။
ACT 4:27 အမန်ပင် ဟေရုဒ်မင်းနဲ့ ပုန္တိပိလတ်မင်းလို့ဟ လူမျိုးခြားလို့၊ ဣသရေလ အမျိုးသားလို့နဲ့ ပေါင်းဖော်ပင်း ကိုယ်တော် ဘိသိက်ပေးလဲ့ ကိုယ်တော်ရဲ့ သန့်ဆှင်းသော အစေခံ ယေရှုဟို ဆန့်ကျင်လျက် ဟေမြို့တွင် စုဝေးကြအယ်။
ACT 4:28 ကိုယ်တော်ရဲ့ တန်ခိုးတော်နဲ့ အလိုတော်လို့အားဖြင့် ဖြစ်ပျက်လာရန် ကြိုတင် သတ်မှတ် ထားသမျှသောအရာလို့ဟို ပြုခဲ့ကြပီ။
ACT 4:29 ထာဝရဘုရား၊ အခု အေးသူလို့ရဲ့ ခြိမ်းခြောက်ခြင်းဟို ရှုမှတ်ပင်း ကိုယ်တော်ရဲ့ အစေခံလို့အား တရားတော်ဟို ရဲရင့်စွာ ဟောပြောနိန်ခွင့်ဟို ပေးသနားပါ။
ACT 4:30 တချိန်တည်းမှာပင် အနာရောဂါများဟို ငြိမ်းစေရန် ကိုယ်တော်ရဲ့ လက်တော်ဟို ဆန့်တန်းယွေ့ ကိုယ်တော်ရဲ့ သန့်ဆှင်းသော အစေခံ ယေရှု နာမအားဖြင့် နိမိတ်လက္ခဏာများနဲ့ အံ့ဩဖွယ်ရာများဟို ပြုခွင့်ပေးပါ” ဟု ဆုတောင်းကြအယ်။
ACT 4:31 သူလို့ ဆုတောင်းကြပင်းသောအခါ စုဝေးရာနေရာဟ တုန်လှုပ်အယ်။ သူလို့အားလုံးဟ သန့်ဆှင်းသော ဝိညာဉ်တော်ဖြင့် ပြေ့ဝလျက် ဘုရားသခင်ရဲ့ တရားတော်ဟို ရဲရင့်စွာ ဟောပြောကြအယ်။
ACT 4:32 ယုံကြည်သောသူအားလုံးဟ စိတ်နေလုံး တညီတညွတ်တည်း ဖြစ်ကြသဖြင့် စသူမျှ မိမိရဲ့ ဥစ္စာပစ္စည်းများဟို မိမိပိုင်တာဟု မဆိုဘဲ၊ ဆိသမျှသောအရာလို့ဟို ဘုံစုအဖြစ် ထားကြအယ်။
ACT 4:33 တမန်တော်လို့ဟ သခင် ယေရှု ဆှင်ပြန်ထမြောက်ခြင်း အကျောန်းဟို ကြီးသောတန်ခိုးဖြင့် သက်သေခံကြအယ်။ ဘုရားသခင်ဟ သူလို့အားလုံးအပေါ်ဟို ကောင်းချီးမင်္ဂလာ ကြွယ်ဝစွာ သွန်းလောင်းအယ်။
ACT 4:34 အဲသူလို့တွင် ဆင်းရဲသောသူ တယောက်မျှ မဆိ။ အကျောန်းမှာ နေအိုင် အဲဟာမဟုတ်ရင် မြေကွက်ဟို ပိုင်သောသူဆိသမျှလို့ဟ ရောင်းပင်း၊ ရသောအဖိုးဟို ယူခဲ့ယွေ့၊
ACT 4:35 တမန်တော်လို့ရဲ့ ခြေရင်းတွင် ထားကြသဖြင့် တဦးချင်းစီနှိုက် လိုအပ်မှုဆိလဲ့အတိုင်း အသီးသီးလို့အား ဝေငှပေးကမ်းကြအယ်။
ACT 4:36 ယောသပ်ဟု နာမယ်ဆိသော လူတယောက်ဆိအယ်၊ သူ့ဟို တမန်တော်လို့ဟ ဗာနဗ ဟု ခေါ်ကြအယ်၊ ဗာနဗရဲ့ အနက်ဟ “နှစ်သိမ့်ခြင်းရဲ့ သား” ဟု အဓိပ္ပာယ်ရအယ်။ သူဟ ကုပရုပြေသား၊ လေဝိအနွယ်ဝင် ဖြစ်အယ်၊
ACT 4:37 မိမိပိုင်သောလယ်ဟို ရောင်းယွေ့ ပိတ်ဆန်ဟို ယူလာပင်း တမန်တော်လို့ရဲ့ လက်နှိုက် အပ်လေအယ်။
ACT 5:1 အဲလိုလဲ အာနနိ နာမယ်ဆိသောသူနဲ့ သူ့ပေါင်အိုမ ရှဖိရေဟ ဥစ္စာတစုံတခုဟို ရောင်းချကြအယ်။
ACT 5:2 သူ့ရဲ့ ပေါင်အိုမနဲ့ သဘောတူလျက် ပိတ်ဆန်ထဲမှ အချို့ဟို မိမိလို့အဖို့ ချန်ထားကာ ကျန်သော ပိတ်ဆန်ဟိုသာ ယူလာယွေ့ တမန်တော်လို့ရဲ့ လက်နှိုက် အပ်လေအယ်။
ACT 5:3 ပေတရုဟ သူ့အား “အာနနိ၊ နင်ဟ လယ်ရောင်းရလဲ့ ပိတ်ဆန် အချို့တဝက်ဟို မိမိအဖို့ ဖယ်ထားခြင်းအားဖြင့် သန့်ဆှင်းသော ဝိညာဉ်တော်ဟို ဝါပင်း စာတန်အား ပစာကျောန့် နင့်ရဲ့ စိတ်နေလုံးဟို စိုးမိုးခွင့်ပေးလုန်း။
ACT 5:4 နင်ဟ အဲလယ်ဟို မရောင်းခင်ဟ ပိုင်ဆိုင်တာ မဟုတ်လော။ ရောင်းချပင်းသောအခါတွင်လည်း မြေအဖိုးငွေဟို ပိုင်တာ မဟုတ်လော။ ပစာမို့ နင်ဟ ဟေအမှုဟို ကြံစည်လုန်း။ နင်ဟ လူဟို ဝါတာ မဟုတ်ဘဲ ဘုရားသခင်ဟို ဝါလေပီ” ဟု ဆိုအယ်။
ACT 5:5 အဲစကားဟို ကြားတာနဲ့ တပြိုင်နက် အာနနိဟ လဲကျသေဆုံးလေအယ်၊ အဲအကျောန်းဟို ကြားကြသူအပေါင်းလို့ဟ ရမ်းဆာ့ ကြောက်အားကြီးကြအယ်။
ACT 5:6 အဲပင်းရင် လူငယ်များဟ လာယွေ့ ရုပ်အလောင်းဟို အဝတ်နဲ့ ပတ်ပင်းနောက် သယ်ထုတ်သွားပင်း သင်္ဂြိုဟ်ကြအယ်။
ACT 5:7 သုံးနာရီလောက် ကြာသောအခါ အာနနိရဲ့ ပေါင်အိုမဟ ဖြစ်ပျက်ခဲ့လဲ့ အကျောန်းအရာဟို မသိဘဲ ဝင်လာအယ်။
ACT 5:8 ပေတရုဟ “ငါ့ဟို ပြောမန့်၊ နင်နဲ့ နင့်ဖိုးအိုဟ လယ်အဖိုး ဟေလောက်ဖြင့် ရောင်းသလော” ဟု မေးအယ်။ အဲမိန်းမဟ “မန်အယ်၊ ဟေမျှလောက်ဖြင့်ပင် ရောင်းပါအယ်” ဟု ဆိုအယ်။
ACT 5:9 ပေတရုဟ သူမအား “သခင်ဘုရားရဲ့ ဝိညာဉ်တော်ဟို သွေးတိုးစမ်းရန် ပစာကျောန့် နင်လို့ သဘောတူ ကြံစည်ကြလုန်း၊ နားထောင်လော့၊ နင့်ရဲ့ ဖိုးအိုဟို သင်္ဂြိုဟ်ခဲ့သူလို့ဟ ထင်ခါးနှိုက်ပင် ဆိနေကြပင်း သူလို့ဟ နင့်ဟိုလည်း သယ်သွားကြလိမ့်မယ်” ဟု ဆိုအယ်။
ACT 5:10 ခုတုံးပင် အဲအမျိုးသမီးဟ ပေတရုရဲ့ ခြေရင်းတွင် လဲကျ သေဆုံးလေအယ်။ လူငယ်လို့ ဝင်လာယွေ့ အဲမိန်းမ သေဆုံးနေတာဟို တွေ့ရရင် အဲမိန်းမ အလောင်းဟို သယ်ထုတ်ကာ ဖိုးအိုဖြစ်သူရဲ့ အနီးတွင် သင်္ဂြိုဟ်ကြအယ်။
ACT 5:11 အသင်းတော် တခုလုံးနဲ့ အဲအဖြစ်အပျက်အကျောန်းဟို ကြားကြသူအပေါင်းဟ ရမ်းဆာ့ ကြောက်လန့်ကုန်ကြအယ်။
ACT 5:12 တမန်တော်လို့ဟလည်း လူများဆေ့တွင် ရမ်းဆာ့ အံ့ဩဖွယ်ရာ အမှုအရာများနဲ့ နိမိတ်လက္ခဏာများဟို ပြကြအယ်။ ယုံကြည်သူအပေါင်းလို့ဟ ရှောလမုန် မုခ်ဦးတွင် စုဝေးကြအယ်။
ACT 5:13 အခြားသောသူလို့ဟ သူလို့နဲ့အတူ မပေါင်းရဲကြသော်လည်း လူလို့ဟ သူလို့ဟို ချီးမွန်းကြအယ်။
ACT 5:14 အဲလိုလဲ သခင်ဘုရားဟို ယုံကြည်သူ ယောက်ျားနဲ့ မိန်းမ အရေအတွက်ဟ ပိုယွေ့ များပြားလာအယ်။
ACT 5:15 လူလို့ဟ လူနာများဟို လမ်းမပေါ်ဟို သယ်လာပင်း ခုတင်များနဲ့ အိပ်ယာများပေါ်တွင် ထားကြကာ ပေတရု လာသောအခါ သူ့ရဲ့အရိပ်ဟိုပင် အေးလူနာအချို့လို့အပေါ်ဟို ကျရောက်စေရန် ကြိုးစားကြအယ်။
ACT 5:16 အားပင်း ယေရုရှလင်မြို့ ပတ်ဝန်းကျင်ဆိ မြို့များမှ လူပရိသတ်လို့ဟ ဖျားနာသူများ အဲဟာမဟုတ်ရင် နတ်ဝင်ပူးနေသူများဟို ခေါ်လာကြယွေ့၊ အဲလူနာအပေါင်းလို့ဟ ရောဂါပျောက်ကင်း သွားကြအယ်။
ACT 5:17 အဲအခါ ယဇ်ပုရောဟိတ်မင်းနဲ့ သူရဲ့ နောက်လိုက်များဖြစ်သော ဒေသဆိုင်ရာ ဇဒ္ဒုကဲအဖွဲ့ဝင်များဟ တမန်တော်လို့ဟို ရမ်းဆာ့ မနာလိုစိတ် ဆိလာကြသဖြင့် သူလို့ဟို အရေးယူရန် ဆုံးဖြတ်ကြအယ်။
ACT 5:18 သူလို့ဟ တမန်တော်လို့ဟို ဖမ်းဆီးပင်း ပြေသူ့ အကျဉ်းထောင်ထဲတွင် ထည့်ထားကြအယ်။
ACT 5:19 အဲလိုလဲ ညခါတွင် သခင်ဘုရားရဲ့ ခေါန်းခင်တမန် တပါးဟ ထောင်ထင်ခါးများဟို ဖွင့်ယွေ့ တမန်တော်လို့ဟို အပြင်ဟို ခေါ်ထုတ်ပင်း သူလို့အား၊
ACT 5:20 “ဗိမာန်တော်ဟို သွားယွေ့ လူလို့အား အသက်ဆှင်ခြင်း အကျောန်းအလုံးစုံဟို ဟောပြောကြလော့” ဟု ဆိုအယ်။
ACT 5:21 တမန်တော်လို့ဟ နာခံယွေ့ အရုဏ်တက်ချိန်တွင် ဗိမာန်တော်ထဲဟို ဝင်ယွေ့ စတင် သွန်သင်အယ်။ ယဇ်ပုရောဟိတ်မင်းနဲ့ သူရဲ့ အပေါင်းအဖော်လို့ဟ တရားလွှတ်တော် အစည်းအဝေးဟို ပြုလုပ်ရန် ဣသရေလလူလို့တွင် အသက်ကြီးသူအပေါင်းလို့ဟို တရားရုံးတွင် စုဝေးစေအယ်။ အဲပင်းရင် တမန်တော်လို့ဟို ခေါ်ဆောင်ခဲ့ရန် အမိန့်ပေးယွေ့ အစောင့်တပ်သားများဟို အကျဉ်းထောင်ဟို စေလွှတ်ကြအယ်။
ACT 5:22 အဲလိုလဲ အရာဆိလို့ဟ ရောက်သောအခါ တမန်တော်လို့ဟို အကျဉ်းထောင်ထဲမှာ မတွေ့ရကြ၊ အေးလိုမို့ တရားလွှတ်တော် အဖွဲ့ဝင်လို့ဆေဟို ပြန်လာပင်း၊
ACT 5:23 “အကျဉ်းထောင် ထင်ခါးများဟို သေချာစွာ ပိတ်လျက် အစောင့်လို့ဟလည်း ထင်ခါးပြင်တွင် ရပ်လျက်ဆိနေတာဟို ငါလို့ တွေ့အယ်၊ အဲလိုလဲ ငါလို့ ထင်ခါးဟို ဖွင့်လိုက်သောအခါ အထဲမှာ စသူဟိုမျှ မတွေ့ရ” ဟု သတင်းပို့ကြအယ်။
ACT 5:24 အဲစကားဟိုကြားသောအခါ ဗိမာန်တော် အစောင့်တပ်မှူးနဲ့ ယဇ်ပုရောဟိတ်ကြီးလို့ဟ ဟေအမှုဟ စလို ဖြစ်လိမ့်မလုန်းဟု တမန်တော်လို့နဲ့ ပတ်သက်ယွေ့ တွေးတောကြအယ်။
ACT 5:25 အဲအခါ လူတယောက် ရောက်လာယွေ့ “ကျေ့မန့်၊ အကျဉ်းချထားခဲ့သော သူလို့ဟ ဗိမာန်တော်ထဲတွင် ရပ်လျက် လူလို့အား သွန်သင်နေအယ်” ဟု ဆှောက်လေအယ်။
ACT 5:26 အဲအခါ အရာဆိလို့ဟ အစောင့်တပ်သားလို့နဲ့အတူ သွားရောက်ယွေ့ တမန်တော်လို့ဟို ခေါ်ဆောင်လာကြအယ်။ အဲလိုမို့ မိမိလို့အား လူလို့ဟ ခဲနဲ့ပေါက်မယ်ဟို စိုးရိမ်သဖြင့် တမန်တော်လို့အား အနိန်အထက် မပြုကြ။
ACT 5:27 တမန်တော်လို့ဟို အထဲသို့ ခေါ်ဆောင်လာပင်း တရားလွှတ်တော်အဖွဲ့ရဲ့ ဆေ့တွင် ရပ်စေပင်း၊ ယဇ်ပုရောဟိတ်မင်းဟ တမန်တော်လို့ဟို မေးမြန်းကြအယ်။
ACT 5:28 သူဟ “အဲနာမဟို အမှီပြုယွေ့ သွန်သင်ခြင်း မလုပ်ရန် နင်လို့အား ငါလို့ ကျပ်ကျပ်အမိန့် ပေးခဲ့အယ်၊ အဲလိုလဲ နင်လို့ ပစာလုပ်တာဟို ကျေ့လော့၊ နင်လို့ဟ ယေရုရှလင်မြို့ တမြို့လုံးတွင် သွန်သင်ချက်ဟို ပျံ့နှံ့စေယွေ့ အဲသူ သေရတာဟ ငါလို့ကျောန့် ဖြစ်အယ်ဟူယွေ့ နင်လို့ အပစ်တင်လိုကြတာ မဟုတ်လော” ဟု ပြောအယ်။
ACT 5:29 ပေတရုနဲ့ တခြား တမန်တော်လို့ဟ “ငါလို့သည် လူအမိန့်ထက် ဘုရားသခင် အမိန့်တော်ဟို နားထောင်ရမယ်။
ACT 5:30 ငါလို့ ဖိုးဖေးများရဲ့ ဘုရားသခင်ဟ နင်လို့ လက်ဝါးကပ်တိုင်ပေါ်မှာ တင်ယွေ့ သတ်ခဲ့သော ယေရှုအား သေခြင်းမှ ဆှင်ပြန်ထမြောက်စေပီ။
ACT 5:31 ဣသရေလအမျိုးသားလို့ဟ နောင်တရယွေ့ မိမိလို့ အပစ်များမှ ဖြေလွှတ်စိမ့်သောငှါ ဘုရားသခင်ဟ အဲသခင်အား မိမိရဲ့လက်ယာတော်ဘက်တွင် စံပယ်စေယွေ့ ခေါင်းဆောင်အဖြစ်နဲ့ ကယ်တင်ဆှင်အဖြစ် ချီးမြှင့်အယ်။
ACT 5:32 ဟေအမှုအရာများနဲ့ ပတ်သက်ယွေ့ ငါလို့ဟ အသိသက်သေ ဖြစ်ကြအယ်။ ဘုရားသခင်ရဲ့ အမိန့်ဟို နာခံသူလို့အား ချပေးလဲ့ ဆုကျေးဇူးတည်းဟူသော သန့်ဆှင်းသော ဝိညာဉ်တော်ဟလည်း အသိသက်သေ ဖြစ်အယ်” ဟု ပြန်ယွေ့ ဖြေအယ်။
ACT 5:33 အဲစကားဟို ကြားသောအခါ လွှတ်တော်အဖွဲ့ဝင်လို့ဟ ပြင်းစွာ အူထော့ကြသဖြင့် တမန်တော်လို့အား သေဒဏ်ပေးချင်ကြအယ်။
ACT 5:34 အဲလိုလဲ လူအပေါင်းလို့ ရမ်းဆာ့ ရိုသေလေးစားခံရယွေ့ ကျမ်းတတ်ဆရာ တဦးဖြစ်သော ဂါမလျေလ နာမယ်ဆိသော ဖာရိရှဲဟ တရားလွှတ်တော်တွင် ထယွေ့ တမန်တော်လို့အား အပြင်ဟို ခဏခေါ်ထုတ်သွားရန် အမိန့်ပေးအယ်။
ACT 5:35 အဲပင်းရင် သူဟ တရားလွှတ်တော်အား “ဣသရေလ အမျိုးသားလို့၊ ဟေသူလို့အား နင်လို့လုပ်မယ့်အရာဟို သတိထားကြလော့။
ACT 5:36 လွန်ခဲ့သော နှစ်အနည်းငယ်ဟ သုဒဆိုသူဟ ပေါ်လာယွေ့ မိမိတတ်တိုင်း အရေးပါသူ ဖြစ်အယ်ဟု ဆိုကာ၊ ၄၀၀ ခန့်ဆိသောသူဟ သူရဲ့ နောက်လိုက်ခဲ့အယ်။ အဲလိုလဲ သူ အသတ်ခံရပင်း သူ့နောက်လိုက်သောသူ အားလုံးလို့ဟ ကွဲပြားဖြစ်လျက် စလိုမှအရာ မထင်ခဲ့ချေ။
ACT 5:37 အဲပင်းရင် သန်းခေါင်စာရင်း ကောက်ချိန်တွင် ဂါလိလဲပြေသား ယုဒဆိုသူ ပေါ်ပေါက်လာကာ မိမိနောက်ဟို လိုက်ကြရန် လူလို့ဟို ဆွဲဆောင်စည်းရုံးခဲ့ပင်း၊ အဲလိုလဲ သူဟလည်း အသတ်ခံရယွေ့၊ သူရဲ့ နောက်လိုက်သောသူ အားလုံးဟ ကွဲလွင့်သွားကြကုန်အယ်။
ACT 5:38 အေးလိုမို့ အဲကိစ္စမှာ အခု နင်လို့အား ငါပြောတာဟ ဟေသူလို့ဟို အရေးမယူကြနဲ့။ သူလို့တတ်တိုင်း ဆိနေပါစေ၊ သူလို့ အကြံအစည်နဲ့ ဟေလှုပ်ဆှားမှုဟ လူလို့ဆေမှဖြစ်ရင် ပျက်စီးသွားလိမ့်မယ်၊
ACT 5:39 အဲလိုလဲ ဘုရားသခင်ဆေမှ ဖြစ်ရင် အဲသူလို့ မတားဆီးနိန်လဲ့အပြင် နင်လို့ဟ ဘုရားသခင်ဟို ဆန့်ကျင်သူများ ဖြစ်သွားနိန်အယ်” ဟု ဆိုအယ်။ တရားလွှတ်တော် အဖွဲ့ဝင်လို့ဟ ဂါမလျေလရဲ့ အကြံပေးချက်ဟို လက်ခံကြအယ်။
ACT 5:40 သူလို့ဟ တမန်တော်လို့ဟို ခေါ်လျက် သူလို့အား ကြိမ်ဒဏ်ခတ်ကာ “ယေရှုရဲ့ နာမဟို အမှီပြုယွေ့ သွန်သင်ခြင်းဟို နောက်တခါ မပြုရ” ဟု အမိန့်ပေးပင်းနောက် လွှတ်လိုက်ကြအယ်။
ACT 5:41 တမန်တော်လို့ဟ ယေရှုရဲ့ နာမတော်ကျောန့် အဆှက်ကွဲခြင်းဟို ခံထိုက်သူများအဖြစ်ဖြင့် ဘုရားသခင် မှတ်သောကျောန့် ဝမ်းမြောက်စွာ တရားလွှတ်တော်မှ ထွက်သွားကြအယ်။
ACT 5:42 အားပင်း နေ့စဉ်နေ့တိုင်း ဗိမာန်တော်တွင် လည်းကောင်း၊ လူလို့ရဲ့ နေအိုင်များတွင် လည်းကောင်း ယေရှုဟ မေဆှိယ ဖြစ်အယ်ဟူသော သတင်းကောင်းအကျောန်းဟို ဟောပင်း ဆက်လက်ယွေ့ သွန်သင်ကြအယ်။
ACT 6:1 အေးနေ့ရက်များနှိုက် တဘဲ့တော်များ တိုးပွားလာသောအခါ၊ ဟေလသစကားဟို ပြောသော ယုဒလူလို့ဟ မိမိလို့ထဲမှ မုဆိုးမများဟ နေ့စဉ် ထောက်ပံ့ခြင်းအမှုတွင် လျစ်လျူရှုခံရအယ်ဟု ဟေဗြဲစကားဟို ပြောသော ယုဒလူလို့ဟို အပစ်တင်ကြအယ်။
ACT 6:2 အဲလိုမို့ တဆယ့်နေပါးသော တမန်တော်လို့ဟ တဘဲ့တော်အပေါင်းလို့ဟို ခေါ်ယွေ့ “ငါလို့ဟ ဘုရားသခင်ရဲ့ နှုတ်ကပတ်တရားတော် ဟောပြောမှုဟို လျစ်လျူရှုပင်း ငွေရေးကြေးရေး စီမံဆောင်ရွက်ရန် မသင့်။
ACT 6:3 အဲလိုမို့ ငါ့ မိတ်ဆွေလို့၊ နင်လို့အထဲမှ ဝိညာဉ်တော်နဲ့ လည်းကောင်း၊ ဉာဏ်ပညာနဲ့ ပြေ့ဝယွေ့ ဂုဏ်သတင်းကောင်းသော လူခုနေဦးဟို ရွေးချယ်ကြလော့။ ငါလို့ဟ အေးသူလို့ဟို ဟေတာဝန်အတွက် ခန့်ထားမယ်၊
ACT 6:4 ငါလို့တတ်တိုင်းဟ ဆုတောင်းခြင်းနဲ့ နှုတ်ကပတ်တော် ဟောပြောခြင်း အလုပ်အားဖြင့်သာ အချိန်ဟို ကုန်လွန်စေကြမယ်” ဟု ဆိုအယ်။
ACT 6:5 ဟေအကြံဟို တဘဲ့တော် တဖွဲ့လုံးဟ နှစ်သက်ကြအယ်။ သူလို့ဟ ယုံကြည်ခြင်း အားကြီးယွေ့ သန့်ဆှင်းသော ဝိညာဉ်တော်နဲ့ ပြေ့ဝသူ သတေဖန် မှစယွေ့ ဖိလိပ္ပု၊ ပြောခေါ်၊ နိကနော်၊ တိမုန်၊ ပါမေနနဲ့ ယုဒဘာသာသို့ ကူးပြောင်းလာသူ အန္တိအုတ်မြို့သား နိကောလလို့ဟိုလည်း ရွေးချယ်ကြအယ်။
ACT 6:6 အဲသူလို့အား တမန်တော်လို့ ဆေ့မှာ ရပ်စေကြပင်း၊ တမန်တော်လို့ဟ ဆုတောင်းယွေ့ အဲသူလို့ရဲ့ ခေါင်းပေါ်မှာ မိမိလို့ရဲ့လက်ဟို တင်ကြအယ်။
ACT 6:7 အဲလိုမို့ ဘုရားသခင်ရဲ့ နှုတ်ကပတ် တရားတော်ဟ ဆက်လက်ပင်း ပျံ့နှံ့သွားအယ်။ ယေရုရှလင်မြို့တွင် တဘဲ့တော်လို့ရဲ့ အရေအတွက်ဟ ရမ်းဆာ့ တိုးပွားပင်း၊ ယဇ်ပုရောဟိတ် အမြောက်အများပင် ယုံကြည်ခြင်းတရားဟို လက်ခံလာကြအယ်။
ACT 6:8 သတေဖန်ဟ ဘုရားသခင်ရဲ့ ကောင်းချီးမင်္ဂလာဟို ကြွယ်ဝစွာ ခံစားရသူ၊ တန်ခိုးတော်နဲ့ ပြေ့ဝသူဖြစ်သဖြင့် အံ့ဩဖွယ်ရာအမှုများနဲ့ နိမိတ်လက္ခဏာများဟို လူလို့ဆေ့တွင် ပြုလေအယ်။
ACT 6:9 အဲပင်းရင် လွတ်လပ်သောသူများ လို့ခေါ်လဲ့ တရားဇရပ်မှ လူအချို့လို့ဖြစ်ကြသော ကုရေနေမြို့သားနဲ့ အာလေဇန္ဒြူယမြို့သားမှ စယွေ့ ကိလိကိပြေနဲ့ အာရှပြေမှ လာသောသူလို့ဟ ထယွေ့ သတေဖန်နဲ့ စတင် ငြင်းကြအယ်။
ACT 6:10 အဲလိုလဲ သတေဖန်ဟ ဝိညာဉ်တော်ပေးလဲ့ အသိပညာနဲ့ ပြောဆိုသဖြင့် အဲသူလို့ဟ ချေပနိန်စွမ်း မဆိကြ။
ACT 6:11 အေးလိုမို့ သူလို့ဟ လူလို့အား သွေးထိုးပေးယွေ့ “ဟေသူဟ မောရှေနဲ့ ဘုရားသခင်အား ပစ်မား ပြောဆိုတာဟို ငါလို့ ကြားအယ်” ဟု ပြောခိုင်းကြအယ်။
ACT 6:12 ဟေနည်းအားဖြင့် သူလို့ဟ လူများ၊ ကျမ်းတတ်ဆရာများနဲ့ အကြီးအကဲများအား လှုံ့ဆော်ကြအယ်။ သူလို့ဟ သတေဖန်ဟို ဝင်ရောက် ဖမ်းဆီးယွေ့ သူ့ဟို တရားလွှတ်တော်ဆေ့ ခေါ်သွားကြအယ်။
ACT 6:13 အဲပင်းရင် သူလို့ဟ မမန်လဲ့ သက်သေများဟို ခေါ်ခဲ့ယွေ့ အဲသက်သေများဟ “ဟေသူဟ သန့်ဆှင်းသော အရပ်နဲ့ ပညတ်တရားတော်ဟို ဆန့်ကျင်ယွေ့ အမြဲတမ်း ပြောဆိုလျက်နေအယ်။
ACT 6:14 နာဇရက်မြို့သား ယေရှုဟ ဗိမာန်တော်ဟို ဖျက်ဆီးယွေ့ ငါလို့အား မောရှေ ပေးအပ်ခဲ့လဲ့ ထုံးတမ်းစဉ်လာများဟို ပြောင်းလဲစေလိမ့်မယ် ဖြစ်ကျောန်း အဲသူပြောဆိုတာဟို ငါလို့ ကြားရအယ်” ဟု ထွက်ဆိုကြအယ်။
ACT 6:15 တရားလွှတ်တော်တွင် ထိန်လျက်နေကြသော သူအပေါင်းလို့ဟ သတေဖန်ဟို အာရုံစိုက်ယွေ့ ကျေ့သောအခါ သူ့ရဲ့ မျက်နှာဟ ခေါန်းခင်တမန် မျက်နှာနဲ့တူတာဟို တွေ့မျော်ရကြအယ်။
ACT 7:1 ယဇ်ပုရောဟိတ်မင်းဟ သတေဖန်ဟို “အဲဟာ မန်ပါသလော” ဟု မေးအယ်။
ACT 7:2 သတေဖန်ဟ၊ “ညီအကိုလို့နဲ့ အဖလို့ ငါ့စကားဟို နားထောင်ကြလော့၊ ငါလို့အဖ အာဗြဟံဟ ခါရန်မြို့နှိုက် မနေခင်၊ မေသောပေါတာမိပြေတွင် ဆိခါ၊ ဘုရားသခင်ရဲ့ ဘုန်းတော်ဟ သူ့ဆေမှာ ပေါ်လာအယ်။
ACT 7:3 ဘုရားသခင်ဟ ‘နင့်ရဲ့ ပြေနဲ့ နင့်ရဲ့ လူများလို့ဆေမှ ထွက်ယွေ့ ငါပြမဲ့ ပြေဟို သွားလော့’ ဟု မိန့်အယ်။
ACT 7:4 အဲအခါ သူဟ ခါလဒဲပြေမှ ထွက်ယွေ့ ခါရန်မြို့ဟို သွားရောက် နေထိန်အယ်။ သူရဲ့အဖ သေပင်းနောက်၊ ဘုရားသခင်ဟ အခု နင်လို့နေသော ဟေပြေဟို အဲမြို့မှ ပြောင်းစေအယ်။
ACT 7:5 အဲလိုလဲ ဟေပြေနှိုက် ခြေချစရာနေရာဟိုမှ အမွေအဖြစ် မပေးဘဲ သူတတ်တိုင်းနဲ့ သူ့ရဲ့ အမျိုးအနွယ်လို့အား ဟေပြေဟို အပိုင်ပေးမယ်ဟု အာဗြံဟံနှိုက် လူပဲ့သငယ်တယောက်မှ မဆိခင် သူ့အား ကတိပေးအယ်။
ACT 7:6 ဘုရားသခင်ဟ အေးနည်းလမ်းအားဖြင့် သူ့ဟို ပြောတာဟ ‘နင့်ရဲ့ အမျိုးအနွယ်ဟ သူတပါးပိုင်သော ပြေနှိုက် တစိမ်း ဖြစ်ကြသဖြင့်၊ သူလို့ဟ ကျွန်ခံခြင်းနဲ့ နှိပ်စက်ညှဉ်းဆဲခြင်းဟို အနှစ် ၄၀၀ ပတ်လုံး ခံရကြလိမ့်မယ်။
ACT 7:7 အဲလိုလဲ သူလို့ဟို အစေခံသော လူမျိုးဟိုလည်း ငါ စီရင်မယ်၊ အဲပင်းရင်မှ သူလို့ဟ အေးပြေမှ ထွက်ယွေ့ ဟေအရပ်တွင် ငါ့အား ဝတ်ပြုကြလိမ့်မယ်’ ဘုရားသခင် မိန့်အယ်။
ACT 7:8 အဲပင်းရင် ဘုရားသခင်ဟ ပဋိညာဉ်ရဲ့ အမှတ်လက္ခဏာတရပ် အနေဖြင့် အရေဖျားလှီးခြင်းမင်္ဂလာဟို အာဗြဟံအား အပ်ပေးအယ်။ အဲလို မို့ အာဗြဟံဟ ဣဇက်ဟို ရပင်းနောက် ဆစ်ရက်မြောက်သောနေ့တွင် သူ့အား အရေဖျားလှီးမင်္ဂလာဟို ပေးအယ်။ ဣဇက်သား ယာကုပ်၊ ယာကုပ်သားများမှာ တဆယ့်နေပါးသော မျိုးနွယ်ဖြစ်ပင်း၊ ငါလို့ရဲ့ ကျော်ကြားလဲ့ ဖိုးဖေးများ ဖြစ်ကြအယ်။
ACT 7:9 “ယာကုပ်ရဲ့ သားလို့ဟ မိမိလို့ ညီယောသပ်အား မနာလိုသဖြင့် အဲဂုတ္တုပြေဟို ကျွန်အဖြစ် ရောင်းလိုက်ကြအယ်။ အဲလိုလဲ ဘုရားသခင်ဟ သူနဲ့အတူ ဆိယွေ့၊
ACT 7:10 သူ့အား ဒုက္ခဆင်းရဲအပေါင်းမှ ကယ်နုတ်အယ်။ ဘုရားသခင်ဟ ယောသပ်အား ဉာဏ်ပညာဟို ပေးလျက် အဲဂုတ္တု ဖာရောဘုရင်ရဲ့ ဆေ့တော်တွင် မျက်နှာရစေအယ်။ ဘုရင်ဟ သူ့ဟို အဲဂုတ္တုဘုရင်ခံ အဖြစ်ဖြင့်လည်းကောင်း၊ နန်းတော်အုပ်အရာဖြင့် လည်းကောင်း ခန့်ထားအယ်။
ACT 7:11 အဲပင်းရင် အဲဂုတ္တုပြေနဲ့ ခါနာန်ပြေလို့တွင် အစာငတ်မွတ် ခေါင်းပါးခြင်းဘေး ဆိုက်ရောက်သဖြင့် ကြီးသော ဆင်းရဲဒုက္ခ ရောက်ကုန်ကြအယ်။ ငါလို့ ဖိုးဖေးလို့မှာ အစာယေစာ မဆိကြတော့ချေ။
ACT 7:12 အဲလိုလဲ အဲဂုတ္တုပြေတွင် အစားအစာများ ဆိကျောန်း ယာကုပ် ကြားသောအခါ ငါလို့ရဲ့ ဖိုးဖေးများဟို ပထမအကြိမ် စေလွှတ်လိုက်အယ်။
ACT 7:13 ဒုတိယအကြိမ်တွင် ယောသပ်ဟ သူရဲ့ ညီအကိုလို့အား မိမိအကျောန်းဟို ဖော်ပြသဖြင့် ယောသပ်ရဲ့ မိသားစုဟို ဖာရောဘုရင် သိဆိလာအယ်။
ACT 7:14 အဲအခါ ယောသပ်ဟ သူ့ရဲ့ အဖ ယာကုပ်နဲ့တကွ စုစုပေါင်း ခုနေဆယ့်ငါးယောက်သော ဆွေမျိုးသားချင်းလို့ဟို အဲဂုတ္တုပြေသို့ ခေါ်အယ်။
ACT 7:15 အဲပင်းရင် ယာကုပ်ဟ အဲဂုတ္တုပြေဟို သွားယွေ့ အဲပြေတွင် သူနဲ့ သူရဲ့သားများ သေကြအယ်။
ACT 7:16 သူလို့ရဲ့ အလောင်းများဟို ရှေခင်မြို့ဟို သယ်ဆောင်ပင်း အဲမြို့နေ ဟာမော်ရဲ့ သားများဆေမှ တန်ဖိုးငွေ ပေးယွေ့ အာဗြဟံ ဝယ်ယူထားခဲ့လဲ့ လုတ်တိုင်းတွင် သင်္ဂြိုဟ်ကြအယ်။
ACT 7:17 “ဘုရားသခင်ဟ အာဗြဟံအား ထားသော သူ့ရဲ့ ကတိတော်ဟို ပြေ့စုံစေရန် အချိန်နီးကပ်လာသောအခါ အဲဂုတ္တုပြေတွင် လူဦးရေ ရမ်းဆာ့ တိုးပွားခဲ့အယ်။
ACT 7:18 နောက်ဆုံးမှာ အဲဂုတ္တုပြေတွင် ယောသပ်ဟို မသိသော ဘုရင်တပါး စတင် အုပ်ချုပ်ခဲ့အယ်။
ACT 7:19 အဲဘုရင်ဟ ငါလို့ ဖိုးဖေးလို့ဟို လိမ်စားယွေ့ သူလို့အား နှိပ်စက်ညှဉ်းဆဲကာ၊ သူလို့ရဲ့ အောင်ငဲငယ်များအား သေစေရန် နေအိုင်ပြင်တွင် လောထားစေအယ်။
ACT 7:20 အဲချိန်ကာလမှာ မောရှေ မွေးလာခဲ့ပင်း၊ သူဟ ဘုရားသခင်ရဲ့ ဆေ့တော်နှိုက် ရမ်းဆာ့လှသော အောင်ငဲငယ် ဖြစ်အယ်။ သုံးလတိန်တိန် သူ့အဖရဲ့ နေအိုင်တွင် ပြုစုစောင့်ဆှောက်ခြင်းဟို ခံခဲ့ရအယ်။
ACT 7:21 အားပင်း သူဟ နေအိုင်ပြင်တွင် လောထားခြင်း ခံရသောအခါ ဖာရောဘုရင်ရဲ့ သမီးတော်ဟ သူ့အား ကောက်ယူပင်း မိမိသားအဖြစ် မွေးစားအယ်။
ACT 7:22 မောရှေဟ အဲဂုတ္တုအမျိုးသားလို့ရဲ့ အတတ်ပညာအားလုံးဟို သင်ယူယွေ့ နေလုံးရည် လက်ရုံရည်လို့ဖြင့် ပြေ့စုံသူ ဖြစ်လာအယ်။
ACT 7:23 “သူဟ အသက်လေးဆယ် ဆိသောအခါ မိမိရဲ့ အမျိုးသားချင်းဖြစ်လဲ့ ဣသရေလအမျိုးသားလို့ ဆေဟို သွားရောက်လည်ပတ်ရန် စိတ်ပိုင်းဖြတ်အယ်။
ACT 7:24 အားပင်း လူတဦးဟ မတရားသဖြင့် ပြုခြင်းခံနေရတာဟို အေးသူဟ ကူညီလျက် အဲဂုတ္တုအမျိုးသားဟို ရိုက်သတ်ကာ နှိပ်စက်ခံရသူအတွက် ခလဲ့စားချေလေအယ်။
ACT 7:25 မောရှေဟ သူ့အားဖြင့် သူ့ရဲ့ လူလို့အား လွတ်မြောက်ခြင်းဟို ဘုရားသခင် ပေးမယ်ဖြစ်ကျောန်း သူလို့ နားလည်ကြလိမ့်မယ်ဟု ထင်ခဲ့သော်လည်း သူလို့ဟ နားမလည်ခဲ့ကြပေ။
ACT 7:26 နောက်တနေ့တွင် ဣသရေလ အမျိုးသားနေယောက် ရန်ဖြစ်လျက်နေတာဟို မျော်ရင် မောရှေဟ ‘လူလို့၊ နားထောင်ကြလော့၊ နင်လို့ဟ ညီအကိုချင်း ဖြစ်ပါလျက်နဲ့ ပစာကျောန့် ဟေလို့ အချင်းချင်း မတရားပြုနေကြလုန်း’ ဟု ဆိုယွေ့ ငြိမ်သက်အောန် သူလို့ကြားမှာ ဖျန်ဖြေအယ်။
ACT 7:27 အဲလိုလဲ မတရားသဖြင့် ပြုသူဟ မောရှေအား ဘေးဟို တွန်းဖယ်လိုက်ပင်း ‘ငါလို့အား တရားစီရင် အုပ်ချုပ်သူအဖြစ်ဖြင့် နင့်ဟို စသူ ခန့်ထားလုန်း။
ACT 7:28 ယမန်နေ့ဟ အဲဂုတ္တုအမျိုးသားဟို သတ်သလိုမျိုး ငါ့ဟိုလည်း သတ်လိုသလော’ ဟု မေးအယ်။
ACT 7:29 မောရှေဟ အေးစကားဟို ကြားသောအခါ အဲဂုတ္တုပြေမှ ထွက်ပြေးယွေ့ မိဒျန်ပြေတွင် နေထိန်လေအယ်။ သူဟ အဲပြေတွင် အောင်နီငယ် နေယောက်ဟို ရခဲ့အယ်။
ACT 7:30 “အနှစ်လေးဆယ် ကြာပင်းနောက် သိနာတောင်အနီး တောကန္တာရတွင် မီးလောင်သော ချုံပုတ်နှိုက် ခေါန်းခင်တမန်ဟ မောရှေဆေ ထင်ဆှားလေအယ်။
ACT 7:31 အဲအရာဟို မျော်သောအခါ၊ မောရှေဟ ရမ်းဆာ့ အံ့ဩသဖြင့် ၎င်းဟို ကျေ့ရန် အနီးဟို တိုးလိုက်ရာ၊
ACT 7:32 ‘ငါဟ နင့်ဖိုးဖေးလို့ရဲ့ ဘုရား၊ အာဗြဟံ၊ ဣဇက်၊ ယာကုပ်လို့ရဲ့ ဘုရား ဖြစ်အယ်’ ဟု ထာဝရဘုရားရဲ့ အသံတော်ဟို ကြားရအယ်။ မောရှေဟ တုန်လှုပ်လျက် မကျေ့ရဲဘဲ နေအယ်။
ACT 7:33 ထာဝရဘုရားဟ သူ့အား ‘နင်ခြေနင်းရာ အရပ်ဟ သန့်ဆှင်းသော မြေ ဖြစ်ယွေ့ နင့်ရဲ့ ဖိနပ်ဟို ချွတ်လော့။
ACT 7:34 ငါဟ အဲဂုတ္တုပြေနှိုက် ဆိသော ငါရဲ့ လူစုတော် နှိပ်စက်ညှဉ်းဆဲခြင်း ခံရကြတာဟို ငါ မျော်ရပီ။ သူလို့ရဲ့ ညည်းတွားသံဟိုလည်း ငါ ကြားရပီ ဖြစ်ယွေ့ သူလို့အား ကယ်နုတ်ရန် ငါ ဆင်းလာခဲ့ပီ။ အခု လာလော့၊ နင့်ဟို အဲဂုတ္တုပြေသို့ ငါ စေလွှတ်မယ်’ ဟု မိန့်အယ်။”
ACT 7:35 “မောရှေဟ ဣသရေလ အမျိုးသားလို့ရဲ့ ပစ်ပယ်ခြင်းဟို ခံရသူဖြစ်အယ်။ သူလို့ဟ ‘ငါလို့ဟို တရားစီရင် အုပ်ချုပ်သူအဖြစ် နင့်အား စသူ ခန့်ထားလုန်း’ ဟု မေးကြအယ်။ သူဟ လူလို့ဟို အုပ်ချုပ်ရန်နဲ့ မီးလောင်သော ချုံတွင် ထင်ဆှားသော ခေါန်းခင်တမန် တပါးရဲ့ အကူအညီဖြင့် သူလို့ လွတ်မြောက်ရေး ဆောင်ရွက်ရန် ဘုရားသခင် စေလွှတ်သောသူ ဖြစ်အယ်။
ACT 7:36 သူဟ အဲဂုတ္တုပြေနဲ့ ပင်လယ်နီတွင် လည်းကောင်း၊ အနှစ်လေးဆယ်ပတ်လုံး တောကန္တာရနှိုက် လည်းကောင်း အံ့ဩဖွယ်ရာ နိမိတ်လက္ခဏာများဟို ပြလျက် ဣသရေလအမျိုးသားလို့ဟို အဲဂုတ္တုပြေမှ ထုတ်ဆောင်လာသူ ဖြစ်အယ်။
ACT 7:37 ‘နင့်လူလို့ အထဲတွင် ငါ့လိုမျိုး ပရောဖက်တပါးဟို ဘုရားသခင်ဟ နင်လို့အတွက် ပေါ်ထွန်းစေလိမ့်မယ်’ ဟု ဣသရေလ အမျိုးသားလို့အား ပြောကြားခဲ့သူမှာ မောရှေပင် ဖြစ်အယ်။
ACT 7:38 သူဟ သိနာတောင်နှိုက် သူ့အား စကားပြောခဲ့သော ခေါန်းခင်တမန်မှ စယွေ့ ငါလို့နဲ့ ဖိုးဖေးများနဲ့အတူ တောကန္တာရတွင် ဆိသော လူအစုအဝေးထဲနှိုက် ဆိလျက် ငါလို့အား ပေးအပ်ရန် အသက်ဆှင်သော နှုတ်ကပတ်တရားဟို လက်ခံရဆိခဲ့အယ်။
ACT 7:39 “အဲလိုလဲ ငါလို့ ဖိုးဖေးများဟ သူရဲ့စကားဟို နားထောင်လိုသောဆန္ဒ မဆိကြ။ အဲအစား၊ သူ့အား ငြင်းပယ်ခြင်းနဲ့ သူလို့ရဲ့ စိတ်နေလုံးဟ အဲဂုတ္တုပြေဟို လှည့်ပြန်ကြအယ်။
ACT 7:40 သူလို့ဟ ‘ငါလို့ အဆေ့ဟ သွားမယ့် ဘုရားများဟို ငါလို့အတွက် ပြုလုပ်ပေးပါ။ ငါလို့အား အဲဂုတ္တုပြေမှ ထုတ်ဆောင်လာသော ဟေမောရှေဆိုသူဟ စလို ဖြစ်နေတာဟို ငါလို့ မသိပါ’ ဟု အာရုန်အား ပြောကြအယ်။
ACT 7:41 အားပင်း သူလို့ဟ အဲနေ့ရက်များနှိုက် နွားသငယ် ရုပ်တုဟို သွန်းလုပ်ယွေ့ အဲရုပ်တုဆေသို့ ယဇ်ဟို ယူဆောင်လာကာ မိမိလို့ လက်နဲ့လုပ်သော ရုပ်တုနှိုက် ပျော်မွေ့နေကြအယ်။
ACT 7:42 အေးလိုမို့ ဘုရားသခင်ဟ သူလို့ဆေမှ မျက်နှာလွှဲယွေ့ ခေါန်းခင်ရဲ့ ကြယ်များဟို ကိုးကွယ်ကြစေရန် သူလို့ဟို လောထားအယ်။ ပရောဖက် ပအုပ်များတွင် ဖော်ပြတာဟ “အို ဣသရေလ လူမျိုးလို့၊ နင်လို့ဟ တောကန္တာရတွင်၊ အနှစ်လေးဆယ်ပတ်လုံးလုံး၊ ယဇ်ပူဇော်ရန် တိရစ္ဆာန်များနဲ့ ယဇ်များဟို ငါ့ဆေဟို ယူဆောင်လာခဲ့ဖူးသလော။
ACT 7:43 နင်လို့ သယ်ဆောင်လာလဲ့ အရာများမှာ မောလုတ်ရဲ့ တဲနဲ့၊ နင်လို့ ဘုရား ရင်ဖန်ရဲ့ ကြယ် ဖြစ်အယ်။ အဲအရာလို့ဟ နင်လို့ ဝတ်ပြု ကိုးကွယ်ရန် သွန်းလုပ်လဲ့ ရုပ်တုများ ဖြစ်ကြအယ်။ အေးလို့မို့ နင်လို့အား ဗာဗုလုန်မြို့ဟို ကျော်လွန်အောန် ငါ ခေါ်ဆောင်သွားလိမ့်မယ်”
ACT 7:44 “ငါလို့ရဲ့ ဖိုးဖေးများအတွက် တောကန္တာရတွင် သက်သေခံ တဲတော် ဆိအယ်။ ၎င်းဟ မောရှေအား သူမျော်ရလဲ့ပုံစံနဲ့ အညီပြုလုပ်ရန် မြွတ်ဆိုသော အဆှင်ဟ မှာကြားလဲ့အတိုင်း ပြုလုပ်ထားသော တဲတော် ဖြစ်အယ်။
ACT 7:45 ငါလို့ဖိုးဖေးများဟ အေးတဲတော်ဟို ဆက်ခံပင်းနောက် သူလို့ဆေ့မှ ဘုရားသခင် မောင်းထုတ်သော လူမျိုးလို့ရဲ့ ပြေဟို ယောရှုနဲ့အတူ ချီတက် သိမ်းပိုက်ကြသောအခါ အေးတဲတော်ဟို သယ်ဆောင်သွားကြအယ်။ အေးတဲတော်ဟ ဒါဝိဒ်မင်း လက်ထက်တိုင်အောန် ဆိနေအယ်။
ACT 7:46 သူဟ ဘုရားသခင်ရဲ့ ဆေ့တော်တွင် မျက်နှာရယွေ့ ယာကုပ်ရဲ့ ဘုရား ကျိန်းဝပ်ရာ ဗိမာန်တော်ဟို တည်ဆောက်ခွင့်ပြုရန် တောင်းဆှောက်ခဲ့အယ်။
ACT 7:47 အဲလိုလဲ ဘုရားသခင်ရဲ့ ဗိမာန်တော်ဟို တည်ဆောက်ခွင့်ရသူမှာ ရှောလမုန်မင်းကြီး ဖြစ်အယ်။
ACT 7:48 “အဲလိုလဲ အမြင့်ဆုံးသော ဘုရားဟ လူတည်ဆောက်သော နေအိုင်များတွင် ကျိန်းဝပ်တော်မမူ ဟု ပရောဖက် ပြောအယ်။
ACT 7:49 “ ‘ခေါန်းခင်ဘုံဟ ငါရဲ့ ပလ္လင် ဖြစ်အယ်၊ မြေကြီးဟ ငါရဲ့ ခြေတင်ရာခုံ ဖြစ်အယ်။ နင်ဟ စလိုအိုင်ဟို ငါ့အတွက် တည်ဆောက်မလုန်း။ ထာဝရဘုရား မိန့်တာဟ အဲဟာမဟုတ်ရင် ငါကျိန်းဝပ်ရာ အရပ်ဟ စနားမှာလုန်း။
ACT 7:50 ငါတတ်တိုင်းပင် ဟေအရာခပ်သိမ်းဟို ဖန်ဆင်းတာ မဟုတ်လော’ ဟု မိန့်အယ်။
ACT 7:51 “နင်လို့ဟ စလောက် ခေါင်းမာကြလုန်း” ဟု သတေဖန်ဟ ဆက်ပြောအယ်။ “နင်လို့ဟ ဘုရားသခင်ရဲ့ တရားစကားဟို နားထောင်ရန် နင်လို့ စိတ်နေလုံးလို့ စလောက် ခိုင်မာကြလုန်း၊ နင်လို့ဟ မိမိလို့ ဖိုးဖေးများလိုမျိုး သန့်ဆှင်းသော ဝိညာဉ်တော်ဟို အမြဲတမ်း ဆန့်ကျင်ဖက်ပြု ကြအယ်။
ACT 7:52 နင်လို့ ဖိုးဖေးများ မနှိပ်စက်မညှဉ်းဆဲဖူးလဲ့ ပရောဖက်တပါးပါး ဆိသလော။ သူလို့ဟ ဖြောင့်မတ်သောသူ ကြွလာမဲ့အကျောန်းဟို ကြိုတင်ဟောကြားကြလဲ့ သူများဟိုပင် သတ်ခဲ့ကြအယ်။ အခု နင်လို့ဟ အဲအဆှင်ဟို သစ္စာဖောက်ယွေ့ သတ်ဖြတ်ကြပီ။
ACT 7:53 နင်ဟ ခေါန်းခင်တမန်များမှ တဆင့် ပေးအပ်လဲ့ ပညတ်တော်ဟို ရဆိသော်လည်း အေးပညတ်တော်ဟို မလိုက်နာကြ” ဟု ဆိုအယ်။
ACT 7:54 ယုဒ တရားလွှတ်တော် အဖွဲ့ဝင်လို့ဟ အေးစကားဟို ကြားသောအခါ သူ့အပေါ် အူထော့ယွေ့ အံသွားကြိတ်ကြအယ်။
ACT 7:55 အဲလိုလဲ သတေဖန်ဟ သန့်ဆှင်းသော ဝိညာဉ်တော်နဲ့ ပြေ့ဝလျက် ခေါန်းခင်ဟို ကျေ့လေရာ၊ ဘုရားသခင်ရဲ့ ဘုန်းအသရေတော်ဟို လည်းကောင်း၊ ဘုရားသခင်ရဲ့ လက်ယာတော်ဖက်တွင် ယေရှု ရပ်နေတာဟို လည်းကောင်း မျော်လေအယ်။
ACT 7:56 သူဟ “ကျေ့ပါ၊ ခေါန်းခင် ဖွင့်လှစ်ယွေ့ လူသားဟ ဘုရားသခင်ရဲ့ လက်ယာဖက်တွင် ရပ်လျက်နေတာဟို ငါမျော်အယ်” ဟု ဆိုအယ်။
ACT 7:57 အဲသူလို့ဟ ကျယ်စွာ ဟစ်အော်လျက် မိမိလို့ရဲ့ နားများဟို လက်နဲ့ပိတ်ပင်း သူ့ဆေဟို တရှိန်ထိုးပြေးကာ၊
ACT 7:58 သူ့ဟို မြို့ပြင်သို့ ဆွဲထုတ်ပင်းနောက် ကျောက်ခဲနဲ့ ပေါက်ကြအယ်။ အသိသက်သေများဟ မိမိလို့ ဝတ်လုံများဟို ရှောလု နာမယ်ဆိသူ လူရွယ်တယောက်ရဲ့ ခြေရင်းနား ချထားကြအယ်။
ACT 7:59 သူ့အား ကျောက်ခဲနဲ့ ပေါက်နေကြခါ သတေဖန်ဟ အဆှင့်ဟို ခေါ်ပင်း “သခင် ယေရှု၊ ငါ့ရဲ့ ဝိညာဉ်ဟို သိမ်းယူပါ” ဟု ဆုတောင်းအယ်။
ACT 7:60 အဲပင်းရင် သူဟ ဒူးထောက်ယွေ့ “သခင်ဘုရား၊ ဟေအပစ်ဟို သူလို့အပေါ် တင်တော်မမူပါနဲ့” ဟု အသံကျယ်စွာ ကြွေးကြော်ပင်းနောက် အသက်ချုပ်လေအယ်။
ACT 8:1 ရှောလုဟ သတေဖန်ရဲ့ လူသတ်မှုဟို သက်သေပြုခဲ့အယ်။ အဲနေ့မှ စပင်း ယေရုရှလင်မြို့ဆိ အသင်းတော်အပေါ် ပြင်းထန်သော ညှဉ်းဆဲခြင်းဟို ခံရအယ်။ တမန်တော်လို့မှ လွဲယွေ့ ယုံကြည်သူများ အားလုံးဟ ယုဒပြေနဲ့ ရှမာရိပြေများ တဆှောက် ကျဲပြေးကြကုန်အယ်။
ACT 8:2 ဘုရားတရား ကြည်ညိုသူ အချို့လို့ဟ သတေဖန်ဟို သင်္ဂြိုဟ်ယွေ့ သူ့အတွက် ရင်ဖတ်တီးပင်း ရမ်းဆာ့ ငိုကကြအယ်။
ACT 8:3 အဲလိုလဲ ရှောလုဟ အသင်းတော်ဟို ဖျက်ဆီးရန် ကြိုးစားလျက် နေပင်း၊ သူဟ နေအိုင်တအိုင်ပင်း တအိုင်ဝင်ယွေ့ ယုံကြည်သူ ယောက်ျား မိန်းမလို့ဟို ဆွဲထုတ်ကာ အကျဉ်းထောင်တွင် ထည့်ထားလေအယ်။
ACT 8:4 ကျဲပြေးသွားလဲ့ ယုံကြည်သူလို့ဟ အရပ်ရပ်ဟို သွားယွေ့ သတင်းကောင်းဟို ဟောပြောကြအယ်။
ACT 8:5 ဖိလိပ္ပုဟ ရှမာရိပြေဆိ မြို့တော်ဟို သွားယွေ့ မေဆှိယရဲ့ အကျောန်းဟို အဲမှာဆိလဲ့ လူလို့အား ဟောပြောအယ်။
ACT 8:6 လူအုပ်လို့ဟ ဖိလိပ္ပု ပြုလဲ့ နိမိတ်လက္ခဏာများဟို ကြားမျော်ရသောအခါ၊ သူပြောလဲ့အရာဟို သူလို့အားလုံးဟ အာရုံစိုက်ယွေ့ နားထောင်ကြအယ်။
ACT 8:7 နတ်ဆိုးများဟ လူများစွာထဲမှ အသံကျယ်စွာ အော်ယွေ့ ထွက်ခွာသွားကြပင်း၊ လေဖြတ်သူများနဲ့ ခြေလက်မသန်စွမ်းသူများလည်း ကျန်းမာကြအယ်။
ACT 8:8 အေးလိုမို့ အဲမြို့နှိုက် ကြီးသော ဝမ်းမြောက်ခြင်း ဆိကြအယ်။
ACT 8:9 အဲမြို့နှိုက် ရှိမုန်ဆိုသူ လူတယောက် နေထိန်အယ်။ သူဟ မခင်ကတည်းဟ မှော်အတတ်ဟို သုံးယွေ့ ရှမာရိနယ်သား အားလုံးဟို အံဩစေအယ်။ မိမိကိုယ်ကို ကြီးမြတ်သောတဦး ဖြစ်အယ်ဟု ကြွေးကြော်အယ်၊
ACT 8:10 မြို့ထဲမှဆိလဲ့ အတန်းအစားအမျိုးမျိုးမှ လူအပေါင်းလို့ဟ သူ့ဟို အာရုံစိုက်ယွေ့ နားထောင်ကြအယ်။ သူလို့ဟ “ဟေလူဟ ကြီးမြတ်သော တန်ခိုးတော်ဟု ခေါ်သော ဘုရားရဲ့ တန်ခိုးတော်ပင် ဖြစ်အယ်” ဟု ဆိုကြအယ်။
ACT 8:11 သူလို့ဟ သူ့ဟို အာရုံစိုက်ကြခြင်းမှာ သူဟ အချိန်ကြာအောန် မှော်အတတ်နဲ့ သူလို့ဟို အံ့ဩငေးမောစေခဲ့သောကျောန့် ဖြစ်အယ်။
ACT 8:12 အဲလိုလဲ ဖိလိပ္ပုဟ ဘုရားသခင်ရဲ့ နိုင်ငံတော်နဲ့ ယေရှု ခရစ်တော်ရဲ့ နာမတော်အကျောန်း သတင်းကောင်းဟို ဟောပြောသောအခါ သူလို့ ယုံကြည်လာကြသဖြင့် ယောက်ျား မိန်းမလို့ဟ နှစ်ခြင်းဟို ခံယူကြအယ်။
ACT 8:13 ရှိမုန် တတ်တိုင်းဟလည်း ယုံကြည်သဖြင့်၊ နှစ်ခြင်း ခံယူပင်းနောက် ဖိလိပ္ပုဆေတွင် အနီးကပ် ဆည်းကပ်လျက် ကြီးမားသော အံ့ဩဖွယ်ရာများနဲ့ နိမိတ်လက္ခဏာများ ပြုတာဟို မျော်ရသောအခါ အံဩမိန်းမောလေအယ်။
ACT 8:14 ယေရုရှလင်မြို့ဆိ တမန်တော်လို့ဟ ရှမာရိလူမျိုးလို့ ဘုရားသခင်ရဲ့ တရားတော်ဟို ခံယူကြကျောန်း ကြားရင် ပေတရုနဲ့ ယောဟန်လို့ဟို သူလို့ဆေဟို စေလွှတ်ကြအယ်။
ACT 8:15 သူလို့ဟ ရောက်လာသောအခါ၊ သန့်ဆှင်းသော ဝိညာဉ်တော်ဟို အေးယုံကြည်သူအသစ်လို့ဟ ခံယူကြစေရန် သူလို့အတွက် ဆုတောင်းကြအယ်၊
ACT 8:16 ပစာကို့ သူလို့ဟ ယေရှုရဲ့ နာမတော်နှိုက် နှစ်ခြင်းဟို ခံယူထားရုံမျှသာ ဆိပင်း၊ သူလို့တွင် စသူ့အပေါ်မှ သန့်ဆှင်းသော ဝိညာဉ်တော်ဟ မသက်ရောက်သေးချေ။
ACT 8:17 အဲပင်းရင် ပေတရုနဲ့ ယောဟန်လို့ဟ အေးသူလို့ရဲ့ အပေါ် လက်တင်ကြသောအခါ သူလို့ဟ သန့်ဆှင်းသော ဝိညာဉ်တော်ဟို ခံယူရဆိကြအယ်။
ACT 8:18 တမန်တော်လို့ရဲ့ လက်တင်ခြင်းအားဖြင့် ဝိညာဉ်တော်ဟို ယုံကြည်သူလို့ရဆိကျောန်းဟို ရှိမုန် မျော်ရင်၊ သူဟ ပိတ်ဆန်ဟို ပေတရုနဲ့ ယောဟန်ဆေမှာ ပေးလှူကာ၊
ACT 8:19 “ငါ လက်တင်သောသူတိုင်းဟ သန့်ဆှင်းသော ဝိညာဉ်တော်ဟို ခံရစေနိန်သော တန်ခိုးဟို ငါ့အားလည်း ပေးပါ” ဟု ဆိုအယ်။
ACT 8:20 ပေတရုဟ “နင်ဟ ဘုရားသခင်ရဲ့ ဆုကျေးဇူးတော်ဟို ပိတ်ဆန်နဲ့ ဝယ်ယူမယ်ဟု ထင်သောကျောန့် နင်ရဲ့ ပိတ်ဆန်ဟ နင်နဲ့အတူ ပျက်စီးပါစေ။
ACT 8:21 ဘုရားသခင်ရဲ့ ဆေ့တွင် နင့်ရဲ့ စိတ်ထား မမန်ကန်သောကျောန့် ဟေအလုပ်တွင် နင်မပါဝင်နိန် အဲဟာမဟုတ်ရင် နင့်ဝေစုလည်း မဆိ။
ACT 8:22 အဲလိုမို့ နင်နှိုက်ဆိသော ဟေဆိုးညစ်မှုအတွက် နောင်တရလျက် ဘုရားသခင်ဆေ ဆုတောင်းကြလော့၊ အေးလို့လုပ်ရင် နင့်စိတ်နေလုံးရဲ့ အကြံအစည်အတွက် နင်ဟ ခွင့်လွှတ်ခြင်း ခံရကောင်း ခံရလိမ့်မယ်။
ACT 8:23 အကျောန်းမှာ နင်ဟ မနာလိုစိတ်နဲ့ ပြေ့နေယွေ့ အပစ်ရဲ့ အနှောင်အဖွဲ့နှိုက် ဆိနေတာဟို ငါမျော်အယ်” ဟု ဆိုအယ်။
ACT 8:24 ရှိမုန်ဟ “နင်လို့ ပြောလဲ့အရာတခုမျှ ငါ့အပေါ် မသက်ရောက်စေရန် ဘုရားသခင်နား ငါ့အတွက် ဆုတောင်းပေးကြပါ” ဟု ပြန်ပြောလေအယ်။
ACT 8:25 ပေတရုနဲ့ ယောဟန်လို့ဟ ဘုရားသခင်ရဲ့ နှုတ်ကပတ်တရားဟို သက်သေခံယွေ့ ဟောပြောကြပင်းနောက် ယေရုရှလင်မြို့သို့ ပြန်သွားကြအယ်။ သူလို့ အပြန်လမ်းခရီးတွင် ရမ်းဆာ့သော ရှမာရိရွာလို့နှိုက် သတင်းကောင်းဟို ဟောပြောကြအယ်။
ACT 8:26 ထာဝရဘုရားရဲ့ ခေါန်းခင်တမန်ဟ ဖိလိပ္ပုအား “နင်ဟ ထယွေ့ ယေရုရှလင်မြို့မှ ဂါဇမြို့သို့ သွားရာလမ်းအတိုင်း တောင်ဖက်ဟို သွားလော့” ဟု ဆိုအယ်။ အေးလမ်းဟို ဟေနေ့ခေတ်မှာ အသုံးမပြုတော့ပါ။
ACT 8:27 အေးလိုမို့ ဖိလိပ္ပုဟ ထယွေ့ သွားလေအယ်။ အဲအခါနှိုက် အဲသယောပိပြေမှ မိန်းမစိုး အရာဆိတယောက်ဟ ယေရုရှလင်မြို့ဟို သွားရောက်ယွေ့ ဘုရားသခင်အား ကိုးကွယ်ဝတ်ပြုပင်းနောက် မိမိနေအိုင်ဟို ပြန်လည်ထွက်ခွာလာအယ်။ သူဟ အဲသယောပိ ဘုရင်မ ကန္ဒက်ရဲ့ ဘဏ္ဍာအားလုံးဟို စီမံအုပ်ချုပ်ပင်း အရေးပါသောသူ ဖြစ်အယ်။ သူဟ ရထားစီးလျက် ပရောဖက် ဟေရှာယကျမ်းဟို ဖတ်နေအယ်။
ACT 8:29 အဲအခါ ဝိညာဉ်တော်ဟ ဖိလိပ္ပုအား “အေးမြင်းလှည်းအနီးဟို သွားလော့” ဟု အမိန့်ဆိအယ်။
ACT 8:30 အေးလိုမို့ ဖိလိပ္ပုဟ ပြေးယွေ့ သွားရာ ပရောဖက် ဟေရှာယကျမ်းဟို အဲသူ ဖတ်လျက်နေတာဟို ကြားသဖြင့် “နင် ဖတ်နေလဲ့အရာဟို နားလည်သလော” ဟု မေးအယ်။
ACT 8:31 သူဟ “ငါ့အား အနက်ဖွင့်ပြမဲ့သူ မဆိဘဲ စလို နားလည်နိန်မလုန်း” ဟု ပြောပင်းနောက် ဖိလိပ္ပုအား မြင်းလှည်းပေါ်သို့ တက်ယွေ့ မိမိနဲ့အတူ ထိန်ရန် ဖိတ်ခေါ်လေအယ်။
ACT 8:32 အဲသူ ဖတ်လျက်နေလဲ့ ကျမ်းစာချက်မှာ၊ “သူဟ သတ်ရန် လျာထားသော သိုးလိုမျိုး ခေါ်ဆောင်သွားခြင်းဟို ခံရယွေ့၊ သိုးသငယ်ဟ အမွေးညှပ် သူလို့ရဲ့ ဆေ့နှိုက် အသံမထွက်ဘဲ နေသလိုမျိုး သူဟ မိမိ နှုတ်ဟို မဖွင့်ဘဲ နေအယ်။
ACT 8:33 သူဟ နှိမ့်ချခြင်း ခံရခါနှိုက် သူ့အတွက် တရားသဖြင့် စီရင်ပေးခြင်း မဆိကြ။ သူရဲ့ အသက်ဟို မြေကြီးပေါ်မှ ရုပ်သိမ်းသွားသောကျောန့် သူရဲ့ သားမြေးများအကျောန်းဟို စသူ ပြောပြနိန်မလုန်း” ဟူယွေ့ ဖြစ်အယ်။
ACT 8:34 အဲအရာဆိဟ ဖိလိပ္ပုအား “ပရောဖက်ဟ စသူရဲ့ အကျောန်းဟို ပြောဆိုလျက် နေလုန်း။ မိမိရဲ့ အကျောန်းလော အဲဟာမဟုတ်ရင် အခြားသူတယောက်ရဲ့ အကျောန်းလော၊ ငါ့အား ပြောပြမန့်” ဟု ဆိုအယ်။
ACT 8:35 အဲပင်းရင် ဖိလိပ္ပုဟ အေးကျမ်းစာပိုဒ်နဲ့ပင် အစပြုယွေ့ ယေရှုအကျောန်း သတင်းကောင်းဟို ပြောလေအယ်။
ACT 8:36 သူလို့ဟ ဆက်လက်ယွေ့ ခရီးပြုကြခါ ယေဆိလဲ့ အရပ်သို့ ရောက်လာသဖြင့် အရာဆိဟ “ဟေအရပ်တွင် ယေဆိအယ်။ နှစ်ခြင်းဟို ငါမခံယူစေရန် ဆီးတားလဲ့အကျောန်း ဆိသလော” ဟု ဆိုအယ်။
ACT 8:37 
ACT 8:38 အရာဆိဟ မြင်းလှည်းဟို ရပ်စေရန် အမိန့်ပေးပင်း၊ သူလို့နေယောက်ဟ ယေထဲသို့ ဆင်းသွားကြပင်း ဖိလိပ္ပုဟ အရာဆိအား နှစ်ခြင်းဟို ပေးအယ်။
ACT 8:39 သူလို့ ယေမှ တက်လာကြသောအခါ ထာဝရဘုရားရဲ့ ဝိညာဉ်တော်ဟ ဖိလိပ္ပုအား တပါးအရပ်သို့ ဆောင်ယူသွားကြအယ်။ အရာဆိဟ ဖိလိပ္ပုဟို နောက်တခါ မတွေ့ရတော့ပေမဲ့ သူဟ ဝမ်းမြောက်ဝမ်းသာစွာ ဆက်လက် ခရီးပြုလေအယ်။
ACT 8:40 ဖိလိပ္ပုဟ အာဇုတ်မြို့ဟို မိမိတတ်တိုင်း ရောက်ဆိနေတာကျောန်း သိရအယ်။ သူဟ ကဲသရိမြို့သို့ သွားပင်း လမ်းခရီးတွင် တမြို့ပင်း တမြို့ဟို ဝင်ယွေ့ သတင်းကောင်းဟို ဟောလေအယ်။
ACT 9:1 ဟေအတောတွင်း ရှောလုဟ သခင်ဘုရားရဲ့ တဘဲ့တော်လို့အား သတ်ဖြတ်ရန် ခြိမ်းခြောက်လျက် နေအယ်။ သူဟ ယဇ်ပုရောဟိတ်မင်းဆေ သွားပင်း၊
ACT 9:2 ဘုရားသခင်ရဲ့ လမ်းစဉ်ဟို လိုက်ဆှောက်သောသူ ယောက်ျား မိန်းမလို့ဟို တွေ့ဆိပါက အဲသူလို့ဟို ဖမ်းဆီးယွေ့ ယေရုရှလင်မြို့သို့ ခေါ်ဆောင်လာနိန်ရန် ဒမာသက်မြို့ဆိ တရားဇရပ်များဆေဟို အမိန့်စာများရေးပေးရန် သူ့ဆေမှ တောင်းလေအယ်။
ACT 9:3 သူဟ ခရီးပြုယွေ့ ဒမာသက်မြို့ အနီးဟို ရောက်သောအခါ မိုးခေါန်းခင်မှ အလင်းရောင်ခြည်တခုဟ သူရဲ့ ပတ်လည်တွင် ခုတုံး ထွန်းတောက်လာအယ်။
ACT 9:4 သူဟ မြေပေါ်ဟို လဲကျသွားပင်း “ရှောလု၊ ရှောလု၊ နင်ဟ ပစာကျောန့် ငါ့ဟို ညှဉ်းဆဲလုန်း” ဟု သူ့အား ပြောသော အသံဟို ကြားရအယ်။
ACT 9:5 ရှောလုဟ “သခင်ဘုရား၊ ကိုယ်တော်ဟ စသူလုန်း” ဟု မေးဆှောက်အယ်။ ကိုယ်တော်ဟ “ငါဟ နင် ညှဉ်းဆဲနေလဲ့ ယေရှုပင် ဖြစ်အယ်” ဟု ပြန်ပြောအယ်။
ACT 9:6 “အဲလိုလဲ နင်ဟ ထယွေ့ မြို့ထဲဟို သွားလော့၊ အဲမှာ နင်ပြုရမယ့် အမှုဟို ငါ ပြောလိမ့်မယ်” ဟု မိန့်အယ်။
ACT 9:7 ရှောလုနဲ့အတူ ခရီးသွားလျက်နေကြသော သူလို့ဟ အသံဟို ကြားရသော်လည်း လူတစုံတယောက်ဟိုမျှ မမျော်ရကြသဖြင့် ကြက်သေသေလျက် ရပ်နေကြအယ်။
ACT 9:8 ရှောလုဟ မြေပေါ်မှ ထယွေ့ မျက်စေ့ ဖွင့်ပေမဲ့လည်း ပစာအရာဟိုမျှ မမျော်ရတော့ချေ။ အေးလိုမို့ အဲသူလို့ဟ သူ့လက်ဟို ဆွဲယွေ့ ဒမာသက်မြို့ထဲဟို ယိုးသွားကြအယ်။
ACT 9:9 အကျောန်းမှာ သူဟ သုံးရက်လုံးလုံး မျက်စေ့ မမျော်နိန်ဖြစ်ပင်း အဲအချိန်အတွင်း သူဟ တခုမှ မစားမသောက်ဘဲ နေအယ်။
ACT 9:10 ဒမာသက်မြို့တွင် အာနနိ နာမယ်ဆိသူ တဘဲ့တော် တယောက် ဆိအယ်။ ဗျာဒိတ်ရူပါရုံထဲတွင် သခင်ဘုရားဟ သူ့အား “အာနနိ” ဟု ခေါ်ရင်၊ အာနနိဟ “ဆိပါအယ် သခင်ဘုရား” ဟု ဖြေအယ်။
ACT 9:11 သခင်ဘုရားဟလည်း သူ့အား “နင်ဟ ထယွေ့ လမ်းဖြောင့်ဟု ခေါ်သော လမ်းဟို သွားလော့၊ တာရှုမြို့သား ရှောလုဆိုသူဟို ယုဒရဲ့ နေအိုင်တွင် စုံစမ်းမေးမြန်းလော့၊ အကျောန်းမှာ သူဟ ဆုတောင်းလျက် နေအယ်၊
ACT 9:12 သူဟ မျက်စေ့ အလင်းပြန်လည်ရဆိနိန်ရန် အာနနိ နာမယ်ဆိသောသူ လာယွေ့ မိမိအပေါ်မှာ လက်တင်တာဟို ဗျာဒိတ်ရူပါရုံတွင် မျော်လေပီ” ဟု မိန့်အယ်။
ACT 9:13 အာနနိဟ “သခင်ဘုရား၊ ဟေလူဟ ယေရုရှလင်မြို့ဆိ ကိုယ်တော်ရဲ့ သန့်ဆှင်းသူလို့အား စလောက်ထိ ဒုက္ခပေးခဲ့တာဟို လူအမြောက်အမြားဆေမှ ငါ ကြားသိရအယ်။
ACT 9:14 အဲအပြင် ကိုယ်တော်ရဲ့ နာမယ်ဟို ခေါ်သောသူ မန်သမျှဟိုလည်း ဖမ်းဆီးရန် ယဇ်ပုရောဟိတ်ကြီးလို့ဆေမှ အခွင့်အာဏာ ရဆိထားသူ ဖြစ်ပါအယ်” ဟု ဆှောက်အယ်။
ACT 9:15 အဲလိုလဲ သခင်ဘုရားဟ အာနနိအား “သွားလော့၊ ဟေလူဟ လူမျိုးခြားများ၊ ဘုရင်များနဲ့ ဣသရေလအမျိုးသားလို့အား ငါရဲ့ နာမဟို ကြေညာရန် ငါ ရွေးချယ်ထားသော တန်ဆာပလာ ဖြစ်အယ်။
ACT 9:16 အကျောန်းမှာ ငါရဲ့ နာမတော် အတွက် စလောက် ဒုက္ခဆင်းရဲခံရမယ်ဟို သူ့အား ငါတတ်တိုင်း ဖော်ပြမယ်” ဟု မိန့်အယ်။
ACT 9:17 အေးလိုမို့ အာနနိဟ ရှောလုဆိလဲ့ နေအိုင်သို့ ဝင်သွားယွေ့ သူရဲ့ အပေါ်မှာ လက်ဟို တင်ပင်း သူဟ “ငါ့ညီ ရှောလု၊ နင်ဟ မျက်စေ့အလင်းဟို ပြန်လည်ရဆိစေရန်နဲ့ သန့်ဆှင်းသော ဝိညာဉ်တော်ဖြင့် ပြေ့ဝလာစေရန် နင်လာသော လမ်းခရီးနှိုက် နင့်အား ထင်ဆှားသော ယေရှုဟ ငါ့အား နင့်ဆေဟို စေလွှတ်လိုက်အယ်” ဟု ဆိုအယ်။
ACT 9:18 ခုတုံးပင် ရှောလုရဲ့ မျက်စေ့မှ ငါးကြေးကွာကျ သလိုမျိုးဖြစ်ပင်း မျက်စေ့အလင်းဟို ပြန်လည်ရဆိအယ်။ သူဟ ထယွေ့ နှစ်ခြင်းဟို ခံလေအယ်။
ACT 9:19 အဲပင်းရင် အစားအစာ သုံးဆောင်ပင်း ခွန်အားပြေ့ လာအယ်။ ရှောလုဟ ဒမာသက်မြို့မှာ တဘဲ့တော်များနဲ့အတူ ရက်အနည်းငယ် နေအယ်။
ACT 9:20 တရားဇရပ်များဟို ယေရှုဟ ဘုရားသခင်ရဲ့ သားတော်ဖြစ်ကျောန်းဟို ခုတင်ချင်း စတင် ဟောပြောလေအယ်။
ACT 9:21 သူ့ရဲ့ စကားဟို ကြားသောသူအပေါင်းလို့ဟ အံ့ဩကြလျက် “ဟေလူဟ ယေရှုဟို ကိုးကွယ်သောသူတိုင်း ယေရုရှလင်မြို့တွင် သတ်ဖြတ်ခဲ့သူ မဟုတ်ဝူးလော။ အေးသူလို့ဟို ဖမ်းဆီးယွေ့ ယဇ်ပုရောဟိတ်ကြီးများဆေ ခေါ်ဆောင်သွားရန်ဟူသော ရည်ရွယ်ချက်နဲ့ ဟေနေရာဟို လာရောက်တာ မဟုတ်လော” ဟု ဆိုကြအယ်။
ACT 9:22 အဲလိုလဲ ရှောလုရဲ့ ဟောပြောချက်ဟ တန်ခိုးနဲ့ ပိုယွေ့ ပြေ့စုံလာပင်း ယေရှုဟ မေဆှိယဖြစ်ကျောန်းဟို ပိုင်ပိုင်နိန်နိန် သက်သေပြယွေ့ ဒမာသက်မြို့ဆိ ယုဒအမျိုးသားလို့ ပြည်လည်ယွေ့ မချေပနိန်ကြ။
ACT 9:23 ရက်ပေါင်းများစွာ ကြာပင်းနောက် ယုဒအမျိုးသားလို့ဟ အတူတကွ တွေ့ဆုံပင်း ရှောလုဟို သတ်ရန် လျှို့ဝှက်ကြံစည်ကြအယ်၊
ACT 9:24 အဲလိုလဲ သူလို့ရဲ့ အကြံအစည်ဟို ရှောလု သိသွားအယ်။ သူလို့ဟ ရှောလုဟို သတ်ရန် နေ့ရောညဉ့်ပါ မြို့ထင်ခါးများတွင် စောင့်နေကြအယ်။
ACT 9:25 အဲလိုလဲ ရှောလုရဲ့ တဘဲ့လို့ဟ ညအခါ သူ့ဟို သယ်ဆောင်သွားကာ တောင်းတွင် ထည့်ယွေ့ မြို့ရိုးအောက်သို့ လျှောချကြအယ်။
ACT 9:26 ရှောလုဟ ယေရုရှလင်မြို့သို့ ရောက်သောအခါ တဘဲ့တော်လို့နဲ့ ပေါင်းဖော်ရန် ကြိုးစားပေမဲ့ သူလို့အားလုံးဟ သူ့ဟို အမန်တကယ် တဘဲ့တော် တဦးဖြစ်ကျောန်းဟို မယုံသဖြင့် သူ့ဟို ကြောက်ကြအယ်။
ACT 9:27 အဲလိုလဲ ဗာနဗဟ သူ့ဟို ကူညီယွေ့ တမန်တော်လို့ဆေ ခေါ်လာအယ်။ ရှောလုဟ လမ်းခရီးနှိုက် သခင်ဘုရားဟို မျော်ခဲ့ပုံမှ စယွေ့ သခင်ဘုရားဟ သူ့အား မိန့်ခဲ့ပုံနဲ့ ဒမာသက်မြို့တွင် ယေရှုရဲ့ နာမတော်နှိုက် ရဲရင့်စွာ သူဟောပြောခဲ့ပုံလို့ဟို သူလို့အား ပြောပြလေအယ်။
ACT 9:28 အဲပင်းရင် ရှောလုဟလည်း ယေရုရှလင်မြို့တွင် သူလို့နဲ့အတူ နေပင်း သွားလာလှုပ်ဆှားလျက် သခင်ဘုရားရဲ့ နာမတော်ဟို အမှီပြုယွေ့ ရဲရင့်စွာ ဟောပြောလေအယ်။
ACT 9:29 သူဟလည်း ဟေလနစ်စကားဟို ပြောသောသူ ယုဒအမျိုးသားများနဲ့ အခြေအတင် ဆွေးနွေးပေမဲ့ အဲသူလို့ဟ သူ့ဟို သတ်ရန် ကြံစည် အားထုတ်ကြအယ်။
ACT 9:30 အဲအကျောန်းဟို ညီအကိုလို့ ကြားသိသောအခါ၊ ရှောလုဟို ကဲသရိမြို့သို့ ပို့ဆောင်ပင်း အေးမှတဆင့် တာရှုမြို့သို့ ထွက်ခွာသွားစေကြအယ်။
ACT 9:31 အဲလိုမို့ အေးကာလတွင် ယုဒပြေ၊ ဂါလိလဲပြေနဲ့ ရှမာရိပြေ အရပ်ရပ်လို့တွင် အသင်းတော်ဟ ငြိမ်းချမ်းစွာ နေရလေအယ်။ သခင်ဘုရားအား ကြောက်ရွံ့ ရိုသေသောစိတ်ဖြင့် သက်ဝင်လှုပ်ဆှားလျက် သန့်ဆှင်းသော ဝိညာဉ်တော်ရဲ့ ကူညီအားပေးမှုဖြင့် တည်တံ့ခိုင်မြဲကာ အရေအတွက် တိုးတက် များပြားလာလေအယ်။
ACT 9:32 ပေတရုဟ အရပ်ရပ်သို့ လှည့်လည် သွားလာပင်း၊ သူဟ လုဒ္ဒမြို့နှိုက် နေထိန်သော ဘုရားသခင်ရဲ့ သန့်ဆှင်းသူဆေသို့ ရောက်ဆိလာအယ်။
ACT 9:33 အဲမြို့တွင် လေဖြတ်သဖြင့် ဆစ်နှစ်ပတ်လုံး အိပ်ယာပေါ်မှာ တုံးလုံးနေသူ အဲနေ နာမယ်ဆိသော လူတယောက်ဟို တွေ့အယ်။
ACT 9:34 ပေတရုဟ သူ့အား “အဲနေ၊ ယေရှု ခရစ်ဟ နင့်ဟို ကျန်းမာစေပီ။ ထယွေ့ အိပ်ယာဟို သိမ်းလော့” ဟု ဆိုအယ်။ အဲသူဟ ခုတင်ချင်း ထအယ်။
ACT 9:35 လုဒ္ဒမြို့နဲ့ ရှာရုန်မြို့တွင် နေသောသူအပေါင်းလို့ဟ အေးသူဟို မျော်ယွေ့ သခင်ဘုရားဆေဟို ပြောင်းလဲလာကြအယ်။
ACT 9:36 ယုပ္ပေမြို့တွင် ဒေါ်ကာဟု အဓိပ္ပာယ်ရသော တဗိသ နာမယ်ဆိသော တဘဲ့တော်မ တယောက် ဆိအယ်။ သူမရဲ့ နာမယ်မှာ ဟေလသစကားအရ “ဒရယ်” ဟု အနက်ရလေအယ်။ သူဟ ဆင်းရဲသောသူအား ကောင်းမှုနဲ့ စွန့်ကြဲပေးကမ်းမှုဟို အမြဲပြုတတ်အယ်။
ACT 9:37 အေးအချိန်မှာ သူဟ ဖျားနာယွေ့ သေလေအယ်။ သူရဲ့ အလောင်းဟို ယေချိုးပေးကြပီပင်း အပေါ်ထပ်အခန်းတွင် ပြင်ထားကြအယ်။
ACT 9:38 လုဒ္ဒမြို့ဟ ယုပ္ပေမြို့ အနီးတွင် ဆိသဖြင့် အေးလုဒ္ဒမြို့တွင် ပေတရုဆိကျောန်း တဘဲ့တော်လို့ ကြားသိကြသောအခါ “ငါလို့ဆေ ခုတင်ချင်း ကြွလာပါ” ဟူသော ပန်ကြားချက်ဖြင့် လူနေယောက်ဟို စေလွှတ်လိုက်ကြအယ်။
ACT 9:39 အဲလိုမို့ ပေတရုဟ ထယွေ့ အဲသူလို့နဲ့အတူ လိုက်သွားလေအယ်။ သူ ရောက်သောအခါ၊ သူလို့ဟ သူ့အား အပေါ်ထပ်အခန်းသို့ ခေါ်သွားကြအယ်။ မုဆိုးမအားလုံးလို့ဟ ပေတရုရဲ့ အနီးတွင် ဝိုင်းအုံကာ ငိုကလျက် ဒေါ်ကာ သူလို့နဲ့အတူ ဆိစဉ်အခါဟ ချုပ်လုပ်ထားခဲ့သော အင်္ကျီနဲ့ ဝတ်လုံများဟို ပြကြအယ်။
ACT 9:40 ပေတရုဟ အဲသူအပေါင်းလို့ဟို အပြင်သို့ ထွက်စေပင်း ဒူးထောက်ယွေ့ ဆုတောင်းလေအယ်။ အဲပင်းရင် ရုပ်အလောင်းဖက်ဟို လှည့်ယွေ့ “တဗိသ၊ ထလော့” ဟု ဆိုအယ်။ သူဟ မျက်စေ့ဟို ဖွင့်ယွေ့ ပေတရုဟို မျော်သောအခါ ထယွေ့ ထိန်လေအယ်။
ACT 9:41 ပေတရုဟ လက်ဟို ကမ်းပေးပင်း အဲအမျိုးသမီးဟို ဆွဲထူလိုက်အယ်။ အဲပင်းရင် အထူးသဖြင့် မုဆိုးမများ၊ သန့်ဆှင်းသူများဟို ခေါ်ယွေ့ အသက်ဆှင်လျက်ဆိသော သူ့ဟို ပေးအပ်အယ်။
ACT 9:42 ဟေသတင်းဟ ယုပ္ပေ တမြို့လုံးတွင် ကျော်ကြားသွားသဖြင့် လူအမြောက်အမြားပင် သခင်ဘုရားဟို သက်ဝင် ယုံကြည်လာကြအယ်။
ACT 9:43 ပေတရုဟ ယုပ္ပေမြို့တွင် ရှိမုန် နာမယ်ဆိသော သားရေ လုပ်သမားနဲ့အတူ ရက်ပေါင်းများစွာ နေအယ်။
ACT 10:1 ကဲသရိမြို့တွင် “ဣတလိတပ်” ဟု ခေါ်သော ရောမတပ်မှ ကော်နေလိ နာမယ်ဆိသူ တပ်မှူးတယောက် ဆိအယ်။
ACT 10:2 သူနဲ့တကွ သူရဲ့ အိုင်သူအိုင်သား အားလုံးလို့ဟ ဘုရားတရား ကြည်ညိုယွေ့ ဘုရားသခင်ဟို ကိုးကွယ်သူများ ဖြစ်အယ်။ သူဟ ဆင်းရဲသော ယုဒအမျိုးသားလို့အား ရက်ရောစွာ လှူဒါန်းပင်း ဘုရားသခင်ဆေ အချိန်မန်မန် ဆုတောင်းလေ့ ဆိအယ်။
ACT 10:3 တနေ့ မွန်းလွဲသုံးနာရီခန့် အချိန်နှိုက် ဘုရားသခင်ရဲ့ ခေါန်းခင်တမန် တပါးဟ သူ့နားဟို လာယွေ့ “ကော်နေလိ” ဟု ခေါ်တာဟို ရူပါရုံနှိုက် အထင်အဆှား မျော်ရအယ်။
ACT 10:4 သူဟ ကြောက်လျက် ခေါန်းခင်တမန်ဟို စိုက်ကျေ့ပင်း “ဆရာ၊ ပစာအကျောန်း ဆိသလော” ဟု မေးဆှောက်အယ်။ ခေါန်းခင်တမန်ဟလည်း “နင် ဆုတောင်းခြင်းနဲ့ ရက်ရောမှုဟို ဘုရားသခင် နှစ်သက်သဖြင့် နင့်အား သိမှတ်လေပီ။
ACT 10:5 အခု ယုပ္ပေမြို့သို့ လူဟို စေလွှတ်ယွေ့ ပေတရုဟု ခေါ်သော ရှိမုန်ဟို ခေါ်ပင့်လော။
ACT 10:6 သူဟ သားရေ လုပ်သမား ရှိမုန်ရဲ့ နေအိုင်တွင် တည်းခိုလျက် နေပင်း၊ အဲနေအိုင်ဟ ပင်လယ်ကမ်း အနီးတွင် ဆိအယ်” ဟု မိန့်အယ်။
ACT 10:7 မိမိအားမြွက်ဆိုသော ခေါန်းခင်တမန် ထွက်ခွာသွားသောအခါ ကော်နေလိဟ မိမိရဲ့ အစေခံ နေယောက်နဲ့ မိမိအနီးအပါးတွင် တာဝန် ထမ်းဆောင်နေသော သူလို့အထဲမှ ဘုရားဝတ်နှိုက် မွေ့လျော်သော စစ်သားတယောက်ဟို ခေါ်ကာ၊
ACT 10:8 အကျောန်း အလုံးစုံဟို ပြောပြပင်း ယုပ္ပေမြို့ဟို စေလွှတ်လေအယ်။
ACT 10:9 နောက်တနေ့နှိုက် အဲသူလို့ဟ ခရီးပြုကြစဉ် ယုပ္ပေမြို့အနီးဟို ရောက်ကြပင်း၊ မွန်းတည့်ချိန်ခန့်တွင် ပေတရုဟ ဆုတောင်းရန် ထပ်ခိုးပေါ်ဟို တက်လေအယ်။
ACT 10:10 သူဟ မွတ်သဖြင့် အစားအစာ တခုခုဟို စားချင်အယ်၊ သူအတွက် အစားအစာများ ပြင်ဆင်နေကြခါ သူဟ ဗျာဒိတ်ရူပါရုံဟို မျော်ရလေအယ်။
ACT 10:11 သူဟ မိုးခေါန်းခင် ဖွင့်ဟလျက် ထောင့်လေးထောင့်မှ ချုပ်ကိုင်ထားသော ရွက်ထည်နဲ့တူလဲ့ အရာတခု မြေကြီးပေါ် ကျလာတာဟို တွေ့ရအယ်။
ACT 10:12 အဲအရာထဲတွင် မြေနှိုက် ကျင်လည်သော သားမျိုး ခြေလေးချောင်း သတ္တဝါမျိုး၊ တွားတတ်သော သတ္တဝါအမျိုးမျိုးနဲ့ ခေါန်းခင်ငက် အမျိုးမျိုးလို့ဖြင့် ပါဆိအယ်။
ACT 10:13 အဲပင်းရင် “ပေတရု၊ ထယွေ့ သတ်စားလော” ဟူသော အသံဟို သူကြားရအယ်။
ACT 10:14 အဲလိုလဲ ပေတရုဟ “အဆှင်ဘုရား၊ စလိုနည်းနဲ့မျှ မဖြစ်နိန်ပါ။ ငါဟ မသန့်ဆှင်းသောအရာ အဲဟာမဟုတ်ရင် စုတ်ပဲ့လဲ့အရာဟို ပစာအခါမှ မစားဖူးပါ” ဟု ဆှောက်အယ်။
ACT 10:15 အဲအခါ ဒုတိယအကြိမ် အသံထပ်ထွက်ပေါ်လာယွေ့ “ဘုရားသခင် သန့်စင်အယ် ဟု ဆိုလဲ့အရာဟို နင်ဟ စုတ်ပဲ့အယ်ဟု မဆိုရ” ဟု ဆိုအယ်။
ACT 10:16 ဟေလို့ သုံးကြိမ်တိတိ ဖြစ်ပျက်ပင်းနောက် ရွက်ထည်နဲ့တူလဲ့အရာဟ ခုတင်ချင်း မိုးခေါန်းခင်ဟို ပြန်လည် ရုပ်သိမ်းခြင်းဟို ခံရလေအယ်။
ACT 10:17 ပေတရုဟ အဲဗျာဒိတ်ရူပါရုံရဲ့ အနက်အဓိပ္ပာယ်ဟို ဆင်ခြင် စဉ်းစားလျက်နေစဉ် ကော်နေလိ စေလွှတ်လိုက်သော လူလို့ဟ ရှိမုန်ရဲ့ နေအိုင်ဟို မေးမြန်းဆှာဖွေယွေ့၊ သူလို့ဟ ထင်ခါးပေါက်ဆေ့တွင် အခု ရပ်လျက်နေကြအယ်။
ACT 10:18 အဲသူလို့ဟ “ပေတရုခေါ် ရှိမုန်ဟ ဟေအိုင်တွင် တည်းခိုနေသလော” ဟု အော်ယွေ့ မေးမြန်းကြအယ်။
ACT 10:19 ပေတရုဟ ဗျာဒိတ်ရူပါရုံ အကျောန်းဟို စဉ်းစားနေစဉ် ဝိညာဉ်တော်ဟ “လူသုံးယောက်လို့ဟ နင့်ဟို ဆာနေကြအယ်။
ACT 10:20 အဲလိုမို့ ထယွေ့ အောက်ဟို ဆင်းသွားလော။ အကျောန်းမှာ ငါပင် သူလို့ဟို စေလွှတ်လိုက်တာ ဖြစ်ယွေ့ မဆိုင်းမတွဘဲ သူလို့နဲ့အတူ လိုက်သွားလော့” ဟု မိန့်အယ်။
ACT 10:21 အေးလိုမို့ ပေတရုဟ ဆင်းသွားပင်း “နင်လို့ ဆာနေသောသူမှာ ငါပင် ဖြစ်အယ်။ ပစာအကျောန်းကျောန့် နင်လို့ ရောက်လာကြလုန်း” ဟု မေးအယ်။
ACT 10:22 အဲသူလို့ဟလည်း “တပ်မှူးကောနေလိဟ ငါလို့အား စေလွှတ်အယ်” ဟု ပြန်ဖြေအယ်။ “ဘုရားသခင်ရဲ့ ခေါန်းခင်တမန်ဟ သူ့အား နင့်ဟို မိမိနေအိုင်ဟို ဖိတ်ခေါ်ယွေ့ နင့်ဆေမှ တရားစကားဟို နားထောင်ရန် ပြောခဲ့အယ်။ သူဟ ဖြောင့်မတ်ယွေ့ ဘုရားသခင်ဟို ကြောက်ရွံ့သောသူ ဖြစ်ပင်း ယုဒလူမျိုးအားလုံးလို့ရဲ့ လေးစားခံရသောသူလည်း ဖြစ်အယ်” ဟု ဆိုကြအယ်။
ACT 10:23 အဲပင်းရင် ပေတရုဟ အဲသူလို့အား အိုင်ထဲဟို ခေါ်ဖိတ်ယွေ့ အေးညတွင် အိပ်စေအယ်။ နောက်တနေ့နှိုက် သူဟ အေးသူလို့နဲ့အတူ ထွက်ခွာပင်း၊ ယုပ္ပေမြို့မှ ယုံကြည်သူအချို့လို့လည်း သူနဲ့အတူ လိုက်ပါသွားကြအယ်။
ACT 10:24 နောက်တနေ့နှိုက် သူဟ ကဲသရိမြို့သို့ ရောက်လေအယ်။ ကော်နေလိဟ မိမိဆွေမျိုးသားချင်းများနဲ့ ရင်းနှီးသော မိတ်ဆွေများဟို စုထားလျက် သူလို့အား စောင့်မျှော်လျက် နေကြအယ်။
ACT 10:25 ပေတရု အိုင်ထဲဝင်လာသောအခါ၊ ကော်နေလိဟ ခရီးဦးကြိုပြုယွေ့ သူရဲ့ ခြေရင်းတွင် ပျပ်ဝပ်လေအယ်။
ACT 10:26 အဲလိုလဲ ပေတရု သူ့ဟို ထစေအယ်။ သူဟ “ရပ်လော့၊ ငါတတ်တိုင်းလည်း သာမန်လူ ဖြစ်အယ်” ဟု ဆိုအယ်။
ACT 10:27 ပေတရုဟ ကော်နလိနဲ့အတူ စကားပြောလျက် နေအိုင်ထဲဟို ဝင်သွားသောအခါ၊ လူအမြောက်အများ စုဝေးလျက်ဆိတာဟို တွေ့မျော်ရအယ်။
ACT 10:28 ပေတရုဟ သူလို့အား “ယုဒအမျိုးသားလို့အတွက် လူမျိုးခြားများဆေ အလည်အပတ်သွားခြင်း အဲဟာမဟုတ်ရင် ပေါင်းဖော်ခြင်းဟ ဘာသာတရားဟ တားမြစ်ထားတာဟို နင်လို့တတ်တိုင်း ကောင်းစွာသိကြအယ်။ အဲလိုလဲ စသူဟိုမျှ စုတ်ပဲ့သောသူ အဲဟာမဟုတ်ရင် မသန့်စင်သူ ဟု မမှတ်ယူရန် ဘုရားသခင်ဟ ငါ့အား ဖော်ပြပီ။
ACT 10:29 အဲမို့ ငါ့ဟို နင်ခေါ်ဖိတ်သောအခါ ငါဟ မငြင်းဆိုဘဲ လိုက်လာခဲ့အယ်။ ပစာကို့ ငါ့ဟို ခေါ်ဖိတ်ရကျောန်း ပြောကြားပါလော့” ဟု ဆိုအယ်။
ACT 10:30 ကော်နေလိဟ “ကျူးခဲ့သော သုံးရက်ဟ မွန်းလွဲသုံးနာရီနှိုက် ငါဟ အိုင်မှာ ဆုတောင်းလျက်နေအယ်။ ခုတင်ချင်း တောက်ပြောင်သော အဝတ်ဟို ဝတ်ဆင်ထားသူ လူတယောက်ဟ ငါရဲ့ ဆေ့တွင် ရပ်ယွေ့၊
ACT 10:31 ‘ကော်နေလိ၊ နင့်ရဲ့ ဆုတောင်းသံဟို ဘုရားသခင် ကြားယွေ့ နင့်ရဲ့ စွန့်ကြဲပေးကမ်းမှုဟိုလည်း သိမှတ်ပီ။
ACT 10:32 ယုပ္ပေမြို့ဟို လူစေလွှတ်ယွေ့ ရှိမုန် ပေတရုဟု ခေါ်သောသူဟို ခေါ်ပင့်လော့။ သူဟ ပင်လယ်ကမ်းအနီးဆိ သားရေလုပ်သမား ရှိမုန်ရဲ့ နေအိုင်တွင် တည်းခိုလျက် နေအယ်’ ဟု ဆိုအယ်။
ACT 10:33 အဲမို့ ငါဟ ခုတင်ချင်း နင့်ရဲ့ ဆေဟို လူလွှတ်ခဲ့ပင်း နင်ဟလည်း ကြွရောက်လာသောကျောန့် ကောင်းစွာပြုပီ။ အခု နင့်အားဖြင့် ထာဝရဘုရား မိန့်သမျှသော စကားတော်လို့ဟို ကြားနာရန် ငါလို့ဟ ဘုရားသခင်ရဲ့ ဆေ့တော်မှောက်ဟို ရောက်ဆိနေကြပါပီ” ဟု ပြောဆိုအယ်။
ACT 10:34 အဲအခါ ပေတရုဟ “အမန်စင်စစ် ဘုရားသခင်ဟ မျက်နှာကြီးငယ် မထောက်ကျောန်းဟို အခု ငါသိဆိ နားလည်လာအယ်။
ACT 10:35 အဲလိုလဲ စလို လူမျိုးမဆို ကိုယ်တော်ဟို ကြောက်ရွံ့ယွေ့ တရားသဖြင့် ကျင့်သုံးသူမန်သမျှအား နှစ်သက်လက်ခံအယ်။
ACT 10:36 ဘုရားသခင်ဟ လူအပေါင်းလို့ရဲ့ အဆှင် သခင်ဖြစ်သော ယေရှု ခရစ်တော်အားဖြင့် ငြိမ်သက်ခြင်းနဲ့ဆိုင်သော သတင်းကောင်းဟို ဟောပြောယွေ့ ဣသရေလအမျိုးသားလို့ဆေ ပေးပို့သော နှုတ်ကပတ်တရားတော်ဟို နင်လို့ သိကြအယ်။
ACT 10:37 နှစ်ခြင်း တရားဟို ယောဟန် ဟောပြောပင်းနောက် ဂါလိလဲပြေမှ အစပြုယွေ့ ယုဒပြေ တဆှောက်လုံးတွင် ဖြစ်ပျက်ခဲ့လဲ့ အမှုအရာများအကျောန်းဟို လည်းကောင်း၊
ACT 10:38 ဘုရားသခင်ဟ နာဇရက်မြို့သား ယေရှုဟို သန့်ဆှင်းသော ဝိညာဉ်တော်နဲ့ တန်ခိုးတော်လို့ဖြင့် စလိုမျိုး ဘိသိက်ပေးခဲ့တာဟို လည်းကောင်း နင်လို့ သိကြအယ်။ ဘုရားသခင်ဟ ကိုယ်တော်နဲ့အတူ ဆိသောကျောန့် ကိုယ်တော်ဟ အရပ်ရပ်ဟို လှည့်လည်ယွေ့ ကောင်းသောအမှုဟို ပြုကာ မာရ်နတ်ရဲ့ တန်ခိုးအောက်နှိုက်မှာ ဆိလဲ့သူအပေါင်းလို့အား လွတ်မြောက်စေခဲ့အယ်။
ACT 10:39 ငါလို့ဟ ယေရုရှလင်မြို့မှ စယွေ့ ယုဒလူမျိုးများရဲ့ ပြေနှိုက် ကိုယ်တော် လုပ်ဆောင်ခဲ့သမျှသော အရာအားလုံးရဲ့ သက်သေများ ဖြစ်ကြအယ်။ အဲပင်းရင် လူလို့ဟ ကိုယ်တော်ဟို လက်ဝါးကပ်တိုင်တွင် တင်ယွေ့ သတ်ကြအယ်။
ACT 10:40 အဲလိုလဲ တတိယနေ့နှိုက် ဘုရားသခင်ဟ ကိုယ်တော်ဟို သေခြင်းမှ ဆှင်ပြန်ထမြောက်စေယွေ့ ကိုယ်ထင်ပြစေအယ်။
ACT 10:41 အဲလိုလဲ လူအားလုံးဆေနှိုက် မဟုတ်ဘဲ သက်သေအဖြစ် ဘုရားသခင် ကြိုတင်ခန့်ထားသော ငါလို့ဆေနှိုက်သာ ကိုယ်ထင်ဆှားပြအယ်။ ကိုယ်တော်ဟ သေသောလူလို့ထဲမှ ထမြောက်ပင်းနောက် ငါလို့ဟ ကိုယ်တော်နဲ့အတူ စားသောက်ခဲ့ကြအယ်။
ACT 10:42 ကိုယ်တော်ဟ လူလို့အား သတင်းကောင်းဟို ဟောပြောရန်နဲ့ ကိုယ်တော်ဟ အသက်ဆှင်နေသူနဲ့ သေလွန်သူများဟို တရားစီရင်သော သခင်အဖြစ် ဘုရားသခင် ခန့်ထားကျောန်း ဟောပြော သက်သေခံရန် ငါလို့အား ပညတ်ပေးခဲ့အယ်။
ACT 10:43 အဲအဆှင်နဲ့ ပတ်သက်ယွေ့ ပရောဖက်အားလုံးလို့ဟလည်း ကိုယ်တော်ဟို ယုံကြည်သောသူတိုင်း ကိုယ်တော်ရဲ့ နာမတော်အားဖြင့် အပစ်များ ခွင့်လွှတ်ခြင်း ကျေးဇူးဟို ခံစားရအယ်ဟု သက်သေခံကြအယ်” ဟူယွေ့ မြွက်ဆိုလေအယ်။
ACT 10:44 ဟေတရားစကားဟို ပေတရု စကားပြောနေစဉ်၊ သန့်ဆှင်းသော ဝိညာဉ်တော်ဟ နှုတ်ကပတ်တရားဟို ကြားနာနေကြသော သူအပေါင်းလို့ အပေါ်သို့ ဆင်းသက်အယ်။
ACT 10:45 ပေတရုနဲ့အတူ လိုက်ပါလာလဲ့ အရေဖျားလှီးထားသော ယုံကြည်သူဆိသမျှလို့ဟ သန့်ဆှင်းသော ဝိညာဉ်တော်တည်းဟူသော လက်ဆောင်ဟို လူမျိုးခြားလို့ အပေါ်နှိုက်လည်း သွန်းလောင်းလဲ့အတွက် ရမ်းဆာ့ အံ့ဩကြအယ်။
ACT 10:46 ပစာကို့ သူလို့ဟ အခြားသော ဘာသာစကားများ ပြောလျက် ဘုရားသခင်ဟို ချီးမွန်းကြတာဟို သူလို့ ကြားကြသောကျောန့် ဖြစ်အယ်။ အဲအခါ ပေတရုက၊
ACT 10:47 “ဟေသူလို့ဟ ငါလို့လိုမျိုး သန့်ဆှင်းသော ဝိညာဉ်တော်ဟို ခံယူရဆိသောသူများ ဖြစ်ကြအယ်။ အေးလိုမို့ စသူဟ သူလို့ နှစ်ခြင်း ခံယူမှုဟို တားမြစ်နိန်သလော” ဟု ဆိုအယ်။
ACT 10:48 အဲလိုမို့ သူဟ အေးသူလို့အား ယေရှု ခရစ်တော်ရဲ့ နာမတော်ဟို အမှီပြုယွေ့ နှစ်ခြင်းဟို ခံစေရန် အမိန့်ပေးလေအယ်။ အဲပင်းရင် ပေတရုအား မိမိလို့နဲ့အတူ ရက်အနည်းငယ် နေထိန်ရန် သူလို့ဟ ပြောကြအယ်။
ACT 11:1 လူမျိုးခြားများဟ ဘုရားသခင်ရဲ့ နှုတ်ကပတ်တရားတော်ဟို ခံယူကြကျောန်း ယုဒပြေဆိ တမန်တော်များနဲ့ ညီအကိုများ ကြားသိကြအယ်။
ACT 11:2 ယေရုရှလင်မြို့သို့ ပေတရု ရောက်လာသောအခါ၊ အရေဖျားလှီးခြင်း ခံထားသော ယုံကြည်သူများဟ သူ့ဟို ဝေဖန်ကြကာ၊
ACT 11:3 “နင်ဟ အရေဖျားလှီးခြင်းဟို မခံသောသူရဲ့ အိုင်ဟို ဝင်ယွေ့ သူလို့နဲ့အတူ စားသောက်အယ် ဟုတ်မောင့်လဲ့” ဟု ဆိုကြအယ်။
ACT 11:4 အေးလိုမို့ ပေတရုဟ သူလို့အား ဖြစ်ပျက်ခဲ့သမျှသော အကျောန်းအရာလို့ဟို အစမှ အဆုံးတိုင်အောန် ဆှင်းလင်းပြောပြအယ်။
ACT 11:5 “ငါဟ ယုပ္ပေမြို့တွင် ဆုတောင်းလျက်နေခါ၊ ဗျာဒိတ်ရူပါရုံ တခုဟို ရအယ်။ ရွက်ထည်နဲ့တူသော အရာတခုဟို ထောင့်လေးထောင့်မှ ထိန်းထားယွေ့ မိုးခေါန်းခင်မှ လျောကျလာပင်း ငါဆေဟို ရောက်လာတာဟို ငါ မျော်ရအယ်။
ACT 11:6 ငါဟ အဲအရာထဲဟို ကျေ့လိုက်ရာ မြေကြီးပေါ်ဆိ ခြေလေးချောင်း သတ္တဝါများ၊ သားရဲတိရစ္ဆာန်များ၊ တွားတတ်သောသတ္တဝါများနဲ့ ခေါန်းခင်ငက်များဟို မျော်ရအယ်။
ACT 11:7 အဲပင်းရင် ‘ပေတရု ထယွေ့ သတ်စားလော’ ဟု ငါ့အား ပြောသောအသံဟို ငါ ကြားရအယ်။
ACT 11:8 အဲလိုလဲ ငါဟ ‘သခင်ဘုရား၊ စလိုနည်းနဲ့မျှ မဖြစ်နိန်ပါ။ စုတ်ပဲ့သောအရာ အဲဟာမဟုတ်ရင် မသန့်ဆှင်းသောအရာဟို ပစာအခါမျှ ငါ့စလောင်အတွင်း မဝင်ဖူးပါ’ ဟု ပြန်ဆှောက်အယ်။
ACT 11:9 ဒုတိယအကြိမ် ခေါန်းခင်မှ အသံထွက်ပေါ်လာယွေ့ ‘ဘုရားသခင် သန့်စင်အယ် ဆိုလဲ့အရာဟို စုတ်ပဲ့တာဟု မဆိုရ’ ဟူယွေ့ မိန့်အယ်။
ACT 11:10 ဟေလို့ သုံးကြိမ်တိတိ ဖြစ်ပျက်ပင်း၊ နောက်ဆုံးမှာ အားလုံးလို့ဟို မိုးခေါန်းခင်ဟို ပြန်လည်ရုပ်သိမ်း သွားလေအယ်။
ACT 11:11 အဲခုတင်ချင်း ကဲသရိမြို့မှ ငါ့ဆေဟို စေလွှတ်လိုက်သော လူသုံးယောက်ဟ ငါဆိရာနေအိုင်ဟို ရောက်ဆိလာအယ်။
ACT 11:12 ဝိညာဉ်တော်ဟ အေးသူလို့နဲ့အတူ မဆိုင်းမတွဘဲ တခါထဲ လိုက်သွားရန် ငါ့အား အမိန့်ဆိအယ်။ ယုပ္ပေမြို့မှ ညီအကို ခြောက်ယောက်လို့ဟလည်း ကဲသရိမြို့ဟို ငါနဲ့အတူ လိုက်ခဲ့ကြပင်း ငါလို့ဟလည်း ကော်နေလိရဲ့ အိုင်ဟို ဝင်ကြအယ်။
ACT 11:13 အေးသူဟ ခေါန်းခင်တမန်သည် သူ့အိုင်ထဲတွင် ရပ်လျက် ‘ယုပ္ပေမြို့ဟို လူလွှတ်ယွေ့ ရှိမုန် ပေတရုဟု ခေါ်သောသူဟို ဖိတ်ခေါ်လော့။
ACT 11:14 အဲသူဟ နင့်နဲ့ နင့်ရဲ့ အိုင်သူအိမ်သားများအား ကယ်တင်ခြင်း ရဆိစေမဲ့ကျောန်း တရားစကားများဟို ဟောပြောလိမ့်မယ်’ ဟူယွေ့ မြွက်ဆိုကျောန်းဟို ငါလို့အား ပြောပြခဲ့အယ်။
ACT 11:15 အဲပင်းရင် ငါဟ စကားစပြောသောအခါ၊ သန့်ဆှင်းသော ဝိညာဉ်တော်သည် အစကတည်းဟ ငါလို့အပေါ်ဟို သက်ရောက်သလိုမျိုး အေးသူလို့အပေါ်လည်း သက်ရောက်အယ်။
ACT 11:16 အဲအခါ ‘ယောဟန်ဟ ယေဖြင့် နှစ်ခြင်း ပေးအယ်၊ အဲလိုလဲ နင်လို့ဟ သန့်ဆှင်းသော ဝိညာဉ်တော်ဖြင့် နှစ်ခြင်းဟို ခံရကြလိမ့်မယ်’ ဟူသော ဘုရားသခင်ရဲ့ စကားတော်ဟို ငါ သတိရအယ်။
ACT 11:17 အဲလိုမို့ ဘုရားသခင်ဟ သခင် ယေရှု ခရစ်တော်ဟို ယုံကြည်သူ ငါလို့အား ပေးသနားသလိုမျိုး လူမျိုးခြားလို့ဟိုလည်း တူညီသော လက်ဆောင်ဟို ပေးရင် ငါဟ စလိုလူဖြစ်ယွေ့ ဘုရားသခင်ဟို တားဆီးနိန်မလုန်း” ဟု ဆိုအယ်။
ACT 11:18 အဲစကားဟို ကြားသောအခါ အေးသူလို့ဟ ပစ်တင် ဝေဖန်မှုဟို မပြုကြတော့ဘဲ “ဘုရားသခင်ဟ လူမျိုးခြားလို့အားလည်း နောင်တရယွေ့ အသက်ဆှင်ခွင့်ဟို ပေးလေအယ်” ဟု ဆိုယွေ့ ဘုရားသခင်ရဲ့ ဂုဏ်တော်ဟို ချီးမွန်းကြအယ်။
ACT 11:19 သတေဖန် အသတ်ခံရမှုနဲ့ ဆက်စပ်ယွေ့ ဖြစ်ပေါ်လာသော ညှဉ်းဆဲမှုကျောန့် အရပ်ရပ်သို့ ကွဲလွင့်သွားကြသော ယုံကြည်သူအချို့လို့ဟ ဖိနိတ်ပြေ၊ ကုပရုကျွန်း၊ အန္တိအုတ်မြို့ တိုင်အောန် သွားကြအယ်။ သူလို့ဟ နှုတ်ကပတ်တရားတော်ဟို ယုဒအမျိုးသားလို့ဟိုသာ ပြောကြအယ်။
ACT 11:20 အဲလိုလဲ သူလို့တွင် ကုပရုပြေနဲ့ ကုရေနေပြေမှ လူအချို့ပါယွေ့ သူလို့ဟ အန္တိအုတ်မြို့သို့ သွားပင်း လူမျိုးခြားလို့အားလည်း သခင် ယေရှုရဲ့ အကျောန်း သတင်းကောင်းဟို ဟောပြောကြအယ်။
ACT 11:21 ဘုရားသခင်ရဲ့ တန်ခိုးတော်ဟ သူလို့နဲ့အတူ ဆိသဖြင့် လူအမြောက်အများပင် ယုံကြည်ယွေ့ သခင်ဘုရားဆေ ပြောင်းလဲလာကြအယ်။
ACT 11:22 ဟေသတင်းအကျောန်းဟို ယေရုရှလင်မြို့ဆိ အသင်းတော်ဟ ကြားရင် ဗာနဗအား အန္တိအုတ်မြို့ဟို စေလွှတ်ကြအယ်။
ACT 11:23 သူဟ ရောက်လာသောအခါ လူလို့အား ဘုရားသခင် စလို ကောင်းချီးပေးတာဟို မျော်သောအခါ ရွှင်လန်းဝမ်းသာသဖြင့် သခင်ဘုရားအား စိတ်နေလုံး အကြွင်းမဲ့ ယုံကြည်ကိုးစားယွေ့ သစ္စာစောင့်ကြရန် တိုက်တွန်းနှိုးဆော်လေအယ်။
ACT 11:24 ဗာနဗဟ သူတော်ကောင်း ဖြစ်ယွေ့ သန့်ဆှင်းသော ဝိညာဉ်တော်နဲ့ လည်းကောင်း၊ ယုံကြည်ခြင်းနဲ့ လည်းကောင်း ပြေ့ဝသဖြင့် ရမ်းဆာ့သော သူလို့အား သခင်ဘုရားဆေ ပြောင်းလဲလာကြအယ်။
ACT 11:25 အဲပင်းရင် ဗာနဗဟ ရှောလုဟို ဆာရန် တာရှုမြို့ဟို သွားအယ်၊
ACT 11:26 သူ့ဟို တွေ့သောအခါ အန္တိအုတ်မြို့သို့ ခေါ်ခဲ့အယ်။ အဲလို့မို့ ရှောလုနဲ့ ဗာနဗလို့ဟ တနှစ်ပတ်လုံး အသင်းတော်နဲ့ တွေ့ဆုံလျက် ရမ်းဆာ့သော လူလို့ဟို သွန်သင်ကြအယ်။ တဘဲ့တော်လို့ဟ အန္တိအုတ်မြို့ ခရစ်ယာန်ဟု ပထမဆုံးအကြိမ် ခေါ်ဝေါ်ခြင်းဟို ခံကြရအယ်။
ACT 11:27 အဲအခါကာလနှိုက် ပရောဖက်အချို့လို့ဟ ယေရုရှလင်မြို့မှ အန္တိအုတ်မြို့ဟို လာကြအယ်။
ACT 11:28 အဲသူလို့အနက် အာဂဗု နာမယ်ဆိသော သူဟ ထယွေ့ ကမ္ဘာတဝှမ်းလုံးတွင် အစားအစာ ငတ်မွတ်ခေါင်းပါးခြင်း ဘေးကြီး သက်ရောက်လိမ့်မယ်ဟု ဝိညာဉ်တော်အားဖြင့် ကြိုတင် ဟောပြောလေအယ်။ အေးဘေးဟ ဧကရာဇ် ကလောဒိ လက်ထက်နှိုက် ဖြစ်ပျက်ခဲ့လေအယ်။
ACT 11:29 တဘဲ့တော်လို့ဟ အသီးသီး တတ်နိန်လဲ့အတိုင်း ယုဒပြေတွင် နေထိန်ကြသော ညီအကိုများအား ကူညီ ထောက်ပံ့ပေးရန် ဆုံးဖြတ်ကြအယ်။
ACT 11:30 ဟေသို့ ဆုံးဖြတ်ကြပင်းနောက် ထောက်ပံ့ငွေများဟို ဗာနဗနဲ့ ရှောလုမှ တဆင့် အသင်းတော် လူကြီးများဆေဟို ပို့ပေးကြအယ်။
ACT 12:1 အဲအချိန်ကာလနှိုက် ဘုရင် ဟေရုဒ်ဟ အသင်းတော်ဝင် အချို့လို့ဟို စတင် ညှဉ်းဆဲရန် ကြံစည် အားထုတ်လေအယ်။
ACT 12:2 သူဟ ယောဟန်ရဲ့ အကိုဖြစ်သော ယာကုပ်ဟို ထားဖြင့် ကွပ်မျက်လေအယ်။
ACT 12:3 အဲအမှုဟို ယုဒအမျိုးသားလို့ နှစ်သက်ကြကျောန်း မျော်သောအခါ၊ သူဟ ထပ်ယွေ့ ပေတရုဟိုလည်း ဖမ်းဆီးရန် စီစဉ်ကြအယ်။ အဲအချိန်ဟ တဆေးမဲ့မုန့် ပွဲတော်အခါ ဖြစ်အယ်။
ACT 12:4 ဟေရုဒ်ဟ ပေတရုဟို ဖမ်းဆီးယွေ့ ထောင်ထဲ ထည့်ထားပင်းနောက်၊ အဲမှာ သူ့ဟို စောင့်ကျေ့ရန် အစောင့်တပ်သား လေးယောက်စီပါသော တပ်စုငယ် လေးစုလက်သို့ အပ်ထားအယ်။ ဟေရုဒ်ဟ ပသခါပွဲ လွန်သောအခါ သူ့ဟို လူထုဆေ့တွင် ထုတ်ရန် အကြံဆိအယ်။
ACT 12:5 အေးလိုမို့ ပေတရုဟ ထောင်ထဲမှာ ထိန်းသိမ်းထားခြင်း ခံရအယ်၊ အဲလိုလဲ အသင်းတော်ဝင် အပေါင်းလို့ဟ ပေတရုအတွက် စိတ်အားထက်သန်စွာ ဘုရားသခင်ဆေ ဆုတောင်းလျက် နေကြအယ်။
ACT 12:6 ဟေရုဒ်မင်းဟ ပေတရုဟို လူလို့ဆေ့ဟို ခေါ်ထုတ်မယ့်နေ့ မရောက်ခင် ညနှိုက်၊ ပေတရုဟ အစောင့်တပ်သား နေယောက်ကြားတွင် အိပ်မွေလျက် နေအယ်။ သူ့ဟို သူလို့ နေယောက်နဲ့အတူ သံကြိုးနေချောင်းဖြင့် တုတ်ချေထားပင်း၊ အဲထောင် ထင်ခါးဆေ့တွင်လည်း အစောင့်တပ်သားများဟ စောင့်ကြပ်လျက် ဆိကြအယ်။
ACT 12:7 ထာဝရဘုရားရဲ့ ခေါန်းခင်တမန်ဟ ရုတ်တရက် ပေါ်လာယွေ့ အချုပ်ခန်းထဲနှိုက် အလင်းရောင် ထွန်းလင်းလျက် နေအယ်။ ခေါန်းခင်တမန်ဟ ပေတရုရဲ့ ပခုံးဟို ပုတ်ယွေ့ သူ့ဟို နှိုးကာ “မြန်မြန်ထလော” ဟု ဆိုအယ်။ အဲအခါ သံကြိုးလို့ဟ ပေတရုရဲ့ လက်မှ ကျွတ်ကျအယ်။
ACT 12:8 အဲပင်းရင် ခေါန်းခင်တမန်ဟ “နင့်ရဲ့ ခါးပန်းဟို စဲယွေ့ ဖိနပ်ဟို စီးလော” ဟု ဆိုအယ်။ ပေတရုဟ အေးလို့ ပြောလဲ့အတိုင်း ပြုအယ်။ အဲပင်းရင် ခေါန်းခင်တမန်ဟ သူ့အား “နင်ရဲ့ ဝတ်လုံဟို ခြုံယွေ့ ငါ့နောက်ဟို လိုက်လော့” ဟု ဆိုအယ်။
ACT 12:9 ပေတရုဟ အချုပ်ခန်းမှ ထွက်ယွေ့ သူ့နောက် လိုက်သွားလေအယ်၊ အဲလိုလဲ ခေါန်းခင်တမန်အားဖြင့် ဖြစ်ပျက်နေသောအရာဟ အမန်တကယ်ဖြစ်ကျောန်း မသိဘဲ ရူပါရုံဟို မျော်နေအယ်ဟုသာ သူ ထင်မှတ်အယ်။
ACT 12:10 သူလို့ဟ ကင်းစောင့်ထားချရာ ပထမနေရာနဲ့ ဒုတိယနေရာလို့ဟို ပွန်သွားပင်းရင် မြို့ဟို သွားလဲ့ သံထင်ခါးဟို ရောက်လာကြအယ်။ အဲထင်ခါးဟ သူလို့အတွက် တတ်တိုင်း ပွင့်သဖြင့် သူလို့ဟ ထွက်လာကြအယ်။ သူလို့ဟ လမ်းအတိုင်း လိုက်သွားကြပင်း ခေါန်းခင်တမန်ဟ ပေတရုနားမှ ခုတင်ချင်း ထွက်ခွာ သွားလေအယ်။
ACT 12:11 အဲအခါ ပေတရုဟ သူနှိုက် ပစာဖြစ်တာဟို သတိ ပြန်ဝင်လာယွေ့ “သခင်ဘုရားဟ မိမိရဲ့ ခေါန်းခင်တမန်ဟို စေလွှတ်ယွေ့ ငါ့ဟို ဟေရုဒ်ရဲ့ လက်မှလည်းကောင်း၊ ယုဒအမျိုးသားလို့ရဲ့ မျှော်လင့်သမျှသော အရာအားလုံးမှလည်းကောင်း ငါ့ဟို ကယ်နုတ်တာဟို အခု ငါ အမန်တကယ် သိပီ” ဟု ဆိုအယ်။
ACT 12:12 သူ့အခြေအနေဟို သတိထားမိသောအခါ၊ သူဟ မာကုဟု ခေါ်လဲ့ ယောဟန်ရဲ့ အမေ့ဖြစ်သော မာရိရဲ့ နေအိုင်ဟို သွားအယ်၊ အဲနေအိုင်တွင် ရမ်းဆာ့လူများ စုဆုံယွေ့ ဆုတောင်းလျက် နေကြအယ်။
ACT 12:13 ပေတရုဟ အပြင်ဘက်ဟနေ ထင်ခါးဟို ခေါက်ရာ၊ ရောဒေ နာမယ်ဆိသူ အစေခံမိန်းမငယ် တယောက်ဟ မေးရန် လာအယ်။
ACT 12:14 သူဟ ပေတရုရဲ့ အသံဟို မှတ်မိယွေ့ ရမ်းဆာ့ ဝမ်းမြောက်စွာဖြင့် ထင်ခါးဟို မဖွင့်ဘဲ နေအိုင်ထဲဟို ပြေးဝင်ကာ ထင်ခါးဆေ့တွင် ပေတရု ရပ်နေကျောန်းဟို ပြောကြားအယ်။
ACT 12:15 အဲသူလို့ဟ “နင် ရူးနေပီ” ဟု ဆိုအယ်။ အဲလိုလဲ သူဟ မိမိပြောလဲ့အတိုင်း အမန်ပင်ဖြစ်ကျောန်း ခိုင်မာစွာ ပြောဆိုနေသဖြင့် သူလို့ဟ “အဲသူသည် ပေတရုရဲ့ ခေါန်းခင်တမန် ဖြစ်လိမ့်မယ်” ဟု ဆိုကြအယ်။
ACT 12:16 အဲလိုလဲ ပေတရုဟ ထင်ခါးဟို ခေါက်မြဲခေါက်လျက် နေသဖြင့် သူလို့ဟ ထင်ခါး ဖွင့်လိုက်သောအခါ ပေတရုဟို မျော်သဖြင့် အံ့ဩကြအယ်။
ACT 12:17 ပေတရုဟ သူလို့ဟို တိတ်တိတ်နေကြရန် လက်ရိပ်ပြပင်း၊ မိမိအား သခင်ဘုရားဟ စလိုထောင်ထဲမှ ထုတ်ဆောင်လာကျောန်းဟို ပြောပြလေအယ်။ အဲပင်းရင် “ဟေအကျောန်းဟို ယာကုပ်နဲ့ အခြား ညီအကိုလို့အား ပြောပြကြပါ” ဟု မှာကြားပင်း အခြားအရပ်ဟို ထွက်ခွာသွားအယ်။
ACT 12:18 မိုးလင်းသောအခါ ပေတရု စလို ဖြစ်သွားလုန်းဟု အစောင့်တပ်သားလို့ ကြားတွင် အကြီးအကျယ် ရုတ်ရုတ်သဲသဲ ဖြစ်ကြအယ်။
ACT 12:19 ဟေရုဒ်မင်းဟ ပေတရုဟို ဆှာစေရန် အမိန့်ပေးပေမဲ့လည်း သူ့ဟို မတွေ့ကြ။ အဲလိုမို့ အစောင့်တပ်သားလို့အား စစ်ဆေးမေးမြန်းယွေ့ သေဒဏ်ပေးရန် အမိန့်ချမှတ် လိုက်လေအယ်။ အဲပင်းရင် ဟေရုဒ်မင်းဟ ယုဒပြေမှ ထွက်ခွာယွေ့ ကဲသရိမြို့တွင် ကာလအနည်းငယ် နေအယ်။
ACT 12:20 ဟေရုဒ်မင်းဟ တုရုမြို့သားများနဲ့ ဇိဒုန်မြို့သားလို့အပေါ် ရမ်းဆာ့ အူထော့သဖြင့် အဲမြို့သားလို့ဟ စုရုံးလျက် မင်းကြီးဆေဟို လာရောက်ကြအယ်။ ပထမဆုံး နန်းတော်ဟို စီမံရသောသူ ဗလတ္တုဟို စည်းရုံးပင်း သူ့ရဲ့ အကူအညီဟို ရယူကြအယ်။ အဲပင်းရင် ဟေရုဒ်မင်းကြီး ဆေသို့ ဝင်ယွေ့ ငြိမ်သက်စေမဲ့အကျောန်း တောင်းပန်ကြအယ်။ ပစာကို့ သူလို့ရဲ့ ပြေဟ ဟေရုဒ်မင်းရဲ့ ပြေဟို မှီခို စားသောက်ရသောကျောန့် ဖြစ်အယ်။
ACT 12:21 ဟေရုဒ်မင်းဟ ချိန်းချက်ထားလဲ့နေ့နှိုက် မင်းမြောက်တန်ဆာများဟို ဝတ်ဆင်ပင်း ရာဇပလ္လင်ပေါ်တွင် ထိန်လျက် အေးလူလို့အား မိန့်ခွန်းမြွက်ကြားအယ်။
ACT 12:22 အဲသူလို့ဟ “ဟေအသံဟ လူရဲ့ အသံ မဟုတ်၊ ဘုရားသခင်ရဲ့ အသံ ဖြစ်အယ်” ဟု ကြွေးကြော်ကြအယ်။
ACT 12:23 ဟေရုဒ်ဟ ဘုရားသခင်ရဲ့ ဂုဏ်တော်ဟို မချီးမွန်းသောကျောန့် ခုတင်ချင်း ထာဝရဘုရားရဲ့ ခေါန်းခင်တမန်ဟ သူ့ဟို ဒဏ်ခတ်ယွေ့ ကိုယ်တွင်းနှိုက် ပိုးများ ကိုက်သဖြင့် အနိစ္စရောက်လေအယ်။
ACT 12:24 အဲအချိန်တွင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တရားဟ ဆက်လက်ပင်း ပျံ့နှံ့ယွေ့ တိုးပွားလေအယ်။
ACT 12:25 ဗာနဗနဲ့ ရှောလုဟ မိမိလို့ ဆောင်ရွက်ရန်ဆိလဲ့ အလုပ်ကိစ္စများဟို ဆောင်ရွက်ကြပင်းနောက် မာကုဟု ခေါ်လဲ့ ယောဟန်ဟိုလည်း ခေါ်ခဲ့ယွေ့ ယေရုရှလင်မြို့မှ ပြန်ကြအယ်။
ACT 13:1 အန္တိအုတ်မြို့ အသင်းတော်တွင် ဗာနဗ၊ နိဂါ ခေါ်သော ရှုမောင်၊ ကုရေနေ ပြေမှ လုကိ၊ စော်ဘွားဟေရုဒ်နဲ့ သူငယ်ချင်းဖြစ်သူ မာနင်နဲ့ ရှောလု စသော ပရောဖက်များနဲ့ ဆရာများ ဆိကြအယ်။
ACT 13:2 အဲသူလို့ဟ သခင်ဘုရားရဲ့ အမှုတော်ဟို ဆောင်ရွက်ယွေ့ အစာဆှောင်လျက် နေကြစဉ် သန့်ဆှင်းသော ဝိညာဉ်တော်ဟ သူလို့အား “ရှောလုနဲ့ ဗာနဗလို့ဟို သူလို့အတွက် သတ်မှတ်ထားသော အမှုတော်ဆောင်ရန် ငါ့အတွက် သီးသန့် ရွေးချယ်ကြလော့” ဟု မိန့်အယ်။
ACT 13:3 အဲအခါ သူလို့ဟ အစာဆှောင်ယွေ့ ဆုတောင်းကြကာ အေးသူလို့နေဦးလို့အပေါ် လက်တင်ပင်းနောက် သူလို့ဟို စေလွှတ်လိုက်ကြအယ်။
ACT 13:4 အဲလိုမို့ သူလို့ဟ သန့်ဆှင်းသော ဝိညာဉ်တော် စေလွှတ်လဲ့အတိုင်း သေလုကိမြို့ဟို သွားရောက်ယွေ့ အဲမြို့မှ ကုပရုကျွန်းဟို သင်္ဘောလွှင့်ကြအယ်။
ACT 13:5 သူလို့ဟ ရှာလမိမြို့ဟို ရောက်သောအခါ၊ ယုဒတရားဇရပ်များတွင် ဘုရားသခင်ရဲ့ နှုတ်ကပတ် တရားတော်ဟို ဟောပြောကြအယ်။ မာကုဟု ခေါ်လဲ့ ယောဟန်ဟိုလည်း အကူအညီပေးသူအဖြစ် သူလို့နဲ့အတူ ခေါ်သွားအယ်။
ACT 13:6 သူလို့ဟ အဲကျွန်းဟို ဖြတ်ယွေ့ ပါဖုမြို့အထိ ဆှောက်သွားပင်း၊ အဲမြို့တွင် ယုဒအမျိုးသား မိစ္ဆာပရောဖက်ဖြစ်သော ဗာယေရှု နာမယ်ဆိသော မှော်ဆရာတယောက်ဟို တွေ့ကြအယ်။
ACT 13:7 သူဟ ဉာဏ်ထက်မြက်သူ တဦးဖြစ်လဲ့ ကျွန်းရဲ့ အုပ်ချုပ်ရေးမှူး သေရဂိပေါလုနဲ့ မိတ်ဆွေ ဖြစ်အယ်။ အေးအုပ်ချုပ်ရေးမှုးဟ ဘုရားသခင်ရဲ့ နှုတ်ကပတ်တရားတော်ဟို ကြားနာလိုသောကျောန့် သူရဲ့ ဆေ့ဟို ဗာနဗနဲ့ ရှောလုဟို ဖိတ်ခေါ်လေအယ်။
ACT 13:8 အဲလိုလဲ ဟေလသဘာသာအားဖြင့် ဧလုမဟု နာမယ်ဆိသော မှော်ဆရာဟ အုပ်ချုပ်ရေးမှူးအား ယုံကြည်ခြင်း လွှဲမားစေရန် ဗာနဗနဲ့ ရှောလုလို့ဟို ဟန့်တားလေအယ်။
ACT 13:9 အဲအခါ ပေါလုဟုလည်း ခေါ်သော ရှောလုဟ သန့်ဆှင်းသော ဝိညာဉ်တော်ဖြင့် ပြေ့ဝလျက် မှော်ဆရာဟို စေ့စေ့ကျေ့ရှုပင်း၊
ACT 13:10 “စဉ်းလဲခြင်းအပေါင်းနဲ့ လှည့်စားမှု ဆိသမျှလို့ဖြင့် ပြေ့ဝသူ၊ မာရ်နတ်ရဲ့ သား၊ ဖြောင့်မတ်ခြင်း အပေါင်းလို့ရဲ့ ရန်သူ၊ နင်ဟ ထာဝရဘုရားရဲ့ ဖြောင့်မတ်သောလမ်းဟို ကွေ့ကောက်အောန် လုပ်ခြင်းမှ မရပ်တန့်ဘဲ နေမလော။
ACT 13:11 ထာဝရဘုရားရဲ့ လက်တော်ဟ နင်အပေါ်ဟို အခု ကျရောက်သဖြင့်၊ နင်ဟ မျက်စေ့ကန်းပင်း ကာလအတန်အကြာ နေရဲ့ အလင်းရောင်ဟို တောင်မှ မျော်ရလိမ့်မယ် မဟုတ်” ဟု ဆိုအယ်။ ခုတင်ချင်း မှုန်ဝါးခြင်းနဲ့ မိုက်ခြင်းလို့ဟ ဧလုမအပေါ်ဟို ကျရောက်သဖြင့် သူဟ လက်ဆွဲယွေ့ ယိုးပေးမယ့်သူ တယောက်ယောက်ဟို ဆှာလျက် ဆိအယ်။
ACT 13:12 အုပ်ချုပ်ရေးမှုးဟ အဲအဖြစ်အပျက်ဟို မျော်သောအခါ ယုံကြည်လာအယ်၊ အကျောန်းမှာ သူဟ ဘုရားသခင်အကျောန်း သွန်သင်ချက်များဟို အံ့ဩမိန်းမောနေအယ်။
ACT 13:13 ပေါလုနဲ့ အပေါင်းအဖော်များဟ ပါဖုမြို့မှ သင်္ဘောလွှင့်ယွေ့ ပမ်ဖုလိပြေ ပေရဂေမြို့သို့ ရောက်ပင်း အဲမှာ မာကုဟု ခေါ်လဲ့ ယောဟန်ဟ သူလို့နဲ့ ခွဲခွာယွေ့ ယေရုရှလင်မြို့ဟို ပြန်လေအယ်။
ACT 13:14 သူလို့ဟ ပေရဂေမြို့မှ ထွက်ခွာကြရာ ပိသိဒိပြေ အန္တိအုတ်မြို့ဟို ရောက်ယွေ့ ဥပုသ်နေ့နှိုက် တရားဇရပ်သို့ ဝင်ယွေ့ ထိန်ကြအယ်။
ACT 13:15 ပညတ်ကျမ်းနဲ့ ပရောဖက်ကျမ်းဟို ဖတ်ရွတ်ပင်းမှ၊ တရားဇရပ် အုပ်ချုပ်ရေးမှူးဟ သူလို့ဆေ လူလွှတ်ယွေ့ “ညီအကိုလို့၊ လူလို့အတွက် တိုက်တွန်းအားပေးစကား ပြောစရာဆိရင် ပြောကြပါ” ဟု ဆိုကြအယ်။
ACT 13:16 ပေါလုဟ နေရာမှ ထယွေ့ လက်ရိပ်ပြလျက်၊ “ဣသရေလအမျိုးသားလို့နဲ့ ဘုရားသခင်အား ကိုးကွယ်သော လူမျိုးခြားလို့ ငါ့စကားဟို နားထောင်ကြလော့။
ACT 13:17 ဣသရေလအမျိုးသားလို့ရဲ့ ဘုရားသခင်ဟ ငါလို့ဖိုးဖေးများဟို ရွေးကောက်ယွေ့ အဲဂုတ္တုပြေတွင် ဧည့်သည်ဖြစ်နေထိန်စဉ် အဲလူမျိုးဟို ချီးမြှောက်အယ်။ အားကြီးသော လက်တော်အားဖြင့် သူလို့ဟို အေးပြေမှ ထုတ်ဆောင်ပင်း၊
ACT 13:18 တောကန္တာရတွင် အနှစ်လေးဆယ်ပတ်လုံး သူလို့အား သည်းခံအယ်။
ACT 13:19 အဲပင်းရင် ခါနာန်ပြေနှိုက် လူခုနစ်မျိုးလို့ဟို ဖျက်ဆီးပင်း သူလို့ပြေဟို မိမိလူလို့အား အမွေအဖြစ် ခွဲဝေပေးအယ်။
ACT 13:20 အဲအကျောန်းအရာလို့ဟ နှစ်ပေါင်း လေးရာငါးဆယ် ကြာခဲ့အယ်။ “အဲပင်းရင်ပရောဖက် ရှမွေလခေတ်တိုင်အောန် တရားသူကြီးများဟို ဘုရားသခင်ဟ သူလို့အား ပေးအယ်။
ACT 13:21 အဲပင်းရင် သူလို့ဟ ဘုရင်ဟို တောင်းဆိုကြသဖြင့် ဘုရားသခင်ဟ ကိရှရဲ့သား ဗင်္ယာမိန်အနွယ်ဝင် ရှောလုဟို အနှစ်လေးဆယ်ပတ်လုံး အုပ်ချုပ်ရန် သူလို့အား ပေးအယ်။
ACT 13:22 အဲပင်းရင် ရှောလုဟို ဖယ်ဆှားပင်းရင် ဒါဝိဒ်အား သူလို့ရဲ့ ဘုရင်အဖြစ် ချီးမြှောက်အယ်။ ဘုရားသခင်ဟ သူနဲ့ ပတ်သက်ယွေ့ သက်သေခံတာဟ ‘ငါရဲ့ စိတ်တော်နဲ့ တွေ့သူ ယေရှဲရဲ့ သားဒါဝိဒ်ဟို ငါ တွေ့ပီ၊ သူဟ ငါ့ရဲ့ အလိုသမျှလို့ဟို ဆောင်ရွက်လိမ့်မယ်’ ဟု မိန့်အယ်။
ACT 13:23 ဘုရားသခင်ဟ မိမိရဲ့ ကတိတော်အတိုင်း ဣသရေလအမျိုးသားလို့အဖို့ ကယ်တင်ဆှင် ယေရှုဟို အေးသူရဲ့ သားမြေးလို့ထဲမှ ပေါ်ထွန်းစေအယ်။
ACT 13:24 ယေရှု မကြွလာခင် ယောဟန်ဟ ဣသရေလအမျိုးသား အပေါင်းလို့အား မိမိလို့အပစ်မှ နောင်တရယွေ့ နှစ်ခြင်းဟို ခံရန် ဟောပြောလေအယ်။
ACT 13:25 ယောဟန်ဟ မိမိဆောင်ရွက်ရမဲ့အမှု ပီးဆုံးချိန် နီးသောအခါ၊ သူဟ လူလို့အား ‘နင်လို့ဟ ငါ့ဟို စသူ ဖြစ်အယ်ဟု ထင်မှတ်ကြသလော၊ ငါဟ နင်လို့ စောင့်မျှော်နေလဲ့ အဆှင် မဟုတ်။ အဲလိုလဲ နားထောင်လော့၊ အဲအဆှင်ဟ ငါ့နောက်တွင် ကြွလာပင်း ငါဟ အေးအဆှင်ရဲ့ ဖိနပ်ဟိုမျှ မချွတ်ထိုက်’ ဟု ဆိုအယ်။
ACT 13:26 “အာဗြဟံရဲ့ သားမြေးဖြစ်သူ ငါ့ ဣသရေလအမျိုးသားလို့နဲ့ ဘုရားသခင်ဟို ကိုးကွယ်သော လူမျိုးခြားလို့ ဟေကယ်တင်ခြင်း သတင်းစကားဟ ငါလို့ဆေဟို ပေးပို့ခြင်း ခံရအယ်။
ACT 13:27 အကျောန်းမှာ ယေရုရှလင်မြို့တွင် နေထိန်ကြသော လူများနဲ့ သူလို့ရဲ့ ခေါင်းဆောင်များမှာ ကိုယ်တော်ဟ ကယ်တင်ဆှင်ဖြစ်ကျောန်းဟို မသိကြ၊ ဥပုသ်နေ့တိုင်း ဖတ်ကြလဲ့ ပရောဖက်လို့ရဲ့ စကားဟိုလည်း နားမလည်ကြ။ အဲလိုလဲ ယေရှုဟို သေဒဏ် စီရင်ကြခြင်းအားဖြင့် အဲသူလို့ဟ ပရောဖက်များရဲ့ စကားများဟို ပြေ့စုံလာစေအယ်။
ACT 13:28 အေးလို့ သူလို့ဟ ကိုယ်တော်နှိုက် သေဒဏ်စီရင်ထိုက်သော အပစ်တစုံတရာဟိုမျှ မတွေ့သော်လည်း၊ သူလို့ဟ ကိုယ်တော်ဟို သေဒဏ်ပေးရန် ပိလတ်မင်းအား တောင်းဆိုကြအယ်။
ACT 13:29 သူလို့ဟ အဲအဆှင်နဲ့ ပတ်သက်ယွေ့ ကျမ်းစာတွင် ပါဆိသမျှသောအရာလို့ဟို ပြုကြပင်းနောက်၊ သူလို့ဟ ကိုယ်တော်ရဲ့အလောင်းတော်ဟို လက်ဝါးကပ်တိုင်မှ ချယွေ့ လုတ်တိုင်းဂူတွင် သင်္ဂြိုဟ်ကြအယ်။
ACT 13:30 အဲလိုလဲ ဘုရားသခင်ဟ သူ့ဟို သေခြင်းမှ ဆှင်ပြန်ထမြောက်စေအယ်၊
ACT 13:31 အဲပင်းရင် အေးအဆှင်ဟ ဂါလိလဲပြေမှ ယေရုရှလင်မြို့သို့ မိမိနဲ့အတူ သွားလာကြသူလို့အား ရက်ပေါင်းများစွာ ကိုယ်ထင်ပြအယ်။ အခု သူလို့ဟ ဣသရေလ လူများဆေတွင် ကိုယ်တော်ရဲ့ အသိသက်သေများ ဖြစ်ကြအယ်။
ACT 13:32 ငါလို့ဟ သတင်းကောင်းဟို နင်လို့ဆေ ယူဆောင်လာအယ်၊ ဘုရားသခင်ဟ ယေရှုဟို ဆှင်ပြန်ထမြောက်စေသဖြင့် ငါလို့ဖိုးဖေးလို့အား ပေးသော ကတိဟို သူလို့ရဲ့ သားမြေးများဖြစ်သူ ငါလို့အတွက် လုပ်ဆောင်ခဲ့ပီးပီ။ ဟေစာဟ ဒုတိယမြောက်သော ဆာလံကျမ်းနှိုက်၊ “ ‘နင်ဟ ငါရဲ့ သားတော် ဖြစ်အယ်။ ခုနေ့ပင် နင့်အား သားအရာဟို ငါ ပေးပီ’ ဟု ရေးထားလဲ့အတိုင်း ဖြစ်အယ်။
ACT 13:34 ကိုယ်တော်ဟို သေခြင်းမှ ထမြောက်စေမဲ့အကျောန်း၊ လုတ်တိုင်းထဲတွင် ဖယ်တော့မှ ပုပ်ခြင်းဟို မရောက်စေမဲ့အကျောန်းနဲ့ ပတ်သက်ယွေ့ ဘုရားသခင်ဟ၊ ‘ငါဟ ဒါဝိဒ်ဟို ကတိပေးထားလဲ့ မြင့်မြတ်ပင်း သေချာသော ကောင်းချီးဟို နင်လို့အား ငါ ပေးမယ်’ ဟု မိန့်အယ်။
ACT 13:35 အဲလိုမို့ အခြားသော ကျမ်းပိုဒ်တွင်၊ ‘ကိုယ်တော်ရဲ့ သန့်ဆှင်းသောသူအား လုတ်တိုင်းတွင်းမှာ ပုပ်ခွင့်ပေးလိမ့်မယ် မဟုတ်’ ဟု ပိုပင်း ဆှင်းပြထားအယ်။
ACT 13:36 အကျောန်းမှာ ဒါဝိဒ်ဟ မိမိလက်ထပ်နှိုက် ဘုရားသခင်ရဲ့ အကြံအစည်ဟို ဆောင်ရွက်ပင်း သေလွန်ယွေ့ မိမိဖိုးဖေးလို့ရဲ့ လုတ်တိုင်းတွင် သင်္ဂြိုဟ်ခြင်းဟို ခံလျက် သူရဲ့ ကိုယ်ခန္ဓာဟ လုတ်တိုင်းတွင် ပုပ်လေအယ်။
ACT 13:37 အဲလိုလဲ သေခြင်းမှ ဘုရားသခင် ထမြောက်စေသောသူဟ အဲလိုမျိုး ပုပ်ခြင်း မဆိ။
ACT 13:38 အဲလိုမို့ ငါ့ မိတ်ဆွေလို့၊ ယေရှုအားဖြင့် အပစ်များ ခွင့်လွှတ်ခြင်း အကျောန်းဟို နင်လို့အား ငါ သိစေချင်အယ်။
ACT 13:39 သူ့အားဖြင့် ယုံကြည်သူအပေါင်းလို့ဟ အပစ်တရားမှ လွှတ်ယွေ့၊ မောရှေရဲ့ ပညတ်တရားအားဖြင့် ဖြောင့်မတ်တာဟု အသိအမှတ်ပြုခြင်း မခံရနိန်။
ACT 13:40 ပရောဖက်ကျမ်းများတွင် နင်လို့အား၊
ACT 13:41 ‘ငါ မိန့်တာဟို မထီမဲ့မြင်ပြုသူလို့ ကျေ့ရှုလော့။ အံ့ဩလျက် ပျက်စီးခြင်းဟို ရောက်ကြလော့။ အကျောန်းမှာ ငါဟ နင်လို့လက်ထက်နှိုက် အမှုတခုဟို ပြုလုပ်မယ်၊ တစုံတယောက်ဟ အေးအမှုဟို အကုန်ပြောပြသော်လည်း၊ နင်လို့ဟ ဖယ်တော့မှ ယုံကြည်ကြမှာ မဟုတ်’ ဟု မိန့်ထားသော အရာဟ နင်လို့အပေါ် မသက်ရောက်မဲ့ကျောန်း သတိပြုကြလော့” ဟု ဆိုလေအယ်။
ACT 13:42 တရားဇရပ်မှ ပေါလုနဲ့ ဗာနဗလို့ ထွက်ခွာလာကြစဉ်၊ လူလို့ဟ သူ့အား နောက်ဥပုသ်နေ့နှိုက် ပြန်လာပင်း ဟေအကျောန်းအရာများဟို ထပ်ပြောရန် တောင်းပန်ကြအယ်။
ACT 13:43 အစည်းအဝေးမှ လူလို့ ထွက်လာပင်းနောက်၊ ရမ်းဆာ့သော ယုဒလူမျိုးများမှ စယွေ့ ယုဒဘာသာမှ ပြောင်းလဲလာသော ရမ်းဆာ့သော လူမျိုးခြားလို့ဟ ပေါလုနဲ့ ဗာနဗနောက်သို့ လိုက်ကြအယ်။ တမန်တော်လို့ဟ သူလို့အား ဘုရားသခင်ရဲ့ ကျေးဇူးတော်နှိုက် ဆက်လက် အသက်ဆှင်နေထိန်ရန် အားပေးတိုက်တွန်းလေအယ်။
ACT 13:44 နောက်ဥပုသ်နေ့တွင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တရားတော်ဟို ကြားနာရန် မြို့လုံးကျွတ်နီးပါး လူလို့ လာရောက်ကြအယ်။
ACT 13:45 အဲလိုလဲ ယုဒအမျိုးသားလို့ဟ လူအုပ်ဟို မျော်သောအခါ၊ မနာလိုစိတ်နဲ့ ပြေ့သဖြင့် ပေါလု ပြောသောစကားများဟို ငြင်းခုံပင်း စော်ကားကြအယ်။
ACT 13:46 အဲအခါ ပေါလုနဲ့ ဗာနဗလို့ဟ ရဲရင့်စွာ ဟောကြားတာဟ “ငါလို့ဟ ဘုရားသခင်ရဲ့ နှုတ်ကပတ်တရားတော်ဟို နင်လို့အား ပထမဆုံး ဟောပြောရမယ်။ အဲလိုလဲ နင်လို့ဟ တရားတော်ဟို ငြင်းပယ်ကာ မိမိလို့ကိုယ်ကို ထာဝရအသက်နဲ့ မထိုက်တန်ဟု စီရင်ကြသောကျောန့်၊ ငါလို့ဟ နင်လို့နားမှ ထွက်ခွာယွေ့ လူမျိုးခြားလို့ဆေဟို သွားကြမယ်။
ACT 13:47 အကျောန်းမှာ ငါလို့အား ထာဝရဘုရားဟ “ ‘ကယ်တင်ခြင်း ကျေးဇူးဟို တကမ္ဘာလုံးဆိ ရဆိစေရန် နင်လို့အား လူမျိုးခြားများအတွက် အလင်းအဖြစ် ငါ ခန့်ထားအယ်’ ဟူယွေ့ မိန့်ခဲ့အယ်” ဟု ဆိုကြအယ်။
ACT 13:48 လူမျိုးခြားလို့ဟ အဲစကားဟို ကြားသောအခါ ရွှင်လန်းဝမ်းမြောက်ပင်း ဘုရားသခင်ရဲ့ နှုတ်ကပတ်တရားတော်ဟို ချီးမွန်း ပြောဆိုကြအယ်။ ထာဝရ အသက်ရဆိရန် ရွေးကောက်ခြင်း ခံရသူလို့ဟ ယုံကြည်သူများ ဖြစ်လာကြအယ်။
ACT 13:49 အေးလိုမို့ ဘုရားသခင်ရဲ့ တရားတော်ဟ အေးဒေသတဆှောက်လုံးတွင် နှံ့ပြားလေအယ်။
ACT 13:50 အဲလိုလဲ ယုဒအမျိုးသားလို့ဟ ဘုရားသခင်ဟို ကိုးကွယ်သူ အထက်တန်းလွှာ မိန်းမနဲ့ မြို့ရဲ့ ခေါင်းဆောင်များဟို လှုံ့ဆော်ကြအယ်။ သူလို့ဟ ပေါလုနဲ့ ဗာနဗလို့အား စတင် ညှဉ်းဆဲပင်း မိမိလို့ပြေရဲ့ နယ်မှ မောင်းထုတ်လိုက်ကြအယ်။
ACT 13:51 အဲလိုမို့ ပေါလုနဲ့ ဗာနဗလို့ဟ အေးသူလို့ရဲ့ ခြေဖဝါးမှ ဖုန်မှုန့်ဟို သတိပေးလဲ့နေနဲ့ ခါချခဲ့ပင်း ဣကောနိမြို့သို့ ထွက်သွားကြအယ်။
ACT 13:52 အန္တိအုတ်မြို့ဆိ တဘဲ့တော်လို့ဟ ရွှင်လန်းဝမ်းမြောက်ယွေ့ သန့်ဆှင်းသော ဝိညာဉ်တော်နဲ့ ပြေ့ဝလျက် ဆိကြအယ်။
ACT 14:1 ဣကောနိမြို့တွင် ပေါလုနဲ့ ဗာနဗဟ ယုဒအမျိုးသားလို့ရဲ့ တရားဇရပ်သို့ ဝင်ယွေ့ အဲနည်းအတိုင်း ဟောပြောကြရာ ယုဒအမျိုးသားများနဲ့ လူမျိုးခြား အမြောက်အမြားဟ ယုံကြည်ကြအယ်။
ACT 14:2 အဲလိုလဲ မယုံကြည်ကြလဲ့ ယုဒအမျိုးသားလို့ဟ လူမျိုးခြားလို့ဟို သွေးထိုးလှုံ့ဆော်ယွေ့ ညီအကိုလို့အပေါ် မနာလိုစိတ် ဆိကြအယ်။
ACT 14:3 တမန်တော်လို့ဟ အဲအရပ်တွင် ကြာမြင့်စွာ နေထိန်လျက် ဘုရားသခင်ရဲ့ အကျောန်းဟို ရဲရင့်စွာ ဟောပြောကြအယ်။ ကိုယ်တော်ဟ အေးသူလို့ ဟောပြောလဲ့ ကျေးဇူးတော်ဆိုင်ရာ တရားမန်ကန်ကျောန်း သက်သေပြရန် သူလို့အား အံ့ဩဖွယ်ရာများနဲ့ နိမိတ်လက္ခဏာများ ပြနိန်သောတန်ခိုးဟို ပေးအယ်။
ACT 14:4 မြို့သူမြို့သားလို့ဟ နေစု ကွဲပြားကြအယ်၊ တချို့ဟ ယုဒအမျိုးသားလို့ဖက်ဟို ပါသွားယွေ့ အခြားတစုဟ တမန်တော်လို့ဖက်ဟို ပါသွားကြအယ်။
ACT 14:5 ယုဒအမျိုးသားနဲ့ လူမျိုးခြားအချို့လို့ဟ တမန်တော်လို့ဟို ညှဉ်းဆဲရန်နဲ့ ခဲဖြင့် ပေါက်ရန် မိမိလို့ ခေါင်းဆောင်များနဲ့အတူ ကြံစည် အားထုတ်ကြအယ်။
ACT 14:6 အဲအကျောန်းဟို တမန်တော်လို့ဟ ကြားသိကြသောအခါ လုကောနိပြေဆိ လုတ္တရမြို့၊ ဒေရဗေမြို့ အနီးဆိဒေသဟို ထွက်ပြေးယွေ့၊
ACT 14:7 အဲအရပ်နှိုက် သတင်းကောင်းဟို ဟောပြောကြအယ်။
ACT 14:8 လုတ္တရမြို့တွင် မွေးစကပင် ခြေမသန်စွမ်းဖြစ်ခဲ့သူ၊ ဖယ်ခါကမှ လမ်းမဆှောက်နိန်ခဲ့သူ လူတယောက် ဆိအယ်။
ACT 14:9 သူဟ ပေါလု ဟောပြောတာဟို ထိန်ယွေ့ နားထောင်လျက် နေအယ်။ ပေါလုဟ သူ့အား စေ့စေ့ကျေ့ယွေ့ ရောဂါပျောက်ကင်း စေနိန်လောက်အောန် သူ့မှာ ယုံကြည်ခြင်း ဆိကျောန်း မျော်ရင်၊
ACT 14:10 “ထယွေ့ နင့်ခြေထောက်ဖြင့် မတ်တတ်ရပ်လော့” ဟု အေးသူအား အသံကျယ်ရီးနဲ့ ပြောအယ်။ အဲပင်းရင် သူဟ ထခုန်ပင်း စတင် လမ်းဆှောက်အယ်။
ACT 14:11 လူအုပ်လို့ဟ ပေါလု ပြုသောအမှုအရာဟို မျော်သောအခါ၊ သူလို့ဟ စတင်ပင်း “နတ်ဘုရားလို့ဟ လူ့အသွင်ဟို ဆောင်ယွေ့ ငါလို့ဆေဟို သက်ဆင်းလာလေပီ” ဟု မိမိလို့ လုကောနိ ဘာသာစကားဖြင့် ကြွေးကြော်ကြအယ်။
ACT 14:12 သူလို့ဟ ဗာနဗအား ဇုသဟု ခေါ်ယွေ့၊ ပေါလုဟ ခေါင်းဆောင် ဟောပြောသူဖြစ်သောကျောန့် သူ့ဟို ဟေရမေဟု ခေါ်ကြအယ်။
ACT 14:13 ဇုသနတ်ဘုရားရဲ့ ဗိမာန်ဟ မြို့ပြင်တွင် ဆိရာ အဲနတ်ဘုရားရဲ့ ယဇ်ပုရောဟိတ်ဟ နွားထီးများနဲ့ ပန်းကုံးများဟို မြို့ထင်ခါးဝသို့ ယူဆောင်လာပင်း၊ သူနဲ့တကွ လူပရိသတ်လို့ဟ တမန်တော်လို့အား ယဇ်ပူဇော်ပသချင်ကြအယ်။
ACT 14:14 အဲလိုလဲ ပူဇော်ကြမဲ့အကျောန်းဟို တမန်တော် ဗာနဗနဲ့ ပေါလုလို့ ကြားကြသောအခါ မိမိလို့ရဲ့ အဝတ်များဟို ဆုတ်ဖြဲယွေ့ လူပရိတ်သတ်လို့ အလယ်ဟို ပြေးသွားပင်း၊
ACT 14:15 “မိတ်ဆွေလို့၊ နင်လို့ဟ ပစာကျောန့် ဟေလိုလုပ်ကြလုန်း။ ငါလို့ဟလည်း နင်လို့လိုမျိုးပင် သာမန်လူများသာ ဖြစ်ကြပင်း၊ နင်လို့ဟ ဟေလို အကျိုးမဆိလဲ့ အမှုအရာများဟို စွန့်ပစ်ယွေ့ မိုးခေါန်းခင်၊ မြေကြီးဟို လည်းကောင်း ပင်လယ်နဲ့ အရာခပ်သိမ်းတွင် ဆိလေသမျှသောအရာလို့ဟို လည်းကောင်း ဖန်ဆင်းသော အသက်ဆှင်သော ဘုရားသခင်ဆေ ပြောင်းလဲကြရန် နင်လို့အား သတင်းကောင်းဟို ဟောပြောနေသူများ ဖြစ်ကြအယ်။
ACT 14:16 လွန်ခဲ့သောခေတ်ကာလများဟ ကိုယ်တော်ဟ လူမျိုးတကာလို့အား မိမိလို့ လမ်းစဉ်အတိုင်း ဆှောက်လှမ်းကြရန် အခွင့်ဟို ပေးခဲ့အယ်။
ACT 14:17 အဲလိုလဲ သူပြုသော ကောင်းသောအမှုအားဖြင့် ကိုယ်တော် တည်ဆိကျောန်း သက်သေဟို အမြဲ ပြခဲ့အယ်။ ကိုယ်တော်ဟ ခေါန်းခင်မှ မိုးဟို ရွာစေပင်း အချိန်တန်ရင် သီးနှံများဟို ဖြစ်ထွန်းစေကာ၊ အစားအစာ ပေးယွေ့ ရွှင်လန်းဝမ်းမြောက်ခြင်းလို့ဖြင့် နင်လို့ စိတ်နေလုံးဟို ပြေ့စေအယ်” ဟု ကြွေးကြော်အယ်။
ACT 14:18 သူလို့ဟ အေးလို့ပြောဆိုလျက် မိမိလို့အား ပူဇော်ခြင်း မပြုကြရန် လူအုပ်များဟို ခဲယဉ်းစွာ တားရအယ်။
ACT 14:19 အဲအခါ အန္တိအုတ်မြို့နဲ့ ဣကောနိမြို့လို့မှ ယုဒအမျိုးသား အချို့လို့ဟ ရောက်လာကြပင်း လူအုပ်လို့ဟို မိမိလို့ဖက်သို့ပါအောန် စည်းရုံးကာ ပေါလုဟို ကျောက်ခဲနဲ့ နှက်ယွေ့ သေပီဟု ထင်သဖြင့် မြို့ပြင်ဟို ဆွဲထုတ်သွားကြအယ်။
ACT 14:20 အဲလိုလဲ မိမိရဲ့ပတ်လည်တွင် တဘဲ့တော်လို့ ဝိုင်းလျက် နေကြသောအခါ၊ ပေါလုဟ ထယွေ့ မြို့ထဲဟို ဝင်လေအယ်။ နောက်တနေ့မှာ သူနဲ့ ဗာနဗဟ ဒေရဗေမြို့ဟို သွားကြအယ်။
ACT 14:21 ပေါလုနဲ့ ဗာနဗလို့ဟ ဒေရဗေမြို့တွင် သတင်းကောင်းဟို ဟောပြောသဖြင့် ရမ်းဆာ့သော လူလို့ဟို တဘဲ့တော် ဖြစ်လာကြအယ်။ အဲပင်းရင် လုတ္တရမြို့၊ ဣကောနိမြို့နဲ့ ပိသိဒိပြေ အန္တိအုတ်မြို့ဟို ပြန်သွားကြအယ်။
ACT 14:22 တဘဲ့တော်လို့ရဲ့ စိတ်နေလုံးဟို ခိုင်ခံ့မြဲမြံစေလျက် ယုံကြည်ခြင်းနှိုက် ဆက်ယွေ့ တည်နေကြရန် ခွန်အားပေးကြအယ်။ သူလို့ဟ “ငါလို့သည် ဘုရားသခင်ရဲ့ နိုင်ငံတော်သို့ ဝင်ရန် ရမ်းဆာ့ ဆင်းရဲဒုက္ခများ ဖြတ်သန်းရမယ်” ဟု ဆိုအယ်။
ACT 14:23 သူလို့ဟ အသင်းတော်တိုင်းတွင် အကြီးအကဲလို့ဟို ခန့်ထားယွေ့၊ အစာဆှောင်လျက် ဆုတောင်းပင်း သူလို့ ယုံကြည်သော သခင်ဘုရားဆေ သူလို့ဟို အပ်နှံကြအယ်။
ACT 14:24 အဲပင်းရင် ပိသိဒိပြေ တပြေလုံးဟို ဆှောက်သွားယွေ့ ပမ်ဖုလိပြေဟို ရောက်ကြအယ်။
ACT 14:25 သူလို့ဟ ပေရဂေမြို့တွင် တရားတော်ဟို ဟောပြောကြပင်းနောက် အတ္တလိမြို့သို့ သွားပင်း၊
ACT 14:26 အဲမြို့မှတဆင့် ရွက်လွင့်ကာ အခု မိမိလို့ ဆောင်ရွက်ပီးစီးသွားလဲ့ အမှုတော်အတွက် ဘုရားသခင်ရဲ့ ကျေးဇူးတော်နှိုက် အပ်နှံခြင်း ခံခဲ့ရာ အန္တိအုတ်မြို့ဟို ပြန်သွားကြအယ်။
ACT 14:27 အန္တိအုတ်မြို့ဟို ရောက်သောအခါ သူလို့ဟ အသင်းတော်ဝင်လို့ဟို စုရုံးစေလျက် မိမိလို့အားဖြင့် ဘုရားသခင် ပြုခဲ့သမျှသော အမှုအရာလို့ဟို လည်းကောင်း၊ ယုံကြည်ခြင်း ထင်ခါးဟို တပါးအမျိုးသားလို့အတွက် ဖွင့်ကျောန်းဟို လည်းကောင်း ပြောကြားကြအယ်။
ACT 14:28 အဲပင်းရင် သူလို့ဟ တဘဲ့တော်လို့နဲ့အတူ ကြာမြင့်စွာ နေကြအယ်။
ACT 15:1 လူအချို့လို့ဟ ယုဒပြေမှ အန္တိအုတ်မြို့ဟို လာယွေ့ ယုံကြည်သူလို့အား “နင်လို့ဟ မောရှေရဲ့ ပညတ်တရားအတိုင်း အရေဖျားလှီးခြင်းဟို မခံယူရင် ကယ်တင်ခြင်း မရနိန်” ဟု စတင် သွန်သင်ကြအယ်။
ACT 15:2 ပေါလုနဲ့ ဗာနဗလို့ဟ အေးသူလို့ကြားနှိုက် ပြင်းထန်သော သဘောထားကွဲလွဲမှုနဲ့ အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ပေါလု၊ ဗာနဗနဲ့ မိမိလို့ထဲမှ လူအချို့လို့ဟို ဟေပြဿနာအတွက် ယေရုရှလင်မြို့နှိုက် တမန်တော်များနဲ့ အသင်းတော် အကြီးအကဲများဆေဟို သွားကြရန် ခန့်အပ်ကြအယ်။
ACT 15:3 သူလို့ဟ အသင်းတော်ရဲ့ ပို့ဆောင်ခြင်းအားဖြင့် ဖိနိတ်ပြေနဲ့ ရှမာရိပြေလို့ဟို ဖြတ်သွားစဉ် လူမျိုးခြားလို့ ဘုရားသခင်ဆေ ပြောင်းလဲလာပုံဟို ပြောပြကြသဖြင့် ယုံကြည်သူပေါင်းလို့ဟ ရမ်းဆာ့ ဝမ်းမြောက်ကြအယ်။
ACT 15:4 ယေရုရှလင်မြို့သို့ သူလို့ ရောက်ကြသောအခါ အသင်းတော်မှ စယွေ့ တမန်တော်များ၊ အသင်းတော် လူကြီးများဟ သူလို့အား ကြိုဆိုလက်ခံလဲ့အခါ မိမိလို့အား ဘုရားသခင် ပြုသမျှလို့ဟို ပြောကြားကြအယ်။
ACT 15:5 အဲလိုလဲ ဖာရိရှဲ အဖွဲ့ဝင်များအနက် ယုံကြည်သူအချို့လို့ဟ ထယွေ့ “လူမျိုးခြားလို့ဟ အရေဖျားလှီးခြင်း ပေးကြရန်နဲ့ မောရှေရဲ့ ပညတ်တရားဟို လိုက်နာရမယ်” ဟု ဆိုကြအယ်။
ACT 15:6 တမန်တော်များနဲ့ လူကြီးများဟ ဟေအမှုကိစ္စဟို စဉ်းစားဆင်ခြင်ရန် စုဝေးကြအယ်။
ACT 15:7 အချိန်အကြာကြီး အခြေအတင် ဆွေးနွေးကြပင်းနောက် ပေတရုဟ နေရာမှ ထယွေ့ “ညီအကိုလို့၊ လူမျိုးခြားလို့ဟ ငါ့စလောင်အားဖြင့် သတင်းကောင်းနဲ့ဆိုင်သော တရားစကားဟို ကြားနာယွေ့ ယုံကြည်ကြစေရန် ဘုရားသခင်ဟ လွန်ခဲ့လဲ့အချိန်ဟ နင်လို့အထဲမှ ငါ့ဟို ရွေးကောက်ကျောန်း နင်လို့ သိကြအယ်။
ACT 15:8 စိတ်နေလုံးဟို သိသော ဘုရားသခင်ဟ သန့်ဆှင်းသော ဝိညာဉ်တော်ဟို ငါလို့အား ပေးသလိုမျိုး လူမျိုးခြားလို့အားလည်း ပေးသောအားဖြင့် သူလို့ဟို အသိအမှတ်ပြုအယ်။
ACT 15:9 ကိုယ်တော်ဟ သူလို့ဟို ငါလို့နဲ့ ခွဲခြားခြင်း ပြုတော်မမူဘဲ သူလို့ဟ ကိုယ်တော်ဟို ယုံကြည်ခြင်းအားဖြင့် သူလို့ရဲ့ စိတ်နေလုံးဟို သန့်ဆှင်းစေအယ်။
ACT 15:10 အေးလိုမို့ နင်လို့ဟ ငါလို့ဖိုးဖေးများနဲ့ ငါလို့တတ်တိုင်းလည်း မထမ်းနိန်သော ထမ်းပိုးဟို တဘဲ့တော်လို့ရဲ့ လည်ပင်းပေါ်နှိုက် တင်ခြင်းအားဖြင့် ဘုရားသခင်ဟို ပစာကျောန့် စမ်းသပ်ကြလုန်း။
ACT 15:11 မဟုတ်ဝူး၊ ငါလို့ဟလည်း အေးသူလို့နည်းတူ ယုံကြည်သဖြင့် သခင် ယေရှုရဲ့ ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းဟို ခံရကြအယ်” ဟု ပြောဆိုအယ်။
ACT 15:12 စုဝေးနေသော သူအပေါင်းလို့ဟ တိတ်ဆိတ်သွားယွေ့ ဗာနဗနဲ့ ပေါလုတို့ဟ မိမိလို့အားဖြင့် လူမျိုးခြားလို့ အလယ်နှိုက် ဘုရားသခင်ပြုသော အံ့ဩဖွယ်ရာများနဲ့ နိမိတ်လက္ခဏာများ အကျောန်းဟို ပြောကြားနေစဉ် တိတ်ဆိတ်စွာ နားထောင်လျက် နေကြအယ်။
ACT 15:13 သူလို့ ပြောဆိုပင်းသောအခါ ယာကုပ်ဟ “ညီအကိုလို့ ငါ့စကားဟို နားထောင်ကြပါ။
ACT 15:14 ဘုရားသခင်ဟ မိမိနာမတော်အတွက် လူမျိုးခြားလို့ထဲမှ လူမျိုးဟို ရယူရန် သူလို့ဆေ ဦးစွာ အကျေ့အရှု ကြွလာကျောန်း ရှိမုန် ဆှင်းပြခဲ့ပီ။
ACT 15:15 ပရောဖက်လို့ရဲ့ ဟောကြားချက်များဟလည်း ဟေအချက်နဲ့ လုံးဝ ကိုက်ညီလျက် ဆိအယ်။ ကျမ်းစာတော်တွင်
ACT 15:16 “ ‘ဟေအရာများနောက်တွင် ငါ ပြန်လာယွေ့၊ ပြိုလဲသော ဒါဝိဒ်ရဲ့ တဲဟို ပြန်ယွေ့ တည်ဆောက်မယ်။ ငါဟ ဖြိုဖျက်ခြင်း ခံရသော အေးတဲဟို ပြန်ယွေ့ တည်ဆောက်ပင်း ၎င်းဟို ပြန်လည် ခိုင်ခံ့စေမယ်။
ACT 15:17 ဟေဟာဟ ကြွင်းကျန်သော လူလို့နဲ့ ငါ့ရဲ့နာမဖြင့် ခေါ်ဝေါ်သမုတ်ခြင်း ခံရသော လူမျိုးခြားလို့ဟ ထာဝရဘုရားဟို ဆှာဖွေကြမဲ့အကျောန်းတည်းဟု
ACT 15:18 မခင်ကာလမှ စယွေ့ ဟေအမှုအရာများဟို သိစေသော ထာဝရဘုရား မိန့်အယ်’ ဟူယွေ့ ရေးထားလဲ့အတိုင်း ဖြစ်အယ်။”
ACT 15:19 ယာကုပ်ရဲ့ စီရင်ချက်ဟ ဆက်လက်ယွေ့ “အဲမို့ ဘုရားသခင်ဆေသို့ ပြောင်းလဲလာကြသူ လူမျိုးခြားလို့ အခက်ကြုံစေရန် ငါလို့ မပြုသင့်၊
ACT 15:20 အဲအစား ရုပ်တုအား ပူဇော်ထားသောကျောန့် မသန့်ဆှင်းလဲ့ အစားအစာများဟို မစားရန်၊ ကာမဂုဏ် လိုက်စားခြင်း၊ လည်ပင်းဟို ညှစ်ယွေ့ သတ်သော တိရစ္ဆာန်များ အဲဟာမဟုတ်ရင် အသွေးဟို စားသုံးခြင်းလို့ဟိုမူ ဆှောင်ဆှားကြစေရန် စာရေးယွေ့ အကျောန်းကြားသင့်တာဟု ငါ ယူဆအယ်။
ACT 15:21 အကျောန်းမှာ မခင်ဟ မြို့တိုင်းနှိုက် မောရှေရဲ့ ပညတ်တရားဟို ဟောပြောသောသူ ဆိယွေ့ အေးကျမ်းဟို ဥပုသ်နေ့တိုင်း တရားဇရပ်များတွင် ဖတ်လေ့ဆိအယ်” ဟု ဆိုလေအယ်။
ACT 15:22 အဲအခါ တမန်တော်များ၊ အသင်းတော် လူကြီးများနဲ့ အသင်းတော်အပေါင်းလို့ဟ သူလို့အဖွဲ့ထဲနှိုက် လူဟို ရွေးကောက်ယွေ့ အန္တိအုတ်မြို့ဟို ပေါလု၊ ဗာနဗလို့နဲ့အတူ စေလွှတ်ရန် ဆုံးဖြတ်ကြအယ်။ သူလို့ဟ ယုံကြည်သူလို့ ရမ်းဆာ့ ကြည်ညိုလေးစားလဲ့ ဗာရှဗ ခေါ်လဲ့ ယုဒနဲ့ သိလလို့ နေယောက်ဟို ရွေးကောက်ကြအယ်။
ACT 15:23 အဲသူလို့မှတဆင့် ပေးလိုက်သော စာဟ၊ “နင်လို့ရဲ့ ညီအကိုများ၊ တမန်တော်များနဲ့ အသင်းတော် လူကြီးများ၊ ရှုရိပြေ၊ ကိလိကိပြေနဲ့ အန္တိအုတ်မြို့တွင် ဆိသော လူမျိုးခြားထဲမှ ညီအကိုလို့အား နှုတ်ခွန်းဆက်သလိုက်အယ်။
ACT 15:24 ငါလို့အထဲမှ အချို့လို့ဟ ငါလို့ရဲ့ ခွင့်ပြုချက် မရဘဲ ထွက်သွားယွေ့ သူလို့ပြောလဲ့ စကားများကျောန့် နင်လို့ စိတ်အနှောင့်အယှက် ဖြစ်ရပင်း နင်လို့အား ဒုက္ခရောက်စေကျောန်း ကြားရကြအယ်။
ACT 15:25 အေးလိုမို့ ငါလို့ဟ တညီတညွတ်တည်း တွေ့ဆုံခဲ့ကြပင်း အချို့သော သတင်းသယ်ဆောင်သူများဟို ရွေးချယ်ကာ နင်လို့ဆေ ပေးပို့ရန် အားလုံး သဘောတူခဲ့ကြအယ်။
ACT 15:26 ငါလို့ သခင် ယေရှု ခရစ်တော်ရဲ့ အမှုတော်ထဲမှာ မိမိလို့အသက်ဟို ဆက်ကပ်ထားသူများဖြစ်ကြလဲ့ ငါလို့ချစ်သော မိတ်ဆွေ ဗာနဗနဲ့ ပေါလုလို့ဟလည်း သူလို့နဲ့အတူ လိုက်သွားကြလိမ့်မယ်။
ACT 15:27 အေးလိုမို့ ငါလို့ရဲ့ စာတွင် ရေးသားဖော်ပြထားလဲ့ အကျောန်းအရာများဟို သူလို့နှုတ်ဖြင့် အတည်ပြု ပြောကြားရန် ငါလို့ဟ ယုဒနဲ့ သိလလို့ဟို စေလွှတ်လိုက်အယ်။
ACT 15:28 အကျောန်းမှာ သန့်ဆှင်းသော ဝိညာဉ်တော်နဲ့ ငါလို့ဟ လိုက်နာရန် လိုအပ်လဲ့ အောက်ပါအချက်များမှတပါး အခြားစလို ဝန်ထုတ်ဝန်ပိုးဟိုမှ နင်လို့အပေါ်ဟို မတင်ရန် ဆုံးဖြတ်ထားကြအယ်။
ACT 15:29 နင်လို့ဟ ရုပ်တုအား ပူဇော်ထားလဲ့ အစားအစာ၊ အသွေး၊ လည်ပင်းဟို ညှစ်ယွေ့ သတ်သော တိရစ္ဆာန်နဲ့ မတရားသော မေထုန်လို့ဟို ကြဉ်ဆှောင်ရန် ဖြစ်အယ်။ နင်လို့ဟ ဟေအရာလို့နဲ့ ကင်းဆှင်းလျက် နေရင် ကောင်းပေအယ်။ ကျန်းမာ ရွှင်လန်းကြပါစေ” ဟု ရေးထားအယ်။
ACT 15:30 အဲလိုမို့ သတင်းသယ်ဆောင်သူလို့အား စေလွှတ်သဖြင့် သူလို့ဟ အန္တိအုတ်မြို့သို့ သွားယွေ့ အဲမှာဆိလဲ့ ယုံကြည်သူအပေါင်းလို့အား စုဝေးစေပင်း အမှာစာဟို အပ်ပေးကြအယ်။
ACT 15:31 သူလို့ဟ အဲစာဟို ဖတ်ကြသောအခါ သူလို့ဟ အားပေး စကားများကျောန့် ဝမ်းမြောက်ခြင်းနဲ့ ပြေ့ကြအယ်။
ACT 15:32 ယုဒနဲ့ သိလလို့ တတ်တိုင်းဟလည်း ပရောဖက်များ ဖြစ်ကြသောကျောန့် ညီအကိုလို့အား ရမ်းဆာ့သောစကားနဲ့ တိုက်တွန်းအားပေးလျက် ကြံ့ခိုင်စေကြအယ်။
ACT 15:33 သူလို့ဟ အေးအရပ်တွင် ကာလအတန်ကြာ နေပင်းနောက် ညီအကိုလို့အား ငြိမ်သက်စွာ ပြန်လွှတ်သဖြင့် သူလို့ဟ မိမိလို့ဟို စေလွှတ်သော သူလို့ဆေဟို ပြန်သွားကြအယ်။
ACT 15:34 
ACT 15:35 ပေါလုနဲ့ ဗာနဗလို့ဟ အန္တိအုတ်မြို့တွင် ဆက်လက် နေထိန်ယွေ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟို အခြားသူများနဲ့အတူ ဟောပြော သွန်သင်ကြအယ်။
ACT 15:36 ရက်အနည်းငယ် ကြာသောအခါ ပေါလုဟ ဗာနဗအား “ဘုရားသခင်ရဲ့ နှုတ်ကပတ်တရားတော်ဟို ငါလို့ ဟောပြောခဲ့လဲ့ မြို့တိုင်းဆိ ညီအကိုများဆေဟို ပြန်သွားယွေ့ သူလို့ စလိုဆိနေကြတာဟို ကျေ့ရှုကြကုန်စို့” ဟု ဆိုအယ်။
ACT 15:37 ဗာနဗဟ မာကု နာမယ်ဆိသော ယောဟန်ဟို မိမိနဲ့အတူ ခေါ်သွားလိုအယ်။
ACT 15:38 အဲလိုလဲ ပေါလုဟ ပမ်ဖုလိပြေတွင် သူလို့ဆေမှ ထွက်ခွာသွားသောကျောန့် အမှုတော် ထမ်းဆောင်ရာသို့ သူလို့နဲ့အတူ မလိုက်ခဲ့သောသူဟို မခေါ်သွားသင့်ဟု မှတ်ယူအယ်။
ACT 15:39 သူလို့ဟ အပြင်းအထန် အငြင်းပွားပင်းနောက် လမ်းခွဲသွားကြအယ်။ ဗာနဗဟ မာကုဟို ခေါ်ယွေ့ ကုပရုကျွန်းသို့ ရွက်လွှင့်လေအယ်။
ACT 15:40 ပေါလုမူကား သိလဟို ရွေးချယ်ယွေ့ ညီအကိုများအားဖြင့် သခင်ဘုရားရဲ့ ကျေးဇူးတော်သို့ အပ်နှံခြင်းဟို ခံယူလျက် ထွက်ခွာသွားလေအယ်။
ACT 15:41 သူဟ ရှုရိပြေနဲ့ ကိလိကိပြေဟို သွားရောက်ယွေ့ အသင်းတော်ဟို ခိုင်ခံ့စေအယ်။
ACT 16:1 ပေါလုဟ ဒေရဗေမြို့နဲ့ လုတ္တရမြို့ဟို ရောက်ဆိလာပင်း အဲအရပ်တွင် တိမောသေ နာမယ်ဆိသော တဘဲ့တော်တဦး ဆိအယ်။ သူရဲ့အမေ့ ယုံကြည်သူ ယုဒအမျိုးသမီး ဖြစ်သော်လည်း သူ့အဖမှာ ဟေလသအမျိုးသား ဖြစ်အယ်။
ACT 16:2 သူဟ လုတ္တရမြို့နဲ့ ဣကောနိမြို့ဆိ ယုံကြည်သူလို့ရဲ့ ချီးမွန်းခြင်းဟို ခံရအယ်။
ACT 16:3 ပေါလုဟ တိမောသဟို မိမိနဲ့အတူ လိုက်စေလိုသဖြင့် သူ့အား အရေဖျားလှီးခြင်း ပေးအယ်။ အေးလို့ လုပ်ရခြင်းမှာ တိမောသေရဲ့ အဖဟ ဟေလသအမျိုးသားဖြစ်ကျောန်း အေးအရပ်ဆိ ယုဒအမျိုးသားလို့ သိကြသောကျောန့် ဖြစ်အယ်။
ACT 16:4 သူလို့ဟ မြို့များဟို ဖြတ်ယွေ့ သွားကြစဉ်တွင် ယေရုရှလင်မြို့နှိုက်ဆိသော တမန်တော်များနဲ့ အသင်းတော်လူကြီးများ ဆုံးဖြတ်ကြသော စည်းကမ်းများဟို ယုံကြည်သူလို့ လိုက်နာကျင့်သုံးရန် ညွှန်ကြားကြအယ်။
ACT 16:5 အေးလိုမို့ အသင်းတော်လို့ရဲ့ ယုံကြည်ခြင်း ပိုမိုခိုင်မြဲလာလျက် နေ့စဉ်နေ့တိုင်း အရေအတွက်အားဖြင့် တိုးတက်များပြားလာအယ်။
ACT 16:6 သူလို့ဟ ဖြူဂိပြေနဲ့ ဂလာတိပြေလို့ဟို ဖြတ်သွားကြသောကျောန့် သန့်ဆှင်းသော ဝိညာဉ်တော်ဟ သူလို့အား အာရှပြေနှိုက် နှုတ်ကပတ်တရားတော်ဟို ဟောပြောရန် အခွင့်ပေးတော်မမူ။
ACT 16:7 သူလို့ဟ မုသိပြေနယ်စပ်ဟို ရောက်ကြသောအခါ ဗိသုန်ပြေဟို သွားရန် ကြိုးစားကြသော်လည်း ယေရှုရဲ့ ဝိညာဉ်တော်ဟ ခွင့်မပြုခဲ့ပေ။
ACT 16:8 အဲလိုမို့ သူလို့ မုသိပြေဟို ဖြတ်ယွေ့ တာရောမြို့သို့ ဆင်းသွားကြအယ်။
ACT 16:9 ညအခါ ပေါလုဟ ရူပါရုံ တခုဟို မျော်ယွေ့ မာကေဒေါနိပြေသား တယောက်ဟ ရပ်လျက် “မာကေဒေါနိပြေသို့ လာယွေ့ ငါလို့အား ကူညီပေးပါ” ဟု သူ့အား တောင်းပန်အယ်။
ACT 16:10 ဟေလို့ ရူပါရုံဟို ပေါလု မျော်ပင်းနောက် ခုတင်ချင်း ငါလို့ဟ မာကေဒေါနိပြေသို့ သွားရန် ပြင်ဆင်ကြပင်း သူလို့အား သတင်းကောင်းဟို ဟောပြောရန် ငါလို့အား ဘုရားသခင် စေခိုင်းတာဟု ကောက်ချက်ချခြင်းကျောန့် ဖြစ်အယ်။
ACT 16:11 ငါလို့ဟ တာရောမြို့မှ သာမောသရက်ကျွန်းဟို တန်းတန်းရွက်လွှင့်ကြရာ နောက်တနေ့နှိုက် နာပေါလိမြို့ဟို ရောက်ကြအယ်။
ACT 16:12 အဲမြို့မှ ဖိလိပ္ပိမြို့ဟို သွားကြအယ်။ ဖိလိပ္ပိမြို့ဟ မာကေဒေါနိပြေ ပထမခရိုင်ရဲ့ မြို့တမြို့ဖြစ်ပင်း ရောမအမျိုးသားလို့ အခြေစိုက်ရာမြို့လည်း ဖြစ်အယ်။ အဲမြို့တွင် ငါလို့ဟ ရက်ပေါင်းများစွာ နေထိန်ကြအယ်။
ACT 16:13 ဥပုသ်နေ့နှိုက် ငါလို့ဟ မြို့ထင်ခါးအပြင်ဟို ထွက်ယွေ့ ဆုတောင်းရန် နေရာဆိမယ် အထင်နဲ့ မြစ်ကမ်းနံဖေးဟို သွားယွေ့ အေးနေရာနှိုက် ထိန်ပင်း စုဝေးလျက်နေလဲ့ မိန်းမလို့အား ဟောပြောကြအယ်။
ACT 16:14 အေးသူလို့အထဲတွင် သွာတိရဲမြို့မှ ခရမ်းရောင်အထည်ကုန်သည် လုဒိ နာမယ်ဆိ မိန်းမတယောက်လည်း နားထောင်နေအယ်။ သူဟ ဘုရားသခင်အား ကိုးကွယ်သူ တယောက်ဖြစ်အယ်။ သခင်ဘုရားဟ ပေါလု ဟောပြောလျက်နေသော တရားစကားများဟို အာရုံစိုက်စေရန် အေးမိန်းမရဲ့ စိတ်နေလုံးဟို ဖွင့်ပေးအယ်။
ACT 16:15 အေးမိန်းမဟ သူနဲ့ နေအိုင်သူအိုင်သားလို့ နှစ်ခြင်း ခံပင်းသောအခါ သူဟ ငါလို့အား သူရဲ့နေအိုင်ဟို ဖိတ်ခေါ်အယ်။ “ငါဟ ဘုရားသခင်ဟို ယုံကြည်သူဖြစ်အယ်လို့ နင်လို့ ယူဆရင် ငါရဲ့ နေအိုင်ဟို လာရောက်တည်းခိုကြပါ” လို့ ငါလို့အား မရမက ဖိတ်ခေါ်လေအယ်။
ACT 16:16 တနေ့နှိုက် ငါလို့ဟ ဆုတောင်းရာနေရာဟို သွားနေစဉ်၊ ဗေဒင်ဟောနိန်သော နတ်ဝင်ပူးနေလဲ့ အစေခံမိန်းမငယ် တယောက်နဲ့ တွေ့ဆုံအယ်။ သူဟ အေးလို့ ဗေဒင်ဟောပြောခြင်းဖြင့် မိမိရဲ့ သခင်ဖြစ်သူအတွက် ပိတ်ဆန်အများ ရဆိစေအယ်။
ACT 16:17 အေးမိန်းမဟ ပေါလုနဲ့ ငါလို့နောက်ဟို လိုက်ပင်း “အေးသူလို့အား အမြင့်ဆုံးသော ဘုရားရဲ့ အစေခံများ ဖြစ်ယွေ့ နင်လို့အား ကယ်တင်ခြင်း တရားဟို ဟောပြောသူများ ဖြစ်အယ်” လို့ အော်လေအယ်။
ACT 16:18 သူမဟ ရက်ပေါင်းများစွာ အေးလို့ လုပ်နေသဖြင့် ပေါလုဟ ရမ်းဆာ့ စိတ်ညစ်ရယွေ့ နောက်ဟို လှည့်ပင်း “ယေရှု ခရစ်ရဲ့ နာမဖြင့် အေးသူ့ဆေမှ ထွက်သွားရန် နင့်ဟို ငါ အမိန့်ပေးအယ်” လို့ နတ်ဆိုးအား ဆိုရင်၊ အေးခဏနှိုက် နတ်ဆိုးဟ သူမဆေမှ ထွက်သွားလေအယ်။
ACT 16:19 သူမရဲ့ သခင်ဖြစ်သူလို့ဟ မိမိလို့ ပိတ်ဆန် ဝင်ပေါက် ပိတ်သွားပင်း မျော်လင့်စရာ မဆိကျောန်း သိကြသောအခါ၊ ပေါလုနဲ့ သိလလို့ဟို ဖမ်းဆီးယွေ့ အာဏာပိုင်များဆိရာ အများနဲ့ဆိုင်သော နေရာဟို ဆွဲခေါ်သွားကြအယ်။
ACT 16:20 ရောမတပ်မှူးလို့ရဲ့ ဆေ့ဟို ရောက်သောအခါ “အေးသူဟ ယုဒလူများ ဖြစ်ပင်း ငါလို့မြို့တွင် ဒုက္ခရောက်အောန် လုပ်နေကြအယ်လို့ ပြောအယ်။
ACT 16:21 ငါလို့ တရားဥပဒေများနဲ့ ဆန့်ကျင်သော စလေ့များဟို သင်ကြားနေကြအယ်။ ငါလို့ဟ ရောမနိုင်ငံသားဖြစ်သောကျောန့် အေးစလေ့များဟို လက်မခံနိန် အဲဟာမဟုတ်ရင် မကျင့်သုံးနိန်ပါ” လို့ ဆှောက်ထားကြအယ်။
ACT 16:22 လူအုပ်ဟလည်း ပေါလုနဲ့ သိလလို့ဟို ဝိုင်းယွေ့ တိုက်ခိုက်ကြအယ်။ အဲပင်းရင် အရာဆိလို့ဟ အေးသူနေဦးရဲ့ အဝတ်များဟို ဆုတ်ဖြဲယွေ့ ကြိမ်ဒဏ်ပေးစေရန် အမိန့်ချမှတ်ကြအယ်။
ACT 16:23 သူလို့ဟို အကြိမ်များစွာ ရိုက်ပင်းနောက် ထောင်ထဲမှာ ချထားကြပင်း သူလို့အား လုံခြုံစွာ သော့ခတ်ထားရန် ထောင်မှူးဟ အမိန့်ပေးအယ်။
ACT 16:24 အေးလို့ အမိန့်ဟို လက်ခံရဆိသော ထောင်မှူးဟ သူလို့အားလုံး ထောင်အတွင်းဟို ထည့်ယွေ့ သူလို့ရဲ့ ခြေထောက်များဟို ရမ်းဆာ့လေးလဲ့ သစ်သားများနဲ့ ထိပ်တုံး ခတ်ထားလေအယ်။
ACT 16:25 ညဉ့်သန်းခေါင်အချိန်နှိုက် ပေါလုနဲ့ သိလလို့ဟ ဆုတောင်းကာ ဘုရားသခင်ဟို ချီးမွန်း သီချင်းများဟို သီဆိုလျက် နေကြအယ်။ တခြားထောင်သားများလည်း သူလို့ဟို နားထောင်နေကြအယ်။
ACT 16:26 ရုတ်တရက် မြေငလျင်ပြင်းစွာ လှုပ်သဖြင့် အကျဉ်းထောင်ရဲ့ အုတ်မြစ်ဟ တုန်လှုပ်သွားအယ်။ ထင်ခါးအားလုံးဟ ခုတင်ချင်း ပွင့်သွားပင်း ထောင်သားများအားလုံးလို့ရဲ့ သံကြိုးများ ပြုတ်ထွက်ကုန်အယ်။
ACT 16:27 ထောင်မှူးဟ အိပ်ယာမှ နိုးယွေ့ ထောင်ထင်ခါး ပွင့်နေတာဟို မျော်သောအခါ အကျဉ်းသားများ ထွက်ပြေးကြပီလို့ ထင်သဖြင့် ထားဟို ဆွဲထုတ်ပင်း မိမိတတ်တိုင်း သတ်သေမယ် လုပ်အယ်။
ACT 16:28 အဲလိုလဲ ပေါလုဟ “နင့်ကိုယ်နင် အန္တရာယ်မလုပ်နဲ့၊ ငါလို့အားလုံး ဟေမှာ ဆိအယ်” လို့ ကြီးလဲ့အသံနဲ့ အော်ပြောအယ်။
ACT 16:29 ထောင်မှူးဟ မီးတိုင်ဟို တောင်းပင်း ပြေးဝင် လာယွေ့ သူဟ တုန်ပင်း ပေါလုနဲ့ သိလလို့ရဲ့ ခြေထောက်ရင်းမှာ ပျပ်ဝပ်အယ်။
ACT 16:30 အေးနောက် သူလို့ဟို အပြင်သို့ ခေါ်လာပင်း “ဆရာလို့၊ ငါ ကယ်တင်ခြင်း ခံရဖို့ စလို လုပ်ရမလုန်း” လို့ မေးအယ်။
ACT 16:31 သူလို့ဟ “သခင် ယေရှုဟို ယုံကြည်ကြလော့၊ အဲလိုလုပ်ရင် နင်နဲ့ နင်ရဲ့မိသားစုလို့ဟ ကယ်တင်ခြင်း ရလိမ့်မယ်” လို့ ဖြေကြအယ်။
ACT 16:32 အဲပင်းရင် အေးသူနဲ့ သူ့ရဲ့ နေအိုင်မှာဆိလဲ့ တခြားသူများအားလုံးဟို ဘုရားသခင်ရဲ့ နှုတ်ကပတ်တရားတော်ဟို ဟောပြောကြအယ်။
ACT 16:33 အေးညအချိန်နှိုက်ပင် ထောင်မှူးဟ သူလို့ဟို ခေါ်ယွေ့ သူလို့ရဲ့ ဒဏ်ရာများဟို ဆေးကြောပေးအယ်။ အေးနောက် ခုတင်ချင်း သူနဲ့ သူ့မိသားစုအားလုံးလို့ဟ နှစ်ခြင်းခံကြအယ်။
ACT 16:34 အဲပင်းရင် သူဟ ပေါလုနဲ့ သိလလို့အား မိမိရဲ့နေအိုင်ဟို ဖိတ်ခေါ်ယွေ့ စားစရာများဟို တည်ခင်း ကျွေးမွေးအယ်။ သူနဲ့ သူရဲ့ အိုင်သားလို့ဟ ဘုရားသခင်ဟို ယုံကြည်လာကြသောကျောန့် ဝမ်းမြောက်ခြင်းနဲ့ ပြေ့လေအယ်။
ACT 16:35 နောက်တနေ့ မိုးလင်းသောအခါ ရောမအာဏာဆိလို့ဟ အရာဆိများဟို စေလွှတ်ယွေ့ “အေးလူလို့ဟို လွှတ်စေ” ဟု အမိန့်ပေးလိုက်အယ်။
ACT 16:36 အေးကျောန့် ထောင်မှူးဟ ပေါလုအား “အရာဆိလို့ဟ နင်နဲ့ သိလလို့အား လွှတ်ပေးရန် အမိန့်ပေးပါအယ်။ အေးကျောန့် နင်လို့ ငြိမ်းချမ်းစွာ သွားကြပါ” ဟု ပြောအယ်။
ACT 16:37 အဲလိုလဲ ပေါလုဟ အရာဆိလို့အား “ရောမနိုင်ငံသားများဖြစ်သော ငါလို့အား စစ်ကြောစီရင်ခြင်း မလုပ်ဘဲ ငါလို့ဟို လူများဆေ့တွင် ဖိုင်ယွေ့ အကျဉ်းချထားကြအယ်။ အခု ငါလို့ဟို တိတ်တိတ်လေး လွှတ်လိုက်ကြမယ်လော။ အေးလို့ မလုပ်သင့်။ သူလို့တတ်တိုင်း လာယွေ့ ငါလို့ဟို ထုတ်ကြပါစေ” လို့ ပြောအယ်။
ACT 16:38 အရာဆိလို့ဟလည်း အေးအကျောန်းဟို ရောမ အရာဆိလို့အား ပြန်ပြောကြအယ်။ ပေါလုနဲ့ သိလလို့ဟ ရောမနိုင်ငံသားများ ဖြစ်ကျောန်းဟို သူလို့ ကြားသောအခါ ကြောက်လန့်ကြအယ်။
ACT 16:39 အေးကျောန့် သူလို့ဟ လာယွေ့ သူလို့အား တောင်းပန်ကြကာ သူလို့ဟို ထောင်မှထုတ်ပင်း အေးမြို့မှထွက်သွားရန် ပြောကြအယ်။
ACT 16:40 ပေါလုနဲ့ သိလလို့ဟ ထောင်ထဲမှ ထွက်ယွေ့ လုဒိရဲ့ နေအိုင်ဟို သွားကြအယ်။ အဲမှာ သူလို့ဟ ယုံကြည်သူလို့နဲ့ တွေ့ဆုံကာ တိုက်တွန်းအားပေးစကား ပြောကြားပင်းမှ ထွက်သွားကြအယ်။
ACT 17:1 ပေါလုနဲ့ သိလလို့ဟ ခရီးဆက်ခဲ့ရာ အံဖိပေါလိမြို့နဲ့ အာပေါလောနိမြို့ဟို ဖြတ်ပင်း သက်သာလောနိကမြို့ဟို လာကြအယ်၊ အေးမြို့မှာ ယုဒတရားဇရပ် ဆိအယ်။
ACT 17:2 ပေါလုဟ မိမိလို့ စလေ့ဆိလဲ့အတိုင်း အေးတရားဇရပ်ဟို သွားပင်း ဥပုသ်နေ့ သုံးရက်လုံးလုံး သူလို့နဲ့ ကျမ်းစာဟို အမှီပြုလျက် ဆွေးနွေးကာ၊
ACT 17:3 မေဆှိယဟ ဆင်းရဲဒုက္ခခံပင်း သေခြင်းမှ ဆှင်ပြန်ထမြောက်မယ် ဆိုလဲ့အကျောန်းဟို အထောက်အထားများနဲ့တကွ ဆှင်းပြအယ်။ ပေါလုဟ “ငါဟ နင်လို့ဟို ပြောပြနေလဲ့ ယေရှုဟ မေဆှိယ ဖြစ်အယ်” ဟု ပြောအယ်။
ACT 17:4 တချို့သောသူလို့ဟ ယုံကြည်ကြသဖြင့် ပေါလုနဲ့ သိလလို့ရဲ့ အဖွဲ့ဟို ဝင်ကြအယ်၊ ဘုရားသခင်ဟို ကိုးကွယ်သူ ဟေလသ လူအမြောက်အမြားနဲ့ ထင်ဆှားသော မိန်းမများလည်း သူလို့အဖွဲ့ဟို ဝင်ကြအယ်။
ACT 17:5 အဲလိုလဲ ယုဒလူမျိုး အချို့လို့ဟ မနာလိုစိတ်နဲ့ မချမ်းသာသော မုန့်ဖုတ်သမားများဟို လမ်းများမှ လူအုပ်ဟို အတူစုစည်းခဲ့အယ်။ တမြို့လုံးဟို ရုန်းရင်ဆန်ခတ် ဖြစ်ပင်း ယာသုန် နာမယ်ဆိသော သူရဲ့နေအိုင်ဟို တိုက်ခိုက်ပင်း၊ ပေါလုနဲ့ သိလလို့ဟို လူများဆေ့ဟို ဆွဲထုတ်ဖို့ ကြိုးစားယွေ့ ဆှာဖွေကြအယ်။
ACT 17:6 အဲလိုလဲ သူလို့ဆှာယွေ့ မမျော်ကြသောအခါ ယာသုန်နဲ့ အခြား ယုံကြည်သူတချို့လို့ဟို မြို့အာဏာပိုင်များ ဆေ့ဟို ခေါ်ဆောင်ခဲ့ပင်း “အေးလူတွေဟ နေရာတိုင်းမှာ ဒုက္ခပေးခဲ့ကြပါအယ်၊ သူလို့ဟ ငါလို့ရဲ့ မြို့ဟိုလည်း အခု လာပါပီ၊
ACT 17:7 ယာသုန်ဟ အေးသူလို့ဟို သူရဲ့နေအိုင်မှာ လက်ခံထားပါအယ်။ သူလို့အားလုံးဟ ယေရှုဆိုလဲ့ နာမယ်ဆိသော တခြားဘုရင်တပါး ဆိအယ်ဟု ပြောဆိုလျက် ကဲသာဘုရင်ရဲ့ ဥပဒေများဟိုလည်း ချိုးဖောက်ကြပါအယ်” ဟု အော်ပြောကြအယ်။
ACT 17:8 အေးစကားများအားဖြင့် သူလို့ဟ လူအုပ်နဲ့ မြို့အာဏာပိုင်များဟို ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့အယ်။
ACT 17:9 အာဏာဆိသူများဟ ယာသုန်နဲ့ အခြားသူများဟို လွှတ်ပေးရန် လိုအပ်လဲ့ ငွေများဟို ပေးဆောင်စေပင်းနောက် ထွက်သွား ခွင့်ပြုကြအယ်။
ACT 17:10 ညအချိန် ရောက်သောအခါ၊ ယုံကြည်သူလို့ဟ ပေါလုနဲ့ သိလလို့ဟို ဗေရိမြို့ဟို စေလွှတ်ကြအယ်။ သူလို့ရောက်သောအခါ သူလို့ဟ ယုဒတရားဇရပ်ဟို သွားကြအယ်။
ACT 17:11 သက်သာလောနိတ်မြို့မှာ ဆိလဲ့သူများလို့ထက် ဗေရိမြို့မှာဆိလဲ့ လူများလို့ဟ ပိုပင်း စိတ်ထား မြင့်မြတ်ကြအယ်။ သူလို့ဟ သတင်းစကားဟို ရမ်းဆာ့ စိတ်အားထက်သန်စွာ နားထောင်ပင်း ပေါလု ပြောခဲ့လဲ့စကား မန်အယ် မမန်သိနိန်ရန် ကျမ်းစာဟို နေ့တိုင်း လေ့လာကြအယ်။
ACT 17:12 ရမ်းဆာ့သော လူများလို့ဟ ယုံကြည်လာကြအယ်၊ ဂုဏ်အသရေဆိ ဟေလသ မိန်းမလို့နဲ့ ယောက်ျားများစွာလို့လည်း ယုံကြည်ကြအယ်။
ACT 17:13 အဲလိုလဲ ဗေရိမြို့တွင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တရားတော်ဟို ပေါလု ဟောပြောလျက် ဆိကျောန်းဟို သက်သာလောနိတ်မြို့မှ ယုဒအမျိုးသားလို့ဟ ကြားသိကြသောအခါ အဲမြို့ဟို လာယွေ့ လူအုပ်လို့အား ဆူပူအောန် လှုံ့ဆော်ပေးကြအယ်။
ACT 17:14 အေးအခါ ယုံကြည်သူလို့ဟ ပေါလုဟို ပင်လယ်လမ်းဖြင့် သွားစေခြင်းငှာ ချက်ချင်း လွှတ်လိုက်ကြအယ်၊ အဲလိုလဲ သိလနဲ့ တိမောသေလို့ဟ ဗေရိမြို့တွင် နေခဲ့ကြအယ်။
ACT 17:15 ပေါလုဟို လိုက်ပို့ကြသော သူလို့ဟ သူနဲ့ အာသင်မြို့အထိ လိုက်ပို့ပင်းမှ၊ သိလနဲ့ တိမောသေလို့ အမြန်ဆုံး လိုက်လာစေရန် ညွှန်ကြားချက် ရပင်း ဗေရိမြို့ဟို ပြန်သွားကြအယ်။
ACT 17:16 ပေါလုဟ အာသင်မြို့တွင် သိလနဲ့ တိမောသေလို့ဟို စောင့်နေချိန်နှိုက် အေးမြို့တွင် ရုပ်တုများနဲ့ ပြေ့နေတာဟို မျော်သဖြင့် ရမ်းဆာ့ စိတ်ပျက်ကြအယ်။
ACT 17:17 အေးကျောန့် တရားဇရပ်တွင် ယုဒအမျိုးသားများ၊ ဘုရားသခင်ဟို ကိုးကွယ်သော တပါးအမျိုးသားနဲ့ လည်းကောင်း၊ နေ့စဉ်နေ့တိုင်း အများနဲ့ဆိုင်သော နေရာ လာရောက်ကြသူများနဲ့ လည်းကောင်း ဆွေးနွေးအယ်။
ACT 17:18 ဧပိကုရုနဲ့ သတောအိတ် ဆရာလို့ဟလည်း သူလို့နဲ့ ဆွေးနွေး ငြင်းခုန်ကြအယ်။ တချို့ဟ “ဟေစကားအိုးဟ ပစာအရာဟို ပြောဆိုနေလုန်း” ဟု ပြောကြအယ်။ တခြားသူများဟ “သူလို့ဟ လူမျိုးခြားလို့ရဲ့ နတ်ဘုရားများ အကျောန်းဟို ပြောဆိုနေအယ်” ဟု ဖြေအယ်။ သူလို့အေးလို့ ပစာကျောန့် ပြောဆိုလဲဆိုရင် ပေါလုဟ ယေရှုအကျောန်းနဲ့ ဆှင်ပြန်ထမြောက်ခြင်း အကျောန်း သတင်းကောင်းဟို ဟောသောကျောန့် ဖြစ်အယ်။
ACT 17:19 အေးကျောန့် သူလို့ဟ ပေါလုဟို အာရေတောင်မြို့ တရားရုံးဟို ခေါ်ဆောင်သွားပင်း၊ “နင် သင်ကြားမှု အသစ်အကျောန်းဟ နင်ပြောလဲ့အကျောန်းဟို ငါလို့ သိပါရစေလို့ ပြောအယ်။
ACT 17:20 နင်လို့ ဟောပြောသော အကျောန်းအရာ အချို့လို့မှာ ငါလို့အတွက် အစိမ်းသက်သက် ဖြစ်နေပါအယ်၊ အေးနေရာများရဲ့ ဆိုလိုရင်းဟို ငါလို့ သိချင်ပါအယ်” ဟု ဆိုကြအယ်။ (
ACT 17:21 အာသင်မြို့သားများနဲ့ အေးတွင် နေထိန်သော ဧည့်သည်များ အားလုံးအတွက် နောက်ဆုံးပေါ် အရာအားလုံးဟို ပြောပြရန်နဲ့ ကြားနာခြင်းအားဖြင့် အချိန်ဟို ကုန်လွန်စေတတ်ကြအယ်။)
ACT 17:22 ပေါလုဟ အာရေတောင် တရားရုံးဆေ့တွင် ရပ်ယွေ့ “အာသင်မြို့သားလို့ နင်လို့ဟ ရမ်းဆာ့ ဘာသာရေးဟို ရိုသေတတ်ကြတာဟို ငါ မျော်အယ်။
ACT 17:23 ငါဟ နင်လို့မြို့ဟို လှည့်ပင်း ဘုရားဝတ်ပြုရာ နေရာဟို ကျေ့ခဲ့စဉ် ‘ငါလို့ မသိသော ဘုရားအဖို့’ ဟူယွေ့ ရေးသားထားသော ယဇ်ပလ္လင်တခုဟို ငါ မျော်ခဲ့အယ်၊ အေးလို့ နင်လို့မသိဘဲ ဝတ်ပြုကိုးကွယ်နေသော ဘုရားရဲ့အကျောန်းဟို နင်လို့အား ငါ အခု ဟောပြောအယ်။
ACT 17:24 လောကကြီးနဲ့တကွ အရာအားလုံးဟို ပြုလုပ်သော ဘုရားသခင်ဟ ခေါန်းခင်နဲ့ မြေကြီးဟို အစိုးရသော အဆှင်ဖြစ်ယွေ့ လူလက်များနဲ့ ဆောက်လုပ်လဲ့ ဗိမာန်တော်နှိုက် ကျိန်းဝပ်တော်မမူ။
ACT 17:25 ကိုယ်တော်ဟ အသက်နဲ့တကွ ထွက်သက်ဝင်သက်နဲ့ အရာခပ်သိမ်းလို့ဟို လူအပေါင်းလို့အား ပေးသနားသောသူ ဖြစ်ယွေ့ တစုံတခုဟို လိုအပ်သည့်အလား လူ့လက်ဖြင့် ပြုစုခြင်းဟို ခံတာ မဟုတ်။
ACT 17:26 ကိုယ်တော်ဟ လူတဦးတည်းမှ လူမျိုးအားလုံးဟို ဖန်ဆင်းယွေ့ ကမ္ဘာမြေပြင်အနှံ့တွင် နေထိန်စေကာ အချိန်ကာလများနဲ့ သူလို့နေထိန်ရာ နယ်နိမိတ်များဟို ကြိုတင်ချမတ် ပေးအယ်။
ACT 17:27 အေးလိုပြုခြင်းမှာ သူလို့ဟ ကိုယ်တော်ဟို ဆှာတွေ့ရန် ဖြစ်အယ်၊ သူလို့ဟ ကိုယ်တော်ဟို သူလို့အဖို့ ပတ်ပတ်လည်ဆှာကြအယ်၊ ဘုရားသခင်ဟ ငါလို့တွင် စသူနဲ့မျှ ဝေးတာ မဟုတ်။
ACT 17:28 တစုံတယောက်ဟ ပြောခဲ့သလိုမျိုး “ ‘ငါလို့ဟ သူ့အားဖြင့် အသက်ဆှင် တည်ဆိလျက် ဆိကြအယ်။’ နင်လို့ရဲ့ ကဗျာဆရာ တချို့ဟ ‘ငါလို့ဟလည်း သူရဲ့ လူပဲ့သငယ်များ ဖြစ်ကြအယ်’ ဟု စပ်ဆိုအယ်။
ACT 17:29 ငါလို့ဟ ဘုရားသခင်ရဲ့ လူပဲ့များ ဖြစ်လဲ့အတွက်ကျောန့် ဘုရားသခင်ဟ လူလို့ရဲ့ စိတ်ကူးနဲ့ အနုပညာစွမ်းရည်နဲ့ ထုလုပ်ထားလဲ့ ဆွေရုပ်တု၊ ငွေရုပ်တု၊ ကျောက်ရုပ်တုလို့နဲ့ တူတယ်ဆိုတာဟို မထင်မမှတ်ရ။
ACT 17:30 ဘုရားသခင်ဟ လူလို့ မသိလဲ့အချိန်များဟို မမှတ်ထားဖူးခဲ့သော်လည်း၊ အခုအခါနှိုက် နေရာတိုင်းဆိ လူအပေါင်းလို့အား နောင်တရကြရန် အမိန့်ပေးအယ်။
ACT 17:31 အကျောန်းမှာ ရွေးချယ်သောသူအားဖြင့် လောကသားလို့ဟို မန်ကန်စွာ တရားစီရင်မဲ့ နေ့ရက်ဟို သတ်မှတ်ပီးသောကျောန့် ဖြစ်အယ်။ အေးသူဟို သေခြင်းမှ ဆှင်ပြန်ထမြောက်စေသောအားဖြင့် လူအားလုံးလို့အား သက်သေပြပီ” ဟု ဟောလေအယ်။
ACT 17:32 သေခြင်းမှ ဆှင်ပြန်ထမြောက်မဲ့အကျောန်း ပေါလု ပြောတာဟို သူလို့ကြားသောအခါ၊ တချို့သောသူလို့ဟ သူဟို ပြောင်ကြသော်လည်း တချို့ဟ “နင်ပြောလဲ့ အကျောန်းဟို နောက်တခါ ငါလို့ ပြန်ကြားလိုအယ်” ဟု ပြောကြအယ်။
ACT 17:33 အေးလို့ကျောန့် ပေါလုဟ အစည်းအဝေးမှ ထွက်လာအယ်။
ACT 17:34 လူတချို့ဟ ပေါလုရဲ့ နောက်လိုက်များ ဖြစ်လာပင်း ယုံကြည်ကြအယ်။ အေးသူလို့ အများထဲမှ ဒယောနုသိ နာမယ်ဆိလဲ့ အာရေတောင် အဖွဲ့ဝင်တဦး၊ ဒမာရိ နာမယ်ဆိလဲ့ မိန်းမတဦးအပြင် တခြားသူအချို့လို့ ပါဝင်ကြအယ်။
ACT 18:1 အေးနောက် ပေါလုဟ အာသင်မြို့မှ ထွက်ခွာပင်း ကောရိန့်မြို့ဟို ရောက်လေအယ်။
ACT 18:2 အေးမှာ ပုန္တုပြေသား အာကုလ နာမယ်ဆိလဲ့ ယုဒအမျိုးသား တယောက်နဲ့ တွေ့ဆုံအယ်။ ယုဒအမျိုးသားများအားလုံး ရောမမြို့မှ ထွက်သွားရန် ကလောဒိဘုရင် အမိန့်ထုတ်ပြန်သဖြင့် သူဟ သူရဲ့ပေါင်အိုမ ပြစ်ကိလနဲ့အတူ မခင်ဟ ဣတလိပြေမှ လာခဲ့ကြခြင်း ဖြစ်အယ်။ ပေါလုဟ သူလို့ဟို တွေ့ရန် သွားယွေ့၊
ACT 18:3 အလုပ်ချင်း တူနေသောကျောန့် သူလို့နဲ့ အတူနေပင်း အလုပ်အတူတူ လုပ်ကြအယ်။ ပစာကို့ သူလို့ဟ ယာယီတဲဟို ချုပ်သောသူ ဖြစ်အယ်။
ACT 18:4 ယုဒအမျိုးသားနဲ့ ဟေလသအမျိုးသားများဟို ဖြားယောင်းယွေ့ သူဟ ဥပုသ်နေ့တိုင်း တရားဇရပ်တွင် တရားဆွေးနွေးအယ်။
ACT 18:5 သိလနဲ့ တိမောသေလို့ မာကေဒေါနိပြေမှ ရောက်လာကြသောအခါ၊ ပေါလုဟ သူရဲ့ အချိန်အားလုံးဟို နှုတ်ကပတ်တော် ဟောပင်း၊ ယေရှုဟ မေဆှိယဖြစ်ကျောန်းဟို ယုဒအမျိုးသားလို့အား သက်သေခံလေအယ်။
ACT 18:6 ယုဒလူလို့ဟ သူ့ဟို မကောင်းသောအရာများ အကျောန်းဟို ပြောဆိုသောအခါ၊ ပေါလုဟ မိမိအဝတ်မှ ဖုန်များဟို ပုတ်ချယွေ့ သူလို့အား “နင်လို့ သေကြေပျက်စီးကြရင် နင်လို့ရဲ့ တာဝန်ပင် ဖြစ်အယ်၊ ငါ့မှာ တာဝန် မဆိတော့ပီ။ အခုမှစယွေ့ ငါဟ လူမျိုးခြားလို့ဆေ သွားတော့မယ်” ဟု ဆိုအယ်။
ACT 18:7 အေးနောက် အေးသူလို့ဆေမှ ထွက်သွားပင်း ဘုရားသခင်ဟို ကိုးကွယ်သူ တိတုယုတ္တု နာမယ်ဆိသော လူမျိုးခြားရဲ့ နေအိုင်ဟို သွားပင်း နေထိန်အယ်။ အေးနေအိုင်ဟ တရားဇရပ်နဲ့ ကပ်လျက်ဆိအယ်။
ACT 18:8 တရားဇရပ်မှူး ကရိပ္ပုနဲ့ သူ့အိုင်သူအိုင်သားအားလုံးဟ သူနဲ့အတူ အဆှင်ဟို ယုံကြည်ကြအယ်။ အခြား ကောရိန့်မြို့သားများဟ တရားစကားဟို ကြားရပင်း ယုံကြည်ကြကာ နှစ်ခြင်းဟို ခံကြအယ်။
ACT 18:9 တညနှိုက် ဘုရားသခင်ဟ ပေါလုဟို ရူပါရုံအားဖြင့် “မကြောက်ကြနဲ့၊ အဲလိုလဲ ဆက်လက် ပြောဆိုပင်း အရှုံးမပေးနဲ့၊
ACT 18:10 အကျောန်းမှာ ငါဟ နင်လို့နဲ့အတူ ဆိအယ်။ တယောက်မှ နင်လို့ဟို နာကျင်အောန် မပြုလုပ်နိန်။ ဟေမြို့နှိုက် ငါ့ရဲ့ လူများစွာ ဆိကြအယ်” ဟု မိန့်အယ်။
