﻿ယောဟန်ဆေမှ ပထမပေးစာ.
1.
အစဦးဟပင် ဆိသောအရာ၊ ငါလို့ ကြားရသောအရာ၊ ကိုယ့်မျက်စေ့ဖြင့် မျော်ရသောအရာ၊ ငါလို့ ကျေ့ရှုလျက် ကိုယ့်လက်ဖြင့် တို့ထိစမ်းသပ်ရသောအရာ တည်းဟူသော အသက်ဆှင်လဲ့ နှုတ်ကပတ်တော်နဲ့ ဆိုင်သောအရာဟို နင်လို့အား ပြသကြအယ်။ 
အဲအသက်ဟ ထင်ဆှားခဲ့ပီ၊ ငါလို့လည်း မျော်ရကြပီ၊ ခမည်းတော်နဲ့အတူ ဆိဖူးယွေ့ ငါလို့အား ထင်ဆှားခဲ့ပင်းသော အဲထာဝရ အသက်ဟို ငါလို့ဟ နင်လို့အား သက်သေခံယွေ့ ပြသကြအယ်။ 
ငါလို့ မျော်ရ ကြားရသောအရာဟို နင်လို့အား ပြောကြားရခြင်းမှာ နင်လို့ဟလည်း ငါလို့နဲ့ မိတ်သဟာယဖွဲ့ခြင်းဟ ခမည်းတော်နဲ့ လည်းကောင်း၊ သူ့ရဲ့ သားတော် ယေရှု ခရစ်တော်နဲ့ လည်းကောင်း မိတ်သဟာယ ဖွဲ့ခြင်း ဖြစ်အယ်။ 
ငါလို့ရဲ့ ဝမ်းမြောက်ခြင်း ပြေ့ဝစုံလင်စေရန် ဟေအရာများဟို ငါလို့ ရေးလိုက်အယ်။ 
ဘုရားသခင်ဟ အလင်း ဖြစ်အယ်၊ ကိုယ်တော်နှိုက် မိုက် လုံးဝမဆိဟူသော တရားစကားဟို ငါလို့ဟ ကိုယ်တော်ရဲ့ သားတော်ဆေမှ ကြားသိရသဖြင့် နင်လို့အား ကြေညာအယ်။ 
ငါလို့ဟ ဘုရားသခင်နဲ့ မိတ်သဟာယဖွဲ့ခြင်း ဆိအယ်ဟု ဆိုလျက်နဲ့ မိုက်နှိုက် အသက်ဆှင် ဆော့က်လှမ်းနေကြရင် ငါလို့ဟ ဝါပြောတာ ဖြစ်ယွေ့ သမ္မာတရားဟို ကျင့်သုံးနေကြတာ မဟုတ်။ 
အားပေမဲ့ ဘုရားသခင်ဟ အလင်းနှိုက် ဆိသလို ငါလို့ဟလည်း အလင်းနှိုက် အသက်ဆှင် ဆော့က်လှမ်းရင် ငါလို့ဟ အချင်းချင်းနှိုက် မိတ်သဟာယဖွဲ့ခြင်း ဆိယွေ့ ဘုရားသခင်ရဲ့ သားတော် ယေရှုရဲ့ အသွေးတော်ဟ ငါလို့ဟို အပစ်ဆိသမျှလို့မှ စင်ကြယ်စေအယ်။ 
ငါလို့နှိုက် အပစ်မဆိဟု ငါလို့ဆိုရင် ငါလို့ဟ ကိုယ့်တတ်တိုင်း လှည့်စားနေတာ ဖြစ်ယွေ့ သမ္မာတရားဟ ငါလို့နှိုက် မဆိ။ 
ငါလို့ဟ ကိုယ့်အပစ်များဟို ဖော်ပြဝန်ခံရင် ဘုရားသခင် သစ္စာနဲ့ ပြေ့စုံယွေ့ ဖြောင့်မတ်သောသူ ဖြစ်သောကျောန့် ငါလို့ရဲ့ အပစ်များဟို ခွင့်လွှတ်ပင်း ငါလို့ဟို မတရားမှု ဆိသမျှဆေမှ စင်ကြယ်စေအယ်။ 
အပစ် မပြုဖူးဟု ငါလို့ဆိုရင် ငါလို့ဟ ဘုရားသခင်ဟို ဝါသောသူဟု ဆိုရာ ရောက်ယွေ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟ ငါလို့နှိုက် မဆိ။ 
