﻿သက်သာလောနိတ် အသင်းတော်ဟို ပေါလုရဲ့ ဒုတိယပေးစာ.
1.
ပေါလု၊ သိလွာနုနဲ့ တိမောသေလို့ဟ — 
ငါလို့ အဖ ဘုရားသခင်နဲ့ သခင် ယေရှု ခရစ်တော်ဆေမှ ကျေးဇူးတော်နဲ့ ငြိမ်သက်ခြင်းဟ နင်လို့နှိုက် ဆိပါစေသော။ 
ငါ့ညီအကိုလို့၊ ငါလို့ဟ နင်လို့အတွက် ဘုရားသခင်ဟို အမြဲတမ်း ကျေးဇူးတင်ရမယ်။ အေးလို့ လုပ်ခြင်းဟလည်း မန်ကန်အယ်။ ပစာကို့ နင်လို့ရဲ့ ယုံကြည်ခြင်းဟ ရမ်းဆာ့ တိုးပွားယွေ့ အချင်းချင်းအပေါ်နှိုက် ထားသော နင်လို့တဦးချင်း ချစ်ခြင်းမေတ္တာဟလည်း ပွားများလျက် ဆိအယ်။ 
အေးကျောန့် ငါလို့ဟ ဘုရားသခင်ရဲ့ အသင်းတော်များနှိုက် နင်လို့အကျောန်းဟို ဝါကြွားကြအယ်။ နင်ကြုံတွေ့နေရသော နှိပ်စက်ညှဉ်းပန်းမှုနဲ့ ဆင်းရဲဒုက္ခအားလုံးဟို နင်ဆက်လက်ခံနိန်ရည်ဆိပင်း ယုံကြည်ပုံနဲ့ပတ်သက်ယွေ့ ငါလို့ ကြွားဝါပါအယ်။ 
ဟေအရာအားလုံးဟ ဘုရားသခင်ရဲ့ တရားစီရင်ခြင်း တရားဟ မန်ကန်ကျောန်း၊ ဘုရားသခင်ရဲ့နိုင်ငံတော်အတွက် ဆင်းရဲဒုက္ခခံရသော နင်လို့ဟ အဲနိုင်ငံတော်နဲ့ ထိုက်တန်သူများဖြစ်ကျောန်းဟို ထင်ဆှားစေအယ်။ 
ဘုရားသခင်​ဟ ဖြောင့်မတ်​သော အ​မှုဟို ပြု​လိမ့်​မယ်၊ နင်လို့ဟို ဒုက္ခ​ရောက်​စေ​သော သူ​လို့အ​ပေါ် ဒုက္ခ​ရောက်​စေ​ပင်း၊ 
ဆင်းရဲဒုက္ခခံရသော နင်လို့အားလည်း ငါလို့လိုမျိုး သက်သာရာရစေမယ်။ သခင် ယေရှုဟ တန်ခိုးကြီးသော ခေါန်းခင်တမန်များနဲ့ ခေါန်းခင်ဘုံမှ ပေါ်ထွန်းလာသောအခါ သူဟ အေးအရာများဟို ပြုလုပ်လိမ့်မယ်၊ 
ဘုရားသခင်ဟို ငြင်းပယ်သောသူလို့နဲ့ ငါလို့ သခင် ယေရှုနဲ့ ပတ်သက်သော သတင်းကောင်းဟို မနာခံသောသူလို့အား လောင်သောမီးဖြင့် အပစ်စီရင်လိမ့်မယ်။ 
သူလို့ဟ ထာဝရပျက်စီးခြင်းရဲ့ ဒဏ်ကို ခံစားကြရပင်း အဆှင်မျက်​မှောက်​တော်​နဲ့ ဘုန်း​ကြီး​သော တန်ခိုး​တော်​မှ ဖယ်ဆှားခြင်း ခံရကြလိမ့်မယ်​၊ 
အေးနေ့နှိုက် ကိုယ်တော်ဟ မိမိရဲ့ သန့်ဆှင်းသူလို့အားဖြင့် ဘုန်းတော် ထင်ဆှားစေခြင်းဟို ခံရပင်း ငါလို့ရဲ့ သက်သေခံချက်ဟို နင်လို့ ယုံကြည်ကြတာ ဖြစ်ယွေ့ ယုံကြည်သူအားလုံးလို့ရဲ့ အံ့ဩချီးမွန်းခြင်းဟို ခံရလိမ့်မယ်။ 
အေးကျောန့် ငါလို့ဟ နင်လို့အတွက် အမြဲဆုတောင်းပေးအယ်။ ငါလို့ရဲ့ ဘုရားသခင်ဟ နင်လို့အား အသက်ဆှင်ရန် ခေါ်လဲ့ အသက်နဲ့ ထိုက်တန်စေရန် ငါလို့ တောင်းဆိုအယ်။ ကိုယ်တော်ဟ နင်လို့ရဲ့ ကောင်းမြတ်သော အမှုဟို ပြုချင်သော စေတနာစိတ်ဆိသမျှနဲ့ ယုံကြည်ခြင်းနဲ့ဆိုင်သော လုပ်ဆောင်သော အမှုလို့ဟို တန်ခိုးတော်အားဖြင့် နင်လို့နှိုက် ပြေ့စုံပါစေသော။ 
အေးနည်းအားဖြင့် ငါလို့ရဲ့ ဘုရားသခင်နဲ့ သခင်ယေရှု ခရစ်တော်ရဲ့ ကျေးဇူးတော်အားဖြင့် ငါလို့ သခင် ယေရှုရဲ့နာမတော်ဟ နင်လို့နှိုက် ဘုန်းထင်ဆှားစေခြင်းဟို ခံရလျက်၊ နင်လို့ဟလည်း ကိုယ်တော်နှိုက် ဘုန်းတော်ထင်ဆှားစေခြင်း ခံရမယ့်အကျောန်း ဖြစ်အယ်။ 
