﻿ယောဟန်.
7.
အဲပင်းရင် ယေရှုဟ ဂါလိလဲပြေတွင် လှည့်လည်သွားအယ်၊ ယုဒ အာဏာဆိသောလို့ဟ ကိုယ်တော်ဟို သတ်ရန် ဆှာကြံနေကြသောကျောန့် ယုဒပြေနှိုက် လှည့်လည်ရန် အလိုမဆိ။ 
အဲလိုလဲ ယုဒအမျိုးသားလို့ရဲ့ တဲတော်ပွဲ နီးလာသောအခါ၊ 
ယေရှုရဲ့ ညီလို့ဟ “နင်ပြုသောအရာများဟို နင်ရဲ့ တဘဲ့များ မျော်စေရန် ဂါလိလဲပြေမှ ထွက်ခွာယွေ့ ယုဒပြေဟို သွားလော့။ 
စသူမဆို ထင်ပေါ်ကျော်ကြားလိုရင် ပစာအမှုဟိုမျှ လျှို့ဝှက်စွာ မပြုတတ်။ နင်ဟ ဟေအမှုအရာများဟို ပြုမယ်ဆိုပါဟ နင်ရဲ့အကျောန်းဟို ကမ္ဘာတခုလုံး သိအောန်ပြုမန့်” ဟု ဆိုကြအယ်။ 
သူရဲ့ ညီများဟပင် ကိုယ်တော်ဟို မယုံကြည်ကြ။ 
ယေရှုဟ သူလို့အား “ငါ့အချိန် မရောက်သေး။ နင်လို့အတွက် ခပ်သိမ်းသောအချိန်ဟ အသင့်ဆိအယ်။ 
လောကီသားလို့ဟ နင်လို့ဟို မမုန်းနိန်၊ အဲလိုလဲ ငါ့ဟို မုန်းကြအယ်၊ ဟေလိုမုန်းကြခြင်းမှာ ငါဟ သူလို့ရဲ့ ဆိုးညစ်သောအကျင့်များဟို ပြောသောကျောန့် ဖြစ်အယ်။ 
အဲပွဲတော်ဟို နင်လို့ သွားကြပါ။ ငါ့အချိန် မရောက်သေးသောကျောန့် အဲပွဲဟို ငါ မသွားဝူး” ဟု ပြန်ယွေ့ မိန့်လေအယ်။ 
အဲလို မိန့်ပင်းနောက် ကိုယ်တော်ဟ ဂါလိလဲပြေတွင် ဆက်ယွေ့ နေလေအယ်။ 
အဲပွဲတော်ဟို သူ့ရဲ့ ညီများ ထွက်သွားကြပင်းမှ ယေရှုဟလည်း အဲပွဲဟို မထင်မဆှားဘဲ လျှို့ဝှက်စွာ သွားအယ်။ 
ယုဒအာဏာပိုင်လို့ဟ အဲပွဲတော်တွင် ကိုယ်တော်ဟို ဆာလျက် “အဲသူဟ ပစာနားမှာ ဆိတုန်း” ဟု မေးကြအယ်။ 
လူအုပ်ဟ ကိုယ်တော်နဲ့ပတ်သက်ယွေ့ များစွာ တီးတိုးပြောဆိုလျက် နေကြအယ်။ လူအချို့လို့ဟ “ဟေသူဟ လူကောင်း ဖြစ်အယ်” ဟု ဆိုကြအယ်။ အချို့ဟ “သူတော်ကောင်း မဟုတ်၊ လူလို့အား မောက်မားလမ်းလွဲစေသူ ဖြစ်အယ်” ဟု ဆိုကြအယ်။ 
အဲလိုလဲ သူလို့ဟ ယုဒအာဏာပိုင်လို့ဟို ကြောက်ရွံ့ကြသောကျောန့် ကိုယ်တော်ရဲ့အကျောန်းဟို စသူမျှ ပွင့်လင်းစွာ မပြောရဲကြ။ 
ပွဲတော်ကျင်းပရက် တဝက်မျှလွန်သောအခါ ယေရှုဟ ဗိမာန်တော်ဟို တက်သွားယွေ့ စတင်ပင်း သွန်သင်အယ်။ 