ACT 18:11 အေးကျောန့် ပေါလုဟ အေးမြို့တွင် တနှစ်ခွဲလောက် နေထိန်ပင်း၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တရားဟို လူများလို့အား သွန်သင်လျက်နေအယ်။
ACT 18:12 အခါယပြေဟို ဂါလျုန်မင်းဟ ရောမအစိုးရ ဖြစ်နေသောအခါ ယုဒအမျိုးသားလို့ဟ စုရုံးလျက် ပေါလုဟို ဖမ်းပင်း တရားပလ္လင်ဆေ့ဟို ခေါ်သွားခဲ့ကြအယ်။
ACT 18:13 သူလို့ဟ “အေးသူသည် ပညတ်တရားနဲ့ ဆန့်ကျင်ယွေ့ ဘုရားဟို ကိုးကွယ်ကြစေရန် လူလို့အား ဖြားယောင်းလျက် နေပါအယ်” လို့ ဆှောက်ထားကြအယ်။
ACT 18:14 ပေါလုဟ ပြောဆိုမယ်အလုပ်တွင် ဂါလျုန်ဟ ယုဒလူလို့အား “ယုဒလူလို့၊ ဟေအမှုဟ မမန်ကန်သော အပစ် အဲဟာမဟုတ်ရင် လိမ်လည်မှုဖြစ်ရင် ငါဟ နင်လို့ရဲ့ စွပ်စွဲချက်ဟို စိတ်ဆှည်စွာ နားထောင်နိန်ပေးမယ်။
ACT 18:15 အဲလိုလဲ ၎င်းဟ စကားလုံးများ၊ နာမယ်များနဲ့ နင့်ရဲ့ ကိုယ်ပိုင်ဥပဒေနဲ့ ပတ်သက်ယွေ့ အငြင်းပွားဖွယ်ရာ ဖြစ်သောကျောန့် နင်လို့တတ်တိုင်း ဖြေဆှင်းရမယ်။ အေးအမှုမျိုးဟို ငါ တရားစီရင်ဝူး” ဟု ဆိုယွေ့၊
ACT 18:16 သူလို့ဟို တရားခွင်မှ မောင်းထုတ်စေအယ်။
ACT 18:17 အေးသူအပေါင်းလို့ဟ တရားဇရပ်မှူး သုဿင်ဟို ဖမ်းဆီးယွေ့ တရားခွင် ဆေ့နှိုက် ရိုက်ကြအယ်။ အဲလိုလဲ ဂါလျုန်ဟ အေးအပြုအမူဟို လုံးဝ ဂရုမစိုက်ဘဲ နေအယ်။
ACT 18:18 ပေါလုဟ ကောရိန့်မြို့ ယုံကြည်သူများနဲ့အတူ ရက်ပေါင်းများစွာ နေပင်းနောက် သူလို့ဆေမှ ထွက်ခွာယွေ့ ပြစ်ကိလ၊ အာကုလလို့နဲ့အတူ ရှုရိပြေဟို ရွက်လွင့်လေအယ်။ ကင်ခြေမြို့မှ မထွက်သွားခင် သစ္စာကတိပြုထားတာကျောန့် သူဟ ခေါင်းရိတ်ခဲ့အယ်။
ACT 18:19 သူလို့ဟ ဧဖက်မြို့ဟို ရောက်သောအခါ ပေါလုဟ ပြစ်ကိလနဲ့ အာကုလလို့ဟို မြို့ထဲတွင် ချန်ခဲ့အယ်။ သူဟ တရားဇရပ်ဟို ဝင်ပင်း ယုဒလူများနဲ့ ဆွေးနွေးကြအယ်။
ACT 18:20 လူလို့တွင် မိမိလို့ဆေမှာ ကြာကြာနေရန် ပြောကြသော်လည်း ပေါလုဟ ငြင်းဆန်လျက် နေအယ်။
ACT 18:21 အဲလိုလဲ “ဘုရားသခင် အလိုတော်ဆိရင် ငါ ပြန်လာခဲ့မယ်” ဟု သူလို့ဟို ပြောပင်း ထွက်သွားတယ်။ အဲပင်းရင် ဧဖက်မြို့မှ သင်္ဘောနဲ့ ရွက်လွင့်သွားလေအယ်။
ACT 18:22 သူဟ ကဲသရိမြို့ဟို ရောက်သောအခါ သူဟ ယေရုရှလင်မြို့ဟို တက်သွားယွေ့ အသင်းတော်ဟို နှုတ်ဆက်ပင်းမှ အေးနောက် အန္တိအုတ်မြို့ဟို သွားအယ်။
ACT 18:23 အေးမှာ အချိန်အတန်ကြာ နေပင်းနောက် သူဟ ထွက်သွားယွေ့ ဂလာတိပြေ၊ ဖြူဂိပြေဟို ဆှောက်သွားပင်း တဘဲ့တော်များ အားလုံးဟို ကြံ့ခိုင်စေအယ်။
ACT 18:24 အေးအချိန်နှိုက် အာလေဇန္ဒြိမြို့မှာ မွေးဖွားသော အာပေါလု နာမယ်ဆိသော ယုဒ လူတယောက်ဟ ဧဖက်မြို့ဟို လာအယ်။ သူဟ အဟောပြောကောင်းလဲ့ ဟောပြောသူ တဦးဖြစ်ယွေ့ ကျမ်းစာဟိုလည်း ကောင်းစွာ သိကျွမ်းသူဖြစ်အယ်။
ACT 18:25 သူဟ ဘုရားသခင်ရဲ့ လမ်းစဉ်အတိုင်း သွန်သင်ခြင်း ခံရခဲ့ပင်း စိတ်အားထက်သန်စွာဖြင့် ယေရှုနဲ့ ပတ်သက်လဲ့ အချက်အလက်များဟို မန်ကန်စွာ ဟောကြားခဲ့အယ်။ စလိုပဲဖြစ်ဖြစ် သူဟ ယောဟန်ရဲ့ နှစ်ခြင်းဟိုသာ သိအယ်။
ACT 18:26 သူဟ တရားဇရပ်နှိုက် ရဲရင့်စွာ စတင် ပြောဆိုခဲ့အယ်။ အာကုလနဲ့ ပြစ်ကိလလို့ဟ သူပြောနေတာဟို ကြားသောအခါ သူလို့နေအိုင်ဟို ခေါ်ဖိတ်ယွေ့ ဘုရားသခင်ရဲ့ လမ်းစဉ်အကျောန်းဟို ပိုပင်း သေချာစွာ ဆှင်းပြပေးကြအယ်။
ACT 18:27 အာပေါလုဟ အခါယမြို့ဟို သွားဖို့ ဆုံးဖြတ်ချက်ချပင်း ဧဖက်မြို့ဆိ ယုံကြည်သူများဟ အခါယပြေဆိ တဘဲ့တော်များဆေဟို သူ့ဟို ကြိုဆိုဖို့ စာရေးခြင်းအားဖြင့် ကူညီကြအယ်။ သူဟ အခါယပြေဟို ရောက်သောအခါ ဘုရားသခင်ရဲ့ ကျေးဇူးတော်အားဖြင့် ယုံကြည်လာသောသူအား ရမ်းဆာ့ အကူအညီပေးအယ်။
ACT 18:28 အကျောန်းမှာ သူဟ လူထုဆေ့ ဆွေးနွေးပွဲများတွင် ကျမ်းစာများမှ အထောက်အထားများဖြင့် ယေရှုဟ မေဆှိယဖြစ်ကျောန်းဟို ယုဒအမျိုးသားလို့အား ပိုင်နိန်စွာ ချေပပြောဆိုသောကျောန့် ဖြစ်အယ်။
ACT 19:1 အာပေါလုဟ ကောရိန့်မြို့ဟို ရောက်နေစဉ်၊ ပေါလုဟ အထက် ဒေသတဆှောက်ဟို ဖြတ်သွားပင်းမှ ဧဖက်မြို့ဟို ရောက်အယ်။ တဘဲ့တော် တချို့လို့ဟို အေးမှာ တွေ့သဖြင့်၊
ACT 19:2 သူလို့အား “နင်လို့ ယုံကြည်သူ ဖြစ်လာကြသောအခါ သန့်ဆှင်းသော ဝိညာဉ်တော်ဟို ရဆိကြသလော” ဟု မေးအယ်။ သူလို့ဟ “သန့်ဆှင်းသော ဝိညာဉ်တော် ဆိကျောန်းဟို ငါလို့ မကြားဖူးပါ” လို့ ပြန်ဖြေကြအယ်။
ACT 19:3 ပေါလုဟ “အေးနောက် ကောင်းပီ၊ နင်လို့ စလို နှစ်ခြင်းမျိုးဟို ခံခဲ့လုန်း” လို့ မေးအယ်။ သူလို့ဟ “ယောဟန်ရဲ့ နှစ်ခြင်း ဖြစ်အယ်” လို့ ပြန်ဖြေအယ်။
ACT 19:4 ပေါလုဟ “ယောဟန်ရဲ့ နှစ်ခြင်းသည် အပစ်များမှ နောင်တရ သူလို့အဖို့ ဖြစ်ပင်း၊ သူဟ မိမိနောက်မှလာမဲ့ သူဟို ယုံကြည်ရမယ်လို့ ဣသရေလူမျိုးလို့အား ပြောခဲ့အယ်။ အေးသူဟ ယေရှု ဖြစ်အယ်” ဟု ဆိုအယ်။
ACT 19:5 သူလို့ဟ အေးအရာဟို ကြားသောအခါ၊ သူလို့ဟ သခင် ယေရှုရဲ့ နာမနှိုက် နှစ်ခြင်း ခံကြအယ်။
ACT 19:6 ပေါလုဟ သူလို့ရဲ့ ခေါင်းပေါ်မှာ လက်ဟို တင်ရင် သန့်ဆှင်းသော ဝိညာဉ်တော်ဟ သူလို့အပေါ်မှာ ဆင်းသက်လာသဖြင့်၊ သူလို့ဟ အခြားသော ဘာသာစကားဟို ပြောယွေ့ ပရောဖက်ပြုကြအယ်။
ACT 19:7 သူလို့အားလုံးမှာ လူယောက်ျား ဆယ့်နေယောက်လောက် ဆိအယ်။
ACT 19:8 ပေါလုဟ တရားဇရပ်ဟို ဝင်ပင်း သုံးလလုံးလုံး အချေအတင် ဆွေးနွေးကာ ဘုရားသခင်ရဲ့ နိုင်ငံတော် အကျောန်းများဟို ဖြားယောင်းယွေ့ ရဲရင့်စွာ ဟောပြောလေအယ်။
ACT 19:9 အဲလိုလဲ အချို့လို့ဟ ခိုင်မာသော သဘောဆိယွေ့ မယုံဘဲ နေသဖြင့်၊ လူအပေါင်းလို့ဆေ့တွင် ဘုရားသခင်ရဲ့ လမ်းစဉ်အကျောန်း မကောင်းသော စကားဟို ပြောကြအယ်။ အေးကျောန့် ပေါလုဟ တဘဲ့တော်လို့ဟို ခေါ်ယွေ့ သူလို့ဆေမှ ထွက်သွားပင်း တုရန္နုရဲ့ စာသင်ခန်းမဆောင်တွင် နေ့တိုင်း ဆွေးနွေး ပြောဆိုလေအယ်။
ACT 19:10 အေးလို့ နေနှစ်တိုင်တိုင် အေးလို့ပြုကြရာ အာရှပြေတွင် နေထိန်သော ယုဒလူမျိုးများနဲ့ လူမျိုးခြားများ အပေါင်းလို့ဟ ဘုရားသခင်ရဲ့ စကားတော်ဟို ကြားနာရကြအယ်။
ACT 19:11 ဘုရားသခင်ဟ ပေါလုအားဖြင့် ထူးခြားသော နိမိတ်လက္ခဏာများ ပြုလုပ်ခဲ့အယ်။
ACT 19:12 သူသုံးသော ပဝါနဲ့ ခါးစည်း တခုခုဟို ဖျားနာသူများနဲ့ နတ်ပူးသူများဆေဟို ယူသွားသဖြင့်၊ သူလို့ဟ ရောဂါပျောက်ကင်းယွေ့၊ နတ်ဆိုးများဟ သူလို့ဆေမှ ထွက်သွားကြအယ်။
ACT 19:13 နေရာတကာ သွားလာနေလဲ့ ယုဒအမျိုးသား ပယောဂဆရာအချို့လို့ဟ နတ်ဆိုးများဟို သခင် ယေရှုရဲ့ နာမအားဖြင့် မောင်းထုတ်ရန် ကြိုးစားကြအယ်။ သူလို့ဟ နတ်ဆိုးလို့အား “ပေါလု ဟောပြောသော ယေရှုရဲ့ နာမအားဖြင့် အမိန့်ပေးအယ်” လို့ ပြောအယ်။
ACT 19:14 သကေဝ နာမယ်ဆိသော ယုဒ ယဇ်ပုရောဟိတ်မင်းရဲ့ သား ခုနေယောက်လို့ဟ အေးအရာဟို ပြုကြအယ်။
ACT 19:15 အဲလိုလဲ နတ်ဆိုးဟ သူလို့အား “ငါဟ ယေရှုဟို သိအယ် ပင်းတော့ ပေါလု အကျောန်းဟိုလည်း သိသော်လည်း နင်လို့ဟ စသူလုန်း” ဟု ပြောလေအယ်။
ACT 19:16 အေးနောက် နတ်ဆိုးဝင်ပူးနေသူဟ သူလို့အပေါ်ဟို ခုန်တက်ကာ သူလို့အားလုံးဟို နှိမ်နှင်းယွေ့ အနိန်ယူသောကျောန့် သူလို့ဟ အေးနေအိုင်မှ အဝတ်မပါဘဲ ဒဏ်ရာများနဲ့ ထွက်ပြေးရကြအယ်။
ACT 19:17 အေးအကျောန်းဟို ဧဖက်မြို့တွင် နေထိန်ကြသော ယုဒအမျိုးသားနဲ့ လူမျိုးခြားများလို့ဟ ကြားကြသောအခါ၊ သူလို့အားလုံးဟ ကြောက်ရွံ့ခြင်းနဲ့ ပြေ့ပင်း သခင် ယေရှုရဲ့ နာမတော်ဟို ချီးမွန်းကြကုန်အယ်။
ACT 19:18 ယုံကြည်သူအများလို့ဟ လာပင်း လူသိဆှင်ကြား မိမိလို့ လုပ်ခဲ့သောအရာများဟို ဖော်ထုတ်ပြခဲ့အယ်။
ACT 19:19 မှော်အတတ်ဟို ကျင့်သောသူများစွာလို့ဟ မိမိလို့ရဲ့ စာလိပ်များဟို ယူခဲ့ယွေ့ လူအပေါင်းလို့ဆေ့မှာ မီးရှို့ကြအယ်။ အေးစာလိပ်များရဲ့ တန်ဖိုးဟို တွက်ချက်ကျေ့သောအခါ ငွေဒင်္ဂါး ၅၀,၀၀၀ မျှ ဆိကျောန်း တွေ့ဆိကြအယ်။
ACT 19:20 ဟေလို တန်ခိုးတော်နဲ့ ပြေ့သောအားဖြင့် ဘုရားသခင်ရဲ့ စကားတော်များဟာ ဆက်လက်ပင်း ပိုယွေ့ တိုးပွားလာခဲ့အယ်။
ACT 19:21 အေးအရာများ ဖြစ်ပျက်ပင်းနောက် မာကေဒေါနိပြေနဲ့ အခါယပြေမှတဆင့် ယေရုရှလင်မြို့ဟို သွားရန် ပေါလုဟ စိတ်ဆုံးဖြတ်အယ်။ သူဟ “အေးနေရာဟို ငါသွားပင်းနောက် ရောမမြို့ဟိုလည်း သွားရမယ်” ဟု ပြောအယ်။
ACT 19:22 သူ့ဟို ကူညီပေးလဲ့ နေယောက်ဖြစ်သော တိမောသေနဲ့ ဧရတ္တုလို့ဟို မာကေဒေါနိပြေဟို စေလွှတ်ပင်းမှ သူဟ အာရှပြေတွင် ကာလအချိန် အနည်းငယ်နေအယ်။
ACT 19:23 အေးအချိန်နှိုက် ဘုရားသခင်ရဲ့ လမ်းစဉ်အတွက်ကျောန့် ဧဖက်မြို့တွင် ဆူပူလှုပ်ဆှားမှုကြီး ဖြစ်ပေါ်လာအယ်။
ACT 19:24 ဒေမေတရိ နာမယ်ဆိသော ငွေပန်းထိမ်ဆရာဟ အာတေမိနတ်သမီးရဲ့ ငွေဗိမာန်ငယ်လို့ဟို လုပ်ခြင်းအားဖြင့် လက်မှုပညာသည်များစွာ ငွေဝင်လမ်း ဖြောင့်စေခဲ့အယ်။
ACT 19:25 အေးသူဟ ပန်းထိန်သမားများနဲ့ တခြားလုပ်ငန်းဆိုင်ရာ အလုပ်သမားများဟို စည်းရုံးစေပင်း “ငါ့ မိတ်ဆွေလို့၊ ဟေလုပ်ငန်းဖြင့် ငါလို့ အကျိုးစီးပွားဖြစ်တာဟို နင်လို့ သိကြအယ်။
ACT 19:26 အခုတွင် ပေါလုဆိုသူဟ ဧဖက်မြို့တွင် သာမက အာရှပြေတခုလုံးလိုလိုနှိုက်ပင် လူ့လက်ဖြင့် ပြုလုပ်လဲ့ ဘုရားများဟ ဘုရားလုံးဝ မဟုတ်ဟု ဆိုယွေ့ လူအပေါင်းလို့ဟို ဖြားယောင်းသွေးဆောင်တာဟို နင်လို့ မျော်လျက် ကြားလျက် ဆိကြအယ်။
ACT 19:27 အေးလို့ဆိုရင် ငါလို့ရဲ့ လုပ်ငန်းဟလည်း နာမယ်ပျက်စေမယ့် အန္တရာယ်ဆိအယ်။ အဲအရာသာမက ကြီးမြတ်သော နတ်ဘုရားမ အာတေမိရဲ့ ဗိမာန်တော်ဟ ပစာအရာမှ အဓိပ္ပာယ်ဆိတော့မှာ မဟုတ်ဘဲ အာရှပြေနဲ့ ကမ္ဘာတဝန်းလုံးဆိ လူတိုင်းကိုးကွယ်သော နတ်ဘုရားမရဲ့ ကြီးမြတ်မှုဟို ဖျက်ဆီးခံရလိမ့်မယ်” ဟု ပြောဆိုလေအယ်။
ACT 19:28 လူအုပ်ကြီးဟ အေးစကားများဟို ကြားရင် သူလို့ဟ ရမ်းဆာ့ အူထော့ပင်း “ဧဖက်မြို့ရဲ့ အာတေမိ နတ်သမီးဟ ကြီးမြတ်ပေအယ်” ဟု စတင် အော်ဟစ်ကြအယ်။
ACT 19:29 တမြို့လုံး ရုန်းရင်း ဆန်ခတ် ဖြစ်လေအယ်။ ပေါလုရဲ့ ခရီးသွားဖော်များဖြစ်လဲ့ မာကေဒေါနိပြေသား ဂါယုနဲ့ အာရိတ္တာခုလို့ဟို ဖမ်းဆီးယွေ့ ပြဇာတ်ရုံကြီးဟို တဟုန်ထိုး ပြေးဝင်သွားကြအယ်။
ACT 19:30 ပေါလုဟ သူ့တတ်တိုင်း လူအုပ်ကြီးလို့ ဆိရာဟို သွားဖို့ အလိုဆိအယ် အဲလိုလဲ တဘဲ့တော်များဟ သူ့ဟို သွားဖို့ ခွင့်မပြုဝူး။
ACT 19:31 သူရဲ့ မိတ်ဆွေများဖြစ်သော ပြေနယ် အာဏာဆိအချို့လို့ဟလည်း ပြဇာတ်ရုံထဲဟို မဝင်ရန် တောင်းပန်စာ တစောင် ပို့လိုက်အယ်။
ACT 19:32 အေးအတောအတွင်း အစည်းအဝေး တခုလုံးဟ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပင်း၊ လူအချို့လို့ဟ အရာတခုတည်းအတွက် အော်ဟစ်ကြကာ တခြားသူများဟလည်း တခြားဟာ တခုခုအတွက် အော်ဟစ်ခဲ့ကြအယ်။ ပစာကို့ သူလို့ထဲဟ လူအများစုဟာ သူလို့ ပစာကျောန့် အတူတကွ လာရတာဆိုတာတောင် မသိကြ။
ACT 19:33 ယုဒအမျိုးသားလို့ဟ အာလေဇန္ဒြုဟို လူများဆေ့ဟို သွားစေသဖြင့် လူထုအထဲမှ လူအချို့လို့ဟ အေးသူဟ ဖြစ်ပေါ်လျက်ဆိသည့် အရေးအခင်းနဲ့ ပတ်သက်သူဖြစ်မယ်ဟု ယူဆကြအယ်။ အဲပင်းရင် အာလေဇန္ဒြုဟ လူများအား တိတ်ရန် လက်ရိပ်ပြအယ်၊ ချေပပြောဆိုရန် ကြိုးစားအယ်။
ACT 19:34 အဲလိုလဲ သူဟ ယုဒလူမျိုးဖြစ်တာဟို သူလို့ သတိထားမိကြသောအခါ “ဧဖက်မြို့သားလို့ရဲ့ အာတေမိဟ ကြီးမြတ်အယ်” ဟု သူလို့ဟ နေနာရီကြအောန် အတူအတွ အရာတခုတည်း သံပြိုင်အော်ကြအယ်။
ACT 19:35 နောက်ဆုံးနှိုက် မြို့စာရေးဟ လူအုပ်ကြီးလို့အား ငြိမ်သက်အောန် လုပ်နိန်ခဲ့အယ်။ “ဧဖက်မြို့သားလို့၊ ဧဖက်မြို့ဟ ကြီးမြတ်လဲ့ အာတေမိရဲ့ ဗိမာန်တော်နဲ့ ခေါန်းခင်ဘုံမှ ကျလာလဲ့ ရုပ်တုတည်ဆိရာ ဌာနဖြစ်ကျောန်းဟို အယောက်ဆီတိုင်း သိကြအယ်။
ACT 19:36 အေးအရာများဟို စသူမှ မငြင်းဆိုနိန်။ သို့ဖြစ်ယွေ့ နင်လို့ဟ ပစာအမှုဟိုမှ မဆင်မခြင် မလုပ်ဘဲ တိတ်ဆိတ်စွာ နေသင့်အယ်။
ACT 19:37 နင်လို့ဟ ဟေနေရာဟို ခေါ်ဆောင်ခဲ့ကြသော ဟေသူလို့ဟ ဗိမာန်တော်ထဲ ဝင်ယွေ့ လုယက်သောသူ မဟုတ်။ ငါလို့ရဲ့ ဘုရားများဟို မကောင်းသော စကားဟို ပြောသောသူလည်း မဟုတ်။
ACT 19:38 ဒေမေတရိနဲ့ သူရဲ့အလုပ်သမားများဟ တစုံတယောက်ဟို တရားစွဲဆိုချင်ရင် တရားရုံး ဖွင့်ရက်များနဲ့ အာဏာပိုင်များဆိသဖြင့် ရုံးတော်တွင် တရားစွဲဆို နိန်အယ်။
ACT 19:39 အဲလိုလဲ နင်လို့ဟ လိုချင်လဲ့အရာ တခုခုဆိရင် အေးစာဟို နိုင်ငံသားတွေရဲ့ တရားဝင် အစည်းအဝေးမှာ စီရင်ဆုံးဖြတ်ရမယ်။
ACT 19:40 ခုနေ့ ဖြစ်ပျက်ပင်းတဲ့အခါ ငါလို့ဟို အထိကရုဏ်းအဖြစ် စွပ်စွဲခံရမှာဟို စိုးရိမ်စရာ ဆိအယ်။ အေးဆူပူအုံကြွမှုတွေအတွက် အကျောန်းပြချက် ဆိဝူး၊ အေးကျောန့် ငါလို့အတွက် အကျောန်းပြချက်ကောင်း မပေးနိန်ခဲ့ဘူး။”
ACT 19:41 အေးအရာများဟို ပြောပင်းနောက် သူဟ အစည်းအဝေးဟို ဖျက်လေအယ်။
ACT 20:1 ဆူပူလှုပ်ဆှားမှု ရပ်သွားပင်းနောက်၊ ပေါလုဟ တဘဲ့တော်များဟို ခေါ်ယွေ့ ခွန်အားပေးစကား ပြောပင်းနောက် သူလို့ဟို နှုတ်ဆက်ကြအယ်။ အေးနောက် သူဟ မာကေဒေါနိပြေဟို ထွက်သွားလေအယ်။
ACT 20:2 သူဟ အေးဒေသများဟို ဖြတ်သန်းပင်း ယုံကြည်သူလို့ဟို ခွန်အားပေးစကားများနဲ့ တရားစကားများစွာဟို ပြောကြားအယ်။ အဲပင်းရင် သူဟ အခါယပြေဟို လာခဲ့ယွေ့၊
ACT 20:3 သူဟ အေးမှာ သုံးလလောက် နေအယ်။ သူဟ ရှုရိပြေဟို သွားဖို့ အဆင်သင့် ဖြစ်နေပင်း ယုဒလူလို့ဟ သူ့ဟို မကောင်းကြံနေသောကျောန့် သူဟ မာကေဒေါနိပြေဟို ဖြတ်ပင်း ပြန်သွားဖို့ ဆုံးဖြတ်ချက်ချအယ်။
ACT 20:4 ဗေရိမြို့သား ပုရုရဲ့ သားဖြစ်သူ သောပတရု၊ သက်သာလောနိတ်မြို့သားများ ဖြစ်ကြသော အာရိတ္တာခုနဲ့ သေကန္နု၊ ဒေရဗေမြို့သားဖြစ်သူ ဂါယု၊ အာရှနယ်သားများ ဖြစ်ကြသော တုခိတ်နဲ့ တရောဖိမ်၊ တိမောသေဟလည်း ပေါလုနဲ့အတူ လိုက်သွားကြအယ်။
ACT 20:5 အေးသူလို့ဟ အရင်သွားနဲ့ကြပင်း တရောမြို့နှိုက် ငါလို့အား စောင့်နေကြအယ်။
ACT 20:6 ငါလို့ဟ တဆေးမဲ့မုန့်ပွဲ ပီးသောအခါ ဖိလိပ္ပိမြို့မှ ရွက်လွင့်ယွေ့ လာရာ ငါးရက်ကြာပင်းနောက် သူလို့ဆိရာ တရောမြို့ဟို ရောက်ယွေ့ အေးမြို့တွင် ခုနေရက်လောက် နေကြအယ်။
ACT 20:7 တပတ်ရဲ့ ပထမ စနေနေ့ ညနေမှာ မိတ်သဟာယ စားပွဲအတွက် ငါလို့အတူတကွ စုရုံးခဲ့အယ်။ ပေါလုဟ နောက်တနေ့ မထွက်သွားခင် အချိန်ထိ သူဟ လူများနဲ့ ညသခေါင်အချိန်တိုင်အောန် စကားပြောလျက် နေလေအယ်။
ACT 20:8 ငါလို့ တွေ့ဆုံလဲ့ အပေါ်ထပ် အခန်းမှာ မီးဖူးများစွာ ထွန်းလျက်ဆိအယ်။
ACT 20:9 ဥတု နာမယ်ဆိသော လူပဲ့ငယ်တယောက်ဟ ပြတင်းပေါက်နားမှာ ထိန်နေအယ်။ ပေါလုဟ ဆက်ယွေ့ စကားပြောနေချိန်၊ ဥတုဟ ငိန်းကျာ့လာပင်း အိပ်မွေသွားခဲ့အယ်။ နောက်ဆုံးနှိုက် အိပ်မွေသွားပင်း နေအိုင်ရဲ့ တတိယအထပ်မှ မြေပေါ်ဟို လှိမ့်ကျလေအယ်။ သူလို့ဟ သူ့ဟို မချီလိုက်သောအခါ သူဟ သေပင်း ဖြစ်အယ်။
ACT 20:10 အဲလိုလဲ ပေါလုဟလည်း အောက်ဟို ဆင်းလာခဲ့ပင်း အေးသူရဲ့ အပေါ်ဟို ကိုယ်ကိုလှဲလျက် ဖက်ထားပင်းမှ “မစိုးရိမ်ကြနဲ့၊ သူဟ အသက်ဆှင်လျက် ဆိသေးအယ်” ဟု သူဟ ပြောအယ်။
ACT 20:11 အေးနောက် သူဟ အပေါ်ထပ်ဟို ပြန်တက်သွားကာ မုန့်ဟို ဖဲ့ပင်း စားကြအယ်။ သူလို့နဲ့ အရုဏ်တက်ချိန်တိုင်အောန် အချိန်အကြာကြီး စကားပြောပင်းနောက် ပေါလု ထွက်သွားလေအယ်။
ACT 20:12 သူလို့ဟ အသက်ဆှင်သော လူပဲ့သငယ်ဟို နေအိုင်သို့ ခေါ်သွားပင်းမှ ရမ်းဆာ့ စိတ်သက်သာခြင်း ဆိကြအယ်။
ACT 20:13 ငါလို့ဟ သင်္ဘောဆေဟို အမြန်သွားယွေ့ အဿုမြို့ဟို အရင်သွားကြအယ်။ အေးဟို ငါလို့သွားရခြင်းမှာ ပေါလုဟို သင်္ဘောစီးစေရန် ဖြစ်အယ်။ အေးလိုမျိုး စီစဉ်ခြင်းမှာ သူဟ အေးမြို့ဟို ကုန်းကျောန်း ဖြစ်သွားရန် စီစဉ်ထားယွေ့ အေးလို့မှာကြားခဲ့အယ်။
ACT 20:14 သူဟ အဿုမြို့မှာ ငါလို့နဲ့ တွေ့ဆုံသောအခါ၊ ငါလို့ဟ သူ့ဟို သင်္ဘောပေါ်ဟို ခေါ်တင်ပင်း မိတုလင်မြို့ဟို သွားကြအယ်။
ACT 20:15 အေးမှ ငါလို့ ရွက်လွင့်ယွေ့ နောက်တနေ့မှာ ခိအုကျွန်းဟို ရောက်ကြအယ်။ တရက်ကြာပင်းနောက် ငါလို့ သာမုကျွန်းဟို ဝင်ယွေ့ နောက်တနေ့တွင် မိလက်မြို့ဟို ရောက်ကြအယ်။
ACT 20:16 ပေါလုဟ အာရှမှာ အချိန်မကုန်စေလိုသဖြင့် ဧဖက်မြို့ အနီးမှ ဖြတ်ပင်း ရွက်လွင့်ရန် ဆုံးဖြတ်ထားအယ်။ သူဟ ဖြစ်နိန်ရင် ပင်တေကုတ္တေပွဲတော်အမှီ ယေရုရှလင်မြို့ဟို ရောက်ဖို့ အမြန် ခရီးသွားလျက် ဆိအယ်။
ACT 20:17 ပေါလုဟ ဧဖက်မြို့ အသင်းတော်လူကြီးများဟ သူနဲ့လာရောက်တွေ့ဆုံဖို့ မိလက်မြို့မှ သတင်းစကားပါး လိုက်အယ်။
ACT 20:18 သူလို့ ရောက်သောအခါ ပေါလုဟ သူလို့အား “ငါဟ အာရှနယ်ဟို ရောက်လဲ့နေ့မှစပင်း နင်လို့နဲ့အတူ ဆိနေခဲ့လဲ့ အချိန်ကာလ တဆှောက်လုံးတွင် စလို အသက်ဆှင်ခဲ့တာဟို နင်လို့ သိအယ်” ဟု ပြောအယ်။
ACT 20:19 ယုဒလူအချို့လို့ရဲ့ မကောင်းကြံစည်များကျောန့် အခက်ခဲ ရောက်ဆိနေချိန်တွင် မျက်ရည်များစွာ ကျလျက် နှိမ့်ချကာ ဘုရားသခင်ရဲ့ အစေခံအဖြစ် အမှုတော်ဟို ငါ ဆောင်ရွက်ခဲ့အယ်။
ACT 20:20 နင်လို့သိလဲ့အတိုင်း လူအများဆေ့တွင် လည်းကောင်း၊ နင်လို့ နေအိုင်များတွင် လည်းကောင်း၊ ငါဟောပြော သွန်သင်သောအခါ နင်လို့အား အကျိုးဆိစေမဲ့ စကားများဟို ပစာအခါမှ မချန်ထားခဲ့။
ACT 20:21 နောင်တရယွေ့ ဘုရားသခင်ဆေဟို ချဉ်းကပ်ကြစေရန်နဲ့ ငါလို့ သခင် ယေရှုဟို ယုံကြည်ကြစေရန် ငါဟ ယုဒလူများနဲ့ လူမျိုးခြားများအား လေးနက်စွာ သတိပေးခဲ့အယ်။
ACT 20:22 အခုမှာ ငါဟ သန့်ဆှင်းသော ဝိညာဉ်တော်ရဲ့ အမိန့်ဟို နားထောင်ပင်း ယေရုရှလင်မြို့ဟို သွားရမယ်။ အေးမှာ ပစာဖြစ်လိမ့်မယ်ဆိုတာဟို ငါ မသိ။
ACT 20:23 သန့်ဆှင်းသော ဝိညာဉ်တော်ဟ တုတ်ချေခြင်းနဲ့ ဆင်းရဲဒုက္ခများဟ မြို့တိုင်းတွင် ငါဟို စောင့်နေကျောန်း သတိပေးတာဟို ငါ သိအယ်။
ACT 20:24 အဲလိုလဲ ဘုရားသခင်ရဲ့ကျေးဇူးတော်အကျောန်း သတင်းကောင်းဟို သက်သေခံစေယွေ့၊ သခင် ယေရှုဟ ငါ့ဟို ပေးအပ်ထားသော အမှုတော်လုပ်ငန်း ပီးမြောက်စေနိန်ရန်အတွက်ဆိုရင် ငါဟ မိမိအသက်ဟိုပင် နှမြောခြင်း မဆိ။
ACT 20:25 “အခုဟ နိုင်ငံတော်အကျောန်းဟို နင်လို့အားလုံး အလယ်နှိုက် လှည့်လည်ဟောပြောခဲ့သော ငါ့ရဲ့မျက်နှာဟို နင်လို့ မျော်ရတော့မှာ မဟုတ်ကျောန်း ငါ သိအယ်။
ACT 20:26 အေးကျောန့် နင်လို့အားလုံးရဲ့ ဆုံးရှုံးမှုဟ ငါ့မှာ တာဝန်မဆိဝူးဟု ခုနေ့နှိုက် နင်လို့အား ငါ သက်သေခံအယ်။
ACT 20:27 အကျောန်းမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ဟို နင်လို့အား အကုန်အစင် ပြောပြခြင်းအမှုဟို ငါဟ မဆှောင်မလွဲဘဲ ပြုခဲ့အယ်။
ACT 20:28 နင်လို့ဟ မိမိကိုယ်ကိုလည်းကောင်း၊ သိုးများအားလုံးဟို လည်းကောင်း ဂရုစိုက်ကြလော၊ ကိုယ်တော်ရဲ့ အသွေးတော်အားဖြင့် ဝယ်ယူထားသော ဘုရားသခင်ရဲ့ အသင်းတော်ဟို နင်လို့ အုပ်ထိန်းစေရန် အေးသိုးစုဟို ကြီးကြပ်သူအဖြစ် သန့်ဆှင်းသော ဝိညာဉ်တော်ဟ နင်လို့ဟို ခန့်ထားအယ်။
ACT 20:29 ငါ ထွက်ခွာသွားလဲ့နောက် ရက်စက်ကြမ်းကြုတ်သော ဝံပုလွေများဟ နင်လို့အထဲဟို ရောက်လာယွေ့ သိုးများဟို မညာဘဲ ပြုမူကြမယ်ဖြစ်ကျောန်းဟို ငါ သိအယ်။
ACT 20:30 တဘဲ့တော်များဟို သွေးဆောင်ဖို့ ဝါပြောတတ်သော လူလို့ဟ နင်လို့အထဲနှိုက်လည်း ပေါ်လာမယ်။
ACT 20:31 သတိနဲ့ နေကြလော၊ အဲပင်းရင် ငါဟ နင်လို့အပေါင်းအား သုံးနှစ်ပတ်လုံး နေ့ညမပြတ် မျက်ရည်ကျလျက် ဆုံးမသွန်သင်ခဲ့တာဟို သတိရကြလော့။
ACT 20:32 “အခု နင်လို့အား ဘုရားသခင်နှိုက် လည်းကောင်း၊ ကိုယ်တော်ရဲ့ ကျေးဇူးတော်နဲ့ဆိုင်သော နှုတ်ကပတ်တော်နှိုက် လည်းကောင်း ငါ အပ်နှံအယ်။ နှုတ်ကပတ်တော်ဟ နင်လို့ဟို တည်ဆောက်မြှင့်တင်လျက် သန့်ဆှင်းစေခြင်း ခံရသောသူ အပေါင်းလို့နဲ့အတူ အမွေဟို ရဆိစေနိန်စွမ်း ဆိအယ်။
ACT 20:33 ငါဟ သူတပါးရဲ့ ဆွေ၊ ငွေ၊ အဝတ်အစားများဟို လိုချင်တပ်မက်ခြင်း မဆိ။
ACT 20:34 ငါဟ ဟေလက်များဖြင့် အလုပ်လုပ်ယွေ့ ငါနဲ့ ငါ့အပေါင်းဖော်များရဲ့ လိုအပ်တာများဟို ဖြည့်ဆည်းခဲ့ကျောန်း နင်လို့တတ်တိုင်း သိကြအယ်။
ACT 20:35 အေးလို့ ကြိုးစား လုပ်ဆောင်ယွေ့ အားနည်းသော သူလို့ဟို ကူညီမစသင့်ကျောန်းနဲ့ ‘ပေးကမ်းခြင်းဟ ရယူခြင်းထက် သာယွေ့ မင်္ဂလာဆိအယ်’ ဟု သခင် ယေရှုတတ်တိုင်း မိန့်လဲ့စကားဟို သတိရသင့်ကျောန်း အရာရာနှိုက် နင်လို့အား ငါ ပြသအယ်” ဟု ဆိုအယ်။
ACT 20:36 ပေါလုဟ အဲလို့ဆိုပင်းသောအခါ သူဟ ဒူးထောက်ယွေ့ သူလို့နဲ့အတူ ဆုတောင်းကြအယ်။
ACT 20:37 သူလို့ဟ ပေါလုဟို ဖက်ပင်း ငိုကာ သူ့ဟို နမ်းယွေ့ နှုတ်ဆက်ကြအယ်။
ACT 20:38 ပေါလုဟ သူ့ဟို နောက်ဖယ်တော့မှ ပြန်တွေ့တော့မှာ ဟုတ်ဝူးလို့ ပြောခဲ့သောကျောန့် သူလို့ဟ အထူးသဖြင့် ဝမ်းနည်းကြအယ်၊ အေးပင်းနောက် သင်္ဘောဆေဟို သူနဲ့အတူ လိုက်ကြအယ်။
ACT 21:1 ငါလို့ဟ အေးသူလို့ဟို နှုတ်ဆက် ထွက်ခွာပင်းနောက် တန်းတန်း ရွက်လွင့်ယွေ့ ကောသကျွန်းဟို ငါလို့ သွားကြအယ်။ နောက်တနေ့နှိုက် ရောဒုကျွန်းဟို ရောက်ယွေ့၊ အေးကျွန်းမှ ပါတရမြို့ဟို ငါလို့ သွားကြအယ်။
ACT 21:2 ဖိနိတ်ပြေဟို သွားမဲ့ သင်္ဘောတစီးဟို မျော်သဖြင့် အေးသင်္ဘောပေါ်ဟို တက်ယွေ့ ခရီးပြုကြအယ်။
ACT 21:3 ငါလို့ဟ ကုပရုကျွန်းဟို မျော်ရသောအခါ အေးကျွန်းရဲ့ တောင်ဖက်မှ သွားပင်း ရှုရိပြေဟို ရွက်လွင့်ကြအယ်။ တုရုမြို့တွင် ကုန်ပစ္စည်းများဟို ချရမယ် ဖြစ်ယွေ့ အေးမြို့တွင် သင်္ဘောဟို ဆိုက်ကပ်ကြအယ်။
ACT 21:4 အေးမှာ တဘဲ့တော်အချို့လို့နဲ့ တွေ့ပင်း သူလို့နဲ့အတူ တပတ်လောက် နေကြအယ်။ ဝိညာဉ်တော်ရဲ့ တန်ခိုးအားဖြင့် သူလို့ဟ ပေါလုဟို ယေရုရှလင်မြို့ဟို မသွားရန် ပြောကြအယ်။
ACT 21:5 အဲလိုလဲ သူလို့နဲ့အတူ ငါလို့ရဲ့အချိန်များ ကုန်လွန်သောအခါ၊ ငါလို့ဟ ထွက်သွားပင်း ခရီးဆက်သွားခဲ့အယ်။ သူလို့အားလုံးလို့ဟ မိမိလို့ရဲ့ ပေါင်အိုမများ၊ လူပဲ့ငယ်များနဲ့အတူ မြို့ပြင် ပင်လယ်ကမ်းဟို ရောက်အောန် လိုက်ပို့ကြအယ်။ ငါလို့ဟ ပင်လယ်ကမ်းခြေမှာ ဒူးထောက်ယွေ့ ဆုတောင်းကြအယ်။
ACT 21:6 အေးနောက် တယောက်နဲ့တယောက် နှုတ်ဆက်ပင်း၊ ငါလို့ဟ သင်္ဘောပေါ်ဟို တက်ယွေ့ သူလို့ဟ မိမိလို့နေအိုင်ဟို ပြန်ကြအယ်။
ACT 21:7 တုရုမြို့မှ ဆက်ယွေ့ ငါလို့ဟ ပတောလင်မြို့ဟို ရောက်ကြအယ်။ အေးမြို့တွင် ယုံကြည်သူလို့ဟို နှုတ်ဆက်ပင်းနောက် သူလို့ဆေမှာ တရက်နေအယ်။
ACT 21:8 နောက်တနေ့နှိုက် ထွက်သွားယွေ့ ကဲသရိမြို့ဟို ရောက်ကြအယ်။ အေးမှာ ဧဝံဂေလိ တရားဟောဆရာ ဖိလိပ္ပုရဲ့ နေအိုင်တွင် ငါလို့ တည်းခိုကြအယ်။ သူဟ တဘဲ့တော်များဟို ကူညီရန် ယေရုရှလင်မြို့ အသင်းတော်ဟ ရွေးချယ်သော လူခုနေယောက်လို့တွင် တဦးဖြစ်အယ်။
ACT 21:9 သူ့မှာ ဘုရားသခင်ရဲ့ တရားတော်ဟို ဟောပြော ကြေညာသူများ အိမ်ထောင်မကျသေးသော သမီးလေးယောက် ဆိအယ်။
ACT 21:10 အေးနေအိုင်တွင် ငါလို့ တည်းခိုယွေ့ ရက်အတော် အတန်ကြာသောအခါ အာဂဗု နာမယ်ဆိသော ပရောဖက်ဟ ယုဒပြေမှ ရောက်ဆိလာအယ်။
ACT 21:11 သူဟ ငါလို့ဆေဟို လာယွေ့ ပေါလုရဲ့ ခါးကြိုးဟို ယူပင်းရင် မိမိရဲ့ ခြေနဲ့လက်လို့ဟို တုတ်ချေပင်းနောက် “ဟေ ခါးကြိုးပိုင်ဆှင်အား ယုဒလူများလို့ဟ ယေရုရှလင်မြို့တွင် ဟေလို့ တုတ်ချေယွေ့ လူမျိုးခြားလို့ရဲ့ လက်ဟို အပ်နှံကြလိမ့်မယ်လို့ သန့်ဆှင်းသော ဝိညာဉ်တော် မိန့်အယ်” ဟု ပြောလေအယ်။
ACT 21:12 အေးအရာဟို ငါလို့ ကြားသောအခါ ငါလို့နဲ့ အေးမှာ ဆိသောသူလို့ဟ ယေရုရှလင်မြို့ဟို မသွားရန် ပေါလုအား တောင်းပန်ကြအယ်။
ACT 21:13 အဲလိုလဲ ပေါလုဟ “ပစာကျောန့် ဟေလို့ ငိုကကာ စိတ်နေလုံး ကြေကွဲနေကြလုန်း၊ ငါဟ သခင် ယေရှုနာမအားဖြင့် ယေရုရှလင်မြို့တွင် တုတ်ချေခံရန် သာမက အေးမှာ အသေခံရန်ပင် အသင့်ဆိပါအယ်” လို့ ပြန်ဖြေအယ်။
ACT 21:14 ငါလို့ဟ သူဟို ဖျောင်းဖျယွေ့ မရသောကျောန့် “သခင်ဘုရားရဲ့ အလိုအတိုင်း ဖြစ်ပါစေ” ဟု ဆိုကာ လက်လျော့လိုက်ကြအယ်။
ACT 21:15 အေးမှာ ရက်အနည်းငယ် ကြာပင်းနောက် ငါလို့ ပစ္စည်းများဟို ထုတ်ပိုးပင်း ယေရုရှလင်မြို့ဟို တက်သွားကြအယ်။
ACT 21:16 ကဲသရိမြို့မှ တဘဲ့တော် တချို့လို့ဟ ငါလို့နဲ့အတူ လိုက်ခဲ့ပင်းရင် ငါလို့အား ကုပရုကျွန်းသား အစောပိုင်းဟ ယုံကြည်သူဖြစ်သူ မနာသုန်ရဲ့ နေအိုင်မှာ တည်းခိုရန် ခေါ်သွားကြအယ်။
ACT 21:17 ငါလို့ ယေရုရှလင်မြို့ဟို ရောက်သောအခါ ယုံကြည်သူလို့ဟ ငါလို့အား နွေးထွေးစွာ ကြိုဆိုကြအယ်။
ACT 21:18 နောက်တနေ့မှာ ပေါလုဟ ငါလို့နဲ့အတူ ယာကုပ်ဆေဟို သွားရောက် တွေ့ဆုံရင်၊ အသင်းတော်ရဲ့ လူကြီးများ အားလုံးဟလည်း သူဆေမှာ ရောက်ဆိနေကြအယ်။
ACT 21:19 ပေါလုဟ သူလို့ဟို နှုတ်ဆက်ပင်း မိမိရဲ့အလုပ်အားဖြင့် လူမျိုးခြားလို့အား ဘုရားသခင် ပြုခဲ့သောအမှုအရာ အားလုံးလို့ဟို ပြေ့စုံစွာ တင်ပြလေအယ်။
ACT 21:20 သူဆေဟ ကြားရပင်းနောက် သူလို့အားလုံးဟ ဘုရားဟို ချီးမွန်းကြအယ်။ အေးနောက် သူလို့ဟ “ညီအကို ပေါလု၊ ယုဒလူ ထောင်ပေါင်းများစွာဟ ယုံကြည်သူများ ဖြစ်လာကျောန်းနဲ့ သူလို့အားလုံး ပညတ်တရားဟို စိတ်အားထက်သန်သူများ ဖြစ်ကျောန်းဟို နင်လို့ မျော်နိန်အယ်။
ACT 21:21 နင်ဟ လူမျိုးခြားလို့ထဲတွင် နေထိန်ကြသော ယုဒအမျိုးသားလို့အား နင်လို့ရဲ့ လူပဲ့သငယ်များဟို အရေဖျားလှီးခြင်း မပေးကြနဲ့ အဲဟာမဟုတ်ရင် ယုဒ စလေ့အတိုင်းဟို မလိုက်နာကြရန် ပြောလျက် မောရှေရဲ့ ပညတ်တရားဟို စွန့်စေရန် သင်ကြားလျက် ဆိကျောန်းဟို သူလို့ ကြားသိကြအယ်။
ACT 21:22 သို့ဖြစ်ယွေ့ ငါလို့ စလို လုပ်ရမလုန်း။ နင်လို့ရောက်နေကျောန်းဟို သူလို့ဟ ကြားရမှာ သေချာပါအယ်။
ACT 21:23 အေးအရာဟ ငါလို့ နင့်ဟို လုပ်စေချင်လဲ့အတိုင်း လုပ်လော့။ အေးမှာ သစ္စာကတိဟို ပြုထားသော လူလေးယောက် ဆိအယ်။
ACT 21:24 အေးသူလို့ဟို ခေါ်သွားပင်း သူလို့နဲ့အတူ သန့်ဆှင်းခြင်းဟို ခံယူလျက် သူလို့ခေါင်းဟို ကတုံးရိတ်ရန် သူလို့အတွက် စရိတ်ခံပေးပါလော့။ အေးလို့ပြုရင် နင်လို့နဲ့ ပတ်သက်ယွေ့ သူလို့ ကြားသိထားသော သတင်းဟ ကစတ်ကလတ်ဘဲ နင်လို့တတ်တိုင်း ပညတ်တရားဟို စောင့်ထိန်းလျက် လိုက်ဆှောက်ကျောန်း သူလို့အားလုံး သိကြလိမ့်မယ်။
ACT 21:25 ယုံကြည်သူများ ဖြစ်လာသော လူမျိုးခြားလို့အတွက်မှာ ရုပ်တုများဟို ပူဇော်လဲ့ အစားအစာ၊ အသွေး၊ လည်ပင်း ညှစ်ယွေ့ သတ်ထားသော အကောင်ဟို မစားရန်နဲ့ ကာမဂုဏ်လိုက်စားမှုဟို ဆှောင်ကြဉ်ရန် ငါလို့ စီရင်ဆုံးဖြတ်ယွေ့ သူလို့ဆေဟို စာရေး အကျောန်းကြားပင်းပါပီ” ဟု ဆိုကြအယ်။
ACT 21:26 အေးကျောန့် ပေါလုဟ နောက်တနေ့နှိုက် အေးလူလို့ဟို ခေါ်ပင်းရင် သူလို့နဲ့အတူ သန့်စင်ခြင်းဟို ပြုကြအယ်။ အေးနောက်သူဟ ဗိမာန်တော်ဟို သွားယွေ့ သန့်စင်ခြင်းဟို ပြုပင်း ပီးဆုံးမဲ့အချိန်နဲ့ မိမိလို့တဦးစီအတွက် ပူဇော်သကာ ဆက်သရမဲ့အချိန်လို့ဟို ကြိုတင် အကျောန်းကြား ထားလေအယ်။
ACT 21:27 ခုနေရက်စေ့ခါနီးသောအခါ အာရှပြေမှ လာသော ယုဒလူအချို့လို့ဟ ပေါလုဟို ဗိမာန်တော်တွင် မျော်ကြအယ်။ သူလို့ဟ လူအုပ်လို့အား ရုန်းရင်းဆန်ခတ် ဖြစ်စေပင်း ပေါလုဟို ဖမ်းဆီးကြအယ်။
ACT 21:28 သူလို့ဟ “ဣသရေလလူများ ကူညီကြပါ၊ ဟေလူဟ နေရာတကာသွားပင်း ဣသရေလလူများဟို လည်းကောင်း၊ ဟေဗိမာန်တော်မှာ မောရှေရဲ့ ပညတ်တရားဟို လည်းကောင်း ဆန့်ကျင်ပင်း လူအားလုံးလို့ဟို သင်ကြားပေးသူ ဖြစ်အယ်။ အေးစာတင် မကဝူး အခုသူဟ လူမျိုးခြားလို့ဟို ဗိမာန်တော်ထဲဟို ခေါ်လာပင်း ဟေသန့်ဆှင်းလဲ့နေရာဟို စုတ်ပဲ့စေပီ” လို့ အော်ပြောကြအယ်။
ACT 21:29 ပစာကို့ သူလို့ဟ ပေါလုဟို ဧဖက်မြို့သား တရောဖိမ်ဆိုသူနဲ့အတူ မြို့ထဲတွင် မျော်ခဲ့ယွေ့ ဗိမာန်တော်ထဲဟို ပေါလု ခေါ်ခဲ့တာလို့ ထင်သောကျောန့် ဖြစ်အယ်။
ACT 21:30 တမြို့လုံးဟ ရုန်းရင်းဆန်ခတ် ဖြစ်ယွေ့ လူလို့ဟ ပြေးယွေ့ လာပင်း ပေါလုဟို ဖမ်းဆီးကာ ဗိမာန်တော် အပြင်ဟို ဆွဲထုတ်သွားကြအယ်။ တခါတည်း ဗိမာန်တော်ရဲ့ ထင်ခါးများဟို ပိတ်လိုက်ကြအယ်။
ACT 21:31 သူလို့ဟ ပေါလုဟို သတ်ဖို့ ကြိုးစားနေခါ ယေရုရှလင်မြို့ တမြို့လုံး ရုန်းရင်းဆန်ခတ် ဖြစ်နေအယ်ဟူသော သတင်းဟ ရောမတပ်မှူးဆေ ရောက်လေအယ်။
ACT 21:32 သူဟ ခုတင်ချင်း တပ်သားများနဲ့ တပ်မှူးများဟို အမြန်ခေါ်ယွေ့ လူအုပ်ကြီးဆိရာဟို ဆင်းလာအယ်။ လူလို့ဟ တပ်သားများနဲ့ တပ်မှူးဟို မျော်သောအခါ ပေါလုဟို ရိုက်ခြင်းမှ ရပ်ကြအယ်။
ACT 21:33 အေးအခါ တပ်မှူးဟ ပေါလုဆေဟို သွားပင်း သူ့ဟို ဖမ်းဆီးကာ သံကြိုးနေချောင်းနဲ့ တုတ်ချေရန် အမိန့်ပေးအယ်။ အေးနောက် သူဟ “အေးသူဟ စသူလုန်း၊ သူဟ ပစာအမှုဟို လုပ်လုန်း” ဟု မေးအယ်။
ACT 21:34 လူအုပ်အချို့လို့ဟ တယောက်တမျိုးစီ အော်ကြအယ်။ အေးလို့ နောန်းနင်းခတ်သံများကျောန့် တပ်မှူးဟ ပစာဖြစ်တာဟို အတိအကျ မသိနိန်သဖြင့် ပေါလုဟို ရဲတိုက်ထဲဟို ခေါ်သွားစေရန် အမိန့်ပေးလေအယ်။
ACT 21:35 ပေါလုဟ လှေခါးဟို ရောက်သောအခါ လူလို့ဟ အကြမ်းဖက်မှု ပြင်းထန်လာသဖြင့် စစ်သားများဟ သူဟို မချီသွားရအယ်။
ACT 21:36 ရမ်းဆာ့သော လူလို့ဟ နောက်မှလိုက်လာယွေ့ “သူ့ဟို သတ်ပါ” ဟု အော်ပင်း လိုက်ကြအယ်။
ACT 21:37 ပေါလုဟ သူ့အား ရဲတိုက်ထဲဟို ခေါ်သွားမယ် လုပ်သောအခါ သူဟ တပ်မှူးဟို “ငါ နင့်ဟို တခု ပြောပါရစေ” ဟု ဆိုအယ်။ “နင် ဟေလသစကားဟို ပြောတတ်သလော” ဟု တပ်မှူးဟ မေးအယ်။
ACT 21:38 “မကြာခင်အခါဟ ပုန်ကန်ယွေ့ သူပုန် ၄,၀၀၀ ဟို ယိုးယွေ့ တောကန္တာရဟို ခေါ်သွားသော အဲဂုတ္တုအမျိုးသားပင် မဟုတ်လော” ဟု မေးအယ်။
ACT 21:39 ပေါလုဟ “ငါဟ ယုဒလူ ဖြစ်အယ်၊ ကိလိကိပြေရဲ့ မြို့တော်ဖြစ်သော တာရှုမြို့နှိုက် မွေးဖွားခဲ့သူ ဖြစ်အယ်။ ကျေးဇူးပြုပင်း ငါ့လူများနဲ့ စကားပြောခွင့်ပေးပါ” ဟု ဆိုအယ်။
ACT 21:40 တပ်မှူးဟ သူ့ဟို အခွင့်ပေးသဖြင့် ပေါလုဟ လှေခါးထစ်ပေါ်တွင် ရပ်ယွေ့ လူလို့အား တိတ်ဆိတ်ရန် လက်ရိပ်ပြအယ်။ သူလို့ တိတ်ဆိတ်နေကြသောအခါ ပေါလုဟ ဟေဗြဲစကားနဲ့ ပြောလျက်၊
ACT 22:1 “ညီအကိုများနဲ့ အဖလို့ အခု ငါ ပြန်ခုခံမဲ့ စကားဟို နားထောင်ကြပါ” ဟု ဆိုအယ်။
ACT 22:2 သူလို့ဟ မိမိလို့အား ဟေဗြဲစကားဖြင့် ပြောဆိုတာဟို ကြားသောအခါ ပိုယွေ့ တိတ်ဆိတ်နေကြအယ်။ ပေါလုဟ ဆက်ပင်း၊
ACT 22:3 “ငါဟ ကိလိကိပြေ၊ တာရှုမြို့တွင် မွေးဖွားခဲ့သော ယုဒလူ ဖြစ်ပါအယ်။ အဲလိုလဲ ဟေမြို့တွင် ကြီးပြင်းလာယွေ့ ဂါမလျေလရဲ့ နည်းခံယွေ့ ဖိုးဖေးလို့မှ ဆက်ခံသော ပညတ်တရားနဲ့အညီ တင်းကျပ်စွာ ဆုံးမသွန်သင်ခြင်းဟို ခံယူပင်း ခုနေ့ နင်လို့အားလုံးဟ ဘုရားသခင်အတွက် စိတ်အားထက်သန်သလိုမျိုး ငါဟလည်း စိတ်အားထက်သန်ခဲ့အယ်။
ACT 22:4 ငါဟ သူရဲ့ လမ်းစဉ်ဟို လိုက်ဆှောက်သော သူများအား အသေသတ်လဲ့အထိ ငြင်းဆဲခဲ့ပါအယ်။ ငါဟ ယောက်ျားနဲ့ မိန်းမလို့ဟို ဖမ်းဆီးယွေ့ ထောင်ချခဲ့ပါအယ်။
ACT 22:5 ငါပြောတာဟ မန်ကျောန်းဟို ယဇ်ပုရောဟိတ်မင်းနဲ့တကွ တရားရုံးမှာဆိလဲ့သူ အပေါင်းလို့ဟ သက်သေခံကြပါအယ်။ ငါဟ အေးသူလို့ဆေမှ ဒမာသက်မြို့နေ ယုဒညီအကိုဆေ ရေးပေးလိုက်တဲ့ အမှာစာများဟို ရယူအယ်။ အေးကျောန့် အေးမှာဆိလဲ့ သူလို့အား အပစ်ဒဏ်စီရင်ခြင်းငှာ ဖမ်းဆီး တုတ်ချေလျက် ယေရုရှလင်မြို့ဟို ထွက်သွားပါအယ်။
ACT 22:6 “ငါဟ ခရီးသွားယွေ့ ဒမာသက်မြို့အနီးဟို ရောက်သောအခါ၊ မွန်းတည့်အချိန်တွင် ခေါန်းခင်မှ တောက်ပလဲ့ အလင်းရောင်ကြီး တခုဟ ခုတုံး ငါ့ပတ်လည်တွင် ထွန်းလင်းတောက်ပအယ်။
ACT 22:7 ငါဟ မြေကြီးပေါ် လဲကျသွားရာ ‘ရှောလု၊ ရှောလု၊ နင်ဟ ပစာကျောန့် ငါ့ဟို ငြင်းဆဲလုန်း’ ဟု ပြောသောအသံဟို ကြားရအယ်။
ACT 22:8 ‘အဆှင်၊ ကိုယ်တော်ဟ စသူလုန်း’ လို့ မေးသော် ကိုယ်တော်ဟ ‘ငါဟ နင်ငြင်းဆဲသော နာဇရက်မြို့သား ယေရှုပင် ဖြစ်အယ်’ ဟု ငါ့ဟို ပြန်ပြောလေအယ်။
ACT 22:9 ငါနဲ့အတူ ပါလာသောသူလို့ဟ အလင်းဟို မျော်ရပေမဲ့လည်း ငါ့အား ပြောသောသူရဲ့ အသံဟို မကြားရကြ။
ACT 22:10 ငါဟ ‘အဆှင်၊ ငါဟ ပစာ လုပ်ရမလုန်း’ ဟု မေးပင်း အဆှင်ဟ ‘ထပင်း ဒမာသက်မြို့ဟို သွားလော့။ နင်ဆောင်ရွက်ရန် ခွဲခန့်စီမံထားလဲ့ အမှုအရာအားလုံးဟို အေးမြို့တွင် နင့်အား ပြောမယ်’ ဟု ပြန်ပြောအယ်။
ACT 22:11 တောက်ပလဲ့ အလင်းရောင်ကျောန့် ငါ မျက်စေ့ ကွယ်သွားသဖြင့် ငါနဲ့အတူ ပါလာကြသော သူလို့ဟ ငါ့ဟို လက်ဆွဲပင်း ဒမာသက်မြို့ဟို ပို့ဆောင်ပေးရကြပါအယ်။
ACT 22:12 “အေးမြို့မှာ အာနနိလို့ နာမယ်ဆိလဲ့ လူတယောက် ဆိအယ်။ သူဟ ပညတ်တရားဟို နာခံယွေ့ ဘုရားဝတ်နှိုက် မွေ့လျော်တဲ့သူ ဖြစ်ပင်း ဒမာသက်မြို့ဆိ ယုဒအမျိုးသား အပေါင်းလို့ရဲ့ ရိုသေလေးစားခြင်းဟိုလည်း ခံရအယ်။
ACT 22:13 သူဟ ငါဆေ လာယွေ့ အနားမှာ ရပ်ပင်း ‘ညီရှောလု၊ မျက်စေ့ ပြန်မျော်လော့’ ဟု ငါ့အား ပြောဆိုရင်၊ အေးခဏချင်းတွင် ငါဟ သူ့ဟို မျော်ရအယ်။
ACT 22:14 သူဟ ‘နင်သည် ငါလို့ဖိုးဖေးများ ဘုရားသခင်ဟ မိမိအလိုတော်ဟို သိစေရန် လည်းကောင်း၊ ကိုယ်တော်ရဲ့ ဖြောင့်မတ်သော အစေခံအား မျော်စေရန် လည်းကောင်း၊ အေးအဆှင်ရဲ့ စလောင်မှ အသံဟို ကြားစေရန် လည်းကောင်း ကိုယ်တော်ဟ နင့်အား ရွေးချယ်လေပီ။
ACT 22:15 နင်ဟ မျော်ရကြားရလဲ့အရာများဟို လူအားလုံးဟ ပြောကြားရန် အေးသူရဲ့ သက်သေဟို ခံရလိမ့်မယ်။
ACT 22:16 အခု ပစာကျောန့် အချိန်အကြာရီး စောင့်နေလုန်း။ ထပင်း နှစ်ခြင်းဟို ခံလော့။ နင့်ရဲ့ အပစ်များဟို လွှတ်ဖို့ ကိုယ်တော်ရဲ့ နာမဟို ခေါ်ပင်း ဆုတောင်းလော့’ ဟု ဆိုလေအယ်။
ACT 22:17 “ငါဟ ယေရုရှလင်မြို့ဟို ပြန်သွားပင်း ဗိမာန်တော်ထဲမှာ ဆုတောင်းနေစဉ် ရူပါရုံဟို မျော်ရစဉ်၊
ACT 22:18 အေးခါတွင် အဆှင်ဟို ငါ မျော်ယွေ့ ကိုယ်တော်ဟ ‘ယေရုရှလင်မြို့မှ အလျင်အမြန် ထွက်သွားလော့၊ ပစာကို့ ဟေမှာဆိလဲ့ လူများဟ ငါ့ရဲ့အကျောန်းနဲ့ ပတ်သက်သော နင်ရဲ့ သက်သေခံချက်ဟို လက်ခံကြလိမ့်မယ် မဟုတ်’ လို့ ငါ့ဟို ပြောအယ်။
ACT 22:19 ငါဟ ‘အဆှင်၊ တရားဇရပ်လို့ဟို သွားယွေ့ ကိုယ်တော်ဟို ယုံကြည်ကြသော သူလို့အား ဖိုင်ယွေ့ ဖမ်းဆီးခဲ့သူမှာ ငါဖြစ်ကျောန်းဟို သူလို့ ကောင်းစွာ သိကြပါအယ်။
ACT 22:20 ကိုယ်တော်ရဲ့ အကျောန်း သက်သေခံသူ သတေဖန်ဟို သတ်ကြသောအခါနှိုက်လည်း ငါတတ်တိုင်းလည်း အနီးတွင် ရပ်လျက် အလိုတူအလိုပါ ဖြစ်ကာ သူ့ဟို သတ်ကြသော သူလို့ရဲ့ အဝတ်များဟို စောင့်ပေးခဲ့ပါအယ်’ ဟု ပြန်ဖြေအယ်။
ACT 22:21 အဆှင်ဟ ‘သွားလော့၊ ရပ်ဝေးဆိ လူမျိုးခြားလို့ဆေ နင့်ဟို ငါ စေလွှတ်လိမ့်မယ်’ ဟု ငါ့ဟို ပြောခဲ့အယ်။”
ACT 22:22 လူလို့ဟ ပေါလုရဲ့ စကားဟို ဟေမျှအထိ နားထောင်ကြအယ်။ အဲပင်းရင် သူလို့ဟ အသံဟို ထိပ်ဆုံးထိရောက်အောန် အော်ဟစ်ကြတာဟ “သူ့ဟို မြေကြီးပြင်မှ သုတ်သင် ပယ်ဆှင်းပါ။ သူဟ အသက်ဆှင်ရင် မသင့်” ဟု ဆိုကြအယ်။
ACT 22:23 သူလို့ဟ ဝတ်လုံများဟို ဝှေ့ရမ်းကာ မြေမှုန့်ဟို မိုးခေါန်းခင်ဟို ပစ်လောလျက် အော်ဟစ်ကြအယ်။
ACT 22:24 ရောမတပ်မှူးကြီးဟ ပေါလုဟို ရဲတိုက်ထဲဟို ခေါ်သွားရန်နဲ့ ပစာကျောန့် ယုဒလူလို့ သူ့ဟို ဆန့်ကျင်လျက် အေးလို့ အော်ဟစ်ရကျောန်းဟို သိဆိရန်အတွက် ပေါလုအား ရိုက်ယွေ့ စစ်ဆေးရန် အမိန့်ပေးအယ်။
ACT 22:25 အဲလိုလဲ သူ့ဟို ကြာပွတ်နဲ့ ကြိမ်ဒဏ်ခတ်ရန် တုတ်ချေကြသောအခါ ပေါလုဟ အေးမှာရပ်နေလဲ့ တပ်မှူးအား “ရောမနိုင်ငံသား တယောက်ဟို စစ်ဆေးစီရင်ခြင်း မပြုဘဲ ကြိမ်ဒဏ်ခတ်ခြင်းမှာ တရားဥပဒေနဲ့ ကိုက်ညီပါသလော” ဟု ပြောအယ်။
ACT 22:26 တပ်မှူးဟ အေးစကားဟို ကြားသောအခါ သူဟ တပ်မှူးကြီးဆေဟို သွားပင်း “စလို လုပ်မလုန်း၊ အေးလူဟ ရောမနိုင်ငံသား ဖြစ်အယ်” ဟု ဆှောက်အယ်။
ACT 22:27 အေးကျောန့် တပ်မှူးကြီးဟ ပေါလုဆေဟို သွားပင်း “နင်ဟ ရောမနိုင်ငံသားလော၊ ငါ့ဟို ပြောပါ” ဟု သူ့ဟို မေးလေအယ်။ ပေါလုဟ “ဟုတ်အယ်” လို့ ဖြေအယ်။
ACT 22:28 တပ်မှူးကြီးဟ “ငါဟ ပိတ်ဆန် အများရီး ပေးခြင်းအားဖြင့် နိုင်ငံသား ဖြစ်လာအယ်” ဟု ဆိုရင် ပေါလုဟ “ငါဟ ရောမနိုင်ငံသားအဖြစ် မွေးဖွားလာအယ်” ဟု ဖြေအယ်။
ACT 22:29 သူ့ဟို စစ်မေးမဲ့ သူလို့ဟလည်း ခုတင်ချင်း နောက်ဟို ဆုတ်ခွာ သွားကြလေအယ်။ ပေါလုဟ ရောမနိုင်ငံသား ဖြစ်တာဟို လည်းကောင်း၊ သူ့အား သံကြိုးဖြင့် တုတ်ချေမိတာဟို လည်းကောင်း သိမျော်ကြသောအခါ တပ်မှူးကြီးဟ ကြောက်လန့်လေအယ်။
ACT 22:30 တပ်မှူးဟ ပေါလုအား ယုဒလူများလို့ဟ ပစာပစ်မှုဖြင့် စွပ်စွဲကြတာဟို သေချာ သိချင်ကြအယ်။ အေးလို့ဖြစ်ယွေ့ နောက်တနေ့နှိုက် ပေါလုအား တုတ်ချေထားလဲ့ သံကြိုးဟို ဖယ်ဆှားစေပင်း ယဇ်ပုရောဟိတ်ကြီးများနဲ့ ယုဒတရားလွှတ်တော် အဖွဲ့ဝင်အပေါင်းလို့ဟို စုဝေးကြရန် အမိန့်ပေးလေအယ်။ အေးနောက် ပေါလုဟို ခေါ်ကာ အေးသူလို့ဆေ့တွင် ရပ်စေအယ်။
ACT 23:1 ပေါလုဟ တရားလွှတ်တော်အဖွဲ့ဟို တန်းတန်းကျေ့ပင်း “ငါ့ညီအကိုလို့ ငါဟ ခုနေ့တိုင်အောန် တသက်လုံး ဘုရားသခင် ဆေ့တော်တွင် ဩတ္တပ္ပစိတ် ကြည်လင်ပင်း ကောင်းစွာ နေထိန်ခဲ့ပါအယ်” ဟု ပြောအယ်။
ACT 23:2 ယဇ်ပုရောဟိတ်မင်း အာနနိဟလည်း သူ့အနီးတွင် ရပ်နေသူများအား ပေါလုရဲ့ စလောင်ဟို ရိုက်ရန် အမိန့်ပေးလေအယ်။
ACT 23:3 ပေါလုဟ သူ့အား “အဖြူရောင် သုတ်ထားသော နံရံ၊ နင်လို့ဟို ဘုရားသခင်ဟ အမန်ဒဏ်ခတ်မယ်။ နင်ဟ ငါအား တရားဥပဒေအရ စီရင်ရန် တရားရုံးတွင် ထိန်လျက် နေချိန်နှိုက် ငါ့ဟို ရိုက်ခိုင်းခြင်းဖြင့် ဥပဒေဟို ချိုးဖောက်အယ်” ဟု ဆိုအယ်။
ACT 23:4 ပေါလုရဲ့ အနီးတွင် ရပ်နေသော သူလို့ဟ “နင်ဟ ဘုရားသခင်ရဲ့ ယဇ်ပုရောဟိတ်မင်းဟို ဆဲသလော” လို့ မေးရင်၊
ACT 23:5 ပေါလုဟ “ညီအကိုလို့၊ အေးသူဟ ယဇ်ပုရောဟိတ်မင်း ဖြစ်တာဟို ငါ မသိပါ။ ကျမ်းစာဟ ‘နင်ရဲ့လူများဟို အုပ်စိုးသောသူအား မကောင်းသော စကားဟို မပြောရ’ ဟု ပြောအယ်။”
ACT 23:6 ပေါလုဟ တရားရုံးထဲတွင် တဖွဲ့ဟ ဖာရိရှဲများ ဖြစ်ယွေ့ တခြားတဖွဲ့ဟ ဇဒ္ဒုကဲများ ဖြစ်ကျောန်းဟို သိမျော်သောအခါ “ငါ့ ညီအကိုလို့၊ ငါဟ ဖာရိရှဲ ဖြစ်ပင်း ဖာရိရှဲရဲ့ သားလည်း ဖြစ်အယ်။ သေသူလို့ဟ ဆှင်ပြန်ထမြောက်မယ်ဟို မျော်လင့်သူဖြစ်သဖြင့် အခု ငါဟလည်း စစ်ဆေးခံနေရခြင်း ဖြစ်အယ်” ဟု တရားရုံးဆေ့တွင် အော်ပင်းပြောဆိုအယ်။
ACT 23:7 အေးလို့ ပေါလု ပြောလိုက်သောအခါ ဖာရိရှဲများနဲ့ ဇဒ္ဒုကဲလို့ကြားတွင် သဘောထားကွဲလွဲမှု ဖြစ်ပေါ်ယွေ့ အစုအဝေးဟ အုပ်စုကွဲသွားလေအယ်။
ACT 23:8 အကျောန်းမှာ ဇဒ္ဒုကဲလို့ဟ သေခြင်းမှ ထမြောက်ခြင်း မဆိ၊ ခေါန်းခင်တမန် မဆိ၊ ဝိညာဉ် မဆိဟု ဆိုကြအယ်။ အဲလိုလဲ ဖာရိရှဲလို့ဟ အေးအရာသုံးခုလုံးဟို ဆိအယ်လို့ ယုံကြည်ကြအယ်။
ACT 23:9 အော်ပြောဆိုမှုဟ ပိုယွေ့ ကျယ်လာပင်း၊ ဖာရိရှဲဂိုဏ်းဝင် ကျမ်းတတ်ဆရာ တချို့လို့ဟ ထယွေ့ “ဟေသူနှိုက် ပစာအပစ်ဟိုမျှ ငါလို့ မတွေ့၊ ဝိညာဉ်တပါး အဲဟာမဟုတ်ရင် ခေါန်းခင်တမန် တပါးပါးဟ သူ့အား မြွက်ဆိုကောင်း မြွက်ဆိုခဲ့လိမ့်မယ်” လို့ ပြင်းထန်စွာ ငြင်းခုန် ပြောဆိုကြအယ်။
ACT 23:10 ငြင်းခုန်မှုဟ ရမ်းဆာ့ ပြင်းထန်လာသဖြင့် ပေါလုဟို အပိုင်းပိုင်းဆုတ်ဖြတ်မယ်ဟို တပ်မှူးကြီးဟ စိုးရိမ်အယ်။ အဲလိုမို့ သူဟ စစ်သားများအား ဆင်းသွားယွေ့ ပေါလုအား အေးသူလို့ဆေမှ အတင်းခေါ်လာပင်း၊ ရဲတိုက်ထဲဟို ခေါ်သွားရန် အမိန့်ပေးအယ်။
ACT 23:11 အေးညနှိုက် ဘုရားသခင်ဟ ပေါလုရဲ့ အနီးတွင် ရပ်လျက် “မကြောက်နဲ့၊ နင်ဟ ယေရုရှလင်မြို့တွင် ငါ့ရဲ့အကျောန်းဟို သက်သေခံခဲ့သလိုမျိုး ရောမမြို့တွင်လည်း သက်သေခံရ အုံးမယ်” ဟု မိန့်အယ်။
ACT 23:12 နောက်တနေ့ မနက်နှိုက် ယုဒလူများနဲ့ အတူတကွ တွေ့ဆုံပင်း အစီစဉ်များဟို ပြုလုပ်ကြအယ်။ ပေါလုဟို မသတ်ရမချင်း ငါလို့ မစားမသောက်ဘဲ နေမယ်လို့ သူလို့ သစ္စာကတိပြုကြအယ်။
ACT 23:13 အေးလျှို့ဝှက်ကြံစည်လဲ့သူများမှာ အယောက်လေးဆယ်ကျော် ဆိအယ်။
ACT 23:14 သူလို့ဟ ယဇ်ပုရောဟိတ်ကြီးများနဲ့ လူအကြီးအကဲလို့ဆေဟို သွားယွေ့ “ငါလို့ဟ ပေါလုဟို မသတ်ရမချင်း ပစာအရာဟိုမှ မစားမသောက်ပါဟု သစ္စာကတိပြုထားကြပါအယ်။
ACT 23:15 အဲလိုမို့ အခု အဆှင်လို့ဟ တရားလွှတ်တော် အဖွဲ့ဝင်နဲ့အတူ ပေါလုရဲ့ အချက်အလက်ဟို ပိုမိုသေချာစွာ စုံစမ်းစစ်ဆေး လိုဟန်ပြုသဖြင့် သူ့ဟို အဆှင်ဆေခေါ်လာရန် ရောမတပ်မှူးကြီးအား ဆှောက်ထားကြပါ။ အဲလိုလဲ ငါလို့ဟ ဟေနေရာဟို သူမရောက်ခင် သူ့ဟို သတ်ရန် အဆင်သင့် ဆိနေအယ်” ဟု ဆှောက်ကြအယ်။
ACT 23:16 အဲလိုလဲ အေးလို့ ချောင်းမြောင်းသတ်မယ့် အစီအစဉ်ဟို ပေါလု ညီမရဲ့ သားဟ ကြားသိသွားသဖြင့် ရဲတိုက်ထဲဟို ဝင်ပင်းရင် ပေါလုအား ပြောကြားအယ်။
ACT 23:17 အေးနောက် ပေါလုဟ အရာဆိတယောက်ဟို ခေါ်ပင်း “တပ်မှူးကြီးအား ပြောရန် ကိစ္စတခု ဆိယွေ့ အေးလူငယ်ဟို သူ့ဆေဟို ခေါ်သွားပေးပါ” ဟု ပြောအယ်။
ACT 23:18 အရာဆိဟ အေးသူဟို တပ်မှူးကြီးဆေဟို ခေါ်သွားပင်း “ထောင်သား ပေါလုဟ ငါ့ဟို ခေါ်ယွေ့ အေးလူငယ်ဟို အဆှင့်ဆေဟို ပို့ခိုင်းပါအယ်။ ပစာကို့ သူ့မှာ အဆှင့်အား ပြောရန် ကိစ္စတခု ဆိပါအယ်” ဟု ပြောအယ်။
ACT 23:19 တပ်မှူးဟ သူရဲ့ လက်ဟို ဆွဲယွေ့ တိတ်ဆိတ်ရာ နေရာဟို သွားပင်း “နင်ဟ ငါ့ဟို ပြောစရာဆိတာဟ ပစာလုန်း” ဟု မေးအယ်။
ACT 23:20 သူဟ “ယုဒအာဏာပိုင်လို့ဟ ပေါလုရဲ့ အချက်အလက်ဟို ပိုမိုသေချာစွာ စုံစမ်းစစ်ဆေး လိုဟန်ပြုလျက် မနက်ဖြန်နေ့နှိုက် သူ့ဟို တရားရုံးဟို ခေါ်သွားရန် အဆှင့်အား တောင်းဆိုမယ်လို့ သဘောတူဆုံးဖြတ်ထားကြအယ်။
ACT 23:21 အဲလိုလဲ အေးမှာ လူလေးဆယ်ကျော် ပုန်းနေကြပင်း သူ့ဟို စောင့်လျက်ဆိနေသောကျောန့် သူလို့ပြောတာဟို နားမထောင်ကြပါနဲ့။ သူလို့ဟ သူ့ဟို မသတ်ရမချင်း မစားမသောက်ဘဲနေမယ်လို့ သစ္စာကတိပြုထားကြအယ်။ အခု သူလို့ဟ အသင့်ပြင်ဆင်ပင်း အဆှင့်ရဲ့ ဆုံးဖြတ်ချက်ဟို စောင့်နေကြအယ်” ဟု ပြောအယ်။
ACT 23:22 တပ်မှူးကြီးဟ “ဟေအရာများဟို ငါ့အား နင်ပြောပြကျောန်း စသူဟိုမှ မပြောနဲ့” ဟု ဆိုပင်း အေးလူငယ်ဟို ပြန်လွှတ်လိုက်အယ်။
ACT 23:23 အေးနောက် တပ်မှူးကြီးဟ အရာဆိနေယောက်ဟို ခေါ်ယွေ့ “ခုနေ့ည ကိုးနာရီအချိန်နှိုက် ကဲသရိမြို့ဟို သွားရန် တပ်သား ၂၀၀၊ မြင်းတပ်သား ခုနေဆယ်နဲ့ လှံတပ်သား ၂၀၀ လို့ဟို ထွက်ခွာရန် အဆင်သင့်ဆိ စေကြလော့။
ACT 23:24 ပေါလုအတွက် မြင်းများဟို ပြင်ထားပင်း မောင်းနှင်ယွေ့ သူ့ဟို ဘုရင်ခံမင်း ဖေလဇ်ဆေဟို လုံခြုံစွာ ပို့ပေးကြလော့” လို့ အမိန့်ဆိအယ်။
ACT 23:25 အေးနောက် တပ်မှူးဟ ရေးလိုက်သော စာဟ၊
ACT 23:26 “ကလောဒိလုသိဆေမှ မြတ်သောဘုရင်ခံ ဖေလဇ်မင်းဆေဟို နှုတ်ခွန်းဆက်သလိုက်အယ်။
ACT 23:27 ယုဒလူလို့ဟ အေးသူဟို ဖမ်းပင်း သတ်မယ် လုပ်ကြအယ်။ သူဟ ရောမနိုင်ငံသားဖြစ်ကျောန်းဟို ငါ သိရသောကျောန့် ငါ့တပ်သားနဲ့အတူ သွားပင်း သူ့ဟို ကယ်တင်ခဲ့အယ်။
ACT 23:28 ငါဟ သူ့ဟို ပစာပစ်မှုနဲ့ စွပ်စွဲကြကျောန်း သိချင်သောကျောန့် သူ့ဟို သူလို့ဆေမှ ယူပင်း တရားရုံးဟို ခေါ်သွားအယ်။
ACT 23:29 သူ့မှာ သေဒဏ်နဲ့ ထိုက်တန်သော အပစ်၊ အဲဟာမဟုတ်ရင် အကျဉ်းထားခြင်းဟို ခံထိုက်သော အပစ်တခုမှ မဆိကျောန်းဟို ငါ တွေ့ဆိပါအယ်။ သူဟို ပညတ်တရားနဲ့ ဆိုင်သော မေးခွန်းများနဲ့ ပတ်သက်ယွေ့ ပစ်တင်စွပ်စွဲကြပါအယ်။
ACT 23:30 သူ့ဟို လုပ်ကြံရန် လျှို့ဝှက်ကြံစည်လျက် ဆိကျောန်းဟို သတင်းရဆိသောအခါ ငါဟ နင့်ဆေဟို တခါတည်း စေလွှတ်ရန် ဆုံးဖြတ်ချက်ချပါအယ်။ တရားလိုများအားလည်း မိမိလို့ရဲ့ အမှုဟို နင်ရဲ့ဆေ့တွင် ဆှောက်ထားစေရန် ညွှန်ကြားလိုက်ပါအယ်” ဟု ပါဆိအယ်။
ACT 23:31 တပ်သားဟလည်း တပ်မှူးရဲ့ အမိန့်ပေးလဲ့အတိုင်း သယ်ဆောင်လာကြအယ်။ သူလို့ဟ ပေါလုဟို ခေါ်ယွေ့ အန္တိပတရိမြို့အထိ ညတွင်းချင်း ပို့ဆောင်ကြအယ်။
ACT 23:32 နောက်တနေ့နှိုက် ခြေလျင်တပ်သားများဟ ရဲတိုက်ဟို ပြန်လာခဲ့ကြပင်း မြင်းတပ်သားများဟ ပေါလုနဲ့အတူ ဆက်လက်ပင်း ခရီးသွားကြအယ်။
ACT 23:33 သူလို့ဟ ပေါလုအား ကဲသရိမြို့ဟို ခေါ်သွားပင်း စာဟို ဘုရင်ခံမင်းအား ပေးယွေ့ ပေါလုဟို သူ့ဆေမှာ အပ်နှံကြအယ်။
ACT 23:34 ဘုရင်ခံမင်းဟ အေးစာဟို ဖတ်ပင်းနောက် ပေါလုအား ပစာပြေသား ဖြစ်သလောလို့ မေးအယ်။ သူဟ ကိလိကိပြေသားဖြစ်ကျောန်းဟို သိသောအခါ၊
ACT 23:35 သူဟ “ဟေအရပ်ဟို နင်ရဲ့ တရားလိုများ ရောက်လာသောအခါ နင့်ရဲ့အမှုဟို ငါ ကြားနာမယ်” ဟု ဆိုအယ်။ အေးနောက် ပေါလုဟို ဟေရုဒ်မင်းကြီး ဆောက်လုပ်ခဲ့သော နန်းတော်တွင် အစောင့်အကြပ်နဲ့ထားရန် အမိန့်ပေးလေအယ်။
ACT 24:1 ငါးရက်ကြာသောအခါ ယဇ်ပုရောဟိတ်မင်း အာနနိဟ အသင်းတော် လူကြီးအချို့လို့နဲ့ လိုက်ပါလျက် တေရတုလု နာမယ်ဆိသော ဆေ့နေနဲ့အတူ ကဲသရိမြို့ဟို ရောက်လာကြအယ်။ အေးသူလို့ဟ ဘုရင်ခံဖေလဇ်ရဲ့ ဆေ့တော်ဟို ဝင်ပင်း ပေါလုအကျောန်းနဲ့ ပတ်သက်ပင်း စွဲချက်တင်ကြအယ်။
ACT 24:2 အေးနောက် ပေါလုဟို ခေါ်ပင်းမှ တေရတုလုဟ သူ့ဟို စတင်စွပ်စွဲယွေ့ ဆှောက်ထားတာဟ၊ “မြတ်သော ဖေလဇ်မင်း၊ အဆှင့်အားဖြင့် ငါလို့ဟ ရမ်းဆာ့သော ငြိမ်းချမ်းမှုဟို ခံစားရလျက် အဆှင့်ရဲ့ အမြော်အမြင်ကျောန့် ဟေတိုင်းပြေတွင် ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်နေပါအယ်။
ACT 24:3 မြတ်သော ဖေလဇ်မင်း ငါလို့ဟ ဟေဆောင်ရွက်မှုများဟို နေရာတိုင်းနှိုက် အစဉ်အမြဲ အထူးကျေးဇူးတင်ပင်း ကြိုဆိုကြပါအယ်။
ACT 24:4 ငါဟ အဆှင့်ရဲ့ အချိန်ဟို ရမ်းဆာ့ မယူလိုပါ။ အဲလိုမို့ အကျဉ်းချုပ်အားဖြင့် ငါလို့ ဆှောက်ထားတာဟို သနားစိတ်နဲ့ နားထောင်ရန် ပန်ကြားပါအယ်။
ACT 24:5 ပြဿနာဟိုသာ လုပ်လေ့ဆိသော ဟေသူဟ ကမ္ဘာအရပ်ရပ်နှိုက် ယုဒလူမျိုးအပေါင်းလို့နှိုက် ဆူပူအုံကြွမှုများ ဖြစ်ပေါ်အောန် လှုံ့ဆော်နေသူဖြစ်ပင်း နာဇရက်ဂိုဏ်းခွဲရဲ့ ခေါင်းဆောင်တဦးလည်းဖြစ်ကျောန်း တွေ့ဆိရပါအယ်။
ACT 24:6 ဗိမာန်တော်ဟိုလည်း စုတ်ပဲ့စေရန် ကြိုးစားသဖြင့် သူ့ဟို ငါလို့ ဖမ်းဆီးခဲ့ကြပါအယ်။
ACT 24:7 
ACT 24:8 ဟေအကျောန်းအရာအားလုံးနဲ့ ပတ်သက်ယွေ့ အဆှင်တတ်တိန်း သူ့ဟို စစ်ဆေးရင် သူ့အပေါ် ငါလို့ စွပ်စွဲနေလဲ့အချက်များဟို သိမျော်နိန်ပါလိမ့်မယ်” ဟု ဆှောက်အယ်။
ACT 24:9 ယုဒလူလို့ဟလည်း ဟေစကားဟ အားလုံး မန်တာဖြစ်အယ်လို့ သူ့ဟို ဝိုင်းယွေ့ စွပ်စွဲကြလေအယ်။
ACT 24:10 ဘုရင်ခံမင်းဟ လက်ရိပ်ပြယွေ့ ပေါလုဟို ပြောဆိုခွင့်ပေးသောအခါ ပေါလုဟ၊ “နင်ဟ ဟေလူမျိုးအပေါ်နှိုက် နှစ်ပေါင်းများစွာ တရားစီရင်ခဲ့သူဖြစ်ကျောန်း ငါ သိပါအယ်။ အေးကျောန့် နင်ရဲ့ဆေ့မှာ ငါကိုယ်ငါ ခုခံကာကွယ်ရလို့ ငါပျော်မိအယ်။
ACT 24:11 ငါဟ ယေရုရှလင်မြို့ဟို ဝတ်ပြုကိုးကွယ်ရန် သွားရောက်ခဲ့တာ တဆယ့်နေရက်ထက် မပိုသေးကျောန်း နင်တတ်တိုင်း စုံစမ်းသိဆိနိန်ပါအယ်။
ACT 24:12 ငါဟ ဗိမာန်တော်တွင် လည်းကောင်း၊ တရားဇရပ်နှိုက် အဲဟာမဟုတ်ရင် မြို့ထဲနှိုက် လည်းကောင်း၊ နေရာတကာနှိုက် လူများဟို မငြိမ်မသက်ဖြစ်အောန် တစုံတယောက်သောသူနဲ့ ငြင်းခုန်နေတာဟို ယုဒလူများ မတွေ့ခဲ့ကြပါ။
ACT 24:13 အခု ငါ့ဟို စွပ်စွဲပြောဆိုကြလဲ့ အချက်များနဲ့ ပတ်သက်ယွေ့လည်း သူလို့ဟ အဆှင့်ဆေမှာ သက်သေမပြနိန်ပါ။
ACT 24:14 အေးသူလို့ဟ လွဲမားတာဟု ယူဆလဲ့လမ်းစဉ်အရ ငါဟ ဖိုးဖေးများရဲ့ ဘုရားသခင်ဟို ကိုးကွယ်ကျောန်းဟို နင့်အား ငါ ဝန်ခံပါအယ်။ အဲလိုလဲ ငါဟ မောရှေရဲ့ ပညတ်ကျမ်းနဲ့ ပရောဖက်ကျမ်းများတွင် ရေးသားထားသမျှသော အရာလို့ဟို ယုံကြည်ပါအယ်။
ACT 24:15 သူလို့တတ်တိုင်းလည်း မျော်လင့်သလိုမျိုး ဖြောင့်မတ်သောသူများ ဖြစ်စေ၊ မဖြောင့်မတ်သောသူများ ဖြစ်စေ နောင်တွင် ဆှင်ပြန်ထမြောက်ကြလိမ့်မယ်လို့ ဘုရားသခင်ဟို အမှီပြုယွေ့ မျှော်လင့်နေအယ်။
ACT 24:16 အေးကျောန့် ငါဟ ဘုရားသခင်ဆေ့ လူလို့ဆေ့တွင် ငါ့ရဲ့ ဩတ္တပ္ပစိတ်ကြည်လင်မှု ဆိစေရန် အမြဲတမ်း ကြိုးစားအားထုတ်ပါအယ်။
ACT 24:17 “ငါဟ ယေရုရှလင်မြို့မှ ထွက်သွားယွေ့ နှစ်အတန်ကြာပင်းနောက် ငါ့ရဲ့ လူများအတွက် အလှူငွေတချို့ဟို ပေးကမ်းရန်နဲ့ ဘုရားသခင်ဟို ပူဇော်သကာဆက်သရန်အတွက် ငါ ပြန်ရောက်ဆိလာပါအယ်။
ACT 24:18 ဗိမာန်တော်ထဲတွင် သန့်ဆှင်းခြင်းဟို ခံယူပင်းနောက် ပူဇော်သကာဆက်သနေချိန်နှိုက် အေးသူလို့ဟ ငါဟို မျော်ကြပါအယ်။ အေးမှာ လူအုပ်ကြီးလည်း မဆိ၊ ရုန်းရင်းဆန်ခတ်လည်း မဖြစ်ခဲ့ပါ။
ACT 24:19 အဲလိုလဲ အေးနေရာတွင် အာရှနယ်မှလာသော ယုဒလူအချို့ ဆိကြအယ်။ ငါအား စွပ်စွဲပြောဆိုစရာဆိရင် သူလို့တတ်တိုင်း အဆှင့်ဆေ့ဟို လာယွေ့ အပစ်တင်သင့်အယ်။
ACT 24:20 အားမှမဟုတ် ငါဟ တရားရုံးဆေ့မှာ ရပ်နေသောအခါ ငါနှိုက် စလိုပစ်မှုဟို သူလို့တွေ့ဆိကျောန်း အခုဆိသော ဟေသူလို့တတ်တိုင်း ထွက်ဆိုကြပါစေ။
ACT 24:21 ငါဟ သူလို့ဆေ့နှိုက် ရပ်လျက် ‘ငါဟ သေသောသူလို့ ဆှင်ပြန်ထမြောက်ခြင်းနဲ့ ပတ်သက်ယွေ့ ခုနေ့ နင်လို့ဆေ့နှိုက် စစ်ဆေး စီရင်ခံနေရပါအယ်’ ဟူသော စကားတခွန်းဟိုသာ ကြွေးကြော်ခဲ့ပါအယ်” ဟု ဆိုလေအယ်။
ACT 24:22 ဖေလဇ်မင်းဟလည်း လမ်းစဉ်အကျောန်းဟို ကောင်းစွာ သိထားသူဖြစ်သဖြင့် အမှုကြားနာခြင်းဟို ရပ်နားလိုက်အယ်။ သူဟ “တပ်မှူးကြီး လုသိ ရောက်ဆိလာသောအခါမှ နင်လို့အမှုဟို ငါ စီရင်ချက်ချမယ်” ဟု ဆိုအယ်။
ACT 24:23 ပေါလုဟို စောင့်ကြပ်ထားရန်နဲ့ လွတ်လပ်မှုဟို နည်းနည်းပေးယွေ့ သူ့ရဲ့ မိတ်ဆွေများ သူ့အား ပြုစုတာဟို မတားဆီးရန် အရာဆိအား မှာကြားလေအယ်။
ACT 24:24 ရက်အနည်းငယ်ကြာပင်းနောက် ဖေလဇ်မင်းဟ သူ့ရဲ့ ပေါင်အိုမ ယုဒအမျိုးသမီးဖြစ်သော ဒြုသိလေနဲ့အတူ ရောက်လာအယ်။ ဖေလဇ်မင်းဟ ပေါလုဟို ခေါ်ခိုင်းပင်းရင် ယေရှု ခရစ်တော်အား ယုံကြည်ခြင်းနဲ့ ပတ်သက်ပင်း သူဟောပြောသော တရားစကားများဟို ကြားနာလေအယ်။
ACT 24:25 အဲလိုလဲ ပေါလုဟ ဖြောင့်မတ်ခြင်း အကျောန်းနဲ့ မိမိကိုယ်ကိုချုပ်တည်းခြင်း အကျောန်းဟိုလည်းကောင်း၊ လာမဲ့ တရားစီရင်ခြင်း နေ့ရက်အကျောန်းဟိုလည်းကောင်း ဟောပြောသောအခါ ဖေလဇ်မင်းဟ ကြောက်ခဲ့ပင်း “အခု နင် သွားနိန်ပီ။ နောက်အခွင့်ကြုံလဲ့အခါ နင့်ဟို ငါ ခေါ်အုံးမယ်” ဟု ပြောအယ်။
ACT 24:26 အေးတချိန်တည်းမှာ ဖေလဇ်ဟ သူဟို ပိတ်ဆန်တချို့ ပေးလိမ့်မယ်လို့ မျော်လင့်ကာ အေးအကျောန်းပြချက်နဲ့ ပေါလုဟို ခဏခဏခေါ်ယွေ့ သူနဲ့စကားပြောလေအယ်။
ACT 24:27 နေနှစ်လောက်ကြာပင်းနောက် ဖေလဇ်ရဲ့ ဘုရင်ခံရာထူးဟို ပေါကိဖေတ္တုဟ ဆက်ခံရအယ်။ ဖေလဇ်ဟ ယုဒလူမျိုးလို့ဆေမှ မျက်နှာရလိုသဖြင့် ပေါလုအား ဆက်ပင်း အကျဉ်းချထားခဲ့အယ်။
ACT 25:1 ဖေတ္တုဟ အေးနယ်ဟို ရောက်ယွေ့ သုံးရက်ကြာပင်းနောက် သူဟ ကဲသရိမြို့မှ ယေရုရှလင်မြို့ဟို သွားအယ်။
ACT 25:2 အဲမှာ ယဇ်ပုရောဟိတ်ကြီးများနဲ့ ယုဒခေါင်းဆောင်များဟ အပစ်အမျိုးမျိုးဟို ပေါလု ကျူးလွန်ခဲ့ကျောန်း သူလို့ဟ ဖေတ္တုမင်းအား စွဲချက်တင်ကြအယ်။
ACT 25:3 သူလို့အား မျက်နှာသာပေးလဲ့ အနေဖြင့် ပေါလုဟို ယေရုရှလင်မြို့ဟို လာရန် မေတ္တာရပ်ခံကြအယ်။ အကျောန်းမှာ သူလို့ဟ ပေါလုဟို လမ်းတွင် ချောင်းယွေ့ သတ်ရန် လျှို့ဝှက်ကြံစည်ထားပင်း ဖြစ်အယ်။
ACT 25:4 ဖေတ္တုမင်းဟ “ပေါလုသည် ကဲသရိမြို့မှာ အကျဉ်းသားဖြစ် ထိန်းသိမ်းထားပင်း ငါတတ်တိုင်း အေးမြို့ဟို မကြာခင် ပြန်သွားမယ်။
ACT 25:5 နင်လို့ ခေါင်းဆောင်များဟ ကဲသရိမြို့ဟို သွားရန် ငါနဲ့အတူ လိုက်ယွေ့ ပေါလုနှိုက် တစုံတခု မားယွင်းခဲ့တာများဆိရင် သူ့ဟို စွပ်စွဲကြစေ” ဟု ဆိုအယ်။
ACT 25:6 ဖတ္တုမင်းဟ သူလို့နဲ့အတူ ဆစ်ရက် အဲဟာမဟုတ်ရင် ဆယ်ရက်လောက်နေပင်းမှ ကဲသရိမြို့ဟို သွားအယ်။ နောက်တနေ့နှိုက် တရားစီရင်ရာ တရားခွင်မှာ ထိန်ပင်း ပေါလုဟို ခေါ်သွင်းရန် အမိန့်ပေးအယ်။
ACT 25:7 ပေါလု ရောက်ဆိလာသောအခါ ယေရုရှလင်မြို့မှ ဆင်းလာသော ယုဒလူလို့ဟ သူ့ဘေးနားမှာ ရပ်ပင်း ကြီးလေးသော အပစ်များနဲ့ စွပ်စွဲပြောဆိုကြသော်လည်း သူလို့ဟ ခိုင်လုံသော သက်သေမပြနိန်ကြ။
ACT 25:8 အဲပင်းရင် ပေါလုဟ “ငါဟ ယုဒလူလို့ရဲ့ ပညတ်တရားဟို လည်းကောင်း၊ ဗိမာန်တော်ဟို လည်းကောင်း၊ ဧကရာဇ်ဟို လည်းကောင်း ပစ်မားမှုတခုဟိုမျှ မကျူးလွန်ခဲ့ပါ” လို့ ကာကွယ်ပြောဆိုအယ်။
ACT 25:9 ဖေတ္တုမင်းဟ ယုဒလူလို့ဆေမှ မျက်နှာရလိုသဖြင့် ပေါလုအား “နင်ဟ ယေရုရှလင်မြို့ဟို တက်သွားယွေ့ အဲမြို့နှိုက် ငါဆေ့တွင် ဟေအမှုများနဲ့ ပတ်သက်ယွေ့ အစစ်ဆေးခံမယ်လော” ဟု မေးအယ်။
ACT 25:10 ပေါလုဟ “အခု ငါ့ဟို စစ်ဆေးစီရင်သင့်တဲ့နေရာ ဧကရာဇ် တရားစီရင်ရာ တရားခွင်တွင် ရပ်နေအယ်။ အဆှင် ကောင်းစွာသိလဲ့အတိုင်း ငါဟ ယုဒလူလို့အား ပစာဟိုမျှ မပစ်မားခဲ့ပါ။
ACT 25:11 အကယ်ယွေ့ ငါဟ တရားဥပဒေဟို ချိုးဖောက်ကာ သေဒဏ်ခံရန် ထိုက်တန်သော အပစ်တခုဟို ကျူးလွန်မိရင် ငါဟ အသက်ချမ်းသာခွင့်ဟို တောင်းဆိုမယ် မဟုတ်ပါ။ အဲလိုလဲ အေးသူလို့ စွပ်စွဲချက်များဟ မမန်ကန်ရင် စသူမှ ငါ့ဟို သူလို့ရဲ့ လက်ဟို ပေးအပ်နိန်ပါ။ ငါဟ ဧကရာဇ်မင်းဆေ အယူခံပါအယ်” ဟု ဆှောက်အယ်။
ACT 25:12 အေးနောက် ဖေတ္တုမင်းဟ သူ့ရဲ့ အတိုင်ပင်ခံအရာဆိများနဲ့ တိုင်ပင်ပင်းနောက် “နင်ဟ ဧကရာဇ်မင်းဆေ အယူခံသဖြင့် ဧကရာဇ်မင်းဆေဟို သွားရမယ်” ဟု ပြန်ဖြေလေအယ်။
ACT 25:13 အချိန် နည်းနည်းကြာပင်းနောက် အဂြိပ္ပဘုရင်နဲ့ ဗေရနိတ်လို့ဟ ဖေတ္တုမင်းဟို နှုတ်ဆက်ရန် ကဲသရိမြို့ဟို လာကြအယ်။
ACT 25:14 အေးမြို့တွင် သူလို့ ရက်အတော်ကြာနေပင်းနောက် ဖေတ္တုမင်းဟ ပေါလုရဲ့ အခြေအနေဟို ဘုရင်အား ဆှင်းပြတာဟ “အေးအရပ်တွင် ဖေလဇ်မင်း အကျဉ်းချထားခဲ့လဲ့ လူတယောက် ဆိပါအယ်။
ACT 25:15 ငါ ယေရုရှလင်မြို့ဟို ရောက်ခဲ့စဉ်အခါဟ ယဇ်ပုရောဟိတ်ကြီးများနဲ့ ယုဒအကြီးအကဲများဟ ငါ့အား အေးသူဟို စွပ်စွဲချက် တင်ကြပင်းနောက် သူ့ဟို အပစ်ဒဏ်စီရင်ရန် တောင်းဆိုကြပါအယ်။
ACT 25:16 အဲလိုလဲ စွပ်စွဲသောသူနဲ့ မျက်နှာချင်းဆိုင်ယွေ့ စွပ်စွဲချက်နဲ့ ပတ်သက်ပင်း ချေပပြောဆိုခွင့်မရခင် သူ့ဟို လွဲအပ်ပေးခြင်းဟ ရောမလို့ရဲ့ စလေ့ထုံးစံ မဟုတ်ကျောန်း သူလို့အား ငါ ဖြေကြားခဲ့အယ်။
ACT 25:17 သူလို့ ဟေသို့ ရောက်လာသောအခါ ငါဟ မဆိုင်းမလင့်ဘဲ နောက်တနေ့နှိုက် တရားပလ္လင်မှာ ငါ ထိန်ယွေ့ အေးသူဟို အခေါ်ခိုင်းပါအယ်။
ACT 25:18 အမှုလုပ်သောသူများဟ ထယွေ့ သူ့ဟို စွပ်စွဲပြောဆိုကြသော်လည်း ငါထင်လဲ့ ပစ်မှုများဖြင့် မဟုတ်ပါ။
ACT 25:19 သူလို့ရဲ့ ဘာသာရေးနဲ့ ပတ်သက်ယွေ့လည်းကောင်း၊ ယေရှုလို့ ခေါ်လဲ့သူ အကျောန်းနဲ့ ပတ်သက်ယွေ့လည်းကောင်း၊ ငြင်းခုန်မှုသာ ဖြစ်ပါအယ်။ အေးယေရှုဟ အသက်ဆှင်လျက်ဆိတာဟု ပေါလုဟ ကြွေးကြော်ပါအယ်။
ACT 25:20 အေးပြဿနာများဟို ဖြေဆှင်းရန် ငါ့မှာ မကျွမ်းသဖြင့် ပေါလုအား နင်ဟ ယေရုရှလင်မြို့ဟို သွားပင်းရင် ဟေစွပ်စွဲချက်များနဲ့ စပ်လျဉ်းယွေ့ အစစ်ဆေးခံလိုပါသလော ဟုမေးပါအယ်။
ACT 25:21 အဲလိုလဲ ပေါလုဟ ဧကရာဇ်မင်းရဲ့ ဆုံးဖြတ်ချက်ဟို ခံယူလဲ့အထိ သူ့အား ထိန်းသိမ်းထားပါရန် တောင်းဆိုသဖြင့် သူ့ဟို ဧကရာဇ်မင်းဆေဟို အပ်ချိန်အထိ ချုပ်ထားရန် အမိန့်ပေးခဲ့ပါအယ်” ဟု ဆိုအယ်။
ACT 25:22 အဂြိပ္ပဘုရင်ဟ “အေးလူပြောတာဟို ငါတတ်တိုင်း ကြားလိုပါအယ်” ဟု ဖေတ္တုမင်းအား ဆိုအယ်။ “အေးသူ ပြောတာဟို မနက်ခါ ကြားရလိမ့်မယ်” လို့ ဖေတ္တုမင်းဟ ပြန်ဖြေအယ်။
ACT 25:23 နောက်တနေ့နှိုက် အဂြိပ္ပဘုရင်နဲ့ ဗေရနိတ်လို့ဟ ခမ်းနားကြီးကျယ်သော အဆောင်အယောင်များနဲ့အကွ စစ်တပ်အကြီးအကဲများ၊ မြို့ပေါ်ဆိ ဂုဏ်အသရေဆိ လူကြီးများနဲ့အတူ ကြွလာပင်း ညီလာခံခန်းမကြီးဟို ဝင်အယ်။ အေးအခါ ဖေတ္တုမင်းဟ အမိန့်ပေးသဖြင့် ပေါလုဟို ခေါ်သွင်းကြအယ်။
ACT 25:24 ဖေတ္တုမင်းဟ “အဂြိပ္ပဘုရင်နဲ့ ငါနဲ့အတူဆိသော လူကြီးမင်းအပေါင်းလို့၊ အဆှင်လို့ မျော်သော ဟေသူနဲ့ပတ်သက်ယွေ့ ယုဒအမျိုးသားထုအပေါင်းလို့ဟ သူ့ဟို ဆက်ယွေ့ အသက်မဆှင်စေသင့်ပါ ဟု အော်ဟစ်လျက် ယေရုရှလင်မြို့ ဖြစ်စေ၊ ဟေမြို့နှိုက် ဖြစ်စေ ငါ့အား တောင်းဆိုခဲ့အယ်။
ACT 25:25 အဲလိုလဲ သူဟ သေဒဏ်ခံထိုက်သော အပစ်တစုံတရာဟိုမျှ မကျူးလွန်ကျောန်းဟို ငါ့အနေဖြင့် သိပါအယ်။ အားပင်း သူတတ်တိုင်းဟ ဧကရာဇ်မင်းဆေမှာ အယူခံပါမယ်လို့ ပြောသဖြင့် သူ့ဟို အထံတော်ဟို ပို့ဆောင်ရန် ငါ ဆုံးဖြတ်ခဲ့ပါအယ်။
ACT 25:26 အဲလိုလဲ ဧကရာဇ်မင်းဆေ သူ့အကျောန်းရေးသားရန် တိကျသော အကျောန်းပြချက် တစုံတခုမှ ငါနှိုက် မဆိပါ။ အေးလိုမို့ ဟေစစ်ဆေးမေးမြန်းမှု ပီးဆုံးသောအခါ ငါ ရေးသားရန် အကျောန်းပြချက် တစုံတခုရဆိနိန်မဲ့အကျောန်း သူ့ဟို အဆှင်လို့ အဆေ့နှိုက်၊ အထူးသဖြင့် အဂြိပ္ပဘုရင် အဆှင့်အဆေ့နှိုက် ငါ ထုတ်ဆောင်ခဲ့အယ်။
ACT 25:27 အကျောန်းမှာ အကျဉ်းသားတဦးဟို သူ့အပေါ် စွဲချက်တင်တဲ့အပစ် တစုံတခုမဆိဘဲ စေလွှတ်ခြင်းမှာ မသင့်လျော်ဟု ငါ ထင်ပါအယ်” ဟု ဆိုလေအယ်။
ACT 26:1 အဂြိပ္ပဘုရင်ဟ ပေါလုအား “နင့်အကျောန်း နင်တတ်တိုင်း ဆှောက်ထားနိန်အယ်” ဟု ဆိုသော် ပေါလုဟ လက်ဟို ဆန့်ယွေ့ သူ့တတ်တိုင်း ခုခံကာကွယ်သော စကားဟို ဟေလို့ ပြောအယ်။
ACT 26:2 “အဂြိပ္ပဘုရင်၊ ငါအား ယုဒလူများလို့ စွပ်စွဲချက်များနဲ့ ပတ်သက်ပင်း အဆှင်ရဲ့ ဆေ့တွင် ခုနေ့ ချေပရတာဟ ငါအဖို့ ထူးမြတ်လဲ့ အခွင့်အရေးပင် ဖြစ်တာဟု ယူဆပါအယ်။
ACT 26:3 အထူးသဖြင့် ယုဒအမျိုးသားလို့ရဲ့ စလေ့များနဲ့ အငြင်းပွားတတ်လဲ့ ပြဿနာများဟို သိကျွမ်းသူဖြစ်သောကျောန့် ဖြစ်ပါအယ်။ အေးလို့ ဖြစ်ယွေ့ ငါ့ဆှောက်ထားချက်ဟို စိတ်ဆှည်လျက် နားထောင်ပါရန် ငါ တောင်းပန်ပါအယ်။
ACT 26:4 “ငါဟ မိမိရဲ့ လူမျိုးထဲနှိုက် လည်းကောင်း၊ ယေရုရှလင်မြို့နှိုက် အစပြုခဲ့လဲ့ ငယ်ခါမှစပင်း ဖဝါ့တဆှောက်လုံး စလို နေထိန်ခဲ့တယ်ဆိုတာဟို ယုဒလူမျိုးအားလုံး သိကြပါအယ်။
ACT 26:5 သူလို့ဟ ငါ့ဟို မခင်ကတည်းဟ သိထားကြအယ် ဖြစ်ယွေ့ ငါဟ ငါ့ဘာသာတွင် စည်းမျဉ်း အတင်းကျပ်ဆုံးသော ဂိုဏ်းဖြစ်သည့် ဖာရိရှဲဂိုဏ်းဝင်တဦးအဖြစ် အသက်ဆှင်ခဲ့ကျောန်း သူလို့ သက်သေခံလိုရင် သက်သေခံနိန်ပါအယ်။
ACT 26:6 ဘုရားသခင်ဟ ငါလို့ရဲ့ ဖိုးဖေးများအားထားလဲ့ ကတိတော်ဟို ငါမျော်လင့်လဲ့အတွက် အခုအခါ ငါဟ စစ်ဆေးခံနေရပါအယ် —
ACT 26:7 ငါလို့ရဲ့ မျိုးနွယ်စု တဆယ့်နေပါးလို့ဟ နေ့ညမပြတ် ဘုရားသခင်ဟို ကိုးကွယ်လျက် အေးကတိတော်ဟို ခံစားရရန် မျော်လင့်နေကြအယ်။ အဆှင်မင်းကြီး ဟေလို့ မျော်လင့်ခြင်းကျောန့် ငါအား ယုဒအမျိုးသားလို့ စွပ်စွဲပြောဆိုကြခြင်း ဖြစ်ပါအယ်။
ACT 26:8 သေသောသူလို့ဟို ဘုရားသခင် ထမြောက်စေတာဟို မယုံနိန်စရာ” ဟု နင်လို့တွင် ပစာကျောန့် ထင်ကြလုန်း။
ACT 26:9 “ငါတတ်တိုင်းဟလည်း နာဇရက်မြို့သား ယေရှုရဲ့ နာမနဲ့ ဆန့်ကျင်လဲ့အရာများဟို ပြုသင့်တာဟု တွေးခဲ့ပင်း၊
ACT 26:10 ယေရုရှလင်မြို့မှာ အေးလို့ လုပ်ခဲ့ပါအယ်။ ယဇ်ပုရောဟိတ်ကြီးများဆေမှ အခွင့်အာဏာရဆိဖြင့် ဘုရားသခင်ရဲ့ လူများဟို ထောင်ထဲမှာ အကျဉ်းချထားလျက် သူလို့အား သေဒဏ်စီရင်ချိန်နှိုက်လည်း ငါသဘောတူ ထောက်ခံခဲ့ပါအယ်။
ACT 26:11 တရားဇရပ်တိုင်းတွင်လည်း သူလို့ဟို မကြာခဏ ပစ်ဒဏ်ပေးလျက် ဘုရားသခင်ဟို စော်ကားပြောဆိုကြရန် အတင်းအကျပ် စေခိုင်းခဲ့ပါအယ်။ အေးလောက်မက သူလို့အပေါ် ရမ်းဆာ့ အူထော့ယွေ့ တိုင်းတပါးမြို့များထိတိုင်အောန် သူလို့ဟို လိုက်ပင်း ညှဉ်းဆဲခဲ့ပါအယ်။
ACT 26:12 “အေးရည်ရွယ်ချက်ဖြင့် ငါဟ ယဇ်ပုရောဟိတ်ကြီးများဆေမှ အခွင့်အာဏာ ရယူယွေ့ ဒမာသက်မြို့ဟို သွားနေစဉ်၊
ACT 26:13 မွန်းတည့်ချိန်တွင် လမ်းမှာ နေရောင်ထက်မက ထွန်းလင်းတောက်ပလဲ့ အလင်းရောင်ဟို ငါမှစပင်း ငါနဲ့အတူ ခရီးသွားသောသူများ ပတ်လည်နှိုက် ခေါန်းခင်မှ တောက်ပတာဟို ငါမျော်ရပါအယ် အဆှင်မင်းကြီး။
ACT 26:14 ငါလို့အားလုံးဟ မြေပေါ်ဟို လဲကျကြပင်း ဟေဗြဲစကားနဲ့ ‘ရှောလု၊ ရှောလု၊ နင်ဟ ပစာကျောန့် ငါ့ဟို နှိပ်စက်လုန်း၊ တုတ်ချွန်ဟို ကန်ရန် နင့်အတွက် ခက်ခဲအယ်’ လို့ ငါ့ဟိုပြောသော အသံဟို ငါ ကြားရအယ်။
ACT 26:15 ငါဟ ‘အဆှင်၊ အဆှင်ဟ စသူလုန်း’ လို့မေးပင်း အဆှင်ဟ ‘ငါဟ နင်ညှဉ်းဆဲလဲ့ ယေရှု ဖြစ်အယ်လို့ ပြန်ဖြေအယ်။
ACT 26:16 အဲလိုလဲ ထယွေ့ မတ်တတ်ရပ်လော့။ နင့်အား ငါ့ရဲ့ အစေခံအဖြစ် ခန့်ထားရန် နင့်ဆေဟို ငါပေါ်လာခြင်း ဖြစ်အယ်။ ခုနေ့ နင်မျော်ရလဲ့ ငါ့ရဲ့အကျောန်းနဲ့ နောက်ခါ ငါဖော်ပြမဲ့ အကျောန်းအရာလို့ဟို နင်ဟ သူတပါးလို့အား သက်သေခံရလိမ့်မယ်။
ACT 26:17 ငါဟ နင့်ဟို ဣသရေလူများလို့ရဲ့ လက်မှလည်းကောင်း၊ ငါစေလွှတ်သော တပါးအမျိုးသားများ လက်မှလည်းကောင်း နင့်ဟို ငါ ကယ်နုတ်မယ်။
ACT 26:18 နင်ဟ သူလို့ရဲ့ မျက်စေ့ဟို ဖွင့်ပေးယွေ့ သူလို့အား မိုက်မှ အလင်းသို့လည်းကောင်း၊ စာတန်ရဲ့ အာဏာထဲမှ ဘုရားသခင်ဆေဟို ပြောင်းလဲစေသဖြင့်၊ သူလို့ဟ ငါ့ဟို ယုံကြည်ခြင်းအားဖြင့် အပစ်များ ခွင့်လွှတ်ခြင်း ခံရကာ ဘုရားသခင် ရွေးကောက်သော လူစုတွင် ပါဝင်ရလိမ့်မယ်’ ဟု မိန့်အယ်။
ACT 26:19 “အေးကျောန့် အဂြိပ္ပဘုရင်ဟ၊ ငါ ခေါန်းခင်မှ ရဆိလဲ့ ရူပါရုံဟို မနာခံခဲ့ပါ။
ACT 26:20 ပထဦးဆုံး ဒမာသက်မြို့နှိုက်ဆိသော သူလို့ဟို လည်းကောင်း၊ အဲပင်းရင် ယေရုရှလင်မြို့မှစပင်း ယုဒပြေတပြေလုံးဆိ လူလို့အား လည်းကောင်း၊ လူမျိုးခြားလို့အား လည်းကောင်း အပစ်များမှ နောင်တရပင်း ဘုရားသခင်ဆေဟို ပြောင်းလဲကာ သူလို့ဟို နောင်တနဲ့ ထိုက်တန်သောအမှုများဟို ပြုကြရန် ငါ ဟောပြောခဲ့အယ်။
ACT 26:21 အေးကျောန့် ယုဒလူလို့ဟ ဗိမာန်တော်ထဲမှာ ငါဆိနေချိန်နှိုက် ငါ့ဟို ဖမ်းဆီးယွေ့ သတ်ရန် သူလို့ ကြိုးစားကြအယ်။
ACT 26:22 အဲလိုလဲ ငါဟ ဘုရားသခင်ရဲ့ ကူညီမစခြင်းဟို ခံစားရယွေ့ ခုနေ့တိုင်အောန် ရပ်လျက် လူကြီး လူငယ်လို့အား သက်သေခံနေအယ်။ အေးလို့ သက်သေခံရာနှိုက် နောင်တွင် ဖြစ်ပျက်မယ်ဟု မောရှေနဲ့ ပရောဖက်လို့ ဟောပြောခဲ့လဲ့အရာများမှတပါး အခြားစလိုအရာဟိုမှ မပြောဆိုခဲ့ပါ။
ACT 26:23 သူလို့ ဟောပြောခဲ့လဲ့အရာမှာ မေဆှိယဟ ဝေဒနာဟို ခံရလျက် သေသောသူလို့ထဲမှ ပထမဦးဆုံး ထမြောက်ပင်း ဣသရေလူများနဲ့ လူမျိုးခြားလို့အား ကယ်တင်ခြင်း အလင်းရောင်ဟို ကြေညာလိမ့်မယ် ဖြစ်အယ်” ဟု ချေပပြောဆိုအယ်။
ACT 26:24 ပေါလုဟ မိမိတတ်တိုင်း အေးနည်းလမ်းနဲ့ ချေပပြောနေစဉ် ဖေတ္တုမင်းဟ “ပေါလု၊ နင်ဟ ရူးလေပီ၊ အတတ်ကျုးယွေ့ အရူးဖြစ်ခဲ့ပီ” ဟု အော်ယွေ့ ပြောအယ်။
ACT 26:25 ပေါလုဟ “မြတ်သော ဖေတ္တုမင်း၊ ငါဟ အရူး မဟုတ်ဝူး။ ငါဟ မန်ကန်ယွေ့ လေးနက်သောစကားလို့ဟို ပြောခြင်းသာ ဖြစ်ပါအယ်။
ACT 26:26 ဘုရင်အဂြိပ္ပ၊ အေးအရာများ အကျောန်းဟို နင်သိသောကျောန့် ငါဟ နင့်ဆေ့မှာ ရဲဝံ့စွာပြောဆိုခြင်း ဖြစ်အယ်။ အေးအမှုအရာများဟ ချောင်ကြိုချောင်ကြားတွင် ဖြစ်ပျက်ခဲ့တာ မဟုတ်ပါ။ အကျောန်းမှာ ၎င်းလို့အထဲမှ မင်းကြီး မသိသောအရာ တစုံတခုမှဆိမယ် မဟုတ်ဟု ငါ ထင်မြင်အယ်။
ACT 26:27 အဂြိပ္ပမင်းကြီး၊ အဆှင်ဟ ပရောဖက်များဟို ယုံကြည်သလော။ ယုံကြည်တာဟို ငါ သိပါအယ်” ဟု ဆှောက်အယ်။
ACT 26:28 အဂြိပ္ပမင်းကြီးဟ ပေါလုအား “နင်ဟ အေးအချိန်တိုအတွင်း ငါ့ဟို ခရစ်ယာန်ဖြစ်အောန် ဖြားယောင်းနိန်မယ်လို့ ထင်သလော” ဆိုအယ်။
ACT 26:29 ပေါလုဟ “အချိန်တိုတာ ဖြစ်စေ၊ ကြာတာ ဖြစ်စေ နင်နဲ့တကွ ခုနေ့ ငါပြောဆိုတာဟို နားထောင်လျက်ဆိကြသော လူအားလုံးလို့ဟ အေးအနှောင်အဖွဲ့ ခံရမှုမှ လွဲယွေ့ ငါလိုမျိုးဖြစ်လာကြစေရန် ဘုရားသခင်ဆေ ငါ ဆုတောင်းပါအယ်” လို့ ပြန်ဖြေအယ်။
ACT 26:30 အေးနောက် ဘုရင်နဲ့ ဘုရင်ခံလို့ဟ ထပင်း ဗေရနိတ်မှစယွေ့ သူနဲ့အတူ ထိန်နေသော သူလို့ဟလည်း နေရာမှ ထကြအယ်။
ACT 26:31 သူလို့ဟ အေးနေရာမှ ထွက်သွားပင်းနောက် “အေးသူဟ သေဒဏ် အဲဟာမဟုတ်ရင် အကျဉ်းချထားခြင်း ခံထိုက်လဲ့ ပစ်မှုတစုံတခုဟိုမျှ မကျူးလွန်” ဟု အချင်းချင်း ပြောဆိုကြအယ်။
ACT 26:32 အဂြိပ္ပမင်းကြီးဟ ဖေတ္တုမင်းအား “အေးသူဟ ဧကရာဇ်မင်းဆေဟို အယူခံဝင်ရန် မဆှောက်ထားခဲ့ရင် သူဟို လွှတ်ပေးနိန်အယ်” လို့ ပြောအယ်။
ACT 27:1 ငါလို့ဟ ဣတလိပြေဟို ရွက်လွှင့်ရန် ဆုံးဖြတ်ပင်းနောက် သူလို့ဟ ပေါလုနဲ့အခြား အကျဉ်းသားအချို့လို့ဟို “ဧကရာဇ်မင်းရဲ့ တပ်” ဟု ခေါ်သော ရောမတပ်မှ တပ်မှူးယုလ လက်ဟို ပေးအပ်လိုက်အယ်။
ACT 27:2 ငါလို့ဟ အာရှနယ် ကမ်းခြေ တဆှောက်ဆိသော သင်္ဘောဆိပ်မြို့များဟို သွားခါနီးဖြစ်လဲ့ သင်္ဘောတစီးပေါ်ဟို တက်ယွေ့ ရွက်လွင့်ကြအယ်။ အေးသင်္ဘောဟ အာဒြမုတ္တိမြို့မှ လာသော သင်္ဘော ဖြစ်အယ်။ မာကေဒေါနိပြေမှ သက်သာလောနိတ်မြို့သား အာရိတ္တာခုဟလည်း ငါလို့နဲ့အတူပါလာအယ်။
ACT 27:3 နောက်တနေ့နှိုက် ငါလို့ဟ ဇိဒုန်မြို့ဟို ရောက်ကြအယ်။ ယုလိဟ ပေါလုဟို သနားကြင်နာစိတ်ဆိသဖြင့် သူ့ရဲ့ မိတ်ဆွေများဆေဟို သွားယွေ့ လုပ်ကျွေးပြုစုခြင်း ခံယူခွင့်ဟို ပေးလေအယ်။
ACT 27:4 အေးအရပ်မှ ငါလို့ ထွက်သွားပင်း၊ လေတိုက်ခတ်သောကျောန့် ငါလို့ဟ ကုပရုကျွန်းရဲ့ လေကွယ်ရာဖက်မှ ရွက်လွင့်သွားကြအယ်။
ACT 27:5 ငါလို့ဟ ကိလိကိပြေနဲ့ ပမ်ဖုလိပြေရဲ့ ပင်လယ်ဟို ဖြတ်ယွေ့ ရွက်လွင့်ကြရာ လုကိပြေ မုရမြို့ဟို ရောက်ကြအယ်။
ACT 27:6 အေးမြို့တွင် ဣတလိပြေဟို ရွက်လွှင့်သွားမယ့် အာလေဇန္နြိမြို့မှ ရောက်ဆိလာသော သင်္ဘောတစီးဟို မျော်သဖြင့် တပ်မှူးဟ ငါလို့အား အေးသင်္ဘောပေါ်ဟို တက်စေအယ်။
ACT 27:7 ငါလို့ဟ ရက်ပေါင်းများစွာ တရွေ့ရွေ့ ရွက်လွင့်ပင်းနောက် နောက်ဆုံးမှာ ကနိဒ်မြို့ အနီးဟို ခက်ခက်ခဲခဲနဲ့ ရောက်ကြအယ်။ လေကျောန်းမသင့်ယွေ့ ဆက်မသွားနိန်သဖြင့် ငါလို့ဟ သာလမုန် အငူအနီးမှ ဖြတ်ယွေ့ ကရေတေကျွန်းတောင်ဖက် လေကွယ်ရာဖက်မှ ရွက်လွင့်ကြအယ်။
ACT 27:8 ပင်လယ်ကမ်းရိုးတန်းတဆှောက် ခက်ခက်ခဲခဲ ရွက်လွင့်သွားပင်းနောက် လာသဲမြို့အနီး ဆိပ်သာလို့ခေါ်သော အရပ်ဟို ရောက်ကြအယ်။
ACT 27:9 ငါလို့ဟ အေးအရပ်တွင် ရက်ပေါင်းများစွာ နေခဲ့ပင်း အပစ်ဖြေရာပွဲနေ့အခါပင် ပွန်လာပီဖြစ်သောကျောန့် ပင်လယ်ခရီးပြုရန် ဘေးအန္တရာယ် မကင်းတော့ပေ။ အေးကျောန့် ပေါလုဟ သူလို့ဟို သတိပေးကာ၊
ACT 27:10 “ယောက်ျားလို့၊ ဟေပင်လယ်ခရီးတွင် သင်္ဘောနဲ့ ကုန်ပစ္စည်းများ သာမက ငါလို့ရဲ့ အသက်ပါဆုံးရှုံးစရာဆိကျောန်း ငါတွေ့မျော်အယ်” လို့ ဆိုအယ်။
ACT 27:11 အဲလိုလဲ တပ်မှူးဟ ပေါလုရဲ့ စကားထက် ယေယာဉ်မှူးနဲ့ သင်္ဘောပိုင်ဆှင်လို့ဟို ပိုပင်း ယုံကြည်ကြအယ်။
ACT 27:12 အေးဆိပ်ကမ်းတွင် ဆောင်းကာလပတ်လုံး ရပ်နားရန် မသင့်သဖြင့် လူများစုဟ အေးဆိပ်ကမ်းမှ ထွက်ခွာပင်း ဖြစ်နိန်ပါဟ ဖိနိတ်မြို့ဟို ရောက်အောန်သွားယွေ့ ဆောင်းရာသီအတွက် ရပ်နားချင်ကြအယ်။ ဖိနိတ်ဆိပ်ကမ်းဟ ကရေတေကျွန်းတွင် ဆိယွေ့ အနောက်တောင်နဲ့ အနောက်မြောက်ဟို မျက်နှာမူလျက် ဆိအယ်။
ACT 27:13 တောင်ဖက်မှ လေဟ ဖြေးညင်းစွာ စယွေ့ တိုက်ခတ်လာသောအခါ သူလို့ဟ မိမိလို့ရဲ့ အကြံအောန်မယ်လို့ ထင်မှတ်လျက် ကျောက်ဆူးဟို နုတ်ပင်းရင် သင်္ဘောဟို ကရေတေ ကမ်းခြေတဆှောက် ကပ်နိန်သမျှ ကပ်ယွေ့ ရွက်လွင့်ကြအယ်။
ACT 27:14 အဲလိုလဲ မကြာခင်အတွင်း “အဆေ့မြောက်လေပြင်း” ဟု နာမယ်ဆိသော လေဟ ကုန်းတွင်းဖက်မှ အရှိန်ဟုန်ပြင်းစွာ တိုက်ခတ်လာလေအယ်။
ACT 27:15 သင်္ဘောဟ လေမုန်တိုင်းမိသဖြင့် လေဟို ဆန်ယွေ့ မသွားနိန်သောကျောန့် ငါလို့ဟ လက်လျှော့ယွေ့ လေတိုက်ရာဟို မျောပါသွားကြအယ်။
ACT 27:16 ကလောဒေဟု ခေါ်သော ကျွန်းငယ်ရဲ့ တောင်ဖက်ဟို ရောက်သောအခါ လေပြင်းဒဏ်မှ နည်းနည်း အကွယ်အကာရဆိကြအယ်။ အေးအရပ်တွင် သင်္ဘောနောက်မှ အသက်ကယ်လှေဟို မပျက်စီးစေရန် ခက်ခက်ခဲခဲ ကြိုးစားကြအယ်။
ACT 27:17 သူလို့ဟ အေးလှေဟို ဆွဲတင်ပင်းရင် သင်္ဘောဟို ကြိုးများဖြင့် တုတ်ချေယွေ့ ခိုင်ခံ့အောန်ပြုကြအယ်။ သူလို့ဟ သုရတိသောင်တွင် သင်္ဘောတင်မှာ စိုးရိမ်သဖြင့် ရွက်ဟို လျော့ချလိုက်ပင်းရင် သင်္ဘောဟို လေတိုက်ရာဟို မျောပါစေကြအယ်။
ACT 27:18 နောက်တနေ့နှိုက်လည်း လေပြင်းမုန်တိုင်း ဆက်လက် တိုက်ခတ်နေသဖြင့် သူလို့ဟ ကုန်ပစ္စည်းအချို့ဟို သင်္ဘောပေါ်မှ ပစ်ချကြအယ်။
ACT 27:19 သုံးရက်မြောက်သောနေ့နှိုက် သင်္ဘောရဲ့ ကုန်ပစ္စည်းလို့ဟို မိမိလို့လက်ဖြင့် ယူပင်း ပစ်ချကြအယ်။
ACT 27:20 ငါလို့ဟ ရက်ပေါင်းများစွာ နေနဲ့ ကြယ်များဟို မတွေ့ရကြ။ လေဟ ဆက်ယွေ့ အရှိန်ပြင်းစွာ တိုက်ခတ်လျက်ဆိသဖြင့် နောက်ဆုံးနှိုက် ငါလို့ လွတ်မြောက်မယ်ဟု မျော်လင့်စရာ မဆိသောကျောန့် လက်လျှော့လိုက်ကြအယ်။
ACT 27:21 လူလို့ဟ အချိန်အတော်ကြာအောန် အစာမစားဘဲ နေပင်းနောက် ပေါလုဟ သူလို့ အဆေ့တွင် ရပ်ယွေ့ “ငါ့စကားဟို နားထောင်ယွေ့ ကရေတေကျွန်းမှ မထွက်ခွာဘဲ နေသင့်အယ်။ အေးလို့နေခဲ့ကြရင် ဟေလို့ ပျက်စီးဆုံးရှုံးမှုနဲ့ ရင်ဆိုင်ရကြမယ် မဟုတ်။
ACT 27:22 အဲလိုလဲ အားမငယ်ကြရန် နင်လို့အား အခု ငါ တိုက်တွန်းပါအယ်။ နင်လို့အနက် စသူတစုံတယောက်မျှ အသက်ဆုံးရှုံးရမယ် မဟုတ်။ သင်္ဘောဟိုသာ ဆုံးရှုံးရလိမ့်မယ်။
ACT 27:23 အကျောန်းမှာ ငါ့ဟို ပိုင်သော ငါ ကိုးကွယ်သော ဘုရားသခင်ရဲ့ ခေါန်းခင်တမန်ဟ မနေ့ညမှာ ငါဆေဟို လာလျက်၊
ACT 27:24 ‘ပေါလု၊ မကြောက်နဲ့၊ နင်ဟ ဧကရာဇ်မင်းဆေ့မှာ ရောက်ရမယ်။ ဘုရားသခင်ဟ သူ့ရဲ့ ကောင်းမြတ်ခြင်းအားဖြင့် နင်နဲ့အတူ ရွက်လွင့်ခဲ့ကြသူအပေါင်းလို့အား ဘေးကင်းစေခဲ့ပီ’ ဟု ဆိုအယ်။
ACT 27:25 အဲလိုမို့ မိတ်ဆွေလို့ အားမငယ်ကြနဲ့။ အကျောန်းမှာ ငါအား မိန့်လဲ့အတိုင်းပင် ဖြစ်လိမ့်မယ်ဟု ဘုရားသခင်ဟို အမှီပြုယွေ့ ငါ ယုံကြည်ပါအယ်။
ACT 27:26 အဲလိုလဲ ငါလို့ဟ ကျွန်းတခုတွင် သောင်တင်လိမ့်မယ်” ဟု ဆိုအယ်။
ACT 27:27 တဆယ့်လေးရက်မြောက်သော ညနှိုက် ငါလို့ အာဒြိပင်လယ်တွင် မျောပါနေစဉ် ညသခေါင်အချိန်ခန့်တွင် သင်္ဘောသားလို့ဟ ကမ်းတခုခုနဲ့ နီးလာတာလို့ ခံစားမိကြအယ်။
ACT 27:28 အဲလိုမို့ သူလို့ဟ ယေတိမ် ယေနက်ဟို တိုင်းကျေ့ကြသောအခါ ပေတရာနေဆယ်ဆိကျောန်း မျော်ကြအယ်။ ဆေ့ဟို နည်းနည်းသွားပင်းနောက် တခါတိုင်း ကျေ့ပြန်ရာ ပေကိုးဆယ်ဆိတာဟို မျော်ရအယ်။
ACT 27:29 သူလို့ဟ ကျောက်ဆောင်နဲ့ တိုက်မိမယ် စိုးရိမ်သဖြင့် သင်္ဘောပဲ့မှ ကျောက်ဆူးလေးခုဟို ချပင်းရင် မိုးလင်းပါစေဟု ဆုတောင်းကြအယ်။
ACT 27:30 သင်္ဘောသားလို့ဟ သင်္ဘောမှ ထွက်ပြေးရန် ကြိုးစားယွေ့ သင်္ဘောဦးနှိုက် ကျောက်ဆူးချမယ်လို လုပ်ယွေ့ အသက်ကယ်လှေဟို ယေထဲဟို လျှောချနေကြအယ်။
ACT 27:31 အဲလိုလဲ ပေါလုဟ တပ်မှူးနဲ့ တပ်သားများဟို “သင်္ဘောသားလို့ဟ သင်္ဘောပေါ်တွင် မနေကြရင်၊ နင်လို့ လွတ်မြောက်ဖို့ မျော်လင့်စရာ မဆိ” ဟု ပြောလေအယ်။
ACT 27:32 အေးကျောန့် တပ်သားလို့ဟ အသက်ကယ်လှေရဲ့ ကြိုးများ ခုတ်ဖြတ်ယွေ့ အောက်ဟို ချလိုက်ကြအယ်။
ACT 27:33 မိုးလင်းခါနီးနှိုက် ပေါလုဟ အေးသူအပေါင်းလို့အား အစာစားကြရန် တိုက်တွန်းယွေ့ “နင်လို့ဟ အစာမစားဘဲ ဆက်တိုက်အခြေအနေဟို စောင့်ကျေ့ကာ ပစာအရာဟိုမျှ မစားခဲ့တာဟ ခုနေ့ဆို တဆယ့်လေးရက်ဆိပီ။
ACT 27:34 နင်လို့ဟို အစားအစာအချို့ဟို စားရန် ငါ တောင်းပန်ပါအယ်။ အေးဟာဟ နင်လို့ အသက်ဆှင်နိန်ရန်အတွက် ဖြစ်အယ်။ နင်လို့ရဲ့ ဦးခေါင်းမှ ဆံပင်တပင်မှ ပျက်စီးဆုံးရှုံးရလိမ့်မယ် မဟုတ်” လို့ ပြောအယ်။
ACT 27:35 အေးနောက် ပေါလုဟ မုန့်ဟိုယူပင်း သူလို့အားလုံးလို့ရဲ့ ဆေ့တွင် ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ချီးမွန်းပင်းနောက် မုန့်ဟိုဖဲ့ယွေ့ စားလေအယ်။
ACT 27:36 အေးသူအားလုံးလို့ဟ အားတက်လာကြပင်းရင် သူလို့တတ်တိုင်း အစားအစာအချို့ဟို စားကြအယ်။
ACT 27:37 သင်္ဘောပေါ်တွင် လူစုစုပေါင်း ၂၇၆ ယောက် ဆိအယ်။
ACT 27:38 လူတိုင်း ဝအောန်စားကြပင်းနောက် သင်္ဘောဟို ပေါ့စေရန် ဂျုံစပါးဆိသမျှဟို ပင်လယ်ထဲဟို လောချကြအယ်။
ACT 27:39 မိုးလင်းလာသောအခါ သင်္ဘောသားလို့ဟ မိမိလို့ ပစာအရပ်ဟို ရောက်ဆိနေမှန်း မသိကြသော်လည်း ကမ်းခြေဆိသော ပင်လယ်ကွေ့မျော်ကြသဖြင့် ဖြစ်နိန်ပါဟ အေးကမ်းခြေပေါ် သင်္ဘောဟို ထိုးတင်ရန် ဆုံးဖြတ်ကြအယ်။
ACT 27:40 အဲလို့မို့ သူလို့ဟ ကျောက်ဆူးများဟို ပင်လယ်ထဲသို့ ဖြုတ်ချခဲ့ယွေ့ တချိန်တည်းနှိုက်ပင် တက်မကြိုးများဟို ဖြေလျက် ရွက်ဟိုတင်ပင်း ကမ်းခြေဖက်ဟို လွင့်သွားကြအယ်။
ACT 27:41 အဲလိုလဲ သင်္ဘောဟ ယေတိမ်ရာဟို ရောက်ယွေ့ သောင်တင်နေတော့အယ်။ သင်္ဘောဦးဟ သောင်တွင် စိုက်လျက်နေသဖြင့် လှုပ်လို့မရ။ သင်္ဘောပဲ့ပိုင်းမှာဟ လှိုင်းလုံးများ ပုတ်သဖြင့် ကျိုးပျက်ကုန်အယ်။
ACT 27:42 တပ်သားများဟ အကျဉ်းသားလို့ ယေ ကူးယွေ့ ထွက်ပြေးမှာဟို စိုးရိမ်သဖြင့် သူလို့အား သတ်ရန်ကြံစည်ကြအယ်။
ACT 27:43 အဲလိုလဲ တပ်မှူးဟ ပေါလုဟို ကယ်တင်လိုသဖြင့် သူလို့ရဲ့ အကြံအစည်အတိုင်း မလုပ်ရန် တားဆီးအယ်။ အဲအစား အရင်ဦးဆုံး ယေကူးတတ်သူလို့အား သင်္ဘောပေါ်ဟနေ ခုန်ချစေပင်း ကမ်းပေါ်ဟို ကူးစေပင်း၊
ACT 27:44 ကျန်သောသူလို့အား ပျဉ်ပြားများဟိုလည်းကောင်း၊ သင်္ဘောပျက်မှ သင်္ဘောအပိုင်းအစများဟို လည်းကောင်း စီးယွေ့ ကူးစေကြရန် အမိန့်ပေးအယ်။ အေးနည်းအားဖြင့် ငါလို့အားလုံး ဘေးလွတ်ယွေ့ ကုန်းပေါ်ဟို ရောက်ကြအယ်။
ACT 28:1 ငါလို့ဟ ဘေးကင်းစွာ ကုန်းပေါ်ဟို ရောက်ကြသောအခါ အေးကျွန်းဟို မေလိတေကျွန်းလို့ ခေါ်ကျောန်းသိဆိကြအယ်။
ACT 28:2 ကျွန်းသူ ကျွန်းသားလို့ဟ ငါလို့ ပေါ်တွင် ထူးခြားသော ချစ်ခင်ကြင်နာမှုဟို ပြသကြအယ်။ မိုးရွာသဖြင့် အေးလာသောကျောန့် အေးသူလို့ဟ မီးဖိုပင်းရင် ငါလို့အား လက်ခံကြိုဆိုကြအယ်။
ACT 28:3 ပေါလုဟ ထင်းဟို စုလျက် မီးထဲဟို ထည့်လိုက်ရာ မီးအပူရှိန်ကျောန့် ထင်းထဲမှ မြွေပွေးတကောင် ထွက်လာသောအခါ ပေါလုရဲ့ လက်ဟို တွယ်လျက်နေအယ်။
ACT 28:4 သူ့ရဲ့ လက်မှ တန်းလန်းကျနေသော မြွေပွေးဟို ကျွန်းသူကျွန်းသားလို့ မျော်သောအခါ “အေးသူဟ လူသတ်သမား ဖြစ်ရမယ်။ ပင်လယ်တွင် အသက်ဘေးမှ လွတ်မြောက်သော်လည်း တရားမျှတမှု နတ်ဘုရားမဟ သူ့အား အသက်ဆှင်ခွင့် မပြု” လို့ အချင်းချင်း ပြောဆိုကြအယ်။
ACT 28:5 အဲလိုလဲ ပေါလုဟ မြွေပွေးဟို မီးထဲ ခါချလိုက်သော်လည်း ပစာဘေးဥပါဒ်မှ မသင့်။
ACT 28:6 အေးသူလို့ဟ ပေါလုသည် ရောင်လာလိမ့်မယ် အဲဟာမဟုတ်ရင် ခုတင်ချင်းတွင် လဲသေလိမ့်မယ်လို့ ဆိုလျက် စောင့်နေကြအယ်။ အဲလိုလဲ အချိန်ကြာအောန်ဆက်ယွေ့ စောင့်မျော်နေကြပင်းနောက် မကောင်းလဲ့လက္ခဏာ တစုံတခုမှ ပေါလုနှိုက် မဖြစ်တာဟို မျော်ကြသော်အခါ သူလို့ဟ စိတ်ပြောင်းလဲကာ “အေးသူဟ နတ်ဘုရား ဖြစ်အယ်” လို့ ဆိုကြအယ်။
ACT 28:7 အေးနေရာ အနီးတွင် ပုဗလိဟု နာမယ်ဆိသော ကျွန်းထမုန်ရဲ့ မြေယာများဆိအယ်။ အေးသူဟ ငါလို့ဟို လက်ခံပင်း သုံးရက်တိုင်တိုင် ဧည့်ဝတ်ကျေပွန်စွာ ကျွေးမွေးဧည့်ခံအယ်။
ACT 28:8 ပုဗလိရဲ့ အဖဟ အဖျားရောဂါ၊ ဝမ်းကိုက်ရောဂါများဖြင့် လဲယွေ့နေအယ်။ ပေါလုဟ သူ့ရဲ့ အခန်းထဲဝင်ပင်း ဆုတောင်းပေးကာ သူ့ရဲ့ အပေါ်လက်တင်ယွေ့ သူ့ဟို ကျန်းမာလာစေအယ်။
ACT 28:9 အေးအရာများ ဖြစ်ပျက်ပင်းသောအခါ ကျွန်းပေါ်ဆိ အခြား မကျန်းမာသော သူအားလုံးလို့ဟ ပေါလုဆေဟို လာကြပင်း သူလို့ဟ ကျန်းမာခြင်းဟို ရဆိကြအယ်။
ACT 28:10 သူလို့ဟ ငါလို့အား လက်ဆောင်များပေးကြပင်း ငါလို့ ရွက်လွှင့်သောအခါနှိုက်လည်း လိုအပ်လဲ့ စားနပ်ရိက္ခာများဟို သင်္ဘောပေါ်ဟို တင်ပေးကြအယ်။
ACT 28:11 သုံးလကြာပင်းနောက် ငါလို့ဟ အေးကျွန်းတွင် ဆောင်းခိုနေခဲ့လဲ့ “နတ်အမွှာညီနောင်” လို့ခေါ်လဲ့ အာလေဇန္နြိမြို့မှ သင်္ဘောဖြင့် ရွက်လွှင့်ကြအယ်။
ACT 28:12 ငါလို့ဟ သုရကုတ်မြို့တွင် သင်္ဘောဆိုက်ကပ်ယွေ့ အေးမြို့တွင် သုံးရက်လောက်နေကြအယ်။
ACT 28:13 အေးမြို့မှ ရွက်လွှင့်ပြန်ရာ ယေဂျုန်မြို့ဟို ရောက်ကြအယ်။ နောက်တနေ့နှိုက် တောင်ဖက်မှ လေတိုက်လာသဖြင့် နေရက်ကြာသော် ပေါတယောလိမြို့ဟို ရောက်ကြအယ်။
ACT 28:14 အေးမြို့တွင် ယုံကြည်သူတချို့ဟို တွေ့ယွေ့ သူလို့ဟ မိမိလို့နဲ့ ခုနေရက်လောက်နေရန် ဖိတ်ခေါ်ကြအယ်။ အားပင်း ငါလို့ဟ ရောမမြို့ဟို ရောက်လာကြအယ်။
ACT 28:15 အေး ရောမမြို့ဆိ ယုံကြည်သူလို့ဟ ငါလို့ လာလဲ့အကျောန်းဟို ကြားသိကြသဖြင့် အပ္ပိဆေးအရပ်နဲ့ တည်းခိုရိပ်သာ သုံးဆောင်ဟု ခေါ်သော အရပ်တိုင်အောန် လာရောက် တွေ့ဆုံကြအယ်။ ပေါလုဟ သူလို့ဟို မျော်သောအခါ ဘုရားသခင်ရဲ့ ကျေးဇူးတော် ချီးမွန်းယွေ့ အားတက်လာအယ်။
ACT 28:16 ရောမမြို့ဟို ရောက်ကြသောအခါ ပေါလုဟို စောင့်ကြပ်လဲ့ တပ်သားတယောက်နဲ့ အတူနေခွင့်ရဆိအယ်။
ACT 28:17 သုံးရက်ကြာပင်းနောက် ပေါလုဟ မြို့ပေါ်ဆိ ယုဒခေါင်းဆောင်များဟို ဖိတ်ခေါ်အယ်။ အေးသူလို့ လာရောက်စုဝေးလျက် ဆိသောအခါ ပေါလုဟ “ငါ့ ညီအကိုလို့ ငါဟ မိမိအမျိုးသားလို့အားလည်းကောင်း၊ ဖိုးဖေးလို့ရဲ့ ထုံးတမ်းစလေ့များဟိုလည်းကောင်း ဆန့်ကျင်လဲ့ အမှုတစုံတရာဟိုမျှ မပြုလုပ်ခဲ့သော်လည်း ယေရုရှလင်မြို့တွင် ငါ့ဟို အကျဉ်းသားအဖြစ် ရောမအမျိုးသားလို့ရဲ့ လက်ဟို အပ်ကြအယ်။
ACT 28:18 အေးသူလို့ဟ ငါ့ဟို စစ်ဆေးမေးမြန်းပင်းနောက် ငါ့ရဲ့ အမှုတွင် သေဒဏ်ပေးထိုက်သော အကျောန်းတစုံတရာမှ မတွေ့ရသဖြင့် ငါ့အား လွတ်လိုက်ကြအယ်။
ACT 28:19 အဲလိုလဲ ယုဒလူများလို့ဟ ကန့်ကွက်ကြသောကျောန့် ငါဟ မလွဲမဆှောင်သာတော့ဘဲ ဧကရာဇ်မင်းဆေ အယူခံရအယ်။ မိမိရဲ့ အမျိုးသားလို့အား စွပ်စွဲပြောဆိုရန် အကျောန်းဆိယွေ့ မဟုတ်။
ACT 28:20 အေးလို့မို့ နင်လို့နဲ့ တွေ့ဆုံယွေ့ စကားပြောရန် ငါတောင်းခံခဲ့ခြင်း ဖြစ်အယ်။ အမန်စင်စစ် ငါဟ သံကြိုးများနဲ့ တုတ်ချေခံရတာဟ ဣသရေလအမျိုးသားလို့ မျှော်လင့်နေကြလဲ့ အဆှင့်အတွက်ကျောန့်ပင် ဖြစ်အယ်” လို့ ဆိုအယ်။
ACT 28:21 အေးသူလို့ဟ “ငါလို့သည် နင်ရဲ့အကျောန်း ယုဒပြေမှ စာတစောင်မှ မရခဲ့ကြပါ။ အေးပြေမှ ရောက်လာသော ညီအကိုလို့တွင်လည်း နင်နဲ့ပတ်သက်လဲ့ မကောင်းလဲ့အရာတစုံတခုဟို သတင်းပို့သောသူ အဲဟာမဟုတ်ရင် ပြောဆိုသောသူ တယောက်မှ မဆိပါ။
ACT 28:22 အဲလိုလဲ အေးဂိုဏ်းနဲ့ပတ်သက်ယွေ့ နေရာတိုင်းတွင် ဆန့်ကျင်ယွေ့ ပြောဆိုနေကြတာဟို ငါလို့သိထားတာ ဖြစ်ယွေ့ နင့် စိတ်သဘောထား စလိုဆိကျောန်းဟို နင့်ဆေမှ ငါလို့ကြားလိုအယ်” လို့ ဆိုကြအယ်။
ACT 28:23 အေးနောက် သူလို့ဟ ပေါလုနဲ့ ရက်ချိန်းပင်းမှ ရမ်းဆာ့သောသူလို့နဲ့တကွ သူတည်းခိုလဲ့နေရာဟို ရောက်လာကြအယ်။ ပေါလုဟ မနက်မှ ညနေခင်းတိုင်အောန် ဘုရားသခင်ရဲ့ နိုင်ငံတော်အကျောန်းဟို ဆှင်းပြပင်း၊ မောရှေရဲ့ ပညတ်ကျမ်းနဲ့ ပရောဖက်ကျမ်းများမှ ကိုးကားပင်း ယေရှုအကျောန်းဟို သူလို့အား ပြောပြယွေ့ စည်းရုံးလေအယ်။
ACT 28:24 လူတချို့လို့ဟ ပေါလုရဲ့ ဟောပြောချက်ဟို နားလည်သဘောပေါက်ကြပေမဲ့လည်း တချို့သူလို့ဟ မယုံကြည်ကြ။
ACT 28:25 အေးလို့ ပေါလုဟ အဲအရာများဟို ပြောဆိုပင်းနောက် အချင်းချင်းကြားနှိုက် ပြင်းထန်စွာငြင်းခုန်လျက် ထွက်သွားကြအယ်။ ပေါလုဟ “ပရောဖက် ဟေရှာယအားဖြင့် နင်လို့ ဖိုးဖေးလို့အား သန့်ဆှင်းသော ဝိညာဉ်တော် ဖော်ပြပုံမှာ ဟေလို့ဖြစ်အယ်။
ACT 28:26 သူဟောတာဟ၊ “ ‘နင်သွားပင်းရင် အေးလူမျိုးဆေဟို ပြောလော။ “နင်လို့ဟ နားထောင်သော်လည်း နားလည်ကြလိမ့်မယ် မဟုတ်။ ကျေ့သော်လည်း မျော်ရလိမ့်မယ် မဟုတ်။”
ACT 28:27 ပစာကို့ အေးလူများရဲ့ စိတ်နေလုံးဟ ထိုင်းမှိုင်းလျက်၊ သူလို့ရဲ့ နားများဟ လေးလျက် သူလို့ရဲ့ မျက်စေ့များဟ ပိတ်လျက်ဆိသောကျောန့် ဖြစ်အယ်။ တကယ်လို့ သူလို့ရဲ့ မျက်စေ့များဟ မျော်နိန်လျက်၊ နားများဟ ကြားနိန်လျက်၊ စိတ်နေလုံးများဟ သိနားလည်ပါလျက်၊ ဘုရားသခင် ပြောတာဟ သူလို့ ငါဆေဟို လှည့်လာကြမယ်၊ ငါဟလည်း သူလို့ဟို ကျန်းမာစေမယ်’ ” လို့ ဖြစ်အယ်။
ACT 28:28 ပေါလုဟ အဆုံးသတ်အနေနဲ့ “ဘုရားသခင်ရဲ့ ကယ်တင်ခြင်း သတင်းစကားဟို လူမျိုးခြားလို့ ကြားနာရန် ဟောပြောမဲ့ သူလို့ဟို စေလွှတ်ပီဖြစ်ယွေ့ သူလို့ဟ ကြားနာကြလိမ့်မယ်ဖြစ်ကျောန်း နင်လို့ သိမှတ်ကြလော” လို့ ဆိုအယ်။
ACT 28:29 
ACT 28:30 ပေါလုဟ အေးမြို့တွင် နေနှစ်လုံး မိမိငမ်းထားသော နေအိုင်တွင် နေအယ်။ မိမိဆေရောက်လာကြသူ အပေါင်းလို့အား ကြိုဆိုပင်းတွေ့အယ်။
ACT 28:31 ဘုရားသခင်ရဲ့ နိုင်ငံတော်အကျောန်းဟို ဟောပြောယွေ့ သခင် ယေရှု ခရစ်တော် အကျောန်းဟို အတားအဆီးမဆိဘဲ ရဲရင့်စွာ ဟောပြောလျက်နေအယ်။
ROM 1:1 ဘုရားသခင်ရဲ့ သတင်းကောင်းအတွက် ရွေးချယ်ခြင်း ခံရယွေ့ တမန်တော်အဖြစ် ခေါ်ယူခြင်း ခံရသော ခရစ်တော် ယေရှုရဲ့ အစေခံ ငါ ပေါလုဟ စာရေးလိုက်ပါအယ်။
ROM 1:2 မခင်အခါတည်းဟ ဘုရားသခင်ဟ သူရဲ့ ပရောဖက်များအားဖြင့် အေးသတင်းကောင်းဟို ကတိထားခဲ့ကျောန်း သန့်ဆှင်းသော ကျမ်းစာနှိုက် ရေးသားခဲ့ကျောန်း ဖော်ပြအယ်။
ROM 1:3 အေးအကျောန်းအရာဟ သူရဲ့ သားတော် ငါလို့ရဲ့ သခင် ယေရှု ခရစ်တော်အကျောန်း ဖြစ်အယ်။ အဲသူဟ လူ့ဇာတိအားဖြင့် ဒါဝိဒ်အမျိုးနွယ်မှ မွေးဖွားအယ်။
ROM 1:4 သန့်ဆှင်းစေသော ဝိညာဉ်တော်အားဖြင့် ဘုရားသခင်ရဲ့ သားတော်ဖြစ်ကျောန်းဟို ထင်ဆှားစေဖို့အတွက် ဘုရားသခင်ဟ ကြီးမြတ်သော တန်ခိုးတော်အားဖြင့် သခင် ယေရှု ခရစ်ဟို သေခြင်းမှ ဆှင်ပြန်ထမြောက်စေအယ်။
ROM 1:5 အေးသခင်ရဲ့ နာမတော်အတွက် လူမျိုးအပေါင်းလို့ထဲတွင် ယုံကြည်ခြင်းနဲ့ဆိုင်သော နာခံမှုဆိစေရန် ကျေးဇူးတော်ဟို လည်းကောင်း၊ တမန်တော်ဖြစ်ခြင်း အခွင့်ဟို လည်းကောင်း၊ ကိုယ်တော်အားဖြင့် ငါလို့ ရဆိကြအယ်။
ROM 1:6 ရောမမြို့နှိုက်ဆိသော နင်လို့အပေါင်းဟလည်း ယေရှု ခရစ်တော်နဲ့ သက်ဆိုင်မဲ့အကျောန်း ဘုရားသခင်ရဲ့ ခေါ်ယူခြင်း ခံရသူများထဲတွင် ပါဝင်ကြအယ်။
ROM 1:7 ဘုရားသခင် ချစ်ယွေ့ သန့်ဆှင်းသူများအဖြစ် ခေါ်ယူသော ရောမမြို့သူ မြို့သားအပေါင်းလို့ဆေ ဟေစာဟို ငါ ရေးလိုက်ပါအယ်၊
ROM 1:8 နင်လို့ရဲ့ ယုံကြည်ခြင်းဟ ကမ္ဘာတဝန်းလုံးတွင် ကျော်ကြားလျက် ဆိသောကျောန့် ငါဟ နင်လို့အားလုံးအတွက် ငါရဲ့ ဘုရားသခင်ဟို ယေရှု ခရစ်တော်အားဖြင့် ပထမဦးစွာ ကျေးဇူးတင်အယ်။
ROM 1:9 ဟေအကျောန်းအရာနဲ့ ပတ်သက်ယွေ့ ငါ့အတွက် သက်သေခံပေးသူမှာ သားတော်ရဲ့ သတင်းကောင်းဟို ဟောပြောခြင်းနှိုက် စိတ်နေလုံး အကြွင်းမဲ့ အစေခံသော ဘုရားသခင်ဟ ငါ့ရဲ့ သက်သေ ဖြစ်အယ်။
ROM 1:10 ဘုရားသခင် အလိုဆိပါက မကြာခင် နင်လို့ဆိရာဟို ငါ လာရလဲ့အခွင့် တခုခုဆိမဲ့အကျောန်း အချိန်တိုင်း ငါ ဆုတောင်းနေအယ်။
ROM 1:11 အကျောန်းမှာ နင်လို့ ယုံကြည်ခြင်းနှိုက် ခိုင်မြဲမဲ့အကျောန်း နင်လို့အား ဝိညာဉ်ဆုကျေးဇူးဟို ဝေမျှလိုသဖြင့် ငါဟ နင်လို့ဟို ရမ်းဆာ့ တွေ့ချင်ပါအယ်။
ROM 1:12 အေးစာဟ နင်လို့နဲ့အတူဆိခါ နင်လို့နဲ့ ငါ နေဦးနေဖက်ရဲ့ ယုံကြည်ခြင်းအားဖြင့် ခွန်အားပေးမှုဟို အတူတကွ ခံစားနိန်ရန် ဖြစ်အယ်။
ROM 1:13 ငါရဲ့ မိတ်ဆွေလို့ နင်လို့ဆေဟို အလည်လာဖို့ အကြိမ်များစွာ စီစဉ်ခဲ့သော်လည်း အခုတိုင်အောန် တားဆီးခြင်းခံရကျောန်းဟို နင်လို့သိဖို့ ငါ အလိုဆိအယ်။ အခြားတပါးသော တပါးအမျိုးသားလို့တွင် အောင်မြင်သလိုမျိုး နင်လို့တွင် ပြောင်းလဲခြင်းဟို ငါ အလိုဆိအယ်ဖြစ်ကျောန်း နင်လို့ဟ သတိရရမယ်။
ROM 1:14 ယဉ်ကျေးသူ ဖြစ်စေ၊ ရိုင်းပျသူ ဖြစ်စေ၊ ပညာတတ် ဖြစ်စေ၊ ပညာမဲ့ ဖြစ်စေ၊ လူအပေါင်းလို့ရဲ့ သတင်းကောင်းပြောရမဲ့ အကြွေးဟ ငါနှိုက်တင်လျက် ဆိအယ်။
ROM 1:15 အေးကျောန့် ရောမမြို့နှိုက်နေသော နင်လို့ဟိုလည်းဘဲ သတင်းကောင်းဟို ဟောပြောရန် စေတနာစိတ် ဆိအယ်။
ROM 1:16 ငါဟ သတင်းကောင်းတရားအတွက် ဆှက်ကြောက်ခြင်း မဆိ၊ အေးအရာဟ ဦးရင်ဆုံး ယုဒလူနောက်မှာ လူမျိုးခြား ယုံကြည်သူ အားလုံးဟို ကယ်တင်သော ဘုရားသခင်ရဲ့ တန်ခိုး ဖြစ်အယ်။
ROM 1:17 အကျောန်းမှာ “ဖြောင့်မတ်သောသူဟ ယုံကြည်ခြင်းအားဖြင့် အသက်ဆှင်လိမ့်မယ်” ဟု ကျမ်းစာနှိုက်ရေးထားလဲ့အတိုင်း ယုံကြည်ခြင်းအပေါ် အခြေခံလျက် ယုံကြည်ခြင်းသို့ ပို့ဆောင်လဲ့ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းတရားဟ ဟေသတင်းကောင်းတရားနှိုက် ထင်ဆှားလျက်ဆိအယ်။
ROM 1:18 ဘုရားသခင်ရဲ့ အမျက်တော်ဟ ခေါန်းခင်မှ ထင်ဆှားလျက် သမ္မာတရားဟို မတရားမှုဖြင့် တားဆီးပိတ်ပင်သော လူလို့ရဲ့ ဘုရားတရားမဲ့ခြင်းနဲ့ မတရားမှု အလုံးစုံလို့ အပေါ်သို့ သက်ရောက်အယ်။
ROM 1:19 အေးသူလို့အား ဘုရားသခင်တတ်တိုင်း ဆှင်းလင်းစွာ ဖော်ပြသဖြင့် ကိုယ်တော်ရဲ့ အကျောန်းနဲ့ ပတ်သက်ပင်း သိနိန်ခွင့်ဆိသမျှသော အကျောန်းအရာလို့ဟို ဆှင်းလင်းစွာ သိရအယ်။
ROM 1:20 ဘုရားသခင်ဟ ဟေလောကဟို ဖန်ဆင်းချိန်မှစယွေ့ သူရဲ့ မမျော်ရလဲ့ ဂုဏ်အင်္ဂါများ တည်းဟူသော ထာဝရတန်ခိုးနဲ့ ဘုရားဖြစ်ခြင်းလို့ဟ ဖန်ဆင်းသော အရာများဟို ထောက်ရှုပင်း ဆှင်းလင်းစွာ မျော်ခဲ့ရအယ်။ အေးလိုမို့ လူတွေဟ ဆင်ခြေပေးစရာ လုံးဝ မဆိတော့ပေ။
ROM 1:21 သူလို့ဟ ဘုရားသခင်ဟို သိကြသော်လည်း ကိုယ်တော်ရဲ့ ဂုဏ်တော်ဟို ချီးမွန်းသင့်လဲ့အတိုင်း မချီးမွမ်းကြ၊ ကျေးဇူးတင်သင့်လဲ့ အတိုင်း မတင်ကြပေ။ အဲအစား အကျိုးမဲ့သော အရာများဟိုသာ တွေးတောဆင်ခြင်လျက် နေကြပင်း သူလို့ရဲ့ စိတ်နေလုံး မိုက်မဲခြင်းဟလည်း မိုက်ယွေ့ နေအယ်။
ROM 1:22 သူလို့ဟ ကိုယ့်ကိုယ်ကို ပညာဆိအယ်လို့ ဟောကြပေမဲ့လည်း သူလို့ဟ ပညာမဲ့သူများ ဖြစ်ကြအယ်။
ROM 1:23 သူလို့ဟ မသေနိန်သော ဘုရားသခင်ဟို ကိုးကွယ်ရမဲ့အစား သေတတ်သောလူ၊ ငက်များ၊ အကောင်များ၊ တွားတတ်သော သတ္တဝါများနဲ့ တူလဲ့ ရုပ်တုများဟို သူလို့ ဝတ်ပြုကိုးကွယ်ကြအယ်။
ROM 1:24 အေးကျောန့် ဘုရားသခင်ဟ သူလို့ရဲ့ စိတ်နေလုံး ဆန္ဒများဖြစ်လဲ့ စုတ်ပဲ့သောအရာများဟို ပြုလုပ်ရန် လူလို့အား ပေးခဲ့ပင်း သူလို့ဟ အချင်းချင်းအား ခန္ဓာကိုယ်ဟို ဆှက်စရာကောင်းလဲ့ အရာများဟို ပြုလုပ်ခဲ့အယ်။
ROM 1:25 သူလို့ဟ ဘုရားသခင်နဲ့ ပတ်သက်လဲ့ အမန်တရားကို လိမ်လည်လှည့်စားခြင်းနဲ့ လဲလှယ်ပင်း သူလို့ဟ ထာဝရကာလတိုင်အောန် ချီးမွန်း ကိုးကွယ်ရမဲ့ ဖန်ဆင်းဆှင်ဟို ပယ်လောယွေ့ ဖန်ဆင်းထားသော အရာများဟို ကိုးကွယ်ကြအယ်။
ROM 1:26 သူလို့ဟ အေးလို့ လုပ်ကြသောကျောန့် ဘုရားသခင်ဟ သူလို့ဟို ဆှက်ဖို့ကောင်းလဲ့ ကိလေသာ လက်ဟို အပ်လိုက်အယ်။ သူလို့ထဲမှ မိန်းမများပင် သဘာဝများဟို ဆန့်ကျင်ပင်း သဘာဝမဟုတ်လဲ့ အပြုမူများဘက်ဟို လိုက်ကြအယ်။
ROM 1:27 အေးနည်းအတိုင်း ယောက်ျားလို့ဟလည်း မိန်းမနဲ့ သဘာဝအတိုင်း ဆက်ဆံမှုဟို မပြုဘဲ ယောက်ျားအချင်းချင်း ကိလေသာစိတ် ဆိကြအယ်၊ ယောက်ျားလို့ဟ အချင်းချင်း ဆှက်ဖွယ်သောအမူလို့ဟို လုပ်ကြသဖြင့် မိမိလို့မားယွင်းလဲ့ အကျင့်အတွက် အပစ်ဒဏ်ဟို သူလို့တတ်တိုင်း ခံရကြအယ်။
ROM 1:28 အေးမှတပါး သူလို့ဟ ဘုရားသခင်ဟို မသိမှတ်လိုသောကျောန့် ဘုရားသခင်ဟ သူလို့ဟို ယုတ်ညံ့သော စိတ်ဆေဟို အပ်လိုက်သဖြင့် သူလို့ဟ မပြုအပ်သောအရာများဟို ပြုကြကုန်အယ်။
ROM 1:29 သူလို့ဟ အမျိုးမျိုးသော ဆိုးယုတ်မိုက်မဲခြင်း၊ ဆိုးညစ်ခြင်း၊ လောဘလွန်ကျူးခြင်း၊ အကျင့်ပျက်ခြင်း၊ မနာလိုခြင်း၊ သူ့အသက်ကိုသတ်ခြင်း၊ ရန်ဖြစ်ခြင်း၊ လှည့်စားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း စလဲ့ အပစ်များဟို ကျူးလွန်ကြအယ်။ သူလို့ဟ အတင်းတုတ်ကြအယ်၊
ROM 1:30 တခြားသောသူဟို မကောင်းသော စကားများဟို ပြောကြအယ်၊ ဘုရားသခင်ဟို မုန်းသောသူ၊ စော်ကားသောသူ၊ မာန်မာန ထောင်လွှားသောသူ၊ ဝါကြွားသောသူများ ဖြစ်ကြအယ်၊ မကောင်းလဲ့အရာများဟို စဉ်းစားတတ်ကြအယ်၊ မိမိလို့ရဲ့ မိဘစကားဟို နားမထောင်ကြ။
ROM 1:31 အသိတရား မဆိကြ၊ သူလို့ဟ ကတိမတည်ကြ၊ သူလို့ဟ သနားကြင်နာစိတ် မဆိကြ။
ROM 1:32 အေးလို့သော အကျင့်ဆိသူလို့ဟ သေပစ် ခံထိုက်တာဟို ဘုရားသခင် စီရင်ကျောန်းဟို သူလို့ သိလျက်ပင် မိမိတတ်တိုင်း ဟေအမှုများဟို ဆက်လက်ယွေ့ ကျင့်ယုံမကဘဲ၊ အေးလို့ ပြုကြသူများဟိုလည်း အားပေးအားမြောက် လုပ်ကြအယ်။
ROM 2:1 ငါ့မိတ်ဆွေ၊ နင်ဟ တခြားသူများဟို တရားစီရင်သလော၊ နင်ဟ စသူဖြစ်နေပါစေ အပစ်စီရင်နိန်လဲ့ အခြေအနေမဆိ။ အကျောန်းမှာ သူတပါးဟို စီရင်ရာတွင် ကိုယ်အပစ်ဆိကျောန်းဟို စီရင်ဆုံးဖြတ်ရာရောက်အယ်။
ROM 2:2 အေးလို့ အကျင့်ဟို ကျင့်ကြသော သူလို့ဟို တရားစီရင်သောအခါ ဘုရားသခင်ဟ မန်ကန်ကျောန်းဟို ငါလို့သိအယ်။
ROM 2:3 အဲလိုလဲ မိတ်ဆွေ၊ သူတပါးဟို စစ်ကြောစီရင်လဲ့ အေးအရာများဟို တတ်တိုင်း ပြုလုပ်လဲ့သူ ဘုရားသခင်ရဲ့ တရားစီရင်ချက်မှ လွတ်နိန်မယ်လို့ နင်ထင်သလော။
ROM 2:4 အဲဟာမဟုတ်ရင် သူရဲ့ ကြီးမားလဲ့ ကြင်နာမှု၊ စိတ်ဆှည်ခြင်းနဲ့ သည်းခံစိတ် ဆိခြင်းလို့ဟို မထီမဲ့မြင်ပြုသလော။ ဘုရားသခင်ဟ နင့်ဟို နောင်တရဖို့ရန် လမ်းပြပို့ဆောင်လျက် ဆိသောကျောန့် ကိုယ်တော်ဟ ကြင်နာကျောန်းဟို နင် အမန်သိအယ်။
ROM 2:5 အဲလိုလဲ နင်ဟ ခေါင်းမာမှုနဲ့ နောင်တမရသော နေလုံးသားဆိသောကျောန့် နင်ဟ အမျက်တော်နေ့ တည်းဟူသော ဘုရားသခင်ရဲ့ ဖြောင့်မတ်လဲ့ တရားစီရင်ခြင်း ထင်ဆှားရာနေ့နှိုက် အမျက်တော်ဟို မိမိဖို့ သိုမှီးလျက် ဆိအယ်။
ROM 2:6 ဘုရားသခင်ဟ လူအယောက်စီတိုင်းဟို မိမိလို့ လုပ်ခဲ့လဲ့အရာအတိုင်း အကျိုးအပစ်ဟို ပေးလိမ့်မယ်။
ROM 2:7 တချို့လူတွေဟ ဆက်ပင်း ကောင်းလဲ့အရာဟို လုပ်လျက် ဘုန်းအသရေနဲ့ ဂုဏ်ပြုခြင်းဟို လည်းကောင်း၊ သေခြင်းနဲ့လွတ်လဲ့ ဖဝါ့ဟို ဆှာသော သူလို့အား ဘုရားသခင်ဟ ထာဝရ အသက် ပေးလိမ့်မယ်။
ROM 2:8 တချို့လူတွေဟ တကိုယ်ကောင်းဆန်လဲ့ သဘောဆိယွေ့၊ အမန်တရားဟို ငြင်းပယ်ပင်း မကောင်းသော အရာများနောက်ဟို လိုက်ကြသူများဟို ဘုရားသခင်ဟ သူရဲ့ ဒေါသနဲ့ အူထော့တာဟို သူလို့ အပေါ်မှာ သွန်းလောင်းလိမ့်မယ်။
ROM 2:9 အရင်ဆုံး ယုဒလူ၊ အဲပင်းရင် လူမျိုးခြားလို့ မကောင်းတာဟို လုပ်သူအပေါင်းလို့ဟ ဆင်းရဲဒုက္ခဝေဒနာနဲ့ နာကျင်မှုဝေဒနာဟို ခံရကြမယ်။
ROM 2:10 အဲလိုလဲ ဦးရင် ယုဒလူ၊ အေးနောက် လူမျိုးခြားလို့တွင် ကောင်းတာလုပ်သူလို့အား ဘုရားသခင်ဟ ဘုန်းတော်ဟို လည်းကောင်း၊ ဂုဏ်အသရေနဲ့ ငြိမ်သက်ခြင်းဟို လည်းကောင်း ပေးလိမ့်မယ်။
ROM 2:11 အကျောန်းမှာ ဘုရားသခင်ဟ လူတိုင်းဟို မျက်နှာမလိုက်ဘဲ တရားစီရင်အယ်။
ROM 2:12 ပညတ်တရား မဆိဘဲ အပစ်လုပ်ကြသောသူ စသူမဆို ပညတ်တရား မပါဘဲ ပျက်စီးရကြမယ် ဖြစ်အယ်၊ ပညတ်တရားဆိလဲ့ ယုဒအမျိုးနှိုက် အပစ်ကျူးလွန်လဲ့အခါ သူလို့ဟ ပညတ်တရားရဲ့ စီရင်ခြင်းဟို ခံရလိမ့်မယ်။
ROM 2:13 အကျောန်းမှာ ပညတ်တရားဟို ကြားနာသောသူလို့ဟ ဘုရားသခင် ဆေ့တော်နှိုက် ဖြောင့်မတ်ကြတာ မဟုတ်၊ ပညတ်တရားဟို လိုက်နာသော သူလို့သာလျှင် ဖြောင့်မတ်တာဟု အသိအမှတ်ပြုခြင်းဟို ခံရကြအယ်။
ROM 2:14 ပညတ်တရား မဆိသော လူမျိုးခြားလို့ဟ ပညတ်တရားရဲ့ ပြဋ္ဌာန်းချက်များဟို အလိုအလျောက် လိုက်နာကျင့်သုံးကြသောအခါ သူလို့နှိုက် ပညတ်တရား မဆိသော်လည်း သူလို့တတ်တိုင်းဟ မိမိလို့အတွက် ပညတ်တရား ဖြစ်လာကြအယ်။
ROM 2:15 သူလို့ရဲ့ အမူအကျင့်ဟ ပညတ်တရားဟို သူလို့ရဲ့ နေလုံးသားနှိုက် ရေးထားတယ်ဟို ပြအယ်။ သူလို့ရဲ့ အတွေးအမြင်များဟလည်း အေးအရာဟ မန်ကန်ကျောန်း ပြအယ်၊ သူလို့ရဲ့ အကြံအစည်များဟ တခါတရံ စွပ်စွဲလေ့ဆိပင်း တခါတလေ သူလို့ဟို ကာကွယ်ပေးသောကျောန့် ဖြစ်အယ်။
ROM 2:16 အားပင်း ငါဟောပြောလဲ့ သတင်းကောင်းအရ လူအားလုံးလို့ရဲ့ လျှို့ဝှက်ကြံစည်ချက်များဟို ယေရှု ခရစ်အားဖြင့် ဘုရားသခင် စစ်ဆေးစီရင်သောနေ့နှိုက် ဖြစ်လိမ့်မယ်။
ROM 2:17 နင်ဟ စလိုလဲ၊ နင်ဟ နင့်ကိုယ်နင် ယုဒအမျိုးသားလို့ခေါ်ပင်း ပညတ်တရားဟို အမှီပြုပင်း ဘုရားသခင်အကျောန်း ဝါကြွားလျက်
ROM 2:18 အလိုတော်ဟို သိသောသူ၊ ပညတ်တရားရဲ့ သင်ကြားချက်အားဖြင့် ဖယ်ဟာဟ အမန်လဲဆိုတာဟို ပိုင်းခြားတတ်သောသူ ဖြစ်တာနဲ့၊
ROM 2:19 မျက်စေ့ကန်းလဲ့လူလို့အား လမ်းပြလဲ့သောသူ၊ မိုက်နှိုက် နေသောသူလို့ဟို လင်းစေသောသူ၊
ROM 2:20 မိုက်မဲသောသူအတွက် သင်ကြားသောသူ၊ မသိနားမလည်သူလို့ရဲ့ ဆရာဖြစ်သောသူ၊ ပညတ်ကျမ်းနှိုက် နင်လို့ဟ အသိပညာနဲ့ အမန်တရားလို့ အပြေ့အဝပါဆိကျောန်း နင်လို့ ယုံကြည်စိတ်ချအယ်။
ROM 2:21 သူများဟို သင်ကြားပေးလဲ့သူ ပစာကျောန့် နင်လို့တတ်တိုင်း မသင်ကြသလော၊ နင်ဟ “မခိုးရ” ဟု ဟောပြောထားသော်လည်း နင်လို့တတ်တိုင်း ခိုးယူရသလော။
ROM 2:22 နင်ဟ “အိုင်ထောင်ရေး မဖောက်ပြန်ရ” လို့ ပြောပေမဲ့လည်း နင်တတ်တိုင်း ပစ်မားသလော၊ နင်ဟ ရုပ်တုဟို စက်ဆုပ်လျက်ပင် ဗိမာန်တော်ဟို နင်လုယူဖျက်ဆီးသလော။
ROM 2:23 နင်ဟ ဘုရားသခင်ရဲ့ ပညတ်တရားဟို အမှီပြုပင်း ဝါကြွားပေမဲ့လည်း အေးပညတ်တရားဟို ချိုးဖောက်ခြင်းအားဖြင့် ဘုရားသခင်ရဲ့ အသရေဟို ရှုတ်ချသလော။
ROM 2:24 ကျမ်းစာပြောချက်အရ “ယုဒလူမျိုးလို့ကျောန့် လူမျိုးခြားလို့ဟ ဘုရားသခင်ဟို မကောင်းတာ ပြောကြအယ်။”
ROM 2:25 နင်ဟ ပညတ်တရားဟို ကျင့်သုံးရင် နင်ရဲ့ အရေဖျားလှီးခြင်းဟ တန်ဖိုးဆိအယ်။ အဲလိုလဲ နင်ဟ ပညတ်တရားဟို မကျင့်သုံးရင် နင့်ရဲ့ အရေဖျားလှီးဟ အရေဖျားမလှီးသလိုမျိုး ဖြစ်အယ်။
ROM 2:26 အရေဖျားလှီးခြင်း မခံလဲ့ လူမျိုးခြားဖြစ်ရင် ပညတ်တရားရဲ့ လိုအပ်ချက်အတိုင်း လိုက်နာအယ်ဆိုရင် အေးသူဟို ဘုရားသခင်ဟ အရေဖျားလှီးခြင်း ခံသူလိုမျိုး မှတ်ယူမယ် မဟုတ်လော။
ROM 2:27 နင်ဟ ရေးသားထားလဲ့ ပညတ်တရားနဲ့ အရေဖျားလှီးခြင်းဟို ခံယူရဆိသူ ဖြစ်ပါလျက် ပညတ်တရားဟို ချိုးဖောက်သောကျောန့် ရုပ်ပိုင်းဆိုင်ရာ အရေဖျားလှီးခြင်းဟို မခံရသော်လည်း ပညတ်တရားဟို နာခံကြသော လူမျိုးခြားလို့ဟ နင်လို့ ယုဒလူလို့အား အပစ်ဒဏ်စီရင် ကြလိမ့်မယ်။
ROM 2:28 နောက်မှာ အမန်တကယ် အရေဖျားလှီးခြင်းဟို ခံသော တကယ့် ယုဒလူမျိုးဟ စသူလုန်း၊ အပြင်အားဖြင့်သာ အရေဖျားလှီးခြင်း ခံရသော ယုဒလူမျိုးဟာ ယုဒလူမျိုး အစစ်မဟုတ်။
ROM 2:29 အတွင်းသဘောအားဖြင့် ယုဒလူမျိုးဖြစ်သောသူသာလျှင် ယုဒလူမျိုး အစစ်အမန်ဖြစ်ပင်း အက္ခရာတင်ထားသော တရားအားဖြင့် မဟုတ်ဘဲ ဝိညာဉ်တော်အားဖြင့် ဖြစ်သော စိတ်နေလုံးရဲ့ အရေဖျားလှီးခြင်းပင် အရေဖျားလှီးခြင်း အစစ်အမန် ဖြစ်အယ်။ အေးလို့သော သူဟ လူလို့ဆေမှ မဟုတ်ဘဲ ဘုရားသခင်ဆေမှ ချီးမွန်းခြင်းဟို ခံရအယ်။
ROM 3:1 သို့ဖြစ်ရင် ယုဒလူလို့ဟ လူမျိုးခြားလို့ထက် ပိုပင်း ကောင်းမြတ်သလော၊ အဲဟာမဟုတ်ရင် အရေဖျားလှီးခြင်းဟို ခံခြင်းနှိုက် တန်ဖိုးဆိသလော။
ROM 3:2 အဖက်ဖက်နှိုက် အကျိုးများစွာ ဆိအယ်။ ပထမအနေနဲ့ သူလို့နှိုက် ဘုရားသခင်ရဲ့ နှုတ်ကပတ် တရားတော်များဟို ယုံကြည်အပ်နှံထားအယ်။
ROM 3:3 အဲလိုလဲ သူလို့ထဲဟ တချို့ဟ သစ္စာဆိဝူး ဆိုရင်ကော၊ ဒါဟ ဘုရားသခင်ဟာ သစ္စာဆိဝူးလို့ ဆိုလိုရမလော။
ROM 3:4 လုံးဝ မဟုတ်ပါ၊ လူသားအားလုံးဟ ဝါသောသူများ ဖြစ်ကြသော်လည်း ဘုရားသခင်ဟ မန်ကန်ရမယ်။ ကျမ်းစာပြောတာဟ၊ “နင်ပြောလဲ့စကား မန်တယ်ဆိုတာဟို နင့်ဟို ပြရမယ်၊ နင် တရားစီရင်ရသော အချိန်တွင် နင့်အမှုဟို အနိန်ရဆိရမယ်” လို့ မိန့်အယ်။
ROM 3:5 အဲလိုလဲ ငါလို့ မတရားအမှုဟ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းဟို ထင်ဆှားစေရင် စလို ဟောရမလဲ။ အူထော့ဟို သက်ရောက်စေသော ဘုရားသခင်ဟ လူသားအနေနဲ့ မတရားသော အဆှင်ဖြစ်သလော။
ROM 3:6 လုံးလုံး ဟုတ်ဝူး။ ဘုရားသခင်ဟ တရားမျှတမှု မဆိရင် လောကဟို စလို တရားစီရင်မလုန်း။
ROM 3:7 အဲလိုလဲ ငါရဲ့ သစ္စာမဲ့မှုဟ သူရဲ့ အမန်တရားဟို ပိုမိုဆှင်းလင်းစွာ ဖော်ပြခြင်းဖြင့် ဘုရားသခင်ရဲ့ ဘုန်းတော်ဟို ထင်ဆှားစေရင်ကော၊ ငါဟ ပစာကျောန့် အပစ်သားများအနေဖြင့် အပစ်စီရင် ခံရသေးမလုန်း။
ROM 3:8 “အကောင်းဖြစ်လာစေရန် အဆိုးဟို ငါလို့လုပ်ကြ” လို့ ပြောယွေ့ မရနိန်သလော။ အေးလို့ပင် ငါဟောတာဟို လူတချို့လို့ဟ အပစ်တင် စွပ်စွဲပင်း ငါ့ဟို စော်ကားကြလေပီ၊ အေးလူလို့ဟ အပစ်ဒဏ် စီရင်ခြင်းဟို ခံထိုက်တဲ့အတိုင်း အမန်ခံရကြလိမ့်မယ်။
ROM 3:9 ငါလို့မူကား ယုဒလူဟ လူမျိုးခြားလို့ထက် သာလွန်ကောင်းမွန်လဲ့ အခြေအနေတွင် ဆိကြသလော။ လုံးလုံး ဟုတ်ဝူး ယုဒလူ ဖြစ်စေ၊ လူမျိုးခြား ဖြစ်စေ၊ လူအပေါင်းလို့ဟ အပစ်တရားအောက်နှိုက် ဆိကျောန်းဟို အထက်ဟ ငါပြခဲ့ပီ။
ROM 3:10 ကျမ်းစာနှိုက်၊ “ဖြောင့်မတ်သောသူ မဆိ၊ တယောက်မှ မဆိ၊
ROM 3:11 ပညာဆိ တယောက်မှ မဆိ၊ ဘုရားသခင်ဟို ကိုးကွယ်သောသူ တယောက်မှ မဆိ။
ROM 3:12 လူအားလုံးဟ ဘုရားသခင်ဆေမှ လမ်းလွဲသွားကြပီ၊ သူလို့အားလုံးဟ တညီတညွတ်ထဲ မားယွင်းလျက် ဆိကြပီ၊ ကောင်းသော အကျင့်ဟို ကျင့်သူဟူယွေ့ မဆိ၊ တယောက်မှ မဆိ။
ROM 3:13 သူလို့ရဲ့ လည်ချောင်းဟ ဖွင့်ထားသော လုတ်တိန်းတွင်း ဖြစ်အယ်၊ သူလို့ဟ လျှာနဲ့ လှည့်စားတတ်ကြအယ်။ သူလို့ နှုတ်ခမ်းမှ မြွေအဆိပ်လိုမျိုး အဆိပ် ဆိအယ်။
ROM 3:14 သူလို့ပြောလဲ့အသံဟ ခါးသီးသော ကျိန်ခြင်းနဲ့ ပြေ့ဝအယ်။
ROM 3:15 သူလို့ဟ သူများဟို သတ်ရန် ရမ်းဆာ့မြန်ကြအယ်။
ROM 3:16 သူလို့သွားလေရာအရပ်နှိုက် သူလို့ လက်ချက်ဖြင့် ပျက်စီးဆုံးရှုံးမှု ဆိအယ်၊
ROM 3:17 သူလို့ဟ ငြိမ်းချမ်းရေး လမ်းစဉ်ဟို မသိကြ၊
ROM 3:18 သူလို့တွင် ဘုရားသခင်ဟို ကြောက်ရွံ့ခြင်း မဆိကြ” ဟု ရေးထားအယ်။
ROM 3:19 ပညတ်တရား ဆိုထားသမျှလို့ဟ ပညတ်တရား အောက်နှိုက် ဆိသော သူများအတွက် ဆိုထားကျောန်း အခု ငါလို့ သိကြအယ်။ အဲလိုမို့ စလောင်ဆိသမျှဟ ပိတ်ထားခြင်း ခံရယွေ့ လောကီသားအပေါင်းလို့ဟ ဘုရားသခင်ရဲ့ တရားစီရင်ခြင်း လက်အောက်ဟို ကျရောက်ကြရန် ဖြစ်အယ်။
ROM 3:20 အကျောန်းမှာ ပညတ်တရားရဲ့ အကျင့်အားဖြင့် ဘုရားသခင်ရဲ့ ဆေ့တော်နှိုက် စသူမှ ဖြောင့်မတ်ရာဟို မရောက်နိန်။ ပညတ်တရားရဲ့ ဆောင်ရွက်ချက်မှာ ငါလို့ဟ အပစ်ဆိကျောန်းဟို သိစေချင်အယ်။
ROM 3:21 အဲလိုလဲ အခုအခါနှိုက် ပညတ်တရားနဲ့ ပရောဖက်များ သက်သေခံသော ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းဟ ပညတ်တရား မပါဘဲ ထင်ဆှားလေပီ။
ROM 3:22 ဘုရားသခင်ဟ လူတွေအား ယေရှု ခရစ်ဟို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်စေအယ်။ ခရစ်တော်ဟို ယုံကြည်သောသူ အပေါင်းလို့အား ဘုရားသခင်ဟ အေးအရာများဟို ပြုအယ်။ ပစာကို့ဆိုသော် လူအားလုံးဟ လုံးဝခြားနားခြင်း မဆိသောကျောန့် ဖြစ်အယ်။
ROM 3:23 လူတိုင်းဟ အပစ်ပြုကြပင်း ဘုရားသခင်ရဲ့ ကယ်တင်ခြင်း မျက်မှောက်တော်နဲ့ ဝေးကွာအယ်။
ROM 3:24 အဲလိုလဲ ဘုရားသခင်ရဲ့ အလကားကား ကျေးဇူးတော်ကျောန့် သူလို့ဟို ယေရှု ခရစ်ရဲ့ ရွေးနုတ်ခြင်းအားဖြင့် ဖြောင့်မတ်ရာဟို ရောက်စေအယ်။
ROM 3:25 ဘုရားသခင်ဟ သူရဲ့ အသွေးတော်အားဖြင့် လူလို့အား အပစ်များဟို ယုံကြည်သောအားဖြင့် အပစ်ခွင့်လွတ်ခြင်း ခံရမဲ့နည်းလမ်း ဖြစ်လာစေရန် သူ့ဟို ပူဇော်သကာ ဖြစ်စေခဲ့အယ်။ ဘုရားသခင်ဟ ဖြောင့်မတ်ကျောန်းဟို ပြသရန် အေးအရာဟို ပြုလုပ်ခဲ့အယ်။ အရင်တုန်းဟ ကိုယ်တော်ဟ စိတ်ရှည်သည်းခံပင်းရင် လူလို့ ကျူးလွန်ခဲ့လဲ့ အပစ်များအတွက် အပစ်မယူဘဲ နေပေမဲ့လည်း၊ အခုခေတ်ကာလနှိုက် ကိုယ်တော်ဟ ဖြောင့်မတ်ခြင်း တရားဟို ထင်ဆှားစေရန် လူလို့ရဲ့ အပစ်များဟို အရေးယူအယ်။ အေးနည်းအားဖြင့် ဘုရားသခင်ဟ သူတတ်တိုင်း မန်ကန်ကျောန်း ပြသပင်း ယေရှုဟို ယုံကြည်သောသူတိုင်း ဖြောင့်မတ်ခြင်းဟို ပေးခဲ့အယ်။
ROM 3:27 သို့ဖြစ်ရင် ငါလို့ဟ ဝါကြွားနိန်စရာအကျောန်း ပစာနားမှာ ဆိမလုန်း၊ အေးအကျောန်းပြချက်ဟ ဘာလဲ။ ပညတ်တရားဟို ငါလို့ ကျင့်သုံးခြင်း အားဖြင့်လော။ မဟုတ်ပါ။ ငါလို့ ယုံကြည်လဲ့အတွက်ကျောန့် ဖြစ်အယ်။
ROM 3:28 အကျောန်းမှာ လူဟ ယုံကြည်ခြင်းအားဖြင့်သာလျှင် ဘုရားသခင်ဟ ဖြောင့်မတ်သောသူအဖြစ် သတ်မှတ်ပင်း ပညတ်တရားဟို ကျင့်ခြင်းအားဖြင့် မရဆိနိန်ကျောန်း ငါလို့ အခုသိကြပီ ဖြစ်အယ်။
ROM 3:29 ဘုရားသခင်ဟ ယုဒလူလို့ရဲ့ ဘုရားသာ ဖြစ်သလော၊ လူမျိုးခြားလို့ရဲ့ ဘုရား ဖြစ်အယ် မဟုတ်လော၊ ဟုတ်အယ်။
ROM 3:30 အရေဖျားလှီးခြင်း ခံသောသူဟို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်အယ်ဟု အသိအမှတ်ပြုယွေ့ အရေဖျားလှီးခြင်း မခံသောသူလို့ဟို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်အယ်ဟု အသိအမှတ်ပြုသော ဘုရားသခင်ဟ တဆူတည်း ဖြစ်အယ်။
ROM 3:31 အဲယုံကြည်ခြင်းအားဖြင့် ငါလို့ဟ ပညတ်တရားဟို ပယ်ဖျက်တာဟို ဆိုလိုသလော။ လုံးလုံး ဟုတ်ဝူး။ ပညတ်တရားဟို အတည်ပြုခြင်းသာ ဖြစ်အယ်။
ROM 4:1 အေးလို့ဖြစ်ယွေ့ ငါလို့ လူမျိုးရဲ့ အဖဖြစ်လဲ့ အာဗြဟံရဲ့ အကျောန်းဟို ငါလို့ စလို ပြောရမလုန်း။ သူရဲ့ အတွေ့အကြုံဟ ပစာလုန်း။
ROM 4:2 အာဗြဟံဟ အကျင့်အားဖြင့် ဖြောင့်မတ်တာဟု အသိအမှတ်ပြုခံရတာ မန်ရင် သူနှိုက် ဝါကြွားစရာအကျောန်း ဆိပေမဲ့ ဘုရားသခင် ဆေ့တော်နှိုက် အေးလို့ မဟုတ်ပေ။
ROM 4:3 ကျမ်းစာဟောတာဟ “အာဗြဟံသည် ဘုရားဟို ယုံကြည်တာဖြစ်ပင်း သူရဲ့ ယုံကြည်ခြင်းကျောန့် ဘုရားသခင်ဟ ဖြောင့်မတ်အယ်” ဟု လက်ခံအယ်။
ROM 4:4 လူတယောက်ဟ အလုပ်လုပ်သော သူလို့အား အားခ ပေးပေမဲ့လည်း အေးပိတ်ဆန်ဟ လက်ဆောင်ရလဲ့အရာ မဟုတ်ဘဲ ရသင့်ရထိုက်လဲ့အရာအဖြစ် မှတ်ယူရအယ်။
ROM 4:5 အဲလိုလဲ အကျင့်မဆိသောသူဟ မတရားသောသူရဲ့ အပစ်ဟို ဖြေသော ဘုရားသခင်အား ယုံကြည်ရင် သူရဲ့ ယုံကြည်ခြင်းဟို ဖြောင့်မတ်ခြင်းအဖြစ် သတ်မှတ်အယ်။
ROM 4:6 အေးအတူ ဒါဝိဒ်ဟလည်း ဘုရားသခင်ဟ အကျင့်ဟို မထောက်ဘဲ ဖြောင့်မတ်တာဟု သတ်မှတ်ခြင်းခံရသော သူရဲ့ မင်္ဂလာဟို ပြောဆိုရာနှိုက်၊
ROM 4:7 “တရားမဲ့သော အမှုများဟို ခွင့်လွှတ်ခြင်းခံရသောသူ၊ အပစ်များ ဖုံးအုပ်ခြင်းခံရသောသူဟ မင်္ဂလာဆိအယ်။
ROM 4:8 ထာဝရဘုရား အပစ်တင်ခြင်း မခံရသောသူဟ မင်္ဂလာ ဆိအယ်” ဟု ဆိုအယ်။
ROM 4:9 ဒါဝိဒ် ပြောခဲ့သော အေးမင်္ဂလာဟ အရေဖျားလှီးခြင်း ခံသူလို့သာ ပိုင်ဆိုင်သလော၊ မဟုတ်ပါ အရေဖျားလှီးခြင်းဟို မခံသော သူလို့ဟလည်း ပိုင်ဆိုင်ရအယ်။ အကျောန်းမှာ ငါလို့ ဖော်ပြခဲ့သော ကျမ်းစာအရ “အာဗြဟံဟ ဘုရားဟို ယုံကြည်သောကျောန့် ဘုရားသခင်ဟ သူဟို ဖြောင့်မတ်သောသူလိုမျိုး လက်ခံအယ်။”
ROM 4:10 အေးအရာဟ ပစာအချိန်မှာ ဖြစ်မလုန်း။ အာဗြံဟံဟ အရေဖျားလှီးခြင်းဟို ခံပင်းမှလော အဲဟာမဟုတ်ရင် မခံခင်လော။ ခံပင်းမှ မဟုတ်၊ မခံခင်ကတည်းက ဖြစ်အယ်။
ROM 4:11 အေးလို့ဖြင့် အာဗြဟံဟ အရေးဖျားမလှီးမီ ယုံကြည်ခြင်းအားဖြင့် ရဆိသော ဖြောင့်မတ်ခြင်းရဲ့ တံဆိပ်အဖြစ် အရေဖျားလှီးခြင်းရဲ့ အမှတ်လက္ခဏာဟို ခံယူအယ်။ ဟေစာဟ အာဗြဟံအား အရေဖျားမလှီးဘဲ ယုံကြည်သောသူအပေါင်းလို့ရဲ့ အဖဖြစ်စေရန်နဲ့ အေးသူလို့ဟလည်း ဖြောင့်မတ်ခြင်းဟို ရဆိကြစေရန်အတွက် ဖြစ်အယ်။
ROM 4:12 အဲအပြင် အာဗြဟံအား အရေဖျားလှီးထားသော သူလို့ရဲ့ အဖ ဖြစ်စေရန်နဲ့ အရေဖျား မလှီးထားသောသူ သာမကဘဲ အရေဖျား မလှီးခင်ကပင် ငါလို့အဖ အာဗြံဟံနှိုက်ဆိသော ယုံကြည်ခြင်း ခြေရာဟို လိုက်ဆှောက်သော သူလို့ရဲ့ အဖ ဖြစ်စေရန်အတွက် ဖြစ်အယ်။
ROM 4:13 ဘုရားသခင်ဟ အာဗြဟံနဲ့ သူရဲ့ အမျိုးနွယ်လို့အား လောကဟို ပိုင်စေမယ်လို့ ကတိထားသောအခါ၊ အာဗြဟံဟ ပညတ်တရားဟို နာခံသောကျောန့် မဟုတ်ဘဲ၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ဟ ဖြောင့်မတ်သောသူအဖြစ် လက်ခံသောကျောန့် ဖြစ်အယ်။
ROM 4:14 အကျောန်းမှာ ပညတ်တရားဟို နာခံလဲ့သူများဘဲ ဘုရားသခင်ရဲ့ ကတိတော်ဟို ခံစားရမယ်ဆိုရင်၊ ယုံကြည်ခြင်းဟ အလကားဖြစ်ပင်း ဘုရားသခင်ရဲ့ ကတိတော်လည်း အဓိပ္ပာယ် မဆိတော့ပေ။
ROM 4:15 အကျောန်းမှာ ပညတ်တရားဟ ဘုရားသခင်ဟို အူထော့စေပေမဲ့ ပညတ်တရား မဆိရင် ပညတ်တရားဟို ချိုးဖောက်ခြင်းလည်း မဆိနိန်။
ROM 4:16 အဲလိုမို့ ကတိတော်ဟ ယုံကြည်ခြင်းအပေါ်မှာ အခြေခံအယ်၊ အေးကတိတော်ဟို အာဗြံဟံရဲ့ အမျိုးနွယ်အပေါင်းလို့အား ဘုရားသခင် ပေးသော အခမဲ့လက်ဆောင်အဖြစ် အာမခံထားအယ်၊ အေးကတိတော်ဟ ပညတ်တရားဟို နာခံသူများအတွက် သာမကဘဲ၊ အာဗြံဟံလိုမျိုး ယုံကြည်သော သူလို့အတွက်လည်း ဖြစ်အယ်။ အကျောန်းမှာ အာဗြဟံဟ ငါလို့အားလုံးရဲ့ ဝိညာဉ်ရေးရာ အဖလည်း ဖြစ်အယ်။
ROM 4:17 ကျမ်းစာလာတာဟ “ငါသည် နင်လို့ ရမ်းဆာ့များလဲ့ လူမျိုးလို့ရဲ့ အဖ ဖြစ်စေပီ။” အဲလိုမို့ အာဗြံဟံဟ သေလွန်သောသူလို့ဟို အသက်ဆှင်စေသော ဘုရား၊ မတည်ဆိလဲ့အရာများဟို တည်ဆိလာစေရန် အမိန့်ပေးနိန်လဲ့ ဘုရားသခင်ရဲ့ ဆေ့နှိုက် ငါလို့အားလုံးရဲ့ အဖ ဖြစ်အယ်။
ROM 4:18 အာဗြဟံဟ မျော်လင့်စရာ မဆိလဲ့ အခြေအနေတွင် မျော်လင့်ယွေ့ ယုံကြည်ခြင်း ဆိသောကျောန့် “ရမ်းဆာ့များသော လူမျိုးလို့ရဲ့ အဖ ဖြစ်လာအယ်။” ကျမ်းစာလာတာဟ “နင့်ရဲ့ အမျိုးနွယ်လို့ဟ ကြယ်လိုမျိုး များလိမ့်မယ်” ဟု ဆိုအယ်။
ROM 4:19 သူဟ အသက် ၁၀၀ ခန့် ဆိယွေ့ သူ့ခန္ဓာကိုယ်ဟ အားနည်းလျက် အသေလိုမျိုးဆိကျောန်းဟိုလည်းကောင်း၊ စာရာဟ လူပဲ့မရနိန်ကျောန်းဟို သိဆိသော်လည်းကောင်း၊ သူရဲ့ ယုံကြည်ခြင်းနှိုက် အားနည်းခြင်း ဆိဝူး။
ROM 4:20 သူရဲ့ ယုံကြည်ခြင်းဟ သူ့ဟို မချန်ခဲ့ဝူး၊ သူဟ ဘုရားသခင်ရဲ့ ကတိတော်ဟို သံသယ ဆိခဲ့ဝူး၊ သူရဲ့ ယုံကြည်ခြင်းဟ တန်ခိုးနဲ့ပြေ့စေယွေ့၊ ဘုရားသခင်ဟို ချီးမွန်းလေအယ်။
ROM 4:21 သူဟ ဘုရားသခင် ကတိထားရာဟို လုပ်ဆောင်နိန်လိမ့်မယ်လို့ သူလုံးဝ ယုံကြည်ခဲ့အယ်။
ROM 4:22 အေးကျောန့် အာဗြဟံရဲ့ ယုံကြည်ခြင်းအားဖြင့် “ဘုရားသခင်ဟ သူ့အား ဖြောင့်မတ်လဲ့သူအဖြစ် လက်ခံအယ်။”
ROM 4:23 “သူဟ ဖြောင့်မတ်သူအဖြစ် လက်ခံခဲ့အယ်” ဟူသော စကားလုံးများဟို သူတယောက်တည်း အတွက်သာ ရေးသားခြင်း မဟုတ်ပါ။
ROM 4:24 ငါလို့ဟိုလည်း ရည်ညွန်းယွေ့ ရေးသားအယ်။ တနည်းအားဖြင့် ငါလို့ အဆှင်ယေရှုအား ဆှင်ပြန်ထမြောက်စေသော ဘုရားသခင်ဟို ငါလို့ ယုံကြည်သဖြင့် ငါလို့အား ဖြောင့်မတ်သူများအဖြစ် ကိုယ်တော် လက်ခံမယ် ဖြစ်သောကျောန့် ဖြစ်အယ်။
ROM 4:25 ငါလို့ အပစ်များကျောန့် သူအသေခံရန် အပ်နှံခြင်းဟို ခံရပင်း ဘုရားသခင်ရဲ့ အမြင်နှိုက် ဖြောင့်မတ်သောသူများအဖြစ် သတ်မှတ်ခံရဖို့အတွက် သူဟ သေခြင်းမှ ဆှင်ပြန်ထမြောက်စေအယ်။
ROM 5:1 အခု ငါလို့ဟ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်နှိုက် ဖြောင့်မတ်ခြင်းဟို ရဆိပင်း ဖြစ်သောကျောန့် ငါလို့သခင် ယေရှု ခရစ်အားဖြင့် ဘုရားသခင်နဲ့ ငြိမ်းချမ်းမှုဟို ရကြအယ်။
ROM 5:2 သူဟ အခု ငါလို့ အသက်ဆှင်နေသော ဘုရားသခင်ရဲ့ ကျေးဇူးတော်ထဲနှိုက် ယုံကြည်ခြင်းအားဖြင့် ငါလို့ဟို ခေါ်ဆောင်လာခဲ့အယ်။ အဲလိုမို့ ဘုရားသခင်ရဲ့ ဘုန်းတော်ဟို ရဆိမယ်လို့ မျော်လင့်ချက်နဲ့ ငါလို့ ဝါကြွားခြင်း ဖြစ်အယ်။
ROM 5:3 ဆင်းရဲဒုက္ခများဟိုလည်း ငါလို့ ဝါကြွားကြအယ်၊ ပစာကို့ ဆင်းရဲဒုက္ခဟ သည်းခံခြင်းဟို ဖြစ်စေတတ်ကျောန်း ငါလို့ သိကြအယ်။
ROM 5:4 သည်းခံခြင်းဟ ဘုရားသခင်ရဲ့ မျက်နှာသာကို ရဆိစေပင်း၊ သူရဲ့ မျက်နှာသာ ပေးခြင်းဟလည်း မျော်လင့်ချက်ဟို ဖန်တီးပေးပါအယ်။
ROM 5:5 အဲဒီ မျော်လင့်ချက်ဟ ငါလို့ဟို စိတ်ပျက်စေမှာ မဟုတ်၊ အကျောန်းမှာ ဘုရားသခင်ဟ ငါလို့အား ပေးသော သန့်ဆှင်းသော ဝိညာဉ်တော်ဟ ဘုရားသခင်ရဲ့ မေတ္တာတော်ဟို ငါလို့ စိတ်နေလုံးထဲဟို သွန်းလောင်းအယ်။
ROM 5:6 ငါလို့ဟ မျော်လင့်ချက်မဲ့ဆိစဉ်တွင် ခရစ်တော်ဟ အချိန်တန်တာနဲ့ ဘုရားတရားမဲ့သော သူလို့အတွက်ကျောန့် အသေခံအယ်။
ROM 5:7 တစုံတဦးဟ ဖြောင့်မတ်သောသူအတွက်ကျောန့် အသေခံရန် ခက်ခဲလှအယ်။ တစုံတဦးဟ လူကောင်းတယောက်အတွက် အသေခံဝံ့သူ ဆိကောင်းဆိလိမ့်မယ်။
ROM 5:8 အဲလိုလဲ ငါလို့ဟ အပစ်သားများဖြစ်နေစဉ် ခရစ်တော်ဟ ငါလို့အတွက်ကျောန့် အသေခံတာဖြစ်ယွေ့ ဘုရားသခင်ဟ ငါလို့အား စလောက်ချစ်ကျောန်း ပြသခဲ့အယ်။
ROM 5:9 အဲလိုမို့ သူရဲ့ အသွေးတော်အားဖြင့် အခု ငါလို့ဟ ဘုရားသခင်နှိုက် ဖြောင့်မတ်ခြင်းဟို ရဆိပင်းမှ၊ အေးမျှမက ဘုရားသခင်ရဲ့ အူထော့ခြင်းမှ သူ့အားဖြင့် ကယ်တင်ခြင်းဟို ရဆိကြလိမ့်မယ်။
ROM 5:10 ငါလို့ဟ ဘုရားသခင်ရဲ့ ရန်သူများ ဖြစ်ခဲ့ကြသော်လည်း သူရဲ့သားတော် အသေခံခြင်းအားဖြင့် ငါလို့အား မိတ်ဆွေ ဖြစ်စေအယ်။ အခု ငါလို့ဟ ဘုရားသခင်ရဲ့ မိတ်ဆွေများ ဖြစ်လာကြပီ ဖြစ်လဲ့အတွက် ခရစ်တော်ရဲ့ အသက်အားဖြင့် ကယ်တင်ခြင်းဟို ပိုယွေ့ ခံရကြလိမ့်မယ်။
ROM 5:11 အဲလိုလဲ အေးဟာ သာမကဘဲ ဘုရားသခင်ဟ ငါလို့အား ကိုယ်တော်ရဲ့ မိတ်ဆွေဖြစ်သော ငါလို့ သခင် ယေရှု ခရစ်အားဖြင့် ဘုရားသခင် ပြုသောအမှုကျောန့် ငါလို့ ဝမ်းမြောက်ကြအယ်။
ROM 5:12 အဲလိုမို့ အပစ်တရားဟ လူတယောက်အားဖြင့် ဟေလောကဟို ဝင်ယွေ့ သူ့အပစ်ကျောန့် သေခြင်းတရား ပေါ်ပေါက်လာရအယ်။ ရလဒ်အနေဖြင့် လူတိုင်း အပစ်ဆိသောကျောန့် သေခြင်းဟ လူသားအားလုံး အပေါ်နှိုက် သက်ရောက်ခဲ့အယ်။
ROM 5:13 ပညတ်တရား မပေးခင်ကတည်းဟ ဟေလောကနှိုက် အပစ်ဆိပေမဲ့ ပညတ်တရားမဆိရင် အပစ်ဟို အပစ်ဟု မှတ်ထားခြင်း မဆိ။
ROM 5:14 အဲလိုလဲ အာဒံ လက်ထက်မှစပင်း မောရှေ လက်ထက်အထိ အေးသေခြင်းတရားဟ လူသားအားလုံးလို့ဟို အုပ်စိုးခဲ့အယ်။ အာဒံလိုမျိုး ဘုရားသခင်ရဲ့ အမိန့်ဟို အာခံခြင်းဖြင့် အပစ်ကျူးခဲ့သူလို့ဟိုပင် သေခြင်းတရား စိုးမိုးခဲ့အယ်။ အာဒံဟ နောက်အခါလာမဲ့ သူရဲ့ ပုံရိပ် ဖြစ်အယ်။
ROM 5:15 အဲလိုလဲ သူလို့ နေဦးလုံးဟ မတူကြဝူး။ ပစာကို့ ဘုရားသခင်ရဲ့ အလကားကား ကျေးဇူးတော်ဟ အာဒံရဲ့ အပစ်ကျူးလွန်ပုံနဲ့ မတူဝူး။ အပစ်ဆိလဲ့ လူတယောက်ကျောန့် ရမ်းဆာ့လူများဟ သေကြတာ မန်အယ်။ အဲလိုလဲ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟ ပိုပင်း ကြီးမားအယ်။ တခြားတဦးဖြစ်သော ယေရှု ခရစ်တော်ရဲ့ ကျေးဇူးတော်အားဖြင့် ရမ်းဆာ့သော လူများရဆိလဲ့ အလကားကား ဆုကျေးဇူးဟလည်း ပိုပင်းကြွယ်ဝအယ်။
ROM 5:16 ဘုရားသခင်ရဲ့ ဆုကျေးဇူးနဲ့ လူတယောက်ရဲ့ အပစ်ဟ ကွာခြားအယ်။ အပစ်တခုပင်းနောက် “အပစ်ဆိသောသူ” ဖြစ်သောကျောန့် တရားစီရင်ခြင်း ခံရအယ်။ အဲလိုလဲ အပစ် ရမ်းဆာ့ ပြုသောကျောန့် ဆုကျေးဇူးနဲ့ မထိုက်တန်သောသော်လည်း “အပစ်များလျက်ပင်” လွတ်ခြင်းဟို ခံရအယ်။
ROM 5:17 အမန်မှာ လူတဦးရဲ့ အပစ်ကျောန့် သေခြင်းတရား စတင်အစိုးရခဲ့ခြင်းမှာ အဲလူတဦးကျောန့် ဖြစ်အယ်။ အဲလိုလဲ လူတဦးဖြစ်သူ ယေရှု ခရစ် လုပ်ဆောင်ခဲ့သော အရာများရဲ့ ရလဒ်များဟ စလောက်ပိုပင်း ကြီးမြတ်လုန်း။ ဘုရားသခင်ရဲ့ ကြွယ်ဝသော ကျေးဇူးတော်နဲ့ အလကားကား ဖြောင့်မတ်ခြင်း ရဆိသောသူ အားလုံးရဲ့ အသက်တာနှိုက် ခရစ်တော်အားဖြင့် အုပ်စိုးခြင်းဟို ခံရကြလိမ့်မယ်။
ROM 5:18 အေးကျောန့် လူတယောက်ဟ အပစ်လုပ်သောကျောန့် လူအားလုံး အပစ်စီရင်ခြင်း ခံရကြလဲ့နည်းတူ တယောက်သောသူရဲ့ ဖြောင့်မတ်ခြင်းအားဖြင့် လူအားလုံးလို့ဟ ပစ်ဒဏ်စီရင်ခြင်းမှ လွတ်မြောက်ယွေ့ အသက်ဆှင်ရအယ်။
ROM 5:19 အေးအပြင် လူတဦးရဲ့ မနာခံခြင်းကျောန့် လူအားလုံးဟ အပစ်သားများ ဖြစ်လာသလိုမျိုး၊ လူတဦးရဲ့ နာခံမှုကျောန့် အေးသူအပေါင်းလို့ဟ ဖြောင့်မတ်သောသူအဖြစ် သတ်မှတ်ခြင်းခံရကြအယ်။
ROM 5:20 ပညတ်တရားဟ ကျူးလွန်သော အပစ်ဟို များပြားစေရန် ဝင်ရောက်ခဲ့အယ်။ အဲလိုလဲ အပစ်များလာလဲ့ နေရာနှိုက် ကျေးဇူးတော်ဟ ပိုပင်း ပြေ့စုံကြွယ်ဝလေအယ်။
ROM 5:21 အဲလို့မို့ အပစ်တရားဟ သေခြင်းအားဖြင့် အစိုးရလဲ့အတိုင်း၊ ကျေးဇူးတော်ဟလည်း ဖြောင့်မတ်ခြင်းအားဖြင့် အစိုးရယွေ့ ငါလို့ သခင် ယေရှု ခရစ်အားဖြင့် ထာဝရအသက်ဟို ရဆိစေရန် ဖြစ်အယ်။
ROM 6:1 အဲပင်းရင် ငါလို့ စလိုပြောရမလုန်း။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ပိုပင်း တိုးပွားစေဖို့ အပစ်တရားထဲမှာ ဆက်ပင်း အသက်ဆှင်နေသင့်သလော။
ROM 6:2 အေးလို့မနေရ။ အပစ်တရားထဲမှ သေသော ငါလို့ဟ စလို အသက်ဆှင်ရအုံးမလုန်း။
ROM 6:3 အကျောန်းမှာ ငါလို့ဟ ယေရှု ခရစ်တော်နဲ့ တလုံးတဝတည်းဖြစ်ရန် နှစ်ခြင်းဟို ခံသောအခါ၊ သူရဲ့ အသေခံခြင်းနှိုက် ငါလို့ နှစ်ခြင်းခံခြင်းဖြင့် တလုံးတဝတည်းဖြစ်ကျောန်းဟို နင်လို့ အမန်ပင် သိကြအယ်။
ROM 6:4 ငါလို့ရဲ့ နှစ်ခြင်းခံခြင်းအားဖြင့် သူနဲ့အတူ မြှပ်နှံခြင်းဟိုခံပင်း သူနဲ့အတူ အသေခံကြအယ်။ ခရစ်တော်ဟ အဖရဲ့ ဘုန်းတန်ခိုးတော်အားဖြင့် သေခြင်းမှ ဆှင်ပြန်ထမြောက်စေလဲ့နည်းတူ ငါလို့အားလည်း အသက်တာ အသစ်နှိုက် အသက်ဆှင် နေထိန်ကြစေရန် ဖြစ်အယ်။
ROM 6:5 အကျောန်းမှာ သေခြင်းဖြင့် ငါလို့ဟ ကိုယ်တော်နဲ့ တလုံးတဝတည်း ဖြစ်လာအယ်၊ အေးနည်းအတိုင်း ငါလို့ဟလည်း သူလိုမျိုး အသက်ဆှင်ပြန် ထမြောက်ခြင်းအားဖြင့် ကိုယ်တော်နဲ့ တလုံးတဝတည်း ဆိလိမ့်မယ်။
ROM 6:6 ငါလို့ ဇာတိဟောင်းဟို ခရစ်တော်နဲ့အတူ လက်ဝါးကပ်တိုင်တွင် အသေခံပီဟု ငါလို့ သိကြအယ်၊ အေးလို့ လုပ်စေရခြင်းမှာ အပစ်တရားရဲ့ စွမ်းအားဟို ဖျက်ဆီးခြင်းအားဖြင့် ငါလို့ဟ အပစ်ရဲ့ ကျွန်ဖဝါ့မှ လွတ်မြောက်ကြစေရန်ပင် ဖြစ်ကျောန်း ငါလို့ သိကြအယ်။
