﻿ဂလာတိ အသင်းတော်ဟို ပေါလုရဲ့ပေးစာ.
1.
လူလို့ဆေမှ မဟုတ်၊ လူ့အားဖြင့်လည်း မဟုတ်ဘဲ ယေရှု ခရစ်တော်နဲ့ ကိုယ်တော်ဟို သေခြင်းမှ ဆှင်ပြန်ထမြောက်စေသော ခမည်းတော် ဘုရားသခင်အားဖြင့် တမန်တော်ဖြစ်သော ငါ ပေါလုမှစယွေ့၊ 
ငါနဲ့အတူဆိသော ယုံကြည်သူအားလုံးလို့ဟ၊ 
ငါလို့အဖ ဘုရားသခင်နဲ့ သခင် ယေရှု ခရစ်တော်ဟ ကျေးဇူးတော်နဲ့ ငြိမ်သက်ခြင်းဟ နင်လို့နှိုက် ဆိပါစေ၊ 
ငါလို့အား ဟေဆိုးသော အခုကာလမှ ကယ်နုတ်စေရန်အတွက်၊ ခရစ်တော်ဟ ငါလို့ရဲ့ ဘုရားသခင်နဲ့ ခမည်းတော်ရဲ့ အလိုတော်ဟို နာခံပင်း ငါလို့ အပစ်များအတွက် မိမိကိုယ်ကို စွန့်အယ်၊ 
ဘုရားသခင်နှိုက် ထာဝရ ဘုန်းကြီးပါစေသော။ အာမင်။ 
နင်လို့ဟ ခရစ်တော်ရဲ့ ကျေးဇူးတော်အားဖြင့် ခေါ်သောသူဟို အချိန်အမြန် စွန့်ခွာယွေ့၊ တခြားသော သတင်းကောင်းဟို လက်ခံကြတာဟို ငါရမ်းဆာ့ အံ့ဩအယ်။ 
အမန်တကယ် “တခြားသတင်းကောင်း” မဆိပါ၊ အဲလိုလဲ ခရစ်တော်ရဲ့ သတင်းကောင်းဟို ပြောင်းလဲရန် ကြိုးစားနေသော သူအချို့ဆိသောကျောန့် ငါဟေလို့ ပြောချင်းဖြစ်အယ်။ 
အဲလိုလဲ ငါလို့ကဖြစ်စေ အဲဟာမဟုတ်ရင် ခေါန်းခင်မှ ခေါန်းခင်တမန်ဖြစ်စေ နင်လို့အား ငါလို့ ဟောပြောလဲ့ သတင်းကောင်းနဲ့ ကွဲပြားခြားနားလဲ့အရာဟို ဟောပြောရင်၊ ဘုရားသခင်ရဲ့ ကျိန်ခြင်းအောက်နှိုက် နေကြစေ။ 
ငါလို့ ပြောခဲ့လဲ့အတိုင်း၊ အခုလည်း ထပ်ပင်း ငါပြောတာဟ တစုံတယောက်သည် နင်လို့ လက်ခံခဲ့ပင်းသော သတင်းကောင်းနဲ့ ကွဲပြားခြားနားလဲ့အရာဟို ဟောပြောနေရင်၊ ဘုရားသခင်ရဲ့ ကျိန်ခြင်းအောက်နှိုက် နေကြစေ။ 
ငါအခု လူတွေရဲ့ သဘောတူညီချက်ဟို ရယူဖို့ ကြိုးစားနေသလော အဲဟာမဟုတ်ရင် ဘုရားသခင်ရဲ့ သဘောတူညီချက်ဟို ရယူဖို့ ကြိုးစားနေသလော၊ အဲဟာမဟုတ်ရင် ငါလူလို့ဟို နှစ်သက်အောန် ကြိုးစားနေသလော။ ငါဟ လူတွေဟို နှစ်သက်အောန် ကြိုးစားနေသေးရင်၊ ငါဟ ခရစ်တော်ရဲ့ အစေခံဖြစ်မယ် မဟုတ်ပါ။ 
ညီအကိုနဲ့ ညီမလို့၊ ငါဟောပြောသော သတင်းကောင်းဟ လူလို့ဖန်တီးထားသောအရာ မဟုတ်ကျောန်း နင်လို့အား ငါသိစေချင်အယ်။ 
