﻿ယောဟန်ဆေမှ ဒုတိယပေးစာ.
1.
အသက်ကြီးသူဖြစ်သော ငါဟ — 
ပစာကို့ သမ္မာတရားဟ ငါလို့တွင် တည်နေလျက် ငါလို့နဲ့အတူ အစဉ်မပြတ်ဆိမယ် ဖြစ်အယ်။ 
ခမည်းတော် ဘုရားသခင်ဆေမှ လည်းကောင်း၊ ခမည်းတော်ရဲ့ သားတော် ယေရှု ခရစ်တော်ဆေမှ လည်းကောင်း ကျေးဇူးတော်၊ ကရုဏာတော်နဲ့ ငြိမ်သက်ခြင်းဟ သမ္မာတရားနဲ့ ချစ်ခြင်း မေတ္တာလို့ဟို အမှီပြုလျက် ငါလို့နှိုက် ဆိမန့်စေ။ 
နင်ရဲ့ လူပဲ့သငယ်အချို့လို့ဟ ခမည်းတော် ဘုရားဆေမှ ငါလို့ ခံယူရဆိသော ပညတ်တော်အတိုင်း သမ္မာတရားနှိုက် အသက်ဆှင် ဆော့က်လှမ်းနေကြတာဟို တွေ့ရသဖြင့် ငါ ရမ်းဆာ့ ဝမ်းမြောက်အယ်။ 
အဲလိုမို့ ဂုဏ်အသရေဆိ အမျိုးသမီး၊ ပညတ်တော် အသစ်မဟုတ်ဘဲ အစဦးဟပင် ငါလို့နှိုက် ဆိသော ပညတ်တော်ဟို နင့်ဆေ ရေးသားလျက် ငါလို့ အချင်းချင်း ချစ်ကြစို့ဟု အခု နင့်အား ငါ တောင်းပန်အယ်။ 
ချစ်ခြင်း မေတ္တာဆိုတာဟ ကိုယ်တော်ရဲ့ ပညတ်တော်အတိုင်း အသက်ဆှင် ဆော့က်လှမ်းခြင်း ဖြစ်အယ်။ အဲပညတ်တော်ဟ အစဦးဟပင် နင်လို့ ကြားရလဲ့အတိုင်း ချစ်ခြင်းမေတ္တာနှိုက် အသက်ဆှင် ဆော့က်လှမ်းခြင်း ဖြစ်အယ်။ 
အကျောန်းမှာ ယေရှု ခရစ်တော်ဟ လူသားအဖြစ်ဖြင့် ကြွလာတာဟို ဝန်မခံသောသူဖြစ်လဲ့ လှည့်စားသောသူများစွာလို့ဟ ဟေလောကနှိုက် ပေါ်လာကြပီ။ အဲသို့သောသူဟ လှည့်စားသောသူဖြစ်ပင်း ခရစ်တော်ရဲ့ ရန်သူလည်း ဖြစ်အယ်။ 
နင်လို့ဟ ငါလို့ လုပ်ဆောင်ခဲ့သောအရာဟို မဆုံးရှုံးစေဘဲ အကျိုးကျေးဇူးဟို အပြေ့အဝ ခံစားရစေရန် မိမိလို့ ကိုယ်ဟို သတိပြုကြလော့။ 
ခရစ်တော်ရဲ့ သွန်သင်ချက်နှိုက် မတည်ဘဲ အဲဟာဟို ကျော်လွန်သောသူတိုင်းဟ ဘုရားသခင်ဟို မရဆိပေ၊ အဲသွန်သင်ချက်နှိုက် တည်သောသူဟ ခမည်းတော်နဲ့ သားတော်ဟို ရဆိအယ်။ 
ဟေသွန်သင်ချက် မပါသောသူဟ နင်လို့ဆေဟို လာရင် သူ့ဟို အိုင်နှိုက် လက်မခံကြနဲ့၊ နှုတ်ခွန်းလည်း မဆက်ကြနဲ့။ 
အကျောန်းမှာ အဲသို့သောသူဟို နှုတ်ခွန်းဆက်ရင် သူရဲ့ ဆိုးညစ်သောအမှုနှိုက် ပါဝင်ရာ ရောက်အယ်။ 
နင်လို့ဆေ ငါရေးစရာ ရမ်းဆာ့ဆိသော်လည်း စက္ကူနဲ့ မင်ဖြင့် ငါ မရေးလိုပေ၊ ငါလို့ရဲ့ ဝမ်းမြောက်ခြင်း ပြေ့ဝစုံလင်မဲ့အကျောန်း နင်လို့ဆေဟို လာယွေ့ မျက်နှာချင်းဆိုင် စကားပြောဆိုရန် ငါ မျော်လင့်အယ်။ 
ရွေးကောက်ခံရသော နင့်ညီမရဲ့ လူပဲ့သငယ်လို့ဟ နင်လို့ဟို နှုတ်ဆက်ကြအယ်။