ROM 6:7 အကျောန်းမှာ ငါလို့ဟ သေကြသောအခါ အပစ်တရားရဲ့ လက်မှ လွတ်ကြအယ်။
ROM 6:8 ငါလို့ဟ ခရစ်တော်နဲ့အတူ သေကြပီဖြစ်ယွေ့ ကိုယ်တော်နဲ့အတူ အသက်ဆှင်ရလိမ့်မယ်ဟု ငါလို့ ယုံကြည်ကြအယ်။
ROM 6:9 ခရစ်တော်ဟ သေခြင်းမှ ဆှင်ပြန်ထမြောက်သဖြင့် နောက်တခါ ဖယ်တော့မှ မသေတော့ကျောန်းဟို ငါလို့ သိကြအယ်၊ သေခြင်းတရားဟ ကိုယ်တော်ဟို မအုပ်စိုးရတော့ပေ။
ROM 6:10 အဲလိုမို့ ခရစ်တော် အသေခံတာဟ အပစ်တရားကျောန့် တကြိမ်တည်းနဲ့အပီး အသေခံတာဖြစ်ယွေ့ အခု အသက်ဆှင်တာဟ ဘုရားသခင်နှိုက် အသက်ဆှင်အယ်။
ROM 6:11 အေးနည်းတူ နင်လို့ဟ အပစ်တရားနဲ့ဆိုင်သော အရာနှိုက် ကိုယ့်ကိုယ်ကို သေသောသူလိုမျိုး ဖြစ်ပေမဲ့ ယေရှု ခရစ်တော်အားဖြင့် ဘုရားသခင်နဲ့အတူ မိတ်သဟာယ ဖွဲ့လျက် အသက်ဆှင်အယ်ဟု ထင်ကြရမယ်။
ROM 6:12 နင်လို့ဟ ခန္ဓာကိုယ်ရဲ့ အလိုဆန္ဒဟို လိုက်ရန် နင်လို့ရဲ့ သေတတ်သော ခန္ဓာကိုယ်ကို အပစ်အား အစိုးမရစေနဲ့။
ROM 6:13 မကောင်းသော ရည်ရွယ်ချက်နှိုက် အသုံးပြုရန် နင်လို့ရဲ့ ကိုယ်အင်္ဂါများဟို အပစ်အား မဆက်သစေနဲ့။ အဲအစား၊ သေခြင်းမှ အသက်ဆှင်ခြင်းဟို ကူးမြောက်သောသူလိုမျိုး နင့်ရဲ့ မန်ကန်လဲ့ ရည်ရွယ်ချက်အတွက် အသုံးပြုရန် ကိုယ်အင်္ဂါတခုလုံးဟို ဘုရားသခင်အား ဆက်သကြလော့။
ROM 6:14 အပစ်တရားဟ နင်လို့ရဲ့ သခင် မဖြစ်စေနဲ့၊ နင်လို့ဟ ပညတ်တရား လက်အောက်နှိုက် ဆိတာမဟုတ်၊ ဘုရားသခင်ရဲ့ ကျေးဇူးတော် အောက်နှိုက် ဆိကြသောကျောန့် ဖြစ်အယ်။
ROM 6:15 အေးလို့ဖြစ်ရင် စလိုလဲ၊ ငါလို့ဟ ပညတ်တရား အောက်နှိုက်မဆိတော့ဘဲ ဘုရားသခင်ရဲ့ ကျေးဇူးတရား အောက်နှိုက်ဆိကြသဖြင့် အပစ်ကျူးလွန်ရမယ်လော၊ အေးလို့မလုပ်ရ။
ROM 6:16 နင်လို့ဟ တစုံတဦးအား မိမိတတ်တိုင်း ဆက်သယွေ့ ကျွန်အဖြစ် နာခံရင် နင်လို့ဟ နင်လို့နာခံသော ကျွန်ဖြစ်ကြပင်း သေခြင်းဟို ရောက်စေလဲ့ အပစ်ရဲ့ ကျွန် အဲဟာမဟုတ်ရင် ဖြောင့်မတ်ခြင်းဟို ရောက်စေလဲ့ နာခံမှုရဲ့ ကျွန်ဖြစ်တတ်အယ်ဟု နင်လို့ မသိကြသလော။
ROM 6:17 နင်လို့ဟ တချိန်ဟ အပစ်တရားရဲ့ ကျွန် ဖြစ်ဖူးသော်လည်း နင်လို့ ရဆိသော သင်ကြားမှုတွင် တွေ့ရသော အမန်တရားများဟို စိတ်နေလုံးအကြွင်းမဲ့ နာခံခဲ့သောကျောန့် ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ချီးမွန်းအယ်။
ROM 6:18 နင်လို့ဟ အပစ်တရားမှ လွတ်မြောက်ကြပင်း၊ ဖြောင့်မတ်ခြင်းရဲ့ ကျွန် ဖြစ်လာအယ်။
ROM 6:19 နင်လို့ရဲ့ ဇာတိသဘောအရ အားနည်းသောကျောန့် ငါနေ့တိုင်းသုံးနေကြ ဘာသာစကားဟိုပဲ အသုံးပြုအယ်။ တချိန်က နင်ဟ ညစ်ညမ်းသော အမှုများအတွက် ညစ်ညူးခြင်းနဲ့ ဆိုးညစ်သော ကျွန်များအနေဖြင့် မိမိလို့ကိုယ်ကို လုံးဝအပ်နှံခဲ့အယ်။ အေးနည်းတူ နင်လို့ အခုအခါနှိုက် နင်လို့အဖို့ သန့်ဆှင်းသော ရည်ရွယ်ချက်များ ပြုနိန်ရန် ဖြောင့်မတ်ခြင်းတရားရဲ့ လက်ဟို ကျွန်အဖြစ် ကိုယ့်ကိုယ်ကို အပ်နှံကြပါ။
ROM 6:20 နင်လို့ဟ အပစ်တရားရဲ့ ကျွန်ဖြစ်နေစဉ်ခါဟ ဖြောင့်မတ်ခြင်းတရားရဲ့ လက်မှ လွတ်မြောက်ကြအယ်။
ROM 6:21 နင်အခု ဆှက်ကြောက်နေလဲ့ အရာများမှ အေးအချိန်တွင် နင် ပစာ အကျိုးကျေးဇူးဟို ရခဲ့သလဲ။ အေးအရာများရဲ့ ရလဒ်ဟ သေခြင်း ဖြစ်အယ်။
ROM 6:22 အဲလိုလဲ အခုမှာ နင်ဟ အပစ်တရားမှ လွတ်မြောက်ပင်းရင် ဘုရားသခင်ရဲ့ ကျွန်များ ဖြစ်လာကြပီ။ နင်လို့ရဆိလဲ့ ကိုယ်တော်အတွက် မိမိကိုယ်ကို အကြွင်းမဲ့ ဆက်ကပ်ခြင်း ဖြစ်အယ်၊ အဲရဲ့ ရလဒ်ဟ ထာဝရအသက် ဖြစ်အယ်။
ROM 6:23 အကျောန်းမှာ အပစ်တရားရဲ့ အခဟ သေခြင်းဖြစ်ပေမဲ့ ဘုရားသခင်ရဲ့ အလကားကား လက်ဆောင်ဟ ငါလို့ အဆှင် ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်းဖြစ်ခြင်းအားဖြင့် ရဆိလဲ့ ထာဝရ အသက် ဖြစ်အယ်။
ROM 7:1 ညီအကို မောင်နှမလို့၊ ပညတ်တရားဟို သိထားသောသူလို့အား ငါပြောတာဟ ပညတ်တရားသည် လူတဦးဟို သူအသက်ဆှင်နေသမျှ ကာလနှိုက်သာ ချုပ်ကိုင်ထားတာဟို နင်လို့ မသိကြသလော။
ROM 7:2 ဥပမာ အိမ်ထောင်သည် မိန်းမဟ ပညတ်တရားအရ ဖိုးအို အသက်ဆှင်နေသရွေ့ သူနဲ့ အနှောင်အဖွဲ့ ဆိအယ်၊ အဲလိုလဲ ဖိုးအိုသေရင် သူနဲ့ပတ်သက်သော ပညတ်တရားမှ ကင်းလွတ်အယ်။
ROM 7:3 အေးကျောန့် သူဟ မိမိရဲ့ ဖိုးအို အသက်ဆှင်လျက် ဆိပင်း တခြားလူတယောက်နဲ့ ပေါင်းသင်းနေထိန်ပါဟ မျောက်မထားသူလို့ အခေါ်ခံရလိမ့်မယ်။ အဲလိုလဲ သူရဲ့ ဖိုးအိုသေရင် အေးပညတ်တရားနဲ့ လွတ်သွားပီ ဖြစ်ယွေ့ တခြားလူတယောက်နဲ့ လက်ထပ်ရင် မျောက်မထားသူဟု အခေါ်မရတော့ဝူး။
ROM 7:4 အေးနည်းတူ ငါ့ညီအကိုလို့၊ နင်လို့ဟလည်း ခရစ်တော်ရဲ့ ကိုယ်ခန္ဓာအားဖြင့် ပညတ်တရားအရာနှိုက် သေဆုံးခဲ့ကြပီ၊ အေးစာဟ နင်လို့ဟ အခြားသူတည်းဟူသော သေသောသူလို့ထဲမှ ထမြောက်သောအဆှင်နဲ့ သက်ဆိုင်သောသူများ ဖြစ်လာကြပင်း ဘုရားသခင်အတွက် အသီးများ ဖြစ်ထွန်းစေရန် ဖြစ်အယ်။
ROM 7:5 အကျောန်းမှာ ငါလို့ဟ လူ့ဇာတိသဘောအရ အသက်ဆှင်နေကြသောအခါ ပညတ်တရားကျောန့် ဖြစ်ပေါ်လာလဲ့ ပြင်းပြသော အပစ် လုပ်ချင်စိတ်ဟ ငါလို့ရဲ့ ခန္ဓာကိုယ်နှိုက် အလုပ်လုပ်နေပင်း ငါလို့ သေခြင်းနှိုက် အဆုံးသတ်သွားအယ်။
ROM 7:6 အခု ငါလို့ဟို တုတ်ချေထားလဲ့ ပညတ်တရားအရာနှိုက် သေဆုံးခဲ့ကြပင်း ပညတ်တရားမှ လွတ်မြောက်ခွင့်ရကြပီ ဖြစ်ယွေ့ အက္ခရာတင်ထားသော တရားရဲ့ နည်းလမ်းဟောင်းအားဖြင့် မဟုတ်ဘဲ ဝိညာဉ်တော်ရဲ့ နည်းလမ်းသစ်အားဖြင့် အစေခံလျက် ဆိကြအယ်။
ROM 7:7 အဲလို့ဖြစ်ရင် ငါလို့ စလိုဟောရမလော၊ ပညတ်တရားဟ အပစ်ဖြစ်သလော။ လုံးလုံးဟုတ်ဝူး။ အဲလိုလဲ ပညတ်တရားဟ အပစ် စလိုလည်းဆိုတာ ငါလို့ဟို သိစေခဲ့အယ်။ အကယ်ယွေ့ ပညတ်တရားဟ “သူတပါးပိုင်လဲ့ အရာတစုံတခုဟို မတပ်မက်ကြနဲ့” ဟု မပြောရင် အေးလို့သော ဆန္ဒဟို ငါလို့ သိဆိလိမ့်မယ် ဟုတ်မောင့်လဲ့။
ROM 7:8 အဲလိုလဲ အေးပညတ်တရားအားဖြင့် အပစ်ဟ ငါလို့နှိုက် တကိုယ်ကောင်းဆန်လဲ့ ဆန္ဒများဟို နှိုးဆွရန် အခွင့်အရေးရဆိခဲ့အယ်။ ပညတ်တရား မဆိရင် အပစ်တရားဟာ သေလျက်နေအယ်။
ROM 7:9 ငါတတ်တိုင်း ပညတ်တရားရဲ့ ဆိတ်ကွယ်ရာအရပ်မှာ အသက်ဆှင်ခဲ့အယ်။ အဲလိုလဲ ပညတ်တရား ပေါ်လာသောအခါ အပစ်တရားဟ ဆှင်ပြန်ပင်း၊
ROM 7:10 အေးနောက် ငါသေရအယ်။ အသက်ဆှင်ခြင်းဟို ရောက်ဖို့ ပညတ်တရားဟ ငါနှိုက် သေလေအယ်။
ROM 7:11 အပစ်တရားဟ အေးအခွင့်အရေးဟို ရဆိခဲ့ပင်း ငါ့ဟို လိမ်စားယွေ့ ပညတ်တော်အားဖြင့် ငါ့ဟို သတ်လေအယ်။
ROM 7:12 အေးကျောန့် ပညတ်တရားဟ သန့်ဆှင်းအယ်၊ ပညတ်တော်ဟလည်း သန့်ဆှင်းခြင်း၊ မန်ကန်ခြင်းနဲ့ ကောင်းမြတ်အယ်။
ROM 7:13 အဲလို့မို့ ကောင်းမြတ်သောအရာဟ ငါ့အတွက် သေခြင်းအကျောန်းဖြစ်သလော။ လုံးလုံး ဟုတ်ဝူး။ ငါ့အတွက် သေခြင်းအကျောန်း ဖြစ်သောအရာမှာ အပစ်ပင် ဖြစ်ယွေ့ အပစ်ဟ အပစ်ဖြစ်ကျောန်း ထင်ဆှားစေရန် ဟေကောင်းမြတ်သောအရာအားဖြင့် ငါနှိုက် သေခြင်းဟို ဖြစ်ပေါ်စေအယ်။ အေးလို့ဖြင့် အပစ်ဟ ပညတ်တော်အားဖြင့် အတိုင်းထက်အလွန် အပစ်များသောအရာ ဖြစ်လာအယ်။
ROM 7:14 ပညတ်တရားဟ ဝိညာဉ်ရေးရာနဲ့ ဆိုင်ကျောန်း ငါလို့ သိကြအယ်၊ အဲလိုလဲ ငါဟ သွေးသားဇာတိနှိုက် ဆိသူဖြစ်ပင်း အပစ်တရားလက်နှိုက် ကျေးကျွန် ဖြစ်အယ်။
ROM 7:15 ငါ့ပစာလုပ်လဲဆိုတာဟို ငါ့တတ်တိုင်း နားမလည်၊ အကျောန်းမှာ ငါဟ ကျင့်ချင်သော အကျင့်ဟို မကျင့်ဘဲ ငါမုန်းလဲ့အရာဟိုသာ လုပ်သောကျောန့် ဖြစ်အယ်။
ROM 7:16 ငါဟ မိမိမလုပ်ချင်သော အရာများဟို လုပ်ကတည်းဟ အဲပညတ်တရားဟ မန်တယ်လို့ ငါသဘောတူတယ် ဆိုတာဟို ပြသအယ်။
ROM 7:17 အေးကျောန့် ငါတကယ် ဟေအမှုဟို ပြုသောသူ မဟုတ်၊ ငါ့အထဲနှိုက် နေသော အပစ်တရားဟ ပြုစေအယ်။
ROM 7:18 ငါ့အသက်ဆှင်လဲ့ အထဲမှာ ကောင်းသောအရာ မဆိကျောန်းဟို ငါ သိအယ်၊ အေးအရာဟ ငါရဲ့ လူ့သဘောသဘာဝ ဖြစ်အယ်။ အကျောန်းမှာ ကောင်းသော အကျင့်ဟို ငါကျင့်ချင်သောအခါ ငါ အဲဒါဟို လုပ်လို့ မရဘူး။
ROM 7:19 ငါဟ လုပ်ချင်သော အကျင့်ကောင်းဟို မကျင့်၊ အဲအစား ငါ မကျင့်ချင်သော အကျင့်ဆိုးဟို ကျင့်အယ်။
ROM 7:20 ငါမလုပ်ချင်တာဟိုလုပ်ရင် အေးဟာဟ ငါတတ်တိုင်းလုပ်တာ မဟုတ်။ အဲအစား ငါ့အထဲနှိုက်နေသော အပစ်တရားဟ ပြုလုပ်အယ်။
ROM 7:21 အေးကျောန့် ပညတ်တရားဟာ အလုပ်ဖြစ်နေပီ ဆိုတာဟို ငါ တွေ့ဆိခဲ့အယ်၊ ငါကောင်းသောအမှုဟို ပြုလိုသောအခါ၊ မကောင်းသောအကျင့်ဟို ငါ ကျင့်ချင်သောစိတ် ဆိအယ်။
ROM 7:22 ငါရဲ့ အတွင်းစိတ်ဟ ဘုရားသခင်ရဲ့ ပညတ်တရားနှိုက် မွေ့လျော်ပါအယ်။
ROM 7:23 အဲလိုလဲ ငါ့ရဲ့ ခန္ဓာကိုယ် အထဲမှာဆိလဲ့ အခြား ပညတ်တရား အလုပ်တခုဟို ငါ မျော်ရအယ်၊ ငါ့ရဲ့ စိတ်ထဲမှ လက်ခံလဲ့ ပညတ်နဲ့ ဆန့်ကျင်သော ပညတ် ဖြစ်အယ်။ ၎င်းဟ ငါ့ရဲ့ ခန္ဓာကိုယ်နှိုက် အလုပ်လုပ်နေလဲ့ အပစ်တရားရဲ့ ပညတ်တရားဟို အကျဉ်းကျစေအယ်။
ROM 7:24 ငါဟ မပျော်ရွင်လဲ့ လူပါလား၊ ငါ့ဟို သေစေတတ်သော ဟေခန္ဓာကိုယ်မှ ငါ့ဟို စသူ ကယ်တင်နိန်မှာလုန်း။
ROM 7:25 ငါလို့ သခင် ယေရှု ခရစ်တော်အားဖြင့် ကယ်လွှတ်သော ဘုရားသခင်ရဲ့ ကျေးဇူးဟ ကြီးလှပေအယ်။ အချုပ်အားဖြင့် ငါရဲ့ ဖြစ်ရပ်ဟို ဖော်ပြရသော် ငါဟ စိတ်အားဖြင့် ဘုရားသခင်ရဲ့ တရားတော်အောက်နှိုက် အစေခံသော်လည်း ဇာတိသဘောအားဖြင့် အပစ်တရားအောက်နှိုက် အစေခံအယ်။
ROM 8:1 အေးကျောန့် ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်း ဖြစ်သူလို့ဟ အပစ်စီရင်ခြင်းနဲ့ အခု လွတ်ကြအယ်။
ROM 8:2 ပစာကို့ ခရစ်တော် ယေရှုအားဖြင့် အသက်ဆှင်ခြင်းသို့ ရောက်သော ဝိညာဉ်တော်ရဲ့ ပညတ်တရားဟ သေခြင်းနဲ့ အပစ်တရားလက်မှ ငါ့ဟို လွတ်မြောက်စေသောကျောန့် ဖြစ်အယ်။
ROM 8:3 ဇာတိအားဖြင့် ပညတ်တရားဟ အားနည်းသောကျောန့် မတတ်နိန်သောအမှုဟို ဘုရားသခင်ဟ ဆောင်ရွက်ပေးအယ်။ ကိုယ်တော်ဟ အပစ်တရားဟို ဇာတိသဘောတွင် အပစ်ဒဏ်စီရင်နိန်ရန် မိမိရဲ့ သားတော်အား လောကဟို စေလွှတ်ခြင်းအားဖြင့် အပစ်တရားဟို ဖယ်ဆှားရန် ငါလို့ရဲ့ အပစ်ဆိသော ဇာတိသဘောလိုမျိုး သဘောသဘာဝနဲ့လာအယ်။
ROM 8:4 အေးစာဟ ဇာတိပကတိ အလိုအတိုင်း မဟုတ်ဘဲ ဝိညာဉ်တော် အလိုအတိုင်း အသက်ဆှင် ဆှောက်လှမ်းနေကြသော ငါလို့နှိုက် ပညတ်တရားရဲ့ ပြဋ္ဌာန်းချက်များ ပြေ့စုံစေရန် ဖြစ်အယ်။
ROM 8:5 ဇာတိပကိအတိုင်း အသက်ဆှင်သော သူလို့ဟ ဇာတိပကတိ ဆန္ဒဆိတာဟို သူလို့စိတ်ထဲတွင် ထားကြအယ်။ အဲလိုလဲ ဝိညာဉ်ပကတိ ဆိသော သူလို့ဟတော့၊ ဝိညာဉ်ပကတိနဲ့ ဆိုင်သောအရာလို့ဟို စွဲလမ်းသော စိတ်သဘော ဆိကြအယ်။
ROM 8:6 လူဇာတိနဲ့ဆိုင်လဲ့ စိတ်ဟ သေခြင်း ဖြစ်ပေမဲ့ ဝိညာဉ်နဲ့ဆိုင်လဲ့ စိတ်သဘောဟ အသက်ဆှင်ခြင်းအကျောန်းနဲ့ ငြိမ်သက်ခြင်းအကျောန်း ဖြစ်အယ်။
ROM 8:7 လူ့ဇာတိနဲ့ဆိုင်သော စိတ်ဟ ဘုရားသခင်နဲ့ ဆန့်ကျင်ဖက်ဖြစ်အယ်။ ဘုရားသခင်ရဲ့ ပညတ်တရားဟို မနာခံတတ်၊ အဟုတ်တတ်လည်း မလိုက်ဆှောက်နိန်။
ROM 8:8 ဇာတိပကတိနှိုက်ဆိသော သူလို့ဟ ဘုရားသခင်ရဲ့ စိတ်တော်နဲ့ မတွေ့နိန်ကြ။
ROM 8:9 အဲလိုလဲ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟ နင်လို့အထဲနှိုက် ကျိန်းဝပ်ရင် နင်လို့ဟ ဇာတိပကတိဘက်နှိုက် အသက်မဆှင်။ အဲအစား ဝိညာဉ်တော်ရဲ့ လှုံ့ဆော်လဲ့အတိုင်း ပြုမူကျင့်ကြံကြအယ်။ ခရစ်တော်ရဲ့ ဝိညာဉ်တော်ဟို မရသောသူဟ ကိုယ်တော်နဲ့ မဆိုင်။
ROM 8:10 အဲလိုလဲ ခရစ်တော်ဟ နင်လို့အထဲနှိုက် ဆိရင်၊ ခန္ဓာကိုယ်ဟ အပစ်ကျောန့် အသေဖြစ်သော်လည်း ဝိညာဉ်ဟတော့ ဖြောင့်မတ်ခြင်းကျောန့် အသက်ဆှင်လျက် ဆိအယ်။
ROM 8:11 ယေရှုဟို သေခြင်းမှ ထမြောက်စေသော ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟ နင်လို့အထဲနှိုက် အသက်ဆှင်ရင် ခရစ်တော်ဟို သေခြင်းမှ ဆှင်ပြန်ထမြောက်စေသော အဆှင်ဟ နင်လို့ အထဲနှိုက် ကျိန်းဝပ်သော သူရဲ့ ဝိညာဉ်တော်အားဖြင့် သေတတ်သော နင်လို့ရဲ့ ခန္ဓာကိုယ်ဟိုလည်း အသက်ဆှင်စေလိမ့်မယ်။
ROM 8:12 အေးကျောန့် ညီအကို မောင်နှမလို့ ငါလို့နှိုက် တာဝန်ဆိသော်လည်း ဇာတိပကိအားဖြင့် အသက်ဆှင်ကြရန် မဟုတ်။
ROM 8:13 အကျောန်းမှာ နင်လို့ဟ ဇာတိပကိအတိုင်း အသက်ဆှင်ရင် သေကြရလိမ့်မယ်။ အဲလိုလဲ ဝိညာဉ်တော်အားဖြင့် ကိုယ်ကာယရဲ့ အကျင့်လို့ဟို သေစေရင် အသက်ဆှင်ကြလိမ့်မယ်။
ROM 8:14 ဘုရားသခင်ရဲ့ ဝိညာဉ်တော် ဆုံးမပဲ့ပြင်သော သူလို့ဟ ဘုရားသခင်ရဲ့ လူပဲ့သငယ်များ ဖြစ်ကြအယ်။
ROM 8:15 နင်ရဆိသော ဝိညာဉ်တော်ဟ နင့်အား ကျွန်အဖြစ် ပစ်မထားပါ။ နင်လို့ဟ တဖန် ကြောက်တတ်သော စိတ်လည်း ဆိစေတာ မဟုတ်ဘဲ၊ နင်ရဆိထားသော ဝိညာဉ်တော်ရဲ့ တန်ခိုးအားဖြင့် နင်လို့ဟ လူပဲ့သငယ်များ ဖြစ်စေပင်း “အဗ္ဗ၊ အဖ” ဟု ငါလို့ ခေါ်ကြအယ်။
ROM 8:16 ငါလို့ဟ ဘုရားသခင်ရဲ့ လူပဲ့သငယ်များဖြစ်ကြတာဟု ဝိညာဉ်တော်ဟ ငါလို့ရဲ့ ဝိညာဉ်နဲ့အတူ သက်သေခံအယ်။
ROM 8:17 အဲလို့ လူပဲ့သငယ်များဖြစ်ကြရင် အမွေခံများလည်း ဖြစ်ကြအယ်။ ငါလို့ဟ ခရစ်တော်နဲ့အတူ ဘုန်းတော်ချီးမြောက်ခြင်းခံရရန် ဒုက္ခဆင်းရဲခြင်းဟိုလည်း ကိုယ်တော်နဲ့အတူခံရကြရင် ဘုရားသခင်ရဲ့ အမွေခံများဖြစ်ကြပင်း ခရစ်တော်နဲ့အတူ အမွေဆက်ခံများလည်း ဖြစ်ကြအယ်။
ROM 8:18 အခု လက်ဆိကာလနှိုက် ငါလို့ခံရကြလဲ့ ဆင်းရဲဒုက္ခဟို ငါလို့အား ပေါ်လွင်ထင်ဆှားမဲ့ ဘုန်းအသရေနဲ့ နှိုင်းယှဉ်ယွေ့ မရဟု ငါထင်အယ်။
ROM 8:19 ဟေလောကဟ ဘုရားသခင် သားလို့ရဲ့ ပေါ်ထွန်းခြင်းအရာဟို ရမ်းဆာ့ တောင့်တ မျော်လင့်လျက်နေအယ်။
ROM 8:20 ဖန်ဆင်းခြင်းဟ စိတ်ပျက်ခြင်းနဲ့ ကြုံတွေ့လာခဲ့တာဟ ကိုယ်ပိုင်ရွေးချယ်မှုကျောန့် မဟုတ်ဘဲ ဘုရားသခင်ရဲ့ အလိုတော်ကျောန့် ဖြစ်အယ်။ အဲလိုမို့ မျှော်လင့်ချက် ဆိအယ်။
ROM 8:21 ဖန်ဆင်းခံ လောကတတ်တိုင်း ယိုယွင်းပျက်ဆီးခြင်းရဲ့ ကျွန်အဖြစ်မှ လွတ်မြောက်ပင်း ဘုရားသခင်ရဲ့ လူပဲ့သငယ်များရဲ့ ဘုန်းအသရေနဲ့ ပြေ့သော လွတ်လပ်ခြင်းဟို ဆောင်ယူခံရလိမ့်မယ်။
ROM 8:22 ဖန်ဆင်းခြင်း တခုလုံးဟ အခုကာလအချိန်အထိ လူပဲ့မွေးဖွားခြင်း ဝေဒနာများလိုမျိုး ညည်းတွားမြည်တမ်းနေကျောန်း ငါလို့ သိကြပါအယ်။
ROM 8:23 ဖန်ဆင်းခံလောက သာမက ဝိညာဉ်တော်ရဲ့ အသီးအပွင့်များဆိသော ငါလို့တတ်တိုင်းလည်း ဘုရားသခင်ရဲ့ လူပဲ့များဖြစ်အောန် သူပြုလုပ်ခြင်း၊ ငါလို့ရဲ့ ခန္ဓာကိုယ် ရွေးနုတ်ခြင်းအတွက် စိတ်အားထက်သန်စွာ စောင့်မျော်နေစဉ်အတွင်း စိတ်ထဲနှိုက် ညည်းတွားနေကြအယ်။
ROM 8:24 အကျောန်းမှာ ငါလို့ဟ မျော်လင့်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ ရောက်အယ်။ အဲလိုလဲ မျော်တွေ့ရလဲ့ မျော်လင့်ခြင်းဟ မျော်လင့်ခြင်း အမန် မဟုတ်ပါ။ အကျောန်းမှာ စသူဟ မျော်သောအရာဟို ဆက်ယွေ့ မျော်လင့်မယ်လော။
ROM 8:25 အဲလိုလဲ ငါလို့မှာ မမျော်သေးလဲ့အရာဟို မျော်လင့်အယ်ဆိုရင် အေးအရာဟို စိတ်ဆှည်စွာနဲ့ စောင့်ဆိုင်းရအယ်။
ROM 8:26 အေးနည်းတူပင် ဝိညာဉ်တော်ဟ ငါလို့ရဲ့ အားနည်းချက်ဟို ကူညီပေးအယ်။ ငါလို့ စလို ဆုတောင်းရမယ်ဟို မသိကြပေမဲ့ ငါလို့ ဝိညာဉ်တော်တတ်တိုင်း စကားဖြင့် ဖော်ပြယွေ့ မရနိန်သော ညည်းတွားသံများဖြင့် ငါလို့အတွက် အသနားခံပေးအယ်။
ROM 8:27 ငါလို့ စိတ်နေလုံးဟို စစ်ကြောစုံစမ်းသောသူဟ ဝိညာဉ်တော်ရဲ့ စိတ်သဘောဟိုလည်း သိအယ်။ ပစာကို့ ဝိညာဉ်တော်ဟ ဘုရားသခင်ရဲ့ အလိုတော်နဲ့ အညီ သန့်ဆှင်းသူလို့အတွက် အသနားခံပေးအယ်။
ROM 8:28 ဘုရားသခင်ဟို ချစ်သောသူ တည်းဟူသော အကြံအစည်အတိုင်း ခေါ်သောသူများအတွက် ဘုရားသခင်ဟ ခပ်သိမ်းသော အမှုအရာလို့ဟို ပူးပေါင်း လုပ်ဆောင်စေယွေ့ ကောင်းကျိုးဖြစ်စေကျောန်းဟို ငါလို့ သိကြအယ်။
ROM 8:29 ဘုရားသခင်ဟ ကြိုရွေးချယ်ထားသော သူလို့ဟို မိမိသားတော်ရဲ့ ပုံသဏ္ဌာန်တော်နဲ့အညီ ခွဲခန့်ထားအယ်။ အေးလို့ပြုလုပ်ခြင်းမှာ သားတော်ဟ ညီအကိုများထဲမှ သားဦးအရာ ဖြစ်စေချင်သောကျောန့် ဖြစ်အယ်။
ROM 8:30 အေးလို့ ခွဲခန့်မှတ်သားနဲ့သော သူလို့ဟို ခေါ်အယ်၊ ခေါ်သောသူလို့လည်း ဖြောင့်မတ်ရာနှိုက် တည်စေအယ်၊ အေးလို့ ဖြောင့်မတ်ရာနှိုက် တည်စေသောသူလို့ဟိုလည်း ဘုန်းတော် ထင်ဆှားစေအယ်။
ROM 8:31 အဲလိုမို့ ဟေအရာနှိုက် စလို တုန့်ပြန်စရာ ဆိလုန်း၊ ဘုရားသခင်ဟ ငါလို့ဖက်နှိုက် ဆိရင် စသူဟ ငါလို့တဖက်နှိုက် နေနိန်မလုန်း။
ROM 8:32 မိမိရဲ့ သားတော်ရင်းဟို မနှမြောဘဲ ငါလို့ ဆိသမျှအဖို့ စွန့်သောသူဟ၊ ငါလို့အတွက် သားတော်ဟို ပူဇော်သောသူဟ အရာခပ်သိမ်းဟို ငါလို့အား အလကားကား မပေးဘဲ နေမလော။
ROM 8:33 ဘုရားသခင် ရွေးချယ်သောသူလို့ဟို စသူဟ အပစ်တင်မလုန်း၊ သူလို့ဟို အပစ်မဆိဟု ကြေညာသူဟ ဘုရားသခင်တတ်တိုင်း ဖြစ်အယ်။
ROM 8:34 အေးကျောန့် အပစ်စီရင်သောသူဟ စသူလုန်း။ အသေခံတာ သာမက ထမြောက်သော ခရစ်တော် ယေရှုဟ ဘုရားသခင်ရဲ့ လက်ယာဘက်တွင် နေယွေ့ ငါလို့အတွက် အသနားခံပေးသောသူဟ ခရစ်တော်ပင် ဖြစ်အယ်။
ROM 8:35 ခရစ်တော်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ငါလို့ဟို စသူ ကွာစေနိန် မလုန်း။ ဆင်းရဲခြင်း၊ ကျဉ်းကျပ်ခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်း၊ မွတ်သိပ်ခြင်း၊ ဆင်းရဲနွမ်းပါးခြင်း၊ ဘေးအန္တရာယ်နဲ့ တွေ့ခြင်း၊ ကွပ်မျက်ခံရခြင်း စတာလို့လော။
ROM 8:36 ကျမ်းစာလာတာဟ “ကိုယ်တော်အတွက် ငါလို့ဟ အစဉ်မပြတ် သေခြင်းဘေးဟို ခံရကြပါအယ်။ သတ်ဖို့ရာထားလဲ့ သိုးလိုမျိုး ငါလို့ဟို သူတပါး မှတ်တတ်ကြအယ်” ဟု ဖြစ်အယ်။
ROM 8:37 မဟုတ်ပါ။ အေးအရာအားလုံးလို့တွင် ငါလို့ဟို ချစ်သောသူအားဖြင့် အောင်မြင်လျက် ဆိအယ်။
ROM 8:38 အကျောန်းမှာ သေခြင်း ဖြစ်စေ၊ အသက်ဆှင်ခြင်း ဖြစ်စေ၊ ခေါန်းခင်တမန် ဖြစ်စေ၊ တခြားခေါန်းခင်မှာ အုပ်ချုပ်သူများ ဖြစ်စေ၊ အခုကာလ ဖြစ်စေ၊ အနာဂတ်ကာလ ဖြစ်စေ၊ တခြား အာဏာတန်ခိုး ဖြစ်စေ၊
ROM 8:39 အထက်အရာ ဖြစ်စေ၊ အောက်အရာ ဖြစ်စေ၊ ဖန်ဆင်းထားသော စလိုအရာပင် ဖြစ်စေ၊ ငါလို့ သခင် ခရစ်တော် ယေရှုအားဖြင့် ခံရသော ဘုရားသခင်ရဲ့ မေတ္တာတော်နဲ့ ငါလို့ဟို မကွာစေနိန်ဟု ငါဟ အမန် သိအယ်။
ROM 9:1 ခရစ်တော်နှိုက် အမန်တရားဟို ငါ ပြောအယ်။ ငါ ဝါဝူး။ ငါတတ်တိုင်း သိသောစိတ်ဟ သန့်ဆှင်းသော ဝိညာဉ်တော်အားဖြင့် အတည်ပြုအယ်။
ROM 9:2 ငါရဲ့ စိတ်နေလုံးထဲမှာ ကြီးမားလဲ့ ဝမ်းနည်းခြင်းနဲ့ အစဉ်မပြတ် ဆင်းရဲဒုက္ခခံရအယ်။
ROM 9:3 အကျောန်းမှာ သွေးသားဇာတိအားဖြင့် ငါရဲ့ အမျိုးသားခြင်းများ ဖြစ်ကြသော ငါ့ညီအကိုလို့အတွက် ငါတတ်တိုင်း ခရစ်တော်နဲ့ကွဲကွာလျက် ကျိန်ခြင်းဟိုပင် ခံလိုသော ဆန္ဒဆိအယ်။
ROM 9:4 အေးသူလို့ဟ ဣသရေလူဖြစ်ပင်း ကိုယ်တော်ဟ သူလို့အား လူပဲ့သငယ်များအဖြစ် မွေးစားယွေ့ မိမိရဲ့ ဘုန်းတော်ဟို ဖူးမြော်ခွင့်ပေးအယ်။ ကိုယ်တော်ဟ သူလို့နဲ့ ပဋိညာဉ်များပြုလုပ်ပင်း သူလို့လည်း ပညတ်တော်ဟို ပေးအယ်။ သူလို့ဟလည်း မန်ကန်သော ဝတ်ပြုကိုးကွယ်နည်းနဲ့ ဘုရားသခင်ရဲ့ ကတိတော်များဟို ခံယူရဆိအယ်။
ROM 9:5 သူလို့ရဲ့ ကျော်ကြားလဲ့ ဟေဗြဲအမျိုးအနွယ်ဟ ဖိုးဖေးများမှ ဆက်သက်လာသူများ ဖြစ်ပင်း၊ ခရစ်တော်ဟ လူ့ဇာတိအားဖြင့် အေးသူလို့ရဲ့ အမျိုးအနွယ် ဖြစ်အယ်။ အရာအားလုံးဟို အစိုးရသော ဘုရားသခင်ဟို ထာဝရ ချီးမွန်းစေသတည်း။ အာမင်။
ROM 9:6 ဘုရားသခင်ရဲ့ စကားဟ ပျက်သွားမှာ မဟုတ်။ အကျောန်းမှာ ဣသရေလလူမျိုး ဆက်နွယ်သော သူအားလုံးလို့ဟ ဣသရေလလူ အမန် မဟုတ်။
ROM 9:7 အာဗြဟံရဲ့ အမျိုးအနွယ် ဖြစ်သောကျောန့် အားလုံးဟ အာဗြဟံရဲ့ လူပဲ့သငယ်များ ဖြစ်ကြတာ မဟုတ်။ အခြားတဖက် ကျေ့သော် “နင်ဟ ဣဇက်အားဖြင့်သာ နင့်ရဲ့ အမျိုးတည်လိမ့်မယ်” ဟု မိန့်အယ်။
ROM 9:8 တနည်းပြောရရင် ဘုရားသခင်ရဲ့ လူပဲ့သငယ်တွေဟာ ဇာတိသွေးသားဆိုင်ရာအရ ဆင်းသက်လာတဲ့ လူပဲ့တွေ မဟုတ်ဘဲ အာဗြဟံရဲ့ သားစဉ်မြေးဆက်တွေလို့ မှတ်ယူခံရတဲ့ ကတိတော်နဲ့ဆိုင်လဲ့ လူပဲ့တွေဟု ခေါ်နိန်ပေအယ်။
ROM 9:9 အကျောန်းမှာ ကတိတော်နဲ့ စပ်ဆိုင်တဲ့ အချက်ဟ “ချိန်းချက်သောချိန် စေ့သောအခါ ငါ လာယွေ့ စာရာဟ အောင်နီငယ်ဟို ရလိမ့်မယ်” လို့ မိန့်အယ်။
ROM 9:10 အေးသာမက ရေဗက္ကာရဲ့ သား နေယောက်လို့ဟ ငါလို့ရဲ့ ဖိုးဖေး ဣဇက် တဦးတည်းနဲ့ ရသောလူပဲ့သငယ်များ ဖြစ်ကြအယ်။
ROM 9:11 အဲလိုလဲ အမွှာမမွေးခင် အဲဟာမဟုတ်ရင် အကောင်းအဆိုး တခုခုဟို မပြုလုပ်ခင် ရွေးကောက်ခြင်းဆိုင်ရာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက် တည်မြဲစေရန်ဖြစ်အယ်။
ROM 9:12 အလုပ်အားဖြင့် မဟုတ်ဘဲ ခေါ်သောသူအား သူမဟို “အကြီးဟ အငယ်ဆီမှာ အစေခံရလိမ့်မယ်” ဟု ပြောအယ်။
ROM 9:13 ကျမ်းစာဟ “ယာကုပ်ဟို ငါ ချစ်ပေမဲ့ ဧသောဟို ငါ မုန်းအယ်” ဟု ပြောအယ်။
ROM 9:14 သို့ဖြစ်ယွေ့ ငါလို့ စလိုပြောရမလုန်း၊ ဘုရားသခင်ဟ မတရားသလော။ လုံးလုံး ဟုတ်ဝူး။
ROM 9:15 အကျောန်းမှာ ကိုယ်တော်ဟ မောရှေအား “ငါဟ ကျေးဇူးပြုလိုသော သူဟို ကျေးဇူးပြုမယ်၊ သနားလိုသောသူဟို ငါ သနားမယ်” ဟု မိန့်အယ်။
ROM 9:16 အေးကျောန့် အေးအရာဟ လူ့ဆန္ဒနဲ့ ကြိုးစားအားထုတ်မှု အပေါ်တွင် မူတည်တာ မဟုတ်ဘဲ ဘုရားသခင်ရဲ့ ကရုဏာအပေါ်တွင် မူတည်အယ်။
ROM 9:17 အကျောန်းမှာ ကျမ်းစာဟ ဖာရောဘုရင်အား “ငါ့တန်ခိုးဟို နင်နှိုက် ပြသခြင်းငှာ လည်းကောင်း၊ ငါ့နာမဟို မြေတပြင်လုံးတွင် ကျော်စောစေခြင်းငှာ လည်းကောင်း၊ ငါဟ ဟေရည်ရွယ်ချက်ဖြင့် နင့်ဟို ဆှင်ဘုရင်အရာနှိုက် ချီးမြောက်ခဲ့အယ်” ဟု မိန့်အယ်။
ROM 9:18 အေးကျောန့် ဘုရားသခင်ဟ ကရုဏာထားလိုသောသူဟို ကရုဏာထားယွေ့ သူခေါင်းမာစေလိုသော သူဟို ခေါင်းမာစေအယ်။
ROM 9:19 နင်လို့ထဲဟ တယောက်ဟ ငါ့ဟို ဟေလိုပြောအယ်၊ “အေးလို့ဖြစ်ရင် ဘုရားသခင်ဟ ငါလို့ဟို ပစာကျောန့် အပစ်တင်နေသေးလုန်း၊ ဖယ်သူဟ အလိုတော်ဟို ဆီးတားနိန်လုန်း” ဟု ဆိုမယ်လော။
ROM 9:20 အဲလိုလဲ အချင်းလူ၊ နင်ဟ စသူဖြစ်လို့ ဘုရားသခင်ဟို ပြန်ခံ ပြောဆိုနေလုန်း၊ “ပုံသွင်းခံရသောအရာဟ ပုံသွင်းပေးသော သူအား ‘ပစာကျောန့် ငါ့ဟို ဟေလို့ လုပ်ခဲ့လဲ’ ” ဟု ဆိုရမယ်လော။
ROM 9:21 အိုးထိန်းသမားဟ ရွံ့စေးဟို မိမိအလိုဆန္ဒအတိုင်း ပြုလုပ်ခွင့် ဆိအယ် မဟုတ်လော၊ သူဟ ရွံ့တုံးတခုတည်းမှ အသရေဆိသောအရာအတွက် သုံးသောအိုးဟို လည်းကောင်း၊ အသရေမဆိသော အရာအတွက် သုံးရန်အိုးဟို လည်းကောင်း ပြုလုပ်ပိုင်အယ် မဟုတ်လော။
ROM 9:22 အကယ်ယွေ့ ဘုရားသခင်ဟ မိမိရဲ့ အူထော့တာဟို ပြသရန်နဲ့ သူရဲ့ တန်ခိုးဟို သိစေရန် အလိုတော်ဆိလျက်နဲ့ပင် ပျက်စီးခြင်းအတွက် အသင့်ပြင်ဆင်ထားသော အူထော့ခြင်းဆိုင်ရာဟို ရမ်းဆာ့ သည်းခံရင် စလိုလုန်း။
ROM 9:23 အေးအပြင် ကိုယ်တော်ဟ ကရုဏာထားသော ငါလို့အား သွန်းလောင်းယွေ့ မိမိရဲ့ ဘုန်းအသရေဟို ဖူးမျော်စေရန်လည်း အလိုတော် ဆိအယ်။ ကိုယ်တော် ပြင်ဆင်ထားသူများ ဖြစ်ကြသော ငါလို့အား အေးကြွယ်ဝသော ဘုန်းအသရေဟို ခံစားစေအယ်။
ROM 9:24 အကျောန်းမှာ ငါလို့ဟ ကိုယ်တော်ခေါ်တဲ့ လူများ ဖြစ်ကြအယ်။ ယုဒလူမျိုးများထဲမှ သာမက လူမျိုးခြားအထဲမှလည်း ခေါ်ယူအယ်။
ROM 9:25 ဟောရှေကျမ်းတွင် ကိုယ်တော်ဟ၊ “ငါရဲ့ လူမျိုး မဟုတ်သော သူလို့ဟို ‘ငါရဲ့ လူမျိုး’ လို့ ငါ ခေါ်မယ်။ ငါ မချစ်သော လူမျိုးဟို ‘ငါ ချစ်သော လူမျိုး’ လို့ ငါ ခေါ်မယ်။
ROM 9:26 ပင်းတော့ ‘နင်လို့ဟာ ငါရဲ့ လူ မဟုတ်’ ဟု အပြောခံရသော အဲနေရာနှိုက် အသက်ဆှင်သော ဘုရားသခင်ရဲ့ သား ဟု ခေါ်ဝေါ်ခြင်းဟို ခံရလိမ့်မယ်” ဟု မိန့်အယ်။
ROM 9:27 ဣသရေလူမျိုးနဲ့ ပတ်သက်ပင်း ဟေရှာယ ကြွေးကြော်တာဟ “ဣသရေလလူမျိုးသားလို့သည် သမုဒ္ဒရာသဲလုံးနဲ့အမျှ များသော်လည်း၊ သူလို့အထဲမှ လူအနည်းစုသာ ကယ်တင်ခြင်းဟို ခံရလိမ့်မယ်။
ROM 9:28 အကျောန်းမှာ အဆှင်ဟ မြေကြီးပေါ်ဆိ လူအပေါင်းလို့ဟို မဆိုင်းမတွဘဲ အမြန် တရားစီရင်မယ် ဖြစ်သောကျောန့် ဖြစ်အယ်” ဟု မိန့်အယ်။
ROM 9:29 အေးအပြင် “ခေါန်းခင်ဗိုလ်ခြေအဆှင် ဘုရားဟ ငါလို့ သားမြေးအချို့လို့ဟို ချမ်းသာ မပေးခဲ့ရင် ငါလို့ဟ သောဒုံမြို့လိုမျိုး ဖြစ်ယွေ့ ဂေါမောရမြို့နဲ့ တူကြလိမ့်မယ်” လို့ မခင်ဟ ဟေရှာယ ဟောခဲ့လဲ့အတိုင်း ဖြစ်အယ်။
ROM 9:30 အေးကျောန့် စလို ဟောရမလဲ၊ ဖြောင့်မတ်ခြင်းဟို မီအောန်မလိုက်သော လူမျိုးခြားလို့ဟ ဖြောင့်မတ်ခြင်းဟို မီကြအယ်၊ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းဟို ရဆိအယ်။
ROM 9:31 ဖြောင့်မတ်ခြင်း တရားလမ်းဟို လိုက်သော ဣသရေလလူမျိုးဟ ပညတ်တရားနောက်ဟို လိုက်သော်လည်း သူလို့ရဲ့ ရည်မှန်းချက် မအောန်မြင်ကြ။
ROM 9:32 ပစာကျောန့်လဲ။ အကျောန်းမှာ သူလို့ဟ ယုံကြည်ခြင်းအားဖြင့် မဟုတ်ဘဲ အကျင့်အားဖြင့် လိုက်လျောက်သောကျောန့် ဖြစ်အယ်။ သူလို့ဟ “ထိမိယွေ့ လဲစရာကျောက်” ဟို ထိမိယွေ့ လဲကျအယ်။
ROM 9:33 ရေးသားချက်အရ၊ “ကျေ့လော့၊ လူလို့ တိုက်မိယွေ့ လဲစရာကျောက်ဟို ဇိအုန်တောင်ပေါ်မှာ ငါ ချထားမယ်။ အေးကျောက်ဟို လူလို့ တိုက်မိယွေ့ လဲကျလိမ့်မယ်၊ အဲလိုလဲ အေးကျောက်ဟို ယုံကြည်သောသူဟ ဖယ်ခါမှ ဆှက်ကြောက်ရလိမ့်မယ် မဟုတ်” ဟု ဖော်ပြပါဆိအယ်။
ROM 10:1 ညီအကို မောင်နှမလို့ ဣသရေလအမျိုးသားလို့အတွက် ကယ်တင်ခြင်း ရဆိရန် ဘုရားသခင်ဆေ ငါရဲ့ နေလုံးသား ဆန္ဒနဲ့ ဆုတောင်းအယ်။
ROM 10:2 အေးလူလို့ဟ ဘုရားသခင်အတွက် ထက်သန်သောစိတ် ဆိကျောန်း ငါ သက်သေခံအယ်၊ အဲလိုလဲ သူလို့ရဲ့ အေးထက်သန်သောစိတ်ဟ စစ်မန်သော အသိပညာအားဖြင့် မဟုတ်။
ROM 10:3 အေးသူလို့ဟ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းတရားဟို မသိဘဲ၊ ကိုယ့်ဖြောင့်မတ်ခြင်းဟို တည်စေခြင်းငှာ ဆှာကြံသောကျောန့်၊ သူလို့ဟ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်း တရားဟို ဝန်မခံကြ။
ROM 10:4 ယုံကြည်သောသူ အပေါင်းလို့ဟ ဖြောင့်မတ်ခြင်း ရဆိရန် ပညတ်တရားဟ ခရစ်တော်အားဖြင့် ပြေ့စုံစေအယ်။
ROM 10:5 မောရှေဟ ပညတ်တရားဟို လိုက်နာခြင်းအားဖြင့် ဘုရားသခင်ရဲ့ ဆေ့မှောက်တွင် ဖြောင့်မတ်ခြင်းအကျောန်း ရေးသားခဲ့အယ်၊ “ပညတ်တရားဟို စောင့်ဆှောက်သောသူဟ အသက်ဆှင်လိမ့်မယ်” ဟု ဖော်ပြအယ်။
ROM 10:6 ကျမ်းစာနှိုက် ယုံကြည်ခြင်းအားဖြင့် ရဆိသော ဖြောင့်မတ်ခြင်းဆိုတာဟ “စသူဟ ခေါန်းခင်ဘုံဟို တက်ရမှာလုန်းလို့ နင်လို့ စိတ်နေလုံးထဲမှာ မမေးနဲ့” ဆိုလိုတာဟ ခရစ်တော်ဟို အောက်သို့ ခေါ်ဆောင်ခဲ့ခြင်း ဖြစ်အယ်။
ROM 10:7 “အဲဟာမဟုတ်ရင် နက်နဲရာထဲသို့ စသူ ဆင်းလိမ့်မလုန်းဟု မမေးနဲ့” ဆိုလိုတာဟ ခရစ်တော်ဟို သေခြင်းမှ ထမြောက်လာစေရန် ဖြစ်အယ်။
ROM 10:8 အဲလိုလဲ အဲစာဟ စလို ဟောထားလုန်း။ “တရားတော်ဟ နင့်နဲ့ အနီးတွင် ဆိအယ်။ နင်ရဲ့ စလောင်နှိုက် လည်းကောင်း၊ နင့်ရဲ့ စိတ်နေလုံးနှိုက် လည်းကောင်း ဆိအယ်” ဟု ဆိုအယ်။ ငါဟောပြော ကြေညာလဲ့ ယုံကြည်ခြင်းတရားဟို ဆိုလိုအယ်။
ROM 10:9 နင်လို့ဟ “ယေရှုဟ သခင် ဖြစ်အယ်” ဆိုတာဟို နင့်ရဲ့ စလောင်ဖြင့် ဝန်ခံယွေ့၊ ဘုရားသခင်ဟ အေးသူဟို သေခြင်းမှ ထမြောက်စေပီဟု စိတ်နေလုံးထဲနှိုက် ယုံကြည်ရင်၊ နင်လို့ဟ ကယ်တင်ခြင်းဟို ရောက်လိမ့်မယ်။
ROM 10:10 အကျောန်းမှာ ငါလို့ စိတ်နေလုံးနဲ့ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းဟို ရအယ်။ စလောင်ဖြင့် ဝန်ခံယွေ့ ကယ်တင်ခြင်း ခံရအယ်။
ROM 10:11 ကျမ်းစာပြောတာဟ “ကိုယ်တော်ဟို ယုံကြည်လဲ့သူ စသူမဆို စိတ်ပျက်ရလိမ့်မယ် မဟုတ်” ဟု ဆိုအယ်။
ROM 10:12 ယုဒလူမျိုး၊ လူမျိုးခြားဟူယွေ့ ခွဲခြားထားခြင်း မဆိသဖြင့် လူတိုင်းအားလုံး ပါဝင်အယ်။ ဘုရားသခင်ဟ လူအားလုံးလို့ရဲ့ အဆှင်တပါးတည်း ဖြစ်ယွေ့ ကိုယ်တော်အား ခေါ်သောသူလို့အား ကြွယ်ဝစွာ ကောင်းချီးပေးအယ်။
ROM 10:13 ကျမ်းစာဟ “အဆှင်ဟို ခေါ်ပင်း အကူအညီတောင်းသူ လူတိုင်း ကယ်တင်ခြင်း ခံရလိမ့်မယ်” ဟု ပြောအယ်။
ROM 10:14 အဲလိုလဲ သူလို့ဟ မယုံကြည်ခဲ့ရင် သူလို့ဟို ဖယ်လို ဆုတောင်းနိန်မလုန်း။ သတင်းစကားဟို သူလို့ မကြားခဲ့ရင် သူလို့ ဖယ်လို ယုံကြည်နိန်မလဲ။ သတင်းစကား ဟောမဲ့သူ မဆိရင် သူလို့ ဖယ်လို ကြားနိန်မလုန်း။
ROM 10:15 သတင်းကောင်းဟို ဟောမဲ့သူဟို မစေလွတ်ရင် ဖယ်လိုသတင်းဟို ကြေညာနိန်မလဲ။ ကျမ်းစာဟ “သတင်းကောင်းဟို ယူဆောင်လာသော ခြေလို့ဟ ရမ်းဆာ့ တင့်တယ်လှအယ်” ဟု ပြောအယ်။
ROM 10:16 အဲလိုလဲ ဣသရေလအမျိုးလို့ဟ အေးသတင်းကောင်းဟို သူလို့အားလုံးဟ လက်မခံကြ။ အကျောန်းမှာ ဟေရှာယဟ “အဆှင်၊ ငါလို့ သတင်းစကားဟို စသူယုံသလဲ” ဟု ဆိုအယ်။
ROM 10:17 အဲလိုမို့ ယုံကြည်ခြင်းဟ နှုတ်ကပတ်တော်ဟို ကြားနာခြင်းအားဖြင့် လာအယ်။ ယုံကြည်ခြင်းဟ ခရစ်တော်အကျောန်း ဟောပြောခြင်းမှ လာအယ်။
ROM 10:18 အဲလိုလဲ သူလို့ ကြားဝူးလားလို့ ငါ မေးအယ်။ သူလို့ ကြားရကြပီ။ “သူလို့ရဲ့ အသံဟ မြေတပြင်လုံးနှိုက် ပျံ့နှံ့သွားအယ်။ သူလို့ရဲ့ စကားများဟလည်း ကမ္ဘာအဆုံးထိအောန် ရောက်လေပီ”
ROM 10:19 တခါ ငါ မေးတာဟ ဣသရေလအမျိုးသားလို့ နားမလည်ကြသလော၊ မောရှေဟ၊ “မရေရာသော လူမျိုးလို့အား အသုံးပြုယွေ့၊ ငါရဲ့ လူတွေဟို မနာလိုအောန် လုပ်မယ်။ မိုက်မဲသော လူမျိုးအားဖြင့် ငါရဲ့ လူလို့ဟို အူထော့အောန် လုပ်မယ်” ဟု ပထမဦးစွာ ဖြေကြားအယ်။
ROM 10:20 ဟေရှာယဟ၊ “ငါ့ဟို မဆှာသော သူလို့ဟ ငါ့ဟို တွေ့ကြအယ်။ ငါ့အကျောန်းဟို မမေးသော သူလို့ဆေ ငါ ထင်ဆှားအယ်” ဟု ပိုပင်း ပြတ်သားစွာ ဆိုအယ်။
ROM 10:21 ဣသရေလလူမျိုးဟို ရည်မှတ်ယွေ့ “ငါ့ဟို ဆန့်ကျင် ပုန်ကန်ယွေ့ နားမထောင်သော လူမျိုးအား တနေ့လုံး ငါ့လက်ကမ်းလျက် နေအယ်” ဟု ဟောအယ်။
ROM 11:1 အဲလိုမို့ ဘုရားသခင်ဟ သူရဲ့ လူမျိုးဟို စွန့်ပစ်သလောဟု သူလို့ဟို မေးရင်၊ လုံးလုံး မစွန့်။ ငါတတ်တိုင်းဟ ဣသရေလလူ ဖြစ်အယ်၊ အာဗြဟံမှ ဆင်းသက်သောသူ၊ ဗင်္ယာမိန်အနွယ် ဖြစ်အယ်။
ROM 11:2 ဘုရားသခင်ဟ သိထားနှင့်သော မိမိရဲ့ လူမျိုးတော်ဟို ပစ်ပယ်တော်မမူ။ ပရောဖက် ဧလိယဟ ဣသရေလလူမျိုးဟို ဘုရားသခင်ဆေ တိုင်ကြားသောအခါ ကျမ်းစာနှိုက် အေးအကျောန်းနဲ့ ပတ်သက်ယွေ့ စလို ဟောထားတာဟို နင်လို့ မသိကြသလော။
ROM 11:3 “အဆှင်၊ သူလို့ဟ ကိုယ်တော်ရဲ့ ပရောဖက်များဟို သတ်ကြပီ၊ ယဇ်ပလ္လင်များဟို ဖြိုကြပီ၊ ငါတယောက်တည်း ကျန်ပါအယ်၊ သူလို့ဟလည်း ငါ့ဟို အသက်သတ်ရန် ကြိုးစားကြပါအယ်” ဟု ဆိုအယ်။
ROM 11:4 ဘုရားသခင်ဟ စလို ပြန်အဖြေပေးလုန်း၊ “ဗာလဆေ့နှိုက် ဒူးမထောက်သော လူ ၇,၀၀၀ လို့ဟို ငါ့အဖို့ ငါ ကျန်ကြွင်းစေပီ” ဟု မိန့်အယ်။
ROM 11:5 အေးနည်းတူ၊ အခုကာလနှိုက် ကျေးဇူးတော်ကျောန့် ရွေးကောက်ခြင်း ခံရသူ အကြွင်းအကျန် ဆိသေးအယ်။
ROM 11:6 သူရဲ့ ရွေးကောက်ခြင်းဟ ကျေးဇူးတော်အားဖြင့်သာ ဖြစ်အယ်၊ ကိုယ်ကျင့်သော အကျင့်ဟို အခြေခံတာ မဟုတ်။ အကျောန်းမှာ ဘုရားသခင် ရွေးကောက်ခြင်းဟ လူ့အကျင့်ဟို အခြေခံရင် ကိုယ်တော်ရဲ့ ကျေးဇူးတော်ဟ အစစ်အမှန် မဟုတ်။
ROM 11:7 အေးလိုမို့ စလိုလုန်း၊ ဣသရေလူလို့ဟ ဆှာသောအရာဟို မမျော်ရကြ။ ဘုရားသခင် ရွေးကောက်သောသူလို့သာ မျော်ရကြအယ်၊ ကျန်သောသူလို့ဟ ဘုရားသခင်ရဲ့ ခေါ်သံဟို မကြားရ။
ROM 11:8 ကျမ်းစာနှိုက် ပြောတာဟ “ဘုရားသခင်သည် ခုနေ့တိုင်အောန် သူလို့အား ထိုင်းမှိုင်းသော စိတ်နေလုံးဟို လည်းကောင်း၊ မမျော်နိန်လဲ့ မျက်စေ့ဟို လည်းကောင်း၊ မကြားနိန်လဲ့ နားဟို လည်းကောင်း ပေးအယ်။”
ROM 11:9 ဒါဝိဒ်ဟ၊ “သူလို့ရဲ့ စားပွဲများဟ သူလို့အတွက် ကျော့ကွင်း လည်းကောင်း၊ ထောင်ချောက်သော် လည်းကောင်း၊ မားယွင်းစေသောအရာဟို လည်းကောင်း၊ ခံထိုက်လဲ့ အပစ်ဟို လည်းကောင်း ဖြစ်ပါစေ။
ROM 11:10 သူလို့ဟ ကျေ့ယွေ့ မမျော်နိန်စေရန် မျက်စေ့ ကွယ်ပါစေ၊ သူလို့ကျောဟလည်း အမြဲကုန်းပါစေ” ဟု မြွတ်ဆိုအယ်။
ROM 11:11 အေးလို့ဆိုရင်၊ ယုဒလူလို့ဟ တိုက်မိယွေ့ လဲသောအခါ၊ သူလို့ဟ ပျက်စီးခြင်းဟို ရောက်ကြသလော ဟု ငါ မေးအယ်။ မပျက်စီးပါ၊ သူလို့ အပစ်ကျူးလွန်ခြင်းကျောန့် လူမျိုးခြားလို့ဟ ကယ်တင်ခြင်းဟို ရလာသဖြင့် ယုဒလူမျိုးများနှိုက် မနာလိုမှု ဖြစ်ပေါ်လာစေအယ်။
ROM 11:12 ယုဒလူလို့ရဲ့ အပစ်ဟ လောကကြီးဟို ကောင်းချီးများစွာ ပေးခဲ့ပင်း သူလို့ရဲ့ ဝိညာဉ်ရေးရာ ဆင်းရဲမွဲတေမှုဟ တပါးအမျိုးသားများအတွက် ကြွယ်ဝသော ကောင်းချီးမင်္ဂလာဟို ဆောင်ကြဉ်းပေးခဲ့အယ်။ အေးလိုမို့ ယုဒအမျိုးသားလို့ အပြေ့အစုံ ပါဝင်သောအခါ ကောင်းချီး စလောက် ကြီးမားလုန်း။
ROM 11:13 လူမျိုးခြားဖြစ်သော နင်လို့အား အခု ငါပြောအယ်၊ ငါဟ လူမျိုးခြားလို့နဲ့ဆိုင်သော တမန်တော်ဖြစ်တာနဲ့အညီ ငါ့ရဲ့ သာသနာအလုပ်အတွက် ဝါကြွားမယ်။
ROM 11:14 တနည်းအားဖြင့် ငါဟ မိမိရဲ့ လူမျိုးအား မနာလိုစိတ်ဟို ဆိစေခြင်းအားဖြင့် အေးအထဲမှ တချို့လို့ဟ ကယ်တင်ခြင်းဟို ရကောင်းရလိမ့်မယ်။
ROM 11:15 အကျောန်းမှာ သူလို့ဟ ငြင်းပယ်သောကျောန့် လူသားမျိုးနွယ်များ အားလုံး ဘုရားသခင်ရဲ့ ရန်သူများဖြစ်ရာမှ သူရဲ့ မိတ်ဆွေများ အဖြစ်ဟို ပြောင်းလဲသွားအယ်။ အေးလိုမို့ သူလို့ လက်ခံသောအခါ ပစာဖြစ်မလုန်း၊ လူသေလို့အား အသက်ပြန်ယွေ့ ဆှင်စေသလိုမျိုး ဖြစ်လိမ့်မယ်။
ROM 11:16 အဦးသီးအဖြစ် ပူဇော်သော မုန့်စိမ်းဟ သန့်ဆှင်းရင်၊ တပုံလုံး သန့်ဆှင်းလိမ့်မယ်၊ အမြစ် သန့်ဆှင်းရင် အခက်အလက်များလည်း သန့်ဆှင်းကြလိမ့်မယ်။
ROM 11:17 အဲလိုလဲ အကိုင်းအခက် တချို့လို့ဟ ခုတ်ဖြတ်ခြင်း ခံရယွေ့ သံလွင်ပင်ရိုင်းဖြစ်သော နင်လို့ဟ အေးအကိုင်းအခက်များကြားနှိုက် ကိုင်းဆက်ကူးခံရပင်း သံလွင်ပင် အမြစ်မှ အဆီအနှစ်ဟို မျှဝေခံစားသူဖြစ်လာရင်၊
ROM 11:18 အေးအကိုင်းအခက်များအပေါ် တတ်တိုင်း ဝါကြွားသောစိတ် မဆိနဲ့။ ဝါကြွားရင်လည်း နင်ဟ အမြစ်ဟို ထောက်မတာ မဟုတ်၊ အမြစ်ဟသာ နင့်ဟို ထောက်မအယ်။
ROM 11:19 အဲလိုလဲ နင်လို့ဟ “ဟုတ်အယ်၊ ငါ့ဟို ကိုင်းဆက်ကူးရန်အတွက် အကိုင်းများဟ ခုတ်ဖြတ်ခြင်း ခံရကြအယ်” ဟု ဟောလိမ့်မယ်။
ROM 11:20 အဲဒီအရာဟ အမန်ဖြစ်အယ်၊ သူလို့ မယုံကြည်ကြသောကျောန့် သူလို့ဟို ချိုးဖဲ့ ခံရပင်း နင်လို့ ယုံကြည်သောကျောန့် နင်နေရာတွင် တည်အယ်၊ ဒါပေမဲ့ အဲဒီအရာအတွက် မာနမထောင်လွှားပါနဲ့၊ အဲအစား ကြောက်ခြင်းစိတ် ဆိလော့။
ROM 11:21 အကျောန်းမှာ ဘုရားသခင်ဟ မူလ အကိုင်းအခက်များဟို မနှမြောရင် နင်လို့ဟိုလည်း နှမြောမှာ မဟုတ်ဝူး။
ROM 11:22 ဟေနေရာမှာ ဘုရားသခင်ဟ စလောက် ကြင်နာတတ်ကျောန်းနဲ့ စလောက် ပြင်းထန်စွာ စီရင်တတ်ကျောန်းဟို ငါလို့ မျော်ရကြအယ်။ ကိုယ်တော်ဟ လဲသူများအပေါ် ပြင်းထန်စွာ စီရင်ပေမဲ့လည်း ကိုယ်တော်ရဲ့ ကြင်နာခြင်းနှိုက် နင်ဟ ဆက်လက်ပင်း တည်နေရင် အေးကြင်နာခြင်းဟ နင့်အပေါ်နှိုက် ဆိမယ်။ အေးကြင်နာနှိုက် နင်ဟ မတည်ရင် ခုတ်ဖြတ်ခြင်းဟို ခံရလိမ့်မယ်။
ROM 11:23 ယုဒလူမျိုးလို့ဟ မယုံကြည်မှုဟို စွန့်ပယ်ရင် ကိုင်းဆက်ကူးခြင်း ခံရလိမ့်မယ်၊ အကျောန်းမှာ သူလို့ဟို နောက်တခါ ကိုင်းဆက်ကူးရန် ဘုရားသခင် တတ်နိန်အယ်။
ROM 11:24 အကျောန်းမှာ နင်ဟ သံလွင်ပင်ရိုင်းမှ ခုတ်ဖြတ်ခံရယွေ့ ကောင်းလဲ့ သံလွင်ပင်နှိုက် သဘာဝနဲ့ ဆန့်ကျင်လျက် ကိုင်းဆက်ကူးခြင်း ခံရတာမန်ရင်၊ သဘာဝအတိုင်း ကောင်းလဲ့ သံလွင်ပင်ရဲ့ အကိုင်းများဟိုဟ မူရင်း သံလွင်ပင်နှိုက် ကိုင်းဆက် ကူးဖို့ရန် စလောက် လွယ်ကူမလဲ။
ROM 11:25 ညီအကို မောင်နှမလို့ နင်လို့ဟ မိမိလို့တတ်တိုင်း ပညာသတိဆိသောသူဟု မထင်မှတ်ကြစေရန် ဟေလျှို့ဝှက် နက်နဲသောအရာဟို မသိဘဲ မနေစေလိုပါ။ လျှို့ဝှက်နက်နဲသော အရာဟ ဣသရေလလူမျိုးနှိုက် မာကျောခက်ထန်သူ အချို့ဆိခြင်းမှာ လူမျိုးခြားလို့ စုံလင်စွာ ဝင်ရောက်လဲ့အထိ ဖြစ်ပင်း
ROM 11:26 အေးနည်းအားဖြင့် ဣသရေလ လူအားလုံး ကယ်တင်ခြင်းဟို ရောက်လိမ့်မယ်။ ကျမ်းစာနှိုက်၊ “ကယ်တင်သော အဆှင်ဟ ဇိအုန်တောင်ပေါ်မှ လာပင်းရင်၊ မတရားသော အမှုဟို ယာကုပ်အမျိုးဆေမှ ဖယ်ဆှားလိမ့်မယ်။
ROM 11:27 သူလို့ အပစ်များဟို ငါ ပယ်ဆှင်းသောအခါ၊ သူလို့နဲ့ ဟေပဋိညာဉ်တရားဟို ငါ ပြုမယ်” ဟု ပြောကြားထားအယ်။
ROM 11:28 သတင်းကောင်းဟို သူလို့ ငြင်းပယ်ကြသောကျောန့် ယုဒအမျိုးသားလို့ဟ ဘုရားသခင်ရဲ့ ရန်သူများ ဖြစ်လာကြအယ်၊ အဲလိုဖြစ်ခြင်းမှာ လူမျိုးခြားဖြစ်သူ နင်လို့ရဲ့ အကျိုးအတွက် ဖြစ်အယ်။ အဲလိုလဲ ဘုရားသခင် ရွေးကောက်ခြင်းအရ ဖိုးဖေးများကျောန့် သူလို့ဟ ဘုရားသခင်ရဲ့ မိတ်ဆွေ ဖြစ်လာကြအယ်။
ROM 11:29 အကျောန်းမှာ ဘုရားသခင်ဟ ရွေးချယ်ပင်း ကောင်းချီးပေးရန် ဆုံးဖြတ်ထားပင်းသော သူဟို မပြောင်းလဲတတ်။
ROM 11:30 နင်လို့ဟ အရင် ဘုရားသခင်ရဲ့ စကားဟို နားမထောင်သော လူမျိုးခြားလိုမျိုး ဖြစ်ပေမဲ့ အခုအခါ ဘုရားသခင်ရဲ့ ကရုဏာဟို လက်ခံရဆိခြင်းမှာ ယုဒအမျိုးသားလို့ဟ ကိုယ်တော်ရဲ့ စကားဟို နားမထောင်ခဲ့ကြသောကျောန့် ဖြစ်အယ်။
ROM 11:31 အဲတိုင်းတိုင်းပဲ ဘုရားသခင်ရဲ့ ကရုဏာဟို နင်လို့ လက်ခံရခြင်းကျောန့် ယုဒအမျိုးသားလို့ဟ ကရုဏာဟို မိမိလို့လည်း လက်ခံရခြင်းငှာ ဘုရားသခင်ရဲ့ စကားဟို အခု အခါ နားမထောင်ဘဲ နေကြအယ်။
ROM 11:32 အကျောန်းမှာ ဘုရားသခင်ဟ လူအပေါင်းလို့အပေါ် ကရုဏာ ပြဖို့ရန် လူအပေါင်းလို့ဟို မနာခံမှုအဖြစ်နှိုက် ချုပ်ထားအယ်။
ROM 11:33 ဘုရားသခင်ရဲ့ အသိပညာနဲ့ ဉာဏ်ပညာ၊ ချမ်းသာကြွယ်ဝမှုဟ ရမ်းဆာ့ နက်နဲလှပါလား။ ကိုယ်တော်ရဲ့ စီရင်ဆုံးဖြတ်များဟို ဆှင်းပြနိန်သူ မဆိပါလား။ ကိုယ်တော်ရဲ့ နည်းလမ်းများဟို နားလည်နိန်သောသူ မဆိပါလား။
ROM 11:34 ကျမ်းစာဟောတာဟ၊ “စသူဟ ဘုရားသခင်ရဲ့ စိတ်ဟို သိနိန်လုန်း။ စသူဟ ကိုယ်တော်အား အကြံဉာဏ်ပေးနိန်လုန်း။
ROM 11:35 ဘုရားသခင်ဟ ကျေးဇူးဆပ်ရအောန် စသူဟ ကိုယ်တော်အား ကျေးဇူးပြုဖူးလုန်း။”
ROM 11:36 အကျောန်းမှာ အရာအားလုံးဟို ဖန်ဆင်းခဲ့သောသူဟ သူဖြစ်အယ်၊ အရာခပ်သိမ်းဟ သူအားဖြင့် တည်ဆိလာပင်း သူ့အတွက် ဖြစ်အယ်။ ဘုရားသခင်ရဲ့ ဘုန်းတော် အမြဲတမ်း ထင်ဆှားပါစေ၊ အာမင်။
ROM 12:1 ညီအကို မောင်နှမလို့၊ ဘုရားသခင်ရဲ့ ကရုဏာအားဖြင့် နင်လို့ဟို ငါ တိုက်တွန်း နှိုးဆော်လိုတာဟ နင်လို့ရဲ့ ကိုယ်ခန္ဓာဟို ဘုရားသခင် နှစ်သက်လဲ့ သန့်ဆှင်းယွေ့ အသက်ဆှင်သော ယဇ်အဖြစ် ပူဇော်ကြလော့။ ဟေဟာဟ ကိုယ်တော်အား နင်လို့ ပြုအပ်သော စစ်မန်သော ဝတ်ပြုကိုးကွယ်ခြင်း ဖြစ်အယ်။
ROM 12:2 နင်လို့ဟ လောကရဲ့ ပုံသဏ္ဌာန်အတိုင်း လိုက်ပင်း မကျင့်ကြနဲ့။ ကောင်းသောအရာ၊ ဘုရားသခင် နှစ်သက်ဖွယ်သောအရာ၊ အပစ်ဆိုဖွယ် မဆိသောအရာ တည်းဟူသော ဘုရားသခင် အလိုဆိသောအရာဟို စလိုအရာဖြစ်တာဟို သိဆိနိန်ရန် စိတ်နေလုံးဟို အသစ်ပြုပြင်ခြင်းဖြင့် ပုံသဏ္ဌာန် ပြောင်းလဲခြင်း ဆိကြလော့။
ROM 12:3 ငါ့အား ပေးသော ကျေးဇူးတော်အားဖြင့် နင်လို့ထဲတွင် ဆိသောသူအားလုံးဟို ငါမှာကြားလိုတာဟ နင်လို့ဟ မိမိတတ်တိုင်း ထင်သင့်တာထက် ပိုပင်း အထင်မကြီးဘဲ နင်လို့အသီးသီးအား ဘုရားသခင် ခွဲဝေပေးသော ယုံကြည်ခြင်း အတိုင်းအတာနဲ့အညီ သင့်တင့်လျောက်ပတ်စွာ ထင်မြင်ကြလော့။
ROM 12:4 ခန္ဓာကိုယ် တခုတည်းနှိုက် ရမ်းဆာ့သော အစိတ်အပိုင်းများ ဆိတာ ဖြစ်ယွေ့၊ အေးအစိတ်အပိုင်းအားလုံးတွင် အလုပ်တာဝန် အသီးသီးဆိကြအယ်။
ROM 12:5 အေးနည်းတူ ငါလို့ဟ ရမ်းဆာ့များသော်လည်း ခရစ်တော်နဲ့ တလုံးတဝတည်း ဖြစ်ကြသဖြင့် ခန္ဓာကိုယ် တခုတည်းနှိုက် တည်ဆိကြအယ်၊ ငါလို့ အသီးသီးဟ အချင်းချင်း ဆက်စပ်လျက် ဆိသော ခန္ဓာကိုယ် အစိတ်အပိုင်းများ ဖြစ်ကြအယ်။
ROM 12:6 ငါလို့ တဦးစီအား ပေးသော ကျေးဇူးတော်အရ ငါလို့တွင် ကွဲပြားသော ဆုကျေးဇူးများ ဆိကြအယ်။ နင်လို့ရဲ့ ဆုကျေးဇူးဟ ပရောဖက်ပြုခြင်း ဖြစ်ရင် နင်ရဲ့ ယုံကြည်ခြင်းနဲ့အညီ ပရောဖက်ပြုကြလော့။
ROM 12:7 အစေခံသောသူဖြစ်ရင် အစေခံခြင်းအမှုဟို လုပ်လော့၊ သင်ကြားပေးသောသူဖြစ်ရင် သင်ကြားခြင်းအမှုဟို လုပ်လော့။
ROM 12:8 ခွန်အားပေးသောသူဖြစ်ရင် အေးခွန်အားပေးခြင်း အမှုဟို ပေးလော့၊ ပေးကမ်းသူဖြစ်ရင် ရက်ရောစွာ ပေးကမ်းလော့၊ ယိုးသောသူဖြစ်ရင် လုံ့လဝီရိယနဲ့ လုပ်ဆောင်လော့၊ ကရုဏာဟို ပြခြင်းဟို ပြုလုပ်သောသူဖြစ်ရင် ရက်ရောစွာနဲ့ လုပ်လော့။
ROM 12:9 ချစ်ခြင်းမေတ္တာဟို ဟန်ဆောင်မှုနဲ့ ကင်းစေလော့၊ မကောင်းမှုဟို မုန်းပင်း ကောင်းသောအရာဟို အမြဲစွဲကိုင်ကြလော့။
ROM 12:10 တယောက်နဲ့ တယောက် ချစ်ခြင်းမေတ္တာနဲ့ တည်နေကြလော့၊ ချီးမြှောက်ခြင်းမှာ သူတပါးဟို ကိုယ့်ထက် ချီးမြှောက်ကြလော့။
ROM 12:11 မပျင်းဘဲ အလုပ်ဟို ကြိုးစား အားထုတ်ကြလော့။ စိတ်နေလုံး အကြွင်းမဲ့ အဆှင်ရဲ့ အစေဟို ခံပင်း ဝတ်ပြုကြလော့။
ROM 12:12 မျော်လင့်ချက်နဲ့ ဝမ်းမြောက်ကြလော့၊ ဆင်းရဲဒုက္ခဟို သည်းခံကြလော့၊ ဆုတောင်းခြင်းနှိုက် သစ္စာဆိကြလော့။
ROM 12:13 သန့်ဆှင်းသူလို့ဟ ဆင်းရဲသောအခါ ဝေငှပေးကမ်းကြလော့၊ ဧည့်သည်လို့အား ဧည့်ဝတ်ပြုခြင်းဟို လက်တွေ့ ပြုကြလော့။
ROM 12:14 နင်လို့ဟို ငြင်းဆဲသောသူလို့အား ဘုရားသခင်ဟ ကောင်းချီးပေးရန် ဆုတောင်းကြလော့၊ ကျိန်ဆဲခြင်းဟို မပြုလုပ်ဘဲ ကောင်းချီးပေးကြလော့။
ROM 12:15 ဝမ်းမြောက်သော သူလို့နဲ့အတူ ဝမ်းမြောက်ကြလော့၊ ငိုကနေသော သူလို့နဲ့အတူ ငိုကကြလော့။
ROM 12:16 အချင်းချင်း သဟဇာတဖြစ်အောန် နေထိန်လော့။ မာနမကြီးပါနဲ့၊ အဲလိုလဲ နိမ့်ကျသော သူလို့ဟို အပေါင်းအဖော်လုပ်ရန် ဆန္ဒဆိပါ၊ ကိုယ့်ကိုယ်ကို ပညာဆိအယ်လို့ မထင်ပါနဲ့။
ROM 12:17 တစုံတယောက်ဟ နင့်ဟို မားယွင်းစွာ ပြုမိပါဟ အေးသူအား အမားတခုနဲ့ ပြန်မတုံ့နဲ့။ လူအားလုံးလို့ အမြင်နှိုက် ကောင်းသောအရာဟိုသာ ပြုကျင့်လော့။
ROM 12:18 ဖြစ်နိန်ရင် နင်လို့ဘက်မှ လူတိုင်းနဲ့ သင့်မြတ်အောန် နေထိန်လော့။
ROM 12:19 ငါ့ရဲ့ ချစ်လှစွာသော မိတ်ဆွေလို့ ပစာအခါမှ လက်မလျော့ပါနဲ့၊ ဘုရားသခင်ရဲ့ အမျက်တော်ဟို အခွင့်ပေးကြလော့၊ ကျမ်းစာနှိုက် ရေးထားတာဟ “ငါဟ လက်စားချေမယ်၊ ငါ ဆပ်ပေးမယ်” လို့ အဆှင်ဟ ပြောအယ်။
ROM 12:20 အေးအစား “နင်လို့ရဲ့ ရန်သူဟ ဆာရင် သူ့ဟို ကျွေးလော့၊ သူဟ ယေငတ်ရင် သူ့ဟို သောက်စရာ တခုခုပေးလော့။ အေးလို့ ပြုလုပ်ရင် နင်ဟ သူ့အား အဆှက်ရစေလိမ့်မယ်” ဟု ပြောအယ်။
ROM 12:21 အဆိုးအားဖြင့် အရှုံးမခံနဲ့၊ ကောင်းလဲ့အရာအားဖြင့် အဆိုးဟို အနိန်ယူလော့။
ROM 13:1 အစိုးရမင်းလို့ရဲ့ အမိန့်အာဏာဟို လူတိုင်း လိုက်နာကြရမယ်၊ ဘုရားသခင်ရဲ့ အခွင့်မဆိရင် မင်းအာဏာလည်း မတည်ဆိနိန်။ အမိန့်အာဏာ ဆိသမျှဟ ဘုရားသခင်ရဲ့ ခွင့်ပြုချက်နဲ့သာလျှင် တည်ဆိအယ်။
ROM 13:2 အဲကျောန့် မင်းအာဏာဟို ဆန့်ကျင်သောသူဟ ဘုရားသခင် စီရင်တဲ့အရာဟို ပုန်ကန်သောသူ ဖြစ်အယ်၊ အေးလို့ပြုသောသူဟ မိမိတတ်တိုင်း တရားစီရင်ခြင်းဟို ခံရလိမ့်မယ်။
ROM 13:3 အကျောန်းမှာ အကောင်းလုပ်ဆောင်သောသူဟ အာဏာပိုင်များဟို ကြောက်နေစရာ မလို၊ အဲလိုလဲ အမားလုပ်သောသူဟပဲ ကြောက်စရာလိုအယ်။ အာဏာဆိသူဟို ကြောက်ရွံ့ခြင်းမှ လွတ်မြောက်လိုသလော။ မန်သောအရာဟို လုပ်လော့၊ အေးလို့လုပ်ရင် သူဟ နင့်ဟို ချီးမွန်းလိမ့်မယ်။
ROM 13:4 ပစာကို့ နင်လို့ ကောင်းကျိုးပြုရန် အလို့ငှာ ခန့်အပ်ထားသော ဘုရားသခင်ရဲ့ အစေခံ ဖြစ်အယ်။ အဲလိုလဲ နင်လို့အမားလုပ်ခဲ့ရင် ကြောက်ရွံ့ခြင်း ဆိစေလော့၊ သူဟ အချည်းနှီး ထားဟို ကိုင်ဆောင်တာ မဟုတ်။ သူလို့ဟ အပစ်ကျူးလွန်သူများအပေါ်နှိုက် ဘုရားသခင်ရဲ့ စီရင်ခြင်းဟို သယ်ဆောင်လာမဲ့ ဘုရားသခင်ရဲ့ အစေခံ ဖြစ်ကြအယ်။
ROM 13:5 အကျောန်းမှာ အာဏာဆိသူ အပစ်ပေးမှာဟို ကြောက်သောကျောန့် သာမက မိမိအသိစိတ်အတွက်ကျောန့်လည်း အာဏာဟို နာခံရမယ်။
ROM 13:6 အေးအကျောန်းကျောန့် နင်လို့ဟ အခွန်ဟို ပေးရအယ်၊ အစိုးရမင်းဟ သူလို့ရဲ့ အမှုဟို အချိန်ပြေ့ ထမ်းဆောင်သောအခါနှိုက် ဘုရားသခင်ရဲ့ အမှုတော်ဟို ထမ်းဆောင်ကြသောကျောန့် ဖြစ်အယ်။
ROM 13:7 အဲလိုမို့ လူအသီးသီးလို့အား ပေးသင့်တာဟို ပေးဆောင်ကြလော့။ နင့်မှာ ပေးစရာအကြွေးများ ပေးကြလော့၊ အခွန်ခံထိုက်သောသူဟို အခွန် ပေးကြလော့၊ ကြောက်ထိုက်သောသူဟို ကြောက်ကြလော့၊ ရိုသေထိုက်သောသူဟို ရိုသေကြလော့။
ROM 13:8 အချင်းချင်း ချစ်ခြင်းမှတပါး စလို အကြွေးမျှ မတင်စေနဲ့။ သူတပါးဟို ချစ်လဲ့သူဟ ပညတ်တရားဟို စောင့်ထိန်းသူ ဖြစ်အယ်။
ROM 13:9 ပညတ်များမှာ “အိုင်ထောင်ရေး ဖောက်ပြန်မှု မကျူးလွန်နဲ့၊ လူ့အသက်ဟို မသတ်နဲ့၊ သူ့ဥစ္စာဟို မခိုးနဲ့၊ တစုံတဦးရဲ့ ပိုင်ဆိုင်သော အရာဟို မလိုချင်ကြနဲ့။” — ဟေအရာအားလုံးဟို “ကိုယ်နဲ့စပ်ဆိုင်သောသူဟို ကိုယ်နဲ့အမျှ ချစ်လော့” ဟူသော ပညတ်တရား တခုတည်းဟ ခြုံငုံထားအယ်။
ROM 13:10 ချစ်ခြင်းမေတ္တာဆိသောသူဟ ကိုယ်နဲ့စပ်ဆိုင်သော သူရဲ့ အကျိုးဟို မဖျက်ဆီးတတ်။ အဲကျောန့် ချစ်ခြင်းမေတ္တာဆိသောသူဟ ပညတ်တရား တခုလုံးဟို လိုက်ဆှောက်သောသူ ဖြစ်အယ်။
ROM 13:11 နင်လို့ အိပ်မွေရာမှ ထလာရန် အချိန်ကောင်းဟို နင်လို့ သိသောကျောန့် နင် ဟေအရာဟို လုပ်ရမယ်။ အကျောန်းမှာ ကယ်တင်ခြင်းဟို ရောက်သော အခုအချိန်ဟ ငါလို့ ယုံကြည်ခါစ အချိန်ထက် အခု ပိုပင်း နီးအယ်။
ROM 13:12 ညအချိန် ကုန်ခါနီးပီ၊ နေ့အချိန် ရောက်တော့မယ်။ ငါလို့ဟ မိုက်နဲ့ဆိုင်လဲ့အရာများဟို ရပ်တန့်ယွေ့ အလင်းရဲ့ လက်နက်များဟို ဝတ်ဆင်ကြစို့။
ROM 13:13 နေ့ရဲ့ အလင်းနှိုက် နေသော လူများအနေဖြင့် ငါလို့ဟ မိမိကိုယ်ကို မန်ကန်စွာ ပြုမူကြပါစို့၊ ပွဲလုပ်ခြင်း၊ သောက်စားမူးယဇ်ခြင်း၊ အကျင့်ယိုယွင်းခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ ရန်ဖြစ်ခြင်းနဲ့ မနာလိုခြင်းလို့ဟို ဆှောင်ကြစို့။
ROM 13:14 အဆှင် ယေရှု ခရစ်ဟို လက်နက်လိုမျိုး ဝတ်ဆင်ကြလော့။ ကိုယ်ကာယရဲ့ တပ်မက်ခြင်းဟို ဖြည့်ဆည်းဖို့ရန် မကြံစည်ကြနဲ့။
ROM 14:1 ယုံကြည်ခြင်း အားနည်းသော သူလို့ဟို လက်ခံကြလော့၊ အဲလိုလဲ သူလို့ရဲ့ ပုဂ္ဂိုလ်ရေး ထင်မြင်ချက်များနဲ့ ပတ်သက်ပင်း သူလို့နဲ့အတူ အငြင်းအခုံ မလုပ်ကြနဲ့။
ROM 14:2 လူတချို့ရဲ့ ယုံကြည်မှုနှိုက် ပစာအရာဟို မဆို စားလို့ရအယ်လို့ ယုံကြည်အယ်၊ အဲလိုလဲ ယုံကြည်ခြင်း အားနည်းသောသူဟ ဟင်းသီးဟင်းရွက်ဟိုသာ စားကြအယ်။
ROM 14:3 ပစာအရာဟို မဆို စားသောသူဟ မစားသောသူဟို မထီမဲ့မြင်မပြုစေနဲ့၊ ဟင်းသီးဟင်းရွက်သာ စားတတ်သောသူဟလည်း ပစာအစားအစာဟို မဆို စားတတ်သောသူဟို တရားစီရင်မှု မလုပ်နဲ့၊ အဲလိုလူဟို ဘုရားသခင် လက်ခံအယ်။
ROM 14:4 နင်ဟ စလိုလူဖြစ်သောကျောန့် သူတပါးရဲ့ အစေခံဟို စီရင်နိန်သလော၊ သူလို့ အောန်မြင်တာ ဖြစ်စေ၊ ကျရှုံးတာ ဖြစ်စေ၊ သူလို့ရဲ့ သခင်ဟ ဆုံးဖြတ်လိမ့်မယ်၊ သူလို့ဟ အောန်မြင်လိမ့်မယ်၊ ပစာကို့ဆိုသော် အဆှင်ဟ သူလို့ဟို အောန်မြင်ဖို့ တတ်နိန်အယ်။
ROM 14:5 အချို့လူများရဲ့ နေ့ရက်တရက်ဟ တခြားနေ့များထက် ပိုပင်း အရေးကြီးအယ်ဟု ထင်ကြပင်း တချို့ကမူ တူညီသောနေ့ရက်များ ဖြစ်အယ်လို့ ထင်ကြအယ်။ ငါလို့ တဦးစီဟ ငါလို့ရဲ့ စိတ်ဟို ခိုင်မာအောန် ပြုလုပ်သင့်အယ်။
ROM 14:6 နေ့ရက်ကို စောင့်ထိန်းသောသူဟ သခင်ဘုရားအတွက် စောင့်ထိန်းအယ်။ စားသောသူဟလည်း သခင်ဘုရားအတွက် စားအယ်။ အကျောန်းမှာ သူဟ ဘုရားသခင်ဟို ကျေးဇူးတင်အယ်၊ မစားသောသူဟလည်း သခင်ဘုရားအတွက် မစားဘဲ နေယွေ့ ဘုရားသခင်ဟို ကျေးဇူးတင်အယ်။
ROM 14:7 ငါလို့အနက် စသူမျှ တကိုယ်တည်းအတွက် အသက်မဆှင်၊ တကိုယ်တည်းအတွက်သာ မသေ။
ROM 14:8 ငါလို့ အသက်ဆှင်ရင် အဆှင်အတွက် အသက်ဆှင်ပင်း၊ ငါလို့ သေခဲ့ရင်လည်း အဆှင်အတွက် သေအယ်။ အေးကျောန့် ငါလို့ အသက်ဆှင်သည် ဖြစ်စေ၊ သေသည် ဖြစ်စေ၊ ငါလို့ဟို အဆှင်ပိုင်အယ်။
ROM 14:9 အေးကျောန်းကျောန့် ခရစ်တော်ဟ သေသောသူလို့နဲ့ ဆှင်သောသူလို့ရဲ့ အဆှင်ဖြစ်လိုသောငှာ အသေခံယွေ့ အသက်ပြန်ဆှင်အယ်။
ROM 14:10 အေးကျောန့် နင်လို့ဟ ပစာကျောန့် နင်လို့ရဲ့ ညီအကို မောင်နှမလို့ဟို စစ်ကြောစီရင်လုန်း။ သူလို့ဟို ပစာကျောန့် မထီမဲ့မြင်ပြုလုန်း။ ငါလို့ဆိသမျှဟ ဘုရားသခင် တရားစီရင်ခြင်းဟို ခံရမယ်။
ROM 14:11 ကျမ်းစာနှိုက် ရေးသားချက်အရ၊ “အဆှင် ဟောတာဟ ‘ငါဟ အသက်ဆှင်သောဘုရား ဖြစ်လဲ့အတိုင်း၊ ငါ့ဆေ့နှိုက် လူတိုင်း ဒူးထောက်ရမယ်၊ ငါဟ ဘုရားသခင်ဖြစ်ကျောန်း လူတိုင်း မိမိစလောင်နဲ့ ဝန်ခံရလိမ့်မယ်’ ဟု မိန့်အယ်။”
ROM 14:12 အေးလိုမို့ ငါလို့ဆိသမျှဟ ဘုရားသခင် စစ်ကြောခြင်းဟို ခံရမယ်။
ROM 14:13 အေးကျောန့် ငါလို့ဟ အခုအချင်းချင်း မစစ်ကြော မစီရင်ဘဲ နေကြကုန်အံ့။ အဲအစား သူတပါးလို့အား ထိမိယွေ့ လဲစရာ၊ အပစ်ထဲမှာ လဲကျရန် မကြံစည်ကြပါနဲ့။
ROM 14:14 ပကတိအလျောက် မစင်ကြယ်သော အစားအစာ တစုံတခုမှ မဆိဟု သခင် ယေရှုနှိုက် ငါအမန် သိလျက် ယုံကြည်စိတ်ချအယ်။ အဲလိုလဲ အစားအစာဟို မစင်ကြယ်အယ်ဟု မှတ်ယူသောသူအတွက် အေးအရာဟ မစင်ကြယ်။
ROM 14:15 သူတပါးလို့ဟ နင်စားသော အစားအစာကျောန့် အနှောက်အယှက်ဖြစ်ခဲ့ရင်၊ အေးသူရဲ့ အပေါ်တွင် မေတ္တာတရား ကင်းမဲ့ရာ ရောက်အယ်။ အေးသူလို့အတွက် ခရစ်တော် အသေခံခဲ့တာ ဖြစ်ယွေ့ တစုံတခုသော အစားအစာဟို စားခြင်းကျောန့် အေးသူလို့ဟို မဖျက်စီးနဲ့။
ROM 14:16 အေးကျောန့် နင်လို့ ကောင်းတာဟု ထင်သောအရာဟ ကဲ့ရဲ့စရာ မဖြစ်စေနဲ့။
ROM 14:17 ဘုရားသခင်ရဲ့ နိုင်ငံတော်ဟ အစားအသောက်နဲ့မဆိုင်၊ အဲလိုလဲ သန့်ဆှင်းသော ဝိညာဉ်တော်မှ ရဆိသော ဖြောင့်မတ်ခြင်း၊ ငြိမ်သက်ခြင်းနဲ့ ဝမ်းမြောက်ခြင်း ဖြစ်အယ်။
ROM 14:18 အဲလိုမို့ အေးနည်းအားဖြင့် ခရစ်တော်ရဲ့ အစေဟို ခံသောသူအား ဘုရားသခင် နှစ်သက်ပင်း လူလို့တွင်လည်း အသိအမှတ်ပြုကြအယ်။
ROM 14:19 အေးကျောန့် ငြိမ်းချမ်းရေးနဲ့ နေဦးနေဖက် အပြန်အလှန် တည်ဆောက်မှုဟို ပို့ဆောင်ပေးသော အရာများဟို လုပ်ဆောင်ရန် ငါလို့ အမြဲတမ်း အားထုတ်ကြိုးပမ်းရမယ်။
ROM 14:20 ဘုရားသခင်ရဲ့ အမှုတော်ဟို အစားအစာကျောန့် မဖျက်ဆီးနဲ့။ အစားအစာအားလုံး သန့်ဆှင်းပေမဲ့လည်း အေးအစားအစာများဟို စားသုံးခြင်းဖြင့် သူတပါးအား မှောက်မားစေသူနှိုက် အဆိုး ဖြစ်အယ်။
ROM 14:21 အမဲသားဟို စားခြင်း၊ စပျစ်ယေဟို သောက်ခြင်း ကိစ္စမှစယွေ့၊ သူတပါးဟို လဲကျစရာအကျောန်း မဖြစ်စေဖို့ ဆှောင်ကြဉ်ရမယ်။
ROM 14:22 အေးကျောန့် ဟေအရာများနဲ့ ပတ်သက်ယွေ့ နင်ဟ စလို ယုံကြည်ချက်ဟို မဆို နင်နဲ့ ဘုရားသခင် ကြားတွင် ထားပါ။ မိမိမန်တာဟု ယုံကြည်လဲ့အတိုင်း တရားစစ်ဆေးခြင်း မခံသောသူဟ မင်္ဂလာဆိအယ်။
ROM 14:23 အဲလိုလဲ သံသယဆိစွာနဲ့ စားသောသူ စသူမဆို အပစ်စီရင်ခြင်းဟို ခံရအယ်၊ ပစာကို့ဆိုသော် သူလို့ စားလဲ့အစားအစာဟ ယုံကြည်ခြင်းနဲ့ မသက်ဆိုင်၊ ယုံကြည်သော စိတ်မဆိဘဲ ကျင့်သောအကျင့်လို့ဟ အပစ်ဆိကြအယ်။
ROM 15:1 အားဆိသော ငါလို့ဟ ကိုယ့်အလိုဟို မလိုက်၊ အားနည်းသော သူလို့ရဲ့ အားနည်းခြင်းဟို သည်းခံရမယ်။
ROM 15:2 ငါလို့ တယောက်ချင်းစီဟ အိုင်နီးချင်းများအား သူလို့ရဲ့ ကောင်းကျိုးအတွက် သူလို့ဟို တည်ဆောက်ပေးသင့်အယ်။
ROM 15:3 အကျောန်းမှာ ခရစ်တော်ဟ မိမိနှစ်သက်လဲ့အတိုင်း မပြုခဲ့ပေ။ အဲအစား ကျမ်းစာလာလဲ့အတိုင်း “ကိုယ်တော်ဟို ကဲ့ရဲ့သော သူလို့ရဲ့ စကားဟ ငါ့အပေါ်ဟို ရောက်အယ်” ဟု ဖြစ်အယ်။
ROM 15:4 အကျောန်းမှာ ကျမ်းစာနှိုက် ရေးသားခဲ့လဲ့ အရာအားလုံးဟာ ငါလို့ဟို သင်ပေးဖို့ ရေးထားတာပါ၊ အေးကျောန့် ကျမ်းစာနှိုက်ပါသော သည်းခံခြင်းနဲ့ ခွန်အားပေးခြင်းအားဖြင့် ငါလို့ မျော်လင့်ချက် ဆိရန် ဖြစ်အယ်။
ROM 15:5 သည်းခံခြင်းနဲ့ ခွန်အားပေးခြင်းဟို ပေးသော ဘုရားသခင်ဟ ယေရှု ခရစ်တော်ဟို စံနမူနာ လိုက်ခြင်းအားဖြင့် နင်လို့ဟ တညီတညွတ်တည်း ဖြစ်နိန်ခြင်း အလိုငှာ ကူမပါစေ။
ROM 15:6 အဲကျောန့် နင်လို့ဟ ငါလို့ အဆှင် ယေရှု ခရစ်တော်ရဲ့ အဖတည်းဟူသော ဘုရားသခင်ဟို တညီတညွတ်တည်း စလောင်ဖြင့် ဂုဏ်တော်ဟို ချီးမွန်းနိန်ကြလိမ့်မယ်။
ROM 15:7 ခရစ်တော်ဟ နင်လို့ဟို လက်ခံသလိုမျိုး ဘုရားသခင်ရဲ့ ဘုန်းတော်ထင်ဆှားဖို့အတွက် နင်လို့ဟလည်း အချင်းချင်း တယောက်ဟို တယောက် လက်ခံကြလော့။
ROM 15:8 ဘုရားသခင်ဟ ကတိတည်သောသူ ဖြစ်ကျောန်း ပြသရန်၊ သူလို့ရဲ့ ဖိုးဖေးလို့အား သူရဲ့ ကတိ မန်ကန်လာဖို့ ပြုလုပ်ရန် ခရစ်တော်ရဲ့ ဖဝါ့အသက်တာ အစေခံခြင်းဟို ယုဒအမျိုးသားလို့ရဲ့ အကျိုးအတွက် ဆောင်ရွက်တာလို့ ငါဆိုအယ်။
ROM 15:9 ဘုရားသခင်ရဲ့ ကရုဏာဟို လူမျိုးခြားလို့ဟ ချီးမွန်းနိန်ကြစေရန် အတွက်လည်း ဆောင်ရွက်အယ်။ ကျမ်းစာအရ၊ “အေးကျောန့် ငါဟ လူမျိုးခြားလို့ အများထဲမှာ ကိုယ်တော်ဟို ချီးမွန်းလိမ့်မယ်၊ ကိုယ်တော်ဟို ချီးမွန်းသီချင်း ဆိုလိမ့်မယ်” ဟု ဖော်ပြပါဆိအယ်။
ROM 15:10 နောက်တခါ ထပ်ပြောတာဟ၊ “လူမျိုးခြားများ၊ ဘုရားသခင်ရဲ့ လူများနဲ့အတူ ဝမ်းမြောက်ကြလော့။”
ROM 15:11 နောက်တခါ “လူမျိုးခြားအားလုံးလို့၊ အဆှင်ဟို ချီးမွန်းကြလော့၊ လူအားလုံးလို့၊ ကိုယ်တော်ဟို ချီးမွန်းကြလော့။”
ROM 15:12 ပင်းနောက် ဟေရှာယဟ၊ “ယေရှဲရဲ့ အမြစ်တဦးဟ ပေါ်လာလိမ့်မယ်၊ သူဟ လူမျိုးခြားလို့ဟို အုပ်စိုးလိမ့်မယ်၊ အေးသူလို့ဟ သူ့ဟို မျော်လင့်ကြလိမ့်မယ်” ဟု ဆိုအယ်။
ROM 15:13 နင်လို့ရဲ့ မျော်လင့်ခြင်းဟ သန့်ဆှင်းသော ဝိညာဉ်တော်ရဲ့ တန်ခိုးအားဖြင့် ဆက်လက် အသက်ဆှင်နိန်ရန်အတွက် မျော်လင့်ခြင်းရဲ့ အရင်းအမြစ်ဖြစ်သော ဘုရားသခင်ဟ နင်လို့ရဲ့ ယုံကြည်ခြင်းအားဖြင့် နင်လို့အား ဝမ်းမြောက်ခြင်းနဲ့ ငြိမ်သက်ခြင်းဟို ပေးသနားပါစေ။
ROM 15:14 ငါ့ ညီအကို မောင်နှမလို့၊ ကောင်းမြတ်ခြင်းနဲ့ ပြေ့စုံတယ်လို့ ငါ့တတ်တိုင်း သေချာ သိရအယ်၊ နင်လို့မှာ ဗဟုသုတအားလုံး ဆိပင်း၊ တယောက်ဟို တယောက် သင်ပေးနိန်ကျောန်းဟို ငါ ယုံကြည်အယ်။
ROM 15:15 အဲလိုလဲ အေးစာထဲမှာ နင့်ဟို ငါဟ သတိပေးထားတဲ့ တချို့ အကျောန်းအရာတွေနဲ့ ပတ်သက်ပင်း အတော်လေး ရဲရင့်ခဲ့အယ်။
ROM 15:16 လူမျိုးခြားများအတွက် ငါ့ဟို ခရစ်တော် ယေရှုရဲ့ အမှုတော်ဟို ထမ်းဆောင်သူ ဖြစ်စေအယ်။ ဘုရားသခင်ရဲ့ ကောင်းမြတ်သော သတင်းနဲ့ဆိုင်လဲ့ ယဇ်ပုရောဟိတ် အမှုဟို ဆောင်ရွက်စေပင်း အေးလူမျိုးခြားလို့ဟို သန့်ဆှင်းသော ဝိညာဉ်တော်အားဖြင့် သန့်ဆှင်းစေခြင်း ခံရလဲ့ နှစ်သက်လက်ခံဖွယ် ပူဇော်သကာ ဖြစ်စေရန် ငါ့အား ဘုရားသခင် ပေးလဲ့ ကျေးဇူးတော်အားဖြင့် နင်လို့ဟို တဖန် သတိပေးရန် အချို့အပိုင်းနှိုက် ငါရဲဝံ့စွာ ရေးခဲ့အယ်။
ROM 15:17 ခရစ်တော် ယေရှုအားဖြင့် တလုံးတဝတည်းဆိရင် ဘုရားသခင်ရဲ့ အစေခံခြင်းဟို ဂုဏ်ယူနိန်အယ်။
ROM 15:18 အကျောန်းမှာ လူမျိုးခြားလို့ နာခံမှု ဆိစေရန် ခရစ်တော်ဟ ငါ့ဟို အသုံးပြုယွေ့ တရားစကားနဲ့ လုပ်ဆောင်မှုအားဖြင့် လည်းကောင်း၊
ROM 15:19 နိမိတ်လက္ခဏာနဲ့ အံ့ဩဖွယ်အရာ တန်ခိုးတော်အားဖြင့် လည်းကောင်း၊ ဘုရားသခင်ရဲ့ ဝိညာဉ်တော် တန်ခိုးတော်အားဖြင့် လည်းကောင်း ပြုသောအမှုအရာလို့ကျောန့် မဟုတ်ရင် ငါဟ စလို အရာဟိုမျှ ရဲဝံ့စွာ ပြောမှာ ဟုတ်ဝူး။ အေးလိုမို့ ငါဟ ယေရုရှလင်မြို့မှ ဣလုရိပြေအထိ ရောက်ဆိလဲ့ အရပ်ရပ်နှိုက် ခရစ်တော်ရဲ့ သတင်းကောင်းဟို အကုန်အစင် ကြေညာခဲ့ပီ။
ROM 15:20 ငါဟ သူတပါး တည်ဆောက်ထားသော တိုက်မြစ်ပေါ်တွင် မတည်ဆောက်ရန် ခရစ်တော်ရဲ့ အကျောန်း သတင်းကောင်းဟို မကြားဖူးလဲ့ နေရာများတွင် ဟောပြောရန် ငါ့ရည်မှန်းချက် ဖြစ်အယ်။
ROM 15:21 ကျမ်းစာနှိုက်၊ “အေးသူရဲ့ အကျောန်းဟို စသူမှ မပြောပေမဲ့လည်း သူလို့ဟ မျော်ရလိမ့်မယ်၊ မကြားဖူးသော သူလို့ဟလည်း နားလည်ကြလိမ့်မယ်” ဟု ဟောအယ်။
ROM 15:22 အေးကျောန့် နင်လို့ဆေဟို လာဖို့ ငါ အကြိမ်ကြိမ် တားဆီး ခံခဲ့ရအယ်။
ROM 15:23 အခုဟတော့ ငါသည် အဲဒေသများနှိုက် ငါ့အလုပ်ဟို ပီးအောန်လုပ်ပင်း၊ နင်လို့ဆေဟို လာရန် လွန်ခဲ့သော နှစ်ပေါင်းများစွာဟ အလိုဆိသောကျောန့်၊
ROM 15:24 ငါ အခု လာဖို့ မျော်လင့်အယ်။ ငါ စပိန်ဟို သွားလဲ့ လမ်းမှာ နင်လို့ဟို တွေ့ချင်အယ်၊ ငါ ခဏ နင်လို့ဆေဟို သွားရောက်လည်ပတ် ပျော်မွေ့ပင်းနောက် အေးအရပ်ဟို သွားရန် ငါ့အား ကူညီမစ စေလိုပါအယ်။
ROM 15:25 စလိုပဲဖြစ်ဖြစ် ခုတင်ချင်း ဘုရားသခင်ရဲ့ လူများဟို အစေခံဖို့ ယေရုရှလင်မြို့ဟို ငါသွားမယ်။
ROM 15:26 အကျောန်းမှာ မာကေဒေါနိပြေနဲ့ အခါယပြေဆိ အသင်းတော်လို့ဟ ယေရုရှလင်မြို့ဆိ သန့်ဆှင်းသူများထဲမှ ဆင်းရဲသောသူလို့ဟို ပေးလှူထောက်ပံ့ရန် ဆုံးဖြတ်ကြအယ်။
ROM 15:27 အဲဆုံးဖြတ်ချက်မှာ မိမိလို့ စေတနာအလျောက်သာ ဖြစ်အယ်၊ အမန်အားဖြင့်ဆိုသော် အေးဆင်းရဲသော သူလို့အား ကူညီမစရန် သူလို့မှာ တာဝန်ဆိအယ်။ ယုဒအမျိုးသားလို့ဟ မိမိလို့ ခံစားရလဲ့ ဝိညာဉ်ဆုကျေးဇူးများဟို လူမျိုးခြားလို့အား ဝေငှကြအယ်ဖြစ်ရာ လူမျိုးခြားလို့ဟလည်း ယုဒအမျိုးသားလို့အား စားဝတ်နေရေး ကိစ္စတွင် အကူအညီ ပေးသင့်ကြပေအယ်။
ROM 15:28 ငါ အဲဒီတာဝန်ပီးတဲ့အခါ သူလို့အတွက် ရဆိထားလဲ့ ငွေအားလုံးဟို အပ်ပေးပင်းမှ စပိန်ပြေဟို ငါ သွားမယ်၊ လမ်းကြုံ ကြိုက်ယွေ့ နင်လို့ဆေဟို ဝင်ရောက်လည်ပတ်မယ်။
ROM 15:29 နင်လို့ဆိရာဟို ငါ ရောက်သောအခါ ခရစ်တော်ရဲ့ ကောင်းချီး အပြေ့အစုံနဲ့ ငါရောက်လာမယ်ဟို ငါ သိအယ်။
ROM 15:30 ညီအကို မောင်နှမလို့၊ ငါလို့ရဲ့ သခင် ယေရှု ခရစ်တော်နဲ့ ဝိညာဉ်တော်ရဲ့ မေတ္တာတော်အားဖြင့် ဘုရားသခင်ဆေ စိတ်အားထက်သန်စွာ ဆုတောင်းခြင်းဖြင့် ငါရဲ့ ဒုက္ခဝေဒနာဟို မျှဝေခံစားဖို့ရန် နင်လို့အား ငါ တိုက်တွန်း နှိုးဆော်ပါအယ်။
ROM 15:31 ငါဟ ယုဒပြေဆိ မယုံကြည်သူလို့ရဲ့ ဘေးရန်မှ လွတ်မြောက်စေနိန်ရန်နဲ့ ငါရဲ့ အစေခံမှုဟို ယေရုရှလင်မြို့ဆိ ဘုရားသခင်ရဲ့ လူစုတော်ဟ ဝမ်းသာစွာ လက်ခံနိန်ကြစေရန် ဆုတောင်းကြလော့။
ROM 15:32 အေးလိုမို့ ဘုရားသခင် အလိုဆိရင် ငါဟ ဝမ်းမြောက်စွာ နင်လို့ဆေဟို လာယွေ့ နင်လို့နဲ့အတူ ပျော်ရွင်စွာ နားနေခွင့်ဟို ရဆိပါလိမ့်မယ်။
ROM 15:33 ငြိမ်သက်ခြင်းရဲ့ အဆှင်ဘုရားသခင်ဟ နင်လို့အားလုံးနဲ့ အတူဆိပါစေသော၊ အာမင်။
ROM 16:1 ကင်ခြေမြို့ အသင်းတော်တွင် အစေခံသောသူ၊ ငါလို့ရဲ့ ညီမဖြစ်သူ ဖိဗေရဲ့ အကျောန်းဟို ငါ မိတ်ဆက် အပ်နှံလိုပါအယ်။
ROM 16:2 ဘုရားသခင်ရဲ့ လူဖြစ်လဲ့အတိုင်း အဆှင်ရဲ့ နာမနှိုက် သူမဟို လက်ခံကြလော့။ နင်လို့ဆေဟ အကူအညီလိုသမျှ သူမဟို အကူအညီ ပေးကြလော့။ သူမဟ ရမ်းဆာ့သော လူများအတွက် မိတ်ဆွေကောင်း ဖြစ်ပင်း ငါနဲ့လည်း မိတ်ဆွေကောင်း ဖြစ်အယ်။
ROM 16:3 ခရစ်တော် ယေရှုရဲ့ အစေဟို ခံရာတွင် ငါ့ရဲ့ လုပ်ဖော်ဆောင်ဖက်များဖြစ်သော ပြစ်ကိလနဲ့ အာကုလလို့အား ငါရဲ့ နှုတ်ဆက်စကား ပေးပို့လိုက်ပါအယ်။
ROM 16:4 သူလို့ဟ ငါ့အတွက် အသက်စွန့် ကြိုးစား ဆောင်ရွက်ခဲ့သူများ ဖြစ်ကြအယ်။ သူလို့အား ငါတဦးတည်း သာမက လူမျိုးခြား အသင်းတော်လို့ဟိုလည်း ကျေးဇူးတင်ကြအယ်။
ROM 16:5 သူလို့ရဲ့ နေအိုင်နှိုက် တွေ့ဆုံလဲ့ အသင်းတော်ဟိုလည်း ငါနှုတ်ဆက်ပေးကြလော့။ အာရှပြေတွင် ဦးရင်ဆုံး ခရစ်တော်ဟို လက်ခံလာသူ ငါ့ရဲ့ ချစ်လှစွာသော မိတ်ဆွေ ဧပဲနပ်ဟို နှုတ်ဆက်ပေးကြလော့။
ROM 16:6 နင်လို့အတွက် အလုပ်ဟို ကြိုးစားလုပ်ပေးတဲ့ မာရိဟို နှုတ်ဆက်ကြလော့။
ROM 16:7 အန္ဒြောနိတ်နဲ့ ယုနိ လို့ဟိုလည်း နှုတ်ဆက်ကြလော့။ သူလို့ဟ ငါနဲ့အတူ အကျဉ်းခံခဲ့သော ယုဒအမျိုးသားများ ဖြစ်ကြအယ်။ သူလို့ဟ တမန်တော်များတွင် ထင်ပေါ်ကျော်ကြားသောသူများ ဖြစ်ကြအယ်။ ငါ့ထက် အရင် ခရစ်ယာန်ဖြစ်လာသော သူများလည်း ဖြစ်ကြအယ်။
ROM 16:8 အဆှင်နဲ့ မိတ်သဟာယ ဖွဲ့ခြင်းနှိုက် ငါရဲ့ ချစ်လှစွာသော အမ္ပလိဟို နှုတ်ဆက်ကြလော့။
ROM 16:9 ခရစ်တော်ရဲ့ အစေခံရာတွင် ငါ့ရဲ့ လုပ်ဖော်ဆောင်ဖက်ဖြစ်သူ ဥရဗန်နဲ့ ငါ့ရဲ့ ချစ်လှစွာသော မိတ်ဆွေ သတာခုဟိုလည်း နှုတ်ဆက်ကြလော့။
ROM 16:10 ခရစ်တော်အား သစ္စာဆိမှုဟို သက်သေပြလျက် ဆိသော အပေလေဟိုလည်း နှုတ်ဆက်ကြလော့။ အာရိတ္တောဗုလုရဲ့ မိသားစုဝင်များဟိုလည်း နှုတ်ဆက်ကြလော့။
ROM 16:11 ယုဒအမျိုးသားချင်းဖြစ်သူ ဟေရောဒျူန်ဟိုလည်း နှုတ်ဆက်ကြလော့။ သခင်ဘုရားနှိုက် ဆိလဲ့ တဘဲ့တော်ဖြစ်သော နာကိသုလို့ဟိုလည်း နှုတ်ဆက်ကြလော့။
ROM 16:12 အဆှင်ရဲ့ အစေဟို ဆောင်ရွက်သူ တရုဖဲနဲ့ တရုဖောသလို့ဟိုလည်း နှုတ်ဆက်ကြလော့။ အဆှင်အတွက် ရမ်းဆာ့သော အလုပ်လုပ်သော ငါရဲ့ ချစ်လှစွာသော ပေရသိဟိုလည်း နှုတ်ဆက်ကြလော့။
ROM 16:13 အဆှင် ရွေးချယ်ထားသောသူ ရုဖုနဲ့ ငါ့ဟို သားတယောက်လိုမျိုး အမြဲတမ်း ကျွေးမွေးသော သူရဲ့ အမေ့ဟို နှုတ်ဆက်ပေးကြလော့။
ROM 16:14 အသုံကြိတ်၊ ဖလေကုန်၊ ဟေရမ၊ ပတ်ရောဘ၊ ဟေရမေမှစယွေ့ သူလို့နဲ့ အခြား ခရစ်ယာန် ညီအကိုများ အားလုံးလို့ဟို နှုတ်ဆက်ပေးကြလော့။
ROM 16:15 ဖိလောလုပ်နဲ့ ယုလိ၊ နေရု၊ နေရုရဲ့ ညီမ ဩလုမ္ပမှစယွေ့ သူလို့နဲ့အတူနေသော ဘုရားသခင်ရဲ့ လူများ အားလုံးလို့ဟို နှုတ်ဆက်ပေးကြလော့။
ROM 16:16 တယောက်နဲ့တယောက် သန့်ဆှင်းသော နမ်းခြင်းဖြင့် နှုတ်ဆက်ကြလော့။ ခရစ်တော်ရဲ့ အသင်းတော်များဟ နင်လို့ဟို နှုတ်ဆက်လိုက်အယ်။
ROM 16:17 ငါ့ ညီအကို မောင်နှမလို့ နင်လို့ ခံယူရပင်းသော ဆုံးမဩဝါဒများဟို ဆန့်ကျင်လျက် လူလို့အား ကွဲပြားစေခြင်း၊ လူလို့ရဲ့ ယုံကြည်ချက်ဟို စိတ်ပျက်စေသောသူလို့အား သတိပြုလျက် ဆှောင်ဆှားကြလော့ဟု နင်လို့ဟို တိုက်တွန်း နှိုးဆော်ပါအယ်။
ROM 16:18 အကျောန်းမှာ သူလို့ဟ ငါလို့ရဲ့ အဆှင် ခရစ်တော်ရဲ့ အစေဟို ခံသူများ မဟုတ်ဘဲ၊ သူလို့ရဲ့ ကိုယ်ပိုင်အရာကိုယ်သာ စိတ်ဝင်စားကြသူများ ဖြစ်ကြအယ်။ သူလို့ရဲ့ ချိုသာသော စကားများနဲ့ မြှောက်ပင့်သော စကားများဖြင့် အပစ်မဲ့သူလို့ဟို လှည့်စားတတ်ကြအယ်။
ROM 16:19 နင်လို့ရဲ့ နာခံမှုဟ လူတိုင်း ကြားသိရလဲ့အတွက်ကျောန့် နင်လို့အပေါ်နှိုက် ငါ ဝမ်းမြောက်ခြင်း ဆိအယ်။ ကောင်းလဲ့အရာနှိုက် နင်လို့ဟ ပညာဆိများ ဖြစ်ပင်း မကောင်းသောအမှုနဲ့ ပတ်သက်ပင်း အပစ်ကင်းသူများ ဖြစ်စေလိုအယ်။
ROM 16:20 ငြိမ်သက်ခြင်းရဲ့ အဆှင်ဖြစ်သော ဘုရားသခင်ဟ စာတန်ဟို နင်လို့ရဲ့ ခြေထောက်အောက်တွင် မကြာခင် ချေမှုန်းလိမ့်မယ်။ ငါလို့ အဆှင် ယေရှုရဲ့ ကျေးဇူးတော်ဟို နင်လို့ ခံစားကြရပါစေ။
ROM 16:21 ငါ့ရဲ့ လုပ်ဖော်ဆောင်ဖက်ဖြစ်သော တိမောသေနဲ့ ယုဒအမျိုးသားဖြစ်ကြသော လုကိ၊ ယာသုန်နဲ့ သောသိပတရုလို့ဟိုလည်း နင်လို့ဟို နှုတ်ဆက်ကြအယ်။
ROM 16:22 ဟေစာဟို ရေးသော ငါ တေရတိဟ ဘုရားသခင်ရဲ့ နာမနှိုက် နင်လို့ဟို နှုတ်ဆက်လိုက်ပါအယ်။
ROM 16:23 ငါ့အား ဧည့်ဝတ်ပြုသူ၊ အသင်းတော်ဝင်အပေါင်းလို့ ဝတ်ပြုရာ အိုင်ဆှင် ဂါယုဟလည်း နင်လို့ဟို နှုတ်ဆက်လိုက်အယ်။ မြို့တော် ဘဏ္ဍာထိန်း ဧရတ္တု၊ ငါလို့ရဲ့ ညီအကို ကွာတုဟို လည်းကောင်း နင်လို့အား နှုတ်ဆက်လိုက်အယ်။
ROM 16:24 
ROM 16:25 ဘုရားသခင်ရဲ့ ဂုဏ်တော်ဟို ချီးမွန်းကြပါစို့။ အဲသူဟ ယေရှု ခရစ်တော်ရဲ့ အကျောန်း ငါဝေငှလဲ့ သတင်းကောင်းအရသော် လည်းကောင်း၊ ဆေ့ကာလ အဆက်ဆက်နှိုက် အောင်းနေခဲ့သော အမန်တရားပေါ်လွင် ထင်ဆှားချက်အရ သော်လည်းကောင်း၊ နင်လို့ဟို ယုံကြည်ခြင်းနှိုက် ခိုင်မြဲစေနိန်သူ ဖြစ်အယ်။
ROM 16:26 အခု စလိုပဲဖြစ်ဖြစ် ပရောဖက်များ ရေးသားသောအရာအားဖြင့် လူမျိုးအားလုံးလို့ဟ ဘုရားသခင်ဟို ယုံကြည်ကာ ကိုယ်တော်ရဲ့ စကားဟို နားထောင်လာကြစေရန် ထာဝရ အသက်ဆှင်လဲ့ ဘုရားရဲ့ အမိန့်အရ အေးအမန်တရားဟ သိသာထင်ဆှားလာလေပီ။
ROM 16:27 ပညာနဲ့ ပြေ့စုံလဲ့ တဆူတည်းသော ဘုရားသခင်ဟ ယေရှု ခရစ်အားဖြင့် ထာဝရ ဘုန်းကြီးစေသတည်း။ အာမင်။
1CO 1:1 ဘုရားသခင်ရဲ့ အလိုတော်အားဖြင့် ခရစ်တော် ယေရှုရဲ့ တမန်တော်အရာနှိုက် ခန့်ထားသော ငါ ပေါလုနဲ့ ငါ့ညီ သုဿင်ဆေမှ —
1CO 1:2 ကောရိန့်မြို့ဆိ ဘုရားသခင်ရဲ့ အသင်းတော်ဝင်အပေါင်းလို့ဆေဟို လည်းကောင်း၊ အရပ်ခပ်သိမ်းမှ ငါလို့နဲ့ သူလို့ရဲ့ သခင် ယေရှု ခရစ်တော်ဟို ကိုးကွယ်သောသူ အပေါင်းလို့နဲ့တကွ ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်း ဆိသောအားဖြင့် ဘုရားသခင်ရဲ့ လူအဖြစ် ရွေးချယ်ခြင်း ခံရသောသူအပေါင်းလို့ဆေဟို လည်းကောင်း စာရေးလိုက်ပါအယ်။
1CO 1:3 ငါလို့အဖ ဘုရားသခင်နဲ့ သခင် ယေရှု ခရစ်တော်ဆေမှ ကျေးဇူးတော်နဲ့ ငြိမ်သက်ခြင်းဟ နင်လို့နှိုက် ဆိပါစေသော။
1CO 1:4 ခရစ်တော် ယေရှုအားဖြင့် နင်လို့အား ပေးသော ဘုရားသခင်ရဲ့ ကျေးဇူးတော်ကျောန့် ငါဟ နင်လို့အတွက် ငါ့ဘုရားသခင်ဟို အစဉ် ကျေးဇူးတင်အယ်။
1CO 1:5 အကျောန်းမှာ နင်လို့ဟ ခရစ်တော်နဲ့ တလုံးတဝတည်း ဆိသဖြင့် ပြောဆိုသမျှနဲ့ အသိပညာဆိသမျှလို့နှိုက် ကြွယ်ဝခြင်းသို့ ရောက်လေပီ။
1CO 1:6 ခရစ်တော်နဲ့ ပတ်သက်သော သတင်းစကားဟ နင်လို့အထဲနှိုက် ခိုင်မြဲစွာ တည်ဆိနေအယ်။
1CO 1:7 ငါလို့ သခင် ယေရှု ခရစ်တော် ပေါ်ထွန်းလာမဲ့ အချိန်ဟို စောင့်မျှော်နေသလို နင်လို့ မခံရလဲ့ ကောင်းချီးမင်္ဂလာ တစုံတခုမျှ မဆိ။
1CO 1:8 ငါလို့ သခင် ယေရှု ခရစ်တော်ရဲ့ နေ့နှိုက် နင်လို့ဟ အပစ်တင်ခွင့်နဲ့ ကင်းလွတ်စေမဲ့အကျောန်း ကိုယ်တော်ဟ နင်လို့အား အဆုံးတိုင်အောန် ခိုင်ခံ့မြဲမြံစေလိမ့်မယ်။
1CO 1:9 ကိုယ်တော်ဟ နင်လို့အား မိမိရဲ့ သားတော် တည်းဟူသော ငါလို့ရဲ့ ယေရှု ခရစ်တော်နဲ့ မိတ်သဟာယ ဖွဲ့စေရန် နင်လို့ဟို ခေါ်သော ဘုရားသခင်ဟ သစ္စာနဲ့ ပြေ့စုံအယ်။
1CO 1:10 ညီအကို မောင်နှမလို့၊ ငါလို့ သခင် ယေရှု ခရစ်တော်ရဲ့ နာမဟို အမှီပြုယွေ့ နင်လို့အား တောင်းပန်အယ်။ စိတ်ဝမ်းကွဲပြားမှု မဆိစေရန် နင်လို့အား စကားအပြောအဆိုတွင် ညီညွတ်မှု ဆိကြလော့။ စိတ်ကူးတခုတည်း ရည်ရွယ်ချက် တခုတည်းဖြင့် စည်းလုံးမှု ဆိကြလော့။
1CO 1:11 ညီအကို မောင်နှမလို့၊ နင်လို့ဟ အချင်းချင်း ခိုက်ရန်ဖြစ်လျက် ဆိကြကျောန်းဟို ခလောဣ အိုင်သားများဆေမှ ငါ ကြားသိရအယ်။
1CO 1:12 ငါဆိုလိုတာဟ တယောက်ဟ “ပေါလု တဘဲ့ ဖြစ်အယ်၊ နောက်တယောက်ဟ အာပေါလု တဘဲ့ ဖြစ်အယ်၊ နောက်တယောက်ဟ ကေဖ တဘဲ့ ဖြစ်အယ်၊ တခြားတယောက်ဟ ခရစ်တော်ရဲ့ တဘဲ့ ဖြစ်အယ်” ဟု နင်လို့ တဦးစီတိုင်း ပြောသောစကား ဖြစ်အယ်။
1CO 1:13 ခရစ်တော်ဟ ကွဲပြားသလော၊ ပေါလုဟ နင်လို့အတွက် လက်ဝါးကပ်တိုင်မှာ အသေခံပီလော။ အဲဟာ မဟုတ်ရင် နင်လို့ဟ ပေါလုရဲ့ နာမဟို အမှီပြုယွေ့ နှစ်ခြင်းဟို ခံယူကြပီလော။
1CO 1:14 ကရိပ္ပုနဲ့ ဂါယုမှ လွဲယွေ့ နင်လို့အထဲမှ စသူ့ဟိုမျှ ငါဟ နှစ်ခြင်း မပေးလဲ့အတွက် ဘုရားသခင်ဟို ကျေးဇူးတင်အယ်။
1CO 1:15 အဲလိုမို့ နင်လို့ဟ ငါရဲ့ နာမဟို အမှီပြုယွေ့ နှစ်ခြင်း ခံယူကြအယ်ဟု စသူမျှ မပြောနိန်။
1CO 1:16 သတေဖန်ရဲ့ အိုင်သူအိုင်သားလို့လည်း ငါ နှစ်ခြင်း ပေးခဲ့အယ်၊ အဲသူလို့မှ လွဲယွေ့ အခြားစသူ့ဟိုမျှ နှစ်ခြင်းပေးတာဟို ငါ မမှတ်မိ။
1CO 1:17 ခရစ်တော်ဟ ငါ့ဟို နှစ်ခြင်း ပေးစေရန် စေလွှတ်တာ မဟုတ်။ ခရစ်တော်ရဲ့ လက်ဝါးကပ်တိုင်တွင် အသေခံခြင်း တန်ခိုး အလကားကား မဖြစ်စေရန် လူလို့ရဲ့ ဉာဏ်ပညာနဲ့ယှဉ်သော စကားများဟို အသုံးမပြုဘဲ သတင်းကောင်းဟို ပြောရန် ငါ့ဟို စေလွှတ်ခြင်း ဖြစ်အယ်။
1CO 1:18 အကျောန်းမှာ လက်ဝါးကပ်တိုင်တွင် ခရစ်တော် အသေခံခြင်း တည်းဟူသော တရားဟ ဆုံးရှုံးမဲ့သူများအတွက် အနက်အဓိပ္ပာယ် မဆိလဲ့အရာ ဖြစ်အယ်၊ အားပေမဲ့ ကယ်တင်ခြင်း ခံသော ငါလို့အတွက် ဘုရားသခင်ရဲ့ တန်ခိုးတော် ဖြစ်အယ်။
1CO 1:19 ကျမ်းစာ ပြောတာဟ “ပညာဆိလို့ရဲ့ ဉာဏ်ပညာဟို ငါ ဖျက်ဆီးမယ် အသိပညာဆှင်လို့ရဲ့ အသိပညာဟိုလည်း ငါ ပယ်မယ်” ဟု ဖြစ်အယ်။
1CO 1:20 ပညာဆိဟ ပစာမှာ ဆိလုန်း။ ကျမ်းပြုဆရာဟ ပစာမှာ ဆိလုန်း။ ဟေလောကဆိ ဝေဖန်ရေးသူများဟ ပစာမှာ ဆိလုန်း။ ဘုရားသခင်ဟ လောကီဉာဏ်ပညာဟို မိုက်မဲစေတာ မဟုတ်လော။
1CO 1:21 အကျောန်းမှာ ဘုရားသခင်ရဲ့ ဉာဏ်ပညာအရ ဟေလောကဟ မိမိရဲ့ ဉာဏ်ပညာအားဖြင့် ဘုရားသခင်ဟို မသိခဲ့သောကျောန့် ဘုရားသခင်ဟ ဟောပြောခြင်းအမှုရဲ့ မိုက်မဲသောအရာအားဖြင့် ယုံကြည်သောသူလို့ဟို ကယ်တင်ရန် အလိုဆိအယ်။
1CO 1:22 ယုဒလူမျိုးလို့ဟ နိမိတ်လက္ခဏာများဟို တောင်းတတ်ကြအယ်။ လူမျိုးခြားလို့ဟ ဉာဏ်ပညာဟို ဆှာတတ်ကြအယ်။
1CO 1:23 ငါလို့ဟ လက်ဝါးကပ်တိုင်တွင် အသေခံသော ခရစ်တော်ရဲ့ အကျောန်းဟို ဟောပြောကြအယ်၊ အဲအကျောန်းအရာဟ ယုဒလူမျိုးလို့အတွက် မနှစ်မြို့စရာဖြစ်ပင်း လူမျိုးခြားလို့အတွက် အနက်အဓိပ္ပာယ် မဆိလဲ့အရာ ဖြစ်အယ်။
1CO 1:24 အားပေမဲ့ ယုဒအမျိုးသား ဖြစ်စေ၊ လူမျိုးခြား ဖြစ်စေ၊ ခေါ်သောသူလို့နှိုက် ဘုရားသခင်ရဲ့ တန်ခိုးတော်နဲ့ ဘုရားသခင်ရဲ့ ဉာဏ်ပညာဟူသော ခရစ်တော်ရဲ့ တရား ဖြစ်အယ်။
1CO 1:25 ဘုရားသခင်ရဲ့ မိုက်မဲခြင်းအရာဟ လူလို့ရဲ့ ပညာထက် ပိုယွေ့ ပညာဆိအယ်၊ ဘုရားသခင်ရဲ့ အားနည်းခြင်းအရာဟ လူလို့ရဲ့ ခွန်အားထက် ပိုယွေ့ အားကြီးအယ်။
1CO 1:26 ညီအကို မောင်နှမလို့၊ နင်လို့ဟို ခေါ်ခြင်းအရာဟို ဆင်ခြင်ကြလော့။ ခေါ်သောသူလို့တွင် လောကီပညာဆိအများ မပါ၊ ထင်ဆှားသော လူကြီးအများ မပါ၊ မင်းမျိုးနွယ်ဖြစ်သောသူအများ မပါ။
1CO 1:27 ဘုရားသခင်ဟ ပညာဆိလို့ဟို ဆှက်ကြောက်စေရန်၊ လောကီအရာနှိုက် မိုက်မဲသောသူလို့ဟို ရွေးကောက်အယ်။ အစွမ်းသတ္တိဆိသော သူလို့ဟို ဆှက်ကြောက်စေရန် လောကီအရာနှိုက် အားနည်းသောသူလို့ဟို ရွေးကောက်လေအယ်။
1CO 1:28 ဟေလောကအရာနှိုက် မြတ်သောသူလို့ဟို ဆှက်ကြောက်စေခြင်းငှါ နှိမ့်ချခြင်း ခံရသူများ၊ မထီမဲ့မြင်ပြုခြင်း ခံရသူများနဲ့ အပယ်ခံရသူများဟို ဘုရားသခင် ရွေးကောက်အယ်။
1CO 1:29 အဲကျောန့် ဘုရားသခင်ဆေ့နှိုက် စသူမျှ ဝါကြွားစရာအကျောန်း မဆိ။
1CO 1:30 ဘုရားသခင်ဟ နင်လို့အား ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်း ဖြစ်စေအယ်၊ ခရစ်တော်အား ငါလို့ရဲ့ ဉာဏ်ပညာ ဖြစ်စေအယ်။ ကိုယ်တော်အားဖြင့် ဘုရားသခင်ဟ ငါလို့ဟို ဖြောင့်မတ်စေယွေ့ ငါလို့ဟ ဘုရားသခင်ရဲ့ လူစုတော်ဖြစ်လျက် ရွေးနုတ်ခြင်းဟို ရဆိကြအယ်။
1CO 1:31 အဲလိုမို့ ကျမ်းစာလာတာနဲ့အညီ၊ “စသူမဆို ဝါကြွားလိုရင် သခင်ဘုရားနှိုက်သာ ဝါကြွားစေ” ဟု ပြောထားအယ်။
1CO 2:1 ညီအကို မောင်နှမလို့၊ ငါဟ နင်လို့ဆေ ရောက်လာသောအခါ ဘုရားသခင်ရဲ့ နက်နဲသော သမ္မာတရား ဟို ဟောပြောစဉ် ထူးမြတ်သော စကားနဲ့ ထူးမြတ်သော ပညာများဟို အသုံးပြုယွေ့ နင်လို့အား ဟောပြောတာ မဟုတ်။
1CO 2:2 နင်လို့နဲ့အတူ ဆိစဉ်အခါ ငါဟ ယေရှု ခရစ်တော်အကျောန်းနဲ့ အထူးသဖြင့် လက်ဝါးကပ်တိုင်တွင် အသေခံလဲ့အကျောန်းမှ လွဲယွေ့ အခြားအရာမန်သမျှဟို မေ့ပျောက်ရန် စိတ်ပိုင်းဖြတ်ထားအယ်။
1CO 2:3 အဲလိုမို့ ငါဟ နင်လို့ဆေဟို လာချိန်နှိုက် အားနည်းယွေ့ ကြောက်ရွံ့ တုန်လှုပ်လျက်၊
1CO 2:4 ငါရဲ့ စကားနဲ့ ငါရဲ့ ဟောပြောချက်လို့ဟ ဆွဲဆောင်မှုဆိလဲ့ ဉာဏ်ပညာ စကားအားဖြင့် မဟုတ်ဘဲ ဝိညာဉ်တော်နဲ့ တန်ခိုးတော်လို့ရဲ့ သက်သေအထောက်အထားအားဖြင့် ဖြစ်အယ်။
1CO 2:5 အဲလိုမို့ နင်လို့ရဲ့ ယုံကြည်မှုဟ လူလို့ရဲ့ အသိဉာဏ်အပေါ်တွင် အမှီမပြုဘဲ ဘုရားသခင်ရဲ့ တန်ခိုးတော်အပေါ်တွင် အမှီပြုအယ်။
1CO 2:6 ငါဟ ပညာနဲ့ယှဉ်သောစကားဟို ဝိညာဉ်ရေး ရင့်ကျက်သူလို့အား ပြောဆိုအယ်။ အားပေမဲ့ အဲပညာဟ ဟေလောကနဲ့ မသက်ဆိုင်၊ လောကီမင်းများနဲ့လည်း မသက်ဆိုင်၊ လောကီမင်းလို့ရဲ့ တန်ခိုးအာဏာဟ လျော့နည်းလျက် နေအယ်။
1CO 2:7 ငါဟ ဘုရားသခင်ရဲ့ နက်နဲသော ပညာအကျောန်းဟို ဟောပြောအယ်၊ အဲဉာဏ်ပညာဟ လူလို့ဆေမှ ဘုရားသခင် လျှို့ဝှက်ထားသောအရာ ဖြစ်အယ်၊ အားပေမဲ့ ငါလို့ ဘုန်းအသရေ ခံစားရစေရန် လောကဟို ဖန်ဆင်းတော်မမူမီပင် ဘုရားသခင်ရဲ့ ဉာဏ်ပညာ ဖြစ်အယ်။
1CO 2:8 လောကီမင်းလို့အနက် စသူမျှ ဟေဉာဏ်ပညာအကျောန်းဟို မသိနားမလည်ကြ။ သူလို့ဟ သိခဲ့ရင် သူလို့ဟ ဘုန်းကြီးသော သခင်ဘုရားဟို လက်ဝါးကပ်တိုင်တွင် တင်ယွေ့ သတ်ကြမယ် မဟုတ်။
1CO 2:9 ကျမ်းစာလာလဲ့အတိုင်း၊ “ဘုရားသခင်ဟ စသူမျှ မမျော် မကြားစဖူးဖြစ်မယ်ဟု စသူမျှ မထင်မမှတ်ဖူးလဲ့ အမှုအရာဟို မိမိအား ချစ်သောသူလို့အဖို့ ပြင်ဆင်ထားလေအယ်။”
1CO 2:10 အားပေမဲ့ ဘုရားသခင်ဟ မိမိရဲ့ လျှို့ဝှက်ချက်ဟို ဝိညာဉ်တော်အားဖြင့် ငါလို့အား ဖော်ပြအယ်။ ဝိညာဉ်တော်ဟ အရာခပ်သိမ်းဟို သာမက ဘုရားသခင်ရဲ့ လျှို့ဝှက်နက်နဲသော အကြံအစည်လို့ဟို စူးစမ်းဆှာဖွေအယ်။
1CO 2:11 လူနဲ့ဆိုင်သောအရာလို့ဟို သူလို့အထဲနှိုက် ဆိသော သူရဲ့ ဝိညာဉ်မှတပါး စသူ သိနိန်လုန်း။ အဲတိုင်းတိုင်း ဘုရားသခင်နဲ့ ဆိုင်သောအရာလို့ဟို ဘုရားသခင်ရဲ့ ဝိညာဉ်တော်မှတပါး စသူမျှ မသိ။
1CO 2:12 ငါလို့ဟ လောကီဝိညာဉ်ဟို မခံရကြ၊ ဘုရားသခင် ပေးသောအရာလို့ဟို သိစေရန် ဘုရားသခင်ဆေ ကြွလာသော ဝိညာဉ်ဟို ခံရကြပီ။
1CO 2:13 ဘုရားသခင် ပေးသောအရာလို့ဟို ငါလို့ ဟောပြောသောအခါ လူ့ပညာဟ သင်ကြားပေးသော စကားအားဖြင့် မဟုတ်ဘဲ ဝိညာဉ်တော်ဟ သင်ကြားပေးသော စကားအားဖြင့် ဟောပြောယွေ့ ဝိညာဉ်ရေးနဲ့ ဆိုင်သောအရာလို့ဟို ဝိညာဉ်သဘောအားဖြင့် ငါလို့ ဟောပြောကြအယ်။
1CO 2:14 ဝိညာဉ်တော်ဟို မခံယူသူဟ ဘုရားသခင်ရဲ့ ဝိညာဉ်တော် ချပေးလဲ့ ဆုကျေးဇူးများဟို မခံယူနိန်။ ဝိညာဉ်ရေးဟို အခြေခံမှသာလျှင် အဲအရာများရဲ့ တန်ဖိုးဟို အကဲဖြတ်နိန်သဖြင့် ဝိညာဉ်တော် မခံယူသူဟ ဆုကျေးဇူးများအကျောန်းဟို အကယ်ပင် နားမလည်နိန်၊ သူရဲ့ အတွက် အဲအရာလို့ဟ အနက်အဓိပ္ပာယ် ကင်းမဲ့သောအရာများသာလျှင် ဖြစ်ကြအယ်။
1CO 2:15 ဝိညာဉ်တော်ဆိသောသူ စသူမဆို၊ အရာခပ်သိမ်းရဲ့ တန်ဖိုးဟို တရားစီရင်နိန်အယ်။ အားပေမဲ့ အဲလူဟို စသူမျှ မစီရင်နိန်။
1CO 2:16 ကျမ်းစာတွင် “စသူဟ အဆှင်ရဲ့ စိတ်သဘောဟို သိမလုန်း။ စသူဟ ကိုယ်တော်အား အကြံဉာဏ်ပေးနိန်လုန်း” ဟူယွေ့ ဆိုလဲ့အတိုင်း ဖြစ်အယ်။ အားပေမဲ့ ငါလို့ဟ ခရစ်တော်ရဲ့ စိတ်သဘောဟို ခံရကြအယ်။
1CO 3:1 အားပေမဲ့ ညီအကို မောင်နှမလို့၊ ငါဟ နင်လို့ဟို ဝိညာဉ်သဘောဆိသောသူများလို ဟောပြောယွေ့ မရဘဲ သွေးသားဇာတိပကတိနှိုက် ဆိသောသူများလို လည်းကောင်း၊ ခရစ်တော်နှိုက် လူပဲ့သငယ်များလို လည်းကောင်း ငါ ဟောပြောရအယ်။
1CO 3:2 နင်လို့ဟ ကြေခဲသော အစားအစာဟို စားနိန်ကြသေးသောကျောန့် ၎င်းဟို မကျွေးဘဲ နို့ဟိုသာ ငါတိုက်ရအယ်။ အခုတိုင်အောန် နင်လို့ဟ အစာမကြေနိန်ကြ။
1CO 3:3 နင်လို့ဟ လောကီသားများ အဆင့်တန်းနှိုက်သာ နေကြသေးအယ်။ အချင်းချင်း မနာလိုလျက်၊ ရန်ဖြစ်လျက် နေကြတာဟ လောကီသား အဆင့်အတန်းနှိုက်ပင် နင်လို့ ဆိကြသေးယွေ့ မဟုတ်လော၊ လောကီထုံးစံအတိုင်း ကျင့်ကြံနေကြတာ မဟုတ်လော။
1CO 3:4 တယောက်ဟ၊ “ငါဟ ပေါလု တဘဲ့ ဖြစ်အယ်၊ အခြားတယောက်ဟ ငါဟ အာပေါလု တဘဲ့ ဖြစ်အယ်” ဟု ပြောကြရင် လောကီလူသားများပင် ဖြစ်ကြတာ မဟုတ်လော။
1CO 3:5 အာပေါလုဟ စသူလုန်း။ ပေါလုဟ စသူလုန်း။ ငါလို့ဟ ဘုရားသခင်ရဲ့ အစေခံများ ဖြစ်ယွေ့ နင်လို့ ယုံကြည်လာစေရန် ပြုစုပေးကြသူများ ဖြစ်အယ်။ ငါလို့တဦးစီဟို သခင်ဘုရား ခွဲဝေ သတ်မှတ်ပေးသော တာဝန်အသီးသီးဟို ထမ်းဆောင်ကြရအယ်။
1CO 3:6 ငါဟ မျိုးစေ့ဟို စိုက်အယ်။ အာပေါလုဟ ယေလောင်းအယ်။ အားပေမဲ့ အပင်ဟို ကြီးထွားစေသောသူဟ ဘုရားသခင် ဖြစ်အယ်။
1CO 3:7 မျိုးစေ့ဟို စိုက်သူနဲ့ ယေလောင်းသူဟ အဓိက မဟုတ်။ အပင်ဟို ကြီးထွားစေသောသူ ဘုရားသခင်သာလျှင် အဓိက ဖြစ်အယ်။
1CO 3:8 မျိုးစေ့ဟို စိုက်သူနဲ့ ယေလောင်းသူလို့ဟ တန်းတူရည်တူ ဖြစ်ကြအယ်။ ဘုရားသခင်ဟ သူလို့ဟို မိမိလို့ရဲ့ အားထုတ်မှုနဲ့အညီ အကျိုးဟို ခံစားစေလိမ့်မယ်။
1CO 3:9 အကျောန်းမှာ ငါလို့ဟ ဘုရားသခင်အတွက် အလုပ်လုပ်သောသူချင်း ဖြစ်ကြအယ်။ နင်လို့ဟ ဘုရားသခင်ရဲ့ ဥယျာဉ်တော် ဖြစ်ကြအယ်။ နင်လို့ဟ ဘုရားသခင်ရဲ့ ကျောင်းတော်တိုက်လည်း ဖြစ်အယ်။
1CO 3:10 ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ငါခံရတာနဲ့အညီ၊ ကျွမ်းကျင်သော ဗိသုကာကဲ့သို့ တိုက်မြစ်ဟို ချပီ၊ အခြားသောသူဟ အဲတိုက်မြစ်ပေါ်တွင် ထပ်ဆင့်ယွေ့ တည်ဆောက်လေအယ်။ အားပေမဲ့ စလို ထပ်ဆင့်ပင်း တည်ဆောက်တာဟို လူတိုင်း သတိပြုစေ။
1CO 3:11 ယေရှု ခရစ်တော် တည်းဟူသော ချထားပင်း တိုက်မြစ်မှတပါး အခြားသော တိုက်မြစ်ဟို စသူမျှ မချနိန်။
1CO 3:12 လူအချို့လို့ဟ အဲတိုက်မြစ်ပေါ်နှိုက် ဆွေ၊ ငွေ၊ ကျောက်ကောင်း၊ သစ်သား၊ မြက်ပင်၊ ကောက်ရိုးများဟို ထပ်ဆင့်ယွေ့ တည်ဆောက်ကြလိမ့်မယ်။
1CO 3:13 အဲသူတယောက်စီရဲ့ တည်ဆောက်မှု အရည်အသွေးဟ ခရစ်တော် ကြွလာရာနေ့နှိုက် သိသာထင်ဆှားလိမ့်မယ်။ အဲနေ့နှိုက် မီးလျှံဟ လူတိုင်းရဲ့ အလုပ်ဟို ထင်ပေါ်စေလိမ့်မယ်။ အဲမီးဟ လူအသီးသီးလို့ရဲ့ အလုပ်အရည်အသွေးဟို စစ်ဆေးပေးလိမ့်မယ်။
1CO 3:14 တိုက်မြစ်ပေါ်တွင် တည်ဆောက်လဲ့အရာဟို အဲမီးရဲ့ ဒဏ်ဟို ခံနိန်ရင် တည်ဆောက်သူဟ အကျိုးဟို ခံရလိမ့်မယ်။
1CO 3:15 အားပေမဲ့ မိမိအလုပ် မီးလောင်သွားရင် တည်ဆောက်သူဟ အရှုံးရလိမ့်မယ်။ အဲသူတတ်တိုင်းဟ မီးလျှံဘေးမှ လွတ်မြောက်သူသဖွယ် ကယ်တင်ခြင်းဟို ခံရလိမ့်မယ်။
1CO 3:16 နင်လို့ဟ ဘုရားသခင်ရဲ့ ဗိမာန်တော် ဖြစ်ပင်း၊ နင်လို့အထဲနှိုက် ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟ ကျိန်းဝပ်တာဟို မသိကြသလော။
1CO 3:17 ဘုရားသခင်ရဲ့ ဗိမာန်တော်ဟို ဖျက်ဆီးသောသူဟို ဘုရားသခင် ဖျက်ဆီးလိမ့်မယ်။ အကျောန်းမှာ ဘုရားသခင်ရဲ့ ဗိမာန်တော်ဟ သန့်ဆှင်းမြင့်မြတ်ယွေ့ နင်လို့တတ်တိုင်းပင် ကိုယ်တော်ရဲ့ ဗိမာန်တော် ဖြစ်ကြအယ်။
1CO 3:18 စသူမျှ မိမိတတ်တိုင်း မလှည့်စားစေနဲ့။ နင်လို့တွင် အကြင်သူဟ ဟေလောကရဲ့ စံနှုန်းအရ ပညာဆိ ဖြစ်တာဟု ကိုယ့်ကိုထင်တတ်အယ်။ အဲသူဟ ပညာဆိဖြစ်လာစေရန် လူမိုက် ဖြစ်မန့်စေ။
1CO 3:19 အကျောန်းမှာ ဟေလောကရဲ့ ဉာဏ်ပညာဟ ဘုရားသခင်ရဲ့ ဆေ့နှိုက် မိုက်မဲသောအရာ ဖြစ်အယ်။ “ဘုရားသခင်ဟ ပညာဆိလို့ဟို သူလို့ရဲ့ ပရိယာယ်အားဖြင့် ထောင်ချောက်တွင် မိစေမယ်” ဟု ကျမ်းစာနှိုက် ရေးထားအယ်။
1CO 3:20 တဖန် “ပညာဆိလို့ရဲ့ အကြံစည်ဟ အလကားကား ဖြစ်ကျောန်းဟို ထာဝရဘုရား သိအယ်” ဟု ရေးထားအယ်။
1CO 3:21 အဲလိုမို့ စသူမျှ လူလို့နှိုက် ဝါကြွားခြင်း မဆိစေနဲ့။ အမန်စင်စစ်အားဖြင့် ခပ်သိမ်းသောအရာလို့ဟ နင်လို့ ပိုင်ဆိုင်ကြအယ်။
1CO 3:22 ပေါလု၊ အာပေါလုနဲ့ ပေတရု၊ ဟေလောက အသက်ဆှင်ခြင်းနဲ့ သေခြင်း၊ မျက်မှောက်အရာနဲ့ အနာဂတ်ကာလ ခပ်သိမ်းသောအရာလို့ဟ နင်လို့ ပိုင်ဆိုင်ကြအယ်။
1CO 3:23 နင်လို့ဟို ခရစ်တော် ပိုင်ဆိုင်ပင်း၊ ခရစ်တော်ဟို ဘုရားသခင် ပိုင်ဆိုင်အယ်။
1CO 4:1 ခရစ်တော်ရဲ့ အစေခံများလို၊ ဘုရားသခင်ရဲ့ နက်နဲသော သမ္မာတရားဟို စောင့်ထိန်းသောသူလို ငါလို့ဟို နင်လို့ဟ မှတ်ယူသင့်အယ်။
1CO 4:2 အဲလို တာဝန်ယူ ဆောင်ရွက်သူတွင် ဆိရမဲ့ အရည်အချင်းတခုမှာ မိမိရဲ့ သခင်ပေါ်တွင် သစ္စာစောင့်ရန် ဖြစ်အယ်။
1CO 4:3 ငါ့အား နင်လို့အားဖြင့် ဖြစ်စေ၊ လူ့စံနှုန်းအားဖြင့် ဖြစ်စေ၊ အစစ်ခံရလျှင် ငါဟ အမှုမထား။ ငါဟ မိမိတတ်တိုင်းပင် မစစ်ကြောမစီရင်ပီ။
1CO 4:4 ငါရဲ့ ဩတ္တပ္ပစိတ်ဟ ကြည်လင်လျက် ဆိအယ်။ အားပေမဲ့ ငါဟ အပစ်မဆိဟု မဆိုလို။ ငါ့ဟို စစ်ကြောစီရင်သောသူဟ သခင်ဘုရား ဖြစ်အယ်။
1CO 4:5 အဲလိုမို့ သခင်ဘုရား ကြွလာမမူမီ စလိုအရာဟိုမျှ အချိန်မတန်ဘဲ မစီရင်ကြနဲ့။ အဲသခင်ဟ မိုက်ထဲနှိုက် အောန်းထားသောအရာလို့ဟို အလင်းဟို ယူဆောင်လာပင်း စိတ်နေလုံး အကြံစည်လို့ဟို ထင်ဆှားစေလိမ့်မယ်။ အဲအခါ လူအသီးသီးလို့ဟ ဘုရားသခင်ဆေမှ ချီးမွန်းခြင်းဟို ခံရကြလိမ့်မယ်။
1CO 4:6 ညီအကို မောင်နှမလို့၊ နင်လို့ရဲ့ အကျိုးငှာ ဟေအကျောန်းအရာတွင် အာပေါလုနဲ့ ငါ့ကိစ္စဟို ဥပမာ ထည့်သွင်းဖော်ပြခြင်း ဖြစ်အယ်။ အဲလိုဖော်ပြခြင်းမှာ “စည်းမျဉ်းဟို ကျော်လွန်ယွေ့ မပြုနဲ့” ဟူသော စကားရဲ့ အနက်အဓိပ္ပာယ်ဟို နင်လို့ နားလည်စေရန် ဖြစ်အယ်။ နင်လို့ဟ တယောက်ဟို ချီးမွန်းယွေ့ အခြားတယောက်ဟို မထီလေးစား မပြုကြနဲ့။
1CO 4:7 စသူဟ နင်လို့အား သူတပါးထက် ထူးကဲစေလုန်း။ နင်လို့တွင် ဆိသမျှသောအရာလို့ဟ ဘုရားသခင် ချပေးသောအရာများ မဟုတ်လော။ နင်ခံယူ ရဆိခဲ့လဲ့အရာဖြစ်တာ မန်ရင် ခံယူရဆိခဲ့လဲ့အရာ မဟုတ်သလို ပစာကျောန့် နင်လို့ ဝါကြွားလုန်း။
1CO 4:8 နင်လို့ဟ လိုလေသေးမဆိအောန် ပြေ့စုံကြပီလော။ ချမ်းသာကြွယ်ဝကြပီလော။ ငါလို့ပင် ဘုရင်မဖြစ်ဘဲ နင်လို့ဟ ဘုရင် ဖြစ်ကြပီလော။ နင်လို့ ဘုရင်ဖြစ်မှသာ ငါလို့လည်း နင်လို့နဲ့အတူ စိုးစံနိန်ကြမယ် ဖြစ်ယွေ့ အမန်ပင် နင်လို့ ဘုရင် ဖြစ်ကြပါစေဟု ငါဟ ဆန္ဒပြုအယ်။
1CO 4:9 ဘုရားသခင်ဟ တမန်တော်ဖြစ်သော ငါလို့ဟို နောက်ဆုံးတွင် ထားယွေ့ အသေသတ်ခြင်း ခံရလဲ့သူများလို ထုတ်ပြပီဟု ငါ ထင်မှတ်အယ်။ ပစာကို့ ငါလို့ဟ ခေါန်းခင်တမန်ဆေ့နှိုက် ဖြစ်စေ၊ လူလို့ဆေ့နှိုက် ဖြစ်စေ၊ တလောကလုံးအတွက် ရှုစားစရာ ဖြစ်လာကြအယ်။
1CO 4:10 ငါလို့ဟ ခရစ်တော်အတွက် လူမိုက် ဖြစ်ကြအယ်။ အားပေမဲ့ နင်လို့ဟ ခရစ်တော်နှိုက် ပညာဆိ ဖြစ်ကြအယ်။ ငါလို့ဟ အားနည်းသောသူ ဖြစ်အယ်။ အားပေမဲ့ နင်လို့ဟ အားကောင်းသောသူ ဖြစ်အယ်။ ငါလို့ဟ အသရေမဲ့သောသူ ဖြစ်အယ်။ အားပေမဲ့ နင်လို့ဟ အသရေဆိသောသူ ဖြစ်အယ်။
1CO 4:11 အခုတိုင်အောန် ငါလို့ဟ မွတ်သိပ်ခြင်းနဲ့ ယေငတ်ခြင်း၊ အဝတ်အစားနွမ်းပါးခြင်း၊ ဖိုင်ညှဉ်းဆဲခြင်းဟို ခံရကြအယ်၊ ငါလို့ဟ အိုင်ခြေရာမဲ့ လှည့်လည်ကြရအယ်။
1CO 4:12 ကိုယ့်လက်နဲ့ ပင်ပန်းစွာ လုပ်ဆောင်ရသောသူ ဖြစ်အယ်။ ငါလို့ဟ ကျိန်ဆဲခြင်းဟို ခံရသောအခါ ကောင်းချီးပေးကြအယ်။ ညှဉ်းဆဲနှိပ်စက်ခြင်းဟို ခံရသောအခါ သည်းခံကြအယ်။
1CO 4:13 အသရေရှုတ်ချခြင်းဟို ခံရသောအခါ တောင်းပန်ကြအယ်။ အခုတိုင်အောန် ငါလို့ဟ ဟေလောကရဲ့ အပယ်ခံများ၊ လူတိုင်း စွန့်ပစ်ထားလဲ့ အမှိုက်လို ဖြစ်ကြအယ်။
1CO 4:14 ဟေအရာများဟို ငါ ရေးလိုက်ခြင်းမှာ နင်လို့အား အဆှက်ရစေရန် မဟုတ်ဘဲ နင်လို့ဟို ငါရဲ့ ချစ်သားအဖြစ် သတိပေး ဆုံးမရန် ဖြစ်အယ်။
1CO 4:15 အကျောန်းမှာ ခရစ်တော်နှိုက် နင်လို့ဟို သင်ကြားပေးသောသူ ၁၀,၀၀၀ ဆိသော်လည်း အဖဟ တဦးတည်း ဖြစ်အယ်။ ငါဟ သတင်းကောင်းဟို နင်လို့ဆေ ဦးရင် ဟောပြောလာလဲ့အတွက် ငါဟ ခရစ်တော်နှိုက် နင်လို့ရဲ့ အဖ ဖြစ်အယ်။
1CO 4:16 အဲကျောန့် ငါရဲ့ စံနမူဟို လိုက်ကြရန် ငါ တောင်းပန်အယ်။
1CO 4:17 အဲအကျောန်းကျောန့် သခင်ဘုရားနှိုက် သစ္စာဆိသော ငါရဲ့ ချစ်သား တိမောသေဟို နင်လို့ဆေ ငါ စေလွှတ်အယ်။ ခပ်သိမ်းသောအရပ်လို့နှိုက် ခပ်သိမ်းသော အသင်းတော်လို့ဟို ငါသွန်သင်တာနဲ့အညီ ငါဟ ယေရှု ခရစ်တော်နှိုက် ကျင့်သော အကျင့်ဓလေ့များဟို နင်လို့ဟ မှတ်မိစေရန် သူဟ ပြသတိုက်တွန်းလိမ့်မယ်။
1CO 4:18 လူအချို့လို့ဟ နင်လို့ဆေဟို ငါရောက်လာမယ် မဟုတ်ဟု ထင်မှတ်ယွေ့ မာနထောင်လွှားခြင်း ဆိကြအယ်။
1CO 4:19 အားပေမဲ့ သခင်ဘုရား အလိုတော်ဆိရင် ငါဟ မကြာမီ လာယွေ့ မာနထောင်လွှားသောသူလို့ရဲ့ စကားဟို မဟုတ်ဘဲ သူလို့ရဲ့ တန်ခိုးဟိုလည်း သိရလိမ့်မယ်။
1CO 4:20 အကျောန်းမှာ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟ စကားနှိုက် မတည်ဘဲ တန်ခိုးနှိုက် တည်အယ်။
1CO 4:21 နင်လို့ဟ ပစာဟို အလိုဆိလုန်း။ ငါဟ နင်လို့ဟို အပစ်ပေးဖို့ နှင်တံနဲ့ နင်လို့ဆေသို့ လာရမယ်လော။ အဲဟာမဟုတ်ရင် မေတ္တာနဲ့ လည်းကောင်း၊ နူးညံ့သိမ်မွေ့သောစိတ်နဲ့ လည်းကောင်း လာရမည်လော။
1CO 5:1 မယုံကြည်သူများပင် ပြုကျင့်မယ် မဟုတ်လဲ့ ကာမဂုဏ်လိုက်စားမှု နင်လို့အထဲတွင် ဆိနေကျောန်းဟို ငါမယုံနိန်အောန် ကြားသိရအယ်။ လူတယောက်ဟ မိမိရဲ့ မိထွေးနဲ့ပေါင်းသင်း နေထိန်လျက်ဆိတာဟို ငါ ကြားသိရအယ်။
1CO 5:2 အဲသို့ပြုသောသူဟို နင်လို့အထဲမှ နှင်ထုတ်မဲ့အကျောန်း စိတ်မသာ ညည်းတွားခြင်းဟို မပြု၊ မာနထောင်လွှားလျက် နေကြအယ်။
1CO 5:3 အဲကျောန့် ငါဟ ကိုယ်ခန္ဓာအားဖြင့် နင်လို့နဲ့ ကွာလျက် ဆိသော်လည်း၊ ဝိညာဉ်အားဖြင့် မကွာ၊ တတ်တိုင်း နင်လို့နဲ့အတူ ဆိသလို အဲလိုကျင့်သောသူဟို အခုပင် ငါ စီရင်ပီ။ ငါလို့ရဲ့ သခင် ယေရှုရဲ့ တန်ခိုးတော်အားဖြင့် နင်လို့နဲ့အတူ ဆိမယ်။
1CO 5:5 အဲသူရဲ့ ဝိညာဉ်ဟ သခင်ဘုရားရဲ့ နေ့ရက်နှိုက် ကယ်တင်ခြင်း ခံရမဲ့အကျောန်း သူရဲ့ အသွေးအသားဟို ဖျက်ဆီးရန် စာတန်ရဲ့ လက်သို့ အပ်နှံလိုက်ပီ။
1CO 5:6 နင်လို့ရဲ့ ဝါကြွားခြင်းဟ ကောင်းတာ မဟုတ်။ “ကတစ်ဆိသော တဆေးဟ မုန့်စိမ်းတပုံးလုံးဟို ဖောင်းကြွစေတတ်တာဟို မသိကြသလော။”
1CO 5:7 တဆေးဟောင်း တည်းဟူသော အပစ်ဒုစရိုက်ဟို ပယ်ဆှားကြလော့။ အဲမှသာ နင်လို့ဟ လုံးဝသန့်စင် လာကြလိမ့်မယ်။ အဲအခါ နင်လို့ဟ တဆေးမပါသော မုန့်ညက်သစ်လို ဖြစ်လိမ့်မယ်။ ဟေသို့ နင်လို့ တကယ်ပင် ဖြစ်ကျောန်းဟို ဧကန်အမန် ငါ သိအယ်။ ငါလို့ရဲ့ ပသခါ သိုးသငယ် တည်းဟူသော ခရစ်တော်အား ယဇ်ပူဇော်ပီးပီ ဖြစ်သဖြင့် ငါလို့ရဲ့ ပသခါပွဲ ကျင်းပရန် အသင့်ဆိပီ။
1CO 5:8 အဲလိုမို့ အပစ်ဒုစရိုက်နဲ့ မကောင်းသောအကျင့် တည်းဟူသော တဆေးဟောင်းပါလဲ့ မုန့်နဲ့ မဟုတ်ဘဲ ဖြူစင်ခြင်းနဲ့ သမ္မာတရား တည်းဟူသော တဆေးမုန့်နဲ့ ပသခါပွဲတော်ဟို ကျင်းပကြစို့။
1CO 5:9 မခင်ဟ နင်လို့ဆေသို့ ရေးလိုက်သော စာတွင် ကာမဂုဏ်လိုက်စားသူလို့နဲ့ မပေါင်းဖော်ရန် ငါပြောကြားခဲ့အယ်။
1CO 5:10 အဲသို့ ရေးထားသော်လည်း မတရားသောမေထုန်နှိုက် မှီဝဲခြင်း၊ လောဘလွန်ကျူးခြင်း၊ အနိန်အထက် လုယူခြင်း၊ ရုပ်တုကိုးကွယ်ခြင်း အမှုဟို ပြုသော လောကီသားလို့နဲ့ အလျှင်းမပေါင်းဖော်ရဟု မဆိုလို။ အဲသို့ဆိုလျှင် နင်လို့ဟ လောကမှ ထွက်သွားရကြလိမ့်မယ်။
1CO 5:11 မိမိတတ်တိုင်း ညီအကိုဟု ခေါ်လျက် မတရားသော မေထုန်နှိုက်မှီဝဲခြင်း၊ လောဘလွန်ကျူးခြင်း၊ ရုပ်တုကိုးကွယ်ခြင်း၊ ဆဲရေးကဲ့ရဲ့ခြင်း၊ သေယေသေရက်နဲ့ယဇ်မူးခြင်း၊ အနိန်အထက်လုယူခြင်းမှ စယွေ့ အဲသို့သောအမှုဟို ပြုသောသူနဲ့ ဆိုလိုအယ်။ အဲသူလို့နဲ့အတူ ထိန်ပင်း စားသောက်ခြင်းပင် မပြုနဲ့။
1CO 5:12 ပြင်ပလူလို့ဟို စီရင်ခြင်းအမှုနဲ့ ငါဟ စလို ဆိုင်လုန်း။ ပြင်ပလူလို့ဟို ဘုရားသခင် စီရင်လိမ့်မယ်။ အားပေမဲ့ အတွင်းလူလို့ဟို နင်လို့ စီရင်ရတာ မဟုတ်လော။ အဲဆိုးညစ်သောသူဟို နင်လို့အထဲမှ ပယ်ဆှားကြလော့။
1CO 6:1 နင်လို့အထဲမှ တစုံတဦးဟ အခြားသောသူနဲ့ အမှုဖြစ်ပွားရင် သန့်ဆှင်းသောသူလို့ ဆေ့နှိုက် စီရင်ခြင်း မခံရဘဲ ဘုရားတရားမဲ့သောသူလို့ ဆေ့နှိုက် စီရင်ခြင်း ခံရသလော။
1CO 6:2 သန့်ဆှင်းသူလို့ဟ လောကီနိုင်ငံဟို တရားစီရင်မယ်ဟု မသိကြသလော။ နင်လို့ဟ လောကီနိုင်ငံဟို စီရင်ရတာ မန်လျှင်၊ ကတစ်သောအမှုများဟို မစီရင်ထိုက်သလော။
1CO 6:3 ငါလို့ဟ ခေါန်းခင်တမန်လို့ဟို တရားစီရင်မယ်ဟု မသိကြသလော။ အဲလိုမို့ လောကီအမှုဟို ပိုယွေ့ စီရင်ထိုက်တာ မဟုတ်လော။
1CO 6:4 အဲအမှုကိစ္စမျိုး ပေါ်ပေါက်လာသောအခါ အသင်းတော်နဲ့ စလိုမျှ မသက်ဆိုင်သူများအား စီရင် ဆုံးဖြတ်စေကြမယ်လော။
1CO 6:5 နင်လို့ ဆှက်ဖွယ်ကောင်းအယ်။ ခရစ်ယာန်ညီအကို အချင်းချင်း အမှုခင်း ဖြစ်ပွားကြသောအခါ အသင်းတော်နဲ့ တရားစီရင်ဆုံးဖြတ်နိန်သူ ပညာဆိတယောက်မျှ မဆိသလော။
1CO 6:6 ညီအကိုချင်းလို့ဟ တရားတွေ့တာ သာမက၊ မယုံကြည်သော သူလို့ဆေ့နှိုက်ပင် တရားတွေ့ကြအယ်။
1CO 6:7 ဟေသို့ အချင်းချင်း တရားစွဲဆိုခြင်းဟ နင်လို့အတွက် ဆုံးရှုံးမှု ဖြစ်စေအယ်။ တရားစွဲဆိုမဲ့အစား မတရားပြုခြင်းဟို ခံရတာဟ ပိုပင်း မကောင်းသလော။ လုယက်ခြင်းခံရတာဟ ပိုပင်း မကောင်းသလော။
1CO 6:8 နင်လို့ဟ ဟေသို့ ခံမဲ့အစား ညီအကို အချင်းချင်းဟိုပင် မတော်မတရား ပြုကြအယ်၊ လုယက်ကြအယ်။
1CO 6:9 ဆိုးညစ်သောသူလို့ဟ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟို အမွေမခံရတာဟို နင်လို့မသိကြသလော။ အလွဲမယူကြနဲ့၊ မတရားသောမေထုန်နှိုက် မှီဝဲသောသူ၊ ရုပ်တုကိုးကွယ်သောသူ၊ သူ့မယားဟို ပစ်မားသောသူ၊ ယောက်ျားချင်း မေထုန်ဟို ပြုသောသူ၊
1CO 6:10 ခိုးသောသူ၊ လောဘလွန်ကျူးသောသူ၊ သေယေသေရက်နဲ့ ယဇ်မူးသောသူ၊ ဆဲရေးကဲ့ရဲ့သောသူ၊ အနိန်အထက် လုယူသောသူလို့ဟ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟို အမွေ မခံရကြ။
1CO 6:11 နင်လို့တွင် အချို့လို့ဟ အဲသို့သောသူများ ဖြစ်ကြအယ်။ အားပေမဲ့ နင်လို့ဟ သခင် ယေရှု ခရစ်တော်ရဲ့ နာမတော်နဲ့ ငါလို့ ဘုရားသခင်ရဲ့ ဝိညာဉ်တော်အားဖြင့် ဆေးကြောခြင်း ခံရယွေ့ သန့်ဆှင်းခြင်း ခံရကာ ဖြောင့်မတ်ရာဟို ရောက်ကြပီ။
1CO 6:12 တစုံတယောက်ဟ “ငါလို့ဟ ပစာအမှုဟို မဆို ပြုနိန်ခွင့် ဆိအယ်” ဟု ဆိုလိမ့်မယ်။ မန်အယ်၊ အားပေမဲ့ အရာခပ်သိမ်းဟ နင်လို့အဖို့ အကျိုးမဆိနိန်။ ငါဟ ပစာအမှုဟို မဆို ပြုပိုင်ခွင့်ဆိတာဟု ဆိုနိန်သော်လည်း ပစာအမှုဟိုမျှ ငါ့အား ကျွန်ဖြစ်စေရန် ငါ အခွင့်ပေးလိမ့်မယ် မဟုတ်။
1CO 6:13 တစုံတယောက်ဟ “အစားအစာဟ ဝမ်းအတွက် ဖြစ်အယ်။ ဝမ်းဟလည်း အစားအစာအတွက် ဖြစ်အယ်” ဟု ဆိုလိမ့်မယ်။ ဟေစကားဟ မန်အယ်။ အားပေမဲ့ ဘုရားသခင်ဟ အဲအရာနေခုလုံးဟို အဆုံးမှာ ဖျက်ဆီးလိမ့်မယ်။ ကိုယ်ခန္ဓာဟ မတရားသော မေထုန်အတွက် မဟုတ်၊ သခင်ဘုရားရဲ့ အမှုတော်ဟို ဆောင်ရွက်ရန် ဖြစ်အယ်။ သခင်ဘုရားဟလည်း ကိုယ်ခန္ဓာအတွက် လိုအပ်တာများဟို ချပေးအယ်။
1CO 6:14 ဘုရားသခင်ဟ တန်ခိုးတော်အားဖြင့် သခင်ဘုရားဟို ထမြောက်စေတာ ဖြစ်ယွေ့ ငါလို့ဟိုလည်း ထမြောက်စေလိမ့်မယ်။
1CO 6:15 နင်လို့ ကိုယ်ခန္ဓာများဟ ခရစ်တော်ရဲ့ ကိုယ်အင်္ဂါများဖြစ်တာဟို မသိကြသလော။ ငါဟ ခရစ်တော်ရဲ့ ကိုယ်အင်္ဂါဟို ယူယွေ့ ပြေ့တန်ဆာမရဲ့ ကိုယ်အင်္ဂါဖြစ်စေမယ်လော။ မဖြစ်စေနိန်။
1CO 6:16 ပြေ့တန်ဆာမနဲ့ ဆက်ဆံသောသူဟ ပြေ့တန်ဆာမနဲ့ တသားတကိုယ်တည်း ဖြစ်တာဟို နင်လို့ မသိကြသလော။ အကျောန်းမှာ “အဲသူနေယောက်လို့ဟ တသားတကိုယ်တည်း ဖြစ်ကြလိမ့်မယ်” ဟု ဆိုအယ်။
1CO 6:17 အားပေမဲ့ သခင်ဘုရားနဲ့ ဆက်ဆံသူဟ ဝိညာဉ်တော်အားဖြင့် ကိုယ်တော်နဲ့ တစိတ်တဝိညာဉ်တည်း ဖြစ်အယ်။
1CO 6:18 မတရားသောမေထုန်ဟို ဆှောင်ကြလော့။ လူပြုတတ်သော အခြား ဒုစရိုက်ဆိသမျှလို့ဟ ကိုယ်ခန္ဓာ ပြင်ပနှိုက် ဆိအယ်။ မတရားသော မေထုန်ဟို ပြုသောသူဟတော့ မိမိကိုယ်ခန္ဓာဟိုပင် ပစ်မားခြင်း ဖြစ်အယ်။
1CO 6:19 နင်လို့ ကိုယ်ခန္ဓာဟ ဘုရားသခင် ပေးသနားသော ဝိညာဉ်တော် တည်းဟူသော၊ နင်လို့အထဲနှိုက် ကျိန်းဝပ်ယွေ့ သန့်ဆှင်းသော ဝိညာဉ်တော်ရဲ့ ဗိမာန်တော် ဖြစ်ကျောန်းဟို နင်လို့ မသိကြသလော။ နင်လို့တတ်တိုင်းဟို နင်လို့ မပိုင်၊ အားပေမဲ့ ဘုရားသခင်ဟ ပိုင်အယ်။
1CO 6:20 ကိုယ်တော်ဟ နင်လို့ဟို အဖိုးအခ ပေးယွေ့ ဝယ်ယူထားအယ်။ အဲကျောန့် နင်လို့ရဲ့ ကိုယ်ခန္ဓာဟို ဘုရားသခင်ရဲ့ ဘုန်းတော်အတွက် အသုံးပြုကြလော့။
1CO 7:1 အခု၊ နင်လို့ဟ ငါ့ဆေ ပေးလိုက်သော စာနှိုက် ပါဆိလဲ့အရာနဲ့ ပတ်သက်ပင်း ဖြေကြားမယ်။ ယောက်ျားဟ အိုင်ထောင်မပြုဘဲနေရင် ကောင်းအယ်။
1CO 7:2 အားပေမဲ့ မတရားသော မေထုန်မှု ရမ်းဆာ့များပြား နေသဖြင့်၊ ယောက်ျားတိုင်း မိမိမယား ဆိစေလော့။ မိန်းမတိုင်း လင်ဆိစေလော့။
1CO 7:3 ဖိုးအိုဟ ဆက်ဆံခြင်းဝတ်ဟို မိမိပေါင်အိုမအား ပြုသင့်အယ်။ ပေါင်အိုမဟလည်း မိမိဖိုးအိုအား အဲတိုင်းတိုင်း ပြုရမယ်။
1CO 7:4 ပေါင်အိုမဟ မိမိကိုယ်ခန္ဓာဟို မပိုင်၊ ဖိုးအိုဟ ပိုင်အယ်။ အဲတိုင်းတိုင်း ဖိုးအိုဟလည်း မိမိကိုယ်ခန္ဓာဟို မပိုင်၊ ပေါင်အိုမဟ ပိုင်အယ်။
1CO 7:5 နင်လို့ဟ ဆုတောင်းခြင်းအတွက် အချိန်ပေးရန် ကြိုတင် သဘောတူညီချက်အရ ခဏငံ့ခြင်းမှ တပါး မိမိလို့ရဲ့ လင်မယားဝတ်များဟို မပျက်မကွက်ကြစေနဲ့။ အဲပင်းရင် ပုံမန်တိုင်း လင်မယားဝတ်ဟို ပြန်လည်စတင်မန့်။ ဟေနည်းအားဖြင့် မိမိလို့ရဲ့ စိတ်ဟို ချုပ်တည်းနိန်လျက် စာတန် စုံစမ်းသွေးဆောင်ခြင်းဟို ခံနိန်လိမ့်မယ်။
1CO 7:6 ဟေသို့ဆိုရာ ငါဟ နင်လို့အား အမိန့်ပေးခြင်း မဟုတ်၊ ခွင့်ပြုခြင်းသာ ဖြစ်အယ်။
1CO 7:7 အမန်စင်စစ် ငါဟ လူတိုင်းဟို ငါ့လိုပင် ဖြစ်စေလိုအယ်။ အားပေမဲ့ ဘုရားသခင်ဟ လူတဦးစီအား ထူးခြားလဲ့ ဆုကျေးဇူး အသီးသီးဟို ပေးအယ်။
1CO 7:8 အဲလိုမို့ အိုင်ထောင်မဆိသူများနဲ့ မုဆိုးမများအား ငါတိုင်းတိုင်း တကိုယ်တည်း ဆက်လက် နေထိန်နိန်ရင် ပိုပင်း ကောင်းလိမ့်မယ်။
1CO 7:9 အားပေမဲ့ နင်လို့ရဲ့ စိတ်ဟို မချုပ်တည်းနိန်ရင် အိုင်ထောင်ပြုသင့်အယ်။ ကိလေသာစိတ် ပူလောင်ခြင်း ဆိတာထက် အိုင်ထောင်ပြုခြင်းဟ ပိုပင်း ကောင်းအယ်။
1CO 7:10 အိုင်ထောင်သည်များအား ငါပညတ် လိုအယ်။ ဟေပညတ်မှာ ငါရဲ့ ပညတ် မဟုတ်ဘဲ သခင်ဘုရားရဲ့ ပညတ်ဖြစ်အယ်။ ပေါင်အိုမဟ မိမိဖိုးအိုနဲ့ ခွဲခွာယွေ့ မနေရ။
1CO 7:11 ခွဲခွာယွေ့ နေလျှင်လည်း နောက်ထပ် အိုင်ထောင်မပြုဘဲ နေရမယ်၊ အဲဟာမဟုတ်ရင် မိမိဖိုးအိုနဲ့ ပြန်လည်ယွေ့ ပေါင်းသင်းရမယ်။ ဖိုးအိုဟလည်း မိမိပေါင်အိုမဟို မကွာဆှင်းရ။
1CO 7:12 သခင်ဘုရားရဲ့ ပညတ်ချက် မဟုတ်သော်လည်း အခြားသူလို့အား ငါပညတ်လိုတာဟ ယုံကြည်သူ အမျိုးသားတယောက်ဟ မယုံကြည်သူ ပေါင်အိုမ ဆိပင်း အဲပေါင်အိုမဟ သဘောတူပေါင်းသင်း နေထိန်လိုရင် သူ့အား မကွာစေနဲ့။
1CO 7:13 အဲတိုင်းတိုင်း ယုံကြည်သူအမျိုးသမီးဟ မယုံကြည်သူ ဖိုးအို ဆိယွေ့ အဲဖိုးအိုဟ ဆက်လက် ပေါင်းသင်းနေထိန်လိုရင် သူ့အား မကွာစေနဲ့။
1CO 7:14 အ‌ကျောန်းမှာ ယုံကြည်သူ မဟုတ်သော ယောက်ျားဟ မိမိပေါင်အိုမအားဖြင့် သန့်ဆှင်းစေခြင်းဟို ခံရအယ်။ ယုံကြည်သူ မဟုတ်သော မိန်းမဟလည်း မိမိဖိုးအိုအားဖြင့် သန့်ဆှင်းစေခြင်းဟို ခံရအယ်။ အားမဟုတ်ရင် သူလို့ရဲ့ လူပဲ့သငယ်လို့ဟ ညစ်ညူးကြလိမ့်မယ်။ အားပေမဲ့ သူလို့ဟ သန့်ဆှင်းကြအယ်။
1CO 7:15 အားပေမဲ့ မယုံကြည်သူဖက်မှ ကွဲကွာလိုရင် ကွဲကွာစေ။ အဲသို့သော အခြေနေမျိုးတွင် ယုံကြည်သူယောက်ျား ဖြစ်စေ၊ မိန်းမ ဖြစ်စေ အနှောင်အဖွဲ့ ကင်းအယ်။ ဘုရားသခင်ဟ နင်လို့အား ငြိမ်းချမ်းမှု ရဆိစေရန် ခေါ်ယူထားအယ်။
1CO 7:16 အချင်းမိန်းမ၊ နင်ဟ မိမိဖိုးအိုဖြစ်သူဟို ကယ်တင်မယ် မကယ်တင်မယ်ဟို စလို သိနိန်မလုန်း။ အချင်းယောက်ျား၊ နင်ဟ ကိုယ့်ပေါင်အိုမဟို ကယ်တင်မယ် မကယ်တင်မယ်ဟို စလို သိနိန်မလုန်း။
1CO 7:17 လူအသီးသီးလို့ဟ သခင်ဘုရား ပေးတော်မူလဲ့ ဆုကျေးဇူးများနဲ့အညီ ဘုရားသခင် ခေါ်စဉ် ဆိခဲ့လဲ့ အခြေနေအတိုင်း ဆက်လက်ယွေ့ အသက်ဆှင်ရာ ဖြစ်အယ်။ ဟေနည်းအတိုင်း အသင်းတော်တိုင်းဟို ငါသွန်သင်အယ်။
1CO 7:18 အရေဖျားလှီးခြင်းဟို ခံရသောသူဟ ရွေးကောက်ခြင်း ခံရရင် အရေဖျားလှီးခြင်းဟို ပယ်ဆှားရန် မလို။ အရေဖျားလှီးခြင်းဟို မခံယူခဲ့သူဟ ရွေးကောက်ခြင်း ခံရရင် အရေဖျားလှီးခြင်းဟို ခံယူရန် မလို။
1CO 7:19 အရေဖျားလှီးခြင်းအားဖြင့် အကျိုးမဆိ၊ အရေဖျားလှီးခြင်းဟို မခံဘဲ နေခြင်းအားဖြင့်လည်း အကျိုးမဆိ။ ဘုရားသခင်ရဲ့ ပညတ်တော်များဟို နာခံခြင်းအားဖြင့်သာ အကျိုးဆိအယ်။
1CO 7:20 လူတိုင်းပင် ဘုရားသခင် ခေါ်ခြင်း ခံရလဲ့ အခြေနေနှိုက် ဆက်ယွေ့ တည်နေပါစေ။
1CO 7:21 အစေခံ ဖြစ်ယွေ့ ခေါ်ခြင်းဟို ခံရသောအခါ စိုးရိမ်ခြင်း မဆိနဲ့။ အားပေမဲ့ လွတ်ခြင်းသို့ ရောက်နိန်ရင် လွတ်ရသောအခွင့်ဟို ယူလော့။
1CO 7:22 အကျောန်းမှာ ကျွန်ဖြစ်စဉ် သခင်ဘုရား ခေါ်ခြင်းဟို ခံရသောသူဟ သခင်ဘုရားရဲ့ လူလွတ် ဖြစ်အယ်။ အဲတိုင်းတိုင်း လူလွတ်ဖြစ်စဉ် ခေါ်ခြင်းဟို ခံရသောသူဟ ခရစ်တော်ရဲ့ ကျွန် ဖြစ်အယ်။
1CO 7:23 နင်လို့ဟို ဘုရားသခင်ဟ အဖိုးအခ ပေးယွေ့ ဝယ်ယူထားသဖြင့် လူလို့ဆေ ကျွန်မခံကြနဲ့။
1CO 7:24 ညီအကို မောင်နှမလို့၊ နင်လို့ဟ ခေါ်ခြင်းဟို ခံရစဉ်ဟ ဆိခဲ့လဲ့ အခြေအနေနှိုက်ပင် ဘုရားသခင်နဲ့ မိတ်သဟာယ ဖွဲ့လျက် ဆက်လက် နေထိန်ရကြအယ်။
1CO 7:25 နင်လို့ စာရေး မေးမြန်းလဲ့ အိုင်ထောင်မပြုသူများနဲ့ ပတ်သက်ယွေ့ ငါပြောမဲ့စကားဟ ငါ့အား သခင်ဘုရား မိန့်ချက်အရ ပြောသောစကား မဟုတ်၊ အားပေမဲ့ သခင်ဘုရားရဲ့ သနားခြင်းကျောန့် သစ္စာဆိသူ တယောက်အနေဖြင့် ငါရဲ့ ထင်မြင်ချက်ဟို ဖော်ပြလိုက်အယ်။
1CO 7:26 အခု ကြုံတွေ့နေရလဲ့ စိတ်ပင်ပန်းခြင်းကျောန့် လူတယောက်ဟ ဆိမြဲ အခြေနေအတိုင်း ဆက်လက် နေထိန်ရင် ကောင်းအယ်။
1CO 7:27 နင်ဟ ပေါင်အိုမဆိရင် လွတ်စေခြင်းဖို့ မကြံစည်နဲ့။ ပေါင်အိုမ မဆိရင် ပေါင်အိုမဟို မဆှာနဲ့။
1CO 7:28 အားပေမဲ့ အိုင်ထောင်ပြုရင် အပစ်တစုံတရာ ကျူးလွန်ခြင်း မဟုတ်၊ အိုင်ထောင်မဆိလဲ့ မိန်းမဟ အိုင်ထောင်ပြုခဲ့သော် စလို အပစ်ဟိုမျှ မကျူးလွန်။ အားပေမဲ့ အိုင်ထောင်သည်လို့ နေ့စဉ် တွေ့ကြုံရမဲ့ ဆင်းရဲဒုက္ခများနဲ့ နင်လို့အား ကင်းစေလိုယွေ့ ဟေသို့ ငါပြောရခြင်း ဖြစ်အယ်။
1CO 7:29 ညီအကို မောင်နှမလို့၊ ငါဆိုလိုတာဟ ဟေသို့တည်း အချိန်ကာလ ကုန်ဆုံးတော့မယ်။ အခုမှစယွေ့ အိုင်ထောင်သည်ယောက်ျားများဟ အိုင်ထောင်မဆိသလို နေရမယ်။
1CO 7:30 ငိုကြွေးသူများဟ မငိုကြွေးသလို၊ ရယ်မောသူများဟ မရယ်မောသလို လည်းကောင်း ဖြစ်ရမယ်။ ဥစ္စာပစ္စည်း ဝယ်ယူသူများဟ အဲဥစ္စာပစ္စည်းဟို မပိုင်သလို ဖြစ်ရမယ်။
1CO 7:31 ဟေလောကအရာဟို သုံးသောသူဟ မသုံးသလို ဖြစ်ရမယ်။ ပစာကို့ ဟေလောကရဲ့ အဆင်းသဏ္ဌာန်ဟ ရွေ့သွားကွယ်ပျောက် တတ်အယ်။
1CO 7:32 နင်လို့ဟ စိုးရိမ်ခြင်းနဲ့ ကင်းလွတ်စေဖို့ ငါ အလိုဆိအယ်။ ဖိုးအို မဆိသောသူဟ သခင်ဘုရားရဲ့ စိတ်တော်နဲ့ တွေ့စေခြင်းငှာ သခင်ဘုရားရဲ့ အမှုတော်ဟို အလေးနက် ထားတတ်အယ်။
1CO 7:33 အားပေမဲ့ အိုင်ထောင်သည်ယောက်ျားဟတော့ မိမိရဲ့ ပေါင်အိုမ နှစ်သက်စေရန် စိတ်ဆန္ဒ ဆိသဖြင့် လောကီအမှုဟို အလေးအနက် ထားတတ်အယ်။
1CO 7:34 အဲကျောန့် သူဟ စိတ်နေခွ ဖြစ်ယွေ့ နေအယ်။ အိုင်ထောင်မဆိလဲ့ မိန်းမ အဲဟာမဟုတ်ရင် အပျိုဖြစ်သူဟ သခင်ဘုရားအား မိမိရဲ့ ခန္ဓာနဲ့ စိတ်ဝိညာဉ်ဟိုပါ ဆက်ကပ်လိုသဖြင့် သခင်ဘုရားရဲ့ အမှုတော်ဟို အလေးနက် ထားတတ်အယ်။ အားပေမဲ့ အိုင်ထောင်သည်မိန်းမဟတော့ မိမိဖိုးအို နှစ်သက်စေရန် စိတ်ဆန္ဒ ဆိသဖြင့် လောကီအမှုဟို အလေးနက် ထားတတ်အယ်။
1CO 7:35 ဟေသို့ပြောရခြင်းမှာ နင်လို့ရဲ့ အကျိုးဟို လိုလားသောကျောန့် ပြောခြင်းဖြစ်အယ်။ နင်လို့အား ချုပ်ချယ်သောစိတ်နဲ့ ပြောတာ မဟုတ်။ နင်လို့ဟ သခင်ဘုရားအား အကြွင်းမဲ့ ဆက်ကပ်ဝတ်ပြုခြင်းအားဖြင့် မန်ကန်သော နည်းလမ်းဖြင့် အသက်ဆှင်နိန်ဖို့ ပြောခြင်း ဖြစ်အယ်။
1CO 7:36 စေ့စပ်ပင်းနောက် ထိမ်းမြားခြင်း မပြုရန် သဘောတူ စိတ်ပိုင်းဖြတ်ထားသူနေဦးနဲ့ ပတ်သက်ယွေ့ ပြောရလျှင် ယောက်ျားဟ မိန်းမအပေါ်တွင် မိမိပြုမူပုံ မသင့်တာဟို သိသောအခါနှိုက် လည်းကောင်း၊ မိမိစိတ်ဟို မထိန်းချုပ်နိန်သောအခါနှိုက် လည်းကောင်း ထိမ်းမြားခြင်းဟို ပြုသင့်အယ်။ ဟေသို့ပြုခြင်းနှိုက် အပစ်မဆိ။
1CO 7:37 အားပေမဲ့ ယောက်ျားဟ မိမိတတ်တိုင်း အိုင်ထောင်မပြုဘဲနေရန် စိတ်ပိုင်းဖြတ်ပင်း မိမိရဲ့ စိတ်ဟိုလည်း လုံးဝချုပ်ထိန်းနိန်သဖြင့် မိမိနဲ့ဆိုင်သော ငယ်ရွယ်သော မိန်းမနဲ့ အိုင်ထောင်ပြုခြင်းဟို ထိန်းသိမ်းထားရန် မိမိစိတ်ထဲနှိုက် ဆုံးဖြတ်ထားပါဟ သူဟ ပိုယွေ့ ကောင်းအယ်။
1CO 7:38 အဲလိုမို့ မိမိနဲ့ စေ့စပ်ထားသူ မိန်းမပျိုနဲ့ လက်ထပ်ခြင်းအမှုဟ ကောင်းအယ်၊ အားပေမဲ့ ထိမ်းမြားခြင်းမပြုသူဟလည်း သာယွေ့ ကောင်းအယ်။
1CO 7:39 မိန်းမဖြစ်သူဟ မိမိရဲ့ ဖိုးအို အသက်ဆှင်စဉ် ကာလပတ်လုံး ချည်နှောင်မှု ဆိအယ်။ အားပေမဲ့ ဖိုးအိုဆုံးသွားသောအခါနှိုက် မိမိနှစ်သက်သောသူ စသူနဲ့မဆို ထိမ်းမြားလက်ထပ်နိန်အယ်။ အားပေမဲ့ လက်ထပ်မှုဟ ယုံကြည်သူအချင်းချင်း လက်ထပ်မှုသာ ဖြစ်ရမယ်။
1CO 7:40 အဲမိန်းမဟ အိုင်ထောင်မပြုဘဲနေရင် သာယွေ့ မင်္ဂလာဆိအယ်။ ဟေဟ ငါရဲ့ ထင်မြင်ယူဆချက် ဖြစ်အယ်။ ငါဟလည်း ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟို ခံယူရဆိသူဖြစ်အယ်ဟု ငါ ထင်မှတ်အယ်။
1CO 8:1 အခု၊ ရုပ်တုများဟို ပူဇော်လဲ့ အစားအစာအကျောန်း နင်လို့ မေးမြန်းလဲ့အကျောန်း ရေးထားအယ်။ သူလို့ ပြောသလိုဘဲ ငါလို့အားလုံးမှာ အသိပညာဆိအယ် ဆိုတာ မန်အယ်။ အဲသို့သော အသိပညာဟ လူတဦးအား မာနဟို ထောင်လွှားစေတတ်အယ်။ အားပေမဲ့ မေတ္တာဟ တည်ဆောက်တတ်အယ်။
1CO 8:2 စသူမဆို တစုံတရာဟို သိပီဟု ထင်မှတ်ရင် အဲသူဟ သိသင့်လဲ့ အတိုင်းပင် မသိသေး။
1CO 8:3 အားပေမဲ့ ဘုရားသခင်ဟို ချစ်သောသူဟ ဘုရားသခင် သိမှတ်ခြင်းဟို ခံရအယ်။
1CO 8:4 အဲကျောန့် ရုပ်တုဟို ပူဇော်လဲ့ အစားအစာနဲ့ ပတ်သက်ယွေ့ ပြောရသော် ရုပ်တုဟ သက်ဆှင်လှုပ်ဆှားမှု မဆိကျောန်း၊ တဆူတည်းသော ဘုရားသခင်မှ တပါး အခြားသောဘုရား မဆိကျောန်း ငါလို့ သိကြအယ်။
1CO 8:5 အကယ်ယွေ့ ခေါန်းခင်နဲ့ မြေကြီးပေါ်နှိုက် နာမယ်ခံ ဘုရားများနဲ့ သခင် အမြောက်မြားပင် ဆိသော်လည်း၊
1CO 8:6 ငါလို့အဖို့ ဘုရားသခင်၊ ခမည်းတော် တပါးတည်းသာ ဆိအယ်။ ကိုယ်တော်ဟ ခပ်သိမ်းသောအရာလို့ဟို ဖန်ဆင်းအယ်။ ကိုယ်တော်အဖို့ ငါလို့ အသက်ဆှင်ကြအယ်။ ငါလို့မှာ သခင်ဘုရား တပါးတည်း ဆိအယ်။ အဲသူဟ ယေရှု ခရစ်တော် ဖြစ်အယ်။ အဲသူအားဖြင့် ခပ်သိမ်းသောအရာလို့ဟ ဖန်ဆင်းခြင်းဟို ခံရကြပင်း သူ့အားဖြင့် ငါလို့ဟ အသက်ဆှင်ကြအယ်။
1CO 8:7 အားပေမဲ့ လူတိုင်း ဟေသစ္စာတရားဟို သိဆိကြတာ မဟုတ်။ အချို့သောသူလို့ဟ ရုပ်တုဟို ကိုးကွယ်ခဲ့လဲ့အတွက် အခုတိုင်အောန် ရုပ်တုအား ပူဇော်ပင်းသော အစားအစာဟို စားသောအခါ ရုပ်တုရဲ့ အစားအစာဟု မှတ်ယူလျက် စားနေကြအယ်။ သူလို့စိတ်ဟ အားနည်းပင်း အစားအစာအားဖြင့် သူလို့ဟို ညစ်ညူးစေတာဟု ခံစားကြအယ်။
1CO 8:8 အစားအစာဟ ငါလို့ဟို ဘုရားသခင်ဆေ နီးကပ်စေတာ မဟုတ်။ ငါလို့ဟ အစားအစာဟို မစားဘဲနေရင် ငါလို့မှာ အရှုံးမဆိ၊ စားလျှင်လည်း အမြတ်မရ။
1CO 8:9 အဲလိုမို့ နင်လို့ ဟေသို့ လွတ်လပ်စွာ စားသောက်နိန်ခွင့်ဟ ယုံကြည်မှု အားနည်းသူများအတွက် လဲစရာအကျောန်း မဖြစ်စေရန် သတိပြုကြလော့။
1CO 8:10 ဟေကိစ္စမျိုးနှိုက် အားနည်းသောသူဟ “အသိပညာ” ဆိသောသူဟို ရုပ်တုစင် ဆေ့နှိုက် စားသောက်နေသော နင့်ဟို မျော်အယ် ဆိုပါစို့။ ရုပ်တုအား ဆက်သလဲ့ ပူဇော်သကာဟို စားရဲမှာ မဟုတ်လော။
1CO 8:11 အဲလိုမို့ အားနည်းသူ ညီအကိုအတွက် ခရစ်တော် အသေခံခဲ့သော်လည်း နင်ရဲ့ “အသိပညာ” ကျောန့် အေးသူဟ ပျက်စီးရလိမ့်မယ်။
1CO 8:12 ဟေနည်းအားဖြင့် နင်လို့ဟ မိမိလို့ ညီအကိုများအား ပစ်မားယွေ့ သူလို့ရဲ့ အားနည်းသော ဩတ္တပ္ပစိတ်ဟို ထိခိုက်စေခြင်းအားဖြင့် ခရစ်တော်ဟိုလည်း ပစ်မားရာ ရောက်လိမ့်မယ်။
1CO 8:13 အဲကျောန့် ငါရဲ့ အစားအစာ စားခြင်းဟ ညီအကိုအား မားယွင်းစေမယ်ဆိုရင် ငါဟ ငါ့ညီအကိုအား မားယွင်းစရာအကျောန်း မဆိစေရန် အသားဟို မစားဘဲ အစဉ်မပြတ် ဆှောင်မယ်။
1CO 9:1 ငါဟ လွတ်လပ်သောသူ မဟုတ်သလော။ တမန်တော်တပါး မဟုတ်သလော။ ငါလို့သခင် ယေရှုဟို မျော်ခဲ့ရသူ မဟုတ်သလော။ နင်လို့ဟ သခင်ဘုရားရဲ့ အမှုတော်ဟို ငါထမ်းဆောင်ခြင်းမှ ထွက်ပေါ်လာသော အကျိုးရလဒ်များ မဟုတ်သလော။
1CO 9:2 အခြားသောသူများဟ ငါ့အား တမန်တော်အဖြစ် လက်မခံသော်လည်း နင်လို့ဟ လက်ခံကြတာ မဟုတ်လော၊ အကျောန်းမှာ နင်လို့ဟ သခင်ဘုရားနှိုက် ငါရဲ့ တမန်တော်ဖြစ်ခြင်းရဲ့ တံဆိပ် ဖြစ်ကြအယ်။
1CO 9:3 ငါ့ဟို စစ်ဆေးစီရင်သော သူလို့အား ဟေသို့ ငါ ဖြေဆှင်း ပြောဆိုအယ်။
1CO 9:4 ငါလို့တွင် စားသောက်ရသော အခွင့် မဆိသလော။
1CO 9:5 ပေတရုနဲ့ သခင်ဘုရားရဲ့ ညီအကိုများနဲ့ အခြားသော တမန်တော်များလို ငါဟ ခရီးသွားရာနှိုက် ယုံကြည်သူ ပေါင်အိုမဟို ခေါ်ပိုင်ခွင့် မဆိသလော။
1CO 9:6 ငါနဲ့ ဗာနဗလို့သာလျှင် မိမိလို့ စားသောက်ရေးအတွက် အလုပ် လုပ်ရမယ်လော။
1CO 9:7 စသူဟ မိမိရဲ့ စရိတ်ဖြင့် စစ်မှုထမ်းဖူးလုန်း။ စသူဟ စပျစ်ခြံဟို စိုက်ပျိုးပင်း အေးရဲ့ အသီးဟို မစားဘဲ နေရလုန်း။ စသူဟ သိုးဟို ထိန်းကျောင်းပင်း အေးသိုးရဲ့ နို့ဟို မသောက်ဘဲ နေလုန်း။
1CO 9:8 ငါဟ ဟေအရာများဟို လူ့သဘောအားဖြင့် ပြောဆိုနေသလော။ ပညတ်တရားဟလည်း ဟေသို့ဆိုထားတာ မဟုတ်လော။
1CO 9:9 အကျောန်းမှာ မောရှေရဲ့ ပညတ်ကျမ်းနှိုက် “စပါးနယ်နေစဉ် နွားဟို ပါးချုပ်တတ်ပင်း မထားရ” ဟု ရေးထားအယ်။ ဟေသို့မိန့်ရာနှိုက် ဘုရားသခင်ဟ နွားအတွက်သာ မိန့်သလော။
1CO 9:10 ငါလို့အတွက် အမန်စင်စစ် မိန့်ခြင်း မဟုတ်လော၊ တကယ်ပင် ငါလို့အတွက် ရေးထားခြင်း ဖြစ်အယ်။ လယ်ထွန်သောသူနဲ့ ရိတ်သိမ်းသောသူလို့ဟ မိမိလို့ရဲ့ ဝေစုဟို မျှော်လင့်လျက် လုပ်ကိုင်ကြရအယ်။
1CO 9:11 ငါလို့ဟ နင်လို့နှိုက် ဝိညာဉ်မျိုးစေ့ဟို စိတ်ခဲ့ပင်းမှ နင်လို့ဆေမှ ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများဟိုသာ ရိတ်သိမ်းရလျှင် ငါလို့ ရမ်းဆာ့ လွန်ရာကျမယ်လော။
1CO 9:12 နင်လို့ဆေမှ အခြားသူလို့ဟ ဟေသို့ ရပိုင်ခွင့် ဆိလျှင် ငါလို့ဟ ပိုပင်း ရပိုင်ခွင့် ဆိအယ် မဟုတ်လော။ အားပေမဲ့ ငါလို့ဟ အေးအခွင့်ရေးဟို မသုံးခဲ့ကြ။ ခရစ်တော်အကျောန်း သတင်းကောင်းအတွက် အဆီးတား မဖြစ်စေရန် တွေ့ကြုံသော အခက်ခဲဆိသမျှဟို သည်းခံခဲ့ကြအယ်။
1CO 9:13 ဗိမာန်တော်တွင် အမှုဆောင်ရွက်သောသူများဟ ဗိမာန်တော်မှ အစားအစာဟို ရကြပင်း၊ ယဇ်ပူဇော်ခြင်း ဆောင်ရွက်သောသူလို့လည်း ယဇ်ပလ္လင်မှ ဝေစုဟို ရကြတာဟို နင်လို့ မသိကြသလော။
1CO 9:14 အဲတိုင်းတိုင်း သတင်းကောင်းဟို ဟောပြောသူလို့လည်း သတင်းကောင်းအားဖြင့် အသက်မွေးရမယ် ဟူယွေ့ သခင်ဘုရား မိန့်မှာခဲ့အယ်။
1CO 9:15 အားပေမဲ့ ငါဟ အေးအခွင့်ရေး တစုံတရာဟိုမျှ မယူခဲ့။ ဟေသို့သော အခွင့်ရေးများဟို တောင်းလိုသောကျောန့် ဟေစာဟို ရေးလိုက်ခြင်းလည်း မဟုတ်။ ဟေသို့ ငါဝါကြွားခြင်း အခွင့်ဟို သူတပါး ဖျက်ဆီးခြင်းထက် သေရခြင်းဟ ပိုပင်း ကောင်းအယ်။
1CO 9:16 ငါရဲ့ ဝါကြွားမှုဟို အလကားကား ဖြစ်စေရန် ပြုလုပ်ခွင့်ဟို စသူအားမျှ ပေးလိမ့်မယ် မဟုတ်။ သတင်းကောင်းဟို ဟောပြောရလဲ့အတွက် ငါ့မှာ ဝါကြွားနိန်ခွင့် မဆိ။ ပစာကို့ အေးသတင်းကောင်းဟို မဟောဘဲနေရင် ငါဟ ပစာလောက် အမင်္ဂလာဆိလိမ့်မလုန်း။
1CO 9:17 အဲကျောန့် ငါရဲ့ အလုပ်ဟို ငါရဲ့ ဆန္ဒအလျောက် ရွေးချယ်ဆောင်ရွက်ရင် အခကြေးငွေဟို ငံ့နိန်ပေအယ်။ အားပေမဲ့ ဟေအလုပ်ဟို ဘုရားသခင်ဟ ငါ့အား ပေးအပ်ထားသဖြင့် ငါဟ တာဝန်ကျေစွာ လုပ်ဆောင်ဖို့ လိုအယ်။
1CO 9:18 အဲကျောန့် ငါဟ ပစာအခဟို ခံစားရလုန်း။ ငါခံစားရလဲ့ အကျိုးမှာ သတင်းကောင်းဟို အခမယူဘဲ ဟောပြောခွင့်နဲ့ ဟေသို့ ဟောပြောလဲ့အတွက် ရပိုင်ခွင့်များဟို မတောင်းဆိုဘဲ နေနိန်ခွင့်လို့ပင် ဖြစ်အယ်။
1CO 9:19 ငါဟ စသူ့ကျွန်မျှ မဟုတ်၊ လွတ်လပ်သူ ဖြစ်အယ်၊ အားပေမဲ့ ခရစ်တော်ဟို ယုံကြည်သူများ တိုးပွားများပြား လာစေရန် ငါဟ လူတိုင်းရဲ့ ကျွန် ဖြစ်လာအယ်။
1CO 9:20 ငါဟ ယုဒအမျိုးသားလို့ဆေတွင် အမှုတော်ဆောင်စဉ် သူလို့ဟို ကယ်တင်နိန်ရန် ယုဒအမျိုးသားလို နေထိန်အယ်။ အေးသူလို့ဟို ကယ်တင်နိန်ရန် ငါဟ ပညတ်တရား စောင့်ထိန်းသူ မဟုတ်သော်လည်း ပညတ်တရား စောင့်ထိန်းသူလို ငါ နေထိန်အယ်။
1CO 9:21 အဲတိုင်းတိုင်း တပါးအမျိုးသားလို့ဆေ အမှုတော်ဆောင်စဉ် သူလို့ဟို ကယ်တင်နိန်ရန် ပညတ်တရားဟို မကျင့်သုံးဘဲ တပါးအမျိုးသားလို နေထိန်အယ်။ ဟေသို့ဆိုရာ ငါဟ ဘုရားသခင်ရဲ့ ပညတ်တော်ဟို မလိုက်နာဟု မဆိုလို။ အမန်အားဖြင့် ငါဟ ခရစ်တော်ရဲ့ ပညတ်တရားဟို လိုက်နာကျင့်သုံးသောသူ ဖြစ်အယ်။
1CO 9:22 ငါဟ ယုံကြည်မှု အားနည်းသူလို့ အထဲသို့ ရောက်သောအခါ အေးသူလို့ဟို ကယ်တင်နိန်ရန် ငါဟ ယုံကြည်မှု အားနည်းသူလို နေထိန်အယ်။ အချို့သောသူလို့ဟို တနည်းနည်းအားဖြင့် ကယ်တင်နိန်ရန် ငါဟ လူအမျိုးမျိုးထဲနှိုက် အမျိုးမျိုးနေထိန်အယ်။
1CO 9:23 နင်လို့နဲ့အတူ သတင်းကောင်းရဲ့ ကောင်းကြီးမင်္ဂလာများဟို ဝေမျှနိန်ရန် ငါဟ သတင်းကောင်းအကျိုးငှာ ဟေအမှုခပ်သိမ်းဟို ပြုခြင်းဖြစ်အယ်။
1CO 9:24 အပြေးပြိုင်ပွဲတွင် လူအများ ဝင်ရောက် ယှဉ်ပြိုင်သော်လည်း တယောက်တည်းသာလျှင် ဆုဟို ရဆိကျောန်း နင်လို့ သိကြအယ်။ အဲလိုမို့ နင်လို့ဟ ဆုဟို ရမည့်အကျောန်း ပြေးကြလော့။
1CO 9:25 ပြိုင်ပွဲဝင်ရန် လေ့ကျင့်သောသူတိုင်းပင် ကြပ်တည်းသော စည်းကမ်းများဟို ထိန်းသိမ်းရအယ်။ အေးသူလို့ ဟေသို့ပြုကြခြင်းမှာ ညှိုးနွမ်းပျက်စီးနိန်သော ပန်းဦးရစ်ဟို ရဆိရန် ပြုကြခြင်း ဖြစ်အယ်။ အားပေမဲ့ ငါလို့ဟတော့ မညှိုးနွမ်း မပျက်စီးနိန်သော ပန်းဦးရစ်ဟို ရဆိနိန်ရန် ပြုကြအယ်။
1CO 9:26 အဲကျောန့် ငါဟ ပန်းဝင်ရာသို့ တည့်မတ်စွာ ပြေးအယ်။ ငါဟ မိမိလက်သီးစွမ်းဟို အလကားကား မဖြုန်းတီးလဲ့ လက်ဝှေ့သမားနဲ့ တူအယ်။
1CO 9:27 ငါဟ သူတပါးလို့အား ပြိုင်ပွဲဝင်ရန် ခေါ်ဖိတ်ခဲ့ပင်းနောက် မိမိတတ်တိုင်း ပြိုင်ပွဲမှ အပယ်မခံရစေရန် ငါရဲ့ ကိုယ်ခန္ဓာဟို ပြင်းပြင်းထန်ထန် ထိုးနှက်လေ့ ဆိအယ်။
1CO 10:1 ညီအကို မောင်နှမလို့၊ မောရှေ ယိုးသော ငါလို့ရဲ့ ဘိုးဘေးများ အကျောန်းဟို သတိရစေလိုအယ်။ သူလို့ဟ မိုးချေးသားတုန်းရဲ့ အကွယ်အကာ ရယွေ့ ပင်လယ်နီဟို ဘေးကင်းလုံခြုံစွာ ဖြတ်သန်းခဲ့ကြအယ်။
1CO 10:2 သူလို့ဟ အေးမိုးချေးသားတုန်းနဲ့ ပင်လယ်ထဲနှိုက် မောရှေရဲ့ တဘဲ့များအဖြစ် နှစ်ခြင်း ခံယူကြအယ်။
1CO 10:3 သူလို့အားလုံးပင် ဓမ္မအစာတမျိုးတည်းဟို စားရကြအယ်။
1CO 10:4 ဓမ္မယေတမျိုးတည်းဟို သောက်ရကြအယ်။ သူလို့အားလုံးပင် မိမိလို့နဲ့ လိုက်ပါလာသော ဓမ္မကျောက်မှ ယေဟို သောက်သုံးကြအယ်၊ အဲကျောက်ဟ ခရစ်တော်ပင် ဖြစ်အယ်။
1CO 10:5 အားပေမဲ့ အဲသူလို့အနက် များစွာသော လူလို့ဟို ဘုရားသခင် နှစ်သက်တော်မမူ။ အဲကျောန့် သူလို့ဟ တောကန္တာရနှိုက် သေကြေပျက်စီးကြအယ်။
1CO 10:6 ဟေဥပမာဟ ဆိုးညစ်မှုများဟို အဲသူလို့ ပြုလုပ်သလို ငါလို့ မပြုလုပ်ကြစေရန်၊
1CO 10:7 ကျမ်းစာတွင် “လူလို့ဟ ထိန်ယွေ့ စားသောက်ကြပင်းနောက် သောက်ကြူးလျက် မြူးတူးပျော်ပါးကြအယ်” ဟု ပါဆိတာနဲ့အညီ၊ အချို့လို့ဟ ရုပ်တုဟို ပူဇော်ပသကြသလို ငါလို့ မပူဇော်မပသကြစေရန် သတိပေးခြင်းပင် ဖြစ်အယ်။
1CO 10:8 ငါလို့ဟ အဲသူအချို့လို့ကဲ့သို့ မတရားသောမေထုန်ဟို မပြုကြနဲ့။ အဲအပစ်ဟို ကျူးလွန်သောသူလို့အနက် တရက်အတွင်း လူ ၂၃,၀၀၀ မျှ သေကြအယ်။
1CO 10:9 ငါလို့ဟ အေးသူအချို့လို့ကဲ့သို့ သခင်ဘုရားဟို မစုံစမ်းကြနဲ့။ သူလို့ဟ မြွေကိုက်ယွေ့ သေခဲ့ကြလေပီ။
1CO 10:10 နင်လို့ဟ အေးသူတချို့လို့ကဲ့သို့ အပစ်မတင်ကြနဲ့။ သူလို့ဟ သေမင်းတမန် လက်ချက်ဖြင့် ပျက်စီးရကြအယ်။
1CO 10:11 အဲသူလို့နှိုက် ဟေသို့ ဖြစ်ပျက်ရခြင်းမှာ အခြားသူလို့ ပုံဥပမာ ရဆိစေရန် ဖြစ်အယ်။ ငါလို့ဟ ကပ်ကမ္ဘာကုန်ဆုံးရန် နီးချိန်နှိုက် အသက်ဆှင်ရကြသူများ ဖြစ်သောကျောန့် ငါလို့အား သတိပေးလဲ့ အနေဖြင့် ကျမ်းစာတွင် ရေးသားထားခြင်း ဖြစ်အယ်။
1CO 10:12 အဲကျောန့် နင်လို့ဟ မိမိတည်ကြည်လျက် နေတာဟု မိမိထင်မှတ်အယ်။ အဲသူဟ မလဲစေခြင်းငှာ သတိပြုစေ။
1CO 10:13 နင်လို့ တွေ့ကြုံရလဲ့ စုံစမ်းနှောင့်ယှက်ခြင်းများဟ လူအပေါင်းလို့ တွေ့ကြုံနေကြသော သာမန် စုံစမ်းနှောင့်ယှက်ခြင်းသာ ဖြစ်အယ်။ ဘုရားသခင်ဟ သစ္စာဆိသောသူ ဖြစ်သဖြင့် နင်လို့အား မိမိလို့ ခံနိန်တာထက် ပိုယွေ့ စုံစမ်းနှောင့်ယှက်ခြင်းဟို ခံစေလိမ့်မယ် မဟုတ်။ စုံစမ်းနှောင့်ယှက်ခြင်း ခံရချိန်နှိုက် ခံနိန်သော ခွန်အားဟို ပေးပင်း အဲစုံစမ်းနှောင့်ယှက်ခြင်းမှ ထွက်မြောက်သော လမ်းဟိုလည်း စီရင်ပြုပြင်ပေးလိမ့်မယ်။
1CO 10:14 အဲကျောန့် ငါ့ချစ်သူလို့၊ ရုပ်တုကိုးကွယ်ခြင်း အမှုဟို ကြဉ်ဆှောင်ကြလော့။
1CO 10:15 နင်လို့အား ပညာဆိကဲ့သို့ မှတ်ယွေ့ ငါပြောခြင်း ဖြစ်အယ်။ ငါ့စကားဟို ဆင်ခြင်ကြလော့။
1CO 10:16 ငါလို့ဟ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ချီးမွန်းယွေ့ ပွဲတော် မုတ်မှ စပျစ်ယေဟို သောက်ကြသောအခါ ခရစ်တော်ရဲ့ အသွေးတော်ဟို ဆက်ဆံသုံးဆောင်ကြအယ် မဟုတ်လော။ မုန့်ဟို စားသောအခါ ခရစ်တော်ရဲ့ ကိုယ်ခန္ဓာဟို ဆက်ဆံသုံးဆောင်ကြတာ မဟုတ်လော။
1CO 10:17 ပစာကို့ မုန့်တလုံးတည်း ဆိတာ ဖြစ်ယွေ့ အဲမုန့်တလုံးတည်းဟို ဆက်ဆံ သုံးဆောင်ကြသောကျောန့် ငါလို့ဟ အရေအတွက်အားဖြင့် များသော်လည်း တကိုယ်တည်း ဖြစ်ကြအယ်။
1CO 10:18 ဇာတိအားဖြင့် ဣသရေလအမျိုးဖြစ်သော သူလို့ဟို ကျေ့ရှုဆင်ခြင်ကြလော့။ သူလို့ဟ ယဇ်ကောင်ရဲ့ အသားဟို စားသဖြင့် ယဇ်ပလ္လင်ပေါ် ပူဇော်ခြင်းတွင် ပါဝင်ကြသူများ ဖြစ်အယ်။
1CO 10:19 အဲကျောန့် ပစာဟို ငါဆိုလိုလုန်း။ ရုပ်တု အဲဟာမဟုတ်ရင် ရုပ်တုအား ပူဇော်လဲ့ အစားအစာဟ အရေးကြီးတာဟု ငါဆိုလိုသလော။
1CO 10:20 ဟေသို့ ငါ မဆိုလို၊ သူလို့ ပူဇော်သောအရာများဟို ဘုရားသခင်ဆေ ပူဇော်ခြင်း မဟုတ်ဘဲ နတ်ဆိုးများဆေ ပူဇော်ခြင်း ဖြစ်အယ်။ ငါဟ နင်လို့ဟို နတ်ဆိုးလို့နဲ့ စပ်ဆိုင်သောသူ မဖြစ်စေလို။
