﻿မာကု.
2.
ရက်နဲနဲကြာသောအခါ ယေရှုဟ ကပေရနောင်မြို့ဟို လဲ့ပြန်လာပင်း၊ နေအိုင်မှာ ကိုယ်တော် ရောက်ဆိနေလဲ့ သတင်းဟ ပျံ့နှံ့သွားလေအယ်။ 
ရမ်းဆာ့သော လူလို့ဟ စုဝေးလာကြသဖြင့် အဲမှာ အခန်းလွတ်များ မကျန်တော့သာမက၊ ထင်ခါး အပြင်ဖက်မှာ နေရာပင် မဆိတော့ပေ။ ယေရှုဟ သူလို့အား တရားတော်ဟို ဟောလျက် နေလေအယ်။ 
အဲအခါ လူလေးယောက်လို့ဟ လာပင်း လေဖြတ်သူ တဦးဟို ကိုယ်တော်ဆေဟို မကြအယ်။ 
လူအုပ်ကြီးကျောန့် သူလို့ဟ သူ့ဟို ယေရှုဆေဟို မ မလာနိန်ကြ။ သူလို့ဟ ယေရှုဆိလဲ့ နေရာအပေါ်မှ ခေါင်မိုးဟို ဖွင့်ယွေ့ အပေါက်ဖောက်ကာ လေဖြတ်နေသောသူ လဲလျောင်းနေသော ထမ်းစင်ဟို လျှောချကြအယ်။ 
ယေရှုဟ သူလို့ရဲ့ ယုံကြည်ခြင်းဟို မျော်ရင် “ငါ့သား၊ နင့်ရဲ့ အပစ်များဟို လွှတ်စေပီ” ဟု လေဖြတ်သူအား ပြောလေအယ်။ 
အဲနေရာမှာ ထိန်နေကြသော ကျမ်းတတ်ဆရာအချို့လို့ဟ သူလို့ တတ်တိုင်း တွေးနေကြအယ်၊ 
“ဟေသူဟ ပစာကျောန့် ဟေလို့ ပြောဝံ့လုန်း။ သူဟ ဘုရားသခင်ဟို စော်ကား ပြောဆိုလေပီ၊ ဘုရားသခင်ဟ အပစ်များဟို ခွင့်လွတ်နိန်သော တဦးတည်းသောသူ ဖြစ်အယ်။” 
ယေရှုဟ အဲသူလို့ ပစာတွေးနေလဲဆိုတာဟို ခုတုံးသိသောကျောန့် ယေရှုဟ သူလို့အား ပြောတာဟ၊ “နင်လို့ဟာ ပစာကျောန့် ဟေအရာဟို တွေးနေကြလုန်း။ 
ဟေလေဖြတ်သူအား ‘နင်ရဲ့ အပစ်များဟို ခွင့်လွှတ်ပီ’ အားမှမဟုတ် ‘ထလော့၊ နင့်ထမ်းစင်ဟို ကောက်ယူယွေ့ လမ်းဆှောက်လော့’ ဟု ပြောရန် ပိုလွယ်သလော။ 
အဲလိုလဲ လူသားဟ မြေကြီးပေါ်တွင် အပစ်များ ခွင့်လွှတ်ပိုင်ခွင့် အာဏာဆိတာဟို နင်လို့အား ငါ သက်သေပြမယ်။” 
“နင့်ဟို ငါပြောမယ်၊ ထလော့၊ နင့်ထမ်းစင်ဟို ကောက်ယူယွေ့ နေအိုင်ဟို ပြန်လော့” ဟု သူဟ လက်ခြေသေသောသူအား ပြောအယ်။ 
သူလို့အားလုံး ကျေ့နေခါ၊ အဲသူဟ ထယွေ့၊ သူရဲ့ ထမ်းစင်ဟို ကောက်ယူယွေ့ အမြန် ထွက်သွားလေအယ်။ သူလို့အားလုံးဟ လုံးဝအံ့ဩယွေ့ ဘုရားသခင်ဟို ချီးမွန်းပင်း “ငါလို့ ဟေလိုမျိုး တခါမှ မမြင်ဖူးဝူး” ဟု ပြောကြအယ်။ 
ယေရှုဟ ဂါလိလဲအိန်နားဟို နောက်တခါ လဲ့ပြန်လာအယ်။ လူအုပ်လို့ဟ ကိုယ်တော်ဆေဟို လာကြယွေ့ သူလို့ဟို စတင်သွန်သင်လေအယ်။ 
ကိုယ်တော်ဟ ဆှောက်လာခါ၊ အခွန်ခံ လေဝိဟ ရုံးခန်းတွင် အာလဖဲရဲ့သား လေဝိ ထိန်နေတာဟို မျော်ပင်း “ငါ့ နောက်လိုက်လော့” ဟု ယေရှုဟ သူဟို ပြောယွေ့၊ လေဝိဟ ထယွေ့ ကိုယ်တော် နောက်ဟို လိုက်လေအယ်။ 
ယေရှုဟ လေဝိရဲ့ နေအိုင်တွင်ညနေစာ စားသောက်လျက်နေစဉ်၊ ရမ်းဆာ့သော အခွန်ခံများနဲ့ အပစ်သားများဟ တဘဲ့တော်များနဲ့တကွ ကိုယ်တော်နဲ့အတူ စားသောက်လျက် ဆိကြအယ် အကျောန်းမှာ ကိုယ်တော် နောက်ဟို လိုက်သောသူ ရမ်းဆာ့ ဆိကြအယ်။ 