ယုဒအာဏာပိုင်လို့ဟ ရမ်းဆာ့အံ့ဩကြယွေ့ “ဟေသူဟ သင်ယူခြင်း မဆိဘဲ ကျမ်းများဟို စလို တတ်တာတုန်း” ဟု ဆိုကြအယ်။ 
ယေရှုဟ “ငါရဲ့ သွန်သင်ချက်ဟ ငါတတ်တိုင်းရဲ့ သွန်သင်ချက် မဟုတ်ဘဲ ငါ့ဟို စေလွှတ်သောသူရဲ့ သွန်သင်ချက် ဖြစ်အယ်။ 
စသူမဆို အဲသူရဲ့ အလိုတော်ဟို ဆောင်ရွက်လိုသော ဆန္ဒဆိရင် ဟေသွန်သင်ချက်ဟ ဘုရားသခင်ဆေမှ လာသလော အဲဟာမဟုတ်ရင် ငါဟ ကိုယ့်ဆန္ဒအလျောက် ဟောပြောနေသလောဆိုတာဟို သိလိမ့်မယ်။ 
မိမိအလိုအလျောက် ဟောပြောသောသူဟ မိမိရဲ့ ဘုန်းအသရေဟို ဆှာတတ်အယ်၊ အဲလိုလဲ မိမိဟို စေလွှတ်သောသူရဲ့ ဘုန်းအသရေဟို ဆှာသောသူဟတော့ ဖြောင့်မန်သောသူဖြစ်ပင်း အဲသူနှိုက် အမား မဆိ။ 
မောရှေဟ နင်လို့အား ပညတ်တရားဟို ပေးတာ မဟုတ်လော၊ အဲလိုလဲ နင်လို့တွင် အဲပညတ်တရားဟို နားထောင်သောသူ တစုံတယောက်မျှ မဆိ။ နင်လို့ဟ ငါ့ဟို သတ်ရန် ပစာကျောန့် ဆှာကြတုန်း” ဟု ဖြေအယ်။ 
လူအုပ်ဟလည်း “နင်ဟ နတ်ဆိုးစွဲသောသူ ဖြစ်အယ်၊ စသူဟ နင့်ဟို သတ်ရန် ကြိုးစားလျက်နေတုန်း” ဟု ဖြေအယ်။ 
ယေရှုဟ “ငါပြုသော နိမိတ်လက္ခဏာတခုဟို နင်လို့အားလုံးဟ အံ့ဩခြင်း ဆိကြအယ်။ 
မောရှေဟ အရေဖျားလှီးခြင်း ပညတ်ဟို နင်လို့အားပေးခဲ့သောကျောန့် နင်လို့ရဲ့ အောင်နီငယ်လို့ဟ ဥပုသ်နေ့နှိုက်ပင် အရေးဖျားလှီးခြင်းဟို ပြုကြအယ်၊ အမန်စင်စစ် ဟေအရေဖျားလှီးခြင်းဟ မောရှေဆေမှ မဟုတ်ဘဲ နင်လို့ ဖိုးဘေးဆေမှ လာအယ်။ 
လူဟ မောရှေရဲ့ ပညတ်တရား မချိုးဖောက်ရန် နင်လို့ဟ အရေဖျားလှီးခြင်းဟို ခံရရင် ငါဟ ဥပုသ်နေ့နှိုက် လူတကိုယ်လုံးဟို ကျန်းမာလာစေလဲ့အတွက် ပစာကျောန့် ငါ့အား အူထော့ကြသလော။ 
အပြင်လက္ခဏာဟို ထောက်ယွေ့ မစီရင်ကြနဲ့၊ အမန်တရားအတိုင်း စီရင်ကြလော့” ဟု ဖြေအယ်။ 
ယေရုရှလင်မြို့သား အချို့လို့ဟ “ဟေသူဟို အာဏာပိုင်လို့ သတ်ရန် ကြိုးစားနေကြတာ မဟုတ်လော။ 
ကျေ့မန့်၊ သူဟ လူမျော်ကွင်းမှာ ဟောပြောလျက် သူလို့ဟ စလိုအရာဟိုမျှ မပြောကြသလော၊ ဟေသူဟ မေဆှိယဖြစ်ကျောန်းဟို အာဏာပိုင်လို့ဟ အမန်တကယ် သိဆိကြပီလော။ 