1CO 10:21 နင်လို့ဟ သခင်ရဲ့ မုတ်မှ စပျစ်ယေဟို သောက်ယွေ့ နတ်ဆိုးရဲ့ မုတ်မှ စပျစ်ယေဟိုလည်း မသောက်နိန်။ သခင်ဘုရားရဲ့ စားပွဲနှိုက် စားယွေ့ နတ်ဆိုးများရဲ့ စားပွဲနှိုက်လည်း မစားနိန်။
1CO 10:22 သခင်ဘုရားအား မနာလိုစေခြင်းငှာ ငါလို့ ပြုလိုကြသလော၊ ငါလို့ဟ သခင်ဘုရားထက် ပိုပင်း တန်ခိုးကြီးတာဟု ငါလို့ ထင်မှတ်ကြသလော။
1CO 10:23 “ငါလို့တွင် ပစာအမှုဟို မဆို ပြုပိုင်ခွင့် ဆိအယ်” ဟု သူလို့ဆိုလဲ့အတိုင်း မန်သော်လည်း အရာခပ်သိမ်းဟ ကောင်းမွန်တာ မဟုတ်။ “ငါလို့တွင် ပစာအမှုဟို မဆို ပြုနိန်ခွင့် ဆိအယ်” အားပေမဲ့ အရာခပ်သိမ်းဟ ငါလို့အကျိုးဟို ပြုစုပေးတာ မဟုတ်။
1CO 10:24 စသူမျှ ကိုယ်အကျိုးဟို မဆာကြစေနဲ့။ သူတပါးရဲ့ အကျိုးဟိုသာ ဆာစေ။
1CO 10:25 နင်လို့ရဲ့ ဩတ္တပ္ပစိတ်ဟို ထောက်ယွေ့ ဆေးတွင် ရောင်းလဲ့ စလိုအသားဟို မဆို စစ်ဆေးမေးမြန်းခြင်း မပြုဘဲ ဝယ်ယွေ့ စားကြလော့။
1CO 10:26 အကျောန်းမှာ “ဟေလောကနဲ့ လောကနှိုက် ဆိသမျှသောအရာလို့ဟို သခင်ဘုရား ပိုင်အယ်” ဟု ကျမ်းစာဟ ဆိုအယ်။
1CO 10:27 မယုံကြည်သူ လူတယောက်ဟ နင်လို့အား ဧည့်ခံကျွေးမွေးရန် ခေါ်ဖိတ်ရင် နင်လို့ လိုက်သွားကြလော့။ မိမိလို့ရဲ့ ဩတ္တပ္ပစိတ်ဟို ထောက်ယွေ့ နင်လို့ဆေ့နှိုက် ကျွေးမွေးသမျှလို့ဟို စစ်ဆေးမေးမြန်းခြင်း မပြုဘဲ စားကြလော့။
1CO 10:28 အားပေမဲ့ လူတစုံတယောက်သည် “ဟေအရာဟ ယဇ်ပူဇော်သော အသားဖြစ်အယ်” ဟု ဆိုလျှင် ဟေသို့ပြောဆိုသူနဲ့ ဩတ္တပ္ပစိတ်ဟို လည်းကောင်း ထောက်ယွေ့ အေးအသားဟို မစားကြနဲ့။
1CO 10:29 ဩတ္တပ္ပစိတ် ဆိုရာနှိုက် နင်လို့ရဲ့ ဩတ္တပ္ပစိတ်ဟို မဆိုလို၊ လာပြောသူရဲ့ ဩတ္တပ္ပစိတ်ဟို ဆိုလိုအယ်။ နင်လို့တွင် တစုံတယောက်ဟ “ငါရဲ့ လွတ်လပ်မှုဟို ပစာကျောန့် သူတပါးရဲ့ ဩတ္တပ္ပစိတ်ဟ ချုပ်ချယ်ရလုန်း။
1CO 10:30 ငါဟ မိမိအစားအစာအတွက် ဘုရားသခင်ဟို ကျေးဇူးတင်ရင်၊ ငါချီးမွန်းလဲ့အရာအတွက် အစားအစာနဲ့ ပတ်သက်ယွေ့ ငါ့အား သူတပါးဟ ပစာကျောန့် ကဲ့ရဲ့ပစ်တင်ရလုန်း” ဟု မေးလိမ့်မယ်။
1CO 10:31 နင်လို့ဟ စားသော် လည်းကောင်း၊ သောက်သော် လည်းကောင်း၊ စလိုအမှုဟို ပြုသော် လည်းကောင်း၊ ဘုရားသခင်ရဲ့ ဘုန်းတော်အတွက် ခပ်သိမ်းသောအမှုလို့ဟို ပြုကြလော့။
1CO 10:32 ယုဒအမျိုး ဖြစ်စေ၊ တပါးအမျိုးသား ဖြစ်စေ၊ ဘုရားသခင်ရဲ့ အသင်းတော်ဝင် ဖြစ်စေ ထိမိယွေ့ လဲစရာအကျောန်း မဖြစ်စေကြနဲ့။
1CO 10:33 နင်လို့ဟလည်း ငါ့လို ပြုကြလော့။ ငါဟ လူလို့ ကယ်တင်ခြင်း ခံရစေရန် မိမိပြုသမျှသော အမှုလို့တွင် ကိုယ့်အကျိုးဟို ငဲ့ယွေ့ သူလို့ နှစ်သက်အောန် ပြုအယ်။
1CO 11:1 ငါဟ ခရစ်တော်နည်းတူ ကျင့်သလို နင်လို့ဟလည်း ငါ့တိုင်းတိုင်း ကျင့်ကြလော့။
1CO 11:2 နင်လို့ဟ ငါ့ဟို အစဉ်အောက်မေ့ သတိရယွေ့ ငါပေးအပ်လဲ့ သွန်သင်ချက်အတိုင်း လိုက်နာပြုကျင့်ကြသောကျောန့် နင်လို့အား ငါချီးမွန်းအယ်။
1CO 11:3 အားပေမဲ့ ယောက်ျားတိုင်းရဲ့ ဦးခေါင်းဟ ခရစ်တော် ဖြစ်ပင်း မိန်းမရဲ့ ဦးခေါင်းဟ ယောက်ျား ဖြစ်အယ်။ ခရစ်တော်ရဲ့ ဦးခေါင်းဟ ဘုရားသခင် ဖြစ်ကျောန်းဟို နင်လို့ နားလည်စေဖို့ ငါ အလိုဆိအယ်။
1CO 11:4 အဲလိုမို့ ယောက်ျားဟ မိမိဦးခေါင်းဟို ဖုံးလျက် ဆုတောင်းခြင်း အဲဟာမဟုတ်ရင် ပရောဖက်ပြုခြင်းဟ မိမိဦးခေါင်းအသရေဟို ရှုတ်ချတာ ဖြစ်အယ်။
1CO 11:5 မိန်းမဟလည်း မိမိဦးခေါင်းဟို မဖုံးဘဲ ဆုတောင်းခြင်း အဲဟာမဟုတ်ရင် ပရောဖက်ပြုခြင်းဟ မိမိဦးခေါင်းအသရေဟို ရှုတ်ချတာ ဖြစ်အယ်။ အဲသူဟ ကတုံးတုံးထားလဲ့ မိန်းမနဲ့ တူအယ်။
1CO 11:6 အဲကျောန့် မိန်းမဟ မိမိဦးခေါင်းဟို မဖုံးလျှင် ဆံပင်ဟို ဖြတ်စေ၊ အားပေမဲ့ ဆံပင် ဖြတ်ခြင်း၊ ဆံပင်ရိတ်ခြင်း အရာဟ ဆှက်စရာ ဖြစ်ရင် ဦးခေါင်းဟို ဖုံးစေ။
1CO 11:7 ယောက်ျားဟ ဘုရားသခင်ရဲ့ ပုံသဏ္ဌာန်၊ ဘုန်းအသရေ ဖြစ်သောကျောန့် မိမိဦးခေါင်းဟို မဖုံးရ။ မိန်းမဟတော့ ယောက်ျားရဲ့ ဘုန်းအသရေ ဖြစ်အယ်။
1CO 11:8 အကျောန်းမှာ ယောက်ျားဟ မိန်းမကျောန့် ဖြစ်တာ မဟုတ်၊ မိန်းမဟ ယောက်ျားကျောန့် ဖြစ်အယ်။
1CO 11:9 ယောက်ျားဟို မိန်းမဖို့ ဖန်ဆင်းတာ မဟုတ်၊ အားပေမဲ့ မိန်းမဟိုသာ ယောက်ျားဖို့ ဖန်ဆင်းတာ ဖြစ်အယ်။
1CO 11:10 အဲကျောန့် ခေါန်းခင်တမန်များဟို ထောက်ယွေ့ မိန်းမဟ မိမိအပေါ် ယောက်ျား အုပ်စိုးခြင်းဟို ဖော်ပြရန် မိမိဦးခေါင်းဟို ဖုံးသင့်အယ်။
1CO 11:11 အားပေမဲ့ သခင်ဘုရားနှိုက် ယောက်ျားမပါဘဲ မိန်းမဖြစ်တာ မဟုတ်၊ မိန်းမ မပါဘဲ ယောက်ျားဖြစ်တာ မဟုတ်။
1CO 11:12 အကျောန်းမှာ မိန်းမဟ ယောက်ျားကျောန့် ဖြစ်သလို ယောက်ျားဟလည်း မိန်းမအားဖြင့် မွေးဖွားလာအယ်။ အားပေမဲ့ အလုံးစုံလို့ဟို ဖန်ဆင်းသူဟ ဘုရားသခင် ဖြစ်အယ်။
1CO 11:13 မိန်းမဟ ဦးခေါင်းဟို မဖုံးဘဲ ဘုရားသခင်ဟို ဆုတောင်းရင် လျောက်ပတ်တာ မလျောက်ပတ်တာဟို နင်လို့တတ်တိုင်း ဆင်ခြင်ကြလော့။
1CO 11:14 ယောက်ျားဟ ဆှည်သော ဆံပင်ဆိလျှင် ဆှက်ဖွယ်သောအကျောန်း ဖြစ်တာဟို နင်လို့အား သဘာဝတရားအားဖြင့် ဆုံးမထားတာ မဟုတ်လော။
1CO 11:15 မိန်းမဟတော့ ဆှည်သော ဆံပင် ဆိရင်၊ သူမရဲ့ ဘုန်းအသရေ ဖြစ်အယ်။ အကျောန်းမှာ ဆှည်သောဆံပင်ဟို ခြုံထည်အဖြစ် သူမဟို ပေးထားခြင်း ဖြစ်အယ်။
1CO 11:16 အားပေမဲ့ တစုံတယောက်သောသူဟ ဒီကိစ္စဟို ငြင်းခုံချင်ရင်တော့ ငါလို့နဲ့ ဘုရားသခင်ရဲ့ အသင်းတော်တွေမှာ ကိုးကွယ်သော အလေ့အထ မဆိဝူးလို့ ဆိုလေအယ်။
1CO 11:17 အားပေမဲ့ သူလို့ဟ အကျိုးဟို ပြုစုခြင်းငှာ စည်းဝေးကြတာ မဟုတ်၊ အကျိုးဟို နည်းစေခြင်းငှာ စည်းဝေးကြတာ ဖြစ်ယွေ့ ငါဟ ပညတ်ထားစဉ်တွင် နင်လို့ဟို မချီးမွန်း။
1CO 11:18 ပထမအကျောန်းမှာ၊ နင်လို့ဟ အသင်းတော်နှိုက် စည်းဝေးကြသောအခါ အချင်းချင်းကွဲပြားခြင်း ဆိတာဟို ငါကြားရအယ်။ ကြားရလဲ့အတိုင်း အချို့တဝက် မန်လိမ့်မယ်ဟု ငါယုံကြည်အယ်။
1CO 11:19 နင်လို့တွင် စိတ်ဝမ်းကွဲပြားမှုဟ ဆိတာ မန်အယ်။ အဲလိုမို့ အမန်ဘက်တွင် ဆိသောသူများဟို ပေါ်လွင် ထင်ဆှားစေမယ်။
1CO 11:20 နင်လို့ဟ စုရုံးကြသောအခါ သခင်ဘုရားရဲ့ ပွဲတော်မင်္ဂလာ ဝင်ရန်အတွက် မဟုတ်။
1CO 11:21 အကျောန်းမှာ နင်လို့ဟ စားကြတာဟ ကိုယ်စီကိုယ်စီ မိမိအစာဟို အရင်ယူယွေ့ တချို့ဟ မွတ်လျက်၊ အခြားဟ သေသောက်ကြူးလျက် ဆိကြအယ်။
1CO 11:22 နင်လို့ဟ စားသောက်ရန် ကိုယ့်နေအိုင် မဆိသလော။ အဲဟာမဟုတ်ရင် ဘုရားသခင်ရဲ့ အသင်းတော်ဟို ရှုတ်ချယွေ့ ဆင်းရဲသူလို့အား အဆှက်ခွဲ လိုကြသလော။ နင်လို့အား စလို ပြောရမှာလုန်း။ နင်လို့ဟို ငါဟ ချီးမွန်းရမယ်လော။ ဟေကိစ္စတွင် ပစာနည်းနဲ့မျှ မချီးမွန်းနိန်။
1CO 11:23 အကျောန်းမှာ သခင်ဘုရားဆေမှ ငါ ခံယူရဆိသောအရာဟို နင်လို့အား ငါ ပေးအပ်အယ်။ ဟေအရာမှာ သခင် ယေရှုဟ သူ့ဟို အပ်နှံခြင်း ခံရသော ညနှိုက် မုန့်ဟို ယူယွေ့၊
1CO 11:24 ကျေးဇူးတော်ဟို ချီးမွန်းပင်းမှ မုန့်ဟို ဖဲ့ယွေ့ “ဟေမုန့်ဟ နင်လို့အတွက် စွန့်သော ငါရဲ့ ကိုယ်ခန္ဓာ ဖြစ်အယ်။ ငါ့ဟို သတိရစေခြင်းငှာ ဟေသို့ပြုကြလော့” ဟု မိန့်လေအယ်။
1CO 11:25 အဲတိုင်းတိုင်း ညစာစားပင်းနောက် စပျစ်ယေ မုတ်ဟို ယူယွေ့ “ဟေမုတ်ဟ ငါရဲ့ သွေးနဲ့ တံဆိပ်ခတ်သော ဘုရားသခင်ရဲ့ ပဋိညာဉ်သစ် ဖြစ်အယ်။ ဟေမုတ်မှ စပျစ်ယေဟို သောက်လဲ့အခါတိုင်း ငါ့ဟို သတိရခြင်းငှာ သောက်ကြလော့” ဟု မိန့်လေအယ်။
1CO 11:26 နင်လို့ဟ အဲမုန့်ဟို စားယွေ့ ဟေမုတ်မှ စပျစ်ယေဟို သောက်လဲ့အခါတိုင်း သခင်ဘုရားရဲ့ အသေခံကျောန်းဟို ကိုယ်တော် ကြွလာချိန်တိုင်အောန် ကြေညာကြအယ်။
1CO 11:27 သူ့ဟို မရိုသေဘဲ သခင်ဘုရားရဲ့ မုန့်ဟို စားယွေ့ ကိုယ်တော်ရဲ့ မုတ်မှ စပျစ်ယေဟို သောက်သောသူဟ သခင်ဘုရားရဲ့ ကိုယ်ခန္ဓာနဲ့ အသွေးတော်ဟို ပစ်မားရာ ရောက်အယ်။
1CO 11:28 အဲကျောန့် လူတိုင်း မိမိတတ်တိုင်းဟို စစ်ဆေးပင်းမှ မုန့်ဟို စားယွေ့ မုတ်မှ စပျစ်ယေဟို သောက်စေ။
1CO 11:29 မုန့်ဟို စားယွေ့ မုတ်မှ စပျစ်ယေဟို သောက်သောအခါ သခင်ဘုရားရဲ့ ကိုယ်ခန္ဓာ အနက်အဓိပ္ပာယ်ဟို မသိမနားလည်သောသူဟ မိမိအပေါ်သို့ အပစ်ဒဏ် ကျရောက်စေရန် စားသောက်သောသူ ဖြစ်အယ်။
1CO 11:30 အဲအကျောန်းကျောန့် နင်လို့အထဲတွင် အားနည်းသောသူ၊ မကျန်းမာသူအများ ဆိကြအယ်။ သေသောသူအများလည်း ဆိကြအယ်။
1CO 11:31 ငါလို့ဟ မိမိလို့တတ်တိုင်းဟို ဦးရင် စစ်ဆေးကြမယ် ဆိုရင် ဟေသို့ ဘုရားသခင်ရဲ့ စီရင်ခြင်းဟို ခံရကြလိမ့်မယ် မဟုတ်။
1CO 11:32 အားပေမဲ့ ငါလို့အား ဟေသို့ သခင်ဘုရားအားဖြင့် စီရင်ခြင်းမှာ ငါလို့အား လောကီသားလို့နဲ့အတူ အပစ်ဒဏ် မခံရစေရန် ဆုံးမခြင်း ဖြစ်အယ်။
1CO 11:33 အဲကျောန့် ညီအကို မောင်နှမလို့၊ သခင်ဘုရားရဲ့ ပွဲတော်မင်္ဂလာဟို ဝင်ရန် စုဝေးကြသောအခါ တယောက်ဟိုတယောက် ငံ့ကြလော့။
1CO 11:34 နင်လို့ စုဝေးကြသောအခါ ဘုရားသခင်ရဲ့ အပစ်ဒဏ် စီရင်ခြင်းနဲ့ ကင်းလွတ်နိန်စေရန် မွတ်သောသူဟ မိမိနေအိုင်တွင် စားသောက်စေ။ အခြားကိစ္စများနဲ့ ပတ်သက်ယွေ့ ငါလာလဲ့အခါ ဖြေဆှင်းမယ်။
1CO 12:1 ညီအကို မောင်နှမလို့၊ ဝိညာဉ်တော်ရဲ့ ဆုကျေးဇူးများအကျောန်း၊ နင်လို့အား အသိမပေးဘဲ နေစေခြင်းငှာ ငါ အလိုမဆိ။
1CO 12:2 နင်လို့ဟ ဘုရားတရားမဲ့သူ ဖြစ်တုန်းဟ သူတပါး သွေးဆောင်သဖြင့် စကားမပြောနိန်သော ရုပ်တုဆိရာသို့ ပါသွားသောသူ ဖြစ်ကျောန်းဟို နင်လို့ သိကြအယ်။
1CO 12:3 အဲကျောန့် နင်လို့အား ငါသိစေလိုတာဟ စသူမျှ ဘုရားသခင်ရဲ့ ဝိညာဉ်တော်အားဖြင့် “ယေရှုဟ ကျိန်ခြင်းဟို” ဟု ပြောဆိုမယ် မဟုတ်၊ အဲသန့်ဆှင်းသော ဝိညာဉ်တော်အားဖြင့် စသူမျှ “ယေရှုဟ သခင်ဘုရား ဖြစ်အယ်” ဟု မပြောဆိုနိန်။
1CO 12:4 ဝိညာဉ်ဆုကျေးဇူးဟ အမျိုးမျိုး ဆိအယ်။ အားပေမဲ့ အဲဆုကျေးဇူးများဟို ချပေးသောသူဟ ဝိညာဉ်တော် တပါးတည်းသာ ဖြစ်အယ်။
1CO 12:5 အစေခံရန် နည်းအမျိုးမျိုး ဆိအယ်။ အားပေမဲ့ အစေခံရမဲ့ သခင်ဘုရားဟ တပါးတည်း ဆိအယ်။
1CO 12:6 အမှုတော်ဆောင်ရန် စွမ်းရည်အမျိုးမျိုး ဆိအယ်။ အားပေမဲ့ လူအသီးသီးနှိုက် ဆိသော စွမ်းရည်များဟို ပေးသော ဘုရားသခင်ဟ တပါးတည်း ဆိအယ်။
1CO 12:7 အများကောင်းကျိုးအတွက် လူအသီးသီးလို့အား ဝိညာဉ်တော် ပါဆိကျောန်း တနည်းနည်းအားဖြင့် ဖော်ပြအယ်။
1CO 12:8 ပစာသို့နည်း ဝိညာဉ်တော်အားဖြင့် တယောက်သောသူအား ပညာတရားဟို ပေးအယ်။ အဲဝိညာဉ်တော်အားဖြင့် အခြားတယောက်အား ထိုးထွင်းခြင်း တရားဟို ပေးအယ်။
1CO 12:9 အေးဝိညာဉ်တော်အားဖြင့် တယောက်သောသူအား ယုံကြည်ခြင်းဟို ပေးအယ်။ အေးဝိညာဉ်တော်အားဖြင့် အခြားတယောက်အား အနာရောဂါဟို ငြိမ်းစေနိန်သော အခွင့်ဟို ပေးအယ်။
1CO 12:10 ဝိညာဉ်တော်အားဖြင့် တယောက်သောသူအား နိမိတ်လက္ခဏာများဟို တန်ခိုးဟို ပြနိန်သောအခွင့်၊ တယောက်သောသူအား ပရောဖက်ပြုနိန်သောအခွင့်၊ တယောက်သောသူအား စိတ်ဝိညာဉ်ဟို ပိုင်းခြားယွေ့ သိနိန်သောအခွင့်၊ တယောက်သောသူအား အမျိုးမျိုးသော ဘာသာစကားဟို ပြောနိန်သောအခွင့်နဲ့ တယောက်သောသူအား အဲဘာသာစကားရဲ့ အနက်အဓိပ္ပာယ်ဟို ဖော်ပြနိန်သောအခွင့်ဟို လည်းကောင်း ပေးအယ်။
1CO 12:11 ဟေအခွင့်ဆိသမျှလို့ဟို တပါးတည်းသော ဝိညာဉ်တော်ဟ ပြုပြင်ယွေ့ လူအသီးသီးလို့အား ဆု‌ကျေးဇူး အသီးသီးဟို အလိုတော်ဆိလဲ့အတိုင်း ဝေငှယွေ့ ပေးအယ်။
1CO 12:12 ခရစ်တော်ဟ အင်္ဂါအစိတ်အပိုင်းများဆိလဲ့ ကိုယ်ခန္ဓာနဲ့ တူအယ်။ ကိုယ်ခန္ဓာဟ အင်္ဂါအစိတ်အပိုင်းအများ ဆိသော်လည်း တကိုယ်တည်းသာ ဖြစ်အယ်။
1CO 12:13 အဲတိုင်းတိုင်းပင် ငါလို့ဟ ယုဒလူ ဖြစ်စေ၊ တပါးအမျိုး ဖြစ်စေ၊ ကျွန် ဖြစ်စေ၊ လွတ်လပ်သောသူ ဖြစ်စေ၊ ဝိညာဉ်တော် တပါးတည်းအားဖြင့် ကိုယ်ခန္ဓာ တခုတည်းထဲသို့ နှစ်ခြင်းဟို ခံယူကြအယ်။ ငါလို့ဆိသမျှဟ ဝိညာဉ်တော် တပါးတည်းဟို သောက်ကြအယ်။
1CO 12:14 လူရဲ့ ကိုယ်ခန္ဓာတွင် အင်္ဂါအစိတ်အပိုင်း တခုတည်း ဆိတာမဟုတ်ဘဲ အများဆိအယ်။
1CO 12:15 ခြေဟ “ငါသည် လက် မဟုတ်သဖြင့် ကိုယ်ခန္ဓာနဲ့ မစပ်ဆိုင်” ဟု ဆိုလျှင်လည်း ခြေဟ ကိုယ်ခန္ဓာရဲ့ အစိတ်အပိုင်း ဖြစ်သေးအယ်။
1CO 12:16 နားဟလည်း “ငါသည် မျက်စေ့ မဟုတ်သဖြင့် ကိုယ်ခန္ဓာနဲ့ မစပ်ဆိုင်” ဟု ဆိုလျှင်လည်း နားဟ ကိုယ်ခန္ဓာရဲ့ အစိတ်အပိုင်း ဖြစ်သေးအယ်။
1CO 12:17 ကိုယ်ခန္ဓာတခုလုံးဟ မျက်စေ့ဖြစ်လျှင် စလို ကြားနိန်မှာတုန်း၊ ကိုယ်ခန္ဓာတခုလုံးဟ နားဖြစ်ရင် စလို အနံ့ခံနိန်မှာတုန်း။
1CO 12:18 အားပေမဲ့ ဘုရားသခင်ဟ အလိုတော်ဆိလဲ့အတိုင်း ကိုယ်ခန္ဓာတွင် အင်္ဂါအစိတ်အပိုင်း အသီးသီးလို့ သူလို့နေရာနဲ့ သူဆိစေအယ်။
1CO 12:19 အင်္ဂါအစိတ်အပိုင်း တခုတည်း ဖြစ်ရင် ကိုယ်ခန္ဓာ ဖြစ်လာနိန်မယ် မဟုတ်။
1CO 12:20 အမန်ဆိုသော် အင်္ဂါအစိတ်အပိုင်း အများဆိသော်လည်း ကိုယ်ခန္ဓာ တခုတည်းသာ ဆိအယ်။
1CO 12:21 အဲကျောန့် မျက်စေ့ဟ လက်အား “နင့်ဟို ငါ အလိုမဆိ” ဟု မဆိုနိန်။ ဦးခေါင်းဟလည်း ခြေအား “နင့်ဟို ငါ အလိုမဆိ” ဟု မဆိုနိန်။
1CO 12:22 ဆန့်ကျင်ဘက်အနေနဲ့၊ အားနည်းနေပုံ ရသော ကိုယ်အင်္ဂါ အစိတ်အပိုင်းများ မပါဘဲ မလုပ်နိန်ပါ။
1CO 12:23 ယုတ်တာဟု ထင်ရသော အင်္ဂါအစိတ်အပိုင်းများဟို ငါလို့ ပိုယွေ့ ဂရုစိုက်ကြရအယ်။ တင့်တယ်ခြင်း မဆိလဲ့ အင်္ဂါအစိတ်အပိုင်းများဟို ပိုယွေ့ တင့်တယ်အောန် မွမ်းမံကြရအယ်။
1CO 12:24 တင့်တယ်ပင်း ဖြစ်လဲ့ အင်္ဂါအစိတ်အပိုင်းများဟိုမူ မွမ်းမံနေစရာ မလို။ ဂုဏ်အသရေလိုလဲ့ အင်္ဂါအစိတ်အပိုင်းလို့ဟို ပိုယွေ့ ဂုဏ်အသရေ ဆိစေရန် ဘုရားသခင် တတ်တိုင်း ကိုယ်ခန္ဓာဟို စေ့စပ် ပြုပြင်ထားအယ်။
1CO 12:25 အဲလိုမို့ ကိုယ်အင်္ဂါ အစိတ်အပိုင်း အချင်းချင်း စိတ်ဝမ်းကွဲပြားမှု မဆိဘဲ အချင်းချင်းရဲ့ အကျိုးဟို ပြုစုလျက် ဆိကြအယ်။
1CO 12:26 ကိုယ်အင်္ဂါ အစိတ်အပိုင်း တခုဟ ဝေဒနာခံရရင် အခြား အစိတ်အပိုင်းများဟလည်း အတူခံရကြအယ်။ ကိုယ်အင်္ဂါ အစိတ်အပိုင်း တခုဟ ချီးမွန်းခံရရင် အခြား အစိတ်အပိုင်းများဟလည်း အတူ ဝမ်းမြောက်ရကြအယ်။
1CO 12:27 နင်လို့အပေါင်းလို့ဟ ခရစ်တော်ရဲ့ ကိုယ်ခန္ဓာ ဖြစ်အယ်။ နင်လို့အသီးသီးဟလည်း ကိုယ်ခန္ဓာရဲ့ အင်္ဂါအစိတ်အပိုင်းများ ဖြစ်ကြအယ်။
1CO 12:28 ဘုရားသခင်ဟ အသင်းတော်တွင် ပထမအရာနှိုက် တမန်တော်များ၊ ဒုတိယအရာနှိုက် ပရောဖက်များ၊ တတိယအရာနှိုက် ဆရာများ၊ အဲပင်းရင် တန်ခိုးပြသောသူများ၊ အဲပင်းရင် အနာရောဂါ ငြိမ်းစေနိန်သော ဆုကျေးဇူးဆိသူများ၊ ကူညီမစသူများနဲ့ အခြားသော ဘာသာစကားအမျိုးမျိုး ပြောဆိုသောသူလို့ဟို ခန့်ထားအယ်။
1CO 12:29 အားလုံးဟ တမန်တော် ဖြစ်ကြသလော။ အားလုံးဟ ပရောဖက် ဖြစ်ကြသလော။ အားလုံးဟ ဆရာဖြစ်ကြသလော။ အားလုံးဟ တန်ခိုးဟို ပြနိန်ကြသလော။
1CO 12:30 အားလုံးဟ အနာရောဂါဟို ငြိမ်းစေနိန်သော အခွင့် ဆိကြသလော။ အားလုံးဟ အမျိုးမျိုးသော ဘာသာစကားဟို ပြောနိန်ကြသလော။ အားလုံးဟ အဲဘာသာစကားရဲ့ အနက်ဟို ဖော်ပြနိန်ကြသလော။
1CO 12:31 အခု နင်လို့ဟ မြတ်လဲ့ ဆုကျေးဇူးများဟို စိတ်အားထက်သန်စွာ လိုချင်ကြအယ်။ ငါဟ နင်လို့အား သာယွေ့ ထူးမြတ်လဲ့ လမ်းဟို ပြဦးမယ်။
1CO 13:1 ငါဟ လူ့ဘာသာစကားနဲ့ ခေါန်းခင်တမန် ဘာသာစကားဟို ပြောနိန်သော်လည်း မေတ္တာ မဆိရင် အသံမြည်သော တံပိုးခရာလို လည်းကောင်း၊ တီးသံဟိုသာ ပေးတတ်လဲ့ လင်းကွင်းလို လည်းကောင်း ဖြစ်အယ်။
1CO 13:2 ငါဟ ပရောဖက်ပြု ဟောပြောနိန်သော အခွင့်ဟို ရဆိယွေ့ လျှို့ဝှက်နက်နဲသော အရာဆိသမျှနဲ့ အသိပညာအလုံးစုံဟို နားလည်သိဆိကာ တောင်များဟို တောနိန်လဲ့ ယုံကြည်ခြင်း ဆိပေမဲ့ မေတ္တာ မဆိရင် အလကားကား ဖြစ်အယ်။
1CO 13:3 ငါ့မှာ ဆိသမျှ စွန့်လွှတ်နိန်ပင်း ငါ့ကိုယ်ခန္ဓာဟို မီးရှို့ဖို့တောင် စွန့်လွှတ်နိန်ပေမဲ့ ငါ့နှိုက် မေတ္တာ မဆိရင် ဒါဟ ငါနှိုက် အကျိုးမဆိ။
1CO 13:4 မေတ္တာဟ စိတ်ရှည်တတ်အယ်။ ကြင်နာသနားတတ်အယ်။ မေတ္တာဟ ဂုဏ်ပြိုင်ခြင်း မဆိ၊ ဝါကြွားခြင်း မဆိ၊ မာန်မာန မဆိ။
1CO 13:5 မလျောက်ပတ်စွာ မကျင့်တတ်၊ ကိုယ့်အကျိုးဟို မဆာတတ်၊ ဒေါသအမျက် မထွက်တတ်၊ အပစ်ဆိအယ်ဟု မထင်တတ်။
1CO 13:6 မတရားသောအမှုနှိုက် ဝမ်းမြောက်ခြင်း မဆိတတ်၊ သမ္မာတရားနှိုက်သာ ဝမ်းမြောက်တတ်အယ်။
1CO 13:7 ခပ်သိမ်းသောအရာလို့ဟို ဖုံးအုပ်တတ်အယ်။ ခပ်သိမ်းသောအရာဟို ယုံတတ်အယ်။ ခပ်သိမ်းသောအရာဟို မျှော်လင့်တတ်အယ်။ ခပ်သိမ်းသောအရာဟို သည်းခံတတ်အယ်။
1CO 13:8 ပရောဖက်ဉာဏ်သော် လည်းကောင်း၊ အမျိုးမျိုးသော ဘာသာစကားဟို ပြောနိန်သောအခွင့်သော် လည်းကောင်း၊ သိပ္ပံအတတ်သော် လည်းကောင်း ကွယ်ပျောက်လိမ့်မယ်။ အားပေမဲ့ မေတ္တာဟ ဖောက်ပြန်ခြင်းသဘောနဲ့ အစဉ် ကင်းလွတ်အယ်။
1CO 13:9 အခုမှာ ငါလို့ဟ မစုံမလင် သိတတ်ကြအယ်။ ပရောဖက်ဉာဏ်နဲ့ မစုံမလင် ဟောတတ်ကြအယ်။
1CO 13:10 အားပေမဲ့ စုံလင်ခြင်းသို့ ရောက်သောအခါနှိုက် မစုံလင်သော အရာလို့ဟ ကွယ်ပျောက်ကြလိမ့်မယ်။
1CO 13:11 ငါဟ လူပဲ့ဖြစ်စဉ်အခါ လူပဲ့လို စကားပြောအယ်။ လူပဲ့လို စိတ်ထင်အယ်။ လူပဲ့လို ကြံစည်အယ်။ အားပေမဲ့ အသက်ကြီးသောအခါနှိုက် လူပဲ့ရဲ့ အကျင့်များဟို ငါပယ်ဆှားအယ်။
1CO 13:12 အခုတွင် ငါလို့ဟ မန်အားဖြင့် ရိပ်မိလျက်သာ နေကြအယ်။ အဲအခါနှိုက် မျက်ဝါးထင်ထင် မျော်ရကြလိမ့်မယ်။ အခုတွင် ငါဟ စုံလင်စွာ မသိမမျော်ရ၊ အဲအခါနှိုက် ဘုရားသခင်ဟ ငါ့ဟို စုံလင်စွာ သိသလို ငါဟ စုံလင်စွာ သိရလိမ့်မယ်။
1CO 13:13 အခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနဲ့ ချစ်ခြင်း ဟေသုံးပါးတည်လျက် ဆိအယ်။ အားပေမဲ့ ဟေသုံးပါးလို့တွင် ချစ်ခြင်း မေတ္တာဟ အမြတ်ဆုံး ဖြစ်အယ်။
1CO 14:1 အဲကျောန့် နင်လို့ဟ ချစ်ခြင်းဟို ကျင့်သုံးရန် ကြိုးပမ်း အားထုတ်ကြလော့။ ဝိညာဉ်ဆုကျေးဇူးများဟို ရမ်းဆာ့ တောင့်တလိုချင်ကြလော့။ အထူးသဖြင့် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ဟောပြောနိန်သော ဆုကျေးဇူးဟို လိုလားကြလော့။
1CO 14:2 အကျောန်းမှာ အခြားသော ဘာသာစကားအားဖြင့် ပြောသောသူဟ လူနဲ့ပြောဆိုတာ မဟုတ်၊ ဘုရားသခင်နဲ့သာ ပြောဆိုခြင်း ဖြစ်အယ်။ သူရဲ့ စကားဟို စသူမျှ နားမလည်။ သူဟ ဝိညာဉ်တော် တန်ခိုးဖြင့် လျှို့ဝှက်နက်နဲလဲ့ အကျောန်းအရာများဟို ပြောဆိုအယ်။
1CO 14:3 အားပေမဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟို ဟောပြောသောသူဟ လူလို့အား တည်ဆောက်ခြင်း၊ တိုက်တွန်းသွေးဆောင်ခြင်း၊ နှစ်သိမ့်သော စကားလို့ဟို ပြောအယ်။
1CO 14:4 အခြားသော ဘာသာစကားအားဖြင့် ပြောသောသူဟ ကိုယ်ဟိုသာ တည်ဆောက်အယ်။ အားပေမဲ့ ပရောဖက်ပြုသောသူမှာ အသင်းတော်ဟို တည်ဆောက်အယ်။
1CO 14:5 နင်လို့ဆိသမျှဟ အခြားသော ဘာသာစကားဖြင့် ပြောစေခြင်းငှာ ငါ အလိုဆိအယ်။ အားပေမဲ့ ပရောဖက်ပြုစေခြင်းငှာ သာယွေ့ အလိုဆိအယ်။ အကျောန်းမှာ အခြားသော ဘာသာစကားဖြင့် ပြောသောသူဟ အသင်းတော်ဟို တည်ဆောက်ခြင်းငှာ အနက်ဟို မဖော်ပြရင် သူ့ထက် ပရောဖက်ပြုသောသူဟ သာယွေ့ မြတ်အယ်။
1CO 14:6 ညီအကို မောင်နှမလို့၊ ငါဟ နင်လို့ဆိရာသို့ လာယွေ့ အခြားသော ဘာသာစကားဖြင့် ဟောပြောသော်လည်း၊ ဘုရားသခင်ရဲ့ ဗျာဒိတ်တော်ဟို ပြန်ခြင်း၊ ပညာအတတ်ဟို သင်ခြင်း၊ ပရောဖက်ပြုခြင်း၊ ဆုံးမဩဝါဒပေးခြင်း တခုခုဟို မပြုဘဲလျက်၊ နင်လို့အား ပြောရင် စလို အကျိုးဆိမလုန်း။
1CO 14:7 ပုလွေ အဲဟာမဟုတ်ရင် စောင်းကောက်ကဲ့သို့သော သက်မဲ့တူရိယာများဟို ကျေ့လော့။ အဲတူရိယာများမှ တေးသံများ ပီသစွာ ထွက်ပေါ်ယွေ့ မလာရင် စသူဟ အေးတူရိယာလို့ရဲ့ တေးသွားဟို သိနိန်မလုန်း။
1CO 14:8 တံပိုးခရာဟလည်း မမန်သော အသံနဲ့ မြည်ရင်၊ စသူဟ တိုက်ပွဲအတွက် ပြင်ဆင်လိမ့်မလုန်း။
1CO 14:9 အဲတိုင်းတိုင်းပင် နင်လို့ဟ နားမလည်နိန်သော စကားဟို အခြားသော ဘာသာစကားဖြင့် ပြောဆိုရင် ပြောဆိုသောအရာများဟို စလို သိနိန်မလုန်း။ နင်လို့ဟ လေဟို အလကားကား ဖြုန်းတီးနေခြင်းသာ ဖြစ်လိမ့်မယ်။
1CO 14:10 ကမ္ဘာပေါ်တွင် ဘာသာစကားအမျိုးပေါင်း များစွာဆိသော်လည်း ဆိသမျှလို့ဟ အဓိပ္ပာယ်ကင်းမဲ့တာ ဟူယွေ့ မဆိ။
1CO 14:11 အားပေမဲ့ ငါနားမလည်လဲ့ ဘာသာစကားဟို ပြောဆိုသူဟ ငါ့အဖို့ လူမျိုးခြား ဖြစ်အယ်။ ငါဟလည်း သူ့အဖို့ လူမျိုးခြား ဖြစ်လိမ့်မယ်။
1CO 14:12 အဲလိုမို့ နင်လို့ဟ ဝိညာဉ်ဆုကျေးဇူးများဟို လိုလားတောင့်တကြလဲ့အတွက် အသင်းတော်ဟို တည်ဆောက်ခြင်းငှာ ကြွယ်ဝပြေ့စုံမဲ့အကျောန်း ကြိုးစားကြလော့။
1CO 14:13 အဲကျောန့် အခြားသော ဘာသာစကားဟို ပြန်ပြောသောသူဟ အနက်ဟိုလည်း ဖော်ပြနိန်မဲ့အကျောန်း ဆုတောင်းလော့။
1CO 14:14 အကျောန်းမှာ ငါဟ အခြားသော ဘာသာစကားဖြင့် ဆုတောင်းရင် ငါရဲ့ စိတ်ဝိညာဉ်ဟ ဆုတောင်းသော်လည်း ငါရဲ့ အသိစိတ်မှာ အကျိုးမပေး။
1CO 14:15 အဲလိုမို့ စလို ငါ ပြုရမလုန်း။ ငါဟ စိတ်ဝိညာဉ်အားဖြင့် ဆုတောင်းရမယ်၊ အသိဉာဏ်အားဖြင့်နဲ့လည်း ဆုတောင်းရမယ်။ စိတ်ဝိညာဉ်အားဖြင့် သီချင်းဆိုရမယ်။ အသိစိတ်အားဖြင့်လည်း သီဆိုရမယ်။
1CO 14:16 နင်လို့ဟ စိတ်နေလုံးအားဖြင့် သာလျှင် ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ချီးမွန်းယွေ့ ဆုတောင်းပြုရင် ပရိသတ် ဝတ်ပြုခြင်းနှိုက် သာမန်လူတယောက်ဟ နင်လို့ ပြောဆိုသမျှ စကားများဟို နားမလည်နိန်သဖြင့် ပစာသို့ နင်လို့ရဲ့ ဆုတောင်းဟို “အာမင်” ဟု ဝန်ခံနိန်မလုန်း။
1CO 14:17 နင်ဟ ကျေးဇူးတော်ဟို ကောင်းမွန်စွာ ချီးမွန်းတာ မန်အယ်။ အားပေမဲ့ အခြားသူမှာ တည်ဆောက်ခြင်း အကျိုးမဆိ။
1CO 14:18 ငါဟ နင်လို့ ဆိသမျှထက်၊ အခြားသော ဘာသာစကားဖြင့် ဟောပြောသောအရာဟို ထောက်ယွေ့ ဘုရားသခင်ဟို ကျေးဇူးတင်အယ်။
1CO 14:19 အားပေမဲ့ အသင်းတော်နှိုက် အခြားသော ဘာသာစကားဖြင့် စကားအထောင်အသောင်းဟို ပြောနိန်တာထက်၊ သူတပါးလို့ဟို သွန်သင်ခြင်းငှာ စကားငါးခွန်းဟို ဉာဏ်နဲ့တကွ ပြောနိန်သောအခွင့်ဟို သာယွေ့ အလိုဆိအယ်။
1CO 14:20 ညီအကို မောင်နှမလို့၊ နင်လို့ဟ စဉ်းစားဆင်ခြင်မှုတွင် လူပဲ့သငယ်များလို မဖြစ်ကြနဲ့။ မတရားသောအမှုနှိုက် လူပဲ့သငယ်များလို ဖြစ်ကြလော့။ အားပေမဲ့ စဉ်းစားဆင်ခြင်မှုတွင်မူ အသက်ရွယ် ရင့်ကျက်သူများ ဖြစ်ကြလော့။
1CO 14:21 ကျမ်းစာတော်တွင် “ငါရဲ့ လူမျိုးအား ထူးဆန်းသော ဘာသာစကားများဖြင့် ငါ ပြောမယ်။ လူမျိုးခြားလို့ရဲ့ စလောင်ဖြင့် ငါ ပြောမယ်။ အားပေမဲ့ ငါရဲ့ လူမျိုးဟ ငါ့စကားဟို နားထောင်ကြလိမ့်မယ် မဟုတ်ဟု ထာဝရဘုရား မိန့်အယ်” ဟု ရေးထားအယ်။
1CO 14:22 အဲလိုမို့ အခြားသော ဘာသာစကားဖြင့် ဟောပြောခြင်းဟ ယုံကြည်သောသူလို့အတွက် နိမိတ်လက္ခဏာ မဟုတ်ဘဲ မယုံကြည်သော သူလို့အတွက် နိမိတ်လက္ခဏာ ဖြစ်အယ်။ ပရောဖက်ပြုခြင်း အမှုဟ မယုံကြည်သော သူလို့အတွက် မဟုတ်ဘဲ ယုံကြည်သော သူလို့အတွက် နိမိတ်လက္ခဏာ ဖြစ်အယ်။
1CO 14:23 အဲကျောန့် အသင်းဝင်သူအပေါင်းလို့ဟ စည်းဝေးယွေ့ အခြားသော ဘာသာစကားဖြင့် ဟောပြောလျက် နေကြစဉ်တွင် မယုံကြည်သောသူ၊ သာမန်လူလို့ဟ ဝင်လာရင် နင်လို့ဟို သူရူးဖြစ်ကြတာဟု ပြောမယ် မဟုတ်လော။
1CO 14:24 အားပေမဲ့ အသင်းဝင်သောသူအပေါင်းလို့ဟ ပရောဖက်ပြုယွေ့ နေကြစဉ်တွင် မယုံကြည်သောသူ အဲဟာမဟုတ်ရင် သာမန်လူလို့ဟ ဝင်လာရင်၊ နင်လို့ ဟောပြောလဲ့ တရားစကားကျောန့် မိမိလို့ အပစ်ဟို ဖော်ပြယွေ့ မိမိလို့တတ်တိုင်း စစ်ကြောစီရင်ကြလိမ့်မယ်။
1CO 14:25 သူရဲ့ စိတ်နေလုံးနှိုက် မထင်ဆှားသောအရာလို့ဟ ထင်ဆှားပြန်ယွေ့ သူဟ ပျပ်ဝပ်လျက် “ဘုရားသခင်ဟ နင်လို့တွင် အမန်ဆိအယ်” ဟု ဘုရားသခင်ဟို ကိုးကွယ်လိမ့်မယ်။
1CO 14:26 ညီအကို မောင်နှမလို့၊ ငါဆိုလိုတာဟ ဟေသို့ ဖြစ်အယ်။ ဝတ်ပြုကိုးကွယ်ရန် နင်လို့ စုဝေးကြသောအခါ တယောက်သောသူဟ သီချင်းအော်ခြင်း၊ နောက်တယောက်ဟ သွန်သင်ခြင်း၊ နောက်တယောက်ဟ ဗျာဒိတ်တော်ဟို ပြန်ကြားခြင်း၊ နောက်တယောက်ဟ အခြားသော ဘာသာစကားဖြင့် ပြောဆိုခြင်း၊ နောက်တယောက်ဟ အနက်ဖော်ပြခြင်းလို့ဟို ဆောင်ရွက်ကြလော့။ နင်လို့ ဆောင်ရွက်သမျှသော အမှုလို့ဟ အသင်းဝင်သူအပေါင်းအား အကျိုးပြုရမယ်။
1CO 14:27 အခြားသော ဘာသာစကားဖြင့် ဟောပြောသောသူဆိရင် နေယောက် ဖြစ်စေ၊ အများဆုံး သုံးယောက် ဖြစ်စေ၊ တချိန်မှာ တယောက် အလှည့်ကျ ပြောစေလော့။ တယောက်ယောက်ဟ အနက်ဟို ဖော်ပြရမယ်။
1CO 14:28 အားပေမဲ့ အနက်ဟို ဖော်ပြမဲ့သူ မဆိရင်၊ ဟောပြောသူဟ အသင်းတော်နှိုက် တိတ်ဆိတ်စွာ နေယွေ့ မိမိတတ်တိုင်းဟို လည်းကောင်း၊ ဘုရားသခင်အား လည်းကောင်း ပြောစေ။
1CO 14:29 ပရောဖက် နေယောက် ဖြစ်စေ၊ သုံးယောက် ဖြစ်စေ၊ ဟောပြောယွေ့ အခြားသောသူလို့ဟ အဲသူလို့ရဲ့ ဟောပြောချက်များဟို ဆင်ခြင်သုံးသပ်ကြစေ။
1CO 14:30 အားပေမဲ့ လူတယောက် ဟောပြောနေစဉ် ထိန်နေသောသူများထဲမှ တယောက်ဟ ဘုရားသခင်ရဲ့ ဗျာဒိတ်တော်ဟို ခံယူရဆိရင် ဟောပြောနေသောသူဟ ရပ်နားစေ။
1CO 14:31 အကျောန်းမှာ ပရိသတ်အပေါင်းလို့ဟ သင်ယူခြင်းအား တက်လာကြစေရန် နင်လို့အားလုံးဟ အလှည့်ကျ ဘုရားသခင်ရဲ့ ဗျာဒိတ်တော်ဟို ဟောပြောရသော အခွင့် ဆိကြအယ်။
1CO 14:32 ဗျာဒိတ်တော်ဟို ဟောပြောနိန်သော ဆုကျေးဇူးဟို အသုံးပြုရာနှိုက် ဟောပြောသောသူဟ မိမိကိုယ်ဟို ထိန်းချုပ်ကြရမယ်။
1CO 14:33 ပစာကို့ ဘုရားသခင်ဟ စည်းကမ်းမဲ့ပြုခြင်းဟို မလိုလားဘဲ ငြိမ်သက်ခြင်းဟို လိုလားသောကျောန့် ဖြစ်အယ်။ ဘုရားသခင်ရဲ့ အသင်းတော်အပေါင်းလို့တွင် ကျင့်သုံးလဲ့အတိုင်း
1CO 14:34 မိန်းမလို့ဟ အသင်းတော်နှိုက် တိတ်ဆိတ်စွာ နေကြစေ။ သူလို့ဟ စကားပြောပိုင်ခွင့် မဆိ၊ ပညတ်ကျမ်းတွင် ဖော်ပြလဲ့အတိုင်း မိန်းမလို့ဟ ယောက်ျားရဲ့ အုပ်စိုးခြင်းဟို ဝန်ခံကြရမယ်။
1CO 14:35 သူလို့ဟ အကျောန်းတစုံတရာဟို သိလိုရင် မိမိလို့ရဲ့ ခင်ပွန်းလို့ဟို နေအိုင်နှိုက် မေးမြန်းကြစေ။ အသင်းတော်ရဲ့ အစည်းဝေးနှိုက် မိန်းမများ စကားပြောခြင်းဟ ဆှက်ဖွယ်သောအမှု ဖြစ်အယ်။
1CO 14:36 ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟ နင်လို့ဆေမှ ထွက်လာသလော။ အဲဟာမဟုတ်ရင် နင်လို့ဆေဟိုသာ နှုတ်ကပတ်တော် ရောက်ဆိလာသလော။
1CO 14:37 တစုံတယောက်ဟ မိမိကိုယ်ကို ပရောဖက် အဲဟာမဟုတ်ရင် ဝိညာဉ်ဆုကျေးဇူး ရဆိသောသူဖြစ်တာဟု ထင်မှတ်ရင် နင်လို့ဆေ ငါရေးလိုက်သော အကျောန်းအရာလို့ဟ သခင်ဘုရားရဲ့ ပညတ်ဖြစ်ကျောန်းဟို သူဟ သိမှတ်ရမယ်။
1CO 14:38 အားပေမဲ့ စသူမဆို ဟေအရာဟို အသိမှတ် မပြုရင် အဲသူ့ဟ အသိမှတ်ပြုခြင်း ခံရမှာ မဟုတ်။
1CO 14:39 အဲလိုမို့ ညီအကို မောင်နှမလို့၊ နင်လို့ဟ ပရောဖက်ပြု ဟောပြောရန် လိုလားတောင့်တကြလော့။ အခြားသော ဘာသာစကား ပြောဆိုခြင်းဟိုလည်း မတားမြစ်ကြနဲ့။
1CO 14:40 ခပ်သိမ်းသောအမှုလို့ဟို တင့်တယ်လျောက်ပတ်စွာ စနစ်တကျ လုပ်ဆောင်ကြလော့။
1CO 15:1 ညီအကို မောင်နှမလို့၊ နင်လို့အား ငါပြောလဲ့ သတင်းကောင်းဟို ပြန်လည်သတိရ စေလိုအယ်။ အဲသတင်းကောင်းဟို နင်လို့ ခံယူပင်း အေးအပေါ်နှိုက် နင်လို့ရဲ့ ယုံကြည်ခြင်း ခိုင်မြဲစွာ အမြစ်စွဲလျက် ဆိကြအယ်။
1CO 15:2 အေးသတင်းကောင်းဟ နင်လို့အား ငါဟောပြောလဲ့ တရားဖြစ်အယ်။ နင်လို့ဟ အေးသတင်းကောင်းဟို စွဲမြဲစွာ ယုံကြည်လက်ခံလျှင် ကယ်တင်ခြင်းဟို ခံရကြမယ်၊ အဲဟာမဟုတ်ရင် နင်လို့ ယုံကြည်ခဲ့တာဟ အချည်းနှီး ဖြစ်အယ်။
1CO 15:3 ငါဟ မိမိခံယူရဆိယွေ့ နင်လို့အား ပေးအပ်လဲ့ အရေးကြီးသော အကျောန်းအရာမှာ ကျမ်းစာလာလဲ့အတိုင်း ခရစ်တော်ဟ ငါလို့ အပစ်အတွက် အသေခံကျောန်း
1CO 15:4 ကိုယ်တော်ဟ သင်္ဂြိုဟ်ခြင်းဟို ခံပင်းနောက် ကျမ်းစာလာလဲ့အတိုင်း သုံးရက်မြောက်သောနေ့နှိုက် သေခြင်းမှ ဆှင်ပြန်ထမြောက်လေအယ်။
1CO 15:5 ကိုယ်တော်အား ပေတရု မျော်ရကျောန်း အဲပင်းရင် တမန်တော် တဆယ့်နေပါးလို့ ဟ မျော်ရကျောန်းဟို တွေ့ရအယ်။
1CO 15:6 အဲပင်းရင် ကိုယ်တော်အား ညီအကို ငါးရာကျော်လို့ဟ တပြိုင်နက် မျော်ရကြအယ်။ အဲသူလို့တွင် လူတချို့လို့ဟ သေလွန်ပင်း ဖြစ်သော်လည်း လူအများစုမှာ အခုတိုင်အောန် အသက်ဆှင်လျက် ဆိကြအယ်။
1CO 15:7 အဲပင်းရင် ကိုယ်တော်အား ယာကုပ် မျော်ရအယ်။ ပင်းနောက် တမန်တော်အပေါင်းလို့ဟ မျော်ရကြအယ်။
1CO 15:8 နောက်ဆုံးနှိုက် အချိန်မတော်မတန် ဖွားမျော်သောသူ လိုဖြစ်သော ငါပင် မျော်ရအယ်။
1CO 15:9 ငါဟ တမန်တော်လို့တွင် အညံ့ဆုံး ဖြစ်အယ်။ ဘုရားသခင်ရဲ့ အသင်းတော်ဟို နှိပ်စက်ညှဉ်းဆဲခဲ့သူ ဖြစ်သဖြင့် တမန်တော်ဟူယွေ့ အခေါ်မခံထိုက်။
1CO 15:10 အားပေမဲ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်အားဖြင့် ငါ ဖြစ်လဲ့အတိုင်း ငါ ဖြစ်အယ်။ ငါခံရသော ကျေးဇူးတော်ဟိုလည်း အကျိုးမဲ့ခံရတာ မဟုတ်။ အခြားသော တမန်တော်အပေါင်းလို့ထက် ငါဟ သာယွေ့ ကြိုးစားခြင်းဟို ပြုအယ်။ ဟေသို့ ဆိုသော်လည်း ငါ ကြိုးစားတာ မဟုတ်၊ ငါနဲ့အတူ ဆိသော ဘုရားသခင်ရဲ့ ကျေးဇူးတော်ကျောန့် ဖြစ်အယ်။
1CO 15:11 အဲလိုမို့ ငါ ဖြစ်စေ၊ သူလို့ ဖြစ်စေ၊ ဟေတိုင်းတိုင်း ဟောပြောကြအယ်။ နင်လို့ဟလည်း ဟေတိုင်းတိုင်းပင် ယုံကြည်ကြအယ်။
1CO 15:12 ခရစ်တော်ဟ သေခြင်းမှ ဆှင်ပြန်ထမြောက်ကျောန်းဟို ငါလို့ ဟောပြောလျက် ဆိတာ ဖြစ်ရာ ပစာကျောန့် နင်လို့တွင် အချို့သောသူလို့ဟ “သေခြင်းမှ ဆှင်ပြန်ထမြောက်ခြင်း မဆိ” ဟု ပြောဆိုကြလုန်း။
1CO 15:13 သေသောသူလို့ဟ ထမြောက်ခြင်း မဆိရင် ခရစ်တော်ဟလည်း ထမြောက်ခဲ့မယ် မဟုတ်။
1CO 15:14 ခရစ်တော် ထမြောက်တော်မမူရင် ဟောပြောခြင်းဟ အကျိုးမဆိ၊ နင်လို့ရဲ့ ယုံကြည်ခြင်းဟလည်း အကျိုး မဆိ။
1CO 15:15 အကယ်ယွေ့ သေသူလို့ ဆှင်ပြန်ထမြောက်မှု မဆိဟု ဆိုတာဟ မန်ခဲ့သော် ဘုရားသခင်ဟ ခရစ်တော်ဟို သေခြင်းမှ ဆှင်ပြန်ထမြောက် စေတော်မမူ။ အဲလိုမို့ ငါလို့ဟ ဘုရားသခင်သည် ခရစ်တော်ဟို သေခြင်းမှ ဆှင်ပြန်ထမြောက်စေပီဟု ဟောပြောရာနှိုက် ငါလို့ဟ ဘုရားသခင်ရဲ့ အကျောန်း မုသားသက်သေများ ဖြစ်ကြအယ်။
1CO 15:16 အကယ်ယွေ့ သေလွန်သောသူလို့ ဆှင်ပြန်ထမြောက်ခြင်း မဆိရင် ဘုရားသခင်ဟ ခရစ်တော်အား ဆှင်ပြန်ထမြောက်စေခဲ့မှာ မဟုတ်။
1CO 15:17 ခရစ်တော်ဟ ထမြောက်တော်မမူခဲ့ရင် နင်လို့ဟ ယုံကြည်သော်လည်း အကျိုးမဆိ၊ ဒုစရိုက် အပစ်အောက်နှိုက် ဆိကြသေးအယ်။
1CO 15:18 အဲအပြင် ခရစ်တော်ဟို ယုံကြည်ယွေ့ သေလွန်သွားသော သူလို့ဟလည်း ဆုံးရှုံးခြင်းသို့ ရောက်ကြပီ။
1CO 15:19 ငါလို့ဟ ခရစ်တော်ဟို အမှီပြုယွေ့ အခု ဖဝါ့နှိုက်သာ မျှော်လင့်စရာ ဆိရင်၊ အခြားသောသူအပေါင်းလို့ထက် သာယွေ့ သနားစရာကောင်းသူများ ဖြစ်ကြအယ်။
1CO 15:20 အားပေမဲ့ ခရစ်တော်ဟ သေခြင်းမှ အမန်တကယ် ထမြောက်ယွေ့ အိပ်မွေ့သော သူလို့တွင် အဦးသီးသော အသီး ဖြစ်အယ်။
1CO 15:21 အဲလိုမို့ လူတယောက်ကျောန့် ကမ္ဘာပေါ်တွင် သေခြင်းတရား ဖြစ်လာသလို လူတယောက်ကျောန့်ပင် သေခြင်းမှ ထမြောက်ခြင်း တရားဟလည်း ဖြစ်လာအယ်။
1CO 15:22 လူအပေါင်းလို့ဟ အာဒံအားဖြင့် သေခြင်းသို့ ရောက်လဲ့နည်းတူ၊ လူအပေါင်းလို့ဟ ခရစ်တော်အားဖြင့် အသက်ဆှင်ခြင်းသို့ ရောက်ရကြလိမ့်မယ်။
1CO 15:23 အားပေမဲ့ လူအသီးသီးလို့ဟ မိမိလို့ အလှည့်အတိုင်း ဆှင်ပြန်ထမြောက်ရကြမယ်။ ခရစ်တော်ဟ အဦးသီးသော အသီးဖြစ်အယ်။ ခရစ်တော်ဟ ကြွလာသောအခါ တဘဲ့တော်ဖြစ်သော သူလို့ဟ ဆှင်ပြန်ထမြောက်ခြင်းသို့ ရောက်ကြလိမ့်မယ်။
1CO 15:24 အဲပင်းရင် ကပ်ကမ္ဘာကုန်ဆုံးချိန် ရောက်လိမ့်မယ်။ အဲအခါ ခရစ်တော်ဟ ဆိဆိသမျှသော ဝိညာဉ်ရေးဆိုင်ရာ တန်ခိုးများ၊ အာဏာပိုင်များနဲ့ အုပ်ချုပ်သူများဟို နှိမ်နင်းယွေ့ နိုင်ငံတော်ဟို ခမည်းတော် ဘုရားသခင်ရဲ့ လက်တော်သို့ ပေးအပ်လိမ့်မယ်။
1CO 15:25 ဘုရားသခင်ဟ ရန်သူအပေါင်းဟို နှိမ်နင်းယွေ့ ခရစ်တော်ရဲ့ ခြေဖဝါးအောက်သို့ ရောက်စေမဲ့ အချိန်မရောက်မီ ခရစ်တော်ဟ အုပ်စိုးရမယ်။
1CO 15:26 ပျက်စီးခြင်း ခံရမဲ့ နောက်ဆုံးသော ရန်သူဟ သေမင်း ဖြစ်အယ်။
1CO 15:27 ကျမ်းစာတော်တွင် ဘုရားသခင်ဟ ခပ်သိမ်းသောအရာလို့ဟို ကိုယ်တော်ရဲ့ ခြေဖဝါးအောက်သို့ ချထားတာ ဟု လာအယ်။ ခပ်သိမ်းသောအရာလို့တွင် ဘုရားသခင် မပါဝင်ကျောန်း ထင်ဆှားအယ်။ ခပ်သိမ်းသောအရာတွင် ခရစ်တော်ရဲ့ ခြေဖဝါးအောက်သို့ ချထားသော အဆှင်ဟ ဘုရားသခင် ဖြစ်သောကျောန့်တည်း။
1CO 15:28 အားပေမဲ့ ခပ်သိမ်းသောအရာလို့ဟို သားတော်အား အုပ်စိုးစေသောအခါ မိမိခြေဖဝါးအောက်သို့ ခပ်သိမ်းသောအရာဟို ချထားသော ဘုရားသခင်ရဲ့ အုပ်စိုးခြင်းဟို သားတော်တတ်တိုင်းပင် ခံယူလိမ့်မယ်။ အဲအခါ ဘုရားသခင်ဟ ခပ်သိမ်းသောအရာလို့ဟို လုံးလုံး အုပ်စိုးလိမ့်မယ်။
1CO 15:29 ဆှင်ပြန်ထမြောက်ခြင်း မဆိရင်၊ သေသောသူလို့အတွက် နှစ်ခြင်းဟို ခံသောသူလို့ဟ စလို ပြုကြရမှာလုန်း။ သေလွန်သောသူလို့ဟ လုံးဝထမြောက်ခြင်း မဆိရင် လူလို့ဟ သူလို့အတွက် ပစာကျောန့် နှစ်ခြင်း ခံကြလုန်း။
1CO 15:30 ငါလို့ဟလည်း ဘေးရောက်အံ့သောအရာနဲ့ ပစာကျောန့် တွေ့ရကြလုန်း။
1CO 15:31 ညီအကို မောင်နှမလို့၊ ငါဟ သေဘေးနဲ့ နေ့တိုင်း ရင်ဆိုင်ရအယ်။ ငါဟ နင်လို့အတွက် ဂုဏ်ယူဝါကြွားသဖြင့်၊ ငါဟ ငါလို့ သခင် ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်း ဖြစ်သဖြင့် ဟေသို့ ပြောဆိုရခြင်း ဖြစ်အယ်။
1CO 15:32 ငါဟ ဧဖက်မြို့တွင် “သားရဲ တိရစ္ဆာန်လို့” နဲ့ တိုက်ခိုက်ခဲ့သော် လူအနေဖြင့် ငါ့အဖို့ ပစာ အကျိုးမဆိမှာလုန်း။ သေလွန်သောသူလို့ ဆှင်ပြန်ထမြောက်ခြင်း မဆိရင် “နက်ဖြန်သေကြမယ် ဖြစ်ယွေ့ ငါလို့ဟ စားလျက် သောက်လျက် နေကြကုန်အံ့” ဟု ဆိုလဲ့အတိုင်း ပြုကြစို့။
1CO 15:33 အလွဲမယူကြနဲ့။ “မကောင်းသောသူလို့နဲ့ အပေါင်းဖော်အားဖြင့် ကောင်းသောအကျင့်များ ယိုယွင်းတတ်အယ်။”
1CO 15:34 အမြင်မန် ရကြလော့။ ဆက်ပင်း အပစ် မလုပ်ကြနဲ့။ နင်လို့တွင် အချို့သောသူလို့ဟ ဘုရားသခင်ဟို မသိကြ။ ဟေသို့ ငါဆိုရာနှိုက် နင်လို့ အဆှက်ရစေရန်အတွက် ဖြစ်အယ်။
1CO 15:35 လူတစုံတယောက်ဟ “သေလွန်သောသူလို့ဟ စလို ဆှင်ပြန်ထမြောက်ကြမှာလုန်း။ ပစာသို့သော ကိုယ်ခန္ဓာနဲ့ သူလို့ပေါ်လာကြမှာလုန်း” ဟု မေးလိမ့်မယ်။
1CO 15:36 အချင်းလူမိုက်၊ နင်စိုက်သော မျိုးစေ့ မပျက်ရင် မဆှင်တတ်။
1CO 15:37 အဲမှတပါး မျိုးစေ့ဟို စိုက်သောအခါ နောက်ဖြစ်လာမဲ့ ကိုယ်ဟို မစိုက်၊ ဂျုံစေ့ ဖြစ်စေ၊ အခြားသောစပါး ဖြစ်စေ၊ အစေ့သက်သက်ဟို စိုက်တတ်အယ်။
1CO 15:38 ဘုရားသခင်ဟ အလိုတော်ဆိလဲ့အတိုင်း ကိုယ်ထည်ဟို ပေးအယ်။ မျိုးစေ့ အသီးသီးလို့အားလည်း မိမိလို့ မျိုးစေ့အတိုင်း ကိုယ်ထည်ဟို ပေးအယ်။
1CO 15:39 သက်ဆိသတ္တဝါ ဆိသမျှလို့ဟ တမျိုးတည်း မဟုတ်။ လူလို့ရဲ့ အသား တမျိုး၊ တိရစ္ဆာန်လို့ရဲ့ အသား တမျိုး၊ ငါးလို့ရဲ့ အသား တမျိုး၊ ငက်လို့ရဲ့ အသား တမျိုး အသီးသီး ဆိကြအယ်။
1CO 15:40 ခေါန်းခင် ကိုယ်ထည်လည်း ဆိအယ်။ မြေကြီး ကိုယ်ထည်လည်း ဆိအယ်။ ခေါန်းခင် ကိုယ်ထည်ရဲ့ ဂုဏ်အသရေလည်း တမျိုး၊ မြေကြီးကိုယ်ထည်ရဲ့ ဂုဏ်အသရေလည်း တမျိုး ဖြစ်အယ်။
1CO 15:41 နေရဲ့ ဂုဏ်အသရေတမျိုး၊ လရဲ့ ဂုဏ်အသရေတမျိုး၊ ကြယ်ရဲ့ ဂုဏ်အသရေတမျိုး အသီးသီး ဆိကြအယ်၊ ကြယ်တလုံးနဲ့တလုံး ဂုဏ်အသရေလည်း အသီးသီး မတူညီကြပေ။
1CO 15:42 အဲနည်းတူ သေလွန်သောသူလို့ ဆှင်ပြန်ထမြောက်ခြင်းလည်း ဟေတိုင်းတိုင်း ဖြစ်အယ်။ ကိုယ်ခန္ဓာဟ မြေနှိုက် မြှပ်နှံခြင်း ခံရသောအခါ ပုပ်တတ်သောအဖြစ်တွင် ဆိအယ်၊ ဆှင်ပြန်ထမြောက်သောအခါနှိုက် မပုပ်မပျက်တတ်သောအဖြစ်တွင် ဆိလိမ့်မယ်။
1CO 15:43 မြှပ်နှံခြင်း ခံရသောအခါ အသရေပျက်ယွေ့ စွမ်းအားမဆိ၊ ဆှင်ပြန်ထမြောက်သောအခါနှိုက် ဂုဏ်အသရေနဲ့ ပြေ့စုံလိမ့်မယ်။
1CO 15:44 မြှပ်နှံခြင်း ခံရသောအခါ ဇာတိပကတိ ခန္ဓာ ဖြစ်အယ်။ ဆှင်ပြန်ထမြောက်သောအခါ ဝိညာဏခန္ဓာ ဖြစ်အယ်။ ရုပ်ခန္ဓာ ဆိသဖြင့် ဝိညာဏခန္ဓာလည်း ဆိရပေအယ်။
1CO 15:45 ကျမ်းစာလာတာဟ “ပထမ လူအာဒံဟ အသက်ဆှင်သောသူ ဖြစ်လာအယ်” ဟု ဖော်ပြအယ်။ နောက်ဆုံးဖြစ်သော အာဒံဟလည်း အသက်ဟို ရဆိစေသော ဝိညာဉ် ဖြစ်အယ်။
1CO 15:46 ဝိညာဏခန္ဓာဟ ပထမဖြစ်တာ မဟုတ်၊ ရုပ်ခန္ဓာဖြစ်လာပင်းမှ ဝိညာဏခန္ဓာ ဖြစ်လာအယ်။
1CO 15:47 ပထမလူ အာဒံဟ မြေမှုန့်မှ ဖန်ဆင်းထားသောသူ ဖြစ်သောကျောန့် မြေကြီးသား ဖြစ်အယ်။ ဒုတိယလူ အာဒံဟ ခေါန်းခင်ဘုံမှ လာသောသူ ဖြစ်အယ်။
1CO 15:48 မြေကြီးသားလို့ဟ မြေမှုန့်မှ ဖန်ဆင်းထားသောသူနဲ့ တူကြအယ်။ ခေါန်းခင်ဘုံနဲ့ ဆိုင်သောသူလို့ဟ ခေါန်းခင်ဘုံမှ လာသောသူနဲ့ တူကြအယ်။
1CO 15:49 ငါလို့ဟ မြေမှုန့်မှ ဖန်ဆင်းထားသူရဲ့ ပုံသဏ္ဌာန်ဟို ဆောင်သလို ခေါန်းခင်ဘုံမှ ကြွလာသော သူရဲ့ ပုံသဏ္ဌာန်ဟို ငါလို့ ဆောင်ကြလိမ့်မယ်။
1CO 15:50 ညီအကို မောင်နှမလို့၊ နင်လို့အား ငါ ဆိုအယ်။ အသွေးအသားဟ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟို အမွေမခံနိန်။ ပုပ်ပျက်တတ်သောအရာဟ မပုပ်ပျက်နိန်သော အဖြစ်ဟို အမွေမခံနိန်။
1CO 15:51 လျှို့ဝှက်နက်နဲသောအရာ တခုဟို နားထောင်ကြလော့။ ငါလို့အားလုံးဟ သေလွန်သွားကြမယ် မဟုတ်။ ငါလို့ဟ နောက်ဆုံး တံပိုးမှုတ်သောအခါ တခဏချင်း မျက်စေ့တမှိတ် အတွင်းနှိုက် ပြောင်းလဲခြင်းသို့ ရောက်ကြမယ်။ အဲတံပိုးမှုတ်ချိန် ရောက်သောအခါ သေလွန်သောသူလို့ဟ ဆှင်ပြန်ထမြောက်ကြယွေ့ သေခြင်းနဲ့ ထာဝရ ကင်းလွတ်ကြလိမ့်မယ်။ ငါလို့အားလုံးလည်း ပြောင်းလဲကြမယ်။
1CO 15:53 အကျောန်းမှာ ပုပ်ပျက်တတ်သောအရာဟ မပုပ်ပျက်နိန်သော အဖြစ်သို့ ပြောင်းလဲရမယ်။ သေတတ်သောအရာဟ မသေနိန်သောအဖြစ်သို့ ပြောင်းလဲရမယ်။
1CO 15:54 ပုပ်ပျက်တတ်သောအရာဟ မပုပ်ပျက်နိန်သော အဖြစ်သို့ လည်းကောင်း၊ သေတတ်သောအရာဟ မသေနိန်သော အဖြစ်သို့ လည်းကောင်း၊ ပြောင်းလဲသောအခါ “သေခြင်းဟို ဖျက်ဆီးပစ်ပီ၊ သေခြင်းဟို အောင်မြင်လေပီ” ဟူသော ကျမ်းစာနှိုက် ဖော်ပြချက် ပြေ့စုံလိမ့်မယ်။
1CO 15:55 “အို သေခြင်း၊ နင်ရဲ့ အောင်မြင်ခြင်းဟ ပစာမှာဆိလုန်း။ အို သေမင်း၊ နင်ရဲ့ အဆိပ်ဆူးဟ ပစာမှာဆိလုန်း။”
1CO 15:56 သေမင်းရဲ့ အဆိပ်ဆူးဟ အပစ် ဖြစ်ယွေ့ အပစ်ရဲ့ တန်ခိုးဟ ပညတ်တရား ဖြစ်အယ်။
1CO 15:57 အားပေမဲ့ ငါလို့ သခင် ယေရှု ခရစ်အားဖြင့် ငါလို့အား အောင်ခြင်းအခွင့်ဟို ပေးသော ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ချီးမွန်းကြပါစို့။
1CO 15:58 အဲလိုမို့ ချစ်သော ညီအကို မောင်နှမလို့၊ နင်လို့ဟ သခင်ဘုရားနှိုက် နင်လို့ရဲ့ ကြိုးပမ်းအားထုတ်မှုဟ အလကားကား မဖြစ်ကျောန်း သိမှတ်ယွေ့ ရွေ့လျော့တိမ်းယိမ်းခြင်း မဆိဘဲလျက် သခင်ဘုရားရဲ့ အမှုတော်ဟို နင်လို့တတ်တိုင်း ပြေ့စုံစွာ အစဉ်အမြဲ ကြိုးစားအားထုတ်ကြလော့။
1CO 16:1 ယုဒပြေဆိ ဘုရားသခင်ရဲ့ လူလို့အား ထောက်ပံ့ရန်အတွက် အလှူငွေများနဲ့ ပတ်သက်ယွေ့ ဂလာတိပြေဆိ အသင်းတော်များသို့ ငါမှာထားလဲ့အတိုင်း နင်လို့ ပြုကြလော့။
1CO 16:2 ငါရောက်လာသောအခါ အလှူငွေ ကောက်ခံဖို့ မလိုစေရန် တနင်္ဂနွေနေ့တိုင်း နင်လို့ တဦးစီဟ မိမိရဲ့ ဝင်ငွေနည်းများလိုက် လှူဒါန်းရန် စုဆောင်းကြလော့။
1CO 16:3 ငါရောက်ဆိလာသောအခါ အမှာစာ ရေးယွေ့ နင်လို့ ရွေးချယ်သူများအား အဲအလှူငွေဟို ယေရုရှလင်မြို့သို့ ယူဆောင်သွားစေမယ်။
1CO 16:4 ငါသွားရန် လိုအပ်ရင် အဲသူလို့ဟ ငါနဲ့အတူ လိုက်ပါနိန်အယ်။
1CO 16:5 ငါဟ မာကေဒေါနိပြေ လမ်းမှ လာမယ်ဖြစ်ယွေ့ မာကေဒေါနိပြေတဆှောက် ခရီးပြုပင်းသောအခါ နင်လို့ဆေသို့ လာခဲ့မယ်။
1CO 16:6 နင်လို့နဲ့အတူ အတန်ကြာနေနိန်မယ် ထင်အယ်။ ဆောင်းရာသီ ကာလပတ်လုံးပင် နင်လို့နဲ့အတူ နေကောင်းနေမယ်။ အဲပင်းရင် ငါသွားလိုရာ အရပ်သို့ သွားနိန်ရန် နင်လို့ ကူညီနိန်လိမ့်မယ်ဟု မျှော်လင့်အယ်။
1CO 16:7 ငါဟ နင်လို့ဆေတွင် ခဏ တည်းခိုရုံမျှသာ မလာလို။ သခင်ဘုရား ခွင့်ပေးရင် နင်လို့နဲ့အတူ ကြာမြင့်စွာနေမယ်ဟု မျှော်လင့်အယ်။
1CO 16:8 ပင်တေကုတ္တေ ပွဲနေ့တိုင်အောန် ဧဖက်မြို့နှိုက် ငါနေရမယ်။
1CO 16:9 ပစာကို့ ရမ်းဆာ့ကြီးသော ထင်ခါးဟ အဆင်သင့် ငါ့အား ဖွင့်လျက် ဆိအယ်။ ဆီးတားသော သူအများလည်း ဆိကြအယ်။
1CO 16:10 တိမောသေဟ နင်လို့ဆေသို့ ရောက်ရင် သူဟ စိုးရိမ်ခြင်းအကျောန်း မဆိဘဲ၊ နင်လို့နဲ့အတူ နေစေခြင်းငှာ သတိပြုကြလော့။ သူဟ ငါကဲ့သို့ပင် သခင်ဘုရားရဲ့ အမှုတော်ဟို ဆောင်ရွက်သောသူ ဖြစ်အယ်။
1CO 16:11 အဲကျောန့် စသူမျှ သူ့ဟို မထီမဲ့မြင် မပြုစေနဲ့။ သူဟ ငါ့ဆေသို့ ငြိမ်းချမ်းစွာ ပြန်ရမယ်အကျောန်း ပို့ဆောင်ခြင်း ကျေးဇူးဟို ပြုကြလော့။ သူဟ အခြားသော ညီအကိုလို့နဲ့အတူ လာလိမ့်မယ်ဟု ငါငံ့လျက် နေအယ်။
1CO 16:12 ငါ့ညီ အာပေါလုရဲ့ အကျောန်းမှာ သူဟ အခြား ခရစ်ယာန် ညီအကိုများနဲ့အတူ နင်လို့ဆေဟို လည်ပတ်ရန် အထူးပင် ငါ အားပေး တိုက်တွန်းခဲ့အယ်။ အားပေမဲ့ ဟေအချိန်နှိုက် သူသွားသင့်အယ်လို့ လုံးလုံး မယုံကြည်ဝူး။ အဲလိုမို့ သူအခွင့် သာသောအခါ သူလာလိမ့်မယ်။
1CO 16:13 နင်လို့ဟ သတိနဲ့ စောင့်နေကြလော့။ ယုံကြည်ခြင်းနှိုက် တည်ကြလော့။ အစွမ်းသတ္တိနဲ့တကွ ခွန်အားစုံလင်လျက် နေကြလော့။
1CO 16:14 နင်လို့ဟ ခပ်သိမ်းသောအမှုလို့ဟို ချစ်ခြင်းမေတ္တာစိတ်နဲ့ ဆောင်ရွက်ကြလော့။
1CO 16:15 ညီအကို မောင်နှမလို့၊ သတေဖန်နဲ့ အိုင်သူအိုင်သားများဟ အခါယပြေမှ အဦးဆုံးသော ခရစ်ယာန်များ ဖြစ်ယွေ့ ဘုရားသခင်ရဲ့ လူလို့အား ကူညီမစရန် မိမိလို့ကိုယ်ကို ဆက်ကပ်ထားသူများ ဖြစ်ကျောန်း နင်လို့ သိကြအယ်။
1CO 16:16 အဲသို့သော သူလို့ရဲ့ ခေါင်းဆောင်မှုဟို လည်းကောင်း၊ သူလို့နဲ့အတူ အမှုတော်ဟို ကြိုးစားယွေ့ ပါဝင် ဆောင်ရွက်ကြသော သူလို့ရဲ့ ခေါင်းဆောင်မှုဟို လည်းကောင်း၊ လက်ခံကြရန် နင်လို့အား ငါ မေတ္တာရပ်ခံအယ်။
1CO 16:17 သတေဖန်၊ ဖော်တုနတ်နဲ့ အခါယလို့ဟ ရောက်ဆိလာသဖြင့် ငါဝမ်းမြောက်ခြင်း ဆိအယ်။ သူလို့ဟ နင်လို့ရဲ့ ကိုယ်စား ငါ့အား ပြုစုပေးကြအယ်။
1CO 16:18 သူလို့ဟ နင်လို့ရဲ့ စိတ်ဟို ရွှင်လန်းစေသလို ငါရဲ့ စိတ်ဟိုလည်း ရွှင်လန်းစေကြအယ်။ အဲသို့သောသူလို့ဟ အသိမှတ်ပြုခြင်းဟို ခံထိုက်ကြအယ်။
1CO 16:19 အာရှပြေ အသင်းတော်များဟ နင်လို့အား နှုတ်ဆက်ကြအယ်။ အာကုလ၊ ပြစ်ကိလနဲ့ သူလို့ နေအိုင်တွင် ဝတ်ပြုကိုးကွယ်ကြလဲ့ အသင်းဝင်များဟလည်း သခင်ဘုရားရဲ့ နာမတော်နဲ့ နှုတ်ဆက်ကြအယ်။
1CO 16:20 ဟေအရပ်တွင်ဆိလဲ့ ညီအကိုအပေါင်းဟလည်း နင်လို့ဟို နှုတ်ဆက်ကြအယ်။ နင်လို့အချင်းချင်း သန့်ဆှင်းသော နမ်းခြင်းနဲ့ နှုတ်ဆက်ကြလော့။
1CO 16:21 ငါပေါလုဟ ဟေနှုတ်ဆက်စကားဟို ကိုယ့်လက်နဲ့ ရေးထားတာ ဖြစ်အယ်။
1CO 16:22 စသူမဆိုဟ သခင်ဘုရားဟို မချစ်၊ အဲသူဟ — ကျိန်စာသင့်ပါစေ။ မာရားနာ ထာ — သခင်ဘုရား ကြွလာတော်မူပါ။
1CO 16:23 သခင် ယေရှုရဲ့ ကျေးဇူးတော်ဟ နင်လို့အတူ ဆိစေမန့်။
1CO 16:24 ငါရဲ့ ချစ်ခြင်းမေတ္တာဟ ခရစ်တော် ယေရှုနှိုက် နင်လို့အပေါင်းနဲ့အတူ ဆိစေမန့်။ အာမင်။
2CO 1:1 ဘုရားသခင်ရဲ့ အလိုတော်အားဖြင့် ခရစ်တော် ယေရှုရဲ့ တမန်တော်ဖြစ်သော ငါပေါလုနဲ့ ငါလို့ညီ တိမောသေဆေမှ —
2CO 1:2 ငါလို့ အဖ ဘုရားသခင်နဲ့ သခင် ယေရှု ခရစ်တော်ဆေမှ ကျေးဇူးတော်နဲ့ ငြိမ်သက်ခြင်းဟ နင်လို့နှိုက် ဆိမန့်စေ။
2CO 1:3 ငါလို့ သခင် ယေရှုခရစ်တော်ရဲ့ ခမည်းတော် ဘုရားသခင်၊ သနားခြင်းနဲ့ ပြေ့စုံသော အဖတည်းဟူသော နှစ်သိမ့်ခြင်း အလုံးစုံလို့ဟို ပေးသော ဘုရားသခင်ဟ မင်္ဂလာဆိမန့်စေ။
2CO 1:4 ကိုယ်တော်ဟ ငါလို့ခံရသော ဆင်းရဲဒုက္ခ အမျိုးမျိုးလို့နှိုက် ငါလို့ဟို နှစ်သိမ့်ခြင်း ပေးအယ်။ အဲဒါဟ ဘုရားသခင်ဆေမှ ငါလို့တတ်တိုင်း ရဆိသော နှစ်သိမ့်ခြင်းအားဖြင့် ဆင်းရဲဒုက္ခ အမျိုးမျိုးဟို ခံရနေသော သူလို့အား ငါလို့ နှစ်သိမ့်ပေးနိန်ရန်အတွက် ဖြစ်အယ်။
2CO 1:5 အကျောန်းမှာ ခရစ်တော်ရဲ့ ဆင်းရဲဒုက္ခများဟ ငါလို့နှိုက် များပြားသလို၊ ခရစ်တော်အားဖြင့် ငါလို့ ခံစားရသော နှစ်သိမ့်မှုဟလည်း များပြားလအယ်။
2CO 1:6 ငါလို့ဟ ဆင်းရဲဒုက္ခခံရရင် အဲအရာဟ နင်လို့ရဲ့ နှစ်သိမ့်ခြင်းနဲ့ ကယ်တင်ခြင်းအတွက် ဖြစ်အယ်၊ ငါလို့ဟ နှစ်သိမ့်ခြင်းဟို ခံစားရရင်လည်း အဲအရာဟ နင်လို့ရဲ့ နှစ်သိမ့်ခြင်းအတွက် ဖြစ်ပင်း အဲနှစ်သိမ့်ခြင်းဟ ငါလို့ ခံရသော ဒုက္ခဝေဒနာမျိုးနှိုက် နင်လို့ သည်းခံနိန်လဲ့ ခွန်အားဟို ဖြစ်စေအယ်။
2CO 1:7 အဲလိုမို့ နင်လို့အတွက် မယိမ်းယိုင်သော မျော်လင့်ခြင်း ငါလို့နှိုက် ဆိအယ်။ နင်လို့ဟ ငါလို့ ခံရလဲ့ ဆင်းရဲဒုက္ခမျိုးဟို ခံရလဲ့နည်းတူ ငါလို့ ရဆိလဲ့ နှစ်သိမ့်မှုမျိုးဟိုလည်း ရဆိကျောန်း ငါလို့ သိကြအယ်။
2CO 1:8 ညီအကိုလို့၊ အာရှပြေမှာ ငါလို့ ကြုံတွေ့ခဲ့ရသော ဆင်းရဲဒုက္ခအကျောန်းတွေဟို နင်လို့အား ပြန်လည် သတိရစေလိုအယ်။ ငါလို့အပေါ်မှာ ချထားသော ဝန်ထုပ်ဝန်ပိုးများဟ ရမ်းဆာ့ ကြီးမားပင်း လေးလံလွန်းသဖြင့် အသက်ဆှင်နိန်ရန် မျော်လင့်ချက်အားလုံးဟို စွန့်လွှတ်လိုက်ကြအယ်။
2CO 1:9 ငါလို့ဟ သေဒဏ်စီရင်ခြင်း ခံရသူများဟု မိမိလို့တတ်တိုင်း ထင်မှတ်ကြအယ်။ အားပေမဲ့ ဟေသို့ ဖြစ်ပျက်ရခြင်းမှာ ငါလို့ဟ မိမိလို့ကိုယ်ကို အားမကိုးဘဲ သေသောသူလို့ဟို ဆှင်ပြန်ထမြောက်စေသော ဘုရားသခင်ဟို ကိုးစားကြရန် ဖြစ်အယ်။
2CO 1:10 ဘုရားသခင်ဟ ဟေသို့ ကြောက်မက်ဖွယ်ကောင်းသော သေဘေးမှ ငါလို့ဟို ကယ်တင်လေပီ။ နောင်တွင်လည်း ကယ်တင်လိမ့်မယ်။ ဆက်ပင်းလည်း ကယ်တင်အုန်းမယ်ဟု ကိုယ်တော်နှိုက် ငါလို့ မျော်လင့်ကြပင်း
2CO 1:11 နင်လို့ဟလည်း ဆုတောင်းပေးခြင်းအားဖြင့် ငါလို့ဟို ကူညီပေးကြအယ်။ အဲလိုမို့ ငါလို့အတွက် ရမ်းဆာ့သော ဆုတောင်းချက်များဟို ဖြေကြားပေးမယ် ဖြစ်ပင်း ဘုရားသခင်ဟ ငါလို့ဟို ကောင်းချီး ပေးလိမ့်မယ်။ ရမ်းဆာ့သော သူလို့ဟ ငါလို့အတွက် ကျေးဇူးတော်ဟို ချီးမွန်းခြင်းဖြင့် ကိုယ်တော်ဟို ကြွေးကြော်ကြလိမ့်မယ်။
2CO 1:12 ငါလို့ ဩတ္တပ္ပစိတ်ဟ သက်သေခံယွေ့ ဂုဏ်ယူဝါကြွားစရာ တခုဟ ဟေလောကနှိုက် အသက်ဆှင်စဉ်၊ အထူးသဖြင့် နင်လို့နဲ့ ဆက်ဆံရာတွင် လူသားလို့ရဲ့ အသိဉာဏ်ဟို အမှီမပြုဘဲ ဘုရားသခင်ရဲ့ ကျေးဇူးတော် တန်ခိုးဟို သာလျှင် အမှီပြုယွေ့ ငါလို့ဟ ဘုရားသခင် ပေးသနားသော ရိုးသားမှုနဲ့ ပွင့်လင်းစွာ ပြုမူကျင့်ကြံခြင်းပင် ဖြစ်အယ်။
2CO 1:13 ငါလို့ဟ နင်ဖတ်ရှုနားလည်နိန်သမျှဟိုသာ နင်လို့ဆေ ရေးသားခဲ့အယ်။ အားပေမဲ့ ငါလို့ရဲ့ သခင် ယေရှု ကြွလာသော နေ့နှိုက် ငါလို့ဟ နင်လို့အတွက် ဂုဏ်ယူ ဝါကြွားနိန်လဲ့တိုင်း နင်လို့ဟလည်း ငါလို့အတွက် ဂုဏ်ယူ ဝါကြွားနိန်ကြစေရန် နင်လို့ဟ အခု တစိတ်တဒေသအားဖြင့်သာ သိဆိ နားလည်ကြလဲ့ အရာများဟို ပြေ့ဝစုံလင်စွာ သိဆိ နားလည်လာကြလိမ့်မယ်ဟု ငါ မျော်လင့်အယ်။
2CO 1:15 ပစာကို့ ငါဟ ဟေသို့ ယုံကြည်စိတ်ချသဖြင့်၊ နင်လို့ဟ နေဆသော ကောင်းချီးဟို ခံစားရမဲ့အကျောန်း နင့်ဟို ဦးရင် သွားကျေ့ စေချင်အယ်။
2CO 1:16 နင်လို့နေရာဟို ဖြတ်လျက် မာကေဒေါနိပြေဟို သွားပင်းနောက် တဖန် မာကေဒေါနိပြေမှ နင်လို့ဆေဟို ပြန်လာယွေ့ နင်လို့ရဲ့ ပို့ပေးခြင်းအားဖြင့် ယုဒပြေသို့ သွားမယ်ဟု အကြံဆိအယ်။
2CO 1:17 ဟေသို့ စီစဉ်သောအခါ ငါဟ ပေါ့ပေါ့တန်တန် စီစဉ်ခဲ့သလော။ အဲဟာမဟုတ်ရင် ငါစီစဉ်သောအရာများဟို လူ့ဇာတိသဘောဖြင့် စီစဉ်ခဲ့သောကျောန့် ငါ့စကားဟ တချိန်တည်းတွင် “ဟုတ်အယ်” နဲ့ “မဟုတ်ဝူး” ဟု ဖြစ်ခဲ့သလော။
2CO 1:18 ဘုရားသခင်ဟ သစ္စာနဲ့ ပြေ့စုံတာနဲ့အညီ နင်လို့အား ငါလို့ပြောသော စကားဟ တချိန်တည်းတွင် “ဟုတ်အယ်” နဲ့ “မဟုတ်ဝူး” ဟု ဖြစ်အယ်မဟုတ်။
2CO 1:19 အကျောန်းမှာ ငါမှစယွေ့ သိလွာနုနဲ့ တိမောသေလို့ဟ နင်လို့ထဲတွင် ဟောပြောခဲ့သော ဘုရားသခင်ရဲ့ သားတော် ယေရှု ခရစ်တော်နှိုက် “ဟုတ်အယ်” နဲ့ “မဟုတ်ဝူး” ဟု မဆိဘဲ ကိုယ်တော်နှိုက် “ဟုတ်အယ်” ဟုသာ ဆိအယ်။
2CO 1:20 အကျောန်းမှာ ဘုရားသခင်ရဲ့ ကတိတော် ဆိသမျှလို့ဟ ကိုယ်တော်နှိုက် “ဟုတ်အယ်” ဟု ဖြစ်ကြအယ်။ အဲလိုမို့ ငါလို့အားဖြင့် ဘုရားသခင်ရဲ့ ဘုန်းအသရေတော် ထင်ဆှားမဲ့အကျောန်း ငါလို့ဟ “အာမင်” ဟု ကိုယ်တော်အားဖြင့် ဆိုကြအယ်။
2CO 1:21 ငါလို့ဟို နင်လို့နဲ့အတူ ခရစ်တော်နှိုက် တည်မြဲစေယွေ့ ငါလို့အား ဘိသိက်ပေးသောသူဟ ဘုရားသခင် ဖြစ်အယ်၊
2CO 1:22 သူရဲ့ ပိုင်ဆိုင်မှုဟို ငါလို့အပေါ်နှိုက် တံဆိပ်ခတ်ထားပင်း သူ့ရဲ့ ဝိညာဉ်တော်ဟို ငါလို့ရဲ့ စိတ်နေလုံးထဲတွင် ထည့်ထားကာ နောင်လာမဲ့အရာများဟို အာမခံပေးအယ်။
2CO 1:23 ငါ့စိတ်နေလုံးဟို သိသော ဘုရားသခင်ဟို ငါရဲ့ သက်သေအဖြစ် ငါ ခေါ်ဆိုအယ်။ နင်လို့ဟို ညှာတာယွေ့သာ ကောရိန့်မြို့ဟို မသွားဖို့ ငါဆုံးဖြတ်ခဲ့အယ်။
2CO 1:24 နင်လို့ဟ ပစာအရာဟို ယုံကြည်ရမယ်ဟို နင်လို့အား အမိန့်ပေးရန် ငါလို့ ကြိုးစားနေခြင်း မဟုတ်၊ နင်လို့ရဲ့ ယုံကြည်ခြင်းဟ ခိုင်မာလျက် ဆိကျောန်း ငါလို့ သိကြအယ်။ အားပေမဲ့ ငါလို့ဟ နင်လို့ရဲ့ ဝမ်းမြောက်ခြင်းအတွက် နင်လို့နဲ့အတူ အလုပ်လုပ်သောသူ ဖြစ်အယ်။
2CO 2:1 အဲလိုမို့ ငါဟ နင်လို့ဆေသို့ လာယွေ့ နင်လို့ဟို ဝမ်းနည်းစေလဲ့ အဖြစ်မျိုး နောက်တခါ မဖြစ်စေရန် ငါ ဆုံးဖြတ်ထားအယ်။
2CO 2:2 အကျောန်းမှာ ငါဟ နင်လို့ဟို ဝမ်းနည်းစေမယ်ဆိုရင်၊ ငါ့ဟို ပျော်စေမဲ့သူဟ ပစာမှာ ဆိတော့မလဲ၊ ငါ့ကျောန့် ဝမ်းနည်းရသူများ မှလွဲယွေ့ စသူဟ ငါ့ဟို ဝမ်းမြောက်စေမလဲ။
2CO 2:3 ငါလာသောအခါ ငါ့ဟို ဝမ်းမြောက်စေရမဲ့သူများဟ ငါ့ဟို ဝမ်းနည်းစေမယ် စိုးယွေ့ ဟေအကျောန်းအရာဟို ငါရေးလိုက်ခြင်း ဖြစ်အယ်။ ငါရဲ့ ဝမ်းမြောက်ခြင်းဟ နင်လို့ဆိသမျှရဲ့ ဝမ်းမြောက်ခြင်း ဖြစ်အယ်ဟု နင်လို့အားလုံးနဲ့ ပတ်သက်ယွေ့ ငါ ယုံကြည်စိတ်ချလျက် ဆိအယ်။
2CO 2:4 ငါဟ ဝမ်းနည်းပူဆွေးလဲ့ နေလုံးသားနဲ့ မျက်ရည်များစွာနဲ့ နင့်ဆေ စာရေးခဲ့အယ်။ ငါ့ရည်ရွယ်ချက်ဟ နင့်ဟို ဝမ်းနည်းစေဖို့ မဟုတ်ဘဲ နင်လို့အားလုံးဟို ငါစလောက် ချစ်အယ်ဆိုတာ နားလည်အောန် ရေးလိုက်ခြင်း ဖြစ်အယ်။
2CO 2:5 တစုံတယောက်သောသူဟ လူတဦးအား ဝမ်းနည်းစေခဲ့ရင်၊ အဲသူဟ ငါ့ဟို သာမက နင်လို့အားလုံး မဟုတ်ရင်တောင် အချို့တဝက်ဟိုလည်း ဝမ်းနည်းစေအယ်။
2CO 2:6 နင်လို့ အများစုရဲ့ အပစ်ဒဏ်ပေးခြင်းဟို ခံရရင် အဲသူအတွက် လုံလောက်သော အပစ်ဒဏ် ဖြစ်အယ်။
2CO 2:7 အခုမှာ နင်လို့ဟ သည်းမခံနိန်လောက်အောန် ဝမ်းနည်းခြင်း ဖြစ်စေမဲ့အစား သူ့ဟို ခွင့်လွှတ်ပင်း နှစ်သိမ့်ပေးသင့်အယ်။
2CO 2:8 အဲလိုမို့ နင်ဟ သူ့ဟို အမန်တကယ် ချစ်ကျောန်းဟို သူသိဆိ နားလည်အောန် ပြုကြရန် နင်လို့အား ငါ တောင်းပန်အယ်။
2CO 2:9 နင်လို့ဟ စုံစမ်းနှောက်ယှက်ခြင်းဟို စလောက် ခံနိန်ရည်ဆိပင်း ငါ့ညွှန်ကြားချက်တွေဟို အမြဲနာခံဖို့ အဆင်သင့်ဖြစ် မဖြစ်သိချင်သောကျောန့် ဟေစာဟို ငါရေးသားခဲ့ခြင်း ဖြစ်အယ်။
2CO 2:10 နင်လို့ဟ တစုံတဦးဟို သူလို့ပြုခဲ့လဲ့အရာအတွက် နင်လို့ ခွင့်လွှတ်လဲ့အခါ၊ ငါလည်း သူလို့ဟို ခွင့်လွှတ်အယ်။ အကျောန်းမှာ ငါဟ အမန်စင်စစ် တစုံတခုဟို ဖြေလွှတ်ရန်လိုရင် နင်လို့ အကျိုးဟို ထောက်ယွေ့ ခရစ်တော်ရဲ့ ဆေ့နှိုက် အဲသူရဲ့ အပစ်ဟို ဖြေလွှတ်အယ်။
2CO 2:11 အဲမှသာ စာတန်ဟ ငါလို့ဟို အနိန်မရစေရန် တားဆီးနိန်မယ်။ အကျောန်းမှာ သူရဲ့ အကြံအစည်များဟ စလိုဖြစ်တာဟို ငါလို့ သိကြအယ်။
2CO 2:12 ငါဟ ခရစ်တော်ရဲ့ သတင်းကောင်းအကျောန်းဟို ဟောပြောရန် တရောမြို့ဟို ရောက်သောအခါ၊ သခင်ဘုရားဟ ငါ့အတွက် ထင်ခါးဟို ဖွင့်ပေးအယ်၊
2CO 2:13 အားပေမဲ့ ငါလို့ရဲ့ ညီအကို တိတုအား မတွေ့ရသောကျောန့် ငါဟ စိတ်မသက်သာ ဖြစ်အယ်။ အဲလိုမို့ အဲမြို့ဆိ လူလို့ဟ နှုတ်ဆက်ပင်း မာကေဒေါနိပြေဟို ငါသွားခဲ့အယ်။
2CO 2:14 အားပေမဲ့ ငါလို့ဟို ခရစ်တော်နှိုက် အမြဲတမ်း အောန်ပွဲခံစေယွေ့ ကိုယ်တော်ဟို သိသောဉာဏ်ရဲ့ ရနံ့ဟို နေရာတိုင်းနှိုက် ငါလို့အားဖြင့် ပျံ့နှံ့စေသော ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ငါချီးမွန်းအယ်။
2CO 2:15 ငါလို့ဟ ဘုရားသခင်အား ခရစ်တော် ပူဇော်လဲ့ မွှေးကြိုင်သော နံ့သာရနံ့နဲ့ တူကြအယ်။ အဲရနံ့ဟ ကယ်တင်ခြင်း ခံရသောသူများနဲ့ ပျောက်ဆုံးသွားသူများကြားတွင် ပျံ့နှံ့သွားခဲ့အယ်။
2CO 2:16 ပျောက်ကွယ်သွားသူများအတွက် သေစေတတ်သော ရနံ့ဖြစ်ပင်း ကယ်တင်ခြင်းဟို ရောက်သောသူများအတွက်မူ အသက်ဟို ပေးသော မွှေးရနံ့ဖြစ်အယ်။ အဲလိုမို့ ဟေအမှုဟို စသူဟ စွမ်းဆောင်နိန်လုန်း။
2CO 2:17 ငါလို့ဟ ဆေးပေါသော ကုန်သွယ်အဖြစ် ဘုရားသခင်ရဲ့ သတင်းစကားဟို ကိုင်တွယ်ဆောင်ရွက်သော အခြားသောသူများနဲ့ မတူဘဲ ဘုရားသခင်ဟ ငါလို့အား စေလွှတ်သောကျောန့်၊ ခရစ်တော်ရဲ့ အစေခံများ အဖြစ်၊ ငါလို့ဟ သူရဲ့ အထံတော်နှိုက် စိတ်ရင်းမန်ဖြင့် ပြောဆိုကြအယ်။
2CO 3:1 ငါလို့ဟ မိမိတတ်တိုင်း ထောက်ခံချီးမွန်း နေကြသလော၊ အဲဟာမဟုတ်ရင် ငါလို့ဟ အခြားသောသူများလို သူတပါး ထောက်ခံပေးသောစာ အဲဟာမဟုတ်ရင် နင်လို့ ထောက်ခံပေးသော စာဟို လိုအပ်သလော။
2CO 3:2 နင်လို့တတ်တိုင်းဟ ငါလို့ စိတ်နေလုံးထဲနှိုက် ရေးထားလဲ့ လူတိုင်း ဖတ်ရှုလျက် သိဆိသော ငါလို့ရဲ့စာ ဖြစ်ကြအယ်။
2CO 3:3 ခရစ်တော်တတ်တိုင်း ဟေစာဟို ရေးပင်း ငါလို့ဆေ ပေးပို့ကျောန်း ထင်ဆှားပါအယ်။ ဟေစာဟို မင်ဖြင့် မဟုတ်ဘဲ အသက်ဆှင်သော ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဖြင့် ရေးထားအယ်။ ကျောက်ပြားပေါ်တွင် သာမက လူသားများရဲ့ နေလုံးသားပေါ်တွင်ပါ ရေးသားထားအယ်။
2CO 3:4 ငါလို့ဟ ခရစ်တော်အားဖြင့် ဘုရားသခင် ဆေ့နှိုက် အဲလို့သော ယုံကြည်စိတ်ချမှုဟို ရဆိကြအယ်။
2CO 3:5 ငါလို့ဟ မိမိအတွက် စလိုအရာဟို မဆို တောင်းဆိုရန် မိမိတတ်တိုင်း အရည်အချင်းဆိခြင်း မဟုတ်ဘဲ ငါလို့ရဲ့ အရည်အချင်းဟ ဘုရားသခင်ဆေမှ လာအယ်။
2CO 3:6 ဘုရားသခင်ဟ ပဋိညာဉ်သစ်ရဲ့ အမှုတော်ဆောင်များအဖြစ် ငါလို့အား အရည်ချင်း ပြေ့မီစေခြင်းငှာ ပေးအယ်၊ အဲပဋိညာဉ်သစ်ဟ ကျမ်းဟောင်းတရားနဲ့ မဆိုင် ဝိညာဉ်တော်နဲ့သာ ဆိုင်အယ်။ ကျမ်းဟောင်းတရားဟ အသက်ဟို သေစေတတ်အယ်၊ အားပေမဲ့ ဝိညာဉ်တော်ဟ အသက်ဆှင် စေတတ်အယ်။
2CO 3:7 ပညတ်တော်ဟို ကျောက်ပြားများပေါ်တွင် စာလုံးများဖြင့် ထွင်းထုထားပင်း ပေးအပ်စဉ်တွင် ဘုရားသခင်ရဲ့ ဘုန်းတော် ထင်ဆှားအယ်။ မောရှေရဲ့ မျက်နှာပေါ်ဆိ တောက်ပမှု ပြန်ဖျော့သွားသော်လည်း ဣသရေလအမျိုးသားလို့ဟ သူ့အား စိုက်ကျေ့မနေနိန်လောက်အောန် ပြင်းထန်လှအယ်။ ပညတ်တရားဟ အသက်ဝင်သောအခါနှိုက် သေခြင်းသို့ ရောက်စေသောတရားဟ ဟေမျှသော ဘုန်းအသရေနဲ့ ပြေ့စုံရင်၊
2CO 3:8 ဝိညာဉ်တော်ရဲ့ အလုပ်ဟ စမလောက် သာယွေ့ ဘုန်းအသရေနဲ့ ပြေ့စုံလိမ့်မလုန်း။
2CO 3:9 အပစ်စီရင်ခြင်းဆိုင်ရာ တရားဟ ဘုန်းအသရေနဲ့ ပြေ့စုံရင် ဖြောင့်မတ်ခြင်းဆိုင်ရာ အလုပ်ဟ စလောက် သာယွေ့ ဘုန်းအသရေနဲ့ ပြေ့စုံလိမ့်မလုန်း။
2CO 3:10 အခု ရမ်းဆာ့တောက်ပသော ဘုန်းအသရေကျောန့် မခင်ဟ ရမ်းဆာ့တောက်ပသော ဘုန်းအသရေဟ ပျောက်ကွယ်သွားအယ်ဟု ဆိုနိန်အယ်။
2CO 3:11 အကျောန်းမှာ ခဏမျှသာ တည်သောအမှုနှိုက် ဘုန်းအသရေဆိရင်၊ ထာဝစဉ် တည်သောအမှုနှိုက် စလောက်ပိုယွေ့ ဘုန်းအသရေ ဆိလိမ့်မလုန်း။
2CO 3:12 ငါလို့ဟ ဟေသို့သော မျော်လင့်ခြင်း ဆိသောကျောန့်၊ ရမ်းဆာ့ ရဲရင့်ကြအယ်။
2CO 3:13 ငါလို့ဟ မောရှေလို မဟုတ်၊ သူဟ မိမိရဲ့ မျက်နှာမှ တောက်ပသောအရောင် မှေးမှိန်ပျောက်ကွယ်သွားတာဟို ဣသရေလအမျိုးသားလို့ မမျော်နိန်စေရန် မျက်နှာဟို မျက်နှာလွှားဖြင့် ဖုံးအုပ်ထားအယ်။
2CO 3:14 အဲသူလို့ရဲ့ စိတ်နေလုံးဟ မာကျောလျက် ဆိယွေ့၊ အခုနေ့တိုင်အောန် ပဋိညာဉ်ဟောင်းဟို ဖယ်ဆှားခြင်း မခံရဘဲ ဆိနေသေးအယ်။ ပစာကို့ ခရစ်တော်အားဖြင့်သာ အဲဖုံးအုပ်ခြင်းအရာဟို ဖယ်ဆှားနိန်အယ်။
2CO 3:15 ခုနေ့တိုင်အောန် မောရှေရဲ့ ပညတ္တိကျမ်းဟို ဖတ်ရှုသောအခါနှိုက် သူလို့ရဲ့ စိတ်နေလုံးဟို မျက်နှာလွှားဟ ဖုံးအုပ်လျက် ဆိအယ်။
2CO 3:16 အားပေမဲ့ သခင်ဘုရားဆေဟို ပြန်လှည့်လာသောအခါ အဲမျက်နှာလွှားဟ ဖယ်ဆှားခြင်း ခံရအယ်။
2CO 3:17 အကျောန်းမှာ “သခင်ဘုရား” ဟု ဆိုရာတွင် ဝိညာဉ်တော်ဟို ဆိုလိုအယ်၊ သခင်ဘုရားရဲ့ ဝိညာဉ်တော်ဆိရာ အရပ်နှိုက် လွတ်လပ်မှု ဆိအယ်။
2CO 3:18 အဲလိုမို့ ငါလို့ဆိသမျှဟ မျက်နှာဖုံး မဆိတော့ဘဲ သခင်ဘုရားရဲ့ ဘုန်းအသရေဟို ရောင်ပြန်ဟပ်လျက် ဆိကြအယ်၊ ဝိညာဉ်တော်တည်းဟူသော သခင်ဘုရားမှ လွှတ်သော ဘုန်းအသရေဟ ငါလို့အား အစဉ်အမြဲ ဘုန်းအသရေ တိုးပွားစေယွေ့ ကိုယ်တော်ရဲ့ ပုံသဏ္ဌာန်တော်သို့ ပြောင်းလဲစေလျက် ဆိအယ်။
2CO 4:1 အဲကျောန့် ဘုရားသခင်ဟ ကရုဏာတော်ဖြင့် ငါလို့အား ဟေအမှုတော်လုပ်ငန်းဟို လုပ်ဆောင်ရန် ပေးအပ်သောကျောန့် ငါလို့တွင် စိတ်ပျက်အားလျော့ခြင်း မဆိ။
2CO 4:2 ငါလို့ဟ လျှို့ဝှက်ယွေ့ ဆှက်ဖွယ်ကောင်းသော အကျင့်ဟို ပယ်ဆှားယွေ့၊ လှည့်ဖြားခြင်း မပြု၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟို အတုအယောင်မပြု။ အမန်တရားရဲ့ အလင်းတွင် ငါလို့ဟ ဘုရားသခင်ဆေ့နှိုက် နေထိန်ပင်း လူတိုင်းရဲ့ ကောင်းမြတ်သော ဩတ္တပ္ပစိတ်တွင် မိမိတတ်တိုင်း ချီးမွန်းရန် ကြိုးစားကြအယ်။
2CO 4:3 အကျောန်းမှာ ငါလို့ဟောပြောသော ဧဝံဂေလိတရားဟို ဖုံးအုပ်လျက် ဆိရင်၊ ဆုံးရှုံးခြင်းသို့ ရောက်သောသူလို့ဟိုသာ ဖုံးအုပ်လျက် ဆိအယ်။
2CO 4:4 ဟေလောကဟို အစိုးရသောဘုရားဟ အဲသူလို့ရဲ့ စိတ်ဟို မိုက်ဖြင့် ဖုံးအုပ်ထားသောကျောန့် သူလို့ဟ သတင်းကောင်းဟို မယုံကြည်ကြဝူး။ အဲဘုရားကျောန့် ခရစ်တော်ရဲ့ ဘုန်းအသရေတော်အကျောန်း သတင်းကောင်းမှ ထွက်လာသော အလင်း၊ ဘုရားသခင်နဲ့တူသော ပုံသဏ္ဌာန်တူသော အလင်းရောင်ဟို မမျော်ရအောန် သူလို့ဟို တားဆီးလေအယ်။
2CO 4:5 အကျောန်းမှာ ငါလို့ဟ မိမိလို့အကျောန်းဟို ဟောပြောကြတာ မဟုတ်၊ ယေရှု ခရစ်တော်ဟ သခင်ဖြစ်ကျောန်း၊ ငါလို့ဟ ယေရှုအတွက် နင်လို့ရဲ့ အစေခံများ ဖြစ်ကျောန်းဟို ဟောပြောကြအယ်။
2CO 4:6 “မိုက်ထဲမှ အလင်း ပေါ်ထွန်းလိမ့်မယ်” ဟု မိန့်သော ဘုရားသခင်ဟ ခရစ်တော်ရဲ့ မျက်နှာနှိုက် ထွန်းလင်းလဲ့ ဘုရားသခင်ရဲ့ ဘုန်းတော်ဟို သိသောအလင်းရောင်အား ငါလို့ရဲ့ စိတ်နေလုံးထဲနှိုက် ထွန်းလင်းစေအယ်။
2CO 4:7 အားပေမဲ့ ရမ်းဆာ့သော ဟေတန်ခိုးဟ ငါလို့ဆေမှ မဟုတ်ဘဲ ဘုရားသခင်ဆေမှ ဖြစ်ကျောန်း ထင်ဆှားစေရန် ငါလို့ဟ အဲဘဏ္ဍာဟို မြေအိုးထဲနှိုက် ထည့်ထားကြအယ်။
2CO 4:8 ငါလို့ဟ မကြာခဏ စိတ်ပူပန်ရသော်လည်း ကြေမွခြင်း မဆိ၊ တခါတရံ သံသယစိတ်ဆိသော်လည်း စိတ်ပျက်အားငယ်မှုမျိုး ပစာခါမှ မခံရပါ။
2CO 4:9 ညှဉ်းဆဲခြင်းဟို ခံရသော်လည်း စွန့်ပစ်ခြင်းဟို မခံရ၊ အလဲထိုးခံရသော်လည်း ဆုံးရှုံးခြင်းသို့ မရောက်။
2CO 4:10 ယေရှုရဲ့ အသက်ဆှင်ခြင်းဟ ငါလို့ရဲ့ ကိုယ်ခန္ဓာနှိုက် ထင်ဆှားစေရန်အတွက်၊ ယေရှုရဲ့ အသေခံခြင်းဟို ငါလို့ရဲ့ ကိုယ်ခန္ဓာနှိုက် အစဉ်ဆောင်ထားကြအယ်။
2CO 4:11 ယေရှုရဲ့ အသက်ဆှင်ခြင်းဟ သေတတ်သော ငါလို့ရဲ့ ကိုယ်ခန္ဓာနှိုက် ထင်ဆှားမဲ့အကျောန်း အသက်ဆှင်လျက်ဆိသော ငါလို့ဟ ယေရှုကျောန့် သေခြင်းလက်သို့ အစဉ်မပြတ် အပ်နှံခြင်းဟို ခံရကြအယ်။
2CO 4:12 အဲလိုမို့ သေခြင်းဟ ငါလို့နှိုက် အလုပ်လုပ်လျက် နေယွေ့ အသက်ဆှင်ခြင်းဟ နင်လို့နှိုက် အလုပ်လုပ်လျက် နေအယ်။
2CO 4:13 ကျမ်းစာတော်နှိုက် “ငါဟ ယုံကြည်သောကျောန့် ငါဟောပြောအယ်” ဟု ဆိုအယ်။ ငါလို့ဟ ယုံကြည်ခြင်းကျောန့်လည်း တူညီသောစိတ်ဖြင့် ပြောဆိုကြအယ်။
2CO 4:14 သခင် ယေရှုဟို သေခြင်းမှ ဆှင်ပြန်ထမြောက်စေသော ဘုရားသခင်ဟ ငါလို့အားလည်း ယေရှုနဲ့အတူ ဆှင်ပြန်ထမြောက်စေပင်း နင်လို့နဲ့အတူ ဆေ့တော်သို့ ခေါ်ဆောင်မယ်ဖြစ်ကျောန်းဟို ငါလို့ သိကြအယ်။
2CO 4:15 ခပ်သိမ်းသောအရာလို့ဟ နင်လို့အတွက် ဖြစ်ကြအယ်၊ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ခံစားရသောသူ ပိုမိုများပြားလာတာနဲ့အမျှ ဘုရားသခင်ရဲ့ ဘုန်းအသရေ ထင်ဆှားစေရန် ချီးမွန်းလဲ့ ဆုတောင်းခြင်းလည်း ပိုမိုများပြားလာလိမ့်မယ်။
2CO 4:16 ဟေအကျောန်းကျောန့် ငါလို့ဟ ပစာခါမျှ စိတ်ပျက် အားမလျော့ကြ။ ငါလို့ရဲ့ ကိုယ်ခန္ဓာဟ တဖြည်းဖြည်း ယိုယွင်းပျက်စီးလျက် ဆိသော်လည်း ငါလို့ရဲ့ ဝိညာဉ်မူ တနေ့ထက်တနေ့ အသစ်ပြုပြင်ခြင်းဟို ခံရအယ်။
2CO 4:17 ငါလို့ ခဏခံရသော ပေါ့ပါးလဲ့ ဆင်းရဲဒုက္ခဟ အတိုင်းအထက် ရမ်းဆာ့ကြီးမြတ်လဲ့ ထာဝရ ဘုန်းအသရေဟို ငါလို့အား ခံစားစေလိမ့်မယ်။
2CO 4:18 ငါလို့ဟ မျက်စေ့ဖြင့် မျော်နိန်သောအရာများဟို အာရုံမစိုက်ဘဲ မျက်စေ့ဖြင့် မမျော်နိန်သောအရာများဟိုသာ အာရုံစိုက်ကြအယ်၊ မျက်စေ့ဖြင့် မျော်နိန်သောအရာများဟ ခဏမျှသာ တည်ယွေ့ မျက်စေ့ဖြင့် မမျော်နိန်သောအရာလို့ဟ ထာဝရတည်အယ်။
2CO 5:1 အကျောန်းမှာ ငါလို့ဟ မြေကြီးပေါ်မှာဆိသော ငါလို့ရဲ့ ကိုယ်ခန္ဓာနှိုက်နေသော ဟေတဲဟ ပြိုပျက်သွားသောအခါ၊ ဘုရားသခင်ဟ ငါလို့နေထိန်ရန်အတွက် ခေါန်းခင်ဘုံနှိုက် သူ့တတ်တိုင်း တည်ဆောက်ထားသော ထာဝရ နေအိုင်ဟို ငါလို့အား ပေးမယ်ဖြစ်ကျောန်း ငါလို့ သိကြအယ်။
2CO 5:2 ဟေယာယီတဲတွင် နေထိန်စဉ် ခေါန်းခင် နေအိုင်ဟို ရမ်းဆာ့တောင့်တသဖြင့် ငါလို့ဟ ညည်းတွားလျက် နေကြအယ်၊
2CO 5:3 ဟေသို့ ခေါန်းခင် နေအိုင်ဟို ဝင်စားသောအခါ ငါလို့ဟ ကိုယ်ခန္ဓာမဲ့ဖြစ်မယ် မဟုတ်။
2CO 5:4 အကျောန်းမှာ ငါလို့ဟ ဟေယာယီတဲတွင် ဆိနေစဉ် လေးလံသောဝန်ဟို ထမ်းယွေ့ ညည်းတွားကြအယ်၊ အဲသို့ ညည်းတွားကြခြင်းမှာ ဟေတဲဟို ချွတ်ပယ်လိုယွေ့ မဟုတ်ဘဲ၊ သေကြေပျက်စီးတတ်သောအရာဟို ထာဝစဉ် အသက်ဆှင်လဲ့အရာသို့ ပြောင်းလဲစေရန် ခေါန်းခင် ကိုယ်ခန္ဓာဟို ရဆိစေလိုယွေ့ ဖြစ်အယ်။
2CO 5:5 ဘုရားသခင်ဟ ငါလို့အား ဟေပြောင်းလဲမှုအတွက် ပြင်ဆင်ပေးသော သူဖြစ်ပင်း၊ ငါလို့အတွက် သိုမှီးထားသမျှအားလုံးဟို အာမခံချက်အဖြစ် သူရဲ့ ဝိညာဉ်တော်ဟို ငါလို့အား ပေးလေအယ်။
2CO 5:6 အဲလိုမို့ ငါလို့ဟ အစဉ်ရဲရင့်သောစိတ် ဆိကြအယ်။ ငါလို့ဟ ကိုယ်ခန္ဓာ နေအိုင်နှိုက် ဆိနေသရွေ့ သခင်ဘုရားရဲ့ အိုင်တော်နဲ့ ဝေးကွာနေကျောန်း ငါလို့ သိကြအယ်။
2CO 5:7 အကျောန်းမှာ ငါလို့ဟ အမြင်အားဖြင့် မဟုတ်ဘဲ၊ ယုံကြည်ခြင်းအားဖြင့် အသက်ဆှင် ဆှောက်လှမ်းကြအယ်။
2CO 5:8 ငါဆိုတာဟ၊ ငါလို့ဟ ယုံကြည်မှုဆိပင်း ကိုယ်ခန္ဓာမှ ကွာလျက် သခင်ဘုရားနဲ့ အတူဆိနေရန် သာယွေ့ အလိုဆိကြအယ်။
2CO 5:9 အဲလိုမို့ ငါလို့ဟ ကိုယ်ခန္ဓာနှိုက် ဆိတာဖြစ်စေ အဲဟာမဟုတ်ရင် ဝေးကွာလျက်ဆိတာ ဖြစ်စေ ကိုယ်တော် နှစ်သက်စေရန်အတွက် ငါလို့ရဲ့ ပန်းတိုင်ဟို ထားဆိအယ်။
2CO 5:10 အကျောန်းမှာ ငါလို့ဆိသမျှဟ ခရစ်တော်ရဲ့ တရားပလ္လင်ဆေ့နှိုက် ထင်ဆှားရမယ်။ ငါလို့ဟ ငါလို့ရဲ့ ကိုယ်ခန္ဓာ နေအိုင်နှိုက် ဆိနေစဉ် ငါလို့ပြုခဲ့လဲ့ ကောင်းသောအမှု အဲဟာမဟုတ်ရင် မကောင်းသောအမှုလို့အတွက် ထိုက်သင့်သော အကျိုးအပစ်ဟို ငါလို့ အသီးသီးခံရကြလိမ့်မယ်။
2CO 5:11 ငါလို့ဟ ပစာကျောန့် သခင်ဘုရားအား ကြောက်ရွံ့ရကျောန်းဟို သိသဖြင့်၊ လူလို့အား စည်းရုံးသိမ်းသွင်းအယ်။ ငါလို့ရဲ့အကျောန်းဟို ဘုရားသခင်ဟ အကြွင်းမဲ့ သိအယ်၊ နင်လို့ဟလည်း ဩတ္တပ္ပစိတ်ထဲဟ ငါ့အကျောန်းဟို သိကြလိမ့်မယ်ဟု ငါ မျော်လင့်အယ်။
2CO 5:12 ငါလို့ဟ တဖန် မိမိလို့တတ်တိုင်း နင်လို့ဆေ့နှိုက် ချီးကျူးနေကြတာ မဟုတ်၊ အားပေမဲ့ စိတ်နေလုံးနှိုက် ဆိသောအရာထက် အပြင်သဏ္ဌာန်ဟိုသာ ကျေ့ယွေ့ ဝါကြွားတတ်သော သူလို့ရဲ့ စကားဟို နင်လို့ ပြန်လည်ချေပနိန်ရန် ငါလို့နဲ့ ပတ်သက်ယွေ့ ဝါကြွားရသောအခွင့်ဟို နင်လို့အား ပေးခြင်းသာ ဖြစ်အယ်။
2CO 5:13 ငါလို့ဟ ရူးသွပ်လေပီလော၊ ရူးသွပ်ရင် ဘုရားသခင်အဖို့ ဖြစ်အယ်။ အဲဟာမဟုတ်ရင် မရူးသွပ်ရင် နင်လို့အဖို့ ဖြစ်အယ်။
2CO 5:14 တယောက်သောသူဟ လူအပေါင်းလို့အတွက် အသေခံသဖြင့် လူအပေါင်းလို့ဟ အဲသူနဲ့အတူ အသေခံကြကျောန်းဟို ငါလို့ အခုသိကြပီ ဖြစ်ယွေ့ ငါလို့ဟို ခရစ်တော်ရဲ့ မေတ္တာဟ လွှမ်းမိုးလျက် ဆိအယ်။
2CO 5:15 ကိုယ်တော်ဟ လူအပေါင်းလို့အတွက် အသေခံခြင်းမှာ လူလို့ဟ အသက်ဆှင်စဉ် ကိုယ်ကျိုးအတွက် ဆက်လက်ယွေ့ အသက်မဆှင်ကြတော့ဘဲ မိမိလို့အတွက် အသေခံပင်း သေခြင်းမှ ဆှင်ပြန်ထမြောက်သော သခင်အတွက် အသက်ဆှင်ကြစေရန် ဖြစ်အယ်။
2CO 5:16 အဲကျောန့် ငါလို့ဟ စသူ့ဟိုမျှ လူ့စံနှုန်းများဖြင့် တရားမစီရင်တော့ပါ။ တချိန်ဟ ငါလို့ဟ ခရစ်တော်ဟို လူ့စံနှုန်းများနဲ့အညီ တရားစီရင်ခဲ့သော်လည်း အခုခါနှိုက် အဲသို့ မပြုတော့ပါ။
2CO 5:17 အဲကျောန့် စသူမဆို ခရစ်တော်နှိုက်ဆိရင် အသစ်ဖန်ဆင်းခံရသူ ဖြစ်အယ်၊ ဟောင်းသောအရာလို့ဟ ကွယ်ပျောက်သွားယွေ့ ခပ်သိမ်းသောအရာလို့ဟို အသစ်ဖြစ်ကြပီ။
2CO 5:18 ဟေအရာအားလုံးဟို ဘုရားသခင် ပြုအယ်၊ ဘုရားသခင်ဟ ငါလို့အား မိမိရဲ့ ရန်သူများအဖြစ်မှ မိတ်ဆွေများအဖြစ်ဟို ခရစ်တော်အားဖြင့် ပြောင်းလဲစေပင်း အခြားသောသူလို့ဟိုလည်း မိမိရဲ့ မိတ်ဆွေများ ဖြစ်လာစေရန် ဆောင်ရွက်လဲ့အလုပ်ဟို ငါလို့အား ပေးလေအယ်။
2CO 5:19 ငါလို့ရဲ့ သတင်းစကားမှာ ဘုရားသခင်ဟ ခရစ်တော်အားဖြင့် လူသားအားလုံးဟို သူရဲ့ မိတ်ဆွေ ဖြစ်စေခဲ့အယ်။ ဘုရားသခင်ဟ လူသားလို့ရဲ့ အပစ်များဟို မှတ်မထားဘဲ၊ လူသားလို့အား မိတ်ဆွေဖွဲ့ပုံအကျောန်းဟို ပြောပြလဲ့ သတင်းစကားဟို ငါလို့အား ပေးသနားအယ်။
2CO 5:20 အဲကျောန့် ဘုရားသခင်ဟ ငါလို့မှတဆင့် တိုက်တွန်းတာဖြစ်ယွေ့ ငါလို့ဟ ခရစ်တော်ရဲ့ သံတမန်များ ဖြစ်ကြအယ်။ အဲကျောန့် “ဘုရားသခင်နဲ့ ပြန်လည်သင့်မြတ်ကြလော” ဟု ခရစ်တော်ရဲ့ ကိုယ်စား ငါလို့ တောင်းပန်အယ်။
2CO 5:21 ဘုရားသခင်ဟ အပစ်နဲ့ ကင်းစင်သောသူဟို ငါလို့အတွက်ကျောန့် အပစ်ဆိသောသူ ဖြစ်စေအယ်၊ ဟေဟာဟ ငါလို့သည် အဲသူအားဖြင့် ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်း ဖြစ်လာမဲ့အကျောန်း ဖြစ်အယ်။
2CO 6:1 ငါလို့ဟ ဘုရားသခင်ရဲ့ လုပ်ဖော်ဆောင်ဖက်များ ဖြစ်ကြတာနဲ့အညီ နင်လို့ဟ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို အလကားကား မခံယူကြနဲ့ဟု နင်လို့အား တိုက်တွန်းနှိုးဆော်အယ်။
2CO 6:2 ဘုရားသခင်ဟ၊ “ငါဟ နင်လို့ဟို ကျေးဇူးပြုရန် အချိန်ရောက်သောအခါ ငါ နားထောင်အယ်၊ ငါဟ နင်လို့ဟို ကယ်တင်မဲ့နေ့ ရောက်သောအခါ ငါ နင်လို့ဟို ကူညီခဲ့အယ်” ဟု ပြောတာဟို နားထောင်ပါ။ နားထောင်လော့၊ ဟေအချိန်ဟ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ခံယူရမဲ့အချိန် ဖြစ်အယ်၊ ခနေ့ဟ ကယ်တင်ရာ နေ့ရက်ကာလ ဖြစ်အယ်။
2CO 6:3 ငါလို့ရဲ့ အမှုတော်ဆောင်ခြင်းဟ စသူ့ဟိုမှ အပစ်မဆှာချင်ဝူး၊ အဲကျောန့် ငါလို့ဟ စသူ့ဟိုမှ အနှောင့်အယှက် တစုံတရာဟိုမျှ မပြု။
2CO 6:4 အဲအစား ဆင်းရဲဒုက္ခများ၊ ခဲယဉ်းကျပ်တည်းမှုများ၊ အခက်ခဲများဟို စိတ်ဆှည်စွာ သည်းခံလျက် ကိစ္စအဝဝတွင် ငါလို့ဟ ဘုရားသခင်ရဲ့ အစေခံများ ဖြစ်ကျောန်းဟို ပေါ်လွင်စေအယ်။
2CO 6:5 ငါလို့ဟ ရိုက်နှက်ခံရခြင်း၊ အကျဉ်းချခံရခြင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းလို့ဟို ခံရကြအယ်၊ ငါလို့မှာ အလုပ်ရမ်းဆာ့ လုပ်ယွေ့ အိပ်မမွေ့ဘဲ အဲဟာမဟုတ်ရင် အစာမစားဘဲ နေခဲ့ရအယ်။
2CO 6:6 ငါလို့ရဲ့ သန့်ဆှင်းစင်ကြယ်မှု၊ အသိပညာ၊ စိတ်ဆှည်မှု၊ ကြင်နာမှုလို့ဖြင့် ငါလို့ဟ ငါလို့ရဲ့ စစ်မန်သောမေတ္တာဖြင့် သန့်ဆှင်းသော ဝိညာဉ်တော်အားဖြင့်၊
2CO 6:7 သမ္မာတရားဟို ဟောပြောခြင်းအားဖြင့်၊ ဘုရားသခင်ရဲ့ တန်ခိုးတော်ဟို ဟောပြောခြင်းအားဖြင့်လည်း ငါလို့ဟ ဘုရားသခင်ရဲ့ အစေခံများအဖြစ် ငါလို့တတ်တိုင်း ပြသခဲ့အယ်။ ငါလို့တွင် ဖြောင့်မတ်ခြင်းတရားဟ ငါလို့ရဲ့ လက်နက်အဖြစ်၊ တိုက်ခိုက်ရန်နဲ့ မိမိတတ်တိုင်း ကာကွယ်ရန် ဖြစ်အယ်။
2CO 6:8 ငါလို့ဟ ချီးမြှောက်ခြင်းနဲ့ ရှုတ်ချခြင်းဟို ခံရကြအယ်၊ ကဲ့ရဲ့ခြင်းနဲ့ ချီးမွန်းခြင်းဟို ခံရကြအယ်။ ငါလို့ဟ မုသာလို ဆက်ဆံခံရသော်လည်း၊ ငါလို့ဟ အမန်တိုင်း ပြောတတ်အယ်။
2CO 6:9 အသိမှတ်ပြုခြင်း မခံရသလို ဖြစ်သော်လည်း အသိမှတ်ပြုခြင်း ခံရကြအယ်၊ အသေခံရသောသူလို ဖြစ်သော်လည်း အသက်ဆှင်လျက် ဆိကြအယ်၊ အပစ်ပေးခြင်း ခံရသော်လည်း ငါလို့ အသတ်မခံရကြ။
2CO 6:10 ဝမ်းနည်းရသော်လည်း အစဉ်ဝမ်းမြောက်လျက် ဆိကြအယ်၊ ဆင်းရဲသောသူလို ဖြစ်သော်လည်း များစွာသော သူလို့ဟို ကြွယ်ဝပြေ့စုံစေအယ်၊ စလိုအရာမျှ မဆိသော်လည်း အလုံးစုံဟို ပိုင်ဆိုင်ကြအယ်။
2CO 6:11 ကောရိန့်မြို့ဆိ မိတ်ဆွေလို့၊ ငါလို့ဟ နင်လို့အား ပွင့်လင်းစွာ ပြောဆိုခဲ့ပီ၊ ငါလို့ရဲ့ စိတ်နေလုံးဟို ကျယ်စွာ ဖွင့်ထားပီ။
2CO 6:12 ငါလို့ဟ ငါလို့ရဲ့ ချစ်ခင်စိတ်ဟို နင်လို့ဆေမှ ကန့်သတ် ပိတ်ပင်ထားတာ မဟုတ်၊ အားပေမဲ့ နင်လို့ဟ ငါလို့ရဲ့ ချစ်ခင်စိတ်ဟို ငါလို့ဆေမှ ကန့်သတ် ပိတ်ပင်ထားခြင်း ဖြစ်အယ်။
2CO 6:13 နင်လို့ဟလည်း တုံ့ပြန်သောအနေဖြင့် နင်လို့ရဲ့ စိတ်နေလုံးဟို ကျယ်စွာ ဖွင့်ထားကြလော့ဟု ကိုယ့်လူပဲ့သငယ်များအား ပြောသလို ငါပြောအယ်။
2CO 6:14 မယုံကြည်သောသူလို့နဲ့ မညီသောထမ်းပိုးဟို မထမ်းကြနဲ့။ အကျောန်းမှာ ဖြောင့်မတ်ခြင်းနဲ့ မတရားအမှုလို့ အကြားနှိုက် စလို ပတ်သက်မှုဆိတုန်း။ အဲဟာမဟုတ်ရင် အလင်းနဲ့ မိုက်လို့ အကြားနှိုက် စလို မိတ်သဟာယ ဖွဲ့ခြင်း ဆိတုန်း။
2CO 6:15 ခရစ်တော်နဲ့ စာတန်ဟ စလို သဘောတူနိန်မှာတုန်း။ ယုံကြည်သူဟ မယုံကြည်သူနဲ့ စလို တူညီမှုဆိနိန်မှာတုန်း။
2CO 6:16 ဘုရားသခင်ရဲ့ ဗိမာန်တော်နဲ့ ရုပ်တုလို့ အကြားနှိုက် စလိုသဘောတူညီမှု ဆိတုန်း။ ငါလို့ဟ အသက်ဆှင်သော ဘုရားသခင်ရဲ့ ဗိမာန်တော် ဖြစ်ကြအယ်။ ဘုရားသခင်တတ်တိုင်း မိန့်လဲ့အတိုင်း၊ “ငါဟ ငါရဲ့ လူလို့တွင် ကျိန်းဝပ်ပင်း သူလို့ထံတွင် စံနေအယ်၊ ငါဟ သူလို့ရဲ့ ဘုရားသခင် ဖြစ်ယွေ့ သူလို့ဟလည်း ငါရဲ့ လူမျိုး ဖြစ်လိမ့်မယ်။”
2CO 6:17 အဲကျောန့် ထာဝရဘုရားဟ “အဲသူလို့ဆေမှ ထွက်ယွေ့ သီးခြားနေကြလော့။ မသန့်ဆှင်းသောအရာလို့ဟို မတို့မထိနဲ့၊ အဲသို့ပြုရင် ငါဟ နင်လို့ဟို လက်ခံမယ်။
2CO 6:18 ငါဟ နင်လို့ရဲ့အဖ ဖြစ်လိမ့်မယ်၊ နင်လို့ဟလည်း ငါရဲ့ လူပဲ့သငယ်များ ဖြစ်ကြလိမ့်မယ်ဟု အနန္တတန်ခိုးနဲ့ ပြေ့စုံသော ဘုရားသခင် မိန့်လေအယ်။”
2CO 7:1 ချစ်မိတ်ဆွေလို့၊ ဟေကတိတော်များဟ ငါလို့အတွက် ဖြစ်အယ်။ အဲလိုမို့၊ ငါလို့ဟ ကိုယ်ကာယ အဲဟာမဟုတ်ရင် စိတ်ဝိညာဉ်လို့ရဲ့ အညစ်အကြေး ဆိသမျှလို့မှ မိမိလို့တတ်တိုင်း စင်ကြယ်စေယွေ့ ဘုရားသခင်ဟို ကြောက်ရွံ့ခြင်းအားဖြင့် မိမိလို့ကိုယ်ဟို သန့်ဆှင်းခြင်းနဲ့ ပြေ့စုံကြကုန်စို့။
2CO 7:2 နင့်စိတ်နေလုံးတွင် ငါလို့အတွက် နေရာပေးမန့်။ ငါလို့ဟ စသူ့ဟိုမှ မပစ်မားဝူး၊ စသူ့ဟိုမှ မဖျက်ဆီးဝူး၊ စသူ့ဟိုမှ အခွင့်ကောင်းယူဖို့ မကြိုးစားဝူး။
2CO 7:3 ဟေသို့ဆိုရာနှိုက် နင်လို့အား ပစ်တင်လိုယွေ့ မဟုတ်၊ မခင်ဟ ဖော်ပြခဲ့လဲ့အတိုင်း ငါလို့ဟ နင်လို့နဲ့အတူ အမြဲတမ်း အသက်ဆှင်ခြင်း အဲဟာမဟုတ်ရင် သေခြင်းဟို အလိုဆိလဲ့တိုင်အောန် ငါလို့ဟ စိတ်နေလုံးထဲနှိုက် နင်လို့အား ချစ်သောကျောန့် ဖြစ်အယ်။
2CO 7:4 ငါဟ နင်လို့ဟို ရမ်းဆာ့ ယုံကြည်စိတ်ချအယ်၊ နင်လို့အတွက် ရမ်းဆာ့ ဂုဏ်ယူအယ်။ ငါဟ နှစ်သိမ့်မှုဟို အပြေ့ဝ ခံစားရယွေ့ ငါလို့ခံရသော ဆင်းရဲဒုက္ခအပေါင်းလို့နှိုက် ဝမ်းမြောက်ခြင်းနဲ့ ပြေ့ဝလျက် ဆိအယ်။
2CO 7:5 မာကေဒေါနိပြေဟို ရောက်ပင်းလဲ့နောက်မှာတောင်၊ ကိုယ်ကာယဟ အနားယူရန် အခွင့်မဆိပါဝူး။ အရပ်ရပ်တွင် အခက်ခဲများ ဆိအယ်၊ အခြားသူတွေနဲ့ အငြင်းပွားမှုများ ဆိအယ်၊ ငါလို့ နေလုံးသားထဲနှိုက်လည်း ကြောက်စိတ် ဆိအယ်။
2CO 7:6 အားပေမဲ့ အားငယ်သောသူလို့ဟို နှစ်သိမ့်သော ဘုရားသခင်ဟ တိတု ရောက်ဆိလာခြင်းအားဖြင့် ငါလို့ဟို နှစ်သိမ့်ပေးအယ်။
2CO 7:7 တိတု ရောက်ဆိလာခြင်းအားဖြင့် သာမက နင်လို့ဆေမှ တိတု ခံစားရသော နှစ်သိမ့်မှုအားဖြင့်လည်း နင်လို့ဟို နှစ်သိမ့်ပေးလေအယ်။ သူဟ နင်လို့သည် ငါ့ဟို စလောက် တွေ့ချင်ကျောန်း၊ စလောက် ဝမ်းနည်းလျက် ဆိကျောန်း၊ ငါ့အပေါ် စိတ်အားထက်သန်လျက် ဆိကျောန်းဟို ငါ့ဟို တိတု ပြောပြသောကျောန့် ငါဟ ပိုယွေ့ ဝမ်းမြောက်အယ်။
2CO 7:8 ငါရေးခဲ့တဲ့စာဟ နင်လို့ဟို ဝမ်းနည်းစေသောကျောန့်၊ ငါဟ မခင်အခါနှိုက် နောင်တဆိသော်လည်း အခုနှိုက် မဆိ။ ဟေစာဟ နင်လို့ဟို ခဏတာ ဝမ်းနည်းစေခဲ့တာဟို ငါမျော်ရလဲ့အခါ ဝမ်းနည်းမိနိန်အယ်။
2CO 7:9 အခု ငါဝမ်းမြောက်လျက် ဆိအယ် အဲသို့ဆိုသော် နင်လို့ဟို ဝမ်းနည်းစေခဲ့သောကျောန့် ငါဝမ်းမြောက်တာ မဟုတ်၊ နင်လို့ရဲ့ ဝမ်းနည်းခြင်းဟ နင်လို့ဟို နောင်တရစေသောကျောန့် ဖြစ်အယ်။ အဲဝမ်းနည်းမှုဟို ဘုရားသခင် အသုံးပြုခဲ့ခြင်းကျောန့် ငါလို့ဟ နင်လို့အား ထိခိုက်နစ်နာစေခြင်း မဆိပေ။
2CO 7:10 ဘုရားသခင် အသုံးပြုလဲ့ ဝမ်းနည်းခြင်းဟ ကယ်တင်ခြင်းနဲ့ ယှဉ်သော နောင်တစိတ်ဟူသော၊ မပြောင်းလဲနိန်သော နောင်တစိတ်ဟို ပြုပြင်တတ်အယ် အဲကျောန့် ဝမ်းနည်းမိလဲ့အတွက် စိတ်မကောင်း မဖြစ်သင့်။ အားပေမဲ့ လောကီဝမ်းနည်းခြင်းဟ သေခြင်းဟို ဖြစ်ပေါ်စေအယ်။
2CO 7:11 နင်လို့ရဲ့ ဝမ်းနည်းမှုတွေနဲ့ ဘုရားသခင် ပစာလုပ်ခဲ့လဲဆိုတာ ကျေ့မန့်၊ နင့်ရဲ့ အပစ်ကင်းကျောန်း သက်သေပြဖို့ စလောက် စိတ်အားထက်သန် နေသလဲ။ ဟေသို့သော ဒေါသထွက်ခြင်း၊ ကြောက်ရွံ့ခြင်း၊ ရမ်းဆာ့တောင့်တခြင်း၊ စိတ်အားထက်သန်ခြင်း၊ တရားမျှတစွာ စီရင်ခြင်းလို့ဟို လိုလားကြအယ်။ နင်လို့ဟ ဟေအမှုနှိုက် အပစ်ကင်းစင်ကျောန်း နင်လို့တတ်တိုင်း အရာရာနှိုက် ထင်ဆှားစေကြပီ။
2CO 7:12 အဲလိုမို့ ငါဟ နင်လို့ဆေဟို ရေးသားခဲ့ခြင်းမှာ ပစ်မားသောသူကျောန့် မဟုတ် ပစ်မားခြင်း ခံရသောသူကျောန့်လည်း မဟုတ်။ ဘုရားသခင်ဆေ့နှိုက် ငါလို့အား နင်လို့ရဲ့ စလောက် စိတ်အားထက်သန်မှုထားတာဟို ကောင်းစွာ သိသာထင်ဆှားစေယွေ့ ရေးခဲ့ခြင်းဖြစ်အယ်။
2CO 7:13 အဲကျောန့် ငါလို့ဟ နှစ်သိမ့်မှုဟို ခံစားရအယ်။ ငါလို့ ခံစားရသော နှစ်သိမ့်မှု သာမက၊ တိတုရဲ့ စိတ်နေလုံးဟ နင်လို့အားလုံးကျောန့် ပျော်ရွှင်မှုဟို ခံစားရတာ ဖြစ်ယွေ့ သူ့ရဲ့ ဝမ်းမြောက်ခြင်းကျောန့် ငါလို့ဟ ပိုယွေ့ ဝမ်းမြောက်ကြအယ်။
2CO 7:14 ငါဟ နင်လို့အကျောန်းဟို သူ့အား ဝါကြွားခဲ့သော်လည်း နင်လို့ဟ ငါ့ဟို စိတ်ပျက်စေခြင်း မဆိခဲ့။ ငါလို့ဟ နင်လို့အား မန်ကန်သောအရာဟို အစဉ်အမြဲ ပြောခဲ့လဲ့နည်းတူ တိတုဟို ငါလို့ ဝါကြွားသောအရာဟလည်း ဟုတ်မန်ကျောန်း ထင်ဆှားခဲ့ပီ။
2CO 7:15 သူဟ နင်လို့အားလုံးရဲ့ နာခံမှုနဲ့ နင်လို့ ဟ သူ့ဟို ကြောက်ရွံ့တုန်လှုပ်လျက် ကြိုဆိုလက်ခံကြတာဟို သတိရသောအခါ နင်လို့ဟို ပိုယွေ့ ချစ်ခင်ကြင်နာအယ်။
2CO 7:16 ငါဟ နင်လို့အပေါ်တွင် လုံးဝစိတ်ချနိန်သဖြင့် ရမ်းဆာ့ဝမ်းမြောက်အယ်။
2CO 8:1 ညီအကိုလို့၊ မာကေဒေါနိပြေဆိ အသင်းတော်များအား ဘုရားသခင် ပေးသနားသော ကျေးဇူးတော်ဟို နင်လို့အား ငါလို့ ပြောပြလိုအယ်။
2CO 8:2 သူလို့ဟ ဆင်းရဲဒုက္ခကျောန့် ပြင်းထန်သော စမ်းသပ်ခြင်းဟို ခံခဲ့ရသော်လည်း သူလို့ရဲ့ ကြီးစွာသော ဝမ်းမြောက်ခြင်းနဲ့ သူလို့ရဲ့ ရက်ရောစွာ ပေးကမ်းခြင်း တည်းဟူသော စည်းစိမ်အဖြစ်ဟို ရောက်လာအယ်။
2CO 8:3 အကျောန်းမှာ သူလို့ဟ တတ်နိန်လဲ့အတိုင်း သာမက အလိုအလျောက် ပေးကမ်းချင်သော စေတနာစိတ်ဆိတာဟု ငါဟ သက်သေခံအယ်၊
2CO 8:4 သူလို့ဟ ယုဒပြေဆိ ဘုရားသခင်ရဲ့ သန့်ဆှင်းသူလို့အား ထောက်ပံ့မှုတွင် ပါဝင်ရသော ကျေးဇူးတော်ဟို ခံစားရရန် မိမိလို့ အလိုအလျောက် ငါလို့အား တောင်းပန်ကြအယ်။
2CO 8:5 ဟေသို့ပြုခြင်းဟ ငါလို့ မျော်လင့်တာထက် ပိုအယ်။ သူလို့ဟ ဦးစွာ အရင် မိမိလို့တတ်တိုင်း သခင်ဘုရားရဲ့ အလိုတော်နဲ့အညီ ငါလို့အားလည်း မိမိလို့တတ်တိုင်း ဆပ်ကပ်ကြအယ်။
2CO 8:6 အဲကျောန့် တိတုဟ အဲကျေးဇူးပြုခြင်းအမှုဟို နင်လို့တွင် အစပြုသလို ပီးပြေ့စုံလဲ့တိုင်အောန် ပြုမဲ့အကျောန်း သူ့ဟို ငါလို့ တိုက်တွန်းကြအယ်။
2CO 8:7 နင်လို့ဟ ယုံကြည်ခြင်း၊ ဟောပြောခြင်း၊ အသိပညာ၊ ကူညီဖို့ စိတ်အားထက်သန်မှုနဲ့ ငါလို့အတွက် နင်လို့ရဲ့ ချစ်ခြင်းဟ အရာရာနှိုက် ကြွယ်ဝပြေ့စုံကြအယ်။ အဲကျောန့် ငါလို့ဟ ချစ်ခြင်းပေးခြင်းအမှုမှာ နင်လို့ဟို ရက်ရက်ရောရော ဖြစ်စေချင်အယ်။
2CO 8:8 အဲသို့ပြောတာဟ ပညတ်ချက်အနေဖြင့် ငါဆိုတာ မဟုတ်။ အားပေမဲ့ အခြားသောသူလို့ရဲ့ စိတ်အားထက်သန်မှုအားဖြင့် နင်လို့ မေတ္တာရဲ့ စစ်မန်မှုဟို စစ်ဆေးနေခြင်း ဖြစ်အယ်။
2CO 8:9 အကျောန်းမှာ နင်လို့ဟ ငါလို့ သခင် ယေရှု ခရစ်တော်ရဲ့ ကျေးဇူးတော်ဟို သိကြအယ်၊ ကိုယ်တော်ဟ ကြွယ်ဝသော်လည်း သူရဲ့ ဆင်းရဲခြင်းအားဖြင့် နင်လို့ ကြွယ်ဝကြမဲ့အကျောန်း နင်လို့အတွက် ဆင်းရဲခြင်းဟို ခံလေအယ်။
2CO 8:10 မနှစ်ဟ နင်လို့စတင်ခဲ့တာဟို အခုချက်ချင်း ပီးအောန်လုပ်ဖို့ ပိုကောင်းတယ်လို့ ငါထင်မြင်အယ်။ နင်လို့ဟ စေတနာစိတ်နဲ့ ပေးကမ်းခြင်းဟို အစပြုခဲ့အယ်။
2CO 8:11 အဲကျောန့် ဟေအမှုဟို ဆောင်ရွက်ကာ ပီးစီးစေကြလော့။ နင်လို့ဟ ဟေအမှုဟို ကြံစည်ရာတွင် စိတ်အားထက်သန်သလို ဆောင်ရွက်ရာတွင်လည်း စိတ်အားထက်သန်ကြလော့၊ နင်လို့ တတ်နိန်သမျှ ပေးကမ်းကြလော့။
2CO 8:12 အကျောန်းမှာ စေတနာစိတ် ဆိရင် မဆိလဲ့အရာဟို မထောက်ပဲ ဆိလဲ့အရာဟို ထောက်ယွေ့ လက်ခံလေအယ်။
2CO 8:13 ဟေအမှုအရာနှိုက် အခြားသောသူလို့ဟို သက်သာစေယွေ့ ငါလို့ရဲ့ ဆန္ဒဟ နင်လို့ဟို ဒုက္ခရောက်စေရန် မဟုတ်၊ အားပေမဲ့ ညီတူညီမျှဖြစ်စေရန်သာ ဖြစ်အယ်။ အခုချိန်တွင် နင်လို့ရဲ့ ကြွယ်ဝမှုဟ သူလို့ရဲ့ လိုအပ်မှုဟို ဖြည့်ဆည်းပေးရင် သူလို့ရဲ့ ကြွယ်ဝမှုဟလည်း နင်လို့ရဲ့ လိုအပ်မှုဟို ဖြည့်ဆည်းပေးကြလိမ့်မယ်။
2CO 8:15 ကျမ်းစာဟ “များများရသောသူ မပို၊ ကတစ်ရသောသူလည်း မလို” ဟု ရေးထားလဲ့အတိုင်း ညီတူညီမျှဖြစ်မယ်။
2CO 8:16 နင်လို့အပေါ် ငါထားဆိသော စိတ်အားထက်သန်မှုမျိုးဟို တိတုရဲ့ စိတ်နေလုံးထဲနှိုက် ထည့်သွင်းပေးသော ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ငါ ချီးမွန်းအယ်။
2CO 8:17 တိတုဟ ငါလို့ရဲ့ ခွန်အားပေးမှုဟို လက်ခံတာ သာမက၊ ကူညီရန် စိတ်အားထက်သန်မှု ဆိသဖြင့် နင်လို့ဆေဟို သွားရန် သူ့အလိုအလျောက် ဆုံးဖြတ်ခဲ့အယ်။
2CO 8:18 ဧဝံဂေလိတရား ဟောပြောခြင်းအတွက် တိတုနဲ့အတူ အသင်းတော်အားလုံးတွင် ရမ်းဆာ့လေးစားခံရသော ညီအကိုဟို ငါလို့ စေလွှတ်လိုက်ပါအယ်။
2CO 8:19 အဲမှတပါး၊ သခင်ဘုရားရဲ့ ဘုန်းအသရေဟို ထောက်ယွေ့ ငါလို့အား ကူညီလိုကျောန်း ပြသရန်အတွက် ဟေကျေးဇူးပြုခြင်းအမှုဟို ဆောင်ရွက်ရာတွင် ငါလို့နဲ့အတူ ခရီးသွားရန် အသင်းတော်များဟ ရွေးချယ်ခန့်ထားရသောသူ ဖြစ်အယ်။
2CO 8:20 ဟေသို့ ရက်ရောစွာ ပေးကမ်းကြသော အလှူငွေဟို ကိုင်တွယ်ရာတွင် ငါလို့ဟ သူတပါးလို့ရဲ့ အပစ်တင်ခြင်းနဲ့ ကင်းလွတ်စေရန် သတိနဲ့ ဆောင်ရွက်လျက် ဆိကြအယ်။
2CO 8:21 သခင်ဘုရားရဲ့ ဆေ့နှိုက် သာမက လူလို့ရဲ့ ဆေ့နှိုက်လည်း လျောက်ပတ်မန်ကန်လဲ့အမှုဟိုသာ ပြုရန် ရည်ရွယ်ချက် ဆိကြအယ်။
2CO 8:22 အဲသူလို့နဲ့အတူ ငါလို့ရဲ့ အခြားသော ညီအကိုတဦးဟိုလည်း စေလွှတ်လိုက်အယ်၊ ငါလို့ဟ သူ့ဟို အကြိမ်ကြိမ် စစ်ဆေးပင်း သူဟ အစဉ် စိတ်အားထက်သန်သောသူ ဖြစ်ကျောန်းဟို တွေ့ရအယ်။ သူဟ နင်လို့အပေါ် ယုံကြည်စိတ်ချမှု အပြေ့ဝဆိသောကျောန့် အခု ပိုယွေ့ပင် စိတ်အားထက်သန်လျက် ဆိအယ်။
2CO 8:23 တိတုနဲ့ ပတ်သက်ယွေ့ ပြောရရင် သူဟ ငါရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်ပင်း နင်လို့အတွက် ငါနဲ့အတူ လုပ်ဆောင်သောသူ ဖြစ်အယ်၊ ငါလို့ရဲ့ အခြားညီအကိုလို့နဲ့ ပတ်သက်ယွေ့ ပြောရရင် သူလို့ဟ ခရစ်တော်ရဲ့ ဘုန်းအသရေဟူသော အသင်းတော်များရဲ့ ကိုယ်စားပြုများ ဖြစ်ကြအယ်။
2CO 8:24 အဲကျောန့် နင်လို့ရဲ့ ချစ်ခြင်းမေတ္တာနဲ့ နင်လို့အကျောန်း ငါလို့ ဝါကြွားထားသောအရာလို့ဟို အသင်းတော်များ ဆေ့နှိုက် သူလို့အား သက်သေပြကြလော့။
2CO 9:1 ယုဒပြေဆိ ဘုရားသခင်ရဲ့ လူလို့ဆေ ပေးပို့သော ကူညီထောက်ပံ့နဲ့ ပတ်သက်ယွေ့ နင်လို့အား ငါရေးသားရန် အမန်တကယ် မလိုအပ်ပါ။
2CO 9:2 နင်လို့ ကူညီရန် စိတ်စေတနာ ထက်သန်တာဟို ငါ သိအယ်၊ အဲလိုမို့ နင်လို့အကျောန်းဟို မာကေဒေါနိပြေသားလို့အား ငါ ဝါကြွားခဲ့အယ်။ အခါယပြေဆိ ယုံကြည်သူလို့ဟ လွန်ခဲ့သောနှစ်ဟပင် ပေးလှူရန် အသင့်ဆိကြအယ်ဟု သူလို့အား ငါပြောကြားခဲ့အယ်။ နင်လို့ရဲ့ စိတ်အားထက်သန်မှုဟ များစွာသော သူလို့ဟို နှိုးဆော်ပေးအယ်။
2CO 9:3 အဲကျောန့် ဟေထောက်ပံ့မှုနဲ့ ပတ်သက်ယွေ့ နင်လို့အကျောန်း ငါလို့ ဝါကြွားထားသောအရာဟ အချည်းနှီး မဖြစ်ဘဲ ငါပြောထားလဲ့အတိုင်း နင်လို့ဟ အသင့်ပြင်ဆင်ထားမဲ့အကျောန်း ယုံကြည်သူလို့ဟို ငါစေလွှတ်အယ်။
2CO 9:4 အားမဟုတ်ရင် မာကေဒေါနိပြေသားလို့ဟ ငါနဲ့အတူ လိုက်လာယွေ့ နင်လို့ဟ အသင့်ပြင်ဆင်ထားခြင်း မဆိကျောန်း တွေ့ဆိပါဟ နင်လို့ဟို မပြောထားဘဲနဲ့ ဟေအမှုနှိုက် နင်လို့ဟို စိတ်ချယုံကြည်ထားသော ငါလို့ပါ အဆှက်ရကြလိမ့်မယ်။
2CO 9:5 အဲကျောန့် နင်လို့ ကတိပြုခဲ့လဲ့အတိုင်း ဟေအလှူဟို ပြင်ဆင်နိန်ရေးအတွက် အေးယုံကြည်သူလို့အား နင်လို့ဆေဟို ဦးစွာလာဖို့ တိုက်တွန်းရန် လိုအပ်တာဟု ငါထင်မှတ်အယ်။ ငါရောက်လာသောအခါ အလှူ အသင့်ပြင်ဆင်ထားပင်း ဖြစ်ယွေ့ နင်လို့ဟ တာဝန်အရ ပေးကမ်းခြင်း မဟုတ်ဘဲ စေတနာအရ ပေးကမ်းကျောန်း ထင်ဆှားလိမ့်မယ်။
2CO 9:6 မျိုးစေ့ကတစ်ဟို ကြဲသောသူဟ ကတစ်ဟိုသာ ရိတ်သိမ်းရလိမ့်မယ်၊ ရမ်းဆာ့သော မျိုးစေ့လို့ဟို ကြဲသောသူဟ ရမ်းဆာ့ ရိတ်သိမ်းရလိမ့်မယ် ဖြစ်ကျောန်း သတိပြုလော့။
2CO 9:7 လူတိုင်းဟ ကိုယ်အလိုအလျောက် လှူရအယ်၊ နှမြောသောစိတ်နဲ့ အလှူရ၊ မလှူဘဲမနေရဟု စိတ်ထင်နဲ့ မလှူရ၊ အကျောန်းမှာ စေတနာစိတ်နဲ့ လှူသောသူဟိုသာ ဘုရားသခင် နှစ်သက်အယ်။
2CO 9:8 နင်လို့ဟ အရာရာနှိုက် အစဉ်အမြဲ ကျေနပ်တင်းတိမ်မှု အပြေ့ဝဆိယွေ့ ကောင်းသောအမှုဆိသမျှလို့နဲ့ ကြွယ်ဝပြေ့စုံမဲ့အကျောန်း ဘုရားသခင်ဟ အလုံးစုံသော ကျေးဇူးတော်ဟို နင်လို့အပေါ် ကြွယ်ဝစွာ ချပေးရန် တတ်နိန်အယ်။
2CO 9:9 ကျမ်းစာတွင်၊ “သူဟ ဆင်းရဲသောသူလို့အား ရက်ရောစွာ ပေးကမ်းစွန့်ကြဲအယ်၊ သူရဲ့ ဖြောင့်မတ်ခြင်းဟ အစဉ်အမြဲ တည်အယ်” ဟု ပြောထားအယ်။
2CO 9:10 မျိုးစေ့ကြဲသောသူအား မျိုးစေ့ဟို ပေးယွေ့ အစာအတွက် မုန့်ဟို ပေးသော သခင်ဟ နင်လို့ရဲ့ မျိုးစေ့ဟိုလည်း ပြင်ဆင်ပေးယွေ့ ပွားများစေကာ နင်လို့ရဲ့ ဖြောင့်မတ်ခြင်းဆိုင်ရာ အသီးအပွင့်လို့ဟို တိုးပွားစေလိမ့်မယ်။
2CO 9:11 အဲအခါ နင်လို့ဟ ရက်ရောစွာ ပေးကမ်းခြင်း အလုံးစုံလို့အတွက် အရာရာနှိုက် ကြွယ်ဝပြေ့စုံသဖြင့် အဲအမှုအရာဟ ငါလို့အားဖြင့် ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ချီးမွန်းစရာ ဖြစ်စေအယ်။
2CO 9:12 နင်လို့ဟ ဟေလုပ်ကျွေးခြင်းအားဖြင့် ဘုရားသခင်ရဲ့ လူလို့အား ချို့တဲ့နေစဉ် ကူညီထောက်ပံ့တာ သာမက၊ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ချီးမွန်းသံဟိုလည်း တခဲနက် ထွက်ပေါ်လာစေအယ်။
2CO 9:13 သူလို့ဟ ခရစ်တော်ရဲ့ သတင်းကောင်းဟို ဝန်ခံခြင်းအားဖြင့် ဖြစ်လာလဲ့ နင်လို့ရဲ့ နာခံမှုဟို လည်းကောင်း၊ သူလို့မှစယွေ့ လူအပေါင်းလို့အား နင်လို့ ရက်ရောစွာ ပေးကမ်းဝေမျှသောအမှုဟို လည်းကောင်း ထောက်ယွေ့ ဟေကူညီထောက်ပံ့ခြင်းအမှုနှိုက် ထင်ဆှားသော သက်သေအတွက် ဘုရားသခင်ရဲ့ ဘုန်းအသရေဟို ချီးမွန်းကြလိမ့်မယ်။
2CO 9:14 အဲအပြင် နင်လို့အပေါ် သက်ရောက်လဲ့ ဘုရားသခင်ရဲ့ ထူးကဲသော ကျေးဇူးတော်ကျောန့် သူလို့ဟ နင်လို့ဟို လွမ်းဆွတ်လျက် နင်လို့အတွက် ဆုတောင်းပေးကြလိမ့်မယ်။
2CO 9:15 ငါလို့ဟ တန်ဖိုးမဖြတ်နိန်သော ဆုကျေးဇူးတော်အတွက် ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ချီးမွန်းကြကုန်စို့။
2CO 10:1 ခရစ်တော်ရဲ့ စိတ်နှိမ့်ချမှု၊ သနားကြင်နာမှုကျောန့် ငါဟ နင်လို့နဲ့ မျက်နှာချင်းဆိုင်ရသောအခါ ကြောက်ရွံ့သော်လည်း၊ နင်လို့နဲ့ ဝေးသောအခါ ရဲရင့်ခြင်းဆိသော ငါ ပေါလုဟ နင်လို့အား တောင်းပန်အယ်။
2CO 10:2 ငါလို့ဟို သွေးသားဇာတိအလိုသို့ လိုက်ယွေ့ အသက်ဆှင် ဆှောက်လှမ်းနေကြသူလို သတ်မှတ်သောသူအချို့လို့ပေါ် ရဲဝံ့စွာ ပြုမူရမယ်ဟု ယုံကြည်ခံယူထားလဲ့အတိုင်း ငါရောက်လာသောအခါ အဲသို့ ရဲဝံ့ပြတ်သားစွာ မပြုမူစေရန် ငါတောင်းပန်အယ်။
2CO 10:3 ငါလို့ဟ ဟေလောကနှိုက် အသက်ဆှင်နေထိန်လျက် ဆိတာ မန်သော်လည်း လောကီအကျိုးဟို မျော်ကိုးယွေ့ တိုက်ပွဲဝင်ကြတာ မဟုတ်။
2CO 10:4 ငါလို့ စွဲကိုင်လဲ့ လက်နက်များဟ လူသားလို့ စွဲကိုင်လဲ့ လက်နက်များ မဟုတ် အားပေမဲ့ ခံတပ်များဟို ဖြိုဖျက်နိန်လဲ့ ဘုရားသခင်ရဲ့ တန်ခိုးတော်နဲ့ ပြေ့စုံသော လက်နက်များ ဖြစ်အယ်။ ငါလို့ဟ မမန်ကန်လဲ့ ဆွေးနွေးငြင်းခုံချက်များ၊
2CO 10:5 ဘုရားသခင်ဟို သိသောဉာဏ်ဟို ဆန့်ကျင်တားဆီးလဲ့ စဉ်းစားဆင်ခြင်မှုနဲ့ မာန်မာနဆိသမျှလို့ဟို ဖြိုဖျက်ချေမှုန်းကြအယ်၊ ငါလို့ဟ လူလို့ရဲ့ အကြံစည်ဆိသမျှလို့ဟို ဖမ်းချုပ်ပင်း ခရစ်တော်အား နာခံစေကြအယ်။
2CO 10:6 နင်လို့ဟ နာခံမှုနဲ့ ပြေ့စုံသောအခါနှိုက် မနာခံမှုလို့ဟို အပစ်ဒဏ်စီရင်ရန် ငါလို့ အသင့်ဆိမယ်။
2CO 10:7 နင်လို့ဟ အပြင်ပန်းသဏ္ဌာန်ဟိုသာ ကျေ့ကြအယ်။ စသူမဆို မိမိတတ်တိုင်း ခရစ်တော်နဲ့ ဆိုင်သောသူဖြစ်အယ်ဟု ယုံမှတ်ရင်၊ သူဟ ခရစ်တော်နဲ့ ဆိုင်သောသူဖြစ်သလို ငါလို့ဟလည်း ခရစ်တော်နဲ့ ဆိုင်သောသူဖြစ်ကျောန်းဟို သူ့တတ်တိုင်း ပြန်လည်ဆင်ခြင်သိမှတ်စေ။
2CO 10:8 အကျောန်းမှာ နင်လို့ဟို ဖြိုဖျက်ရန်အတွက် မဟုတ်ဘဲ တည်ဆောက်ရန်အတွက် သခင်ဘုရား ပေးသော ငါလို့ရဲ့ အခွင့်အာဏာနဲ့ ပတ်သက်ယွေ့ ငါဟ ကတစ်ပိုယွေ့ ဝါကြွားမိရင်ပင် ဆှက်ကြောက်မယ် မဟုတ်။
2CO 10:9 ငါဟ နင်လို့ဟို စာများဖြင့် ခြောက်လှန့်နေအယ်ဟု မထင်စေလို။
2CO 10:10 လူအချို့ဟ “ပေါလုရဲ့ စာများဟ ပြင်းထန်ယွေ့ အာဏာပါလဲ့ စာများဖြစ်အယ်၊ အားပေမဲ့ သူဟ ငါလို့နဲ့ ကိုယ်ခန္ဓာအားဖြင့် တွေ့ရသောအခါ သူဟ အားနည်းပင်း၊ သူရဲ့ အဟောအပြောဟာလည်း အချည်းနှီးသောစကား ဖြစ်အယ်” ဟု ပြောလိမ့်မယ်။
2CO 10:11 ငါလို့ဟ အဝေးနှိုက် ဆိနေစဉ် စာနှိုက် ရေးလိုက်လဲ့စကားအတိုင်း တတ်တိုင်း ရောက်လာသောအခါနှိုက်လည်း ပြုမယ်ဖြစ်ကျောန်း အဲသူ သိမှတ်စေ။
2CO 10:12 ငါလို့ဟ မိမိတတ်တိုင်း အဆင့်အတန်း ခွဲခြားခြင်း အဲဟာမဟုတ်ရင် မိမိတတ်တိုင်း ရမ်းဆာ့ အကဲဖြတ်သူများနဲ့ နှိုင်းယှဉ်ဝံ့မယ် မဟုတ်။ စလောက် မိုက်မဲကြသလဲ၊ ကိုယ့်စံနှုန်းတွေနဲ့ တိုင်းတာပင်း ကိုယ့်စံနှုန်းနဲ့ကိုယ် စီရင်ဆုံးဖြတ်ကြအယ်။
2CO 10:13 အားပေမဲ့ ငါလို့ဟ မိမိလို့ အတိုင်းအတာဟို ကျော်လွန်ယွေ့ ဝါကြွားကြမယ် မဟုတ်၊ ငါလို့အား ဘုရားသခင် သတ်မှတ်ပေးသော နယ်ပယ်ရဲ့ အတိုင်းအတာ တည်းဟူသော နင်လို့ဆေသို့တိုင်အောန် ရောက်ဆိလာလဲ့ အတိုင်းအတာနဲ့အညီ ဝါကြွားမယ်။
2CO 10:14 ငါလို့ဟ နင်လို့ဆေဟို မရောက်နိန်သလို မိမိတတ်တိုင်းဟို အတင်းဆန့်တန်းနေတာ မဟုတ်၊ အကျောန်းမှာ ငါလို့ဟ ခရစ်တော်ရဲ့ သတင်းကောင်းဟို ယူဆောင်ရာနှိုက် နင်လို့ဆေဟို ရောက်လာခဲ့ကြအယ်။
2CO 10:15 အဲလိုမို့ ငါလို့ဟ ဘုရားသခင် သတ်မှတ်ပေးလဲ့ လုပ်ငန်းအတွက်မှ လွဲယွေ့ သူတပါးလို့ရဲ့ လုပ်ဆောင်ချက်များအတွက် ဝါကြွားခြင်းမပြု၊ နင်လို့ရဲ့ ယုံကြည်ခြင်း တိုးပွားလာတာနဲ့အမျှ နင်လို့အတွက် ဘုရားသခင် သတ်မှတ်ပေးလဲ့ နယ်ပယ်အတွင်း နင်လို့ထံတွင် အမှုတော်လို့ဟို ပိုမိုကျယ်ပြန့်နိန်ရန် မျော်လင့်အယ်။
2CO 10:16 အဲပင်းရင် ငါလို့ဟ နင်လို့ရဲ့ ဒေသဟို ကျော်လွန်ယွေ့ အခြားဒေသသစ်များတွင် သတင်းကောင်းဟို ဟောပြောနိန်သဖြင့် သူတပါးလို့ရဲ့ နယ်ပယ်အတွင်းနှိုက် ပီးစီးခဲ့လဲ့ ဆောင်ရွက်ချက်များအတွက် ငါလို့ ဝါကြွားခြင်း မပြုပေ။
2CO 10:17 အားပေမဲ့ ကျမ်းစာတွင် “ဝါကြွားလိုသောသူဟ သခင်ဘုရား ပြုသောအမှုအတွက်သာ ဝါကြွားစေ” ဟု ပြောအယ်။
2CO 10:18 အကျောန်းမှာ သခင်ဘုရား နှစ်သက်သောသူဟ မိမိတတ်တိုင်း ချီးမြှောက်သောသူ မဟုတ်၊ ကိုယ်တော်ဟ ချီးမြှောက်သောသူဖြစ်ကျောန့် ဖြစ်အယ်။
2CO 11:1 ငါရဲ့ ကတစ်သော မိုက်မဲမှုဟို နင်လို့ သည်းခံကြလိမ့်မယ်ဟု မျော်လင့်အယ်။ ကျေးဇူးပြုပင်း ငါ့ဟို သည်းခံကြလော့။
2CO 11:2 ဘုရားသခင်ဟ နင်လို့ဟို သဝန်တိုစိတ်ဆိသလို ငါဟ နင်လို့ဟို သဝန်တိုစိတ် ဆိအယ်၊ နင်လို့ဟ ခရစ်တော် တဦးတည်းနဲ့ စုံဖက်ထိမ်းမြားရန် ငါကတိပြုထားလဲ့ အပျိုစင်နဲ့ တူကြအယ်။
2CO 11:3 အားပေမဲ့ မြွေဟ မိမိရဲ့ ပရိယာယ်အားဖြင့် ဧဝဟို လှည့်ဖြားသလို အကျောန်းတစုံတခုကျောန့် နင်လို့ရဲ့ စိတ်နေလုံးဟ ခရစ်တော်အပေါ်နှိုက် ထားဆိလဲ့ ရိုးသားဖြူစင်ခြင်းမှ သွေဖယ်သွားမယ်ဟို ငါ စိုးရိမ်အယ်။
2CO 11:4 အကျောန်းမှာ တစုံတယောက်သောသူဟ လာယွေ့ ငါလို့ မဟောပြောခဲ့လဲ့ အခြားသော ယေရှုအကျောန်းဟို ဟောပြောရင် ဖြစ်စေ အဲဟာမဟုတ်ရင် နင်လို့ မရဆိဝူးသော အခြားသော ဝိညာဉ်ဟို နင်လို့ ရဆိရင် ဖြစ်စေ အဲဟာမဟုတ်ရင် နင်လို့ မခံယူခဲ့သော သတင်းကောင်းဟို နင်လို့ ခံယူရင်ဖြစ်စေ နင်လို့ဟ လွယ်လွယ်နဲ့ လက်ခံနေကြအယ်။
2CO 11:5 ငါဟ နင်လို့ရဲ့ ကြီးမြတ်လဲ့ တမန်တော်များထက် ကတစ်မျှ မနိမ့်ဟု ငါမထင်မန့်။
2CO 11:6 ငါဟ အဟောပြော ညံ့ပေမဲ့ အသိပညာ မညံ့၊ ငါလို့ဟ ဟေအရာအား အချိန်တိုင်းနဲ့ အခြေနေအရပ်ရပ်တွင် နင့်အား ဆှင်းလင်းတင်ပြထားပါအယ်။
2CO 11:7 နင်လို့ ချီးမြှောက်ခြင်း ခံရဖို့ရန် ငါဟ မိမိတတ်တိုင်း နှိမ့်ချလျက် ဘုရားသခင်ရဲ့ သတင်းကောင်းဟို နင်လို့အား အခမဲ့ ဟောပြောခြင်းဖြင့် အပစ်ကျူးလွန်ခဲ့သလော။
2CO 11:8 ငါဟ နင်လို့ဆေတွင် အမှုတော်ဆောင်စဉ် ပေးသောစရိတ်ဟို အခြားအသင်းတော်များမှ ပေးဆောင်ခဲ့အယ်။ ငါလို့ဟ နင်လို့ဟို ကူညီထောက်ပံ့နိန်ရန် အဲအသင်းတော်များဟို လုယူရသလို ဖြစ်အယ်။
2CO 11:9 မာကေဒေါနိပြေမှ လာသော ယုံကြည်သူလို့ဟ ငါလိုအပ်လဲ့အရာဟို ဖြည့်ဆည်းပေးခဲ့တာ ဖြစ်ယွေ့ ငါဟ နင်လို့နဲ့အတူဆိစဉ် လိုအပ်ချက်ဆိလဲ့အခါ စသူ့အတွက်မျှ ဝန်ထုပ်ဝန်ပိုး မဖြစ်ခဲ့၊ ငါဟ နင်လို့အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် မိမိတတ်တိုင်း အရာရာနှိုက် စောင့်စည်းခဲ့လဲ့နည်းတူ နောင်နှိုက်လည်း စောင့်စည်းမယ်ဖြစ်အယ်။
2CO 11:10 ခရစ်တော်ရဲ့ သမ္မာတရားဟ ငါနှိုက် ဆိတာနဲ့အညီ ငါနှိုက်ဆိလဲ့ ဟေဝါကြွားခြင်းဟို အခါယပြေ တဆှောက်နှိုက် စသူမျှ ပိတ်ပင်ယွေ့ ရမယ်မဟုတ်။
2CO 11:11 ပစာကျောန့် ငါဟ နင်လို့ဟို မချစ်သောကျောန့်လော။ ငါ ချစ်ကျောန်းဟို ဘုရားသခင် သိအယ်။
2CO 11:12 အခြားသော တမန်တော်များဟို ဝါကြွားယွေ့ ငါလို့ လုပ်လဲ့အတိုင်း လုပ်တာဟု အကျောန်းပြချက် မဆိစေခြင်းငှာ၊ အခု ငါလုပ်နေသောအရာဟို ငါဆက်ယွေ့ လုပ်မယ်။
2CO 11:13 အကျောန်းမှာ အဲသူလို့ဟ ခရစ်တော်ရဲ့ တမန်တော်များအဖြစ် အယောင်ဆောင်နေကြလဲ့ တမန်တော် အတုယောင်များ၊ လှည့်စားတတ်သော လုပ်သားများ ဖြစ်ကြအယ်။
2CO 11:14 ဟေသို့ ပြုကြတာဟ အံ့ဩစရာ မဆိဝူး။ စာတန်ပင် အလင်းရဲ့ ခေါန်းခင်တမန်အဖြစ် အယောင်ဆောင်တတ်အယ်။
2CO 11:15 အဲလိုမို့ စာတန်ရဲ့ အစေခံများဟ ဖြောင့်မတ်ခြင်းရဲ့ အစေခံများလို အယောင်ဆောင်ကြရင် အံ့ဩစရာ မဟုတ်။ အဲသူလို့ရဲ့ နိဂုံးဟ သူလို့ပြုသောအမှုများအတိုင်း ဖြစ်လိမ့်မယ်။
2CO 11:16 တဖန် ငါဆိုတာဟ ငါ့ဟို သူရူးဖြစ်အယ်ဟု စသူမျှ မထင်မှတ်စေနဲ့။ အားပေမဲ့ နင်လို့ဟ အဲသို့ ထင်မှတ်ခဲ့ရင် ငါနှိုက် ဝါကြွားစရာအခွင့် ကတစ်မျှဆိစေရန် ငါ့ဟို သူရူးအဖြစ်ပင် လက်ခံကြလော့။
2CO 11:17 ငါဟ ဟေသို့ မိမိတတ်တိုင်း စိတ်ချယုံကြည်စွာ ဝါကြွားခြင်းဟ သခင်ဘုရား အလိုတော်အတိုင်း ပြောနေတာ မဟုတ်ဘဲ၊ သူရူးတယောက်အနေနဲ့ ပြောတာပါ။
2CO 11:18 အားပေမဲ့ လူ့အကျောန်းပြချက် သက်သက်အတွက် ဝါကြွားသူတွေ အများကြီးဆိတာကျောန့် ငါလည်း အေးလိုဘဲ လုပ်မယ်။
2CO 11:19 နင်လို့ဟ ရမ်းဆာ့ ပညာဆိသောသူများ ဖြစ်ယွေ့ သူရူးလို့ဟို ဝမ်းမြောက်စွာ သည်းခံတတ်အယ်။
2CO 11:20 တစုံတယောက်ဟ နင့်ဟို ကျွန်ပြုတာ ဖြစ်စေ၊ အခွင့်ကောင်းယူခြင်း၊ လုယူတာ ဖြစ်စေ၊ အထင်မြင်သေးတာ ဖြစ်စေ အဲဟာမဟုတ်ရင် ပါးဟို ရိုက်တာ ဖြစ်စေ နင်လို့ဟ သည်းခံကြအယ်။
2CO 11:21 ငါလို့ဟ အဲအရာဟို လုပ်ရမှာ ရမ်းဆာ့ ဆှက်နေတယ်ဆိုတာ ဝန်ခံဖို့ ဆှက်မိအယ်။ အားပေမဲ့ သူရူးအနေနဲ့ ပြောရမယ်ဆိုရင် အကယ်ယွေ့ တစုံတယောက်ဟ အရာတခုအတွက် ဝါကြွားပါဟ ငါလည်း ဝါကြွားနိန်အယ်။
2CO 11:22 သူလို့ဟ ဟေဗြဲလူ ဖြစ်ကြသလော၊ ငါလည်း ဖြစ်အယ်။ သူလို့ဟ ဣသရေလလူမျိုး ဖြစ်ကြသလော၊ ငါလည်း ဖြစ်အယ်။ သူလို့ဟ အာဗြဟံအမျိုးအနွယ် ဖြစ်ကြသလော၊ ငါလည်း ဖြစ်အယ်။
2CO 11:23 သူလို့ဟ ခရစ်တော်ရဲ့ အစေခံ ဖြစ်ကြသလော။ ငါဟ သူရူးတယောက်လို ထင်ရပေမဲ့ ငါဟ သူလို့ထက် ပိုကောင်းလဲ့ အစေခံတယောက်ပါ။ ငါဟ အလုပ်ပိုကြိုးစားအယ်၊ ထောင်ထဲမှာ အကြိမ်များစွာ နေခဲ့အယ်၊ ကြိမ်ဒဏ်တွေလည်း ခံရအယ်၊ သေလုမျောပါးလည်း မကြာခဏ ရင်ဆိုင်ရအယ်။
2CO 11:24 ယုဒအမျိုးသားလို့ဟ ငါ့အား သုံးဆယ့်ကိုးချက် ကြိမ်ဒဏ်ဟို ငါးကြိမ်တိုင်တိုင် ပေးခဲ့ကြအယ်၊
2CO 11:25 ကြိမ်လုံးနဲ့ ရိုက်နှက်ခြင်းဟို သုံးကြိမ်၊ ခဲနဲ့ပေါက်ခြင်းဟို တကြိမ်ခံခဲ့ရအယ်၊ သင်္ဘောပျက်စီးရာနှိုက် သုံးကြိမ်ပါယွေ့ ပင်လယ်ပြင်တွင် တနေ့နဲ့ တည မျောခဲ့ရအယ်။
2CO 11:26 ငါဟ အကြိမ်ကြိမ်ပြုရာတွင် မြစ်ယေလျှံလဲ့ဘေး၊ ထားပြများရဲ့ဘေး၊ ငါ့လူမျိုးလို့ပြုလဲ့ဘေး၊ လူမျိုးခြားလို့ ပြုသောဘေး၊ မြို့ကြီးများတွင် တွေ့ရလဲ့ဘေး၊ တောနှိုက် ရောက်သောဘေး၊ ပင်လယ်ဘေး၊ မိတ်ဆွေအတုအယောင်လို့ရဲ့ ဘေးများနဲ့ ကြုံတွေ့ခဲ့ရအယ်။
2CO 11:27 အလုပ်ဟို ခက်ခဲပင်ပန်းစွာ လုပ်ကိုင်ရခြင်း မကြာခဏ အိပ်ရေးပျက်ခြင်း၊ မွတ်ခြင်း၊ ယေငတ်ခြင်း၊ မကြာခဏ အစာမစားရခြင်း၊ အအေးဒဏ်ခံရခြင်း၊ ဝတ်စရာလည်း လုံလောက်စွာ မဆိခြင်းများဟို ငါခံရအယ်။
2CO 11:28 ဟေပြင်ပမှ ဘေးဒုက္ခများအပြင် အသင်းတော်အားလုံးအတွက် စိုးရိမ်ပူပန်ခြင်းဟလည်း နေ့စဉ်နဲ့အမျှ ငါ့ဟို ဖိစီးနေအယ်။
2CO 11:29 တစုံတဦးအားနည်းလဲ့အခါ ငါဟ အားမနည်းဘဲ နေနိန်မယ်လော၊ တစုံတဦး မားယွင်းလဲ့အခါ ငါဟ ပူပန်ခြင်း မဆိဘဲ နေနိန်မယ်လော။
2CO 11:30 ငါဟ ဝါကြွားရမယ်ဆိုရင် ငါရဲ့ အားနည်းခြင်းနဲ့ ပတ်သက်သောအရာများဟို ငါ ဝါကြွားမယ်။
2CO 11:31 ငါဟ ဝါမပြောကျောန်းဟို သခင် ယေရှုရဲ့ ခမည်းတော်ဖြစ်သော ထာဝရ မင်္ဂလာဆိလဲ့ ဘုရားသခင် သိအယ်။
2CO 11:32 ငါဟ ဒမာသက်မြို့နှိုက် ဆိစဉ် အရေတဘုရင်ရဲ့ လက်အောက်ခံ မြို့ဝန်ဟ ငါ့အား ဖမ်းဆီးရန် မြို့ထင်ခါးများတွင် တပ်သားများဟို အစောင့်ချထားအယ်။
2CO 11:33 အားပေမဲ့ ငါ့ဟို တောင်းထဲထည့်ယွေ့ ပြတင်းပေါက်မှ တဆင့် မြို့ရိုးပေါ်မှ လျှောချခဲ့သောကျောန့် ငါဟ သူရဲ့ လက်မှ လွတ်မြောက်ခဲ့ရအယ်။
2CO 12:1 ဝါကြွားခြင်းဟ အကျိုးမဆိသော်လည်း ငါ ဝါကြွားရဦးမယ်။ အားပေမဲ့ သခင်ဘုရားဟ ငါ့အား ပြသော ရူပါရုံများနဲ့ ဗျာဒိတ်တော်များအကျောန်းဟို ဖော်ပြမယ်။
2CO 12:2 လွန်ခဲ့သော တဆယ့်လေးနှစ်ဟ အမြင့်ဆုံးသော ခေါန်းခင်တိုင်အောန် ချီဆောင်ခြင်း ခံရလဲ့ ခရစ်တော်နှိုက် တည်သောလူတဦးဟို ငါသိအယ်။ သူဟ ကိုယ်ခန္ဓာပါလျက် ချီဆောင်ခြင်း ခံရသလော အဲဟာမဟုတ်ရင် ကိုယ်ခန္ဓာမပါလျက် ချီဆောင်ခြင်း ခံရသလော ငါမသိ၊ ဘုရားသခင် သိအယ်။
2CO 12:3 တဖန် ငါဆိုတာဟ အဲသူဟ ပရဒိသုဘုံသို့ ချီဆောင်ခြင်းဟို ခံရယွေ့ လူလို့နှုတ်ဖြင့် မမြွတ်ဆိုအပ်၊ မြွတ်ဆိုယွေ့လည်း မဖြစ်နိန်လဲ့ စကားများ ကြားရတာဟို ငါသိအယ်။ အဲသို့ ချီဆောင်ခြင်းခံရာနှိုက် ကိုယ်ခန္ဓာပါလျက် ချီဆောင်ခြင်း ခံရသလော အဲဟာမဟုတ်ရင် ကိုယ်ခန္ဓာမပါလျက် ချီဆောင်ခြင်း ခံရသလော ငါမသိ၊ ဘုရားသခင်သာ သိအယ်။
2CO 12:5 အဲလိုမို့ အဲသူရဲ့ အကျောန်းဟို ငါ ဝါကြွားမယ် အားပေမဲ့ မိမိရဲ့ အားနည်းချက်များမှတပါး အခြားအရာများအကျောန်းဟို ဝါကြွားလိမ့်မယ် မဟုတ်။
2CO 12:6 ငါဟ ဝါကြွားရန် အလိုဆိရင်လည်း အမန်ဟိုသာ ပြောမယ်ဖြစ်ယွေ့ မိုက်မဲသောသူဖြစ်မယ် မဟုတ်၊ အားပေမဲ့ စသူမျှ ငါ့ဟို မျော်ရတာထက် အဲဟာမဟုတ်ရင် ငါ့အကျောန်းဟို ကြားရတာထက် ပိုယွေ့ ငါ့ဟို မထင်မြင်မိစေရန် ငါမဝါကြွားဘဲ နေမယ်။
2CO 12:7 ငါမျော်ရသော အံ့ဖွယ်သော ရူပါရုံများကျောန့် ငါ့ကိုယ်ဟို အထင်မကြီးစေရန် ငါဟ မိမိကိုယ်ခန္ဓာတွင် နာကျင်သော ဝေဒနာဟို ခံစားနေရအယ်။ အဲအရာဟ စာတန်ရဲ့ တမန်လို ငါ့ဟို ဒဏ်ခတ်ယွေ့ ငါ့ရဲ့ မာန်မာနဟို ချိုးနှိမ်အယ်။
2CO 12:8 ဟေကိစ္စနဲ့ ပတ်သက်ယွေ့ ၎င်းဟို ငါ့ဆေမှ ဖယ်ဆှားပေးမဲ့အကျောန်း သခင်ဘုရားထံ သုံးကြိမ်တိုင်တိုင် ငါ တောင်းဆှောက်ခဲ့အယ်။
2CO 12:9 အားပေမဲ့ ကိုယ်တော်ဟ “ငါရဲ့ ကျေးဇူးဟ နင့်အတွက် လုံလောက်အယ်၊ အကျောန်းမှာ ငါရဲ့ တန်ခိုးဟ အားနည်းခြင်းအဖြစ်နှိုက် ပြေ့စုံတတ်အယ်” ဟု ငါ့အား မိန့်အယ်။ အဲကျောန့် ခရစ်တော်ရဲ့ တန်ခိုးဟ ငါ့အပေါ် တည်နေမဲ့အကျောန်း ငါဟ ငါရဲ့ အားနည်းခြင်းနှိုက် သာယွေ့ ဝမ်းမြောက်စွာ ဝါကြွားမယ်။
2CO 12:10 အဲလိုမို့ ခရစ်တော်ကျောန့် ငါခံရသော အားနည်းခြင်း၊ စော်ကားခြင်း၊ ဆင်းရဲခြင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းနဲ့ အနှောင့်အယှက်လို့ဟို ငါ နှစ်သက်အယ်။ အကျောန်းမှာ ငါဟ အားနည်းသောအခါ တန်ခိုးနဲ့ ပြေ့စုံလျက် ဆိအယ်။
2CO 12:11 ငါဟ သူရူးလို ပြုလေပီ အားပေမဲ့ နင်လို့ဟ ငါ့ဟို သူရူးဖြစ်အောန် ပြုကြအယ်။ နင်လို့ဟ ငါ့ဟို ထောက်ပံ့ပေးသင့်သူများ ဖြစ်အယ်။ ငါဟ မရေရာသောသူ ဖြစ်စေကာမူ နင်လို့ရဲ့ ထူးမြတ်လဲ့ တမန်တော်များထက် ပစာလိုနဲ့မျှ မညံ့။
2CO 12:12 ငါဟ တမန်တော်ဖြစ်ကျောန်းဟို နိမိတ်လက္ခဏာများ၊ အံ့ဩဖွယ်ရာများအားဖြင့် နင်လို့အား သည်းခံခြင်းဖြင့် ငါသက်သေပြခဲ့အယ်။
2CO 12:13 ငါဟ နင်လို့ဟို မနှောင့်ယှက်သော အရာတခုဟို ထားရင်၊ နင်လို့ဟ အခြားသော အသင်းတော်ထက် စလို ယုတ်ညံ့တုန်း။ အဲသို့ ငါ ပစ်မားသော အပစ်ဟို ခွင့်လွှတ်ကြရန် တောင်းပန်အယ်။
2CO 12:14 အခု ငါဟ နင်လို့ဆေဟို တတိယကြိမ်လာရန် အသင့်ဆိအယ်၊ အားပေမဲ့ နင်လို့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေမယ် မဟုတ်။ အကျောန်းမှာ ငါဟ နင်လို့ရဲ့ ဥစ္စာများဟို အလိုဆိတာ မဟုတ်၊ နင်လို့ဟိုသာ အလိုဆိအယ်။ လူပဲ့သငယ်လို့ဟ မိဘလို့အတွက် စုဆောင်းရတာ မဟုတ်ဘဲ မိဘလို့ဟသာ လူပဲ့သငယ်လို့အတွက် စုဆောင်းရအယ်။
2CO 12:15 ငါဟ နင်လို့ဟို ကူညီရန် ဝမ်းမြောက်စွာ မိမိတတ်တိုင်းဟို လည်းကောင်း မိမိရဲ့ ဥစ္စာနဲ့ အားအင်ကုန်ခန်းစေမယ်။ ငါဟ နင်လို့ဟို ဟေမျှချစ်ရင် နင်လို့ဟ ငါ့ဟို လျော့ယွေ့ ချစ်ကြမယ်လော။
2CO 12:16 ငါဟ နင်လို့အား ဝန်မလေးစေခဲ့ကျောန်းဟို နင်လို့ ဝန်ခံကြလိမ့်မယ်။ အားပေမဲ့ ငါဟ ပရိယာယ်ဖြင့် နင်လို့အား လိမ်လည်လှည့်စားခဲ့တာဟု တစုံတယောက်ဟ စွပ်စွဲလိမ့်မယ်။
2CO 12:17 နင်လို့ဆေဟို ငါစေလွှတ်ခဲ့လဲ့သူများထဲမှ တစုံတယောက်အားဖြင့် နင်လို့ဟို ငါအမြတ်ထုတ်ခဲ့ဖူးသလော။
2CO 12:18 ငါဟ တိတုဟို နင်လို့ဆေသို့ လာရန် တိုက်တွန်းယွေ့ သူနဲ့အတူ ယုံကြည်သူတဦးဟို စေလွှတ်ခဲ့အယ်။ တိတုဟ နင်လို့ဟို အမြတ်ထုတ်ခဲ့သလော။ ငါလို့ဟ တူညီသော စိတ်သဘောဖြင့် ခြေရာတထပ်တည်း ဆှောက်လှမ်းခဲ့တာ မဟုတ်လော။
2CO 12:19 ငါလို့ဟ နင်လို့ဆေ့နှိုက် မိမိလို့တတ်တိုင်း ကာကွယ်ပြောဆိုနေကြတာဟု တချိန်လုံး နင်လို့ ထင်မှတ်နေကြသလော။ ငါလို့ဟ ဘုရားသခင် ဆေ့နှိုက် ခရစ်တော်ဟို အမှီပြုယွေ့ ပြောဆိုနေကြအယ်၊ ချစ်သောသူလို့၊ အရာအားလုံးဟ နင်လို့ရဲ့ တည်ဆောက်စရာအတွက် ဖြစ်အယ်။
2CO 12:20 ငါရောက်သောအခါ အကျောန်းတစုံတခုကျောန့် ငါတွေ့မျော်လိုလဲ့ အခြေအနေမျိုးတွင် နင်လို့အား မတွေ့ရမယ်ဟို လည်းကောင်း၊ နင်လို့ဟလည်း မိမိလို့ မျော်လိုလဲ့ အခြေအနေတွင် ငါလို့အား တွေ့ရကြမယ်ဟို လည်းကောင်း ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်း၊ အမျက်ထွက်ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ စော်ကားပြောဆိုခြင်း၊ အတင်းအဖျင်း ပြောဆိုခြင်း၊ မာနထောင်လွှားခြင်းနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းလို့ဟို ငါတွေ့ရမယ်ဟို စိုးရိမ်မိအယ်။
2CO 12:21 နောက်တဖန် နင်လို့ဆေဟို လာသောအခါ ငါရဲ့ ဘုရားသခင်ဟ ငါ့အား နင်လို့ဆေ့နှိုက် ငါ့ဟို နှိမ့်ချယွေ့ မခင်ဟ အပစ်ကျူးလွန်ခဲ့လျက်ပင် မိမိလို့ ပြုကျင့်ခဲ့လဲ့ ညစ်ညမ်းခြင်း၊ မတရားသော မေထုန်ပြုခြင်းနဲ့ ကာမဂုဏ်လိုက်စားခြင်းလို့ဟို နောင်တမရသေးသောသူ များစွာဆိလဲ့အတွက် ငါ ဝမ်းနည်းကြေကွဲရမယ်ဟိုလည်း စိုးရိမ်အယ်။
2CO 13:1 အခု တတိယအကြိမ် နင်လို့ဆေဟို ငါလာခဲ့မယ်။ ကျမ်းစာဟ ဖော်ပြသလို “သက်သေနေဦး အဲဟာမဟုတ်ရင် သုံးဦးရဲ့ ထွက်ဆိုချက်အားဖြင့် စကားအားလုံးဟ အတည်ပြုခြင်း ခံရလိမ့်မယ်။”
2CO 13:2 ငါပြောချင်တာ မခင်ဟ အပစ်ကျူးလွန်ခဲ့သူများနဲ့ အခြားသော သူအပေါင်းလို့အား ဒုတိယအကြိမ် ရောက်လာတုန်း ပြောခဲ့ဖူးပေမဲ့ အခု ငါဝေးသွားပီဖြစ်မို့ ငါ ထပ်ပြောဦးမယ်၊ ငါနောက်တကြိမ်လာသောအခါ စသူမျှ ပစ်ဒဏ်မှလွတ်မယ် မဟုတ်။
2CO 13:3 ခရစ်တော်ဟ ငါ့အားဖြင့် မိန့်ကျောန်း သက်သေဟို နင်လို့ အလိုဆိလဲ့အတိုင်း ငါလာသောအခါ ရဆိစေလိမ့်မယ်။ ခရစ်တော်ဟ နင်လို့နဲ့ ဆက်ဆံသောအခါ အားနည်းတော်မမူဘဲ မိမိတန်ခိုးတော်ဟို နင်လို့အား ထင်ဆှားစွာ ပြလေအယ်။
2CO 13:4 အကျောန်းမှာ ကိုယ်တော်ဟ အားနည်းခြင်းထဲတွင် လက်ဝါးကပ်တိုင်ပေါ်နှိုက် တင်ခြင်းခံခဲ့ရသော်လည်း ဘုရားသခင်ရဲ့ တန်ခိုးတော်အားဖြင့် အသက်ဆှင်အယ်။ အဲတိုင်းတိုင်း ငါလို့ဟလည်း ကိုယ်တော်နဲ့ တလုံးတဝတည်း ဆိသဖြင့် အားနည်းကြပေမဲ့ ငါလို့ဟ ဘုရားသခင်ရဲ့ တန်ခိုးတော်အားဖြင့် ကိုယ်တော်နဲ့အတူ အသက်ဆှင်လျက် နင်လို့နဲ့ ဆက်ဆံကြမယ်။
2CO 13:5 နင်လို့ဟ ယုံကြည်ခြင်းနှိုက် တည်ကြည်ခြင်း ဆိ၊ မဆိ မိမိတတ်တိုင်း ဆန်းစစ်ကြလော။ နင်လို့အထဲနှိုက် ခရစ်တော် ယေရှုဆိကျောန်း နင်လို့တတ်တိုင်း မသိကြသလော အဲဟာမဟုတ်ရင် နင်လို့ဟ စုံစမ်းစစ်ဆေးခြင်းနှိုက် ကျရှုံးသောသူများ ဖြစ်လေပီလော။
2CO 13:6 ငါလို့ဟ အစစ်ဆေးခြင်းနှိုက် ကျရှုံးသောသူများမဟုတ်ကျောန်း နင်လို့ သိလိမ့်မယ်ဟု ငါ မျော်လင့်အယ်။
2CO 13:7 နင်လို့ဟ မကောင်းသောအမှု တစုံတခုဟိုမျှ မပြုမဲ့အကျောန်း ဘုရားသခင်ဆေ ငါလို့ ဆုတောင်းကြအယ်။ ဟေသို့ဆိုခြင်းဟ စုံစမ်းစစ်ဆေးခြင်းဟို ငါလို့ အောန်မြင်ကျောန်း ထင်ဆှားစေရန်အတွက် မဟုတ်ဘဲ ငါလို့ဟ စစ်ဆေးခြင်းနှိုက် ကျရှုံးသောသူများလို ဖြစ်ကြရင် နင်လို့ဟ ကောင်းသောအမှုဟို ပြုနိန်ရန်အတွက် ဖြစ်အယ်။
2CO 13:8 အကျောန်းမှာ ငါလို့ဟ သမ္မာတရားဟို ဆန့်ကျင်ယွေ့ စလိုအမှုဟိုမျှ မပြုနိန်ကြ၊ အားပေမဲ့ သမ္မာတရားဘက်နှိုက် နေယွေ့ သာလျှင် ပြုနိန်ကြအယ်။
2CO 13:9 ငါလို့ အားနည်းရင်လည်း နင်လို့ အားကြီးသောအခါ ငါလို့ ဝမ်းမြောက်ကြအယ်။ နင်လို့ဟ ပြေ့ဝစုံလင်သောသူ ဖြစ်ကြရန်အတွက်လည်း ငါလို့ ဆုတောင်းကြအယ်။
2CO 13:10 ဟေအကျောန်းကျောန့် ဖြိုဖျက်ရန်အတွက် မဟုတ်ဘဲ တည်ဆောက်ရန်အတွက် ငါ့အား သခင်ဘုရား ပေးသောအခွင့်အာဏာဟို ငါရောက်လာသောအခါ ပြင်းထန်စွာ အသုံးမချရန် ငါဟ နင်လို့နဲ့ ကွဲကွာနေစဉ် ဟေအကျောန်းအရာများဟို ငါရေးလိုက်အယ်။
2CO 13:11 နောက်ဆုံးအနေဖြင့်၊ ညီအကိုလို့ ဝမ်းမြောက်ကြလော့။ စုံလင်ခြင်းဟို ရောက်ကြလော့၊ နှစ်သိမ့်ခြင်းဟို ခံစားကြလော့၊ စိတ်တညီတညွတ်တည်း ဆိယွေ့ သင့်မြတ်စွာ နေကြလော့။ ချစ်ခြင်း မေတ္တာနဲ့ ငြိမ်သက်ခြင်းလို့ရဲ့ ဘုရားသခင်ဟ နင်လို့နဲ့အတူ ဆိလိမ့်မယ်။
2CO 13:12 အချင်းချင်း သန့်ဆှင်းသော အနမ်းဖြင့် နှုတ်ဆက်ကြလော့။
2CO 13:13 သန့်ဆှင်းသူအပေါင်းလို့ဟ နင်လို့ဟို နှုတ်ဆက်ကြအယ်။
2CO 13:14 သခင် ယေရှုခရစ်တော်ရဲ့ ကျေးဇူးတော်၊ ဘုရားသခင်ရဲ့ မေတ္တာတော်နဲ့ သန့်ဆှင်းသော ဝိညာဉ်တော်ရဲ့ မိတ်သဟာယ ဖွဲ့ခြင်းလို့ဟ နင်လို့အားလုံးနဲ့အတူ ဆိပါစေသော။
GAL 1:1 လူလို့ဆေမှ မဟုတ်၊ လူ့အားဖြင့်လည်း မဟုတ်ဘဲ ယေရှု ခရစ်တော်နဲ့ ကိုယ်တော်ဟို သေခြင်းမှ ဆှင်ပြန်ထမြောက်စေသော ခမည်းတော် ဘုရားသခင်အားဖြင့် တမန်တော်ဖြစ်သော ငါ ပေါလုမှစယွေ့၊
GAL 1:2 ငါနဲ့အတူဆိသော ယုံကြည်သူအားလုံးလို့ဟ၊
GAL 1:3 ငါလို့အဖ ဘုရားသခင်နဲ့ သခင် ယေရှု ခရစ်တော်ဟ ကျေးဇူးတော်နဲ့ ငြိမ်သက်ခြင်းဟ နင်လို့နှိုက် ဆိပါစေ၊
GAL 1:4 ငါလို့အား ဟေဆိုးသော အခုကာလမှ ကယ်နုတ်စေရန်အတွက်၊ ခရစ်တော်ဟ ငါလို့ရဲ့ ဘုရားသခင်နဲ့ ခမည်းတော်ရဲ့ အလိုတော်ဟို နာခံပင်း ငါလို့ အပစ်များအတွက် မိမိကိုယ်ကို စွန့်အယ်၊
GAL 1:5 ဘုရားသခင်နှိုက် ထာဝရ ဘုန်းကြီးပါစေသော။ အာမင်။
GAL 1:6 နင်လို့ဟ ခရစ်တော်ရဲ့ ကျေးဇူးတော်အားဖြင့် ခေါ်သောသူဟို အချိန်အမြန် စွန့်ခွာယွေ့၊ တခြားသော သတင်းကောင်းဟို လက်ခံကြတာဟို ငါရမ်းဆာ့ အံ့ဩအယ်။
GAL 1:7 အမန်တကယ် “တခြားသတင်းကောင်း” မဆိပါ၊ အဲလိုလဲ ခရစ်တော်ရဲ့ သတင်းကောင်းဟို ပြောင်းလဲရန် ကြိုးစားနေသော သူအချို့ဆိသောကျောန့် ငါဟေလို့ ပြောချင်းဖြစ်အယ်။
GAL 1:8 အဲလိုလဲ ငါလို့ကဖြစ်စေ အဲဟာမဟုတ်ရင် ခေါန်းခင်မှ ခေါန်းခင်တမန်ဖြစ်စေ နင်လို့အား ငါလို့ ဟောပြောလဲ့ သတင်းကောင်းနဲ့ ကွဲပြားခြားနားလဲ့အရာဟို ဟောပြောရင်၊ ဘုရားသခင်ရဲ့ ကျိန်ခြင်းအောက်နှိုက် နေကြစေ။
GAL 1:9 ငါလို့ ပြောခဲ့လဲ့အတိုင်း၊ အခုလည်း ထပ်ပင်း ငါပြောတာဟ တစုံတယောက်သည် နင်လို့ လက်ခံခဲ့ပင်းသော သတင်းကောင်းနဲ့ ကွဲပြားခြားနားလဲ့အရာဟို ဟောပြောနေရင်၊ ဘုရားသခင်ရဲ့ ကျိန်ခြင်းအောက်နှိုက် နေကြစေ။
GAL 1:10 ငါအခု လူတွေရဲ့ သဘောတူညီချက်ဟို ရယူဖို့ ကြိုးစားနေသလော အဲဟာမဟုတ်ရင် ဘုရားသခင်ရဲ့ သဘောတူညီချက်ဟို ရယူဖို့ ကြိုးစားနေသလော၊ အဲဟာမဟုတ်ရင် ငါလူလို့ဟို နှစ်သက်အောန် ကြိုးစားနေသလော။ ငါဟ လူတွေဟို နှစ်သက်အောန် ကြိုးစားနေသေးရင်၊ ငါဟ ခရစ်တော်ရဲ့ အစေခံဖြစ်မယ် မဟုတ်ပါ။
GAL 1:11 ညီအကိုနဲ့ ညီမလို့၊ ငါဟောပြောသော သတင်းကောင်းဟ လူလို့ဖန်တီးထားသောအရာ မဟုတ်ကျောန်း နင်လို့အား ငါသိစေချင်အယ်။
GAL 1:12 ငါဟ စလိုလူဆေမှ ငါလက်ခံရဆိတာမဟုတ်၊ စသူမှ ငါ့ဟို သင်ပေးခဲ့တာ မဟုတ်။ အေးအရာဟို ယေရှုခရစ်ရဲ့ ဗျာဒိတ်အားဖြင့်သာ ငါရဆိခဲ့အယ်။
GAL 1:13 ယုဒဘာသာဟို ကိုးကွယ်တဲ့အခါ ငါစလို နေထိန်ခဲ့အယ်ဆိုတာ နင့်ဟို ပြောဖူးအယ်။ ငါဟ ဘုရားသခင်ရဲ့ အသင်းတော်ဟို သနားညှာတာမှု မဆိဘဲ စလို နှိပ်စက်ညှဉ်းဆဲပင်း ဖျက်ဆီးရန် အကောင်းဆုံး ကြိုးစားခဲ့အယ်။
GAL 1:14 ငါဟ ယုဒဘာသာတရားနှိုက် ငါလူမျိုးထဲဆိ သက်တူရွယ်တူများထက် ပိုယွေ့ ငါလို့ဖိုးဖေးလို့ရဲ့ စလေ့ထုံးတမ်းများနဲ့ ပတ်သက်ယွေ့ ရမ်းဆာ့ စိတ်အားထက်သန်ခဲ့တာဟိုလည်း နင်လို့ ကြားသိထားအယ်။
GAL 1:15 အဲလိုလဲ ဘုရားသခင်ဟ ငါ့ဟို မမွေးခင်ကပင် ကျေးဇူးတော်အားဖြင့် ရွေးချယ်ခဲ့ပင်း ငါ့ဟို သူရဲ့အစေခံရန် ခေါ်ခဲ့အယ်။ အားပင်း သူဆုံးဖြတ်သောအခါ
GAL 1:16 မိမိရဲ့ သားတော်အကျောန်းဟို လူမျိုးခြားလို့တွင် ဟောပြောစေရန်အတွက် အေးသားတော်ဟို ငါ့အား ဖော်ပြရန် အလိုဆိသောအခါ ငါဟ အသွေးအသားနဲ့ တိုင်ပင်ခြင်းဟို မပြု။
GAL 1:17 ငါ့ဆေ့မှာ တမန်တော်ဖြစ်တဲ့ သူတွေဟို တွေ့ဖို့ ယေရုရှလင်မြို့ဟို ငါသွားမဲ့အစား ငါ အာရေဗျပြေဟို ခုတင်ချင်း သွားခဲ့အယ်။ အဲပင်းရင် ငါဟ ဒမာသက်မြို့ဟို ပြန်လာခဲ့အယ်။
GAL 1:18 သုံးနှစ်ကြာပင်းနောက် ပေတရုနဲ့ ရင်းနှီးကျွမ်းဝင်ရန် ယေရုရှလင်မြို့ဟို တက်သွားခဲ့ပင်း ငါဟ သူနဲ့အတူ ဆယ့်ငါးရက် နေခဲ့အယ်။
GAL 1:19 ဘုရားသခင်ရဲ့ ညီယာကုပ်ဟ လွဲပင်း တခြားသော တမန်တော်များဟို ငါမမျော်ခဲ့။
GAL 1:20 ငါရေးတာဟ အမန်ဖြစ်အယ်။ ငါမဝါဘူး ဆိုတာ ဘုရားသခင် သိအယ်၊
GAL 1:21 အေးနောက် ရှုရိပြေနဲ့ ကိလိကိပြေမှာဆိလဲ့ နေရာများဟို သွားခဲ့အယ်။
GAL 1:22 အေးအချိန်တွင် ခရစ်တော်နှိုက်ဆိသော ယုဒပြေဆိ အသင်းတော်များဟ ငါအား ပုဂ္ဂိုလ်ရေးအရ မသိပေ။
GAL 1:23 “မခင်ဟ ငါလို့ဟို ညှဉ်းဆဲခဲ့သောသူဟ တချိန်ဟ သူဖျက်ဆီးရန် ကြိုးစားခဲ့သော ယုံကြည်ခြင်းဟို အခု ဟောပြောနေအယ်” ဟု သူများတွေပြောတာဟို သူလို့ သိကြအယ်။
GAL 1:24 အေးကျောန့် သူလို့ဟ ငါ့ကျောန့် ဘုရားသခင်ဟို ချီးမွန်းကြအယ်။
GAL 2:1 ဆယ့်လေးနှစ်ကြာပင်းနောက် ငါဟ တိတုဟို ခေါ်ယွေ့ ဗာနဗနဲ့အတူ ယေရုရှလင်မြို့ဟို ပြန်တက်သွားလေအယ်။
GAL 2:2 သွားသင့်အယ်လို့ ဘုရားသခင်ဟ ဖော်ပြသောကျောန့် ငါသွားခဲ့အယ်။ ခေါင်းဆောင်များနဲ့ သီးသန့်တွေ့ဆုံမှုတွင် တပါးအမျိုးသားလို့အား ငါဟောပြောသော ဧဝံဂေလိတရား စကားဟို ဆှင်းပြခဲ့အယ်။ အတိတ် အဲဟာမဟုတ်ရင် ပစ္စုပ္ပန်မှာ ငါအလုပ်ဟ အလကားကား ဖြစ်စေချင်ဝူး။
GAL 2:3 ငါ့ရဲ့အဖော် တိတုဟ ဟေလသလူမျိုး ဖြစ်သော်လည်း အရေဖျားလှီးခြင်းခံရန် အတင်းအကျပ်စေခိုင်းခြင်းဟို မခံရပေ။
GAL 2:4 အဲလို့ပြောရခြင်းမှာ လျှို့ဝှက်စွာ ဝင်လာသော ယုံကြည်သူ အတုအယောင်များ အချို့ဆိကြသောကျောန့် ဖြစ်အယ်။ အေးသူလို့ဟ ငါလို့ဟို ကျွန်ခံစေလိုယွေ့ ခရစ်တော် ယေရှုအားဖြင့် ငါလို့ရဆိသော ငါလို့လွတ်လပ်ခြင်းဟို စုံစမ်းရန် ဝင်ရောက်လာကြအယ်။
GAL 2:5 အဲလိုလဲ သတင်းကောင်းဆိုင်ရာ သမ္မာတရားဟို နင်လို့အတွက် ဆက်ယွေ့ တည်နေ့မဲ့အကျောန်း ငါလို့ဟ သူလို့ဟို ခဏမျှပင် မလိုက်လျောခဲ့ကြပေ။
GAL 2:6 အေးအထင်ကရဖြစ်သောသူလို့ဟ မခင်ဟ စလိုလူဖြစ်ပါစေ ငါ့အတွက် အကျောန်းမဟုတ်။ ဘုရားသခင်ဟ လူ့မျက်နှာဟို မထောက်၊ သူလို့ဟ ငါ့အပေါ် စလိုအရာဟိုမျှ မဖြည့်စွက်ခဲ့ကြပေ။
GAL 2:7 အဲအစား သတင်းကောင်းဟို ဟောပြောရန် အရေဖျားလှီးခြင်းဟို ခံသောသူလို့အတွက် ပေတရုနှိုက် တာဝန်ပေးသလိုမျိုး အရေဖျားမလှီးသော သူလို့အတွက် ငါနှိုက် တာဝန်ပေးတာဟို သူလို့တွေ့မျော်ကြအယ်။
GAL 2:8 အကျောန်းမှာ အရေဖျားလှီးထားသော သူလို့ရဲ့ တမန်တော်ဖြစ်စေရန် ပေတရု အထဲနှိုက် စီမံလုပ်ဆောင်သော အဆှင်ဟ လူမျိုးခြားလို့ရဲ့ တမန်တော်ဖြစ်စေရန် ငါအထဲနှိုက်လည်း စီမံလုပ်ဆောင်အယ်။
GAL 2:9 အသင်းတော်ရဲ့ မဏ္ဍိုင်များဖြစ်တာဟု မှတ်ယူခြင်းခံရသော ယာကုပ်၊ ပေတရုနဲ့ ယောဟန်လို့ဟ ငါ့အား ပေးထားသော ကျေးဇူးတော်ဟို သိမျော်ယွေ့ မိတ်သဟာယ ဖွဲ့ခြင်း လက်ယာလက်ဟို ငါနဲ့ ဗာနဗလို့အား ကမ်းလျက်၊ ငါလို့ဟ လူမျိုးခြားများဆေဟို သွားရန်နဲ့ သူလို့ အရေဖျားလှီးထားသော သူလို့ဆေဟို သွားရန် သဘောတူကြအယ်။
GAL 2:10 သူလို့ တောင်းဆိုသမျှဟ သူလို့အဖွဲ့ထဲမှာ လိုအပ်နေသောသူတွေဟို သတိရစေရန် ဖြစ်အယ်။ အေးအရာဟို ငါလုပ်ချင်စိတ် ပြင်းပြခဲ့အယ်။
GAL 2:11 အဲလိုလဲ ပေတရု အန္တိအုတ်မြို့ဟို လာသောအခါ၊ သူဟ လုံးလုံးမားသောကျောန့် ငါဟ သူ့ဟို လူလို့ဆေ့မှာ အပစ်တင်အယ်။
GAL 2:12 အကျောန်းမှာ ယာကုပ် စေလွှတ်လိုက်သော လူအချို့လို့ အေးဟို မရောက်လာခင်၊ ပေတရုဟ လူမျိုးခြား ယုံကြည်သူများနဲ့အတူ စားသောက်နေခဲ့အယ်။ အဲလိုလဲ သူလို့ရောက်လာပင်းနောက် သူဟ တပါးအမျိုးသားလို့နဲ့အတူ မစားတော့ပဲ တွန့်ဆုတ်နေပင်း သူဟ အရေဖျားလှီးထားသော သူလို့ဟို ကြောက်သောကျောန့် ဖြစ်အယ်။
GAL 2:13 အခြား ယုဒယုံကြည်သူများဟလည်း ပေတရုနဲ့အတူ သူတော်ကောင်းယောင်ဆောင်သူများလိုမျိုး စတင် ပြုမူလာကြပင်း ဗာနဗတောင်မှ သူလို့ရဲ့ သူတော်ကောင်းယောင်ဆောင်မှုနောက် လိုက်ပါသွားခဲ့အယ်။
GAL 2:14 သူလို့ဟ သတင်းကောင်းရဲ့ သမ္မာတရားနဲ့အညီ ဖြောင့်မတ်စွာ ဆှောက်လှမ်းခြင်း မဆိတာဟို ငါမျော်သောအခါ သူလို့ဆေ့မှာ ပေတရုအား “ယုဒလူမျိုးဖြစ်သော နင်ဟ ယုဒလူမျိုးလိုမျိုး မနေထိန်ဘဲ လူမျိုးခြားလိုမျိုး နေထိန်အယ်။ စလိုလဲ။ အဲပင်းရင် တပါးအမျိုးသားတွေဟို ယုဒလိုမျိုး နေထိန်ခိုင်းဖို့ ကြိုးစားနိန်မလော” ဟု ငါပြောအယ်။
GAL 2:15 တကယ်ပဲ၊ ငါလို့ဟ မွေးရာပါ ယုဒလူများဟု ခေါ်ကြလဲ့အတိုင်း “လူမျိုးခြား အပစ်သားများ” မဟုတ်ပါ။
GAL 2:16 အကျောန်းမှာ လူဟ ပညတ်တရားနဲ့ဆိုင်သော အကျင့်အားဖြင့် မဟုတ်ဘဲ ယေရှု ခရစ်တော်ဟို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်တာဟု အသိအမှတ်ပြုခံရကျောန်း ငါလို့ သိကြအယ်။ ငါလို့ဟ ပညတ်တရားနဲ့ဆိုင်သော အကျင့်အားဖြင့် မဟုတ်ဘဲ ခရစ်တော်ဟို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်တာဟု အသိအမှတ်ပြုခြင်း ခံရရန် ခရစ်တော် ယေရှုဟို ယုံကြည်ကြအယ်။ အကျောန်းမှာ ပညတ်တရားနဲ့ဆိုင်သော အကျင့်အားဖြင့် စသူမှ ဖြောင့်မတ်တာဟု အသိအမှတ်ပြုခြင်း ခံရမယ် မဟုတ်။