ကိုယ်တော်ဟ အပစ်သားများ၊ အခွန်ခံများနဲ့အတူ စားသောက်နေတာဟို ဖာရိရှဲလို့ ထဲမှ ကျမ်းတတ်ဆရာများ မျော်သောအခါ “ပစာကျောန့် ကိုယ်တော်ဟ အပစ်သားများ၊ အခွန်ခံများနဲ့အတူ စားသောက်လုန်း” ဟု သူလို့ဟ ကိုယ်တော်ရဲ့ တဘဲ့များဟို မေးကြအယ်။ 
ယေရှုဟ အေးအရာဟို ကြားရင်၊ “ကျန်းမာသူလို့ဟ ဆရာဝန်ဟို မလိုအပ်ကြ၊ ဖျားနေသူသာလျှင် လိုအပ်ကြအယ်။ ဖြောင့်မတ်သောသူဟို ခေါ်ရန် ငါ လာတာ မဟုတ်၊ အပစ်သားများဟို ခေါ်ရန်လာအယ်” ဟု သူလို့အား ပြောလေအယ်။ 
ယောဟန်ရဲ့ တဘဲ့များနဲ့ ဖာရိရှဲလို့ဟ အစာဆှောင်လျက် နေကြအယ်။ လူအချို့လို့ဟ ယေရှု ဆေဟိုလာယွေ့ “ယောဟန်ရဲ့ တဘဲ့များနဲ့ ဖာရိရှဲရဲ့ တဘဲ့များဟ အစာဆှောင်ကြသော်လည်း ကိုယ်တော်ရဲ့ တဘဲ့များဟ ပစာကျောန့် အစာမဆှောင်ကြလုန်း” ဟု မေးကြအယ်။ 
ယေရှုဟ “သတို့သားရဲ့ အပေါင်းအဖော်များဟ သူနဲ့တူတူ ဆိနေစဉ်နှိုက် စလိုအစာဆှောင်ဖို့ မျော်လင့်နိန်သလော။ သူလို့ဟ သတို့သား ဆိနေသမျှ ကာလပတ်လုံး အစာမဆှောင်နိန်ကြ။ 
အားပင်မဲ့ သူလို့ဆေမှ သတို့သားဟို ယူဆောင်သွားမယ့်အချိန် ရောက်ဆိလာလိမ့်မယ်၊ အေးနေ့ရက် ရောက်လာတဲ့အခါ သူလို့ဟ အစာဆှောင်ကြလိမ့်မယ်။ 
“စသူမျှ အဝတ်ဟောင်းဟို ပိတ်စသစ်နဲ့ မဖာတတ်။ မဟုတ်ရင် အသစ်ဖာထားသော ပိတ်စဟ အဝတ်ဟောင်းဟို ရုန်းသဖြင့် အပေါက်ဟ ပိုကြီးစေတတ်အယ်။ 
စသူမှ စပျစ်ယေသစ်ဟို သားယေဖူးဟောင်းတွင် ထည့်လေ့ မဆိ။ မဟုတ်ရင် စပျစ်ယေဟ သားယေဖူးဟို ပေါက်ပြဲသဖြင့် စပျစ်ယေနဲ့ သားယေဖူးရော ပျက်စီးသွားလိမ့်မယ်။ အဲအစား စပျစ်ယေသစ်ဟို သားယေဖူး အသစ်နှိုက်သာ ထည့်ကြအယ်။” 
ယေရှုဟ တနေ့သော ဥပုပ်နေ့နှိုက် ဂျုံခင်းဟို ဖြတ်ဆှောက်သွားခဲ့အယ်။ သူရဲ့ တဘဲ့တော်လို့နဲ့အတူ သွားနေကြစဉ်၊ သူလို့ဟ ဂျုံနှံများဟို စတင်ပင်း ဆွတ်ကြအယ်။ 
ဖာရိရှဲများဟ “ကျေ့မန့်၊ ပညတ်တရားအရ ဥပုသ်နေ့နှိုက် မပြုသင့်သော အမှုဟို သူလို့ဟ ပစာကျောန့် လုပ်ကြလုန်း” ဟု ကိုယ်တော်ဟို မေးကြအယ်။ 
ယေရှုဟလည်း “ဒါဝိဒ်ဟ သူနှိုက် စားစရာမဆိသဖြင့် သူနဲ့ သူ့အဖော်တစုလို့ မွတ်သောအခါ စလိုပြုခဲ့ကျောန်းဟို နင်လို့ တခါမှ မဖတ်ဖူးသလော။ 
ယဇ်ပုရောဟိတ်မင်း အဗျာသာလက်ထက်တွင် ဒါဝိဒ်ဟ ဘုရားသခင်ရဲ့ ဗိမာန်တော်သို့ဝင်ယွေ့ ယဇ်ပုရောဟိတ်များမှအပ ပညတ်အရ စသူမျှ မစားရသော ဆေ့တော်မုန့်ဟို စားယွေ့ သူနဲ့အတူဆိသော အပေါင်းအဖော်များအားလည်း ပေးခဲ့အယ်” ဟု ပြောလေအယ်။ 
အဲပင်းရင် ယေရှုဟ “ဥပုသ်နေ့ဟ လူသားအတွက် ဖြစ်အယ်၊ လူဟ ဥပုသ်နေ့အတွက် ဖြစ်အယ် မဟုတ်။ 
အေးလို့မို့ လူသားဟ ဥပုသ်နေ့ရဲ့ အဆှင်ပင် ဖြစ်အယ်” ဟု ပြောလေအယ်။ 