ငါဟ စလိုလူဆေမှ ငါလက်ခံရဆိတာမဟုတ်၊ စသူမှ ငါ့ဟို သင်ပေးခဲ့တာ မဟုတ်။ အေးအရာဟို ယေရှုခရစ်ရဲ့ ဗျာဒိတ်အားဖြင့်သာ ငါရဆိခဲ့အယ်။ 
ယုဒဘာသာဟို ကိုးကွယ်တဲ့အခါ ငါစလို နေထိန်ခဲ့အယ်ဆိုတာ နင့်ဟို ပြောဖူးအယ်။ ငါဟ ဘုရားသခင်ရဲ့ အသင်းတော်ဟို သနားညှာတာမှု မဆိဘဲ စလို နှိပ်စက်ညှဉ်းဆဲပင်း ဖျက်ဆီးရန် အကောင်းဆုံး ကြိုးစားခဲ့အယ်။ 
ငါဟ ယုဒဘာသာတရားနှိုက် ငါလူမျိုးထဲဆိ သက်တူရွယ်တူများထက် ပိုယွေ့ ငါလို့ဖိုးဖေးလို့ရဲ့ စလေ့ထုံးတမ်းများနဲ့ ပတ်သက်ယွေ့ ရမ်းဆာ့ စိတ်အားထက်သန်ခဲ့တာဟိုလည်း နင်လို့ ကြားသိထားအယ်။ 
အဲလိုလဲ ဘုရားသခင်ဟ ငါ့ဟို မမွေးခင်ကပင် ကျေးဇူးတော်အားဖြင့် ရွေးချယ်ခဲ့ပင်း ငါ့ဟို သူရဲ့အစေခံရန် ခေါ်ခဲ့အယ်။ အားပင်း သူဆုံးဖြတ်သောအခါ 
မိမိရဲ့ သားတော်အကျောန်းဟို လူမျိုးခြားလို့တွင် ဟောပြောစေရန်အတွက် အေးသားတော်ဟို ငါ့အား ဖော်ပြရန် အလိုဆိသောအခါ ငါဟ အသွေးအသားနဲ့ တိုင်ပင်ခြင်းဟို မပြု။ 
ငါ့ဆေ့မှာ တမန်တော်ဖြစ်တဲ့ သူတွေဟို တွေ့ဖို့ ယေရုရှလင်မြို့ဟို ငါသွားမဲ့အစား ငါ အာရေဗျပြေဟို ခုတင်ချင်း သွားခဲ့အယ်။ အဲပင်းရင် ငါဟ ဒမာသက်မြို့ဟို ပြန်လာခဲ့အယ်။ 
သုံးနှစ်ကြာပင်းနောက် ပေတရုနဲ့ ရင်းနှီးကျွမ်းဝင်ရန် ယေရုရှလင်မြို့ဟို တက်သွားခဲ့ပင်း ငါဟ သူနဲ့အတူ ဆယ့်ငါးရက် နေခဲ့အယ်။ 
ဘုရားသခင်ရဲ့ ညီယာကုပ်ဟ လွဲပင်း တခြားသော တမန်တော်များဟို ငါမမျော်ခဲ့။ 
ငါရေးတာဟ အမန်ဖြစ်အယ်။ ငါမဝါဘူး ဆိုတာ ဘုရားသခင် သိအယ်၊ 
အေးနောက် ရှုရိပြေနဲ့ ကိလိကိပြေမှာဆိလဲ့ နေရာများဟို သွားခဲ့အယ်။ 
အေးအချိန်တွင် ခရစ်တော်နှိုက်ဆိသော ယုဒပြေဆိ အသင်းတော်များဟ ငါအား ပုဂ္ဂိုလ်ရေးအရ မသိပေ။ 
“မခင်ဟ ငါလို့ဟို ညှဉ်းဆဲခဲ့သောသူဟ တချိန်ဟ သူဖျက်ဆီးရန် ကြိုးစားခဲ့သော ယုံကြည်ခြင်းဟို အခု ဟောပြောနေအယ်” ဟု သူများတွေပြောတာဟို သူလို့ သိကြအယ်။ 
အေးကျောန့် သူလို့ဟ ငါ့ကျောန့် ဘုရားသခင်ဟို ချီးမွန်းကြအယ်။ 