GAL 2:17 အေးလို့ဆိုရင် ငါလို့ဟ ခရစ်တော်အားဖြင့် ဖြောင့်မတ်တာဟု အသိအမှတ်ပြုခြင်း ခံရရန် ဆှာကြံနေကြစဉ် ငါလို့တတ်တိုင်း အပစ်သားများဖြစ်ကျောန်း တွေ့ဆိရတာဆိုရင် ခရစ်တော်ဟ အပစ်တရားရဲ့ အမှုဟို ဆောင်ရွက်နေသူ ဟု ဆိုလိုသလော။ လုံးဝ မဟုတ်ပေ။
GAL 2:18 ငါဖြိုဖျက်ခဲ့လဲ့ ဥပဒေစနစ်ဟို ပြန်လည်တည်ဆောက်မယ်ဆိုရင် ငါတတ်တိုင်း ပညတ်တရားဟို ဖောက်ဖျက်သောသူဖြစ်ကျောန်း ထင်ဆှားစေရာ ရောက်အယ်။
GAL 2:19 အေးလိုမို့ ငါဟ ဘုရားသခင်နှိုက် အသက်ဆှင်ရန် အလို့ငှာ ပညတ်တရားအားဖြင့် အသေသတ်ခြင်းဟို ခံရပါအယ်။ ငါဟ ခရစ်တော်နဲ့အတူ လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းဟို ခံရပီ။
GAL 2:20 အေးလိုမို့ ငါအသက်ဆှင်တာဟ ငါတတ်တိုင်း မဟုတ်တော့ဘဲ ခရစ်တော်ဟ ငါနှိုက် အသက်ဆှင်အယ်။ အခု ငါအသက်ဆှင်သော ဟေအသက်ဟ ငါ့ဟို ချစ်ယွေ့ ငါ့အတွက် သူ့အသက်ဟို ပေးလှူသော ဘုရားသခင်ရဲ့ သားတော်ဟို ယုံကြည်ခြင်းအားဖြင့် အသက်ဆှင်နေအယ်။
GAL 2:21 ငါဟ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို မငြင်းပေမဲ့ လူတဦးဟ ပညတ်တရားအားဖြင့် ဘုရားသခင်နဲ့ မန်ကန်နေရင် ခရစ်တော်ဟ အလကားကား အသေခံခြင်း ဖြစ်အယ်။
GAL 3:1 မိုက်မဲသော ဂလာတိပြေသားလို့ နင့်မျက်စေ့ဆေ့တွင် လက်ဝါးကပ်တိုင်မှာ ယေရှုခရစ်ရဲ့ အသေခံခြင်းအကျောန်းဟို ဆှင်းဆှင်းလင်းလင်း ဖော်ပြထားခြင်း ခံရလျက် စသူဟ နင်လို့ဟို ပြုစားလိုက်တာလုန်း။
GAL 3:2 အေးအချက်အား ငါ့ဟို ပြောပြကြပါ။ ပညတ်တရားနဲ့ဆိုင်သော အကျင့်အားဖြင့် ခံယူရဆိသလော။ အဲဟာမဟုတ်ရင် သတင်းကောင်းဟို ကြားနာပင်း ယုံကြည်ခြင်းဖြင့် နင်ဟ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟို ရဆိခဲ့ပါသလော။
GAL 3:3 နင်လို့ဟ ဟေလောက် မိုက်မဲကြသလော။ နင်ဟ ဘုရားသခင်ရဲ့ ဝိညာဉ်တော်အားဖြင့် အစပြုခဲ့ပင်း အခု နင်ရဲ့ သွေးသားဇာတိအားဖြင့် အဆုံးသတ်ချင်နေလော။
GAL 3:4 နင့်ရဲ့ အတွေ့အကြုံတွေအားလုံးဟ အဓိပ္ပာယ် မဆိဘူးလော။ တခုခုဟို ဆိုလိုတာ သေချာအယ်။
GAL 3:5 အေးလိုမို့ ငါတခါ ထပ်မေးမယ်၊ ဘုရားသခင်ဟ နင့်အား သူရဲ့ဝိညာဉ်တော်ကို ပေးသနားပင်း ပညတ်တရားရဲ့ အကျင့်အားဖြင့် နင်လို့တွင် အံ့ဖွယ်အမှုများကို လုပ်ဆောင်စေသလော၊ အဲဟာမဟုတ်ရင် နင်ကြားနာပင်း ယုံကြည်ကြကျောန့် အေးလို့ ပြုကြသလော။
GAL 3:6 အာဗြဟံရဲ့ အတွေ့အကြုံဟို သုံးသပ်ကျေ့ပါ၊ ကျမ်းစာပြောထားတဲ့အတိုင်း “သူဟ ဘုရားသခင်ဟို ယုံကြည်ပင်း အဲယုံကြည်ခြင်းကျောန့် ဘုရားသခင်ဟ သူ့ဟို ဖြောင့်မတ်သူအဖြစ် လက်ခံခဲ့အယ်။”
GAL 3:7 နင်လို့ သဘောပေါက်သင့်အယ်၊ အဲပင်းရင် အာဗြဟံရဲ့ အမျိုးအနွယ် အစစ်အမန်များဟ ယုံကြည်ခြင်းဆိသူများ ဖြစ်အယ်။
GAL 3:8 ဘုရားသခင်ဟ လူမျိုးခြားများဟို ယုံကြည်ခြင်းအားဖြင့် မိမိကိုယ်ဟို မန်ကန်စေမယ်ဟု သမ္မာကျမ်းစာဟ ကြိုတင်သိမြင်ပင်း အာဗြဟံအား “နင်လို့အားဖြင့် ဘုရားသခင်ဟ လူအားလုံးလို့ဟို ကောင်းချီးပေးလိမ့်မယ်” ဟု သတင်းကောင်းဟို ကြေညာခဲ့အယ်။
GAL 3:9 အာဗြဟံဟ ယုံကြည်ပင်း ကောင်းချီးခံစားရအယ်၊ အဲလိုမို့ ယုံကြည်သောသူအပေါင်းလို့ဟ သူလိုမျိုး ကောင်းချီးခံစားရကြအယ်။
GAL 3:10 ပညတ်တရားဟို နာခံခြင်းအပေါ် မှီခိုသောသူများဟ ကျိန်ခြင်းအောက်တွင် နေထိန်ကြအယ်။ အကျောန်းမှာ ကျမ်းစာပြောတာဟ “ပညတ်တရားကျမ်းနှိုက် ရေးထားသမျှသောအရာလို့ဟို အမြဲမနာခံသောသူဟ ဘုရားသခင်ရဲ့ ကျိန်ခြင်းအောက်နှိုက် ဆိအယ်။”
GAL 3:11 အခု ကျမ်းစာပြောတာဟ “ဖြောင့်မတ်သောသူဟ ယုံကြည်ခြင်းအားဖြင့် အသက်ဆှင်လိမ့်မယ်” ဖြစ်သောကျောန့် ပညတ်တရားအားဖြင့် စသူမှ ဘုရားသခင်ဆေ့နှိုက် ဖြောင့်မတ်တာဟု အသိမှတ်ပြုခြင်း ခံရမယ်မဟုတ်ကျောန်း သိသာ ထင်ဆှားအယ်။
GAL 3:12 အဲလိုလဲ ပညတ်တရားဟ ယုံကြည်ခြင်းနဲ့ မသက်ဆိုင်ပါ။ အဲအစား ကျမ်းစာပြောတာအရ “ပညတ်တရားအတိုင်း ကျင့်သုံးသောသူဟ အသက်ဆှင်လိမ့်မယ်။”
GAL 3:13 အဲလိုလဲ ငါလို့အတွက် ကျိန်ခြင်းခံရခြင်းအားဖြင့် ခရစ်တော်ဟ ငါလို့ဟို ပညတ်တရားရဲ့ ကျိန်ခြင်းမှ ရွေးနှုတ်အယ်။ အကျောန်းမှာ ကျမ်းစာပြောတာဟ “သစ်တိုင်ပေါ်မှာ ဆွဲခြင်းခံရသူတိုင်း ဘုရားသခင်ရဲ့ ကျိန်ခြင်းဟို ခံရအယ်။”
GAL 3:14 အာဗြဟံအား ဘုရားသခင် ကတိထားသော ကောင်းချီးမင်္ဂလာဟို ခရစ်တော် ယေရှုအားဖြင့် လူမျိုးခြားလို့အား ပေးစေဖို့ ခရစ်တော်ဟ အေးလို့ပြုအယ်။ အေးလိုမို့ ဘုရားသခင် ကတိထားတဲ့ ဝိညာဉ်တော်ဟို ယုံကြည်ခြင်းအားဖြင့် ငါလို့ခံယူရဆိရန် ဖြစ်အယ်။
GAL 3:15 ငါ့မိတ်ဆွေလို့၊ နေ့တိုင်း ဥပမာသုံးပင်း ငါပြောမယ်။ ကိစ္စတခုဟို လူနေဦး သဘောတူပင်း သဘောတူစာချုပ်ဟို လက်မှတ်ရေးထိုးလဲ့အခါ စသူမှ အေးအရာဟို မချိုးဖျက်နိန် အဲဟာမဟုတ်ရင် တစုံတခုဟို ဖြည့်စွက်ခြင်း မပြုရ။
GAL 3:16 အခု ဘုရားသခင်ဟ အာဗြဟံနဲ့ သူရဲ့အမျိုးအနွယ်အား ကတိတော်များ ပေးခဲ့အယ်။ ကျမ်းစာတွင် “အမျိုးအနွယ်လို့” ဟု အများသောသူများဟို ပြောတာမဟုတ်ဘဲ တယောက်သောသူဟိုသာ ရည်ညွန်းယွေ့ “နင့်ရဲ့အမျိုးအနွယ်” ဟု မိန့်အယ်။ အဲသူဟ ခရစ်တော် ဖြစ်အယ်။
GAL 3:17 ငါဆိုလိုတာဟ ဘုရားသခင်သည် အာဗြံဟံနဲ့ ပဋိညာဉ်ဖွဲ့ပင်း ဆက်လက်ယွေ့ ကတိထားအယ်။ အနှစ်လေးရာသုံးဆယ်ကြာပင်းနောက် ပေးထားလဲ့ ပညတ်တရားဟ အေးပဋိညာဉ်ဟို ချိုးဖျက်ပင်း ဘုရားသခင်ရဲ့ ကတိတော်ဟို ပယ်ဖျက်ယွေ့ မရပေ။
GAL 3:18 အကျောန်းမှာ ဘုရားသခင်ရဲ့ ဆုကျေးဇူးဟ ပညတ်တရားပေါ်မှာ မူတည်တာဆိုရင် ကတိတော်ပေါ်တွင် မူတည်တော့မယ် မဟုတ်ပါ။ စလိုဖြစ်ဖြစ် ဘုရားသခင်ဟ အာဗြဟံအား အေးလက်ဆောင်ဟို ပေးခဲ့သော ကတိတော်ကျောန့် ဖြစ်အယ်။
GAL 3:19 အေးလို့ဆိုရင် ပညတ်တရားရဲ့ ရည်ရွယ်ချက်ဟ စလိုလုန်း။ အမားအယွင်းများကျောန်း ပြသရန်အတွက် ထည့်သွင်းထားပင်း ကတိပေးခဲ့သော အာဗြံဟံရဲ့ အမျိုးအနွယ် ပေါ်ထွန်းလာချိန်အထိ တည်တံ့ရန် ရည်ရွှယ်ခဲ့အယ်။ ပညတ်တရားဟို ခေါန်းခင်တမန်များဟ ပေးအပ်ခဲ့ပင်း လူတဦးဟ အချင်းချင်း ကြားဝင်စေ့စပ် ပေးအယ်။
GAL 3:20 အဲလိုလဲ ကြားဝင်စေ့စပ်သူဟ တဖက်နဲ့သာ ဆိုင်တာမဟုတ်။ ဘုရားသခင်ဟ တပါးတည်း ဖြစ်အယ်။
GAL 3:21 ပညတ်တရားဟ ဘုရားသခင်ရဲ့ ကတိတော်များနဲ့ ဆန့်ကျင်တာဟို ဆိုလိုသလော။ စလိုမှ ဟုတ်ဝူး။ အကျောန်းမှာ လူသားလို့ဟ အသက်ဟို ဆောင်ကြဉ်းနိန်သော ပညတ်တရားဟို ခံယူကြရင်၊ အေးနောက် လူတိုင်းဟ ဘုရားသခင်ဟို နာခံခြင်းဖြင့် မန်ကန်စွာ ရပ်တည်နိန်မယ် ဖြစ်အယ်။
GAL 3:22 အဲလိုလဲ ကမ္ဘာတခုလုံးဟ အပစ်တရားရဲ့ လက်အောက်တွင် ဆိနေတာဟု ကျမ်းစာဟ ပြောအယ်။ အေးလိုမို့ ယေရှု ခရစ်တော်ဟို ယုံကြည်ခြင်းအပေါ် အခြေခံယွေ့ ကတိပြုထားလဲ့ ဆုကျေးဇူးဟို ယုံကြည်သော သူလို့အား ပေးအယ်။
GAL 3:23 အဲလိုလဲ ယုံကြည်ခြင်း အချိန် မရောက်ခင် ပညတ်တရားဟ ငါလို့အား ဟေလာလတ္တံ့သော ယုံကြည်ခြင်းဟို မပေါ်ထွန်းမချင်း အကျဉ်းသားအဖြစ် တုတ်ချေထားခဲ့အယ်။
GAL 3:24 အေးလိုမို့ ယုံကြည်ခြင်းအားဖြင့် ငါလို့ဟ ဘုရားသခင်ဆေ့နှိုက် ဖြောင့်မတ်အယ်လို့ ငါလို့အသိအမှတ်ပြု ခံရရန် ငါလို့ဟို ခရစ်တော် မကြွလာခင်အချိန်ထိ ပညတ်တရားဟ ငါလို့ရဲ့ အုပ်ထိန်းသူ ဖြစ်အယ်။
GAL 3:25 အခုအချိန်ဟ ယုံကြည်ခြင်းအတွက် အချိန်ရောက်ပီ ဖြစ်ယွေ့ ပညတ်တရားဟ ငါလို့နှိုက် အုပ်စိုးခြင်း မဆိ။
GAL 3:26 နင်လို့အားလုံးဟ ယုံကြည်ခြင်းအားဖြင့် ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်းဆိသော ဘုရားသခင်ရဲ့ လူပဲ့သငယ်များ ဖြစ်ကြအယ်။
GAL 3:27 နင်ဟ ခရစ်တော်နဲ့ တလုံးတဝတည်း နှစ်ခြင်းမင်္ဂလာဟို ခံခဲ့ပင်း အခုတွင် နင်ဟ ခရစ်တော်ဟို အဝတ်တန်ဆာလိုမျိုး ဝတ်ဆင်ကြအယ်။
GAL 3:28 အေးလိုမို့ ယုဒလူမျိုးများနဲ့ လူမျိုးခြားတွေကြား ကွာခြားမှု ဆိဝူး။ ကျွန်များနဲ့ လွတ်လပ်သူများ၊ ယောက်ျားနဲ့ မိန်းမကြား ကွာခြားမှု မဆိ၊ နင်လို့ဆိသမျှဟ ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်း ဖြစ်ကြအယ်။
GAL 3:29 နင်လို့ဟ ခရစ်တော်နဲ့ စပ်ဆိုင်ရင် အေးနောက် နင်တို့ဟ အာဗြဟံရဲ့ အမျိုးအနွယ်များ ဖြစ်ယွေ့ ဘုရားသခင် ကတိထားသောအရာကို ရဆိကြလိမ့်မယ်။
GAL 4:1 အဲလိုလဲ အခုမှာ ဆက်လက်ယွေ့ သူ့အဖရဲ့ ပိုင်ဆိုင်မှုကို လက်ခံမဲ့ အောင်နီငယ်ဟ အရာအားလုံးကို အမန်တကယ် ပိုင်ဆိုင်သော်လည်း ငယ်စဉ်ကပင် ကျွန်လိုမျိုး ဆက်ဆံခံရအယ်။
GAL 4:2 သူငယ်စဉ်အခါဟ သူ့အဖ သတ်မှတ်ထားတဲ့ အချိန်မတိုင်ခင်အထိ သူ့ကိစ္စတွေကို စီမံခန့်ခွဲတဲ့ သူရဲ့ လက်အောက်နှိုက် နေရအယ်။
GAL 4:3 အေးနည်းတိုင်းတိုင်း၊ ငါလို့ဟလည်း ဝိညာဉ်ရေးရာ ရင့်ကျက်မှုမရောက်ခင် လောကဟို အုပ်ချုပ်သော ဝိညာဉ်များရဲ့ ကျွန်များ ဖြစ်ခဲ့ကြအယ်။
GAL 4:4 အဲလိုလဲ နောက်ဆုံး မန်ကန်လဲ့အချိန် ရောက်လာသောအခါ၊ ဘုရားသခင်ဟ သူ့သားတော်ဟို စေလွှတ်ခဲ့အယ်။ သူဟ လူသားအမေ့တယောက်မှ မွေးဖွားလာပင်း ယုဒလူလို့ရဲ့ ပညတ်တရားအောက်နှိုက် နေထိန်ခဲ့ကာ
GAL 4:5 ပညတ်တရားအောက်နှိုက် ဆိသောသူများဟို ရွေးနှုတ်ရန် ဖြစ်အယ်။ အေးလိုမို့ ငါလို့ဟ ဘုရားသခင်ရဲ့ လူပဲ့သငယ်များ ဖြစ်လာရအယ်။
GAL 4:6 နင်လို့ဟ သူရဲ့ လူပဲ့သူငယ်များ ဖြစ်ကျောန်း ပြသရန် ဘုရားသခင်ဟ “အဗ္ဗ၊ ငါ့ အဖ” ဟု ကြွေးကြော်သော သားတော်ရဲ့ ဝိညာဉ်တော်ဟို ငါလို့ရဲ့ စိတ်နလုံးထဲဟို စေလွတ်ခဲ့အယ်။
GAL 4:7 အေးလိုမို့ နင်ဟ ကျွန် မဟုတ်တော့ဘဲ လူပဲ့ ဖြစ်အယ်။ အားပင်း နင်လို့ဟ သူရဲ့လူပဲ့ဖြစ်ကတည်းဟ ဘုရားသခင်သည် နင့်အား သူရဲ့လူပဲ့သူငယ်အတွက် ဆိသမျှဟို ပေးမယ်။
GAL 4:8 အတိတ်မှာ နင်လို့ဟ ဘုရားသခင်ဟို မသိခဲ့ကြသဖြင့် နင်လို့ဟ ဘုရားမဟုတ်သော အရာလို့နှိုက် ကျွန်ခံခဲ့အယ်။
GAL 4:9 အခုမှာ နင်လို့ဟ ဘုရားသခင်ဟို သိကြအယ် အဲဟာမဟုတ်ရင် ငါပြောသင့်တာဟ အခု ဘုရားသခင်ဟ နင့်ဟို သိကြအယ်။ အားနည်းယွေ့ ချမ်းသာမပေးနိန်လဲ့ အခြေခံတရားဖက်ကျောန့် စလို ပြန်လှည့်ချင်တာလုန်း။ အေးလောကီတရားနှိုက် တခါ ကျွန်ပြန်ယွေ့ ဖြစ်ချင်ကြသလော။
GAL 4:10 နင်လို့ဟ အချို့သော နေ့ရက်များ၊ လများ၊ ရာသီများနဲ့ နှစ်များဟို အထူးအလေးထားကြအယ်။
GAL 4:11 ငါ နင်အတွက် စိုးရိမ်အယ်။ နင်လို့အတွက် ငါလုပ်ခဲ့သော အရာအားလုံးဟ အလကားကား ဖြစ်ရမလော။
GAL 4:12 ငါ့မိတ်ဆွေလို့၊ ငါလိုမျိုးဖြစ်ကြပါလို့ နင်ဟို ငါ တောင်းပန်ပါအယ်။ နောက်ဆုံးမှာတော့ ငါဟ နင့်လိုပဲ ဖြစ်အယ်။ နင် ငါ့ဟို ပစာအမားမှ လုပ်ခဲ့ဝူး။
GAL 4:13 သတင်းကောင်းဟို ပထမဆုံးအကြိမ် နင့်ဟို ငါ ပစာကျောန့် ဟောခဲ့တာလဲ နင်မှတ်မိလော။ ငါကိုယ်ခန္ဓာ အားနည်းနေသောကျောန့် ဖြစ်အယ်။
GAL 4:14 အဲလိုလဲ ငါ့ရဲ့ကျန်းမာရေး အခြေအနေကျောန့် နင့်လို့အတွက် အနှောင့်အယှက်ဖြစ်သော်လည်း နင်လို့ဟ ငါ့ဟို မထီမဲ့မြင်မပြု အဲဟာမဟုတ်ရင် မငြင်းပယ်။ အဲအစား ဘုရားသခင်ရဲ့ ခေါန်းခင်တမန်လိုမျိုး ခရစ်တော် ယေရှုလိုမျိုး ငါ့ဟို လက်ခံကြအယ်။
GAL 4:15 နင်လို့ဟ ရမ်းဆာ့ ပျော်ရွှင်ကြအယ်။ ပစာဖြစ်သွားလုန်း။ နင်လို့ဖြစ်နိန်ရင် နင်လို့ရဲ့ ကိုယ့်မျက်စေ့ဟိုပင် ထုတ်ယွေ့ ပေးမယ်လို့ ငါတတ်တိုင်း ပြောနိန်အယ်။
GAL 4:16 ငါဟ နင်လို့ဟို သမ္မာတရားဟို ပြောသောကျောန့် အခုနင်လို့ရဲ့ ရန်သူ ဖြစ်သွားပီလော။
GAL 4:17 တခြားလူတွေဟ နင်ဟို ရမ်းဆာ့စိတ်ဝင်စားတယ်ဆိုတာ ပြတာမဟုတ်ဘဲ သူလို့ရဲ့ ရည်ရွှယ်ချက်ဟ မကောင်းဘူး။ သူလို့ လိုချင်တာဟ နင့်ဟို ငါနဲ့ ခွဲထားချင်အယ်။ အေးလိုမို့ နင့်ဟ သူလို့နှိုက် ဆိသလိုမျိုး သူတို့ဟို နင်နှိုက် တူညီသော စိတ်ဝင်စားမှု ဆိလိမ့်မယ်။
GAL 4:18 နင်နဲ့အတူ ငါဆိနေစဉ်တွင်မဟုတ်ဘဲ အမြဲတမ်း ကောင်းလဲ့ရည်ရွယ်ချက်ဖြင့် အရေးတယူပြုခံရတာဟ ကောင်းအယ်။
GAL 4:19 ငါ့ချစ်လှစွာသော လူပဲ့သငယ်များ၊ နောက်တခါ အောင်ငဲမွေးသော အမေ့လိုမျိုးပင်၊ ခရစ်တော်ရဲ့ အသွင်သဏ္ဌာန်ဟ နင့်အထဲနှိုက် ဖြစ်ပေါ်လာလဲ့ တိုင်အောန် နင့်အတွက် အဲတိုင်းတိုင်း နာကျင်မှုမျိုးကို ခံစားလျက်နေရအယ်။
GAL 4:20 ငါ နင်နဲ့ မတူတဲ့ သဘောထားကို ခံယူနိန်ဖို့ အခု ငါ နင်နဲ့ ဆိချင်မှ ဆိမယ်။ ငါဟ နင်လို့အတွက် ရမ်းဆာ့ စိုးရိမ်အယ်။
GAL 4:21 တရားဥပဒေကို လိုက်နာလိုသူများ မေးပါရစေ၊ ပညတ်တရား စကားဟို မကြားကြသလော။
GAL 4:22 အာဗြဟံတွင် သားနေယောက် ဆိအယ်။ တယောက်ဟ ကျွန်မရဲ့သား၊ နောက်တယောက်ဟ ကျွန် မဟုတ်သော မိန်းမရဲ့သား ဖြစ်အယ်။
GAL 4:23 ကျွန်မရဲ့သားဟ ဇာတိပကတိအားဖြင့် မွေးပေမဲ့ ကျွန် မဟုတ်သော မိန်းမမှ သူရဲ့သားဟို ဘုရားသခင်ရဲ့ ကတိတော်အရ မွေးဖွားခဲ့အယ်။
GAL 4:24 ဟေအရာများဟို ပုံဆောင်ချက်အဖြစ် နားလည်နိန်ပင်း မိန်းမနေဦးဟ ပဋိညာဉ်နေခုကို ကိုယ်စားပြုအယ်။ မိန်းမတယောက်ဟ ဟာဂရဖြစ်ပင်း မွေးဖွားလာသော လူပဲ့သငယ်ဟ သိနာတောင်မှာ ပြုလုပ်ထားတဲ့ ပဋိညာဉ်ကို ကိုယ်စားပြုတယ်။
GAL 4:25 ဟာဂရဟ အာရေဗျပြေဆိ သိနာတောင်အတွက် ကိုယ်စားပြုအယ်။ လူအားလုံးနဲ့ ကျွန်ခံနေတဲ့ လက်ဆိ ယေရုရှလင်မြို့ရဲ့ ပုံဆောင်မှု ဖြစ်ပါအယ်။
GAL 4:26 အဲလိုလဲ အထက်အရပ်တွင်ဆိသော ယေရုရှလင်မြို့ဟ လွတ်လပ်ယွေ့ သူဟ ငါလို့ရဲ့ အမေ့ဖြစ်အယ်။
GAL 4:27 အကျောန်းမှာ ကျမ်းစာပြောတာဟ၊ “လူပဲ့မဆိသော မိန်းမ၊ ပျော်ရွှင်လော၊ လူပဲ့ မွေးဖွားခြင်း ဝေဒနာဟို ဖယ်တုန်းကမှ မခံစားဖူးသူ၊ ဝမ်းသာအားရ ကြွေးကြော်ကြလော့၊ ဖိုးအိုဟ ပစာအခါမှ မစွန့်ပစ်သော မိန်းမထက် စွန့်ပစ်ခံရသော မိန်းမအတွက် လူပဲ့များ ပိုများလာမယ်။”
GAL 4:28 အခု၊ ငါ့ရဲ့မိတ်ဆွေလို့၊ နင်လို့ဟ ဣဇက်လိုမျိုး ကတိတော်ကျောန့် ဘုရားသခင်ရဲ့ လူပဲ့သငယ်များ ဖြစ်ကြအယ်။
GAL 4:29 အေးအချိန်တွင် ဇာတိပကတိအတိုင်း မွေးဖွားသော သားဟ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ကျောန့် မွေးဖွားလာသူအား ညှဉ်းဆဲခဲ့ပင်း အခုလည်း အေးနည်းတူ ဖြစ်အယ်။
GAL 4:30 အဲလိုလဲ ကျမ်းစာဟ စလိုဟောထားလုန်း။ “ကျွန်မနဲ့ သူ့သားကို မောင်းထုတ်လော့။ အကျောန်းမှာ ကျွန်မရဲ့ သားဟ ကျွန် မဟုတ်သော မိန်းမရဲ့သားနဲ့အတူ အဖရဲ့ ဥစ္စာကို မပိုင်ရ” ဟု ဆိုထားအယ်။
GAL 4:31 အေးနောက် ငါ့မိတ်ဆွေလို့၊ ငါလို့ဟ ကျွန်မရဲ့ လူပဲ့များ မဟုတ်ဘဲ ကျွန် မဟုတ်သော လူပဲ့များ ဖြစ်ကြအယ်။
GAL 5:1 လွတ်လပ်မှု ရဆိစေရန် ခရစ်တော်ဟ ငါလို့ဟို လွတ်မြောက်စေအယ်။ အေးနောက် လွတ်လပ်သော သူလို့လိုမျိုး ရပ်တည်ပင်း နင်တတ်တိုင်း နောက်တခါ ကျွန်ခံရာ ထမ်းပိုးဟို ထမ်းယွေ့ တုတ်ချေခြင်းဟို မခံကြနဲ့။
GAL 5:2 နားထောင်လော့။ ငါ ပေါလုပြောတာဟ နင်လို့တတ်တိုင်း အရေဖျားလှီးခြင်းဟို ခံစေရန် ခွင့်ပြုရင် ခရစ်တော်ဟ နင့်အတွက် လုံးဝအသုံးမဝင်ဟု ဆိုလိုအယ်။
GAL 5:3 အရေဖျားလှီးခြင်းကို ခံနိန်သော စသူမဆို ပညတ်တရားအားလုံးဟို လိုက်နာရမယ်ဟု ငါထပ်ယွေ့ သတိပေးအယ်။
GAL 5:4 ပညတ်တရားကို နာခံခြင်းအားဖြင့် ဘုရားသခင်နဲ့ မန်ကန်သဖြင့် ကျင့်ကြံအားထုတ်သော သူလို့ဟ ခရစ်တော်နဲ့ ကင်းကွာကြပီ။ နင်ဟ ဘုရားသခင်ရဲ့ ကျေးဇူးတော် အောက်နှိုက် မဆိ။
GAL 5:5 အကျောန်းမှာ ငါလို့ဟ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းဟို ရဆိမယ်ဟု မျော်လင့်ခြင်းဟို ဝိညာဉ်တော်နှိုက် အမှီပြုယွေ့ စောင့်မျော်နေကြအယ်။
GAL 5:6 အကျောန်းမှာ ငါလို့ဟ ယေရှု ခရစ်တော်နဲ့ တလုံးတဝတည်းဖြစ်သောအခါ အရေဖျားလှီးခြင်းဖြစ်စေ အရေဖျားမလှီးခြင်းဟ ခြားနားမှု မဆိပေ၊ ချစ်ခြင်းမေတ္တာအားဖြင့် လုပ်ဆောင်နိန်သော ယုံကြည်ခြင်းဟ အရေးကြီးအယ်။
GAL 5:7 နင်ကောင်းကောင်း လုပ်ဆောင်ခဲ့တာပဲ။ အမန်တရားကို မနာခံဖို့ စသူဟ တားတာလဲ။ သူဟ နင့်ဟို စလို သွေးဆောင်ခဲ့တာလဲ။
GAL 5:8 အေးအရာဟ နင့်ဟို ခေါ်တဲ့ ဘုရားသခင်ဆေဟ လာတာ ဟုတ်ဝူး။
GAL 5:9 ဆိုရိုးဆိလဲ့အတိုင်း “ကတစ်လေးသော တဆေးဟ မုန့်ညက်တပုံးလုံးဟို ဖောင်းပွစေတတ်အယ်။”
GAL 5:10 အဲလိုလဲ ငါ နင့်ဟို ယုံကြည်စိတ်ချနေတုန်းပဲ။ သခင်ဘုရားနဲ့ တလုံးတဝတည်းသော ငါလို့ရဲ့ အသက်တာဟ မတူညီသော အမြင်ဟို ခံယူမယ် မဟုတ်ကျောန်းနဲ့ နင့်အား စိတ်အနှောင့်အယှက် ဖြစ်စေသော စသူမဆို ဘုရားသခင်ဟ အပစ်ပေးခံရမယ်ဟု ငါ ယုံကြည်အယ်။
GAL 5:11 ညီအကိုနဲ့ နှမလို့၊ ငါဟ အရေဖျားလှီးခြင်းကို ဟောပြောသေးရင် ပစာကျောန့် ညှဉ်းဆဲခြင်းဟို ငါ ခံနေရသေးလုန်း။ အေးအခြေအနေတွင် လက်ဝါးကပ်တိုင်ရဲ့ ထိမိယွေ့ လဲစရာဟို ဖယ်ဆှားခြင်း ခံရပီ။
GAL 5:12 လှုံ့ဆော်သော သူလို့ဟ တလမ်းလုံး ဆှောက်သွားပင်းတော့ သူလို့တတ်တိုင်း သူလို့ သုတ်သင်ရင် ကောင်းလိမ့်မယ်။
GAL 5:13 ငါ့မိတ်ဆွေလို့၊ နင်လို့အတွက်ဟတော့ လွတ်လပ်မှုအတွက် ခေါ်ခြင်းခံရကြအယ်။ အဲလိုလဲ အေးလွတ်လပ်မှုဟာ နင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ဆန္ဒတွေကို ချုပ်ကိုင်ထားဖို့ အကျောန်းပြချက်တခု ဖြစ်လာအောန် မလုပ်ပါနဲ့။ အေးအစား ချစ်ခြင်းမေတ္တာအားဖြင့် အချင်းချင်း အစေခံစေ။
GAL 5:14 အကျောန်းမှာ ပညတ်တရား တခုလုံးဟို ပညတ်တော် တခုတည်းတွင် စုစည်းထားအယ်။ “နင့်ကိုယ်နင်ချစ်သလိုမျိုး နင့်ရဲ့ အိုင်နီးချင်းလည်းချစ်ပါ။”
GAL 5:15 အဲလိုလဲ နင်ဟ တောရိုင်းတိရိစ္ဆာန်တွေလို ပြုမူရင် တယောက်ဟို တယောက် နာကျင်စေရင် သတိထားပါ အဲဟာမဟုတ်ရင် နင်လို့ဟ အချင်းချင်း လုံးလုံး ဖျက်ဆီးကြလိမ့်မယ်။
GAL 5:16 ငါ အေးအရာဟို စလိုပြောလဲဆိုရင် ဝိညာဉ်တော်ဟ နင့်ရဲ့အသက်တာဟို ညွှန်ကြားပါစေ၊ အားပင်း နင်ဟ လူ့သဘောသဘာဝရဲ့ အလိုဆန္ဒများကို ဖြည့်ဆည်းပေးမယ် မဟုတ်ပေ။
GAL 5:17 အကျောန်းမှာ ငါလို့ရဲ့ လူ့သဘောသဘာဝဟ ဝိညာဉ်တော် အလိုဆိသောအရာနဲ့ ဆန့်ကျင်ဘက် ဖြစ်ပင်း ဝိညာဉ်တော် အလိုဆိသောအရာဟ ငါလို့ရဲ့ လူ့သဘောသဘာဝဆန္ဒနဲ့ ဆန့်ကျင်ဘက် ဖြစ်အယ်။ အေးနေခုဟ ရန်သူတွေ ဖြစ်ပင်း ဆိုလိုတာဟ နင်လုပ်ချင်တာကို လုပ်လို့ရဝူး။
GAL 5:18 ဝိညာဉ်တော်ဟ နင့်ဟို ပို့ဆောင်ရင် နင်ဟ ပညတ်တရားရဲ့အောက်နှိုက် ဆိကြအယ် မဟုတ်။
GAL 5:19 လူ့သဘောသဘာဝနဲ့ဆိုင်သော လုပ်ဆောင်မှုဟ သိသာထင်ဆှားအယ်။ သူလို့တတ်တိုင်းဟ အကျင့်ပျက်ခြင်း၊ စုတ်ပဲ့ခြင်းနဲ့ ကာမဂုဏ်လိုက်စားခြင်း၊
GAL 5:20 ရုပ်တုနဲ့ စုန်းအတတ်လို့ဟို ကိုးကွယ်ခြင်း ဖြစ်အယ်။ လူတွေဟ ရန်သူတွေ ဖြစ်လာပင်း ရန်ဖြစ်ကြတယ်။ သူလို့ဟ မနာလိုခြင်း၊ အူထော့ခြင်းနဲ့ တကိုယ်ကောင်းဆန်ခြင်းလို့ ဖြစ်လာကြအယ်။ သူလို့ဟ ပါတီတွေနဲ့ အုပ်စုတွေဟို ခွဲခြားထားအယ်၊
GAL 5:21 သူလို့ဟ ငြူစူခြင်း၊ သောက်စားမူးယဇ်ခြင်း၊ အပျော်လွန်ကြူးခြင်းလို့မှ စယွေ့ ဟေလိုမျိုး တခြားအရာတွေဟို လုပ်အယ်။ အရင်လိုပဲ ငါအခု နင့်ဟို သတိပေးတယ်။ အေးအရာများဟို ကျင့်သောသူလို့ဟ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟို ဝင်ရလိမ့်မယ် မဟုတ်ပေ။
GAL 5:22 အဲလိုလဲ ဝိညာဉ်တော်ရဲ့ အသီးအပွင့်ဟ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ဆှည်ခြင်း၊ ကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာဆိခြင်း၊
GAL 5:23 နှိမ့်ချခြင်း၊ မိမိကိုယ်ဟိုချုပ်တည်းခြင်းလို့ ဖြစ်အယ်။ ဟေလိုမျိုး အရာများဟို ဆန့်ကျင်သည့် ဥပဒေ မဆိပါ။
GAL 5:24 ခရစ်တော် ယေရှုနဲ့ စပ်လျဉ်းသောသူများဟ ဇာတိပကတိအား ကိလေသာဆန္ဒများဖြင့် လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြအယ်။
GAL 5:25 ဝိညာဉ်တော်ဟ ငါလို့ဟို အသက်ပေးအယ်၊ ငါလို့ရဲ့ဖဝါ့ဟို သူလည်း ထိန်းချုပ်ရမယ်။
GAL 5:26 မာနကြီးခြင်း၊ စိတ်ဆိုးခြင်း အဲဟာမဟုတ်ရင် အချင်းချင်း မနာလိုခြင်း မပြုရပါ။
GAL 6:1 ငါ့မိတ်ဆွေလို့၊ တစုံတဦးဟ စလို အမားမျိုးတွင် မဆို ဖမ်းဆီးမိပါက၊ ဝိညာဉ်သဘောဆိသော နင်လို့ဟ အေးသူဟို ဖြောင့်မတ်စွာ ထားသင့်ပေမဲ့ နူးညံ့သိမ်မွေ့သော နည်းဖြင့် လုပ်ရမယ်။ အားပင်း စုံစမ်းနှောင့်ယှက်ခြင်းဟို မပြုမယ့်အကျောန်း၊ ကိုယ်တတ်တိုင်း ကျေ့ရှုလော့။
GAL 6:2 ဝန်ထုပ်ဝန်ပိုးကို အချင်းချင်း ကူညီထမ်းကြလော့ အားပင်း အေးနည်းအားဖြင့် နင်ဟ ခရစ်တော်ရဲ့ ပညတ်တရားဟို နာခံလိမ့်မယ်။
GAL 6:3 အယောက်စီတိုင်းဟ ပစာမှမဟုတ်ဘဲလျက် မိမိကိုယ်ကို အရေးပါသူဟု ထင်ရင်၊ သူဟ ကိုယ့်တတ်တိုင်း လှည့်စားအယ်။
GAL 6:4 တယောက်စီတိုင်း ကိုယ့်အကျင့်စရိုက်ဟို စစ်ဆေးသင့်တယ်။ အဲပင်းရင် နင်တတ်တိုင်း လုပ်ခဲ့တဲ့အတွက် ဂုဏ်ယူနိန်ပင်း သူများလုပ်ထားတာတွေနဲ့ နှိုင်းယှဉ်စရာ လိုဝူး။
GAL 6:5 အကျောန်းမှာ တယောက်ချင်းစီအတွက် ကိုယ့်ဝန်ကိုယ် ထမ်းရမယ်။
GAL 6:6 နှုတ်ကပတ်တရားဟို သင်ကြားခံရခြင်းရင်၊ ဆရာ့ဆေမှာ ဆိတဲ့ ကောင်းတာတွေ အားလုံးကို ဝေငှသင့်တယ်။
GAL 6:7 ကိုယ်တတ်တိုင်း မလှည့်စားနဲ့၊ ဘုရားသခင်ဟို စသူမှ မထီလေးစား မလုပ်ရ။ နင်စိုက်ထားလဲ့အတိုင်း ရိတ်ရလိမ့်မယ်။
GAL 6:8 ဇာတိပကတိ အလိုဆန္ဒအတိုင်း စိုက်ရင် နင်ဟ သေခြင်းဟို ရိတ်သိမ်းရလိမ့်မယ်။ နင်ဟ ဝိညာဉ်တော်နှိုက် စိုက်ပျိုးရင် နင်ဟ ထာဝရအသက်ဟို ရိတ်သိမ်းရလိမ့်မယ်။
GAL 6:9 အေးလိုမို့ ကောင်းသောအမှုပြုရန် မငြီးငွေ့ပါနဲ့၊ အကျောန်းမှာ ငါလို့ အရှုံးမပေးရင်၊ ရိတ်ရသော အချိန်ရောက်လိမ့်မယ်။
GAL 6:10 အေးလိုမို့ ငါလို့အခွင့်ရသလိုမျိုး၊ အားပင်း အထူးသဖြင့် ယုံကြည်ခြင်းနှိုက် ငါလို့ရဲ့ မိသားစုနဲ့ သက်ဆိုင်သူများနဲ့ လူတိုင်းဟို ကောင်းသောအမှုပြုသင့်တယ်။
GAL 6:11 ငါဟ စလောက်ကြီးမားလဲ့ စာလုံးဟို အခု ငါလက်နဲ့ နင်လို့ဆေ ရေးလိုက်တာဟို ကျေ့လိုက်ပါ၊
GAL 6:12 ဇာတိပကတိအားဖြင့် လူတွေကို အထင်ကြီးချင်သူတွေဟာ အရေဖျားလှီးဖို့ အတင်းအကြပ် ကြိုးစားနေကြတယ်။ သူလို့ အေးလိုလုပ်ရခြင်းရဲ့ တခုတည်းသော အကျောန်းအရင်းကတော့ ခရစ်တော်ရဲ့ လက်ဝါးကပ်တိုင်ကျောန့် ညှဉ်းပန်းနှိပ်စက်ခြင်းကို ဆှောင်ကြဉ်ဖို့ပဲ ဖြစ်အယ်။
GAL 6:13 အရေဖျားလှီးခြင်းကို ခံသောသူလို့ပင် ပညတ်တရားကို မနာခံကြ၊ သူလို့ဟ ဟေရုပ်ပိုင်းဆိုင်ရာ အခမ်းအနားဟို တင်သွင်းကျောန်း ဝါကြွားနိန်စေရန် အရေဖျားလှီးခြင်းကို ခံစေလိုအယ်။
GAL 6:14 ငါအတွက်ကတော့ စလိုဖြစ်ဖြစ်၊ ငါလို့ သခင် ယေရှုခရစ်ရဲ့ လက်ဝါးကပ်တိုင်နှိုက်သာ ငါ ဝါကြွားမယ်။ လက်ဝါးကပ်တိုင်တော်အားဖြင့် ဟေလောကဟ ငါ့အတွက် အသေ ဖြစ်အယ်၊ အားပင်း ငါဟ လောကကြီးအတွက် သေပီ။
GAL 6:15 အရေဖျားလှီးခြင်းခံရတာ ဖြစ်စေ၊ မခံရတာ ဖြစ်စေ၊ လုံးဝ အရေးမကြီးပါ၊ အသစ်ဖန်ဆင်းခံရခြင်းသာ အရေးကြီးအယ်။
GAL 6:16 ဟေနည်းဥပဒေကို လိုက်နာသူတိုင်း ဘုရားသခင်ရဲ့ လူမျိုးတော်လို့နှိုက် ငြိမ်သက်ခြင်းနဲ့ ကရုဏာဟ ဆိပါစေ။
GAL 6:17 နိဂုံးချုပ်ရမယ်ဆိုရင် စသူမျှ ငါ့ကို ဒုက္ခမပေးစေနဲ့။ ပစာကို့ ငါ့ကိုယ်ခန္ဓာပေါ်ဆိ အမာရွတ်များက ငါဟ ယေရှုရဲ့ ကျွန်ဖြစ်တာကို ပြအယ်။
GAL 6:18 ငါ့မိတ်ဆွေလို့၊ ငါလို့ သခင် ယေရှုခရစ်ရဲ့ ကျေးဇူးတော်ဟ နင်လို့ရဲ့ စိတ်နေလုံးနှိုက်အတူ ဆိပါစေ။ အာမင်။
EPH 1:1 ပေါလုဟ ဘုရားသခင်ရဲ့ အလိုတော်အားဖြင့် ခရစ်တော် ယေရှုရဲ့ တမန်တော် ဖြစ်အယ်။
EPH 1:2 ငါလို့အဖ ဘုရားသခင်နဲ့ သခင် ယေရှုခရစ်ဟ နင်လို့အား ကျေးဇူးတော်နဲ့ ငြိမ်သက်ခြင်း ပေးသနားပါစေသော။
EPH 1:3 ခရစ်တော်နှိုက် ဝိညာဉ်ရေးရာ ကောင်းချီးမင်္ဂလာ ဆိသမျှဖြင့် ခေါန်းခင်ဘုံနှိုက် ငါလို့ဟို ကောင်းချီးပေးသော ငါလို့ သခင် ယေရှု ခရစ်ရဲ့ ခမည်းတော် ဘုရားသခင်အား ချီးမွမ်းကြလော့။
EPH 1:4 အကျောန်းမှာ ကိုယ်တော်ဟ မျက်မှောက်တော်နှိုက် သန့်ဆှင်းယွေ့ အပစ်ကင်းစင်ခြင်းငှာ ဟေလောကဟို မဖန်ဆင်းမီဟပင် ငါလို့ဟို ရွေးကောက်အယ်။ ပစာကို့ သူရဲ့ချစ်ခြင်းကျောန့် ဖြစ်ပင်း
EPH 1:5 ဘုရားသခင်ဟ ယေရှု ခရစ်အားဖြင့် ငါလို့ဟို သူရဲ့ လူပဲ့သငယ်များ ဖြစ်စေရန် ဆုံးဖြတ်ထားပင်း၊ အေးစာဟ သူရဲ့အလိုတော်နဲ့ ရည်ရွယ်ချက် ဖြစ်အယ်။
EPH 1:6 သူဟ ချစ်လှစွာသော သားတော်ဟို ငါလို့အား ပေးသော အခမဲ့လက်ဆောင်နဲ့ ဘုန်းကြီးသော ကျေးဇူးတော်ကျောန့် ဘုရားသခင်ဟို ချီးမွမ်းကြစို့။
EPH 1:7 အကျောန်းမှာ ခရစ်တော်ရဲ့ အသွေးတော်အားဖြင့် ငါလို့ဟ လွတ်မြောက်ခြင်းသို့ ရောက်ကြပီ။ ဆိုလိုတာဟ ငါလို့ရဲ့ အပစ်များဟို ခွင့်လွတ်ခြင်း ခံရအယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟ စလောက်ကြီးမားသလဲ။
EPH 1:8 ဟေမျှလောက်ကြီးသော ပမာဏကို ငါလို့အား ပေးအယ်။ သူရဲ့ ဉာဏ်ပညာနဲ့ ထိုးထွင်း သိမြင်သမျှအားဖြင့်၊
EPH 1:9 ဘုရားသခင်ဟ သူရည်ရွယ်ထားလဲ့အတိုင်း လုပ်ဆောင်ခဲ့ပင်း ခရစ်တော်အားဖြင့် ပီးမြောက်ရန် သူဆုံးဖြတ်ထားပီးသော လျှို့ဝှက်အစီအစဉ်ဟို ငါလို့အား အသိပေးခဲ့အယ်။
EPH 1:10 အချိန်တန်သောအခါ ဘုရားသခင် ပီးမြောက်စေမဲ့ ဟေအစီအစဉ်ဟ ခေါန်းခင်နဲ့ မြေကြီးပေါ်ဆိ ဖန်ဆင်းထားသော အရာအားလုံးကို ခရစ်တော်အောက်နှိုက် ပေါင်းစည်းရန် ဖြစ်အယ်။
EPH 1:11 အရာခပ်သိမ်းဟ ဘုရားသခင်ရဲ့ အကြံအစည်တော်နဲ့ ဆုံးဖြတ်ချက်အတိုင်း ပီးမြောက်ပင်း ဘုရားသခင်ဟ ငါလို့အား သူရဲ့ ကိုယ်ပိုင်ရည်ရွယ်ချက်ကျောန့် ခရစ်တော်နဲ့ တလုံးတဝတည်းဖြစ်ရန် ငါလို့ဟို ရွေးချယ်ခဲ့အယ်။ အစကတည်းဟ သူဆုံးဖြတ်ခဲ့တာကို အခြေခံတယ်။
EPH 1:12 အဲကျောန့် ခရစ်တော်ဟို ဆေ့ဦးစွာ မျော်လင့်သော ငါလို့ဟ ဘုရားသခင်ရဲ့ ဘုန်းတော်ကို ချီးမွမ်းကြပါစို့။
EPH 1:13 မန်သောစကားဟို ကြားသောအခါ နင်လို့ဟ ဘုရားသခင်ရဲ့ လူများဖြစ်လာကြပင်း အဲသတင်းကောင်းဟ ကယ်တင်ခြင်းဟို ပို့ဆောင်ပေးအယ်။ နင်ဟ ခရစ်တော်ကို ယုံကြည်ယွေ့ ဘုရားသခင်ဟ ကတိပြုထားသော သန့်ဆှင်းသော ဝိညာဉ်တော်ဟို နင့်အား ပေးဆောင်ခြင်းဖြင့် သူရဲ့ ပိုင်ဆိုင်ခွင့် တံဆိပ်ခတ်ခြင်းဟို နင့်အပေါ် ထားခဲ့အယ်။
EPH 1:14 ဝိညာဉ်တော်ဟ မိမိလူလို့ဟို ဘုရားသခင် ကတိပြုထားလဲ့အတိုင်း ငါလို့ ခံစားရမယ် ဖြစ်ပင်း ဘုရားသခင်ဟ မိမိပိုင်သောသူလို့အား လုံးလုံးလျားလျား လွတ်မြောက်ခြင်း ခွင့်ပေးမယ် ဖြစ်ကျောန်း ငါလို့အား အာမခံအယ်။ ဘုရားသခင်ရဲ့ ဘုန်းတော်ဟို ငါလို့ ချီးမွန်းကြပါစို့။
EPH 1:15 အေးအကျောန်းကျောန့် သခင် ယေရှုဟို နင်လို့ရဲ့ ယုံကြည်ခြင်းနဲ့ ဘုရားသခင်ရဲ့ လူအပေါင်းလို့အပေါ် နင်လို့ရဲ့ ချစ်ခြင်းမေတ္တာကို ငါကြားသိရတာမှ စယွေ့၊
EPH 1:16 နင့်အတွက် အစဉ်မပြတ် ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ချီးမွန်းလျက် ငါ့ဆုတောင်းထဲမှာ နင့်ဟို သတိရအယ်။
EPH 1:17 ငါလို့ သခင် ယေရှု ခရစ်တော်ရဲ့ ဘုရားသခင်တည်းဟူသော ဘုန်းအသရေနဲ့ ပြေ့စုံလဲ့ ခမည်းတော်ဟ မိမိဟို သိဆိစေရန် ဉာဏ်ပညာနဲ့ ဗျာဒိတ်တော်ဆိုင်ရာ ဝိညာဉ်တော်ဟို နင်လို့အား ပေးမဲ့အကျောန်းနဲ့
EPH 1:18 သူ့အလင်းဟို မျော်ဖို့ နင့်ရဲ့စိတ်နေလုံး မျက်စေ့ဟို ပွင့်စေယွေ့ ခေါ်သောသူနဲ့ဆိုင်သော မျော်လင့်ခြင်းဟ ပစာဆိုလဲဆိုတာဟို လည်းကောင်း၊ သူရဲ့သန့်ဆှင်းသော လူများဟို ကတိပေးသော အံ့ဩဖွယ်ကောင်းချီးများ စလောက် ကြွယ်ဝတာဟို လည်းကောင်း၊
EPH 1:19 ကိုယ်တော်ရဲ့ အစွမ်းသတ္တိနဲ့ပြေ့စုံသော တန်ခိုးအရှိန်အဝါရဲ့ လုပ်ဆောင်မှုအားဖြင့် ယုံကြည်သော ငါလို့အပေါ်သက်ရောက်လဲ့ ကိုယ်တော်ရဲ့ တန်ခိုးဟ စလောက် ထူးကဲကြီးမားတာဟို လည်းကောင်း နင်လို့အား သိဆိစေမဲ့အကျောန်း တောင်းဆှောက်အယ်။ ငါလို့အထဲနှိုက် လုပ်ဆောင်လျက်ဆိသော တန်ခိုးတော်ဟ
EPH 1:20 ခရစ်တော်ဟို သေခြင်းမှ ထမြောက်စေယွေ့ ခေါန်းခင်ဘုံတွင် လက်ယာတော်ဘက်နှိုက် ထိန်နေသောအခါဟ သူအသုံးပြုခဲ့လဲ့ တန်ခိုးတော်ပင် ဖြစ်အယ်။
EPH 1:21 အုပ်စိုးမှု၊ အခွင့်အာဏာ၊ တန်ခိုးနဲ့ အစိုးရခြင်း၊ အခုကာလနှိုက် သာမက နောင်လာမဲ့ ကာလနှိုက် ခေါ်ဆိုအပ်သော နာမအားလုံးလို့ထက် သာလွန်အယ်။
EPH 1:22 အရာခပ်သိမ်းလို့ဟိုလည်း ခရစ်တော်ရဲ့ ခြေထောက်အောက်နှိုက် ချထားယွေ့ ကိုယ်တော်ဟို အရာခပ်သိမ်းလို့အပေါ် ဦးခေါင်းဖြစ်စေပင်း အသင်းတော်အား ပေးအယ်။
EPH 1:23 အသင်းတော်ဟ အလုံးစုံလို့ဟို ပြေ့ဝ စုံလင်စေသော ပြေ့ဝစုံလင်ခြင်းတည်းဟူသော ခရစ်တော်ရဲ့ ကိုယ်ခန္ဓာဖြစ်အယ်။
EPH 2:1 အတိတ်ကာလနှိုက် နင်ဟ နင့်ရဲ့မနာခံမှုနဲ့ အပစ်များကျောန့် ဝိညာဉ်ရေးအရ သေဆုံးသွားခဲ့အယ်။
EPH 2:2 အေးအချိန်တွင် နင်လို့ဟ လောကရဲ့ မကောင်းသော လမ်းဟို လိုက်ခဲ့အယ်။ နင်ဟ အာကာသအတွင်း ဝိညာဉ်ရေးရာ စွမ်းအားများရဲ့ အုပ်ချုပ်သူကို နာခံခဲ့ပင်း၊ အေးဝိညာဉ်ဟ အခု ဘုရားသခင်ရဲ့ စကားနားမထောင်သောသူများ ချုပ်ကိုင်ခြင်းဟို ခံနေရအယ်။
EPH 2:3 တကယ်တော့ ငါလို့အားလုံးဟာ သူလို့လိုပဲ ငါလို့ရဲ့ ဇာတိဆန္ဒတွေအရ ငါလို့ရဲ့ ကိုယ်ခန္ဓာနဲ့ စိတ်ဆန္ဒ ကိုက်ညီတဲ့ ဘာမဆို ပြုမှုနေအယ်။ ငါလို့ရဲ့ ပကတိအခြေအနေတွင် အခြားသူများလိုမျိုးပင် ငါလို့ဟ ဘုရားသခင်ရဲ့ အူထော့ခြင်းဟို ခံထိုက်သောသူများ ဖြစ်ကြအယ်။
EPH 2:4 အဲလိုလဲ ဘုရားသခင်ရဲ့ ကရုဏာတော်ဟ ရမ်းဆာ့ကြွယ်ဝပင်း ငါလို့အတွက် ကိုယ်တော်ရဲ့မေတ္တာဟ ရမ်းဆာ့ကြီးမားအယ်။
EPH 2:5 လွန်ကျူးသောအပစ်နှိုက် ငါလို့ဟ ဝိညာဉ်ရေးအရ သေနေစဉ်တွင် ခရစ်တော်နဲ့အတူ ငါလို့ဟို အသက်ပြန်ဆှင်စေအယ်။ နင်လို့ဟ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကျောန့် ကယ်တင်ခြင်း ခံရအယ်။
EPH 2:6 အဲပင်းရင် ခရစ်တော် ယေရှုနှိုက် ငါလို့ဟို ကိုယ်တော်နဲ့အတူ ထမြောက်စေယွေ့ အထက်ခေါန်းခင် အရပ်နှိုက် ကိုယ်တော်နဲ့အတူ ထိန်စေအယ်။
EPH 2:7 အဲလိုမို့ ခရစ်တော် ယေရှုနှိုက် ငါလို့အား မေတ္တာပြရာနှိုက် ကိုယ်တော်ရဲ့ ကျေးဇူးတော်ဟ သာမန်ထက်လွန်ကဲတာဟို နောင်ကာလအစဉ်အဆက် လူလို့ သိမျော်နိန်ကြစေရန်ပင် ဖြစ်အယ်။
EPH 2:8 အကျောန်းမှာ ယုံကြည်ခြင်းအားဖြင့် နင်လို့ဟ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကျောန့် ကယ်တင်ခြင်းသို့ ရောက်ကြပီ။ နင့်ရဲ့ ကြိုးစားအားထုတ်မှုရဲ့ ရလဒ်မဟုတ်ဘဲ ဘုရားသခင်ရဲ့ လက်ဆောင် ဖြစ်အယ်။ အေးလိုမို့ စသူမှ ဝါကြွားစရာ အကျောန်းမဆိ။
EPH 2:10 ငါလို့ဟို ကောင်းသောအမှုများဟို ပြုရန် ခရစ်တော် ယေရှုနှိုက် ဖန်ဆင်းခြင်းခံရသော ဘုရားသခင်ရဲ့ လက်ရာတော် ဖြစ်ကြအယ်။ အေးကောင်းသောအရာများနှိုက် ငါလို့ အသက်ဆှင် ဆှောက်လှမ်းကြရန် ဘုရားသခင်ဟ အေးအမှုများဟို ကြိုတင်ပြင်ဆင်ထားအယ်။
EPH 2:11 အေးကျောန့် တချိန်ဟ နင်လို့ဟ ဇာတိအားဖြင့် လူမျိုးခြားများ ဖြစ်ကြပင်း ကိုယ်ကာယနှိုက် လက်ဖြင့် အရေဖျားလှီးထားသောသူလို့ဟ နင်လို့ဟို အရေဖျားမလှီးသောသူဟု ခေါ်ဝေါ်ခဲ့ကြတာဟို သတိရကြလော။
EPH 2:12 အေးအချိန်တွင် နင်ဟ ခရစ်တော်နဲ့ ကွဲကွာနေခဲ့ကြအယ်။ ဣသရေလနိုင်ငံသား ဖြစ်ခွင့်မှ ဖယ်ထုတ်ထားသော ကတိတော်ရဲ့ ပဋိညာဉ်များတွင် နိုင်ငံခြားသားများနဲ့ မသက်ဆိုင်၊ ဟေလောကနှိုက် မျှော်လင့်ခြင်း မဆိ၊ ဘုရားမဲ့လျက် နေခဲ့ကြအယ်။
EPH 2:13 အဲလိုလဲ အခုမှာ မခင်ဟ ဝေးကွာသော နင်လို့ဟ ခရစ်တော် ယေရှုနှိုက် ခရစ်တော်ရဲ့ အသွေးတော်အားဖြင့် အနီးသို့ ရောက်ရကြပီ။
EPH 2:14 အကျောန်းမှာ ခရစ်တော်တတ်တိုင်းဟ ယုဒလူမျိုးများနဲ့ လူမျိုးခြားများဟို လူတမျိုးတည်း ဖြစ်စေခြင်းဖြင့် ငါလို့အား ရန်ငြိမ်းပေးအယ်။ ကိုယ်တော်ဟ မိမိခန္ဓာကိုယ်အားဖြင့် ငါလို့အား ရန်သူများအဖြစ် ပိုင်းခြားထားသော နံရံကို ဖြိုဖျက်လေအယ်။
EPH 2:15 စည်းမျဉ်းများပါလဲ့ ပညတ်ချက်နဲ့ဆိုင်သော ပညတ်တရားဟို မိမိခန္ဓာကိုယ်အားဖြင့် ပယ်ဖျက်အယ်။ သူရဲ့ ရည်ရွယ်ချက်မှာ ငြိမ်းချမ်းမှု နေခုမှ လူသားဆန်မှု အသစ်တခုကို သူ့တတ်တိုင်း ဖန်တီးရန် ဖြစ်အယ်။
EPH 2:16 အားပင်း လက်ဝါးကပ်တိုင်အားဖြင့် ရန်ငြိုးဟို သုတ်သင်ပင်း လက်ဝါးကပ်တိုင်အားဖြင့် ငါလို့နေမျိုးလုံးဟို ခန္ဓာကိုယ် တခုတည်းနှိုက် ဘုရားသခင်နဲ့ ပြန်လည်သင့်မြတ်စေရန် ဖြစ်အယ်။
EPH 2:17 ကိုယ်တော်ဟ ကြွလာယွေ့ အဝေးနှိုက် ဆိသော နင်လို့ဟို လည်းကောင်း၊ အနီးနှိုက် ဆိသော သူလို့ဟို လည်းကောင်း သင့်မြတ် ငြိမ်းချမ်းခြင်းနဲ့ဆိုင်သော ကောင်းမြတ်သော သတင်းဟို ဟောပြောအယ်။
EPH 2:18 အကျောန်းမှာ ငါလို့ နေယောက်လုံးဟ ဝိညာဉ်တော်အားဖြင့် ခမည်းတော်ဆေဟို ဝင်ခွင့်ရကြအယ်။
EPH 2:19 တဆက်တည်း၊ နင်လို့ဟ လူမျိုးခြားများနဲ့ သူစိမ်းများ မဟုတ်တော့ဘဲ ဘုရားသခင်ရဲ့ လူ​တွေ​နဲ့ သူ့​အိုင်​ထောင်​စု​ဝင်​တွေ ဖြစ်ကြအယ်။
EPH 2:20 တမန်တော်များနဲ့ ပရောဖက်များရဲ့ အုတ်မြစ်ပေါ်တွင် ခရစ်တော် ယေရှု တတ်တိုင်း ထောင့်ချုပ်ကျောက်တိုင် ဖြစ်အယ်။ ထောင့်ကျောက်တိုင်အဖြစ် တည်ဆောက်ခဲ့အယ်။
EPH 2:21 သခင်ဘုရားနှိုက် သန့်ဆှင်းသော ဗိမာန်တော်အဖြစ်သို့ အဆောက်အအုံ တခုလုံးဟ တညီတညွတ်တည်း တည်ဆိနေအယ်။
EPH 2:22 ဘုရားသခင်ဟ သူရဲ့ဝိညာဉ်တော်အားဖြင့် ကျိန်းဝပ်သောနေရာဖြစ်ရန် နင်လို့ဟလည်း အေးသခင်နှိုက် အတူတကွတည်ဆောက်ခြင်းခံရကြအယ်။
EPH 3:1 အေးအကျောန်းကျောန့်၊ ငါဟ လူမျိုးခြားလို့အဖို့ ခရစ်တော် ယေရှုရဲ့ အကျဉ်းခံဖြစ်သော ပေါလုဟ ဘုရားသခင်ဆေနှိုက် ဆုတောင်းအယ်။
EPH 3:2 ဘုရားသခင်ဟ ကျေးဇူးတော်အားဖြင့် နင်လို့ရဲ့အကျိုးအတွက် ဟေအလုပ်ကို လုပ်ရန် ငါ့အား ပေးကျောန်းဟို ဧကန်မုချ ကြားသိရအယ်။
EPH 3:3 ဘုရားသခင်ဟ သူရဲ့လျှို့ဝှက်အကြံအစည်ကို ဖော်ပြပင်း ငါ့အား သိစေခဲ့အယ်။ ငါ ဟေအကျောန်းဟို အတိုချုံး ရေးပီးပါပီ။
EPH 3:4 အားပင်း ငါရေးထားသော စာဟို ဖတ်မယ်ဆိုပါဟ ခရစ်တော်ရဲ့ လျှို့ဝှက်ချက်ဟို ငါစလိုနားလည်ထားတာဟို နင်လို့ သိနိန်ကြအယ်။
EPH 3:5 ဆေ့မခင်ဟ လူသားများဟို ဟေလျှို့ဝှက်ချက်များ မပြောခဲ့ကြပေမဲ့ အခုအခါတွင် ဘုရားသခင်ဟ ဝိညာဉ်တော်အားဖြင့် မိမိရဲ့သန့်ဆှင်းသော တမန်တော်များနဲ့ ပရောဖက်များဆေ ထုတ်ဖော်ပြသခဲ့အယ်။
EPH 3:6 လျှို့ဝှက်ချက်မှာ ဧဝံဂေလိတရားအားဖြင့် လူမျိုးခြားများဟ ယုဒလူမျိုးများနဲ့အတူ ဘုရားသခင်ရဲ့ ကောင်းချီးများဟို ခံစားခွင့်ဆိအယ်။ သူလို့ဟ ကိုယ်ခန္ဓာတခုတည်းနှိုက် ပါဝင်သူများဖြစ်ကြပင်း ခရစ်တော် ယေရှုအားဖြင့် ဘုရားသခင်ပေးခဲ့သော ကတိတော်နှိုက် ပါဝင်ကြအယ်။
EPH 3:7 တန်ခိုးတော်အားဖြင့် ငါ့ဟိုပေးသော ဘုရားသခင်ရဲ့ကျေးဇူးတော် အထူးလက်ဆောင်အားဖြင့် ငါဟ ဧဝံဂေလိတရားရဲ့ အစေခံဖြစ်ခဲ့အယ်။
EPH 3:8 ငါဟ ဘုရားသခင်ရဲ့ လူအားလုံးလို့တွင် အငယ်ဆုံးထက်ငယ်ပေမဲ့လည်း ဘုရားသခင်ဟ ငါ့အား ခရစ်တော်ရဲ့ တွေးဆယွေ့ မရနိန်သော စည်းစိမ်များအကျောန်း သတင်းကောင်းကို လူမျိုးခြားများဆေ ပေးဆောင်ရန် ဟေအခွင့်ထူးကို ငါ့အား ပေးပင်း
EPH 3:9 ဘုရားသခင်ရဲ့ လျှို့ဝှက်အကြံအစည်ကို စလိုအကောင်အထည် ဖော်မယ်ဆိုတာကို လူအားလုံးဟို သိမျော်လာစေရန် အခွင့်အထူးဟို ငါ့အား ပေးအယ်။ အရာခပ်သိမ်းကို ဖန်ဆင်းသော ဘုရားသခင်ဟ မခင်အခါ တဆှောက်လုံးတွင် သူရဲ့ လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားခဲ့အယ်။
EPH 3:10 အဲလို့မို့ အထက်ခေါန်းခင်အရပ်နှိုက်ဆိသော ခေါန်းခင်တမန် အုပ်စိုးဆှင်များနဲ့ တန်ခိုးအာဏာများဟို အခုအချိန်နှိုက် အသင်းတော်အားဖြင့် ဘုရားသခင်ရဲ့ အထူးထူးအပြားပြားသော ဉာဏ်ပညာကို သိလာကြစေရန် ဖြစ်အယ်။
EPH 3:11 ဘုရားသခင်ဟ သူရဲ့ထာရ ရည်ရွယ်ချက်အရ ဟေအရာဟို ပြုခဲ့အယ်။ ငါလို့ အဆှင် ခရစ်တော် ယေရှုအားဖြင့် အောင်မြင်အယ်။
EPH 3:12 ခရစ်တော်နဲ့ တလုံးတဝတည်းဆိယွေ့ ကိုယ်တော်ကို ယုံကြည်ခြင်းအားဖြင့် ရဲရင့်ခြင်းဟိုလည်းကောင်း၊ ငါလို့ဟ ယုံကြည်စိတ်ချမှု အကြွင်းမဲ့ဖြင့် ဘုရားသခင်ဆေဟို တိုးဝင်ခွင့်ဟိုလည်းကောင်း ရဆိအယ်။
EPH 3:13 အဲလို့မို့ ငါဟ နင်လို့အတွက် ဆင်းရဲသောကျောန့် စိတ်ဓာတ်မကျစေနဲ့ ဟု ငါတောင်းပန်အယ်။ အဲအရာတွေဟ နင်လို့ရဲ့ အကျိုးအတွက်ပါ။
EPH 3:14 အေးအကျောန်းကျောန့် ခေါန်းခင်နဲ့ မြေကြီးပေါ်ဆိ မိသားစုတိုင်းရဲ့ အမယ်နာမ ခံယူရဆိရာဖြစ်သော
EPH 3:15 အဖ ခမည်းတော်ဆေမှာ ဒူးထောက်လျက် ဆုတောင်းအယ်။
EPH 3:16 ဘုရားသခင်ဟ မိမိရဲ့ ဘုန်းအသရေကြွယ်ဝမှုနဲ့အညီ နင်ရဲ့အတွင်းစိတ်နှိုက် ခိုင်ခံ့စေခြင်းငှာ၊ ဝိညာဉ်တော်အားဖြင့် နင့်အား တန်ခိုးတော်ပေးသနားရန် ဘုရားသခင်ကို ငါ တောင်းဆှောက်အယ်။
EPH 3:17 အားပင်း ယုံကြည်ခြင်းအားဖြင့် ခရစ်တော်ဟ နင့်စိတ်နေလုံးတွင် ကျိန်းဝပ်စေရန် ငါ ဆုတောင်းပါအယ်။ နင်လို့ဟ ချစ်ခြင်းမေတ္တာနှိုက် အမြစ်တွယ်ယွေ့ အုတ်မြစ်ချကာ၊
EPH 3:18 နင်ဟ ဘုရားသခင်ရဲ့ လူအပေါင်းလို့နဲ့အတူ ခရစ်တော်ရဲ့ ချစ်ခြင်းမေတ္တာဟ စလောက်ကျယ်ယွေ့ ရှည်လျားအယ်၊ စလောက်မြင့်အယ်၊ နက်နဲတာဟိုလည်း နားလည်နိန်စေမဲ့အကျောန်း
EPH 3:19 အသိပညာထက် ထူးကဲသော ခရစ်တော်ရဲ့ ချစ်ခြင်းမေတ္တာတော်ဟို သိဆိယွေ့ ဘုရားသခင်ရဲ့ ပြေ့စုံခြင်းအားလုံးလို့ဖြင့် ပြေ့စုံခြင်းဟို ရောက်ကြမဲ့အကျောန်း ငါ ဆုတောင်းအယ်။
EPH 3:20 ငါလို့နှိုက် လုပ်ဆောင်နေသော သူရဲ့ တန်ခိုးတော်အားဖြင့် ငါ တောင်းဆိုနိန်တာထက် ရမ်းဆာ့ပိုယွေ့ စွမ်းဆောင်နိန်သော အဲဟာမဟုတ်ရင် တွေးတောနိန်သော၊
EPH 3:21 ဘုရားသခင်ဟ အသင်းတော်နှိုက် လည်းကောင်း၊ ခရစ်တော် ယေရှုနှိုက် လည်းကောင်း အမြဲတမ်း ဘုန်းကြီးစေသတည်း၊ အာမင်။
EPH 4:1 အေးကျောန့် သခင်ဘုရားအတွက် အကျဉ်းသားတဦးအနေနဲ့၊ နင်လက်ခံရဆိထားသော ခေါ်ခြင်းနဲ့ ထိုက်တန်သော အသက်တာဖြင့် နေထိန်ရန် နင်လို့ဟို ငါ တိုက်တွန်းပါအယ်။
EPH 4:2 နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်း အမြဲတမ်းဆိကြလော့။ တဦးနဲ့တဦး သည်းခံခြင်းအားဖြင့် ချစ်ခြင်းမေတ္တာ ပြကြလော့။
EPH 4:3 ငြိမ်သက်ခြင်းရဲ့ စုစည်းတုတ်ချေမှုအားဖြင့် ဝိညာဉ်တော်နှိုက် တလုံးတဝတည်းဖြစ်ခြင်းဟို ကြိုးစားအားထုတ်လော့။
EPH 4:4 နင်လို့ဟို ခေါ်စဉ်တွင် မျော်လင့်ခြင်းသို့ ခေါ်ဆောင်ခြင်းခံရသလိုမျိုး ကိုယ်ခန္ဓာတပါးတည်းနဲ့ ဝိညာဉ်တော်တပါးတည်း ဆိအယ်။
EPH 4:5 သခင်တပါးတည်း၊ ယုံကြည်ခြင်းတပါးတည်း၊ ဗတ္တိဇံတပါးတည်း၊
EPH 4:6 အရာခပ်သိမ်းလို့အပေါ်နှိုက် လည်းကောင်း၊ အရာခပ်သိမ်းလို့နှိုက် ပျံ့နှံ့လျက် လည်းကောင်း၊ အရာခပ်သိမ်းလို့အထဲနှိုက် ဆိယွေ့၊ အရာခပ်သိမ်းလို့ရဲ့ အဖဖြစ်သော ဘုရားသခင်ဟ တပါးတည်းဆိအယ်။
EPH 4:7 အဲလိုလဲ ငါလို့တဦးတယောက်ဟ ခရစ်တော်ပေးသော ကောင်းချီးလက်ဆောင်ရဲ့ ပမာဏအတိုင်း ကျေးဇူးတော်ဟို ခံစားရကြအယ်။
EPH 4:8 အေးကျောန်းကျောန့်၊ “သူဟ မြင့်သောအရပ်ဟို တက်သွားသောအခါ၊ သူဟ ရမ်းဆာ့သော သုံ့ပန်းများဟို ခေါ်သွားပင်း၊ သူ့လူတွေဟို လက်ဆောင်တွေ ပေးတယ်” ဟု ပြောအယ်။
EPH 4:9 “သူ တက်သွားသောအခါ” ဟု ဆိုလိုရာတွင် မြေကြီးအောက်အရပ်များဟိုလည်း ကြွဆင်းခဲ့ကျောန်းဟို ဆိုလိုရင်း မဟုတ်ရင် စလိုအရာ ဖြစ်အုံးမလဲ။
EPH 4:10 ဆင်းသက်သောသူဟ စကြဝဠာတခုလုံးကို ပြေ့စုံစေခြင်းငှာ ခေါန်းခင်တခွင်လုံးထက် မြင့်သောအရပ်ဟို တက်သောသူလည်း ဖြစ်အယ်။
EPH 4:11 အေးကျောန့် ခရစ်တော်တတ်တိုင်းဟ တမန်တော်များ၊ ပရောဖက်များ၊ သာသနာပြုဆရာများ၊ သင်းအုပ်ဆရာများနဲ့ ဆရာအရာနှိုက် ခန့်ထားခဲ့အယ်။
EPH 4:12 အေးလို့လုပ်ရခြင်းမှာ ခရစ်တော်ရဲ့ ကိုယ်ခန္ဓာဟို တည်ဆောက်ဖို့ရာ ဘုရားသခင်ရဲ့ လူများအား အမှုတော်ဆောင်ရွက်ခြင်းအတွက် အသင့်ပြင်ဆင်ထားရန် ဖြစ်အယ်။
EPH 4:13 အေးတာဟ ငါလို့အားလုံးဟ ယုံကြည်ခြင်းနဲ့ ဘုရားသခင်ရဲ့ သားတော်ဟို သိခြင်းလို့နှိုက် တလုံးတဝတည်းဖြစ်လျက် စုံလင်ရင့်ကျက်သောသူဖြစ်ကာ ခရစ်တော်ရဲ့ ပြေ့စုံခြင်း အတိုင်းအတာ ပမာဏဟို ရောက်သည့်တိုင်အောန် ခရစ်တော်ရဲ့ ကိုယ်ခန္ဓာဟို တည်ဆောက်သဖြင့် အမှုတော်လုပ်ငန်းအတွက် သန့်ဆှင်းသူလို့ဟို ပြင်ဆင်ထားရန်ဖြစ်အယ်။
EPH 4:14 အေးလို့ဖြင့် ငါလို့ဟ လူလို့ရဲ့ ကောက်ကျစ်စဉ်းလဲမှုနဲ့ ပရိယာယ်ဖြင့် လှည့်စားတတ်လဲ့ လျှို့ဝှက်အကြံအစည်လို့ကျောန့် ဖြစ်ပေါ်လာလဲ့ ဩဝါဒလှိုင်းအမျိုးမျိုးနှိုက် လွင့်ပါယွေ့ လူးလွန့်နေသော လူပဲ့သငယ်များလိုမျိုး ဖြစ်ကြတော့မှာ မဟုတ်။
EPH 4:15 အဲအစား၊ ချစ်ခြင်းမေတ္တာဖြင့် သမ္မာတရားဟို ပြောယွေ့ ဦးခေါင်းဖြစ်သော ခရစ်တော်နှိုက် အရာရာတွင် ကြီးထွားကြမယ်ဖြစ်အယ်။
EPH 4:16 အေးဦးခေါင်းမှတဆင့် ကိုယ်ခန္ဓာတခုလုံးဟ ထောက်မပေးသော အဆစ်ဆိသမျှလို့ဖြင့် အံဝင်ခွင်ကျ ဆက်စပ်ခြင်းနဲ့ ပေါင်းစည်းခြင်းကို ခံရလျက် အင်္ဂါစိတ်အပိုင်းတခုစီဟ မိမိအငန်းအတာအလိုက် လုပ်ဆောင်ခြင်းအားဖြင့် မိမိကိုယ်ကို ချစ်ခြင်းမေတ္တာနှိုက် တည်ဆောက်ကာ ကိုယ်ခန္ဓာဟို ကြီးထွားစေအယ်။
EPH 4:17 အေးကျောန့် ငါပြောတာဟ၊ နင်လို့သည် သူလို့ရဲ့ အကြံအစည် အလကားကားဖြစ်သော လူမျိုးခြားလို့ ပြုသလိုမျိုး နောက်ထပ် အသက်ဆှင်မရမယ့်အကျောန်း၊ သခင်ဘုရားနှိုက် တောင်းဆှောက်ကြလော့။
EPH 4:18 အေးသူလို့ဟ မိမိလို့ စိတ်နေလုံး မာကျောမှုနဲ့ သူလို့အထဲနှိုက်ဆိလဲ့ မသိနားမလည်မှုလို့ကျောန့် အသိဉာဏ် မိုက်ဖုံးယွေ့ ဘုရားသခင်ရဲ့ အသက်နဲ့ ကင်းကွာလျက် ဆိကြအယ်။
EPH 4:19 သူလို့ဟ ဆှက်ကြောက်စိတ် ကင်းမဲ့လျက် စုတ်ပဲ့သောအရာ အမျိုးမျိုးလို့ဟို ရမ်းဆာ့တပ်မက်သော စိတ်နဲ့ ပြုယွေ့ မိမိလို့တတ်တိုင်း ကာမဂုဏ် လိုက်စားခြင်း လက်ဟို အပ်လိုက်ကြအယ်။
EPH 4:20 အဲလိုလဲ အဲဒါဟ နင်သင်ယူခဲ့တဲ့ ခရစ်တော်အကျောန်း ဟုတ်ဝူး။
EPH 4:21 သမ္မာတရားဟ ယေရှုနှိုက် ဆိတာနဲ့အညီ နင်လို့ဟ ခရစ်တော်အကျောန်းဟို ကြားနာလျက် ကိုယ်တော်နှိုက် သင်ကြားခြင်းဟို ခံယူခဲ့တာ မန်ရင် ခရစ်တော်နှိုက် အေးလို့နည်းခံခဲ့ကြတာ မဟုတ်။
EPH 4:22 လှည့်စားတတ်သော တပ်မက်မှုများကျောန့် ဖောက်ပြန်ပျက်စီးနေသော အတ္တဟောင်းကို ပယ်ဆှားရန် နင်ရဲ့ မခင် ဖဝါ့လမ်းစဉ်ဟို စွန့်လွတ်ကြလော့။
EPH 4:23 နင့်စိတ်သဘောထားကို အသစ်ဖြစ်စေရန်၊
EPH 4:24 သမ္မာတရားနဲ့ဆိုင်သော ဖြောင့်မတ်ခြင်းနဲ့ သန့်ဆှင်းခြင်းလို့ဖြင့် ဘုရားသခင်ရဲ့ ပုံစံနဲ့အညီ ဖန်ဆင်းခြင်းခံရသော လူသစ်ဟို ဝတ်ဆင်ရန် နည်းခံခဲ့ကြအယ်။
EPH 4:25 အေးကျောန့်၊ ငါလို့ဆိသမျှဟ တခုတည်းသော ကိုယ်အင်္ဂါဖြစ်သောကျောန့်၊ နင်လို့ဟ မုသာစကားကို ပယ်ဆှင်းယွေ့ ကိုယ်နဲ့စပ်ဆိုင်သောသူအား အမန်အတိုင်း ပြောဆိုရမယ်။
EPH 4:26 “အူထော့သော်လည်း အပစ်မပြုကြနဲ့”။ စိတ်ဆိုးမပြေဘဲ နေမဝင်ပါစေနဲ့။
EPH 4:27 မာရ်နတ်ဟိုလည်း အခွင့်မပေးကြနဲ့။
EPH 4:28 ခိုးဖူးသူတိုင်း ခိုးယူခြင်း မပြုတော့ဘဲ လိုအပ်နေသူများအား မျှဝေနိန်စေရန်အတွက် မိမိလက်ဖြင့် ကောင်းသော အရာများကို လုပ်ဆောင်စေ။
EPH 4:29 နင်လို့ရဲ့ စလောင်ထဲမှ မကောင်းသောစကား တခွန်းဟိုမျှ မထွက်စေနဲ့၊ ကြားရသော သူလို့ဟို အကျိုးပြုနိန်ရန် လိုအပ်ချက်နဲ့အညီ တည်ဆောက်စရာဖြစ်စေလဲ့ ကောင်းသောစကားလို့ဟိုသာ ပြောဆိုကြလော့။
EPH 4:30 ရွေးနုတ်ခြင်း နေ့ရက်အတွက် တံဆိပ်ခတ်ခြင်း ခံရသော ဘုရားသခင်ရဲ့ သန့်ဆှင်းသော ဝိညာဉ်တော်ကို စိတ်မနာစေနဲ့။
EPH 4:31 ခပ်သိမ်းသော ခါးသီးနာကြည်းခြင်း၊ အူထော့ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်းနဲ့ ပစ်မားပြောဆိုခြင်းလို့ဟို မကောင်းမှုအားလုံးနဲ့အတူ နင်လို့ဆေမှ ဖယ်ဆှားကြလော့။
EPH 4:32 တယောက်နဲ့တယောက် သနားစုံမက်ကြကာ ဘုရားသခင်ဟ ခရစ်တော်နှိုက် နင်လို့ဟို ခွင့်လွတ်သလိုမျိုး တယောက်နဲ့တယောက် ခွင့်လွတ်ခြင်း ဆိကြလော့။
EPH 5:1 နင်ဟ ဘုရားသခင်ရဲ့ ချစ်လှစွာသော လူပဲ့သငယ်များဖြစ်သောကျောန့်၊ နင်ဟ သူလိုမျိုးတူအောန် ကြိုးစားရမယ် ဖြစ်အယ်။
EPH 5:2 ခရစ်တော်ဟ ငါလို့ဟို ချစ်ယွေ့ ငါလို့အတွက် မိမိကိုယ်ကို ပူဇော်သကာနဲ့ ယဇ်တည်းဟူသော မွှေးကြိုင်သောရနံ့အဖြစ် ဘုရားသခင်ဆေ ဆက်ကပ်သလိုမျိုး နင်လို့ရဲ့ အသက်တာကို မေတ္တာဖြင့် အသက်ဆှင် ဆှောက်လှမ်းကြလော့။
EPH 5:3 နင်ဟ ဘုရားသခင်ရဲ့ လူမျိုး ဖြစ်သောကျောန့်၊ ကာမဂုဏ်လိုက်စားမှု အဲဟာမဟုတ်ရင် ယုတ်ညံ့ခြင်း အဲဟာမဟုတ်ရင် လောဘနဲ့ ပတ်သက်လဲ့ စလိုကိစ္စရပ်မကိုဆို နင်လို့တွင်ပင် ဖော်ပြသင့်တာ မဟုတ်ပါ။
EPH 5:4 ညစ်ညမ်းခြင်း၊ ရှုတ်ချခြင်း အဲဟာမဟုတ်ရင် ရိုင်းစိုင်းသောစကားကို သုံးရန်လည်း မသင့်တော်ပါ။ အဲအစား နင်ဟ ဘုရားသခင်ဟို ကျေးဇူးတင်ခြင်းသာ ပြုရမယ်။
EPH 5:5 အကျင့်ပျက်မှု၊ ယုတ်ညံ့ခြင်း အဲဟာမဟုတ်ရင် လောဘကြီးသူ စသူမဆို ခရစ်တော်ရဲ့ နိုင်ငံတော်နဲ့ ဘုရားသခင်ရဲ့ နိုင်ငံတော်နှိုက် အမွေဟို ဖယ်တော့မှ ရဆိမယ် မဟုတ်ကျောန်း နင်သေချာသိကြအယ်။
EPH 5:6 အကျိုးမဲ့သော စကားဖြင့် နင်လို့ကို စသူမျှ မလှည့်စားစေနဲ့။ ဟေအရာများကျောန့် ဘုရားသခင်ရဲ့ အူထော့တာဟ မနာခံသောသူလို့အပေါ်ဟို ရောက်လိမ့်မယ်။
EPH 5:7 အေးကျောန့် အေးလိုလူတွေနဲ့ မပေါင်းဖော်ကြနဲ့။
EPH 5:8 နင်ဟ မိုက်နှိုက် ဆိဖူးသော်လည်း နင်ဟ သခင်ဘုရားရဲ့ လူဖြစ်သောကျောန့် နင်ဟ အလင်းနှိုက် ဆိအယ်။ အေးကျောန့် နင်လို့ဟ အလင်းဟို ပိုင်ဆိုင်သော သူများလိုမျိုး နေထိန်ကြလော့။
EPH 5:9 အကျောန်းမှာ အလင်းရဲ့ အသီးအပွင့်ဟ ကောင်းမြတ်ခြင်း၊ ဖြောင့်မတ်ခြင်း၊ သစ္စာတရားလို့ ဖြစ်အယ်။
EPH 5:10 ဘုရားသခင် နှစ်သက်သောအရာဟ စလိုအရာဖြစ်တာဟို ကြိုးစားသင်ယူကြလော့။
EPH 5:11 အကျိုးမဲ့သော မိုက်ခြင်းရဲ့ အမှုလို့နှိုက် မပါဝင်ကြတာမက အေးအမှုလို့ရဲ့ အပစ်ဟို ဖော်ပြကြလော့။
EPH 5:12 သူလို့ နောက်ကွယ်မှာလုပ်ထားတဲ့ ကိစ္စတွေအကျောန်းကို ပြောရတာတောင် ဆှက်စရာ ကောင်းလွန်းအယ်။
EPH 5:13 အားပင်း ခပ်သိမ်းသောအရာလို့ဟို အလင်းသို့ ထုတ်ဆောင်သောအခါ၊ အဲအခါမှာ သူလို့ရဲ့ ပင်ကိုယ်သဘောဟ ဆှင်းဆှင်းလင်းလင်း ထင်ဆှားလာအယ်။
EPH 5:14 အကျောန်းမှာ ထင်ဆှားသော ပစာအရာမဆို ဆှင်းလင်းယွေ့ အလင်း ဖြစ်လာလိမ့်မယ်။ အဲလိုမို့ “အိပ်မွေနေသောသူ၊ ထလော့ အားပင်း သေခြင်းမှ ထမြောက်လော့၊ အားပင်း ခရစ်တော်ဟ နင့်အပေါ်နှိုက် ထွန်းလင်းလိမ့်မယ်” ဟု ဆိုအယ်။
EPH 5:15 အေးကျောန့် နင်စလို အသက်ဆှင်တယ်ဆိုတာ ဂရုစိုက်လော့။ ပညာမဲ့တဲ့ လူလို့လိုမျိုး မနေထိန်ပဲ ပညာဆိလိုမျိုး နေထိန်လော့။
EPH 5:16 ဟေနေ့ရက်များဟ ဆိုးယုတ်သော ကာလများဖြစ်သောကျောန့် နင်ရနိန်သော အခွင့်အရေးတိုင်းဟို ကောင်းစွာ အသုံးချလော့။
EPH 5:17 အေးကျောန့် မရူးမိုက်ပဲ သခင်ဘုရားရဲ့အလိုတော်ဟ စလိုအရာဖြစ်တာဟို နားလည်ကြလော့။
EPH 5:18 နင်ဟို ဖျက်စီးစေမဲ့ စပျစ်ဝိုင်နဲ့ မယစ်မူးစေနဲ့။ အဲအစား ဝိညာဉ်တော်နဲ့ ပြေ့ဝကြလော့။
EPH 5:19 ဆာလံသီချင်းများ၊ ဓမ္မသီချင်းများနဲ့ ဝိညာဉ်ရေးဆိုင်ရာ သီချင်းများဟို အချင်းချင်းသီဆိုလျက် သခင်ဘုရားဆေဟို နင်လို့ရဲ့ စိတ်နေလုံးထဲမှ သီဆိုကျူးဧကြလော့။
EPH 5:20 ငါလို့ သခင် ယေရှုခရစ်ရဲ့ နာမတော်အားဖြင့်၊ အရာအားလုံးအတွက် ခမည်းတော် ဘုရားသခင်အား အစဉ်အမြဲ ကျေးဇူးတင်ကြလော့။
EPH 5:21 ခရစ်တော်ဟို ရိုသေလေးစားသောကျောန့် အချင်းချင်း နာခံကြလော့။
EPH 5:22 ပေါင်အိုမလို့၊ သခင်ဘုရားဟို နာခံသလိုမျိုး မိမိရဲ့ဖိုးအိုဟို နာခံကြလော့။
EPH 5:23 အကျောန်းမှာ ခရစ်တော်ဟ အသင်းတော်တည်းဟူသော ကိုယ်ခန္ဓာရဲ့ ကယ်တင်ဆှင်ဖြစ်ပင်း အေးအသင်းတော်ရဲ့ ဦးခေါင်းဖြစ်သလိုမျိုး ဖိုးအိုဟလည်း ပေါင်အိုမရဲ့ ဦးခေါင်းဖြစ်အယ်။
EPH 5:24 အားပင်း အသင်းတော်ဟ ခရစ်တော်ဟို နာခံသလိုမျိုး ပေါင်အိုမလို့ဟလည်း အရာရာနှိုက် ဖိုးအိုဟို နာခံကြရမယ်။
EPH 5:25 ဖိုးအိုလို့၊ ခရစ်တော်ဟ အသင်းတော်ဟို ချစ်ယွေ့ အသင်းတော်အတွက် မိမိကိုယ်ကိုစွန့်လဲ့နည်းတူ ပေါင်အိုမဟို ချစ်ကြလော့။
EPH 5:26 နှုတ်ကပတ်တော်အားဖြင့် အသင်းတော်ဟို ဘုရားသခင်ဆေ ဆက်ကပ်အပ်နှံရန် သူဟ ဟေအရာဟို ပြုလုပ်ခဲ့အယ်။ အဲလိုပြုလုပ်ပင်းနောက် ယေနဲ့ဆေးကြော သန့်စင်ပင်း၊
EPH 5:27 အစွန်းအထင်း၊ အတွန့်အရှုံ့မှစယွေ့ အေးလို့သောအရာ တစုံတခုမျှမဆိဘဲ သန့်ဆှင်းယွေ့ အပစ်ကင်းစင်သည့် ဂုဏ်အသရေဆိသော အသင်းတော်ဟို မိမိအားဆက်သနိန်ရန် အတွက်ဖြစ်အယ်။
EPH 5:28 ဖိုးအိုများဟ မိမိကိုယ်ကို ချစ်သလိုမျိုး ပေါင်အိုမကိုလည်း ချစ်သင့်အယ်။ ပေါင်အိုမဟိုချစ်သောသူဟ မိမိကိုယ်ကို ချစ်အယ်။
EPH 5:29 ငါလို့ရဲ့ ကိုယ်ခန္ဓာကို မုန်းသောသူဟူယွေ့ တယောက်မှမဆိပါ။ အဲအစား၊ ခရစ်တော်ဟ အသင်းတော်ကို လုပ်ဆောင်သလိုမျိုး သူလို့ဟို ကျွေးမွေးပြုစုစောင့်ဆှောက်အယ်။
EPH 5:30 အကျောန်းမှာ၊ ငါလို့ဟ သူရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းများ ဖြစ်အယ်။
EPH 5:31 ကျမ်းစာပြောတာအရ၊ “အေးအကျောန်းကျောန့် ယောက်ျားဟ မိမိ မိဘကိုစွန့်ယွေ့ မိမိပေါင်အိုမနဲ့ ပေါင်းစည်းပင်း အေးသူလို့နေဦးလို့ဟ တသားတကိုယ်တည်း ဖြစ်လာကြလိမ့်မယ်။”
EPH 5:32 အေးကျမ်းစာနှိုက် လျှို့ဝှက်နက်နဲသော သမ္မာတရားဆိအယ်။ ခရစ်တော်နဲ့ အသင်းတော်ဟို ရည်ညွှန်းတာဟို ငါနားလည်အယ်။
EPH 5:33 အဲလိုလဲ အေးအရာဟလည်း နင်လို့ဟို ရည်ညွှန်းအယ်။ ဖိုးအိုတိုင်းဟ မိမိပေါင်အိုမဟို မိမိလိုမျိုး ချစ်ရမယ်။ အားပင်း ပေါင်အိုမတိုင်းဟ မိမိရဲ့ဖိုးအိုဟို ရိုသေရမယ်။
EPH 6:1 လူပဲ့သငယ်လို့၊ သခင်ဘုရားနှိုက် မိဘစကားကို နားထောင်ကြလော့၊ အကျောန်းမှာ အေးအရာဟို ပြုလုပ်ခြင်းဟ မန်ကန်သော အရာဖြစ်အယ်။
EPH 6:2 “နင့်ရဲ့ မိဘဟို ရိုသေလော့” ဟူသော ကတိတော်ပါဆိသော ပထမဆုံး ပညတ် ဖြစ်အယ်။
EPH 6:3 “အေးလို့လုပ်ရင် နင်ဟ မြေကြီးပေါ်နှိုက် ကောင်းစားယွေ့ နင်အသက်ရှည်ရလိမ့်မယ်။”
EPH 6:4 မိဘလို့၊ လူပဲ့သငယ်များကို အူထော့စေသောနည်းဖြင့် မဆက်ဆံပါနဲ့။ အဲအစား၊ သခင်ဘုရားရဲ့ အလိုတော်နဲ့အညီ ဆုံးမသွန်သင်မှုဖြင့် သူလို့ကို ပြုစုပျိုးထောင်လော့။
EPH 6:5 ကျွန်ဖြစ်သူလို့၊ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် နင့်ရဲ့ လောကီသခင်ကို နာခံလော့၊ အားပင်း ခရစ်တော်ရဲ့ အမှုတော်ကို ဆောင်ရွက်သလိုမျိုး၊ စိတ်ရင်းမန်ဖြင့် ပြုကြလော့။
EPH 6:6 နင်ဟ သူလို့ရဲ့ ခွင့်ပြုချက်ကို ရယူလိုသောကျောန့် နင့်အား ကျေ့ရှုနေချိန်တွင်သာ ပြုလုပ်ခြင်းမျိုး မဟုတ်ဘဲ၊ အဲလိုလဲ ခရစ်တော်ရဲ့ ကျွန်များလိုမျိုး ဘုရားသခင် အလိုတော်ဆိလဲ့အတိုင်း စိတ်နေလုံး အကြွင်းမဲ့ ပြုကြလော့။
EPH 6:7 လူလို့ဟို မဟုတ်ဘဲ သခင်ဘုရားရဲ့ အစေဟို ခံသလိုမျိုး၊ နင်လို့ရဲ့အလုပ်ဟို ကျွန်များလိုမျိုး ရက်ရောစွာ လုပ်ကြလော့။
EPH 6:8 ကျွန်ဖြစ်စေ လွတ်လပ်သောသူဖြစ်စေ ငါလို့တဦးစီတိုင်းကို ကောင်းသော အလုပ်အတွက် သခင်ဘုရားဟ ဆုချမယ် ဖြစ်ကျောန်း သိမှတ်ကြလော့။
EPH 6:9 သခင်လို့၊ နင်လို့ရဲ့ ကျေးကျွန်တွေအပေါ် အလားတူပြုမူပင်း ခြိမ်းခြောက်မှုတွေဟို ရပ်လိုက်ကြလော့။ နင်လို့နဲ့ နင့်ကျွန်များရဲ့ သခင်ဟ ခေါန်းခင်ဘုံနှိုက် ဆိယွေ့ လူတိုင်းဟို စံနှုန်းတခုတည်းဖြင့် စီရင်သောသူဟ မျက်နှာမလိုက်ကျောန်းဟို သိမှတ်ကြလော့။
EPH 6:10 နောက်ဆုံးမှာ၊ သခင်ဘုရားနှိုက် လည်းကောင်း၊ ကိုယ်တော်ရဲ့ အစွမ်းသတ္တိနဲ့ဆိုင်သော တန်ခိုးအရှိန်အဝါနှိုက် လည်းကောင်း ခွန်အားနဲ့ ပြေ့စုံကြလော့။
EPH 6:11 ဘုရားသခင်ပေးသော လက်နက်ဆိသမျှကို ဝတ်ဆင်ကြလော့။ အေးလို့မှသာ နင်ဟ မာရ်နတ်ရဲ့ မကောင်းသော လှည့်ကွက်များကို ဆန့်ကျင်နိန်မယ် ဖြစ်အယ်။
EPH 6:12 အကျောန်းမှာ ငါလို့ဟ အသွေးအသားဆိသော သူဟို ရင်ဆိုင်တိုက်ခိုက်နေကြတာ မဟုတ်။ အုပ်ချုပ်မှုများ၊ အာဏာစက်များ၊ ဟေလောကီမိုက်ခြင်းဟို အစိုးတရပြုတတ်သော မင်းများ၊ အထက်ခေါန်းခင်အရပ်နှိုက်ဆိလဲ့ ဆိုးညစ်သော ဝိညာဉ်တန်ခိုးများနဲ့ ရင်ဆိုင်တိုက်ခိုက်နေကြခြင်း ဖြစ်အယ်။
EPH 6:13 အေးကျောန့် ဆိုးညစ်သော နေ့ရက်ကာလနှိုက် ကြံ့ကြံ့ခံယွေ့ အလုံးစုံလို့ဟို ပီးမြောက်စေလျက် ရပ်တည်နိန်ရန် ဘုရားသခင်ရဲ့ လက်နက်များဟို ဆောင်ယူကြလော့။
EPH 6:14 အေးကျောန့် သမ္မာတရားဖြင့် နင်လို့ဟ ခါးဟိုစည်းလျက် ဖြောင့်မတ်ခြင်း ရင်အုပ်တန်ဆာဟို ဝတ်ဆင်ကာ အသင့်နေကြလော့။
EPH 6:15 အားပင်း ငြိမ်သက်ခြင်းရဲ့ သတင်းကောင်းကို ကြေငြာရန် အသင့်ဆိသလိုမျိုး နင်လို့ရဲ့ ဖိနပ်ကို စီးကြလော့။
EPH 6:16 ယုံကြည်ခြင်းဟို အကာအရံအဖြစ် အမြဲဆောင်ထားကြလော့။ အကျောန်းမှာ မာရ်နတ်က ပစ်သော မီးလောင်သော မြှားအားလုံးကို ချေဖျက်နိန်ကြလိမ့်မယ်။
EPH 6:17 အားပင်း ကယ်တင်ခြင်းဟို သံခမောက်လိုမျိုး လက်ခံကြပင်း ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တည်းဟူသော ဝိညာဉ်တော် ထားဟိုလည်း ယူကြလော့။
EPH 6:18 ဟေအရာအားလုံးကို ဆုတောင်းခြင်းဖြင့် ဘုရားရဲ့ အကူအညီဟို တောင်းကြလော့။ ဝိညာဉ်တော် လမ်းပြလဲ့အတိုင်း ဆုတောင်းကြလော့။ အေးအကျောန်းကျောန့် နိုးနိုးကြားကြားဆိလျက် အရှုံးမပေးပဲ ဘုရားသခင်ရဲ့ လူများအတွက် အမြဲ ဆုတောင်းကြလော့။
EPH 6:19 ငါ့ဟ နှုတ်ဟို ဖွင့်သောအခါ ပြောရမဲ့စကားဟို ငါ့အား ပေးယွေ့ သတင်းကောင်းနဲ့ဆိုင်သော လျှို့ဝှက်နက်နဲသောအရာဟို ရဲရင့်စွာ ပြောပြနိန်ရန် ငါ့အတွက်လည်း ဆုတောင်းပေးကြလော့။
EPH 6:20 ငါဟ ဟေကောင်းမြတ်သော သတင်းအတွက် သံကြိုးနဲ့ တုတ်ချေထားခြင်း ခံရသော သံတမန်ဖြစ်အယ်။ ဟေလို့ တုတ်ချေခံရသော်လည်း ငါဟ ဟောပြောသင့်လဲ့အတိုင်း ရဲရင့်စွာ ဟောပြောနိန်ရန် ဆုတောင်းပေးကြလော့။
EPH 6:21 ငါနှိုက် ဖြစ်နေသောအရာများနဲ့ ငါပြုလဲ့အမှုဟို နင်လို့လည်း သိဆိနိန်ရန် သခင်ဘုရားနှိုက် သစ္စာဆိသော အစေခံဖြစ်လဲ့ ချစ်သော ညီ တုခိတ်ဟ အားလုံးဟို နင်လို့အား ဟောပြလိမ့်မယ်။
EPH 6:22 အေးကျောန့် သူ့ဟို နင်လို့ဆေဟို ငါစေလွှတ်ခြင်းမှာ ငါလို့နဲ့ပတ်သက်သော အရာများဟို နင်လို့သိဆိနိန်ရန် သူဟ နင်လို့ရဲ့ စိတ်နေလုံးဟို ခွန်အားပေးနိန်ရန် ဖြစ်အယ်။
EPH 6:23 အဖ ဘုရားသခင်နဲ့ သခင် ယေရှု ခရစ်တော်ဆေမှ ငြိမ်သက်ခြင်း၊ ယုံကြည်ခြင်းနဲ့ ချစ်ခြင်းမေတ္တာလို့ဟ ညီအကိုလို့နှိုက် တည်ဆိပါစေသော။
EPH 6:24 ငါလို့ရဲ့ သခင် ယေရှု ခရစ်တော်ဟို မဖောက်ပြန်သော မေတ္တာဖြင့် ချစ်သောသူအပေါင်းလို့နှိုက် ကျေးဇူးတော် သက်ရောက်ပါစေသော။
PHI 1:1 ခရစ်တော် ယေရှုရဲ့ အစေခံများဖြစ်လဲ့ ပေါလုနဲ့ တိမောသေလို့ဆေမှ —
PHI 1:2 ငါလို့အဖ ဘုရားသခင်နဲ့ သခင် ယေရှု ခရစ်တော်ဆေမှ ကျေးဇူးတော်နဲ့ ငြိမ်သက်ခြင်းဟ နင်လို့နှိုက် ဆိပါစေသော။
PHI 1:3 ငါဟ နင်လို့ဟို သတိရလဲ့အခါတိုင်း ငါရဲ့ ဘုရားသခင်ဟို ကျေးဇူးတင်လျက်၊
PHI 1:4 ငါဆုတောင်းလဲ့ခါတိုင်း နင်လို့အားလုံး အတွက် ဝမ်းမြောက်သော စိတ်နဲ့ အစဉ်အမြဲ ဆုတောင်းအယ်
PHI 1:5 ပစာကို့ နင်လို့ဟ ပထမဦးဆုံး နေ့မှစယွေ့ အခုတိုင်အောန် ဧဝံဂေလိတရားအတွက် ငါနဲ့အတူ ပူးပေါင်း ပါဝင်ကြသောကျောန့် ဖြစ်အယ်။
PHI 1:6 အဲလိုမို့ နင်လို့တွင် ဟေကောင်းမြတ်လဲ့အမှုဟို စတင်ပြုသော ဘုရားသခင်ဟ ခရစ်တော် ယေရှုရဲ့ နေ့ရက်တိုင်ခင် အဲအမှုဟို ပီးစီးလဲ့တိုင်အောန် ပြုလိမ့်မယ်ဟု ငါ ယုံကြည်စိတ်ချအယ်။
PHI 1:7 နင်လို့အားလုံးနဲ့ ပတ်သက်ယွေ့ ဟေလိုမျိုး ငါသဘောထားတာဟ သင့်မြတ်ပေအယ်။ အကျောန်းမှာ နင်လို့အားလုံးဟ ငါအချုပ်နှောင်ခံရသော အရာနှိုက် လည်းကောင်း၊ သတင်းကောင်းအတွက် ဖြေဆှင်းချက်ပေးယွေ့ အတည်ပြု ပြောဆိုရာနှိုက် လည်းကောင်း၊ ငါနဲ့အတူ ကျေးဇူးတော်ဟို ဝေမျှသူများဖြစ်ကြသဖြင့် နင်လို့ဟ ငါရဲ့ စိတ်နေလုံးနှိုက် ဆိကြအယ်။
PHI 1:8 ငါဟ ခရစ်တော် ယေရှုရဲ့ မေတ္တာဖြင့် နင်လို့အားလုံးဟို စလောက် လွမ်းဆွတ်ကျောန်း ဘုရားသခင်ဟ ငါ့သက်သေ ဖြစ်အယ်။
PHI 1:9 နင်လို့ရဲ့ ချစ်ခြင်းမေတ္တာဟ စစ်မန်သော အသိပညာနဲ့ ထိုးထွင်းသော ဉာဏ်အမျိုးမျိုးလို့နှိုက် ပိုယွေ့ပိုယွေ့ ပြေ့စုံလာကြရန် နင်လို့အတွက် ငါ ဆုတောင်းအယ်။
PHI 1:10 အဲမှသာ နင်လို့ဟ အကောင်းဆုံးသောအရာဟို ရွေးချယ်နိန်ကြမှာ ဖြစ်ပင်း ခရစ်တော်ရဲ့ နေ့ရက်နှိုက် အပစ်တင်စရာ မဆိဘဲ အညစ်အကြေးနဲ့ ကင်းစင်လိမ့်မယ်။
PHI 1:11 ယေရှု ခရစ်တော်အားဖြင့် ဖြောင့်မတ်ခြင်း အသီးအပွင့်နဲ့ ပြေ့စုံယွေ့ ဘုရားသခင်ရဲ့ ဘုန်းတော်ထင်ဆှားခြင်းနဲ့ ဂုဏ်တော်ချီးမွန်းခြင်း အဖြစ်သို့ ရောက်မဲ့အကျောန်း ငါ ဆုတောင်းအယ်။
PHI 1:12 ညီအကို မောင်နှမလို့၊ ငါနှိုက် ဖြစ်ပျက်သော အမှုအရာလို့ဟ ဧဝံဂေလိတရားဟို ကြေညာရာတွင် အမန်ပင် အထောက်ကူပေးကျောန်း နင်လို့အား သိစေလိုအယ်။
PHI 1:13 ငါဟ ခရစ်တော်ရဲ့ အစေခံဖြစ်လဲ့ အတွက်ကျောန့် ငါဟ တုတ်ချေခံနေရကျောန်းဟို နန်းတော်အစောင့်တပ် တတပ်လုံးနဲ့ အခြားသောသူ အားလုံးလို့ သိဆိကြအယ်။
PHI 1:14 ငါဟ တုတ်ချေခံနေရစဉ်တွင် ရမ်းဆာ့သော ယုံကြည်သူလို့ဟ သခင်ဘုရားဟို ပိုမို ယုံကြည်လာကြအယ်။ အဲလိုမို့ သူလို့ဟ နှုတ်ကပတ်တရားဟို မကြောက်မရွံ့ ဟောပြောရန် အချိန်တိုင်း ရဲရင့်လာစေအယ်။
PHI 1:15 အချို့သောသူလို့ဟ မနာလိုသော စိတ်၊ ရန်တွေ့လိုသော စိတ်နဲ့ ခရစ်တော်အကျောန်းဟို ဟောပြောကြအယ်။ အဲလိုလဲ အချို့သောသူလို့ဟတော့ စေတနာ စိတ်နဲ့ ဟောပြောကြအယ်။
PHI 1:16 ဟေသူလို့ဟ ဧဝံဂေလိတရားဟို ကာကွယ်ဟောပြောရန် ငါ့အား ဘုရားသခင် ခန့်ထားကျောန်းဟို သိသဖြင့် ချစ်ခြင်းမေတ္တာနဲ့ ဟောပြောကြအယ်။
PHI 1:17 အခြားသောသူလို့ဟ ခရစ်တော်ရဲ့ အကျောန်းဟို စိတ်ရင်းမန်ဖြင့် မဟုတ်ဘဲ ကျော်ကြားလိုသော စိတ်ဖြင့် ဟောပြောကြအယ်။ သူလို့ရဲ့ အကြံမှာ တုတ်ချေခံနေရသူ ငါ့အား ပိုယွေ့ စိတ်ဒုက္ခရောက်စေရန် ဖြစ်အယ်။
PHI 1:18 အဲဒါဟ အရေးကြီးမောင်းလဲ့။ အရေးကြီးတာဟ မားယွင်းသော ရည်ရွယ်ချက်ဖြင့် ဟောပြောတာ ဖြစ်စေ၊ မန်ကန်သော ရည်ရွယ်ချက်ဖြင့် ဟောပြောတာ ဖြစ်စေ၊ ခရစ်တော်အကျောန်းဟို ဟောပြောခြင်းသာ ဖြစ်သဖြင့် ငါ ဝမ်းမြောက်အယ်။ ဆက်ပင်း ဝမ်းမြောက်လျက် နေအယ်။
PHI 1:19 ပစာကို့ နင်လို့ရဲ့ ဆုတောင်းခြင်းများနဲ့ ယေရှု ခရစ်တော်ရဲ့ ဝိညာဉ်တော်ဆေမှ လာသော ကူညီမစခြင်းအားဖြင့် ငါဟ ဟေအနှောင်အဖွဲ့မှ လွတ်မြောက်မယ်ဟု ငါသိအယ်။
PHI 1:20 ငါဟ ပစာခါနှိုက်မျှ မိမိရဲ့ တာဝန်ဟို မပျက်မကွက်ဘဲ အခါခပ်သိမ်းနှိုက် လည်းကောင်း၊ အထူးသဖြင့် အခုအခါနှိုက် လည်းကောင်း၊ ရဲရင့်ခြင်း အပြေ့အဝဆိလျက် အသက်ဆှင်တာ ဖြစ်စေ၊ သေတာ ဖြစ်စေ၊ ငါရဲ့ ကိုယ်ခန္ဓာအားဖြင့် ခရစ်တော်ဟ ချီးမွန်းခြင်း ခံရမဲ့အကျောန်း ငါနက်နဲစွာ မျော်လင့်တောင့်တအယ်။
PHI 1:21 အကျောန်းမှာ ငါ့အနေဖြင့် အသက်ဆှင်ခြင်းဟ ခရစ်တော် ဖြစ်ပင်း သေခြင်းဟလည်း အကျိုးဆိအယ်။
PHI 1:22 အဲလိုလဲ ဟေကိုယ်ခန္ဓာနှိုက် ဆက်ယွေ့ အသက်ဆှင်လျက် ငါဟ အကျိုးဆိသောအမှုဟို လုပ်ဆောင်နိန်အယ်။ အဲအခါ စလိုအရာ ရွေးချယ်ရမယ်ဟို ငါမသိ။
PHI 1:23 ငါဟ ဟေနေခုကြားနှိုက် အကျပ်ရိုက်နေအယ်။ ငါဟ ဟေဖဝါ့ဟို စွန့်ခွာယွေ့ ခရစ်တော်နဲ့အတူဆိရန် ဆန္ဒဆိအယ်။ အဲသို့ဖြစ်လျှင် ရမ်းဆာ့ သာလွန်ကောင်းမွန်အယ်။
PHI 1:24 အဲလိုလဲ ဟေကိုယ်ခန္ဓာနှိုက် ငါဆက်ယွေ့ ဆိနေခြင်းဟ နင်လို့အတွက် ပိုမိုလိုအပ်အယ်။
PHI 1:25 ဟေသို့ ယုံကြည်စိတ်ချသဖြင့် ငါဟ နင်လို့နဲ့အတူ နေမယ်။ နင်လို့အား တိုးတက်ကြီးပွားစေရန်နဲ့ ယုံကြည်ခြင်းနှိုက် ဝမ်းမြောက်စေရန် ငါဟ နင်လို့နဲ့အတူ နေမယ်။
PHI 1:26 အဲလိုမို့ ငါဟ နင်လို့နဲ့ တဖန် နေခွင့်ရသောအခါနှိုက် ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်းဖြစ်သူ နင်လို့ဟ ငါ့အတွက်ကျောန့် ပိုယွေ့ပင် ဂုဏ်ယူဝါကြွား နိန်ကြလိမ့်မယ်။
PHI 1:27 စလိုပင်ဖြစ်စေ နင်လို့ဟ ခရစ်တော်ရဲ့ ဧဝံဂေလိတရားနဲ့ ထိုက်တန်စွာ ပြုမူနေထိန်ရန် ဖြစ်အယ်။ အဲလိုမို့ ငါလာယွေ့ နင်လို့ဟို တွေ့တာ ဖြစ်စေ၊ မတွေ့တာ ဖြစ်စေ၊ နင်လို့နဲ့ အဝေးမှာ နေယွေ့ နင်လို့အကျောန်း ကြားသိအခါနှိုက် ဖြစ်စေ၊ နင်လို့ဟ ဝိညာဉ်တော်နှိုက် တည်ကြည်ယွေ့ ဧဝံဂေလိတရားဟို ယုံကြည်ခြင်းအတွက် တညီတညွတ်တည်း ကြိုးစားကြတာဟို ငါ သိလိမ့်မယ်။
PHI 1:28 နင်လို့ရဲ့ ရန်သူများဟို မကြောက်ကြနဲ့။ အခါခပ်သိမ်း ရဲရင့်ကြလော့။ ဟေအရာပင်လျှင် ရန်သူလို့အတွက် ရှုံးနိမ့်ခြင်း ဖြစ်ကျောန်းနဲ့ နင်လို့ အောန်မြင်ခြင်းဖြစ်ကျောန်းဟို သူလို့အား သက်သေပြလိမ့်မယ်။ ပစာကို့ နင်လို့အား အောန်ပွဲခံစေသောသူဟ ဘုရားသခင် ဖြစ်အယ်။
PHI 1:29 နင်လို့ဟ ခရစ်တော်ဟို ယုံကြည်ခြင်းအားဖြင့် သာမက ကိုယ်တော့်အတွက် ဆင်းရဲဒုက္ခခံခြင်း အားဖြင့်လည်း ကိုယ်တော်ရဲ့ အမှုတော်ဟို ဆောင်ရွက်ရန် အခွင့်ထူးဟို ရဆိကြအယ်။
PHI 1:30 အခု နင်လို့ဟ ငါနဲ့အတူ တိုက်ပွဲဟို ဝင်နိန်ကြလေပီ။ မခင်ဟ ငါသည် တိုက်ပွဲဝင်ခဲ့တာဟို နင်လို့ မျော်ခဲ့ကြအယ်။ နင်လို့ ကြားသိလဲ့အတိုင်း အခုလည်း ငါဟ တိုက်ပွဲဟို ဝင်လျက်နေသေးအယ်။
PHI 2:1 ခရစ်တော်နှိုက်ဆိသော နင်ရဲ့ အသက်တာဟ နင့်အား ခိုင်ခံ့စေအယ်။ သူရဲ့ ချစ်ခြင်းမေတ္တာဟ နင့်ဟို နှစ်သိမ့်စေအယ်။ နင်လို့ဟ ဝိညာဉ်တော်နဲ့ မိတ်သဟာယဖွဲ့ခြင်းဟို ရဆိကြအယ်၊ နင်လို့ဟ အချင်းချင်း သနားကြင်နာစိတ် ဆိကြအယ်။
PHI 2:2 နင်လို့ဟ တစိတ်တသဘောတည်း ဆိယွေ့ စိတ်ဝမ်းမကွဲဘဲ တူညီသော မေတ္တာဆိလျက် စိတ်တလုံးတဝတည်း ဖြစ်ခြင်းအားဖြင့် ငါရဲ့ ဝမ်းမြောက်ခြင်းဟို ပြေ့စုံစေကြလော့။
PHI 2:3 ကြွားဝါလိုသောစိတ်၊ အလကားကား ကျော်စောလိုသောစိတ်လို့ဖြင့် ပစာအမှုဟိုမျှ မပြုကြနဲ့၊ အားပေမဲ့ သူတပါးဟ မိမိထက်သာတာဟု အစဉ်ယူဆလျက် စိတ်နှိမ့်ချကြလော့။
PHI 2:4 မိမိအကျိုးဟိုသာ မကျေ့ရှုဘဲ သူတပါးရဲ့ အကျိုးဟိုလည်း ကျေ့ရှုကြလော့။
PHI 2:5 ခရစ်တော် ယေရှုနှိုက်ဆိသော စိတ်သဘောမျိုးဟို နင်လို့နှိုက်လည်း ဆိစေကြလော့။
PHI 2:6 ကိုယ်တော်ဟ ဘုရားသဘောသဘာဝနဲ့ အစဉ်ပြေ့စုံအယ်။ အားပေမဲ့ ကိုယ်တော်ဟ ဘုရားသခင်နဲ့တန်းတူ ဆိနေရန် ကြိုးစားဖို့ မစဉ်းစားခဲ့ပါ။
PHI 2:7 ဟေသို့ပြုမဲ့အစား မိမိအလိုအလျောက် ဘုန်းအသရေဆိသမျှဟို စွန့်ယွေ့ အစေခံရဲ့ သဏ္ဌာန်ဟို ခံယူအယ်။ ကိုယ်တော်ဟ လူ့အသွင်ဟို ယူဆောင်ယွေ့ လူကဲ့သို့သောအဖြစ်ဟို ခံယူအယ်။
PHI 2:8 မိမိကိုယ်ဟို နှိမ့်ချလျက် လက်ဝါးကပ်တိုင်တွင် အသေခံလဲ့တိုင်အောန် နာခံခြင်း လမ်းစဉ်ဟို လိုက်ဆှောက်ခဲ့အယ်။
PHI 2:9 ဟေအကျောန်းကျောန့် ဘုရားသခင်ဟ ကိုယ်တော်အား အထက်အမြင့်ဆုံး အရပ်တိုင်အောန် ချီးမြောက်ယွေ့ ဘွဲ့နာမတကာလို့ထက် ကြီးမြတ်သော ဘွဲ့နာမဟို ပေးသနားခဲ့အယ်။
PHI 2:10 အဲကျောန့်၊ ယေရှုရဲ့ နာမတော်ဟို ဂုဏ်ပြုသောအားဖြင့် အထက်ခေါန်းခင်အရပ်နှိုက် လည်းကောင်း၊ မြေကြီးပေါ်နှိုက် လည်းကောင်း၊ မြေကြီးအောက်နှိုက် လည်းကောင်း၊ ဆိဆိသမျှလို့ဟ ဒူးထောက်ကြလိမ့်မယ်။
PHI 2:11 နှုတ်ဆိသမျှလို့ဟလည်း ယေရှု ခရစ်တော်ဟ သခင်ဖြစ်ကျောန်း ဝန်ခံသဖြင့် ခမည်းတော် ဘုရားသခင်ရဲ့ ဘုန်းတော်ဟို ထင်ဆှားစေမဲ့အကျောန်း ဖြစ်အယ်။
PHI 2:12 အဲလိုမို့ ငါချစ်သောသူလို့၊ နင်လို့ဟ အစဉ်နာခံခဲ့လဲ့အတိုင်း ငါရဲ့ မျက်မှောက်နှိုက်သာ မဟုတ်ဘဲ အခု ငါနဲ့ ဝေးကွာလဲ့အခါနှိုက်လည်း ပိုယွေ့ နာခံလျက် ကြောက်ရွံ့တုန်လှုပ်သောစိတ်ဖြင့် မိမိလို့ရဲ့ ကယ်တင်ခြင်းဟို အကောင်ထည်ဖော်ကြလော့။
PHI 2:13 အကျောန်းမှာ စေတနာတော်အတိုင်း ဆန္ဒဆိကြစေရန်နဲ့ လုပ်ဆောင်ကြစေရန် နင်လို့အထဲနှိုက် လုပ်ဆောင်သောသူဟ ဘုရားသခင် ဖြစ်အယ်။
PHI 2:14 နင်လို့ လုပ်ဆောင်စရာဆိသမျှလို့ဟို ညည်းတွားခြင်း၊ ငြင်းခုံခြင်း မဆိဘဲ လုပ်ဆောင်ကြလော့။
PHI 2:15 အဲမှသာလျှင် အပစ်တင်ခွင့်မဆိ၊ စသူဟိုမျှ မပစ်မားဘဲနေယွေ့ မဖြောင့်မမန် ဖောက်ပြန်သော လူသားမျိုးနွယ်အထဲနှိုက် ပစာအပစ်မျှ မပါဘဲ ဘုရားသခင်ရဲ့ သား ဖြစ်ကြလိမ့်မယ်။ အသက်ဆှင်ခြင်းနဲ့ဆိုင်သော နှုတ်ကပတ်တရားဟို ပြသသလို၊
PHI 2:16 ခေါန်းခင်ဟို ထွန်းလင်းစေသော ကြယ်များလို နင်လို့ဟ ထွန်းလင်းရမယ်။ အဲသို့အားဖြင့် ငါဟ အကျိုးမဆိဘဲလျက် ပြေးတာ မဟုတ်၊ အကျိုးမဆိဘဲလျက် ကြိုးစားအားထုတ်တာ မဟုတ်ကျောန်းဟို ငါထောက်ယွေ့ ခရစ်တော်ရဲ့ နေ့ရက်နှိုက် ဝါကြွားဝမ်းမြောက်ခြင်း ဆိလိမ့်မယ်။
PHI 2:17 နင်လို့ရဲ့ ယုံကြည်ခြင်းဟ ဘုရားသခင်အား ပူဇော်သောယဇ်ပေါ်တွင် ငါရဲ့ အသက်သွေးဟို သွန်းလောင်းရမယ်ဆိုရင် ငါဟ ဝမ်းမြောက်လျက် နင်လို့နဲ့အတူ ဝမ်းမြောက်အယ်။
PHI 2:18 အဲတိုင်းတိုင်း နင်လို့ဟလည်း ဝမ်းမြောက်လျက် ငါနဲ့အတူ ဝမ်းမြောက်ကြလော့။
PHI 2:19 ငါဟ နင်လို့အကျောန်း သတင်းကောင်းကျောန့် အားတက်လာစေရန် သခင်ဘုရား အလိုတော်ဆိရင် တိမောသေဟို နင်လို့ဆေဟို မကြာမီ စေလွှတ်နိန်လိမ့်မယ်ဟု မျှော်လင့်အယ်။
PHI 2:20 တိမောသေတဦးသာရင် ငါနဲ့ သဘောချင်းတူယွေ့ နင်လို့ရဲ့ အကျိုးဟို အမန်ပင် လိုလားသူ ဖြစ်အယ်။
PHI 2:21 လူအပေါင်းလို့ဟ ကိုယ့်အကျိုးဟိုသာ ဆှာကြအယ်။ ယေရှု ခရစ်တော်ရဲ့ အကျိုးဟို မဆှာကြ။
PHI 2:22 တိမောသေနဲ့ ငါဟ သားအဖလို အတူတကွ သတင်းကောင်းအတွက် အစေဟို စလို ဆောင်ရွက်ခဲ့ကြကျောန်းဟို နင်လို့ သိကြအယ်။
PHI 2:23 အဲလိုမို့ ငါ့အမှုကိစ္စ စလို ဖြစ်မယ်ဟို သိလျှင်သိချင်း သူ့အား နင်လို့ဆေဟို စေလွှတ်နိန်မယ်ဟု ငါ မျော်လင့်အယ်။
PHI 2:24 ငါတတ်တိုင်းလည်း နင်လို့ဆေဟို မကြာမီ ရောက်လာနိန်မယ်ဟု သခင်ဘုရားနှိုက် ငါ ယုံကြည်စိတ်ချအယ်။
PHI 2:25 အဲလိုလဲ ငါ့ညီ၊ ငါရဲ့ လုပ်ဖော်ဆောင်ဖက်နဲ့ ရဲဘော်ရဲဘက် ဖြစ်လဲ့အပြင် ငါရဲ့ လိုအပ်ချက်များဟို ဖြည့်ဆည်း ဆောင်ရွက်ပေးသော နင်လို့ရဲ့ တမန် ဧပဖြောဒိတ်ဟို နင်လို့ဆေ စေလွှတ်ရန် လိုအပ်တာဟု ငါယူဆအယ်။
PHI 2:26 သူဟ နင်လို့အပေါင်းဟို လွမ်းဆွတ်လျက် နေပင်း သူဖျားနာလဲ့သတင်းဟို နင်လို့ ကြားသိသွားသဖြင့် သူဟ စိတ်ပူပန်လျက် နေအယ်။
PHI 2:27 သူဟ အမန်ပင် သေလုနီးပါး နာမကျန်း ဖြစ်ခဲ့အယ်။ အားပေမဲ့ ဘုရားသခင်ဟ သူ့ဟို သနားအယ်၊ သူ့ဟိုသာ မဟုတ်ဘဲ ငါ့အား ထပ်ဆင့်ဝမ်းနည်းမှုနဲ့ မကြုံတွေ့စေရန် ငါ့ဟိုလည်း သနားအယ်။
PHI 2:28 အဲကျောန့် နင်လို့ဟ သူ့ဟို တဖန် တွေ့မျော်ယွေ့ ဝမ်းမြောက်ကြစေရန်နဲ့ ငါဟလည်း စိတ်သက်သာရာရစေရန် သူ့အား နင်လို့ဆေဟို စေလွှတ်ရန် ငါ ပိုယွေ့ စိတ်အားထက်သန်လျက် ဆိအယ်။
PHI 2:29 အဲလိုမို့ ဝမ်းမြောက်ခြင်း အပြေ့အဝဖြင့် သခင်ဘုရားနှိုက် သူ့ဟို လက်ခံကြလော့။ ဟေသို့သော သူလို့ဟို ရိုသေလေးစားကြလော့။
PHI 2:30 ပစာကို့ နင်လို့တတ်တိုင်း မပေးနိန်လဲ့ အကူညီဟို ငါ့အား ပေးနိန်အံ့သောငှာ အသက်စွန့်စားယွေ့ ခရစ်တော်ရဲ့ အမှုတော်ဟို သေလုနီးပါးတိုင်အောန် ကြိုးပမ်းဆောင်ရွက်ခဲ့အယ်။
PHI 3:1 နောက်ဆုံးအနေဖြင့် ဆိုရရင်၊ ငါ့ညီအကို မောင်နှမလို့၊ သခင်ဘုရားနှိုက် ဝမ်းမြောက်ကြလော့။ နင်လို့ဆေဟို တူညီသောအကျောန်းများဟို ထပ်ယွေ့ ရေးသားခြင်းဟ ငါ့အတွက် ပင်ပန်းစရာ မဟုတ်ဘဲ နင်လို့အတွက် လုံခြုံစေရန် ဖြစ်အယ်။
PHI 3:2 ခွေးလို့ဟို ဆှောင်ကြလော့။ မကောင်းသော အကျင့်ဟို ကျင့်သောသူလို့ဟို ဆှောင်ကြလော့။ အရေဖျားလှီးခြင်း ခံယောင်ဆောင်သော သူလို့ဟို ဆှောင်ကြလော့။
PHI 3:3 ငါလို့ဟ ဝိညာဉ်တော်အားဖြင့် ဘုရားသခင်ဟို ကိုးကွယ်ယွေ့ ဇာတိပကတိနှိုက် ကိုးစားခြင်း မဆိဘဲ ယေရှု ခရစ်နှိုက်သာ ဝါကြွားဝမ်းမြောက်သောသူ ဖြစ်ယွေ့ မန်သော အရေဖျားလှီးခြင်းဟို ခံသောသူ ဖြစ်ကြအယ်။
PHI 3:4 အဲလိုလဲ ဇာတိပကတိနှိုက် ကိုးစားစရာလည်း ငါနှိုက် ဆိအယ်။ အခြားသောသူ တစုံတဦးဟ အသွေးအသားနှိုက် ကိုးစားစရာဆိတာဟု ထင်မှတ်လျှင် ငါနှိုက် ပိုယွေ့ ဆိအယ်။
PHI 3:5 ငါဟ ဆစ်ရက်မြောက်သောနေ့နှိုက် အရေဖျားလှီးခြင်းဟို ခံရသူ၊ ဣသရေလလူမျိုး၊ ဗင်္ယာမိန်အနွယ်ဝင် ဖြစ်အယ်။ ဟေဗြဲလူမျိုးမှ ဆင်းသက်သော ဟေဗြဲလူမျိုးစစ်စစ် ဖြစ်အယ်။ ပညတ်တရားအရဆိုရင် ဖာရိရှဲ ဖြစ်အယ်။
PHI 3:6 စိတ်အားထက်သန်မှုအရဆိုရင် အသင်းတော်ဟို ညှဉ်းဆဲသောသူ၊ ပညတ်တရား နာခံခြင်းအားဖြင့် ဖြောင့်မတ်ခြင်းရမယ်ဆိုရင် အပစ်ကင်းသောသူ ဖြစ်အယ်။
PHI 3:7 အဲလိုလဲ ငါ့အတွက် အကျိုးကျေးဇူးဖြစ်ခဲ့သော ဟေအရာလို့ဟ ခရစ်တော်ဟို ထောက်လျက် အရှုံးဟူယွေ့ ငါမှတ်ယူအယ်။
PHI 3:8 အဲမျှမက ငါရဲ့ သခင် ခရစ်တော် ယေရှုဟို သိသောဉာဏ်ရဲ့ ထူးမြတ်သော အကျိုးကျေးဇူးကျောန့် အရာခပ်သိမ်းဟို အရှုံးဟူယွေ့ ငါမှတ်ယူအယ်။ ငါဟ ကိုယ်တော်အတွက် အရာခပ်သိမ်းလို့ဟို စွန့်ပယ်ခဲ့အယ်။ ခရစ်တော်ဟို အမြတ်ရနိန်ရန် လည်းကောင်း၊ ကိုယ်တော်နဲ့ တလုံးတဝတည်းဖြစ်နိန်ရန် လည်းကောင်း၊ အဲအရာများဟို အမှိုက်လို ငါမှတ်ယူအယ်။
PHI 3:9 ဟေအရာဟ ငါသည် ပညတ်တရားဟို စောင့်ထိန်းခြင်းအားဖြင့် ဖြောင့်မတ်ခြင်း မရဆိနိန်ပေ။ အခု ငါဟ ခရစ်တော်ဟို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းဟို ငါရအယ်၊ ယုံကြည်ခြင်း အပေါ်နှိုက် အခြေခံသော ဘုရားသခင်ဆေမှ လာသော ဖြောင့်မတ်ခြင်း ဖြစ်အယ်။
PHI 3:10 ငါဟ ခရစ်တော်ဟို သိကျွမ်းခြင်း၊ ဆှင်ပြန် ထမြောက်ခြင်းရဲ့ တန်ခိုးဟို ခံစားခြင်း၊ ခရစ်တော်နဲ့အတူ ဆင်းရဲဒုက္ခခံခြင်း၊ ကိုယ်တော် အသေခံခြင်းနှိုက် ပါဝင်ခြင်းလို့ဟိုသာ လိုချင်တောင့်တအယ်။
PHI 3:11 အဲမှသာ ငါတတ်တိုင်း သေခြင်းမှ ဆှင်ပြန်ထမြောက်ခွင့်ဟို ရမယ်ဟု မျော်လင့်အယ်။
PHI 3:12 ငါဟ အဲဆုဟို ရဆိပီ အဲဟာမဟုတ်ရင် စုံလင်ခြင်းသို့ ရောက်ပီဟု ဆိုလိုတာမဟုတ်ဘဲ ခရစ်တော် ယေရှုဟ အဲဆုအတွက် ငါ့ဟို ဖမ်းကိုင်ထားတာဖြစ်ယွေ့ ငါဟလည်း အဲဆုဟို ဖမ်းကိုင်နိန်ရန် ကြိုးစားလျက် ဆိအယ်။
PHI 3:13 ငါ့ညီအကို မောင်နှမလို့၊ ငါ ဖမ်းကိုင်ထားပီဟု ငါတတ်တိုင်း မှတ်ယူမှာ ဟုတ်ဝူး၊ အဲလိုလဲ ငါပြုသောအရာတခုမှာ နောက်နှိုက် ဆိသောအရာများဟို မေ့ထားယွေ့ ဆေ့နှိုက် ဆိသောအရာများဟို ရောက်ခြင်းငှာ အစွမ်းကုန် ကြိုးစားအယ်။
PHI 3:14 အဲလိုမို့ ခရစ်တော် ယေရှုအားဖြင့် အထက်အရပ်သို့ ဘုရားသခင် ခေါ်ယူယွေ့ ပေးမဲ့ဆုဟို ရဆိရန် ပန်းတိုင်သို့ ကြိုးစားယွေ့ ငါပြေးအယ်။
PHI 3:15 ငါလို့တွင် ဝိညာဉ်ရေး ရင့်ကျက်သောသူလို့ဟ ဟေသို့သော စိတ်သဘော ဆိသင့်အယ်။ အဲလိုလဲ နင်လို့တွင် အချို့ဟ ခြားနားသောစိတ်သဘော တစုံတခုဆိလျှင်လည်း ဘုရားသခင်ဟ အဲအရာဟိုပင် နင်လို့အား ဖော်ပြလိမ့်မယ်။
PHI 3:16 စလိုပင်ဖြစ်စေ ငါလို့ဟ မိမိလို့ရောက်ဆိလဲ့ အနေအထားနဲ့အညီ လိုက်ဆှောက်ကြစို့။
PHI 3:17 ညီအကို မောင်နှမလို့၊ နင်လို့ဟ ငါဆေမှ အတုယူကြလော့။ ငါလို့ဆေမှ ရဆိသော စံနမူနာအတိုင်း အသက်ဆှင် ဆှောက်လှမ်းနေကြသော သူလို့ဟိုလည်း ကျေ့ရှုမှတ်သားကြလော့။
PHI 3:18 အကျောန်းမှာ နင်လို့အား မကြာခဏ ငါပြောခဲ့ပင်း အခု တဖန် မျက်ရည်ကျလျက် ပြောတာဟ ရမ်းဆာ့သောသူလို့ဟ ခရစ်တော်ရဲ့ လက်ဝါးကပ်တိုင်ဟို ရန်ဘက်ပြုလျက် အသက်ဆှင် ဆှောက်လှမ်းနေကြအယ်။
PHI 3:19 အဲသူလို့ရဲ့ အဆုံးဟ ပျက်စီးခြင်း ဖြစ်အယ်၊ သူလို့ရဲ့ ဘုရားဟ သူလို့ရဲ့ ဖိုက်ဖြစ်ယွေ့ သူလို့ဟ ဆှက်ဖွယ်ရာနှိုက် ဂုဏ်ယူဝါကြွားကြအယ်။ သူလို့ စွဲလမ်းသောအရာဟ လောကနဲ့ဆိုင်သောအရာများပင် ဖြစ်ကြအယ်။
PHI 3:20 အဲလိုလဲ ငါလို့ဟ ခေါန်းခင်နိုင်ငံသား ဖြစ်ကြအယ်၊ အဲအရပ်မှ ကြွလာမဲ့ ကယ်တင်ဆှင် သခင် ယေရှု ခရစ်တော်ဟို ငါလို့ စောင့်မျော်နေကြအယ်။
PHI 3:21 ကိုယ်တော်ဟ အရာခပ်သိမ်းဟို မိမိရဲ့ အာဏာစက်အောက်တွင် ရောက်စေသော တန်ခိုးတော်အားဖြင့် ငါလို့ရဲ့ သေကြေပျက်စီးတတ်သော ကိုယ်ခန္ဓာဟို မိမိရဲ့ ဘုန်းအသရေနဲ့ ပြေ့စုံသော ကိုယ်ခန္ဓာနဲ့တူအောန် ပြောင်းလဲစေလိမ့်မယ်။
PHI 4:1 အဲကျောန့် ညီအကို မောင်နှမလို့၊ ငါရဲ့ ဝမ်းမြောက်ခြင်းအကျောန်းနဲ့ ငါရဲ့ သရဖူဖြစ်လဲ့ နင်လို့ဟို အကျောန်းပြုယွေ့ ရမ်းဆာ့ ဝမ်းမြောက်ယွေ့ ဂုဏ်ယူဝါကြွားအယ်။ ချစ်သော ညီအကို မောင်နှမလို့ ငါလို့ဆိုခဲ့လဲ့အတိုင်း သခင်ဘုရားနှိုက် ခိုင်မြဲစွာ ရပ်တည်ကြလော့။
PHI 4:2 ငါဟ ဧဝေါဒိနဲ့ သုန္တုတ်လို့အား သခင်ဘုရားနှိုက် တစိတ်တသဘောတည်း ဆိကြရန် တိုက်တွန်းနှိုးဆော်အယ်။
PHI 4:3 ငါရဲ့ ရဲဘော်စစ်ဖြစ်သူ နင့်ဟိုလည်း အဲအမျိုးသမီးလို့ဟို ကူညီမစရန် ငါ တောင်းပန်အယ်။ သူလို့ဟ ဧဝံဂေလိတရား ဟောပြောရာတွင် ငါနဲ့အတူ အထူး ကြိုးစားအားထုတ် လုပ်ဆောင်သူများ ဖြစ်ကြအယ်။ အဲသို့ လုပ်ဆောင်ခဲ့သူများတွင် ကလေမင်နဲ့တကွ ဘုရားသခင်ရဲ့ အသက်စာစောင် စာရင်းတွင် ပါဆိသူ အခြား ငါရဲ့ လုပ်ဖော်ဆောင်ဖက်များလည်း ပါဝင်အယ်။
PHI 4:4 သခင်ဘုရားနှိုက် အစဉ်အမြဲ ဝမ်းမြောက်ကြလော့။ တဖန် ငါဆိုတာဟ ဝမ်းမြောက်ကြလော့။
PHI 4:5 နင်လို့ရဲ့ နူးညံ့သိမ်မွေ့သော စိတ်သဘောဟို လူအပေါင်းလို့အား မျော်စေကြလော့။ သခင်ဘုရား ကြွလာရန် အချိန်နီးပီ။
PHI 4:6 ပစာအမှုဟိုမျှ မစိုးရိမ်ဘဲ ခပ်သိမ်းသောအမှုလို့တွင် ကျေးဇူးတော်ဟို ချီးမွန်းယွေ့ ဆုတောင်းလျက် နင်လို့ လိုသောအရာများဟို ဘုရားသခင်အား ကြားဆှောက်ကြလော့။
PHI 4:7 အဲအခါ လူလို့ နားမလည်နိန်သော ဘုရားသခင်ရဲ့ ငြိမ်သက်ခြင်းဟ ခရစ်တော် ယေရှုအားဖြင့် နင်လို့ရဲ့ စိတ်နေလုံးနဲ့ နင်လို့ရဲ့ တွေးတောကြံစည်မှုများဟို စောင့်မလိမ့်မယ်။
PHI 4:8 နောက်ဆုံးအနေဖြင့် ညီအကို မောင်နှမလို့၊ မန်ကန်သောအရာ၊ မွန်မြတ်သောအရာ၊ လျောက်ပတ်သောအရာ၊ ဖြူစင်သောအရာ၊ နှစ်သက်ဖွယ်သောအရာနဲ့ အသရေဆိသောအရာ တည်းဟူသော ကောင်းမြတ်သောအရာနဲ့ ချီးမွန်းဖွယ်သောအရာလို့ဖြင့် စိတ်နေလုံးဟို ပြေ့စေကြလော့။
PHI 4:9 ငါ့ဆေမှ နင်လို့ သင်ကြားခံယူလျက် သိမျော်ခဲ့သောအရာလို့ဟို ပြုကျင့်ကြလော့။ သို့ပြုလျှင် ငြိမ်သက်ခြင်းရဲ့ သခင် ဘုရားသခင်ဟ နင်လို့နဲ့အတူ ဆိလိမ့်မယ်။
PHI 4:10 ဟေမျှအချိန်ကာလ ကြာပင်းမှ နင်လို့ဟ ငါ့အား မိမိလို့ရဲ့ စေတနာစိတ်ဟို တဖန်ပြန်ယွေ့ ပြသကြလဲ့အတွက် ငါဟ သခင်ဘုရားနဲ့ တလုံးတဝတည်းဖြစ်သူ တဦးအနေဖြင့် ရမ်းဆာ့ ဝမ်းမြောက်ပါအယ်။ မခင်ဟ နင်လို့ဟ ငါရဲ့ အပေါ်တွင် စေတနာမထားဘဲ နေခဲ့ကြတာဟု ငါမဆိုလို၊ အဲစေတနာဟို ပြသနိန်ခွင့် မရခဲ့ကျောန်းဟိုသာ ဆိုလိုအယ်။
PHI 4:11 ငါဟ ဆင်းရဲချို့တဲ့သောကျောန့် ဟေသို့ဆိုတာ မဟုတ်။ အကျောန်းမှာ စလို အခြေအနေနှိုက် မဆို ကျေနပ်ရောင့်ရဲတတ်ရန် ငါဟ သင်ယူခဲ့ပီ။
PHI 4:12 နှိမ့်ချခြင်းဟို ငါ သိယွေ့ ကြွယ်ဝခြင်းဟိုလည်း ငါ သိအယ်။ ငါဟ မွတ်တာ ဖြစ်စေ၊ ဝစွာ စားရတာ ဖြစ်စေ၊ ချို့တဲ့တာ ဖြစ်စေ၊ ကြွယ်ဝတာ ဖြစ်စေ၊ စလို အခြေအနေ၊ စလို အရပ်နှိုက်နေရတာ မဆို ကျေနပ်ရောင့်ရဲတတ်ရန် သင်ယူထားပင်း ဖြစ်အယ်။
PHI 4:13 ငါ့ဟို ခွန်အားနဲ့ ပြေ့စုံစေသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုလို့ဟို ငါတတ်စွမ်းနိန်အယ်။
PHI 4:14 အဲလိုလဲ ငါ ဆင်းရဲဒုက္ခဟို တွေ့ကြုံရချိန်နှိုက် နင်လို့ ငါ့ဟို ကူညီကြသောအားဖြင့် ကောင်းမွန်စွာ ပြုကြပီ။
PHI 4:15 အချင်း ဖိလိပ္ပိမြို့သားလို့၊ ငါဟ မာကေဒေါနိပြေမှ ထွက်ခွာယွေ့ ဧဝံဂေလိတရားဟို စတင် ဝေငှချိန်နှိုက် နင်လို့ အသင်းတော် တပါးတည်းသာ ငါ့အား ကူညီခဲ့ကျောန်း၊ အမှုတော်ဆောင်လုပ်ငန်းတွင် နင်လို့ဟသာ ငါနဲ့အတူ ပေးလှူခြင်းနဲ့ လက်ခံခြင်း အမှုလို့နှိုက် ပါဝင်ကြကျောန်းဟို နင်လို့တတ်တိုင်း ကောင်းစွာ သိကြအယ်။
PHI 4:16 သက်သာလောနိတ်မြို့နှိုက် ဆိစဉ်ခါဟ ငါလိုသော အကူညီဟို နင်လို့ဟ တကြိမ်မက နေကြိမ်တိုင်အောန် ပေးပို့ခဲ့ကြအယ်။
PHI 4:17 ဟေသို့ဆိုသော် ငါဟ အလှူဟို ခံယူလိုယွေ့ မဟုတ်၊ နင်လို့ရဲ့ ငွေစာရင်းတွင် အမြတ်တိုးလာစေရန် ငါ အလိုဆိအယ်။
PHI 4:18 ငါဟ အရာအားလုံးဟို ရဆိယွေ့ ကြွယ်ဝလျက် ဆိအယ်။ နင်လို့ ပေးပို့လဲ့အရာများဟို ဧပဖြောဒိတ်ဆေမှ ငါ လက်ခံရဆိယွေ့ ပြေ့စုံလျက် ဆိပီ။ အဲအရာလို့ဟ မွှေးကြိုင်လဲ့ရနံ့၊ ဘုရားသခင် နှစ်သက်သော လက်ခံဖွယ်ရာယဇ် ဖြစ်ကြအယ်။
PHI 4:19 ငါရဲ့ ဘုရားသခင်ဟလည်း ဘုန်းအသရေတော်နှိုက် ဆိသော မိမိရဲ့ ကြွယ်ဝမှုနဲ့အညီ နင်လို့ရဲ့ လိုအပ်ချက် ဆိသမျှဟို ခရစ်တော် ယေရှုအားဖြင့် ပြေ့စုံစေလိမ့်မယ်။
PHI 4:20 ငါလို့အဖ ဖြစ်သော ဘုရားသခင်နှိုက် ကမ္ဘာအဆက်ဆက် ဘုန်းအသရေတော် ဆိပါစေသော၊ အာမင်။
PHI 4:21 ခရစ်တော် ယေရှုနှိုက်ဆိသော ဘုရားသခင်ရဲ့ လူမျိုးနွယ်အပေါင်းလို့ဟို နှုတ်ဆက်ပေးကြလော့။ ငါနဲ့အတူဆိသော ညီအကို မောင်နှမလို့ဟ နင်လို့ဟို နှုတ်ဆက်လိုက်ပါအယ်။
PHI 4:22 ဘုရားသခင်ရဲ့ လူမျိုးနွယ်အပေါင်းလို့ဟ နှုတ်ဆက်လိုက်ပါအယ်။ အထူးသဖြင့် ကဲသာဘုရင်ရဲ့ နန်းတော်ဆိ ညီအကိုများဟ နှုတ်ဆက်လိုက်ပါအယ်။
PHI 4:23 သခင် ယေရှု ခရစ်တော်ရဲ့ ကျေးဇူးတော်ဟ နင်လို့ရဲ့ စိတ်ဝိညာဉ်နဲ့အတူ ဆိပါစေသော။
COL 1:1 ဘုရားသခင်ရဲ့ အလိုတော်အားဖြင့် ခရစ်တော် ယေရှုရဲ့ တမန်တော်ဖြစ်သော ငါပေါလုနဲ့ ငါ့ညီ တိမောသေဆေမှ —
COL 1:2 ကောလောသဲမြို့ဆိ ဘုရားသခင်ရဲ့ လူများဖြစ်သော ခရစ်တော်နဲ့ တလုံးတဝတည်းဖြစ်လျက် သစ္စာဆိသူ ညီအကို မောင်နှမလို့ဆေမှ စာရေးလိုက်အယ်၊
COL 1:3 ငါလို့ဟ နင်လို့အတွက် အစဉ်အမြဲ ဆုတောင်းလျက် ငါလို့ သခင် ယေရှု ခရစ်တော်ရဲ့ ခမည်းတော်တည်းဟူသော ဘုရားသခင်ဟို ကျေးဇူးတင်ကြအယ်။
COL 1:4 အကျောန်းမှာ ခရစ်တော် ယေရှုအပေါ်နှိုက် ဆိသော နင်လို့ရဲ့ ယုံကြည်ခြင်းနဲ့ ဘုရားသခင်ရဲ့ လူအားလုံးလို့အပေါ် နင်လို့ထားဆိလဲ့ ချစ်ခြင်းမေတ္တာကျောန်းဟို ငါလို့ ကြားရသောကျောန့် ဖြစ်အယ်။
COL 1:5 သမ္မာတရားဟူသော သတင်းကောင်းဟို နင်လို့ ပထမအကြိမ် ကြားရသောအခါ မျော်လင့်ရာအကျောန်းဟို နင်လို့ ကြားရကြအယ်။ အဲလိုမို့ နင်လို့ရဲ့ ယုံကြည်ခြင်းနဲ့ ချစ်ခြင်းမေတ္တာဟ ခေါန်းခင်ဘုံနှိုက် နင်လို့အဖို့ လုံခြုံစွာထားလဲ့ မျော်လင့်ရာအပေါ်မှာ မူတည်လျက်နေအယ်။
COL 1:6 နင်လို့ဟ ဘုရားသခင်ရဲ့ ကျေးဇူးတော်အကျောန်းဟို အမန်သိမျော် ခံစားရတာနဲ့မျှ သတင်းကောင်းဟ နင်လို့ဆေဟို ပျံ့နှံ့ယွေ့ လာအယ်။ အဲတိုင်းတိုင်း သတင်းကောင်းဟ ကမ္ဘာတဝန်းလုံးသို့ ပျံ့နှံ့ယွေ့ ကောင်းချီးမင်္ဂလာများ ခံစားလျက် ဆိအယ်။
COL 1:7 ဘုရားသခင်ရဲ့ ကျေးဇူးတော်အကျောန်းဟို နင်လို့အား သင်ကြားပေးသူမှာ ငါလို့နဲ့အတူ ခရစ်တော်ရဲ့ အမှုဟိုဆောင်ရွက်နေသူ ငါလို့ချစ်သော ဧပဖြ ဖြစ်အယ်။ သူဟ ငါလို့ရဲ့ ကိုယ်စား သစ္စာဆိသော ခရစ်တော်ရဲ့ အမှုတော်ဟို ဆောင်သောသူဖြစ်အယ်။
COL 1:8 ဝိညာဉ်တော်အားဖြင့် ရဆိသော နင်လို့ရဲ့ မေတ္တာအကျောန်းဟို ငါလို့အား သူပြောပြအယ်။
COL 1:9 အဲအကျောန်းကျောန့် နင်လို့ရဲ့ သတင်းဟို ကြားရလဲ့နေ့မှစယွေ့ ငါလို့ဟ နင်လို့အတွက် အစဉ်မပြတ် ဆုတောင်းလျက် နေအယ်။ နင်လို့ဟ ဝိညာဉ်တော် ချပေးသော ဉာဏ်ပညာ၊ သိနားလည်မှု အလုံးစုံလို့နဲ့ ပြေ့စုံသဖြင့် ဘုရားသခင်ရဲ့ အလိုတော်ဟို ကောင်းစွာ သိဆိကြစေရန် ဘုရားသခင်အား ငါလို့ ဆုတောင်းကြအယ်။
COL 1:10 အဲမှသာ အစဉ်အမြဲ သခင်ဘုရား နှစ်သက်စေရန် လည်းကောင်း၊ ကိုယ်တော်ရဲ့ ဘုန်းအသရေ ထွန်းတောက်စေရန် လည်းကောင်း နင်လို့ ပြုမူ ကျင့်ကြံနိန်ကြလိမ့်မယ်။ ဟေသို့ အသက်ဆှင်ခြင်းအားဖြင့် ကောင်းမြတ်လဲ့ အကျင့်အမျိုးမျိုးဟူသော အသီးအပွင့်များဟို ဖြစ်ထွန်းကြလိမ့်မယ်။ ဘုရားသခင်ဟိုလည်း တိုးယွေ့ သိကျွမ်းကြလိမ့်မယ်။
COL 1:11 နင်လို့ဟ အရာခပ်သိမ်းဟို စိတ်ဆှည်စွာ သည်းခံနိန်စေရန် ဘုရားသခင်ရဲ့ ဘုန်းတန်ခိုးတော်မှ ရဆိလဲ့ စွမ်းရည်အမျိုးမျိုးဖြင့် ရပ်တည်နိန်ကြပါစေသော။ အဲမှ အလင်း နိုင်ငံတော်တွင် ဘုရားသခင်ရဲ့ လူမျိုးနွယ်အတွက် ထားလဲ့ ကောင်းချီးမင်္ဂလာများဟို နင်လို့အား ခံစားထိုက်သူများဖြစ်သော ခမည်းတော် ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ဝမ်းမြောက်စွာ ချီးမွန်းနိန်ကြပါစေသော။
COL 1:13 ကိုယ်တော်ဟ ငါလို့အား မိုက်ရဲ့ တန်ခိုးမှ ကယ်တင်ယွေ့ မိမိချစ်သော သားတော်ရဲ့ နိုင်ငံတော်ထဲသို့ ခေါ်သွင်းအယ်၊
COL 1:14 ဘုရားသခင်ဟ အဲသားတော်အားဖြင့် ငါလို့ဟို ရွေးနုတ်ပီ။ အဲနည်းအားဖြင့် ငါလို့ရဲ့ အပစ်များဟို ဖြေလွှတ်ပီ။
COL 1:15 ခရစ်တော်ဟ မျက်စေ့ဖြင့် မမျော်နိန်သော ဘုရားသခင်ရဲ့ ပုံသဏ္ဌာန်တော် ဖြစ်အယ်။ ကိုယ်တော်ဟ ဖန်ဆင်းသော အရာအားလုံးလို့တွင် သားဦး ဖြစ်အယ်။
COL 1:16 အကျောန်းမှာ ခေါန်းခင်ဘုံနှိုက် လည်းကောင်း၊ မြေကြီးပေါ်နှိုက် လည်းကောင်း ဆိသမျှသော မျော်ရလဲ့အရာနဲ့ မမျော်ရလဲ့အရာများ၊ ရာဇပလ္လင်များ ဖြစ်စေ၊ အစိုးရခြင်း ဖြစ်စေ၊ အုပ်ချုပ်မှု ဖြစ်စေ၊ အာဏာစက် ဖြစ်စေ သားတော်အားဖြင့် ဖန်ဆင်းခြင်း ခံရအယ်။ ခပ်သိမ်းသောအရာလို့ဟ သားတော်အားဖြင့် လည်းကောင်း၊ သားတော်အတွက် လည်းကောင်း ဖန်ဆင်းခြင်း ခံရအယ်။
COL 1:17 ခရစ်တော်ဟ ခပ်သိမ်းသောအရာလို့ မတည်မဆိခင် ဖြစ်ယွေ့၊ ခပ်သိမ်းသောအရာလို့ဟ ကိုယ်တော်နဲ့ တလုံးတဝတည်းဖြစ်သောအားဖြင့် စနစ်တကျတည်လျက် ဆိအယ်။
COL 1:18 ကိုယ်တော်ဟ အသင်းတော် တည်းဟူသော ကိုယ်ခန္ဓာရဲ့ ဦးခေါင်း ဖြစ်ယွေ့ ကိုယ်တော်ဟ သူ့ကိုယ်ခန္ဓာ အသက်ရဲ့ အရင်းအမြစ် ဖြစ်အယ်။ အဲသူဟ အရာခပ်သိမ်းလို့နှိုက် ပထမနေရာဟို ရနိန်စေရန်အတွက် သေခြင်းမှ ထမြောက်စေသော သားဦး ဖြစ်အယ်။
COL 1:19 အကျောန်းမှာ ဘုရားသခင်ရဲ့ အလိုတော်အရ သားတော်ဟ ဘုရားဇာတိဟို အပြေ့ဝ ခံယူအယ်။
COL 1:20 ဘုရားသခင်ဟ သားတော်အားဖြင့် စကြာဝဠာတခုလုံးဟို မိမိဆေ ပြန်လာစေရန် ဆုံးဖြတ်ထားအယ်။ လက်ဝါးကပ်တိုင်ပေါ်နှိုက် သွန်းသော သားတော်ရဲ့ အသွေးအားဖြင့် ရန်ဟို ငြိမ်းစေယွေ့ အဲတိုင်းတိုင်းဖြင့် မြေကြီးနဲ့ ခေါန်းခင်တွင် ဆိသမျှသောအရာလို့အား မိမိနဲ့ ပြန်လည်သင့်မြတ်စေရန် အလိုဆိအယ်။
COL 1:21 မခင်ဟ နင်လို့ရဲ့ ဆိုးညစ်သောအပြုအမူနဲ့ အတွေးခေါ်များဟို ပြုခြင်းအားဖြင့် ဘုရားသခင်နဲ့ ကင်းကွာလျက် ရန်သူ ဖြစ်ကြအယ်။
COL 1:22 အဲလိုလဲ အခု ဘုရားသခင်ဟ လူ့ဇာတိဟို ခံယူသော သားတော်အား အသေခံစေသောအားဖြင့် နင်လို့အား မိမိနဲ့ ပြန်လည်သင့်မြတ်ခွင့်ဟို ပေးလေပီ၊ ဟေသို့ ပြုခြင်းမှာ နင်လို့ဟ သန့်ဆှင်း၊ ဖြူစင်၊ မြင့်မြတ်လျက် အပစ်ဆိုဖွယ် မဆိဘဲ ဆေ့မှောက်သို့ ဝင်ရောက်နိန်ကြရန် ဖြစ်အယ်။
COL 1:23 အဲလိုမို့ နင်လို့ဟ မိမိလို့ရဲ့ ယုံကြည်ခြင်းဟို အုတ်မြစ်လို ခိုင်မာစေရန် ဆက်လက် ထိန်းသိမ်းရကြမယ်၊ နင်လို့ဟ ဧဝံဂေလိတရားဟို ကြားသိရသောအခါ ရဆိခဲ့သော မျော်လင့်ခြင်းမှ နင်လို့တတ်တိုင်း မယိမ်းယိုင်စေနဲ့။ ကမ္ဘာအနှံ့အပြားသို့ ဟောပြောရန်ဖြစ်သော အဲဧဝံဂေလိတရားအတွက် အစေခံဟ ငါ ပေါလုပင် ဖြစ်အယ်။
COL 1:24 ငါဟ နင်လို့အတွက် ခံရသော ဆင်းရဲဒုက္ခနှိုက် အခု ဝမ်းမြောက်ယွေ့ ခရစ်တော်ရဲ့ ဆင်းရဲဒုက္ခတွင် လိုအပ်သေးလဲ့အပိုင်းဟို ကိုယ်တော်ရဲ့ ကိုယ်ခန္ဓာ တည်းဟူသော အသင်းတော်အတွက် ငါရဲ့ ကိုယ်ခန္ဓာနှိုက် ဖြည့်ဆည်းလျက် ဆိအယ်။
COL 1:25 နင်လို့ရဲ့ အကျိုးအတွက် ဘုရားသခင်ဟ ငါ့အား အသင်းတော်ရဲ့ အမှုတော်ဆောင်အဖြစ် ခန့်ထားအယ်၊ ငါ့အား ပေးသောတာဝန်မှာ နှုတ်ကပတ်တရားဟို အကုန်စင် ဟောပြောရန် ဖြစ်အယ်၊
COL 1:26 ကိုယ်တော်ဟ နက်နဲရာဟို ကမ္ဘာမြေပေါ်ဆိ လူသားအပေါင်းလို့အား ဆေ့ကာလများမှ စယွေ့ ခေတ်ကာလများတွင် သိခွင့် မပေးခဲ့သော်လည်း အခုအခါ မိမိရဲ့ လူလို့အား ဖော်ပြလေပီ။
COL 1:27 ဘုရားသခင်ရဲ့ အကြံစည်မှာ လူမျိုးတကာလို့အတွက် ကြွယ်ဝယွေ့ ဘုန်းအသရေနဲ့ ပြေ့စုံသော နက်နဲလဲ့အရာအကျောန်းဟို မိမိလူလို့အား သိစေရန် ဖြစ်အယ်။ ဟေနက်နဲသောအရာဟ ခရစ်တော်သည် နင်လို့အထဲနှိုက် ကျိန်းဝပ်ကျောန်း ဖြစ်အယ်၊ ဆိုလိုတာဟ နင်လို့သည် ဘုရားသခင်ရဲ့ ဘုန်းအသရေတော်နဲ့ဆိုင်လဲ့ မျော်လင့်သောအရာဟို ခံစားစေလိမ့်မယ်။
COL 1:28 အဲလိုမို့ ငါလို့ဟ လူအပေါင်းလို့အား ခရစ်တော်ရဲ့ အကျောန်းဟို ဟောပြောကြအယ်။ လူတိုင်းအား ရင့်ကျက်သူအဖြစ်ဖြင့် ဘုရားသခင်ရဲ့ ဆေ့မှောက်သို့ ရောက်ဆိရန် ပို့ဆောင်နိန်ခြင်းငှာ ငါလို့ဟ ဉာဏ်ပညာဆိသမျှဖြင့် လူတိုင်းဟို သတိပေး သွန်သင်ကြအယ်။
COL 1:29 ဟေအရာပီးမြောက်ရန် ငါဟ ခရစ်တော်ပေးသော တန်ခိုးနဲ့ ငါ့ရဲ့ အတွင်းနှိုက်ဆိသော အလုပ်ဖြစ်လဲ့ အားကြီးသော ခွန်အားဟို အသုံးပြုယွေ့ ကြိုးကြိုးစားစား ရုန်းကန်နေအယ်။
COL 2:1 ငါဟ နင်လို့နဲ့ လောဒိကိမြို့တွင် ဆိလဲ့ သူလို့မှစယွေ့ ငါ့ဟို လူချင်းမမျော်ဖူးသော သူလို့အတွက် စလောက်ရုန်းကန် ကြိုးစားနေတာဟို နင်လို့အား သိစေလိုအယ်။
COL 2:2 ဟေသို့ ကြိုးပမ်းလုပ်ဆောင်ရခြင်းမှာ နင်လို့အပေါင်းဟ ခွန်အားပေးလျက် အချင်းချင်းတယောက်ဟို တယောက် ချစ်ခင်လာစေရန် ဖြစ်အယ်၊ ဟေသို့ဖြစ်ခြင်းကျောန့် နင်လို့ဟ ပီးပြေ့စုံသော သိဆိ နားလည်ခြင်းနဲ့ စိတ်ချမှုဟို ရဆိကြလိမ့်မယ်။ ဟေနည်းအားဖြင့် နင်လို့ဟ ခရစ်တော် တည်းဟူသော ဘုရားသခင်ရဲ့ နက်နဲသောအရာဟို သိဆိကြလိမ့်မယ်။
COL 2:3 အဲသူဟ အောင်းထားသော ဘုရားသခင်ရဲ့ ဉာဏ်ပညာနဲ့ အသိပညာ ဘဏ္ဍာလို့ဟို ဖွင့်ပြလဲ့ သော့ ဖြစ်အယ်။
COL 2:4 စသူမျှ နင်လို့ဟို ဖြားယောင်းသောစကားဖြင့် မလှည့်စားစေရန် ဟေသို့ ငါပြောဆိုအယ်။
COL 2:5 ငါဟ ကိုယ်ခန္ဓာအားဖြင့် နင်လို့နဲ့ ကွာယွေ့ နေသော်လည်း၊ စိတ်ဝိညာဉ်အားဖြင့် နင်လို့နဲ့အတူ ဆိတာဖြစ်ယွေ့ နင်လို့ဟ လျောက်ပတ်စွာ ပြုပြင်တတ်တာဟို လည်းကောင်း၊ ခရစ်တော်နှိုက် ယုံကြည်ခြင်း ခိုင်မာတာဟို လည်းကောင်း မျော်ရင် ဝမ်းမြောက်ခြင်း ဆိအယ်။
COL 2:6 နင်လို့ဟ ခရစ်တော် ယေရှုအား သခင်အဖြစ် လက်ခံကြသဖြင့် ကိုယ်တော်နဲ့ တလုံးတဝတည်းဖြစ်လျက် အသက်ဆှင်ကြလော။
COL 2:7 ကိုယ်တော်နှိုက် အမြစ်တွယ်ယွေ့ တည်ဆောက်ခြင်း ခံရကာ နင်လို့ သင်ယူခဲ့လဲ့အတိုင်း ယုံကြည်ခြင်းနှိုက် တည်မြဲစေကြလော။ ကျေးဇူးတော် ချီးမွန်းခြင်းနဲ့ ပြေ့စုံကြလော။
COL 2:8 ခရစ်တော်ဆေမှ မဟုတ်ဘဲ လူလို့ရဲ့ ထုံးတမ်းစဉ်လာမှလည်းကောင်း၊ လောကဟို အုပ်ချုပ်သော ဝိညာဉ်တော်များဆေမှ လည်းကောင်း၊ လက်ဆင့်ကမ်းလဲ့ အလကားကားသော လှည့်စားခြင်းအားဖြင့် စသူမျှ နင်လို့အား မလွှမ်းမိုး မသိမ်းသွင်းစေရန် သတိပြုကြလော့။
COL 2:9 အကျောန်းမှာ ဘုရားသခင်ရဲ့ ဇာတိအဖြစ် ပြေ့စုံခြင်းဟ ခရစ်တော်ရဲ့ ကိုယ်ခန္ဓာအားဖြင့် ကျိန်းဝပ်အယ်၊
COL 2:10 နင်လို့ဟ ကိုယ်တော်နဲ့ တလုံးတဝတည်း ဖြစ်ခြင်းအားဖြင့် ကြွယ်ဝသော အသက်ဟို ရဆိကြအယ်။ အဲသူဟ ဝိညာဉ်ရေးဆိုင်ရာ တန်ခိုးနဲ့ အခွင့်အာဏာဆိသူတိုင်းအပေါ်တွင် အမြင့်မြတ်ဆုံး ဖြစ်အယ်။
COL 2:11 ကိုယ်တော်နဲ့ တလုံးတဝတည်း ဖြစ်လာကြသောအခါ နင်လို့ဟ ဇာတိသဘောမှ လွတ်မြောက်ခြင်း တည်းဟူသော အရေဖျားလှီးခြင်းဟို ခံယူကြအယ်၊ ဟေအရေဖျားလှီးခြင်းဟ ကိုယ်ကာယနဲ့ဆိုင်သော အရေဖျားလှီးခြင်း မဟုတ်၊ ခရစ်တော်ပြုလုပ်လဲ့ အရေဖျားလှီးခြင်း ဖြစ်အယ်။
COL 2:12 နင်လို့ဟ နှစ်ခြင်း ခံသောအခါ ကိုယ်တော်နဲ့အတူ မြှပ်နှံခြင်းဟို ခံရကြအယ်၊ ခရစ်တော်ဟို သေခြင်းမှ ဆှင်ပြန်ထမြောက်စေသော ဘုရားသခင်နှိုက် ဆှင်ပြန်ထမြောက်စေနိန်သော တန်ခိုးတော်ဟို နင်လို့ ယုံကြည်ကြသောကျောန့် ကိုယ်တော်နဲ့အတူ ဆှင်ပြန်ထမြောက်ခြင်းဟို ရောက်ကြပီ။
COL 2:13 နင်လို့ဟ အရင်အချိန်ဟ အပစ်ကျူးလွန်သူများ ဖြစ်ကြသောကျောန့် လည်းကောင်း၊ ပညတ်တရားဟို မခံယူသော လူမျိုးခြား ဖြစ်သောကျောန့် လည်းကောင်း ဝိညာဉ်ရေးအရ သေသောသူများ ဖြစ်ကြအယ်။ အဲလိုလဲ ဘုရားသခင်ဟ နင်လို့အား ခရစ်တော်နဲ့အတူ အသက်ဆှင်စေအယ်။ ဘုရားသခင်ဟ ငါလို့ရဲ့ အပစ်အလုံးစုံဟို ဖြေလွှတ်ယွေ့၊
COL 2:14 ငါလို့ရဲ့ အပစ်ကြွေးဟို လည်းကောင်း၊ အေးဒါနဲ့ဆိုင်သော စည်းမျဉ်းများဟို လည်းကောင်း၊ လက်ဝါးကပ်တိုင်ပေါ်နှိုက် ရိုက်ထားလျက် ဖယ်ဆှားအယ်။
COL 2:15 အဲလက်ဝါးကပ်တိုင်ပေါ်တွင် ခရစ်တော်ဟ ဝိညာဉ်ရေးဆိုင်ရာ တန်ခိုးနဲ့ အာဏာဆိသူလို့ရဲ့ တန်ခိုးဟို ပယ်ဆှားပင်းနောက် အဲသူလို့ဟို သုံ့ပန်းများအဖြစ် ပွဲဆန်လှည့်ရာတွင် နောက်မှ လိုက်စေကာ လူအပေါင်းလို့အား ပြအယ်။
COL 2:16 အဲလိုမို့ အစားအသောက်နဲ့ ပတ်သက်ယွေ့ ဖြစ်စေ၊ ပွဲနေ့၊ လဆန်းနေ့၊ ဥပုသ်နေ့နဲ့ ပတ်သက်ယွေ့ ဖြစ်စေ စသူမျှ နင်လို့ဟို မစီရင်စေနဲ့။
COL 2:17 အဲအရာလို့ဟ ဖြစ်လာမဲ့အရာများရဲ့ အရိပ်မျှသာ ဖြစ်ကြပင်း အစစ်မှာ ခရစ်တော် ဖြစ်အယ်။
COL 2:18 မမန်ကန်သော နှိမ့်ချခြင်း၊ ခေါန်းခင်တမန်လို့အား ကိုးကွယ်ခြင်းလို့ဟို အလေးနက် ပြောဆိုယွေ့ မိမိလို့ မျော်လဲ့ရူပါရုံများဟို အကျောန်းပြုကာ မိမိလို့ဟ အခြားသူလို့ထက် သာတာဟု ပြောဆိုတတ်သူများဟ နင်လို့အား ရှုတ်ချခွင့်ဟို မပေးနဲ့။ သူလို့ဟ လူ့သဘောဖြင့် စဉ်းစားဆင်ခြင်လျက် အကျောန်းမဲ့ အလကားကား ထောင်လွှားလျက် ဆိကြအယ်၊
COL 2:19 သူလို့ဟ ကိုယ်ခန္ဓာရဲ့ ဦးခေါင်းတည်းဟူသော ခရစ်တော်ဟို မှီခိုအားကိုးမှု မဆိကြပေ။ ခရစ်တော်ရဲ့ ထိန်းချုပ်မှုအောက်တွင် အဆစ်များနဲ့ အရိုးချင်းဆက်ပေးလဲ့ အရွတ်များဖြင့် ကိုယ်ခန္ဓာ တခုလုံးဟို အားဖြည့်ကာ ဘုရားသခင်ရဲ့ အလိုတော်ဆိလဲ့အတိုင်း ကြီးပွားတတ်အယ်။
COL 2:20 နင်လို့ဟ ခရစ်တော်နဲ့အတူ သေဆုံးယွေ့ လောကီတရားမှ ခွဲခွာခဲ့တာဆိုရင်၊ ပစာကို့ ဟေလောကနှိုက် အသက်ဆှင်သောသူများလို ပြုကျင့်နေကြတာတုန်း။
COL 2:21 ပစာကျောန့် “ဟေအရာဟို မကိုင်နဲ့၊ မမြည်းနဲ့၊ မတို့နဲ့” ဟု အစဆိသော စည်းမျဉ်းများဟို လိုက်ဆှောက်နေကြတုန်း။
COL 2:22 အဲအရာအားလုံးလို့ဟ လူလို့ရဲ့ ပညတ်ချက်နဲ့ သွန်သင်ချက်များ ဖြစ်ကြတာနဲ့အညီ အသုံးပြုရင်း ပျက်စီးသွားမဲ့အရာများ ဖြစ်ကြအယ်။
COL 2:23 ခေါန်းခင်တမန်လို့အား မဖြစ်မနေ ကိုးကွယ်ရခြင်း၊ မမန်ကန်သော စိတ်နှိမ့်ချခြင်း၊ ရမ်းဆာ့သော ကိုယ်ခန္ဓာဟို နှိပ်စက်ခြင်းဟူသော ပညတ်လို့ဟ ဉာဏ်ပညာနဲ့ ယှဉ်သော ကာယတပ်မက်မှုများဟို ထိန်းချုပ်ရာတွင် စလောက်မျှ အကျိုးမပြုချေ။
COL 3:1 နင်လို့ဟ ခရစ်တော်နဲ့အတူ သေခြင်းမှ ဆှင်ပြန်ထမြောက်ကြပီ ဖြစ်ယွေ့ ဘုရားသခင်ရဲ့ လက်ယာဘက်နှိုက် ခရစ်တော် ထိန်လျက်နေရာ ခေါန်းခင်ဘုံနှိုက် ဆိသောအရာလို့ဟို နင်လို့ စိတ်နေလုံးနှိုက် တောင့်တကြလော့။
COL 3:2 မြေကြီးပေါ်နှိုက် ဆိသောအရာများဟို စိတ်မစွဲလမ်းဘဲ အထက်အရပ်နှိုက် ဆိသောအရာလို့ဟို စိတ်စွဲလမ်းကြလော့။
COL 3:3 အကျောန်းမှာ နင်လို့ဟ သေဆုံးခဲ့ပီ ဖြစ်ယွေ့ နင်လို့ရဲ့ အသက်ဟ ခရစ်တော်နဲ့အတူ ဘုရားသခင်နှိုက် အောင်းထားလျက် ဆိအယ်။
COL 3:4 နင်လို့ရဲ့ အသက် အစစ်မန်ဖြစ်သော ခရစ်တော် ထင်ဆှားသောအခါ နင်လို့ဟလည်း ကိုယ်တော်နဲ့အတူ ဘုန်းအသရေ ထင်ဆှားကြလိမ့်မယ်။
COL 3:5 အဲကျောန့် မတရားသော မေထုန်နှိုက် မှီဝဲခြင်း၊ ညစ်ညမ်းခြင်း၊ ကိလေသာပူပန်ခြင်း၊ ဆိုးညစ်သော တပ်မက်ခြင်း၊ ရုပ်တုကိုးကွယ်ခြင်း ဖြစ်သော လောဘလွန်ကျူးခြင်းဟူသော မြေကြီးပေါ်မှာဆိသော နင်လို့ရဲ့ ကိုယ်အင်္ဂါလို့ဟို သေစေကြလော့။
COL 3:6 အဲအမှုများကျောန့် ဘုရားသခင်ရဲ့ အမျက်တော်ဟ နာခံမှု မဆိသော သူလို့အပေါ်သို့ သက်ရောက်လာလိမ့်မယ်။
COL 3:7 နင်လို့လည်း မခင်ဟ အဲအရာလို့နှိုက် အသက်ဆှင်ကြစဉ်၊ အဲအရာလို့ထဲတွင် ကျင်လည်ခဲ့ကြအယ်။
COL 3:8 အဲလိုလဲ အခုနှိုက် နင်လို့ဟ အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ မနာလိုခြင်း၊ သူ့အသရေဟိုဖျက်ခြင်း၊ နင်လို့ရဲ့ စလောင်မှ ထွက်လဲ့ စုတ်ပဲ့သောစကား စလဲ့ အမှုအလုံးစုံလို့ဟို ဖယ်ဆှားကြလော့။
COL 3:9 တယောက်နဲ့တယောက် ဝါယွေ့ မပြောဆိုကြနဲ့၊ အကျောန်းမှာ နင်လို့ဟ အကျင့်ဆိုးများနဲ့တကွ လူဟောင်းဟို လောပစ်ကာ၊
COL 3:10 လူသစ်ဟို ဝတ်ဆင်ကြလေပီ။ ဖန်ဆင်းသောသူရဲ့ ပုံသဏ္ဌာန်နဲ့အညီ မန်သော အသိပညာအားဖြင့် အသစ်ပြုပြင်လျက် နေအယ်၊ ဟေသို့ပြုခြင်းမှာ နင်လို့ဟ ကိုယ်တော်ဟို ပြေ့ဝစုံလင်စွာ သိကျွမ်းလာကြစေရန် ဖြစ်အယ်။
COL 3:11 အဲလိုမို့ ယုဒအမျိုးနဲ့ လူမျိုးခြား၊ အရေဖျားလှီးခြင်း ခံရသူနဲ့ အရေဖျားလှီးခြင်း မခံရသူ၊ ယဉ်ကျေးသူ၊ လူရိုင်းများ၊ ကျွန်နဲ့ ကျွန်မဟုတ်သောသူ ဟူယွေ့ ကွဲပြားခြားနားမှု မဆိတော့ချေ။ ခရစ်တော်ဟ အလုံးစုံလို့နှိုက် ဆိယွေ့ အလုံးစုံ ဖြစ်အယ်။
COL 3:12 အဲကျောန့် နင်လို့ဟ ဘုရားသခင် ရွေးချယ်ထားသောသူ၊ သန့်ဆှင်းသောသူ၊ ချစ်ခင်သောသူလို၊ သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ ကြင်နာခြင်း၊ စိတ်ဆှည်ခြင်းလို့ဟို ယူတင်ဝတ်ဆောင်ကြလော့။
COL 3:13 တယောက်နှိုက်တယောက် အပစ်တင်စရာ အခွင့်ဆိရင် အချင်းချင်း သည်းခံယွေ့ အပစ်ဟို ခွင့်လွှတ်ကြလော့။ သခင်ဘုရားဟ နင်လို့ရဲ့ အပစ်ဟို လွှတ်သလို အဲတိုင်းတိုင်း ပြုကြလော့။
COL 3:14 ဟေအရည်သွေးများဟို မေတ္တာဖြင့် ဖြည့်စွက်ကြလော့၊ မေတ္တာဟ အရာအားလုံးဟို စုစည်းယွေ့ စည်းလုံးညီညွတ်စေကြလော့။
COL 3:15 နင်လို့ရဲ့ စိတ်နေလုံးထဲနှိုက် ခရစ်တော်ရဲ့ ငြိမ်သက်ခြင်း အုပ်စိုးစေကြလော့၊ အကျောန်းမှာ နင်လို့ဟ ဟေငြိမ်သက်ခြင်းအတွက် ကိုယ်ခန္ဓာ တခုတည်းထဲသို့ ခေါ်ယူခြင်း ခံရကြပီ။ ကျေးဇူးသိတတ်သောစိတ် ဆိကြလော့။
COL 3:16 ခရစ်တော်ရဲ့ နှုတ်ကပတ်တရားဟ ပညာအမျိုးမျိုးနဲ့ နင်လို့အထဲနှိုက် ကြွယ်ဝစွာ တည်နေယွေ့ နင်လို့ဟ ဆာလံသီချင်းများ၊ ဓမ္မသီချင်းများနဲ့ ဝိညာဉ်ရေးဆိုင်ရာ သီချင်း အမျိုးမျိုးအားဖြင့်၊ အချင်းချင်းလို့ဟို ဆုံးမသွန်သင်ခြင်း၊ သတိပေးခြင်းဟို ပြုယွေ့ နူးညွတ်သော စိတ်နေလုံးနဲ့ ဘုရားသခင်ဆေ့နှိုက် တင့်တယ်လျောက်ပတ်စွာ သီချင်းဆိုကြလော့။
COL 3:17 နင်လို့ ပြုသမျှသောအရာလို့ဟိုလည်း စကားပြောဆိုမှု ဖြစ်စေ၊ လုပ်ဆောင်မှု ဖြစ်စေ အရာခပ်သိမ်းလို့ဟို သခင် ယေရှုရဲ့ နာမဟို ထောက်ယွေ့ ကိုယ်တော်အားဖြင့် ခမည်းတော် ဘုရားသခင်ဟို ကျေးဇူးတင်ကြလော့။
COL 3:18 ပေါင်အိုမလို့၊ ခင်ပွန်းရဲ့ အုပ်စိုးခြင်းဟို ခံယူကြလော့၊ နင်လို့ဟ ခရစ်ယာန်များအနေဖြင့် ဟေသို့ ခံယူသင့်အယ်။
COL 3:19 ခင်ပွန်းဖြစ်သူလို့၊ ပေါင်အိုမဟို ချစ်ကြလော့၊ သူလို့အား ကြမ်းတမ်းစွာ မပြုကြနဲ့။
COL 3:20 လူပဲ့သူငယ်လို့၊ အရာရာနှိုက် မိဘစကားဟို နားထောင်ကြလော့၊ အကျောန်းမှာ ဟေအရာဟ ဘုရားသခင် နှစ်သက်သောအရာ ဖြစ်အယ်။
COL 3:21 မိဘလို့၊ နင်လို့ရဲ့ လူပဲ့သူငယ်ဟို စိတ်ဆိုးစေခြင်းငှာ မပြုကြနဲ့၊ အဲဟာမဟုတ်ရင် သူလို့ဟ အားလျော့စိတ်ပျက်ခြင်းဟို ရောက်ကြလိမ့်မယ်။
COL 3:22 ကျွန်ဖြစ်သူလို့၊ နင်လို့ဟို ပိုင်သော သခင်များရဲ့ စကားဟို အရာရာနှိုက် နားထောင်ကြလော့၊ နင်လို့ဟ မျက်နှာရရန် ဆေ့နှိုက်သာ သူလို့ရဲ့ စကားဟို နားထောင်တာ မဟုတ်၊ သခင်ဘုရားဟို ကြောက်ရွံ့သောအားဖြင့် သူလို့ရဲ့ စကားဟို ရိုးသားသော စိတ်နဲ့ နားထောင်ကြလော့။
COL 3:23 နင်လို့ လုပ်ဆောင်သမျှသောအရာဟို လူလို့အတွက် လုပ်ဆောင်သလို မဟုတ်ဘဲ သခင်ဘုရားအတွက် လုပ်ဆောင်သလို စိတ်နေလုံးပါလျက် လုပ်ဆောင်ကြလော့။
COL 3:24 နင်လို့ဟ သခင် ခရစ်တော်ဟို အစေခံကြတာ ဖြစ်ယွေ့ ဆုလာဘ်ဟို သခင်ဘုရားဆေမှ ရမယ်ဖြစ်ကျောန်း သိမှတ်ကြလော့။ ခရစ်တော်သာ နင်လို့ရဲ့ သခင် အစစ်မန် ဖြစ်အယ်။
COL 3:25 ဘုရားသခင်ဟ လူတိုင်းဟို စံနှုန်းတခုတည်းဖြင့် စီရင်သောကျောန့်၊ ပစ်မားသောသူအပေါင်းလို့ဟ မိမိလို့ပြုသော အမားအတွက် အပစ်စီရင်ခြင်းဟို ပေးလိမ့်မယ်။
COL 4:1 သခင်လို့၊ နင်လို့ဟလည်း ခေါန်းခင်ဘုံနှိုက် ဆိတာဟို သိမှတ်ယွေ့၊ မန်ကန်ခြင်းနဲ့ တရားမျှတခြင်းလို့နဲ့အညီ ကိုယ့်ကျွန်လို့ဟို ပြုကြလော့။
COL 4:2 ဆုတောင်းခြင်းအမှုဟို အစဉ်အမြဲ ပြုကြလော့၊ အဲသို့ပြုရာတွင် ကျေးဇူးတော် ချီးမွန်းခြင်းအားဖြင့် သတိဆိကြလော့။
COL 4:3 ဘုရားသခင်ဟ နှုတ်ကပတ်တရားအတွက် ထင်ခါးဟို ဖွင့်ပေးသဖြင့် ခရစ်တော်ရဲ့ နက်နဲသောအရာဟို ငါလို့ဟောပြောနိန်ရန် ငါလို့အတွက်လည်း ဆုတောင်းပေးကြလော့၊ အဲတရားကျောန့် ငါဟ အခု ထောင်ကျလျက် ဆိအယ်။
COL 4:4 အဲနက်နဲသောအရာဟို ဟောပြောသင့်လဲ့အတိုင်း ဆှင်းလင်းစွာ ငါဟောပြောနိန်ရန်လည်း ဆုတောင်းပေးကြလော့။
COL 4:5 နင်လို့ ရဆိလဲ့ အခွင့်ကောင်း မန်သမျှဟို အသုံးပြုကာ မယုံကြည်သောသူလို့အား ပညာသတိနဲ့ ဆက်ဆံကြလော့။
COL 4:6 နင်လို့ပြောသောစကားဟ နားဝင်ချိုယွေ့ စိတ်ဝင်စားဖွယ် ဖြစ်စေကြလော့၊ မေးမြန်းသူတိုင်းအား စလို လျောက်ပတ်စွာ ပြန်လည် ဖြေကြားရမယ်ဟို နင်လို့ လေ့လာထားကြလော့။
COL 4:7 သခင်ဘုရားနှိုက် လုပ်ဖော်ကိုင်ဘက်ဖြစ်ပင်း သစ္စာဆိသော အစေခံဖြစ်လဲ့ ငါလို့ ချစ်သော ညီအကို တုခိတ်ဟ ငါနဲ့ ပတ်သက်လဲ့ အကျောန်းအရာဆိသမျှလို့ဟို နင်လို့အား ပြောပြလိမ့်မယ်။
COL 4:8 သူ့ဟို နင်လို့ဆေဟို ငါစေလွှတ်ခြင်းမှာ ငါလို့အကျောန်းဟို နင်လို့ သိဆိနိန်ရန်နဲ့ သူဟ နင်လို့ရဲ့ စိတ်နေလုံးဟို နှစ်သိမ့်ပေးနိန်ရန် ဖြစ်အယ်။
COL 4:9 သူနဲ့အတူ ဩနေသိမ်လည်း လိုက်လာလိမ့်မယ်၊ ဩနေသိမ်ဟ ငါလို့ ချစ်သော ညီအကို၊ သစ္စာဆိသောသူ၊ နင်လို့ အသိုင်းဝိုင်းထဲဟ ဖြစ်အယ်။ သူလို့ဟ ဟေအရပ်တွင် ဖြစ်ပျက်သမျှဟို နင်လို့အား ပြောပြလိမ့်မယ်။
COL 4:10 ငါနဲ့အတူ အကျဉ်းချခံနေရသူ အာရိတ္တာခုနဲ့ ဗာနဗရဲ့ ညီဝမ်းကွဲ မာကုလို့ဟ နင်လို့ဟို နှုတ်ဆက်လိုက်အယ်။ နင်လို့ဆေဟို သူရောက်ဆိလာရင် မာကုအား ကြိုဆိုကြရန် ညွှန်ကြားချက်များဟို နင်လို့ ရဆိကြပင်း ဖြစ်အယ်။
COL 4:11 ယုတ္တုလို့လည်း ခေါ်လဲ့ ယေရှုဟလည်း နင်လို့ဟို နှုတ်ဆက်လိုက်ပါအယ်။ အရေဖျားလှီးထားသော သူလို့ထဲတွင် ဘုရားသခင်ရဲ့ နိုင်ငံတော်အတွက် ငါနဲ့အတူ လုပ်ဆောင်လျက်ဆိသော ယုဒယုံကြည်သူများမှာ အဲသူသုံးဦးသာလျှင် ဖြစ်အယ်၊ ဟေသူလို့ဟ ငါ့အား ရမ်းဆာ့ကူညီကြသူများ ဖြစ်အယ်။
COL 4:12 ခရစ်တော် ယေရှုရဲ့ ကျွန်ဖြစ်ယွေ့ နင်လို့အထဲဟ တဦးဖြစ်သော ဧပဖြဟ နင်လို့ဟို နှုတ်ဆက်လိုက်အယ်။ နင်လို့ဟ စုံလင်ရင့်ကျက်သူအဖြစ် ရပ်တည်လျက် ဘုရားသခင်ရဲ့ အလိုတော်ဆိသမျှဟို အပြေ့ဝ ဆောင်ရွက်နိန်မဲ့အကျောန်း သူဟ နင်လို့အတွက် အစဉ်အမြဲ ကြိုးစားယွေ့ ဆုတောင်းပေးလျက် ဆိအယ်။
COL 4:13 သူဟ နင်လို့အတွက် လည်းကောင်း၊ လောဒိကိမြို့နဲ့ ဟေရပေါလိမြို့နှိုက်ဆိသော သူလို့အတွက် လည်းကောင်း၊ ရမ်းဆာ့ပင်ပန်းစွာ ကြိုးစားလျက်ဆိကျောန်း ငါတတ်တိုင်း သက်သေခံအယ်။
COL 4:14 ငါလို့ ချစ်သော ဆရာဝန်လုကာနဲ့ ဒေမလို့ဟ နင်လို့အား နှုတ်ဆက်လိုက်အယ်။
COL 4:15 လောဒိကိမြို့နှိုက်ဆိသော ညီအကိုလို့ဟို လည်းကောင်း၊ နုံဖနဲ့ သူမရဲ့ နေအိုင်နှိုက် စုဝေးသော အသင်းတော်ဟိုလည်းကောင်း နှုတ်ဆက်ပေးကြလော့။
COL 4:16 ဟေစာဟို နင်လို့ ဖတ်ပင်းသောအခါ လောဒိကိမြို့နှိုက်ဆိသော အသင်းတော်ဟိုလည်း ဖတ်စေကြလော့။ အဲတိုင်းတိုင်း လောဒိကိ အသင်းတော်မှ ရလာသောစာဟိုလည်း နင်လို့ ဖတ်ကြလော့။
COL 4:17 အာခိပ္ပုအား “သခင်ဘုရားနှိုက် ရဆိထားသော အမှုတော်ဆောင်ရွက်ခြင်းဟို အကုန်အစင် ဆောင်ရွက်ပါ” ဟု ပြောကြားကြလော့။
COL 4:18 ငါပေါလုဟ နင်လို့အား နှုတ်ဆက်စကားဟို ငါတတ်တိုင်း ငါ့လက်ဖြင့် ရေးလိုက်အယ်။ ငါဟ တုတ်ချေခြင်းတွင် ဆိနေတာဟို နင်လို့ မမေ့ကြနဲ့။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟ နင်လို့နဲ့အတူ ဆိပါစေ။
1TH 1:1 ပေါလု၊ သိလွာနုနဲ့ တိမောသေလို့ဟ —
1TH 1:2 ငါလို့ဟ နင်လို့အားလုံးအတွက် ဘုရားသခင်ဟို အမြဲကျေးဇူးတင်ပင်း ငါလို့ရဲ့ ဆုတောင်းချက်များတွင် နင့်အား အမြဲဖော်ပြနေပါအယ်။
1TH 1:3 အကျောန်းမှာ ငါလို့ရဲ့ ဘုရားသခင်နဲ့ ခမည်းတော်ဆေ့နှိုက် နင်လို့ရဲ့ ယုံကြည်ခြင်းဟို လက်တွေ့ကျင့်သုံးပုံ၊ နင်လို့ရဲ့ ချစ်ခြင်းမေတ္တာဟ နင်လို့အား စလိုမျိုး ကြိုးစားလုပ်ဆောင်စေခဲ့ပုံနဲ့ ငါလို့ သခင်ယေရှုခရစ်အပေါ် နင်လို့ရဲ့ မျှော်လင့်ချက် ခိုင်မာပုံလို့ဟို ငါလို့ အောက်မေ့သတိရလော့။
1TH 1:4 ငါ့မိတ်ဆွေလို့ ဘုရားသခင်ဟ နင့်ဟို ချစ်ယွေ့ ကိုယ်တော်ရဲ့ ကိုယ်ပိုင်ဖြစ်ရန် နင့်အား ရွေးချယ်ထားကျောန်း ငါလို့ သိအယ်။
1TH 1:5 အကျောန်းမှာ ငါလို့ဟ နှုတ်ကပတ်တော်ဖြင့်သာ မဟုတ်ဘဲ တန်ခိုးနဲ့လည်းကောင်း၊ သန့်ဆှင်းသော ဝိညာဉ်တော်နဲ့လည်းကောင်း၊ သမ္မာတရားကို အပြည့်အဝယုံကြည်ခြင်းအားဖြင့်လည်းကောင်း နင်လို့ဆီဟို ငါလို့ဟ ဧဝံဂေလိတရားကို ဆောင်ခဲ့အယ်။ နင်နဲ့အတူဆိတုန်းဟ ငါလို့ စလိုလိုနေထိန်ခဲ့လဲ နင်လို့ သိကြပင်း အဲအရာဟ နင်ရဲ့ ကောင်းကျိုးအတွက်ပဲ ဖြစ်အယ်။
1TH 1:6 နင်လို့ဟလည်း ရမ်းဆာ့သော ဆင်းရဲဒုက္ခထဲနှိုက် သန့်ဆှင်းသော ဝိညာဉ်တော်ဆေမှ ရဆိသော ဝမ်းမြောက်ခြင်းဖြင့် နှုတ်ကပတ်တော်ဟို လက်ခံယွေ့ ငါလို့နဲ့ သခင်ဘုရားဟို အတုယူသူများဖြစ်ကြအယ်။
1TH 1:7 အေးကျောန့် နင်ဟ မာကေဒေါနိပြေနဲ့ အခါယပြေဆိ ယုံကြည်သူ အားလုံးအတွက် ပုံသက်သေ ဖြစ်ခဲ့အယ်။
1TH 1:8 ပစာကို့ သခင်ဘုရားရဲ့ နှုတ်ကပတ်တရားဟ နင်လို့ဆေမှ မာကေဒေါနိပြေနဲ့ အခါယပြေဟို ပဲ့တင်ထပ်သွားခဲ့တာမက ဘုရားသခင် အပေါ်နှိုက်ဆိသော နင်လို့ယုံကြည်ခြင်း အကျောန်းဟလည်း နေရာအနှံ့ဟို ပျံ့နှံ့လေပီ ဖြစ်သောကျောန့် ငါလို့နှိုက် ပြောစရာတစုံတခုမှ မဆိ။
1TH 1:9 အကျောန်းမှာ အဲဒီလူတွေအားလုံးဟ နင့်ဟို ငါလို့ဆေ အလည်လာခါဟ နင့်လက်ခံပုံအကျောန်း၊ အသက်ဆှင်ယွေ့ စစ်မန်သော ဘုရားသခင်ဟို အစေခံရန် နင်ဟ ရုပ်တုများမှ ဘုရားသခင်ဆေ စလိုလှည့်လာကျောန်းဟို သူလို့ ပြောပြအယ်၊
1TH 1:10 အားပင်း သေခြင်းမှ ထမြောက်စေသော သားတော်ယေရှုဟ ခေါန်းခင်ဘုံမှ ကြွလာမယ်ဟို စောင့်မျှော်လျက် လာမယ့် ဘုရားသခင်ရဲ့ အမျက်တော်မှ ငါလို့ဟို ကယ်တင်မယ့်သူ ဖြစ်အယ်။
1TH 2:1 ငါ့ညီအကိုလို့၊ ငါလို့ဟ နင်လို့ဆေဟို ရောက်လာခြင်းဟ အလကားကား မဖြစ်ကျောန်းဟို နင်လို့တတ်တိုင်း သိကြအယ်။
1TH 2:2 နင်လို့ဆိရာ သက်သာလောနိတ်မြို့ဟို မလာရောက်မီ ငါလို့ဟ ဖိလိပ္ပိမြို့တွင် နှိပ်စက်ညှဉ်းပန်း ခံရပင်းဖြစ်ကျောန်း နင်လို့ သိအယ်။ အားပင်း အတိုက်အခံတွေ အများကြီးဆိပေမယ့်လည်း၊ ငါလို့ရဲ့ ဘုရားသခင်ဟ သူ့ဆေမှလာသော ဧဝံဂေလိတရားကို ဟောပြောခြင်းငှါ ရဲရင့်စေအယ်။
1TH 2:3 နင့်ဆေ ငါလို့ရဲ့ တိုက်တွန်းသွေးဆောင်ချက်ဟ အမားအယွင်း၊ စုတ်ပဲ့သော စေ့ဆော်မှုအပေါ် အခြေခံထားခြင်း မဟုတ်၊ စသူ့ဟိုမျှ လှည့်စားရန် ကြိုးစားခြင်း မဟုတ်ပါ။
1TH 2:4 အဲအစား ငါလို့ဟ ဘုရားသခင် အလိုတော်အတိုင်း အမြဲပြောနေသောကျောန့် ဧဝံဂေလိတရားဟို အပ်နှင်းထိုက်အယ်ဟု ငါလို့အား စီရင်ပီ။ ငါလို့ဟ လူလို့ဟို နှစ်သက်စေရန် မကြိုးစားဘဲ၊ ငါလို့ရဲ့ စိတ်ဆန္ဒဟို စမ်းသပ်သော ဘုရားသခင် နှစ်သက်စေရန်သာ ဖြစ်အယ်။
1TH 2:5 မြှောက်ထိုးပင့်ခေါ်သော စကားဖြင့် ငါလို့ဟ နင်လို့ဆေဟို မလာကျောန်း ကောင်းစွာသိအယ်၊ ငါလို့ဟ လောဘကို ဖုံးကွယ်ရန် စကားလုံးများဟို မသုံးခဲ့ကျောန်း ဘုရားသခင်ဟ ငါလို့ရဲ့ သက်သေ ဖြစ်အယ်။
1TH 2:6 နင့်ဆေမှဖြစ်စေ၊ အခြားသူများဆေမှ ချီးမွန်းရန် ငါလို့ မကြိုးစားခဲ့ပါ၊
1TH 2:7 ခရစ်တော်ရဲ့ တမန်တော်များလိုမျိုးပင် ငါလို့ဟ နင့်အား တောင်းဆိုမှုများ ပြုလုပ်နိန်အယ်။ အဲလိုလဲ ငါလို့ဟ နင်နဲ့အတူဆိတုန်းဟ လူပဲ့သငယ်တွေဟို ပြုစုစောင့်ဆှောက်တဲ့ အမေ့တယောက်လို နူးညံ့သိမ်မွေ့သောသူများ ဖြစ်ကြအယ်။
1TH 2:8 ငါလို့ဟ နင်လို့ဟို ချစ်သောကျောန့်၊ ဘုရားသခင်ဆေမှ သတင်းကောင်း သာမက ငါလို့ရဲ့ ကိုယ်ပိုင်အသက်ကိုပင် နင်လို့အား ပေးချင်သော စေတနာစိတ် ဆိကြအယ်။ နင်ဟ ငါလို့ဟို ရမ်းဆာ့ချစ်ခဲ့အယ်။
1TH 2:9 ငါ့ညီအကိုလို့၊ ငါလို့ အလုပ်တွေ ပင်ပန်းခဲ့တာကို နင်သေချာမှတ်မိကြအယ်၊ ငါလို့ဟ နင်လို့အား ဘုရားသခင်ဆေမှ ဧဝံဂေလိတရားကို ဟောပြောလဲ့အတိုင်း ငါလို့ဟ နင်လို့နှိုက် အနှောက်အယှက်မဖြစ်စေရန် နေ့ရောညပါ လုပ်ဆောင်ခဲ့ကြအယ်။
1TH 2:10 ငါလို့ဟ ယုံကြည်သူဖြစ်သော နင်လို့တွင် စလိုသန့်ဆှင်းဖြူစင် မန်ကန်စွာပြုမူလျက် အပစ်တင်စရာ မဆိရလေအောန် နေထိန်ခဲ့တာဟို နင်လို့နဲ့ ဘုရားသခင်ဟ ငါလို့ရဲ့ သက်သေများဖြစ်ကြအယ်။
1TH 2:11 အဖဟ ကိုယ့်လူပဲ့သငယ်တွေကို ဆက်ဆံသလို နင်လို့ တယောက်စီတိုင်းကို ငါလို့ဆက်ဆံခဲ့တာ နင်လို့သိအယ်။
1TH 2:12 ငါလို့ဟ နင်လို့အား အားပေးနှစ်သိမ့်ပေးကာ ကိုယ်တော်ရဲ့ နိုင်ငံတော်နဲ့ ဘုန်းအသရေတော်တွင် ပါဝင်ရန် ခေါ်လဲ့ ဘုရားသခင် နှစ်သက်သော အသက်တာမျိုးဖြင့် နေထိန်ရန် ငါလို့ ဆက်လက် တိုက်တွန်းထားအယ်။
1TH 2:13 ဘုရားသခင်ကို ငါလို့ အမြဲကျေးဇူးတင်ရလဲ့ အခြားအကျောန်းရင်း တခုလည်း ဆိသေးအယ်။ ငါလို့ဟ ဘုရားသခင်ရဲ့ သတင်းစကားကို ယူဆောင်လာသောအခါ လူသားများဆေမှ သတင်းစကားအဖြစ် မဟုတ်ဘဲ၊ အမန်ပင်ဖြစ်လဲ့ ဘုရားသခင်ရဲ့ သတင်းစကားအဖြစ် နင်လို့ဟ ကြားပင်း လက်ခံကြအယ်။ အကျောန်းမှာ ယုံကြည်သော နင်လို့အထဲနှိုက် ဘုရားသခင်ဟ အမှုတော်ကို ဆောင်ရွက်အယ်။
1TH 2:14 ငါ့ညီအကို မောင်နှမလို့၊ နင်လို့နှိုက် ဖြစ်ပျက်လဲ့အရာနည်းတူ ခရစ်တော် ယေရှုနဲ့ စပ်ဆိုင်တဲ့ လူများဖြစ်သော ယုဒပြေဆိ ဘုရားသခင်ရဲ့ အသင်းတော်နှိုက်လည်း ဖြစ်ပျက်အယ်။ သူလို့ဟ ယုဒလူမျိုးလို့ လက်တွင် ဒုက္ခဆင်းရဲခံရသလိုမျိုး နင်လို့ဟလည်း မိမိလို့ရဲ့ အမျိုးသားချင်းများ လက်တွင် အဲတိုင်းတိုင်း ခံစားကြရအယ်၊
1TH 2:15 သခင် ယေရှုနဲ့ ပရောဖက်လို့ကို သတ်ယွေ့ ငါလို့ဟိုလည်း ညှဉ်းဆဲကြအယ်။ သူလို့ဟ ဘုရားသခင်ဟို စလောက် စိတ်ပျက်စေသလဲ၊ လူတိုင်းအပေါ် စလောက် ရန်လိုနေကြသလဲ၊
1TH 2:16 သူလို့ဟ ကယ်တင်ခြင်းသို့ ရောက်စေမဲ့ တပါးအမျိုးသားလို့အား ဟောပြောခြင်းမှ ငါလို့အား တားဆီးရန်ပင် ကြိုးစားခဲ့ကြအယ်။ ဟေနည်းဖြင့် သူလို့ဟ အမြဲကျူးလွန်ခဲ့သော အပစ်များဟို ထပ်ထပ်ပင်း လုပ်ကြအယ်။ နောက်ဆုံးနှိုက် သူလို့အပေါ်ဟို ဘုရားသခင်ရဲ့ အမျက်တော်ဟ အကုန်အစင် သက်ရောက်လေပီ။
1TH 2:17 ငါ့ညီအကိုလို့၊ ငါလို့ဟ အတွေးထဲမှာ မဟုတ်ဘဲ ကိုယ်ခန္ဓာနဲ့သာ ခဏလေးကွဲကွာသွားတဲ့အခါ နင်လို့ဟို သတိရပင်း ပြန်တွေ့ဖို့ ရမ်းဆာ့ ကြိုးစားခဲ့ရအယ်။
1TH 2:18 ငါလို့ဟ နင်လို့ဆေဟို ပြန်လာချင်အယ်။ ငါပေါလုဟလည်း အခါခါ ပြန်သွားဖို့ ကြိုးစားခဲ့ပေမယ့် စာတန်ဟ ငါလို့ဟို ခွင့်မပြုဝူး။
1TH 2:19 ငါလို့ သခင် ယေရှု ခရစ် ကြွလာသောအခါ ကိုယ်တော်ရဲ့ဆေ့နှိုက် ငါလို့ရဲ့ မျှော်လင့်စရာအကျောန်း၊ ဝမ်းမြောက်စရာအကျောန်းနဲ့ ဝါကြွားစရာ သရဖူဖြစ်မဲ့သူမှာ စသူလုန်း၊ နင်လို့ပင် မဟုတ်လော။
1TH 2:20 အကယ်စင်စစ် နင်လို့ဟ ငါလို့ရဲ့ ဘုန်းအသေရေနဲ့ ဝမ်းမြောက်ခြင်း ဖြစ်ကြအယ်။
1TH 3:1 အဲကျောန့် နောက်ဆုံးမှာ ငါလို့ သည်းမခံနိန်သောကျောန့် အာသင်မြို့မှာ ကျန်နေခဲ့ဖို့ ဆုံးဖြတ်လိုက်ပင်း၊
1TH 3:2 ခရစ်တော်နဲ့ ဆိုင်သော သတင်းကောင်းဟို ဟောပြောခြင်းငှာ ဘုရားသခင်အတွက် ငါလို့နဲ့အတူ လုပ်ဖော်ဆောင်ဖက်ဖြစ်သော ငါလို့ညီ တိမောသေဟို စေလွှတ်စဉ်တွင်၊ နင်လို့ရဲ့ ယုံကြည်ခြင်းဟို ခိုင်ခံ့စေဖို့ ခွန်အားပေးရန်အတွက် သူ့ဟို ငါလို့ စေလွှတ်ခဲ့အယ်၊
1TH 3:3 အေးကျောန့် နင်လို့တွင် စသူမျှ ဟေညှဉ်းဆဲခြင်းကျောန့် နောက်ဟို မလှည့်ရ။ အေးလို့ နှိပ်စက်ညှဉ်းပန်းမှုများဟ ငါလို့အတွက် ဘုရားသခင်ရဲ့အလိုတော် တစိတ်တပိုင်းဖြစ်ကျောန်း နင်တတ်တိုင်း သိအယ်။
1TH 3:4 ငါလို့ဟ နင်လို့နဲ့အတူ ဆိစဉ်ကာလကပင်၊ ငါလို့ဟ ညှဉ်းဆဲခြင်းဟို ခံရမယ်ဟု ကြိုပြောထားပင်း အေးဟာဟ အတိအကျ ဖြစ်ပျက်လာကျောန်း နင်လို့ ကောင်းစွာ သိကြအယ်။
1TH 3:5 အဲဟာကျောန့် တိမောသေဟို ငါလွှတ်လိုက်အယ်။ ငါသည်းမခံနိန်တော့တဲ့အတွက် နင်လို့ရဲ့ ယုံကြည်ခြင်းအကျောန်း သိဖို့ သူ့ဟို စေလွှတ်လိုက်အယ်။ မာရ်နတ်ဟ နင်လို့အား စုံစမ်းသွေးဆောင်ခဲ့ပင်း ငါလို့ရဲ့ လုပ်ဆောင်မှုအားလုံးဟ အလကားကား မဖြစ်နိန်တာဟ သေချာအယ်။
1TH 3:6 အခုတွင် တိမောသေဟ ပြန်လာယွေ့ နင်လို့ရဲ့ ယုံကြည်ခြင်းနဲ့ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်သော ဝမ်းမြောက်ဖွယ်သတင်းဟို ငါလို့အား ယူဆောင်လာခဲ့အယ်။ နင်လို့ဟ ငါလို့ဟို အမြဲတမ်း ကောင်းမွန်စွာ သတိရလျက် ငါလို့ဟ နင်လို့ဟို ရမ်းဆာ့ တွေ့မျော်ချင်သလိုမျိုး နင်လို့ဟလည်း ငါလို့ဟို ရမ်းဆာ့ တွေ့မျော်ချင်ကျောန်း ပြောပြအယ်။
1TH 3:7 အေးကျောန့် ညီအကိုလို့၊ ငါလို့ဟ ဒုက္ခဆင်းရဲ ခံရခြင်းချိန်နှိုက် နင်လို့ရဲ့ ယုံကြည်ခြင်းကျောန့် ငါလို့ဟ နှစ်သိမ့်ခွန်အားပေးခြင်းဟို ခံစားရအယ်။
1TH 3:8 ပစာကို့ နင်လို့ အသက်တာနှိုက် သခင်ဘုရားနဲ့ တလုံးတဝတည်း ခိုင်ခံ့မြဲမြံစွာ ရပ်တည်နေပါက အခု ငါလို့ဟ အမန်တကယ် အသက်ဆှင်နေကြအယ်။
1TH 3:9 အခု ငါလို့ဟ နင်လို့အတွက် ငါလို့ရဲ့ ဘုရားသခင်ဟို ကျေးဇူးတင်နိန်ပီ ဖြစ်အယ်။ နင်လို့ကျောန့် ကိုယ်တော်ရဲ့မျက်မှောက်တော်​မှာ ငါလို့ ဝမ်းမြောက်ခြင်းရဆိလဲ့​အတွက် သူ့ဟို ကျေးဇူးတင်​တယ်။
1TH 3:10 ငါလို့ဟ ကိုယ်တော်အား ကိုယ်တိုင်ကိုယ်ကျ တွေ့ခွင့်ရပင်း နင်လို့ရဲ့ ယုံကြည်ခြင်းနှိုက် လိုအပ်သောအရာများဟို ဖြည့်ဆည်းပေးရန် ငါလို့ဟ နေ့ရောညပါ စိတ်နေလုံးအကြွင်းမဲ့ ဆုတောင်းကြအယ်။
1TH 3:11 ငါလို့ရဲ့ ဘုရားသခင်၊ ခမည်းတော်တတ်တိုင်းနဲ့ ငါလို့ သခင် ယေရှုဟ နင်လို့ဆေသို့ ငါလို့လာမဲ့ လမ်းဟို ပြင်ဆင်ပါစေ။
1TH 3:12 ငါလို့ဟ နင်လို့ဟို ချစ်သလိုမျိုး နင်လို့ဟလည်း အချင်းချင်းချစ်သော မေတ္တာနှိုက် လည်းကောင်း၊ လူအပေါင်းလို့ဟို ချစ်သော မေတ္တာနှိုက် လည်းကောင်း၊ တိုးပွားယွေ့ ကြွယ်ဝပြေ့စုံမဲ့အကျောန်း သခင်ဘုရား ပြုပါစေသော။
1TH 3:13 ဟေနည်းအားဖြင့် နင်လို့ရဲ့ စိတ်နေလုံးဟို ခွန်အားပေးသဖြင့်၊ ငါလို့ သခင် ယေရှုဟ မိမိနဲ့ဆိုင်သော သူအပေါင်းလို့နဲ့အတူ ကြွလာသောအခါ ငါလို့ရဲ့ ဘုရားသခင်နဲ့ ခမည်းတော်ရဲ့ဆေ့တွင် အပစ်တင်ခွင့် မဆိသော သန့်ဆှင်းမြင့်မြတ်သူများ ဖြစ်ကြရမယ်။
1TH 4:1 နောက်ဆုံးအနေနဲ့ ညီအကိုလို့၊ နင်လို့ဟ ဘုရားသခင် နှစ်သက်စေရန် နင်စလိုနေထိန်ရမယ်ဟို ငါလို့ဆေမှ သင်ယူခဲ့အယ်။ အေးစာဟ သေချာပင်း နင်နေထိန်ခဲ့တဲ့ နည်းလမ်း ဖြစ်အယ်။ အားပင်း အခုလည်း သခင် ယေရှုရဲ့ နာမတော်နှိုက် နင်လို့အား ငါလို့ တောင်းပန် တိုက်တွန်းနှိုးဆော်အယ်။
1TH 4:2 အကျောန်းမှာ သခင် ယေရှုရဲ့ အခွင့်အာဏာအားဖြင့် ငါလို့ပေးသော ညွှန်ကြားချက်များဟို နင်လို့ သိကြအယ်။
1TH 4:3 ဘုရားသခင်ဟ နင်လို့ဟို သန့်ဆှင်းမြင့်မြတ်စေရန်နဲ့ ကာမဂုဏ်လွန်ကျုးမှုကနေ လုံးလုံး ကင်းစင်စေချင်အယ်။
1TH 4:4 နင်လို့ အယောက်စီတိုင်းဟ နင်လို့ ပေါင်အိုမနဲ့အတူ သန့်ဆှင်းမြင့်မြတ်သော နည်းလမ်းဖြင့် စလိုနေထိန်ရမယ်ဟို သိထားသင့်အယ်၊
1TH 4:5 ဘုရားသခင်ဟို မသိသော တပါးအမျိုးသားလို့ လိုမျိုး တပ်မက်သော စိတ်ဆန္ဒများရဲ့ အလိုဟို မလိုက်ကြနဲ့။
1TH 4:6 ဟေကိစ္စနှိုက် နင်လို့တွင် စသူမျှ ညီအကိုလို့ဟို အမားမလုပ်သင့်၊ သူလို့ဟို အခွင့်ကောင်း မယူသင့်ပါ။ အေးဟာဟို နင်လို့အား အရင်ဟ ငါပြောခဲ့ပင်း ငါလို့ဟ နင်လို့ဟို ပြင်းပြင်းထန်ထန် သတိပေးထားခဲ့အတိုင်း သခင်ဘုရားဟ အေးအ​မှုပြု​သော​သူ​လို့​ကို အ​ပစ်​ဒဏ်​စီ​ရင်​လိမ့်​မယ်။
1TH 4:7 ဘုရားသခင်ဟ ငါလို့အား ညစ်ညမ်းစွာ နေထိန်ရန် မခေါ်ဘဲ သန့်ဆှင်းမြင့်မြတ်စွာ နေထိန်ရန် ခေါ်အယ်။
1TH 4:8 အေးကျောန့် ဟေသင်ကြားခြင်းဟို ငြင်းပယ်သောသူဟ လူသားဟို ငြင်းပယ်တာ မဟုတ်ဘဲ၊ နင်လို့အား သန့်ဆှင်းသော ဝိညာဉ်တော်ဟို ပေးသော ဘုရားသခင်ဟို ငြင်းပယ်အယ်။
1TH 4:9 တယောက်နဲ့တယောက် ချစ်ခြင်းမေတ္တာဆိကျောန်း နင်လို့ဆေ ရေးဖို့မလိုဝူး။ နင်လို့တတ်တိုင်း အချင်းချင်း စလိုချစ်သင့်လဲဟို ဘုရားသခင်ဆေမှ သင်ယူထားသောသူများ ဖြစ်ကြအယ်။
1TH 4:10 အမန်မှာ နင်ဟ မာကေဒေါနိပြေတဝန်းလုံးဆိ ယုံကြည်သူ အားလုံးအပေါ်တွင် ဟေလိုမျိုး ပြုခဲ့ကြပီ။ အေးကျောန့် ညီအကိုလို့၊ နင်လို့ဟ ဟေထက်မက ပိုလုပ်ကြဖို့ နင်ဟို ငါလို့ တောင်းပန်အယ်။
1TH 4:11 ငါလို့ဟ နင်လို့ဟို အရင်ဟ ပြောခဲ့သလိုပဲ၊ အေးဆေးတည်ငြိမ်စွာ နေထိန်နိန်ရန် နင်လို့ရဲ့ကိုယ်ပိုင်လုပ်ငန်းဟို အာရုံစိုက်ပင်း ကိုယ်ပိုင်အသက်မွေးဝမ်းကျောန်းပြုဖို့ နင်လို့ရဲ့ ရည်ရွယ်ချက်ဟို လုပ်ကြလော့။
1TH 4:12 အေးနည်းလမ်းအားဖြင့် နင်လို့ဟ မယုံကြည်သူများရဲ့ လေးစားမှုဟို ရဆိမယ်ဖြစ်ပင်း နင်လိုအပ်တဲ့အရာအတွက် စသူ့ဟိုမှ အားကိုးနေစရာ မလိုဝူး။
1TH 4:13 ငါ့ညီအကိုလို့၊ နင်လို့ဟ မျှော်လင့်ခြင်း မဆိသော အခြားသူများလိုမျိုး ဝမ်းနည်းခြင်း မဆိကြစေရန် ငါလို့ဟ သေသောသူများနဲ့ ပတ်သက်ယွေ့ နင်လို့အား အမန်တရားဟို သိစေလိုအယ်။
1TH 4:14 ယေရှုအသေခံပင်း တဖန် ပြန်ထမြောက်ကျောန်းဟို ငါလို့ ယုံကြည်ကြပင်းသောကျောန့် ဘုရားသခင်ဟ ကိုယ်တော်ဟို ယုံကြည်ပင်း သေဆုံးသွားတဲ့ သူတွေဟို ယေရှုနဲ့အတူ ပြန်ယွေ့ ထမြောက်စေလိမ့်မယ်လို့ ငါလို့ ယုံကြည်အယ်။
1TH 4:15 သခင်ဘုရားရဲ့ သွန်သင်ချက်ဟ အခု ငါလို့သင်ကြားသောအရာ ဖြစ်အယ်၊ သခင်ဘုရား ကြွလာသောနေ့နှိုက် အသက်ဆှင်လျက် ဆိကြသူ ငါလို့ဟ သေသောသူလို့ထက် အရင်ရောက်ကြလိမ့်မယ် မဟုတ်။
1TH 4:16 ကြွေးကြော်အမိန့်ပေးသံ၊ ခေါန်းခင်တမန်ရဲ့အသံ၊ ဘုရားသခင်ရဲ့ တံပိုးမှုတ်သံ၊ သခင်ဘုရား တတ်တိုင်း ခေါန်းခင်ဘုံမှ ဆင်းသက်လာလိမ့်မယ်။ ခရစ်တော်ကို ယုံကြည်ပင်း သေဆုံးသွားသူများဟ ဦးရင်ဆုံး ထမြောက်ကြလိမ့်မယ်။