အဲလိုလဲ ဟေသူဟ ပစာဆေမှ လာတာဟို ငါလို့ သိကြအယ်၊ မေဆှိယ ကြွလာသောအခါ ပစာဆေမှ လာတာဟို စသူမျှ မသိ” ဟု ဆိုအယ်။ 
ယေရှုဟ ဗိမာန်တော်ထဲတွင် သွန်သင်လျက်နေစဉ် “ဟုတ်အယ်၊ နင်လို့ ငါ့ဟို သိယွေ့ ငါ ဖယ်နားဟ လာတာဟိုလည်း သိကြအယ်။ ငါဟ ကိုယ့်အခွင့်အာဏာနဲ့ လာတာ မဟုတ်ဘဲ၊ ငါ့ဟို စေလွှတ်သောသူဟ ဖြောင့်မတ်သောသူ ဖြစ်အယ်။ နင်လို့ဟ ကိုယ်တော်ဟို မသိကြ၊ 
အဲလိုလဲ ငါဟတော့ သူ့ဟို သိအယ် ပစာကို့ ငါဟ အဲအဆှင်ဆေမှ လာယွေ့ အဲအဆှင်ဟ ငါ့ဟို စေလွှတ်အယ်” ဟု ကြွေးကြော်အယ်။ 
အဲပင်းရင် လူလို့ဟ ကိုယ်တော်အား ဖမ်းဆီးရန် အခွင့်ဟို ဆှာကြသော်လည်း သူ့အချိန်မကျသေးသောကျောန့် ကိုယ်တော်အား စသူမျှ မဖမ်းဆီးကြ။ 
အဲလိုလဲ လူအုပ်ထဲမှ လူအများပင် ကိုယ်တော်ဟို ယုံကြည်လာကြပင်း “မေဆှိယ ကြွလာသောအခါ အေးသူပြုတာထက် ပိုယွေ့ များသော နိမိတ်လက္ခဏာလို့ဟို ပြုမယ်လော” ဟု ဆိုကြအယ်။ 
လူအုပ်လို့ဟ ကိုယ်တော်ရဲ့အကျောန်း အဲလို တီးတိုးပြောဆိုနေတာဟို ဖာရိရှဲလို့ ကြားကြအယ်၊ အဲလိုမို့ သူလို့နဲ့ ယဇ်ပုရောဟိတ်ကြီးလို့ဟ ကိုယ်တော်ဟို ဖမ်းဆီးရန် အစောင့်တပ်သားလို့ဟို စေလွှတ်လိုက်ကြအယ်။ 
ယေရှုဟ လူလို့အား “ငါဟ နင်လို့နဲ့အတူ ခဏတာနေပင်းရင် ငါ့ဟို စေလွှတ်သောသူဆေဟို ငါ သွားရမယ်။ 
နင်လို့ဟ ငါဟို ဆာသော်လည်း တွေ့ကြလိမ့်မယ် မဟုတ်၊ ငါဆိရာအရပ်ဟိုလည်း နင်လို့ မလာနိန်ကြ” ဟု မိန့်အယ်။ 
ယုဒအာဏာပိုင်လို့ဟ “ငါလို့ ဆာယွေ့ မတွေ့စေရန် သူဟ ပစာအရပ်ဟို သွားမာလုန်း၊ တပါးအမျိုးသားလို့ နေထိန်ရာ မြို့များဟို သွားယွေ့ တပါးအမျိုးသားလို့ဟို သွန်သင်မာလား။ 
သူဟ နင်လို့ ငါ့ဟို ဆာသော်လည်း တွေ့ကြလိမ့်မယ် မဟုတ်၊ ငါဆိရာအရပ်ဟို နင်လို့ မလာနိန်ကြဟု ဆိုအယ်။ ဟေအဓိပ္ပာယ်ဟ ပစာလိုတုန်း” ဟု သူလို့တတ်တိုင်း မေးကြအယ်။ 
ပွဲတော်ရဲ့ နေ့ထူးနေ့မြတ်ဖြစ်လဲ့ နောက်ဆုံးနေ့နှိုက် ယေရှုဟ ရပ်လျက် “ယေငတ်သောသူဟ ငါ့ဆေဟို လာယွေ့ သောက်လော့၊ 
ကျမ်းစာဆိုလဲ့အတိုင်း ‘ငါ့ဟို ယုံကြည်သောသူရဲ့ စိတ်နေလုံးထဲမှ အသက်ယေဟ စမ်းချောင်းလို စီးထွက်နေလိမ့်မယ်’ ” ဟု အသံအကျယ်ရီးနဲ့ အော်ဟယ်။ 