1TH 4:17 အေးနောက် အသက်ဆှင်လျက် ကျန်ရစ်သော ငါလို့ဟ အာကာသခေါန်းခင်နှိုက် သခင်ဘုရားနဲ့တွေ့ဆုံရန် အေးသူလို့နဲ့အတူ မိုးချေးသားအားဖြင့် ချီဆောင်ခြင်း ခံရကြလိမ့်မယ်။ ဟေလို့ဖြင့် ငါလို့ဟ သခင်ဘုရားနဲ့ အမြဲတမ်းနေရကြလိမ့်မယ်။
1TH 4:18 အေးလို့မို့ ဟေစကားများအားဖြင့် အချင်းချင်း ခွန်အားပေးကြလော့။
1TH 5:1 ညီအကိုလို့၊ ဟေအမှုများ ဖြစ်ပျက်မဲ့ အချိန်အခါနဲ့ ကာလများအကျောန်းဟို နင်လို့ဆေ ရေးသားရန် မလိုအပ်ပေ။
1TH 5:2 အကျောန်းမှာ သူခိုးဟ ညအချိန်နှိုက် လာသလိုမျိုး သခင်ဘုရားရဲ့နေ့ရက်ဟ ရောက်လာမယ်ဖြစ်ကျောန်း နင်လို့တတ်တိုင်း သေချာစွာ သိကြအယ်။
1TH 5:3 “ငြိမ်သက်ခြင်းနဲ့ လုံခြုံခြင်း ဆိအယ်” လို့ လူတွေပြောနေခါ ဖိုက်ကြီးသည် မိန်းမနှိုက် အောန်ငဲငယ်မွေးခြင်း ဝေဒနာရောက်လာသလိုမျိုး ပျက်စီးခြင်းဟ သူလို့အပေါ် ရုတ်တရက် ရောက်လာယွေ့ သူလို့ဟ လုံးလုံး လွတ်မြောက်နိန်လိမ့်မယ် မဟုတ်။
1TH 5:4 အဲလိုလဲ ညီအကိုလို့၊ နင်လို့ဟ မိုက်ထဲနှိုက် မဆိသောကျောန့် အေးနေ့ရက်ဟ သူခိုးလိုမျိုး နင်လို့ အံ့ဩလိမ့်မယ် မဟုတ်။
1TH 5:5 နင်လို့အားလုံးဟ အလင်းရဲ့ လူပဲ့သငယ်များနဲ့ နေ့ရဲ့ လူပဲ့သငယ်များ ဖြစ်ကြအယ်။ ငါလို့ဟ ညဖြစ်စေ၊ မိုက်ဖြစ်စေ စပ်ဆိုင်ကြတာ မဟုတ်။
1TH 5:6 အဲလိုမို့ ငါလို့ဟ တခြားသောသူများလိုမျိုး အိပ်မွေယွေ့ မနေရကြပေမဲ့ သမ္မာသတိဆိလျက် နိုးကြားစွာ စောင့်နေကြစို့။
1TH 5:7 အကျောန်းမှာ အိပ်မွေနေလဲ့သူလို့ဟ ညအခါနှိုက် အိပ်မွေတတ်ကြပင်း အရက်မူးလဲ့သူလို့ဟလည်း ညအခါနှိုက် မူးတတ်ကြအယ်။
1TH 5:8 အဲလိုလဲ နေ့ရဲ့ ပိုင်ဆိုင်သော ငါလို့ဟ ယုံကြည်ခြင်းနဲ့ ချစ်ခြင်းမေတ္တာလို့ဟို ရင်အုပ်တန်ဆာအဖြစ် ဝတ်ဆင်လျက် ကယ်တင်ခြင်းနှိုက် မျှော်လင့်ခြင်းဟို သံခမောက်အဖြစ်ဆောင်းကာ သမ္မာသတိ ဆိကြကုန်စို့။
1TH 5:9 အကျောန်းမှာ ဘုရားသခင်ဟ ငါလို့ဟို အူထော့တာ သက်ရောက်စေရန် သတ်မှတ်ထားတာ မဟုတ်ဘဲ ငါလို့ရဲ့ သခင် ယေရှု ခရစ်တော်အားဖြင့် ကယ်တင်ခြင်းဟို ရဆိစေရန် သတ်မှတ်ထားအယ်။
1TH 5:10 ငါလို့ နိုးနေတာ ဖြစ်စေ၊ အိပ်မွေနေတာ ဖြစ်စေ ကိုယ်တော်နဲ့အတူ အသက်ဆှင်မဲ့အကျောန်း ကိုယ်တော်ဟ ငါလို့အတွက် အသေခံအယ်။
1TH 5:11 အေးလိုမို့ အခုနင်လို့ လုပ်နေလဲ့အတိုင်း အချင်းချင်း ခွန်အားပေးယွေ့ တဦးဟိုတဦး တည်ဆောက်ပေးကြလော့။
1TH 5:12 ညီအကိုလို့ နင်လို့ထဲတွင် အားထုတ်လုပ်ဆောင်လျက်၊ ဘုရားသခင်နှိုက် နင်လို့ဟို စီမံအုပ်ချုပ်လျက် နင်လို့ဟို ဆုံးမပေးနေကြသော သူလို့ဟို ကြည်ညိုလေးစားကြရန် ငါအခု နင်လို့ဟို ပြောအယ်။
1TH 5:13 သူလို့ လုပ်ဆောင်သော အမှုအတွက် မေတ္တာစိတ်နဲ့ သူလို့ဟို တန်ဖိုးထားကြရန် လည်းကောင်း၊ နင်လို့အား ငါလို့ တောင်းပန်အယ်။ အချင်းချင်း သင့်မြတ်စွာ နေကြလော့။
1TH 5:14 အားပင်း ညီအကိုလို့ နင်လို့အား ငါလို့ တိုက်တွန်းနှိုးဆော်တာဟ စည်းမဆိ ကမ်းမဆိနေသော သူလို့ဟို သတိပေး ဆုံးမကြလော့။ စိတ်အားငယ်သော သူလို့ဟို နှစ်သိမ့်ကြလော့၊ အားနည်းသော သူလို့ဟို ကူညီကြလော့၊ လူအားလုံးလို့အပေါ် စိတ်ဆှည်သည်းခံကြလော့။
1TH 5:15 စသူမှ သူတပါးအပေါ် အမားဟို အမားနဲ့ မတုံ့ပြန်ကြစေရန် သတိပြုကြလော့၊ အချင်းချင်းအတွက် လည်းကောင်း၊ လူအားလုံးလို့အတွက် လည်းကောင်း၊ ကောင်းကျိုးဟိုသာ အမြဲကြိုးစား လုပ်ကြလော့။
1TH 5:16 အမြဲ ဝမ်းသာကြလော့၊
1TH 5:17 အမြဲမပြတ် ဆုတောင်းကြလော့၊
1TH 5:18 အရာရာနှိုက် ကျေးဇူးတော်ဟို ချီးမွန်းကြလော့၊ အကျောန်းမှာ နင်လို့ဟ အေးလို့လုပ်ကြရန် ခရစ်တော် ယေရှုနှိုက် ဘုရားသခင် အလိုဆိအယ်။
1TH 5:19 ဝိညာဉ်တော်ရဲ့ အရှိန်ဟို မငြိမ်းစေကြနဲ့။
1TH 5:20 ပရောဖက်ပြု ဟောပြောခြင်းဟို မထီမဲ့မြင် မပြုကြနဲ့၊
1TH 5:21 အဲလိုလဲ အရာအားလုံးဟို စစ်ဆေးယွေ့ ကောင်းသောအရာဟို စွဲကိုင်ထားကြလော့။
1TH 5:22 မကောင်းသော အမှုအမျိုးမျိုးဟို ဆှောင်ကြလော့။
1TH 5:23 ငြိမ်သက်ခြင်းရဲ့အဆှင် ဘုရားသခင်တတ်တိုင်း နင်လို့ဟို အကုန်အစင် သန့်ဆှင်းစေသော။ ငါလို့ရဲ့ သခင် ယေရှု ခရစ်တော် ကြွလာသောအခါ နင်လို့ရဲ့ ဝိညာဉ်၊ စိတ်နေလုံး၊ ကိုယ်ခန္ဓာဟို အပစ်တင်စရာ မဆိစေရန် စောင့်ဆှောက်ပါစေသော။
1TH 5:24 နင်လို့ဟို ခေါ်သောအဆှင်ဟ သစ္စာနဲ့ ပြေ့စုံတာဖြစ်ယွေ့ အေးလို့ပြုလိမ့်မယ်။
1TH 5:25 ညီအကိုလို့၊ ငါလို့အဖို့လည်း ဆုတောင်းကြလော့။
1TH 5:26 ညီအကိုအားလုံးလို့ဟို သန့်ဆှင်းသော အနမ်းနဲ့ နှုတ်ဆက်ကြလော့။
1TH 5:27 ဟေစာဟို ညီအကို အားလုံး ဆေ့နှိုက် ဖတ်ကြားရန် သခင်ဘုရားနှိုက် နင်လို့ဟို အလေးအနက် ငါအမိန့်ပေးအယ်။
1TH 5:28 ငါလို့ သခင် ယေရှု ခရစ်တော်ရဲ့ ကျေးဇူးတော်ဟ နင်လို့နဲ့အတူ ဆိပါစေသော။
2TH 1:1 ပေါလု၊ သိလွာနုနဲ့ တိမောသေလို့ဟ —
2TH 1:2 ငါလို့ အဖ ဘုရားသခင်နဲ့ သခင် ယေရှု ခရစ်တော်ဆေမှ ကျေးဇူးတော်နဲ့ ငြိမ်သက်ခြင်းဟ နင်လို့နှိုက် ဆိပါစေသော။
2TH 1:3 ငါ့ညီအကိုလို့၊ ငါလို့ဟ နင်လို့အတွက် ဘုရားသခင်ဟို အမြဲတမ်း ကျေးဇူးတင်ရမယ်။ အေးလို့ လုပ်ခြင်းဟလည်း မန်ကန်အယ်။ ပစာကို့ နင်လို့ရဲ့ ယုံကြည်ခြင်းဟ ရမ်းဆာ့ တိုးပွားယွေ့ အချင်းချင်းအပေါ်နှိုက် ထားသော နင်လို့တဦးချင်း ချစ်ခြင်းမေတ္တာဟလည်း ပွားများလျက် ဆိအယ်။
2TH 1:4 အေးကျောန့် ငါလို့ဟ ဘုရားသခင်ရဲ့ အသင်းတော်များနှိုက် နင်လို့အကျောန်းဟို ဝါကြွားကြအယ်။ နင်ကြုံတွေ့နေရသော နှိပ်စက်ညှဉ်းပန်းမှုနဲ့ ဆင်းရဲဒုက္ခအားလုံးဟို နင်ဆက်လက်ခံနိန်ရည်ဆိပင်း ယုံကြည်ပုံနဲ့ပတ်သက်ယွေ့ ငါလို့ ကြွားဝါပါအယ်။
2TH 1:5 ဟေအရာအားလုံးဟ ဘုရားသခင်ရဲ့ တရားစီရင်ခြင်း တရားဟ မန်ကန်ကျောန်း၊ ဘုရားသခင်ရဲ့နိုင်ငံတော်အတွက် ဆင်းရဲဒုက္ခခံရသော နင်လို့ဟ အဲနိုင်ငံတော်နဲ့ ထိုက်တန်သူများဖြစ်ကျောန်းဟို ထင်ဆှားစေအယ်။
2TH 1:6 ဘုရားသခင်​ဟ ဖြောင့်မတ်​သော အ​မှုဟို ပြု​လိမ့်​မယ်၊ နင်လို့ဟို ဒုက္ခ​ရောက်​စေ​သော သူ​လို့အ​ပေါ် ဒုက္ခ​ရောက်​စေ​ပင်း၊
2TH 1:7 ဆင်းရဲဒုက္ခခံရသော နင်လို့အားလည်း ငါလို့လိုမျိုး သက်သာရာရစေမယ်။ သခင် ယေရှုဟ တန်ခိုးကြီးသော ခေါန်းခင်တမန်များနဲ့ ခေါန်းခင်ဘုံမှ ပေါ်ထွန်းလာသောအခါ သူဟ အေးအရာများဟို ပြုလုပ်လိမ့်မယ်၊
2TH 1:8 ဘုရားသခင်ဟို ငြင်းပယ်သောသူလို့နဲ့ ငါလို့ သခင် ယေရှုနဲ့ ပတ်သက်သော သတင်းကောင်းဟို မနာခံသောသူလို့အား လောင်သောမီးဖြင့် အပစ်စီရင်လိမ့်မယ်။
2TH 1:9 သူလို့ဟ ထာဝရပျက်စီးခြင်းရဲ့ ဒဏ်ကို ခံစားကြရပင်း အဆှင်မျက်​မှောက်​တော်​နဲ့ ဘုန်း​ကြီး​သော တန်ခိုး​တော်​မှ ဖယ်ဆှားခြင်း ခံရကြလိမ့်မယ်​၊
2TH 1:10 အေးနေ့နှိုက် ကိုယ်တော်ဟ မိမိရဲ့ သန့်ဆှင်းသူလို့အားဖြင့် ဘုန်းတော် ထင်ဆှားစေခြင်းဟို ခံရပင်း ငါလို့ရဲ့ သက်သေခံချက်ဟို နင်လို့ ယုံကြည်ကြတာ ဖြစ်ယွေ့ ယုံကြည်သူအားလုံးလို့ရဲ့ အံ့ဩချီးမွန်းခြင်းဟို ခံရလိမ့်မယ်။
2TH 1:11 အေးကျောန့် ငါလို့ဟ နင်လို့အတွက် အမြဲဆုတောင်းပေးအယ်။ ငါလို့ရဲ့ ဘုရားသခင်ဟ နင်လို့အား အသက်ဆှင်ရန် ခေါ်လဲ့ အသက်နဲ့ ထိုက်တန်စေရန် ငါလို့ တောင်းဆိုအယ်။ ကိုယ်တော်ဟ နင်လို့ရဲ့ ကောင်းမြတ်သော အမှုဟို ပြုချင်သော စေတနာစိတ်ဆိသမျှနဲ့ ယုံကြည်ခြင်းနဲ့ဆိုင်သော လုပ်ဆောင်သော အမှုလို့ဟို တန်ခိုးတော်အားဖြင့် နင်လို့နှိုက် ပြေ့စုံပါစေသော။
2TH 1:12 အေးနည်းအားဖြင့် ငါလို့ရဲ့ ဘုရားသခင်နဲ့ သခင်ယေရှု ခရစ်တော်ရဲ့ ကျေးဇူးတော်အားဖြင့် ငါလို့ သခင် ယေရှုရဲ့နာမတော်ဟ နင်လို့နှိုက် ဘုန်းထင်ဆှားစေခြင်းဟို ခံရလျက်၊ နင်လို့ဟလည်း ကိုယ်တော်နှိုက် ဘုန်းတော်ထင်ဆှားစေခြင်း ခံရမယ့်အကျောန်း ဖြစ်အယ်။
2TH 2:1 ညီအကိုလို့၊ ငါလို့ သခင် ယေရှု ခရစ်ရဲ့ ကြွလာခြင်း အကျောန်းနဲ့ ကိုယ်တော်ဆေနှိုက် ငါလို့အတူတကွ စုဝေးခြင်း အကျောန်းနဲ့ ပတ်သက်ပင်း နင်လို့ဟို ငါလို့ ပြောအယ်။
2TH 2:2 ပရောဖက်ပြုခြင်းဖြစ်စေ၊ ဟောပြောရာတွင်ဖြစ်စေ၊ ငါလို့ဟ ၎င်းကို စာတစောင်နှိုက် ရေးသားခြင်းဖြစ်စေ သခင်ဘုရားရဲ့ နေ့ရောက်လာပီဟု ပြောဆိုကြသော်လည်း နင့်ရဲ့ တွေးခေါ်မှုတွင် အလွယ်တကူ စိတ်ရှုပ်မခံစေမယ့်အကျောန်း နင်လို့အား ငါတောင်းပန်အယ်။
2TH 2:3 စသူကမှ နင်လို့ဟို ပစာနည်းနဲ့မှ မလှည့်စားစေနဲ့။ အကျောန်းမှာ ဖောက်ပြန်သင်းခွဲခြင်း ဦးရင်ဖြစ်ယွေ့၊ မတရားသောသူ တည်းဟူသော ပျက်စီးခြင်းရဲ့ သား မပေါ်လာခင် အေးနေ့ရက် ရောက်လာလိမ့်မယ် မဟုတ်။
2TH 2:4 သူဟ ဘုရားဟု ခေါ်သောအရာနဲ့ ကိုးကွယ်လဲ့အရာတိုင်းကို ဆန့်ကျင်ပင်း အရာအားလုံးလို့ထက် သူ့ကိုယ်သူ ချီးမြှောက်မယ် ဖြစ်အယ်။ သူဟ ဘုရားရဲ့ ဗိမာန်တော်နှိုက်ပင် ဝင်ထိန်ပင်း သူ့ကိုယ်သူ ဘုရားသခင် ဖြစ်အယ်ဟု ကြွေးကြော်လိမ့်မယ်။
2TH 2:5 နင်လို့နဲ့ အတူဆိစဉ်ဟ ဟေအရာများဟို နင်လို့အား ငါပြောခဲ့တာဟို နင်လို့ မမှတ်မိကြသလော။
2TH 2:6 အဲအကျောန်းအရာများ အခု မဖြစ်အောန် တားထားတဲ့ အရာတခု ဆိသေးတယ်၊ အဲဟာဟ ဘာလဲဆိုတာ နင်သိကြအယ်။ အချိန်တန်လျှင် အားနည်းသော အရာဟ ပေါ်လာလိမ့်မယ်။
2TH 2:7 အကျောန်းမှာ မတရားသောသူရဲ့ လျှို့ဝှက်သောအရာဟ အလုပ်ဖြစ်နေပေမဲ့ အခု တားဆီးထားသော သူဟ ဖယ်ဆှားခြင်း ခံရလဲ့အထိ တားဆီးလိမ့်မယ်။
2TH 2:8 အဲပင်းရင် မတရားသောအရာဟ ပေါ်လာပေမဲ့ သခင် ယေရှု ခရစ် ကြွလာသောအခါ ကိုယ်တော်ဟ သူ့ဟို မိမိနှုတ်တော်မှ ထွက်သော လေအားဖြင့် ကွပ်မျက်ယွေ့ မိမိကြွလာခြင်းရဲ့ ရောင်ခြည်အားဖြင့် ပယ်ဖျက်လိမ့်မယ်။
2TH 2:9 မတရားသောသူဟ စာတန်ရဲ့ လုပ်ဆောင်မှုအားဖြင့် ရောက်ဆိလာမယ်ဖြစ်ယွေ့ အမျိုးမျိုးသော တန်ခိုး၊ နိမိတ်လက္ခဏာများ၊ လိမ်လည်ခြင်းနဲ့ဆိုင်သော အံ့ဩဖွယ်ရာများဖြင့်လည်းကောင်း၊
2TH 2:10 အားပင်း ပျက်စီးခြင်းသို့ ရောက်သော သူလို့အပေါ် မတရားသော လှည့်စားမှု အမျိုးမျိုးကို အသုံးပြုလိမ့်မယ်။ သူလို့ ပျက်စီးခြင်းဟို ရောက်ရမဲ့အကျောန်းမှာ မိမိလို့ ကယ်တင်ခြင်း ခံရရန်အတွက် သမ္မာတရားအား ချစ်ရမယ်ဟို ငြင်းပယ်ကြသောကျောန့် ဖြစ်အယ်။
2TH 2:11 အေးကျောန့် အမားဟို သူလို့ယုံကြည်ကြစေရန် ဘုရားသခင်ဟ လှည့်စားခြင်း တန်ခိုးဟို သူလို့ဆေဟို စေလွှတ်အယ်။
2TH 2:12 ရလဒ်အနေနဲ့ သမ္မာတရားဟို မယုံကြည်ဘဲ အပစ်နှိုက် မွေ့လျော်သူတိုင်းဟ စီရင်ခြင်းဟို ခံရလိမ့်မယ်။
2TH 2:13 သခင်ဘုရားချစ်သော ညီအကိုလို့၊ နင်လို့အတွက် အချိန်တိုင်း ဘုရားသခင်ဟို ကျေးဇူးတင်ရမယ်။ အကျောန်းမှာ ဘုရားသခင်ဟ နင့်အား သူရဲ့ သန့်ဆှင်းမြင့်မြတ်သော လူမျိုးဖြစ်စေရန်နဲ့ သမ္မာတရားကို ယုံကြည်ခြင်းအားဖြင့် နင့်အား ဝိညာဉ်တော်ရဲ့ တန်ခိုးဖြင့် ကယ်တင်ခြင်းဟို ရောက်မယ့် ဦးရင်ဆုံးသူအဖြစ် ဘုရားသခင် ရွေးချယ်ခဲ့အယ်။
2TH 2:14 ငါလို့ ဟောပြောသော ဧဝံဂေလိတရားအားဖြင့် ဘုရားသခင်ဟ နင်လို့ဟို ခေါ်ယွေ့၊ ငါလို့ သခင် ယေရှု ခရစ်ရဲ့ ဘုန်းအသရေဟို နင်လို့ ရဆိစေရန်အတွက် ဖြစ်အယ်။
2TH 2:15 အေးကျောန့် ငါ့ညီအကိုလို့၊ ခိုင်ခံ့စွာ ရပ်တည်ပင်း ငါလို့ရဲ့ ဝေငှခြင်းအားဖြင့် ဖြစ်စေ၊ စာအားဖြင့် ဖြစ်စေ ငါလို့သင်ပေးခဲ့တဲ့ သမ္မာတရားတွေကို စွဲကိုင်ထားလော့။
2TH 2:16 ငါလို့ရဲ့ သခင် ယေရှု ခရစ်တော် တတ်တိုင်းနဲ့ ငါလို့ဟို ချစ်ယွေ့ ကျေးဇူးတော်အားဖြင့် ထာဝရ နှစ်သိမ့်ခြင်းနဲ့ ကောင်းမြတ်သော မျှော်လင့်ခြင်းလို့ဟို ပေးသော ငါလို့ အဖ ဘုရားသခင်ဟ၊
2TH 2:17 နင်လို့ စိတ်နေလုံးဟို နှစ်သိမ့်ပေးယွေ့ ကောင်းသော စကားနဲ့ ကောင်းသောအမှု အားလုံးလို့နှိုက် နင်လို့ဟို ခိုင်ခံ့မြဲမြံပါစေသော။
2TH 3:1 နောက်ဆုံးမှာ ငါ့ညီအကိုလို့၊ သခင်ဘုရားရဲ့ သတင်းစကားဟ နင်လို့နှိုက် ဆိသလိုမျိုး လျင်မြန်စွာ ပြန့်ပွားပင်း ဂုဏ်အသရေ ဆိစေခြင်းငှာ ငါလို့အတွက် ဆုတောင်းပေးပါ။
2TH 3:2 ငါလို့ဟို ကောက်ကျစ်ယွေ့ ဆိုးညစ်သော လူလို့လက်မှ ကယ်တင်ခြင်း ခံရမဲ့အကျောန်း ငါလို့အတွက်လည်း ဆုတောင်းပေးကြလော့၊ အကျောန်းမှာ လူအားလုံးဟ သတင်းစကားဟို ယုံကြည်ကြတာ မဟုတ်။
2TH 3:3 အဲလိုလဲ ဘုရားသခင်ဟ သစ္စာဆိပင်း ကိုယ်တော်ဟ နင့်ဟို ကြံ့ခိုင်စေယွေ့ ဆိုးညစ်သောသူဆေမှ ကွယ်ကာစောင့်ဆှောက် လိမ့်မယ်။
2TH 3:4 အားပင်း သခင်ဘုရားဟ ငါလို့အား ယုံကြည်စိတ်ချမှုဟို ပေးအယ်၊ ငါလို့ဟ နင်လို့လုပ်နေတာ သေချာပင်း ငါလို့ပြောတဲ့အတိုင်း ဆက်လုပ်နေမှာ သေချာတယ်။
2TH 3:5 သခင်ဘုရားဟ နင်လို့ရဲ့ စိတ်နေလုံးကို ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ခရစ်တော်ရဲ့ သည်းခံခြင်းထဲဟို ပို့ဆောင်ပါစေ။
2TH 3:6 ငါ့ညီအကိုလို့၊ ငါလို့ဆေမှ ခံယူရဆိလဲ့ သွန်သင်ချက်များဟို မလိုက်ဆှောက်ဘဲ စည်းကမ်းမဲ့ အသက်ဆှင် ဆှောက်လှမ်းနေကြသော သူအားလုံးဟို ဆှောင်ကြဉ်ကြရန် ငါလို့ သခင် ယေရှု ခရစ်တော်ရဲ့ နာမတော်အားဖြင့် နင်လို့ဟို ငါလို့ မိန့်မှာကြအယ်။
2TH 3:7 အကျောန်းမှာ ငါလို့ရဲ့ စံနမူနာကို နင်စလိုမျိုး လိုက်နာသင့်တာဟို နင်လို့တတ်တိုင်း သိသောကျောန့် ဖြစ်အယ်။ နင်လို့နဲ့အတူဆိတုန်းဟ ငါလို့ ပစာမှ မလုပ်ခဲ့ဝူး၊
2TH 3:8 ငါလို့ဟ အခကြေးငွေမပေးဘဲ စသူရဲ့ အစာဟိုမှ အလကား မစားပါ။ ဆန့်ကျင်ဘက်အားဖြင့်၊ ငါလို့ဟ နင်လို့တွင် စသူ့ကိုမျှ ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် နေ့ညမပြတ် ပင်ပန်းကြီးစွာ အားထုတ်ခဲ့ကြအယ်။
2TH 3:9 ငါလို့ ဟေအရာဟို လုပ်ရခြင်းမှာ ငါလို့နှိုက် အခွင့်မဆိသောကျောန့် မဟုတ်၊ ငါလို့ဟို အတုယူနိန်ရန် ငါလို့တတ်တိုင်း နင်လို့အား စံနမူနာပြလိုသောကျောန့်သာ ဖြစ်အယ်။
2TH 3:10 အကျောန်းမှာ ငါလို့ဟ နင်လို့နဲ့ အတူဆိစဉ်ပင်၊ “အလုပ် မလုပ်ချင်သောသူဟ မစားရ” ဟု ငါလို့ဟ နင်လို့ဟို ဟေစည်းကမ်းချက် ပေးတယ်။
2TH 3:11 နင်လို့တွင် အချို့သောသူလို့ဟ ပျင်းရိယွေ့ အလုပ်ရှုပ် မနေဘဲ သူတပါးကိစ္စနှိုက် ဝင်ရောက်စွတ်ဖက်သူများ ဖြစ်သောကျောန့် ဖြစ်အယ်။
2TH 3:12 အေးလို့သော သူလို့ဟ ကိုယ့်အစားအစာကိုယ် စားနိန်ရန်အတွက် အေးဆေးတည်ငြိမ်စွာ အလုပ်လုပ်ကြရန် သခင် ယေရှု ခရစ်တော်နှိုက် ငါလို့ညွှန်ကြားလျက် တိုက်တွန်းနိုးဆော်ကြပါအယ်။
2TH 3:13 အဲလိုလဲ ညီအကိုလို့၊ နင်လို့ဟ ကောင်းသောအမှုဟို ပြုရာနှိုက် စိတ်ပျက်အားလျော့ခြင်း မဆိကြနဲ့။
2TH 3:14 တစုံတယောက်ဟ ဟေစာအားဖြင့် ငါလို့မှာကြားသောစကားဟို နားမထောင်ရင် အေးသူအား အဆှက်ရစေရန် သူ့ဟို မှတ်ထားလျက် သူနဲ့ မပေါင်းဖော်ကြနဲ့။
2TH 3:15 အဲလိုလဲ သူ့ဟို ရန်သူလိုမျိုး မမှတ်ယူဘဲ ညီအကိုချင်း အလိုဆိသလိုမျိုး သူလို့ဟို သတိပေးကြလော့။
2TH 3:16 အခုတွင် ငြိမ်သက်ခြင်းရဲ့ သခင်ဘုရား တတ်တိုင်း နင်လို့အား အချိန်အခါခပ်သိမ်း ငြိမ်သက်ခြင်း ပေးသနားပါစေသော။ သခင်ဘုရားဟ နင်လို့အားလုံးနဲ့ အတူဆိပါစေ။
2TH 3:17 ဟေ နှုတ်ဆက်စကားဟို ငါ ပေါလုတတ်တိုင်း ငါ့လက်နဲ့ ရေးလိုက်ပါအယ်။ ဟေဟာဟ ငါ့စာအားလုံးတွင် ပါလဲ့ အမှတ်လက္ခဏာ ဖြစ်အယ်။ ဟေလိုမျိုးစာဟို ငါရေးအယ်။
2TH 3:18 ငါလို့ သခင် ယေရှု ခရစ်တော်ရဲ့ ကျေးဇူးတော်ဟ နင်လို့အားလုံးနဲ့ အတူဆိပါစေသော။
1TI 1:1 ငါလို့ရဲ့ ကယ်တင်ဆှင် ဘုရားသခင်နဲ့ ငါလို့ရဲ့ မျော်လင့်ရာဖြစ်သော ခရစ်တော် ယေရှုရဲ့ အမိန့်အတိုင်း ခရစ်တော် ယေရှုရဲ့ တမန်တော်ဖြစ်သော ငါပေါလုဟ —
1TI 1:2 ယုံကြည်ခြင်းအားဖြင့် ငါ့သားအစစ်ဖြစ်သော တိမောသေဆေဟို စာရေးလိုက်အယ်၊
1TI 1:3 မာကေဒေါနိပြေဟို သွားစဉ်ဟ နင့်ဟို ငါတိုက်တွန်းနှိုးဆော်ခဲ့လဲ့အတိုင်း နင်ဟ ဧဖက်မြို့နှိုက် ဆက်လက်နေထိန်ယွေ့ လူအချို့လို့အား ခြားနားသော ဩဝါဒဟို မသွန်သင်ကြရန် လည်းကောင်း၊
1TI 1:4 ဒဏ္ဍာရီများနဲ့ မဆုံးနိန်သော ဆွေစဉ်မျိုးဆက်စာရင်းများဟို အာရုံမစိုက်ကြရန် လည်းကောင်း ညွှန်ကြားလော့။ အဲအရာလို့ဟ ယုံကြည်ခြင်းနှိုက် တည်သော ဘုရားသခင်ရဲ့ စီမံခန့်ခွဲမှုထက် အငြင်းပွားမှုများဟိုသာ ဖြစ်စေအယ်။
1TI 1:5 ဟေလို့ ပညတ်ရခြင်း ရည်ရွယ်ချက်မှာ စင်ကြယ်သော စိတ်နေလုံး၊ ကောင်းသော အသိစိတ်နဲ့ စစ်မန်သော ယုံကြည်ခြင်းလို့မှ ဖြစ်ပေါ်လာလဲ့ ချစ်ခြင်းမေတ္တာ ဖြစ်အယ်။
1TI 1:6 လူအချို့လို့ဟ အဲအရာများမှ လွဲချော်ယွေ့ အကျိုးမဲ့သော စကားပြောဆိုခြင်းဘက်ဟို လှည့်သွားကြပီ။
1TI 1:7 သူလို့ဟ မိမိလို့ ပြောဆိုသောအရာများ အဲဟာမဟုတ်ရင် မိမိလို့ အခိုင်အမာ ခံယူထားသောအရာများဟိုပင် နားမလည်ဘဲ ကျမ်းတတ်ဆရာများ ဖြစ်လိုကြအယ်။
1TI 1:8 ပညတ်တရားဟို အသုံးပြုသင့်လဲ့အတိုင်း အသုံးပြုရင် ပညတ်တရားဟ ကောင်းမြတ်ကျောန်းဟို ငါလို့ သိကြအယ်။
1TI 1:9 ပညတ်တရားဟ ဖြောင့်မတ်သောသူအတွက် ဆိတာမဟုတ်ဘဲ တရားမဲ့သောသူများနဲ့ နာခံမှုမဆိသောသူများ၊ ဘုရားတရားမဲ့သောသူများနဲ့ အပစ်သားများ၊ မသန့်ဆှင်းသောသူများနဲ့ ဘုရားတရားဟို မထီမဲ့မြင်ပြုသောသူများ၊ အဖဟို သတ်သောသူများနဲ့ အမေ့ဟို သတ်သောသူများ၊ လူသတ်သမားများ၊
1TI 1:10 တရားနဲ့မညီမေထုန်ပြုသူများ၊ လိင်တူဆက်ဆံသူများ၊ လူကုန်ကူးသူများ၊ ဝါသောသူများ၊ မမန်မကန် သက်သေထွက်ဆိုသောသူများနဲ့ မန်ကန်ပြေ့စုံသော ဩဝါဒဟို ဆန့်ကျင်လဲ့ အခြားအရာအားလုံးအတွက် ဆိကျောန်းဟို ငါလို့ သိကြအယ်၊
1TI 1:11 ဟေဟာဟ မင်္ဂလာဆိသော ဘုရားသခင်ရဲ့ ဘုန်းအသရေနဲ့ ပြေ့စုံလဲ့ ကောင်းမြတ်လဲ့သတင်းနဲ့ ကိုက်ညီအယ်၊ အဲကောင်းမြတ်သော သတင်းကောင်းဟို ငါ့အား ပေးအပ်ထားပီ။
1TI 1:12 ငါ့ဟို ခွန်အားနဲ့ ပြေ့စုံသော ငါလို့ သခင် ခရစ်တော် ယေရှုရဲ့ ကျေးဇူးတော်ဟို ငါ ချီးမွန်းအယ်၊ ပစာကို့ ကိုယ်တော်ဟ ငါ့ဟို အမှုတော် ဆောင်ရွက်ခြင်းအတွက် ခန့်ထားယွေ့ သစ္စာဆိသောသူအဖြစ် မှတ်ယူသောကျောန့် ဖြစ်အယ်။
1TI 1:13 ငါဟ မခင် ပစ်မားပြောဆိုသောသူ၊ ညှဉ်းဆဲသောသူ၊ ကြမ်းကြုတ်သောသူ ဖြစ်ခဲ့သော်လည်း ယုံကြည်သူ မဟုတ်သဖြင့် မသိနားမလည်ဘဲ ဟေသို့ပြုခဲ့တာ ဖြစ်ယွေ့ ကရုဏာတော်ဟို ခံစားရအယ်။
1TI 1:14 ငါလို့ သခင်ဘုရားဟ မိမိရဲ့ ကြွယ်ဝသော ကျေးဇူးတော်ဟို ငါ့အပေါ်ဟို သွန်းလောင်းယွေ့ ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်း ဖြစ်ခြင်းအားဖြင့် ငါလို့ ရဆိလဲ့ ယုံကြည်ခြင်းနဲ့ ချစ်ခြင်းဟို ငါ့အား ပေးအယ်။
1TI 1:15 ခရစ်တော် ယေရှုဟ အပစ်သားလို့ဟို ကယ်တင်ရန် ဟေလောကဟို ကြွလာအယ်ဟူသော စကားဟ သစ္စာစကားဖြစ်ပင်း အပြေ့အဝ လက်ခံထိုက်သောစကား ဖြစ်အယ်၊ အဲအပစ်သားများထဲတွင် ငါဟ အဆိုးဆုံး ဖြစ်အယ်။
1TI 1:16 အားပေမဲ့ ငါဟ ကရုဏာတော်ဟို ခံစားရလဲ့အကျောန်းမှာ ခရစ်တော် ယေရှုဟ အဆိုးဆုံးဖြစ်သော ငါနှိုက် ခပ်သိမ်းသော စိတ်ဆှည်သည်းခံခြင်းဟို ပြသခြင်းအားဖြင့် ကိုယ်တော်ဟို ယုံကြည်ယွေ့ ထာဝရ အသက်ရဆိမဲ့သူများအတွက် ငါ့ဟို စံနမူဖြစ်စေရန် ဖြစ်အယ်။
1TI 1:17 ထာဝရ ဘုရင်၊ ဖောက်ပြန်ပျက်စီးခြင်းနဲ့ ကင်းသော မမျော်ရလဲ့ တပါးတည်းသော ဘုရားသခင်နှိုက် ကမ္ဘာအဆက်ဆက် ဘုန်းတော်နဲ့ ဂုဏ်တော်ဆိမန့်စေ။ အာမင်။
1TI 1:18 ငါ့သား တိမောသေ၊ နင်နဲ့ ပတ်သက်ယွေ့ မခင် ပရောဖက်တွေ ဟောထားလဲ့အရာများနဲ့အညီ ဟေညွှန်ကြားချက်ဟို နင့်အား ငါပေးအယ်၊ ဟေဟာဟ နင်သည် ယုံကြည်ခြင်းနဲ့ ကြည်လင်သော အသိစိတ်လို့ဟို စွဲကိုင်လျက် အဲပရောဖက်တွေ ဟောထားလဲ့အရာအားဖြင့် ကောင်းသော တိုက်ပွဲဟို တိုက်ခိုက်နိန်မဲ့အကျောန်း ဖြစ်အယ်။
1TI 1:19 အချို့သောသူလို့ဟ အဲကောင်းသော အသိစိတ်ဟို ပစ်လောကြလဲ့အတွက် ယုံကြည်ခြင်းအရာနှိုက် ပျက်စီးဆုံးရှုံးမှုဟို ခံရကြပီ။
1TI 1:20 အဲသူလို့တွင် ဟုမေနဲနဲ့ အလက်ဇန္ဒြားလို့ ပါဝင်ကြအယ်၊ သူလို့ဟ ဘုရားသခင်ဟို ပစ်မားပြောဆိုခြင်း မပြုမဲ့အကျောန်း ဆုံးမခြင်းဟို ခံရကြရန် သူလို့ဟို စာတန်လက်ဟို ငါအပ်လိုက်အယ်။
1TI 2:1 အဲကျောန့် လူအပေါင်းလို့အတွက် ဆှင်ဘုရင်များနဲ့ အထက်အာဏာပိုင်အားလုံးလို့အတွက် လည်းကောင်း အသနားခံခြင်း၊ ဆုတောင်းခြင်း၊ တောင်းခံခြင်းနဲ့ ကျေးဇူးတော် ချီးမွန်းခြင်းလို့ဟို ပြုရန် ဦးရင် ငါ တိုက်တွန်းနှိုးဆော်အယ်။
1TI 2:2 ငါလို့ဟ ဘုရားဝတ်နှိုက် မွေ့လျော်ခြင်းနဲ့ တည်ကြည်လေးနက်ခြင်း အပြေ့အဝဆိလျက် အေးချမ်းတည်ငြိမ်စွာ အသက်ဆှင်နေထိန်ရန် ဖြစ်အယ်။
1TI 2:3 အဲလိုပြုခြင်းဟ ကောင်းမြတ်ယွေ့ ငါလို့ရဲ့ ကယ်တင်ဆှင် ဘုရားသခင်ဆေ့နှိုက် နှစ်သက်လက်ခံဖွယ် ဖြစ်အယ်။
1TI 2:4 လူအားလုံး ကယ်တင်ခြင်းရလျက် သမ္မာတရားဟို သိဆိခြင်းသို့ ရောက်စေရန် ဘုရားသခင် အလိုဆိအယ်။
1TI 2:5 အကျောန်းမှာ ဘုရားသခင် တပါးတည်းဆိယွေ့ ဘုရားသခင်နဲ့ လူလို့စပ်ကြားတွင် ကြားဝင်စေ့စပ်သူလည်း တပါးတည်း ဆိအယ်၊ အဲသူဟ လူဖြစ်သော ခရစ်တော် ယေရှု ဖြစ်အယ်၊
1TI 2:6 ကိုယ်တော်ဟ လူအားလုံးလို့ဟို ကယ်တင်ရန် မိမိတတ်တိုင်း စွန့်အယ်။ ဟေဟာဟ အချိန်တန်သောအခါ လူအပေါင်းလို့အား ကယ်တင်ရန် ဘုရားသခင် အလိုဆိကျောန်း သက်သေပြခြင်း ဖြစ်အယ်။
1TI 2:7 အဲအကျောန်းကျောန့် ကိုယ်တော်ဟ ငါ့အား တမန်တော်အဖြစ် လည်းကောင်း၊ လူမျိုးခြားလို့ရဲ့ ဆရာအဖြစ် လည်းကောင်း၊ ယုံကြည်ခြင်း တရားနဲ့ သမ္မာတရားဟို ဟောပြောသွန်သင်ရန် ခန့်ထားအယ်။ ငါဟ ဝါပြောတာ မဟုတ်၊ မန်သောစကားဟို ပြောနေခြင်း ဖြစ်အယ်။
1TI 2:8 အဲကျောန့် အမျိုးသားလို့ဟ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း သဘောမဆိဘဲ အရပ်ရပ်လို့နှိုက် သန့်ဆှင်းသောလက်ဟို ချီယွေ့ ဆုတောင်းကြရန် ငါ အလိုဆိအယ်။
1TI 2:9 အမျိုးသမီးလို့အားလည်း လျောက်ပတ်တင့်တယ်စွာ ဝတ်စားဆင်ယင်ကြစေလိုအယ်၊ ဆံပင်ဟို အလှထုံးခြင်း၊ ဆွေ၊ ပုလဲ အဲဟာမဟုတ်ရင် အဖိုးထိုက်လဲ့ အဝတ်တန်ဆာများဟို ဝတ်ဆင်ခြင်းလို့ဟို မပြုသင့်ကြ။
1TI 2:10 သူလို့ဟ ဘုရားဝတ်နှိုက် မွေ့လျော်သူများ ပြုသင့်လဲ့အတိုင်း ကောင်းမြတ်သော အကျင့်များဖြင့် မိမိတတ်တိုင်း တန်ဆာဆင်ကြရအယ်။
1TI 2:11 အမျိုးသမီးလို့ဟ အရာရာနှိုက် နာခံခြင်း ဆိယွေ့ တိတ်ဆိတ်စွာ သင်ယူမန့်။
1TI 2:12 သွန်သင်ခြင်း အဲဟာမဟုတ်ရင် ဖိုးအိုလို့အပေါ် အာဏာပြမှုဟို ပေါင်အိုမလို့အား ငါ ခွင့်မပြု၊ သူလို့ဟ တိတ်ဆိတ်စွာ နေရမယ်။
1TI 2:13 အကျောန်းမှာ အာဒံဟို ဦးရင် ဖန်ဆင်းယွေ့ နောက်မှ ဧဝဟို ဖန်ဆင်းအယ်။
1TI 2:14 အဲ့ပြင် အာဒံဟ လှည့်စားခြင်း မခံရ၊ မိန်းမဟ လှည့်စားခြင်း ခံရလျက် ဖောက်ဖျက်ကျူးလွန်ခြင်းဟို ရောက်ခဲ့အယ်။
1TI 2:15 အားပေမဲ့ မိန်းမလို့ဟ ဣန္ဒြေစောင့်ခြင်းနဲ့တကွ ယုံကြည်ခြင်း၊ ချစ်ခြင်းနဲ့ သန့်ဆှင်းမြင့်မြတ်ခြင်းလို့နှိုက် တည်ရင် သားဖွားခြင်း အမှုအားဖြင့် ကယ်တင်ခြင်း ခံရလိမ့်မယ်။
1TI 3:1 အသင်းတော်ရဲ့ ခေါင်းဆောင်ဖြစ်ရန် မျော်မန်းသူဟ မွန်မြတ်လဲ့အမှုအရာဟို လိုလားတောင့်တသူ ဖြစ်အယ်ဟူသော စကားဟ မန်အယ်။
1TI 3:2 အသင်းတော်ဟို ခေါင်းဆောင်သောသူဟ အပစ်တင်စရာ မဆိသောသူ ဖြစ်ရမယ်၊ အဲသူနှိုက် ပေါင်အိုမတယောက်သာ ဆိရမယ်၊ သူဟ သမ္မာသတ္တိဆိသူ၊ ဣန္ဒြေစောင့်သောသူ၊ လျောက်ပတ်စွာ ပြုမူသောသူ၊ ဧည့်ဝတ်ကျေပွန်သောသူ၊ ဆုံးမဩဝါဒပေးတတ်သောသူ ဖြစ်ရမယ်၊
1TI 3:3 သောက်ကြူးသောသူ မဖြစ်စေရ၊ အဲသူဟ ကြမ်းကြုတ်သောသူ မဟုတ်ဘဲ နူးညံ့သိမ်မွေ့သောသူ၊ ငြိမ်းချမ်းမှုဟို လိုလားသောသူ ဖြစ်ပင်း ပိတ်ဆန်ဟို တပ်မက်သောသူ မဖြစ်ရ။
1TI 3:4 သူဟ မိမိရဲ့ အိုင်ထောင်ဟို ကောင်းစွာ အုပ်ထိန်းနိန်လျက် လူပဲ့သူငယ်များရဲ့ နာခံလေးစားမှုဟို ရဆိသူ ဖြစ်ရမယ်။
1TI 3:5 မိမိအိုင်ထောင်ဟို စလို စီမံအုပ်ချုပ်ရမယ်ဟို မသိသောသူဖြစ်ရင် ဘုရားသခင်ရဲ့ အသင်းတော်ဟို သူဟ စလို ပြုစုစောင့်ဆှောက်နိန်မလုန်း။
1TI 3:6 သူဟ ယုံကြည်ခြင်းနှိုက် မရင့်ကျက်သောသူ မဖြစ်ရ၊ အားမဟုတ်ရင် ဘဝင်မြင့်လျက် မာရ်နတ်နဲ့တူညီသော ပစ်ဒဏ်စီရင်ခြင်းထဲဟို ကျရောက်မယ်ဟု စိုးရိမ်စရာ ဆိအယ်။
1TI 3:7 အဲမျှမက ကဲ့ရဲ့ပစ်တင်ခြင်း ခံရလျက် မာရ်နတ်ရဲ့ ကျော့ကွင်းထဲဟို မကျရောက်စေရန် အသင်းတော်ပြင်ပဆိ လူလို့ရဲ့ ရိုသေလေးစားမှုဟို ခံရသူ ဖြစ်ရမယ်။
1TI 3:8 အဲတိုင်းတိုင်း သင်းထောက်လူကြီးများဟလည်း စာရိတ္တ ကောင်းမွန်ယွေ့ ရိုးသားသောသူများ ဖြစ်ရမယ်။ သူလို့ဟ စပျစ်ယေဟို သောက်ကြူးသူများ၊ ပိတ်ဆန်ဟို တပ်မက်သောသူများ မဖြစ်စေရ။
1TI 3:9 သူလို့ဟ ယုံကြည်ခြင်းရဲ့ လျှို့ဝှက်နက်နဲသောအရာဟို ဩတ္တပ္ပစိတ် ဖြူစင်စွာဖြင့် စွဲကိုင်ထားသောသူများ ဖြစ်ရမယ်။
1TI 3:10 သူလို့ဟ စစ်ဆေးခြင်းဟို ဦးရင်ခံပင်းမှ အပစ်ဆိုဖွယ် မဆိရင် သင်းထောက်အမှုဟို ဆောင်ရွက်ကြစေ။
1TI 3:11 အဲတိုင်းတိုင်း သူလို့ရဲ့ ပေါင်အိုမလို့ဟလည်း တည်ကြည်လေးနက်သောသူများ ဖြစ်ရမယ်၊ ကုန်းချောတတ်သောသူ မဟုတ်ဘဲ သမ္မာသတိဆိသောသူ၊ ခပ်သိမ်းသောအရာလို့နှိုက် သစ္စာဆိသောသူ ဖြစ်ရမယ်။
1TI 3:12 သင်းထောက်လို့ဟ ပေါင်အိုမတယောက်သာ ဆိရမယ်၊ သူဟ မိမိရဲ့ အိုင်ထောင်နဲ့ လူပဲ့ငယ်များဟို ကောင်းစွာ စီမံအုပ်ထိန်းနိန်သူ ဖြစ်ရမယ်။
1TI 3:13 အကျောန်းမှာ သင်းထောက်အမှုဟို ကောင်းစွာ ဆောင်ရွက်သောသူလို့ဟ မိမိလို့အဖို့ ကောင်းသောအရာဟို လည်းကောင်း၊ ခရစ်တော် ယေရှုနှိုက် သူလို့ ယုံကြည်ခြင်းအကျောန်းဟို ရဲရင့်စွာ ဟောပြောနိန်ကြအယ်။
1TI 3:14 ငါဟ ဟေစာဟို ရေးနေချိန်နှိုက် နင်လို့ဆေဟို မကြာမှီ လာရောက်ရန် မျော်လင့်လျက် ဆိအယ်၊
1TI 3:15 ငါ နှောင့်နှေးကြန့်ကြာနေခဲ့ရင် သမ္မာတရားရဲ့ မဏ္ဍိုင်နဲ့ အုတ်မြစ်ဖြစ်လဲ့ အသက်ဆှင်သော ဘုရားသခင်ရဲ့ အသင်းတော် တည်းဟူသော ဘုရားသခင်ရဲ့ အိုင်တော်တွင် စလို ပြုမူကျင့်ကြံသင့်တာဟို နင်သိဆိနိန်ရန် ဖြစ်အယ်။
1TI 3:16 ငါလို့ရဲ့ ဘာသာတရားနက်နဲပုံဟို စသူမျှ ငြင်းဆိုယွေ့ မရဘဲ ကိုယ်တော်ဟ လူသားပုံသဏ္ဌာန်နဲ့ ပေါ်ထွန်းပီ၊ မန်ကန်ကျောန်းဟို ဝိညာဉ်တော်အားဖြင့် ဖော်ပြပင်း ခေါန်းခင်တမန်များဟ ကိုယ်တော်ဟို ရှုမျော်ရကြပီ။ ကိုယ်တော်ရဲ့ အကျောန်းဟို လူမျိုးတကာလို့အား ကြေညာပီ၊ ကမ္ဘာပေါ်ဆိ လူလို့ဟ ယုံကြည်ကြပီ၊ ခေါန်းခင်ဘုံဟို ဆောင်ယူခြင်းဟို ခံပီ။
1TI 4:1 နောင်ကာလနှိုက် လူအချို့လို့ဟ ဝါပြောလဲ့ ဝိညာဉ်များရဲ့ စကားဟို နာခံလျက် နတ်ဆိုးလို့ရဲ့ သွန်သင်ချက်များဟို လိုက်နာကာ မိမိလို့ရဲ့ ယုံကြည်ခြင်းဟို စွန့်လွှတ်ကြလိမ့်မယ်ဟု ဝိညာဉ်တော်ဟ အတိအလင်း ဖော်ပြအယ်။
1TI 4:2 မိမိလို့ရဲ့ အသိစိတ်တွင် သံပူခတ်ခြင်း ခံရသလို အသိစိတ် ကင်းမဲ့သော သူတော်ကောင်းယောင်ဆောင်တတ်သူလို့ဟ အဲဩဝါဒများဟို ပေးကြအယ်။
1TI 4:3 အဲသူလို့ဟ လူလို့အား ထိမ်းမြားခြင်း မပြုရန်နဲ့ အချို့သော အစားအစာများဟို ဆှောင်ကြဉ်ကြစေရန် သွန်သင်ကြအယ်။ အားပေမဲ့ ယုံကြည်ယွေ့ သမ္မာတရားဟို သိကျွမ်းသူလို့ဟ ကျေးဇူးတော်ဟို ချီးမွန်းလျက် စားသောက်နိန်ကြစေရန် ဟေအစားအစာများဟို ဘုရားသခင် ဖန်ဆင်းထားအယ်။
1TI 4:4 ဘုရားသခင် ဖန်ဆင်းထားသောအရာ ဆိသမျှဟ သုံးဆောင်ထိုက်တာ ဖြစ်ယွေ့ စလို အစားအစာဟိုမျှ ဆှောင်ကြဉ်ရန် မလိုဘဲ အစားအစာ ဆိသမျှဟို ကျေးဇူးတော် ချီးမွန်းလျက် ခံယူရကြမယ်။
1TI 4:5 အကျောန်းမှာ အဲအရာလို့ဟ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အားဖြင့် လည်းကောင်း၊ ဆုတောင်းခြင်းအားဖြင့် လည်းကောင်း၊ သန့်ဆှင်းစေခြင်းဟို ခံရကြသောကျောန့် ဖြစ်အယ်။
1TI 4:6 ဟေအကျောန်းအရာများဟို ညီအကိုလို့အား ညွှန်ပြရင် နင်ဟ ယုံကြည်ခြင်းနဲ့ဆိုင်သော တရားစကားနဲ့ နင်လိုက်ဆှောက်လဲ့ ကောင်းသော သွန်သင်ချက်ရဲ့ တရားစကားလို့ဖြင့် ပြုစုပျိုးထောင်ခြင်းဟို ခံရလျက် ခရစ်တော် ယေရှုရဲ့ ကောင်းသော အစေခံ ဖြစ်လိမ့်မယ်။
1TI 4:7 အားပေမဲ့ ဘုရားတရားနဲ့ မဆိုင်လဲ့ အနှစ်သာရကင်းမဲ့သော ဒဏ္ဍာရီများဟို ဆှောင်လော့။ ဘုရားဝတ်နှိုက် မွေ့လျော်ခြင်းအတွက် နင့်တတ်တိုင်း လေ့ကျင့်ပေးလော့။
1TI 4:8 အကျောန်းမှာ ကိုယ်ခန္ဓာနဲ့ဆိုင်သော လေ့ကျင့်မှုဟ ကတစ် အကျိုးဆိအယ်၊ အားပေမဲ့ ဘုရားဝတ်နှိုက် မွေ့လျော်ခြင်းမူ အခုဖဝါ့၊ နောင်ဖဝါ့နဲ့ဆိုင်သော ကတိတော် ပါဆိတာဖြစ်ယွေ့ အလုံးစုံလို့အတွက် အကျိုးဆိအယ်။
1TI 4:9 ဟေစကားဟ သစ္စာစကား ဖြစ်ပင်း အပြေ့အဝ လက်ခံထိုက်သော စကားဖြစ်အယ်။
1TI 4:10 အဲကျောန့် ငါလို့ဟ အဲအကျိုးအတွက် ရုန်းကန်ယွေ့ ကြိုးစားကြအယ်၊ ပစာကို့ လူအပေါင်းလို့ရဲ့ ကယ်တင်ဆှင်၊ အထူးသဖြင့် ယုံကြည်သူလို့ရဲ့ ကယ်တင်ဆှင်ဖြစ်သော အသက်ဆှင်လဲ့ ဘုရားသခင်ဟို ငါလို့ မျော်လင့် အားထားကြသောကျောန့် ဖြစ်အယ်။
1TI 4:11 ဟေအရာလို့ဟို ညွှန်ကြားလျက် သွန်သင်လော့။
1TI 4:12 နင်ရဲ့ အသက်အရွယ်နုပျိုခြင်းဟို စသူမျှ မထီမဲ့မြင် မပြုစေနဲ့၊ နင်ရဲ့ အပြောအဆို၊ အသက်ဆှင်နေထိန်မှု၊ ချစ်ခြင်း၊ ယုံကြည်ခြင်းနဲ့ သန့်ဆှင်းခြင်းနှိုက် ယုံကြည်သူလို့အတွက် စံနမူနာ ဖြစ်လော့။
1TI 4:13 ငါလာလဲ့တိုင်အောန် ကျမ်းစာဖတ်ခြင်း၊ တိုက်တွန်းအားပေးခြင်းနဲ့ သွန်သင်ခြင်းလို့ဟို ဂရုစိုက် လုပ်ဆောင်လော့။
1TI 4:14 အသင်းတော် ခေါင်းဆောင်များရဲ့ လက်တင်ခြင်းနဲ့တကွ ပရောဖက်တွေ ဟောပြောခြင်းအားဖြင့် နင့်အပေါ် ပေးအပ်ထားယွေ့ နင်နှိုက်ဆိလဲ့ ဆုကျေးဇူးဟို လျစ်လျူမရှုနဲ့။
1TI 4:15 နင်ရဲ့ တိုးပွားမှုဟ လူအပေါင်းလို့ဆေ့နှိုက် ထင်ဆှားရန် အဲအမှုအရာလို့ဟို ကြိုးစားအားထုတ်ယွေ့ ဟေအရာလို့နှိုက် မိမိတတ်တိုင်း နှစ်မြှုပ်ထားလော့။
1TI 4:16 နင့်တတ်တိုင်း လည်းကောင်း၊ နင်ရဲ့ သွန်သင်ချက်ဟို လည်းကောင်း ဂရုစိုက်ယွေ့ အဲသွန်သင်ချက်လို့နှိုက် အမြဲတည်နေလော။ အကျောန်းမှာ နင်ဟ အဲလိုပြုခြင်းဖြင့် နင့်တတ်တိုင်းနဲ့ နားထောင်သောသူလို့ဟို ကယ်တင်လိမ့်မယ်ဖြစ်သောကျောန့် ဖြစ်အယ်။
1TI 5:1 အသက်ကြီးသူဟို ပစ်တင် ဆုံးမခြင်း မပြုဘဲ တို့ဖလို တောင်းပန်ပြောဆိုလော့။ နင့်ထက် အသက်ငယ်သောသူလို့အား နင့်ရဲ့ ညီအကိုလို လည်းကောင်း၊
1TI 5:2 အသက်ကြီးသော မိန်းမလို့ဟို တို့မေ့လို လည်းကောင်း၊ ငယ်ရွယ်သောမိန်းမလို့ဟို သန့်ဆှင်းသော စိတ်အပြေ့အဝဖြင့် နှမလို လည်းကောင်း မှတ်ယွေ့ တိုက်တွန်းနှိုးဆော်လော့။
1TI 5:3 အကူညီ လိုအပ်နေလဲ့ မုဆိုးမများဟို ထောက်ပံ့ခြင်းဟို ပြုလော့။
1TI 5:4 အားပေမဲ့ တစုံတယောက်သော မုဆိုးမတွင် လူပဲ့သူငယ်၊ မြေးများဆိရင် အဲသားမြေးလို့ဟ ဘာသာရေးတာဝန် တည်းဟူသော မိမိလို့ အိုင်သူအိုင်သားဟို ပြုစုခြင်းနဲ့ မိဘဘိုးဘွားလို့အား ကျေးဇူးပြန်ဆပ်ခြင်းလို့ဟို ဦးရင် သင်ယူကြလော့၊ ပစာကို့ ဟေသို့ပြုခြင်းဟ ဘုရားသခင်ဆေ့နှိုက် နှစ်သက်ဖွယ် ဖြစ်အယ်။
1TI 5:5 တကိုယ်တည်းဖြစ်သော မုဆိုးမဟ မိမိအား ပြုစုမဲ့သူမဆိသဖြင့် ဘုရားသခင်ဟို မျော်လင့်လျက် နေ့ညမပြတ် ဆုတောင်းခြင်းဟို ပြုယွေ့ ကိုယ်တော်ရဲ့ အကူညီဟို အသနားခံခြင်းနဲ့ ဆုတောင်းခြင်းလို့ဟို စွဲမြဲစွာပြုတတ်အယ်။
1TI 5:6 အားပေမဲ့ အပျော်အပါးလိုက်စားသော မုဆိုးမဟ အသက်ဆှင်လျက်ပင် အသေ ဖြစ်အယ်။
1TI 5:7 အဲကျောန့် စသူမျှ အပစ်တင်စရာ မဆိစေရန် လူလို့အား ဟေအရာလို့ဟို ညွှန်ကြားလော့။
1TI 5:8 စသူမဆို မိမိဆွေမျိုးသားချင်း၊ အထူးသဖြင့် မိမိအိုင်သူအိုင်သားလို့ဟို ဂရုမစိုက်ဘဲနေရင် အဲသူဟ ယုံကြည်ခြင်းဟို ငြင်းပယ်ပီ ဖြစ်ယွေ့ မယုံကြည်သူထက်ပင် ဆိုးရွားအယ်။
1TI 5:9 မုဆိုးမတယောက်ဟ အသက် ခြောက်ဆယ်ကျော်မှသာ မုဆိုးမစာရင်းတွင် နာမယ်သွင်းမန့်။ သူမဟ တကြိမ်သာ ထိမ်းမြားလက်ထပ်ခဲ့သူ ဖြစ်ရမယ်၊
1TI 5:10 အဲ့အပြင် ကောင်းသောအကျင့်ဟို ကျင့်ယွေ့ အသရေဆိသူ ဖြစ်ရမယ်၊ မိမိရဲ့ လူပဲ့သူငယ်များဟို ကောင်းစွာ ပြုစုစောင့်ဆှောက်သူ၊ ဧည့်ဝတ်ကျေပွန်သူ၊ သန့်ဆှင်းသူလို့အား ကူညီသူ၊ ဒုက္ခရောက်သောသူလို့အား ကူညီမစသူ၊ ကောင်းသောအမှုဆိသမျှလို့ဟို ကြိုးစားလုပ်ဆောင်ခဲ့သူ ဖြစ်ရမယ်။
1TI 5:11 အသက်ငယ်သော မုဆိုးမလို့အား မုဆိုးမ စာရင်းတွင် မသွင်းနဲ့၊ ပစာကို့ သူလို့ဟ မိမိလို့ အလိုဆန္ဒဟို မထိန်းသိမ်းနိန်ကြသောအခါ အိုင်ထောင်ပြုလိုသဖြင့် ခရစ်တော်ဟို ပစ်လောတတ်ကြသောကျောန့် ဖြစ်အယ်။
1TI 5:12 အဲလိုမို့ သူလို့ဟ မိမိလို့ ဦးရင်ဟ ကိုယ်တော်အား ပေးခဲ့လဲ့ ကတိသစ္စာဟို ဖောက်ဖျက်သောကျောန့် ပစ်ဒဏ်စီရင်ခြင်း ခံရကြအယ်။
1TI 5:13 အဲ့ပြင် သူလို့ဟ တအိုင်ပင်း တအိုင် လှည့်လည်ယွေ့ ပျင်းရိသောအကျင့် ဆိလာတတ်ကြအယ်၊ အဲသို့ ပျင်းရိတာ သာမက အတင်းအဖျင်း ပြောဆိုလျက် သူတပါးကိစ္စနှိုက် ဝင်ရောက်စွက်ဖက်ကာ မပြောသင့်လဲ့အရာလို့ဟို ပြောဆိုတတ်ကြအယ်။
1TI 5:14 အဲကျောန့် ငယ်ရွယ်သောမုဆိုးမဟ အိုင်ထောင်ပြုလျက် လူပဲ့သူငယ်များ မွေးကာ အိုင်မှုကိစ္စဟို စီမံယွေ့ ရန်သူအား ကဲ့ရဲ့ပစ်တင်ခြင်း အခွင့်ဟို မပေးရန် ငါအလိုဆိအယ်။
1TI 5:15 အကျောန်းမှာ အချို့သော မုဆိုးလို့ဟ လမ်းလွဲယွေ့ စာတန်နောက်ဟို လိုက်သွားကြသောကျောန့် ဖြစ်အယ်။
1TI 5:16 ယုံကြည်သူအမျိုးသမီး တစုံတဦးနှိုက် ဆွေမျိုးတော်စပ်လဲ့ မုဆိုးမများဆိရင် အသင်းတော်အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေဘဲ အဲမုဆိုးမလို့ဟို သူ့တတ်တိုင်း ကူညီစောင့်ဆှောက်မန့်၊ အဲသို့ပြုရင် အသင်းတော်ဟ အမန်တကယ် အကူညီလိုအပ်လဲ့ မုဆိုးမများဟို ကူညီစောင့်ဆှောက်နိန်လိမ့်မယ်။
1TI 5:17 အသင်းတော် ခေါင်းဆောင် အလုပ်ဟို ကောင်းစွာ လုပ်ဆောင်သူလို့ဟ အလှူနေဆ ခံစားထိုက်သူများဖြစ်အယ်ဟု မှတ်ယူအပ်အယ်၊ အထူးသဖြင့် တရားဟောခြင်း၊ ဆုံးမသွန်သင်ခြင်းလို့ဟို ကြိုးစားယွေ့ လုပ်ဆောင်သူများဟ ဟေသို့ ခံစားထိုက်အယ်။
1TI 5:18 အကျောန်းမှာ ကျမ်းစာဟ “စပါးနယ်လဲ့ နွားရဲ့ စလောင်ဟို မချုပ်ထားရ” ဟူယွေ့ လည်းကောင်း၊ “အလုပ်လုပ်သောသူဟ အားခါ့ဟို ရထိုက်အယ်” ဟူယွေ့ ဆိုထားအယ်။
1TI 5:19 သက်သေနေဦး၊ သုံးဦး မဆိရင် အသင်းတော် ခေါင်းဆောင်အား ပစ်တင်စွပ်စွဲချက်ဟို နားမထောင်နဲ့။
1TI 5:20 ကျန်သောသူလို့ဟလည်း ကြောက်ရွံ့ခြင်း ဆိကြစေရန် အပစ်ပြုသောသူလို့ဟို အားလုံးဆေ့နှိုက် ဆုံးမလော့။
1TI 5:21 နင်ဟ ဟေအရာလို့ဟို ခွဲခြားခြင်း မဆိဘဲ စောင့်ဆှောက်ယွေ့ စလိုအရာဟိုမျှ ဘက်လိုက်ခြင်း မဆိဘဲ ပြုမူရန် ဘုရားသခင်နဲ့ ခရစ်တော် ယေရှုမှစယွေ့ ရွေးချယ်ခံရသော ခေါန်းခင်တမန်လို့ဆေ့နှိုက် ငါအလေးအနက် တိုက်တွန်းအယ်။
1TI 5:22 စသူ့အပေါ်နှိုက်မျှ လက်တင်ခြင်းဟို အလျင်စလို မပြုနဲ့၊ အခြားသူလို့ရဲ့ အပစ်နှိုက်လည်း ပါဝင်ခြင်း မဆိနဲ့။ နင့်တတ်တိုင်း ဖြူစင်သန့်ဆှင်းအောန် စောင့်ထိန်းလော့။
1TI 5:23 နင်ဟ မကြာခဏ ဖျားနာတတ်တာ ဖြစ်ယွေ့ ယေဟိုသာ မသောက်ဘဲ အစာကြေစေရန် စပျစ်ယေ ကတစ်ဟို သုံးဆောင်လော့။
1TI 5:24 အချို့သောသူလို့ရဲ့ အပစ်များဟ သိသာထင်ဆှားအယ်၊ သူလို့ရဲ့ အပစ်များဟ တရားစီရင်ခြင်းဟို အလျင်သွားတတ်အယ်၊ အချို့သော သူလို့ရဲ့ အပစ်များမူ နောင်အခါမှ သိသာထင်ဆှားယွေ့ လာတတ်အယ်။
1TI 5:25 အဲတိုင်းတိုင်း အချို့သော အပစ်များဟ ထင်ဆှားလျက် နေအယ်၊ မထင်ဆှားသေးလဲ့ ဒုစရိုက်များဟိုလည်း ဖုံးကွယ်ယွေ့ မထားနိန်။
1TI 6:1 ကျွန်ဖြစ်သောသူလို့ဟ မိမိလို့ရဲ့ သခင်များအား ရိုသေလေးစားထိုက်သူများဟု ခံယူရကြမယ်၊ အဲမှသာ စသူမျှ ဘုရားသခင်ရဲ့ နာမနဲ့ ငါလို့ တရားတော်ဟို ကဲ့ရဲ့ပြောဆိုလိမ့်မယ် မဟုတ်။
1TI 6:2 မိမိလို့ သခင်ဟ ယုံကြည်သူဖြစ်ရင် သခင်ဟ ညီအကိုဖြစ်တာဟု ဆိုလျက် မထီမဲ့မြင် မပြုဘဲ သာယွေ့ ကောင်းစွာ အစေခံကြမန့်၊ ပစာကို့ ကောင်းသောအစေခံရဲ့ အကျိုးဟို ခံစားရသော သခင်ဟ ယုံကြည်သူ ဖြစ်ပင်း မိမိချစ်သောသူလည်း ဖြစ်အယ်။ နင်ဟ ဟေအရာများဟို သွန်သင်ယွေ့ တိုက်တွန်းနှိုးဆော်လော့။
1TI 6:3 တစုံတယောက်ဟ ခြားနားသော ဩဝါဒဟို သွန်သင်လျက် ငါလို့ သခင် ယေရှု ခရစ်တော်ရဲ့ မန်ကန်ပြေ့စုံသော တရားစကားနဲ့ ဘုရားဝတ်နှိုက် မွေ့လျော်ခြင်းနဲ့ညီသော ဩဝါဒလို့ဟို မလိုက်နာရင်
1TI 6:4 အဲသူဟ မာနကြီးယွေ့ စလိုအရာဟိုမျှ မသိဘဲ အငြင်းပွားမှုနဲ့ စကားလုံး အသုံးအနှုန်းအပေါ် ငြင်းခုံခြင်းလို့နှိုက်သာ စွဲလမ်းနေသူ ဖြစ်အယ်။ အဲအရာများကျောန့် မနာလိုမှု၊ အငြင်းပွားမှု၊ ပစ်မားပြောဆိုခြင်းနဲ့ ဆိုးညစ်သော သံသယစိတ်ဆိခြင်း စသည်လို့ ဖြစ်ပေါ်လာတတ်အယ်၊
1TI 6:5 အဲသို့ အသိစိတ်ပျက်ပြားလျက် သမ္မာတရား ဆုံးရှုံးကာ ဘုရားဝတ်နှိုက် မွေ့လျော်ခြင်းဟ အကျိုးစီးပွားဖြစ်တာဟု ထင်မှတ်သော လူလို့ကြားနှိုက် မဆုံးနိန်သော အငြင်းပွားမှု ဆိတတ်အယ်။
1TI 6:6 အားပေမဲ့ ကျေနပ်တင်းတိမ်မှုဖြင့် ဘုရားဝတ်နှိုက် မွေ့လျော်ခြင်းဟ ကြီးစွာသော အကျိုးစီးပွားပင် ဖြစ်အယ်။
1TI 6:7 အကျောန်းမှာ ငါလို့ဟ ဟေလောကထဲဟို စလိုအရာဟိုမျှ မယူလာသလို စလိုအရာဟိုမျှလည်း သယ်ယူသွားနိန်မယ် မဟုတ်။
1TI 6:8 အဲလိုမို့ ငါလို့ဟ စားစရာနဲ့ ဝတ်စရာဆိရင် အဲအရာလို့နဲ့ ကျေနပ်ကြရမယ်။
1TI 6:9 ချမ်းသာလိုသောသူလို့ဟ စုံစမ်းသွေးဆောင်ရာထဲဟို လည်းကောင်း၊ ထောင်ချောက်ထဲဟို လည်းကောင်း၊ လူလို့ဟို ပျက်စီးခြင်းနဲ့ ဆုံးရှုံးခြင်းတွင် နစ်မွန်းစေတတ်သော မိုက်မဲယွေ့ အန္တရာယ်ဆိလဲ့ တပ်မက်ခြင်း အမျိုးမျိုးထဲဟို လည်းကောင်း ကျရောက်တတ်ကြအယ်။
1TI 6:10 အကျောန်းမှာ ငွေဟို တပ်မက်ခြင်းဟ မကောင်းမှုအလုံးစုံလို့ရဲ့ အရင်းအမြစ် ဖြစ်အယ်။ လူအချို့လို့ဟ ငွေဟို ရမ်းဆာ့တပ်မက်သဖြင့် ယုံကြည်ခြင်းလမ်းမှ လွဲချော်သွားယွေ့ ရမ်းဆာ့သော ပူပန်ခြင်း ဝေဒနာဖြင့် မိမိတတ်တိုင်း ထိုးဖောက်နာကျင်စေကြပီ။
1TI 6:11 အို ဘုရားသခင်ရဲ့ လူ၊ နင်ဟ အဲအရာများဟို ဆှောင်ကြဉ်လော့။ ဖြောင့်မတ်ခြင်း၊ ဘုရားဝတ်နှိုက် မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းလို့ဟို မှီအောန်လိုက်လော့။
1TI 6:12 ယုံကြည်ခြင်းနဲ့ဆိုင်လဲ့ ကောင်းသောတိုက်ပွဲဟို တိုက်ယွေ့ ထာဝရ အသက်ဟို ရယူပိုင်ဆိုင်လော့၊ နင်ဟ အဲအသက်အတွက် ခေါ်ယူခြင်းဟို ခံရယွေ့ ရမ်းဆာ့သော သက်သေလို့ဆေ့တွင် ကောင်းသော ဝန်ခံချက်ဟို ပေးလေပီ။
1TI 6:13 ခပ်သိမ်းသောအရာလို့အား အသက်ဟို ပေးသော ဘုရားသခင်ရဲ့ဆေ့နှိုက် လည်းကောင်း၊ ပုန္တိပိလတ်ဆေ့တွင် သက်သေခံသောအခါ ကောင်းသောဝန်ခံချက်ဟို ပေးသော ခရစ်တော် ယေရှုရဲ့ ဆေ့နှိုက်လည်းကောင်း နင့်အား ပညတ်တာဟ
1TI 6:14 နင်ဟ ငါလို့ သခင် ယေရှု ခရစ်တော် ပေါ်ထွန်းလဲ့တိုင်အောန် ဟေပညတ်ချက်ဟို အစွန်းအထင်း ကင်းယွေ့ အပစ်တင်စရာ မဆိအောန် စောင့်ထိန်းလော့။
1TI 6:15 မင်္ဂလာဆိလဲ့ တပါးတည်းသော အဆှင်၊ ဘုရင်တကာလို့ရဲ့ ဘုရင်၊ အဆှင်တကာလို့ရဲ့ အဆှင် ဘုရားသခင်ဟ ကာလအချိန်ရောက်သောအခါ ကိုယ်တော်အား ထင်ဆှားပေါ်ထွန်းစေလိမ့်မယ်။
1TI 6:16 ဘုရားသခင် တပါးတည်းသာ အနိစ္စ ဖြစ်အယ်၊ ကိုယ်တော်ဟ စသူမျှ မချဉ်းကပ်နိန်လဲ့ အလင်းရောင်တွင် ကျိန်းဝပ်အယ်။ စသူတဦးတယောက်မျှ ကိုယ်တော်ဟို မမျော်ဖူးသလို မျော်လည်း မမျော်နိန်။ အဲဘုရားသခင်နှိုက် ဂုဏ်အသရေနဲ့ ထာဝရ ဘုန်းအာနုဘော် ဆိမန့်စေ။ အာမင်။
1TI 6:17 ဟေလောကနှိုက် ချမ်းသာသောသူလို့ဟ မာန်မာနကြီးခြင်း၊ မမြဲသော စည်းစိမ်များအပေါ်နှိုက် မျော်လင့်အားထားခြင်း မဆိဘဲ ပျော်ရွှင်မှုအတွက် အလုံးစုံလို့ဟို ငါလို့အား ပေးသော ဘုရားသခင်အပေါ်နှိုက် မျော်လင့်အားထားကြရမယ်။
1TI 6:18 သူတပါးလို့အား ကျေးဇူးပြုတတ်ကြစေရန် လည်းကောင်း၊ ကောင်းသောအကျင့်များနဲ့ ကြွယ်ဝပြေ့စုံယွေ့ ရက်ရောစွာ ဝေငှပေးကမ်းတတ်ကြစေရန် လည်းကောင်း သူလို့အား ဆုံးမသွန်သင်လော့။
1TI 6:19 ဟေနည်းအားဖြင့် သူလို့ဟ အနာဂတ်အတွက် ခိုင်ခံ့လဲ့ အုတ်မြစ် တည်းဟူသော ဘဏ္ဍာဟို စုဆောင်းရာရောက်ယွေ့ စစ်မန်သော အသက်ဟို ရဆိကြလိမ့်မယ်။
1TI 6:20 အို တိမောသေ၊ နင်နှိုက် အပ်ထားလဲ့အရာဟို စောင့်ဆှောက်လော့။ တရားမဲ့ဖြစ်သော အလကားကား စကားပြောခြင်းနဲ့ သိပ္ပံအတတ်ဟု အလွဲခေါ်ဝေါ်သော သိပ္ပံအတတ် ဆီးတားနှောင့်ယှက်ခြင်းလို့ဟို ဆှောင်လော့၊
1TI 6:21 အဲသိပ္ပံအတတ်ဟို လူအချို့လို့ဟ ဝန်ခံပြုစုသောအားဖြင့် ယုံကြည်ခြင်း လမ်းမှ လွဲကြပီ။ နင်လို့အပေါင်းဟ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ခံစားရမန့်စေ။
2TI 1:1 ခရစ်တော် ယေရှုနှိုက် တည်ဆိသော အသက်နဲ့ဆိုင်လဲ့ ကတိတော်အတိုင်း ဘုရားသခင်ရဲ့ အလိုတော်အားဖြင့် ခရစ်တော် ယေရှုရဲ့ တမန်တော်ဖြစ်သော ငါပေါလုဟ —
2TI 1:2 ငါရဲ့ ချစ်သော တိမောသေဆေဟို စာရေးလိုက်အယ်၊
2TI 1:3 ငါဟ နေ့ညမပြတ် ဆုတောင်းရာတွင် နင့်အား အစဉ်ပင် အောက်မေ့သတိရလျက် ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ချီးမွန်းအယ်၊ ငါ့ရဲ့ ဘိုးဘေးများတိုင်းတိုင်း ကိုယ်တော်ရဲ့ အစေဟို စင်ကြယ်သော အသိစိတ်နဲ့ ဆောင်ရွက်သူ ဖြစ်အယ်။
2TI 1:4 ငါဟ နင်ရဲ့ မျက်ရည်များဟို အောက်မေ့သဖြင့် ဝမ်းမြောက်ခြင်းနဲ့ ပြေ့ဝမဲ့အကျောန်း နင်နဲ့ တွေ့နိန်ရန် တောင့်တနေအယ်။
2TI 1:5 နင်နှိုက်ဆိလဲ့ ဟန်ဆောင်မှုကင်းသော ယုံကြည်ခြင်းဟိုလည်း ငါ သတိရအယ်၊ အဲယုံကြည်ခြင်းဟ နင်ရဲ့ မို့အို လောဣနဲ့ နင်ရဲ့ အမေ့ ဥနိတ်လို့နှိုက် ဦးရင် တည်ဆိယွေ့ အခု နင်နှိုက်လည်း တည်ဆိတာဟု ငါ ယုံကြည်စိတ်ချအယ်။
2TI 1:6 အဲကျောန့် နင့်အပေါ် ငါလက်တင်သောအားဖြင့် နင်ရဆိသော ဘုရားသခင်ရဲ့ ဆုကျေးဇူးဟို ပြန်လည်နှိုးဆော်ရန် နင့်ဟို ငါ သတိပေးအယ်။
2TI 1:7 အကျောန်းမှာ ဘုရားသခင်ဟ ငါလို့အား ကြောက်တတ်သော ဝိညာဉ်ဟို ပေးတာ မဟုတ်ဘဲ တန်ခိုး၊ ချစ်ခြင်းမေတ္တာ၊ မိမိတတ်တိုင်း ချုပ်တည်းခြင်းလို့နဲ့ဆိုင်သော ဝိညာဉ်ဟို ပေးသောကျောန့် ဖြစ်အယ်။
2TI 1:8 အဲကျောန့် ငါလို့ရဲ့ သခင်ဘုရားအကျောန်း သက်သေခံတာဟို လည်းကောင်း၊ ငါဟ ကိုယ်တော်အတွက် အကျဉ်းသားဖြစ်တာဟို လည်းကောင်း၊ ဆှက်ကြောက်ခြင်း မဆိဘဲ ဘုရားသခင်ရဲ့ တန်ခိုးတော်အားဖြင့် ကောင်းမြတ်သော သတင်းကောင်းအတွက် ငါနဲ့အတူ ဆင်းရဲဒုက္ခဟို ခံလော့။
2TI 1:9 ဘုရားသခင်ဟ ငါလို့ဟို ကယ်တင်ယွေ့ သန့်ဆှင်းသော ခေါ်ယူခြင်းဖြင့် ငါလို့ဟို ခေါ်ယူတာဟ ငါလို့ပြုသောအမှုများကျောန့် မဟုတ်ဘဲ ကိုယ်တော်ရဲ့ အကြံအစည်ကျောန့် ဖြစ်ပင်း ဆေ့ကာလများ မတိုင်မီဟပင် ခရစ်တော် ယေရှုအားဖြင့် ငါလို့အား ပေးသော ကျေးဇူးတော်ကျောန့် ဖြစ်အယ်၊
2TI 1:10 အဲကျေးဇူးတော်ဟ ငါလို့ရဲ့ ကယ်တင်ဆှင် ခရစ်တော် ယေရှု ပေါ်ထွန်းခြင်းအားဖြင့် အခု ထင်ဆှားလေပီ၊ ခရစ်တော်ဟ သေခြင်းဟို ပယ်ဖျက်ယွေ့ အသက်နဲ့တကွ ဖောက်ပြန်ခြင်းနဲ့ ကင်းသောအရာလို့ဟို သတင်းကောင်းအားဖြင့် အလင်းဟို ယူဆောင်လေအယ်။
2TI 1:11 ငါဟ အဲသတင်းကောင်းအတွက် ဟောပြောသူ၊ တမန်တော်အဖြစ်နှိုက် လည်းကောင်းနဲ့ ဆရာအဖြစ် လည်းကောင်း ခန့်အပ်ထားခြင်း ခံရအယ်။
2TI 1:12 အဲအကျောန်းကျောန့် ငါဟ ဟေဒုက္ခဝေဒနာများဟိုလည်း ခံစားနေရအယ်။ အားပေမဲ့ ငါဟ ဆှက်ကြောက်ခြင်း မဆိ၊ အကျောန်းမှာ ငါဟ မိမိယုံကြည်သော သခင်ဟို သိယွေ့ ကိုယ်တော်ဆေနှိုက် ငါအပ်ထားသောအရာဟို အဲနေ့ရက်တိုင်အောန် ကိုယ်တော်စောင့်ထိန်းနိန်တာဟု ငါ ယုံကြည်စိတ်ချအယ်။
2TI 1:13 နင်ဟ ခရစ်တော် ယေရှုပေါ်နှိုက် ဆိသော ယုံကြည်ခြင်းနဲ့ ချစ်ခြင်းမေတ္တာလို့ဖြင့် ငါ့ဆေမှ ကြားနာရသော မန်ကန်ပြေ့စုံလဲ့ တရားစကားများဟို စံနမူအဖြစ် စွဲလမ်းလော့။
2TI 1:14 နင်နှိုက် အပ်ထားလဲ့ ကောင်းမြတ်သောအရာဟို ငါလို့နှိုက် ကိန်းဝပ်လဲ့ သန့်ဆှင်းသော ဝိညာဉ်တော် တန်ခိုးအားဖြင့် စောင့်ဆှောက်လော့။
2TI 1:15 နင်သိဆိလဲ့အတိုင်း အာရှိပြေနှိုက်ဆိသော သူအားလုံးလို့ဟ ငါ့ဟို စွန့်ပယ်ကြပီ၊ အဲသူလို့တွင် ဖုဂေလုနဲ့ ဟေရမောဂင်လို့လည်း ပါအယ်။
2TI 1:16 သခင်ဘုရားဟ ဩနေသိဖော်ရဲ့ မိသားစုအပေါ် ကရုဏာ သက်ရောက်စေမန့်၊ ပစာကို့ သူဟ ငါ့ဟို အကြိမ်ကြိမ် နှစ်သိမ့်လန်းဆန်းစေပင်း သံကြိုးဖြင့် ငါတုတ်ချေထားခြင်း ခံရတာဟို ဆှက်ကြောက်ခြင်း မဆိဘဲ
2TI 1:17 ရောမမြို့ဟို သူရောက်စဉ်ဟ ငါ့ဟို ကြိုးစားပမ်းစား ဆှာယွေ့ ငါနဲ့တွေ့ခဲ့အယ်။
2TI 1:18 အဲနေ့ရက်နှိုက် သခင်ဘုရားဆေမှ ကရုဏာတော် ခံစားရသောအခွင့်ဟို သခင်ဘုရားဟ သူ့အား ပေးမန့်စေ၊ ဧဖက်မြို့နှိုက် ဆိစဉ်ဟလည်း သူဟ ငါ့ဟို စလောက် လုပ်ကျွေးပြုစုခဲ့တာဟို နင်ကောင်းစွာ သိအယ်။
2TI 2:1 အဲလိုမို့ ငါ့သား၊ နင်ဟ ခရစ်တော် ယေရှုနှိုက်ဆိသော ကျေးဇူးတော်အားဖြင့် ခွန်အားနဲ့ ပြေ့စုံလော့။
2TI 2:2 ရမ်းဆာ့သော သက်သေလို့ဆေ့နှိုက် ငါဆေမှ ကြားနာရသောအရာလို့ဟို အခြားသူလို့အား သင်ကြားပေးနိန်စွမ်းဆိလဲ့ သစ္စာဆိသောသူလို့နှိုက် ပေးအပ်လော့။
2TI 2:3 ခရစ်တော် ယေရှုရဲ့ စစ်သူရဲကောင်း တယောက်လို ငါနဲ့အတူ ဆင်းရဲဒုက္ခဟို ခံလော့။
2TI 2:4 စစ်မှုထမ်းသောသူတယောက်ဟ စစ်သူရဲအရာနှိုက် မိမိဟို ခန့်ထားသောသူအား နှစ်သက်စေရန် လောကီရေးရာနဲ့ ပတ်သက်ရှုပ်ထွေးခြင်းဟို ပယ်ဆှားတတ်အယ်။
2TI 2:5 စသူမဆို အားကစားပြိုင်ပွဲဟို ယှဉ်ပြိုင်သောအခါ စည်းမျဉ်းစည်းကမ်းနဲ့အညီ မယှဉ်ပြိုင်ပါဟ သရဖူဟို ရမယ် မဟုတ်။
2TI 2:6 ပင်ပန်းစွာ အလုပ်လုပ်ခဲ့သော လယ်သမားဟ သီးနှံဟို ဦးရင် ခံစားရသင့်အယ်။
2TI 2:7 ငါပြောဆိုသောအရာဟို ဆင်ခြင်လော့၊ ပစာကို့ အဲအရာဟို နားလည်စေရန် သခင်ဘုရားဟ နင့်အား ကူညီလိမ့်မယ်။
2TI 2:8 ငါဟောပြောသော သတင်းကောင်းအရ ဒါဝိဒ်မင်းမှ ဆင်းသက်ယွေ့ သေခြင်းမှ ဆှင်ပြန်ထမြောက်သော ယေရှု ခရစ်တော်ဟို သတိရလော့။
2TI 2:9 ငါဟ ဟေသတင်းကောင်းအတွက် ရာဇဝတ်သားလို တုတ်ချေခြင်း ခံရလဲ့တိုင်အောန် ဆင်းရဲဒုက္ခဟို ခံရအယ်။ အားပေမဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟ တုတ်ချေခြင်း ခံရတာ မဟုတ်။
2TI 2:10 အဲကျောန့် ငါဟ ဘုရားသခင် ရွေးကောက်သော လူစုတော်ရဲ့အတွက် စလို ဒုက္ခဆင်းရဲဟို မဆိုခံအယ်၊ ဟေလိုခံခြင်းမှာ သူလို့ဟလည်း ထာဝရ ဘုန်းအသရေနဲ့တကွ ယေရှု ခရစ်တော်အားဖြင့် ကယ်တင်ခြင်းဟို ခံရစေရန် ဖြစ်အယ်။
2TI 2:11 ဟေစကားဟ သစ္စာစကား ဖြစ်အယ်၊ “ငါလို့ဟ ကိုယ်တော်နဲ့အတူ သေရင် ကိုယ်တော်နဲ့အတူ အသက်ဆှင်လိမ့်မယ်။
2TI 2:12 ငါလို့ဟ သည်းခံရင် ကိုယ်တော်နဲ့အတူ စိုးစံလိမ့်မယ်။ ငါလို့ဟ ကိုယ်တော်အား စွန့်ပယ်ရင် ကိုယ်တော်ဟ ငါလို့အား စွန့်ပယ်လိမ့်မယ်။
2TI 2:13 ငါလို့ဟ သစ္စာမဆိရင်လည်း ကိုယ်တော်ရဲ့ သစ္စာတော်ဟ တည်မြဲအယ်၊ ပစာကို့ ကိုယ်တော်ဟ မိမိတတ်တိုင်းဟို မငြင်းပယ်နိန်သောကျောန့် ဖြစ်အယ်။”
2TI 2:14 ဟေအကျောန်းအရာများဟို သူလို့အား သတိပေး နှိုးဆော်လော့၊ စလိုအကျိုးမျှ မဆိဘဲ ကြားနာသောသူလို့ဟို ပျက်စီးစေလဲ့ စကားလုံး အသုံးအနှုန်းအပေါ် ငြင်းခုံခြင်းဟို မပြုကြရန် ဘုရားသခင် ဆေ့နှိုက် သူလို့ဟို အလေးအနက် တိုက်တွန်းလော့။
2TI 2:15 နင်ဟ ဘုရားသခင်ဆေ့နှိုက် ယုံကြည်စိတ်ချရသူ တည်းဟူသော သမ္မာတရားရဲ့ နှုတ်ကပတ်တော်ဟို မန်ကန်စွာ ပိုင်းခြားတတ်လဲ့ ဆှက်ကြောက်စရာ မဆိသောသူအဖြစ် မိမိတတ်တိုင်း ဆက်သနိန်ရန် ကြိုးစားလော့။
2TI 2:16 တရားမဲ့ဖြစ်သော အလကားကားစကားဟို ဆှောင်လော့၊ အကျောန်းမှာ အဲစကားဟ မတရားသောအမှုလို့ဟို ပွားများစေလိမ့်မယ်။
2TI 2:17 သူလို့ရဲ့ စကားဟ ကင်ဆာလို ပျံ့နှံ့သွားလိမ့်မယ်။ အဲသူလို့ထဲတွင် ဟုမေနဲနဲ့ ဖိလက်လို့ ပါအယ်။
2TI 2:18 သူလို့ဟ သမ္မာတရားလမ်းမှ လွဲသွားလျက် သေလွန်သောသူလို့ဟ ဆှင်ပြန်ထမြောက်ပီဟု ဆိုလျက် လူအချို့လို့ရဲ့ ယုံကြည်ခြင်းဟို မှောက်လှန်တတ်ကြအယ်။
2TI 2:19 အားပေမဲ့ ဘုရားသခင် ချထားလဲ့ အုတ်မြစ်ဟ ခိုင်ခံ့လျက်ဆိပင်း အဲအုတ်မြစ်ပေါ်တွင် “ထာဝရဘုရားဟ မိမိရဲ့ လူစုတော်အား သိအယ်” ဟူယွေ့ လည်းကောင်း၊ “သခင်ဘုရားရဲ့ နာမဟို ခံရသူအပေါင်းလို့ဟ မကောင်းသောအမှုဟို ဆှောင်ကြဉ်ရကြမယ်” ဟူယွေ့ လည်းကောင်း တံဆိပ်ခတ်နှိပ်ထားအယ်။
2TI 2:20 ကြီးမားသော နေအိုင်နှိုက် ဆွေတန်ဆာ၊ ငွေတန်ဆာသာ ဆိတာ မဟုတ်၊ သစ်သားတန်ဆာနဲ့ မြေတန်ဆာလည်း ဆိအယ်၊ အသရေဆိသောတန်ဆာနဲ့ အသရေမဆိသောတန်ဆာလည်း ဆိအယ်။
2TI 2:21 အဲလိုမို့ အထက်ဆိုခဲ့ပင်းသော အကျင့်လို့ဟို ပယ်ယွေ့ မိမိတတ်တိုင်း စင်ကြယ်စေသောသူဟ အသရေဆိသော တန်ဆာ၊ သန့်ဆှင်းယွေ့ အိုင်ဆှင် သုံးစရာကောင်းသော တန်ဆာ၊ ကောင်းသောအမှုများအတွက် ပြင်ဆင်သောတန်ဆာ ဖြစ်လိမ့်မယ်။
2TI 2:22 အဲကျောန့် နင်ဟ အောန်နီလို့ရဲ့ တပ်မက်ခြင်းများဟို ဆှောင်ယွေ့ ဖြောင့်မတ်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်းနဲ့ ငြိမ်သက်ခြင်းလို့ဟို စင်ကြယ်သော စိတ်နေလုံးဖြင့် သခင်ဘုရားဟို ခေါ်သောသူလို့နဲ့ အသင့်အတင့်နေခြင်းလို့ဟို မှီအောန်လိုက်လော့။
2TI 2:23 အားပေမဲ့ ပညာမဲ့သော အငြင်းပွားမှုဟ ခိုက်ရန် ဖြစ်ပွားစေတတ်တာဟု သိမှတ်လျက် ဆှောင်ဆှားလော့။
2TI 2:24 သခင်ဘုရားရဲ့ အစေခံဟ ခိုက်ရန် မဖြစ်ရ။ သူဟ လူအပေါင်းလို့အပေါ် ဖြည်းညင်းသောသဘော ဆိယွေ့ သင်ကြားပေးနိန်စွမ်းဆိသောသူ၊ မတရားသဖြင့် ခံရခြင်းဟို သည်းခံတတ်သောသူ ဖြစ်ပင်း
2TI 2:25 မိမိအား ဆန့်ကျင်ဘက်ပြုသောသူလို့ဟို နူးညံ့သိမ်မွေ့စွာ ဆုံးမတတ်သူ ဖြစ်ရမယ်၊ သူလို့ဟ နောင်တရယွေ့ သမ္မာတရားအား သိဆိလာနိန်ခွင့်ဟို ဘုရားသခင်ဟ သူလို့အား ပေးကောင်းပေးလိမ့်မယ်။
2TI 2:26 အဲအခါ သူလို့ဟ အမြင်မန်ရဆိလာပင်း မာရ်နတ်ရဲ့ ကျော့ကွင်းမှ လွတ်မြောက်ကြလိမ့်မယ်၊ မာရ်နတ်ဟ မိမိအလိုအတိုင်း လိုက်နာစေရန် သူလို့အား ဖမ်းဆီးထားခဲ့အယ်။
2TI 3:1 နောက်ဆုံးသော ကာလလို့နှိုက် ခဲယဉ်းသော အချိန်ကာလများ ကျရောက်မယ်ဖြစ်ကျောန်း သိမှတ်လော့။
2TI 3:2 အကျောန်းမှာ လူလို့ဟ မိမိတတ်တိုင်း ချစ်သောသူ၊ ပိတ်ဆန်ဟို တပ်မက်စွဲလန်းသောသူ၊ ဝါကြွားသောသူ၊ မာနထောင်လွှားသောသူ၊ စော်ကားပြောဆိုသောသူ၊ မိဘစကားဟို နားမထောင်သောသူ၊ ကျေးဇူးမသိသောသူနဲ့ မသန့်ဆှင်းသောသူ၊
2TI 3:3 ကြင်နာစိတ်ကင်းမဲ့သောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ကုန်းတိုက်တတ်သောသူ၊ မိမိစိတ်ဟို မချုပ်တည်းနိန်သောသူ၊ ကြမ်းကြုတ်သောသူ၊ ကောင်းသောအမှုဟို မုန်းသောသူ၊
2TI 3:4 သစ္စာဖောက်သောသူ၊ မဆင်မခြင်ပြုသောသူ၊ မောက်မာသောသူ၊ ဘုရားသခင်ဟို နှစ်သက်တာထက် ကာမဂုဏ်ခံစားခြင်းဟို သာယွေ့ နှစ်သက်သောသူ၊
2TI 3:5 ဘုရားဝတ်နှိုက် မွေ့လျော်ဟန်ဆိသော်လည်း ဘုရားဝတ်နှိုက် မွေ့လျော်ခြင်းရဲ့ တန်ခိုးဟို ငြင်းပယ်သောသူများ ဖြစ်ကြလိမ့်မယ်။ အဲသူလို့ဟို ဆှောင်လော့။
2TI 3:6 သူလို့ထဲမှ အချို့လို့ဟ နေအိုင်များဟို မသိမသာဝင်ပင်းရင် တပ်မက်ခြင်း အမျိုးမျိုးရဲ့ သွေးဆောင်ရာဟို လိုက်ပါလျက် အပစ်ဟို ထပ်တလဲလဲ ပြုနေသော မိန်းမမိုက်များဟို သိမ်းသွင်းကြအယ်၊
2TI 3:7 အဲမိန်းမလို့ဟ အမြဲသင်ယူနေကြသော်လည်း စလိုအခါမျှ သမ္မာတရားဟို မသိနိန်ကြ။
2TI 3:8 ယန္နေနဲ့ ယံဗြေလို့ဟ မောရှေဟို ဆန့်ကျင်ခဲ့လဲ့တိုင်းတိုင်း အဲသူလို့ဟ သမ္မာတရားဟို ဆန့်ကျင်ကြအယ်၊ သူလို့ဟ စိတ်နေလုံး ပျက်စီးယိုယွင်းလျက် ယုံကြည်ခြင်းအရာနှိုက် ကျရှုံးသောသူများ ဖြစ်ကြအယ်။
2TI 3:9 အားပေမဲ့ သူလို့ရဲ့ အောန်မြင်မှုဟ တာဆှည်ခံလိမ့်မယ် မဟုတ်၊ ပစာကို့ ယန္နေနဲ့ ယံဗြေလို့ရဲ့ မိုက်မဲမှုလို သူလို့ရဲ့ မိုက်မဲမှုဟို လူအပေါင်းလို့ တွေ့ဆိလာမယ် ဖြစ်သောကျောန့် ဖြစ်အယ်။
2TI 3:10 အားပေမဲ့ နင်ဟ ငါရဲ့ သွန်သင်ချက်၊ အသက်ဆှင်နေထိန်မှု၊ အကြံအစည်၊ ယုံကြည်ခြင်း၊ စိတ်ဆှည်ခြင်း၊ ချစ်ခြင်းနဲ့ သည်းခံခြင်းလို့နှိုက် လည်းကောင်း၊
2TI 3:11 အန္တိအုတ်မြို့၊ ဣကောနိမြို့နဲ့ လုတ္တရမြို့လို့တွင် ငါ့အပေါ် ကျရောက်လဲ့ ညှဉ်းဆဲခြင်းနဲ့ ဒုက္ခဝေဒနာလို့နှိုက် လည်းကောင်း၊ ထက်ကြပ်မကွာ ပါဆိခဲ့အယ်၊ အဲလိုမျိုး ညှဉ်းဆဲခြင်းများဟို ငါခံရသော်လည်း သခင်ဘုရားဟ အဲအရာအလုံးစုံလို့မှ ငါ့ဟို ကယ်နုတ်အယ်။
2TI 3:12 အမန်စင်စစ် ခရစ်တော် ယေရှုအားဖြင့် ဘုရားဝတ်နှိုက် မွေ့လျော်စွာ အသက်ဆှင်ရန် အလိုဆိသောသူအားလုံးဟ ညှဉ်းဆဲခြင်းဟို ခံရလိမ့်မယ်။
2TI 3:13 ဆိုးညစ်သောသူလို့နဲ့ လှည့်စားသောသူလို့ဟ သူတပါးဟို လှည့်စားလျက် ကိုယ့်တတ်တိုင်းလည်း လှည့်စားခြင်းဟို ခံရလျက် ပိုယွေ့ ဆိုးရွားသောအဖြစ်ဟို ကျဆင်း သွားကြလိမ့်မယ်။
2TI 3:14 အားပေမဲ့ မိမိသင်ယူယွေ့ စွဲမြဲစွာ ယုံကြည်လဲ့ သစ္စာတရားများဟို စောင့်ထိန်းလော့၊ နင် စသူဆေမှ နည်းနာခံခဲ့တာဟို နင်သိအယ်၊
2TI 3:15 ခရစ်တော် ယေရှုဟို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းဟို ရောက်စေလဲ့ ဉာဏ်ပညာဟို နင့်အား ပေးနိန်သော သန့်ဆှင်းသော သမ္မာကျမ်းစာနဲ့ နင်ဟ လပဲ့အရွယ်ဟပင် ရင်းနှီးကျွမ်းဝင်ခဲ့တာဟို လည်းကောင်း နင်သိအယ်။
2TI 3:16 ကျမ်းစာထဲနှိုက် ရေးထားသမျှလို့ဟ ဘုရားသခင် မှုတ်သွင်းသောအားဖြင့် ဖြစ်ယွေ့ ဩဝါဒပေးခြင်း၊ အပစ်ဟို ဖော်ပြခြင်း၊ အမားဟို ပြုပြင်ခြင်းနဲ့ ဖြောင့်မတ်ခြင်းနှိုက် ဆုံးမဩဝါဒပေးခြင်းလို့အတွက် အကျိုးကျေးဇူးဆိအယ်။
2TI 3:17 ဟေအရာမှာ ဘုရားသခင်ရဲ့ လူဟ ကောင်းသောအမှုအမျိုးမျိုးအတွက် အသင့်ပြင်ဆင်ခြင်း ခံရလျက် ပြေ့ဝစုံလင်သောသူဖြစ်မဲ့အကျောန်း ဖြစ်အယ်။
2TI 4:1 ငါဟ ဘုရားသခင်ရဲ့ ဆေ့နှိုက် လည်းကောင်း၊ အသက်ဆှင်သောသူလို့နဲ့ သေသောသူလို့ဟို စီရင်မဲ့ ခရစ်တော် ယေရှုရဲ့ ဆေ့နှိုက် လည်းကောင်း၊ ကိုယ်တော်ရဲ့ ပေါ်ထွန်းခြင်းနဲ့ ကိုယ်တော်ရဲ့ နိုင်ငံတော်ဟို အကျောန်းပြုယွေ့ နင့်အား အလေးအနက် တိုက်တွန်းတာဟ
2TI 4:2 နှုတ်ကပတ်တော်ဟို ဟောပြောလော့၊ အချိန်ဆိတာ ဖြစ်စေ၊ မဆိတာ ဖြစ်စေ၊ ကြိုးစားအားထုတ်လော့၊ အပစ်ဟို ဖော်ပြလော့၊ ဆုံးမခြင်းဟို ပြုလော့၊ ရမ်းဆာ့ဆှည်သောစိတ်နဲ့ ဩဝါဒမျိုးဟို ပေးယွေ့ တိုက်တွန်းနှိုးဆော်လော့။
2TI 4:3 လူလို့ဟ မန်ကန်လဲ့ ဩဝါဒဟို နားမထောင်ဘဲ ကိုယ့်အလိုဆန္ဒများဟို လိုက်ယွေ့ မိမိလို့ ကြားနာလိုလဲ့ စကားများ ပြောဆိုမဲ့ ဆရာလို့ဟို ဆှာဖွေကြမဲ့ အချိန်ကာလ ရောက်လိမ့်မယ်။
2TI 4:4 သူလို့ဟ သမ္မာတရားဟို နားမထောင်ဘဲ ဒဏ္ဍာရီစကားများဟိုသာ နားထောင်ကြလိမ့်မယ်။
2TI 4:5 အားပေမဲ့ နင်ဟ အရာရာနှိုက် သမ္မာသတိ ဆိလော့၊ ဆင်းရဲဒုက္ခဟို သည်းခံလော့၊ ကောင်းမြတ်သော သတင်း ဟောပြောသူ ပြုရမဲ့အမှုဟို ပြုလော့၊ ဘုရားသခင်ရဲ့ အစေခံအနေဖြင့် နင်ရဲ့ တာဝန်ဆိသမျှဟို ဆောင်ရွက်လော့။
2TI 4:6 ငါဟ မိမိအသက်ဟို သွန်းလောင်းပူဇော်ရမဲ့အချိန် ကျရောက်လေပီ၊ ဟေလောကမှ စွန့်ခွာရမဲ့အချိန် နီးကပ်လာပီ။
2TI 4:7 ငါဟ ကောင်းသောတိုက်ပွဲဟို တိုက်ခဲ့ပီ၊ ပြေးရမဲ့လမ်းဟို အဆုံးတိုင်အောန် ပြေးခဲ့ပီ၊ ယုံကြည်ခြင်းဟို စောင့်ထိန်းခဲ့ပီ။
2TI 4:8 အခုအခါတွင် ဖြောင့်မတ်ခြင်း သရဖူဟ ငါ့အတွက် အသင့်ဆိနေအယ်၊ အဲနေ့နှိုက် ဖြောင့်မတ်လဲ့ တရားစီရင်သူဖြစ်သော သခင်ဘုရားဟ အဲသရဖူဟို ငါ့အား ပေးလိမ့်မယ်၊ ငါ့ဟိုသာ မဟုတ်ဘဲ ကိုယ်တော်ရဲ့ ပေါ်ထွန်းခြင်းဟို လိုလားတောင့်တသူ အားလုံးလို့ဟိုလည်း ပေးလိမ့်မယ်။
2TI 4:9 ငါ့ဆေဟို အလျင်အမြန်လာရန် ကြိုးစားလော။
2TI 4:10 ဒေမဟ ဟေလောကဟို စွဲလမ်းသဖြင့် ငါ့ဟို စွန့်ခွာယွေ့ သက်သာလောနိတ်မြို့ဟို ထွက်ခွာသွားလေပီ။ ကရက္ကေဟ ဂလာတိပြေ လည်းကောင်း၊ တိတုဟ ဒါလမာတိပြေဟို လည်းကောင်း သွားကြပီ။
2TI 4:11 လုကာ တဦးတည်းသာ ငါနဲ့အတူ ဆိအယ်။ မာကုဟို နင်နဲ့အတူ ခေါ်ခဲ့လော့၊ ပစာကို့ သူဟ ငါ့ရဲ့ အလုပ်နှိုက် အသုံးဝင်သူ ဖြစ်သောကျောန့် ဖြစ်အယ်။
2TI 4:12 ငါဟ တုခိတ်အား ဧဖက်မြို့ဟို စေလွှတ်လိုက်အယ်။
2TI 4:13 နင်လာသောအခါ တရောမြို့တွင် ကာပုလက်နှိုက် ငါအပ်ထားခဲ့လဲ့ ဝတ်လုံနဲ့ စာစောင်များ၊ အထူးသဖြင့် သားရေစာစောင်များဟို ယူခဲ့လော့။
2TI 4:14 ကြေးပန်းတိမ်သမား အလက်ဇန္ဒြားဟ ငါ့ဟို ရမ်းဆာ့ ဒုက္ခပေးခဲ့အယ်၊ သခင်ဘုရားဟ သူပြုသောအမှုအတိုင်း သူ့အား ဆပ်ပေးလိမ့်မယ်။
2TI 4:15 နင်ဟလည်း သူ့ဟို သတိပြုလော့၊ ပစာကို့ သူဟ ငါလို့ရဲ့ စကားဟို ပြင်းထန်စွာ ဆန့်ကျင်သောကျောန့် ဖြစ်အယ်။
2TI 4:16 ငါ့ရဲ့အမှုအတွက် ပထမအကြိမ် ချေပပြောဆိုရာတွင် စသူမျှ ငါ့ဘက်နှိုက် မနေဘဲ အားလုံးဟ ငါ့ဟို စွန့်ပစ်ကြအယ်။ အဲသူလို့ ဟေလိုပြုကြတာဟို အဲသူလို့ရဲ့ အပစ်အား ဘုရားသခင် မှတ်တော်မမူပါစေနဲ့၊
2TI 4:17 အားပေမဲ့ သခင်ဘုရားဟ ငါနဲ့အတူ ဆိယွေ့ ငါ့ဟို ခွန်အားနဲ့ ပြေ့စုံစေသဖြင့် ငါဟ လူမျိုးခြားလို့အား နှုတ်ကပတ်တော်ဟို အကုန်အစင် ဟောပြောနိန်အယ်၊ ဟေလိုဖြင့် ငါဟ သေခြင်းမှ ကင်းလွတ်ခွင့်ဟိုလည်း ရဆိအယ်။
2TI 4:18 သခင်ဘုရားဟ မကောင်းသောအမှုအလုံးစုံလို့မှ ငါ့ဟို ကယ်နုတ်ယွေ့ ခေါန်းခင်ဘုံနှိုက်ဆိသော မိမိရဲ့ နိုင်ငံတော်ထဲဟို လုံခြုံစွာ ပို့ဆောင်လိမ့်မယ်။ အဲသခင်နှိုက် ကမ္ဘာအဆက်ဆက် ဘုန်းအသရေတော် ဆိမန့်စေ၊ အာမင်။
2TI 4:19 ပြစ်ကိလနဲ့ အာကုလမှစယွေ့ ဩနေသိဖော်ရဲ့ အိုင်သူအိုင်သားဟို နှုတ်ဆက်ပေးလော့။
2TI 4:20 ဧရတ္တုဟ ကောရိန့်မြို့နှိုက် နေရစ်အယ်၊ တရောဖိမ်ဟ ဖျားနာသဖြင့် သူ့အား မိလက်မြို့တွင် ငါထားခဲ့အယ်။
2TI 4:21 ဆောင်းကာလမတိုင်ခင် လာနိန်ရန် ကြိုးစားလော့။ ဥဗုလု၊ ပုဒေ၊ လိနုနဲ့ ကလောဒိလို့မှစယွေ့ ညီအကိုအပေါင်းလို့ဟ နင့်ဟို နှုတ်ဆက်ကြအယ်။
2TI 4:22 သခင်ဘုရားဟ နင်ရဲ့ စိတ်ဝိညာဉ်နဲ့အတူ ဆိမန့်စေ။ နင်လို့အပေါင်းလို့ဟ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ခံစားရမန့်စေ။
TIT 1:1 ဘုရားသခင်ရဲ့ အစေခံနဲ့ ယေရှု ခရစ်တော်ရဲ့ တမန်တော်ဖြစ်သော ငါပေါလုဟ စာရေးလိုက်ပါအယ်။
TIT 1:2 ဝါခြင်းနဲ့ ကင်းစင်လဲ့ ဘုရားသခင်ဟ အေးထာဝရအသက် မျော်လင့်ခြင်းဟို ဆေ့ကာလများ မတိုင်ခင်ဟပင် ကတိပေးပင်း၊
TIT 1:3 အချိန်တန်သောအခါ ဟောပြောခြင်း အမှုအားဖြင့် မိမိရဲ့ နှုတ်ကပတ်တရားဟို ထင်ဆှားစေယွေ့ ငါလို့ ကယ်တင်ဆှင် ဘုရားသခင်ရဲ့ အမိန့်အတိုင်း အေးအမှုဟို ငါ့အား ယုံကြည်အပ်နှံအယ်။
TIT 1:4 ငါဟ တူညီသော ယုံကြည်ခြင်းအားဖြင့် စစ်မန်လဲ့ ငါ့အောင်နီငယ်ဖြစ်လဲ့ တိတုဆေဟို ဟေစာရေးလိုက်အယ်။
TIT 1:5 ကရေတေကျွန်းတွင် နင့်ဟို ငါထားခဲ့ခြင်းမှာ နင့်အား ငါမှာထားလဲ့အတိုင်း လိုအပ်လဲ့အရာများဟို စီမံဆောင်ရွက်ရန်နဲ့ မြို့တိုင်းတွင် အသင်းတော် ခေါင်းဆောင်များဟို ခန့်ထားရန်အတွက် ဖြစ်အယ်။
TIT 1:6 အသင်းတော် ခေါင်းဆောင် တယောက်ဟ အပစ်တင်စရာ မဆိသောသူ၊ ပေါင်အိုမ တယောက်တည်း ဆိသောသူ ဖြစ်ရမယ်။ သူရဲ့ လူပဲ့သငယ်များဟလည်း ယုံကြည်သူများ ဖြစ်ရမယ်ဖြစ်ပင်း အပျော်ကြူးခြင်းကျောန့် စွပ်စွဲခံရသူများ၊ နားထောင်မှု မဆိသောသူများ မဖြစ်ရ။
TIT 1:7 အကျောန်းမှာ အသင်းတော် ခေါင်းဆောင်ဟ ဘုရားသခင်ရဲ့ ဘဏ္ဍာစိုးဖြစ်သလိုမျိုး အပစ်တင်စရာမဆိသောသူ ဖြစ်ရမယ်။ သူဟ စိတ်ထင်သလိုလုပ်တတ်သောသူ၊ စိတ်တိုသောသူ၊ အရက်သောက်သောသူ၊ ကြမ်းတမ်းသောသူ၊ မသန့်ဆှင်းလဲ့ အကျိုးစီးပွားဟို တပ်မက်သောသူ မဟုတ်ဘဲ။
TIT 1:8 ဧည့်ဝတ်ကျေပွန်သောသူ၊ ကောင်းသောအရာဟို နှစ်သက်သောသူ၊ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိန်သောသူ၊ ဖြောင့်မတ်သောသူ၊ သန့်ဆှင်းသောသူနဲ့ စည်းကမ်းဆိသောသူ ဖြစ်ရမယ်။
TIT 1:9 သူဟ မန်ကန်သော ဩဝါဒအားဖြင့် တိုက်တွန်းနှိုးဆော်နိန်ရန်နဲ့ ဆန့်ကျင်ပြောဆိုသောသူလို့ရဲ့ အပစ်ဟို ဖော်ပြနိန်ရန် မိမိသင်ယူထားလဲ့ သစ္စာနဲ့ ပြေ့စုံလဲ့ နှုတ်ကပတ်တရားဟို စွဲကိုင်ထားရမယ်။
TIT 1:10 အကျောန်းမှာ ပုန်ကန်သောသူ၊ အကျိုးမဲ့ စကားဟို ပြောဆိုသောသူနဲ့ ဝါသောသူများစွာ ဆိသောကျောန့် ဖြစ်အယ်။ အထူးသဖြင့် အရေဖျားလှီးထားသော သူလို့ထဲတွင် ဆိကြအယ်။
TIT 1:11 အေးသူလို့ဟ တိတ်တိတ်နေရမယ်။ ပစာကို့ သူလို့ဟ မသန့်ဆှင်းသော အကျိုးစီးပွားအတွက် မသွန်သင်သင့်သော အရာများဟို သွန်သင်လျက် မိသားစုများဟို အစုလိုက် ကမောက်ကမ ဖြစ်စေကြသောကျောန့် ဖြစ်အယ်။
TIT 1:12 ကရေတေကျွန်းသားများထဲဟ သူလို့ရဲ့ အမျိုးသားချင်း ပရောဖက်တဦးဟ “ကရေတေကျွန်းသားများဟ အမြဲတမ်း ဝါသောသူများ၊ ဆိုးလဲ့သားရဲနဲ့ ပျင်းရိစားကြူးလဲ့သူ” ဟု စပ်ဆိုထားအယ်။ ဟေသက်သေခံချက်ဟ မန်အယ်။
TIT 1:14 အေးလိုမို့ ယုဒလူမျိုးရဲ့ ဒဏ္ဍာရီများနဲ့ သမ္မာတရားဟို ပယ်သောသူလို့ရဲ့ ပညတ်ချက်များအပေါ် အာရုံမစိုက်ဘဲ ယုံကြည်ခြင်းအရာနှိုက် မန်ကန်ပြေ့စုံမှုဆိရန် သူလို့ဟို ပြင်းထန်စွာ ဆိုဆုံးမလော့။
TIT 1:15 သန့်ဆှင်းသော သူလို့အတွက် ခပ်သိမ်းသောအရာလို့ဟ သန့်ဆှင်းကြအယ်။ အဲလိုလဲ ညစ်ညူးယွေ့ ယုံကြည်ခြင်း မဆိသော သူလို့အတွက်ဟ စလိုအရာမှ မသန့်ဆှင်းတာ သာမက သူလို့ရဲ့ စိတ်နေလုံးနဲ့ အသိစိတ်လို့ဟလည်း ညစ်ညူးကြအယ်။
TIT 1:16 သူလို့ဟ ဘုရားသခင်ဟို သိကြအယ်ဟု ဝန်ခံကြသော်လည်း သူလို့ပြုသော အမှုများအားဖြင့် ဘုရားသခင်ဟို ငြင်းပယ်ကြအယ်။ သူလို့ဟ စက်ဆုပ်ဖွယ်ကောင်းသောသူ၊ နာခံခြင်း မဆိသောသူ၊ ကောင်းသောအမှု ဆိသမျှနဲ့ မထိုက်တန်သောသူများ ဖြစ်ကြအယ်။
TIT 2:1 အဲလိုလဲ နင်လို့ဟ မန်ကန်သော ဩဝါဒနဲ့ ကိုက်ညီလဲ့ အရာများဟို သွန်သင်ရမယ်။
TIT 2:2 အသက်ကြီးသော ယောက်ျားလို့အား သမ္မာသတိဆိရန်၊ တည်ကြည်လေးနက်ရန်၊ ဣန္ဒြေစောင့်ကြရန်နဲ့ ယုံကြည်ခြင်း၊ ချစ်ခြင်းနဲ့ သည်းခံခြင်းလို့နှိုက် မန်ကန်ပြေ့စုံမှုဆိစေရန် သွန်သင်လော့။
TIT 2:3 အေးနည်းတူ အသက်ကြီးသော မိန်းမလို့အား ဓမ္မနဲ့ ထိုက်တန်သောသူများလိုမျိုး ပြုမူလျက် ကုန်းချောတတ်သောသူ၊ စပျစ်ဝိုင်ရဲ့ ကျေးကျွန်ဖြစ်သောသူ မဟုတ်ဘဲ ကောင်းမြတ်သောအရာဟို သင်ပေးသောသူများ ဖြစ်ကြရန် သွန်သင်လော့။
TIT 2:4 အေးနောက် သူလို့ဟ မိန်းမငယ်လို့အား သူလို့ရဲ့ ဖိုးအိုဟို ချစ်သောသူနဲ့ လူပဲ့သငယ်များဟို ချစ်သောသူ၊
TIT 2:5 ဣန္ဒြေစောင့်သောသူနဲ့ သန့်ဆှင်းသောသူ၊ အိမ်မှုကိစ္စဟို ဆောင်ရွက်သောသူ၊ ကောင်းမွန်သောသူ၊ မိမိဖိုးအိုဟို နားထောင်သောသူဖြစ်ကြရန် သတိပေးဆုံးမနိန်သဖြင့် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟ စော်ကားပြောဆိုခံရခြင်းမှ ကင်းလွတ်လိမ့်မယ်။
TIT 2:6 အေးနည်းတူ ယောက်ျားငယ်လို့အား တည်ငြိမ် မန်ကန်သောစိတ်ဆိကြရန် တိုက်တွန်းနှိုးဆော်ကြလော့။
TIT 2:7 အရာရာနှိုက် ကောင်းသော လုပ်ဆောင်မှုရဲ့ ပုံစံနမူနာဟို နင်တတ်တိုင်းပြလော့။ သွန်သင်ရာတွင် သမာဓိနဲ့ တည်ကြည်လေးနက်ခြင်း ဆိလျက်၊
TIT 2:8 အပစ်တင်စရာမဆိသော မန်ကန်ပြေ့စုံလဲ့စကားဟို ပြောဆိုလော့။ အေးလို့ပြုရင် ဆန့်ကျင်ဘက်ပြုသောသူဟ ငါလို့နဲ့ ပတ်သက်ယွေ့ မကောင်းသော အရာတစုံတခုဟိုမှ မပြောဆိုနိန်ဘဲ အဆှက်ရလိမ့်မယ်။
TIT 2:9 ကျွန်ဖြစ်သူလို့အား မိမိသခင်ဟို အရာရာနှိုက် နာခံလျက် နှစ်သက်ဖွယ်ဖြစ်စေရန်နဲ့ ဆန့်ကျင်ပြောဆိုခြင်း၊
TIT 2:10 ခိုးယူခြင်းဟို မလုပ်ကြရန် သွန်သင်ရမယ်။ အဲအစား သူလို့ဟို အမြဲကောင်းမွန်စွာ သစ္စာစောင့်နေကျောန်းဟို ပြသရန် တိုက်တွန်းနှိုးဆော်လော့။ အေးလို့လုပ်ရင် သူလို့ဟ အရာရာနှိုက် ငါလို့ကယ်တင်ဆှင် ဘုရားသခင်ရဲ့ သွန်သင်ချက်ဟို တင့်တယ်စေကြလိမ့်မယ်။
TIT 2:11 အကျောန်းမှာ လူအပေါင်းလို့ဟို ကယ်တင်သော ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟ ပေါ်ထွန်းပင်း၊
TIT 2:12 ငါလို့အား ဘုရားတရားမဲ့ခြင်းနဲ့ လောကီတပ်မက်ခြင်းလို့ဟို စွန့်ပယ်ယွေ့ ဟေလောကတွင် ဘုရားဝတ်နှိုက် မွေ့လျော်စွာ၊ သင့်တင့်လျောက်ပတ်စွာနဲ့ ဖြောင့်မတ်စွာ အသက်ဆှင်ရန်လည်းကောင်း၊
TIT 2:13 ကြီးမြတ်လဲ့ ဘုရားသခင်ဖြစ်သော ငါလို့ရဲ့ ကယ်တင်ဆှင် ယေရှုခရစ်တော်ရဲ့ ဘုန်းတော်ပေါ်ထွန်းခြင်းတည်းဟူသော မင်္ဂလာဆိသော မျှော်လင့်ခြင်းဟို စောင့်မျှော်ရန်လည်းကောင်း သွန်သင်လျက်ဆိအယ်။
TIT 2:14 ခရစ်တော်ဟ ငါလို့ဟို ခပ်သိမ်းသော တရားမဲ့ခြင်းထဲမှ ရွေးနုတ်ကယ်တင်ရန်နဲ့ ကောင်းသောအမှုနှိုက် စိတ်အားထက်သန်လဲ့ မိမိပိုင်သော လူမျိုးဟို မိမိအတွက် သန့်ဆှင်းစေရန် ငါလို့အတွက် မိမိကိုယ်ကို စွန့်အယ်။
TIT 2:15 နင်ဟ ဟေအရာများဟို အမိန့်အာဏာအပြေ့အဝဖြင့် ဟောပြောလျက် တိုက်တွန်းနှိုးဆော်ကာ အပစ်ဟို ဖော်ပြလော့။ စသူဟ နင့်ဟို မထီမဲ့မြင် မပြုစေနဲ့။
TIT 3:1 အုပ်ချုပ်သူများနဲ့ အာဏာပိုင်များဟို နားထောင်လျက် အေးသူလို့ရဲ့ စကားဟို နားထောင်ရန်လည်းကောင်း၊ ကောင်းသောအမှု ဖယ်နည်းလမ်းနဲ့မဆို ပြုလုပ်ဖို့ အဆင်သင့်ဆိရန် ယုံကြည်သူလို့အား သတိပေးလော့။
TIT 3:2 စသူ့အကျောန်းမှ မကောင်းမပြောဘဲ ငြိမ်းချမ်းစွာနဲ့ ခင်မင်စွာနေကြစေရန် အမြဲတမ်း လူအားလုံးလို့အား နူးညံ့သိမ်မွေ့ခြင်းဟို ပြသပင်း သူလို့အား ပြောကြားလော့။
TIT 3:3 အကျောန်းမှာ မခင်ဟ ငါလို့ဟလည်း မိုက်မဲသောသူ၊ မနာခံသောသူ၊ မားယွင်းသောသူများဖြစ်ကြပင်း အမျိုးမျိုးသော တပ်မက်ခြင်းနဲ့ ကာမဂုဏ်ခံစားခြင်းလို့နှိုက် ကျွန်ခံယွေ့ မကောင်းမှုနဲ့ မုန်းခြင်းလို့နှိုက် ကျင်လည်ကြကာ မုန်းခြင်းခံရလျက် အချင်းချင်းဟိုလည်း မုန်းလျက်နေကြအယ်။
TIT 3:4 အဲလိုလဲ ငါလို့ ကယ်တင်ဆှင် ဘုရားသခင်ရဲ့ ကျေးဇူးပြုခြင်းနဲ့ ချစ်ခင်ကြင်နာခြင်းလို့ ပေါ်ထွန်းသောအခါ၊
TIT 3:5 ကိုယ်တော်ဟ ငါလို့ပြုခဲ့လဲ့ ဖြောင့်မတ်သော အကျင့်အားဖြင့် မဟုတ်ဘဲ မိမိရဲ့ ကရုဏာတော်နဲ့အညီ အသစ်မွေးဖွားခြင်းနဲ့ဆိုင်သော ဆေးကြောခြင်းနဲ့ သန့်ဆှင်းသော ဝိညာဉ်တော်ရဲ့ အသစ်ပြုပြင်ခြင်းလို့အားဖြင့် ငါလို့ဟို ကယ်တင်အယ်။
TIT 3:6 ဘုရားသခင်ဟ အေးဝိညာဉ်တော်ဟို ငါလို့ရဲ့ ကယ်တင်ဆှင် ယေရှု ခရစ်တော်အားဖြင့် ငါလို့အပေါ် ကြွယ်ဝစွာ သွန်းလောင်းအယ်။
TIT 3:7 အေးလို့မို့ ငါလို့ဟ ကိုယ်တော်ရဲ့ ကျေးဇူးတော်အားဖြင့် ဖြောင့်မတ်တာ ဟု အသိအမှတ်ပြုခြင်းခံရလျက် ငါလို့ မျော်လင့်လဲ့ ထာဝရအသက်ဟို အမွေခံဖြစ်လာကြမဲ့ အကျောန်းဖြစ်အယ်။
TIT 3:8 ဟေစကားဟ သစ္စာစကားဖြစ်အယ်။ ဘုရားသခင်ဟို ယုံကြည်သောသူလို့ဟ ကောင်းသောအမှုလို့ဟို ပါဝင်လုပ်ဆောင်ရန် အမြဲ ဂရုစိုက်ကြမဲ့အကျောန်း ငါဟ နင့်ဟို ဟေအရာများအတွက် အခိုင်အမာရပ်တည်စေလိုအယ်။ ဟေအရာများဟ ကောင်းမြတ်ယွေ့ လူလို့အတွက် အကျိုးဆိအယ်။
TIT 3:9 အဲလိုလဲ မိုက်မဲသော ငြင်းခုန်မှုများ၊ ဆွေစဉ်မျိုးဆက်စာရင်းများ၊ ပဋိပက္ခဖြစ်ခြင်းနဲ့ ပညတ်တရားကျောန့် ရန်ဖြစ်ခြင်းလို့ဟို ဆှောင်ကြလော့။ ပစာကို့ အေးအရာလို့ဟ အကျိုးမဲ့ယွေ့ အလကားကား ဖြစ်ကြအယ်။
TIT 3:10 ကွဲပြားမှုဟို ဖြစ်စေသောသူဟ တကြိမ်၊ နေကြိမ် သတိပေးပင်းနောက် သူလို့နဲ့ စလိုမှ ထပ်ပင်းမဆက်ဆံနဲ့။
TIT 3:11 အေးလို့သောသူဟ ဖောက်ပြန်လွဲမားသောသူဖြစ်ပင်း မိမိမားယွင်းနေကျောန်း သိလျက်နဲ့ အပစ်ပြုနေသူဖြစ်ကျောန်း သိမှတ်လော့။
TIT 3:12 ငါဟ အာတေမ အဲဟာမဟုတ်ရင် တုခိတ်ဟို နင်ဆေဟို စေလွှတ်သောအခါ ငါလို့ဆိရာ နိကောပလိမြို့ဟို လာရန် ကြိုးစားလော့။ ပစာကို့ ဆောင်းတွင်းအတွင်း အေးမြို့နှိုက် နေရန် ငါဆုံးဖြတ်ထားအယ်။
TIT 3:13 ဆေ့နေဖြစ်သူ ဇေနနဲ့ အာပေါလုလို့ဟို ကူညီရန် သူလို့အတွက် လိုလေသေး မဆိရအောန် သေချာစွာ ပို့ဆောင်ပေးလော့။
TIT 3:14 ငါလို့ရဲ့ လူများဟလည်း အသီးမသီးသောသူ မဖြစ်မဲ့အကျောန်း အရေးတကြီး လိုအပ်သော အရာများအတွက် ကောင်းသောအမှုလို့ဟို ပါဝင်လုပ်ဆောင်ရန် သင်ယူကြရမယ်။
TIT 3:15 ငါနဲ့အတူ ဆိသောသူအားလုံးလို့ဟ နင့်ဟို နှုတ်ဆက်ကြအယ်။ ယုံကြည်ခြင်းအားဖြင့် ငါလို့အား ချစ်ခင်သောသူများဟို နှုတ်ဆက်ပေးလော့။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟ နင်လို့အားလုံးနဲ့ အတူဆိပါစေသော။
PHM 1:1 ယေရှု ခရစ်နဲ့ဆိုင်သော အကျဉ်းသား ငါပေါလုနဲ့ ငါလို့ညီ တိမောသေလို့ဟ —
PHM 1:2 ငါလို့ရဲ့ နှမ အပ္ပိ၊ ငါလို့ရဲ့ ရဲဘော်ရဲဖက် အာခိပ္ပုနဲ့ နင်ရဲ့ အိုင်နှိုက် စုဝေးသော အသင်းတော်ဆေဟို စာရေးလိုက်ပါအယ်။
PHM 1:3 ငါလို့ရဲ့ အဖဘုရားသခင်နဲ့ သခင် ယေရှုခရစ်တော်ဆေမှ ကျေးဇူးတော်နဲ့ ငြိမ်သက်ခြင်းဟ နင်လို့နှိုက် ဆိပါစေမန့်။
PHM 1:4 ငါဟ ငါရဲ့ ဆုတောင်းချက်များထဲတွင် နင့်ဟိုအမြဲတမ်း သတိရလျက် ငါရဲ့ ဘုရားသခင်ဟို ကျေးဇူးတင်အယ်။
PHM 1:5 ပစာကို့ သခင်ယေရှုနဲ့ သန့်ဆှင်းသူအပေါင်းလို့ အပေါ်နှိုက် နင်ထားဆိလဲ့ နင့်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ယုံကြည်ခြင်းအကျောန်းဟို ငါလို့ကြားရသောကျောန့် ဖြစ်အယ်။
PHM 1:6 ခရစ်တော်အတွက် ငါလို့နှိုက်ဆိလဲ့ ကောင်းသော အရာအားလုံးလို့ဟို သိခြင်းအားဖြင့် နင့်ရဲ့ ယုံကြည်ခြင်းနဲ့ဆိုင်သော မိတ်သဟာယ ဖွဲ့ခြင်းဟ ထိရောက်မှုဆိသောအရာ ဖြစ်လာစေရန် ငါဆုတောင်းအယ်။
PHM 1:7 ငါ့ညီ၊ သန့်ဆှင်းသူလို့ရဲ့ စိတ်နေလုံးဟ နင့်အားဖြင့် ငြိမ်သက်ချမ်းသာမှုဟို ခံစားရပီဖြစ်ယွေ့ နင့်ရဲ့ ချစ်ခြင်းမေတ္တာကျောန့် ကြီးသော ဝမ်းမြောက်ခြင်းနဲ့ တိုက်တွန်းအားပေးခြင်းလို့ဟို ငါခံစားရအယ်။
PHM 1:8 အဲလိုမို့ ငါဟ နင်လုပ်သင့်လဲ့ အရာဟိုလုပ်ရန် ခရစ်တော်အားဖြင့် အမိန့်ပေးနိန်တာဟု ယုံကြည်စိတ်ချမှု အပြေ့အဝဆိသော်လည်း၊
PHM 1:9 ချစ်ခြင်းမေတ္တာအားဖြင့် နင့်အား တောင်းပန်ခြင်းအမှုဟိုသာ လုပ်အယ်။ အေးလို့ လူအိုဖြစ်ပင်း အခုဟ ခရစ်တော် ယေရှုနဲ့ ဆိုင်သော အကျဉ်းသားလည်းဖြစ်လဲ့ ငါပေါလုဟ၊
PHM 1:10 အကျဉ်းကျခံနေခါ ငါ့သားဖြစ်သော ဩနေသိမ်အတွက် နင့်ဟို တောင်းပန်အယ်။
PHM 1:11 သူသည် မခင်ဟ နင့်အတွက် အသုံးမဝင်သူဖြစ်ခဲ့ပေမဲ့လည်း အခုမှာ နင့်အတွက်ရော ငါ့အတွက်ပါ အသုံးဝင်သူဖြစ်လာအယ်။
PHM 1:12 သူ့ဟို နင်ဆေ ငါပြန်ပို့လိုက်အယ်။ သူဟ ငါ့ရဲ့အသည်းနေလုံး ဖြစ်အယ်။
PHM 1:13 ငါဟ သတင်းကောင်းအတွက် တုတ်ချေခံရခါ နင့်ကိုယ်စား ငါ့ဟို ကူညီဆောင်ရွက်ပေးနိန်ရန် သူ့ဟို ငါဆေနှိုက် ခေါ်ထားလိုအယ်။
PHM 1:14 အဲလိုလဲ နင်လုပ်လဲ့ ကောင်းမှုဟ မလွဲဆှောင်သာယွေ့ လုပ်ရခြင်းမျိုး မဟုတ်ဘဲ မိမိဆန္ဒအလျောက် ဖြစ်စေရန် နင့်ရဲ့ သဘောတူညီချက် မပါရင် စလိုအရာဟိုမှ ငါမလုပ်လိုပါ။
PHM 1:15 သူဟ နင်နဲ့ခဏ ကွဲကွာခဲ့ခြင်းမှာ သူဟ နင့်ဆေ အမြဲနေထိန်နိန်ရန်အတွက် ဖြစ်လိမ့်မယ်။
PHM 1:16 အဲလို့ပြောရာနှိုက် ကျွန်တဦးလိုမျိုး မဟုတ်တော့ဘဲ ကျွန်ထက် ပိုပင်း မြတ်လဲ့ချစ်သော ညီအကိုအဖြစ် ရဆိခြင်းဟို ဆိုလိုအယ်။ အထူးသဖြင့် ငါ့အတွက် အေးလိုပင် ဖြစ်လေပီ။ နင့်အတွက်ဟ သွေးသားနှိုက် လည်းကောင်း၊ သခင်ဘုရားနှိုက် လည်းကောင်း စလောက်ပိုယွေ့ အေးလိုမျိုးဖြစ်လိမ့်မလုန်း။
PHM 1:17 အဲလို့မို့ နင်ဟ ငါ့ဟို လုပ်ဖော်ကိုင်ဖက်အဖြစ် မှတ်ယူရင် ငါ့ဟိုလက်ခံသလိုမျိုး သူ့ဟို လက်ခံလော့။
PHM 1:18 တကယ်လို့ သူဟ နင့်အပေါ်နှိုက် ပစ်မားခြင်း၊ အငန်းတင်ခြင်း တစုံတခုဆိရင် အေးအရာဟို ငါ့တာဝန် ထားလော့။
PHM 1:19 ငါ ပေါလုဟ ပြန်ဆပ်ပေးမယ်ဟု ငါလက်ဖြင့် ရေးလိုက်ပါအယ်။ နင်တတ်တိုင်းလည်း ငါ့အား ငန်းတင်နေကျောန်းဟို ငါမပြောလိုပါ။
PHM 1:20 အဲလိုမို့ ငါ့ညီ၊ ငါဟ သခင်ဘုရားနှိုက် နင့်ဆေမှ အကျိုးကျေးဇူးဟို ရဆိလိုအယ်။ ခရစ်တော်အားဖြင့် ငါ့ရဲ့စိတ်နေလုံးဟို ငြိမ်သက်ချမ်းသာစေပါလော့။
PHM 1:21 နင်ရဲ့ နားထောင်ခြင်းဟို ယုံကြည်စိတ်ချယွေ့ ငါပြောသောအရာထက်ပင် နင်ပိုယွေ့ လုပ်မယ်ဟို သိလျက် နင့်ဆေဟို ငါစာရေးလိုက်အယ်။
PHM 1:22 တချိန်တည်းမှာ ငါ့အတွက် တည်းခိုလဲ့နေရာဟိုလည်း ပြင်ဆင်ထားလော့။ အကျောန်းမှာ နင်လို့ရဲ့ ဆုတောင်းခြင်းအားဖြင့် နင်လို့ဆေဟို ရောက်ဆိရသော အခွင့်ဟို ပေးလိမ့်မယ်ဟု ငါမျော်လင့်နေအယ်။
PHM 1:23 ခရစ်တော် ယေရှုနှိုက် ငါနဲ့အတူ အကျဉ်းခံရသူ ဧပဖြမှစယွေ့၊
PHM 1:24 ငါ့ရဲ့ လုပ်ဖော်ဆောင်ဖက်များဖြစ်လဲ့ မာကု၊ အာရိတ္တာခု၊ ဒေမနဲ့ လုကာလို့ဟို နှုတ်ဆက်ကြအယ်။
PHM 1:25 သခင် ယေရှု ခရစ်တော်ရဲ့ ကျေးဇူးတော်ဟ နင်လို့ရဲ့ စိတ်ဝိညာဉ်နဲ့အတူ ဆိစေမန့်။
HEB 1:1 ဆေ့ကာလတွင် ဘုရားသခင်ဟ ပရောဖက်များအားဖြင့် ငါလို့ ဘိုးဘေးလို့အား ကာလအပိုင်းအခြား အမျိုးမျိုးလို့နှိုက် နည်းမျိုးစုံဖြင့် စကားပြောအယ်၊
HEB 1:2 အားပေမဲ့ ဟေနောက်ဆုံးသော နေ့ရက်များတွင် သားတော်အားဖြင့် ငါလို့အား စကားပြောအယ်၊ အဲသားတော်အားဖြင့် စကြာဝဠာဟို ဖန်ဆင်းယွေ့ နောက်ဆုံးနှိုက် အလုံးစုံဟို ပိုင်သစေရန် သားတော်ဟို ခန့်ထားအယ်။
HEB 1:3 သားတော်ဟ ဘုရားသခင်ရဲ့ ဘုန်းအသရေနဲ့ ထွန်းလင်းတောက်ပလျက် ဆိပင်း ကိုယ်တော်ဟ ဘုရားသခင်ရဲ့ ဇာတိအဖြစ်လို့ဟို မန်ကန်သော ပုံသဏ္ဌာန်ဖြစ်လျက် မိမိရဲ့ တန်ခိုးနဲ့ ပြေ့စုံသော အမိန့်အားဖြင့် အရာခပ်သိမ်းဟို တည်နေစေအယ်။ ကိုယ်တော်ဟ လူသားလို့အား အပစ်များမှ စင်ကြယ်စေရန် ဆောင်ရွက်ပင်းနောက် မြင့်သောအရပ်တွင် ဆိသော အနန္တတန်ခိုးဆှင် ဘုရားသခင်ရဲ့ လက်ယာဘက်နှိုက် ထိန်နေအယ်။
HEB 1:4 သားတော်အား ဘုရားသခင် ပေးအပ်သော ဘွဲ့နာမဟ ခေါန်းခင်တမန်လို့ရဲ့ ဘွဲ့နာမထက် ကြီးမြတ်လဲ့နည်းတူ သားတော်ဟ ခေါန်းခင်တမန်များထက် သာလွန်ကြီးမြတ်အယ်။
HEB 1:5 အကျောန်းမှာ ဘုရားသခင်ဟ ပစာ ခေါန်းခင်တမန်အား၊ “နင်ဟ ငါရဲ့ သား ဖြစ်အယ်၊ ခနေ့ပင် နင့်ဟို ငါဟ နင်ရဲ့ အဘ ဖြစ်လာအယ်” ဟူယွေ့ လည်းကောင်း ပစာ ခေါန်းခင်တမန်နဲ့မျှ ပတ်သက်ယွေ့၊ “ငါဟ သူရဲ့ အဘ ဖြစ်မယ်။ သူဟလည်း ငါရဲ့သား ဖြစ်ရမယ်” ဟူယွေ့ လည်းကောင်း မိန့်မြွက်ခဲ့ဖူးတာ မဆိ။
HEB 1:6 အားပေမဲ့ ဘုရားသခင်ဟ မိမိရဲ့ သားဦးအား လောကဟို စေလွှတ်မယ်ဖြစ်သောအခါ၊ “ဘုရားသခင်ရဲ့ ခေါန်းခင်တမန်အပေါင်းလို့ဟ အဲသူအား ကိုးကွယ်ဝတ်ပြုရကြမယ်” ဟု မိန့်အယ်။
HEB 1:7 ခေါန်းခင်တမန်များအကျောန်းဟို ဖော်ပြရာနှိုက်၊ “ဘုရားသခင်ဟ မိမိရဲ့ ခေါန်းခင်တမန်များအား လေလိုမျိုး ဖြစ်အယ်၊ မိမိရဲ့ အစေခံများဟို မီးလျှံလို ဖြစ်စေအယ်” ဟု မိန့်အယ်။
HEB 1:8 အားပေမဲ့ သားတော်အား မိန့်သောအခါနှိုက် ကိုယ်တော်ဟ၊ “အို ဘုရားသခင်၊ ကိုယ်တော်ရဲ့ နိုင်ငံတော်ဟ ကာလအစဉ်အမြဲ တည်လိမ့်မယ်၊ ကိုယ်တော်ဟ မိမိရဲ့ လူစုတော်အား တရားမျှတစွာ အုပ်စိုးအယ်။
HEB 1:9 ကိုယ်တော်ဟ ဖြောင့်မတ်ခြင်းဟို နှစ်သက်ယွေ့ တရားမဲ့ခြင်းဟို မုန်းပါအယ်။ အဲကျောန့် ကိုယ်တော်ရဲ့ ဘုရားတည်းဟူသော ဘုရားသခင်ဟ ကိုယ်တော်အား ရွေးချယ်ယွေ့ ကိုယ်တော်ရဲ့ အပေါင်းအဖော်လို့ထက် ပိုမိုချီးမြှောက်ကာ ဝမ်းမြောက်ခြင်း ဆီနဲ့ ဘိသိက် ပေးအယ်” ဟု မိန့်အယ်။
HEB 1:10 အဲပင်းရင် ကိုယ်တော်ဟ၊ “အို ထာဝရဘုရား၊ ကိုယ်တော်ဟ အစအဦးနှိုက် မြေကြီးဟို ဖန်ဆင်းအယ်၊ ကိုယ်တော်တိုင် လက်တော်ဖြင့် ခေါန်းခင်ဟို ဖန်ဆင်းအယ်။
HEB 1:11 အဲအရာလို့ဟ ပျက်စီးသွားသော်လည်း ကိုယ်တော်ဟ ဆက်ယွေ့ တည်အယ်၊ အဲအရာဆိသမျှလို့ဟ အဝတ်လို ဟောင်းနွမ်းကြလိမ့်မယ်။
HEB 1:12 ကိုယ်တော်ဟ ဝတ်လုံအင်္ကျီဟို လိပ်သလို အဲအရာများဟို လိပ်လိမ့်မယ်၊ အဲအရာများဟ အဝတ်အထည်များလို ပြောင်းလဲလိမ့်မယ်။ အားပေမဲ့ ကိုယ်တော်ဟ ပြောင်းလဲတော်မမူ၊ အသက်တော်ဟ ကုန်ဆုံးလိမ့်မယ် မဟုတ်” ဟု မိန့်အယ်။
HEB 1:13 အဲအပြင် ဘုရားသခင်ဟ ပစာ ခေါန်းခင်တမန်အား၊ “နင့်ရန်သူလို့ဟို နင်ရဲ့ ခြေတင်ခုံအဖြစ် ငါချထားလဲ့တိုင်အောန် ငါရဲ့ လက်ယာဘက်နှိုက် ထိန်နေလော့” ဟု မိန့်တော်မမူခဲ့ဝူး။
HEB 1:14 ခေါန်းခင်တမန်အားလုံးလို့ဟ ကယ်တင်ခြင်းဟို အမွေဆက်ခံမဲ့သူများရဲ့ အမှုဟို ဆောင်ရွက်ရန် စေလွှတ်ခြင်းခံရလဲ့ အစေခံ ဝိညာဉ်များ ဖြစ်ကြတာ မဟုတ်လော။
HEB 2:1 အဲကျောန့် လမ်းမားတိမ်းချော်မှု မဖြစ်ကြစေရန် ငါလို့ဟ ကြားရသော သမ္မာတရားဟို ပိုမိုယွေ့ပင် စွဲမြဲဆုပ်ကိုင်ထားရမယ်။
HEB 2:2 အကျောန်းမှာ ခေါန်းခင်တမန်များအားဖြင့် ထားသော ဗျာဒိတ်တော်ဟ တည်ယွေ့ ပစ်မားလွန်ကျူးခြင်း အမျိုးမျိုးလို့ဟ ခံထိုက်သော အပစ်ဒဏ်ဟို ခံရတာမန်ရင်
HEB 2:3 ဟေမျှလောက်ကြီးမြတ်လဲ့ ကယ်တင်ခြင်းဟို လျစ်လျူရှုရင် ငါလို့ဟ အပစ်ဒဏ်မှ စလို လွတ်နိန်ကြမှာတုန်း၊ သခင်ဘုရားဟ ဦးရင် ဟောပြောသော ဟေကယ်တင်ခြင်းတရားဟ ကြားနာသော သူလို့မှတဆင့် ငါလို့ဆေနှိုက် အတည်ပြုခြင်း ခံရအယ်။
HEB 2:4 ဘုရားသခင်ဟလည်း နိမိတ်လက္ခဏာများနဲ့ အံ့ဩဖွယ်ရာများအားဖြင့် လည်းကောင်း၊ မိမိအလိုတော်နဲ့အညီ သန့်ဆှင်းသော ဝိညာဉ်တော်ဟို မျှဝေပေးခြင်းအားဖြင့် လည်းကောင်း၊ သူလို့နဲ့အတူ သက်သေခံအယ်။
HEB 2:5 အကျောန်းမှာ ဘုရားသခင်ဟ ငါလို့ ပြောဆိုနေသော နောင်လာမဲ့ ကမ္ဘာအား အုပ်စိုးရခွင့်ဟို ခေါန်းခင်တမန်လို့အား ပေးအပ်မှာ မဟုတ်။
HEB 2:6 ကျမ်းစာတချက်နှိုက် တယောက်သောသူဟ၊ “လူသည် စလိုလူဖြစ်ယွေ့ ကိုယ်တော်ဟ အောက်မေ့ရတာလုန်း၊ လူသားဟ စလိုသူဖြစ်ယွေ့ ကိုယ်တော်ဟ သူ့ဟို ကျေ့ရှုရတာလုန်း။
HEB 2:7 ကိုယ်တော်ဟ သူ့ဟို ခေါန်းခင်တမန်လို့အောက်နှိုက် ခဏသာ ကတစ်မျှ နှိမ့်ချပင်း သူရဲ့ ခေါင်းဟို ဘုန်းအသရေနဲ့ ပတ်ရစ်ပီ၊ ဖန်ဆင်းသောအရာများဟို အုပ်စိုးစေယွေ့
HEB 2:8 အရာခပ်သိမ်းလို့ဟို သူရဲ့ ခြေအောက်နှိုက် ချထားပီ” ဟု ဖော်ပြထားအယ်။ “အရာခပ်သိမ်းလို့ဟို သူ့အောက်နှိုက် ချထားပီ” ဟု ဆိုရာတွင် သူ့အောက်နှိုက် မချထားဘဲ ချန်ထားလဲ့ အရာတစုံတခုမျှ မဆိ။ အခုမှာ အရာခပ်သိမ်းလို့ဟို သူ့အောက်နှိုက် ချထားလျက် ဆိတာဟို ငါလို့ မမျော်ရသေး။
HEB 2:9 အားပေမဲ့ ယေရှုဟ ဘုရားသခင်ရဲ့ ကျေးဇူးတော်အားဖြင့် လူတိုင်းအတွက် အသက်ဟို စွန့်နိန်ရန် ကာလကတစ်မျှ ခေါန်းခင်တမန်များထက် နှိမ့်ချမှုဟို ခံရပင်း၊ အသေခံလဲ့အတွက် ဘုန်းအသရေ၊ ဂုဏ်အသရေနဲ့ ပြေ့ဝလျက်ဆိတာဟို အခုအခါ ငါလို့ တွေ့မျော်ကြရအယ်။
HEB 2:10 ခပ်သိမ်းသောအရာလို့ဟို ဖန်ဆင်းပြုပြင် ထိန်းသိမ်းစောင့်ဆှောက်သော ဘုရားသခင်ဟ မိမိရဲ့ ရမ်းဆာ့သော လူပဲ့သူငယ်လို့အား ဘုန်းအသရေ ဝင်စားခွင့်ပေးနိန်ရန် ဆင်းရဲဒုက္ခဟို ခံစေခြင်းအားဖြင့် ယေရှုအား ပြေ့ဝစုံလင်စေအယ်၊ ဟေသို့ ဘုရားသခင် ပြုသည်မှာ သင့်လျော်အယ်၊ ပစာကို့ ကယ်တင်ခြင်း ရဆိကြစေရန် အဲသူလို့အား ပို့ဆောင်သူမှာ ယေရှုပင် ဖြစ်အယ်။
HEB 2:11 ယေရှုဟ သူလို့အား အပစ်များမှ သန့်စင်စေအယ်၊ ကိုယ်တော်နဲ့ ကိုယ်တော် သန့်ဆှင်းစေသော သူလို့တွင် အဘတဦးတည်းဆိသဖြင့် ကိုယ်တော်ဟ အဲသူလို့အား မိမိရဲ့ ညီအကို မောင်နှမများဟု ခေါ်ဆိုရန် ဆှက်တော်မမူ။
HEB 2:12 ကိုယ်တော်ဟ ဘုရားသခင်အား “ငါလို့ဟ ကိုယ်တော်ပြုသောအမှုဟို ငါလို့ရဲ့ ညီအကို မောင်နှမလို့အား ပြောကြားမယ်၊ သူလို့ရဲ့ အစည်းအဝေးတွင် ကိုယ်တော်ရဲ့ ဂုဏ်တော်ဟို ချီးမွန်းမယ်” ဟု မိန့်အယ်။
HEB 2:13 တဖန် ကိုယ်တော်ဟ “ငါသည် ဘုရားသခင်ဟို ကိုးစားမယ်” ဟု လည်းကောင်း၊ အဲပင်းရင် တဖန် “ငါဟ မိမိအား ဘုရားသခင် ပေးထားလဲ့ လူပဲ့သူငယ်များနဲ့အတူ ဆိအယ်” ဟု လည်းကောင်း မိန့်အယ်။
HEB 2:14 အဲလူပဲ့သူငယ်လို့ဟ အသွေးအသား ဆိကြတာ ဖြစ်ယွေ့ ကိုယ်တော်ဟလည်း သူလို့တိုင်းတိုင်း အဲအသွေးအသားဟို မျှဝေခံယူအယ်၊ ဟေဟာဟ အသေခံခြင်းအားဖြင့် သေခြင်းရဲ့ တန်ခိုးဟို ပိုင်သောသူဖြစ်လဲ့ မာရ်နတ်ဟို ဖျက်စီးလျက်
HEB 2:15 တသက်လုံး သေခြင်းဟို ကြောက်သော ကျွန်ခံနေရသောသူလို့ဟို လွတ်မြောက်စေရန် ဖြစ်အယ်။
HEB 2:16 ကိုယ်တော်ဟ ခေါန်းခင်တမန်များအား ကူညီမစတာ မဟုတ်ဘဲ ကျမ်းစာတွင် ဖော်ပြထားလဲ့အတိုင်း အာဗြဟံရဲ့ သားမြေးလို့အား ကူညီမစကျောန်းဟို သိသာထင်ဆှားစေအယ်။
HEB 2:17 အဲကျောန့် ကိုယ်တော်ဟ လူလို့ရဲ့ အပစ်များအတွက် အသနားခံခြင်းအမှုဟို ပြုရန် ဘုရားသခင်ဆေ့နှိုက် သနားကြင်နာတတ်လဲ့ သစ္စာဆိသော ယဇ်ပုရောဟိတ်မင်းဖြစ်မဲ့ အကျောန်းအရာရာနှိုက် ညီအကို မောင်နှမများနဲ့ တူရအယ်။
HEB 2:18 ပစာကို့ ကိုယ်တော်ဟ မိမိတတ်တိုင်း ဆင်းရဲဒုက္ခနဲ့ စုံစမ်းသွေးဆောင်ခြင်းဟို ခံခဲ့ရသဖြင့် စုံစမ်းသွေးဆောင်ခြင်း ခံရသူလို့အား မစခြင်းငှာ တတ်နိန်အယ်။
HEB 3:1 အဲလိုမို့ ခေါန်းခင်နဲ့ဆိုင်သော ခေါ်ယူခြင်းနှိုက် ပါဝင်လဲ့ သန့်ဆှင်းသူ ညီအကို မောင်နှမလို့၊ ငါလို့ ယုံကြည်ဝန်ခံလဲ့ တမန်တော်နဲ့ ယဇ်ပုရောဟိတ်မင်း တည်းဟူသော ယေရှုအကျောန်းဟို စဉ်းစားဆင်ခြင်ကြလော့။
HEB 3:2 မောရှေဟ ဘုရားသခင်ရဲ့ အိုင်တော်နှိုက် မိမိထမ်းဆောင်ရမဲ့ အလုပ်တွင် သစ္စာစောင့်သလို ယေရှုဟလည်း မိမိအား ဟေအလုပ်တာဝန်ဟို ပေးသော ဘုရားသခင်အား သစ္စာစောင့်အယ်။
HEB 3:3 အိုင်ဆောက်သူဟ အဲအိုင်ထက် သာယွေ့ ဂုဏ်အသေရေဆိသလို ယေရှုဟ မောရှေထက် သာယွေ့ မြင့်မြတ်သော ဘုန်းအသရေဟို ခံထိုက်အယ်။
HEB 3:4 အကျောန်းမှာ အိုင်တိုင်းဟို တစုံတယောက်ဟ တည်ဆောက်ရအယ်၊ အားပေမဲ့ အရာခပ်သိမ်းဟို တည်ဆောက်သောသူဟ ဘုရားသခင် ဖြစ်အယ်။
HEB 3:5 မောရှေဟ နောင်အခါ ဟောပြောမဲ့အရာလို့အတွက် သက်သေဖြစ်ရန် အစေခံအဖြစ် ဘုရားသခင်ရဲ့ အိုင်တော်တခုလုံးအပေါ် သစ္စာဆိအယ်။
HEB 3:6 ခရစ်တော်မှာ သားတော်အဖြစ် ဘုရားသခင်ရဲ့ အိုင်တော်အပေါ် သစ္စာဆိအယ်။ ငါလို့ဟ ယုံကြည်စိတ်ချခြင်းနဲ့ မျော်လင့်ခြင်းနှိုက် ဂုဏ်ယူဝါကြွားခြင်းလို့ဟို စွဲကိုင်ထားရင် ဘုရားသခင်ရဲ့ အိုင်တော် ဖြစ်အယ်။
HEB 3:7 အဲလိုမို့ သန့်ဆှင်းသော ဝိညာဉ်တော်ဟ၊ “ဘုရားသခင်ရဲ့ အသံတော်ဟို ခနေ့ ကြားရင်
HEB 3:8 တောကန္တာရတွင် စမ်းသပ်စစ်ဆေးရာ ကာလနှိုက် ဆန့်ကျင်ဘက်ပြုသလို ခိုင်မာသော စိတ်နေလုံး မဆိကြနဲ့၊
HEB 3:9 အဲအရပ်တွင် နင်လို့ ဘိုးဘေးများဟ ငါ့ဟို စမ်းသပ်ကြကာ အနှစ်လေးဆယ်အတွင်း ငါပြုသောအမှုများဟို တွေ့မျော်ခဲ့ကြအယ်။
HEB 3:10 အဲလိုမို့ အဲမျိုးဆက်ဟို ငါအမျက်ထွက်ပင်း သူလို့ဟ စိတ်နေလုံးထဲနှိုက် အစဉ်လမ်းလွဲယွေ့ ငါရဲ့ လမ်းဟို မသိကြ” ဟု ငါ ဆိုအယ်။
HEB 3:11 ငါဟ အမျက်ထွက်သဖြင့် “သူလို့ဟ ပစာအခါမျှ ငြိမ်ဝပ်ရာ ချမ်းသာဟို ခံစားရန် ပြေတော်ဟို ဝင်ကြရလိမ့်မယ် မဟုတ်” ဟု ငါ ကျိန်ဆိုခဲ့အယ်။
HEB 3:12 ညီအကို မောင်နှမလို့၊ နင်လို့တွင် မယုံကြည်တတ်သော ဆိုးညစ်လဲ့ စိတ်နေလုံး ဆိသဖြင့် အသက်ဆှင်သော ဘုရားသခင်ဆေမှ ထွက်ခွာသွားမဲ့သူ တစုံတဦးမျှ မဆိစေရန် သတိပြုကြလော့။
HEB 3:13 အားပေမဲ့ နင်လို့တွင် အပစ်ရဲ့ လှည့်စားမှုကျောန့် စသူမျှ စိတ်နေလုံး မာကျောခြင်း မဆိစေရန် ခနေ့ဟုခေါ်ရသော အချိန်ဆိနေသရွေ့ နေ့စဉ် အချင်းချင်း တိုက်တွန်းနှိုးဆော်ကြလော့။
HEB 3:14 ငါလို့ဟ အစနှိုက် ဆိသော စိတ်ချမှုဟို အဆုံးတိုင်အောန် ခိုင်မြဲစွာ စွဲကိုင်ထားရင် ခရစ်တော်နဲ့ စပ်ဆိုင်သောသူများ ဖြစ်အယ်။
HEB 3:15 ကျမ်းစာနှိုက်၊ “နင်လို့ဟ ခနေ့ ဘုရားသခင်ရဲ့ အသံဟို ကြားရရင် နင်လို့ရဲ့ ဘိုးဘေးများဟ ဆန့်ကျင်ဘက်ပြုကြသလို နင်လို့ စိတ်နေလုံး ခိုင်မာခြင်း မဆိကြနဲ့” ဟု ဆိုထားအယ်။
HEB 3:16 အဲလို ကြားရလျက်နဲ့ ဆန့်ကျင်ခဲ့သူများဟ စသူတုန်း။ မောရှေရဲ့ ယိုးမှုအားဖြင့် အဲဂုတ္တုပြေမှ ထွက်လာသောသူအပေါင်းလို့ပင် မဟုတ်လော။
HEB 3:17 နှစ်ပေါင်းလေးဆယ်တိုင်တိုင် ဘုရားသခင်ရဲ့ အမျက်ထွက်ခြင်းဟို ခံရသူလို့ဟ စသူတုန်း။ ဒုစရိုက်အပစ်ပြုသဖြင့် တောကန္တာရတွင် လဲယွေ့ သေဆုံးသူများ ဖြစ်အယ်။
HEB 3:18 “သူလို့ဟ ငြိမ်ဝပ်ရာ ချမ်းသာရဆိစေရန် ပြေတော်ဝင်ခွင့်ဟို ပစာအခါမျှ ငါ ပေးလိမ့်မယ် မဟုတ်” ဟု စသူလို့ဟို ရည်ညွှန်းယွေ့ ဘုရားသခင် ကျိန်ဆိုတာလုန်း၊ ကိုယ်တော်ရဲ့ စကားဟို နားမထောင်သူများဟို ရည်ညွှန်းခြင်း မဟုတ်လော။
HEB 3:19 အဲလိုမို့ သူလို့ဟ မယုံကြည်သောကျောန့် ပြေတော် မဝင်နိန်တာဟို ငါလို့ သိကြအယ်။
HEB 4:1 အဲကျောန့် ဘုရားသခင်ရဲ့ ငြိမ်ဝပ်ရာ ချမ်းသာထဲဟို ဝင်ရမဲ့ ကတိတော် ဆိနေသေးလျက်နဲ့ နင်လို့ထဲမှ မဝင်လိုက်ရဘဲ နေမဲ့သူ တစုံတဦးမျှ မဆိစေရန် သတိပြုကြလော့။
HEB 4:2 အကျောန်းမှာ ငါလို့ဟလည်း သတင်းကောင်းဟို အဲသူလို့တိုင်းတိုင်း ကြားရကြပီ၊ အားပေမဲ့ သူလို့ကြားရသော နှုတ်ကပတ်တော်ဟ သူလို့နှိုက် ယုံကြည်ခြင်းနဲ့ မပေါင်းစပ်သောကျောန့် သူလို့အတွက် အကျိုးမဆိပေ။
HEB 4:3 ယုံကြည်သူ ငါလို့ဟ ဘုရားသခင် ကတိထားသော ငြိမ်ဝပ်ရာ ချမ်းသာဟို ရဆိကြအယ်၊ “ငါဟ အမျက်ထွက်ယွေ့ ကျိန်ဆိုလျက် အဲသူလို့အား ငြိမ်ဝပ်ရာ ချမ်းသာရဆိရန် ပြေတော်ဟို ဝင်ခွင့်ဟို ပစာအခါမျှ ပေးလိမ့်မယ် မဟုတ်” ဟု ဘုရားသခင် မိန့်ခဲ့လဲ့အတိုင်း ဖြစ်အယ်။ လောကဟို ဖန်ဆင်းချိန်မှစယွေ့ ကိုယ်တော်ဟ မိမိလုပ်ဆောင်ရန် အမှုကိစ္စများ ပီးဆုံးသွားသော်လည်း ဟေစကားဟို မိန့်ခဲ့အယ်။
HEB 4:4 ကျမ်းစာတွင် ခုနေရက်မြောက်သောနေ့နဲ့ ပတ်သက်ယွေ့ “ဘုရားသခင်ဟ သတ္တမနေ့နှိုက် မိမိပြုစရာ ဆိသမျှသော အမှုကိစ္စများ ပီးစီးယွေ့ ငြိမ်ဝပ်စွာ နေအယ်” ဟု ဆိုထားအယ်။
HEB 4:5 တဖန် ဟေအကျောန်းအရာနဲ့ ပတ်သက်ယွေ့ “အဲသူလို့ဟ ငြိမ်ဝပ် ချမ်းသာခြင်း ရဆိရန် ပြေတော်ဟို ပစာအခါမျှ ဝင်ကြရလိမ့်မယ် မဟုတ်” ဟု ဆိုအယ်။
HEB 4:6 အဲငြိမ်ဝပ် ချမ်းသာခြင်းထဲဟို ဝင်ရသောအခွင့်ဟို အချို့သောသူလို့အတွက် ဆိသေးအယ်၊ သတင်းကောင်းဟို ဦးရင် ကြားရသောသူလို့ဟ မနာခံမှုကျောန့် မဝင်ရကြပီ။
HEB 4:7 အဲကျောန့် ဘုရားသခင်ဟ နေ့တနေ့ဟို “ခနေ့” ဟု တဖန် ချမှတ်ပင်း နောင်နှစ်ပေါင်းများစွာ ကြာသောအခါ အထက်ဟ ဖော်ပြခဲ့လဲ့အတိုင်း “ခနေ့ နင်လို့ဟ ကိုယ်တော်ရဲ့ အသံဟို ကြားရင် နင်လို့ စိတ်နေလုံး ခိုင်မာခြင်း မဆိကြနဲ့” ဟု ဒါဝိဒ်အားဖြင့် မိန့်အယ်။
HEB 4:8 အကျောန်းမှာ ယောရှု ပေးလဲ့ ငြိမ်ဝပ် ချမ်းသာခြင်းဟ ဘုရားသခင် ကတိထားလဲ့ ငြိမ်ဝပ် ချမ်းသာခြင်း ဖြစ်မန့်မူ ဘုရားသခင်ဟ အခြားနေ့ရက် တရက်အကျောန်းဟို မိန့်ကြားမယ် မဟုတ်။
HEB 4:9 အဲလိုမို့ သတ္တမနေ့နှိုက် ဘုရားသခင် ငြိမ်ဝပ်စွာ နေသလို ဘုရားသခင်ရဲ့ လူမျိုးနွယ်အတွက် ငြိမ်ဝပ်စွာ နေရန် နေ့ရက်တရက် ဆိသေးအယ်။
HEB 4:10 အကျောန်းမှာ ဘုရားသခင် ကတိထားသော ငြိမ်ဝပ် ချမ်းသာခြင်းဟို ရဆိသူဟ ဘုရားသခင်သည် မိမိအလုပ်မှ ပီးစီးယွေ့ ငြိမ်ဝပ်စွာ နေရလဲ့တိုင်းတိုင်း နေရအယ်။
HEB 4:11 အဲကျောန့် သူလို့ရဲ့ မနာခံမှု ပုံစံဟို လိုက်ယွေ့ ပြိုလဲမဲ့သူ စသူမျှ မဆိစေဘဲ အဲငြိမ်ဝပ် ချမ်းသာခြင်းထဲဟို ဝင်နိန်မဲ့အကျောန်း ငါလို့ ကြိုးစားကြစို့။
HEB 4:12 ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟ အသက်ဆှင်ယွေ့ ထက်မြက်ကာ အသွားနေဖက်ပါလဲ့ သံလျက်ဆိသမျှလို့ထက် သာယွေ့ ထက်သဖြင့် အသက်နဲ့ ဝိညာဉ်လို့အထိ လည်းကောင်း၊ အရိုးအဆစ်နဲ့ ခြင်ဆီလို့အထိ လည်းကောင်း၊ ထိုးဖောက်ပိုင်းခြား တတ်အယ်။ စိတ်နေလုံးရဲ့ အကြံအစည်နဲ့ သဘောထားလို့ဟိုလည်း ထိုးထွင်း သိမျော်အယ်။
HEB 4:13 ဘုရားသခင်ရဲ့ မျက်မှောက်နှိုက် မထင်ဆှားသောအရာ တစုံတခုမျှ မဆိ။ ဖန်ဆင်းထားသော အရာခပ်သိမ်းလို့ဟ မျက်မှောက်နှိုက် ထင်ဆှားလျက် ဆိပင်း ငါလို့ဟ မိမိလို့ ပြုသမျှအတွက် ကိုယ်တော်ရဲ့ စစ်ကြောစီရင်ခြင်းဟို ခံကြရလိမ့်မယ်။
HEB 4:14 အဲကျောန့် ခေါန်းခင်လို့ဟို ဖြတ်ယွေ့ ကြွလာလဲ့ ကြီးမြတ်သော ယဇ်ပုရောဟိတ်မင်း တည်းဟူသော ဘုရားသခင်ရဲ့ သားတော် ယေရှုဟ ငါလို့နှိုက် ဆိတာဖြစ်ယွေ့ ငါလို့ ယုံကြည်ဝန်ခံသောအရာဟို စွဲကိုင်ထားကြလော့။
HEB 4:15 အကျောန်းမှာ ငါလို့ရဲ့ ယဇ်ပုရောဟိတ်မင်းဟ ငါလို့ရဲ့ အားနည်းချက်များအတွက် မကြင်နာနိန်သူ မဟုတ်။ ငါလို့တိုင်းတိုင်း စုံစမ်းသွေးဆောင်ခြင်း အမျိုးမျိုးဟို ခံခဲ့ရသူ ဖြစ်အယ်၊ အားပေမဲ့ အပစ်နဲ့ ကင်းလွတ်အယ်။
HEB 4:16 အဲကျောန့် ငါလို့ဟ ကရုဏာတော်နဲ့ ကျေးဇူးတော်လို့ဟို သင့်လျော်သောအချိန်နှိုက် ကူညီမစမှုဟို ရဆိမဲ့အကျောန်း ယုံကြည်စိတ်ချစွာဖြင့် ကျေးဇူးတော် ပလ္လင်ဟို တိုးဝင်ချဉ်းကပ်ကြစို့။
HEB 5:1 လူလို့အထဲမှ ရွေးကောက်ခြင်း ခံရသော ယဇ်ပုရောဟိတ်မင်းအားလုံးဟ အပစ်ဖြေရာယဇ်များနဲ့ ပူဇော်သကာများဟို လူလို့ရဲ့ ကိုယ်စား ဘုရားသခင်ဆေ ပူဇော်ဆက်ကပ်ရန် ခန့်ထားခြင်း ခံရအယ်။
HEB 5:2 သူတတ်တိုင်းနှိုက်ပင် အားနည်းချက် အမျိုးမျိုးဆိသဖြင့် အသိပညာ ကင်းမဲ့ယွေ့ မားယွင်းသူလို့အား ကိုယ်ချင်းစာတရား ထားနိန်အယ်။
HEB 5:3 သူတတ်တိုင်း အားနည်းချက် ဆိသောကျောန့် အပစ်ဖြေရာယဇ်ဟို လူလို့အတွက် သာမက မိမိအတွက်လည်း ဆက်ကပ်ရအယ်။
HEB 5:4 စသူမျှ မိမိတတ်တိုင်း ယဇ်ပုရောဟိတ်မင်းအဖြစ် မခန့်ထားနိန်။ ဘုရားသခင်ဟ အာရုန်အား ယဇ်ပုရောဟိတ်မင်းအဖြစ် ခန့်ထားသလို ကိုယ်တော်ရဲ့ ရွေးကောက်ခန့်ထားခြင်း ခံရမှသာ ယဇ်ပုရောဟိတ်မင်း ဖြစ်နိန်အယ်။
HEB 5:5 အဲတိုင်းတိုင်း ခရစ်တော်ဟလည်း ယဇ်ပုရောဟိတ်မင်းအရာနှိုက် မိမိတတ်တိုင်း ချီးမြှောက်တာ မဟုတ်။ ဘုရားသခင်ဟ ကိုယ်တော်အား “နင်ဟ ငါရဲ့ သား ဖြစ်အယ်၊ ခနေ့ပင် ငါဟ နင်ရဲ့ အဖ ဖြစ်လာအယ်” ဟု မိန့်အယ်။
HEB 5:6 အခြား ကျမ်းချက်တွင်လည်း “နင်ဟ မေလခိဇေဒက်ရဲ့ အရိုက်အရာဟို ဆက်ခံသူ ထာဝရ ယဇ်ပုရောဟိတ် ဖြစ်အယ်” ဟု မိန့်ခဲ့လဲ့တိုင်းတိုင်း ဖြစ်အယ်။
HEB 5:7 ခရစ်တော်ဟ လူ့ဇာတိအဖြစ်နှိုက် ဆိစဉ်ဟ မိမိအား သေခြင်းမှ ကယ်တင်နိန်သော ဘုရားသခင် ဆေဟို ကြွေးကြော်ကာ မျက်ရည်ကျလျက် ဆုတောင်းခဲ့အယ်။ ဘုရားသခင်ဟလည်း ကိုယ်တော်ရဲ့ ဆုတောင်းသံဟို နားညောင်းအယ်။ ကိုယ်တော်ဟ နှိမ့်ချသောစိတ် ဆိသောကျောန့် ဘုရားသခင်ဟ နားထောင်အယ်။
HEB 5:8 ကိုယ်တော်ဟ ဘုရားသခင်ရဲ့ သားတော်ဖြစ်သော်လည်း ဆင်းရဲဒုက္ခများဟို ခံခြင်းအားဖြင့် နာခံတတ်ရန် သင်ယူအယ်။
HEB 5:9 ကိုယ်တော်ဟ စုံလင်ခြင်းဟို ရောက်သောအခါ မိမိဟို နာခံသောသူအပေါင်းလို့အား ထာဝရ ကယ်တင်ခြင်းဟို ပေးသောသူ ဖြစ်လာယွေ့
HEB 5:10 ကိုယ်တော်အား မေလခိဇေဒက်ရဲ့ အရိုက်အရာဟို ဆက်ခံသူ ယဇ်ပုရောဟိတ်မင်းဟု ဘုရားသခင်ရဲ့ ခေါ်ခြင်းဟို ခံရအယ်။
HEB 5:11 ဟေအကျောန်းအရာနဲ့ ပတ်သက်ယွေ့ ငါလို့ ပြောစရာ ရမ်းဆာ့ ဆိအယ်၊ အားပေမဲ့ နင်လို့ဟ နားဝေးသောကျောန့် ဆှင်းပြရန် ခက်ခဲအယ်။
HEB 5:12 နင်လို့ဟ ကာလကြာသောကျောန့် ဆရာအဖြစ်ဟို ရောက်သင့်သော်လည်း — ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နှိုက် ဦးရင် သင်ရသော တရားနုလို့ဟို သူတပါးဆေနှိုက် တဖန် သင်ရသောအကျောန်း ဆိတာဖြစ်ယွေ့ ကြေခဲသောအစာဟို မသုံးဆောင်၊ နို့ဟိုသာ သုံးဆောင်ရသောသူ ဖြစ်ကြအယ်။
HEB 5:13 နို့ဟိုသာ သောက်သုံးနေသောသူတိုင်းဟ လပဲ့သငယ် ဖြစ်သောကျောန့် ဖြောင့်မတ်ခြင်းနဲ့ ဆိုင်သော နှုတ်ကပတ်တော်နဲ့ ရင်းနှီးကျွမ်းဝင်ခြင်း မဆိ။
HEB 5:14 မာသောအစာဟ အရွယ်ရောက်ပင်း သူလို့အတွက် ဖြစ်အယ်၊ သူလို့ဟ လေ့ကျင့်မှုအားဖြင့် အကောင်း အဆိုးဟို ပိုင်းခြားယွေ့ သိဆိသူများ ဖြစ်ကြအယ်။
HEB 6:1 အဲကျောန့် ငါလို့ဟ ခရစ်တော်နဲ့ဆိုင်သော အခြေခံ သွန်သင်ချက်ဟို ချန်ထားယွေ့ စုံလင်ခြင်းဟို တက်လှမ်းကြစို့။ အဲအခြေခံ တရားများဟို နင်လို့အား ငါလို့ သွန်သင်ပေးပင်း ဖြစ်သဖြင့် ထပ်မံ သွန်သင်ပေးရန် မသင့်၊ အကျိုးမပေးတတ်လဲ့ အကျင့်များဟို စွန့်ကာ ဘုရားသခင်အား ယုံကြည်ရန် လိုအပ်ကျောန်း နင်လို့ သိဆိကြပင်း ဖြစ်အယ်၊
HEB 6:2 နင်လို့ဟ နှစ်ခြင်းမင်္ဂလာဟို သွန်သင်ခြင်း၊ လက်တင်ခြင်း၊ သေခြင်းမှ ဆှင်ပြန်ထမြောက်ခြင်းနဲ့ ထာဝရ တရားစီရင်ခြင်းအကျောန်း နင်လို့အား သင်ကြားပင်း ဖြစ်အယ်။
HEB 6:3 ဘုရားသခင် ခွင့်ပြုရင် ငါလို့ဟ အဲလိုပြုကြမယ်။
HEB 6:4 မိမိယုံကြည်ခြင်းဟို စွန့်သူလို့အား နောက်တဖန် စလို နောင်တရစေနိန်မလုန်း။ အရင်ဟ အဲသူလို့သည် ဘုရားသခင်ရဲ့ အလင်းတွင် ကျင်လည်ယွေ့ ခေါန်းခင် ဆုကျေးဇူးဟို မြည်းစမ်းရပင်းရင် သန့်ဆှင်းသော ဝိညာဉ်တော်ဟို ခံယူခဲ့ကြပီ၊
HEB 6:5 ဘုရားသခင်ရဲ့ ကောင်းမြတ်သော နှုတ်ကပတ်တော်နဲ့ နောင်ကပ်ကာလရဲ့ တန်ခိုးများဟို လည်းကောင်း၊ ကိုယ်တွေ့ ခံစားခဲ့ရသူများ ဖြစ်ကြအယ်။
HEB 6:6 အဲပင်းရင် သူလို့ဟ ဖောက်ပြန်ကြအယ်၊ သူလို့ဟ ဘုရားသခင်ရဲ့ သားတော်ဟို လက်ဝါးကပ်တိုင်တွင် တဖန် တင်ယွေ့ အဆှက်ကွဲစေသောသူများ ဖြစ်ကြသောကျောန့် သူလို့ဟို အသစ်တဖန် နောင်တရခြင်းဟို မရောက်စေနိန်။
HEB 6:7 အကျောန်းမှာ မြေကြီးဟ မိမိအပေါ် အကြိမ်ကြိမ်ကျသော မိုးယေဟို သောက်လျက် ထွန်ယက် စိုက်ပျိုးသောသူလို့အတွက် အသုံးဝင်လဲ့ အသီးအနှံများဟို ဖြစ်ထွန်းစေရင် ဘုရားသခင်ဆေမှ ကောင်းချီးမင်္ဂလာဟို ခံစားရအယ်။
HEB 6:8 အားပေမဲ့ ဆူးပင်နဲ့ ဆူးလေပင်များဟို ပေါက်စေရင် လုံးလုံး တန်ဖိုး မဆိတော့ဘဲ ဘုရားသခင်ရဲ့ ကျိန်ခြင်း ခံရလျက် နောက်ဆုံးနှိုက် မီးရှို့ခြင်း ခံရလိမ့်မယ်။
HEB 6:9 ချစ်သောသူလို့၊ ငါလို့ဟ ဟေလို ပြောဆိုကြသော်လည်း နင်လို့အတွက်မူ ကယ်တင်ခြင်းနဲ့ ယှဉ်တွဲလဲ့ ပိုယွေ့ ကောင်းသောအရာများ ဆိတာဟု ငါလို့ ယုံကြည်စိတ်ချကြအယ်။
HEB 6:10 အကျောန်းမှာ ဘုရားသခင်ဟ နင်လို့ရဲ့ လုပ်ဆောင်မှုဟို လည်းကောင်း၊ သန့်ဆှင်းသူလို့ဟို မခင်ဟ နင်လို့ လုပ်ကျွေးပြုစုသလို အခုလည်း လုပ်ကျွေးပြုစုလျက် ကိုယ်တော်ရဲ့ နာမတော်ဟို ထောက်ယွေ့ နင်လို့ပြသော ချစ်ခြင်းမေတ္တာလို့ဟို လည်းကောင်း၊ မေ့လျော့လဲ့တိုင်အောန် တရားမျှတမှု ကင်းမဲ့တာ မဟုတ်။
HEB 6:11 နင်လို့ဆိသမျှဟ နောက်ဆုံးနှိုက် မိမိလို့ရဲ့ မျော်လင့်ချက် ပြေ့စုံလာလဲ့တိုင်အောန် အခုအတိုင်း ဆက်လက်ယွေ့ စိတ်အားထက်သန်စေရန် ငါလို့ အလိုဆိကြအယ်။
HEB 6:12 ငါလို့ဟ ပစာအခါမျှ ပျင်းရိသူများ မဖြစ်စေလို၊ အားပေမဲ့ ယုံကြည်ယွေ့ သည်းခံနိန်မှု ဆိသဖြင့် ဘုရားသခင် ကတိထားသော ကျေးဇူးများဟို ခံယူကြများတိုင်းတိုင်း ပြုမှုကျင့်ကြံစေလိုအယ်။
HEB 6:13 ဘုရားသခင်ဟ အာဗြဟံအား ကတိထားသောအခါ တိုင်တည်ကျိန်ဆိုရန် မိမိထက် ကြီးမြတ်သူ မဆိသဖြင့် မိမိတတ်တိုင်းပင် တိုင်တည်ကျိန်ဆိုအယ်။
HEB 6:14 ကိုယ်တော်ဟ “ငါသည် အမန်ပင် ကောင်းချီးပေးမယ်၊ နင်ရဲ့ အမျိုးအနွယ်ဟို တိုးပွား များပြားစေမယ်” ဟု မိန့်အယ်။
HEB 6:15 အာဗြဟံဟ စိတ်ဆှည်စွာ စောင့်ဆိုင်းသဖြင့် ဘုရားသခင် ကတိတော်အတိုင်း ခံစားရအယ်။
HEB 6:16 လူလို့ဟ မိမိလို့ထက် ကြီးမြတ်သောသူရဲ့ နာမဟို အသုံးပြုပင်း တိုင်တည် ကျိန်ဆိုကြအယ်၊ ဟေလို တိုင်တည် ကျိန်ဆိုခြင်းဟ အငြင်းပွားမှု အားလုံးဟို ရပ်စဲစေတတ်အယ်။
HEB 6:17 ဘုရားသခင်ဟ မိမိအကြံအစည်တော်ဟို ပြောင်းလဲမယ် မဟုတ်ကျောန်းဟို ကတိတော်ဆိုင်ရာ ဆုကျေးဇူးများ ခံယူရမဲ့ သူလို့အား ရမ်းဆာ့ ဆှင်းလင်းစွာ ဖော်ပြလိုအယ်၊ အဲလိုမို့ ကိုယ်တော်ဟ တိုင်တည်ကျိန်ဆိုခြင်း အားဖြင့် ကတိပြုခြင်း ဖြစ်အယ်။
HEB 6:18 အဲကျောန့် ဘုရားသခင်ရဲ့ ကတိတော်နဲ့ ကျိန်ဆိုခြင်းအမှုလို့ဟ ပြန်လည် ရုပ်သိမ်းယွေ့ မရနိန်သောအရာ နေပါး ဖြစ်ကြအယ်၊ အဲအရာနေပါးနဲ့ ပတ်သက်ယွေ့ ကိုယ်တော်ဟ ဝါသောစကားဟို မသုံးနိန်။ အဲကျောန့် အထံတော်နှိုက် ခိုလှုံလျက် ဆိသော ငါလို့ဟ မိမိလို့အား ကိုယ်တော်ပေးလဲ့ မျော်လင့်ချက်ဟို စွဲမြဲစွာ ခံယူထားရန် စိတ်အားတက်ကြွယွေ့ လာကြအယ်။
HEB 6:19 အဲမျော်လင့်ချက်ဟ ငါလို့ ဖဝါ့အတွက် ချထားလဲ့ သေချာခိုင်ခံ့သော ကျောက်ဆူးအဖြစ် ခေါန်းခင် ဗိမာန်တော် ကန့်လန့်ကာဟို ထိုးဖောက်ကာ ရမ်းဆာ့ သန့်ဆှင်းရာ ဌာနတော်ဟို ဝင်လေအယ်။
HEB 6:20 ယေရှုဟ မေလခိဇေဒက်ရဲ့ အရိုက်အရာဟို ဆက်ခံသူတူသော ထာဝရ ယဇ်ပုရောဟိတ်မင်း ဖြစ်လာပင်း အဲကန့်လန့်ကာအတွင်းဟို ဆေ့ဆောင် လမ်းခင်းပေးသူအဖြစ် ငါလို့ ကိုယ်စားဝင်အယ်။
HEB 7:1 ဟေမေလခိဇေဒက်ဟ ဆှာလင်မင်း ဖြစ်ပင်း အမြင့်ဆုံးသော ဘုရားသခင်ရဲ့ ယဇ်ပုရောဟိတ်မင်း ဖြစ်အယ်။ သူဟ ဘုရင်လေးပါးဟို လုပ်ကြံရာမှ ပြန်လာသော အာဗြဟံဟို ကြိုဆိုလျက် ကောင်းချီးပေးလေအယ်၊
HEB 7:2 အာဗြဟံဟလည်း လက်ရဥစ္စာဆိသမျှဟို ဆယ်ဖို့တဖို့ဟို သူ့အား ပေးလှူအယ်။ မေလခိဇေဒက် ပထမနာမယ်ရဲ့ အဓိပ္ပာယ်မှာ “ဖြောင့်မတ်ခြင်းရဲ့ ဘုရင်” ဟု ဖြစ်ပင်း၊ အဲပင်းရင် “ငြိမ်သက်ခြင်းရဲ့ ဘုရင်” တည်းဟူသော ဆှာလင် ဘုရင် ဟုလည်း ဖြစ်အယ်။
HEB 7:3 သူနှိုက် အဖ မဆိ၊ အမေ့ မဆိ၊ မျိုးရိုးစဉ်ဆက် မဆိ၊ အသက်တာရဲ့ အစလည်း မဆိ၊ အဆုံးလည်း မဆိ။ သူဟ ဘုရားသခင်ရဲ့ သားတော်လိုဖြစ်လျက် ယဇ်ပုရောဟိတ်အဖြစ် ထာဝစဉ် တည်နေအယ်။
HEB 7:4 ငါလို့ လူမျိုးလို့ရဲ့ ထင်ဆှားသော ဖိုးဖေး အာဗြဟံဟ စစ်ပွဲမှ မိမိသိမ်းယူရဆိခဲ့လဲ့ ဥစ္စာပစ္စည်းများရဲ့ ဆယ်ဖို့တဖို့ဟို မေလခိဇေဒက်အား ပေးလှူခဲ့တာဖြစ်ရာ ဟေလို ပေးလှူခြင်း ခံရသူဟ စလောက် ကြီးမြတ်မယ်ဟို ဆင်ခြင်ကြလော့။
HEB 7:5 အဲလူလို့မှာ အာဗြဟံမှ ဆင်းသက်လာလဲ့ မိမိလို့ ညီအကိုများ ဖြစ်ကြသော်လည်း လေဝိအမျိုးသားထဲမှ ယဇ်ပုရောဟိတ် ဖြစ်လာသောသူလို့ဟ ပညတ်တရားအရ လူလို့ဆေမှ ဆယ်ဖို့တဖို့ ကောက်ခံရမယ် ဟူသော ပညတ်ချက်ဟို ရဆိထားကြအယ်။
HEB 7:6 မေလခိဇေဒက်ဟ လေဝိအမျိုး မဟုတ်သော်လည်း အာဗြဟံဆေမှ ဆယ်ဖို့တဖို့အလှူဟို ခံယူလျက် ဘုရားသခင်ရဲ့ ကတိတော်များ ရဆိထားသူ အာဗြဟံဟို ကောင်းချီးပေးခဲ့အယ်။
HEB 7:7 ကြီးသောသူဟ ငယ်သောသူအား ကောင်းချီးပေးတတ်တာဟို ငြင်းဆိုဖွယ် မဆိ။
HEB 7:8 အဲအရာနှိုက်လည်း ယဇ်ပုရောဟိတ်များအနေဖြင့် ဆယ်ဖို့တဖို့ အလှူဟို ခံယူခြင်းဟ သေမျိုးဖြစ်သော လူသားလို့ဟ ခံယူကြခြင်း ဖြစ်အယ်၊ အားပေမဲ့ မေလခိဇေဒက်မူ ကျမ်းစာတော်တွင် ဖော်ပြတာနဲ့အညီ အသက်ဆှင်သူအနေဖြင့် ဆယ်ဖို့တဖို့အလှူဟို ခံယူခြင်း ဖြစ်အယ်။
HEB 7:9 အဲကျောန့် ဆယ်ဖို့တဖို့ဟို ခံယူသူ လေဝိဟ အာဗြဟံမှ တဆင့် မေလခိဇေဒက်အား ဆယ်ဖို့တဖို့ ပေးလှူတာဟု ဆိုနိန်အယ်။
HEB 7:10 အကျောန်းမှာ အာဗြဟံဟ မေလခိဇေဒက်နဲ့ တွေ့ဆုံစဉ်အခါဟ လေဝိဟ မမွေးဖွားသေးဘဲ အာဗြဟံရဲ့ ကိုယ်နှိုက် ဆိနေတာဟု ဆိုနိန်သောကျောန့် ဖြစ်အယ်။
HEB 7:11 ဣသရေလအမျိုးသားလို့ရဲ့ ပညတ်တရားဟို ပေးအပ်ရာနှိုက် လေဝိအမျိုးနဲ့ဆိုင်လဲ့ ယဇ်ပုရောဟိတ်များဟို အခြေခံယွေ့ ပေးအပ်ခြင်း ဖြစ်အယ်၊ အဲလိုမို့ လေဝိအမျိုး ယဇ်ပုရောဟိတ်လို့ဟ ပီးပြေ့စုံလင်အောန် ဆောင်ရွက်နိန်ရင် အာရုန်ရဲ့ အရိုက်အရာအစား မေလခိဇေဒက်ရဲ့ အရိုက်အရာဟို ဆက်ခံသူ အခြား ယဇ်ပုရောဟိတ်တပါး ပေါ်ထွန်းလာရန် မလိုပေ။
HEB 7:12 ယဇ်ပုရောဟိတ် အရိုက်အရာနှိုက် ပြောင်းလဲခြင်း ဆိရင် ပညတ်တရားနှိုက်လည်း ပြောင်းလဲခြင်း ဆိရန် လိုအပ်အယ်။
HEB 7:13 ဟေအကျောန်းအရာများဟ ဖော်ပြနေလဲ့ ငါလို့ရဲ့ သခင်ဘုရားဟ လေဝိအမျိုး မဟုတ်၊ အခြားတပါးသော အမျိုးအနွယ်မှ ဆင်းသက်သောသူ ဖြစ်အယ်၊ အဲအမျိုးအနွယ်ဝင် တယောက်မျှ ယဇ်ပုရောဟိတ်အဖြစ် မဆောင်ရွက်ခဲ့။
HEB 7:14 ငါလို့ရဲ့ သခင်ဟ ယုဒအမျိုးထဲမှ ပေါ်ထွန်းကျောန်း သိသာထင်ဆှားအယ်၊ မောရှေဟ အဲယုဒအမျိုးနဲ့ ပတ်သက်ယွေ့ ယဇ်ပုရောဟိတ်နဲ့ စပ်ဆိုင်လဲ့အရာ တစုံတခုဟိုမျှ မပြောဆိုခဲ့ပေ။
HEB 7:15 မေလခိဇေဒက်လိုမျိုး အခြား ယဇ်ပုရောဟိတ်တပါး ပေါ်ထွန်းတာဆိုရင် ဟေအကျောန်းအရာဟ ပိုယွေ့ သိသာ ထင်ဆှားအယ်။
HEB 7:16 အဲသူဟ ယဇ်ပုရောဟိတ် အရိုက်အရာဟို လူသားလို့ ချမှတ်ထားလဲ့ ပညတ်များအရ ခံယူရဆိထားတာ မဟုတ်၊ ပစာအခါနှိုက်မျှ မကုန်ဆုံးနိန်လဲ့ အသက်ရဲ့ တန်ခိုးတော်အားဖြင့် ခံယူရဆိထားခြင်း ဖြစ်အယ်။
HEB 7:17 အကျောန်းမှာ “နင်ဟ မေလခိဇေဒက်ရဲ့ အရိုက်အရာဟို ဆက်ခံသူနဲ့တူသော ထာဝရ ယဇ်ပုရောဟိတ် ဖြစ်အယ်” ဟု သက်သေခံထားအယ်။
HEB 7:18 ပညတ်ဟောင်းဟ အားနည်းယွေ့ အကျိုးဟို မပေးနိန်သောကျောန့် ပယ်ဆှားခြင်းဟို ခံရအယ်။
HEB 7:19 မောရှေရဲ့ ပညတ်တရားဟ ပစာအရာဟိုမျှ ပြေ့စုံအောန် မပြုနိန်။ အခုအခါနှိုက် ငါလို့ဟ အဲပညတ်တရားထက် ပိုမိုကောင်းမြတ်လဲ့ မျော်လင့်ချက်ဟို ရဆိကြပီဖြစ်ရာ အဲမျော်လင့်ချက်အားဖြင့် ဘုရားသခင်ဆေဟို ချဉ်းကပ်ကြအယ်။
HEB 7:20 အဲမျှမက ဟေအမှုအရာဟ ကတိသစ္စာပြုခြင်း မပါဘဲ ဖြစ်လာတာ မဟုတ်။ အကျောန်းမှာ အခြားသော ယဇ်ပုရောဟိတ်လို့ဟ ကတိသစ္စာပြုခြင်း မပါဘဲ ယဇ်ပုရောဟိတ်များ ဖြစ်လာကြအယ်။
HEB 7:21 အားပေမဲ့ ယေရှုအား ယဇ်ပုရောဟိတ်အဖြစ် ခန့်ထားသောအခါနှိုက် “‘နင်ဟ ထာဝရ ယဇ်ပုရောဟိတ် ဖြစ်ရလိမ့်မယ်’ ဟု ထာဝရဘုရား တိုင်တည်ယွေ့ မိန့်တာဖြစ်သောကျောန့် ကိုယ်တော်ဟ မိမိရဲ့ စိတ်ပြောင်းလဲလိမ့်မယ် မဟုတ်” ဟု ကိုယ်တော်အား မိန့်အယ်။
HEB 7:22 ဟေလိုဖြင့် ယေရှုဟ သာယွေ့ မြတ်သော ပဋိညာဉ်တရားရဲ့ အာမခံ ဖြစ်အယ်။
HEB 7:23 အခြားသော ယဇ်ပုရောဟိတ်လို့ဟ သေခြင်းတရားကျောန့် တာဝန်ဟို ဆက်လက်ယွေ့ မထမ်းဆောင်နိန်ကြသဖြင့် ရမ်းဆာ့သောသူလို့ဟ ယဇ်ပုရောဟိတ် ဖြစ်လာကြအယ်။
HEB 7:24 ယေရှုဟ ထာဝရ အသက်ဆှင်တာ ဖြစ်ယွေ့ မပြောင်းလဲသော ယဇ်ပုရောဟိတ် အရိုက်အရာဟို ရဆိအယ်။
HEB 7:25 အဲကျောန့် ကိုယ်တော်ဟ မိမိအားဖြင့် ဘုရားသခင်ဆေဟို ချဉ်းကပ်သောသူလို့ဟို အပြေ့အဝ ကယ်တင်နိန်အယ်၊ ပစာကို့ ကိုယ်တော်ဟ သူလို့အတွက် အသနားခံပေးရန် အစဉ်အမြဲ အသက်ဆှင်လျက် ဆိအယ်။
HEB 7:26 အဲလိုမို့ ယေရှုဟ ငါလို့နဲ့ သင့်လျော်သော ယဇ်ပုရောဟိတ်မင်း ဖြစ်အယ်။ ကိုယ်တော်ဟ သန့်ဆှင်းမြင့်မြတ်ယွေ့ အပစ်ကင်းလွတ်အယ်၊ အပစ်သားလို့နဲ့ ခွဲခြားထားခြင်း ခံရကာ ခေါန်းခင်သားအပေါင်းလို့ထက် ချီးမြှောက်ခြင်းဟို ခံအယ်။
HEB 7:27 ယဇ်ပုရောဟိတ်မင်းလို့ဟ နေ့စဉ် ဦးရင် မိမိလို့ အပစ်များအတွက် လည်းကောင်း၊ အဲပင်းရင် လူလို့ရဲ့ အပစ်များအတွက် လည်းကောင်း၊ ယဇ်ပူဇော်ကြရအယ်။ ကိုယ်တော်ဟ ဟေလိုပြုရန် မလို၊ အကျောန်းမှာ ကိုယ်တော်ဟ မိမိကိုယ်ဟို တကြိမ်တည်း ယဇ်ပူဇော်ယွေ့ အဲအမှုဟို ပီးစီးစေပီ။
HEB 7:28 မောရှေရဲ့ ပညတ်တရားဟ အားနည်းယွေ့ မစုံလင်သော လူသားလို့ဟို ယဇ်ပုရောဟိတ်မင်းအဖြစ် ခန့်ထားအယ်၊ အားပေမဲ့ ပညတ်တရား ပေါ်ပေါက်ပင်းလဲ့ နောက်ပိုင်း ထာဝရ ကာလပတ်လုံး စုံလင်သော သားတော်ဟို ယဇ်ပုရောဟိတ်မင်းအဖြစ် ကျိန်ဆိုချက်ဖြင့် ခန့်ထားအယ်။
HEB 8:1 ငါလို့ ပြောဆိုနေသော အကျောန်းအရာများတွင် အရေးကြီးလဲ့အချက်မှာ ငါလို့တွင် အဲသို့သော ယဇ်ပုရောဟိတ်မင်း ဆိခြင်းဖြစ်အယ်၊ ကိုယ်တော်ဟ ခေါန်းခင်ဘုံဆိ တန်ခိုးအာနုဘော်ရဲ့ ပလ္လင် လက်ယာဘက်နှိုက် ထိန်နေအယ်။
HEB 8:2 ကိုယ်တော်ဟ ရမ်းဆာ့သန့်ဆှင်းရာ ဌာနတော်တည်းဟူသော တဲတော်စစ်နှိုက် အစေခံလျက် နေအယ်၊ အဲဟာဟ လူလို့ တည်ဆောက်သော တဲတော် မဟုတ်၊ ထာဝရဘုရားဟ တည်ဆောက်သော တဲတော် ဖြစ်အယ်။
HEB 8:3 ယဇ်ပုရောဟိတ်မင်းအားလုံးဟ ပူဇော်သကာနဲ့ ယဇ်လို့ဟို ပူဇော်ရန် ခန့်ထားခြင်း ခံရတာဖြစ်ယွေ့ ဟေယဇ်ပုရောဟိတ်မင်းဟလည်း ပူဇော်စရာ တစုံတခုဆိရန် လိုအပ်အယ်။
HEB 8:4 ကိုယ်တော်ဟ မြေကြီးပေါ်တွင် ဆိခဲ့ရင် ပညတ်တရားအရ ပူဇော်သကာဟို ပူဇော်သောသူများ ဆိနေတာဖြစ်ယွေ့ ယဇ်ပုရောဟိတ် ဖြစ်လိမ့်မယ် မဟုတ်။
HEB 8:5 ယဇ်ပုရောဟိတ်များ ပြုသောအမှုအရာများဟ ခေါန်းခင်ဘုံဆိ အမှုအရာများရဲ့ ပုံတူနဲ့ အရိပ်အရောင်မျှသာ ဖြစ်အယ်။ မောရှေ ပြုခဲ့လဲ့အမှုအရာများဟလည်း ဟေတိုင်းတိုင်းပင် ဖြစ်အယ်။ ပစာကို့ သူဟ ပဋိညာဉ် တဲတော်ဟို တည်ဆောက်မယ် ပြုသောအခါ ဘုရားသခင်ဟ “တောင်ပေါ်တွင် နင့်အား ငါပြခဲ့လဲ့ ပုံစံနဲ့အညီ အလုံးစုံလို့ဟို ပြုလုပ်ရန် သတိမမေ့နဲ့” ဟု ညွှန်ကြားခဲ့သောကျောန့် ဖြစ်အယ်။
HEB 8:6 အားပေမဲ့ ဘုရားနဲ့ လူအကြားတွင် ယေရှု စီစဉ်ပေးအပ်လဲ့ ပဋိညာဉ်တရားဟ ပိုယွေ့ မြတ်သော ကတိတော်များအပေါ်တွင် အခြေခံသဖြင့် ပဋိညာဉ်တရားဟောင်းထက် ပိုမိုမြတ်သလို ယေရှု ထမ်းဆောင်ရလဲ့ ယဇ်ပုရောဟိတ် တာဝန်ဟလည်း အဲယဇ်ပုရောဟိတ်လို့ရဲ့ တာဝန်များထက် ရမ်းဆာ့ ကြီးမြတ်အယ်။
HEB 8:7 အကျောန်းမှာ ပထမ ပဋိညာဉ်နှိုက် အပစ်တင်ခွင့် မဆိခဲ့ရင် ဒုတိယ ပဋိညာဉ်ဟ လိုအပ်စရာအကျောန်း ဆိခဲ့မယ် မဟုတ်။
HEB 8:8 အားပေမဲ့ ဘုရားသခင်ဟ မိမိလူစုတော်အား အပစ်တင်ယွေ့ “ထာဝရဘုရား မိန့်တာဟ ကျေ့ရှုလော့ ဣသရေလအမျိုးနဲ့ လည်းကောင်း၊ ယုဒအမျိုးနဲ့ လည်းကောင်း၊ ပဋိညာဉ်သစ်ဟို ငါပြုမဲ့ နေ့ရက်များ ကျရောက်လိမ့်မယ်။
HEB 8:9 အဲပဋိညာဉ်ဟ သူလို့ရဲ့ ဘိုးဘေးများအား လက်ဆွဲယွေ့ အဲဂုတ္တုပြေမှ ငါထုတ်ဆောင်လာစဉ်အခါဟ သူလို့နဲ့ ပြုခဲ့လဲ့ ပဋိညာဉ်နဲ့ တူလိမ့်မယ် မဟုတ်။ အဲအခါဟ ငါနဲ့ ပြုခဲ့လဲ့ ပဋိညာဉ်နှိုက် မတည်သောကျောန့် ထာဝရဘုရားဟ သူလို့အား ဂရုမစိုက်ဘဲ နေခဲ့အယ်။
HEB 8:10 နောင်ကာလနှိုက် ဣသရေလအမျိုးသားလို့နဲ့ ငါပြုမဲ့ ပဋိညာဉ်မှာ ငါ ထာဝရဘုရားဟ ငါ့ပညတ်များဟို သူလို့ရဲ့ စိတ်နေလုံးထဲဟို ထည့်သွင်းယွေ့ သူလို့ရဲ့ နေလုံးပေါ်မှာ ရေးသားမယ်။ ငါဟ သူလို့ ဘုရား ဖြစ်ယွေ့ သူလို့ဟလည်း ငါရဲ့ လူ ဖြစ်ကြလိမ့်မယ်။
HEB 8:11 စသူမျှ မိမိရဲ့ အမျိုးသားချင်းဟိုသော် လည်းကောင်း၊ မိမိရဲ့ ညီအကိုအချင်းချင်းဟိုသော် လည်းကောင်း၊ ‘ထာဝရဘုရားအား သိလော့’ ဟု သွန်သင်ပေးရန် လိုမယ် မဟုတ်။ ပစာကို့ လူအပေါင်းလို့ဟ အငယ်ဆုံးမှ အကြီးဆုံးတိုင်အောန် ငါ့ဟို သိကြလိမ့်မယ် ဖြစ်အယ်။
HEB 8:12 ငါဟ သူလို့ရဲ့ မတရားမှုများအပေါ် ကရုဏာထားယွေ့ သူလို့ရဲ့ အမားများဟို သိမှတ်မယ် မဟုတ်” ဟု မိန့်အယ်။
HEB 8:13 ဘုရားသခင်ဟ ဟေလို ပဋိညာဉ်သစ်အကျောန်းဟို မိန့်ခြင်းအားဖြင့် ပထမ ပဋိညာဉ်ဟို ဟောင်းနွမ်းစေအယ်၊ ဟောင်းနွမ်းလာသောအရာဟလည်း မကြာမီ ပျောက်ကွယ်သွားလိမ့်မယ်။
HEB 9:1 ပထမ ပဋိညာဉ်တွင် ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာ စီရင်ချက်များနဲ့ လောကနှိုက်ဆိသော သန့်ဆှင်းရာ ဌာနတော်လည်း ဆိအယ်။
HEB 9:2 လူလို့ဟ သန့်ဆှင်းရာ ဌာနတော်ဟုခေါ်သော အပြင်တဲတော်ဟို တည်ဆောက်ကြအယ်။ အဲတဲတော်တွင် ဆီမီးခုံဟို လည်းကောင်း၊ ဘုရားသခင်အား ဆက်ကပ်သော မုန့်နဲ့ စားပွဲဟို လည်းကောင်း တွေ့ရအယ်။
HEB 9:3 ဒုတိယ ကန့်လန့်ကာနောက်နှိုက် ရမ်းဆာ့ သန့်ဆှင်းရာ ဌာနတော်ဟုခေါ်သော အခန်း ဆိအယ်။
HEB 9:4 အဲအထဲတွင် နံ့သာပေါင်းဟို မီးရှို့ရာ ဆွေပလ္လင်နဲ့ ဆွေဖြင့် မွမ်းမံထားလဲ့ ပဋိညာဉ် သေတ္တာ ဆိအယ်၊ အဲသေတ္တာအတွင်းနှိုက် မန္နမုန့်ထည့်ထားလဲ့ ဆွေအိုး၊ အဖူးထွက်လဲ့ အာရုန်ရဲ့ လှံတံနဲ့ ပညတ်တော်များ ရေးထားလဲ့ ကျောက်ပြားနေပြား ဆိအယ်။
HEB 9:5 သေတ္တာပေါ်တွင် ဘုန်းအသရေနဲ့ ပြေ့စုံသော ခေရုဗိမ်များ ဆိအယ်၊ အဲသူလို့ဟ ဘုရားသခင် ကိန်းဝပ်ခြင်းဟို သရုပ်ဖော်ကြအယ်၊ သူလို့ရဲ့ အတောင်များဟ အပစ်ဖြေရာ ပလ္လင်ဟို ဖြန့်လျက်နေအယ်။ အဲအရာများဟို အခု အသေးစိတ်ဖော်ပြရန် မလိုပေ။
HEB 9:6 အေးအရာလို့ဟို ပြင်ဆင်ပီးသောအခါ ယဇ်ပုရောဟိတ်လို့ဟ မိမိလို့ရဲ့ တာဝန်များဟို ဆောင်ရွက်ရာတွင် တဲတော်ရဲ့ ပထမအခန်းဟို နေ့စဉ် ဝင်ရကြအယ်။
HEB 9:7 အားပေမဲ့ ယဇ်ပုရောဟိတ်မင်း တပါးတည်းသာ တဲတော်ရဲ့ ဒုတိယအခန်းဟို ဝင်ရအယ်၊ သူဟ ဟေဟို ဝင်ရတာဟလည်း တနှစ် တကြိမ်သာ ဖြစ်ပင်း မိမိရဲ့ အတွက် လည်းကောင်း၊ လူလို့ မသိနားမလည်ယွေ့ ကျူးလွန်မိသော အပစ်များအတွက် လည်းကောင်း၊ ပူဇော်ရန် သွေးဟို ယူဆောင်ယွေ့ ဝင်ရအယ်။
HEB 9:8 ဟေထုံးစံအရ တဲတော်ရဲ့ ပထမခန်း တည်ဆိနေသမျှ ကာလပတ်လုံး ရမ်းဆာ့ သန့်ဆှင်းရာ ဌာနတော်ဟို ဝင်ရန် လမ်းဟ ပိတ်လျက်ဆိမယ်ဖြစ်ကျောန်း သန့်ဆှင်းသော ဝိညာဉ်တော်ဟ ဆှင်းလင်းစွာ သွန်သင်အယ်။
HEB 9:9 အဲတဲတော်ဟ ဟေမျက်မှောက်ကာလအတွက် ပုံဥပမာ ဖြစ်ယွေ့ ပူဇော်သကာနဲ့ ယဇ်လို့ဟ ဝတ်ပြုသူရဲ့ စိတ်နေလုံးဟို မစုံလင်စေနိန်ကျောန်း ဖော်ပြအယ်။
HEB 9:10 အဲအရာလို့ဟ စားစရာ၊ သောက်စရာနဲ့ ဆေးကြောသန့်စင်ခြင်း ဝတ်များနဲ့ဆိုင်အယ်။ ဟေဟာဟ ပြင်ပနဲ့ ဆိုင်လဲ့ စည်းမျဉ်းများ ဖြစ်ယွေ့ ခပ်သိမ်းသောအရာလို့ဟို ဘုရားသခင် အသစ်ပြုပြင်မဲ့ ကာလတိုင်အောန်သာ တည်ဆိနေကြအယ်။
HEB 9:11 အားပေမဲ့ ခရစ်တော်ဟ ရောက်ဆိလာပင်းနောက် ကောင်းသောအရာများနဲ့ ဆိုင်သော ယဇ်ပုရောဟိတ်မင်းအဖြစ် ကြွလာပီ။ ကိုယ်တော်အမှုတော်ဆောင်ရာ တဲတော်ဟ ပိုယွေ့ ကြီးမြတ်ပင်း ပီးပြေ့စုံအယ်၊ အဲတဲတော်ဟ လူ့လက်ဖြင့် တည်ဆောက်တာ မဟုတ်၊ ဟေဖန်ဆင်းခံ လောကနဲ့ မဆိုင်။
HEB 9:12 ကိုယ်တော်ဟ ရမ်းဆာ့သန့်ဆှင်းရာ ဌာနတော်ထဲဟို တကြိမ်တည်း အပီး ဝင်သောအခါ ယဇ်ပူဇော်ရန် ဆိတ်နဲ့ နွားသငယ်လို့ရဲ့ အသွေးဖြင့် မဟုတ်ဘဲ၊ မိမိရဲ့ အသွေးတော်အားဖြင့် ဝင်ယွေ့ ငါလို့အား ထာဝရ ကယ်တင်ခြင်းဟို ပေးအယ်။
HEB 9:13 အကျောန်းမှာ ညစ်ညူးခြင်းဆိသော သူလို့အပေါ် ပက်ဖျန်းသော ဆိတ်အသွေး၊ နွားအသွေးနဲ့ နွားမသငယ်ရဲ့ ပြာလို့ဟ ကိုယ်ကာယဟို စင်ကြယ်စေယွေ့ သူလို့ဟို သန့်ဆှင်းစေတာဆိုရင်၊
HEB 9:14 ခရစ်တော်ရဲ့ အသွေးဟ အဲအရာလို့ထက် စလောက်ပိုယွေ့ သန့်ဆှင်းနိန်လိမ့်မလုန်း၊ ခရစ်တော်ဟ ထာဝရ ဝိညာဉ်တော်အားဖြင့် မိမိတတ်တိုင်း အပစ်အနာအဆာ ကင်းလဲ့ ယဇ်ကောင်အဖြစ်ဖြင့် ဘုရားသခင်အား ပူဇော်ဆက်သအယ်။ အသက်ဆှင်သော ဘုရားသခင်ရဲ့ အစေဟို ငါလို့ ဆောင်ရွက်နိန်ကြစေရန် ခရစ်တော်ရဲ့ အသွေးဟ အကျိုးမဲ့လဲ့ လုပ်ထုံးလုပ်နည်းများဟို လိုက်နာမှုကျောန့် မစင်ကြယ်သော ငါလို့ရဲ့ အသိစိတ်ဟို စင်ကြယ်စေလိမ့်မယ်။
HEB 9:15 အဲကျောန့် ခရစ်တော်ဟ ပဋိညာဉ်သစ်ရဲ့ ကြားဝင်စေ့စပ်သူ ဖြစ်အယ်၊ ဟေဟာဟ ပထမ ပဋိညာဉ် လက်အောက်နှိုက် ဖောက်ဖျက်ကျူးလွန်သော အပစ်များမှ လူလို့ဟို ရွေးနုတ်ရန် ကိုယ်တော်ဟ အသေခံခြင်းအားဖြင့် ခေါ်ယူသောသူလို့ဟ ထာဝရ အမွေနဲ့ဆိုင်သော ကတိတော်ဟို ရဆိမဲ့ အကျောန်းဖြစ်အယ်။
HEB 9:16 သေတမ်းစာ အတည်ဖြစ်နိန်ရန် သေတမ်းစာဟို ရေးသားခဲ့သူဟ အမန်သေပီ ဖြစ်ကျောန်း အထောက်အထား ပြရမယ်။
HEB 9:17 သေတမ်းစာရေးသူ အသက်ဆှင်နေစဉ် သူရဲ့ သေတမ်းစာဟ အတည် မဖြစ်၊ အဲသူသေဆုံးပင်းမှသာ အတည် ဖြစ်အယ်။
HEB 9:18 အဲပထမ ပဋိညာဉ်ပင် အသွေးဖြင့် အတည် ဖြစ်အယ်။
HEB 9:19 မောရှေဟ ပညတ်တရားတွင် ပါဆိလဲ့ ပညတ်ဆိသမျှလို့ဟို လူအားလုံးလို့အား နီမြန်းသော သိုးမွေးနဲ့ ဟုဿုပ်ပင်ခက်ဟို အသုံးပြုကာ ယေနဲ့ ရောသော နွားအသွေး၊ ဆိတ်အသွေးဖြင့် ပညတ်ကျမ်းစာဟို လည်းကောင်း၊ လူအားလုံးလို့ဟို လည်းကောင်း၊ ပက်ဖျန်းအယ်။
HEB 9:20 အေးနောက် မောရှေဟ “ဟေအသွေးဟ နင်လို့ လိုက်နာရန် ဘုရားသခင် ပေးအပ်သော ပဋိညာဉ်နဲ့ဆိုင်သော အသွေးဟို အတည် ဖြစ်စေအယ်” ဟု ဆိုအယ်။
HEB 9:21 အေးတိုင်းတိုင်း မောရှေဟ တဲတော်နဲ့တကွ ဝတ်ပြုကိုးကွယ်ရာတွင် အသုံးပြုလဲ့ တန်ဆာဆိသမျှဟိုလည်း အသွေးဖြင့် ပက်ဖျန်းအယ်။
HEB 9:22 ပညတ်တရားအရ အရာခပ်သိမ်းဟ အသွေးအားဖြင့် သန့်ဆှင်းစေအယ်၊ အသွေး သွန်းလောင်းခြင်း မဆိရင် အပစ်ခွင့်လွှတ်ခြင်း မဆိ။
HEB 9:23 အဲကျောန့် ခေါန်းခင်ဘုံနှိုက်ဆိသော အရာလို့ရဲ့ နမူနာများဟို အေးအရာများအားဖြင့် စင်ကြယ်စေရန် လိုအပ်အယ်။ အားပေမဲ့ ခေါန်းခင်နှိုက် ဆိသောအရာစစ်လို့ဟို အေးအရာများထက် သာယွေ့ မြတ်သောယဇ်အားဖြင့် သန့်ဆှင်းစေရန် လိုအပ်အယ်။
HEB 9:24 အကျောန်းမှာ ခရစ်တော်ဟ စစ်မန်သောအရာလို့ရဲ့ ပုံတူမျှသာဖြစ်လဲ့ လူ့လက်ဖြင့် တည်ဆောက်သော သန့်ဆှင်းရာ ဌာနထဲဟို မဝင်ဘဲ ငါလို့ကိုယ်စား အခု ဘုရားသခင်ရဲ့ ဆေ့နှိုက် ထင်ဆှားရန် ခေါန်းခင်ထဲဟို ဝင်အယ်။
HEB 9:25 ယဇ်ပုရောဟိတ်မင်းဟ တိရစ္ဆာန်များရဲ့ အသွေးဟို ယူယွေ့ နှစ်စဉ်နှစ်တိုင်း အသန့်ဆှင်းဆုံး ဌာနတော်ဟို ဝင်လေ့ဆိအယ်။ ခရစ်တော်ဟ ဟေလို ကြိမ်ဖန်များစွာ မိမိတတ်တိုင်း ပူဇော်ရန် မလို။
HEB 9:26 ဟေလို ပူဇော်ရရင် ကမ္ဘာတည်ချိန်မှ စယွေ့ ဒုက္ခဝေဒနာဟို အကြိမ်ကြိမ် ခံစားရလိမ့်မယ်။ အခုမှာ မိမိတတ်တိုင်း ပူဇော်ခြင်းအားဖြင့် အပစ်တရားဟို ပယ်လောရန် ကပ်ကာလအဆုံးနှိုက် တကြိမ်တည်း ပေါ်ထွန်းလာမယ်။
HEB 9:27 လူဟ တကြိမ်တည်း သေယွေ့ အေးနောက်မှ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းဟို ခံရအယ်။
HEB 9:28 အေးတိုင်းတိုင်း ခရစ်တော်ဟလည်း လူအများရဲ့ အပစ်ဟို ဖြေလွှတ်ရန်အတွက် မိမိကိုယ်ဟို တကြိမ်တည်း ပူဇော်အယ်။ အပစ်ဟို ပယ်လောရန် မဟုတ်ဘဲ မိမိဟို စောင့်မျော်နေသူလို့အား ကယ်တင်ရန် ဒုတိယအကြိမ် ကြွလာလိမ့်မယ်။
HEB 10:1 ပညတ်တရားဟ နောင်လာမဲ့ ကောင်းသောအရာများရဲ့ အရိပ်မျှသာ ဖြစ်ပင်း ၎င်းလို့ရဲ့ ပုံသဏ္ဌာန် အစစ်အမန် မဟုတ်သောကျောန့် နှစ်စဉ် အမြဲမပြတ် ပူဇော်နေလဲ့ တူညီသောယဇ်များအားဖြင့် အထံတော်သို့ ချဉ်းကပ်သောသူလို့ဟို မစုံလင်စေနိန်၊
HEB 10:2 အကယ်ယွေ့ စုံလင်စေနိန်ခဲ့ရင် ကိုးကွယ်သောသူလို့ဟ တခါတည်းနဲ့ သန့်ဆှင်းခြင်းဟို ရောက်လျက် အပစ်ဆိတာဟု အသိစိတ် မဆိတော့သဖြင့် ယဇ်ပူဇော်ခြင်းဟို ရပ်တန့်ကြလိမ့်မယ် မဟုတ်လော။
HEB 10:3 အားပေမဲ့ ဟေလို ပူဇော်ခြင်းအားဖြင့် အပစ်များဟို နှစ်စဉ် ပြန်လည်အောက်မေ့ကြအယ်။
HEB 10:4 အကျောန်းမှာ နွားနဲ့ ဆိတ်လို့ရဲ့ အသွေးဟ အပစ်များဟို မဖယ်ဆှားနိန်။
HEB 10:5 အဲကျောန့် ခရစ်တော်ဟ ဟေလောကဟို ကြွလာသောအခါ ဘုရားသခင်အား၊ “ကိုယ်တော်ဟ ယဇ်နဲ့ ပူဇော်သကာဟို အလို မဆိဘဲ ငါလို့အတွက် ကိုယ်ခန္ဓာဟို ပြင်ဆင်ထားအယ်။
HEB 10:6 မီးရှို့ရာယဇ်နဲ့ အပစ်ဖြေရာ ပူဇော်သကာလို့ဟို ကိုယ်တော် နှစ်သက်တော်မမူ။
HEB 10:7 အဲကျောန့် ပညတ်ကျမ်းစာတွင် ငါ့အကျောန်းဟို ရေးသားထားလဲ့အတိုင်း ‘အို ဘုရားသခင်၊ ငါဟ အလိုတော်ဟို ဆောင်ရွက်ရန် ရောက်လာပီ’ ဟု ငါ ဝန်ခံအယ်” ဟု ဆှောက်ထားအယ်။
HEB 10:8 ကိုယ်တော်ဟ “မီးရှို့ရာယဇ်နဲ့ အပစ်ဖြေရာယဇ် အစဆိသော ယဇ်များနဲ့ ပူဇော်သကာများ ပညတ်တရားအရ ပြုအပ်လဲ့ဝတ်များပင် ဖြစ်သော်လည်း အဲအရာများဟို ဘုရားသခင် အလိုမဆိကျောန်း အားရနှစ်သက်ခြင်းလည်း မဆိ” ဟု ဦးရင် ဖော်ပြအယ်။
HEB 10:9 အဲပင်းရင် “ကိုယ်တော်ရဲ့ အလိုတော်ဟို ဆောင်ရွက်ရန် ငါလာအယ်” ဟု ဆိုအယ်။ အေးလိုဖြင့် ကိုယ်တော်ဟ ဒုတိယ ပူဇော်ခြင်းဟို တည်စေရန် ပထမ ပူဇော်ခြင်းဟို ပယ်ဖျက်အယ်။
HEB 10:10 အေးအလိုတော်နဲ့အညီ ယေရှု ခရစ်တော်ရဲ့ ကိုယ်ခန္ဓာဟို တကြိမ်တည်းနဲ့အပီး ပူဇော်ခြင်းအားဖြင့် ငါလို့ဟ သန့်ဆှင်းစေခြင်း ခံရကြအယ်။
HEB 10:11 ယဇ်ပုရောဟိတ် အားလုံးဟ နေ့စဉ်နေ့တိုင်း ရပ်ယွေ့ ဝတ်ပြုကာ အပစ်များဟို မဖယ်ဆှားနိန်လဲ့ တူညီသောယဇ်ဟို အကြိမ်ကြိမ် ပူဇော်နေကြအယ်။
HEB 10:12 အားပေမဲ့ ခရစ်တော်ဟ တခုတည်းသောယဇ်ဟို အပစ်များအတွက် ထာဝစဉ် ပူဇော်ပင်းရင် အဲအချိန်မှစယွေ့ ဘုရားသခင်ရဲ့ လက်ယာဘက်နှိုက် ထိန်လျက်
HEB 10:13 မိမိရဲ့ ရန်သူလို့ဟ မိမိခြေတင်ရာအဖြစ် ချထားခြင်း ခံရလဲ့တိုင်အောန် စောင့်ဆိုင်းနေအယ်။
HEB 10:14 အကျောန်းမှာ ကိုယ်တော်ဟ တခါတည်းသော ပူဇော်သကာအားဖြင့် သန့်ဆှင်းစေခြင်း ခံရသောသူလို့အား ထာဝစဉ် စုံလင်စေအယ်။
HEB 10:15 သန့်ဆှင်းသော ဝိညာဉ်တော်ဟလည်း ငါလို့အား သက်သေခံယွေ့
HEB 10:16 “ထာဝရဘုရားဟ အဲနေ့ရက်များနောက်တွင် သူလို့နဲ့ ငါပြုမဲ့ ပဋိညာဉ်ဟ ဟေလိုတည်း။ ငါဟ ငါရဲ့ ပညတ်တရားလို့ဟို သူလို့ရဲ့ စိတ်နေလုံးထဲတွင် ထည့်သွင်းယွေ့ သူလို့ရဲ့ နေလုံးသားပေါ်မှာ ရေးထားမယ်” ဟု ဦးရင် သက်သေခံအယ်။
HEB 10:17 အဲပင်းရင် သန့်ဆှင်းသော ဝိညာဉ်တော်ဟ “သူလို့ရဲ့ အပစ်များနဲ့ ဆိုးသွမ်းမှုများဟို ငါ သတိရတော့မှာ မဟုတ်” ဟု မိန့်အယ်။
HEB 10:18 ဟေအပစ် ဖြေလွှတ်ခွင့် ရဆိကြသောအခါ ကျေးဇူးဆိလဲ့နေရာတွင် အပစ်အတွက် ပူဇော်သကာများဟို ဆက်သရန် လိုတော့မယ် မဟုတ်။
HEB 10:19 အဲလိုမို့ ညီအကို မောင်နှမလို့၊ ယေရှုရဲ့ အသွေးတော်အားဖြင့် ရမ်းဆာ့ အသန့်ဆှင်းဆုံး ဌာနထဲဟို ယုံကြည်စိတ်ချစွာဖြင့် ဝင်ခွင့်ဆိအယ်။
HEB 10:20 အဲအသွေးတော်အားဖြင့် ကိုယ်တော်ဟ မိမိကိုယ်ခန္ဓာ တည်းဟူသော ကန့်လန့်ကာမှ တဆင့် ငါလို့အတွက် အသက်ဆှင်လဲ့ လမ်းသစ်ဟို ပြင်ဆင်ပေးအယ်။
HEB 10:21 ငါလို့နှိုက် ဘုရားသခင်ရဲ့ အိုင်တော်ဟို အုပ်စိုးလဲ့ ကြီးမြတ်သော ယဇ်ပုရောဟိတ် ဆိတာဖြစ်ယွေ့
HEB 10:22 ငါလို့ရဲ့ စိတ်နေလုံးဟို ဆိုးညစ်သော အသိစိတ်နဲ့ ကင်းစင်စေရန် ပက်ဖျန်းခြင်း ခံယူလျက် ကိုယ်ခန္ဓာဟိုလည်း စင်ကြယ်သော ယေဖြင့် ဆေးကြောကာ ယုံကြည်ခြင်းနဲ့ ဆိုင်သော စိတ်ချမှု အပြေ့အဝနဲ့ ဖြောင့်မတ်သော စိတ်နေလုံးလို့ဖြင့် အထံတော်ဟို တိုးဝင် ချဉ်းကပ်ကြစို့။
HEB 10:23 ငါလို့ဟ ဘုရားသခင်ရဲ့ ကတိတော်ဟို စိတ်ချယုံကြည်နိန်တာ ဖြစ်ယွေ့ မိမိလို့ ဝန်ခံသော မျော်လင့်ခြင်းဟို စွဲကိုင်ထားကြစို့။
HEB 10:24 အေးအပြင် မေတ္တာစိတ် ဆိစေရန် လည်းကောင်း၊ ကောင်းသောအကျင့်ဟို ကျင့်စေရန် လည်းကောင်း၊ တိုက်တွန်းနှိုးဆော်ရသော အခွင့်ဟို ဆှာယွေ့ အချင်းချင်း တယောက်ဟို တယောက် ကျေ့ရှုကြစို့။
HEB 10:25 အချို့သောသူလို့ ပြုလေ့ဆိသလို အတူတကွ စည်းဝေးခြင်းအမှုဟို မပစ်ပယ်ဘဲ အချင်းချင်း တိုက်တွန်းနှိုးဆော်ယွေ့ နေ့ရက် နီးကပ်လာတာဟို တွေ့မျော်သလို သာယွေ့ အားပေးကြစို့။
HEB 10:26 အကျောန်းမှာ ငါလို့ဟ သမ္မာတရားနဲ့ဆိုင်လဲ့ စစ်မန်သော အသိပညာဟို ရဆိပင်း တမင်တကာ ဆက်ယွေ့ အပစ်ပြုရင် အပစ်ဖြေရာယဇ် မဆိတော့ဘဲ
HEB 10:27 တရားစီရင်ခြင်းဟို လည်းကောင်း၊ ဘုရားသခင်ဟို အတိုက်အခံပြုသူလို့အား ကျွမ်းလောင်စေမဲ့ အမျက်တော် မီးဟို လည်းကောင်း၊ ကြောက်ရွံ့လျက် စောင့်မျော်နေကြရန် ဆိတော့အယ်။
HEB 10:28 မောရှေရဲ့ ပညတ်တရားဟို ငြင်းပယ်သောသူဟ သက်သေနေဦး အဲဟာမဟုတ်ရင် သုံးဦးရဲ့ သက်သေခံချက်အားဖြင့် သနားခြင်း မဆိဘဲ သေဒဏ်ပေးခြင်းဟို ခံရကြအယ်။
HEB 10:29 ဘုရားသခင်ရဲ့ သားတော်ဟို ခြေဖြင့် ကျော်နင်းယွေ့ မိမိအား အပစ်မှ သန့်ဆှင်းစေလဲ့ ပဋိညာဉ်တရားဆိုင်ရာ အသွေးတော်ဟို မထီမဲ့မြင်ပြုလျက် ကျေးဇူးတော်ဟို ပေးလဲ့ ဝိညာဉ်တော်ဟို စော်ကားသောသူဟ စလောက်ကြီးလေးသော အပစ်ဒဏ်ခံရမယ်ဟို စဉ်းစားယွေ့ ကျေ့ကြလော့။
HEB 10:30 အကျောန်းမှာ “ငါဟ လက်စားချေပိုင်သူ ဖြစ်ယွေ့ ငါဟ ဆပ်ပေးမယ်” ဟု လည်းကောင်း၊ “ထာဝရဘုရားဟ မိမိရဲ့ လူမျိုးလို့အား တရားစီရင်လိမ့်မယ်” ဟု လည်းကောင်း၊ မိန့်သောသူဟ စသူဖြစ်တာဟို ငါလို့ သိကြအယ်။
HEB 10:31 အသက်ဆှင်သော ဘုရားသခင်ရဲ့ လက်တော်ဟို ကျရောက်ခြင်းဟ ကြောက်လန့်ဖွယ် ကောင်းအယ်။
HEB 10:32 မခင် နေ့ရက်များဟို သတိရကြလော့။ အဲအခါ နင်လို့ဟ ဘုရားသခင်ရဲ့ အလင်းဟို ခံယူရဆိပင်းနောက် ဆင်းရဲဒုက္ခဟို ပြင်းထန်စွာ ခံစားကြရသော်လည်း ခံနိန်ရည် ဆိခဲ့ကြအယ်။
HEB 10:33 နင်လို့ဟ တခါတရံ လူလို့ဆေ့နှိုက် ကဲ့ရဲ့ညှဉ်းဆဲခြင်းဟို ခံကြရအယ်၊ တခါတရံ အခြားသူလို့ ကဲ့ရဲ့ညှဉ်းဆဲခြင်း ခံရသောအခါနှိုက် နင်လို့ဟလည်း ပါဝင် ကဲ့ရဲ့ညှဉ်းဆဲခြင်း ခံရန် အသင့်ဆိကြအယ်။
HEB 10:34 နင်လို့ဟ အကျဉ်းခံ နေရသူလို့အတွက်ကျောန့် ကြင်နာသော စိတ်ဆိကြအယ်၊ မိမိလို့ရဲ့ ဥစ္စာပစ္စည်းများဟို မတရားသိမ်းယူတာဟိုလည်း ဝမ်းမြောက်စွာ ခံကြအယ်၊ ပစာကို့ မိမိလို့နှိုက် အေးအရာများထက် ပိုယွေ့ ကောင်းမြတ်တည်မြဲသောအရာ ဆိကျောန်းဟို သိကြသောကျောန့် ဖြစ်အယ်။
HEB 10:35 အဲကျောန့် ကြီးမြတ်သော အကျိုးကျေးဇူးဆိလဲ့ နင်လို့ရဲ့ ယုံကြည်စိတ်ချမှုဟို မပယ်လောကြနဲ့။
HEB 10:36 ဘုရားသခင်ရဲ့ အလိုတော်ဟို ဆောင်ရွက်ပင်း ကတိတော်ဟို ခံစားရဆိနိန်ရန် နင်လို့နှိုက် လိုအပ်သောအရာမှာ သည်းခံခြင်း ဖြစ်အယ်။
HEB 10:37 အကျောန်းမှာ “ကြွလာမဲ့သူဟ မဆိုင်းမလင့်ဘဲ ကတစ်အတွင်းနှိုက် ကြွလာလိမ့်မယ် နှောင့်နှေးလျက် နေလိမ့်မယ် မဟုတ်။
HEB 10:38 အားပေမဲ့ ငါရဲ့ ဖြောင့်မတ်သောသူဟ ယုံကြည်ခြင်းအားဖြင့် အသက်ဆှင်မယ်။ သူဟ တွန့်ဆုတ်ရင် ငါရဲ့ စိတ်ဝိညာဉ်ဟ သူ့ဟို နှစ်သက်မယ် မဟုတ်” ဟု ဖော်ပြထားအယ်။
HEB 10:39 အားပေမဲ့ ငါလို့ဟ တွန့်ဆုတ်ရင် ပျက်စီးခြင်းဟို ရောက်သောသူများ မဟုတ်ဘဲ ယုံကြည်လျက် အသက်ဟို ပိုင်ဆိုင်သောသူများ ဖြစ်ကြအယ်။
HEB 11:1 ယုံကြည်ခြင်းဟ မျော်လင့်သောအရာလို့ဟို စိတ်ချမှုဆိခြင်းနဲ့ မမျော်ရသောအရာလို့ဟို သိမှတ်စွဲလမ်းခြင်း ဖြစ်အယ်။
HEB 11:2 ယုံကြည်ခြင်းကျောန့် ဆေ့လူလို့ဟ ဘုရားသခင်ရဲ့ ချီးမွန်းခြင်းဟို ခံရကြအယ်။
HEB 11:3 မမျော်နိန်သောအရာထဲမှ မျော်ရသောအရာ ဖြစ်ပေါ်လာစေရန် ဘုရားသခင်ဟ အမိန့်တော်အားဖြင့် လောကဓာတ်ဟို ဖန်ဆင်းကျောန်းဟို ငါလို့ သိကြရတာဟ ယုံကြည်ခြင်းကျောန့် ဖြစ်အယ်။
HEB 11:4 ယုံကြည်ခြင်းအားဖြင့် အာဗေလဟ ကာဣနထက် မြတ်လဲ့ယဇ်ဟို ဘုရားသခင်အား ပူဇော်ခဲ့ပင်း အေးယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သောသူအဖြစ် အသိမှတ်ပြုခြင်း ခံရအယ်။ အကျောန်းမှာ ဘုရားသခင်ဟ သူရဲ့ ပူဇော်သကာများဟို အသိမှတ်ပြုအယ်။ သူဟ သေလွန်သော်လည်း မိမိရဲ့ ယုံကြည်ခြင်းအားဖြင့် အခုတိုင်အောန် တရားဟောနေသေးအယ်။
HEB 11:5 ယုံကြည်ခြင်းအားဖြင့် ဧနောက်ဟ သေခြင်းနဲ့ မကြုံတွေ့ရဘဲ ဖဝါ့ ပြောင်းခွင့်ရအယ်၊ ဘုရားသခင်ဟ သူ့အား ဖဝါ့ ပြောင်းစေသောကျောန့် သူ့ဟို မမျော်ရကြ။ သူဟ ဖဝါ့ မပြောင်းမီ ဘုရားသခင်ရဲ့ စိတ်တော်နဲ့ တွေ့သောသူဖြစ်သောကျောန့် အသိမှတ်ပြုခြင်းဟို ခံရအယ်။
HEB 11:6 ယုံကြည်ခြင်း မဆိသူရင် ဘုရားသခင်ရဲ့ စိတ်တော်နဲ့ မတွေ့နိန်၊ အကျောန်းမှာ ဘုရားသခင်ဆေဟို ချဉ်းကပ်သောသူဟ ကိုယ်တော်ဆိကျောန်းဟို လည်းကောင်း၊ ကိုယ်တော်ဟ မိမိဟို ဆှာသောသူအား အကျိုးပေးကျောန်းဟို လည်းကောင်း၊ ယုံကြည်ရမယ်။
HEB 11:7 နောဧဟ မမျော်ရသေးသောအရာများနဲ့ ပတ်သက်ယွေ့ ဗျာဒိတ်တော်ရသောခါ ကြောက်ရွံ့ရိုသေသောစိတ် ဆိယွေ့ မိမိအိုင်သူအိုင်သားလို့ ကယ်တင်ခြင်း ခံရရန်အတွက် ယုံကြည်ခြင်းအားဖြင့် သင်္ဘောဟို တည်ဆောက်အယ်။ အေးယုံကြည်ခြင်းအားဖြင့် သူဟ လောကရဲ့ အပစ်ဟို ထင်ဆှားစေယွေ့ ယုံကြည်ခြင်းအားဖြင့် ရဆိသော ဖြောင့်မတ်ခြင်းဟို အမွေဆက်ခံသူ ဖြစ်လာအယ်။
HEB 11:8 အာဗြဟံဟ အမွေအဖြစ် ဆက်ခံရမဲ့ ပြေဟို ထွက်ခွာသွားရန် ခေါ်ယူခြင်း ခံရသောအခါ ပစာအရပ်ဟို သွားရမယ် မသိဘဲ ယုံကြည်ခြင်းအားဖြင့် နာခံယွေ့ ထွက်သွားအယ်။
HEB 11:9 သူဟ ယုံကြည်ခြင်းအားဖြင့် ကတိထားသောပြေနှိုက် ဧည့်သည်လို ဧည့်သည်အဖြစ် နေထိန်ယွေ့ တခုတည်းသော ကတိတော်ဟို အတူတကွ အမွေဆက်ခံသူများဖြစ်ကြသော ဣဇက်နဲ့ ယာကုပ်လို့နဲ့အတူ တဲများတွင် နေထိန်ကြအယ်။
HEB 11:10 အကျောန်းမှာ သူဟ ဘုရားသခင် စီမံယွေ့ တည်ဆောက်သော ခိုင်ခံ့လဲ့ အုတ်မြစ်ဆိသော မြို့ဟို မျော်လင့်အယ်။
HEB 11:11 အာဗြဟံဟ အိုလာပီ၊ စာရာဟလည်း သားမဖွားနိန်သော အသက်ရွယ်လွန်ပီ၊ အားပေမဲ့ အာဗြဟံဟ ယုံကြည်ခြင်းအားဖြင့် အဖ ဖြစ်လာအယ်။ အကျောန်းမှာ ကတိပေးသော သူ ဟ သစ္စာတည်တာဟု ယုံကြည်သောကျောန့် ဖြစ်အယ်။
HEB 11:12 ဟေလိုဖြင့် ခေါန်းခင်ကြယ်များလို လည်းကောင်း၊ ပင်လယ်ကမ်းခြေနှိုက် မရေတွက်နိန်သော သဲပွင့်များလို လည်းကောင်း၊ များစွာသောသူလို့ဟ သေသူလိုဖြစ်သော လူတဦးဆေမှ ပေါက်ဖွားလာကြအယ်။
HEB 11:13 အေးလူအပေါင်းလို့ဟ ကတိပေးသောအရာများဟို မခံစားရသော်လည်း ဟေအရာလို့ဟို အဝေးမှ မျော်ယွေ့ ကြိုဆိုလက်ခံကာ မိမိလို့ဟ မြေကြီးပေါ်နှိုက် ဧည့်သည်များနဲ့ သူစိမ်း ဧည့်သည်များသာ ဖြစ်ကျောန်း ဝန်ခံလျက် ယုံကြည်ရင်း သေလွန်ကြအယ်။
HEB 11:14 အေးလို ဝန်ခံသောသူလို့ဟ မိမိလို့ နေရင်းပြေဟို ကြိုးစားဆှာဖွေကျောန်း ထင်ဆှားစေကြအယ်။
HEB 11:15 သူလို့ဟ မိမိလို့ ထွက်ခွာလာခဲ့လဲ့ ပြေဟို တမ်းတလျက် နေကြတာ မဟုတ်၊ အေးပြေဟို တမ်းတရင် ပြန်နိန်ရန် အခွင့်ဟို ရဆိကြအယ်။
HEB 11:16 အေးအစား သူလို့ဟ အထက်ခေါန်းခင်နှိုက် ဆိလဲ့ပြေတည်းဟူသော သာယွေ့ မြတ်သောပြေဟို ရမ်းဆာ့ တောင့်တနေကြအယ်။ အဲကျောန့် ဘုရားသခင်ဟ သူလို့ရဲ့ ဘုရားဟု ခေါ်ခြင်းခံရတာဟို ဆှက်ဝူး၊ ပစာကို့ ကိုယ်တော်ဟ သူလို့အတွက် မြို့ဟို ပြင်ဆင်ထားအယ်။
HEB 11:17 အာဗြဟံဟ ဘုရားသခင်ရဲ့ စမ်းသပ်စစ်ဆေးခြင်းဟို ခံရသောအခါ ယုံကြည်ခြင်းအားဖြင့် ဣဇက်ဟို ပူဇော်အယ်။ ကတိတော်များဟို ရဆိထားသောသူဟ တဦးတည်းသောသားဟို ပူဇော်ရန် ပြင်ဆင်အယ်၊
HEB 11:18 ဘုရားသခင်ဟ သူ့အား “ဣဇက်မှ ဆင်းသက်သောသူဟ နင်ရဲ့ အမျိုးအနွယ်ဟု ခေါ်ခြင်း ခံရလိမ့်မယ်” ဟု ဆိုထားအယ်။
HEB 11:19 ဘုရားသခင်ဟ သေလွန်သောသူလို့ဟိုပင် ထမြောက်စေနိန်တာဟု သူဟ မှတ်ယူလျက် အေးလို ပူဇော်အယ်၊ ပုံဥပမာအဖြစ်ဆိုရင် သူဟ အေးသားဟို သေခြင်းမှ ပြန်ရခဲ့အယ်။
HEB 11:20 ဣဇက်ဟ ယုံကြည်ခြင်းအားဖြင့် အနာဂတ်ကာလဟို ရည်မှန်းယွေ့ ယာကုပ်နဲ့ ဧသောအား ကောင်းချီးပေးအယ်။
HEB 11:21 ယာကုပ်ဟ သေချိန်နီးသောအခါ ယုံကြည်ခြင်းအားဖြင့် ယောသပ်ရဲ့ သားနေယောက်ဟို ကောင်းချီးပေးအယ်၊ သူဟ မိမိရဲ့ တောင်ဝှေးထိပ်ဟို မှီပင်း ဘုရားသခင်အား ပျပ်ဝပ် ကိုးကွယ်လေအယ်။
HEB 11:22 ယောသပ်ဟ သေချိန်နီးသောအခါ ယုံကြည်ခြင်းအားဖြင့် ဣသရေလ အမျိုးသားလို့ရဲ့ ထွက်မြောက်ခြင်းအကျောန်းဟို ပြောပြလျက် မိမိရဲ့ အရိုးလို့နဲ့ ပတ်သက်ယွေ့ မှာထားခဲ့အယ်။
HEB 11:23 မောရှေဟို ဖွားမျော်ပင်းနောက် သူရဲ့ မိဘလို့ဟ ယုံကြည်ခြင်းအားဖြင့် သူ့အား သုံးလတိုင်တိုင် အောင်းထားကြအယ်၊ ပစာကို့ သူဟ ချစ်မွေးဆိလဲ့ လူပဲ့ငယ်ဖြစ်သဖြင့် သူလို့ဟ ဆှင်ဘုရင်ရဲ့ အမိန့်ဟိုပင် လွန်ဆန်ရန် မကြောက်ကြ။
HEB 11:24 မောရှေဟ ကြီးပြင်းလာသောအခါ ယုံကြည်ခြင်းအားဖြင့် ဖာရောဘုရင် သမီးရဲ့ သားဟု အခေါ်မခံဘဲ နေအယ်။
HEB 11:25 သူဟ ခဏတာမျှ အပစ်နှိုက် ပျော်မွေ့ရတာထက် ဘုရားသခင်ရဲ့ လူမျိုးတော်နဲ့အတူ ဆင်းရဲဒုက္ခခံရတာဟို ပိုယွေ့ လိုလားအယ်။
HEB 11:26 သူဟ အကျိုးကျေးဇူးဟို ဆေ့ရှုမျော်မှန်းလျက် နေသောကျောန့် ခရစ်တော်အတွက် ကဲ့ရဲ့ပစ်တင်ခြင်း ခံရတာဟို အဲဂုတ္တုပြေရဲ့ ဥစ္စာဘဏ္ဍာများထက် ပိုယွေ့ မြတ်လဲ့ စည်းစိမ်ဖြစ်တာဟု မှတ်ယူအယ်။
HEB 11:27 မောရှေဟ ယုံကြည်ခြင်းအားဖြင့် ဆှင်ဘုရင်ရဲ့ အမျက်တော်သင့်မယ်ဟို မကြောက်ဘဲ အဲဂုတ္တုပြေမှ ထွက်ခွာခဲ့အယ်၊ သူဟ မျက်စေ့ဖြင့် မတွေ့မျော်နိန်သော ဘုရားသခင်အား တွေ့မျော်ရသလို နောက်မဆုတ်ဘဲ နေအယ်။
HEB 11:28 သားဦးများဟို ဖျက်ဆီးသောသူဟ ဣသရေလအမျိုးသားလို့ဟို မထိခိုက်စေရန် သူဟ ယုံကြည်ခြင်းအားဖြင့် ပသခါပွဲနဲ့ သွေးဖျန်းခြင်းလို့ဟို စီမံ ဆောင်ရွက်လေအယ်။
HEB 11:29 ဣသရေလလို့ဟ ယုံကြည်ခြင်းအားဖြင့် ပင်လယ်နီဟို ခြောက်သွေ့သော မြေလို ဖြတ်သွားကြအယ်၊ အဲတိုင်းတိုင်း ပြုရန် ကြံစည်အားထုတ်သော အဲဂုတ္တုအမျိုးသားလို့ဟ နစ်မြှပ်ကြကုန်အယ်။
HEB 11:30 ယုံကြည်ခြင်းအားဖြင့် ဣသရေလအမျိုးသားလို့ဟ ခုနေရက်တိုင်တိုင် ယေရိခေါမြို့ဟို ဝေ့ပင်း ချီတက်ကြပင်းနောက် မြို့ရိုးများဟို ပြိုကျစေအယ်။
HEB 11:31 ပြေ့တန်ဆာ ရာခပ်ဟ ဣသရေလ သူလျှိုလို့အား ဖော်ရွေစွာ လက်ခံခဲ့လဲ့အတွက် ဘုရားသခင်ရဲ့ စကားဟို နားမထောင်သူလို့နဲ့အတူ အသတ်မခံရ။
HEB 11:32 အဲပြင် ထပ်ယွေ့ စလိုအကျောန်းဟို ပြောရဦးမှာလုန်း၊ ဂိဒေါင်၊ ဗာရက်၊ ရှံဆုန်၊ ယေဖသ၊ ဒါဝိဒ်၊ ရှမွေလနဲ့ ပရောဖက်လို့ရဲ့ အကျောန်းများဟို ပြောရင် အချိန်လောက်မယ် မဟုတ်။
HEB 11:33 အဲသူလို့ဟ ယုံကြည်ခြင်းအားဖြင့် တိုင်းနိုင်ငံများဟို အောန်ခြင်း၊ ဖြောင့်မတ်စွာ အုပ်ချုပ်ခြင်း၊ ကတိတော်များဟို ခံစားရခြင်း၊ ခြင်္သေ့ စလောင်ဟို ပိတ်ခြင်း၊
HEB 11:34 မီးအရှိန်ဟို ငြိမ်းစေခြင်း၊ ထားဘေးမှ လွတ်မြောက်ခြင်း၊ အားနည်းရာမှ အားကြီးလာခြင်း၊ စစ်ပွဲနှိုက် ခွန်အားနဲ့ ပြေ့စုံလာယွေ့ တပါးအမျိုးသားလို့ရဲ့ စခန်းများဟို ဖြိုခွင်းခြင်း စလဲ့အမှုများဟို ပြုခဲ့ကြအယ်။
HEB 11:35 မိန်းမလို့ဟ ယုံကြည်ခြင်းအားဖြင့် သေသောသူလို့ထဲမှ ဆှင်ပြန်ထမြောက်စေခြင်း ခံရလဲ့ မိမိလို့နဲ့ဆိုင်သော သူလို့ဟို ပြန်လည်ရဆိကြအယ်။ လူအချို့လို့ဟလည်း သာယွေ့ မြတ်သော ဆှင်ပြန်ထမြောက်ခြင်းဟို ရဆိရန် လွတ်မြောက်ခြင်းဟို မခံယူဘဲ ပြင်းထန်သော နှိပ်စက်ခြင်းဟို ခံယူကြအယ်။
HEB 11:36 အချို့သောသူလို့ဟ ကဲ့ရဲ့ခြင်းနဲ့ ကြိမ်ဒဏ်ပေးခြင်းဟို ခံရကြအယ်၊ အချို့သူလို့ဟ သံကြိုးဖြင့် တုတ်ချေကာ အကျဉ်းချခြင်းဟို ခံရကြအယ်။
HEB 11:37 သူလို့ဟ ခဲနဲ့ ပစ်လောခြင်း၊ လွှနဲ့ တိုက်ဖြတ်ခြင်း၊ ထားနဲ့ ခုတ်သတ်ခြင်းလို့ဟို ခံရကြအယ်။ သူလို့ဟ ဆင်းရဲနွမ်းပါးလျက် နှိပ်စက်ခြင်းဟို ခံယွေ့ မတရားအနိန်ထက် ပြုခြင်းဟို ခံရလျက် သိုးသားယေနဲ့ ဆိတ်သားယေလို့ဟို ဝတ်ယွေ့ သွားလာကြအယ်။
HEB 11:38 ဟေလောကဟ အဲသူလို့နဲ့ မထိုက်တန်၊ သူလို့ဟ တောကန္တာရများ၊ တောင်တန်းများ၊ လိုဏ်ဂူများနဲ့ မြေတွင်းများတွင် လှည့်လည် သွားလာနေကြအယ်။
HEB 11:39 ဟေသူအပေါင်းလို့ဟ ယုံကြည်ခြင်းအားဖြင့် ချီးမွန်းခြင်း ခံရကြသော်လည်း ကတိပေးသောအရာဟို မရဆိခဲ့ကြ။
HEB 11:40 ဘုရားသခင်ဟ ငါလို့အတွက် သာယွေ့ မြတ်လဲ့အရာဟို ကြိုတင် ပြင်ဆင်ပေးတာ ဖြစ်ယွေ့ သူလို့ဟ ငါလို့မပါဘဲ စုံလင်ခြင်းဟို မရောက်နိန်။
HEB 12:1 အဲကျောန့် ဟေမျှလောက် များစွာသော သက်သေလို့ဟ ငါလို့ဟို ဝိုင်းရံလျက် ဆိတာဖြစ်ယွေ့ ငါလို့ဟ လေးသောဝန်နဲ့ အလွယ်တကူ ငြိတွယ်လျက် နေသော အပစ်ဆိသမျှလို့ဟို ဖယ်လောလျက် ငါလို့ မျက်မှောက်နှိုက် ထားသော ပန်းတိုင်ဟို ရောက်ဖို့ အားမလျော့ဘဲ ပြေးကြကုန်စို့။
HEB 12:2 ငါလို့ရဲ့ ယုံကြည်ခြင်းဟို အစပြုဖြစ်တည်စေယွေ့ စုံလင်စေလဲ့သူဖြစ်သော ယေရှုဟို မျက်မှောက်ပြုကြကုန်စို့၊ ကိုယ်တော်ဟ မိမိဆေ့နှိုက် ပြင်ဆင်ထားသော ဝမ်းမြောက်ခြင်းကျောန့် ဆှက်ဖွယ်အရာများဟိုပင် အမှုမထားဘဲ လက်ဝါးကပ်တိုင်နှိုက် ခံပင်းရင် ဘုရားသခင်ရဲ့ ပလ္လင်တော် လက်ယာဘက်နှိုက် ထိန်နေအယ်။
HEB 12:3 အဲကျောန့် နင်လို့ဟ စိတ်ပင်ပန်းနွမ်းနယ်ယွေ့ စိတ်ပျက်ခြင်း မဆိစေရန် အပစ်သားလို့ရဲ့ အဲလို ဆန့်ကျင်မှုဟို သည်းခံသောသူဟို အောက်မေ့ ဆင်ခြင်ကြလော့။
HEB 12:4 နင်လို့ဟ အပစ်ဒုစရိုက်နဲ့ ဆိုင်ပြိုင်တိုက်ခိုက်ကြရာတွင် အခုအချိန်အထိ သေဘေးနဲ့ ရင်မဆိုင်ကြရသေး။
HEB 12:5 အဲပြင်၊ “ငါ့သား၊ ထာဝရဘုရားရဲ့ ဆုံးမပဲ့ပြင်ခြင်းဟို အလေးမထားဘဲ မနေနဲ့၊ ကိုယ်တော်ရဲ့ ဆိုဆုံးမခြင်းဟို ခံရသောအခါ စိတ်မပျက်နဲ့။
HEB 12:6 ထာဝရဘုရားဟ မိမိချစ်သောသူဟို ဆုံးမတတ်အယ်၊ မိမိရဲ့ သားအဖြစ် လက်ခံသောသူလို့ဟို ဒဏ်ခတ်တတ်အယ်” ဟု သားဟို ပြောဆိုသလို နင်လို့အား မိန့်လဲ့ အားပေးတိုက်တွန်းတာဟို နင်လို့ မေ့လျော့ကြပီ။
HEB 12:7 ဘုရားသခင်ဟ နင်လို့ဟို သားလို ပြုမူဆက်ဆံတာဖြစ်ယွေ့ နင်လို့ဟ ဆုံးမပဲ့ပြင်ခြင်းဟို သည်းခံကြရမယ်။ အကျောန်းမှာ အဘ မဆုံးမ မပဲ့ပြင်သောသားဟူယွေ့ ဆိသလော။
HEB 12:8 လူတိုင်းခံရသော ဆုံးမပဲ့ပြင်ခြင်းဟို နင်လို့ မခံရဘဲနေရင် နင်လို့ဟ သားအရင်း မဟုတ်၊ တရားမဝင်သောသားများသာ ဖြစ်ကြအယ်။
HEB 12:9 အဲပြင် ငါလို့တွင် ဆုံးမပဲ့ပြင်ပေးသော လူသားအဖ ဆိယွေ့ သူလို့ဟို ငါလို့ ရိုသေလေးစားကြတာ ဖြစ်ယွေ့ ဝိညာဉ်ရေးဆိုင်ရာ အဖဟို ပိုယွေ့ပင် နာခံရမယ် မဟုတ်လော၊ အဲအခါ ငါလို့ဟ အသက်ချမ်းသာရာ ရကြလိမ့်မယ်။
HEB 12:10 အကျောန်းမှာ လူသားအဖလို့ဟ ကောင်းတာဟု မိမိလို့ ထင်မျော်လဲ့အတိုင်း ခဏသာ ဆုံးမပဲ့ပြင်တတ်ကြအယ်၊ အားပေမဲ့ ဝိညာဉ်ရေးဆိုင်ရာ အဖဟ သူရဲ့ သန့်ဆှင်းခြင်းနှိုက် ငါလို့ ပါဝင် ခံစားရမဲ့အကျောန်း ငါလို့အကျိုးဟို ထောက်ယွေ့ ဆုံးမပဲ့ပြင်အယ်။
HEB 12:11 ဆုံးမပဲ့ပြင်ခြင်းဟ ခံရစဉ်တွင် ဝမ်းမြောက်စရာ မဟုတ်ဘဲ ဝမ်းနည်းစရာဖြစ်တာဟု ထင်ရတတ်အယ်၊ အားပေမဲ့ အဲဆုံးမပဲ့ပြင်ခြင်းအားဖြင့် လေ့ကျင့်ပေးခြင်း ခံရသောသူလို့ဟ နောက်မှ ဖြောင့်မတ်ခြင်းနဲ့ဆိုင်လဲ့ ငြိမ်းချမ်းသော အကျိုးကျေးဇူးဟို ပြန်လည်ခံစားရကြအယ်။
HEB 12:12 အဲလိုမို့ နင်လို့ရဲ့ နွမ်းနယ်လဲ့ လက်များဟို အပေါ်သို့ မယွေ့ ချိနဲ့လဲ့ ဒူးဆစ်လို့ဟို ခိုင်ခံ့စေကြလော။
HEB 12:13 လမ်းဖြောင့်များတွင် ဆက်လက်ယွေ့ ဆှောက်သွားကြလော၊ အဲမှသာ မစွမ်းသောခြေဟ ချိနဲ့ယွေ့ မနေဘဲ သန်စွမ်းလာလိမ့်မယ်။
HEB 12:14 လူအပေါင်းလို့နဲ့ ငြိမ်းချမ်းစွာ နေထိန်ရန်နဲ့ သန့်ဆှင်းခြင်း မဆိရင် စသူမျှ ထာဝရဘုရားဟို ဖူးမျော်ရလိမ့်မယ် မဟုတ်။
HEB 12:15 ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို စသူမျှ မငြင်းပယ်စေနဲ့၊ မြစ်ခါးပင်ဟ မိမိရဲ့ အဆိပ်ဖြင့် လူအများအား ဒုက္ခပေးတတ်အယ်၊ စသူမျှ အဲအပင်လို မဖြစ်စေနဲ့။
HEB 12:16 စသူမျှ ဧသောလို မတရားသော မေထုန်နှိုက် မှီဝဲသောသူ အဲဟာမဟုတ်ရင် တရားမဲ့သောသူ မဖြစ်စေနဲ့၊ ဧသောဟ သားဦးအရာဟို ထမင်းတနပ်စာဖြင့် ရောင်းခဲ့အယ်။
HEB 12:17 နင်လို့ သိလဲ့အတိုင်း သူဟ နောင်အခါမှ အဖရဲ့ ကောင်းချီးဟို ခံယူရန် အလိုဆိအယ်၊ အားပေမဲ့ ငြင်းပယ်ခြင်းဟို ခံရအယ်။ မျက်ရည်ကျလျက် ကောင်းချီးမင်္ဂလာဟို ဆှာသော်လည်း မိမိပြုပီးလဲ့အမှုဟို ပြန်လည်ပြင်ဆင်ရန် အခွင့်ဟို မတွေ့ရ။
HEB 12:18 ဣသရေလအမျိုးသားလို့လို နင်လို့ဟ လက်နဲ့ စမ်းသပ်နိန်သော သိနာတောင်ဟို ရောက်ဆိနေကြတာ မဟုတ်၊ အဲတောင်ဟ မီးတောက်မီးလျှံ ထယွေ့ မိုက်ပင်း မုန်တိုင်းကျလျက်
HEB 12:19 တံပိုးခရာမှုတ်သံနဲ့ ဗျာဒိတ်တော် အသံထွက်ပေါ်လာလဲ့ တောင်ဖြစ်အယ်၊ ဣသရေလအမျိုးသားလို့ဟ ဗျာဒိတ်တော်အသံဟို နောက်တဖန် မကြားရစေရန် မောရှေအား တောင်းပန်ကြအယ်။
HEB 12:20 အကျောန်းမှာ သူလို့ဟ “တိရစ္ဆာန်ပင် ဖြစ်သော်လည်း အဲတောင်ဟို ထိမိရင် ခဲနဲ့ ပစ်ယွေ့ သတ်ရမယ်” ဟု အမိန့်ဟို မခံယူနိန်ကြသောကျောန့် ဖြစ်အယ်။
HEB 12:21 အဲမြင်ကွင်းတခုလုံးဟ ရမ်းဆာ့ ထိတ်လန့်ဖွယ် ကောင်းသဖြင့် မောရှေဟ “ငါသည် ကြောက်လန့်တုန်လှုပ်လျက် နေအယ်” ဟု ဆိုအယ်။
HEB 12:22 အားပေမဲ့ နင်လို့ဟ ဇိအုန်တောင်ဟို လည်းကောင်း၊ အသက်ဆှင်သော ဘုရားသခင်ရဲ့ မြို့တော် တည်းဟူသော အထက် ခေါန်းခင်အရပ်ဆိ ယေရုရှလင်မြို့ဟို လည်းကောင်း၊ အတိုင်းမသိ များစွာသော ခေါန်းခင်တမန်လို့ စုဝေးရာဟို လည်းကောင်း၊
HEB 12:23 ခေါန်းခင်ဘုံ စာရင်းဝင်သော သားဦးလို့ရဲ့ အသင်းတော်ဟို လည်းကောင်း၊ လူအပေါင်းလို့ဟို တရားစီရင်သော ဘုရားသခင်ဆေဟို လည်းကောင်း၊ စုံလင်ခြင်းဟို ရောက်လဲ့ ဖြောင့်မတ်သောသူလို့ရဲ့ ဝိညာဉ်များဆေဟို လည်းကောင်း၊
HEB 12:24 ပဋိညာဉ်သစ်ရဲ့ ကြားဝင်စေ့စပ်သူ ယေရှုဆေဟို လည်းကောင်း၊ အာဗေလရဲ့ သွေးထက် သာယွေ့ မြတ်သောအရာဟို မြွတ်ဆိုလဲ့ ပက်ဖျန်းသော အသွေးဆေဟို လည်းကောင်း ချဉ်းကပ်ကြအယ်။
HEB 12:25 အဲကျောန့် နင်လို့ဟ မိန့်သောအသံဟို ကြားနာရန် ငြင်းဆန်သူများ မဖြစ်စေရန် သတိပြုကြလော။ ဗျာဒိတ်တော်ဟို ဆင့်ဆိုသောသူဟို ကမ္ဘာမြေကြီးပေါ်တွင် နားထောင်ရန် ငြင်းဆန်သူလို့ဟ အပစ်ဒဏ် ခံကြရရင် ငါလို့ဟ ခေါန်းခင်ဘုံမှ မိန့်သောသူအား ကျောခိုင်းကြမယ်ဆိုရင် ပစာလို အပစ်ဒဏ်မှ လွတ်မြောက်နိန်မှာလုန်း။
HEB 12:26 အဲအချိန်နှိုက် ကိုယ်တော်ရဲ့ အသံတော်ဟ မြေကြီးဟို တုန်လှုပ်စေအယ်၊ ကိုယ်တော်ဟ “ငါသည် နောက်တကြိမ် ကမ္ဘာမြေကြီးဟို သာမက ခေါန်းခင်ဟို တုန်လှုပ်စေဦးမယ်” ဟု ကတိထားလေပီ။
HEB 12:27 “နောက်တကြိမ်” ဟူသော စကားဟ တုန်လှုပ်နိန်သောအရာလို့ဟို ဖန်ဆင်းခြင်း ခံရလဲ့ တုန်လှုပ်တတ်သော အရာများဟို ဖယ်ဆှားမဲ့ အကျောန်းဟို ဆိုလိုအယ်။
HEB 12:28 အဲကျောန့် ငါလို့ဟ မတုန်လှုပ်နိန်သော နိုင်ငံတော်နဲ့ ကျေးဇူးတော်ဟို ရဆိတာ ဖြစ်ယွေ့ ကျေးဇူးတော်ဟို ချီးမွန်းကြစို့။ အဲလို ကျေးဇူးတော်ဟို ကြည်ညိုခြင်းနဲ့ ရိုသေခန့်ညားခြင်းလို့ဖြင့် ဘုရားသခင် နှစ်သက်လဲ့အတိုင်း ဝတ်ပြုကိုးကွယ်ကြစို့၊
HEB 12:29 အကျောန်းမှာ ငါလို့ရဲ့ ဘုရားသခင်ဟ လောင်ကျွမ်းသော မီးဖြစ်အယ်။
HEB 13:1 နင်လို့ဟ ခရစ်ယာန် ညီအကို မောင်နှမလို့ အနေဖြင့် တဦးဟို တဦး ချစ်ခြင်းမေတ္တာနှိုက် တည်ကြလော့။
HEB 13:2 ဧည့်သည်ဝတ်ဟို ပြုရန် မမေ့ကြနဲ့။ အဲလို ဧည့်ဝတ်ဟို ပြုသောသူအချို့လို့ဟ ခေါန်းခင်တမန်လို့ဟို အမှတ်မထင် ဧည့်ခံခဲ့ကြအယ်။
HEB 13:3 နင်လို့ဟ အကျဉ်းခံရသူများနဲ့အတူ အကျဉ်းခံနေရသလို မှတ်ယူလျက် သူလို့အား သတိရကြလော့။ မိမိလို့တတ်တိုင်း ဒုက္ခဝေဒနာ ခံရသလို ဒုက္ခဝေဒနာ ခံရသူများဟို သတိရကြလော့။
HEB 13:4 ထိမ်းမြားခြင်းအမှုဟို လူတိုင်း လေးစားကြရမယ်၊ ဖိုးအိုနဲ့ ပေါင်အိုမဟ တဦးဟို တဦး သစ္စာဆိရမယ်။ ဘုရားသခင်ဟ မတရားမေထုန်ဟို ပြုသောသူနဲ့ အိုင်ထောင်ရေး ဖောက်ပြန်သောသူဟို တရားစီရင်လိမ့်မယ်။
HEB 13:5 အသက်ဆှင် နေထိန်မှုတွင် ပိတ်ဆန်ဟို တပ်မက်ခြင်း မဆိဘဲ မိမိနှိုက် ဆိသောအရာနဲ့ ရောင့်ရဲကြလော့။
HEB 13:6 အဲကျောန့် “ထာဝရဘုရားဟ ငါ့ဟို မစသောသူ ဖြစ်သဖြင့် ငါဟ ကြောက်လန့်လိမ့်မယ် မဟုတ်။ လူဟ ငါ့ဟို စလို ပြုနိန်မှာလုန်း” ဟု ငါလို့ဟ ယုံကြည်စိတ်ချစွာ ပြောဆိုကြအယ်။
HEB 13:7 ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟို နင်လို့အား ဟောပြောခဲ့လဲ့ နင်လို့ရဲ့ ခေါင်းဆောင်များဟို သတိရကြလော့။ သူလို့ရဲ့ အသက်ဆှင် နေထိန်မှုမှ ပေါ်ထွက်လာလဲ့ အကျိုးတရားဟို ကျေ့ရှုဆင်ခြင်လျက် သူလို့ရဲ့ ယုံကြည်ခြင်းဟို အတုယူကြလော့။
HEB 13:8 ယေရှု ခရစ်တော်ဟ မနေ့၊ ခနေ့နဲ့ နောင်ကာလ အစဉ်အမြဲ ပြောင်းလဲခြင်း မဆိ။
HEB 13:9 ထူးခြားသော သွန်သင်ချက် အမျိုးမျိုးနောက်ဟို လိုက်ပါ မသွားကြနဲ့။ အကျောန်းမှာ စားစရာအားဖြင့် မဟုတ်ဘဲ ကျေးဇူးတော်အားဖြင့် စိတ်နေလုံးဟို တည်မြဲစေခြင်းဟ ကောင်းမြတ်အယ်။ စားစရာအားဖြင့် အသက်ဆှင် ဆှောက်လှမ်းသောသူလို့ဟ အကျိုးဟို မရဆိကြပေ။
HEB 13:10 ငါလို့တွင် ယဇ်ပလ္လင်တခု ဆိအယ်။ တဲတော်ဝတ်ဟို ပြုသောသူလို့ဟ အဲယဇ်ပလ္လင်ပေါ်မှ ပူဇော်သကာဟို စားခွင့် မဆိ။
HEB 13:11 အကျောန်းမှာ ယဇ်ပုရောဟိတ်မင်းဟ တိရစ္ဆာန်လို့ရဲ့ အသွေးဟို အပစ်ဖြေရာယဇ်အဖြစ် အသန့်ဆှင်းဆုံး ဌာနထဲဟို သယ်ဆောင်သွားသော်လည်း ယဇ်ကောင်လို့ရဲ့ ကိုယ်ဟ စခန်းအပြင်နှိုက် မီးရှို့ရအယ်။
HEB 13:12 အဲကျောန့် ယေရှုဟလည်း မိမိရဲ့ အသွေးအားဖြင့် လူလို့ဟို သန့်ဆှင်းစေရန် မြို့ထင်ခါး အပြင်နှိုက် အသေခံအယ်။
HEB 13:13 အဲလိုမို့ ငါလို့ဟ ကိုယ်တော် ခံခဲ့သော ကဲ့ရဲ့ပစ်တင်ခြင်းဟို ဆောင်ယူပင်း စခန်းအပြင်ဟို ထွက်ယွေ့ ကိုယ်တော်ဆေဟို သွားကြကုန်စို့။
HEB 13:14 အကျောန်းမှာ ဟေလောကနှိုက် ငါလို့အတွက် တည်မြဲသောမြို့ မဆိ၊ အားပေမဲ့ နောက်လာမဲ့ မြို့ဟိုသာ ငါလို့ ကြိုးစား ဆှာဖွေနေကြအယ်။
HEB 13:15 အဲလိုမို့ ငါလို့ဟ ကိုယ်တော်ဟို ငါလို့ရဲ့ သခင်အဖြစ် ဝန်ခံသောနှုတ်များဖြင့် ဂုဏ်တော်ချီးမွန်းခြင်း ယဇ်ဟို ယေရှုအားဖြင့် ဘုရားသခင်အား အစဉ်မပြတ် ပူဇော်ကြလော့။
HEB 13:16 ကောင်းသောအမှုဟို ပြုခြင်းနဲ့ ဝေမျှခြင်းလို့ဟိုလည်း မမေ့လျော့ကြနဲ့၊ အကျောန်းမှာ အဲလိုယဇ်မျိုးဟို ဘုရားသခင် နှစ်သက်အယ်။
HEB 13:17 နင်လို့ ခေါင်းဆောင်များရဲ့ စကားဟို နားထောင်ကြလော့။ သူလို့ပြောလဲ့အတိုင်း ပြုကြလော့။ သူလို့ဟ မိမိလို့ ပြုလဲ့အမှုဟို ဘုရားသခင်အား အစီရင်ခံရမယ် ဖြစ်ယွေ့ နင်လို့ရဲ့ စိတ်ဝိညာဉ်ဟို နေ့ရောညပါ ကျေ့ရှုစောင့်ဆှောက်လျက် နေကြအယ်။ နင်လို့ဟ သူလို့စကားဟို နာခံလျက် သူလို့ ရွှင်လန်းဝမ်းမြောက်စွာ လုပ်ဆောင်ကြလိမ့်မယ်၊ အားမဟုတ်ရင် သူလို့ ဝမ်းနည်းရကြသဖြင့် နင်လို့တွင် စလိုမှ အကျိုးဆိလိမ့်မယ် မဟုတ်။
HEB 13:18 ငါလို့အတွက် ဆုတောင်းပေးကြလော့။ အကျောန်းမှာ ငါလို့နှိုက် ကြည်လင်သော အသိစိတ် ဆိကြတာဟု ငါလို့ ယုံကြည်စိတ်ချလျက် အရာရာနှိုက် လျောက်ပတ်စွာ အသက်ဆှင်နေထိန်ရန် အလိုဆိကြအယ်။
HEB 13:19 ငါဟ နင်လို့ဆေဟို လျင်မြန်စွာ ပြန်ရောက်နိန်မဲ့အကျောန်း ဆုတောင်းပေးရန် အထူး တိုက်တွန်းအယ်။
HEB 13:20 ထာဝရ ပဋိညာဉ်တရားရဲ့ အသွေးတော်အားဖြင့် သိုးလို့ရဲ့ သိုးထိန်းကြီး ဖြစ်သော ငါလို့ သခင် ယေရှုအား သေခြင်းမှ နှုတ်ဆောင်သောမူလဲ့ ငြိမ်သက်ခြင်း အဆှင် ဘုရားသခင်ဟ
HEB 13:21 ဆေ့တော်နှိုက် နှစ်သက်ဖွယ်သောအမှုဟို ယေရှု ခရစ်တော်အားဖြင့် ငါလို့တွင် ပြုယွေ့ ကိုယ်တော်ရဲ့ အလိုတော်ဟို နင်လို့ ဆောင်ရွက်နိန်ရန် ကောင်းသောအမှု အမျိုးမျိုးလို့ဖြင့် နင်လို့ဟို ပြေ့စုံစေမန့်။ ခရစ်တော်ဟ ကမ္ဘာအဆက်ဆက် ဘုန်းအသရေ ထွန်းတောက်မန့်။ အာမင်။
HEB 13:22 ညီအကို မောင်နှမလို့၊ ဟေအားပေး တိုက်တွန်းချက်ဟို သည်းခံလျက် နာယူကြရန် နင်လို့အား ငါ တောင်းပန်အယ်၊ အခု နင်လို့ဆေ ငါ ရေးလိုက်သောစာဟ ရမ်းဆာ့ မဆှည်မန့်။
HEB 13:23 ငါလို့ရဲ့ ညီတိမောသေဟ အကျဉ်းထောင်မှ လွတ်ယွေ့ လာပီ ဖြစ်ကျောန်း နင်လို့အား သိစေလိုအယ်။ အဲလိုမို့ သူဟ ငါ့ဆေဟို အချိန်မီရောက်ဆိလာရင် နင်လို့နဲ့ တွေ့ဆုံရန် ငါလာသောအခါ သူ့ဟို ခေါ်ခဲ့မယ်။
HEB 13:24 နင်လို့ရဲ့ ခေါင်းဆောင်အပေါင်းနဲ့ ဘုရားသခင်ရဲ့ လူစုတော် ဆိသမျှလို့အား နှုတ်ဆက်လိုက်ကျောန်း ပြောပြလော့။ ဣတလိပြေမှ ညီအကိုလို့ဟလည်း နင်လို့အား နှုတ်ဆက်လိုက်အယ်။
HEB 13:25 ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို နင်လို့အားလုံး ခံစားရကြပါစေ။
JAM 1:1 ဘုရားသခင်နဲ့ သခင် ယေရှု ခရစ်တော်ရဲ့ အစေခံဖြစ်သော ငါ ယာကုပ်ဟ၊
JAM 1:2 ငါ့ ညီအကို မောင်နှမလို့၊ နင်လို့ဟ အမျိုးမျိုးသော စုံစမ်းနှောင့်ယှက်ခြင်းနဲ့ ကြုံတွေ့ရသောအခါ ဝမ်းမြောက်စရာ သက်သက်ဖြစ်တာဟု မှတ်ယူကြလော့။
JAM 1:3 ပစာကို့ နင်လို့ရဲ့ ယုံကြည်ခြင်းဟို စစ်ကြောစုံစမ်းခြင်းဟ သည်းခံခြင်းဟို ဖြစ်ပေါ်စေကျောန်း နင်လို့ သိကြအယ်။
JAM 1:4 နင်လို့ဟ စလိုချို့တဲ့မှု မဆိဘဲ ရင့်ကျက်ယွေ့ ပြေ့စုံသောသူဖြစ်မဲ့အကျောန်း အဲသည်းခံခြင်း စုံလင်လဲ့တိုင်အောန် ပြုစုကြလော့။
JAM 1:5 နင်လို့ထဲတွင် ဉာဏ်ပညာ လိုအပ်သောသူဆိရင် ကဲ့ရဲ့ပစ်တင်ခြင်းဟို မပြုဘဲ ခပ်သိမ်းသောသူလို့အား ရက်ရောစွာ ပေးသော ဘုရားသခင်ဆေ တောင်းဆှောက်စေ၊ အဲလိုတောင်းရင် ရလိမ့်မယ်။
JAM 1:6 အားပေမဲ့ နင်လို့ဟ ယုံမားသံသယ မဆိဘဲ ယုံကြည်သောစိတ်နဲ့ တောင်းဆှောက်ကြရမယ်။ ပစာကို့ ယုံမားသံသယ ဆိသောသူဟ လေတိုက်ယွေ့ လှုပ်ဆှားနေသော ပင်လယ်လှိုင်းတံပိုးနဲ့ တူအယ်။
JAM 1:7 အေးလိုလူဟ စိတ်နေခွဆိသူ၊ ပြုလေသမျှလို့နှိုက် တည်ကြည်မှု မဆိသူဖြစ်သောကျောန့် ထာဝရဘုရား ဆေမှ တစုံတရာဟို ရဆိလိမ့်မယ်ဟု မထင်မှတ်စေနဲ့။
JAM 1:9 ညီအကိုလို့ တစုံတယောက်ဟ မိမိအား နိမ့်ကျလဲ့အခြေအနေမှ ဘုရားသခင် မြှင့်တင်ပေးလိုက်သောအခါ ဝမ်းမြောက်စေ၊
JAM 1:10 ချမ်းသာကြွယ်ဝသော ညီအကိုဟ မိမိအား ဘုရားသခင် နိမ့်ကျစေသောအခါ ဝမ်းမြောက်ရမယ်။ အကျောန်းမှာ ချမ်းသာသောသူဟ မြက်ပွင့်လို ညှိုးနွမ်းပျောက်ပျယ် သွားလိမ့်မယ်။
JAM 1:11 နေဟ ပူသောအရှိန်နဲ့ ထွက်သောအခါ မြက်ပင်ဟ သွေ့ခြောက်ခြင်းဟို ရောက်ယွေ့ မြက်ပွင့်လည်း ကြွေတတ်အယ်၊ တင့်တယ်သော အသွေးအဆင်းလည်း ပျောက်ပျက်တတ်အယ်။ အဲတိုင်းတိုင်း ငွေရတတ်သောသူဟ မိမိအမှုအရာလို့နှိုက် ညှိုးနွမ်းပျောက်ပျယ်ခြင်းဟို ရောက်တတ်အယ်။
JAM 1:12 စုံစမ်းနှောင့်ယှက်ခြင်းဟို သည်းခံသောသူဟ မင်္ဂလာဆိအယ်။ အကျောန်းမှာ စစ်ကြောစုံစမ်းခြင်းဟို ခံပင်းမှ ဘုရားသခင်ဟို ချစ်သောသူလို့အား ကတိထားသော အသက်သရဖူဟို ရလိမ့်မယ်။
JAM 1:13 စုံစမ်းသွေးဆောင်ခြင်းဟို ခံရသူဟ “ဘုရားသခင်သည် ငါ့ဟို ဖြားယောင်းသွေးဆောင်အယ်” ဟု စသူမျှ မပြောနဲ့။ အကျောန်းမှာ မကောင်းမှုဟ ဘုရားသခင်ဟို မသွေးဆောင်နိန်ရာ၊ ကိုယ်တော်ဟလည်း စသူ့ဟိုမျှ သွေးဆောင်တော်မမူ။
JAM 1:14 လူဟ စုံစမ်းသွေးဆောင်ခြင်း ခံရတာဆိုတာဟ မိမိရဲ့ ဆိုးညစ်သော လိုအင်ဆန္ဒဆွဲဆောင်ရာဟို လိုက်ပါခြင်း ဖြစ်အယ်။
JAM 1:15 အဲအခါ တပ်မက်ခြင်းဟ သန္ဓေတည်ယွေ့ အပစ်ဟို ဖွားမျော်ပင်း အပစ်ဟ ကြီးထွားလာသောအခါ သေခြင်းဟို ဖွားမျော်အယ်။
JAM 1:16 ငါ ချစ်သော ညီအကို မောင်နှမလို့၊ အလွဲမယူကြနဲ့။
JAM 1:17 ကောင်းမြတ်စုံလင်သော ဆုကျေးဇူးမန်သမျှဟ ခေါန်းခင်မှ လည်းကောင်း၊ ခေါန်းခင် အလင်းတန်ဆာများဟို ဖန်ဆင်းသော ဘုရားသခင်ရဲ့ ဆေမှ လည်းကောင်း သက်ဆင်းယွေ့ လာအယ်။ ကိုယ်တော်ဟ ရွေ့လျော့တိမ်းယိမ်းခြင်း မဆိ၊ ပြောင်းလဲခြင်း အရိပ်နဲ့ ကင်းလွတ်အယ်။
JAM 1:18 ကိုယ်တော်ဟ မိမိဖန်ဆင်းသောအရာလို့တွင် ငါလို့ဟို အဦးသီးသဖွယ် ဖြစ်စေရန် အလိုတော်ဆိလဲ့အတိုင်း သမ္မာတရားနဲ့ဆိုင်သော နှုတ်ကပတ်တော်အားဖြင့် ငါလို့ဟို ဖြစ်ပွားစေအယ်။
JAM 1:19 ငါ ချစ်သော ညီအကို မောင်နှမလို့၊ ဟေအချက်ဟို သိမှတ်ကြလော့။ လူတိုင်းဟ ကြားနာခြင်းအရာနှိုက် လျင်မြန်ယွေ့ စကားပြောခြင်းနဲ့ အမျက်ထွက်ခြင်း အရာလို့နှိုက် နှေးကွေးကြစေ။
JAM 1:20 အကျောန်းမှာ လူရဲ့ အမျက်ဒေါသဟ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းတရားဟို မဖြစ်ထွန်းစေနိန်။
JAM 1:21 အဲလိုမို့ နင်လို့ဟ ညစ်ညမ်းလဲ့ အလေ့အထနဲ့ ဆိုးယုတ်လဲ့ အကျင့်မန်သမျှလို့ဟို ပယ်ဆှားကြလော့။ နင်လို့ရဲ့ စိတ်အတွင်းနှိုက် ဘုရားသခင် သွင်းပေးသော တရားတော်ဟ နင်လို့ဟို ကယ်တင်နိန်အယ်။ တရားတော်ဟို သိမ့်မွေ့စွာ ခံယူကြလော့။
JAM 1:22 နှုတ်ကပတ်တရားဟို လိုက်နာကျင့်သုံးသောသူများ ဖြစ်ကြလော့။ မိမိတတ်တိုင်း လှည့်စားယွေ့ ကြားနာသူသက်သက် မဖြစ်ကြနဲ့။
JAM 1:23 စသူမဆို နှုတ်ကပတ်တော်ဟို ကြားနာသော်လည်း လိုက်နာကျင့်သုံးခြင်း မဆိရင် အဲသူဟ မိမိရဲ့ ပကတိမျက်နှာဟို မန်ထဲမှာ ကျေ့သောသူနဲ့ တူအယ်။
JAM 1:24 အကျောန်းမှာ သူဟ မိမိတတ်တိုင်း ကျေ့ပင်း ထွက်ခွာသွားတာနဲ့ မိမိဟ စလို ပုံသဏ္ဌာန်ဆိတာဟို ခုတုံး မေ့လျော့သွားတတ်အယ်။
JAM 1:25 အားပေမဲ့ လူလို့အား အပစ်အနှောင်အဖွဲ့မှ လွတ်မြောက်စေသော စုံလင်လဲ့တရားဟို သေချာစွာ လေ့လာကျေ့ရှုသောသူဟ တရားနာရုံသာ နာယွေ့ မေ့လျော့သောသူ မဟုတ်ဘဲ ဆက်လက် အာရုံပြုကာ လက်တွေ့ကျင့်သုံးသောသူဖြစ်သဖြင့် စလိုအမှုမျိုးဟို ပြုတာမဆို ဘုရားသခင်ရဲ့ ကောင်းချီးမင်္ဂလာဟို ခံစားရလိမ့်မယ်။
JAM 1:26 တစုံတယောက်ဟ မိမိကိုယ်ဟို ဘုရားတရား ကြည်ညိုသူဟု ယူဆသော်လည်း မိမိရဲ့ လျှာဟို မထိန်းနိန်ရင် မိမိတတ်တိုင်း လှည့်စားသူဖြစ်အယ်။ သူရဲ့ ဘုရားတရား ကြည်ညိုမှုဟလည်း အလကားကား ဖြစ်အယ်။
JAM 1:27 ခမည်းတော် ဘုရားသခင်ဆေ့နှိုက် စင်ကြယ်ယွေ့ ညစ်ညူးခြင်း ကင်းသော ဘာသာတရား ကိုင်းရှိုင်းမှုဆိုတာဟ ဆင်းရဲဒုက္ခခံရသော မိဘမဆိလဲ့ လပဲ့သငယ်များနဲ့ မုဆိုးမလို့ဟို ကျေ့ရှုခြင်း၊ လောကီအညစ်ကြေးလို့နဲ့ ကင်းစင်စေရန် မိမိတတ်တိုင်း စောင့်ထိန်းခြင်း ဖြစ်အယ်။
JAM 2:1 ငါ့ ညီအကို မောင်နှမလို့၊ ဘုန်းအသရေနဲ့ ပြေ့စုံသော ငါလို့ သခင် ယေရှု ခရစ်တော်ဟို ယုံကြည်ခြင်းအရာနှိုက် လူမျက်နှာဟို ထောက်ခြင်း မဆိကြနဲ့။
JAM 2:2 အကယ်ယွေ့ နင်လို့ရဲ့ စည်းဝေးရာဟို ဝင်လာသော လူနေယောက်အနက် လူတယောက်ဟ ဆွေလက်စွပ်နဲ့ ဝတ်ကောင်းစားလများဟို ဝတ်ဆင်ထားယွေ့ အခြားတယောက်ဟ ဆင်းရဲနွမ်းပါးသူ ဖြစ်သဖြင့် စုတ်ပြတ်သောအဝတ်ဟို ဝတ်ဆင်ထားအယ်။
JAM 2:3 နင်လို့ဟ တင့်တယ်သော အဝတ် ဝတ်ဆင်ထားသောသူဟို ဂရုစိုက်လျက် “နင်ဟ ဟေနေရာကောင်းတွင် ထိန်မန့်” ဟု ဆိုယွေ့ ဆင်းရဲသောသူအား နင်ဟ “အဲနေရာတွင် ရပ်မန့်၊ ငါရဲ့ ခြေရင်း ကြမ်းပြင်ပေါ်နှိုက် ထိန်မန့်” ဟု ဆိုရင်
JAM 2:4 နင်လို့ဟ အချင်းချင်းကြားနှိုက် လူတန်းစား ခွဲခြားယွေ့ မကောင်းသော တွေးတောကြံစည်မှုလို့ဖြင့် တရားစီရင်သူများ ဖြစ်ကြပီ မဟုတ်လော။
JAM 2:5 ငါ ချစ်သော ညီအကို မောင်နှမလို့၊ နားထောင်ကြလော့။ ဘုရားသခင်ဟ ဟေလောကတွင် ဆင်းရဲသောသူလို့ဟို ယုံကြည်ခြင်းနှိုက် ကြွယ်ဝသောသူအဖြစ် လည်းကောင်း၊ ကိုယ်တော်ဟို ချစ်သောသူလို့အား ကတိထားသော နိုင်ငံတော်ဟို အမွေဆက်ဆံသူအဖြစ် လည်းကောင်း ရွေးကောက်တာ မဟုတ်လော။
JAM 2:6 အားပေမဲ့ နင်လို့ဟ ဆင်းရဲသောသူလို့ဟို မထီမဲ့မြင် ပြုကြအယ်။ ချမ်းသာသောသူလို့ဟ နင်လို့ဟို ညှဉ်းဆဲနှိပ်စက်ကြတာ မဟုတ်လော။ သူလို့ဟ နင်လို့အား တရားရုံးဟို ဆွဲခေါ်သွားကြတာ မဟုတ်လော။
JAM 2:7 နင်လို့ ခံယူရဆိလဲ့ နာမတော်မြတ်ဟို ကဲ့ရဲ့ကြတာ မဟုတ်လော။
JAM 2:8 နင်လို့ဟ ကျမ်းစာနဲ့ အညီ “ကိုယ့်အိုင်နီးချင်းဟို ကိုယ်နဲ့အမျှ ချစ်ရမယ်” ဟု မွန်မြတ်လဲ့ ပညတ်တရားဟို အမန်တကယ် စောင့်ထိန်းရင် ကောင်းသောအမှုဟို ပြုကြလေပီ။
JAM 2:9 အားပေမဲ့ မျက်နှာလိုက်ရင် နင်လို့ဟ အပစ်ပြုကြတာ ဖြစ်ယွေ့ ဖောက်ဖျက်ကျူးလွန်သောသူအဖြစ် ပညတ်တရားအားဖြင့် အပစ်ဖော်ပြခြင်းဟို ခံရမယ်။
JAM 2:10 ပစာကို့ ပညတ်တရား အလုံးစုံဟို စောင့်ထိန်းသော်လည်း တပါးဟို မားရင် ပညတ်တရား အလုံးစုံဟို ကျူးလွန်ရာ ရောက်အယ်။
JAM 2:11 အကျောန်းမှာ “အိုင်ထောင်ရေး ဖောက်ပြန်မှုဟို မကျူးလွန်ရ” ဟု ပညတ်သောသူဟ “လူ မသတ်ရ” ဟု ပညတ်အယ်။ အဲလိုမို့ နင်ဟ အိုင်ထောင်ရေး ဖောက်ပြန်မှုဟို မကျူးလွန်သော်လည်း လူသတ်ရင် ပညတ်တရားဟို ဖောက်ဖျက်ကျူးလွန်သူ ဖြစ်အယ်။
JAM 2:12 အဲကျောန့် လွတ်လပ်ခြင်းနဲ့ဆိုင်သော တရားတော်အားဖြင့် စီရင်ခြင်း ခံရမဲ့သူများလို ပြောဆိုကျင့်ကြံကြလော့။
JAM 2:13 ပစာကို့ သနားကရုဏာ မဆိသူသောသူဟ ကရုဏာကင်းသော တရားစီရင်ခြင်းဟို ခံရလိမ့်မယ်။ အားပေမဲ့ သနားကရုဏာဟ တရားစီရင်ခြင်းအပေါ် အောန်မြင်တတ်အယ်။
JAM 2:14 ငါ့ညီအကို မောင်နှမလို့၊ လူတစုံတယောက်ဟ ယုံကြည်အယ်ဟု ဆိုသော်လည်း အကျင့်အားဖြင့် သက်သေမပြနိန်ရင် ပစာ အကျိုးဆိမှာလုန်း။ အဲယုံကြည်ခြင်းဟ သူ့အား ကယ်တင်နိန်မှာလုန်း။
JAM 2:15 ညီအကို မောင်နှမလို့ဟ အဝတ်အချည်းစည်းနေလျက် နေ့စဉ် လိုအပ်သောအစားအစာလည်း မဆိသောအခါ
JAM 2:16 နင်လို့ထဲမှ တစုံတယောက်ဟ “ငြိမ်းချမ်းစွာ သွားကြလော့။ နွေးထွေးစွာ နေယွေ့ ဝလင်စွာ စားကြလော့” ဟု သူလို့အား ဆိုလျက် သူလို့ရဲ့ ကိုယ်ခန္ဓာအတွက် လိုအပ်သောအရာများဟို မပေးဘဲနေရင် စလို အကျိုးဆိမှာလုန်း။
JAM 2:17 ယုံကြည်ခြင်းဟလည်း အဲတိုင်းတိုင်း ဖြစ်အယ်။ အကျင့်နဲ့ ကင်းသော ယုံကြည်ခြင်းဟ တပါးတည်းဆိသောကျောန့် အသေ ဖြစ်အယ်။
JAM 2:18 အားပေမဲ့ “နင်နှိုက် ယုံကြည်ခြင်း ဆိယွေ့ ငါနှိုက် လုပ်ဆောင်မှု ဆိအယ်” ဟု အချို့သောသူဟ ပြောဆိုလိမ့်မယ်။ အဲလိုမို့ အကျင့်ကင်းသော နင်ရဲ့ ယုံကြည်ခြင်းဟို ငါ့အား ပြလော့။ ငါဟလည်း ငါရဲ့ အကျင့်အားဖြင့် ငါရဲ့ ယုံကြည်ခြင်းဟို နင့်အား ပြမယ်။
JAM 2:19 ဘုရားသခင် တဆူတည်း ဆိကျောန်းဟို နင်ဟ ယုံကြည်အယ်။ ကောင်းအယ်။ နတ်ဆိုးလို့ပင် ယုံကြည်ယွေ့ ကြောက်ရွံ့တုန်လှုပ်ကြအယ်။
JAM 2:20 အချင်း လူမိုက် အကျင့်ကင်းသော ယုံကြည်ခြင်းဟ အကျိုးမဆိကျောန်း နင် သိလိုသလော။
JAM 2:21 ငါလို့အဖ အာဗြဟံဟ ဘုရားသခင်နဲ့ မန်ကန်မှုဟို စလို ရဆိနိန်မှာလုန်း။ သူဟ မိမိသား ဣဇက်ဟို ပလ္လင်ပေါ်တွင် ပူဇော်သောအခါ အကျင့်အားဖြင့် ရဆိအယ်။
JAM 2:22 သူရဲ့ ယုံကြည်ခြင်းဟ အကျင့်နဲ့ အတူဆိနေတာဟို နင် မသိမမျော်သလော၊ အကျင့်အားဖြင့် သူရဲ့ ယုံကြည်ခြင်းဟို ပြေ့ဝစုံလင်ယွေ့ လာအယ်။
JAM 2:23 အဲအခါ “အာဗြဟံဟ ဘုရားသခင်ဟို ယုံကြည်သဖြင့် အဲယုံကြည်ခြင်းဟို သူရဲ့ ဖြောင့်မတ်ခြင်းအဖြစ် သတ်မှတ်အယ်” ဟူသော ကျမ်းစာချက်ဟ ပြေ့စုံခြင်းဟို ရောက်အယ်။ အာဗြဟံဟလည်း ဘုရားသခင်ရဲ့ မိတ်ဆွေဟု ခေါ်ခြင်းဟို ခံရအယ်။
JAM 2:24 လူဟ ယုံကြည်ခြင်းအားဖြင့်သာ ဖြောင့်မတ်ရာဟို ရောက်တာ မဟုတ်၊ အကျင့်အားဖြင့် ရောက်တာဟို နင်လို့ သိမျော်ရကြအယ်။
JAM 2:25 အဲတိုင်းတိုင်း ပြေ့တန်ဆာ ရာခပ်ဟ ဣသရေလ သူလျှိုလို့ဟို ကြိုဆို လက်ခံပင်းနောက် အခြားသောလမ်းဖြင့် ထွက်သွားနိန်ရန် ကူညီပေးခဲ့ပင်း သူမရဲ့ အကျင့်အားဖြင့် ဖြောင့်မတ်ရာဟို ရောက်တာ မဟုတ်လော။
JAM 2:26 အဲကျောန့် ဝိညာဉ်နဲ့ ကင်းသော ကိုယ်ခန္ဓာဟ အသေဖြစ်သလို အကျင့်နဲ့ ကင်းသော ယုံကြည်ခြင်းဟလည်း အသေဖြစ်အယ်။
JAM 3:1 ငါ့ ညီအကို မောင်နှမလို့၊ ဆရာဖြစ်သော ငါလို့ဟ အခြားသူများထက် ပိုယွေ့ ကျပ်တည်းသော တရားစီရင်ခြင်းဟို ခံရမယ်ဖြစ်ကျောန်း သိမှတ်လျက် ဆရာဖြစ်သူ မများစေကြနဲ့။
JAM 3:2 ငါလို့ဆိသမျှဟ ရမ်းဆာ့ မားယွင်း တတ်ကြအယ်။ စသူမဆို စကားပြောခြင်းအရာနှိုက် မားယွင်းခြင်း မဆိရင် အဲသူဟ မိမိကိုယ်ခန္ဓာ တခုလုံးဟိုလည်း ချုပ်တည်းနိန်လဲ့ စုံလင်သောသူ ဖြစ်အယ်။
JAM 3:3 ငါလို့ဟို နာခံစေရန် မြင်းရဲ့ စလောင်ထဲဟို ဇက်ခွံ့သောအခါ သူရဲ့ ကိုယ်ခန္ဓာ တခုလုံးဟို ငါလို့ ဝေ့နိန်အယ်။
JAM 3:4 အဲဟာမဟုတ်ရင် သင်္ဘောဟိုလည်း ကျေ့လော့။ ရမ်းဆာ့ကြီးမားယွေ့ လေပြင်းတိုက်ရာဟို လွင့်ပါတတ်သော်လည်း ကတစ်သော တက်မအားဖြင့် တက်မကိုင် အလိုဆိရာဘက်ဟို ဝေ့စေနိန်အယ်။
JAM 3:5 အဲတိုင်းတိုင်း လျှာဟလည်း ကတစ်သော အင်္ဂါအစိတ်အပိုင်း ဖြစ်သော်လည်း ရမ်းဆာ့ ဝါကြွားတတ်အယ်။ ရမ်းဆာ့ကြီးသော သစ်တောဟို ကတစ်သော မီးဟ လောင်ကျွမ်းစေနိန်တာဟို စဉ်းစားကျေ့လော့။
JAM 3:6 လျှာဟ မီးနဲ့ တူယွေ့ အပစ်ဒုစရိုက်ဖြင့် ပြေ့ဝသော လောက ဖြစ်အယ်။ ၎င်းဟ ကိုယ်အင်္ဂါ အစိတ်အပိုင်း တခုအဖြစ်ဖြင့် တည်ဆိကာ၊ ငါလို့ရဲ့ ကိုယ်ခန္ဓာ တခုလုံးဟို အပစ်ဒုစရိုက် ကူးစက်ပျံ့နှံ့စေအယ်။ လျှာဟ ငရဲမှ ရဆိလဲ့ မီးဖြင့် ငါလို့ရဲ့ ဖဝါ့တခုလုံးဟို လောင်ကျွမ်းစေတတ်အယ်။
JAM 3:7 လူသားလို့ဟ သားရဲတိရစ္ဆာန်နဲ့ ကျေးငက်မျိုးမှ စယွေ့ တွားသွားသတ္တဝါနဲ့ ယေသတ္တဝါမျိုး အပေါင်းလို့ဟို ယဉ်ပါးစေသလို ယဉ်လည်း ယဉ်ပါးစေခဲ့ကြအယ်။
JAM 3:8 အားပေမဲ့ လျှာဟို ယဉ်ပါးစေနိန်သူ တစုံတဦးမျှ မဆိ။ လျှာဟ ထိန်းချုပ်ယွေ့ မရနိန်သော အဆိုးအညစ် ဖြစ်ပင်း သေစေတတ်သော အဆိပ်အတောက်နဲ့ ပြေ့လျက် ဆိအယ်။
JAM 3:9 ငါလို့ဟ လျှာဖြင့် ခမည်းတော်ဖြစ်သော ထာဝရဘုရားရဲ့ ကျေးဇူးတော်ဟို ချီးမွန်းလျက် ဘုရားသခင်ရဲ့ ပုံသဏ္ဌာန်တော်နဲ့အညီ ဖန်ဆင်းခံရသောသူလို့ဟို အဲလျှာဖြင့် ကျိန်ဆဲတတ်ကြအယ်။
JAM 3:10 စလောင်တခုထဲမှ ကျေးဇူးတော် ချီးမွန်းခြင်းနဲ့ ကျိန်ဆဲခြင်းတို့ ထွက်လာတတ်သလော။ ညီအကို မောင်နှမလို့၊ ဟေလို မဖြစ်သင့်။
JAM 3:11 စမ်းယေပေါက်တခုထဲမှ ချိုသောယေနဲ့ ခါးသောယေ ထွက်တတ်သလော။
JAM 3:12 ညီအကို မောင်နှမလို့၊ သင်္ဘောသဖန်းပင်ဟ သံလွင်သီးများဟို သီးနိန်သလော။ စပျစ်ပင်ဟ သဖန်းသီးများဟို သီးနိန်သလော။ အဲတိုင်းတိုင်း ငန်သောယေဟလည်း ချိုသောယေဟို မဖြစ်စေနိန်။
JAM 3:13 နင်လို့တွင် စသူဟ ပညာဆိပင်း တတ်သိလိမ္မာသူ ဖြစ်လုန်း။ အဲသူဟ ပညာရဲ့ နူးညံ့သိမ့်မွေ့ခြင်းနှိုက် တည်သော မိမိရဲ့ လုပ်ဆောင်မှုလို့ဟို ကောင်းသော အသက်ဆှင်နေထိန်မှုအားဖြင့် သက်သေပြမန့်။
JAM 3:14 အားပေမဲ့ နင်လို့ရဲ့ စိတ်နေလုံးထဲနှိုက် ခါးသီးသော မနာလိုခြင်းနဲ့ တကိုယ်ကောင်းဆန်ခြင်းများ ဆိရင် သမ္မာတရားဟို ဆန့်ကျင်ယွေ့ ဝါကြွားခြင်း၊ လိမ်ညာခြင်းလို့ဟို မပြုကြနဲ့။
JAM 3:15 အဲလိုသော ပညာဟ အထက်အရပ်မှ လာတာ မဟုတ်ဘဲ လောကနဲ့ လည်းကောင်း၊ ဇာတိနဲ့ လည်းကောင်း၊ နတ်ဆိုးလို့နဲ့ လည်းကောင်း စပ်ဆိုင်အယ်။
JAM 3:16 အကျောန်းမှာ မနာလိုခြင်းနဲ့ တကိုယ်ကောင်းဆန်ခြင်း ဆိသောနေရာတွင် ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းနဲ့ ဆိုးညစ်သော အမှုအမျိုးမျိုးလို့ ဆိတတ်အယ်။
JAM 3:17 အားပေမဲ့ အထက်အရပ်မှ လာလဲ့ ပညာဟ ပထမနေဖြင့် သန့်ဆှင်းစင်ကြယ်အယ်။ အဲပင်းရင် ငြိမ်းချမ်းသော သဘော၊ နူးညံ့သိမ်မွေ့မှု၊ ခင်မင်မှုလို့ဟို ပြုစုတတ်အယ်။ ၎င်းဟ ကရုဏာနဲ့ ပြေ့စုံကြွယ်ဝယွေ့ ကောင်းမြတ်လဲ့ အကျင့်များတည်းဟူသော အသီးအပွင့်လို့ဟို ဖြစ်ပွားစေတတ်အယ်။ အဲပြင် မျက်နှာမလိုက်တတ်၊ ဟန်ဆောင်မှုနဲ့ ကင်းအယ်။
JAM 3:18 ငြိမ်းချမ်းမှုဟို ဖြစ်စေသောသူလို့ဟ ဖြောင့်မတ်ခြင်း အသီးရဲ့ မျိုးစေ့ဟို ငြိမ်းချမ်းစွာ ကြဲတတ်ကြအယ်။
JAM 4:1 နင်လို့တွင် ဆိသော စစ်တိုက်ခြင်းနဲ့ ခိုက်ရန်ဖြစ်ခြင်းလို့ဟ ပစာကျောန့် ဖြစ်လာကြလုန်း။ နင်လို့ထဲနှိုက် ပြိုင်ဆိုင် တိုက်ခိုက်နေကြလဲ့ နင်လို့ရဲ့ ကာမဂုဏ် ခံစားလိုသောစိတ်မှ ဖြစ်လာကြတာ မဟုတ်လော။
JAM 4:2 နင်လို့ဟ မိမိလို့ အလိုဆိသောအရာများဟို မရနိန်သဖြင့် လူ့အသက်ဟို သတ်ရန် အသင့်ဆိကြအယ်။ မိမိလို့ ရမ်းဆာ့ လိုလားတောင့်တလဲ့ အရာများဟို မရနိန်သဖြင့် အငြင်းပွားကြအယ်။ နင်လို့ လိုလားသောအရာဟို မရဆိကြလဲ့ အကျောန်းမှာ ဘုရားသခင်ဆေဟို မတောင်းဆှောက်ကြသောကျောန့် ဖြစ်အယ်။
JAM 4:3 နင်လို့ တောင်းဆှောက်ယွေ့ မရခြင်းမှာ ရည်ရွယ်လွဲမားလျက် မိမိလို့ စည်းစိမ်ခံစားမှုအတွက် သာရင် တောင်းဆှောက်တတ်သောကျောန့် ဖြစ်အယ်။
JAM 4:4 ဖောက်ပြန်သောသူလို့၊ လောကနဲ့ မိတ်ဖွဲ့ခြင်းဟ ဘုရားသခင်ဟို ရန်ဘက်ပြုခြင်း ဖြစ်ကျောန်း နင်လို့ မသိကြသလော။ အဲကျောန့် လောကရဲ့ မိတ်ဆွေ ဖြစ်လိုသောသူဟ ဘုရားသခင်ရဲ့ ရန်သူ ဖြစ်အယ်။
JAM 4:5 အဲဟာမဟုတ်ရင် ကျမ်းစာဟ “ကိုယ်တော်သည် ငါလို့နှိုက် ကိန်းဝပ်စေသော ဝိညာဉ်တော်ဟို သဝန်တိုသော သဘောဖြင့် တောင့်တအယ်” ဟု အကျောန်းမဲ့ဆိုထားအယ်ဟု နင်လို့ ထင်ကြသလော။
JAM 4:6 အားပေမဲ့ ကိုယ်တော်ဟ ရမ်းဆာ့ ကြီးမြတ်သော ကျေးဇူးတော်ဟို ပေးအယ်။ အဲလိုမို့ “ဘုရားသခင်ဟ မာနထောင်လွှားသောသူလို့ဟို ဆန့်ကျင်ယွေ့ နှိမ့်ချသောသူလို့အား ကျေးဇူးတော်ဟို ခံစားစေအယ်” ဟု ဆိုထားအယ်။
JAM 4:7 အဲကျောန့် ဘုရားသခင်ရဲ့ အလိုတော်ဟို လိုက်ကြလော့။ မာရ်နတ်ဟို ဆီးတားကြလော့။ အဲလိုမို့ သူဟ နင်လို့ဆေမှ ထွက်ပြေးလိမ့်မယ်။
JAM 4:8 ဘုရားသခင်ဆေဟို ချဉ်းကပ်ကြလော့။ အဲလိုပြုရင် ကိုယ်တော်ဟ နင်လို့ဆေ ချဉ်းကပ်လိမ့်မယ်။ အပစ်သားလို့၊ နင်လို့ လက်ဟို စင်ကြယ်စေကြလော့။ စိတ်နေခွဆိသောသူလို့၊ နင်လို့ စိတ်နေလုံးဟို သန့်ဆှင်းစေကြလော့။
JAM 4:9 စိတ်ညှိုးငယ်ခြင်း၊ စိတ်မသာညဉ်းတွားခြင်းနဲ့ ငိုကခြင်း ဆိကြလော့။ နင်လို့ရဲ့ ရယ်မောခြင်းဟို စိတ်မသာညဉ်းတွားခြင်း ဖြစ်စေယွေ့ နင်လို့ရဲ့ ဝမ်းမြောက်ခြင်းဟို ဝမ်းနည်းခြင်း ဖြစ်စေကြလော့။
JAM 4:10 ထာဝရဘုရားဆေ့နှိုက် မိမိတတ်တိုင်း နှိမ့်ချကြလော့။ အဲလိုပြုရင် ကိုယ်တော်ဟ နင်လို့ဟို ချီးမြှောက်လိမ့်မယ်။
JAM 4:11 ညီအကို မောင်နှမလို့၊ အချင်းချင်း တယောက်ဟို တယောက် ကဲ့ရဲ့ခြင်းဟို မပြုကြနဲ့။ မိမိညီအကိုဟို ကဲ့ရဲ့ယွေ့ သူရဲ့ အပစ်ဆိတာဟု စီရင်သောသူဟ တရားဟို ကဲ့ရဲ့အယ်။ ပညတ်တရားနှိုက် အပစ်ဆိတာဟု စီရင်အယ်။ အဲလိုပြုရင် နင်ဟ ပညတ်တရားဟို ကျင့်သောသူ မဟုတ်၊ ပညတ်တရားဟို စစ်ကြောစီရင်သောသူ ဖြစ်အယ်။
JAM 4:12 ပညတ်တရားဟို ထားပိုင်သောသူ၊ စစ်ကြောစီရင်ပိုင်သောသူ တပါးတည်း ဆိအယ်။ အဲသူဟ ကယ်တင်ခြင်းငှာ လည်းကောင်း၊ ဖျက်ဆီးခြင်းငှာ လည်းကောင်း တတ်နိန်အယ်။ သူတပါးဟို စစ်ကြောစီရင်သောသူဟ စသူလုန်း။
JAM 4:13 “ခနေ့၊ မနက်ခါနှိုက် ဟေမြို့ဟို သွားယွေ့ အဲအရပ်နှိုက် တနှစ်ပတ်လုံးနေလျက် ကုန်သွယ်ကာ အမြတ်ရအောန် လုပ်ကြမယ်” ဟု ဆိုတတ်သောသူလို့၊ အခု နားထောင်ကြလော့။
JAM 4:14 နင်လို့ဟ မနက်ခါ စလိုဖြစ်မယ်ဟို မသိကြ။ နင်လို့ရဲ့ အသက်ဟ စလိုအရာဖြစ်လုန်း။ နင်လို့ဟ ခေတ္တခဏ ပေါ်လာပင်းနောက် ကွယ်ပျောက် သွားတတ်သော အခိုးအငွေ့ ဖြစ်ကြအယ်။
JAM 4:15 အဲကျောန့် “ထာဝရဘုရား အလိုတော်ဆိရင် ငါလို့ဟ အသက်ဆှင်ယွေ့ ဟေအမှု၊ အဲအမှုဟို ပြုကြမယ်” ဟု နင်လို့ ဆိုသင့်အယ်။
JAM 4:16 အခု နင်လို့ဟ မိမိထောင်လွှားခြင်းနှိုက် ဝါကြွားကြသေးအယ်။ အဲသို့သော ဝါကြွားခြင်း ဆိသမျှဟ မကောင်းသောအမှု ဖြစ်အယ်။
JAM 4:17 အဲလိုမို့ စသူမဆို ကောင်းသောအမှုဟို လုပ်ဆောင်ရန် သိလျက်နဲ့ မလုပ်ဘဲနေသောသူဟ အပစ်ဆိအယ်။
JAM 5:1 ချမ်းသာသောသူလို့၊ အခု နားထောင်ကြလော့။ နင်လို့အပေါ် သက်ရောက်မဲ့ ဒုက္ခဆင်းရဲခြင်းများအတွက် ငိုကကြလော့။
JAM 5:2 နင်လို့ရဲ့ စည်းစိမ်ဟ ဆွေးမြည့်ယွေ့ နင်လို့ရဲ့ အဝတ်များဟို ပိုးကိုက်စားလေပီ။
JAM 5:3 နင်လို့ရဲ့ ဆွေနဲ့ ငွေများဟ အချေးတက်လျက် ဆိပီ။ အဲအချေးဟလည်း နင်လို့ တဖက်နှိုက် သက်သေ ဖြစ်ယွေ့ နင်လို့အသားဟို မီးလို လောင်ကျွမ်းစေလိမ့်မယ်။ နင်လို့ဟ နောက်ဆုံးသော နေ့ရက်ကာလနှိုက် ဥစ္စာများဟို သိုမှီးထားကြလော့။
JAM 5:4 ကျေ့ကြလော့။ နင်လို့ လယ်ကွင်းနှိုက် ရိတ်သိမ်းပေးလဲ့ အလုပ်သမားလို့ဟို နင်လို့ ဝါယွေ့ မပေးဘဲနေသော အားခများဟ အော်ဟစ်နေကြအယ်။ ရိတ်သိမ်းသောသူလို့ရဲ့ အော်ဟစ်သံများဟလည်း ခေါန်းခင်ဗိုလ်ခြေအဆှင် ထာဝရဘုရားရဲ့ နားဟို ရောက်လေပီ။
JAM 5:5 နင်လို့ဟ လောကတွင် အပျော်ပါးလိုက်စားယွေ့ ဇိမ်ခံနေကြပီ။ အသတ်ခံရကြမဲ့ နေ့အတွက် မိမိလို့တတ်တိုင်း ဆူဖြိုးအောန် ကျွေးမွေးကြပီ။
JAM 5:6 နင်လို့ဟ ဖြောင့်မတ်သောသူဟို အပစ်ဆိတာဟု သတ်မှတ်ယွေ့ သတ်ကြပီ၊ သူဟ နင်လို့ဟို ဆီးတားခြင်း မပြု။
JAM 5:7 အဲကျောန့် ညီအကို မောင်နှမလို့၊ နင်လို့ဟ သခင်ဘုရား ကြွလာလဲ့တိုင်အောန် သည်းခံယွေ့ စောင့်နေကြလော့။ လယ်သမားဟ မိမိမြေမှ ဖိုးထိုက်သော အသီးနှံများ ထွက်ရန် မိုးဦးနဲ့ မိုးနှောင်း ရွာပီးလဲ့တိုင်အောန် စောင့်မျော်တတ်အယ်။
JAM 5:8 နင်လို့ဟလည်း သည်းခံယွေ့ စောင့်မျော်နေကြလော့။ သခင်ဘုရား ကြွလာလဲ့ နေ့ရက်ကာလဟ နီးကပ်လာပီ ဖြစ်ယွေ့ နင်လို့ရဲ့ မျော်လင့်ချက်ဟို ခိုင်မာစေကြလော့။
JAM 5:9 ညီအကို မောင်နှမလို့၊ စစ်ကြောစီရင်ခြင်းနဲ့ ကင်းလွတ်မဲ့အကျောန်း အချင်းချင်း ငြင်းခုံပစ်တင်ခြင်းဟို မပြုကြနဲ့။ တရားစီရင်ပိုင်သောသူဟ ထင်ခါးနားမှာ ရပ်နေအယ်။
JAM 5:10 ညီအကို မောင်နှမလို့၊ ထာဝရဘုရားရဲ့ နာမဟို အမှီပြုယွေ့ ဟောပြောသော ပရောဖက်လို့ဟ ဆင်းရဲဒုက္ခတွေ့ခြင်း၊ သည်းခံခြင်းရဲ့ ပုံသက်သေဟို ပြကြပီဟု မှတ်ကြလော့။
JAM 5:11 သည်းခံနိန်သောသူလို့ဟ မင်္ဂလာဆိသူ ဟူယွေ့ ငါလို့ ခေါ်ကြအယ်။ ယောဘဟ သည်းခံကျောန်းဟို နင်လို့ ကြားရကြပီ။ ထာဝရဘုရားဟ မိမိအမှုဟို လက်စသတ်ရာမှာ ရမ်းဆာ့ ကရုဏာထားကျောန်းဟိုလည်း သိမျော်ရကြပီ။
JAM 5:12 ညီအကို မောင်နှမလို့၊ အထူးသဖြင့် ကျိန်ဆိုမှုဟို မပြုကြနဲ့။ ခေါန်းခင်၊ မြေကြီးဟို တိုင်တည်ယွေ့ မကျိန်ဆိုနဲ့။ ပစာအရာဟိုမျှ တိုင်တည်ယွေ့ မကျိန်ဆိုနဲ့။ နင်လို့ဟ ဟုတ်တာဟို “ဟုတ်အယ်” မဟုတ်တာဟို “မဟုတ်ဝူး” ဟုသာ ပြောဆိုကြလော့။ အားမဟုတ်ရင် တရားစီရင်ခြင်းဟို ခံရလိမ့်မယ်။
JAM 5:13 နင်လို့တွင် ဆင်းရဲဒုက္ခခံရသူဆိရင် သူဟ ဆုတောင်းစေ။ ဝမ်းမြောက်ရွှင်လန်းသောသူဆိရင် ချီးမွန်းသီချင်းဟို သီဆိုစေ။
JAM 5:14 ဖျားနာသောသူဟ အသင်းတော်အကြီးအကဲများအား ဖိတ်ခေါ်စေ။ သူလို့ဟ သခင်ဘုရားရဲ့ နာမဟို အမှီပြုယွေ့ ဆုတောင်းကြစေ။
JAM 5:15 ယုံကြည်ခြင်းဖြင့် ဆုတောင်းခြင်းဟ လူနာအား ကျန်းမာစေလိမ့်မယ်။ သခင်ဘုရားဟ သူ့အား ကျန်းမာလာစေယွေ့ သူပြုမိသော အပစ်များဟိုလည်း ဖြေလွှတ်လိမ့်မယ်။
JAM 5:16 အဲလိုမို့ နင်လို့ဟ ကျန်းမာစေခြင်းဟို ခံရမဲ့အကျောန်း တဦးနဲ့ တဦး မိမိရဲ့ အပစ်များဟို ဖော်ပြဝန်ခံလျက် အချင်းချင်းအတွက် ဆုတောင်းကြလော့။ ဖြောင့်မတ်သောသူရဲ့ စိတ်အားထက်သန်လဲ့ ဆုတောင်းချက်ဟ ရမ်းဆာ့ တန်ခိုးပါယွေ့ ထိရောက်မှု ဆိအယ်။
JAM 5:17 ဧလိယဟ ငါလို့လို သာမန် လူသားတဦး ဖြစ်အယ်။ သူဟ မိုးမရွာစေရန် စိတ်အားထက်သန်စွာ ဆုတောင်းသောအခါ သုံးနှစ်နဲ့ ခြောက်လတိုင်တိုင် မြေပေါ်နှိုက် မိုးမရွာဘဲ နေအယ်။
JAM 5:18 အဲပင်းရင် သူဟ နောက်တဖန် ဆုတောင်းသောအခါ ခေါန်းခင်မှ မိုးရွာသွန်းယွေ့ မြေဟ အသီးအနှံများဟို ဖြစ်ထွန်းစေအယ်။
JAM 5:19 ညီအကို မောင်နှမလို့၊ နင်လို့တွင် တစုံတယောက်သောသူဟ သမ္မာတရားလမ်းမှ လွဲသွားယွေ့ တစုံတဦးဟ သူ့ဟို ပြန်လည်ခေါ်ဆောင်လာရင်
JAM 5:20 အပစ်ဆိသောသူဟို မားယွင်းသောလမ်းမှ ပြန်စေသောသူဟ အပစ်ဆိသောသူရဲ့ စိတ်ဝိညာဉ်ဟို သေခြင်းမှ ကယ်တင်ယွေ့ ရမ်းဆာ့သော အပစ်လို့ဟို ဖုံးအုပ်တတ်တာဟု အဲသူဟ သိမှတ်စေ။
1PE 1:1 ယေရှု ခရစ်တော်ရဲ့ တမန်တော် ငါ ပေတရုဟ —
1PE 1:2 ယေရှု ခရစ်တော်ဟို နာခံရန်နဲ့ ကိုယ်တော်ရဲ့ အသွေးတော် ပျက်ဖျန်းခြင်း ခံရရန်အတွက် ဝိညာဉ်တော်အားဖြင့် သန့်ဆှင်းစေခြင်း ခံရယွေ့ ခမည်းတော် ဘုရားသခင်ရဲ့ ရည်ရွယ်ချက်အတိုင်း နင်လို့ဟ ရွေးချယ်ခြင်း ခံရသော သူလို့ဆေဟို စာရေးလိုက်အယ်၊
1PE 1:3 ငါလို့ သခင် ယေရှု ခရစ်တော်ရဲ့ ခမည်းတော် ဘုရားသခင်အား ကျေးဇူးတော် ချီးမွန်းကြပါစို့။ ကြီးမားသော ကရုဏာတော်ကျောန့် ယေရှု ခရစ်တော်ဟို သေခြင်းမှ ထမြောက်စေခြင်းဖြင့် ငါလို့အား ဖဝါ့အသစ်ဟို ပေးအယ်။ ၎င်းဟ ငါလို့အား အသက်ဆှင်သော မျှော်လင့်ချက်ဖြင့် ပြေ့စေပင်း၊
1PE 1:4 ဘုရားသခင်ဟ မိမိလူမျိုးအတွက် စောင့်ဆှောက်ပေးသော ကြွယ်ဝသော ကောင်းချီးများကို ပိုင်ဆိုင်ရန် ငါလို့ မျှော်လင့်ပါအယ်။ နင်လို့အတွက် ခေါန်းခင်ဘုံနှိုက် သိမ်းထားလဲ့ ယိုယွင်းပျက်စီးခြင်း၊ စုတ်ပဲ့ခြင်းနဲ့ မှေးမိန်ခြင်းလို့ မဆိသော အမွေတော်ထဲဟိုလည်းကောင်း အသစ်တခါ မွေးဖွားစေအယ်။
1PE 1:5 နင်လို့ဟ အချိန်ကာလရဲ့ အဆုံးတွင် ဖော်ပြရန် အသင့်ဆိသော ကယ်တင်ခြင်းအတွက် ဘုရားသခင်ရဲ့ တန်ခိုးတော်နှိုက် ယုံကြည်ခြင်းအားဖြင့် စောင့်ဆှောက်ခြင်းဟို ခံရကြအယ်။
1PE 1:6 နင်လို့ဟ အခုအချိန်တွင် စုံစမ်းနှောင့်ယှက်ခြင်း အမျိုးမျိုးကျောန့် အချိန်ခဏ ဝမ်းနည်းရရင်လည်း အထက်နှိုက် ဆိုခဲ့ပင်းသော အကျောန်းကျောန့် ရွင်လန်းခြင်း ဆိအယ်။
1PE 1:7 သူလို့ရဲ့ ရည်ရွယ်ချက်မှာ နင်လို့ရဲ့ယုံကြည်ခြင်း အစစ်အမန်ဖြစ်ကျောန်း သက်သေပြရန် ဖြစ်အယ်။ ဖျက်ဆီးတတ်သော ဆွေကိုပင် မီးဖြင့် စမ်းသပ်ခြင်း ခံရသော်လည်း ဆွေထက်သာယွေ့ အဖိုးတန်သော နင့်ရဲ့ ယုံကြည်ခြင်းကိုလည်း ခံနိန်ရည်ဆိစေရန် စမ်းသပ်ခြင်း ခံရမယ်။ အေးနောက် ယေရှု ခရစ်တော် ပေါ်ထွန်းလဲ့နေ့နှိုက် ချီးမွမ်းခြင်း ဘုန်းအသရေကို ခံရလိမ့်မယ်။
1PE 1:8 နင်လို့ဟ အေးသခင်ဟို မမျော်ဖူးသော်လည်း သူ့ဟို ချစ်ကြအယ်။ အေးသူဟ အခု မမျော်ဖူးသော်လည်း ယုံကြည်ကြပင်း ပြောယွေ့ မမီနိန်သော ဝမ်းမြောက်ခြင်းဖြင့် ရွင်မြူးကာ ဘုန်းတော်ဟို ချီးမွမ်းလျက်
1PE 1:9 နင်လို့ဟ ကိုယ်တော်ဟို ယုံကြည်ခြင်းရဲ့ အကျိုးရလဒ်တည်းဟူသော နင်လို့ရဲ့ စိတ်ဝိညာဉ် ကယ်တင်ခြင်းကို ခံရသောကျောန့် ဖြစ်အယ်။
1PE 1:10 ဟေကယ်တင်ခြင်းနဲ့ ပတ်သက်ယွေ့ ပရောဖက်များဟ ဂရုတစိုက် ဆှာဖွေစုံစမ်းမှုများ ပြုလုပ်ခဲ့ကြပင်း သူလို့ဟ ဘုရားသခင်ပေးမဲ့ ဟေလက်ဆောင်အကျောန်း ပရောဖက်ပြုကြအယ်။
1PE 1:11 သူလို့ဟ ဖယ်အချိန် ဖြစ်မလဲ၊ စလို ဖြစ်လာမလဲ ဆိုတာကို ဆှာဖွေဖို့ ကြိုးစားကြအယ်။ ခရစ်တော် ခံရမယ့် ဆင်းရဲဒုက္ခများနဲ့ နောက်ဆက်တွဲဖြစ်မယ့် ဘုန်းအသရေအကျောန်းဟို ဟောကိန်းထုတ်ရာတွင် ၎င်းလို့အတွင်းနှိုက် ဆိသော ခရစ်တော်ရဲ့ ဝိညာဉ်တော် ညွှန်ပြနေလဲ့အချိန် ဖြစ်အယ်။
1PE 1:12 အေးအခါ သူလို့ပြုစုသောအရာလို့ဟ မိမိလို့အတွက် မဟုတ်ဘဲ နင်လို့အတွက် ဖြစ်ကျောန်း သူလို့အား ဖွင့်ပြအယ်။ အခု အေးအရာလို့ဟ ခေါန်းခင်ဘုံမှ စေလွှတ်ခြင်းခံရလဲ့ သန့်ဆှင်းသော ဝိညာဉ်တော်အားဖြင့် ကောင်းမြတ်သော သတင်းဟို ဟောပြောသူများမှ တဆင့် နင့်လို့ဆေ ဖော်ပြခြင်း ခံရပီ။ ခေါန်းခင်တမန်လို့ပင် အေးအရာလို့ဟို ကျေ့ရှုရန် ရမ်းဆာ့ အလိုဆိကြအယ်။
1PE 1:13 အေးကျောန့် လုပ်ဆောင်ချက်အတွက် စိတ်ဟို ပြင်ဆင်ထားကြလော့။ နိုးနိုးကြားကြားဆိယွေ့ ယေရှု ခရစ်တော် ပေါ်ထွန်းလာသောအခါ နင်လို့အား ပေးမဲ့ ကောင်းချီးအပေါ် မျှော်လင့်ချက် အပြေ့ထားကြလော့။
1PE 1:14 နင်လို့ မသိ နားမလည်စဉ်အချိန်ဟ မကောင်းသော ဆန္ဒများနောက်ဟို မလိုက်ကြဘဲ နာခံမှုဆိသော လူပဲ့သငယ်များလိုမျိုး ဖြစ်ကြလော့။
1PE 1:15 နင်လို့ဟို ခေါ်သော ဘုရားသခင်ဟ သန့်ဆှင်းလဲ့နည်းတူ၊ နင်လို့ ပြုလေရာရာနှိုက် သန့်ဆှင်းခြင်း ဆိကြလော့။
1PE 1:16 ကျမ်းစာဟ “ငါသည် သန့်ဆှင်းသောကျောန့် နင်လို့ဟ သန့်ဆှင်းခြင်း ဆိကြလော့” ဟု ပြောအယ်။
1PE 1:17 နင်လို့ဟ လူလို့အား မျက်နှာလိုက်ခြင်း မဆိဘဲ တဦးစီလို့ပြုသော အမှုတိုင်း တရားစီရင်သော အဆှင်ဟို အဖလို့ခေါ်ကြရင် ဟေလောကတွင် ဧည့်သည်အဖြစ် နေထိန်စဉ်ကာလ တဆှောက်လုံး ကြောက်ရွံ့ရိုသေသော စိတ်ဖြင့် အသက်ဆှင် နေထိန်ကြလော့။
1PE 1:18 အကျောန်းမှာ နင်လို့ ဖိုးဖေးများ အပ်နှင်းထားသော တန်ဖိုးမဆိသော ဖဝါ့မှ လွတ်မြောက်ရန် ပေးဆပ်ခဲ့လဲ့ အရာများကို နင်လို့ သိသောကျောန့် ဖြစ်အယ်။ ငွေ အဲဟာမဟုတ်ရင် ဆွေလိုမျိုး ဖျက်ဆီးပစ်နိန်သော အရာမဟုတ်ဘဲ၊
1PE 1:19 အစွန်းအထင်း ကင်းလျက် အပစ်အနာအဆာ မဆိလဲ့ သိုးသငယ်လိုမျိုး ခရစ်တော်ရဲ့ အဖိုးတန်သော သွေးတော်အားဖြင့် ဖြစ်ကျောန်း နင်လို့ သိကြအယ်။
1PE 1:20 ကိုယ်တော်ဟ ကမ္ဘာမတည်မဆိမီကပင် ရွေးချယ်ခန့်ထားခြင်း ခံရသော်လည်း ဟေနောက်ဆုံးသော ကာလနှိုက် နင်လို့အတွက် ပေါ်ထွန်းအယ်။
1PE 1:21 ကိုယ်တော်အား သေသောသူလို့ထဲမှ ထမြောက်စေယွေ့ ဘုန်းအသရေပေးသော ဘုရားသခင်ဟို ကိုယ်တော်အားဖြင့် နင်လို့ ယုံကြည်ကြအယ်။ အေးလိုမို့ နင်လို့ရဲ့ ယုံကြည်ခြင်းနဲ့ မျှော်လင့်ခြင်းလို့ဟ ဘုရားသခင်ထဲနှိုက် တည်ဆိကြအယ်။
1PE 1:22 နင်လို့ဟ သမ္မာတရားဟို နားထောင်ခြင်းအားဖြင့် နင်လို့ရဲ့ စိတ်ဝိညာဉ်များဟို သန့်ဆှင်းစင်ကြယ်စေကြပင်း ဟန်ဆောင်မှု ကင်းလဲ့ ညီအကိုချင်းချစ်သော မေတ္တာဟို ရဆိကြအယ် ဖြစ်ယွေ့ ရိုးသားလဲ့ နေလုံးသားဖြင့် အချင်းချင်း ခိုင်မြဲစွာ ချစ်ကြလော့။
1PE 1:23 အကျောန်းမှာ နင်လို့ဟ ပျက်စီးတတ်သော မျိုးစေ့အားဖြင့် မဟုတ်ဘဲ ပျက်စီးခြင်းနဲ့ လွတ်လဲ့ မျိုးစေ့တည်းဟူသော အသက်ဆှင်ယွေ့ အမြဲတည်လဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အားဖြင့် အသစ်တဖန် မွေးဖွားစေခြင်းဟို ခံရကြပီ။
1PE 1:24 အကျောန်းမှာ ကျမ်းစာနှိုက် “လူအပေါင်းလို့ဟ မြက်ပင်လိုမျိုး ဖြစ်ယွေ့၊ သူလို့ရဲ့ ဘုန်းအသရေ ဆိသမျှဟလည်း မြက်ပွင့်လိုမျိုး ဖြစ်အယ်။ မြက်ပင်ဟ နွမ်းသွားယွေ့ အပွင့်ဟလည်း ကြွေတတ်အယ်။
1PE 1:25 အဲလိုလဲ ထာဝရဘုရားရဲ့ နှုတ်ကပတ်တော်ဟ အမြဲတမ်း တည်အယ်” ဟု ဖော်ပြပင်း နှုတ်ကပတ်တော်ဟ နင်လို့အားပြောလဲ့ ကောင်းမြတ်သော သတင်းပင် ဖြစ်အယ်။
1PE 2:1 အေးလိုမို့ မကောင်းမှု အမျိုးမျိုးနဲ့ တကွ ဆိသမျှသော စဉ်းလဲခြင်း၊ သူတော်ကောင်းယောင်ဆောင်ခြင်း၊ မနာလိုခြင်းနဲ့ ပုတ်ခတ်ပြောဆိုခြင်း အားလုံးလို့ဟို ဖယ်ဆှားကြလော့။
1PE 2:2 ဝိညာဉ်ရေးဆိုင်ရာ သန့်ဆှင်းသော နို့ရည်ဟို အမြဲတောင့်တသော မွေးကင်းစ လူပဲ့များလိုမျိုး ဖြစ်ကြလော့၊ အေးလို့မှသာ အဲနို့ဟို သောက်ခြင်းဖြင့် နင်လို့ဟ ကြီးပြင်းလာပင်း ကယ်တင်ခြင်းဟို ခံရမယ် ဖြစ်အယ်။
1PE 2:3 ကျမ်းစာနှိုက် “သခင်ဘုရားဟ စလောက် ကြင်နာတာဟို နင်လို့တတ်တိုင်း သိဆိကြပီ” ဟု ဖော်ပြထားအယ်။
1PE 2:4 လူလို့ရဲ့ ငြင်းပယ်ခြင်းဟို ခံရပေမဲ့လည်း ဘုရားသခင် ရွေးကောက်သော အဖိုးထိုက်လဲ့ အသက်ဆှင်သော ကျောက်ဖြစ်သော အေးသခင်ဆေဟို လာယွေ့၊
1PE 2:5 နင်လို့တတ်တိုင်းလည်း အသက်ဆှင်သော ကျောက်လိုမျိုး ဝိညာဉ်ရေးဆိုင်ရာ အိုင်အဖြစ် တည်ဆောက်ခြင်းဟို ခံကြလော့။ ဟေဟာဟ နင်လို့သည် သန့်ဆှင်းသော ယဇ်ပုရောဟိတ်မျိုးဖြစ်လျက် ဘုရားသခင် နှစ်သက်လက်ခံသော ဝိညာဉ်ရေးဆိုင်ရာ ယဇ်များဟို ယေရှု ခရစ်တော်အားဖြင့် ပူဇော်နိန်ရန် ဖြစ်အယ်။
1PE 2:6 အကျောန်းမှာ ကျမ်းစာနှိုက် “ကျေ့လော့၊ ရွေးကောက်ထားလဲ့ အဖိုးတန်သော ထောင့်ချုပ်ကျောက်ဟို ဇိအုန်တောင်ပေါ်နှိုက် ငါ ချထားအယ်။ အေးကျောက်ဟို ကိုးစားလဲ့သူဟ ပစာအခါမှ အဆှက်ရလိမ့်မယ် မဟုတ်” ဟု ပြောထားအယ်။
1PE 2:7 အဲလိုမို့ အေးကျောက်ဟို ယုံကြည်သော နင်လို့အတွက် တန်ဖိုးဆိအယ်။ အဲလိုလဲ မယုံကြည်သော သူလို့အတွက်ဟ၊ “တိုက်ဆောက်သူများ ပယ်ထားသော ကျောက်ဟ အရေးကြီးဆုံးသော ထောင့်ချုပ်ကျောက်” ဖြစ်လာပင်း
1PE 2:8 အခြားကျမ်းစာနှိုက် “အေးကျောက်ဟ လူလို့အား ခိုက်မိစေယွေ့ ပြိုလဲစေသောကျောက် ဖြစ်အယ်” ဟု ပြောအယ်။ သူလို့ဟ နှုတ်ကပတ်တော်ဟို မယုံကြည်သောကျောန့် ခလုတ်တိုက်ကြအယ်။ ဟေဟာဟ အေးသူလို့အတွက် ဘုရားသခင်ရဲ့ အလိုတော် ဖြစ်အယ်။
1PE 2:9 အဲလိုလဲ နင်လို့ဟ ရွေးကောက်ခံရသော အမျိုးအနွယ်၊ တော်ဝင်ယဇ်ပုရောဟိတ်မျိုး၊ သန့်ဆှင်းသော တိုင်းသူပြေသား၊ ဘုရားသခင်ရဲ့ လူမျိုး ဖြစ်ကြအယ်။ ဟေဟာဟ နင်လို့ဟို မိုက်ထဲဟ မိမိရဲ့ အံ့ဩဖွယ် အလင်းထဲဟို ခေါ်ယူသော အဆှင်ရဲ့ ကောင်းမြတ်ခြင်းများဟို နင်လို့ ဖော်ပြကြမဲ့အကျောန်း ဖြစ်အယ်။
1PE 2:10 နင်လို့သည် မခင်ခါဟ ဘုရားသခင်ရဲ့ လူများ မဟုတ်ခဲ့ပေမဲ့လည်း အခုအခါ သူ့ရဲ့ လူများ ဖြစ်ကြပီ။ မခင်ဟ ကရုဏာဟို မခံစားခဲ့ရပေမဲ့လည်း အခုခါ ကရုဏာဟို ခံစားကြရပီ။
1PE 2:11 ချစ်သော မိတ်ဆွေလို့၊ နင်လို့ဟ ဧည့်သည်အာဂန္တုများ ဖြစ်ကြသဖြင့် စိတ်ဝိညာဉ်ဟို ဆန့်ကျင်တိုက်ခိုက်သော ကိုယ်ကာယတပ်မက်ခြင်းများဟို ဆှောင်ကြဉ်ကြရန် နင်လို့ဟို ငါ တိုက်တွန်းနှိုးဆော်အယ်။
1PE 2:12 ဘုရားဟို မသိသော သူလို့အလယ်တွင် ကောင်းစွာ အသက်ဆှင် နေထိန်ကြလော့။ အေးလို့လုပ်ရင် သူလို့ဟ နင်လို့ဟို မကောင်းမှုပြုသူများအဖြစ် ပုတ်ခတ်ပြောဆိုပေမဲ့လည်း နင်လို့ရဲ့ ကောင်းသောအမှုဟို မျော်ယွေ့ ဘုရားသခင် ကြွလာသော နေ့ရက်နှိုက် ဘုန်းတော်ဟို ချီးမွန်းကြလိမ့်မယ်။
1PE 2:13 လူလို့စီရင်ခန့်ထားသော အုပ်ချုပ်မှုစနစ် အားလုံးဟို သခင်ဘုရားရဲ့ မျက်နှာတော်ဟို ထောက်ယွေ့ နားထောင်ကြလော့။ အထွဋ်အမြတ်ဖြစ်သော ဆှင်ဘုရင် ဟို ဖြစ်စေ၊
1PE 2:14 အဲဟာမဟုတ်ရင် အမားလုပ်သောသူများဟို ပစ်ဒဏ်ပေးယွေ့၊ လူကောင်းလို့ဟို ဂုဏ်ပြုချီးမွန်းရန် ဆှင်ဘုရင် စေလွှတ်သော အုပ်ချုပ်ရေးမှူးများ ဟို ဖြစ်စေ နားထောင်ကြလော့။
1PE 2:15 အကျောန်းမှာ ကောင်းသောအမှုဟို ပြုခြင်းအားဖြင့် လူမိုက်လို့ရဲ့ အသိဉာဏ်ကင်းမဲမှုဟို တိတ်ဆိတ်စေခြင်းဟ ဘုရားသခင်ရဲ့ အလိုတော် ဖြစ်အယ်။
1PE 2:16 လွတ်လပ်သောသူများအဖြစ် အသက်ဆှင်ကြလော့။ အဲလိုလဲ အေးလွတ်လပ်ခြင်းဟို မကောင်းမှုလုပ်ရန် ဆင်ခြေဆင်လက်အဖြစ် အသုံးမပြုဘဲ ဘုရားသခင်ရဲ့ အစေအပါးအဖြစ် အသုံးပြုကြလော့။
1PE 2:17 လူအားလုံးလို့ဟို ရိုသေကြလော့။ တခြားယုံကြည်သူများဟိုလည်း ချစ်ကြလော့။ ဘုရားသခင်ဟို ကြောက်ရွံ့ကြလော့။ ဆှင်ဘုရင်ဟို လေးစားကြလော့။
1PE 2:18 အစေခံလို့၊ ကြောက်ရွံ့ရိုသေသော စိတ်အပြေ့အဝဖြင့် နင်လို့ဟ သခင်များရဲ့ အုပ်ချုပ်ခြင်းဟို နာခံကြလော့။ စိတ်သဘောကောင်းယွေ့ ညင်သာသော သခင်များဟိုသာ မဟုတ်ဘဲ ကြမ်းတမ်းခက်ထန်သော သခင်များဟိုလည်း နာခံကြလော့။
1PE 2:19 အကျောန်းမှာ စသူမဆို မတရားသဖြင့် ဆင်းရဲဒုက္ခဟို ခံစားရသောအခါ ဘုရားသခင်နဲ့ဆိုင်သော အသိစိတ်ဟို ထောက်ယွေ့ ဝမ်းနည်းခြင်းဟို သည်းခံရင် ဂုဏ်ယူဖွယ် ဖြစ်အယ်။
1PE 2:20 နင်လို့ဟ အပစ်လုပ်ယွေ့ ဖိုင်ခြင်းဟို သည်းခံရင် စလိုချီးမွန်းစရာ ဆိမလုန်း။ အဲလိုလဲ ကောင်းသောအမှုဟို လုပ်ယွေ့ ဆင်းရဲဒုက္ခခံစားရတာဟို သည်းခံရင် ဘုရားသခင် ဆေ့နှိုက် ဂုဏ်ယူဖွယ် ဖြစ်အယ်။
1PE 2:21 နင်လို့ဟ ဟေအတွက် ခေါ်ခြင်းခံရအယ်။ ပစာကို့ ခရစ်တော်ဟလည်း နင်လို့ဟို မိမိခြေရာတော်အတိုင်း လိုက်ဆှောက်စေရန် နင်လို့အစား ဆင်းရဲဒုက္ခခံရလျက် နင်လို့အတွက် စံနမူနာဟို ထားပေးအယ်။
1PE 2:22 ကိုယ်တော်ဟ အပစ်ဟို မလုပ်။ ကိုယ်တော်ရဲ့ နှုတ်တော်နှိုက် ဝါတာဟို မမျော်ရ။
1PE 2:23 ပုတ်ခတ်ပြောဆို ခံရသောအခါ ပြန်ယွေ့ မတုန့်ပြန်၊ ဆင်းရဲဒုက္ခ ခံစားရသောအခါနှိုက်လည်း ခြိမ်းခြောက်ခြင်းဟို မလုပ်ဘဲ ဖြောင့်မတ်စွာ တရားစီရင်သော အဆှင်ဆေ မိမိကိုယ်ဟို အပ်နှံအယ်။
1PE 2:24 ငါလို့ဟ အပစ်အရာနှိုက် သေဆုံးယွေ့ ဖြောင့်မတ်ခြင်းအရာနှိုက် အသက်ဆှင်မဲ့အကျောန်း ကိုယ်တော်ဟ လက်ဝါးကပ်တိုင်ပေါ်တွင် ငါလို့ အပစ်များဟို မိမိရဲ့ ကိုယ်ခန္ဓာနှိုက် ကိုယ်တော်တိုင် ယူဆောင်အယ်။ နင်လို့ဟ ကိုယ်တော်ရဲ့ ဒဏ်ချက်တော်အားဖြင့် အနာရောဂါ ပျောက်ကင်းခြင်း အခွင့်ဟို ရဆိကြအယ်။
1PE 2:25 နင်လို့ဟလည်း လမ်းလွဲသော သိုးလို့လိုမျိုး ဖြစ်ကြပေမဲ့ အခုဟ သိုးထိန်းဖြစ်ယွေ့ နင်လို့ရဲ့ စိတ်ဝိညာဉ်ဟို ကြီးကြပ်သူဖြစ်သော အဆှင်စေဟို ပြန်ရောက်ကြပီ။
1PE 3:1 အေးနည်းတူ ပေါင်အိုမလို့၊ နင်လို့ရဲ့ ဖိုးအိုများရဲ့ အုပ်စိုးခြင်းဟို နာခံကြလော့။ အေးလို့လုပ်ရင် တချို့ဖိုးအိုလို့ဟ နှုတ်ကပတ်တရားဟို မယုံကြည်ကြရင်တောင် နင်လို့ရဲ့ ကြောက်ရွံ့ရိုသေမှုနဲ့ သန့်ဆှင်းစင်ကြယ်သော အသက်ဆှင် နေထိန်မှုကို မျော်လျက် ပေါင်အိုမရဲ့ စကားအားဖြင့် မဟုတ်ဘဲ၊
1PE 3:2 အသက်ဆှင် နေထိန်မှုအားဖြင့် ပြောင်းလဲလာကြလိမ့်မယ်။
1PE 3:3 နင်လို့ရဲ့ တန်ဆာဆင်ခြင်းဟ ဆံပင်ကျစ်ခြင်း၊ ဆွေတန်ဆာဆင်ခြင်း၊ အဝတ်အစားများဖြင့် ဆင်ယင်ခြင်း ဟူသော အပြင်ပန်း တန်ဆာဆင်ခြင်း မဖြစ်စေဘဲ၊
1PE 3:4 နူးညံ့သိမ်မွေ့ယွေ့ တည်ငြိမ်လဲ့ စိတ်သဘောတည်းဟူသော ယိုယွင်းပျက်စီးခြင်းနဲ့ ကင်းလဲ့ စိတ်နေလုံးနဲ့ဆိုင်လဲ့ အတွင်းဝိညာဉ်လူရဲ့ တန်ဆာဆင်ခြင်း ဖြစ်စေကြလော့။ ဟေစာဟ ဘုရားသခင်ဆေ့နှိုက် ရမ်းဆာ့ အဖိုးထိုက်သောအရာ ဖြစ်အယ်။
1PE 3:5 မခင်ဟ ဘုရားသခင်ဟို မျော်လင့်အားထားသော သန့်ဆှင်းလဲ့ မိန်းမလို့ဟ မိမိလို့ရဲ့ ဖိုးအိုများရဲ့ စကားဟို နားထောင်ခြင်းဖြင့် လှပအောန် တန်ဆာဆင်ကြအယ်။
1PE 3:6 စာရာဟ အာဗြဟံဟို နာခံယွေ့ သူ့ဟို သခင်ဟု ခေါ်အယ်။ နင်လို့ဟလည်း ပစာဟိုမှ မကြောက်တော့ဘဲ ကောင်းသောအမှုများဟိုသာ လုပ်ရင် သူ့ရဲ့ လူပဲ့သငယ်များ ဖြစ်ကြအယ်။
1PE 3:7 အေးနည်းတူ ဖိုးအိုလို့၊ ပေါင်အိုမလို့ဟ မိန်းမသားဖြစ်ပင်း နင်လို့ထက် အားနည်းသောသူ ဖြစ်ကျောန်း သိဆိနားလည်ယွေ့ အသက်နဲ့ဆိုင်သော ကျေးဇူးတော်ဟို အတူတကွ အမွေဆက်ခံသူအဖြစ် တန်ဖိုးထားလျက် အတူတကွ ပေါင်းသင်းနေထိန်ကြလော့။ ဟေဟာဟ နင်လို့ ဆုတောင်းချက်များဟို တားဆီးမခံရမဲ့အကျောန်း ဖြစ်အယ်။
1PE 3:8 နောက်ဆုံးမှာ နင်လို့အားလုံး တစိတ်တသဘောတည်းဆိလျက် ကြင်နာတတ်သော သဘော၊ ညီအကိုချင်း ချစ်တတ်သော သဘော၊ သနားစုံမက်တတ်သော သဘောနဲ့ စိတ်နှိမ့်ချသော သဘော ဆိကြလော့။
1PE 3:9 နင်လို့ဟ ကောင်းချီးမင်္ဂလာဟို အမွေဆက်ခံရမဲ့အကျောန်း ခေါ်ယူခြင်းဟို ခံရတာ ဖြစ်ယွေ့ အဆိုးဟို အဆိုးဖြင့် လည်းကောင်း၊ ကဲ့ရဲ့ပစ်တင်ခြင်းဟို ကဲ့ရဲ့ပစ်တင်ခြင်းဖြင့် လည်းကောင်း မတုန့်ပြန်ဘဲ ကောင်းချီးဟိုသာ ပေးကြလော့။
1PE 3:10 အကျောန်းမှာ ကျမ်းစာနှိုက် “အသက်ဆှင်ခြင်းဟို နှစ်သက်ယွေ့၊ ကောင်းသော နေ့ရက်လို့ဟို တွေ့မျော်လိုသောသူဟ မိမိလျှာဟို ချုပ်တည်းယွေ့ မကောင်းသော စကားနဲ့ ကင်းလွတ်စေ၊ မိမိစလောင်ဟိုလည်း ချုပ်တည်းယွေ့ ဝါမပြောမိစေနဲ့။
1PE 3:11 မကောင်းသောအမှုဟို ဆှောင်ဆှားလျက် ကောင်းသောအမှုဟို လုပ်စေ၊ ငြိမ်သက်ခြင်းဟို ဆှာယွေ့ ၎င်းဟို ရဆိစေရန် ကြိုးစားစေ။
1PE 3:12 အကျောန်းမှာ သခင်ဘုရားဟ ဖြောင့်မတ်သောသူလို့ဟို ကျေ့ရှုယွေ့၊ သူလို့ရဲ့ ဆုတောင်းသံဟို နားထောင်အယ်။ အဲလိုလဲ မကောင်းသောအမှုဟို လုပ်သောသူဆေမှ သခင်ဘုရားဟ မျက်နှာလွဲအယ်” ဟု ဆိုအယ်။
1PE 3:13 နင်လို့ဟ ကောင်းသောအမှုနှိုက် စိတ်အားထက်သန်ရင် စသူဟ နင်လို့ဟို အန္တရာယ် ပြုမလုန်း။
1PE 3:14 အဲလိုလဲ ဖြောင့်မတ်ခြင်းကျောန့် ဆင်းရဲဒုက္ခ ခံရရင်တောင် နင်လို့ဟ မင်္ဂလာ ဆိအယ်။ သူလို့ရဲ့ ခြိမ်းခြောက်ခြင်းဟို မကြောက်ကြနဲ့၊ မစိုးရိမ်ကြနဲ့။
1PE 3:15 နင်လို့ရဲ့ စိတ်နေလုံးထဲနှိုက် ခရစ်တော်ဟို အဆှင်သခင် အဖြစ် ရိုသေကြလော့။ နင်လို့ နှိုက်ဆိလဲ့ မျှော်လင့်ခြင်းအကျောန်းနဲ့ ပတ်သက်ယွေ့ နင်လို့အား မေးသောသူ အားလုံးဟို ဖြေဆှင်း ပြောဆိုနိန်ရန် အမြဲတမ်း အဆင်သင့် ဆိကြလော့။
1PE 3:16 အဲလိုလဲ နူးညံ့ခြင်းနဲ့ ရိုသေခြင်းဟို ဆိကြလော့။ နင်လို့ဟ ကဲ့ရဲ့ခံရသောအခါ၊ ခရစ်တော်ရဲ့ နောက်လိုက်များ အဖြစ် နင့်ရဲ့ ကောင်းသောအကျင့်ကို မကောင်း ပြောသောသူလို့ဟ သူလို့ ပြောသော စကားအတွက် ဆှက်ကြစေရန် နင်လို့ စိတ်ဟို ကြည်လင်စေကြလော့။
1PE 3:17 အကျောန်းမှာ ဘုရားသခင် အလိုတော်ဆိရင် မကောင်းသောအမှုဟို လုပ်ယွေ့ ဆင်းရဲဒုက္ခ ခံရတာထက် ကောင်းလဲ့အမှုဟို လုပ်ယွေ့ ဆင်းရဲဒုက္ခခံရခြင်းဟ သာယွေ့ ကောင်းအယ်။
1PE 3:18 အကျောန်းမှာ ခရစ်တော်ဟ နင့်အား အပစ်များအတွက် တခါတည်း အသေခံ ခဲ့အယ်။ နင်လို့ဟို ဘုရားသခင်ဆေဟို ပို့ဆောင်မဲ့အကျောန်း ဖြောင့်မတ်သောသူဟ မဖြောင့်မတ်သောသူလို့ ကိုယ်စား ဒုက္ခဝေဒနာဟို ခံစားစေအယ်။ ကိုယ်တော်ဟ ကိုယ်ကာယနှိုက် အမန်အသေခံသော်လည်း ဝိညာဉ်တော်နှိုက် အသက်ဆှင်အယ်။
1PE 3:19 ဝိညာဉ်တော်အားဖြင့် ကိုယ်တော်ဟ အကျဉ်းကျနေသော ဝိညာဉ်များဆေဟို သွားပင်း တရားဟောအယ်။
1PE 3:20 အဲဝိညာဉ်များဟ တချိန်ဟ နောဧလက်ထက်နှိုက် သင်္ဘောတည်ဆောက်စဉ်တွင် ဘုရားသခင်ဟ စိတ်ဆှည်စွာဖြင့် စောင့်ပေမဲ့လည်း နားထောင်ခြင်း မဆိခဲ့သော ဝိညာဉ်များ ဖြစ်ကြအယ်။ အေးသင်္ဘောထဲနှိုက် ဆှစ်ယောက်မျှဖြစ်သော လူကတစ်လို့သာ ယေမှတဆင့် ကယ်တင်ခြင်း ခံရကြအယ်။
1PE 3:21 အေးအရာဟ အခု နင်လို့ဟို ကယ်တင်သော နှစ်ခြင်းဟို ပုံဆောင်အယ်။ နှစ်ခြင်းဟ ကိုယ်ကာယရဲ့ အညစ်အကြေးဟို ချွတ်ပယ်ခြင်း မဟုတ်ဘဲ ယေရှု ခရစ်တော်ရဲ့ ဆှင်ပြန်ထမြောက်ခြင်းအားဖြင့် ကောင်းသော အသိစိတ်ဟို ဘုရားသခင်ဆေ တောင်းဆှောက်ခြင်း ဖြစ်အယ်။
1PE 3:22 အေးသခင်ဟ ခေါင်းခင်ဘုံဟို ကြွယွေ့ ခေါန်းခင်တမန်များ၊ အာဏာစက်များနဲ့ တန်ခိုးလို့ဟို မိမိလက်အောက်နှိုက် ချထားလျက် ဘုရားသခင်ရဲ့ လက်ယာဘက်နှိုက် ဆိနေအယ်။
1PE 4:1 ခရစ်တော်ဟ ကိုယ်ခန္ဓာနှိုက် အေးလို့ ဆင်းရဲဒုက္ခခံစားရတာ ဖြစ်ယွေ့ နင်လို့ဟလည်း အေးလို့သော သဘောထားမျိုးဟို လက်နက်အဖြစ် စွဲကိုင်ကြလော့။ ပစာကို့ ကိုယ်ကာယတွင် ဆင်းရဲဒုက္ခခံစားရသောသူဟ အပစ်နဲ့ ပြတ်စဲပီ ဖြစ်အယ်။
1PE 4:2 အေးဟာဟ လောကတွင် အသက်ဆှင်ရမဲ့ ကျန်ဆိသေးသော အချိန်ကာလဟို လူလို့ရဲ့ တပ်မက်ခြင်းအားဖြင့် မဟုတ်တော့ဘဲ ဘုရားသခင်ရဲ့ အလိုတော်အားဖြင့် အသက်ဆှင်နိန်ရန် ဖြစ်အယ်။
1PE 4:3 အကျောန်းမှာ လူမျိုးခြားလို့ရဲ့ ဆန္ဒအတိုင်းပြုလျက် ကာမဂုဏ်လိုက်စားခြင်း၊ တပ်မက်ခြင်း၊ မူးယဇ်ခြင်း၊ အပျော်လွန်ကျုးခြင်း၊ သောက်စားခြင်းနဲ့ ပညတ်တရားဟ တားမြစ်ထားလဲ့ ရုပ်တုကိုးကွယ်ခြင်းလို့တွင် ကျင်လည်ခဲ့လဲ့ လွန်ခဲ့သောအချိန်ဟ နင်လို့အတွက် လောက်ပေအယ်။
1PE 4:4 အခုမှာ နင်လို့ဟ အေးလိုမျိုးသော လွန်ကဲလဲ့ အပျော်ကြူးခြင်းနှိုက် သူလို့နဲ့အတူ မပါဝင်ကြသောကျောန့် သူလို့ဟ အံ့ဩလျက် စော်ကားပြောဆိုကြအယ်။
1PE 4:5 အဲလိုလဲ အသက်ဆှင်သောသူနဲ့ သေသောသူလို့ကို တရားစီရင်ရန် အသင့်ဆိသော ဘုရားသခင်အား သူလို့တတ်တိုင်း ဖြေဆှင်းချက်ပေးရမယ်။
1PE 4:6 အေးအကျောန်းကျောန့် သေသောသူလို့ဟိုလည်း သတင်းကောင်းဟို ဟောပြောလေအယ်။ အေးဟာဟ သူလို့သည် သွေးသားနှိုက် လူသားအနေဖြင့် တရားစီရင်ခြင်းဟို ခံရပေမဲ့လည်း ဝိညာဉ်ဟ ဘုရားသခင်အားဖြင့် အသက်ဆှင်ကြရန် ဖြစ်အယ်။
1PE 4:7 ခပ်သိမ်းသောအရာလို့ဟ နောက်ဆုံးချိန် နီးကပ်လာပီ။ အေးလိုမို့ ဆုတောင်းခြင်းအမှုဟို လုပ်နိန်ရန် တည်ငြိမ် မန်ကန်သော စိတ်နဲ့ သမ္မာသတိ ဆိကြလော့။
1PE 4:8 ချစ်ခြင်းမေတ္တာဟ ရမ်းဆာ့သော အပစ်လို့ဟို ဖုံးအုပ်တတ်တာ ဖြစ်ယွေ့ ခပ်သိမ်းသော အရာလို့ထက် အချင်းချင်းကြားနှိုက် ခိုင်မြဲစွာ ချစ်ခြင်းမေတ္တာနဲ့ ချစ်ကြလော့။
1PE 4:9 ညည်းညူခြင်း မဆိဘဲ အချင်းချင်း ဧည့်ဝတ်ကျေပွန်ကြလော့။
1PE 4:10 နင်လို့ တဦးစီဟ မိမိခံစားရဆိလဲ့ ဆုကျေးဇူးအလျောက် ဘုရားသခင်ရဲ့ အမျိုးမျိုးသော ကျေးဇူးတော်နဲ့ဆိုင်လဲ့ ကောင်းသော ဘဏ္ဍာစိုးများလိုမျိုး အေးဆုကျေးဇူးအားဖြင့် အချင်းချင်း ကူညီဆောင်ရွက် ပေးကြလော့။
1PE 4:11 ဟောပြောသောသူဟ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အတိုင်း ဟောပြောစေ။ အမှုတော်ဆောင်ရွက်သောသူဟ ဘုရားသခင် ပြင်ဆင်ပေးသော အစွမ်းသတ္တိအတိုင်း ဆောင်ရွက်စေ။ အေးစာဟ ဘုရားသခင်သည် အရာအားလုံးနဲ့ ယေရှု ခရစ်တော်အားဖြင့် ဘုန်းတော်ထင်ဆှားမဲ့အကျောန်း ဖြစ်အယ်။ အေးသခင်နှိုက် ကမ္ဘာအဆက်ဆက် ဘုန်းအသရေနဲ့ တန်ခိုးအရှိန်အဝါ ဆိပါစေသော။ အာမင်။
1PE 4:12 ချစ်လှစွာသော မိတ်ဆွေလို့၊ နင်လို့ဟို စစ်ဆေးရန် နင်လို့ဆေ ကျရောက်လာမဲ့ ဆင်းရဲဒုက္ခမီးဟို နင်လို့နှိုက် ထူးဆန်းသောအရာ ဖြစ်ပျက်လာသလိုမျိုး အံ့ဩခြင်း မဆိကြနဲ့။
1PE 4:13 ခရစ်တော်ရဲ့ ဆင်းရဲဒုက္ခများနှိုက် ပါဝင်ရလဲ့အတွက် ဝမ်းမြောက်ကြလော့။ အေးဟာဟ ခရစ်တော်ရဲ့ ဘုန်းအသရေ ထင်ဆှားသော အချိန်နှိုက် နင်လို့ဟ ဝမ်းမြောက်ရွှင်လန်းကြလိမ့်မယ်။
1PE 4:14 နင်လို့ဟ ခရစ်တော်ရဲ့ နာမကျောန့် ကဲ့ရဲ့ပစ်တင်ခြင်း ခံရရင် မင်္ဂလာဆိကြအယ်။ အကျောန်းမှာ ဘုန်းအသရေနဲ့ ပြေ့စုံသော ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟ နင်လို့အပေါ်နှိုက် ကိန်းဝပ်အယ်။
1PE 4:15 နင်လို့တွင် လူသတ်သမားအဖြစ် ဖြစ်စေ၊ သူခိုးအဖြစ် ဖြစ်စေ၊ ဒုစရိုက်ပြုသူအဖြစ် ဖြစ်စေ၊ သူတပါးအမှုနှိုက် ဝင်ရောက်စွက်ဖက်သူအဖြစ် ဖြစ်စေ၊ ဆင်းရဲဒုက္ခခံရမယ့်သူ တစုံတဦးမှ မဆိစေနဲ့။
1PE 4:16 စလိုဖြစ်ဖြစ် တစုံတယောက်ဟ ခရစ်ယာန်အဖြစ် ဆင်းရဲဒုက္ခခံစားရရင် ဆှက်ကြောက်ခြင်း မဆိစေဘဲ အေးနာမကျောန့် ဘုရားသခင်ရဲ့ ဘုန်းတော်ဟို ချီးမွမ်းပါစေ။
1PE 4:17 အကျောန်းမှာ တရားစီရင်ခြင်းဟို ဘုရားသခင်ရဲ့ အိုင်တော်မှ အစပြုမဲ့အချိန် ရောက်လေပီ။ အေးလို့ ငါလို့ဆေမှ အစပြုမယ်ဆိုရင် ဘုရားသခင်ရဲ့ ကောင်းမြတ်သော သတင်းဟို နားမထောင်သော သူလို့ရဲ့ အဆုံးဟ စလိုဖြစ်လိမ့်မလုန်း။
1PE 4:18 ကျမ်းစာနှိုက် “ဖြောင့်မတ်သောသူအတွက် ခက်ခဲစွာ ကယ်တင်ခြင်း ခံရမယ်ဆိုရင်၊ ဘုရား မကိုးကွယ်သောသူနဲ့ အပစ်သားလို့ဟ စလိုဖြစ်လာ မလုန်း” ဟု ပြောအယ်။
1PE 4:19 အေးလိုမို့ ဘုရားသခင်ရဲ့ အလိုတော်အရ ဆင်းရဲဒုက္ခ ခံစားရသောသူဟ ကောင်းသောအမှု ပြုလုပ်ရာနှိုက် မိမိလို့ရဲ့ စိတ်ဝိညာဉ်ဟို သစ္စာနဲ့ပြေ့စုံသော ဖန်ဆင်းဆှင်ဆေဟို အပ်နှံထားကြစေ။
1PE 5:1 သို့ဖြစ်ယွေ့ အသင်းတော် အကြီးအကဲတဦးဖြစ်ပင်း ခရစ်တော်ရဲ့ ဒုက္ခဝေဒနာများဟို သက်သေခံသူနဲ့ ထင်ဆှားလာတော့မဲ့ ကိုယ်တော်ရဲ့ ဘုန်းအသရေတော်ဟို မျှဝေခံစားသူဖြစ်သော ငါဟ နင်လို့တွင် ဆိသော အသင်းတော် အကြီးအကဲများဟို တိုက်တွန်းနှိုးဆော်အယ်။
1PE 5:2 နင်လို့ဟ မိမိလို့နှိုက် အပ်ထားသော ဘုရားသခင်ရဲ့ သိုးများဟို ဂရုစိုက်ကြလော့။ တာဝန်ဝတ္တရားအရ မဟုတ်ဘဲ ဘုရားသခင်ရဲ့ အမှုတော်ဟို ဆောင်ရွက်လဲ့ အနေဖြင့် ဝမ်းသာစွာ စောင့်ထိန်းကြလော့။ အဖိုးအခ ရဆိရန်အတွက် မဟုတ်ဘဲ စေတနာစိတ်နဲ့ လုပ်ဆောင်ကြလော့။
1PE 5:3 နင်လို့အား ခွဲဝေပေးအပ်ထားသော သူလို့အပေါ် စိုးမိုးချယ်လှယ်ခြင်း မလုပ်ဘဲ သိုးစုအတွက် စံနမူနာဖြစ်ကြလော့။
1PE 5:4 အေးလို့လုပ်ရင် သိုးထိန်းကြီး ပေါ်လာသောအခါ မှေးမှိန်ခြင်း မဆိသော ဘုန်းအသရေနဲ့ပြေ့စုံလဲ့ သရဖူဟို နင်လို့ ရဆိလိမ့်မယ်။
1PE 5:5 အေးနည်းတူ လူငယ်လို့၊ အသင်းတော် လူကြီးများရဲ့ စကားဟို နားထောင်ကြလော့။ နင်လို့အားလုံး တယောက်အောက် တယောက် နှိမ့်ချခြင်း တန်ဆာဟို ဆင်ယင်ကြလော့။ ပစာကို့ “ဘုရားသခင်ဟ မာနထောင်လွှားသောသူလို့ဟို ဆန့်ကျင်ယွေ့ နှိမ့်ချသောသူလို့အား ကျေးဇူးတော်ဟို ခံစားစေအယ်” ဟု ကျမ်းစာဟ ဖော်ပြထားအယ်။
1PE 5:6 အဲလိုမို့ အချိန်တန်လာသောအခါ နင်လို့ဟို ချီးမြှောက်မဲ့အကျောန်း ဘုရားသခင်ရဲ့ တန်ခိုးကြီးသော လက်တော်အောက်နှိုက် မိမိကိုယ်ကို နှိမ့်ချကြလော့။
1PE 5:7 ကိုယ်တော်ဟ နင်လို့ဟို ဂရုစိုက်တာ ဖြစ်သောကျောန့် နင်လို့ရဲ့ စိုးရိမ်ပူပန်ခြင်း ဆိသမျှလို့ဟို အထံတော်နှိုက် အပ်နှံကြလော့။
1PE 5:8 သမ္မာသတိဆိလျက် နိုးကြားစွာ စောင့်နေကြလော့။ နင်လို့ရဲ့ ရန်သူတည်းဟူသော မာရ်နတ်ဟ ဟောက်သော ခြင်္သေ့လိုမျိုး ဝါးမျိုရမယ့်သူဟို လှည့်လည်ဆှာဖွေလျက် ဆိအယ်။
1PE 5:9 နင်လို့ဟ ယုံကြည်ခြင်းနှိုက် ခိုင်ခံ့စွာရပ်တည်လျက် အေးမာရ်နတ်ဟို တားဆီးကြလော့။ ပစာကို့ ကမ္ဘာပေါ်နှိုက်ဆိသော နင်လို့ရဲ့ ညီအကိုများဟလည်း အေးလိုမျိုးသော ဆင်းရဲဒုက္ခများဟို ရင်ဆိုင်ဖြတ်သန်းနေရကျောန်း သိမှတ်ကြလော့။
1PE 5:10 နင်လို့ဟို မိမိရဲ့ ထာဝရ ဘုန်းအသရေထဲဟို ခရစ်တော် ယေရှုအားဖြင့် ခေါ်ယူသော အဆှင်၊ ကျေးဇူးတော်အပေါင်းနဲ့ ပြေ့စုံသော ဘုရားသခင် ကိုယ်တော်တိုင်ဟ ဆင်းရဲဒုက္ခဟို ခဏခံစားပင်းသော နင်လို့ဟို စုံလင်စေယွေ့ ခွန်အားနဲ့ပြေ့စုံစေကာ တည်ကြည်ခိုင်ခံ့မြဲမြံစေလိမ့်မယ်။
1PE 5:11 ကိုယ်တော်ဟ ထာဝရအစဉ် တန်ခိုးကြီးပါစေသော။ အာမင်။
1PE 5:12 ငါဟ သစ္စာဆိသော ညီအကိုအဖြစ် ငါသတ်မှတ်သော သိလွာနုမှတဆင့် စာကတစ်ဟို ရေးလိုက်ခြင်းအားဖြင့် နင်လို့ဟို တိုက်တွန်းနှိုးဆော်ကာ အေးအရာဟ ဘုရားသခင်ရဲ့ စစ်မန်သော ကျေးဇူးတော်ဖြစ်ကျောန်း သက်သေခံအယ်။ နင်လို့ဟ အေးကျေးဇူးတော်နှိုက် ရပ်တည်ကြလော့။
1PE 5:13 ဘုရားသခင် ရွေးချယ်ခြင်းဟို နင်လို့နည်းတူ ခံရမယ့် ဗာဗုလုန်မြို့အသင်းတော်ဝင်များဟ နင်လို့အား နှုတ်ဆက်လိုက်အယ်။ ငါ့သား မာကုဟလည်း နှုတ်ဆက်လိုက်အယ်။
1PE 5:14 နင်လို့ အချင်းချင်း တယောက်ဟို တယောက် ခရစ်ယာန် မေတ္တာဖြင့် နမ်းလျက် နှုတ်ဆက်ကြလော့။ ခရစ်တော်နှိုက် ဆိသော နင်လို့ အားလုံးနှိုက် ငြိမ်သက်ခြင်း ဆိပါစေသော။
2PE 1:1 ယေရှု ခရစ်တော်ရဲ့ အစေခံနဲ့ တမန်တော်ဖြစ်သော ငါ ရှိမုန် ပေတရုဟ —
2PE 1:2 ဘုရားသခင်နဲ့ ငါလို့ သခင် ယေရှုဟို သိခြင်းအားဖြင့် ကျေးဇူးတော်နဲ့ ငြိမ်သက်ခြင်းဟ နင်လို့ အပေါ်နှိုက် တိုးပွားပါစေ။
2PE 1:3 ငါလို့ဟို ဘုရားသခင်ရဲ့ ဘုန်းတန်ခိုးနဲ့ ကောင်းမြတ်ခြင်းထဲဟို ခေါ်ယူသော အဆှင်ဟို ငါလို့ သိခြင်းအားဖြင့် ကိုယ်တော်နှိုက် ဆိသော ဘုရားတန်ခိုးတော်ဟ အသက်ဆှင်ခြင်းနဲ့တကွ ဘုရားဝတ်နှိုက် မွေ့လျော်ခြင်းလို့နဲ့ ဆိုင်သော အရာခပ်သိမ်းလို့ဟို ငါလို့အား ပေးသနားပီ။
2PE 1:4 အေးနည်းအားဖြင့် ကတိထားသော ရမ်းဆာ့ကြီးယွေ့ အဖိုးထိုက်လဲ့ ဆုကျေးဇူးများဟို ကိုယ်တော်ဟ ငါလို့အား ပေးအယ်။ အေးလို့ ဆုကျေးဇူးအားဖြင့် ဟေလောကတွင် ဖောက်ပြန်ပျက်စီးတတ်သော လောကီတပ်မက်ခြင်း အညစ်အကြေးမှ လွတ်မြောက်နိန်ကြလျက် ဘုရားဇာတိတွင် ပါဝင်စေရန် ဖြစ်အယ်။
2PE 1:5 အေးအကျောန်းကျောန့် နင်လို့ရဲ့ ယုံကြည်ခြင်းနှိုက် ကောင်းမြတ်ခြင်းဟို လည်းကောင်း၊ ကောင်းမြတ်ခြင်းနှိုက် အသိပညာဟို လည်းကောင်း၊
2PE 1:6 အသိပညာနှိုက် မိမိကိုယ်ဟို ချုပ်တည်းခြင်းဟို လည်းကောင်း၊ မိမိကိုယ်ကိုချုပ်တည်းခြင်းနှိုက် သည်းခံခြင်း ဟို လည်းကောင်း၊ သည်းခံခြင်းနှိုက် ဘုရားဝတ်နှိုက် မွေ့လျော်ခြင်းဟို လည်းကောင်း၊
2PE 1:7 ဘုရားဝတ်နှိုက် မွေ့လျော်ခြင်းနှိုက် ညီအကိုချင်း ချစ်သောမေတ္တာဟို လည်းကောင်း၊ ညီအကိုချင်း ချစ်သောမေတ္တာနှိုက် ချစ်ခြင်းမေတ္တာဟို လည်းကောင်း လုံ့လဝီရိယ ဆိသမျှဖြင့် ထပ်ဆင့် ဖြည့်စွက်ကြလော့။
2PE 1:8 အကျောန်းမှာ ဟေပါရမီများဟ နင်လို့နှိုက် ဆိယွေ့ တိုးပွားနေတာဆိုရင် နင်လို့ဟ ငါလို့ရဲ့ သခင် ယေရှု ခရစ်တော်ဟို သိခြင်းအရာနှိုက် အကျိုး မဆိသောသူ၊ အသီးအသီးသောသူ ဖြစ်ကြလိမ့်မယ် မဟုတ်။
2PE 1:9 အဲလိုလဲ ပါရမီ မဆိသောသူဟ မျက်စေ့ မမျော်သောသူ၊ အဝေးမှုန်သောသူ ဖြစ်ပင်း မခင်လုပ်ခဲ့သော မိမိအပစ်များ စင်ကြယ်စေခြင်း ခံရတာဟို မေ့လျော့နေအယ်။
2PE 1:10 အေးကျောန့် ညီအကို မောင်နှမလို့၊ နင်လို့ခံရသော ခေါ်ယူခြင်းနဲ့ ရွေးချယ်ခြင်းဟို တည်မြဲစေရန် ပိုပင်း ကြိုးစားကြလော့။ အကျောန်းမှာ အေးလို့ လုပ်နေသရွေ့ နင်လို့ဟ ပစာအခါမှ မားယွင်းကြမယ် မဟုတ်။
2PE 1:11 အေးနည်းတူ ငါလို့ သခင်နဲ့ ကယ်တင်ဆှင်ဖြစ်သော ယေရှု ခရစ်တော်ရဲ့ ထာဝရ နိုင်ငံတော်ထဲဟို ဝင်နိန်ရန် အခွင့်အရေး အပြေ့အဝဟို နင်လို့ ရဆိကြလိမ့်မယ်။
2PE 1:12 အေးကျောန့် နင်လို့ဟ ဟေအကျောန်းအရာများဟို သိဆိကြယွေ့ နင်လို့တွင် ဆိသော သမ္မာတရားနှိုက် ခိုင်ခံ့မြဲမြံကြပီ ဖြစ်သော်လည်း ၎င်းလို့နဲ့ ပတ်သက်ယွေ့ နင်လို့ဟို အစဉ် သတိပေးနှိုးဆော်ရန် ငါကြံရွယ်ထားအယ်။
2PE 1:13 ဟေခန္ဓာတဲနှိုက် ငါအသက်ဆှင်နေသမျှ ကာလပတ်လုံး အေးလို့ သတိပေးနှိုးဆော်ခြင်း အားဖြင့် နင်လို့ဟို နိုးကြားတက်ကြွ စေသင့်အယ်ဟု ငါ မှတ်ယူထားအယ်။
2PE 1:14 ပစာကို့ ငါလို့ သခင် ယေရှု ခရစ်တော်ဟလည်း ငါ့အား ဖော်ပြလဲ့အတိုင်း ငါရဲ့ ခန္ဓာတဲဟို မကြာခင် ချွတ်ပယ်ရမယ် ဖြစ်ကျောန်း ငါသိအယ်။
2PE 1:15 ဟေလောကမှ ငါထွက်ခွာသွားပင်း နောက်တွင်လည်း ဟေအကျောန်းအရာများဟို နင်လို့ အစဉ်အမြဲ သတိရစေရန် ငါကြိုးစားမယ်။
2PE 1:16 အကျောန်းမှာ ငါလို့ သခင် ယေရှု ခရစ်တော်ရဲ့ တန်ခိုးတော်နဲ့ ကြွလာခြင်းလို့ဟို နင်လို့အား ပြောပြသောအခါ ပါးနပ်စွာ ဖန်တီးထားသော ဒဏ္ဍာရီများဟို အသုံးပြုတာ မဟုတ်။ ငါလို့ဟ အေးအဆှင်ရဲ့ ကြီးမြတ်သော တန်ခိုးဟို တတ်တိုင်း မျော်တွေ့ရသူများ ဖြစ်ကြအယ်။
2PE 1:17 အကျောန်းမှာ ခမည်းတော် ဘုရားသခင်ဆေမှ ဂုဏ်တော်နဲ့ ဘုန်းတော်ဟို ကိုယ်တော်ခံယူစဉ် ကြီးမြတ်သော ဘုန်းအသရေထဲမှ “ဟေသူဟ ငါချစ်သော ငါ့သား ဖြစ်အယ်။ သူ့ဟို ငါ နှစ်သက်အယ်” ဟူသော အသံတော်ဟ ကိုယ်တော်ဆေဟို ရောက်ဆိလာအယ်။
2PE 1:18 ငါလို့ဟ သန့်ဆှင်းသော တောင်ပေါ်တွင် ကိုယ်တော်နဲ့ အတူဆိစဉ် ခေါန်းခင်မှ ထွက်လာသော အေးအသံတော်ဟို ကြားရကြအယ်။
2PE 1:19 အေးအပြင် ငါလို့နှိုက် ပိုပင်း ခိုင်လုံသော ပရောဖက်လို့ရဲ့ စကားလည်း ဆိအယ်။ နင်လို့ရဲ့ စိတ်နေလုံးထဲနှိုက် အရုဏ်တက်ယွေ့ မိုးသောက်ကြယ် ပေါ်ထွက်လာလဲ့တိုင်အောန် နင်လို့ဟ အေးစကားဟို မိုက်သော အရပ်နှိုက် ထွန်းလင်းနေလဲ့ ဆီမီးသဖွယ် ကောင်းစွာ အာရုံစိုက်သင့်အယ်။
2PE 1:20 ကျမ်းစာနှိုက်ပါသော ပရောဖက်လို့ရဲ့ ဟောပြောချက် အားလုံးဟ လူတဦးတယောက်ရဲ့ ကိုယ်ပိုင် အနက်ဖွင့်ဆိုချက် မဟုတ်ကျောန်း ဦးစွာသိမှတ်ရမယ်။
2PE 1:21 အကျောန်းမှာ ပရောက်ဖက်လို့ရဲ့ ဟောပြောချက်ဟ ပစာအခါမှ လူရဲ့ အလိုဆန္ဒအရ ဖြစ်ပေါ်လာတာ မဟုတ်။ သန့်ဆှင်းသော ဝိညာဉ်တော်ရဲ့ နှိုးဆော်ခြင်းဟို ခံရသောသူလို့ဟ ဘုရားသခင်ဆေမှ လာသော စကားဟို ဟောပြောကြခြင်း ဖြစ်အယ်။
2PE 2:1 အဲလိုလဲ မားယွင်းသော ပရောဖက်များဟ လူမျိုးတော်ထဲနှိုက် ပေါ်လာသလိုမျိုး နင်လို့ထဲနှိုက်လည်း ဆရာအတုအယောင်များ ပေါ်လာကြလိမ့်မယ်။ အေးသူလို့ဟ ပျက်စီးခြင်းဟို ရောက်စေမယ့် မားယွင်းသော အယူဝါဒများဟို လျှို့ဝှက်စွာ ယူဆောင်လာယွေ့ မိမိလို့ဟို ရွေးနှုတ်ဝယ်ယူသော သခင်ဟိုပင် ငြင်းပယ်ကာ မိမိလို့အပေါ် လျင်မြန်သော ပျက်စီးခြင်းဟို ကျရောက်စေကြလိမ့်မယ်။
2PE 2:2 ရမ်းဆာ့သော လူလို့ဟလည်း အေးသူလို့ရဲ့ ကာမဂုဏ်လိုက်စားခြင်း နောက်ဟို လိုက်သဖြင့် သမ္မာတရားလမ်းဟ အေးသူလို့ကျောန့် စော်ကားပြောဆိုခြင်း ခံရလိမ့်မယ်။
2PE 2:3 သူလို့ဟ လောဘစိတ်ဖြင့် လုပ်ကြံဖန်တီးသော စကားများဟို ပြောဆိုလျက် နင်လို့အပေါ် အမြတ်ထုတ်ကြလိမ့်မယ်။ သူလို့ ခံရမဲ့ ပစ်ဒဏ်စီရင်ခြင်းဟ ဆေ့မခင်ကပင် ဖင့်နှေးခြင်း မဆိ။ သူလို့ရဲ့ ပျက်စီးခြင်းဟလည်း အိပ်ယွေ့ မမွေ။
2PE 2:4 အကျောန်းမှာ ဘုရားသခင်ဟ အပစ်လုပ်လဲ့ ခေါန်းခင်တမန်များဟို မညှာတာဘဲ ငရဲထဲဟို ပစ်ချယွေ့ မိုက်ခြင်းရဲ့ သံကြိုးဖြင့် တုတ်ချေကာ တရားစီရင်ခြင်း နေ့အထိ ထိန်းသိမ်းထားအယ်။
2PE 2:5 ဆေ့ခေတ် ကမ္ဘာဟိုလည်း မညှာတာဘဲ အေးဘုရားတရားမဲ့သော ကမ္ဘာဟို ယေလွှမ်းမိုးစေယွေ့ ဖြောင့်မတ်ခြင်းတရားဟို ဟောပြောသော နောဧနဲ့အတူ တခြား လူခုနေဦးဟို ကယ်တင်အယ်။
2PE 2:6 သောဒုံနဲ့ ဂေါမောရမြို့လို့ဟို ပစ်ဒဏ်စီရင်လျက် ပြာပုံအဖြစ်ဟို ပျက်စီးစေကာ ဘုရားတရားမဲ့ဖြစ်လာမယ့် လူလို့အတွက် နမူနာ ဖြစ်စေအယ်။
2PE 2:7 အဲအခါ စောင့်စည်းမှု မဆိသော သူလို့ရဲ့ ကာမဂုဏ်လိုက်စားသော အသက်ဆှင် နေထိန်မှုကျောန့် စိတ်နှောင့်ယှက်ခံရလဲ့ ဖြောင့်မတ်သော လောတဟို ကယ်နုတ်အယ်။
2PE 2:8 အကျောန်းမှာ အေးဖြောင့်မတ်သောသူဟ သူလို့ထဲနှိုက် နေထိန်ခါ သူလို့ရဲ့ တရားမဲ့သော အမှုများဟို တွေ့မျော်ကြားသိနေရယွေ့ နေ့စဉ်ရက်ဆက် သူရဲ့ ဖြောင့်မတ်သော စိတ်ဝိညာဉ်နှိုက် ရမ်းဆာ့ အနှောင့်အယှက် ဖြစ်လေအယ်။
2PE 2:9 အဲကျောန့် ထာဝရဘုရားဟ ဘုရားဝတ်နှိုက် မွေ့လျော်သောသူလို့ဟို စုံစမ်းနှောင့်ယှက်ခြင်းထဲမှ ကယ်နုတ်ရမယ်ဟို လည်းကောင်း၊ မဖြောင့်မတ်သော သူလို့ဟို တရားစီရင်ရာ နေ့ရက်နှိုက် အပစ်ဒဏ်ခံစေရန် ထိန်းသိမ်းထားရမယ်ဟို လည်းကောင်း သိအယ်။
2PE 2:10 အထူးသဖြင့် ညစ်ညူးသော တက်မက်မှုအားဖြင့် သွေးသားဇာတိနောက်ဟို လိုက်ယွေ့ အုပ်စိုးခြင်းဟို မထီမဲ့မြင်ပြုသောသူလို့ဟို အေးလို့ ထိန်းသိမ်းထားလိမ့်မယ်။ အေးသူလို့ဟ အတင့်ရဲသောသူ၊ ကိုယ့်အလိုဟို လိုက်တတ်သောသူဖြစ်ကြယွေ့ ကြောက်ရွံ့ခြင်း မဆိဘဲ ဘုန်းအသရေ ဆိသောသူလို့ဟို စော်ကားပြောဆိုတတ်ကြအယ်။
2PE 2:11 သူလို့ထက် ကြီးမားသော အစွမ်းသတ္တိနဲ့ တန်ခိုးဆိသော ခေါန်းခင်တမန်လို့လည်းဘဲ ထာဝရဘုရား ဆေ့တော်နှိုက် သူလို့အပေါ် စော်ကားခြင်းဟို မလုပ်ကြ။
2PE 2:12 အဲလိုလဲ သူလို့ဟ ဖမ်းဆီးခြင်းနဲ့ ဖျက်ဆီးခြင်း ခံရရန်အတွက် မွေးလာလဲ့ တိရစ္ဆာန်ရိုင်းများလိုမျိုး ဖြစ်ကြပင်း မိမိလို့ နားမလည်လဲ့ အရာများဟို စော်ကားပြောဆိုတတ်ကြအယ်။ သူလို့ဟ အေးတိရစ္ဆာန်များ ပျက်စီးသလိုမျိုး ပျက်စီးသွားယွေ့၊
2PE 2:13 မတရားမှုရဲ့ အဖိုးအခအဖြစ် မတရားသဖြင့် လုပ်ခြင်းဟို ခံရကြလိမ့်မယ်။ သူလို့ဟ နေ့အချိန်နှိုက် သောက်စားပျော်ပါးခြင်းဟို ပျော်ရွင်မှုဟု မှတ်ယူလျက် နင်လို့နဲ့အတူ စားသောက်ခါ မိမိလို့ရဲ့ လှည့်စားမှုလို့ထဲနှိုက် မွေ့လျော်ကြယွေ့ အစွန်းအထင်းနဲ့ အပစ်အနာအဆာများလိုမျိုး ဖြစ်ကြအယ်။
2PE 2:14 သူလို့ရဲ့ မျက်စေ့ဟ ဖောက်ပြန်လိုသော ဆန္ဒနဲ့ ပြေ့ယွေ့ အပစ်လုပ်ရာမှ တော်ခြင်း မဆိကြ။ သူလို့ဟ စိတ်မတည်ကြည်သော သူလို့ဟို လှည့်စားဆွဲဆောင်လျက် လောဘလွန်ကျုးခြင်းနှိုက် ကျင့်သားရသော စိတ်နေလုံး ဆိယွေ့ ကျိန်ဆဲခြင်းရဲ့ လူပဲ့သငယ်များ ဖြစ်ကြအယ်။
2PE 2:15 သူလို့ဟ လမ်းဖြောင့်ဟို စွန့်ခွာယွေ့ လမ်းလွဲကာ မတရားမှုကျောန့် ရဆိသော အဖိုးအခဟို နှစ်သက်လဲ့ ဗော်သော်ရဲ့ သား ဗာလမ်ရဲ့ လမ်းစဉ်ဟို လိုက်ကြအယ်။
2PE 2:16 အဲလိုလဲ ဗာလမ်ဟ မိမိရဲ့ မားယွင်းခြင်းအတွက် ဆိုဆုံးမခြင်းဟို ခံရအယ်။ စကားမပြောတတ်သော မြည်းဟ လူ့ဘာသာအားဖြင့် စကားပြောလျက် အေးပရောဖက်ရဲ့ မိုက်မဲခြင်းဟို တားမြစ်လေအယ်။
2PE 2:17 အေးသူလို့ဟ ခန်းခြောက်သော စမ်းယေတွင်းများ၊ မုန်တိုင်းနဲ့ လွင့်ပါသွားလဲ့ မိုးချေးသားများ ဖြစ်ကြအယ်။ သူလို့အတွက် မှောင်မည်းသော မိုက်ဟို ထိန်းသိမ်းထားလျက် ဆိအယ်။
2PE 2:18 အကျောန်းမှာ သူလို့ဟ အလကားကား ချဲ့ထွင်ဝါကြွားလျက် မားယွင်းခြင်းနှိုက် အသက်ဆှင်နေထိန်သော သူလို့ထဲမှ လွတ်မြောက်ခါစ ဆိသော သူလို့ဟို သွေးသားဇာတိရဲ့ တပ်မက်ခြင်းနဲ့ ကာမဂုဏ်လိုက်စားခြင်းလို့ဖြင့် လှည့်စားဆွဲဆောင်ကြအယ်။
2PE 2:19 သူလို့ဟ အေးသူလို့အား လွတ်လပ်မှုဟို ပေးမယ်လို့ ကတိပေးလျက်နဲ့ သူလို့တတ်တိုင်းဟ ပျက်စီးခြင်းရဲ့ ကျေးကျွန်များ ဖြစ်ကြအယ်။ အကျောန်းမှာ လူဟ တစုံတခုရဲ့ အနိန်ယူ စိုးမိုးခြင်းဟို ခံရရင် အေးအရာရဲ့ ကျေးကျွန် ဖြစ်အယ်။
2PE 2:20 ငါလို့ သခင်နဲ့ ကယ်တင်ဆှင်ဖြစ်သော ယေရှု ခရစ်တော်ဟို သိခြင်းအားဖြင့် လောကီညစ်ညူးခြင်းမှ လွတ်မြောက်ကြပင်းနောက် အေးအရာများနဲ့ တခါ ပတ်သက်ငြိတွယ်လျက် အနိန်ယူ စိုးမိုးခြင်းဟို ခံရရင် သူလို့ရဲ့ နောက်ဖြစ်အင်ဟ ဆေ့ဖြစ်အင်ထက် ပိုဆိုးအယ်။
2PE 2:21 အကျောန်းမှာ ဖြောင့်မတ်ခြင်းလမ်းဟို သိလျက်နဲ့ မိမိလို့ဆေ ပေးအပ်ထားလဲ့ သန့်ဆှင်းသော ပညတ်တော်ဟို ကျောခိုင်းတာထက် ၎င်းဟို မသိခဲ့ရင် သူလို့အတွက် ပိုပင်း ကောင်းအယ်။
2PE 2:22 “ခွေးဟ မိမိအန်ဖက်ဟို ပြန်စားတတ်အယ်။ ရေချိုးပင်းသော ဝက်ဟ ရွှံ့တွင် ပြန်လူးတတ်အယ်” ဟူသော မန်ကန်လဲ့ ဆိုရိုးစကားအတိုင်း အေးသူလို့နှိုက် ဖြစ်ပျက်လေပီ။
2PE 3:1 ချစ်လှစွာသော မိတ်ဆွေလို့၊ အခု ဟေဒုတိယစာဟို ငါ ရေးလိုက်အယ်။ ငါဟ ဟေစာ နေစောင်လုံးတွင် နင်လို့ဟို သတိပေး နှိုးဆော်ခြင်းအားဖြင့် နင်လို့ရဲ့ ဖြူစင်သော စိတ်နေလုံးဟို နိုးကြားတက်ကြွစေအယ်။
2PE 3:2 သန့်ဆှင်းသော ပရောဖက်များ မိန့်သော စကားများနဲ့ နင်လို့ရဲ့ တမန်တော်များအားဖြင့် ငါလို့ သခင်နဲ့ ကယ်တင်ဆှင် ပေးသော အမိန့်တော်လို့ဟို သတိရစေလိုပါအယ်။
2PE 3:3 ပထမဦးစွာ နင်လို့ သိထားရမယ့်အချက်မှာ ပြက်ရယ်ပြုတတ်သော သူလို့ဟ နောက်ဆုံးသော နေ့ရက်ကာလနှိုက် ပြုရယ်ပြုလျက်ပေါ်လာယွေ့ မိမိလို့ရဲ့ တပ်မက်ခြင်းများအတိုင်း ဆှောက်လမ်းကာ၊
2PE 3:4 “ကိုယ်တော်ရဲ့ ကြွလာခြင်းနဲ့ဆိုင်သော ကတိတော်ဟ ပစာမာဆိလုန်း။ ဆေ့ဖိုးဖေးများ အိပ်မွေခဲ့လဲ့ အချိန်မှ စယွေ့ ခပ်သိမ်းသော အရာလို့ဟ ဖန်ဆင်းခြင်းရဲ့ အစကအတိုင်း ဆက်ယွေ့တည်နေတာ မဟုတ်လော့” ဟု ပြောဆိုလိမ့်မယ်။
2PE 3:5 အကျောန်းမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အားဖြင့် ခေါန်းခင်ဟ ဆေ့မခင်ကပင် တည်ဆိယွေ့ မြေကြီးဟလည်း ယေအားဖြင့် ယေထဲမှ ထင်ဆှားပင်း
2PE 3:6 အေးအချိန်ဟ ကမ္ဘာသည် ယေလွှမ်းမိုးခြင်း ခံရလျက် ယေအားဖြင့် ပျက်စီးခြင်းသို့ ရောက်ခဲ့တာဟူသော အချက်ဟို သူလို့ဟ တမင် မေ့လျော့ထား လိုကြအယ်။
2PE 3:7 အခုဆိသော ခေါန်းခင်နဲ့ မြေကြီးမူကား အေးနှုတ်ကပတ်တော်အားဖြင့် မီးအတွက် သိုမှီးထားခြင်း ခံရယွေ့ ဘုရားတရားမဲ့သော သူလို့ရဲ့ ပျက်စီးခြင်းနဲ့ တရားစီရင်ခြင်း နေ့ရက်တိုင်အောန် ထိန်းသိမ်းထားခြင်း ခံရလျက် ဆိအယ်။
2PE 3:8 အဲလိုလဲ ချစ်သောသူလို့ ထာဝရဘုရားအတွက် နေ့ရက်တရက်ဟ အနှစ်တထောင်လိုမျိုး လည်းကောင်း၊ အနှစ်တထောင်ဟ နေ့ရက်တရက်လိုမျိုး လည်းကောင်း ဖြစ်အယ်ဟူသော အချက်တခုဟို မမေ့လျော့ကြနဲ့။
2PE 3:9 နှောင့်နှေးတာဟု အချို့လို့ဟ မှတ်ယူသလိုမျိုး ထာဝရဘုရားဟ ကတိတော်ဟို နှောင့်နှေးစေတာ မဟုတ်။ စသူမျှ မပျက်စီးဘဲ လူတိုင်း နောင်တရစေရန် အလိုတော် ဆိယွေ့ နင်လို့အပေါ် စိတ်ဆှည်သည်းခံလျက် နေခြင်းသာ ဖြစ်အယ်။
2PE 3:10 အဲလိုလဲ သခင်ဘုရားရဲ့ နေ့ရက်ဟ သူခိုးလာသလိုမျိုး ရောက်လာလိမ့်မယ်။ အဲနေ့ရက်နှိုက် ခေါန်းခင်ဟ ကျယ်လောင်သော အသံဖြင့် ကွယ်ပျောက်သွားယွေ့ လောကဓာတ်လို့ဟ ပြင်းထန်သော အပူရှိန်ဖြင့် ပျက်သုဉ်းသွားလိမ့်မယ်။ မြေကြီးမှစယွေ့ ၎င်းပေါ်နှိုက် ပြုလုပ်သော အရာလို့ဟလည်း လောင်ကျွမ်းလိမ့်မယ်။
2PE 3:11 အေးအရာအားလုံးလို့ဟ အေးလို့ ပျက်သုဉ်းသွားမယ် ဖြစ်သောကျောန့် နင်လို့ဟ စလိုသောသူများ ဖြစ်သင့်လုန်း။ နင်လို့ဟ သန့်ဆှင်းစွာ အသက်ဆှင်နေထိန်လျက် ဘုရားဝတ်နှိုက် မွေ့လျော်ခြင်းအားဖြင့်၊
2PE 3:12 သခင်ဘုရားရဲ့ နေ့ရက်ဟို စောင့်မျှော်ယွေ့ အေးနေ့ရက်ရဲ့ ရောက်ဆိလာခြင်းဟို လျင်မြန်စေသင့်အယ်။ အေးနေ့နှိုက် ခေါန်းခင်ဟ လောင်မြိုက်ခြင်းဟို ခံရလျက် ပျက်သုဉ်းသွားလိမ့်မယ်။ လောကဓာတ်လို့ဟလည်း ပြင်းထန်သော အရှိန်ဖြင့် အရည်ပျော်သွားကြလိမ့်မယ်။
2PE 3:13 အဲလိုလဲ ငါလို့ဟ ဘုရားသခင်ရဲ့ ကတိတော်အတိုင်း ဖြောင့်မတ်ခြင်းတရား ကိန်းဝပ်ရာ ခေါန်းခင်သစ်နဲ့ မြေကြီးသစ်ဟို စောင့်မျှော်နေကြအယ်။
2PE 3:14 အေးလို့မို့ ချစ်သောမိတ်ဆွေလို့၊ နင်လို့ဟ အေးအရာများဟို စောင့်မျှော်နေကြတာဖြစ်ယွေ့ အစွန်းအထင်းကင်းလျက် အပစ်တင်စရာ မဆိသောသူအဖြစ် ကိုယ်တော် ဆေ့တော်ဟို ငြိမ်းချမ်းစွာ ရောက်ဆိနိန်ရန် ကြိုးစားကြလော့။
2PE 3:15 ငါလို့ချစ်သော ညီအကို ပေါလုဟလည်း သူနှိုက် ပေးအပ်ထားသော ဉာဏ်ပညာနဲ့အညီ နင်လို့ဆေ ရေးလိုက်လဲ့အတိုင်း ငါလို့ သခင် ဘုရားရဲ့ စိတ်ဆှည်ခြင်းဟ ကယ်တင်ခြင်းအတွက် ဖြစ်အယ်ဟု မှတ်ယူကြလော့။
2PE 3:16 သူဟ တခြားစာအားလုံးတွင်လည်း ဟေအကျောန်းအရာများနဲ့ ပတ်သက်ယွေ့ ပြောထားအယ်။ အေးစာများထဲတွင် နားလည်ရန်ခက်ခဲသောအရာ တချို့ဆိအယ်။ အသိပညာမဲ့ယွေ့ မတည်ကြည်သော သူလို့ဟ အခြားသော ကျမ်းစာများ အပေါ်နှိုက်လည်း လုပ်သလိုမျိုး အေးစာရဲ့ အနက်ဟို လိုရာဆွဲယွေ့ မိမိလို့ကိုယ်ဟို ပျက်စီးခြင်းဟို ရောက်စေကြအယ်။
2PE 3:17 အေးလိုမို့ ချစ်သောသူလို့၊ ဟေအရာလို့ဟို နင်လို့သိထားခဲ့ပီဖြစ်ယွေ့ စောင့်စည်းမှု မဆိသော သူလို့ရဲ့ မားယွင်းခြင်းသို့ လိုက်ပါသွားလျက် မိမိလို့ရဲ့ တည်ကြည်မှုဟို မဆုံးရှုံးစေရန် မိမိကိုယ်ဟို စောင့်ထိန်းကြလော့။
2PE 3:18 ငါလို့ သခင်ဘုရားနဲ့ ကယ်တင်ဆှင်ဖြစ်သော ယေရှု ခရစ်တော်ရဲ့ ကျေးဇူးတော်နှိုက် လည်းကောင်း၊ ကိုယ်တော်ဟို သိသောဉာဏ်နှိုက် လည်းကောင်း ကြီးထွားကြလော့။ အခုမှစပင်း ထာဝရ နေ့ရက်ကာလတိုင်အောန် ကိုယ်တော်နှိုက် ဘုန်းအသရေ ဆိပါစေသော။ အာမင်။
1JO 1:1 အစဦးဟပင် ဆိသောအရာ၊ ငါလို့ ကြားရသောအရာ၊ ကိုယ့်မျက်စေ့ဖြင့် မျော်ရသောအရာ၊ ငါလို့ ကျေ့ရှုလျက် ကိုယ့်လက်ဖြင့် တို့ထိစမ်းသပ်ရသောအရာ တည်းဟူသော အသက်ဆှင်လဲ့ နှုတ်ကပတ်တော်နဲ့ ဆိုင်သောအရာဟို နင်လို့အား ပြသကြအယ်။
1JO 1:2 အဲအသက်ဟ ထင်ဆှားခဲ့ပီ၊ ငါလို့လည်း မျော်ရကြပီ၊ ခမည်းတော်နဲ့အတူ ဆိဖူးယွေ့ ငါလို့အား ထင်ဆှားခဲ့ပင်းသော အဲထာဝရ အသက်ဟို ငါလို့ဟ နင်လို့အား သက်သေခံယွေ့ ပြသကြအယ်။
1JO 1:3 ငါလို့ မျော်ရ ကြားရသောအရာဟို နင်လို့အား ပြောကြားရခြင်းမှာ နင်လို့ဟလည်း ငါလို့နဲ့ မိတ်သဟာယဖွဲ့ခြင်းဟ ခမည်းတော်နဲ့ လည်းကောင်း၊ သူ့ရဲ့ သားတော် ယေရှု ခရစ်တော်နဲ့ လည်းကောင်း မိတ်သဟာယ ဖွဲ့ခြင်း ဖြစ်အယ်။
1JO 1:4 ငါလို့ရဲ့ ဝမ်းမြောက်ခြင်း ပြေ့ဝစုံလင်စေရန် ဟေအရာများဟို ငါလို့ ရေးလိုက်အယ်။
1JO 1:5 ဘုရားသခင်ဟ အလင်း ဖြစ်အယ်၊ ကိုယ်တော်နှိုက် မိုက် လုံးဝမဆိဟူသော တရားစကားဟို ငါလို့ဟ ကိုယ်တော်ရဲ့ သားတော်ဆေမှ ကြားသိရသဖြင့် နင်လို့အား ကြေညာအယ်။
1JO 1:6 ငါလို့ဟ ဘုရားသခင်နဲ့ မိတ်သဟာယဖွဲ့ခြင်း ဆိအယ်ဟု ဆိုလျက်နဲ့ မိုက်နှိုက် အသက်ဆှင် ဆော့က်လှမ်းနေကြရင် ငါလို့ဟ ဝါပြောတာ ဖြစ်ယွေ့ သမ္မာတရားဟို ကျင့်သုံးနေကြတာ မဟုတ်။
1JO 1:7 အားပေမဲ့ ဘုရားသခင်ဟ အလင်းနှိုက် ဆိသလို ငါလို့ဟလည်း အလင်းနှိုက် အသက်ဆှင် ဆော့က်လှမ်းရင် ငါလို့ဟ အချင်းချင်းနှိုက် မိတ်သဟာယဖွဲ့ခြင်း ဆိယွေ့ ဘုရားသခင်ရဲ့ သားတော် ယေရှုရဲ့ အသွေးတော်ဟ ငါလို့ဟို အပစ်ဆိသမျှလို့မှ စင်ကြယ်စေအယ်။
1JO 1:8 ငါလို့နှိုက် အပစ်မဆိဟု ငါလို့ဆိုရင် ငါလို့ဟ ကိုယ့်တတ်တိုင်း လှည့်စားနေတာ ဖြစ်ယွေ့ သမ္မာတရားဟ ငါလို့နှိုက် မဆိ။
1JO 1:9 ငါလို့ဟ ကိုယ့်အပစ်များဟို ဖော်ပြဝန်ခံရင် ဘုရားသခင် သစ္စာနဲ့ ပြေ့စုံယွေ့ ဖြောင့်မတ်သောသူ ဖြစ်သောကျောန့် ငါလို့ရဲ့ အပစ်များဟို ခွင့်လွှတ်ပင်း ငါလို့ဟို မတရားမှု ဆိသမျှဆေမှ စင်ကြယ်စေအယ်။
1JO 1:10 အပစ် မပြုဖူးဟု ငါလို့ဆိုရင် ငါလို့ဟ ဘုရားသခင်ဟို ဝါသောသူဟု ဆိုရာ ရောက်ယွေ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟ ငါလို့နှိုက် မဆိ။
1JO 2:1 ငါ ချစ်သော လူပဲ့သငယ်လို့၊ နင်လို့ဟ အပစ်မပြုကြစေရန် ဟေအရာများဟို နင်လို့ဆေ ငါ ရေးလိုက်အယ်။ အားပေမဲ့ တစုံတယောက်ဟ အပစ်ပြုမိခဲ့ရင် ခမည်းတော်ဆေနှိုက် ကူညီဖြေဆှင်းပေးသူ တည်းဟူသော ဖြောင့်မတ်လဲ့သူ ယေရှု ခရစ်တော်ဟ ငါလို့အတွက် ဆိအယ်။
1JO 2:2 အဲသခင်ဟ ငါလို့ အပစ်များအတွက် အသနားခံခြင်း ပူဇော်သကာ ဖြစ်အယ်။ ငါလို့ အပစ်များအတွက် သာမက လောကီသားအပေါင်းလို့ရဲ့ အပစ်များအတွက်လည်း ဖြစ်အယ်။
1JO 2:3 ငါလို့ဟ ဘုရားသခင်ရဲ့ ပညတ်တော်လို့ဟို လိုက်နာစောင့်ထိန်းရင် အဲအမှုအရာအားဖြင့် ဘုရားသခင်ဟို ငါလို့ သိကျွမ်းတာဟို သိကြအယ်။
1JO 2:4 ဘုရားသခင်ဟို ငါလို့ သိကျွမ်းအယ်ဟု ဆိုလျက် ဘုရားသခင်ရဲ့ ပညတ်တော်လို့ဟို လိုက်နာစောင့်ထိန်းခြင်း မဆိသောသူဟ ဝါသောသူဖြစ်ယွေ့ သမ္မာတရားဟ အဲသူနှိုက် မဆိ။
1JO 2:5 အားပေမဲ့ စသူမဆို ဘုရားသခင်ရဲ့ စကားဟို လိုက်နာစောင့်ထိန်းရင် ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာဟ အဲသူနှိုက် အမန်ပြေ့စုံအယ်။ ဟေလိုဖြင့် ငါလို့ဟ ဘုရားသခင်နှိုက် ဆိတာဟို သိကြအယ်။
1JO 2:6 ဘုရားသခင်နှိုက် ငါတည်အယ်ဟု ဆိုသောသူဟ ခရစ်တော် အသက်ဆှင် ဆော့က်လှမ်းလဲ့အတိုင်း အသက်ဆှင် ဆော့က်လှမ်းရမယ်။
1JO 2:7 ချစ်ရသော မိတ်ဆွေလို့၊ နင်လို့ဆေ ငါရေးလိုက်သော ပညတ်ဟ ပညတ်တော် အသစ် မဟုတ်၊ အစဦးဟပင် နင်လို့နှိုက် ဆိသော ပညတ်တော် အဟောင်းသာ ဖြစ်အယ်။ အဲပညတ်ဟောင်းဟ နင်လို့ ကြားခဲ့ရသော နှုတ်ကပတ်တော် ဖြစ်အယ်။
1JO 2:8 အဲလိုမို့ နင်လို့အား အခု ငါ ရေးသားဖော်ပြလဲ့ ပညတ်တော်ဟ အသစ်ဖြစ်အယ်။ အေးလို အမန်ပင် အသစ်ဖြစ်ကျောန်း ခရစ်တော်နှိုက် လည်းကောင်း၊ နင်လို့နှိုက် လည်းကောင်း ဖော်ပြလျက် ဆိအယ်။ ပစာကို့ မိုက်ဟ ရွေ့လျား ကွယ်ပျောက်လျက် အလင်းစစ် အလင်းမန် ပေါ်ထွန်းလာပီ ဖြစ်သောကျောန့် ဖြစ်အယ်။
1JO 2:9 ငါဟ အလင်းနှိုက် ဆိအယ်ဟု ဆိုလျက် မိမိညီအကို မောင်နှမဟို မုန်းသောသူဟ အခုတိုင်အောန် မိုက်နှိုက် ဆိသေးအယ်။
1JO 2:10 မိမိညီအကို မောင်နှမဟို ချစ်သောသူဟ အလင်းတွင် ကျင်လည်သောသူ ဖြစ်အယ်။ သူဟ စလိုမျှ သူတပါးလို့အား အပစ်ကျူးလွန်စေလိမ့်မယ် မဟုတ်။
1JO 2:11 မိမိညီအကို မောင်နှမဟို မုန်းသောသူဟ မိုက်နှိုက် အသက်ဆှင် ဆော့က်လှမ်းနေအယ်၊ မိုက်ဟ သူရဲ့ မျက်စေ့ဟို ကွယ်စေသဖြင့် သူဟ မိမိပစာအရပ်ဟို သွားနေတာဟို မသိ။
1JO 2:12 လူပဲ့သငယ်လို့၊ နင်လို့ဟ ခရစ်တော်ရဲ့ နာမတော်အားဖြင့် အပစ်များ ခွင့်လွှတ်ခြင်း ခံရပီ ဖြစ်သောကျောန့် နင်လို့ဆေ ငါ ရေးလိုက်အယ်။
1JO 2:13 အဖလို့၊ နင်လို့ဟ အစဦးဟပင် ဆိသောသူဟို သိကြသောကျောန့် နင်လို့ဆေ ငါ ရေးလိုက်အယ်။ လူပဲ့လို့၊ နင်လို့ဟ မကောင်းသောအရာဟို အောန်နိန်ခဲ့သောကျောန့် နင်လို့ဆေ ငါ ရေးလိုက်အယ်။
1JO 2:14 လူပဲ့သငယ်လို့၊ နင်လို့ဟ ခမည်းတော်ဟို သိကြသောကျောန့် နင်လို့ဆေ ငါ ရေးလိုက်အယ်။ အဖလို့၊ နင်လို့ဟ အစဦးဟပင် ဆိသောသူဟို သိကြသောကျောန့် နင်လို့ဆေ ငါ ရေးလိုက်အယ်။ လူပဲ့လို့၊ နင်လို့ဟို ခွန်အားနဲ့ ပြေ့စုံယွေ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟ နင်လို့နှိုက် တည်သဖြင့် မကောင်းသောအရာဟို နင်လို့ အောန်နိန်ခဲ့ကြသောကျောန့် နင်လို့ဆေ ငါ ရေးလိုက်အယ်။
1JO 2:15 လောကဟို လည်းကောင်း၊ လောကနှိုက် ဆိသောအရာလို့ဟို လည်းကောင်း မချစ်ကြနဲ့။ စသူမဆို လောကဟို ချစ်ရင် ခမည်းတော်ရဲ့ ချစ်ခြင်းမေတ္တာဟ အဲသူနှိုက် မဆိ။
1JO 2:16 လောကနှိုက် ဆိသမျှသောအရာ တည်းဟူသော ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စေ့တပ်မက်ခြင်း၊ လောကစည်းစိမ်နှိုက် ဝါကြွားခြင်းလို့ဟ ခမည်းတော်နဲ့ မစပ်ဆိုင်၊ လောကနဲ့သာ စပ်ဆိုင်အယ်။
1JO 2:17 လောကနဲ့ လောကီတပ်မက်ခြင်းဟ ရွေ့လျားကွယ်ပျောက်တတ်အယ်၊ အားပေမဲ့ ဘုရားသခင်ရဲ့ အလိုတော်နဲ့အညီ ကျင့်သောသူဟ ကာလအစဉ်အမြဲ တည်အယ်။
1JO 2:18 လူပဲ့သငယ်လို့၊ အခုကာလဟ နောက်ဆုံးသော ကာလ ဖြစ်အယ်။ ခရစ်တော်ရဲ့ ရန်သူ ပေါ်ပေါက်လာမယ် ဖြစ်သောကျောန်းဟို နင်လို့ ကြားသိခဲ့ကြအယ်။ အခုပင် ခရစ်တော်ရဲ့ ရန်သူအများအပြား ပေါ်ပေါက်လျက် ဆိလေပီ၊ အဲကျောန့် အခုကာလဟ နောက်ဆုံးသော ကာလ ဖြစ်တာဟို ငါလို့ သိကြအယ်။
1JO 2:19 အဲသူလို့ဟ ငါလို့ဆေမှ ထွက်သွားကြအယ်။ အဲသူလို့ဟ ငါလို့နဲ့ စပ်ဆိုင်သူ မဟုတ်၊ ငါလို့နဲ့ စပ်ဆိုင်သူမန်ရင် ငါလို့နဲ့အတူ နေခဲ့ကြလိမ့်မယ်။ အားပေမဲ့ သူလို့ ထွက်သွားကြတာမှာ သူလို့အားလုံး ငါလို့နဲ့ စပ်ဆိုင်သူမဟုတ်ကျောန်း ပေါ်လွင်ထင်ဆှားစေရန် ဖြစ်အယ်။
1JO 2:20 အားပေမဲ့ ခရစ်တော်ဟ နင်လို့အပေါ် သန့်ဆှင်းသော ဝိညာဉ်တော်ဟို သွန်းလောင်းတာ ဖြစ်ယွေ့ နင်လို့အပေါင်းဟ သမ္မာတရားဟို သိကြအယ်။
1JO 2:21 နင်လို့ဆေ ငါ စာရေးရခြင်းအကျောန်းမှာ သမ္မာတရားဟို နင်လို့ မသိကြယွေ့ မဟုတ်။ သမ္မာတရားဟို လည်းကောင်း၊ ဝါသောစကားဟ သမ္မာတရားနဲ့ စလိုမှ မသက်ဆိုင်တာဟို လည်းကောင်း နင်လို့ သိကြသောကျောန့် ဖြစ်အယ်။
1JO 2:22 အဲကျောန့် စသူဟ ဝါသောစကားဟို ပြောလုန်း။ ယေရှုဟ မေဆှိယ မဟုတ်ဟု ပြောဆိုသူဟ ဝါသောစကားဟို ပြောအယ်။ အဲလိုသောသူဟ ခရစ်တော်ရဲ့ ရန်သူ ဖြစ်အယ်၊ သူဟ ခမည်းတော်နဲ့ သားတော်ဟို ငြင်းပယ်သောသူ ဖြစ်အယ်။
1JO 2:23 သားတော်ဟို ငြင်းပယ်သောသူဟ ခမည်းတော်ဟိုလည်း ငြင်းပယ်သူ ဖြစ်အယ်။ သားတော်ဟို လက်ခံသူဟ ခမည်းတော်ဟိုလည်း လက်ခံသူ ဖြစ်အယ်။
1JO 2:24 အဲလိုမို့ နင်လို့ဟ အစဟ ကြားနာခဲ့ကြလဲ့ တရားတော်ဟို မိမိလို့ရဲ့ စိတ်နေလုံးတွင် စောင့်ထိန်းကြလော့။ အဲလိုပြုရင် နင်လို့ဟ သားတော်နဲ့ လည်းကောင်း၊ ခမည်းတော်နဲ့ လည်းကောင်း ထာဝစဉ် တလုံးတဝတည်း တည်ဆိကြလိမ့်မယ်။
1JO 2:25 ဟေဟာဟ ငါလို့အား ခရစ်တော်တတ်တိုင်း ကတိထားသော ထာဝရ အသက် ဖြစ်အယ်။
1JO 2:26 နင်လို့အား လှည့်စားသောသူလို့နဲ့ ပတ်သက်ယွေ့ ဟေအကျောန်းအရာလို့ဟို နင်လို့ဆေ ငါ ရေးလိုက်အယ်။
1JO 2:27 နင်လို့မှာမူ ခရစ်တော်ဟ မိမိရဲ့ ဝိညာဉ်တော်ဟို နင်လို့အပေါ်ဟို သွန်းလောင်းပီ။ ဝိညာဉ်တော်ဟ နင်လို့ စိတ်နေလုံးတွင် ကိန်းအောင်းလျက် နေသမျှကာလပတ်လုံး နင်လို့အား အခြားပစာအရာမျှ သွန်သင်ပေးစရာ မလို။ ပစာကို့ ကိုယ်တော်ရဲ့ ဝိညာဉ်တော်ဟ နင်လို့အား ခပ်သိမ်းသောအမှုအရာလို့ဟို သွန်သင်သောကျောန့် ဖြစ်အယ်။ ဝိညာဉ်တော် သွန်သင်ပေးသောအရာလို့ဟ မန်ကန်ယွေ့ အမားမဆိ။ အဲကျောန့် နင်လို့ဟ ဝိညာဉ်တော် သွန်သင်လဲ့အတိုင်း လိုက်နာဆောင်ရွက်ကြလော့။ ခရစ်တော်နဲ့ တလုံးတဝတည်း တည်ကြလော့။
1JO 2:28 အဲကျောန့် လူပဲ့သငယ်လို့၊ ငါလို့ဟ ကိုယ်တော်ပေါ်ထွန်းသောအခါ ယုံကြည်စိတ်ချမှု ဆိယွေ့ ကိုယ်တော်ကြွလာလဲ့တိုင်အောန် ဆေ့တော်နှိုက် ဆှက်ကြောက်ခြင်း မဆိစေရန် ကိုယ်တော်နှိုက် တည်နေကြလော့။
1JO 2:29 ခရစ်တော်ဟ ဖြောင့်မတ်တာဟို နင်လို့ သိကြလော့။ အဲလိုမို့ ဖြောင့်မတ်ခြင်းတရားဟို ကျင့်သုံးသောသူဟ ဘုရားသခင်ရဲ့ လူပဲ့သငယ်ဖြစ်ကျောန်း နင်လို့ သိကြအယ်။
1JO 3:1 ငါလို့ဟ ဘုရားသခင်ရဲ့ လူပဲ့သငယ်များဟု ခေါ်ခြင်းခံရကြသော အခွင့်ဟို ရကြသဖြင့် ငါလို့အား ခမည်းတော်ဟ စလောက်ချစ်တာဟို ဆင်ခြင်ကြလော့။ ငါလို့ဟ အမန်ပင် ဘုရားသခင်ရဲ့ လူပဲ့သငယ်များ ဖြစ်ကြအယ်။ ဟေအကျောန်းကျောန့် ဟေလောကသားလို့ဟ ငါလို့ဟို မသိ၊ သူလို့ဟ ခမည်းတော်ဟိုလည်း မသိ။
1JO 3:2 ချစ်ရသောသူလို့၊ အခု ငါလို့ဟ ဘုရားသခင်ရဲ့ လူပဲ့သငယ်များ ဖြစ်ကြအယ်။ အားပေမဲ့ နောင်ကာလတွင် ငါလို့ စလိုဖြစ်ကြမယ်ဟို ထင်ဆှားစွာ မသိသေးသော်လည်း ကိုယ်တော်ပေါ်ထွန်းသောအခါ ကိုယ်တော်ဟို ပကတိအဖြစ်တော်အတိုင်း မျော်ရကြမယ် ဖြစ်ယွေ့ ငါလို့ဟ ကိုယ်တော်နဲ့ တူကြမယ်ဟို ငါလို့ သိကြအယ်။
1JO 3:3 ကိုယ်တော်နှိုက် အေးလို မျော်လင့်ထားသောသူတိုင်းဟ ကိုယ်တော် သန့်ဆှင်းစင်ကြယ်လဲ့အတိုင်း မိမိတတ်တိုင်း သန့်ဆှင်းစင်ကြယ် စေတတ်အယ်။
1JO 3:4 အပစ်ဟို ပြုနေသောသူတိုင်းဟ ပညတ်တော်ဟို ချိုးဖောက်သောအမှုဟိုလည်း ပြုအယ်၊ ပစာကို့ အပစ်ဟ ပညတ်တော်ဟို ချိုးဖောက်ခြင်း ဖြစ်အယ်။
1JO 3:5 ခရစ်တော်ဟ လူလို့ရဲ့ အပစ်များဟို ဖြေလွှတ်ရန် ကြွလာတာဟို နင်လို့ သိကြအယ်၊ ကိုယ်တော်ဟ အပစ်ကင်းသောသူ ဖြစ်အယ်။
1JO 3:6 ကိုယ်တော်နဲ့ တလုံးတဝတည်းနေသောသူဟ အပစ်ပြုခြင်း မဆိ၊ အားပေမဲ့ အပစ်ပြုနေသောသူတိုင်းဟ ကိုယ်တော်ဟို မသိမမျော်ဖူးသူ ဖြစ်အယ်။
1JO 3:7 လူပဲ့သငယ်လို့၊ စသူမျှ နင်လို့အား မှောက်မားလမ်းလွဲအောန် မပြုစေနဲ့။ ခရစ်တော်ဟ ဖြောင့်မတ်သလို အမန်တရားဟို ကျင့်သုံးသောသူလည်း ဖြောင့်မတ်သူ ဖြစ်အယ်။
1JO 3:8 အပစ်ဟို ပြုနေသောသူဟ မာရ်နတ်နဲ့ စပ်ဆိုင်သောသူ ဖြစ်အယ်။ အကျောန်းမှာ မာရ်နတ်ဟ ဆေ့ဦးဟပင် အပစ်ပြုလျက် ဆိအယ်။ ဘုရားသခင်ရဲ့ သားတော် ပေါ်ထွန်းခဲ့တာဟ မာရ်နတ်ရဲ့ လုပ်ဆောင်မှုလို့ဟို ပယ်လောရန်အတွက် ဖြစ်အယ်။
1JO 3:9 ဘုရားသခင် ဖြစ်ပွားစေသော လူပဲ့သငယ်ဖြစ်လာသူဟ အပစ်ဟို မပြုတတ်။ ပစာကို့ အဲသူနှိုက် ဘုရားသခင်ရဲ့ ဇာတိသဘောပါဆိသောကျောန့် ဖြစ်အယ်။ သူဟ ဘုရားသခင်ရဲ့ လူပဲ့သငယ်ဖြစ်သဖြင့် အပစ်ဟို ဆက်ယွေ့ မပြုနိန်။
1JO 3:10 ဟေနည်းအားဖြင့် ဘုရားသခင်ရဲ့ လူပဲ့သငယ်များနဲ့ မာရ်နတ်ရဲ့ လူပဲ့သငယ် ကွာခြားပုံဟို သိရအယ်။ အမန်တရားဟို မကျင့်သုံးသူ၊ ညီအကိုဟို မချစ်သောသူဟ ဘုရားသခင်ရဲ့ လူပဲ့သငယ်များ မဟုတ်။
1JO 3:11 ငါလို့ဟ အချင်းချင်း ချစ်ကြရမယ် ဟူသော ဟေသတင်းစကားဟို ဆေ့ဦးဟပင် နင်လို့ ကြားနာရသော သတင်းစကား ဖြစ်အယ်။
1JO 3:12 မာရ်နတ်နဲ့ စပ်ဆိုင်တာဖြစ်ယွေ့ မိမိရဲ့ ညီအာဗေလဟို သတ်သောသူ ကာဣနလို ငါလို့ မဖြစ်စေကြနဲ့။ ကာဣနဟ မိမိရဲ့ ညီဟို ပစာကျောန့် သတ်လုန်း။ သူရဲ့ အကျင့်ဟ ဆိုးညစ်ယွေ့ သူ့ညီရဲ့ အကျင့်ဟ ဖြောင့်မတ်သောကျောန့် ဖြစ်အယ်။
1JO 3:13 အဲလိုမို့ ညီအကို မောင်နှမလို့၊ လောကီသားလို့ဟ နင်လို့ဟို မုန်းကြရင် မအံ့ဩကြနဲ့။
1JO 3:14 ငါလို့ဟ ညီအကို မောင်နှမလို့ ချစ်ကြသောကျောန့် သေခြင်းမှ အသက်ဆှင်ခြင်းဟို ကူးပြောင်းပီဖြစ်ကျောန်း ငါလို့ သိကြအယ်။ မချစ်သောသူဟ သေခြင်းနှိုက် တည်အယ်။
1JO 3:15 မိမိညီအကို မောင်နှမဟို မုန်းသောသူတိုင်းဟ လူသတ်သမား ဖြစ်အယ်။ စလိုလူသတ်သမားမျှ ထာဝရ အသက်မတည်ကျောန်းဟိုလည်း နင်လို့ သိကြအယ်။
1JO 3:16 ခရစ်တော်ဟ ငါလို့အတွက် မိမိအသက်ဟို စွန့်သောကျောန့် ငါလို့ဟ အဲအမှုအရာအားဖြင့် ချစ်ခြင်းမေတ္တာဟို သိရကြပီ။ ငါလို့ဟလည်း ညီအကို မောင်နှမလို့အတွက် အသက်ဟို စွန့်သင့်အယ်။
1JO 3:17 တစုံတဦးဟ လောကီစည်းစိမ် ဆိလျက်နဲ့ မိမိညီအကို မောင်နှမ ဆင်းရဲချို့တဲ့နေတာဟို မျော်ယွေ့ မိမိရဲ့ သနားခြင်း ကရုဏာစိတ်ဟို ချုပ်တည်းထားရင် ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာဟ အဲသူနှိုက် စလိုတည်မလုန်း။
1JO 3:18 လူပဲ့သငယ်လို့၊ ငါလို့ဟ စကားနဲ့ စလောင်အားဖြင့်သာ မဟုတ်ဘဲ လုပ်ဆောင်မှုနဲ့ သမ္မာတရားလို့အားဖြင့် ချစ်ကြကုန်စို့။
1JO 3:19 ဟေလိုဖြင့် ငါလို့ဟ သမ္မာတရားနဲ့ စပ်ဆိုင်သောသူဖြစ်ကျောန်းဟို သိကြယွေ့ ဘုရားသခင် ဆေ့နှိုက် ငါလို့ရဲ့ စိတ်နေလုံးဟို ငြိမ်သက်စွာ ဆိစေကြလိမ့်မယ်။
1JO 3:20 ငါလို့ရဲ့ စိတ်နေလုံးဟ ငါလို့ဟို အပစ်တင်ခဲ့ရင်လည်း ဘုရားသခင်ဟ ငါလို့ရဲ့ စိတ်နေလုံးထက် ကြီးမြတ်တာဖြစ်ယွေ့ အလုံးစုံလို့ဟို သိအယ်။
1JO 3:21 ချစ်ရသောသူလို့၊ ငါလိုရဲ့ စိတ်နေလုံးဟ ငါလို့ဟို အပစ်မတင်ရင် ငါလို့ဟ ဘုရားသခင် ဆေ့နှိုက် ယုံကြည်စိတ်ချမှု ဆိကြပင်း
1JO 3:22 တောင်းဆော့က်သမျှလို့ဟို ဘုရားသခင်ဆေမှ ရဆိကြအယ်။ ပစာကို့ ငါလို့ဟ ဘုရားသခင်ရဲ့ ပညတ်တော်လို့ဟို စောင့်ဆှောက်ယွေ့ ဆေ့တော်နှိုက် နှစ်သက်သောအရာများဟို ပြုကြသောကျောန့် ဖြစ်အယ်။
1JO 3:23 ဘုရားသခင်ရဲ့ ပညတ်တော်ဟ သားတော် ယေရှု ခရစ်တော်ရဲ့ နာမဟို ငါလို့အား ပေးလဲ့ ပညတ်တော်အတိုင်း အချင်းချင်း ချစ်ကြရန် ဖြစ်အယ်။
1JO 3:24 ဘုရားသခင်ရဲ့ ပညတ်တော်လို့ဟို စောင့်ထိန်းသောသူဟ ဘုရားသခင်နှိုက် တည်ယွေ့ ဘုရားသခင်ဟလည်း အဲသူနှိုက် တည်အယ်။ ဘုရားသခင်ဟ ငါလို့နှိုက် တည်ကျောန်းဟို ငါလို့အား ပေးသော ဝိညာဉ်တော်အားဖြင့် ငါလို့ သိကြအယ်။
1JO 4:1 ချစ်ရသောသူလို့၊ ဝိညာဉ်တော် ခံယူရဆိတာဟု ဆိုသူတိုင်းဟို မယုံကြနဲ့။ သူလို့ ခံယူရဆိလဲ့ဆိုသော ဝိညာဉ်တော်ဟ ဘုရားသခင်ဆေမှ ဆင်းသက်လာလဲ့ ဝိညာဉ်တော် ဟုတ် မဟုတ် စစ်ဆေးကြလော့။ ပစာကို့ မိစ္ဆာပရောဖက်များဟ ဟေလောကဟို သွားကြပီ။
1JO 4:2 ဘုရားသခင်ရဲ့ ဝိညာဉ်တော် ဟုတ် မဟုတ် နင်လို့ သိဆိနိန်လဲ့နည်းဟ အေးလိုဖြစ်အယ်၊ ယေရှု ခရစ်တော်ဟ လူ့ဇာတိဟို ခံယူကြွလာတာဟု ဝန်ခံသူဟ ဘုရားသခင်ဆေမှ ဆင်းသက်လာလဲ့ ဝိညာဉ်တော်ဟို ခံယူရဆိသူ ဖြစ်အယ်။
1JO 4:3 အေးလို ဝန်မခံသူဟ ဘုရားသခင်ဆေမှ ဆင်းသက်လာလဲ့ ဝိညာဉ်တော်ဟို ခံယူရဆိသူ မဟုတ်။ အဲသူတွင် ကိန်းအောင်းလဲ့ ဝိညာဉ်မှာ ခရစ်တော်ရဲ့ ရန်သူ ဖြစ်အယ်။ ခရစ်တော်ရဲ့ ရန်သူဝိညာဉ်ဟ ဟေလောဟို ရောက်ဆိလာမယ်ဖြစ်ကျောန်း နင်လို့ ကြားသိခဲ့ကြအယ်။ သူဟ အခုပင် ရောက်ဆိလျက် နေလေပီ။
1JO 4:4 လူပဲ့သငယ်လို့၊ နင်လို့ဟ ဘုရားသခင်နဲ့ စပ်ဆိုင်သူများ ဖြစ်ကြယွေ့ မိစ္ဆာပရောဖက်လို့ဟို အောန်နိန်ကြပီ၊ ပစာကို့ နင်လို့ဘက်နှိုက် ဆိသောသူဟ လောကဘက်နှိုက် ဆိသောသူထက် ကြီးမြတ်အယ်။
1JO 4:5 အဲမိစ္ဆာပရောဖက်လို့ဟ လောကနဲ့စပ်ဆိုင်သူများ ဖြစ်ကြသောကျောန့် လောကနဲ့ စပ်ဆိုင်သောအရာဟို ပြောဆိုတတ်ကြအယ်၊ လောကီသားလို့ဟလည်း သူလို့ဟို နားထောင်တတ်ကြအယ်။
1JO 4:6 ငါလို့ဟ ဘုရားသခင်နဲ့ စပ်ဆိုင်သူများ ဖြစ်ကြအယ်၊ ဘုရားသခင်ဟို သိသောသူဟ ငါလို့ စကားဟို နားထောင်တတ်အယ်။ ဘုရားသခင်နဲ့ မစပ်ဆိုင်သောသူဟ ငါလို့စကားဟို နားမထောင်တတ်။ ဟေလိုအားဖြင့် ငါလို့ဟ သမ္မာတရားရဲ့ ဝိညာဉ်နဲ့ မားယွင်းခြင်းရဲ့ ဝိညာဉ်ဟို သိရကြအယ်။
1JO 4:7 ချစ်ရသောသူလို့၊ ချစ်ခြင်းမေတ္တာဟ ဘုရားသခင်ဆေမှ သက်ရောက်လာတာ ဖြစ်ယွေ့ ငါလို့ဟ အချင်းချင်း တယောက်ဟို တယောက် ချစ်ကြကုန်စို့။ ချစ်တတ်သောသူဟ ဘုရားသခင်ရဲ့ လူပဲ့သငယ်များ ဖြစ်အယ်၊ ကိုယ်တော်ဟို သိကျွမ်းသောသူလည်း ဖြစ်အယ်။
1JO 4:8 ချစ်ခြင်းမေတ္တာ မဆိသောသူဟ ဘုရားသခင်ဟို မသိ။ အကျောန်းမှာ ဘုရားသခင်ဟ ချစ်ခြင်းမေတ္တာ ဖြစ်အယ်။
1JO 4:9 ငါလို့ဟ သားတော်အားဖြင့် အသက်ဆှင်ကြစေရန် ဘုရားသခင်ဟ မိမိရဲ့ တပါးတည်းသော သားတော်ဟို ဟေလောကသို့ စေလွှတ်အယ်။ အေးလိုဖြင့် ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာဟ ငါလို့နှိုက် ထင်ဆှားအယ်။
1JO 4:10 ငါလို့ဟ ဘုရားသခင်ဟို ချစ်ခဲ့တာ မဟုတ်၊ ဘုရားသခင်ဟသာ ငါလို့ဟို ချစ်ယွေ့ ငါလို့ရဲ့ အပစ်များအတွက် အသနားခံခြင်း ပူဇော်သကာအဖြစ် မိမိရဲ့ သားတော်ဟို စေလွှတ်အယ်။ ဟေအမှုအရာနှိုက် ချစ်ခြင်းမေတ္တာ ဆိအယ်။
1JO 4:11 ချစ်ရသောသူလို့၊ ဘုရားသခင်ဟ ငါလို့ဟို ဟေမျှလောက် ချစ်ရင် ငါလို့ဟလည်း အချင်းချင်း ချစ်သင့်အယ်။
1JO 4:12 ဘုရားသခင်ဟို စသူမျှ မမျော်ဖူး၊ အားပေမဲ့ ငါလို့ အချင်းချင်း ချစ်ကြရင် ဘုရားသခင်ဟ ငါလို့နှိုက် တည်ယွေ့ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာဟ ငါလို့နှိုက် ပြေ့စုံအယ်။
1JO 4:13 ဘုရားသခင်ဟ မိမိရဲ့ ဝိညာဉ်တော်ဟို ငါလို့အား ပေးသောကျောန့် ငါလို့ဟ ဘုရားသခင်နှိုက် တည်ယွေ့ ဘုရားသခင်ဟလည်း ငါလို့နှိုက် တည်ကျောန်းဟို ငါလို့ သိကြအယ်။
1JO 4:14 ခမည်းတော်ဟ သားတော်အား လောကဟို ကယ်တင်ရန် စေလွှတ်ကျောန်းဟို ငါလို့ တွေ့မျော်ရယွေ့ သက်သေခံကြအယ်။
1JO 4:15 စသူမဆို ယေရှုဟ ဘုရားသခင်ရဲ့ သားတော်ဖြစ်ကျောန်း ဝန်ခံရင် ဘုရားသခင်ဟ အဲသူနှိုက် တည်ယွေ့ အဲသူဟလည်း ဘုရားသခင်နှိုက် တည်အယ်။
1JO 4:16 ငါလို့ဟ ငါလို့အပေါ်နှိုက် ဘုရားသခင်ထားဆိသော ချစ်ခြင်းမေတ္တာဟို သိယွေ့ ယုံကြည်ကြအယ်။ ဘုရားသခင်ဟ ချစ်ခြင်းမေတ္တာ ဖြစ်အယ်။ ချစ်ခြင်းမေတ္တာနှိုက် တည်သောသူဟ ဘုရားသခင်နှိုက် တည်ယွေ့ ဘုရားသခင်ဟလည်း အဲသူနှိုက် တည်အယ်။
1JO 4:17 ငါလို့ဟ တရားစီရင်ရာနေ့နှိုက် ယုံကြည်စိတ်ချမှု ဆိစေရန် ချစ်ခြင်းမေတ္တာဟ ငါလို့နှိုက် ပြေ့စုံအယ်။ အကျောန်းမှာ ငါလို့ဟလည်း ဟေလောကတွင် ကိုယ်တော်လိုမျိုး ဖြစ်အယ်။
1JO 4:18 ချစ်ခြင်းမေတ္တာနှိုက် ကြောက်စိတ်မဆိ။ ပြေ့ဝစုံလင်လဲ့ မေတ္တာဟ ကြောက်စိတ်ဟို ပယ်လောအယ်။ ကြောက်စိတ်ဟ အပစ်ဒဏ်ခံရမှုဟို စောင့်မျော်တတ်သဖြင့် ကြောက်စိတ်ဆိသူနှိုက် မေတ္တာပြေ့ဝစုံလင်ခြင်း မဆိ။
1JO 4:19 ဘုရားသခင်ဟ ငါလို့အား ဦးရင် ချစ်သောကျောန့် ငါလို့ဟ ကိုယ်တော်ဟို ချစ်ကြအယ်။
1JO 4:20 ဘုရားသခင်ဟို ချစ်တာဟု ဆိုလျက် ညီအကို မောင်နှမဟို မုန်းရင် အဲသူဟ ဝါသောသူဖြစ်အယ်။ မျော်ရသော မိမိညီအကို မောင်နှမဟို မချစ်သောသူဟ မမျော်ရသော ဘုရားသခင်ဟို မချစ်နိန်။
1JO 4:21 ဘုရားသခင်ဟို ချစ်သောသူဟ မိမိညီအကို မောင်နှမဟိုလည်း ချစ်ရမယ် ဟူသော ဟေပညတ်တော်ဟို ကိုယ်တော်ဆေမှ ငါလို့ ရဆိကြအယ်။
1JO 5:1 ယေရှုဟ မေဆှိယ ဖြစ်ကျောန်းဟို ယုံကြည်သောသူဟ ဘုရားသခင်ရဲ့ လူပဲ့သငယ် ဖြစ်အယ်။ အဖဟို ချစ်သောသူဟ အဲအဖရဲ့ သားဟိုလည်း ချစ်တတ်အယ်။
1JO 5:2 ငါလို့ဟ ဘုရားသခင်ဟို ချစ်ယွေ့ ဘုရားသခင်ရဲ့ ပညတ်လို့ဟို လိုက်နာကျင့်သုံးကြရင် အဲအမှုအရာအားဖြင့် ငါလို့ဟ ဘုရားသခင်ရဲ့ လူပဲ့သငယ်များဟို ချစ်ကျောန်း ငါလို့ သိကြအယ်။
1JO 5:3 အကျောန်းမှာ ဘုရားသခင်ဟို ချစ်ခြင်းဆိုတာဟ ဘုရားသခင်ရဲ့ ပညတ်လို့ဟို စောင့်ထိန်းခြင်း ဖြစ်အယ်။ ဘုရားသခင်ရဲ့ ပညတ်လို့ဟလည်း စောင့်ထိန်းရန် ခဲယဉ်းတာ မဟုတ်။
1JO 5:4 ပစာကို့ ဘုရားသခင်ရဲ့ လူပဲ့သငယ်ဖြစ်သူဟ လောကဟို အောန်နိန်သောကျောန့် ဖြစ်အယ်။ ငါလို့ဟ ယုံကြည်ခြင်းအားဖြင့် လောကဟို အောန်ခြင်း ဖြစ်အယ်။
1JO 5:5 ယေရှုဟ ဘုရားသခင်ရဲ့ သားဖြစ်ကျောန်း ယုံကြည်သူမှတပါး စသူဟ လောကဟို အောန်နိန်လုန်း။
1JO 5:6 ယေရှု ခရစ်တော်ဟ ယေအားဖြင့် နှစ်ခြင်းဟို ခံယူလျက် အသွေးဟို သွန်းယွေ့ အသေခံလျက် ကြွလာသောသူ ဖြစ်အယ်။ ကိုယ်တော်ဟ ယေအားဖြင့်သာ ကြွလာတာ မဟုတ်ဘဲ ယေအားဖြင့် လည်းကောင်း၊ အသွေးအားဖြင့် လည်းကောင်း ကြွလာအယ်။ ဝိညာဉ်တော်ဟ သမ္မာတရားဖြစ်ယွေ့ ကြွလာကျောန်းဟို သက်သေခံအယ်။
1JO 5:7 သက်သေသုံးပါး ဆိအယ်။
1JO 5:8 ဝိညာဉ်တော်၊ ယေ၊ အသွေး တည်းဟူသော သက်သေသုံးပါး ဆိယွေ့ အဲသုံးပါးလို့ဟ တညီတညွတ်တည်း ဖြစ်ကြအယ်။
1JO 5:9 ငါလို့ဟ လူလို့ရဲ့ သက်သေခံချက်ဟို လက်ခံတတ်ကြအယ်။ အားပေမဲ့ ဘုရားသခင်ရဲ့ သက်သေခံချက်မှာ လူလို့ရဲ့ သက်သေခံချက်ထက် ပိုယွေ့ ခိုင်လုံအယ်။ ကိုယ်တော်ဟ သားတော်ရဲ့ အကျောန်း သက်သေခံလေပီ။
1JO 5:10 ဘုရားသခင်ရဲ့ သားတော်ဟို ယုံကြည်သူဟ အဲသက်သေခံချက်ဟို စိတ်နေလုံးထဲတွင် မှတ်ကျုံးထားအယ်။ ဘုရားသခင်ဟို မယုံကြည်သူဟ သားတော်အကျောန်း ကိုယ်တော် သက်သေခံတာဟို မယုံကြည်သဖြင့် ဘုရားသခင်ဟ ဝါပြောရာ ရောက်အယ်။