ဟေအရာဟ ကိုယ်တော်ဟို ယုံကြည်သောသူလို့ ခံယူရဆိမဲ့ ဝိညာဉ်တော်ဟို ရည်ညွှန်းယွေ့ မိန့်ခြင်းဖြစ်အယ်။ ယေရှုဟ ဘုန်းအသရေ ထင်ဆှားခြင်း မဆိသေးသောကျောန့် အဲအချိန်နှိုက် ဝိညာဉ်တော်ဟို ပေးတော်မမူသေး။ 
နှုတ်ကပတ်တော်ဟို ကြားသောလူအုပ်ထဲမှ အချို့ဟ “ဟေသူသည် အမန်ပင် ပရောဖက်ဖြစ်အယ်” ဟု ဆိုကြအယ်။ 
အချို့သောသူလို့ဟ “ဟေသူဟ မေဆှိယ ဖြစ်အယ်” ဟု ဆိုကြအယ်။ အဲလိုလဲ အချို့ဟ “မေဆှိယဟ ဂါလိလဲပြေမှ လာတာ မဟုတ်ဝူး။ 
“မေဆှိယဟ ဒါဝိဒ်ရဲ့ သားမြေးဖြစ်လိမ့်မယ်ဟု လည်းကောင်း၊ ဒါဝိဒ်နေခဲ့လဲ့ ဗက်လင်မြို့မှ မွေးဖွားလိမ့်မယ် ဟု လည်းကောင်း ကျမ်းစာလာအယ် မဟုတ်လော” ဟု ဆိုကြအယ်။ 
အဲလိုမို့ ယေရှုကျောန့် လူအုပ်လို့ထဲမှာ စိတ်သဘောကွဲလွဲလျက် နေကြအယ်။ 
လူအချို့လို့ဟ ကိုယ်တော်ဟို ဖမ်းဆီးလိုကြအယ်၊ အဲလိုလဲ စသူမျှ မဖမ်းဆီးကြ။ 
အစောင့်တပ်သားလို့ဟ ယဇ်ပုရောဟိတ်ကြီးလို့နဲ့ ဖာရိရှဲများဆေသို့ ပြန်လာကြသောအခါ သူလို့ဟ “ပစာကျောန့် သူ့ဟို နင်လို့ မခေါ်ဆောင်လာကြတုန်း” ဟု မေးကြအယ်။ 
အစောင့်တပ်သားလို့ဟ “ဟေသူဟောပြောသလို စသူမျှ မဟောဖူးပါ” ဟု ပြန်ပြောကြအယ်။ 
ဖာရိရှဲလို့ဟ “နင်လို့ပင် သူရဲ့လှည့်စားခြင်းဟို ခံရကြပီလော။ 
ခေါင်းဆောင်လို့ အဲဟာမဟုတ်ရင် ဖာရိရှဲလို့တွင် သူ့ဟို ယုံကြည်ခဲ့သောသူ တဦးတယောက် ဆိသလော။ 
အဲလိုလဲ မောရှေရဲ့ ပညတ်တရားဟို မသိသော ဟေသူလို့ဟ ကျိန်ခြင်းဟို ခံရသောသူဖြစ်အယ်” ဟု ပြောကြအယ်။ 
အဲသူလို့အထဲတွင် နိကောဒင် ပါအယ်၊ သူဟ မခင်ဟ ယေရှုဆေဟို လာဖူးအယ်။ နိကောဒင်ဟ အခြားသူလို့အား 
“ငါလို့ရဲ့ ပညတ်တရားအရ ငါလို့ဟ လူလို့ဆေမှ ကြားနာပင်း သူလို့ပြုသောအမှုလို့ဟို မစစ်ဆေးခင် သူလို့ဟို အပစ်စီရင်နိန်သလော” ဟု ပြောအယ်။ 
အဲသူလို့ဟ “နင်ဟလည်း ဂါလိလဲပြေသား ဖြစ်သလော၊ ကျမ်းစာဟို လေ့လာကျေ့ရင် ဂါလိလဲပြေမှ ပစာပရောဖက်မျှ မပေါ်ထွန်းတာဟို နင်လို့ သိရလိမ့်မယ်” ဟု ပြန်ပြောအယ်။  
အဲပင်းရင် သူလို့ဟ မိမိနေအိုင်ဟို ပြန်သွားကြပေမဲ့၊ 