1JO 5:11 အဲသက်သေခံချက်မှာ ဘုရားသခင်ဟ ငါလို့အား ထာဝရ အသက်ဟို ပေးပင်း အဲအသက်ဟ ဘုရားသခင်ရဲ့ သားတော်နှိုက် ဆိအယ်ဟူယွေ့ ဖြစ်အယ်။
1JO 5:12 သားတော်ဟို ရဆိသောသူဟ အသက်ဟို ရအယ်။ ဘုရားသခင်ရဲ့ သားတော်ဟို မရဆိသောသူဟ အသက်ဟို မရ။
1JO 5:13 ဘုရားသခင်ရဲ့ သားတော်ဟို ယုံကြည်သောသူ နင်လို့ဟ ထာဝရ အသက်ဟို ရဆိကျောန်း သိကြစေရန် ဟေအကျောန်းအရာများဟို ငါ ရေးလိုက်အယ်။
1JO 5:14 ဘုရားသခင်နှိုက် ငါလို့ ထားဆိသော ယုံကြည်စိတ်ချမှုမှာ ငါလို့ဟ အလိုတော်နဲ့အညီ တစုံတခုဟို တောင်းဆော့က်ရင် ဘုရားသခင်ဟ နားညောင်းအယ် ဟူယွေ့ ဖြစ်အယ်။
1JO 5:15 ငါလို့ တောင်းဆော့က်သမျှဟို နားညောင်းကျောန်းဟို ငါလို့ သိရင် ဘုရားသခင်ဆေ တောင်းဆော့က်ခဲ့သောအရာများဟို ရဆိပီဖြစ်ကျောန်း ငါလို့ သိကြအယ်။
1JO 5:16 တစုံတယောက်ဟ သေခြင်းဟို မပို့ဆောင်သော အပစ်မျိုးပြုနေလဲ့ မိမိညီအကို မောင်နှမဟို တွေ့ရင် သူဟ ဆုတောင်းရမယ်။ အဲအခါ ဘုရားသခင်ဟ သေခြင်းဟို မပို့ဆောင်သော အပစ်ပြုနေလဲ့ အဲညီအကို မောင်နှမအား အသက်ဟို ပေးလိမ့်မယ်၊ သေခြင်းဟို ပို့ဆောင်သော အပစ်မျိုး ဆိအယ်။ အဲလိုအပစ်အတွက် တောင်းဆှောက်ရမယ်ဟို ငါ မဆိုလို။
1JO 5:17 ဒုစရိုက် ဆိသမျှဟ အပစ် ဖြစ်အယ်၊ အားပေမဲ့ မသေထိုက်သော အပစ်မျိုးလည်း ဆိအယ်။
1JO 5:18 ဘုရားသခင်ရဲ့ လူပဲ့သငယ်ဖြစ်သူဟ ဆက်လက်ယွေ့ အပစ်မပြုတတ်ကျောန်းဟို ငါလို့ သိကြအယ်၊ သူ့အား ဘုရားသခင်ရဲ့ သားတော် စောင့်ဆှောက်တာ ဖြစ်ယွေ့ မာရ်နတ်ဟ အဲသူဟို မထိခိုက်နိန်။
1JO 5:19 ငါလို့ဟ ဘုရားသခင်နဲ့ စပ်ဆိုင်တာဟို လည်းကောင်း၊ လောကီသားအပေါင်းလို့ဟ မာရ်နတ်ရဲ့ လက်နှိုက် ဆိကြတာဟို လည်းကောင်း ငါလို့ သိကြအယ်။
1JO 5:20 ဘုရားသခင်ရဲ့ သားတော်ဟ ကြွလာယွေ့ စစ်မန်သော ဘုရားသခင်ဟို သိဆိနိန်လဲ့ အသိဉာဏ်ဟို ငါလို့အား ပေးတာဟိုလည်း ငါလို့ သိကြအယ်။ အဲကျောန့် ငါလို့ဟ စစ်မန်သော ဘုရားသခင်နှိုက် လည်းကောင်း၊ ဘုရားသခင်ရဲ့ သားတော် ယေရှု ခရစ်တော်နှိုက် လည်းကောင်း ဆိကြအယ်။ ကိုယ်တော်ဟ စစ်မန်သော ဘုရားသခင် ဖြစ်ပင်း ထာဝရ အသက်လည်း ဖြစ်အယ်။
1JO 5:21 လူပဲ့သငယ်လို့၊ နင်လို့တတ်တိုင်း ရုပ်တုဆင်းထုဟို ကြဉ်ဆှောင်ကြလော့။
2JO 1:1 အသက်ကြီးသူဖြစ်သော ငါဟ —
2JO 1:2 ပစာကို့ သမ္မာတရားဟ ငါလို့တွင် တည်နေလျက် ငါလို့နဲ့အတူ အစဉ်မပြတ်ဆိမယ် ဖြစ်အယ်။
2JO 1:3 ခမည်းတော် ဘုရားသခင်ဆေမှ လည်းကောင်း၊ ခမည်းတော်ရဲ့ သားတော် ယေရှု ခရစ်တော်ဆေမှ လည်းကောင်း ကျေးဇူးတော်၊ ကရုဏာတော်နဲ့ ငြိမ်သက်ခြင်းဟ သမ္မာတရားနဲ့ ချစ်ခြင်း မေတ္တာလို့ဟို အမှီပြုလျက် ငါလို့နှိုက် ဆိမန့်စေ။
2JO 1:4 နင်ရဲ့ လူပဲ့သငယ်အချို့လို့ဟ ခမည်းတော် ဘုရားဆေမှ ငါလို့ ခံယူရဆိသော ပညတ်တော်အတိုင်း သမ္မာတရားနှိုက် အသက်ဆှင် ဆော့က်လှမ်းနေကြတာဟို တွေ့ရသဖြင့် ငါ ရမ်းဆာ့ ဝမ်းမြောက်အယ်။
2JO 1:5 အဲလိုမို့ ဂုဏ်အသရေဆိ အမျိုးသမီး၊ ပညတ်တော် အသစ်မဟုတ်ဘဲ အစဦးဟပင် ငါလို့နှိုက် ဆိသော ပညတ်တော်ဟို နင့်ဆေ ရေးသားလျက် ငါလို့ အချင်းချင်း ချစ်ကြစို့ဟု အခု နင့်အား ငါ တောင်းပန်အယ်။
2JO 1:6 ချစ်ခြင်း မေတ္တာဆိုတာဟ ကိုယ်တော်ရဲ့ ပညတ်တော်အတိုင်း အသက်ဆှင် ဆော့က်လှမ်းခြင်း ဖြစ်အယ်။ အဲပညတ်တော်ဟ အစဦးဟပင် နင်လို့ ကြားရလဲ့အတိုင်း ချစ်ခြင်းမေတ္တာနှိုက် အသက်ဆှင် ဆော့က်လှမ်းခြင်း ဖြစ်အယ်။
2JO 1:7 အကျောန်းမှာ ယေရှု ခရစ်တော်ဟ လူသားအဖြစ်ဖြင့် ကြွလာတာဟို ဝန်မခံသောသူဖြစ်လဲ့ လှည့်စားသောသူများစွာလို့ဟ ဟေလောကနှိုက် ပေါ်လာကြပီ။ အဲသို့သောသူဟ လှည့်စားသောသူဖြစ်ပင်း ခရစ်တော်ရဲ့ ရန်သူလည်း ဖြစ်အယ်။
2JO 1:8 နင်လို့ဟ ငါလို့ လုပ်ဆောင်ခဲ့သောအရာဟို မဆုံးရှုံးစေဘဲ အကျိုးကျေးဇူးဟို အပြေ့အဝ ခံစားရစေရန် မိမိလို့ ကိုယ်ဟို သတိပြုကြလော့။
2JO 1:9 ခရစ်တော်ရဲ့ သွန်သင်ချက်နှိုက် မတည်ဘဲ အဲဟာဟို ကျော်လွန်သောသူတိုင်းဟ ဘုရားသခင်ဟို မရဆိပေ၊ အဲသွန်သင်ချက်နှိုက် တည်သောသူဟ ခမည်းတော်နဲ့ သားတော်ဟို ရဆိအယ်။
2JO 1:10 ဟေသွန်သင်ချက် မပါသောသူဟ နင်လို့ဆေဟို လာရင် သူ့ဟို အိုင်နှိုက် လက်မခံကြနဲ့၊ နှုတ်ခွန်းလည်း မဆက်ကြနဲ့။
2JO 1:11 အကျောန်းမှာ အဲသို့သောသူဟို နှုတ်ခွန်းဆက်ရင် သူရဲ့ ဆိုးညစ်သောအမှုနှိုက် ပါဝင်ရာ ရောက်အယ်။
2JO 1:12 နင်လို့ဆေ ငါရေးစရာ ရမ်းဆာ့ဆိသော်လည်း စက္ကူနဲ့ မင်ဖြင့် ငါ မရေးလိုပေ၊ ငါလို့ရဲ့ ဝမ်းမြောက်ခြင်း ပြေ့ဝစုံလင်မဲ့အကျောန်း နင်လို့ဆေဟို လာယွေ့ မျက်နှာချင်းဆိုင် စကားပြောဆိုရန် ငါ မျော်လင့်အယ်။
2JO 1:13 ရွေးကောက်ခံရသော နင့်ညီမရဲ့ လူပဲ့သငယ်လို့ဟ နင်လို့ဟို နှုတ်ဆက်ကြအယ်။
3JO 1:1 အသက်ကြီးသူ ဖြစ်သော ငါဟ —
3JO 1:2 ချစ်ရသော မိတ်ဆွေ၊ နင့်ရဲ့ စိတ်ဝိညာဉ် ကြီးပွားသလိုမျိုး နင်ဟ အရာရာနှိုက် ကြီးပွားယွေ့ ကျန်းမာပါစေဟု ငါ ဆုတောင်းအယ်။
3JO 1:3 နင်ဟ သမ္မာတရားနှိုက် အသက်ဆှင် ဆော့က်လှမ်းနေလဲ့အလျောက် ညီအကို မောင်နှမအချို့လို့ဟ လာယွေ့ နင်နှိုက်ဆိသော သမ္မာတရားအကျောန်းဟို သက်သေခံကြသောအခါ ငါဟ ရမ်းဆာ့ ဝမ်းမြောက်အယ်။
3JO 1:4 ငါ့လူပဲ့သငယ်လို့ဟ သမ္မာတရားနှိုက် အသက်ဆှင် ဆော့က်လှမ်းနေကျောန်းဟို ကြားရတာထက် ဝမ်းမြောက်စရာ ကောင်းသော အရာဟ ငါနှိုက် မဆိ။
3JO 1:5 ချစ်လှစွာသော ငါ့မိတ်ဆွေ၊ နင်ဟ ညီအကိုများအပေါ် အထူးသဖြင့် သူစိမ်းဧည့်သည်များအပေါ် လုပ်သမျှသောဝတ်ဟို သစ္စာဆိစွာ လုပ်တတ်အယ်။
3JO 1:6 အေးသူလို့ဟ နင်ရဲ့ ချစ်ခြင်းမေတ္တာအကျောန်းဟို အသင်းတော်ဆေ့နှိုက် သက်သေခံကြအယ်။ နင်ဟ အေးသူလို့ဟို ဘုရားသခင်ရဲ့ အလိုတော်နဲ့အညီ ဆက်လက် ပို့ဆောင်ပေးရင် ကောင်းသောအမှုပြုခြင်း ဖြစ်လိမ့်မယ်။
3JO 1:7 အေးသူလို့ဟ မယုံကြည်သော သူလို့ဆေမှ ပစာအရာဟိုမှ မယူဘဲ နာမတော်အတွက် ခရီးပြုကြအယ်။
3JO 1:8 အဲကျောန့် ငါလို့ဟ သမ္မာတရားအတွက် သူလို့နဲ့အတူ အလုပ်လုပ်သောသူ ဖြစ်ကြစေရန် သူလို့ဟို ကူညီထောက်ပံ့သင့်အယ်။
3JO 1:9 ငါဟ အသင်းတော်ဆေဟို စာကတစ်ရေးခဲ့သော်လည်း သူလို့တွင် ခေါင်းဆောင်ဖြစ်လိုသော ဒယောတရပ်ဟ ငါလို့ဟို လက်မခံ။
3JO 1:10 အဲလိုမို့ ငါလာသောအခါ သူလုပ်နေသော အမှုဟို ထောက်ပြမယ်။ သူဟ မကောင်းသော စကားအမျိုးမျိုးလို့ဖြင့် ငါလို့ဟို ကဲ့ရဲ့ပစ်တင်ပင်း အေးလောက်တင်မက မကျေနပ်ဘဲ သူတတ်တိုင်းလည်း ညီအကို မောင်နှမလို့ဟို လက်မခံ၊ လက်ခံချင်သော သူများဟိုလည်း တားမြစ်ယွေ့ အသင်းတော်မှ မောင်းထုတ်အယ်။
3JO 1:11 ချစ်လှစွာသော မိတ်ဆွေ၊ မကောင်းသော အမှုဟို အတုမယူဘဲ ကောင်းသော အမှုဟိုသာ အတုယူကြလော့။ ကောင်းသော အမှုဟို ပြုသောသူဟ ဘုရားသခင်နဲ့ စပ်ဆိုင်အယ်။ မကောင်းသော အမှုဟို ပြုသောသူဟ ဘုရားသခင်ဟို မသိ မမျော်ဖူးပေ။
3JO 1:12 ဒေမေတရိ အကျောန်းဟို လူအားလုံးလို့မှ စယွေ့ သမ္မာတရားတတ်တိုင်းဟ သက်သေခံအယ်။ ငါလို့ဟလည်း သက်သေခံကြအယ်။ ငါလို့ရဲ့ သက်သေခံချက်ဟ မန်ကန်ကျောန်းဟိုလည်း နင်သိအယ်။
3JO 1:13 နင့်ဆေ ငါ ရေးစရာ ရမ်းဆာ့ဆိသော်လည်း မင်နဲ့ ကလောန်တန်ဖြင့် ငါ ရေးချင်မောင်းလဲ့။
3JO 1:14 နင်နဲ့ အမြန် တွေ့ယွေ့ မျက်နှာချင်းဆိုင် စကားပြောဆိုရန် ငါ မျော်လင့်ထားအယ်။
3JO 1:15 နင်နှိုက် ငြိမ်သက်ခြင်း ဆိပါစေ။ မိတ်ဆွေအားလုံးဟ နင့်ဟို နှုတ်ဆက်ကြအယ်။ မိတ်ဆွေလို့ တဦးစီဟို နှုတ်ဆက်ပေးလော့။
JUD 1:1 ယေရှု ခရစ်တော်ရဲ့ အစေခံ၊ ယာကုပ်ရဲ့ ညီ ငါယုဒဟ —
JUD 1:2 ကရုဏာတော်၊ ငြိမ်သက်ခြင်းနဲ့ ချစ်ခြင်းဟ နင်လို့နှိုက် တိုးပွားပါစေသော။
JUD 1:3 ချစ်လှစွာသော မိတ်ဆွေလို့၊ ငါလို့အားလုံးနဲ့ ဆိုင်သော ကယ်တင်ခြင်း အကျောန်းဟို နင်လို့ဆေ ရေးသားပေးပို့ရန် ရမ်းဆာ့ ကြိုးစားလျက် နေစဉ်ခါပင် သန့်ဆှင်းသူလို့ဆေ တခါတည်းနဲ့အပီး ပေးအပ်သော ယုံကြည်ခြင်းအတွက် ကြိုးစား တိုက်ခိုက်ကြမယ့်အကျောန်း နင်လို့အား စာရေးယွေ့ တိုက်တွန်းနှိုးဆော်ရန် လိုအပ်တာဟို ငါတွေ့ရအယ်။
JUD 1:4 အကျောန်းမှာ ငါလို့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ကာမဂုဏ်လိုက်စားခြင်း အဖြစ်သို့ ပြောင်းလဲစေယွေ့ တပါးတည်းသော အဆှင်ဖြစ်သော ငါလို့ရဲ့ သခင် ယေရှု ခရစ်တော်ဟို ငြင်းပယ်ကြလဲ့ ဘုရားမသိသောသူ အချို့လို့ဟ တိတ်တခိုး ဝင်ရောက်လာကြအယ်။ သူလို့ဟ ဟေပစ်ဒဏ်စီရင်ခြင်းဟို ခံရမယ်ဟု ဆေ့မခင်ကပင် ရေးထားလေပီ။
JUD 1:5 နင်လို့ဟ ဟေအရာအားလုံးဟို သိကြပီဖြစ်သော်လည်း နင်လို့ဟို ငါ သတိပေးနှိုးဆော်လိုတာဟ သခင်ဘုရားသည် သူရဲ့ လူများဟို အဲဂုတ္တုပြေမှ တခါတည်း ကယ်လွှတ်ပေမဲ့လည်း မယုံကြည်သော သူလို့ဟို တခါ ဖျက်ဆီးအယ်။
JUD 1:6 အေးအပြင် မိမိလို့ရဲ့ မူလအခွင့်အာဏာဟို မထိန်းသိမ်းဘဲ မိမိလို့နေရာ အရပ်ဟို စွန့်ခွာသွားကြလဲ့ ခေါန်းခင်တမန်များအား တရားစီရင်ရာ နေ့ကြီးအတွက် ထာဝရ တုတ်ချေခြင်းအားဖြင့် မိုက်ခြင်းအောက်နှိုက် ထိန်းသိမ်းထားအယ်။
JUD 1:7 အေးလိုမျိုး သောဒုံမြို့၊ ဂေါမောရမြို့ရဲ့ ပတ်ဝန်းကျင်မြို့များဟလည်း အေးသူလို့နည်းတူ မတရားသော မေထုန်ပြုခြင်းနှိုက် ကျင်လည်ယွေ့ သဘာဝနဲ့ ဆန့်ကျင်သော သွေးသားတက်မက်ခြင်း အလိုဟိုလိုက်ကြသဖြင့် ထာဝရမီးနဲ့ဆိုင်သော အပစ်ဒဏ်ဟို ခံရလျက် သင်ခန်းစာယူစရာ ဖြစ်လာကြအယ်။
JUD 1:8 အေးအတိုင်းတိုင်း ဟေအိမ်မက် မြင်မက်တတ်သော သူလို့ဟလည်း ကိုယ်ကာယဟို စုတ်ပဲ့စေလျက် အုပ်စိုးခြင်းဟို ဝန်မခံဘဲ ဘုန်းအသရေဆိသောသူဟို စော်ကားပြောဆိုတတ်ကြအယ်။
JUD 1:9 ခေါန်းခင်တမန်မင်း မိက္ခေလပင် မာရ်နတ်နဲ့ ငြင်းခုံလျက် မောရှေရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ယွေ့ အချေအတင်ပြောဆိုကြသောအခါ ကဲ့ရဲ့ပစ်တင်လဲ့ စီရင်ခြင်းဟို မလုပ်ရဲဘဲ “ထာဝရဘုရားဟ နင်ဟို ဆုံးမပါစေ” ဟူယွေ့သာ ပြောခဲ့အယ်။
JUD 1:10 သူလို့ဟတော့ မိမိလို့ မသိသောအရာများဟို စော်ကားပြောဆိုကြလျက် ဆင်ခြင်ဉာဏ် မဆိသော တိရစ္ဆာန်များလိုမျိုး ပင်ကိုယ်သဘာဝအရ သိထားလဲ့အရာများနှိုက်ပင် ပျက်စီးခြင်းဟို ရောက်တတ်ကြအယ်။
JUD 1:11 သူလို့ဟ အမင်္ဂလာဆိကြအယ်။ အကျောန်းမှာ သူလို့ဟ ကာဣနရဲ့ လမ်းစဉ်ဟို လိုက်ယွေ့ အခကြေးငွေအတွက် ဗာလမ်ရဲ့ မားယွင်းခြင်းထဲဟို ကျရောက်သွားကာ ကောရရဲ့ ဆန့်ကျင်မှုမျိုးနှိုက် ပျက်စီးဆုံးရှုံးကြအယ်။
JUD 1:12 သူလို့ဟ နင်လို့နဲ့အတူ စားသောက်သောအခါ ဆှက်ကြောက်ခြင်း မဆိဘဲ မိမိလို့အတွက်သာ ဂရုစိုက်လျက် နင်လို့ရဲ့ မေတ္တာပွဲနှိုက် အစွန်းအထင်းများ ဖြစ်ကြအယ်။ သူလို့ဟ လေနှိုက်လွင့်ပါသွားသော မိုးယေမပါလဲ့ မိုးချေးသားများ၊ အမြစ်ပါမကျန် ဆွဲနုတ်ခံရယွေ့ နေကြိမ်သေလဲ့ အသီး မသီးသော ဆောင်းဦးကာလ သစ်ပင်များ၊
JUD 1:13 မိမိလို့ အဆှက်ဟို အမြှုပ်လိုမျိုး ပေါ်စေလဲ့ ပြင်းထန်သော ပင်လယ်လှိုင်းတံပိုးများ၊ ဝေ့နေသော ကြယ်များ ဖြစ်ကြအယ်။ သူလို့အတွက် အမှောင်မိုက်ဆုံး မိုက်ဟို ထာဝရ ထိန်းသိမ်းထားလျက် ဆိအယ်။
JUD 1:14 အာဒံမှ ခုနေဆက်မြောက်သော မျိုးဆက်ဖြစ်လဲ့ ဧနောက်ဟလည်း သူလို့နဲ့ ပတ်သက်ယွေ့ ပရောဖက်ပြုဟောပြောလျက် “ကျေ့ရှုလော့၊ ထာဝရဘုရားဟ အတိုင်းမသိ ရမ်းဆာ့သော မိမိရဲ့ သန့်ဆှင်းသူလို့နဲ့အတူ ကြွလာလိမ့်မယ်။
JUD 1:15 ဟေစာဟ လူအပေါင်းလို့ဟို တရားစီရင်ရန်နဲ့ ဘုရားတရားမဲ့စွာဖြင့် ပြုခဲ့သော သူလို့ရဲ့ ဘုရားတရားမဲ့ခြင်း အမှုအလုံးစုံအတွက် လည်းကောင်း၊ ဘုရားတရားမဲ့သော အပစ်သားလို့ဟ ဘုရားသခင်ဟို ဆန့်ကျင်ပြောဆိုလဲ့ ပြင်ထန်သော စကားအလုံးစုံအတွက် လည်းကောင်း သူလို့ အားလုံးရဲ့ အပစ်ဟို ဖော်ပြရန် ဖြစ်အယ်” ဟု ဆိုထားအယ်။
JUD 1:16 သူလို့ဟ ညည်းညူးတတ်သောသူ၊ သူတပါးရဲ့အပစ်ဟို ဆှာတတ်သောသူ ဖြစ်ကြပင်း မိမိလို့ရဲ့ တပ်မက်ခြင်းအတိုင်း ဆှောက်လှမ်းနေကြအယ်။ သူလို့ရဲ့ နှုတ်ဟလည်း ချဲ့ထွင်ဝါကြွား ပြောဆိုတတ်ယွေ့ ကိုယ်ကျိုးအတွက် လူလို့ဟို မြှောက်ပင့်တတ်ကြအယ်။
JUD 1:17 အဲလိုလဲ ချစ်လှစွာသော သူလို့ နင်လို့ဟ ငါလို့ သခင် ယေရှု ခရစ်တော်ရဲ့ တမန်တော်များ ကြိုတင်ပြောထားခဲ့သော စကားလို့ဟို သတိရကြလော့။
JUD 1:18 သူလို့ဟ “နောက်ဆုံးသော ကာလနှိုက် မိမိလို့ရဲ့ ဘုရားတရားမဲ့ခြင်းနဲ့ဆိုင်သော တပ်မက်ခြင်းများအတိုင်း ဆှောက်လှမ်းလဲ့ ပြက်ရယ်ပြုတတ်သောသူများ ပေါ်လာကြလိမ့်မယ်” ဟု နင်လို့အား ပြောထားခဲ့ကြအယ်။
JUD 1:19 အေးသူလို့ဟ ကွဲပြားမှုဟို ဖြစ်စေသောသူ၊ ဇာတိနဲ့ဆိုင်သောသူ၊ ဝိညာဉ်တော်ဟို မရသောသူများ ဖြစ်ကြအယ်။
JUD 1:20 အဲလိုလဲ ချစ်လှစွာသော သူလို့ နင်လို့ဟ မိမိလို့ရဲ့ ရမ်းဆာ့သန့်ဆှင်းသော ယုံကြည်ခြင်းအပေါ်နှိုက် မိမိလို့ကိုယ်ဟို တည်ဆောက်လျက် သန့်ဆှင်းသော ဝိညာဉ်တော်အားဖြင့် ဆုတောင်းကြလော့။
JUD 1:21 ဘုရားသခင်ရဲ့ မေတ္တာတော်နှိုက် မိမိကိုယ်ဟို စောင့်ထိန်းယွေ့ ထာဝရအသက်ဟို ပို့ဆောင်လျက် ငါလို့ သခင် ယေရှု ခရစ်တော်ရဲ့ ကရုဏာတော်ဟို စောင့်မျှော်ကြလော့။
JUD 1:22 သံသယဆိသော သူလို့အပေါ် ကရုဏာထားကြလော့။
JUD 1:23 အချို့သောသူလို့ဟို မီးထဲမှ ဆွဲထုတ် ကယ်တင်ကြလော့။ အချို့လို့ဟို သူလို့ရဲ့ သွေးသားဇာတိဖြင့် ညစ်ညူးစွန်းထင်းနေသော အင်္ကျီကိုပင် ရွံမုန်းလျက် ကြောက်ရွံ့သော စိတ်နဲ့တကွ သူလို့ဟို ကရုဏာထားကြလော့။
JUD 1:24 နင်လို့အား မားယွင်းခြင်းနဲ့ ကင်းစေရန် စောင့်ဆှောက်နိန်စွမ်းဆိယွေ့ နင်လို့ဟို အပစ်ကင်းစင်လျက် ရွင်မြူးသောစိတ်ဖြင့် ဘုန်းအသရေတော် ဆေ့နှိုက် ရပ်နိန်သော —
JUD 1:25 ငါလို့ရဲ့ ကယ်တင်ဆှင်၊ တဆူတည်းသော ဘုရားသခင်နှိုက် ငါလို့ရဲ့ သခင် ယေရှု ခရစ်တော်အားဖြင့် ဘုန်းအသရေတော်၊ အာနုဘော်၊ တန်ခိုးအရှိန်အဝါနဲ့ အာဏာစက်လို့ဟ မခင်ကာလ အစဉ်အဆက်၊ အခု ကာလနဲ့ နောင်လာမယ့်ကာလ အစဉ်မပြတ် ဆိပါစေသော။ အာမင်။
REV 1:1 ဟေဟာဟ ယေရှု ခရစ်တော်ရဲ့ ဗျာဒိတ်တော် ဖြစ်အယ်။ ဟေဗျာဒိတ်တော်ဟ မကြာမီအတွင်း ဖြစ်ပျက်ရမဲ့အရာများဟို မိမိရဲ့ အစေခံလို့အား ပြသရန် ခရစ်တော်နှိုက် ဘုရားသခင် ပေးအပ်သောအရာ ဖြစ်အယ်။ ခရစ်တော်ဟ မိမိရဲ့ ခေါန်းခင်တမန်ဟို စေလွှတ်ယွေ့ မိမိအစေခံ ယောဟန်အား ဟေဗျာဒိတ်တော် အရိပ်အယောင်ဟို ဖော်ပြအယ်။
REV 1:2 ယောဟန်ဟလည်း သူတွေ့မျော်သမျှသော ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ ယေရှု ခရစ်တော်နဲ့ဆိုင်လဲ့ သက်သေခံချက်လို့ဟို သက်သေခံလေအယ်။
REV 1:3 အချိန်နီးကပ်ပီ ဖြစ်ယွေ့ ဟေပရောဖက်ပြု ဟောပြောသောစကားဟို ဖတ်ကြားသောသူနဲ့ ဟေစကားဟို ကြားနာယွေ့ ၎င်းတွင် ရေးထားသောအရာများဟို လိုက်နာ စောင့်ထိန်းသောသူလို့ဟ မင်္ဂလာဆိကြအယ်။
REV 1:4 ငါ ယောဟန်ဟ၊
REV 1:5 သစ္စာဆိသော သက်သေ၊ သေသောသူလို့ထဲမှ ဦးရင် ဖွားမျော်လာသူ၊ ကမ္ဘာမြေကြီးရဲ့ ဆှင်ဘုရင်လို့ဟို အုပ်ချုပ်သူ ဖြစ်သော ယေရှု ခရစ်တော်ဆေမှ လည်းကောင်း ကျေးဇူးတော်နဲ့ ငြိမ်သက်ခြင်းဟ နင်လို့နှိုက် ဆိပါစေ။ ငါလို့ဟို ချစ်ယွေ့ မိမိရဲ့ အသွေးတော်အားဖြင့် ငါလို့ အပစ်များမှ ဖြေလွှတ်ကာ
REV 1:6 မိမိ ခမည်းတော် ဘုရားသခင်ဆေ့နှိုက် ငါလို့ဟို ဆှင်ဘုရင်အရာနှိုက် လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာနှိုက် လည်းကောင်း၊ ခန့်ထားသော ယေရှု ခရစ်တော်ဟ ကမ္ဘာအဆက်ဆက် ဘုန်းအသရေ၊ တန်ခိုးအာနုဘော် ဆိစေသတည်း။ အာမင်။
REV 1:7 ကျေ့လော့။ ကိုယ်တော်ဟ မိုးချေးသားများဖြင့် ကြွလာအယ်။ အဲအခါ ကိုယ်တော်ဟို ထိုးဖောက်ခဲ့သူလို့မှ စယွေ့ လူအပေါင်းလို့ဟ မိမိလို့ မျက်စေ့ဖြင့် ကိုယ်တော်ဟို တွေ့မျော်ရကြလိမ့်မယ် ကမ္ဘာမြေကြီးပေါ်ဆိ လူမျိုးနွယ်စုအားလုံးဟ ကိုယ်တော်ကျောန့် ရင်ဘတ်စည်တီးလျက် မြည်တမ်းကြလိမ့်မယ်။
REV 1:8 “ငါဟ အာလဖ ဖြစ်အယ်။ ဩမေဃလည်း ဖြစ်အယ်” ဟု အနန္တတန်ခိုးနဲ့ ပြေ့စုံယွေ့ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ်ဆိသော ထာဝရ အဆှင် ဘုရားသခင် မိန့်အယ်။
REV 1:9 ယေရှုနှိုက် ဆင်းရဲဒုက္ခဟို လည်းကောင်း၊ နိုင်ငံတော်ဟို လည်းကောင်း၊ သည်းခံခြင်းဟို လည်းကောင်း နင်လို့နဲ့အတူ မျှဝေခံစားသူဖြစ်သော နင်လို့ရဲ့ ညီအကို ငါ ယောဟန်ဟ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ ယေရှုနဲ့ဆိုင်သော သက်သေခံချက်လို့ကျောန့် ပတ်မုဟုခေါ်သော ကျွန်းတွင် ရောက်နေအယ်။
REV 1:10 သခင်ဘုရားရဲ့ နေ့တွင် ငါဟ ဝိညာဉ်တော်နှိုက် ဆိစဉ် တံပိုးခရာသံလိုမျိုး ကျယ်လောင်သော အသံဟို ငါ့နောက်နှိုက် ကြားရအယ်။
REV 1:11 အဲအသံဟ “နင် မျော်ရသောအရာဟို စာစောင်တွင် ရေးသားယွေ့ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့နဲ့ လောဒိကိမြို့လို့နှိုက် ဆိသော အသင်းတော် ခုနေပါးဆေဟို ပေးပို့လော့” ဟု ဆိုအယ်။
REV 1:12 အဲအခါ ငါဟ ငါ့အား မြွတ်ဆိုသော အသံပိုင်ဆှင်ဟို တွေ့မျော်ရန် ဝေ့ကျေ့လိုက်အယ်။ အဲလို ဝေ့ကျေ့လိုက်ရာ ဆွေမီးခုံ ခုနေခုနဲ့၊
REV 1:13 အဲဆွေမီးခုံများ အလယ်နှိုက် ခြေဖျားတိုင်အောန် ရောက်သော ဝတ်ရုံဟို ဝတ်ဆင်လျက် ရင်ဘတ်နှိုက် ဆွေရင်စည်းဟို စဲထားလဲ့ လူသားနဲ့တူသော သူတဦးဟို ငါ မျော်ရအယ်။
REV 1:14 အဲသူရဲ့ ဦးခေါင်းနဲ့ ဆံပင်လို့ဟ ဖြူသော သိုးမွေးလို လည်းကောင်း၊ နှင်းပွင့်လို လည်းကောင်း ဖြူယွေ့ သူရဲ့ မျက်စေ့လို့ဟ မီးလျှံလို ဖြစ်ကြအယ်။
REV 1:15 သူရဲ့ ခြေလို့ဟ မီးဖိုတွင် ဖိုထိုးထားလဲ့ တောက်ပသော ကြေးဝါနဲ့ တူအယ်။ သူရဲ့ အသံမှာ ယေတံခွန်ကြီးရဲ့ အသံနဲ့ တူအယ်။
REV 1:16 သူဟ လက်ယာလက်ဖြင့် ကြယ်ခုနေလုံးဟို ကိုင်ယွေ့ ထားအယ်။ သူရဲ့ ခံတွင်းမှ အသွားနေဖက်ပါလဲ့ ထက်သော သန်လျက် ထွက်လာအယ်။ သူရဲ့ မျက်နှာဟလည်း မွန်းတည့်နေလိုမျိုး တောက်ပအယ်။
REV 1:17 ငါဟ အဲသူဟို မျော်ရသောအခါ သူရဲ့ ခြေရင်းနှိုက် လဲကျယွေ့ လူသေလို ဖြစ်အယ်။ အဲအခါ သူဟ ငါ့အပေါ်နှိုက် သူရဲ့ လက်ယာလက်ဟို တင်လျက် “မကြောက်နဲ့၊ ငါဟ ဦးရင်ဆုံးနဲ့ နောက်ဆုံး ဖြစ်အယ်။
REV 1:18 အသက်ဆှင်သောသူလည်း ဖြစ်အယ်။ ငါဟ ဦးရင် သေတာ ဖြစ်ယွေ့ ကမ္ဘာအဆက်ဆက် အသက်နဲ့ ပြေ့စုံအယ်။ သေခြင်းနဲ့ မရဏာနိုင်ငံဟိုလည်း ငါ အစိုးရအယ်။
REV 1:19 “အဲလိုမို့ နင် မျော်ခဲ့ရသောအရာများ၊ အခု ဖြစ်နေသောအရာများနဲ့ နောင်တွင် ဖြစ်ပျက်မဲ့အရာများဟို ရေးထားလော့။
REV 1:20 ငါရဲ့ လက်ယာဘက်တွင် နင်မျော်ရသော ကြယ်ခုနေလုံးနဲ့ ဆွေဆီမီးခုံ ခုနေခုလို့ရဲ့ လျှို့ဝှက်နက်နဲသော အဓိပ္ပာယ်မှာ ကြယ်ခုနေလုံးဟ အသင်းတော် ခုနေပါးရဲ့ စေတမန်များ ဖြစ်ကြပင်း ဆီမီးခုံ ခုနေခုဟ အသင်းတော် ခုနေပါး ဖြစ်ကြအယ်။
REV 2:1 “ဧဖက်မြို့နှိုက် ဆိသော အသင်းတော်ရဲ့ ခေါန်းခင်တမန်ဆေဟို ဟေသို့ ရေးလိုက်လော့။ “ဟေဩဝါဒဟ ကြယ်ခုနေလုံးဟို လက်ယာဘက်တွင် ကိုင်ကာ ဆွေမီးခုံ ခုနေခု အကြားတွင် သွားလာနေသူရဲ့ ဆေမှ ဖြစ်အယ်။
REV 2:2 နင် ပြုသောအမှုများမှ စယွေ့ နင်ရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ သည်းခံမှုလို့ဟို ငါ သိအယ်။ နင်ဟ ဆိုးယုတ်သောသူလို့ဟို လက်မခံနိန်ကျောန်းနဲ့ မိမိလို့တတ်တိုင်း တမန်တော်ဟု ခေါ်ဆိုကြသော်လည်း တမန်တော် မဟုတ်သောသူလို့ဟို စမ်းသပ်စစ်ဆေးယွေ့ သူလို့ဟ ဝါသောသူများ ဖြစ်ကြတာဟု နင်လို့ တွေ့ဆိကျောန်းဟိုလည်း ငါသိအယ်။
REV 2:3 နင်ဟ သည်းခံခြင်း ဆိလျက် ငါရဲ့ နာမအတွက် အပင်ပန်းခံယွေ့ အားလျော့ခြင်း မဆိခဲ့ပေ။
REV 2:4 အဲလိုလဲ နင်ဟ ဦးရင်ဆုံးသော ချစ်ခြင်းမေတ္တာ လျော့ပီဟု နင်နှိုက် အပစ်တင်စရာ ဆိအယ်။
REV 2:5 အဲလိုမို့ နင်ဟ စလိုနေရာမှ ကျဆင်းခဲ့တာဟို သတိရလျက် နောင်တရပင်း ဦးရင်ဆုံးသော အကျင့်ဟို ကျင့်လော့။ နင်လို့ဟ အဲလိုမလုပ်ဘဲ နောင်တမရရင် နင်လို့ဆေဟို ငါဟ အလျင်အမြန် လာယွေ့ နင်ရဲ့ ဆီမီးခုံဟို သူ့နေရာမှ တောမယ်။
REV 2:6 အဲလိုလဲ ငါ မုန်းလဲ့ နိကောလ တဘဲ့လို့ရဲ့ အကျင့်ဟို နင်လည်း မုန်းတာဟု ပြောစရာ ဆိအယ်။
REV 2:7 “ဝိညာဉ်တော်ဟ အသင်းတော်လို့အား စလို မိန့်တာဟို နားဆိသောသူဟ ကြားပါစေ။ “သူဟ အောန်မြင်အယ်။ အဲသူဟ ဘုရားသခင်ရဲ့ ပရဒိသုဘုံနှိုက် ဆိသော အသက်ပင်ရဲ့ အသီးဟို စားစေခြင်းငှာ ငါ အခွင့်ပေးမယ်။
REV 2:8 “စမုရနမြို့နှိုက် ဆိသော အသင်းတော်ရဲ့ တမန်အား ဟေလို ရေးလိုက်လော့။ “ဦးရင်ဆုံးနဲ့ နောက်ဆုံးဖြစ်သောသူ၊ သေခဲ့သော်လည်း ပြန်ယွေ့ အသက်ဆှင်သောသူဟ ဟေလို မိန့်အယ်။
REV 2:9 နင် အကျင့်ကျင့်ခြင်း၊ ဒုက္ခခံခြင်း၊ ဆင်းရဲခြင်းဟို ငါ သိပေမဲ့ နင်ဟ ကြွယ်ဝပြေ့စုံခြင်း ဆိအယ်။ ယုဒလူ ဖြစ်ယောင်ဆောင်ယွေ့ ယုဒ လူမန် မဟုတ်။ စာတန်ရဲ့ အပေါင်းအသင်းဖြစ်သော သူလို့ရဲ့ ကဲ့ရဲ့ပစ်တင်ခြင်းဟိုလည်း ငါ သိအယ်။
REV 2:10 နင် ခံစားရတော့မဲ့ ဒုက္ခဝေဒနာများဟို မကြောက်နဲ့၊ ကျေ့ရှုလော့။ နင်ဟ စုံစမ်းခြင်းဟို ခံရမဲ့အကျောန်း မာရ်နတ်ဟ နင်လို့အထဲမှ အချို့လို့ဟို ထောင်ထဲနှိုက် ထည့်ထားလိမ့်မယ်။ နင်လို့ဟ ဆယ်ရက်ပတ်လုံး ဆင်းရဲဒုက္ခဟို ခံရကြလိမ့်မယ်။ အသေခံရလဲ့တိုင်အောန် သစ္စာစောင့်လော့။ အဲလိုပြုရင် အသက်သရဖူဟို နင့်အား ငါ ပေးမယ်။
REV 2:11 “ဝိညာဉ်တော်ဟ အသင်းတော်လို့အား မိန့်သောအရာဟို နားဆိသောသူဟ ကြားပါစေ။ “အောန်မြင်သောသူဟ ဒုတိယ သေခြင်းဘေးနဲ့ ကင်းလွတ်လိမ့်မယ်။
REV 2:12 “ပေရဂံမြို့နှိုက် ဆိသော အသင်းတော်ရဲ့ တမန်အား ဟေလို ရေးလိုက်လော့။ “အသွားနေဖက်ပါလဲ့ ထက်သော သန်လျက်ဆိသောသူဟ ဟေလို မိန့်အယ်။
REV 2:13 ပစာအရပ်တွင် နင် နေထိန်တာဟို ငါသိအယ်၊ နင်ဟ စာတန်ရဲ့ ပလ္လင်ဆိရာအရပ်တွင် နေထိန်အယ်။ ငါရဲ့ ဘက်မှာ သစ္စာဆိစွာ သက်သေခံသူ အန္တိပဟ စာတန် နေထိန်ရာတွင် အသတ်ခံရချိန်နှိုက်ပင် နင်ဟ ငါရဲ့ သစ္စာဟို စောင့်ယွေ့ ယုံကြည်ခြင်းဟို မဖယ်လော။
REV 2:14 အဲလိုလဲ နင်လို့အထဲတွင် ဗာလမ်ရဲ့ အယူဝါဒဟို လိုက်ဆှောက်သူများ ဆိနေသဖြင့် နင့်အား အပစ်ဆိုစရာ ကတစ်ဆိအယ်။ ဣသရေလအမျိုးသားလို့ဟ ရုပ်တုပူဇော်စရာ အစားအစာများဟို စားကြစေရန် လည်းကောင်း၊ မတရားသောမေထုန်ဟို ပြုကြရန် လည်းကောင်း၊ သူလို့ဆေ့နှိုက် မားယွင်းစေသောအရာဟို ချထားမဲ့အကျောန်း ဗာလမ်ဟ ဗာလက်မင်းအား သင်ပေးအယ်။
REV 2:15 အဲတိုင်းတိုင်း နင်လို့အထဲတွင်လည်း နိကောလလို့ရဲ့ သင်ကြားခြင်းဟို စွဲလမ်းသောသူလို့လည်း ဆိကြအယ်။
REV 2:16 အဲကျောန့် နောင်တရကြလော့။ မရရင် နင်ဆိရာဟို ငါဟ အလျင်အမြန် လာမယ်။ ငါ့ခံတွင်းမှ သန်လျက်ဖြင့် သူလို့ဟို တိုက်ခိုက်မယ်။
REV 2:17 “ဝိညာဉ်တော်ဟ အသင်းတော်လို့အား မိန့်သောအရာဟို နားဆိသောသူဟ ကြားပါစေ။ “အောန်မြင်သောသူအား အောန်းထားသော မန္နဟို ငါ ပေးမယ်။ ဖြူသောကျောက်ဟိုလည်း ငါ ပေးမယ်။ အဲကျောက်ပေါ်နှိုက် ၎င်းဟို ခံယူရဆိသူမှ တပါး စသူမျှ မသိသော နာမယ်အသစ်ဟို ရေးထားအယ်။
REV 2:18 “သွာတိရမြို့နှိုက် ဆိသော အသင်းတော်ရဲ့ တမန်အား ဟေလို ရေးလိုက်လော့။ “မီးလျှံလို မျက်စေ့နဲ့ တောက်ပသော ကြေးဝါနဲ့တူသော ခြေဆိလဲ့ ဘုရားသခင်ရဲ့ သားတော်ဟ ဟေလို မိန့်အယ်။
REV 2:19 ငါဟ နင်ပြုသောအမှုဟို သိအယ်။ နင်ရဲ့ ချစ်ခြင်း၊ ယုံကြည်ခြင်း၊ အမှုတော်ဆောင်ရွက်ခြင်းနဲ့ သည်းခံခြင်းလို့ဟို ငါ သိအယ်။ နင်ရဲ့ နောက်ပိုင်းလုပ်ဆောင်မှုများဟ ဦးရင် လုပ်ဆောင်မှုများထက် သာလွန်ကျောန်းဟိုလည်း ငါ သိအယ်။
REV 2:20 အဲလိုလဲ နင့်အား ငါ အပစ်ဆိုစရာ ဆိအယ်။ အကျောန်းမှာ နင်ဟ မိမိတတ်တိုင်း ပရောဖက်မဟု ခေါ်သော အဲမိန်းမ ယေဇဗေလဟို ပြုလိုရာ ပြုခွင့်ပေးထားသဖြင့် သူဟ ငါရဲ့ အစေခံလို့အား မတရားသောမေထုန် ပြုကြရန်နဲ့ ရုပ်တုအား ပူဇော်ထားသောအရာများဟို စားကြရန် သွန်သင်လျက် သူလို့ဟို လှည့်စားနေအယ်။
REV 2:21 ငါဟ သူ့အား နောင်တရရန် အချိန်ပေးခဲ့သော်လည်း သူဟ မိမိရဲ့ မတရားသော မေထုန်ပြုခြင်းအတွက် နောင်တရလိုသောစိတ် မဆိ။
REV 2:22 အဲကျောန့် သူ့ဟို အိပ်ယာနှိုက် ငါ ချထားမယ်။ သူနဲ့အတူ မတရားသော မေထုန်ဟို ပြုယွေ့ အဲသို့သော အကျင့်ဟို နောင်တမရသော သူလို့ဟိုလည်း ကြီးစွာသော ဆင်းရဲခြင်းဟို ရောက်စေမယ်။
REV 2:23 သူရဲ့ လူပဲ့သငယ်လို့ဟိုလည်း သေဘေးဖြင့် ငါ အဆုံးစီရင်မယ်။ အဲအခါ ငါဟ စိတ်နေလုံးနဲ့ အတွင်းသဘောဟို စစ်ဆေးသောသူဖြစ်ကျောန်း အသင်းတော်အားလုံး သိရကြလိမ့်မယ်။ နင်လို့အသီးသီးဟိုလည်း မိမိလို့ ပြုသောအမှုများနဲ့အညီ အကျိုးအပစ်ဟို ငါ ပေးမယ်။
REV 2:24 “အဲလိုမို့ အဲမိန်းမရဲ့ အယူဝါဒဟို မခံယူ။ စာတန်ရဲ့ နက်နဲသောအရာဟု သူလို့ခေါ်သောအရာများဟို မသိသော သွာတိရမြို့မှ ကျန်ဆိသောသူအပေါင်းလို့အား ငါဆိုတာဟ နင်လို့အပေါ်နှိုက် အခြားသော ဝန်ထုပ်ဝန်ပိုးဟို ငါ မတင်။
REV 2:25 နင်လို့နှိုက် ဆိသောအရာဟိုသာ ငါ ကြွလာလဲ့တိုင်အောန် စွဲကိုင်ထားကြလော့။
REV 2:26 အောန်မြင်သောသူနဲ့ ငါရဲ့ အမှုဟို အဆုံးတိုင်အောန် စောင့်ထိန်းသောသူအား လူမျိုးတကာလို့ဟို အုပ်စိုးရသောအခွင့်ဟို ငါပေးမယ် —
REV 2:27 သူဟ ‘မြေအိုးများဟို ကြေမွစေသလို သံလှံတံဖြင့် သူလို့ဟို အုပ်ထိန်းလိမ့်မယ်’ — ဟေဟာဟ ငါတတ်တိုင်း ငါ့ခမည်းတော်ဆေမှ ရဆိသောအုပ်စိုးခွင့်နဲ့ တူအယ်။
REV 2:28 ငါဟ မိုးသောက်ကြယ်ဟိုလည်း အဲသူအား ပေးမယ်။
REV 2:29 “ဝိညာဉ်တော်ဟ အသင်းတော်များအား မိန့်သောအရာဟို နားဆိသောသူဟ ကြားပါစေ။
REV 3:1 “သာဒိမြို့နှိုက် ဆိသော အသင်းတော်ရဲ့ တမန်အား ဟေလို ရေးလိုက်လော့။ “ဘုရားသခင်ရဲ့ ဝိညာဉ်ခုနေပါးနဲ့ ကြယ်ခုနေလုံးဆိသော သူဟ ဟေလို မိန့်အယ်။ နင်ရဲ့ လုပ်ဆောင်မှုများဟို ငါသိအယ်။ နင်ဟ အသက်ဆှင်နေတာဟု နာမယ် ခံထားသော်လည်း သေသောသူ ဖြစ်အယ်။
REV 3:2 သတိနဲ့ စောင့်နေလော့။ သေလုနီးပါးဖြစ်နေလဲ့ ကျန်ဆိသောသူလို့ဟို ခိုင်ခံ့မြဲမြံစေလော့။ အကျောန်းမှာ နင်ရဲ့ လုပ်ဆောင်မှုများဟ ငါရဲ့ ဘုရားသခင် ဆေ့နှိုက် ပြေ့စုံတာဟူယွေ့ ငါ မတွေ့ရပေ။
REV 3:3 အဲကျောန့် နင်ဟ ခံယူယွေ့ နားထောင်ပင်းသောအရာဟို အောက်မေ့ယွေ့ စောင့်ဆှောက်လော့။ နောင်တရလော့။ နင်ဟ သတိနဲ့ စောင့်နေခြင်း မဆိရင် သူခိုးလို ငါလာမယ် ဖြစ်ယွေ့ စလို အချိန်နှိုက် နင်ဆေဟို ငါလာမယ်ဟို နင် လုံးဝသိလိမ့်မယ် မဟုတ်။
REV 3:4 အဲလိုလဲ သာဒိမြို့နှိုက် မိမိလို့ အဝတ်ဟို မညစ်ညူးစေသောသူဟ ကတစ်သာ ဆိအယ်။ အဲသူလို့ဟ ထိုက်တန်သောသူများ ဖြစ်သောကျောန့် ဖြူသောအဝတ်ဟို ဝတ်လျက် ငါနဲ့အတူ သွားလာရကြလိမ့်မယ်။
REV 3:5 အောန်မြင်သောသူဟ အေးလိုပင် ဖြူသော ဝတ်လုံဟို ဝတ်ဆင်ရလိမ့်မယ်။ ငါဟလည်း သူရဲ့ နာမယ်ဟို အသက်စာစောင်မှ လုံးဝပယ်လောမယ် မဟုတ်။ ငါဟ သူရဲ့ နာမယ်ဟို ငါ့ခမည်းတော်ဆေ့နှိုက် လည်းကောင်း၊ ကိုယ်တော်ရဲ့ ခေါန်းခင်တမန်များဆေ့နှိုက် လည်းကောင်း ဝန်ခံမယ်။
REV 3:6 “ဝိညာဉ်တော်ဟ အသင်းတော်များအား မိန့်သောအရာဟို နားဆိသောသူဟ ကြားပါစေ။
REV 3:7 “ဖိလဒေလဖိမြို့နှိုက် ဆိသော အသင်းတော်ရဲ့ တမန်အား ဟေလို ရေးလိုက်လော့။ “သန့်ဆှင်းသောသူ၊ ဖြောင့်မန်သောသူ၊ ဒါဝိဒ်ရဲ့ သော့ဟို ကိုင်ထားသောသူ၊ စသူမျှ မပိတ်နိန်အောန် ဖွင့်သောသူ၊ စသူမျှ မဖွင့်နိန်အောန် ပိတ်သောသူဟ ဟေလို မိန့်အယ်။
REV 3:8 နင်ပြုလဲ့အမှုဟို ငါ သိအယ်။ စသူမျှ မပိတ်နိန်သော ထင်ခါးဟို နင်ရဲ့ ဆေ့နှိုက် ငါ ဖွင့်ထားပီ။ အကျောန်းမှာ နင်ဟ ခွန်အား ကတစ်သာဆိသော်လည်း ငါရဲ့ နှုတ်ကပတ်တော်ဟို လိုက်နာစောင့်ထိန်းယွေ့ ငါရဲ့ နာမဟို မပယ်လော။
REV 3:9 နားထောင်လော့။ မိမိလို့ကိုယ်ဟို ယုဒအမျိုးသားများဟု ပြောဆိုနေသူ စာတန်ရဲ့ အပေါင်းအပါလို့အား နင်ရဲ့ ခြေရင်းဟို လာရောက် ပျပ်ဝပ်စေမယ်။ နင့်အား ငါ ချစ်ကျောန်းဟို သူလို့ သိကြလိမ့်မယ်။
REV 3:10 နင်ဟ ငါရဲ့ သည်းခံခြင်းနဲ့ စပ်ဆိုင်သော နှုတ်ကပတ်တရားဟို စောင့်ဆှောက်သောကျောန့် မြေကြီးအပေါ်နှိုက် နေသောသူလို့ဟို စုံစမ်းစေခြင်းငှာ၊ လောကီနိုင်ငံအရပ်ရပ်လို့ဟို ပျံနှံ့လာသော စုံစမ်းရာကာလတွင် နင့်ဟို ငါ စောင့်ဆှောက်မယ်။
REV 3:11 ငါဟ အလျင်အမြန် လာမယ်။ နင်ရဲ့ သရဖူဟို စသူမျှ မလုမယူစေရန် နင်နှိုက် ဆိသောအရာဟို စွဲကိုင်ထားလော့။
REV 3:12 ငါဟ အောန်မြင်သောသူအား ငါ့ဘုရားသခင်ရဲ့ ဗိမာန်တော်နှိုက် တိုင် ဖြစ်စေမယ်။ သူဟ ပစာခါမျှ အပြင်ဟို ထွက်ခွာသွားရမယ် မဟုတ်။ ငါဟ ငါ့ဘုရားသခင်ရဲ့ နာမတော်ဟို လည်းကောင်း၊ ငါ့ ဘုရားသခင်ရဲ့ မြို့တော် တည်းဟူသော ဘုရားသခင် အထံတော်ဟို ခေါန်းခင်မှ ဆင်းသက်လာလဲ့ ယေရုရှလင်မြို့သစ်ရဲ့ နာမဟို လည်းကောင်း၊ ငါရဲ့ နာမအသစ်ဟို လည်းကောင်း သူ့အပေါ်နှိုက် ရေးထားမယ်။
REV 3:13 “ဝိညာဉ်တော်ဟ အသင်းတော်များအား မိန့်သောအရာဟို နားဆိသောသူဟ ကြားပါစေ။
REV 3:14 “လောဒိကိမြို့နှိုက် ဆိသော အသင်းတော်ရဲ့ တမန်အား ဟေလို ရေးလိုက်လော့။ “ဟေအရာဟ အာမင် ဖြစ်သောသူ၊ သစ္စာဆိလဲ့ ဖြောင့်မန်သော သက်သေ၊ ဘုရားသခင်ရဲ့ ဖန်ဆင်းခြင်းတွင် အစဦး ဖြစ်သူဟ ဟေလို မိန့်အယ်။
REV 3:15 နင်ပြုခဲ့လဲ့အမှုဟို ငါ သိအယ်။ နင်ဟ အပူလည်း မဟုတ်၊ အအေးလည်း မဟုတ်တာဟို ငါ သိအယ်။ နင်ဟ အပူ ဖြစ်စေ၊ အအေး ဖြစ်စေ တခုခုဟို ငါ အလိုဆိအယ်။
REV 3:16 အဲလိုလဲ နင်ဟ မပူ မအေး နွေးရုံသာ ဆိသောကျောန့် နင့်အား ငါရဲ့ ခံတွင်းမှ ထွေးထုတ်မယ်။
REV 3:17 နင်ဟ ‘ငါသည် ချမ်းသာယွေ့ ကြွယ်ဝသောကျောန့် စလိုအပ်ချက်မျှ မဆိ’ ဟု ဆိုနေအယ်။ အဲလိုလဲ နင်ဟ ရမ်းဆာ့ စိတ်ပျက်ဖွယ်ကောင်းသောသူ၊ သနားစရာကောင်းသောသူ၊ ဆင်းရဲသောသူ၊ မျက်စေ့မျော်သောသူနဲ့ အဝတ်မပါ အချည်းစဲ ဖြစ်သောသူဖြစ်ကျောန်းဟို နင် မသိ။
REV 3:18 နင်ဟ ချမ်းသာလာစေရန် မီးဖြင့် ဖိုထိုးယွေ့ သန့်စင်ထားသော ဆွေဟို လည်းကောင်း၊ နင်ရဲ့ အဝတ် အချည်းစဲဆိယွေ့၊ အဆှက်ဟို မပေါ်စေရန် နင်ဝတ်ဖို့ ဖြူသောဝတ်ရုံဟို လည်းကောင်း၊ နင်ရဲ့ မျက်စေ့ ပြန်မျော်စေရန် မျက်စေ့ခတ်ဖို့ မျက်စဉ်းဟို လည်းကောင်း ငါ့ဆေမှ ဝယ်ယူရန် နင့်အား ငါ အကြံပေးအယ်။
REV 3:19 ငါဟ ငါချစ်သမျှသော သူလို့ရဲ့ အပစ်ဟို ဖော်ပြယွေ့ ဆုံးမတတ်အယ်။ အဲကျောန့် စိတ်အားထက်သန်ခြင်း ဆိယွေ့ နောင်တရလော့။
REV 3:20 နားထောင်လော့။ ငါဟ ထင်ခါးဆေ့တွင် ရပ်ယွေ့ ခေါက်လျက် နေအယ်။ ငါရဲ့ အသံဟို ကြားယွေ့ ထင်ခါးဟို ဖွင့်သောသူရဲ့ အိုင်ဟို ငါဝင်ပင်း သူနဲ့အတူ စားသောက်မယ်။ သူဟလည်း ငါနဲ့အတူ စားသောက်ရလိမ့်မယ်။
REV 3:21 ငါဟ အောန်မြင်ယွေ့ ငါ့ခမည်းတော်ရဲ့ ပလ္လင်ပေါ်မှာ ကိုယ်တော်နဲ့အတူ ထိန်နေသလိုမျိုး အောန်မြင်သူအား ပလ္လင်ပေါ်မှာ ငါနဲ့အတူ ထိန်ရသောအခွင့်ဟို ငါ ပေးမယ်။
REV 3:22 “ဝိညာဉ်တော်ဟ အသင်းတော်များအား မိန့်သောအရာဟို နားဆိသောသူဟ ကြားပါစေ” ဟု မိန့်အယ်။
REV 4:1 အဲပင်းရင် ငါကျေ့လိုက်ရာ ခေါန်းခင်နှိုက် ဖွင့်ထားလဲ့ ထင်ခါးတခု ဆိအယ်။ အဲအခါ ဆေ့ဦးစွာ ငါ့အား မိန့်တာဟို ငါကြားရလဲ့ တံပိုးခရာသံလို အသံဟ “ဟေအရပ်ဟို တက်လော့။ ဟေအဖြစ်အပျက်များ နောက်တွင် ဖြစ်ပျက်ရမဲ့အရာလို့ဟို နင့်အား ငါ ပြမယ်” ဟု ဆိုအယ်။
REV 4:2 ငါဟ ခုတုံးပင် ဝိညာဉ်တော်နှိုက် ဆိလေရာ ကျေ့လော့။ ခေါန်းခင်နှိုက် ပလ္လင်တော် တခုတည်ဆိယွေ့ အဲပလ္လင်တော်ပေါ်တွင် ထိန်နေသော အဆှင်တပါး ဆိအယ်။
REV 4:3 ထိန်နေသော အဲအဆှင်ဟ နဂါးသွဲ့ကျောက်၊ ပတ္တမြားကျောက်လို အဆင်းအရောင်ဆိယွေ့ ပလ္လင်ရဲ့ ပတ်လည်နှိုက် မြကျောက် အဆင်းအရောင်နဲ့တူသော သက်တံ့ ဆိအယ်။
REV 4:4 အဲပလ္လင်ရဲ့ ပတ်ဝန်းကျင်နှိုက် အခြားသော ပလ္လင်နေဆယ်လေး ပလ္လင် ဆိအယ်။ အဲပလ္လင်လို့အပေါ်နှိုက် အသက်ကြီးသူ နေဆယ်လေးပါးလို့ဟ ဖြူသောအဝတ်ဟို ဝတ်ဆင်လျက် ခေါင်းပေါ်နှိုက် ဆွေသရဖူဟို ဆောင်းလျက် ထိန်နေကြအယ်။
REV 4:5 ပလ္လင်တော်ထဲမှ ဆတ်ပျက်ထိုးခြင်း၊ အသံမြည်ဟည်းခြင်းနဲ့ မိုးချုန်းခြင်းများ ဖြစ်ပေါ်လေအယ်။ ဘုရားသခင်ရဲ့ ဝိညာဉ် ခုနေပါးဖြစ်သော မီးဖူး ခုနေလုံးဟလည်း ပလ္လင်ဆေ့နှိုက် ထွန်းလင်းလျက် ဆိအယ်။
REV 4:6 အဲပြင် ပလ္လင်တော်ဆေ့နှိုက် ကျောက်သလင်းနဲ့တူလဲ့ ဖန်ပင်လယ် ဆိအယ်။ ပလ္လင်တော်ရဲ့ အလယ်နဲ့ ပလ္လင်တော် ပတ်လည်နှိုက် ဆေ့ဘက်နဲ့ နောက်ဘက်တွင် မျက်စေ့များဖြင့် ပြေ့နေသော သတ္တဝါလေးပါး ဆိအယ်။
REV 4:7 ပထမသတ္တဝါဟ ခြင်္သေ့နဲ့ တူယွေ့ ဒုတိယသတ္တဝါဟ နွားသငယ်နဲ့ တူအယ်။ တတိယသတ္တဝါဟ လူနဲ့ တူသော မျက်နှာဆိယွေ့ စတုတ္ထသတ္တဝါဟ ပျံသန်းနေသော လင်းယုန်နဲ့ တူအယ်။
REV 4:8 အဲသတ္တဝါလေးပါး အသီးသီးလို့တွင် တောင်ပံခြောက်ခုစီ ဆိယွေ့ ပတ်ပတ်လည်နဲ့ အတွင်းဘက်နှိုက် မျက်စေ့များဖြင့် ပြေ့လျက် ဆိကြအယ်။ သူလို့ဟ နေ့ရောညပါ ရပ်နားခြင်း မဆိဘဲ၊
REV 4:9 အဲလို ပလ္လင်တော်ပေါ်တွင် ထိန်လျက် ကမ္ဘာအဆက်ဆက် အသက်ဆှင်သော သူရဲ့ ဘုန်းတော်၊ ဂုဏ်တော်နဲ့ ကျေးဇူးတော်လို့ဟို သတ္တဝါလေးပါးလို့ဟ ချီးမွန်းကြသောအခါ၊
REV 4:10 အသက်ကြီးသူ နေဆယ်လေးပါးလို့ဟ ပလ္လင်တော်ပေါ်မှာ ထိန်သောသူဆေ့နှိုက် ပျပ်ဝပ်လျက်၊ ကမ္ဘာအဆက်ဆက် အသက်ဆှင်သောသူဟို ကိုးကွယ်ကာ မိမိလို့ရဲ့ သရဖူများဟို ပလ္လင်တော်ဆေ့တွင် ချထားပင်း၊
REV 4:11 “ငါလို့ရဲ့ အဆှင် ဘုရားသခင်၊ ကိုယ်တော်ဟ ခပ်သိမ်းသောအရာလို့ဟို ဖန်ဆင်းသဖြင့် အဲအရာလို့ဟ ကိုယ်တော်ရဲ့ အလိုတော်အားဖြင့် တည်ယွေ့ ဖန်ဆင်းခြင်း ခံရပီ ဖြစ်သောကျောန့် ကိုယ်တော်ဟ ဘုန်းတော်၊ ဂုဏ်တော်နဲ့ တန်ခိုးတော်လို့ဟို ခံယူထိုက်အယ်” ဟု ဆိုကြအယ်။
REV 5:1 ပလ္လင်တော်ပေါ်တွင် ထိန်သောသူရဲ့ လက်ယာလက်တော်တွင် စာလိပ်ဟို ငါမျော်အယ်။ အဲစာလိပ်ဟ တံဆိပ်ခုနေခုဖြင့် ခတ်နှိပ်ထားယွေ့ စာမျက်နှာ နေဖက်လုံးတွင် စာများ ရေးသားထားအယ်။
REV 5:2 အဲပင်းရင် ခွန်အားကြီးသော ခေါန်းခင်တမန် တပါးဟ “စသူသည် တံဆိပ်များဟို ခွာယွေ့ ဟေစာလိပ်ဟို ဖွင့်ထိုက်လုန်း” ဟု အသံအကျယ်ရီးနဲ့ ကြွေးကြော်လျက် နေတာဟို ငါ မျော်အယ်။
REV 5:3 အဲလိုလဲ ခေါန်းခင်၊ မြေကြီး၊ မြေကြီးအောက်နှိုက် အဲစာလိပ်ဟို ဖွင့်နိန်သူ၊ ကျေ့နိန်သူ တယောက်မျှ မဆိ။
REV 5:4 အဲစာလိပ်ဟို ဖွင့်ရန်၊ ကျေ့ရန် ထိုက်တန်သူတစုံတဦးမျှ မတွေ့ရသောကျောန့် ငါဟ ရမ်းဆာ့ ငိုကအယ်။
REV 5:5 အဲအခါ အသက်ကြီးသူများထဲမှ “မငိုကနဲ့၊ ကျေ့လော့။ ယုဒအနွယ်မှ ပေါ်ထွန်းသော ခြင်္သေ့၊ ဒါဝိဒ်ရဲ့ အမြစ်ဖြစ်သောသူဟ အောန်မြင်သဖြင့် အဲစာလိပ်နဲ့ တံဆိပ်ခုနေခုဟို ဖွင့်နိန်အယ်” ဟု ငါ့အား ပြောဆိုအယ်။
REV 5:6 အဲအခါ ပလ္လင်တော်မှစသော သတ္တဝါလေးပါးနဲ့ အသက်ကြီးသူလို့ အလယ်နှိုက်၊ အသေသတ်ပင်းသလို သိုးသငယ်ဟ ရပ်လျက်ဆိတာဟို ငါမျော်အယ်။ အဲသိုးသငယ်ဟ မြေကြီးတပြင်လုံးနှိုက် လွှတ်သော ဘုရားသခင်ရဲ့ ဝိညာဉ် ခုနေပါးတည်းဟူသော မျက်စေ့ ခုနေလုံးနဲ့ ချိုခုနေချောင်း ဆိအယ်။
REV 5:7 သူဟ လာယွေ့ ပလ္လင်တော်ပေါ်မှာ ထိန်သောသူရဲ့ လက်ယာလက်မှ စာလိပ်ဟို ခံယူလေအယ်။
REV 5:8 အေးလို စာလိပ်ဟို ယူလိုက်သောအခါ သတ္တဝါလေးပါးလိုနဲ့ အသက်ကြီးသူ နေဆယ်လေးပါးလို့ဟ စောင်းများဟို လည်းကောင်း၊ သန့်ဆှင်းသူလို့ရဲ့ ဆုတောင်းချက်များ ဖြစ်ကြသော နံ့သာပေါင်းနဲ့ ပြေ့နေလဲ့ ဆွေဖလားများဟို လည်းကောင်း အသီးသီး ကိုင်ဆောင်လျက် သိုးသငယ်ဆေ့နှိုက် ပျပ်ဝပ်ကြအယ်။
REV 5:9 အဲပင်းရင် သူလို့ဟ သီချင်းအသစ်ဟို သီဆိုလျက်၊ “ကိုယ်တော်ဟ စာလိပ်ဟို ယူယွေ့ အေးရဲ့ တံဆိပ်များဟို ဖွင့်ရန် ထိုက်တန်သောသူ ဖြစ်အယ်။ အကျောန်းမှာ ကိုယ်တော်ဟ အသေသတ်ခြင်း ခံရယွေ့ ကိုယ်တော်ရဲ့ အသွေးအားဖြင့် လူမျိုးနွယ်စု၊ ဘာသာစကား၊ လူမျိုးနဲ့ တိုင်းနိုင်ငံအသီးသီးလို့ထဲမှ လူလို့ဟို ဘုရားသခင်အတွက် ရွေးနုတ်ဝယ်ယူအယ်။
REV 5:10 သူလို့ဟို ငါလို့ရဲ့ ဘုရားသခင်အတွက် နိုင်ငံတခုနဲ့ ယဇ်ပုရောဟိတ်များ ဖြစ်စေသဖြင့် သူလို့ဟ မြေကြီးပေါ်တွင် အုပ်စိုးရကြလိမ့်မယ်” ဟု ဆိုကြအယ်။
REV 5:11 အဲပင်းရင် ငါကျေ့လိုက်ရာ ပလ္လင်တော်၊ သတ္တဝါ လေးပါးနဲ့ အသက်ကြီးသူလို့ရဲ့ ပတ်ဝန်းကျင်မှ ရမ်းဆာ့သော ခေါန်းခင်တမန်လို့ရဲ့ အသံဟို ကြားရအယ်။ သူလို့ရဲ့ အရေအတွက်ဟ သိန်းသန်းကုဋေ ဆိအယ်။
REV 5:12 သူလို့ဟ ကျယ်လောင်သော အသံဖြင့်၊ “အသေသတ်ခြင်း ခံရသော သိုးသငယ်ဟ တန်ခိုး၊ စည်းစိမ်၊ ဉာဏ်ပညာ၊ အစွမ်းသတ္တိ၊ ဂုဏ်အသရေ၊ ဘုန်းအသရေနဲ့ ကောင်းချီးမင်္ဂလာလို့ဟို ခံယူထိုက်သောသူ ဖြစ်အယ်” ဟု ကြွေးကြော်အယ်။
REV 5:13 အဲပြင် ခေါန်းခင်၊ မြေကြီး၊ မြေကြီးအောက် ပင်လယ်အရပ်ရပ်နှိုက် ဆိသမျှသော သတ္တဝါအပေါင်းလို့ဟ၊ “ပလ္လင်ပေါ်တွင် ထိန်နေသောသူနဲ့ သိုးသငယ်ဟ ကမ္ဘာအဆက်ဆက် ချီးမွန်းခြင်းဟို ခံရစေသတည်း။ ဂုဏ်အသရေ၊ ဘုန်းအသရေ၊ တန်ခိုးလို့ဖြင့် ပြေ့စုံစေသတည်း” ဟု ကြွေးကြော်တာဟို ငါ ကြားရအယ်။
REV 5:14 သတ္တဝါလေးပါးလို့ဟ “အာမင်” ဟု ဆိုကြအယ်။ အသက်ကြီးသူလို့ဟလည်း ပျပ်ဝပ်လျက် ကိုးကွယ်ကြအယ်။
REV 6:1 အဲပင်းရင် သိုးသငယ်ဟ တံဆိပ် ခုနေခုထဲမှ တခုဟို ဖွင့်သောအခါ ငါကျေ့ရင် သတ္တဝါလေးပါးလို့ထဲမှ တပါးဟ မိုးချုန်းသံလို အသံဖြင့် “လာလော့” ဟု ဆိုတာဟို ငါ ကြားရအယ်။
REV 6:2 အဲအခါ ငါကျေ့လိုက်ရာ မြင်းဖြူတကောင် ဆိယွေ့ အဲမြင်းပေါ်တွင် စီးသောသူနှိုက် လေးတလက် ပါအယ်။ သူဟ သရဖူတခုဟို ရဆိပင်း အောန်မြင်ခြင်း အပေါ်နှိုက် ဆက်ယွေ့ အောန်မြင်ရန် ထွက်ခွာသွားအယ်။
REV 6:3 အဲပင်းရင် သိုးသငယ်ဟ ဒုတိယ တံဆိပ်ဟို ဖွင့်သောအခါ ဒုတိယ သတ္တဝါဟ “လာလော့” ဟု ဆိုတာဟို ငါကြားရအယ်။
REV 6:4 အဲအခါ နီရဲသော အခြား မြင်းတကောင် ထွက်လာအယ်။ အဲမြင်းပေါ်တွင် စီးသောသူဟ လူလို့အား အချင်းချင်း သတ်ဖြတ်ကြစေရန် မြေကြီးပေါ်မှ ငြိမ်းချမ်းမှုဟို ရုပ်သိမ်းရသော အခွင့်ဟို ရဆိအယ်။ ထားကြီးတလက်ဟိုလည်း သူ့အား ပေးလေအယ်။
REV 6:5 သိုးသငယ်ဟ တတိယ တံဆိပ်ဟို ဖွင့်သောအခါ တတိယသတ္တဝါဟ “လာလော့” ဟု ဆိုတာဟို ငါကြားရအယ်။ အဲအခါ ငါကျေ့လိုက်ရာ မြင်းနက်တကောင် ဆိယွေ့ အဲမြင်းပေါ်တွင် စီးသောသူဟ မိမိလက်နှိုက် ချိန်ခွင်ဟို ကိုင်ထားအယ်။
REV 6:6 အဲပင်းရင် သတ္တဝါလေးပါးလို့ အလယ်မှ ထွက်ပေါ်လာသော စကားသံနဲ့တူလဲ့ အသံဟ “ဂျုံဆန်တမုတ်ဟို ဒေနာရိတပြား၊ မုယောဆန် သုံးမုတ်ဟိုလည်း ဒေနာရိတပြား ဖြစ်အယ်။ အဲလိုလဲ ဆီနဲ့ စပျစ်ဝိုင်ဟို မပျက်စေနဲ့” ဟု ဆိုတာဟို ငါ ကြားရအယ်။
REV 6:7 သိုးသငယ်ဟ စတုတ္ထ တံဆိပ်ဟ ဖွင့်သောအခါ စတုတ္ထ သတ္တဝါဟ “လာလော့” ဟု ဆိုတာဟို ငါ ကြားရအယ်။
REV 6:8 အဲအခါ ငါကျေ့လိုက်ရာ မြင်းမွဲတကောင် ဆိယွေ့ အဲမြင်းပေါ်တွင် စီးသောသူဟ သေခြင်းဟု နာမယ်တွင်အယ်။ သူရဲ့ နောက်မှ မရဏာနိုင်ငံဟ လိုက်လာအယ်။ သူလို့ဟ ထားဘေး၊ ငတ်မွတ်ခြင်းဘေး၊ သေဘေး၊ မြေကြီးပေါ်ဆိ သားရဲ တိရစ္ဆာန်ဘေး၊ လူလို့ဟို သတ်ဖြတ်ရန် မြေကြီးရဲ့ လေးပုံတပုံအပေါ် အခွင့်အာဏာဟို ရကြအယ်။
REV 6:9 သိုးသငယ်ဟ ပဉ္စမ တံဆိပ်ဟို ဖွင့်သောအခါ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကျောန့် လည်းကောင်း၊ သစ္စာဆိလဲ့ သက်သေခံချက်ကျောန့် လည်းကောင်း၊ အသေသတ်ခြင်း ခံရသော သူလို့ရဲ့ ဝိညာဉ်များဟို ယဇ်ပလ္လင်အောက်တွင် ငါမျော်ရအယ်။
REV 6:10 အဲသူလို့ဟ “သန့်ဆှင်းယွေ့ ဖြောင့်မန်သော အနန္တတန်ခိုးဆှင်၊ ငါလို့ရဲ့ အသွေးအတွက် မြေကြီးပေါ်မှာ နေထိန်လဲ့သူလို့ဟို တရားမစီရင်၊ လက်တုံ့လည်း မပြန်ဘဲ စလောက်ကြာအောန် နေတာလုန်း” ဟု အသံကျယ်ရီးနဲ့ ကြွေးကြော်အယ်။
REV 6:11 အဲအခါ သူလို့တဦးစီအား ဖြူသောဝတ်လုံဟို ပေးပင်းရင် သူလို့တိုင်းတိုင်း အသေသတ်ခြင်း ခံရရန် ဆိလဲ့ သူလို့ရဲ့ လုပ်ဖော်ဆောင်ဖက် ညီအကိုလို့ရဲ့ အရေတွက် ပြေ့စုံလဲ့တိုင်အောန် နောက်ထပ် ခဏ အနားယူကြရန် သူလို့အား မိန့်အယ်။
REV 6:12 သိုးသငယ်ဟ ဆဋ္ဌမ တံဆိပ်ဟို ဖွင့်သောအခါ ငါကျေ့လိုက်ရာ ငလျင်ပြင်းထန်စွာ လှုပ်သဖြင့် နေဟ ဆိတ်မွေးနဲ့ လုပ်သော အဝတ်ကြမ်းလို မည်းအယ်။ လတခုလုံးဟ အသွေးလို ဖြစ်အယ်။
REV 6:13 ခေါန်းခင်မှ ကြယ်များဟ လေပြင်းတိုက်ခိုက်သောအခါ သင်္ဘောသဖန်းပင်မှ အသီးကြွေသလို ခေါန်းခင်ကြယ်လို့ဟ မြေပေါ်ဟို ကျကြအယ်။
REV 6:14 ခေါန်းခင်ဟလည်း စာလိပ်ဟို လိပ်သလို လွင့်သွားယွေ့ တောင်နဲ့ ကျွန်းဆိသမျှလို့ဟ မိမိလို့ နေရာမှ တောသွားကြအယ်။
REV 6:15 လောကီဘုရင်များ၊ မှူးမတ်များ၊ စစ်သူကြီးများ၊ ချမ်းသာသောသူများ၊ ခွန်အားကြီးသောသူများမှ စယွေ့ ကျွန်နဲ့ လွတ်လပ်သူဆိသမျှလို့ဟ လိုဏ်ဂူလို့နှိုက် လည်းကောင်း၊ တောင်ပေါ်ဆိ ကျောက်ဆောင်လို့ကြားနှိုက် လည်းကောင်း ပုန်းအောင်း နေကြအယ်။
REV 6:16 အဲသူလို့ဟ တောင်များနဲ့ ကျောက်ဆောင်များအား “ငါလို့အပေါ်ဟို ပြိုကျလျက် ပလ္လင်ပေါ်တွင် ထိန်သောသူရဲ့ မျက်နှာတော်နဲ့ သိုးသငယ်တော်ရဲ့ အမျက်တော်မှ ငါလို့ဟို ဖုံးကွယ်ကြမန့်။
REV 6:17 အဲသူလို့ရဲ့ အမျက်တော်သင့်မဲ့ နေ့ရက်ကာလ ကျရောက်လေပီ။ အဲအမျက်တော်ဟို စသူဟ ခံနိန်လုန်း” ဟု ဆိုကြအယ်။
REV 7:1 အဲပင်းရင် ခေါန်းခင်တမန်လေးပါးဟ မြေကြီးရဲ့ ထောင့်လေးထောင့်တွင် ရပ်လျက် မြေကြီးပေါ်ဟို လည်းကောင်း၊ ပင်လယ်ပေါ်ဟို လည်းကောင်း၊ သစ်ပင်ဆိသမျှအပေါ်ဟို လည်းကောင်း လေမတိုက်စေရန် မြေကြီးလေးမျက်နှာရဲ့ လေလို့အား ထိန်းချုပ်ထားတာဟို ငါမျော်ရအယ်။
REV 7:2 အဲပင်းရင် အခြားသော ခေါန်းခင်တမန်တပါးဟ အသက်ဆှင်သော ဘုရားသခင်ရဲ့ တံဆိပ်ဟို ကိုင်ဆောင်လျက် နေထွက်ရာအရပ်မှ တက်လာတာဟို ငါမျော်ရအယ်။ အဲခေါန်းခင်တမန်ဟ မြေကြီးနဲ့ ပင်လယ်လို့ဟို ဘေးသင့်စေနိန်သော အခွင့်ရဆိထားလဲ့ ခေါန်းခင်တမန်လေးပါးလို့အား
REV 7:3 “ငါလို့ ဘုရားသခင်ရဲ့ အစေခံလို့ရဲ့ နဖူးပေါ်တွင် တံဆိပ်မခတ်မီတိုင်အောန် မြေကြီး၊ ပင်လယ်နဲ့ သစ်ပင်လို့ဟို ဘေးမသင့်စေနဲ့” ဟု အသံအကျယ်ရီးနဲ့ ကြွေးကြော်အယ်။
REV 7:4 အဲပင်းရင် တံဆိပ်ခတ်နှိပ်ခြင်း ခံရသောသူလို့ရဲ့ အရေအတွက်ဟို ငါကြားရအယ်။ ဣသရေလအမျိုးသားလို့ရဲ့ မျိုးနွယ်စုအားလုံးထဲမှ ၁၄၄,၀၀၀ လို့ဟ တံဆိပ်ခတ်နှိပ်ခြင်း ခံရကြအယ်။
REV 7:5 ယုဒအမျိုးထဲမှ ၁၂,၀၀၀ လို့ဟ တံဆိပ်ခတ်နှိပ်ခြင်း ခံရယွေ့၊ ရုဗင်အမျိုးထဲမှ ၁၂,၀၀၀၊ ဂဒ်အမျိုးထဲမှ ၁၂,၀၀၀၊
REV 7:6 အာရှာအမျိုးထဲမှ ၁၂,၀၀၀၊ နဿလိအမျိုးထဲမှ ၁၂,၀၀၀၊ မနာရှေအမျိုးထဲမှ ၁၂,၀၀၀၊
REV 7:7 ရှိမောင်အမျိုးထဲမှ ၁၂,၀၀၀၊ လေဝိအမျိုးထဲမှ ၁၂,၀၀၀၊ ဣသခါအမျိုးထဲမှ ၁၂,၀၀၀၊
REV 7:8 ဇာဗုလုန်အမျိုးထဲမှ ၁၂,၀၀၀၊ ဗင်္ယာမိန်အမျိုးထဲမှ ၁၂,၀၀၀ လို့ဟ တံဆိပ်ခတ်နှိပ်ခြင်း ခံရကြအယ်။
REV 7:9 အဲပင်းရင် ငါကျေ့လိုက်ရာ တိုင်းနိုင်ငံ၊ မျိုးနွယ်စု၊ လူမျိုးနဲ့ ဘာသာစကား အသီးသီးလို့မှ စသူမျှ မရေတွက်နိန်လဲ့ ရမ်းဆာ့သော လူအပေါင်းလို့အထဲမှ ဝတ်လုံဖြူဟို ဝတ်ဆင်လျက် စွန်ပလွံခက်များ ကိုင်ဆောင်ကာ ပလ္လင်တော်နဲ့ သိုးသငယ်ဆေ့တွင် ရပ်နေကြအယ်။
REV 7:10 သူလို့ဟလည်း၊ “ကယ်တင်ခြင်းဟ ပလ္လင်ပေါ်မှာ ထိန်သော ငါလို့ရဲ့ ဘုရားသခင်နဲ့ သိုးသငယ်တော်နှိုက် ဆိအယ်” ဟု အသံအကျယ်ရီးနဲ့ ကြွေးကြော်ကြအယ်။
REV 7:11 ခေါန်းခင်တမန်အပေါင်းလို့ဟ ပလ္လင်တော်၊ အသက်ကြီးသူလို့နဲ့ သတ္တဝါလေးပါးလို့ရဲ့ ပတ်လည်နှိုက် ရပ်နေကြအယ်။ သူလို့ဟလည်း ပလ္လင်ဆေ့နှိုက် ပျပ်ဝပ်လျက် ရှိခိုးကာ၊
REV 7:12 သူလို့ဟ၊ “အာမင်၊ ငါလို့ရဲ့ ကမ္ဘာအဆက်ဆက် ကောင်းကြီးမင်္ဂလာ၊ ဘုန်းအသရေ၊ ပညာနဲ့တကွ ကျေးဇူးတော် ချီးမွန်းခြင်း၊ ဂုဏ်အသေရေ၊ တန်ခိုးနဲ့ အစွမ်းသတ္တိ ဆိစေသတည်း။ အာမင်” ဟု ပြောဆိုကြအယ်။
REV 7:13 အသက်ကြီးသူတပါးဟလည်း “ဖြူသော ဝတ်လုံဟို ဝတ်ဆင်သော ဟေသူလို့ဟ စသူလုန်း။ ပစာအရပ်ဟ လာကြလုန်း” ဟု ငါ့အား မေးမြန်းရင်၊
REV 7:14 ငါဟလည်း “သခင်၊ ကိုယ်တော် သိအယ်” ဟု ပြန်ဆှောက်ရင်၊ အဲသူဟ “ဟေသူလို့သည် ရမ်းဆာ့သော ဆင်းရဲဒုက္ခထဲမှ ထွက်လာသောသူများ ဖြစ်ကြအယ်။ သူလို့ဟ မိမိလို့ရဲ့ ဝတ်လုံများဟို သိုးသငယ်ရဲ့ အသွေးအားဖြင့် လျှော်ဖွတ်လျက် ဖြူစေကြအယ်။
REV 7:15 အဲကျောန့်၊ “သူလို့ဟ ဘုရားသခင်ရဲ့ ပလ္လင်ဆေ့နှိုက် နေယွေ့ ကိုယ်တော်ရဲ့ ဗိမာန်တော်တွင် နေ့ရောညပါ ကိုယ်တော်ဟို ဝတ်ပြုရကြအယ်။ ပလ္လင်ပေါ်တွင် ထိန်သောသူဟလည်း သူလို့နဲ့အတူ ဆိပင်း ကာကွယ်စောင့်ဆှောက်လိမ့်မယ်။
REV 7:16 သူလို့ဟ နောက်တဖန် ဆာလောင်ခြင်း၊ ယေငတ်ခြင်း ဆိတော့မှာ မဟုတ်။ နေ အဲဟာမဟုတ်ရင် အခြားစလို အပူရှိန်မျှ သူလို့အပေါ် ကျရောက်မယ် မဟုတ်။
REV 7:17 အကျောန်းမှာ ပလ္လင်တော် အလယ်တွင် ဆိသော သိုးသငယ်ဟ သူလို့ဟို အုပ်ထိန်းယွေ့ အသက်ယေ ထွက်ရာ စမ်းယေတွင်းဟို သူလို့ဟို လမ်းပြပို့ဆောင်လိမ့်မယ်။ ဘုရားသခင်ဟလည်း သူလို့ရဲ့ မျက်စေ့မှ မျက်ရည်ဆိသမျှလို့ဟို သုတ်ပေးလိမ့်မယ်” ဟု ဆိုအယ်။
REV 8:1 သိုးသငယ်ဟ သတ္တမ တံဆိပ်ဟို ဖွင့်သောအခါ ခေါန်းခင်နှိုက် နာရီဝက်ခန့်မျှ တိတ်ဆိတ်စွာ နေကြအယ်။
REV 8:2 အဲပင်းရင် ဘုရားသခင်ရဲ့ ဆေ့နှိုက် ရပ်နေသော ခေါန်းခင်တမန် ခုနေပါးဟို ငါ မျော်ရအယ်။ သူလို့အား တံပိုးခရာ ခုနေခုဟို ပေးထားအယ်။
REV 8:3 တဖန် အခြားသော ခေါန်းခင်တမန်တပါးဟ နံ့သာပူဇော်ရာ ဆွေမုတ်ဟို ကိုင်လျက် ယဇ်ပလ္လင်အနားဟို လာယွေ့ ရပ်လေရာ သန့်ဆှင်းသူအပေါင်းလို့ရဲ့ ဆုတောင်းချက်များနဲ့ ပေါင်းစပ်ယွေ့ ပလ္လင်ဆေ့နှိုက် ဆိလဲ့ ဆွေ ယဇ်ပလ္လင်ပေါ်တွင် ဆက်ကပ်ရန် ရမ်းဆာ့သော နံ့သာပေါင်းဟို သူ့အား ပေးလေအယ်။
REV 8:4 အဲအခါ နံ့သာပေါင်းရဲ့ အငွေ့ဟ သန့်ဆှင်းသူလို့ရဲ့ ဆုတောင်းချက်များနဲ့အတူ ခေါန်းခင်တမန်ရဲ့ လက်ထဲမှ ဘုရားသခင်ရဲ့ ဆေ့ဟို တက်သွားလေအယ်။
REV 8:5 အဲပင်းရင် ခေါန်းခင်တမန်ဟ နံ့သာပူဇော်ရာ မုတ်ဟို ယူယွေ့ ၎င်းဟို ယဇ်ပလ္လင်ရဲ့ မီးနဲ့ ပြေ့စေပင်းရင် မြေကြီးပေါ်ဟို လောချလိုက်ရာ ဆတ်ပျက်ထိုးခြင်း၊ အသံမြည်ခြင်း၊ မိုးချုန်းခြင်းနဲ့ ငလျင်လှုပ်ခြင်းများ ဖြစ်ပေါ်လာအယ်။
REV 8:6 အဲပင်းရင် တံပိုးခရာ ခုနေခုဆိသော ခေါန်းခင်တမန် ခုနေပါးလို့ဟ တံပိုးခရာမှုတ်ရန် ပြင်ဆင်ကြအယ်။
REV 8:7 ပထမ ခေါန်းခင်တမန်ဟ တံပိုးခရာမှုတ်လိုက်သောအခါ အသွေးနဲ့ ရောလဲ့ မိုးသီးနဲ့ မီးလို့ ဖြစ်ပေါ်လာယွေ့ မြေကြီးပေါ်ဟို လောချခြင်း ခံရအယ်။ အဲအခါ မြေကြီးရဲ့ သုံးပုံတပုံဟ ကျွမ်းယွေ့ သစ်ပင်များရဲ့ သုံးပုံတပုံနဲ့ စိမ်းလဲ့ မြက်ပင် ဆိသမျှလို့ဟလည်း ကျွမ်းသွားအယ်။
REV 8:8 ဒုတိယ ခေါန်းခင်တမန်ဟ တံပိုးခရာဟို မှုတ်လိုက်သောအခါ မီးတောက်လောင်နေလဲ့ ကြီးမားသော တောင်လိုမျိုးအရာအား ပင်လယ်ထဲဟို လောချခြင်း ခံရအယ်။ အဲအခါ ပင်လယ် သုံးပုံတပုံဟ အသွေး ဖြစ်သွားသဖြင့်
REV 8:9 ပင်လယ်နှိုက် ဆိလဲ့ အသက်ဆှင်သော သတ္တဝါသုံးပုံတပုံဟ သေကြအယ်။ သင်္ဘောများ သုံးပုံတပုံဟလည်း ပျက်စီးသွားကြအယ်။
REV 8:10 တတိယ ခေါန်းခင်တမန်ဟ တံပိုးခရာဟို မှုတ်လိုက်သောအခါ မီးရှူးလိုမျိုး တောက်လောင်နေသော ကြယ်ကြီးတလုံးဟ ခေါန်းခင်မှ ကြွေကျယွေ့ မြစ်များရဲ့ သုံးပုံတပုံအပေါ်နဲ့ စမ်းယေတွင်းများ အပေါ်ဟို ကျလေအယ်။
REV 8:11 အဲကြယ်ရဲ့ နာမယ်ဟ “ဒေါန” ဟု ဖြစ်ပင်း ယေရဲ့ သုံးပုံတပုံဟ ဒေါနလိုမျိုး ခါးသွားအယ်။ ယေခါးသဖြင့် အဲယေဟို သောက်သောကျောန့် ရမ်းဆာ့သော လူလို့ဟ သေကြအယ်။
REV 8:12 စတုတ္ထ ခေါန်းခင်တမန်ဟ တံပိုးခရာဟို မှုတ်လိုက်သောအခါ နေရဲ့ သုံးပုံတပုံ၊ လရဲ့ သုံးပုံတပုံ၊ ကြယ်များရဲ့ သုံးပုံတပုံလို့ဟို ထိပါးတိုက်ခိုက်ခြင်း ခံရသဖြင့် ၎င်းလို့ရဲ့ သုံးပုံတပုံဟ မိုက်သွားလေအယ်။ နေ့ရဲ့ သုံးပုံတပုံဟလည်း အလင်းရောင် ကွယ်ပျောက်လျက် ညဟလည်း အဲတိုင်းတိုင်း ဖြစ်အယ်။
REV 8:13 အဲပင်းရင် ငါ ကျေ့လိုက်ရာ ခေါန်းခင်အလယ်တွင် ပျံသန်းနေသော လင်းယုန်တကောင်ဟ “ခေါန်းခင်တမန် သုံးပါးလို့ မှုတ်တော့မဲ့ ကျန်ဆိလဲ့ တံပိုးခရာလို့ရဲ့ အသံကျောန့် မြေကြီးပေါ်တွင် နေထိန်သော သူလို့ဟ အမင်္ဂလာ၊ အမင်္ဂလာ၊ အမင်္ဂလာ ဆိကြအယ်” ဟု အသံအကျယ်ရီးနဲ့ ဆိုတာဟို ငါ ကြားရအယ်။
REV 9:1 ပဉ္စမ ခေါန်းခင်တမန်ဟ တံပိုးခရာဟို မှုတ်လိုက်သောအခါ ခေါန်းခင်မှ မြေကြီးပေါ်ဟို ကျလာသော ကြယ်တလုံးဟို ငါမျော်အယ်။ အဲကြယ်အား တွင်းနက်ကြီးရဲ့ ထင်ခါးသော့ဟို ပေးအပ်ထားအယ်။
REV 9:2 သူဟ တွင်းနက်ကြီးဟို ဖွင့်လိုက်သောအခါ မီးဖိုကြီးမှ မီးခိုးလိုမျိုး အခိုးဟ တွင်းထဲမှ ထွက်လာလေအယ်။ အဲမီးခိုးကျောန့် နေနဲ့ အာကာသခေါန်းခင်ဟ မိုက်ယွေ့ သွားအယ်။
REV 9:3 အဲမီးခိုးထဲမှ ပလံမစိမ်းများ မြေကြီးပေါ်ဟို ထွက်လာပင်း သူလို့မှာ ကင်းမြီးကောက်လို့နှိုက်ဆိလဲ့ အစွမ်းလိုမျိုး အစွမ်း ဆိကြအယ်။
REV 9:4 သူလို့ဟ မြက်ပင်များ၊ သစ်ပင်များနဲ့ အခြားစိမ်းလန်းလဲ့ အပင်ကြီးငယ်လို့ဟို ဘေးဥပါဒ်ပြုပိုင်ခွင့် မဆိ။ နဖူးတွင် ဘုရားသခင်ရဲ့ တံဆိပ်တော်မပါလဲ့ လူလို့ဟိုသာ ဘေးဥပါဒ်ပြုပိုင်ခွင့် ဆိကြအယ်။
REV 9:5 အဲသူလို့အား အသေသတ်ပိုင်ခွင့် မဆိ။ ငါးလမျှသာ ညှဉ်းဆဲပိုင်ခွင့် ဆိအယ်။ အဲပလံမစိမ်း အကိုက်ခံရလဲ့ ဝေဒနာဟ လူဟို ကင်းမြီးကောက် အကိုက်ခံရသောအခါ ခံရလဲ့ ဝေဒနာမျိုးနဲ့ တူအယ်။
REV 9:6 အဲနေ့ရက်များနှိုက် လူလို့ဟ သေခြင်းဟို ဆှာကြလိမ့်မယ်။ အဲလိုလဲ တွေ့ကြမယ် မဟုတ်၊ ရမ်းဆာ့ သေချင်သော်လည်း သေခြင်းဟ သူလို့ဆေမှ ထွက်ပြေးလိမ့်မယ်။
REV 9:7 အဲပလံမစိမ်းလို့ရဲ့ သဏ္ဌာန်ဟ စစ်ပွဲအတွက် ပြင်ဆင်ထားသော စစ်မြင်းနဲ့ တူအယ်။ သူလို့ရဲ့ ဦးခေါင်းပေါ်နှိုက် ဆွေသရဖူလိုမျိုး ဆိယွေ့ သူလို့ရဲ့ မျက်နှာဟ လူမျက်နှာနဲ့ တူအယ်။
REV 9:8 သူလို့နှိုက် မိန်းမ ဆံပင်နဲ့တူသော ဆံပင်ဆိယွေ့ သူလို့ရဲ့ သွားဟ ခြင်္သေ့ သွားလို ဖြစ်အယ်။
REV 9:9 သူလို့နှိုက် သံရင်အုပ်တန်ဆာနဲ့တူလဲ့ ရင်အုပ်တန်ဆာ ဆိယွေ့ သူလို့ရဲ့ တောင်ပံခတ်သံဟ စစ်ပွဲဟို ပြေးသွားလဲ့ ရမ်းဆာ့သော မြင်းရထားလို့ရဲ့ အသံနဲ့ တူအယ်။
REV 9:10 သူလို့တွင် ကင်းမြီးကောက်လို ဆူးပါသော အမြီး ဆိယွေ့ အဲအမြီးနှိုက် လူလို့ဟို ငါးလတိုင်တိုင် ဘေးဥပါဒ် ရောက်စေနိန်သော အစွမ်း ဆိအယ်။
REV 9:11 သူလို့ရဲ့ ဘုရင်ကား တွင်းနက်ကြီးရဲ့ ခေါန်းခင်တမန် ဖြစ်အယ်။ သူရဲ့ နာမယ်မှာ ဟေဗြဲဘာသာစကားဖြင့် “အဗဒ္ဒုန်” ဟူယွေ့ လည်းကောင်း၊ ဟေလသဘာသာအားဖြင့် “အပေါလျုန်” ဟူယွေ့ လည်းကောင်း ဖြစ်အယ်။ အပေါလျုန်ရဲ့ အနက်မှာ “ဖျက်ဆီးသူ” ဟူယွေ့ ဖြစ်အယ်။
REV 9:12 ပထမ အမင်္ဂလာဟ လွန်သွားလေပီ။ အဲအရာများရဲ့ နောက်တွင် အမင်္ဂလာ နေမျိုး လာဦးမယ်။
REV 9:13 ဆဋ္ဌမ ခေါန်းခင်တမန်ဟ တံပိုးခရာဟို မှုတ်လိုက်သောအခါ ဘုရားသခင်ရဲ့ ဆေ့နှိုက် ဆိသော ဆွေယဇ်ပလ္လင်ရဲ့ ဦးချိုလေးချောင်းဆေမှ ထွက်လာသော အသံဟို ငါကြားအယ်။
REV 9:14 အဲတံပိုးခရာဆိသော ဆဋ္ဌမ ခေါန်းခင်တမန်အား “ဥဖရတ်မြစ်ကြီး အနီးမှာ တုတ်ချေထားသော ခေါန်းခင်တမန်လေးပါးဟို ဖြေလွှတ်လော့” ဟု ဆိုတာဟို ငါကြားအယ်။
REV 9:15 အဲခေါန်းခင်တမန် လေးပါးလို့ဟ အနှောင်အဖွဲ့မှ လွတ်မြောက်ယွေ့ သွားကြအယ်။ သူလို့ဟ အေးနှစ်၊ အေးလ၊ အေးနေ့ရက်၊ အေးအချိန်နာရီနှိုက် လူသားသုံးပုံတပုံဟို သတ်ဖြတ်ရန်အတွက် အသင့်ဆိသူများ ဖြစ်ကြအယ်။
REV 9:16 မြင်းစီးသူရဲလို့ရဲ့ အရေအတွက်မှာ ကုဋေပေါင်းနေဆယ် ဖြစ်အယ်။ သူလို့ရဲ့ အရေအတွက်ဟို ငါကြားရအယ်။
REV 9:17 ဗျာဒိတ်ရူပါရုံနှိုက် ငါမျော်သော မြင်းလို့နဲ့ မြင်းစီးသူရဲလို့မှာ ဟေလို ဖြစ်အယ်။ မြင်းစီးသူရဲလို့နှိုက် မီးလျှံရောင်၊ နက်ပြာရောင်၊ ကန့်လို ဝါသော ရင်အုပ်တန်ဆာများ ဆိကြအယ်။ မြင်းလို့ရဲ့ ဦးခေါင်းဟ ခြင်္သေ့ရဲ့ ဦးခေါင်းနဲ့ တူယွေ့ သူလို့ရဲ့ ခံတွင်းထဲမှ မီးလျှံ၊ မီးခိုးနဲ့ ကန့်များ ထွက်နေကြအယ်။
REV 9:18 သူလို့ရဲ့ ခံတွင်းမှ ထွက်လဲ့ မီးလျှံ၊ မီးခိုးနဲ့ ကန့် တည်းဟူသော ဟေဘေးဒဏ်သုံးပါးလို့ကျောန့် လူသားသုံးပုံတပုံ သေကြအယ်။
REV 9:19 အကျောန်းမှာ မြင်းလို့ရဲ့ အစွမ်းဟ သူလို့ရဲ့ ခံတွင်းနဲ့ အမြီးလို့နှိုက် ဆိအယ်။ သူလို့ရဲ့ အမြီးဟ မြွေနဲ့တူပင်း ဦးခေါင်း ဆိယွေ့ အဲဦးခေါင်းအားဖြင့် လူလို့အား ဘေးသင့်စေအယ်။
REV 9:20 အဲဘေးဒဏ်များဖြင့် မသေဘဲ ကျန်ခဲ့သော သူလို့ဟ နတ်ဆိုးများဟို လည်းကောင်း၊ ဆွေ၊ ငွေ၊ ကြေးနီ၊ ကျောက်၊ သစ်သားလို့ဖြင့် ပြုလုပ်ထားလဲ့ မမျော်နိန်၊ မကြားနိန်၊ လမ်းမဆှောက်နိန်လဲ့ ရုပ်တုများဟို လည်းကောင်း၊ မကိုးကွယ်ဘဲ နေရန် မိမိလို့လက်ဖြင့် ပြုလုပ်သောအရာများအတွက် နောင်တမရကြ။
REV 9:21 မိမိလို့ ပြုခဲ့သော လူအသက်ဟို သတ်ခြင်း၊ သူတပါးဟို ပြုစားခြင်း၊ မတရားသော မေထုန်နှိုက် မှီဝဲခြင်း၊ သူ့ဥစ္စာဟို ခိုးခြင်းလို့အတွက်လည်း နောင်တမရဘဲ နေကြအယ်။
REV 10:1 အဲပင်းရင် ခွန်အားကြီးသော ခေါန်းခင်တမန်တပါးဟ မိုးချေးသားဟို ခြုံလျက် ခေါန်းခင်မှ ဆင်းလာတာဟို ငါမျော်အယ်။ သူရဲ့ ဦးခေါင်းပေါ်တွင် သက်တံ့ဆိယွေ့ သူရဲ့ မျက်နှာဟ နေလို ဖြစ်ပင်း သူရဲ့ ခြေဟ မီးခဲတိုင်လို ဖြစ်အယ်။
REV 10:2 သူရဲ့ လက်နှိုက် ဖွင့်ထားသော စာလိပ်ငယ်တခု ဆိအယ်။ သူဟ မိမိရဲ့ လက်ယာခြေထောက်ဟို ပင်လယ်ပေါ်တွင် လည်းကောင်း၊ လက်ဝဲခြေထောက်ဟို ကုန်းမြေပေါ်မှာ လည်းကောင်း ချထားကာ၊
REV 10:3 ခြင်္သေ့ဟောက်သလို ကျယ်လောင်လဲ့ အသံဖြင့် ကြွေးကြော်လေအယ်။ အဲလိုကြွေးကြော်သောအခါ မိုးချုန်းသံ ခုနေချက်လို့ဟ အသံများဖြင့် မြည်လေအယ်။
REV 10:4 မိုးချုန်းသံ ခုနေချက် မြည်သောအခါ ငါဟ ရေးမှတ်မယ်ပြုစဉ် ခေါန်းခင်အသံဟ “မိုးချုန်းသံ ခုနေချက် မြည်သောအရာများဟို တံဆိပ်ခတ်ထားလော့။ အေးအရာလို့ဟို မရေးမှတ်နဲ့” ဟု ဆိုတာဟို ငါကြားအယ်။
REV 10:5 အဲအခါ ပင်လယ်နဲ့ ကုန်းမြေပေါ်တွင် ရပ်နေတာဟို ငါမျော်ရသော ခေါန်းခင်တမန်ဟ မိမိရဲ့ လက်ယာလက်ဟို ခေါန်းခင်ဟို မြှောက်လျက်
REV 10:6 ကမ္ဘာအဆက်ဆက် အသက်ဆှင်ပင်း ခေါန်းခင်နဲ့ မြေကြီးပေါ်နှိုက် ဆိသောအရာများဟို လည်းကောင်း၊ ပင်လယ်နဲ့ ပင်လယ်နှိုက် ဆိသောအရာများဟို လည်းကောင်း ဖန်ဆင်းသောသူဟို တိုင်တည်ယွေ့ “အချိန်ကာလ ကြာညောင်းတော့မှာ မဟုတ်။
REV 10:7 သတ္တမ ခေါန်းခင်တမန် မှုတ်မဲ့ တံပိုးခရာ မှုတ်သံမြည်သော နေ့ရက်ကာလနှိုက် မိမိအစေခံ ပရောဖက်လို့အား ပြောကြားခဲ့လဲ့ အကြံအစည်လို့ဟ ပီးမြောက်စေလိမ့်မယ်” ဟု ဆိုအယ်။
REV 10:8 အဲပင်းရင် ငါကြားခဲ့သော ခေါန်းခင်မှ အသံဟ “ပင်လယ်နဲ့ ကုန်းမြေပေါ်တွင် ရပ်နေသော ခေါန်းခင်တမန်ရဲ့ လက်နှိုက် ဆိလဲ့ ဖွင့်ထားသော စာလိပ်ဟို သွားယွေ့ ယူလော့” ဟု ငါ့အား တဖန် မြွတ်ဆိုလေအယ်။
REV 10:9 အဲကျောန့် ငါဟ အဲခေါန်းခင်တမန်ဆေဟို သွားယွေ့ စာလိပ်ငယ်ဟို ငါ့အားပေးရန် တောင်းခံသောအခါ သူဟ “စာလိပ်ဟို ယူယွေ့ စားလော့။ အေးအရာဟ နင်ရဲ့ ဝမ်းထဲနှိုက် ခါးစေပေမဲ့လည်း နင်ရဲ့ ခံတွင်းနှိုက် ပျားရည်လို ချိုလိမ့်မယ်” ဟု ငါ့အား ဆိုအယ်။
REV 10:10 ငါဟလည်း ခေါန်းခင်တမန်ရဲ့ လက်မှ စာလိပ်ငယ်ဟို ယူယွေ့ စားအယ်။ အေးဟာဟ ငါရဲ့ ခံတွင်းနှိုက် ပျားရည်လို ချိုပေမဲ့လည်း စားပင်းနောက် ငါရဲ့ ဝမ်းထဲနှိုက် ခါးလေအယ်။
REV 10:11 အဲပင်းရင် ခေါန်းခင်တမန်ဟ “နင်သည် ရမ်းဆာ့သော လူမျိုးများ၊ တိုင်းနိုင်ငံများ၊ ဘာသာစကားများ၊ ဆှင်ဘုရင်များရဲ့ အကျောန်းနဲ့ စပ်လျဉ်းလဲ့ ဘုရားသခင်ရဲ့ ဗျာဒိတ်တော်ဟို နောက်တဖန် ဟောပြောလိမ့်မယ်” ဟု ငါ့အား ဆိုအယ်။
REV 11:1 အဲပင်းရင် တောင်ဝှေးနဲ့ တူသော တိုင်းတာစရာ ကျူရိုးတချောင်းဟို ငါ့အား ပေးပင်းရင် “ထယွေ့ ဘုရားသခင်ရဲ့ ဗိမာန်တော်နဲ့ ယဇ်ပလ္လင်လို့ဟို တိုင်းတာပင်း အဲနေရာနှိုက် ဝတ်ပြုကိုးကွယ်နေသော သူလို့ဟို ရေတွက်လော့။
REV 11:2 အဲလိုလဲ ဗိမာန်တော်ရဲ့ အပြင်ဘက်နှိုက် ဆိလဲ့ တံတိုင်းဟ လူမျိုးခြားလို့အား ပေးထားတာ ဖြစ်ယွေ့ အေးအရာဟို မတိုင်းဘဲ ပယ်ထားလော့။ အဲသူလို့ဟ သန့်ဆှင်းသော မြို့တော်ဟို လေးဆယ့်နေလတိုင်တိုင် နင်းကြလိမ့်မယ်။
REV 11:3 အဲအခါ ငါဟ ငါရဲ့ သက်သေခံ နေပါးလို့အား အခွင့်ပေးသဖြင့် သူလို့ဟ လျှော်တေအဝတ်ဟို ဝတ်လျက် ရက်ပေါင်း ၁,၂၆၀ ရက်တိုင်တိုင် ပရောဖက်ပြု ဟောပြောကြလိမ့်မယ်” ဟု ဆိုအယ်။
REV 11:4 ဟေသူလို့ဟ မြေကြီးရဲ့ အဆှင်ဆေ့နှိုက် ဆိသော သံလွင်ပင် နေပင်နဲ့ ဆီမီးခုံ နေခု ဖြစ်ကြအယ်။
REV 11:5 တစုံတယောက်ဟ သူလို့ဟို အန္တရာယ်ပြုရင် သူလို့ရဲ့ ခံတွင်းထဲမှ မီးထွက်လာယွေ့ သူလို့ရဲ့ ရန်သူများဟို လောင်ကျွမ်းစေမယ် ဖြစ်အယ်။ တစုံတယောက်ဟ သူလို့ဟို အန္တရာယ်ပြုချင်ရင် အဲသူဟ အဲတိုင်းတိုင်း အသေသတ်ခြင်း ခံရမယ် ဖြစ်အယ်။
REV 11:6 သူလို့ ပရောဖက်ပြု ဟောပြောလဲ့ နေ့ရက်များအတွင်း မိုးမရွာစေရန် ခေါန်းခင်ဟို ပိတ်ထားနိန်လဲ့ အခွင့်ဆိပင်း ယေဟို အသွေးအဖြစ်ဟို ပြောင်းလဲစေနိန်သော အခွင့်မှစယွေ့ သူလို့ အလိုဆိလဲ့အခါတိုင်း မြေကြီးဟို ဘေးဒဏ်အမျိုးမျိုးဖြင့် ဒဏ်ခတ်နိန်သော အခွင့်ဟို ရကြအယ်။
REV 11:7 သူလို့ သက်သေခံပင်းသောအခါ တွင်းနက်ကြီးထဲမှ တက်လာသော သားရဲဟ သူလို့ဟို စစ်တိုက်ယွေ့ အောန်မြင်ပင်း သူလို့ဟို သတ်ဖြတ်လိမ့်မယ်။
REV 11:8 သူလို့ရဲ့ အလောင်းများဟ မြို့ကြီးများရဲ့ လမ်းပေါ်တွင် ကျန်ရစ်ကြလိမ့်မယ်။ အဲမြို့ဟ သူလို့ရဲ့ အဆှင် လက်ဝါးကပ်တိုင်တွင် တင်ယွေ့ အသတ်ခံရာမြို့ ဖြစ်အယ်။ အေးမြို့ဟ သောဒုံမြို့နဲ့ အဲဂုတ္တုပြေဟို ပုံဆောင်သောမြို့ ဖြစ်အယ်။
REV 11:9 အဲအခါ လူမျိုး၊ လူမျိုးနွယ်စု၊ ဘာသာစကားနဲ့ တိုင်းနိုင်ငံအသီးသီးလို့မှ လူလို့ဟ သူလို့ရဲ့ အလောင်းများဟို သုံးရက်ခွဲတိုင်အောန် ကျေ့ရှုကြပင်း အဲသူလို့ဟို လုတ်တိုင်းနှိုက် သင်္ဂြိုဟ်ရန် ခွင့်မပြုဘဲ နေကြလိမ့်မယ်။
REV 11:10 မြေကြီးပေါ်နှိုက် နေထိန်သောသူလို့ဟ အဲသူလို့ရဲ့ အဖြစ်ကျောန့် ဝမ်းမြောက်လျက် ပျော်ရွှင်ကြကာ တဦးဟို တဦး လက်ဆောင်များ ပေးပို့ကြလိမ့်မယ်။ အကျောန်းမှာ အဲပရောဖက် နေဦးလို့ဟ မြေကြီးပေါ်နှိုက် နေထိန်သောသူလို့ဟို ညှဉ်းဆဲကြအယ်။
REV 11:11 အဲပင်းရင် သုံးရက်ခွဲကြာသောအခါ ဘုရားသခင်ဆေမှ အသက်ဝိညာဉ်ဟ အဲသူလို့အထဲဟို ဝင်သဖြင့် သူလို့ဟ ထယွေ့ မတ်တတ်ရပ်ကြအယ်။ အဲသူလို့ဟို မျော်သောသူလို့ဟ ရမ်းဆာ့ ကြောက်ရွံ့ကြအယ်။
REV 11:12 အဲအခါ ခေါန်းခင်မှ အသံကျယ်ရီးဖြင့် “ဟေအရပ်ဟို တက်ကြလော့” ဟု အဲသူနေဦးလို့အား ဆိုတာဟို ကြားရင် သူလို့ဟ မိုးချေးသားဖြင့် ခေါန်းခင်ဘုံဟို တက်သွားကြအယ်။ သူလို့ရဲ့ ရန်သူများဟလည်း ကျေ့နေကြအယ်။
REV 11:13 အဲအချိန်နာရီနှိုက် ပြင်းထန်သော ငလျင်လှုပ်ယွေ့ မြို့ဆယ်ပုံတပုံဟ ပြိုလဲသွားအယ်။ အဲငလျင်ကျောန့် လူပေါင်း ၇,၀၀၀ သေကြအယ်။ ကြွင်းကျန်သော သူလို့ဟ ကြောက်လန့်လျက် ခေါန်းခင်ဘုံဆှင် ဘုရားသခင်ရဲ့ ဘုန်းတော်ဟို ချီးမွန်းကြအယ်။
REV 11:14 ဒုတိယ အမင်္ဂလာဟ လွန်သွားလေပီ။ အဲလိုလဲ တတိယ အမင်္ဂလာဟ အလျင်အမြန် ရောက်လာလိမ့်မယ်။
REV 11:15 သတ္တမ ခေါန်းခင်တမန်ဟ တံပိုးခရာဟို မှုတ်လိုက်သောအခါ ခေါန်းခင်ဘုံနှိုက် အသံအကျယ်ရီး ထွက်ပေါ်လာလျက် “လောကီနိုင်ငံဟ ငါလို့အဆှင်နဲ့ ခရစ်တော်ရဲ့ နိုင်ငံ ဖြစ်လေပီ။ သူဟလည်း ကမ္ဘာအဆက်ဆက် စိုးစံလိမ့်မယ်” ဟု ဆိုအယ်။
REV 11:16 အဲအခါ ဘုရားသခင်ရဲ့ ဆေ့နှိုက် မိမိလို့ ပလ္လင်ပေါ်တွင် ထိန်နေကြသော အသက်ကြီးသူ ၂၄ ပါးလို့ဟ ဘုရားသခင်ဟို ပျပ်ဝပ် ကိုးကွယ်လျက်၊
REV 11:17 “အနန္တတန်ခိုးနဲ့ ပြေ့စုံယွေ့ အခု ဆိလျက် မခင်ဟလည်း ဆိလဲ့ အဆှင် ဘုရားသခင်၊ ကိုယ်တော်ရဲ့ မဟာတန်ခိုးဟို ယူဆောင်ယွေ့ စိုးစံသောကျောန့် ကျေးဇူးတော်ဟို ငါလို့ဟ ချီးမွန်းအယ်။
REV 11:18 လူမျိုးလို့ဟ အမျက်ထွက်ကြတာ ဖြစ်ယွေ့ အမျက်တော်ဟလည်း သက်ရောက်လာအယ်။ သေလွန်သောသူလို့ဟို တရားစီရင်ရန် လည်းကောင်း၊ ကိုယ်တော်ရဲ့ အစေခံများ၊ ပရောဖက်များ၊ သန့်ဆှင်းသူများနဲ့ ကိုယ်တော်ရဲ့ နာမတော်ဟို ကြောက်ရွံ့ရိုသေသောသူ အကြီးအငယ်လို့အား ဆုလာဘ်ပေးရန် လည်းကောင်း၊ မြေကြီးဟို ဖျက်ဆီးသောသူလို့ဟို ဖျက်ဆီးရန် လည်းကောင်း အချိန်ရောက်လာအယ်” ဟု ဆှောက်ကြအယ်။
REV 11:19 အဲပင်းရင် ခေါန်းခင်နှိုက်ဆိသော ဘုရားသခင်ရဲ့ ဗိမာန်တော်ဟ ပွင့်ယွေ့ အဲဗိမာန်တော်ထဲတွင် ကိုယ်တော်ရဲ့ ပဋိညာဉ်သေတ္တာဟို မျော်အယ်။ ဆတ်ပျက်ထိုးခြင်း၊ အသံမြည်ဟည်းခြင်း၊ မိုးချုန်းခြင်း၊ ငလျင်လှုပ်ခြင်းနဲ့ ကြီးမားသော မိုးသီးကျခြင်းလို့လည်း ဖြစ်လေအယ်။
REV 12:1 အဲပင်းရင် ခေါန်းခင်နှိုက် ကြီးမားသော နိမိတ်လက္ခဏာဟို ငါမျော်အယ်။ မိန်းမတဦးဟ နေဟို ဝတ်ဆင်လျက်၊ လဟို ခြေအောက်နှိုက် နင်းလျက် ဦးခေါင်းပေါ်တွင် ကြယ်တဆယ့်နေလုံးပါသော သရဖူဟို ဆောင်းထားအယ်။
REV 12:2 အဲမိန်းမဟ ဖိုက်ကြီးယွေ့ လူပဲ့မွေးခြင်း ဝေဒနာကျောန့် အော်ဟစ်လျက် လူပဲ့မွေးရန် ဝေဒနာပြင်းစွာ ခံစားနေအယ်။
REV 12:3 တဖန် ခေါန်းခင်နှိုက် အခြားသော နိမိတ်လက္ခဏာဟို ပေါ်လာအယ်။ ခေါင်းခုနေလုံးနဲ့ ဦးချို ဆယ်ချောင်း ဆိယွေ့ သူရဲ့ ခေါင်းများပေါ်တွင် သရဖူခုနေခုဟို ဆောင်းထားလဲ့ နီရဲသော နဂါးကြီးတကောင် ဆိအယ်။
REV 12:4 သူရဲ့ အမြီးဟ ခေါန်းခင်ကြယ် သုံးပုံတပုံဟို ဆွဲယွေ့ မြေကြီးပေါ်ဟို လောချအယ်။ အဲနဂါးဟ လူပဲ့မွေးတော့မဲ့ မိန်းမဆေ့နှိုက် ရပ်လျက် လူပဲ့မွေးသောအခါ သူရဲ့ လူပဲ့ဟို ဝါးမျိုရန် စောင့်နေအယ်။
REV 12:5 အဲမိန်းမဟ လူမျိုးအပေါင်းလို့ဟို သံလှံတံဖြင့် အုပ်စိုးမဲ့ သားယောက်ျားဟို ဖွားမျော်အယ်။ အဲသားဟ ဘုရားသခင်ဆေဟို လည်းကောင်း၊ ပလ္လင်တော်ဟို လည်းကောင်း၊ ချီဆောင်ခြင်းဟို ခံရအယ်။
REV 12:6 အဲမိန်းမဟလည်း တောကန္တရထဲဟို ထွက်ပြေးလေအယ်။ အဲအရပ်နှိုက် ရက်ပေါင်း ၁,၂၆၀ တိုင်တိုင် သူ့ဟို ကျေ့ရှုစောင့်ဆှောက်ရန် ဘုရားသခင် ပြင်ဆင်ထားသော နေရာတနေရာ ဆိအယ်။
REV 12:7 အဲပင်းရင် ခေါန်းခင်နှိုက် စစ်ဖြစ်လေအယ်။ မိက္ခေလနဲ့ သူရဲ့ ခေါန်းခင်တမန်လို့ဟ နဂါးနဲ့ တိုက်ခိုက်ကြအယ်။ နဂါးနဲ့ သူရဲ့ တမန်လို့ဟ ပြန်လည်တိုက်ခိုက်ကြသော်လည်း၊
REV 12:8 အနိန်မရကြ။ ခေါန်းခင်နှိုက်လည်း သူလို့အတွက် နေရာ မဆိတော့ပေ။
REV 12:9 အဲအခါ ဟေလောကီတနိုင်ငံလုံးဟို လှည့်စားယွေ့ မာရ်နတ် အဲဟာမဟုတ်ရင် စာတန်လို့ ခေါ်သော ဆေ့မြွေဟောင်း တည်းဟူသော နဂါးကြီးဟို လည်းကောင်း၊ သူနဲ့အတူ သူရဲ့ တမန်လို့ဟို လည်းကောင်း၊ မြေကြီးဟို လောချလိုက်ကြအယ်။
REV 12:10 အဲပင်းရင် ခေါန်းခင်နှိုက် ရမ်းဆာ့ကျယ်သော အသံဟ “ငါလို့ ဘုရားသခင်ရဲ့ ကယ်တင်ခြင်း၊ တန်ခိုးတော်၊ နိုင်ငံတော်နဲ့ ကိုယ်တော်ရဲ့ ခရစ်တော်နှိုက် ဆိသော အာဏာစက်လို့ဟ အခု ပေါ်ထွန်းလေပီ။ အကျောန်းမှာ ငါလို့ရဲ့ ညီအကိုလို့ဟို စွပ်စွဲသောသူ တည်းဟူသော ငါလို့ ဘုရားသခင်ရဲ့ ဆေ့နှိုက် နေ့ရောညပါ သူလို့ဟို စွပ်စွဲသောသူဟ လောချခြင်း ခံရလေပီ။
REV 12:11 ညီအကို မောင်နှမလို့ဟ သိုးသငယ်ရဲ့ အသွေးအားဖြင့် လည်းကောင်း၊ မိမိလို့ သက်သေခံသော နှုတ်ကပတ်တော်အားဖြင့် လည်းကောင်း၊ သူ့ဟို အောန်နိန်ခဲ့ကြအယ်။ သူလို့ဟ အသေခံလဲ့တိုင်အောန် မိမိလို့ အသက်ဟို နှမြောခြင်း မဆိကြ။
REV 12:12 အဲလိုမို့ ခေါန်းခင်နဲ့ ခေါန်းခင်သားလို့ ရွှင်လန်းကြလော့။ မြေကြီးနဲ့ ပင်လယ်လို့ဟ အမင်္ဂလာ ဆိကြအယ်။ ပစာကို့ မာရ်နတ်ဟ သူရဲ့ အချိန်ကတစ်သာ ဆိကျောန်းဟို သိလျက် ပြင်းစွာသော ဒေါသဖြင့် နင်လို့ဆေဟို ဆင်းလာပီ” ဟု ဆိုတာဟို ငါကြားအယ်။
REV 12:13 နဂါးဟ မြေကြီးပေါ်ဟို လောချခြင်း ခံရတာဟို သိသောအခါ သားယောက်ျားဟို ဖွားမျော်သော မိန်းမအား လိုက်ယွေ့ ညှဉ်းဆဲလေအယ်။
REV 12:14 အဲမိန်းမဟ တောကန္တာရထဲဟို မိမိရဲ့ နေရာအရပ်ဟို ပျံ့သန်းသွားနိန်ရန် ကြီးမားသော လင်းယုန်ရဲ့ အတောင်နေခုဟို ရဆိအယ်။ သူဟ အဲအရပ်တွင် မြွေရဲ့ ဆေ့မှောက်မှ လွတ်ယွေ့ သုံးနှစ်ခွဲလုံးလုံး ပြုစုစောင့်ဆှောက်ခြင်းဟို ခံရအယ်။
REV 12:15 အဲအခါ အဲမိန်းမဟို ယေနှိုက် မျောသွားစေရန် မြွေဟ မိမိခံတွင်းထဲမှ ယေဟို မြစ်သဖွယ် မှုတ်ထုတ်လိုက်အယ်။
REV 12:16 အဲကျောန့် မြေကြီးဟ အဲမိန်းမဟို ကူညီလေအယ်။ မြေကြီးဟ မိမိခံတွင်းဟို ဖွင့်ယွေ့ နဂါးရဲ့ ခံတွင်းမှ မှုတ်ထုတ်လိုက်သော မြစ်ယေဟို မျိုချလိုက်အယ်။
REV 12:17 အဲအခါ နဂါးဟ အဲမိန်းမအပေါ် အမျက်ထွက်ယွေ့ ဘုရားသခင်ရဲ့ ပညတ်တော်လို့ဟို စောင့်ထိန်းသောသူများနဲ့ ယေရှုနဲ့ဆိုင်လဲ့ သက်သေခံချက်ဟို ရဆိထားသော သူများဖြစ်ကြလဲ့ အဲမိန်းမရဲ့ အမျိုးအနွယ်ထဲမှ ကျန်ဆိသောသူလို့နဲ့ စစ်တိုက်ရန် ထွက်သွားအယ်။
REV 12:18 ပင်းနောက် ပင်လယ်ကမ်းခြေနားတွင် နဂါးဟ ရပ်နေအယ်။
REV 13:1 အဲပင်းရင် ဦးချိုဆယ်ချောင်းနဲ့ ခေါင်းခုနေလုံးဆိသော သားရဲတကောင်ဟ ပင်လယ်ထဲမှ တက်လာတာဟို ငါမျော်အယ်။ အဲဦးချိုများပေါ်တွင် သရဖူဆယ်ခု ဆိယွေ့ အေး ခေါင်းများပေါ်တွင် ဘုရားသခင်ဟို စော်ကားသော နာမများ ဆိအယ်။
REV 13:2 ငါမျော်သော အဲသားရဲဟ ကျားသစ်နဲ့ တူအယ်။ သူရဲ့ ခြေဟ ဝက်ဝံခြေလိုမျိုး ဖြစ်ပင်း သူရဲ့ စလောင်ဟ ခြင်္သေ့စလောင်လိုမျိုး ဖြစ်အယ်။ နဂါးဟ မိမိရဲ့ တန်ခိုး၊ မိမိရဲ့ ပလ္လင်နဲ့ ကြီးမားသော အခွင့်အာဏာဟို သူ့အား ပေးအပ်အယ်။
REV 13:3 အဲသားရဲရဲ့ ခေါင်းတလုံးဟ သေအောန် သတ်ဖြတ်ခြင်း ခံရသလိုဖြစ်သော်လည်း အဲသေစေသော ဒဏ်ရာဟ ပျောက်ကင်းသွားလေအယ်။ အဲအခါ တကမ္ဘာလုံးဟ အံ့ဩလျက် အဲသားရဲနောက်ဟို လိုက်ကြအယ်။
REV 13:4 အဲပြင် နဂါးဟ သားရဲအား အခွင့်အာဏာဟို ပေးအပ်သဖြင့် သူလို့ဟ နဂါးဟို ကိုးကွယ်ကြအယ်။ သူလို့ဟ “စသူသည် သားရဲနဲ့ တူလုန်း။ စသူဟ သူ့ဟို တိုက်ခိုက်နိန်လုန်း” ဟု ဆိုလျက် သားရဲဟိုလည်း ကိုးကွယ်ကြအယ်။
REV 13:5 အဲသားရဲဟလည်း ကြီးစွာသော စကားဟို လည်းကောင်း၊ ဘုရားသခင်အား စော်ကားသော စကားဟို လည်းကောင်း၊ ပြောတတ်သော စလောင်နဲ့ ပြေ့စုံယွေ့ လလေးဆယ်နေလပတ်လုံး စီရင်သောအခွင့်ဟို ရဆိထားအယ်။
REV 13:6 သူဟ ဘုရားသခင်နဲ့ ကိုယ်တော်ရဲ့ နာမဟို လည်းကောင်း၊ ကိုယ်တော် တဲတော်ဟို လည်းကောင်း၊ ခေါန်းခင်နှိုက် စံစားသောသူလို့ဟို လည်းကောင်း၊ ပစ်မားပြောဆိုရန် မိမိရဲ့ စလောင်ဟို ဖွင့်လေအယ်။
REV 13:7 သူဟ သန့်ဆှင်းသူလို့ဟို စစ်တိုက်ယွေ့ အောန်နိန်သောအခွင့်ဟို ရဆိပင်း လူမျိုးနွယ်စု၊ လူမျိုး၊ ဘာသာစကားနဲ့ တိုင်းနိုင်ငံအသီးသီးလို့မှ လူလို့အား အုပ်စိုးရသော အခွင့်ဟိုလည်း ရဆိအယ်။
REV 13:8 အသေသတ်ခြင်း ခံရလဲ့ သိုးသငယ်ရဲ့ အသက်စာစောင်နှိုက် ကမ္ဘာဦးမှ စယွေ့ နာမယ် မရေးထားသော မြေကြီးပေါ်တွင် နေထိန်သူအားလုံးလို့ဟ အဲသားရဲဟို ကိုးကွယ်ကြလိမ့်မယ်။
REV 13:9 နားဆိသောသူဟ ကြားပါစေ။
REV 13:10 သူတပါးဟို ဖမ်းဆီးခေါ်ဆောင်သွားသောသူဟ တတ်တိုင်း ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရလိမ့်မယ်။ ထားဖြင့် သတ်တတ်သောသူဟလည်း တတ်တိုင်း ထားဖြင့် သေရမယ်။ ဟေအရာနှိုက် သန့်ဆှင်းသူလို့လည်း သည်းခံခြင်းနဲ့ သစ္စာစောင့်ခြင်းလို့ ဆိကြအယ်။
REV 13:11 အဲပင်းရင် အခြားသော သားရဲတကောင်ဟ သိုးသငယ်ရဲ့ ဦးချိုနဲ့တူသော ချိုနေချောင်း ဆိယွေ့ နဂါးလိုမျိုး စကားပြောလျက် မြေကြီးထဲဟ ထွက်လာတာဟို ငါမျော်အယ်။
REV 13:12 အဲသားရဲဟ သူ့ဦးရင်ဖြစ်သော ပထမ သားရဲရဲ့ အာဏာစက်ဆိသမျှဟို သုံးစွဲအယ်။ သေစေသော ဒဏ်ချက် ပျောက်ကင်းခဲ့ပင်း ပထမ သားရဲဟို မြေကြီးမှ စယွေ့ မြေကြီးသားလို့ဟ ကိုးကွယ်စေခြင်းငှာ ပြုအယ်။
REV 13:13 အဲမှ ကြီးစွာသော နိမိတ်လက္ခဏာလို့ဟိုလည်း ပြအယ်။ လူလို့မျက်မှောက်နှိုက် ခေါန်းခင်မှ မြေကြီးပေါ်ဟို မီးများ ကျလာစေအယ်။
REV 13:14 သူဟ ပထမ သားရဲဆေ့နှိုက် ပြုခွင့်ရဆိထားသော နိမိတ်လက္ခဏာများအားဖြင့် မြေကြီးပေါ်တွင် နေထိန်သော သူအားလုံးလို့ဟို လှည့်စားယွေ့ ထားဒဏ်ရာ ဆိသော်လည်း အသက်ဆှင်ခဲ့သော သားရဲရဲ့ ရုပ်တုဟို ပြုလုပ်ရန် မြေကြီးပေါ်နှိုက် နေထိန်သောသူလို့အား စေခိုင်းအယ်။
REV 13:15 သားရဲရဲ့ ရုပ်တုဟ စကားပြောနိန်ရန်နဲ့ သားရဲရဲ့ ရုပ်တုဟို မကိုးကွယ်သောသူ ဆိသမျှလို့ဟို သတ်ဖြတ်စေရန် ဒုတိယ သားရဲရဲ့ ရုပ်တုအား အသက်သွင်းပေးနိန်သော အခွင့်ဟို ရဆိလေအယ်။
REV 13:16 ငွေရတတ်သောသူ၊ ဆင်းရဲသောသူ၊ ကျွန်ခံရသောသူ၊ လွတ်လပ်သောသူ၊ အကြီးအငယ်ဆိသမျှလို့ဟ လက်ယာလက်နှိုက် ဖြစ်စေ၊ နဖူးနှိုက် ဖြစ်စေ၊ တံဆိပ်လက်မှတ်ဟို ခံစေခြင်းငှာ လည်းကောင်း၊
REV 13:17 အဲတံဆိပ်လက်မှတ် တည်းဟူသော သားရဲရဲ့ နာမ ဖြစ်စေ၊ နာမရဲ့ အရေအတွက် ဖြစ်စေ၊ တခုခုဟို မခံသောသူတယောက်မျှ မရောင်းမဝယ်စေခြင်းငှာ လည်းကောင်း စီရင်အယ်။
REV 13:18 ဟေအရာနှိုက် ပညာဆိရန် လိုအပ်အယ်။ ဉာဏ်ပညာ ဆိသောသူဟ သားရဲရဲ့ ကိန်းဂဏန်းဟို တွက်ချက်မန့်။ အကျောန်းမှာ အေးဟ လူတဦးရဲ့ ကိန်းဂဏန်း ဖြစ်ပင်း အဲအရာမှာ ၆၆၆ ဖြစ်အယ်။
REV 14:1 အဲပင်းရင် ငါကျေ့လိုက်ရာ သိုးသငယ်ဟ ဇိအုန်တောင်ပေါ်တွင် ရပ်နေအယ်။ သိုးသငယ်ရဲ့ နာမနဲ့ ခမည်းတော်ရဲ့ နာမလို့ဟို မိမိလို့ နဖူးနှိုက် ရေးထားသောသူ ၁၄၄,၀၀၀ လို့ဟလည်း သူနဲ့အတူ ဆိကြအယ်။
REV 14:2 အဲပင်းရင် သမုဒ္ဒရာယေသံ၊ ကျယ်လောင်သော မိုးကြိုးသံလိုမျိုး ခေါန်းခင်ဟ အသံဟို ငါကြားအယ်။ အဲလို ငါကြားလဲ့ အသံဟ စောင်းသမားများ စောင်းတီးသော အသံလိုမျိုး ဖြစ်အယ်။
REV 14:3 ပလ္လင်တော်ဆေ့နှိုက် လည်းကောင်း၊ သတ္တဝါလေးပါးနဲ့ အသက်ကြီးသူလို့ ဆေ့နှိုက် လည်းကောင်း၊ သူလို့ဟ အသစ်သော သီချင်းဟို ဆိုကြအယ်။ မြေကြီးမှ ရွေးနုတ်သောသူ ၁၄၄,၀၀၀ မှတပါး စသူမှ အဲသီချင်းဟို သင်ယွေ့ မရနိန်။
REV 14:4 အဲသူလို့ဟ မိန်းမများအားဖြင့် ညစ်ညူးစေခြင်း မခံခဲ့သောသူများ ဖြစ်ကြအယ်။ အကျောန်းမှာ သူလို့ဟ လူပျိုစစ်စစ် ဖြစ်ကြအယ်။ သူလို့ဟ သိုးသငယ် သွားလေရာဟို လိုက်ပါသောသူများ ဖြစ်ကြပင်း ဘုရားသခင်နဲ့ သိုးသငယ်လို့အတွက် အဦးသီးအဖြစ် လူလို့အထဲမှ ရွေးနုတ်ခံရသောသူများ ဖြစ်ကြအယ်။
REV 14:5 သူလို့ရဲ့ စလောင်နှိုက် ဝါပြောခြင်း မဆိ၊ အပစ်ကင်းစင်သူများ ဖြစ်ကြအယ်။
REV 14:6 အဲပင်းရင် အခြားသော ခေါန်းခင်တမန် တပါးဟ ခေါန်းခင်အလယ်နှိုက် ပျံသန်းနေတာဟို ငါ မျော်အယ်။ သူဟ မြေကြီးပေါ်တွင် နေထိန်ကြသူများ တည်းဟူသော တိုင်းနိုင်ငံ၊ လူမျိုးနွယ်စု၊ ဘာသာစကား အမျိုးမျိုးပြောဆိုသော လူမျိုးအသီးသီးလို့အား ဟောပြောရန် ထာဝရတည်လဲ့ သတင်းကောင်းဟို ယူဆောင်လာအယ်။
REV 14:7 အဲခေါန်းခင်တမန်ဟ “ဘုရားသခင် တရားစီရင်မူရာ အချိန်ကျရောက်လာပီ ဖြစ်ယွေ့ ကိုယ်တော်ဟို ကြောက်ရွံ့လျက် ဘုန်းတော်ဟို ချီးမွန်းကြလော့။ ခေါန်းခင်၊ မြေကြီး၊ ပင်လယ်နဲ့ စမ်းယေတွင်းလို့ဟို ဖန်ဆင်းသောသူဟို ကိုးကွယ်ကြလော့” ဟု အသံအကျယ်ရီးနဲ့ ကြွေးကြော်လေအယ်။
REV 14:8 အဲပင်းရင် ဒုတိယ ခေါန်းခင်တမန်ဟ “ဗာဗုလုန်မြို့ကြီး ပြိုလဲပီ။ မိမိရဲ့ မတရားသော မေထုန်ရဲ့ အဆိပ်အတောက် တည်းဟူသော စပျစ်ယေဟို လူမျိုးအပေါင်းလို့အား တိုက်လေပင်းသော ဗာဗုလုန်မြို့ကြီး ပြိုလဲပီ” ဟု လိုက်ယွေ့ ပြောဆိုအယ်။
REV 14:9 အဲပင်းရင် တတိယ ခေါန်းခင်တမန်ဟ သူလို့နောက်မှ လိုက်လာယွေ့ “သားရဲနဲ့ သူရဲ့ ရုပ်တုဟို ကိုးကွယ်လျက် မိမိနဖူးပေါ်တွင် ဖြစ်စေ၊ မိမိလက်ပေါ်တွင် ဖြစ်စေ၊ သူရဲ့ အမှတ်တံဆိပ်ဟို ခံယူသောသူဟ
REV 14:10 ဘုရားသခင်ရဲ့ အမျက်တော်မုတ် စလိုအရာမှ မရောစပ်ဘဲ လောင်းထည့်လဲ့ ကိုယ်တော်ရဲ့ ပြင်းစွာသော အမျက် စပျစ်ယေဟို သောက်လိမ့်မယ်။ အဲသူဟ သန့်ဆှင်းသော ခေါန်းခင်တမန်များနဲ့ သိုးသငယ်ရဲ့ ဆေ့မှောက်တွင် ကန့်နဲ့ မီးလို့ထဲနှိုက် ညှဉ်းဆဲခြင်းဟို ခံရလိမ့်မယ်။
REV 14:11 သူလို့ခံရလဲ့ ညှဉ်းဆဲခြင်းရဲ့ မီးခိုးဟ ကမ္ဘာအဆက်ဆက် တက်လျက်နေအယ်။ သားရဲနဲ့ သူရဲ့ ရုပ်တုဟို ကိုးကွယ်ယွေ့ သူ့နာမယ်ရဲ့ တံဆိပ်ဟို ခံယူသောသူဟ နေ့ရောညပါ သက်သာရာ ရလိမ့်မယ် မဟုတ်” ဟု အသံအကျယ်ရီးနဲ့ ကြွေးကြော်လေအယ်။
REV 14:12 ဘုရားသခင်ရဲ့ ပညတ်လို့ဟို လည်းကောင်း၊ ယေရှုနှိုက် ယုံကြည်ခြင်းဟို လည်းကောင်း၊ စောင့်ဆှောက်သော သန့်ဆှင်းသူလို့ဟ ဟေအရာနှိုက် သည်းခံစရာအကျောန်း ဆိအယ်။
REV 14:13 အဲပင်းရင် ခေါန်းခင်မှ အသံဟ “ရေးထားလော့။ အခုမှစယွေ့ သခင်ဘုရားနှိုက် သေဆုံးလဲ့ သေလွန်သောသူလို့ဟ မင်္ဂလာ ဆိကြအယ်” ဟု ပြောဆိုတာဟို ငါကြားရအယ်။ ဝိညာဉ်တော်ဟလည်း “မန်အယ်။ သူလို့ဟ မိမိလို့ရဲ့ ကြိုးပမ်းအားထုတ်မှုမှ အနားယူခွင့် ရကြလိမ့်မယ်။ သူလို့ ပြုသောအမှုများဟလည်း သူလို့နဲ့ လိုက်ပါလာကြအယ်” ဟု မိန့်အယ်။
REV 14:14 တဖန် ငါကျေ့လိုက်ရာ ဖြူသောမိုးချေးသား ဆိယွေ့ အဲမိုးချေးသားပေါ်တွင် ဦးခေါင်းပေါ်နှိုက် ဆွေသရဖူဟို ဆောင်းလျက် လက်နှိုက် ထက်သောတန်းစဉ်ဟို ကိုင်ထားလဲ့ လူသားနဲ့တူသော သူတဦး ထိန်နေအယ်။
REV 14:15 အဲပင်းရင် အခြားသော ခေါန်းခင်တမန် တပါးဟ ဗိမာန်တော်ထဲမှ ထွက်လာယွေ့ မိုးချေးသားပေါ်တွင် ထိန်နေသောသူအား “မြေကြီးနှိုက် ရိတ်သိမ်းစရာဟ မှည့်ပီဖြစ်ယွေ့ ရိတ်သိမ်းရန် အချိန်ကျရောက်ပီ ဖြစ်သောကျောန့် ကိုယ်တော်ရဲ့ တန်းစဉ်ဟို လွှတ်ယွေ့ ရိတ်သိမ်းပါ” ဟု အသံအကျယ်ရီးနဲ့ ကြွေးကြော်လေအယ်။
REV 14:16 အဲအခါ မိုးချေးသားပေါ်တွင် ထိန်နေသောသူဟ မိမိရဲ့ တန်းစဉ်အား မြေကြီးပေါ်ဟို ဝှေ့ယမ်းလိုက်ရာ မြေကြီးဟ ရိတ်သိမ်းခြင်းဟို ခံရလေအယ်။
REV 14:17 တဖန် အခြားသော ခေါန်းခင်တမန် တပါးဟ ခေါန်းခင်ဆိ ဗိမာန်တော်ထဲမှ ထွက်လာအယ်။ သူနှိုက်လည်း ထက်သော တန်းစဉ်ပါအယ်။
REV 14:18 အဲပင်းရင် မီးအပေါ် အခွင့်အာဏာဆိလဲ့ အခြားသော ခေါန်းခင်တမန်တပါးဟ ယဇ်ပလ္လင်ထဲမှ ထွက်လာယွေ့ ထက်သော တန်းစဉ်ပါသောသူအား “စပျစ်သီးများ မှည့်ပီ ဖြစ်သောကျောန့် နင်ရဲ့ ထက်သောတန်းစဉ်ဟို လွှတ်ယွေ့ မြေကြီးပေါ်မှ စပျစ်ခိုင်များဟို ရိတ်သိမ်းလော့” ဟု အသံအကျယ်ရီးနဲ့ ဆိုလေအယ်။
REV 14:19 အဲခေါန်းခင်တမန်ဟလည်း သူရဲ့ တန်းစဉ်အား မြေကြီးပေါ်ဟို ဝှေ့ယမ်းလျက် မြေကြီးပေါ်မှ စပျစ်ခိုင်ဟို ရိတ်သိမ်းကာ ဘုရားသခင်ရဲ့ ပြင်းစွာသော ဒေါသနဲ့ဆိုင်လဲ့ ကြီးမားသော စပျစ်သီးနယ်ရာကျင်းထဲဟို လောချလိုက်အယ်။
REV 14:20 ၎င်းလို့ဟို မြို့ပြင်ဆိ စပျစ်သီးနယ်ရာ ကျင်းနှိုက် နင်းနယ်သောအခါ အသွေးဟ အဲစပျစ်သီးနယ်ရာကျင်းမှ စီးထွက်လာယွေ့ မြင်းရဲ့ ဇက်ကြိုးအထိ မြင့်ပင်း ၁၈၄ မိုင်ခန့် ပြန့်သွားလေအယ်။
REV 15:1 အဲပင်းရင် ခေါန်းခင်နှိုက် ကြီးမားယွေ့ အံ့ဩဖွယ်ကောင်းလဲ့ အခြားနိမိတ်လက္ခဏာ တည်းဟူသော နောက်ဆုံး ဘေးဒဏ် ခုနေပါးဟို ငါမျော်ရအယ်။ အဲဘေးဒဏ်များအားဖြင့် ဘုရားသခင်ရဲ့ ပြင်းစွာသော ဒေါသဟ ပြေ့စုံခြင်းဟို ရောက်မယ်ဖြစ်အယ်။
REV 15:2 တဖန် မီးနဲ့ရော ထားလဲ့ ဖန်ပင်လယ်လိုမျိုး ဆိသောအရာဟို လည်းကောင်း၊ သားရဲ၊ သူရဲ့ ရုပ်တုနဲ့ သူ့နာမယ်ရဲ့ ကိန်းဂဏန်းလို့အပေါ် အနိန်ရသောသူလို့ဟ ဘုရားသခင်ရဲ့ စောင်းများဟို ကိုင်ဆောင်လျက် အဲဖန်ယေကန်ပေါ်တွင် ရပ်နေကြတာဟို လည်းကောင်း ငါ မျော်ရအယ်။
REV 15:3 သူလို့ဟ ဘုရားသခင်ရဲ့ အစေခံ မောရှေရဲ့ သီချင်းနဲ့ သိုးသငယ်တော်ရဲ့ သီချင်းများဟို သီဆိုကာ “အနန္တတန်ခိုးနဲ့ ပြေ့စုံသော ထာဝရအဆှင် ဘုရားသခင်၊ ကိုယ်တော်ပြုသောအမှုလို့ဟ ကြီးမြတ်ယွေ့ အံ့ဩဖွယ်ကောင်းလပါအယ်။ လူမျိုးတကာလို့ရဲ့ ဘုရင်၊ ကိုယ်တော်ရဲ့ နည်းလမ်းလို့ဟ ဖြောင့်မတ်ယွေ့ မန်ကန်အယ်။
REV 15:4 အို ထာဝရဘုရား၊ စသူဟ ကိုယ်တော်ဟို မကြောက်ရွံ့၊ နာမတော်ဟိုလည်း မချီးမွန်းဘဲ နေလိမ့်မလုန်း။ အကျောန်းမှာ ကိုယ်တော် တပါးတည်းသာရင် သန့်ဆှင်းမြင့်မြတ်အယ်။ ကိုယ်တော်ရဲ့ ဖြောင့်မတ်သော စီရင်ချက်လို့ဟ ထင်ဆှားတာ ဖြစ်ယွေ့ လူမျိုးတကာလို့ဟ ကိုယ်တော်ရဲ့ ဆေ့ဟို လာယွေ့ ရှိခိုးကြပါလိမ့်မယ်” ဟု ဆိုကြအယ်။
REV 15:5 အဲပင်းရင် ငါကျေ့လိုက်ရာ ခေါန်းခင်နှိုက် ဆိသော သက်သေခံချက် တဲတော်တည်ရာ ဗိမာန်တော်ဟ ဖွင့်ထားပီ။
REV 15:6 ဘေးဒဏ် ခုနေပါးဟို ဆောင်ထားလဲ့ ခေါန်းခင်တမန် ခုနေပါးလို့ဟ အဲဗိမာန်တော်ထဲမှ ထွက်လာကြအယ်။ သူလို့ဟ စင်ကြယ်တောက်ပသော ပိတ်ချောဟို ဝတ်ဆင်လျက် ရင်ဘတ်နှိုက် ဆွေရင်စည်းဟို စဲထားအယ်။
REV 15:7 အဲအခါ သတ္တဝါလေးပါးထဲမှ တပါးဟ ကမ္ဘာအဆက်ဆက် အသက်ဆှင်သော ဘုရားသခင်ရဲ့ ပြင်းစွာသော ဒေါသဖြင့် ပြေ့နေလဲ့ ဆွေဖလား ခုနေလုံးဟို အဲခေါန်းခင်တမန် ခုနေပါးလို့အား ပေးလေအယ်။
REV 15:8 ဗိမာန်တော်ဟ ဘုရားသခင်ရဲ့ ဘုန်းအသရေတော်နဲ့ တန်ခိုးတော်လို့မှ ထွက်ပေါ်သော အခိုးအငွေ့များနဲ့ ပြေ့သဖြင့် ခေါန်းခင်တမန် ခုနေပါးလို့ရဲ့ ဘေးဒဏ် ခုနေပါး မပီးမချင်း စသူမှ ဗိမာန်တော်ထဲဟို မဝင်နိန်ချေ။
REV 16:1 အဲပင်းရင် ဗိမာန်တော်ထဲမှ အသံအကျယ်ရီးဖြင့် “သွားကြလော့။ ဘုရားသခင်ရဲ့ ပြင်းစွာသော အမျက်တော်ဖလား ခုနေလုံးဟို မြေကြီးပေါ်ဟို သွန်းလောင်းကြလော့” ဟု ခေါန်းခင်တမန် ခုနေပါးလို့အား ဆိုတာဟို ငါကြားရအယ်။
REV 16:2 ပထမ ခေါန်းခင်တမန်ဟ သွားယွေ့ သူရဲ့ ဖလားဟို မြေကြီးပေါ်ဟို သွန်းလောင်းသောအခါ သားရဲရဲ့ တံဆိပ်ဆိသောသူနဲ့ သူရဲ့ ရုပ်တုဟို ကိုးကွယ်သောသူများနှိုက် ရမ်းဆာ့ ဆိုးရွားသော အနာစိမ်းများ ပေါက်လေအယ်။
REV 16:3 ဒုတိယ ခေါန်းခင်တမန်ဟ သူရဲ့ ဖလားဟို ပင်လယ်ပေါ်ဟို သွန်းလောင်းသောအခါ ယေဟ သေသောသူရဲ့ အသွေးလို ဖြစ်ယွေ့ ပင်လယ်ထဲနှိုက် ဆိသော သက်ဆိသတ္တဝါအားလုံး သေကြအယ်။
REV 16:4 တတိယ ခေါန်းခင်တမန်ဟ သူရဲ့ ဖလားဟို မြစ်များနဲ့ စမ်းယေတွင်းများပေါ်ဟို သွန်းလောင်းသောအခါ ယေဟ အသွေး ဖြစ်သွားလေအယ်။
REV 16:5 အဲအခါ ယေနဲ့ဆိုင်သော ခေါန်းခင်တမန်ဟ “အခုဆိလျက် မခင်ဟလည်း ဆိလဲ့ သန့်ဆှင်းမြင့်မြတ်သောအဆှင်၊ ဟေအမှုအရာများဟို ကိုယ်တော်စီရင်သောကျောန့် ကိုယ်တော်ဟ ဖြောင့်မတ်ပါအယ်။
REV 16:6 အကျောန်းမှာ အဲသူလို့ဟ သန့်ဆှင်းသူများနဲ့ ပရောဖက်များရဲ့ အသွေးဟို သွန်းခဲ့ကြတာ ဖြစ်ယွေ့ ကိုယ်တော်ဟ အဲအသွေးလို့ဟို သူလို့အား သောက်ရန် ပေးပီ။ သူလို့ဟ အဲလိုခံရရန် ထိုက်တန်ပေအယ်” ဟု ဆိုတာဟို ငါ ကြားရအယ်။
REV 16:7 ယဇ်ပလ္လင်ဟလည်း “မန်အယ်၊ အနန္တတန်ခိုးနဲ့ ပြေ့စုံသော ထာဝရအဆှင် ဘုရားသခင်၊ ကိုယ်တော်ရဲ့ စီရင်ချက်လို့ဟ မန်ကန်ယွေ့ တရားမျှတပါအယ်” ဟု ပြောဆိုတာဟို ငါ ကြားရအယ်။
REV 16:8 စတုတ္ထ ခေါန်းခင်တမန်ဟ သူရဲ့ ဖလားဟို နေပေါ်ဟို သွန်းလောင်းသောအခါ နေဟ လူလို့အား မီးဖြင့် လောင်ရသောအခွင့်ဟို ရအယ်။
REV 16:9 လူလို့ဟ အားကြီးသော အပူဆှိန်ဖြင့် ကျွမ်းလောင်ခြင်း ခံရသဖြင့် ဘေးဒဏ်လို့ဟို အခွင့်အာဏာဆိသော ဘုရားသခင်ရဲ့ နာမတော်ဟို ကျိန်ဆဲကြပေမဲ့ သူလို့ဟ နောင်တလည်း မရကြ၊ ဘုရားသခင်ရဲ့ ဘုန်းတော်ဟို မချီးမွန်းကြ။
REV 16:10 ပဉ္စမ ခေါန်းခင်တမန်ဟ သူရဲ့ ဖလားဟို သားရဲရဲ့ ပလ္လင်ပေါ်ဟို သွန်းလောင်းသောအခါ သားရဲရဲ့ နိုင်ငံဟ မိုက်အတိ ဖြစ်သွားယွေ့ လူလို့ဟ နာကျင်ခြင်း ဝေဒနာကျောန့် မိမိလို့ လျှာဟို ကိုက်ခဲကြအယ်။
REV 16:11 လူလို့ဟ သူလို့ခံရသော နာကျင်ခြင်း ဝေဒနာနဲ့ သူလို့ရဲ့ အနာစိမ်းလို့ကျောန့် ခေါန်းခင်ဘုံဆှင် ဘုရားသခင်ဟို စော်ကားပြောဆိုယွေ့ မိမိလို့ပြုသောအမှုများအတွက် နောင်တမရကြ။
REV 16:12 ဆဋ္ဌမ ခေါန်းခင်တမန်ဟ သူရဲ့ ဖလားဟို ကြီးမားသော ဥဖရတ်မြစ်ပေါ်ဟို သွန်းလောင်းသောအခါ အဆေ့ပြေမှ ဘုရင်များအတွက် လမ်းဟို ပြင်ဆင်ပေးရန် မြစ်ယေဟ ခန်းခြောက်သွားလေအယ်။
REV 16:13 အဲပင်းရင် နဂါးရဲ့ စလောင်ထဲမှ လည်းကောင်း၊ သားရဲရဲ့ စလောင်ထဲမှ လည်းကောင်း၊ မိစ္ဆာပရောဖက်လို့ရဲ့ စလောင်ထဲမှ လည်းကောင်း၊ ဖားနဲ့တူလဲ့ ညစ်ညူးသော ဝိညာဉ်သုံးပါး ထွက်လာတာဟို ငါမျော်အယ်။
REV 16:14 အဲဝိညာဉ်လို့ဟ နိမိတ်လက္ခဏာများဟို ပြုသောနတ်ဆိုးလို့ရဲ့ ဝိညာဉ်များ ဖြစ်ကြအယ်။ ၎င်းလို့ဟ ကမ္ဘာတဝန်းလုံးဆိ ဘုရင်များဟို အနန္တတန်ခိုးဆှင် ဘုရားသခင်ရဲ့ နေ့ရက်ကြီးများနဲ့ဆိုင်သော စစ်ပွဲအတွက် စုဝေးစေရန် အဲဘုရင်များဆေဟို ထွက်ခွာသွားကြအယ်။
REV 16:15 “ကျေ့လော့၊ ငါဟ သူခိုးလို လာမယ်။ အဝတ်အချည်းစဲဖြင့် သွားလာယွေ့ မိမိအဆှက်ဟို လူလို့ မျော်ရလဲ့အဖြစ်မျိုး မဆိစေရန် မိမိအဝတ်များဟို ထိန်းသိမ်းလျက် သတိနဲ့ စောင့်နေသောသူဟ မင်္ဂလာဆိအယ်” ဟု ဆိုအယ်။
REV 16:16 အဲဝိညာဉ်လို့ဟ ဘုရင်များဟို ဟေဗြဲဘာသာစကားအားဖြင့် အာမဂေဒုန် ဟုခေါ်သော အရပ်နှိုက် စုဝေးစေကြအယ်။
REV 16:17 သတ္တမ ခေါန်းခင်တမန်ဟ သူရဲ့ ဖလားဟို လေထဲဟို သွန်းလောင်းသောအခါ ဗိမာန်တော်ထဲဆိ ပလ္လင်တော်မှ အသံအကျယ်ရီး ထွက်ပေါ်လာယွေ့ “အမှု ပီးပီ” ဟု ဆိုအယ်။
REV 16:18 အဲအခါ လျှပ်ပြက်ခြင်း၊ အသံမြည်ခြင်းနဲ့ မိုးချုန်းခြင်းများ ဖြစ်ပေါ်လာယွေ့ ငလျင်ပြင်းထန်စွာ လှုပ်လေအယ်။ မြေကြီးပေါ်တွင် လူဖြစ်ပေါ်လာချိန်မှစယွေ့ အဲမျှလောက် ကြီးမားယွေ့ ပြင်းထန်သော ငလျင်မျိုးဟ ဖြစ်ခဲ့ဝူး။
REV 16:19 မြို့ကြီးဟ သုံးပိုင်း ကွဲသွားယွေ့ တိုင်းနိုင်ငံလို့ရဲ့ မြို့များဟလည်း ပြိုလဲကြကုန်အယ်။ ဘုရားသခင်ဟ ပြင်းစွာသော အမျက်တော်ရဲ့ စပျစ်ယေဖလားဟို တိုက်ခြင်းငှာ ဗာဗုလုန်မြို့ကြီးဟို အောက်မေ့အယ်။
REV 16:20 ကျွန်းဆိသမျှလို့ဟ ပျောက်လွင့်သွားယွေ့ တောင်များဟိုလည်း ကွယ်ပျောက်သွားကုန်အယ်။
REV 16:21 ခေါန်းခင်မှလည်း ပေါင်တရာခန့်လေးသော မိုးသီးကြီးများဟ လူလို့အပေါ်ဟို ကျလေအယ်။ ဟေဘေးဒဏ်ဟ ရမ်းဆာ့ ပြင်းထန်သဖြင့် လူလို့ဟ အဲမိုးသီးရဲ့ ဘေးဒဏ်ကျောန့် ဘုရားသခင်ဟို ကျိန်ဆဲကြအယ်။
REV 17:1 အဲပင်းရင် ဖလားခုနေလုံး ဆိသော ခေါန်းခင်တမန် ခုနေပါးထဲမှ တပါးဟ လာယွေ့ ငါနဲ့ စကားပြောလျက် “လာမန့်၊ ရမ်းဆာ့သော ယေလို့အပေါ် ထိန်နေသော ပြေ့တန်ဆာမကြီး ခံရမဲ့ တရားစီရင်ခြင်းဟို နင့်အား ငါပြမယ်။
REV 17:2 မြေကြီးရဲ့ ဆှင်ဘုရင်လို့ဟ သူနဲ့အတူ မတရားသောမေထုန်ပြုကြပင်း သူရဲ့ မတရားသော မေထုန်ပြုခြင်း စပျစ်ယေဖြင့် ယစ်မူးကြအယ်” ဟု ဆိုအယ်။
REV 17:3 အဲပင်းရင် ခေါန်းခင်တမန်ဟ ဝိညာဉ်တော်အားဖြင့် ငါ့အား တောကန္တာရထဲဟို ခေါ်ဆောင်သွားလေအယ်။ ခေါင်းခုနေလုံးနဲ့ ဦးချိုဆယ်ချောင်း ဆိယွေ့ ဘုရားသခင်ဟို စော်ကားသော အမယ်နာမများဖြင့် ပြေ့နေလဲ့ နီမြန်းသော သားရဲပေါ်နှိုက် ထိန်နေသော မိန်းမတယောက်ဟို ငါမျော်အယ်။
REV 17:4 အဲမိန်းမဟ ခရမ်းရောင်နဲ့ နီမြန်းသော အရောင်လို့ဟို ဝတ်ဆင်ထားလျက် ဆွေ၊ ကျောက်မျက်ရတနာနဲ့ ပုလဲလို့ဖြင့် တန်ဆာဆင်ထားကာ သူရဲ့ လက်နှိုက် ရွံရှာဖွယ်ရာများနဲ့ မိမိရဲ့ မတရားသော မေထုန်ပြုခြင်းရဲ့ ညစ်ညူးသောအရာများဖြင့် ပြေ့နေသော ဆွေမုတ်ဟို ကိုင်ထားအယ်။
REV 17:5 သူရဲ့ နဖူးပေါ်နှိုက် ရေးထားလဲ့ လျှို့ဝှက်နက်နဲသော အမယ်နာမမှာ “ဗာဗုလုန်မြို့ကြီး၊ ပြေ့တန်ဆာလို့ရဲ့ အမေ့နဲ့ မြေကြီးပေါ်မှ ရွံရှာဖွယ်ရာများရဲ့ အမေ့” ဟူယွေ့ ဖြစ်အယ်။
REV 17:6 အဲမိန်းမဟ သန့်ဆှင်းသူလို့ရဲ့ အသွေးနဲ့ ယေရှုရဲ့ သက်သေခံများရဲ့ အသွေးလို့ဖြင့် ယစ်မူးနေတာဟို ငါ မျော်အယ်။ ငါဟ သူ့ဟို မျော်ရသောအခါ ရမ်းဆာ့ အံ့ဩမိအယ်။
REV 17:7 အဲအခါ ခေါန်းခင်တမန်ဟ “နင်သည် ပစာကျောန့် အံ့ဩလုန်း။” အဲမိန်းမနဲ့ သူ့ဟို သယ်ဆောင်သော ခေါင်းခုနေလုံးနဲ့ ဦးချိုဆယ်ချောင်းဆိလဲ့ သားရဲလို့ရဲ့ လျှို့ဝှက်နက်နဲသောအရာဟို နင့်အား ငါပြောမယ်။
REV 17:8 နင်မျော်သော သားရဲဟ မခင်ဟ ဆိခဲ့ပင်း အခု မဆိ၊ မကြာမီ တွင်းနက်ကြီးထဲဟ တက်လာယွေ့ ပျက်စီးခြင်းဟို ရောက်မယ်ဖြစ်အယ်။ မြေကြီးပေါ်နှိုက် နေထိန်သော သူလို့ထဲတွင် ကမ္ဘာတည်ချိန်မှစယွေ့ အသက်စာစောင်နှိုက် စာရင်းမဝင်သော သူလို့ဟ မခင်ဟ ဆိခဲ့ပင်း အခု မဆိ၊ မကြာမီ ရောက်လာမဲ့ အဲသားရဲဟို မျော်လျက် အံ့ဩကြလိမ့်မယ်။
REV 17:9 ဟေအရာနှိုက် ပညာနဲ့ ပြေ့စုံသော ဉာဏ်ဆိအယ်။ ခေါင်းခုနေလုံးဟ အဲမိန်းမ ထိန်သော တောင်ခုနေလုံး ဖြစ်အယ်။
REV 17:10 ဆှင်ဘုရင် ခုနေပါးလည်း ဖြစ်အယ်။ ငါးပါးဟ ကျဆုံးပင်း တပါးဟ အခု ဆိအယ်။ ကျန်တပါးမှာ မပေါ်ထွန်းသေး။ ပေါ်ထွန်းလာသောအခါနှိုက်လည်း ခဏမျှသာ တည်ရလိမ့်မယ်။
REV 17:11 မခင် ဆိခဲ့ပင်း အခု မဆိသော သားရဲဟ အဋ္ဌမဘုရင် ဖြစ်အယ်။ သူဟ အဲခုနေပါးထဲမှ တပါးလည်း ဖြစ်ပင်း ပျက်စီးခြင်းဟို ရောက်ရလိမ့်မယ်။
REV 17:12 နင်မျော်ရသော ဦးချိုဆယ်ချောင်းဟ တိုင်းနိုင်ငံဟို မရသေးလဲ့ ဘုရင်ဆယ်ပါး ဖြစ်ကြပေမဲ့ သူလို့ဟ သားရဲနဲ့အတူ မင်းအာဏာစက်ဟို တိုတောင်းသောအချိန် တခုအတွင်း ရဆိကြလိမ့်မယ်။
REV 17:13 အဲဘုရင်လို့ဟ ရည်ရွယ်ချက် တခုတည်း ဆိယွေ့ မိမိလို့ရဲ့ တန်ခိုးနဲ့ အခွင့်အာဏာလို့ဟို သားရဲအား ပေးအပ်ကြလိမ့်မယ်။
REV 17:14 သူလို့ဟ သိုးသငယ်ဟို စစ်တိုက်ယွေ့ သိုးသငယ်ဟ နိန်လိမ့်မယ်။ အကျောန်းမှာ သိုးသငယ်ဟ သခင်လို့ရဲ့ သခင်၊ ဘုရင်လို့ရဲ့ ဘုရင် ဖြစ်အယ်။ ကိုယ်တော်နဲ့အတူ ဆိသော သူလို့ဟလည်း ခေါ်သောသူ၊ ရွေးချယ်သောသူ၊ သစ္စာဆိသောသူ ဖြစ်ကြအယ်။
REV 17:15 အဲပင်းရင် အေးခေါန်းခင်တမန်ဟ “နင်မျော်ရသော ပြေ့တန်ဆာ ထိန်နေလဲ့ ယေများဟ တိုင်းနိုင်ငံများ၊ ဘာသာစကားအမျိုးမျိုး ပြောဆိုသော လူမျိုးများနဲ့ ပြေသူပြေသားများ ဖြစ်ကြအယ်။
REV 17:16 နင်မျော်ရသော ဦးချို ဆယ်ချောင်းနဲ့ သားရဲလို့ဟ အဲပြေ့တန်ဆာဟို မုန်းယွေ့ သူ့ဟို လုံးလုံး ပျက်စီးစေကာ အဝတ်မပါ အချည်းစဲ ဖြစ်စေကြလိမ့်မယ်။ သူရဲ့ အသားဟိုလည်း ကိုက်စားယွေ့ သူ့ဟို မီးရှို့ကြလိမ့်မယ်။
REV 17:17 အကျောန်းမှာ ဘုရားသခင်ဟ မိမိရဲ့ နှုတ်ကပတ်တော်များ ပြေ့စုံခြင်းဟို ရောက်လဲ့အထိ မိမိလို့ရဲ့ နိုင်ငံများဟို သားရဲဆေ ပေးအပ်ခြင်းအားဖြင့် ဘုရားသခင်ရဲ့ အကြံစည်တော်အတိုင်း ဆောင်ရွက်မဲ့သဘောဟို သူလို့ရဲ့ စိတ်နေလုံးထဲနှိုက် ထည့်သွင်းအယ်။
REV 17:18 “နင်မျော်ရသော မိန်းမဟ မြေကြီးရဲ့ ဘုရင်လို့ဟို အုပ်စိုးသော မြို့ကြီး ဖြစ်အယ်” ဟု ငါ့အား ဆိုအယ်။
REV 18:1 အဲပင်းရင် ကြီးမားသော အခွင့်အာဏာပါလျက် ခေါန်းခင်မှ ဆင်းသက်လာသော အခြား ခေါန်းခင်တမန် တပါးဟို ငါ မျော်ရအယ်။ သူရဲ့ အရောင်အဝါဟ ကမ္ဘာမြေပြင် တဝန်းလုံးဟို ထွန်းလင်းတောက်ပစေအယ်။
REV 18:2 သူဟ အသံအကျယ်ရီးဖြင့် ကြွေးကြော်လျက် “ဗာဗုလုန်မြို့ကြီးဟ ပြိုလဲပီ၊ ပြိုလဲပီ။ ၎င်းဟ နတ်ဆိုးလို့ နေထိန်ရာ အရပ်၊ ညစ်ညူးသော နတ်အပေါင်းလို့ရဲ့ ခိုအောင်းရာ အရပ်၊ ညစ်ညူးသော ငက်အမျိုးမျိုးလို့ရဲ့ ခိုအောင်းရာ အရပ်နဲ့ ညစ်ညူးယွေ့ ရွံရှာဖွယ်ကောင်းသော သတ္တဝါအပေါင်းလို့ရဲ့ ခိုအောင်းရာ အရပ် ဖြစ်လေပီ။
REV 18:3 အကျောန်းမှာ လူမျိုးအပေါင်းလို့ဟ သူရဲ့ မတရားသောမေထုန်ပြုခြင်းနဲ့ဆိုင်လဲ့ ပြင်းစွာသော ဒေါသစပျစ်ယေဟို သောက်ကြယွေ့ မြေကြီးရဲ့ ဘုရင်လို့ဟ သူနဲ့အတူ မတရားသောမေထုန် ပြုကြကာ မြေကြီးရဲ့ ကုန်သည်လို့ဟလည်း အဲမြို့ရဲ့ တရားလွန် ကာမဂုဏ်စည်းစိမ် ခံစားမှုဟို အကျောန်းပြုယွေ့ ချမ်းသာကြွယ်ဝကြလေပီ” ဟု ဆိုအယ်။
REV 18:4 အဲပင်းရင် ခေါန်းခင်မှ အခြားသော အသံဟ “ငါ့လူမျိုးလို့၊ နင်လို့ဟ သူရဲ့ အပစ်များနှိုက် မပါဝင်စေရန် လည်းကောင်း၊ သူခံရမဲ့ ဘေးဒဏ် တစုံတခုဟိုမျှ မခံရစေရန် လည်းကောင်း၊ သူ့ဆေမှ ထွက်လာခဲ့ကြလော့။
REV 18:5 ပစာကို့ သူရဲ့ အပစ်လို့ဟ ခေါန်းခင်အထိ စုပုံလျက် ဆိယွေ့ သူရဲ့ မတရားမှုများဟို ဘုရားသခင် သတိရပီ။
REV 18:6 သူပေးခဲ့လဲ့အတိုင်း သူ့အား ပြန်ပေးကြလော့။ သူပြုသောအမှုများအပေါ် နေဆ တိုးယွေ့ တုံ့ပြန်ကြလော့။ သူရောစပ်ခဲ့သော မုတ်နှိုက် သူ့အတွက် နေဆရောစပ် ပေးကြလော့။
REV 18:7 သူဟ မိမိတတ်တိုင်း ချီးမြှောက်ယွေ့ စည်းစိမ် ခံစားခဲ့တာနဲ့အမျှ သူ့အား ညှဉ်းဆဲခြင်းနဲ့ ဝမ်းနည်းကြေကွဲခြင်းလို့ဟို ပေးကြလော့။ ပစာကို့ သူဟ ‘ငါသည် မိဖုရား ဖြစ်အယ်။ မုဆိုးမ မဟုတ်။ ဝမ်းနည်းကြေကွဲခြင်းဟိုလည်း ပစာခါမျှ ကြုံတွေ့ရလိမ့်မယ် မဟုတ်’ ဟု မိမိစိတ်ထဲနှိုက် ဆိုသောကျောန့် ဖြစ်အယ်။
REV 18:8 အဲကျောန့် သူခံရမဲ့ ဘေးဒဏ်များ ဖြစ်သော သေခြင်း၊ ဝမ်းနည်းကြေကွဲခြင်းနဲ့ ငတ်မွတ် ခေါင်းပါးခြင်းလို့ဟ တရက်အတွင်း သူ့အပေါ် ကျရောက်ပင်း သူဟ မီးဖြင့် လောင်ကျွမ်းခြင်း ခံရလိမ့်မယ်။ အကျောန်းမှာ သူ့ဟို စီရင်သော ထာဝရအဆှင် ဘုရားသခင်ဟ ခွန်အားနဲ့ ပြေ့စုံအယ်” ဟု ဆိုအယ်။
REV 18:9 သူနဲ့အတူ မတရားသောမေထုန် ပြုကြပင်း စည်းစိမ် ခံစားခဲ့ကြသော မြေကြီးရဲ့ ဆှင်ဘုရင်လို့ဟ သူ့ဟို လောင်ကျွမ်းလဲ့ မီးခိုးဟို မျော်ကြသောအခါ သူ့အတွက် ရင်ဘတ် တီးလျက် ငိုကကြလိမ့်မယ်။
REV 18:10 အဲသူလို့ဟ သူခံရလဲ့ ညှဉ်းဆဲခြင်းဟို ကြောက်သောကျောန့် အဝေးမှ ရပ်လျက် “ကြီးမားသော မြို့၊ အားကြီးသော ဗာဗုလုန်မြို့၊ နင်ဟ စိတ်မချမ်းမြေ့ဖွယ်၊ စိတ်မချမ်းမြေ့ဖွယ် ဖြစ်အယ် ဟုတ်မောင့်လဲ့။ ပစာကို့ နင်ခံရလဲ့ စီရင်ခြင်းဟ တိုတောင်းသော အချိန် တခုအတွင်းနှိုက် ကျရောက်လေပီ” ဟု ဆိုကြလိမ့်မယ်။
REV 18:11 မြေကြီးပေါ်ဆိ ကုန်သည်များဟလည်း သူလို့ရဲ့ ကုန်ပစ္စည်းများဟို ဝယ်ယူမဲ့သူ တစုံတဦးမျှ မဆိတော့သဖြင့် သူ့အတွက် ဝမ်းနည်းကြေကွဲလျက် ငိုကလိမ့်မယ်။
REV 18:12 သူလို့ရဲ့ ကုန်ပစ္စည်းများမှာ ဆွေ၊ ငွေ၊ ကျောက်မျက်ရတနာ၊ ပုလဲ၊ ပိတ်ချော၊ ခရမ်းရောင်အထည်၊ ပိုးထည်၊ နီမောင်းသောအဝတ်၊ သစ်မွှေးအမျိုးမျိုး၊ ဆင်စွယ်ပစ္စည်းအမျိုးမျိုး၊ အဖိုးတန်သော သစ်သား၊ ကြေး၊ သံ၊ ကျောက်ဖြူလို့ဖြင့် ပြုလုပ်သော ပစ္စည်းအမျိုးမျိုး၊
REV 18:13 သစ်ကြံပိုး၊ ဟင်းခတ်အမွှေးအကြိုင်၊ နံ့သာပေါင်း၊ ဆီမွှေး၊ လောဗန်၊ စပျစ်ယေ၊ ဆီ၊ ဂျုံမှုန့်၊ ဂျုံဆန်၊ ကျွဲ၊ နွား၊ သိုး၊ မြင်း၊ ရထား၊ အစေခံနဲ့ လူ့အသက်လို့ပင် ဖြစ်ကြအယ်။
REV 18:14 သူလို့ဟ “နင် လိုချင် တောင့်တလဲ့အရာများဟ မဆိတော့ပီ။ စည်းစိမ်ချမ်းသာ ဂုဏ်အသရေလို့ဟလည်း ကွယ်ပျောက်သွားလေပီ။ အဲအရာများဟို နင်ဟ နောက်တဖန် ရဆိတော့မယ် မဟုတ်” ဟု ဆိုကြအယ်။
REV 18:15 ဗာဗုလုန်မြို့ဟို အမှီပြုယွေ့ အဲကုန်ပစ္စည်းများဟို ရောင်းဝယ်ခြင်းအားဖြင့် ချမ်းသာကြွယ်ဝလာသော ကုန်သည်ကြီးများဟ အဲမြို့ခံရလဲ့ ဒဏ်ကျောန့် ကြောက်ရွံ့တုန်လှုပ်ကာ အဝေးမှ ရပ်လျက်
REV 18:16 ပိတ်ချော၊ ခရမ်းရောင်နဲ့ နီမြန်းသော အဝတ်လို့ဟို ဝတ်ဆင်ထားလျက် ဆွေ၊ ကျောက်မျက်ရတနာနဲ့ ပုလဲလို့ဖြင့် တန်ဆာဆင်ထားသော မြို့ကြီး၊ “နင်ဟ စိတ်မချမ်းမြေ့ဖွယ်၊ စိတ်မချမ်းမြေ့ဖွယ် ဖြစ်ပါအယ် ဟုတ်မောင့်လဲ့။
REV 18:17 အကျောန်းမှာ ဟေမျှလောက် များပြားသော စည်းစိမ်ဟ တိုတောင်းသောအချိန် တခုအတွင်း လုံးလုံး ဖျက်ဆီးခြင်း ခံရပါအယ် ဟုတ်မောင့်လဲ့” ဟု ဆိုကြလိမ့်မယ်။ ယေယဉ်မှူးအားလုံး၊ အရပ်ရပ်ဟို ရွက်လွှင့်တတ်သော သူအပေါင်းလို့နဲ့ သင်္ဘောသားများ၊ ပင်လယ်ထဲနှိုက် အလုပ်လုပ်နေသူ ဆိသမျှလို့ဟလည်း အဝေးမှ ရပ်လျက်၊
REV 18:18 သူ့ဟို လောင်ကျွမ်းနေသော မီးမှ မီးခိုးများဟို မျော်ယွေ့ “ပစာမြို့ဟ ဟေကြီးမားသော မြို့နဲ့ တူလုန်း” ဟု အော်ဟစ်ကြလိမ့်မယ်။
REV 18:19 သူလို့ဟ မြေမှုန့်ဟို မိမိလို့ ခေါင်းပေါ်ဟို ပစ်လောယွေ့ ဝမ်းနည်းကြေကွဲလျက် ငိုကကာ မိမိရဲ့ အဖိုးတန် ပစ္စည်းများကျောန့် ပင်လယ်ထဲဆိ သင်္ဘောများဟို ပိုင်ဆိုင်သူဆိသမျှလို့အား ချမ်းသာစေခဲ့လဲ့ “ကြီးမားသော မြို့၊ နင်ဟ တိုတောင်းသော အချိန် တခုအတွင်းနှိုက် လုံးလုံး ဖျက်ဆီးခြင်း ခံရတာ ဖြစ်ယွေ့ စိတ်မချမ်းမြေ့ဖွယ်၊ စိတ်မချမ်းမြေ့ဖွယ် ဖြစ်တာ ဟုတ်မောင့်လဲ့” ဟု အော်ဟစ် ပြောဆိုကြအယ်။
REV 18:20 ခေါန်းခင်မှစယွေ့ သန့်ဆှင်းသူများ၊ တမန်တော်များနဲ့ ပရောဖက်များလို့ အဲမြို့ရဲ့ အဖြစ်ကျောန့် ပျော်ရွှင်ကြလော့။ အကျောန်းမှာ ဘုရားသခင်ဟ နင်လို့ဘက်နှိုက် နေယွေ့ အဲမြို့အပေါ် ပစ်ဒဏ်စီရင်ခြင်းဟို သက်ရောက်စေပီ။
REV 18:21 အဲပင်းရင် ခွန်အားကြီးသော ခေါန်းခင်တမန် တပါးဟ ကြီးမားလဲ့ ကြိတ်ဆုံလို ကျောက်တုံးတတုံးဟို ချီယူယွေ့ ပင်လယ်ထဲဟို လောချကာ “ဗာဗုလုန်မြို့ကြီးဟ ဟေလို ကြမ်းတမ်းစွာ လောချခြင်းဟို ခံရယွေ့ ဖယ်စခါမျှ တွေ့ရတော့မယ် မဟုတ်။
REV 18:22 စောင်းသမား၊ တေးဂီတသမား၊ ပလွေသမား၊ တံပိုးခရာသမားလို့ရဲ့ တီးမှုတ်သံဟို နင့်အထဲနှိုက် ဖယ်စခါမျှ ကြားရတော့မယ် မဟုတ်။ အမျိုးမျိုးသော လက်မှုပညာ တတ်ကျွမ်းသော စလို လက်မှုပညာဟိုမျှ နင့်အထဲနှိုက် ဖယ်စခါမျှ မျော်ရတော့မှာ မဟုတ်။ ကြိတ်ဆုံသံဟိုလည်း ဖယ်စခါမျှ ကြားတော့မှာ မဟုတ်။
REV 18:23 ဆီမီးရဲ့ အလင်းဟိုလည်း နင့်အထဲနှိုက် ဖယ်စခါမျှ ထွန်းလင်းတော့မှာ မဟုတ်။ မင်္ဂလာဆောင် သတို့သားနဲ့ သတို့သမီးလို့ရဲ့ အသံဟိုလည်း နင့်အထဲနှိုက် ဖယ်စခါမျှ ကြားရတော့မှာ မဟုတ်။ အကျောန်းမှာ နင်ရဲ့ ကုန်သည်လို့ဟ လောကီမှူးမတ်များ ဖြစ်ကြအယ်။ လူမျိုးတကာလို့ဟလည်း နင်ရဲ့ ပြုစားခြင်းဖြင့် လှည့်စားခြင်းဟို ခံခဲ့ရကြအယ်” ဟု ဆိုလေအယ်။
REV 18:24 ပရောဖက်များ၊ သန့်ဆှင်းသူများနဲ့ မြေကြီးပေါ်တွင် အသေသတ်ခြင်း ခံခဲ့ရသောသူအပေါင်းလို့ရဲ့ အသွေးဟိုလည်း အဲမြို့နှိုက် တွေ့ရအယ်။
REV 19:1 အဲပင်းရင် ခေါန်းခင်ဆိ ရမ်းဆာ့သော လူအုပ်လို့ရဲ့ ကျယ်လောင်လဲ့ အသံလိုမျိုး အသံဟို ငါ ကြားရအယ်။ သူလို့ဟ “ဟာလေလုယာ၊ ကယ်တင်ခြင်း၊ ဘုန်းအသရေတော်နဲ့ တန်ခိုးတော်လို့ဟ ငါလို့ ဘုရားသခင်နဲ့ ဆိုင်အယ်။
REV 19:2 အကျောန်းမှာ ကိုယ်တော်ရဲ့ တရားစီရင်ချက်လို့ဟ မန်ကန်ယွေ့ ဖြောင့်မတ်အယ်။ မတရားသော မေထုန်ပြုခြင်းအားဖြင့် မြေကြီးအား ပျက်စီးစေလဲ့ ပြေ့တန်ဆာမကြီးဟို ကိုယ်တော်ဟ စီရင်လျက် သူရဲ့ လက်နှိုက် စွန်းထင်းသော ကိုယ်တော်ရဲ့ အစေခံလို့ရဲ့ အသွေးအတွက် လက်တုံ့ပြန်ပီ” ဟု ဆိုကြအယ်။
REV 19:3 အဲပင်းရင် တဖန် သူလို့ဟ “ဟာလေလုယာ၊ သူရဲ့ မီးခိုးဟ ကမ္ဘာအဆက်ဆက် တက်သွားလျက် ဆိအယ်” ဟု ဆိုကြအယ်။
REV 19:4 အသက်ကြီးသူ ၂၄ ပါးနဲ့ သတ္တဝါလေးပါးလို့ဟ ပျပ်ဝပ်ယွေ့ ပလ္လင်တော်ပေါ်မှာ ထိန်သော ဘုရားသခင်ဟို ကိုးကွယ်လျက် “အာမင်၊ ဟာလေလုယာ” ဟု ဆိုကြအယ်။
REV 19:5 ပလ္လင်တော်မှ ထွက်လာသော အသံဟလည်း “ဘုရားသခင်ရဲ့ အစေခံအပေါင်းလို့နဲ့ ဘုရားသခင်ဟို ကြောက်ရွံ့သောသူ အကြီးအငယ်အပေါင်းလို့၊ ငါလို့ရဲ့ ဘုရားသခင်ဟို ချီးမွန်းကြလော့” ဟု ဆိုအယ်။
REV 19:6 အဲပင်းရင် ရမ်းဆာ့သော လူအစုဝေးရဲ့ အသံနဲ့ လည်းကောင်း၊ ရမ်းဆာ့သော ယေဟုန်ရဲ့ အသံ လည်းကောင်း၊ ပြင်းထန်သော မိုးကြိုးသံနဲ့ လည်းကောင်း တူလဲ့အသံဟ “ဟာလေလုယာ၊ အနန္တတန်ခိုးနဲ့ ပြေ့စုံသော ငါလို့ရဲ့ ဘုရားသခင် ထာဝရဘုရားဟ စိုးစံတာ ဖြစ်ယွေ့
REV 19:7 ငါလို့ဟ ဝမ်းမြောက်ရွှင်မြူးလျက် ကိုယ်တော်ရဲ့ ဘုန်းတော်ဟို ချီးမွန်းကြစို့။ အကျောန်းမှာ သိုးသငယ်ရဲ့ မင်္ဂလာဆောင်ပွဲ အချိန်ကျရောက် လာယွေ့ သူရဲ့ သတို့သမီးဟ မိမိတတ်တိုင်း ပြင်ဆင်လေပီ။
REV 19:8 အဲသတို့သမီးဟ စင်ကြယ်တောက်ပသော ပိတ်ချောထည်ဟို ဝတ်ဆင်ခွင့် ရဆိအယ်” ဟု ဆိုတာဟို ငါ ကြားရအယ်။ အဲပိတ်ချောထည်ဟ သန့်ဆှင်းသူလို့ရဲ့ ဖြောင့်မတ်သော အကျင့် ဖြစ်အယ်။
REV 19:9 အဲပင်းရင် ခေါန်းခင်တမန်ဟ “သိုးသငယ်ရဲ့ မင်္ဂလာ ညစာစားပွဲဟို ဖိတ်ခေါ်ခြင်း ခံရသောသူလို့ဟ မင်္ဂလာ ဆိကြအယ်ဟု ရေးထားလော့” ဟူယွေ့ ငါ့အား မြွတ်ဆိုပင်းရင် “ဟေအရာလို့ဟ ဘုရားသခင်ရဲ့ ဖြောင့်မန်သော နှုတ်ကပတ်တော်များ ဖြစ်ကြအယ်” ဟု မြွတ်ဆိုလေအယ်။
REV 19:10 အဲအခါ ငါဟ အဲခေါန်းခင်တမန်ဟို ကိုးကွယ်ရန် သူရဲ့ ခြေရင်းနှိုက် ပျပ်ဝပ်လျက် သူဟ “အဲလိုမပြုနဲ့။ ငါဟ နင်မှစယွေ့ ယေရှုနဲ့ဆိုင်လဲ့ သက်သေခံချက်ဟို ရဆိထားသော နင့်ညီအကိုလို့ရဲ့ လုပ်ဖော်ဆောင်ဖက် အစေခံလည်း ဖြစ်အယ်။ ဘုရားသခင်ဟို ကိုးကွယ်လော့” ဟု ဆိုအယ်။ အကျောန်းမှာ ယေရှုနဲ့ ဆိုင်လဲ့ သက်သေခံချက်ဟ ပရောဖက်ပြု ဟောပြောခြင်းရဲ့ ဝိညာဉ် ဖြစ်အယ်။
REV 19:11 အဲပင်းရင် ငါကျေ့လိုက်ရာ ခေါန်းခင်ဟ ပွင့်လျက် နေယွေ့ မြင်းဖြူတကောင် ဆိအယ်။ အေးအပေါ်တွင် ထိန်နေသောသူဟ သစ္စာဆိသောသူ၊ မန်ကန်သောသူဟု ခေါ်ခြင်းဟို ခံရအယ်။ သူဟ ဖြောင့်မန်စွာ တရားစီရင်ယွေ့ စစ်တိုက်လေအယ်။
REV 19:12 သူရဲ့ မျက်စေ့လို့ဟ မီးလျှံလို ဖြစ်ပင်း သူရဲ့ ဦးခေါင်းပေါ်နှိုက် သရဖူများဟို ဆောင်းထားအယ်။ သူနှိုက် ရေးထားသော နာမတခု ဆိယွေ့ အေးဟာဟို သူတတ်တိုင်းမှ တပါး စသူမျှ မသိ။
REV 19:13 သူဟ အသွေးနှိုက် နှစ်ထားသော ဝတ်လုံဟို ဝတ်ထားလျက် သူရဲ့ နာမယ်ဟို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟု ခေါ်အယ်။
REV 19:14 ခေါန်းခင်ဗိုလ်ခြေလို့ဟ စင်ကြယ်သော ပိတ်ချောဖြူဟို ဝတ်လျက် မြင်းဖြူဟို စီးကာ သူရဲ့ နောက်ဟို လိုက်ကြအယ်။
REV 19:15 လူမျိုးတကာလို့ဟို နှိမ်နှင်းရန် ထက်သော သန်လျက်ဟ သူရဲ့ စလောင်တွင်းမှ ထွက်နေအယ်။ သူဟ သူလို့ဟို သံလှံတံဖြင့် အုပ်စိုးလိမ့်မယ်။ သူဟ အနန္တတန်ခိုးနဲ့ ပြေ့စုံသော ဘုရားသခင်ရဲ့ အမျက်တော်ဆိုင်ရာ ပြင်းစွာသော ဒေါသစပျစ်ယေရဲ့ စပျစ်သီးနယ်ရာကျင်းဟို နင်းနယ်လိမ့်မယ်။
REV 19:16 ကိုယ်တော်ရဲ့ ဝတ်လုံနဲ့ ပေါင်လို့တွင် “ဘုရင်တကာလို့ရဲ့ ဘုရင်၊ အဆှင်တကာလို့ရဲ့ အဆှင်” ဟူသော အမယ်နာမဟို ရေးထားလျက် ဆိအယ်။
REV 19:17 အဲပင်းရင် နေထဲတွင် ခေါန်းခင်တမန် တပါး ရပ်လျက် နေတာဟို ငါ မျော်ရအယ်။ သူဟ ခေါန်းခင်အလယ်နှိုက် ပျံသန်းနေသော ငက်အပေါင်းလို့အား “လာကြ၊ ဘုရားသခင်ရဲ့ စားပွဲတော်ကြီးဟို စုဝေးကြလော့။
REV 19:18 နင်လို့ဟ ဆှင်ဘုရင်လို့ရဲ့ အသား၊ တပ်မှူးကြီးလို့ရဲ့ အသား၊ လွတ်လပ်သောသူနဲ့ ကျွန်များမှ စယွေ့ လူကြီးလူငယ် ဆိသမျှလို့ရဲ့ အသားဟို လာယွေ့ စားကြလော့” ဟု အသံအကျယ်ရီးဖြင့် ကြွေးကြော်လေအယ်။
REV 19:19 အဲအခါ သားရဲမှ စယွေ့ မြေကြီးရဲ့ ဆှင်ဘုရင်များနဲ့ ၎င်းလို့ရဲ့ ဗိုလ်ခြေများဟ မြင်းစီးသောသူနဲ့ သူရဲ့ ဗိုလ်ခြေဟို စစ်တိုက်ရန် စုဝေးကြတာဟို ငါ မျော်ရအယ်။
REV 19:20 အဲလိုလဲ သားရဲဟ မိစ္ဆာပရောဖက်နဲ့ အတူ အဖမ်းခံရအယ်။ အဲမိစ္ဆာပရောဖက်ဟ သားရဲရဲ့ ဆေ့မှောက်နှိုက် နိမိတ်လက္ခဏာများဟို ပြုလျက် အဲနိမိတ်လက္ခဏာများအားဖြင့် သားရဲရဲ့ တံဆိပ်ဟို ခံယူယွေ့ သူရဲ့ ရုပ်တုဟို ကိုးကွယ်သောသူလို့အား လှည့်စားသောသူ ဖြစ်အယ်။ အဲသူနေဦးစလုံးလို့ဟ ကန့်နဲ့ လောင်သော မီးအိန်ထဲဟို အဆှင်လတ်လတ် လောချခြင်း ခံရကြအယ်။
REV 19:21 ကြွင်းသောသူလို့ဟ မြင်းစီးသောသူရဲ့ စလောင်တွင်းထဲဟ ထွက်သော သန်လျက်နဲ့ ကွပ်မျက်ခြင်းဟို ခံရကြအယ်။ သူလို့ရဲ့ အသားဟို ငက်အပေါင်းလို့ဟ ဝစွာ စားရကြအယ်။
REV 20:1 အဲပင်းရင် ခေါန်းခင်တမန် တပါးဟ တွင်းနက်ကြီးရဲ့ သော့နဲ့ သံကြိုးကြီးဟို ကိုင်လျက် ခေါန်းခင်ဟ ဆင်းသက်လာတာဟို ငါမျော်အယ်။
REV 20:2 သူဟ မာရ်နတ် စာတန်ဖြစ်လဲ့ ဆေ့မြွေဟောင်း တည်းဟူသော နဂါးဟို ဖမ်းလျက် အနှစ်တထောင် တုပ်ချေထားအယ်။
REV 20:3 အနှစ်တထောင် ကုန်ဆုံးသည်အထိ လူများလို့ဟို နောက်ထပ် မလှည့်စားနိန်ရန် သူ့ဟို တွင်းနက်ကြီးထဲဟို လောချလျက် ပိတ်လှောင်ထားယွေ့ တံဆိပ်ခတ်လေအယ်။ အနှစ်တထောင် ကုန်ပင်းမှ တဖန် ခဏ လွှတ်ရဦးမယ်။
REV 20:4 ပလ္လင်များဟိုလည်း ငါမျော်အယ်။ ပလ္လင်ပေါ်မှာ ထိန်သောသူလို့ဟ တရားစီရင်ရသော အခွင့်ဟို ရကြအယ်။ တဖန် ယေရှုနဲ့ဆိုင်သော သက်သေခံချက်အတွက် လည်းကောင်း၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အတွက် လည်းကောင်း၊ ခေါင်းဖြတ်ခံရသော သူလို့ရဲ့ ဝိညာဉ်များမှ စယွေ့ သားရဲနဲ့ သူရဲ့ ရုပ်တုဟို မကိုးကွယ်၊ သူရဲ့ တံဆိပ်ဟိုလည်း မိမိလို့ရဲ့ နဖူး အဲဟာမဟုတ်ရင် လက်တွင် မခံယူသောသူလို့ဟို ငါ မျော်ရအယ်။ သူလို့ဟ အသက်ပြန်ဆှင်ယွေ့ အနှစ်တထောင်ပတ်လုံး ခရစ်တော်နဲ့အတူ စိုးစံကြအယ်။
REV 20:5 အခြားသော သေလွန်သူလို့ဟ အနှစ်တထောင် ကုန်ဆုံးသည်အထိ အသက်ပြန် မဆှင်ကြ။ ဟေဟာဟ ပထမ ဆှင်ပြန်ထမြောက်ခြင်း ဖြစ်အယ်။
REV 20:6 ပထမ ဆှင်ပြန်ထမြောက်ခြင်းနှိုက် ပါသောသူဟ မင်္ဂလာဆိသူ၊ သန့်ဆှင်းသူ ဖြစ်အယ်။ ဒုတိယသေခြင်းဟ သူလို့အပေါ် စလို အခွင့်အာဏာမျှ မဆိ၊ သူလို့ဟ ဘုရားသခင်နဲ့ ခရစ်တော်ရဲ့ ယဇ်ပုရောဟိတ်များ ဖြစ်ကြပင်း ခရစ်တော်နဲ့အတူ အနှစ်တထောင် စိုးစံကြလိမ့်မယ်။
REV 20:7 အဲအနှစ်တထောင် ကုန်ဆုံးသောအခါ စာတန်ဟ သူချုပ်နှောင်ခံရသော ထောင်ထဲမှ လွှတ်ခြင်း ခံရယွေ့
REV 20:8 မြေကြီး လေးမျက်နှာဆိ လူမျိုးများ ဖြစ်ကြလဲ့ ဂေါဂ၊ မာဂေါဂဟို လှည့်စားရန်နဲ့ စစ်ပွဲအတွက် သူလို့ဟို စုဝေးရန် ထွက်သွားလိမ့်မယ်။ သူလို့ရဲ့ အရေအတွက်ဟ ပင်လယ် သဲပွင့်များနဲ့အမျှ ဆိကြအယ်။
REV 20:9 သူလို့ဟ မြေကြီးရဲ့ ကျယ်ပြန့်သောအရပ်ဟို ချီတက်ယွေ့ သန့်ဆှင်းသူလို့ရဲ့ စခန်းနဲ့ ချစ်သောမြို့ဟို ဝိုင်းကြအယ်။ အဲအခါ ခေါန်းခင်မှ မီး ကျလာယွေ့ သူလို့ဟို လောင်ကျွမ်းလေအယ်။
REV 20:10 သူလို့ဟို လှည့်စားသော မာရ်နတ်ဟလည်း သားရဲနဲ့ မိစ္ဆာပရောဖက်လို့ဆိရာ ကန့်နဲ့ ရောသော မီးအိန်ထဲဟို လောချခြင်း ခံရအယ်။ သူလို့ဟ အဲနေရာနှိုက် နေ့ရောညပါ ကမ္ဘာအဆက်ဆက် ညှဉ်းဆဲခြင်းဟို ခံရကြလိမ့်မယ်။
REV 20:11 အဲပင်းရင် ဖြူသော ပလ္လင်ကြီးနဲ့ အဲပလ္လင်ပေါ်တွင် ထိန်သောသူဟို ငါ မျော်ရအယ်။ ခေါန်းခင်နဲ့ မြေကြီးဟ အဲသူရဲ့ မျက်မှောက်မှ ပျောက်လွင့်သွားယွေ့ အေးဟာအတွက် နေရာမဆိ။
REV 20:12 တဖန် သေလွန်သောသူ အကြီးအငယ်လို့ဟ ပလ္လင်တော် ဆေ့နှိုက် ရပ်နေကြတာဟို ငါ မျော်ရအယ်။ စာစောင်များဟို ဖွင့်ထားယွေ့ အသက်စာစောင် တည်းဟူသော အခြားသော စာစောင်ဟိုလည်း ဖွင့်ထားအယ်။ သေလွန်သောသူလို့ဟ အဲစာစောင်များတွင် ရေးထားလဲ့အတိုင်း မိမိလို့ ပြုသောအမှုများနဲ့အညီ တရားစီရင်ခြင်းဟို ခံရကြအယ်။
REV 20:13 ပင်လယ်ဟ မိမိနှိုက် ဆိသော လူသေလို့ဟို ပေးအပ်လေအယ်။ သေခြင်းနဲ့ မရဏာနိုင်ငံလို့ဟလည်း မိမိနှိုက် ဆိသော လူသေလို့ဟို ပေးအပ်ကြအယ်။ အဲအခါ လူအသီးသီးလို့ဟ မိမိလို့ ပြုသောအမှုများနဲ့အညီ တရားစီရင်ခြင်းဟို ခံရကြအယ်။
REV 20:14 အဲပင်းရင် သေခြင်းနဲ့ မရဏာနိုင်ငံလို့ဟ မီးအိန်ထဲဟို လောချခြင်း ခံရကြအယ်။ (ဟေမီးအိန်ဟ ဒုတိယသေခြင်း ဖြစ်အယ်။)
REV 20:15 အသက်စာစောင်နှိုက် စာရင်းမဝင်သောသူ ဆိသမျှလို့ဟလည်း မီးအိန်ထဲဟို လောချခြင်း ခံရကြအယ်။
REV 21:1 အဲပင်းရင် ခေါန်းခင်သစ်နဲ့ မြေကြီးသစ်ဟို ငါ မျော်ရအယ်။ အကျောန်းမှာ ပထမ ခေါန်းခင်နဲ့ ပထမ မြေကြီးဟ ပျောက်ကွယ်သွားယွေ့ ပင်လယ်ဟလည်း မဆိ။
REV 21:2 တဖန် သန့်ဆှင်းသော ယေရုရှလင်မြို့သစ်ဟ သတို့သားအတွက် ဆင်မြန်းထားလဲ့ သတို့သမီးလို ပြင်ဆင်လျက် ဘုရားသခင်ဆေ ခေါန်းခင်မှ ဆင်းသက်လာတာဟို ငါ မျော်ရအယ်။
REV 21:3 အဲပင်းရင် ပလ္လင်တော်မှ အသံအကျယ်ရီးဖြင့် “ကျေ့လော့၊ ဘုရားသခင်ရဲ့ တဲတော်ဟ လူလို့တွင် ဆိယွေ့ ကိုယ်တော်ဟ သူလို့နဲ့အတူ ကျိန်းဝပ်လိမ့်မယ်။ သူလို့ဟလည်း ကိုယ်တော်ရဲ့ လူမျိုးတော် ဖြစ်ကြပင်း ဘုရားသခင်တတ်တိုင်း သူလို့နဲ့အတူ ဆိယွေ့ သူလို့ရဲ့ ဘုရားသခင် ဖြစ်ကြလိမ့်မယ်။
REV 21:4 ကိုယ်တော်ဟ သူလို့ရဲ့ မျက်စေ့မှ မျက်ရည်ဆိသမျှလို့ဟို သုတ်ပေးလိမ့်မယ်။ သေခြင်းဟ ဆိတော့မှာ မဟုတ်၊ ဝမ်းနည်းကြေကွဲခြင်း၊ အော်ဟစ် ငိုကခြင်းနဲ့ နာကျင်ခြင်း ဝေဒနာလို့ဟလည်း ဆိတော့မှာ မဟုတ်၊ အကျောန်းမှာ မခင် ဖြစ်ခဲ့လဲ့အရာလို့ဟ ပျောက်ကွယ်သွားကြပီ” ဟု ဆိုတာဟို ငါ ကြားရအယ်။
REV 21:5 ပလ္လင်ပေါ်တွင် ထိန်နေသောသူဟလည်း “ကျေ့လော့၊ ငါဟ အရာခပ်သိမ်းလို့ဟို အသစ် ဖြစ်စေအယ်” ဟု မိန့်ပင်း “ရေးထားလော့။ ဟေစကားလို့ဟ သစ္စာစကား၊ မန်ကန်သောစကား ဖြစ်ကြအယ်” ဟု မိန့်အယ်။
REV 21:6 တဖန် ကိုယ်တော်ဟ “အမှုပီးပီ။ ငါဟ အာလာဖနဲ့ ဩမေဃ ဖြစ်အယ်။ အစနဲ့ အဆုံး ဖြစ်အယ်။ ယေငတ်သောသူအား အသက်စမ်းယေဟို အလကားကား ငါပေးမယ်။
REV 21:7 အောန်မြင်သောသူဟ ဟေအရာလို့ဟို အမွေဆက်ခံရလိမ့်မယ်။ ငါဟ သူရဲ့ ဘုရားသခင် ဖြစ်မယ်၊ သူဟလည်း ငါရဲ့ လူပဲ့သငယ် ဖြစ်လိမ့်မယ်။
REV 21:8 အဲလိုလဲ ကြောက်တတ်သောသူ၊ မယုံကြည်သောသူ၊ စက်ဆုပ်ရွံဆှာဖွယ်သောသူ၊ လူ့အသက်ဟို သတ်သောသူ၊ မတရားသော မေထုန်နှိုက် မှီဝဲသောသူ၊ ပြုစားသောသူ၊ ရုပ်တုကိုးကွယ်သောသူ၊ သစ္စာပျက်သောသူအပေါင်းလို့ဟ ကန့်နဲ့ လောင်သော မီးအိန်ထဲနှိုက် မိမိလို့ အဖို့ဟို ရကြလိမ့်မယ်။ ဟေဟာဟ ဒုတိယ သေခြင်း ဖြစ်အယ်” ဟု မိန့်အယ်။
REV 21:9 အဲပင်းရင် နောက်ဆုံးသော ဘေးဒဏ် ခုနေပါးနဲ့ ပြေ့နေသော ဖလား ခုနေလုံးဟို ကိုင်ဆောင်လဲ့ ခေါန်းခင်တမန် ခုနေပါးထဲမှ တပါးဟ လာယွေ့ ငါနဲ့ စကားပြောလျက် “လာမန့်၊ သိုးသငယ်ရဲ့ ပေါင်အိုမဖြစ်သော သတို့သမီးဟို နင့်အား ငါ ပြမယ်” ဟု ဆိုအယ်။
REV 21:10 ခေါန်းခင်တမန်ဟ ကြီးမားယွေ့ မြင့်လသော တောင်ပေါ်ဟို ဝိညာဉ်တော်အားဖြင့် ငါ့ဟို ခေါ်ဆောင်သွားကာ ဘုရားသခင်ဆေ ခေါန်းခင်ထက်မှ ဆင်းသက်လာလဲ့ သန့်ဆှင်းသော ယေရုရှလင်မြို့ဟို ငါ့အား ပြလေအယ်။
REV 21:11 အဲမြို့ဟ ဘုရားသခင်ရဲ့ ဘုန်းအသရေတော်နဲ့ ပြေ့စုံယွေ့ အေးအရောင်ဟ ကျောက်မျက်ရတနာနဲ့ တူပင်း ကျောက်သလင်းသဖွယ် ကြည်လင်သော နဂါးသွဲ့ကျောက်လိုမျိုး ဖြစ်အယ်။
REV 21:12 အဲမြို့တွင် ကြီးမားယွေ့ မြင့်လသော မြို့ရိုး ဆိလျက် ထင်ခါး တဆယ့်နေပေါက် ဆိအယ်။ ထင်ခါးများတွင် ခေါန်းခင်တမန် တဆယ့်နေပါး ဆိယွေ့ အဲထင်ခါးများပေါ်နှိုက် ဣသရေလအမျိုး တဆယ့်နေမျိုးလို့ရဲ့ အမယ်နာမများဟို ရေးထိုးထားအယ်။
REV 21:13 အဆေ့ဘက်တွင် ထင်ခါး သုံးပေါက်၊ မြောက်ဘက်တွင် ထင်ခါး သုံးပေါက်၊ တောင်ဘက်တွင် ထင်ခါး သုံးပေါက်၊ အနောက်ဘက်တွင် ထင်ခါး သုံးပေါက် ဆိအယ်။
REV 21:14 မြို့ရိုးတွင် အုတ်မြစ် တဆယ့်နေခု ဆိယွေ့ အေးအပေါ်နှိုက် သိုးသငယ်ရဲ့ တမန်တော် တဆယ့်နေပါးလို့ရဲ့ နာမယ် တဆယ့်နေခုဟို ရေးထားအယ်။
REV 21:15 ငါနဲ့ စကားပြောသော ခေါန်းခင်တမန်နှိုက် အဲမြို့ဟို လည်းကောင်း၊ မြို့ထင်ခါးနဲ့ မြို့ရိုးလို့ဟို လည်းကောင်း တိုင်းရန် တိုင်းစရာ ဆွေကျူရိုး ဆိအယ်။
REV 21:16 အဲမြို့ဟ စတုရန်းပုံ ဆိယွေ့ အေးရဲ့ အလျားနဲ့ အနံ့ဟ တူညီအယ်။ ခေါန်းခင်တမန်ဟ ဆွေကျူရိုးဖြင့် မြို့ဟို တိုင်းလေရာ မိုင်ပေါင်း ၁,၃၈၀ ခန့် ဆိယွေ့ အေးရဲ့ အလျား၊ အနံ့၊ အမြင့်လို့ဟ တူညီကြအယ်။
REV 21:17 အဲပင်းရင် မြို့ရိုးဟို တိုင်းလေရာ ခေါန်းခင်တမန် အသုံးပြုလဲ့ လူလို့ရဲ့ အတိုင်းအတာအရ အမြင့် ၂၁၆ ပေ ဆိအယ်။
REV 21:18 အဲမြို့ရိုးဟို နဂါးသွဲ့ကျောက်ဖြင့် တည်ဆောက်ထားယွေ့ မြို့ဟ ကြည်လင်သော ဖန်သားနဲ့တူလဲ့ ဆွေစင် ဖြစ်အယ်။
REV 21:19 မြို့ရိုးရဲ့ အုတ်မြစ်လို့ဟို ကျောက်မျက်ရတနာ အမျိုးမျိုးဖြင့် တန်ဆာဆင်ထားအယ်။ ပထမ အုတ်မြစ်မှာ နဂါးသွဲ့၊ ဒုတိယမှာ နီလာ၊ တတိယမှာ မဟူရာ၊ စတုတ္ထမှာ မြ၊
REV 21:20 ပဉ္စမမှာ ကြောင်၊ ဆဋ္ဌမမှာ ပတ္တမြား၊ သတ္တမမှာ ခရုသုလိတ်၊ အဋ္ဌမမှာ မျက်ရွဲ၊ နဝမမှာ ဥဿဖရား၊ ဒသမမှာ မဟူရာစိမ်း၊ ဧကဒသမမှာ နီလာသွေး၊ ဒွါဒသမမှာ နီလာခရမ်း ဖြစ်အယ်။
REV 21:21 မြို့ထင်ခါး တဆယ့်နေပေါက်လို့ဟ ပုလဲတဆယ့်နေလုံး ဖြစ်ကြပင်း ထင်ခါးပေါက် တလုံးစီဖြင့် ပြုလုပ်ထားအယ်။ မြို့ရဲ့ လမ်းမဟလည်း ကြည်လင်သော ဖန်လို ဆွေစင် ဖြစ်အယ်။
REV 21:22 အဲမြို့နှိုက် ဗိမာန်တော်ဟို ငါ မမျော်ရ။ အကျောန်းမှာ အနန္တတန်ခိုးနဲ့ ပြေ့စုံသော ထာဝရအဆှင် ဘုရားသခင်နဲ့ သိုးသငယ်ဟ အဲမြို့ရဲ့ ဗိမာန်တော် ဖြစ်အယ်။
REV 21:23 ဘုရားသခင်ရဲ့ ဘုန်းအသရေတော်ဟ အဲမြို့ဟို ထွန်းလင်းစေရန် သိုးသငယ်ဟ အဲမြို့ရဲ့ မီးဖူး ဖြစ်သောကျောန့် အဲမြို့ဟို ထွန်းလင်းစေရန် နေနဲ့ လလို့ဟို မလိုအပ်။
REV 21:24 လူမျိုးတကာလို့ဟ အဲမြို့ရဲ့ အလင်းဟို အမှီပြုယွေ့ သွားလာကြလိမ့်မယ်။ မြေကြီးရဲ့ ဆှင်ဘုရင်လို့ဟလည်း မိမိလို့ရဲ့ ဘုန်းအသရေအား အဲမြို့ဟို ယူဆောင် လာကြလိမ့်မယ်။
REV 21:25 အဲနေရာနှိုက် ညမဆိသောကျောန့် မြို့ထင်ခါးများဟို စလို နေ့ရက်တွင်မျှ ပိတ်ထားခြင်း မဆိ။
REV 21:26 လူလို့ဟ လူမျိုးတကာလို့ရဲ့ ဘုန်းအသရေနဲ့ ဂုဏ်အသရေလို့ဟို အဲမြို့ဟို ယူဆောင် လာကြလိမ့်မယ်။
REV 21:27 မစင်ကြယ်သောအရာ တစုံတခုမျှ အဲမြို့ထဲဟို ဝင်ရလိမ့်မယ် မဟုတ်။ ရွံရှာဖွယ်သောအမှုနဲ့ ဝါပြောသောသူဟလည်း ဝင်ရလိမ့်မယ် မဟုတ်။ သိုးသငယ်တော်ရဲ့ အသက်စာစောင်တွင် စာရင်းဝင်သော သူလို့သာ ဝင်ရကြလိမ့်မယ်။
REV 22:1 အဲပင်းရင် ခေါန်းခင်တမန်ဟ ကျောက်သလင်းလို ကြည်လင်တောက်ပသော အသက်ယေစီးရာ မြစ်ဟို ငါ့အား ပြလေအယ်။ အဲမြစ်ဟ ဘုရားသခင်နဲ့ သိုးသငယ်ရဲ့ ပလ္လင်တော်မှ ထွက်ယွေ့
REV 22:2 မြို့ရဲ့ လမ်းမအလယ်တဆှောက် စီးဆင်းနေအယ်။ မြစ်ရဲ့ တဖက်တချက်စီနှိုက် အသီးတဆယ့်နေမျိုး သီးယွေ့ မိမိအသီးဟို လစဉ်ပေးတတ်လဲ့ အသက်ပင် ဆိအယ်။ အဲအပင်မှ အရွက်များဟလည်း လူမျိုးတကာလို့ရဲ့ ကျန်းမာခြင်းအတွက် ဖြစ်အယ်။
REV 22:3 ကျိန်ဆဲခြင်း ခံရသောအရာ တစုံတခုမျှ ဆိတော့မှာ မဟုတ်။ ဘုရားသခင်နဲ့ သိုးသငယ်ရဲ့ ပလ္လင်တော်ဟ အဲမြို့တွင် ဆိယွေ့ ကိုယ်တော်ရဲ့ အစေခံလို့ဟ ကိုယ်တော်ဟို ကိုးကွယ်ကြလိမ့်မယ်။
REV 22:4 သူလို့ဟ ကိုယ်တော်ရဲ့ မျက်နှာဟို မျော်ရကြလိမ့်မယ်။ ကိုယ်တော်ရဲ့ နာမဟလည်း သူလို့ရဲ့ နဖူးပေါ်နှိုက် ဆိလိမ့်မယ်။
REV 22:5 ညဟ ဆိတော့မှာ မဟုတ်။ ထာဝရအဆှင် ဘုရားသခင်ဟ သူလို့အပေါ် ထွန်းလင်းတာ ဖြစ်ယွေ့ မီးဖူးရဲ့ အလင်းနဲ့ နေရဲ့ အလင်းလို့ လိုအပ်တော့ဝူး။ သူလို့ဟ ကမ္ဘာအဆက်ဆက် စိုးစံကြလိမ့်မယ်။
REV 22:6 အဲပင်းရင် ခေါန်းခင်တမန်ဟ “ဟေစကားဟ သစ္စာစကား၊ မန်ကန်သော စကား ဖြစ်ကြအယ်။ ပရောဖက်လို့ရဲ့ ဝိညာဉ်များဟို ပိုင်သသော ထာဝရအဆှင် ဘုရားသခင်ဟ မကြာမီအတွင်း ဖြစ်ပျက်ရမဲ့အရာများဟို မိမိအစေခံလို့အား ပြသရန် မိမိရဲ့ ခေါန်းခင်တမန်ဟို စေလွှတ်အယ်” ဟု မြွတ်ဆိုလေအယ်။
REV 22:7 ယေရှုဟ “ကျေ့လော့၊ ငါဟ အလျင်အမြန် လာမယ်။ ဟေစာစောင်ထဲမှ ပရောဖက်ပြုဟောပြောသော စကားလို့ဟို လိုက်နာ စောင့်ထိန်းသောသူဟ မင်္ဂလာဆိအယ်” ဟု မိန့်အယ်။
REV 22:8 ငါ ယောဟန်ဟ ဟေအကျောန်းအရာများဟို မျော်ရ ကြားရသောသူ ဖြစ်အယ်။ ငါဟ မျော်ရကြားရသောအခါ ၎င်းလို့ဟို ငါ့အား ပြသသော ခေါန်းခင်တမန်ဟို ကိုးကွယ်ရန် သူရဲ့ ခြေရင်းနှိုက် ပျပ်ဝပ်လိုက်အယ်။
REV 22:9 သူဟ “အဲလိုမပြုနဲ့၊ ငါဟ နင်မှစယွေ့ နင့်ညီအကိုလို့ ဖြစ်ကြလဲ့ ပရောဖက်များနဲ့ ဟေစာစောင်နှိုက် ပါသော စကားလို့ဟို လိုက်နာစောင့်ထိန်းသော သူများရဲ့ အစေခံသာ ဖြစ်အယ်။ ဘုရားသခင်ဟိုသာ ကိုးကွယ်လော့” ဟု ဆိုအယ်။
REV 22:10 တဖန် သူဟ “ဟေစာစောင်ထဲမှ ပရောဖက်ပြု ဟောပြောသော စကားလို့ဟို တံဆိပ်မခတ်နဲ့။ ပစာကို့ အချိန် နီးကပ်လာပီ။
REV 22:11 မတရားသဖြင့် ပြုသောသူဟ ဆက်ယွေ့ မတရားသဖြင့် ပြုမန့်။ ညစ်ညူးသောသူဟ ဆက်ယွေ့ ညစ်ညူးမန့်၊ ဖြောင့်မတ်သောသူဟ ဆက်ယွေ့ ဖြောင့်မတ်သောအမှုဟို ပြုမန့်။ သန့်ဆှင်းစင်ကြယ်သောသူဟ ဆက်ယွေ့ သန့်ဆှင်းခြင်း ဆိမန့်” ဟု ငါ့အား ဆိုအယ်။
REV 22:12 ယေရှုဟ “ကျေ့လော့၊ ငါဟ အလျင်အမြန် လာမယ်။ ငါပေးမဲ့ အကျိုးအပစ်ဟို ယူဆောင်လာယွေ့ လူအသီးသီးလို့အား မိမိလို့ ပြုသောအမှုအတိုင်း ငါဆပ်ပေးမယ်။
REV 22:13 ငါဟ အာလဖနဲ့ ဩမေဃလည်း ဖြစ်အယ်။ အဦးဆုံးသောသူနဲ့ နောက်ဆုံးသောသူလည်း ဖြစ်အယ်။ အစနဲ့ အဆုံးလည်း ဖြစ်အယ်” ဟု မိန့်အယ်။
REV 22:14 “မိမိဝတ်လုံများဟို လျှော်ဖွတ်ယွေ့ အသက်ပင်နဲ့ သက်ဆိုင်သောအခွင့်ဟို ရဆိပင်း ထင်ခါးများမှ မြို့ထဲဟို ဝင်ခွင့်ဟို ရဆိသောသူလို့ဟ မင်္ဂလာ ဆိကြအယ်။
REV 22:15 အပြင်နှိုက် ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသော မေထုန်နှိုက် မှီဝဲသောသူ၊ လူအသက်ဟို သတ်သောသူ၊ ရုပ်တုကိုးကွယ်သောသူ၊ ဝါပြောခြင်းဟို နှစ်သက်ယွေ့ ပြုသောသူအပေါင်းလို့ဟ ဆိကြအယ်။
REV 22:16 “ငါ ယေရှုဟ အသင်းတော်များအတွက် ဟေအကျောန်းအရာများဟို နင်လို့အား သက်သေခံရန် ငါရဲ့ ခေါန်းခင်တမန်ဟို စေလွှတ်လိုက်အယ်။ ငါဟ ဒါဝိဒ်ရဲ့ အမြစ်နဲ့ အမျိုးအနွယ် ဖြစ်ပင်း တောက်ပသော မိုးသောက်ကြယ် ဖြစ်အယ်။”
REV 22:17 ဝိညာဉ်တော်နဲ့ သတို့သမီးလို့ဟ “ကြွလာမန့်” ဟု ဆိုကြအယ်။ ကြားနာသောသူဟလည်း “ကြွလာမန့်” ဟု ဆိုကြပါစေ။ ယေငတ်သောသူဟ လာမန့်။ အလိုဆိသောသူဟ အဖိုးဟို မပေးဘဲ အသက်ယေဟို ယူမန့်။
REV 22:18 ဟေစာစောင်နှိုက် ပါလဲ့ ပရောဖက်ပြု ဟောပြောသော စကားလို့ဟို ကြားရသူတိုင်းအား ငါ သက်သေခံတာဟ စသူမဆို ဟေအရာလို့ဟို ထပ်မံ ဖြည့်စွက်ရင် ဘုရားသခင်ဟ ဟေစာစောင်နှိုက် ရေးထားသော ဘေးဒဏ်များဟို အေးသူအပေါ်နှိုက် သက်ရောက်စေလိမ့်မယ်။
REV 22:19 စသူမဆို ဟေပရောဖက်ပြု ဟောပြောသော စာစောင်ထဲမှ စကားလုံးများဟို နုတ်ပယ်ရင် ဟေစာစောင်နှိုက် ရေးထားသော အသက်ပင်မှ လည်းကောင်း၊ သန့်ဆှင်းသော မြို့တော်မှ လည်းကောင်း၊ အဲသူစပ်ဆိုင်သော အခွင့်ဟို ဘုရားသခင်ဟ နုတ်ပယ်လိမ့်မယ်။
REV 22:20 ဟေအကျောန်းအရာများဟို သက်သေခံသောသူဟ “မန်အယ်၊ ငါဟ အလျင်အမြန် လာမယ်” ဟု မိန့်အယ်။ အာမင်၊ သခင် ယေရှု ကြွလာမန့်။
REV 22:21 သခင် ယေရှုရဲ့ ကျေးဇူးတော်ဟ ဘုရားသခင်ရဲ့ လူအားလုံး လို့နဲ့အတူ ဆိစေမန့်။ အာမင်။
